အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၆၃၁ - ၆၃၅

533 46 0
By Azure5549


အပိုင်း (၆၃၁) ကျွမ်းကျင်သူလေးယောက်၏ ထောက်ခံမှု

    ထို့နောက် စာအကြောင်းသည် ကုန်သွယ်ရေးမဟာမိတ်တစ်ခုလုံးကို ဂယက်ထသွားစေသည်။
    သွမ့်ချင်းသည် အမှန်တကယ်သူခိုးဖြစ်ကာ ကုန်သွယ်ရေးမဟာမိတ်ရှုပ်ထွေးစေရန် စာကို ချန်ထားခဲ့သည်ဟု အချို့က ဆိုကြသည်။
    သို့သော်လည်း အများစုမှာမူ သွမ့်ချင်းမဟုတ်ဟု ယုံကြည်ကြပေသည်။
    သွမ့်ချင်းက တရားခံဆိုပါက မည်သည့်သက်သေအထောက်အထား ရှိပါသနည်း…

    ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် အခြားသူများသည် သွမ့်ချင်းကို ဖမ်းကာ စစ်မေးချင်သော်လည်း လက်ရှိ၌ သူသည် ဗာမီလီယံငှက်တပ်စုတွင် ဖြစ်သောကြောင့် အံတင်းတင်းကြိတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။  နီလာသွေးသမုဒ္ဒရာဖွင့်လှစ်ကာ သူတို့ သွမ့်ချင်းကို တစ်စုံတစ်ခုလုပ်နိုင်သည့် အချိန်ထိ စောင့်ရုံသာ တတ်နိုင်ပေသည်။
    သို့သော်ငြားလည်း ကုန်သွယ်ရေးမဟာမိတ်သည် သူတို့၏ ဂုဏ်သတင်းပျက်စီးသွားရုံမှတစ်ပါး သိသိသာသာ ဆုံးရှုံးမှုမခံစားခဲ့ရပေ။

    ထိုစဉ်အတောအတွင်း ဗာမီလီယံငှက်တပ်စုနှင့် မဝေးသော တောင်တန်းတစ်ခုထဲတွင်…

   ဘန်း…

   ရွှေရောင်ရောင်ခြည်တန်း ရှစ်ခုနှင့် ထည်ဝါသော နတ်ဘုရားသိုင်းဝိညာဉ်သည် ကြောက်မက်ဖွယ်ရာစုပ်ယူအားကို ထုတ်လွှတ်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားထဲမှ ချီစွမ်းအင်များကို စုပ်ယူနေသည်။

    ချီများသည် အမျိုးမျိုးသော သားရဲများ၊ ဒြပ်စင်များအဖြစ် ပြောင်းလဲနေကြပြီး ချင်နန်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေကြသည်။

    ပတ်ဝန်းကျင်မှ သားရဲတိုင်းသည် တုန်လှုပ်ဖွယ်ရာမြင်‌ကွင်းကြောင့် ကြောက်ရွံ့နေကြသည်။
    ၎င်းသည် ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်၏ စွမ်းရည်ဖြစ်သည်။
    ချင်နန်သည် ဗာမီလီယံငှက်တပ်စုကို ပြန်လာကတည်းက ဤနေရာ၌ ကျင့်ကြံနေခဲ့သည်မှာ ဆယ်ရက်ပင် ရှိသွားပြီဖြစ်သည်။

    “သိပ်သည်း"
    ချင်နန်၏ မျက်လုံးများ ပွင့်လာသည်။

   သူ၏ ခန္ဓာကိုယ်ထဲမှ သိုင်းအရှင်ပုံဆောင်ခဲသည် ဆူညံသံတစ်ခု ထုတ်လွှင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင် စုဆောင်းထားသော ချီစွမ်းအင်များကို စုပ်ယူသွားကာ သိုင်းအရှင်အဆင့်အင်အားကို မွေးထုတ်လိုက်ပြီး စုစုပေါင်း စီးကြောင်းခြောက်ရာဖြစ်သွားသည်။
   
    “နတ်ဘုရားသိုင်းဝိညာဉ်က ‘ဒီ'အဆင့်ရှစ်ဆိုပေမဲ့ ကျင့်ကြံတာ ကြာတုန်းပဲ"
   သူသည် သိုင်းအရှင်အဆင့်အင်အားစီးကြောင်းတစ်ခုကိုသာ သိပ်သည်းနိုင်ခဲ့သောကြောင့် သိုင်းအရှင်အင်အားတစ်ဆယ်စီးကြောင်း သိပ်သည်းလိုပါက ရက်တစ်ရာလိုအပ်လိမ့်မည်ဖြစ်သည်။
     သူ့အတွက် သိုင်းအရှင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် သို့မဟုတ် မရှုံးနိမ့်နိုင်သော သိုင်းအရှင်အဆင့်သို့ ရောက်ရှိရန် မည်မျှကြာမည်ကို သူ မသိပေ။

    “နီလာသွေးသမုဒ္ဒရာသွားဖို့ အချိန်ကျပြီ"
   ချင်နန်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားသည်။

   နီလာသွေးသမုဒ္ဒရာအသက်ဝင်ရန်အတွက် ရက်အနည်းငယ်သာ ကျန်တော့သည်။ ထိုနေရာအကြောင်းကို သေချာသိရှိရန်အတွက် သူ စောစောရသွားရမည်ဖြစ်သည်။
     သူ၏ စိုးရိမ်ပူပန်မှုမှာ ထောင်ချင်းစန့်တို့ လူစု လွန်ခဲ့သော တစ်လအတွင်း သိုင်းသူတော်စင်အဆင့်သို့ အောင်မြင်စွာတက်နိုင်ခြင်းရှိမရှိကို ဖြစ်သည်။

    “ချင်နန် ဗာမီလီယံငှက်တပ်စုကို လာခဲ့"
    ထိုအချိန်၌ ဗာမီလီယံငှက်မြင့်မြတ်တံဆိပ်မှ ကျိုးပိဟွှာ၏ အသံကို ကြားလိုက်ရသည်။

   ကျွမ်းကျင်သူလေးယောက် စွမ်းအားပြည့်ဝသွားကြပြီလား…

    ချင်နန်သည် ချက်ချင်းပင် လေဟာနယ်ကို ဆုတ်ဖြဲ၍ ဗာမီလီယံငှက်တပ်စုသို့ ပြန်လာခဲ့လိုက်သည်။

   သူကျင့်ကြံခြင်းခန်းမထဲ ခြေချလိုက်သည်နှင့် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ သွေးတောင်ပံဗာမီလီယံငှက်၊ နိုင်ငံကာကွယ်သူလိပ်နက်နှင့် ကျိုးပိဟွှာတို့၏ အော်ရာများသည် မတည်ငြိမ်သေးဘဲ ဖြူဖျော့သော မျက်နှာဖြင့်သာ ရှိနေသေးကြောင်းကို သူတွေ့လိုက်ရသည်။ သူတို့ အပြည့်အဝပြန်လည်ကောင်းမွန်လာရန်အတွက် အချိန် လိုဦးမည်ဖြစ်ကြောင်း ထင်ရှားပေသည်။

    “အိုး…သွမ့်ချင်း…မင်းဘယ်လောက်ကြာကြာ အမှန်တရားကို ဝှက်ထားချင်တာလဲ…မင်းက ချင်နန်ဖြစ်လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ"
   ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် မချိပြုံးပြုံး၍ ပြောလိုက်သည်။

   ချင်နန် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးနေကြသော ကျိုးပိဟွှာနှင့် သွေးတောင်ပံဗာမီလီယံငှက်ကို ကြည့်လိုက်သည်။

   “ကလေး မစိုးရိမ်ပါနဲ့…တကယ်လို့ မင်းက ချင်နန်ဆိုရင်တောင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံဘုရင်က မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး"
    နိုင်ငံကာကွယ်သူလိပ်နက် ပြောလိုက်၏။
   “မေးခွန်းက တာအိုရှာဖွေခြင်းတောင် မင်းကို အရူးအမူးလိုက်ဖမ်းဖို့အတွက် မင်းဘာတွေ လုပ်ခဲ့တာလဲ"

     ထိုစကားကြား‌သောအခါ ချင်နန် စိတ်သက်သာရာရသွားသည်။
     သူသည် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်နှင့် အခြားသူများအပေါ် အမြင်ကောင်းမရှိပေ။
    သို့သော်လည်း သူသည် လိပ်နက်၏ မေးခွန်းကို လျစ်လျူရှုလိုက်သည်။

  “ချင်နန် မင်းနောက်ထပ် ဘာစီစဉ်ထားလဲ"
  ကျိုးပိဟွှာ ကြားဖြတ်မေးလိုက်သည်။

   သူ၏ စွမ်းအားတိုးတက်ရန် ကြံရွယ်ထားပါက ချင်နန်အတွက် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံတွင် ဆက်နေနေခြင်းမှာ ပညာရှိရာမရောက်ပေ။ အကောင်းဆုံးနည်းလမ်းမှာ ဤနေရာမှ ထွက်သွားကာ သွေးနှင့် မီးပင်လယ်ကို ဖြတ်၍ ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်ရန် ဖြစ်သည်။

    “ကျုပ် နီလာသွေးသမုဒ္ဒရာကို သွားဖို့ ဆုံးဖြတ်ထားတယ်"
    ချင်နန် တုံ့ပြန်လိုက်၏။

   “နီလာသွေးသမုဒ္ဒရာ"
   ကျိုးပိဟွှာ စကားရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
   “ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ…အဲဒီမှာ ဘယ်သူမှ မရရှိသေးတဲ့ ကံကောင်းမှုတချို့ ရှိတယ်…ဒါပေမဲ့ နီလာသွေးသမုဒ္ဒရာကို အခြားအဖွဲ့အစည်းသုံးခုက မျက်စိဒေါက်ထောက် ကြည့်နေကြတယ်…ဒါကြောင့် ဒါက အရမ်းအန္တရာယ်များတယ်…ငါတို့ကိုပြော မင်းဘာအကူအညီလိုလဲ…အားနာစရာမလိုဘူး…ပွင့်ပွင့်လင်းလင်းပြော"

   ချင်နန် တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
   “ကျုပ် အဓိကတုံးတွေ လိုတယ်…များလေ ကောင်းလေပဲ"

     သူသည် ကျိုးပိဟွှာ၊ သွေးတောင်ပံဗာမီလီယံငှက်တို့နှင့်အတူ ဖြစ်ရပ်များစွာကို ဖြတ်သန်းခဲ့ရသောကြောင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခုရှိနေပြီဖြစ်သည်။ ထို့ကြောင့် အရမ်းယဉ်ကျေးစရာမလိုပေ။
  
     “ဒါ…"
   ထိုစကားကြားသောအခါ ကျွမ်းကျင်သူလေးယောက် ဆွံ့အသွားကြသည်။

   ချင်နန်သည် ဤကဲ့သို့ သိပ်အရေးပါခြင်းမရှိသော တောင်းဆိုမှုကို ပြောလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

    သို့သော်လည်း အဓိကအချက်အနေဖြင့် သူတို့သည် သူ၏ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပေ။
  
    “ချင်နန် ရိုးရိုးသားသားပြောရရင် ငါတို့က ငါတို့ရဲ့ စွမ်းအားကို ပြန်ရအောင် လုပ်နေတဲ့အချိန်မှာ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ အရင်းအမြစ်တွေကို အသုံးပြုထားတယ်…ငါတို့ အဓိကတုံးတွေကို ဆေးလုံးတွေ ဆေးပင်တွေနဲ့ လဲလှယ်ခဲ့ကြတယ်…"
    ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်သည် အားတုံ့အားနာလေသံဖြင့် ပြောလိုက်သည်။
    အလွန်ကြီးမားသော ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံသည် အဓိကတုံးများ ပြတ်လပ်နေခြင်းမှာ အမှန်တကယ်ကို ရယ်စရာဖြစ်သည်။
    
    ၎င်းသည် ချင်နန်ကို အံ့အားသင့်သွားစေခဲ့သော်လည်း သူသည် သိပ်စိတ်ပျက်ခြင်းမရှိဘဲ ပြုံး၍ ပြောလိုက်သည်။
    “ရပါတယ်…ကျုပ်နည်းလမ်းတစ်ခု ရှာလိုက်ပါမယ်"

   ထို့နောက် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၏ မျက်နှာပေါ်မှ အနည်းငယ်တွန့်ဆုတ်သည် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ ပြတ်သားစွာဖြင့် ပြောလိုက်သည်။
    “ချင်နန်…မင်းက ငါတို့ကို အများကြီးကူညီခဲ့တယ်…ငါတို့ မင်းကို စိတ်မပျက်စေချင်ဘူး…ဒီတံဆိပ်ကို ယူပါ"
    ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ချင်နန်ကို တံဆိပ်တစ်ခု ပေးလိုက်သည်။

    ၎င်းအား ကြည့်ကာ ချင်နန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ တံဆိပ်သည် လက်တဝါးအရွယ်ခန့် ရှိပြီး ၎င်းပေါ်တွင် ‘ကောင်းကင်လောင်ကျွမ်းခြင်း'ဟူသည့် ထည်ဝါသော စာလုံးများ ရေးထွင်းထားသည်။
    အကယ်၍ နိုင်ငံ၏ ဝန်ကြီးများသည် ဤတံဆိပ်ကို မြင်တွေ့ပါက သူတို့ အလွန်အံ့ဩသွားကြလိမ့်မည်ဖြစ်သည်။
    ၎င်းသည် ကောင်းကင်လောင်ကျွမ်းခြင်းတံဆိပ်ဖြစ်သည်။
    ကွယ်လွန်သူဧကရာဇ်မင်း နိုင်ငံကို တည်ထောင်ပြီးကတည်းက နိုင်ငံအတွက် တစ်ခုတည်းသာ ရှိသော တံဆိပ်ဖြစ်သည်။
     တံဆိပ်အား ကိုင်ဆောင်ထားသူသည် ဗာမီလီယံငှက်တပ်စုအပါအဝင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရှိ ကျွမ်းကျင်သူများနှင့် အာဏာပိုင်များကို ဆင့်ခေါ်နိုင်ပြီး ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံကို ဒုက္ခပေးသည့် လုပ်ရပ်မှလွဲ၍ အခြားအကူအညီများကို ပေးလိမ့်မည်ဖြစ်သည်။
     နှစ်ထောင်ကျော်အတွင်း တစ်စုံတစ်ယောက်ကို ဤတံဆိပ်ပေးခြင်းမှာ ပထမဆုံးအကြိမ်သာဖြစ်သည်။

    “မဟုတ်ဘူး…ကျုပ် လက်မခံနိုင်ဘူး"
   ချင်နန် ချက်ချင်း လက်ဝှေ့ယမ်း၍ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။

     တံဆိပ်သည် အလွန်တန်ဖိုးရှိသောကြောင့် သူမယူနိုင်ပေ။

     “မင်းဒါကို ငြင်းစရာမလိုပါဘူး…မင်းက အနာဂတ်ကျရင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံကို တောက်ပအောင် လုပ်ပေးမဲ့ လူပဲကို…ဒါကြောင့် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက မင်းလိုအပ်တာကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးကြိုးစားကြမှာပါ"
    ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် တည်တံ့စွာဖြင့် ပြောလိုက်သည်။

   ချင်နန်၏ အဆင့်အတန်းကို သိပြီးသည့်နောက်တွင် သူ၏ ပထမအဆုံးအတွေးမှာ ချင်နန်ကို ဖမ်း၍ သူ၏ လျှို့ဝှက်ချက်များကို သိမ်းယူရန် ဖြစ်သည်။ သို့သော်ငြား ဒုတိယအတွေးမှာ ချင်နန်သည် သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့ အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ခဲ့ပြီး ကောင်းကင်ကျားဖြူ၏ အကြံအစည်ကို ဖျက်ဆီးခဲ့သည်။

    သူသည် ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ကိုပင်  တတိယမင်းသားအား ပေးခဲ့သည်။ ထို့ကြောင့် အကန့်အသတ်မဲ့ အနာဂတ်နှင့် ကြောက်မက်ဖွယ်ရာဂျီးနီးယပ် ပြန်လာရန်အတွက် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံသည် သုံးနှစ်သာ စောင့်ရန်လိုအပ်ပေသည်။
    သို့သော်လည်း ဤအချက်တစ်ချက်တည်းကပင် ချင်နန်အပေါ်၌ လောင်းရန် မလုံလောက်ပေ။
    အဓိကအချက်မှာ တတိယမင်းသား သူ၏ ကံကြမ္မာကို မပြောင်းလဲခင်၌ ကွယ်လွန်သူဧကရာဇ်မင်း စိတ်ဝိညာဉ်၏ အကြံပြုချက်ဖြစ်သည်။
     ကွယ်လွန်သူဧကရာဇ်မင်း၏ အဆိုအရ ချင်နန်သည် အလွန်ထူးခြားပေသည်။
     သူတို့နိုင်ငံကို ကူညီပေးခဲ့သော လူငယ်လေး၊ အကန့်အသတ်မဲ့ အလားအလာနှင့် လူငယ်တစ်ယောက်…
     သူတို့သည် အဘယ်ကြောင့် သူ့အပေါ်တွင် မလောင်းရပါမည်နည်း။

    ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ ကျိုးပိဟွှာ၊ သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့၏ မျက်နှာများသည်လည်း တည်တံ့နေကြသည်။
   ထိုဆုံးဖြတ်ချက်တစ်ခုတည်းကပင် ချင်နန်ကို ထောက်ခံရန် သူတို့၏ စိတ်ဆန္ဒကို ကိုယ်စားပြုပေသည်။
   တစ်နည်းဆိုရသော် မဝေးတော့သော အနာဂတ်တွင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံသည် တာအိုရှာဖွေခြင်းတောင်နှင့် စစ်ပွဲဆင်နွှဲရလိမ့်မည်ဖြစ်သည်။

    “ကောင်းပြီ"
   ချင်နန် အသက်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။
  
    ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်သည် အကျိုးမျှော်ကိုး၍ လုပ်ခြင်းဖြစ်သည့်တိုင် ကောင်းကင်လောင်ကျွမ်းခြင်းတံဆိပ်သည် သူ့အတွက် အလွန်အဖိုးတန်သော အရာတစ်ခုဖြစ်သည်။
    ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ထောက်ခံမှုဖြင့် သူသည် တစ်ယောက်တည်းမဟုတ်တော့ဘဲ သူ၏ နောက်၌ ကြောက်မက်ဖွယ်ရာအဖွဲ့အစည်း ရှိနေလိမ့်မည်ဖြစ်သည်။
   သူသည် တာအိုရှာဖွေခြင်းတောင်၏ လိုက်လံဖမ်းဆီးခြင်းကိုပင် ကာကွယ်နိုင်ပေသည်။

   “စီနီယာတို့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်…ကျုပ် တစ်နေ့ကျရင် ခင်ဗျားတို့ရဲ့ ကြင်နာမှုကို သေချာပေါက် ပြန်ပေးဆပ်ပါမယ်"
   စကားလုံးများသည် အလွန်ခိုင်မာပြတ်သားပေသည်။

   ကျွမ်းကျင်သူလေးဦးသည် လူငယ်အပေါ်တွင် ကြီးမားသော အလောင်းအစားလုပ်ခဲ့ကြပြီး ဤလူငယ်သည် အာဏာပိုင်များကို ကတိတစ်ခုပြန်ပေးခဲ့သည်။

    “ဟား…ဟား…ချင်နန်...လာ…ငါမင်းကို ကိုယ်တိုင် စောင့်ကြပ်ပြီး လိုက်ပို့ပေးမယ်"
     နိုင်ငံကာကွယ်သူလိပ်နက်သည် အလွန်ကျေနပ်အားရနေသည်။ သူသည် သူ၏ အစစ်အမှန်သွင်ပြင်ကို ပြောင်းလိုက်ပြီး ချင်နန်ကို သူ၏ ကျောပေါ်တွင် တင်ကာ လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။

    ကျိုးပိဟွှာ၊ သွေးတောင်ပံဗာမီလီယံငှက်နှင့် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့သည် ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးနေကြသည်။

    အိုး…ချင်နန်…မင်းက ကွယ်လွန်သူဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ်ကို ငြင်းပယ်ရဲတော့ အထက်ပိုင်းခရိုင်အရှေ့ပိုင်းတိုက်ကြီးမှာ မင်းရဲ့ အစစ်အမှန်ပါရမီကို အပြည့်အဝပြသတာကို မြင်ရဖို့ ငါတို့ မျှော်လင့်ပါတယ်...

🐱🐱🐱🐱🐱🐱

အပိုင်း (၆၃၂) လိပ်နက်၏ စောင့်ကြပ်မှု…မုန်တိုင်းမစမီလေပြည်တိုက်ခတ်ခြင်း

    ယနေ့၌  ခရီးထွက်သူသည် ချင်နန် တစ်ယောက်တည်းမဟုတ်ပေ။
    ဝမ့်ရှန်နန်းဆောင်၊ တာအိုရှာဖွေခြင်းတောင်တို့မှ တပည့်များနှင့် အရှေ့ပိုင်းတိုက်ကြီးမှ တစ်ကိုယ်တော်ကျင့်ကြံသူများမှာလည်း နီလာသွေးသမုဒ္ဒရာကို သွားရန် ပြင်ဆင်နေကြသည်။

    ထိုစဉ်အတောအတွင်း ကုန်သွယ်ရေးမဟာမိတ်၏ ပင်မခန်းထဲတွင်…

    “နီလာသွေးသမုဒ္ဒရာခရီးရဲ့ တာဝန်ကတော့ မင်းတို့ အခွင့်အရေးရတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သွမ့်ချင်းကို ဖမ်းဆီးဖို့ပဲ"
    ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်သည် ကြောက်မက်ဖွယ်ရာသတ်ဖြတ်ချင်စိတ်များဖြင့်ပြောလိုက်သည်။ သူ၏ ရှေ့၌ လူငယ်လေးယောက် ရပ်နေကြပြီး သုံးယောက်သည် တစ်တန်းတည်းရပ်နေကြကာ တစ်ဦးသည် သူတို့၏ ရှေ့၌ ရပ်နေသည်။
    သူတို့၏ အနေအထားများအရ ရှေ့တွင် ရပ်နေသော လူငယ်သည် ကုန်သွယ်ရေးမဟာမိတ်၏ ဒုတိယဂျီးနီးယပ်ကျူးဟန်ဖြစ်ကြောင်းကို အလွယ်တကူပြောနိုင်ပေသည်။

     “သွားစို့"
    အဘိုးအိုသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖွင့်လှစ်လိုက်သည်။

    အဘိုးအိုသည် အခြားသူမဟုတ် ကုန်သွယ်ရေးမဟာမိတ်၏ အကြီးအကဲကြီးဖြစ်သည်။ သူသည် ဂျီးနီးယပ်လေးယောက်ကို ကိုယ်တိုင်စောင့်ကြပ်လိုက်ပို့မည်ဖြစ်သည်။

    ထိုစဉ်အတောအတွင်း လေဟာနယ်ထဲတွင်…

    ကြီးမားတောက်ပသော လိပ်နက်ကြီးသည် ရှေ့သို့ ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် ရွေ့လျားနေသည်။

    လိပ်နက်၏ ကျောပေါ်တွင် ရပ်နေရင်း ချင်နန် စိတ်လှုပ်ရှားမှု ခံစားနေရသည်။
    ၎င်းသည် နိုင်ငံကာကွယ်သူလိပ်နက်ဖြစ်ပြီး သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူဖြစ်သည်။
    တစ်ချိန်က သူသည် သိုင်းဘီဘင်တစ်ဝက်အဆင့်ဖြစ်သည်။
    ယခင်က မည်သူသည် သူ၏ ကျောပေါ်တွင်ရပ်ရန် အခွင့်အလမ်း ရှိခဲ့ဖူးပါသနည်း။

     “သားရဲတစ်ယောက်ကို စီးရတဲ့ ခံစားချက်က အရမ်းကောင်းတာပဲ…ငါပိုပြီးကြောက်ဖို့ကောင်းတဲ့ သားရဲတစ်ကောင်ကို စီးတော်လုပ်ဖို့ အခွင့်အလမ်းရှာရမယ်"
     ချင်နန်၏ မျက်လုံးများ မျှော်လင့်မှုများဖြင့် အရောင်လက်သွားသည်။
    သူသည် ရတနာများနှင့် သေရည်သောက်ခြင်းကို စိတ်မဝင်စားသော်လည်း အဓိကတုံးများနှင့် ဆေဘာဓားများမှာမူ ခြားနားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ထို့ပြင် ယခုအချိန်၌ သူသည် စီးတော်တစ်ကောင်ကို အလွန်လိုချင်နေသည်။
   မည်သူမဆို ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးစဉ်၌ အလွန်အစွမ်းထက်သော သားရဲတစ်ကောင် စီးနှင်ခြင်းကို မြင်ယောင်ကြည့်နိုင်ပေသည်။

     “ကလေး…မင်းနီလာသွေးသမုဒ္ဒရာအကြောင်းကို ဘာသိလဲ"
    နိုင်ငံကာကွယ်သူလိပ်နက် ရုတ်တရက်မေးလိုက်သည်။

    “အမ်…ကျွန်တော် နည်းနည်းပဲ သိတယ်"
   ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။

   နီလာသွေးသမုဒ္ဒရာသည် အရှေ့ပိုင်းတိုက်ကြီး၏ တားမြစ်နေရာထဲတွင် အဆင့်အတန်းသိပ်မြင့်မားခြင်းမရှိပေ။ ကောလဟာလများအရ ထိုနေရာတွင် လျှို့ဝှက်ဆန်းကြယ်သော ကံကောင်းမှုတစ်ခုရှိပြီး ရရှိသူသည် သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရုံသာမက အရှေ့ပိုင်းတိုက်ကြီး၏ အထွတ်အထိပ်ကို ရောက်ရှိရန် အခွင့်အရေးကိုလည်း ရရှိလိမ့်မည်ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းသည် တစ်ခါမျှ ထွက်ပေါ်လာဖူးခြင်းမရှိပေ။

     “နီလာသွေးသမုဒ္ဒရာက မဖွင့်လှစ်သေးဘူး…ဒါပေမဲ့ ထောင်ချင်းစန့်တို့လူစုက အထဲဝင်နိုင်ပြီး သိုင်းသူတော်စင်အဆင့်ကို တက်နေကြတယ်…သူတို့က ကံကောင်းမှုကို ရပြီးတာ ဖြစ်နိုင်လောက်မယ်…"
    ချင်နန်သည် ရုတ်တရက် ထို့ တွေးတောမိလိုက်သည်။
   ကံကောင်းမှုမပါဘဲ သူတို့အတွက် သိုင်းသူတော်စင်အဆင့်တက်ရန်မှာ အလွန်ခက်ခဲပေသည်။
   ထို့နောက် ချင်နန်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့သည် ကျင့်ကြံမှုအကြောင်း ဆွေးနွေးလိုက်ကြပြီး ချင်နန်သည် ၎င်းမှ အကျိုးများစွာ ရရှိခဲ့သည်။ ကျင့်ကြံခြင်းနည်းလမ်းများသည် သားရဲများနှင့် လူသားများကြားထဲတွင် ကွဲပြားသော်လည်း သဘောတရားမှာ ဆင်တူပေသည်။

    သုံးရက်ကြာပြီးနောက်…

    ဘန်း…

    ရုတ်တရက် လေဟာနယ်တစ်ခု အက်ကွဲသွားပြီး နိုင်ငံကာကွယ်သူလိပ်နက်ထွက်ပေါ်လာပြီး အဆရာကျော် ကျုံ့သွားသည်။ သူသည် လက်တစ်ဝါးအရွယ်ခန့် သေးငယ်သွားကာ ချင်နန်၏ ခေါင်းပေါ်သို့ ရောက်ရှိသွားသည်။

    “ငါ့ရဲ့ ကြီးမားတဲ့ အရွယ်အစားက အများအာရုံစိုက်စရာဖြစ်နေလိမ့်မယ်…ကလေး မင်းအဖွဲ့အစည်းအမျိုးမျိုးက ကျွမ်းကျင်သူအများကြီးကို တွေ့ရလိမ့်မယ်…မင်းကို နီလာသွေးသမုဒ္ဒရာကို ပို့ပြီးမှ ငါထွက်သွားမယ်"
   နိုင်ငံကာကွယ်သူလိပ်နက် ထပ်ပေါင်းထည့်ကာ ပြောလိုက်သည်။
    “အရှေ့က မြို့ကို မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့လို့ ခေါ်တယ်…မင်း နီလာသွေးသမုဒ္ဒရာထဲကို ဝင်ဖို့ စီစဉ်ထားရင် မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့ကို သွားရမယ်"

    ချင်နန် ချက်ချင်း ခေါင်းငုံ့ကြည့်လိုက်သည်။ အဝေးတွင် အကန့်အသတ်ကို မြင်နိုင်ခြင်းမရှိသည့် အနီရောင်ရေများနှင့် သမုဒ္ဒရာတစ်ခုကို မြင်နေရသည်။ သမုဒ္ဒရာကို လွှမ်းခြုံနေသည့် ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခုကို တွေ့မြင်နိုင်ပြီး  တစ်စုံတစ်ယောက်ဝင်ရောက်ခြင်းကို တားဆီးထားသည်။ ၎င်းသည် နီလာသွေးသမုဒ္ဒရာဖြစ်သည်။

    နီလာသွေးသမုဒ္ဒရာ၏ ဘေး၌ မြို့တစ်ခုရှိနေသည်။
   တံတိုင်းများနှင့် မြို့၏ အဆောက်အဦးများသည် နီလာရောင်အုတ်ခဲများဖြင့် ဆောက်လုပ်ထားပြီး ခြောက်သွေ့နေသော သွေးများနှင့် တူညီနေကာ ခြိမ်းခြောက်ဖွယ်ရာအော်ရာကို ပေးစွမ်းနေသည်။
    ဤမတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့သည် ထွတ်မြတ်လက်နက်တစ်ခုဖြစ်သည်။

   “ဘာလို့ အဲဒီမြို့ကို သွားဖို့ လိုအပ်တာလဲ"
   ချင်နန် ရှေ့သို့ ပျံသန်းရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

    “ဒီမတည်ငြိမ်ခြင်းမြို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က တည်းက တည်ရှိတဲ့ လွမ်ကလန်က တည်ဆောက်ထားတာပဲ…အတိတ်တုန်းက လွမ်ကလန်ရဲ့ ခေါင်းဆောင်က နီလာသွေးသမုဒ္ဒရာထဲက ရတနာတချို့ကို ရရှိခဲ့ပြီး နှစ်တိုင်း မတည်ငြိမ်ခြင်းသမုဒ္ဒရာချီတွေကို ထုတ်လုပ်နိုင်ခဲ့တယ်…ကျင့်ကြံသူတွေက ဒီမတည်ငြိမ်ခြင်းသမုဒ္ဒရာချီတွေနဲ့ပဲ နီလာသွေးသမုဒ္ဒရာကို ဝင်နိုင်ကြတယ်"
    နိုင်ငံကာကွယ်သူလိပ်နက် ရှင်းပြလိုက်၏။
     “ဒီမတည်ငြိမ်ခြင်းသမုဒ္ဒရာချီမပါရင် သိုင်းအရှင်အထွတ်အထိပ်အဆင့်တစ်ယောက်တောင် နီလာသွေးသမုဒ္ဒရာထဲမှာ သုံးရက်နေနိုင်မှာ မဟုတ်ဘူး"

   “ကျုပ်နားလည်ပြီ"
   ချင်နန် နားလည်သွား၏။ အဖွဲ့အစည်းလေးခုအပြင် အခြားအဖွဲ့အစည်းများစွာလည်း ရှိပေသေးသည်။ ဤလွမ်ကလန်သည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

   လူနှင့် သားရဲသည် မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့၏ ရှေ့သို့ ရောက်ရှိလာသည်။

    သူတို့မြို့ထဲဝင်ဖို့ ကြိုးစားသည့်အခါ သူတို့သည် ရယ်စရာပင် ဖြစ်ခဲ့ရသည်။
    သူတို့ထံတွင် အဓိကတုံးတစ်တုံးမျှ မရှိကြသောကြောင့် ဝင်ကြေးမပေးနိုင်ကြပေ။
    နောက်ဆုံးတွင် ချင်နန်သည် ရွေးချယ်စရာမရှိဘဲ မြို့ထဲဝင်ရန်အတွက် ကုန်သွယ်ရေးမဟာမိတ်မှ ခိုးလာသည့် ဆေးလုံးများနှင့် ကုန်သွယ်ခဲ့ရသည်။

    “ဟမ်"
   မြို့ထဲ ခြေချလိုက်သည်နှင့် ချင်နန် မျက်လုံးများမှေးစင်းသည်။
   လမ်းပေါ်တွင် ကျင့်ကြံသူများနှင့် ပြည့်နှက်နေပြီး အားလုံးသည် ထူးခြားသော သွင်ပြင်ရှိကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ထက်ရှသော အလင်းများ ထွက်ပေါ်နေကြပြီး တိုက်ပွဲအတွေ့အကြုံအလွန်များပြားကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် သူတို့ကို လျှော့မတွက်သင့်ပေ။
    ၎င်းတို့အနက် ကျင့်ကြံသူအများစုသည် သိုင်းသခင်အထွတ်အထိပ်အဆင့် သို့မဟုတ် သိုင်းအရှင်အစောပိုင်းအဆင့်ကျင့်ကြံမှုများကို ပိုင်ဆိုင်ကြပေသည်။
   သို့ရာတွင် ချင်နန်သည် သူတို့ကို အထင်သေးခြင်းမရှိပေ။
    ထူးချွန်သော အချို့ပါရမီရှင်များသည် အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုကို မခံလိုသောကြောင့် တစ်ကိုယ်တော်ကျင့်ကြံခြင်းကိုသာ ပို၍နှစ်သက်ကြပေသည်။

    ချင်နန်သည် မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့၏ အစွမ်းထက်ခြင်းမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ကို ဆေးလုံးတချို့ ပေးလိုက်သည်။ ထိုလူ၏ အကူအညီဖြင့် နောက်နှစ်ရက်အကြာတွင် မြို့သခင်စံအိမ်တွင် ကျင်းပမည့် မတည်ငြိမ်ခြင်းသမုဒ္ဒရာချီ ပြိုင်ပွဲအကြောင်းကို သိရှိခဲ့သည်။

     “ဒီလွမ်ကလန်က စီးပွားရေးလုပ်တာ အရမ်းကောင်းတာပဲ…စာရင်းသွင်းရမဲ့ အခကြေးငွေတစ်ခုတည်းကတင် အဓိကတုံးငါးထောင် ကျသင့်နေပြီ"
    ချင်နန် ဆွံ့အနေသည်။

    အကယ်၍ ကျင့်ကြံသူလေးထောင်၊ ငါးထောင်ခန့် စာရင်းသွင်းပါက ၎င်းသည် ကြီးမားသော ကြွယ်ဝမှုကြီး တစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။

    “အနားယူဖို့ နေရာရှာရအောင်"
   ချင်နန် ဆုံးဖြတ်ချက် ချလိုက်ပြီး ရှေ့သို့ သွားလိုက်သည်။

   လမ်းပေါ်၌ လူအုပ်ကြီးရှုပ်ယှက်ခက်နေစဉ်တွင် အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်သည် ချင်နန်ကို ဖြတ်ကျော်သွားသည်။

   ချင်နန် အံ့အားသင့်သွားသည်။
   ဒါ သူ(မ)မလား...

   ချင်နန် ခေါင်းလှည့်ကြည့်လိုက်ရာ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။

   “ကလေး…အဲ့ဒီလူက ဒုတိယမင်းသားကို သတ်လိုက်တဲ့လူမဟုတ်ဘူးလား"
    နိုင်ငံကာကွယ်သူလိပ်နက် မေးလိုက်၏။

   ချင်နန် မည်သူဖြစ်ကြောင်း သိရှိပြီး‌နောက် ဒုတိယမင်းသားကို သတ်သောသူမှာ အခြားသူဖြစ်ကြောင်းကို ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်နှင့် အခြားသူများမှာ အလွယ်တကူ နားလည်ပေသည်။

    “အဲဒါ သူ(မ)ပဲ…ကျန်းပိလန်ကိုလည်း ဒီမှာ တွေ့ရတာ အံ့ဩစရာပဲ…"
   ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။

   ကျန်းပိလန်သည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့ကာ သေမင်းဧကရာဇ်၏ တည်ရှိမှုကို ဖိနှိပ်ခဲ့သည်။

    သူ(မ) ဘာလို့ မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့ကို လာတာလဲ...
    သူ(မ)က ငါ့ကို ဘာလို့ ရှောင်သွားတာလဲ"

    “တစ်ခုခုထူးဆန်းတယ်"
   ချင်နန်သည် နိုင်ငံကာကွယ်သူလိပ်နက်၏ သံသယများကို လျစ်လျူရှုလိုက်ပြီး ကျင့်ကြံရန်အတွက် တည်းခိုခန်းတစ်ခုကို ရှာလိုက်သည်။

    ထိုအချိန်၌ မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့၏ ဝင်ပေါက်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

   “ကျူးဟန်"
  
    “ကျူးဟန်လား…ချေးပဲ…တကယ်ကြီးလား…သူ့လို လူတစ်ယောက်က ဘာလို့ နီလာသွေးသမုဒ္ဒရာကို လာတာလဲ"

    ကုန်သွယ်ရေးမဟာမိတ်မှ လူများ ရောက်ရှိလာကြသည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၆၃၃) တုန်လှုပ်သွားသော လိပ်နက်

   မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့သည် အုန်းအုန်းကျွက်ကျွက် ဖြစ်နေစဉ်၌ ချင်နန်သည် ကြေးနီမှန်နှင့် ဆက်သွယ်ရန် ကြိုးပမ်းနေသည်။  ထောင်ချင်းစန့်တို့လူစု၏ အခြေအနေကို သိရှိရန်အတွက် ဖြစ်သည်။ သို့သော်လည်း သူ မျှော်လင့်ထားသည့်အတိုင်းကြေးနီမှန်သည် သူ့ကို လျစ်လျူရှုခဲ့သည်။

   “အမြဲတမ်းခက်ခဲတဲ့ အချိန်မှာ အသုံးမဝင်ဘူး…"
   ချင်နန် ‌ဆွံ့အနေ၏။ သူသည် ဤကြေးနီမှန်ကို သဘောကျသကဲ့သို့ တစ်ချိန်တည်းမှာပင် မုန်းတီးပေသည်။

    ထို့နောက် သူသည် ဗုဒ္ဓအိပ်စက်ခြင်းနည်းလမ်းကို ကျင့်ကြံလိုက်သည်။ သူ့အတွက် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ဖြစ်သောကြောင့် သူသည် ၎င်းအတွက် အပြည့်အဝပြင်ဆင်ထားရမည်ဖြစ်သည်။ သို့သော်လည်း ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းသည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

    ၎င်းမှာ အလွန်ကျွမ်းဝင်ပေသည်။

    “ဒါက…"
   သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ မင်းသမီးမြောင်မြောင်နှင့် နောက်ဆုံးအကြိမ်တွေ့ဆုံစဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်သည်။

   “ဟမ်"
   ချင်နန်၏ ခေါင်းပေါ်တွင် လဲလျောင်းနေသော လိပ်နက်သည် တစ်ခုခုပုံမှန်မဟုတ်သည်ကို သတိထားမိသွားပြီး သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ ထို့နောက် ထွက်ပေါ်လာသော အလင်းမျက်နှာပြင်တစ်ခုကို မြင်လိုက်ရသည်။
    အလင်းမျက်နှာပြင်ပေါ်တွင် အလွန်လှပသော ပုံရိပ်တစ်ခု ရပ်နေသည်။

    “ဘာလားဟ"
   လိပ်နက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
   ဒါက ဘယ်လိုမှော်ပညာမျိုးလဲ…ပုံရိပ်ထုတ်လွှတ်ခြင်းလား...
    သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် ထိုသို့မလုပ်နိုင်ပေ။

    “နန်ကလေး"
   မျက်နှာပြင်ပေါ်တွင် အံ့ဩဖွယ်ရာကောင်းသော တောင်များနှင့် မြစ်များ ရှိနေပြီး အံ့ဖွယ်ကျွန်းတစ်ကျွန်းပမာပင် ဖြစ်သည်။
    တောင်ထိပ်ပေါ်၌ အလွန်လှပသော မိန်းကလေးတစ်ယောက် ရပ်နေသည်။ သူမ၏ ရုပ်ရည်သွင်ပြင်ပေါ်တွင် အပြစ်အနာအဆာတစ်ခုမျှ မြင်တွေ့ရခြင်းမရှိဘဲ သူမ၏ မျက်လုံးများ လင်းလက်တောက်ပနေသည်။

   ခေါ်သံကိုကြားရသည့်အခါ  ချင်နန်၏ ခန္ဓာကိုယ်တုန်သွားသည်။
    မင်းသမီးမြောင်မြောင် မူကလန်သို့ ရောက်သွားစဉ်ကတည်းက သူမ၏ ဆွဲဆောင်မှုမှာ သိသိသာသာ တိုးလာခဲ့သည်။ သူမ၏ အသံကပင် တစ်စုံတစ်ယောက်၏ နှလုံးသားထဲ စီးဝင်သွားသကဲ့သို့ အလွန်သာယာပေသည်။

   “နင်ဘာလုပ်နေတာလဲ"
    မင်းသမီးမြောင်မြောင် မျက်တောက်ပုတ်ခတ်၍ ပြောလိုက်သည်။
    “နင် ကုန်သွယ်ရေးမဟာမိတ်ကို ခိုးခဲ့တာ ငါကြားတယ်…အမ်…နင်ရဲ့ ခေါင်းပေါ်မှာ ရှိတဲ့ ဝမ်ပ(အခွံပျော့သော လိပ်ကလေး)က ဘယ်ကလာတာလဲ"

    မင်းသမီးမြောင်မြောင် လိပ်နက်ကို ဆက်ကြည့်လိုက်သည်။

    ဖူး…
    ချင်နန် ရယ်ချင်ပက်ကျိဖြစ်သွားပြီး အလျင်အမြန်ပြောလိုက်သည်။
    “မင်းသမီး ဒါက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ နတ်ဘုရားသားရဲ စီနီယာ နိုင်ငံကာကွယ်သူလိပ်နက်ပါ…သူက ငါ့ကို ‌နီလာသွေးသမုဒ္ဒရာကို လိုက်ပို့ပေးတာပါ"

    နိုင်ငံကာကွယ်သူလိပ်နက်သည် ကြက်သေသေရာမှ သတိပြန်ဝင်လာသည်။
     ‘ဝမ်ပ'ဟူသည့် ဝေါဟာရကို ကြားရသည့်အခါ သူ၏ မျက်နှာ မည်းမှောင်သွားသည်။ သူ၏ ဘဝတွင် သူ အမုန်းဆုံးအရာမှာ ‘ဝမ်ပ'‌ဟု ခေါ်ခြင်းဖြစ်သည်။
      လှပသော အမျိုးသမီးတစ်ယောက် ဖြစ်စေ ခြွင်းချက်မရှိပေ။

    “ကလေး…မင်း…"
   နိုင်ငံကာကွယ်သူလိပ်နက်သည် မျက်နှာပြင်ကို ထိုးဖောက်ရန် ကြိုးစားနေသကဲ့သို့ ကြီးမားသော ဖိနှိပ်မှုကို ထုတ်ဖော်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

    မင်းသမီးမြောင်မြောင်သည် အထင်သေးသော်လည်း သင့်တော်မှုမရှိကြောင်း သဘောပေါက်သဖြင့် သူမ၏ လေသံကို ချက်ချင်း ပြောင်းလဲလိုက်သည်။
     “ကောင်းပြီ…ရှင်က ကျွန်မရဲ့ နန်ကလေးကို စောင့်ရှောက်ခဲ့တော့ ကျွန်မ ရှင့်ကို ဝူကွေ့(ကုန်းလိပ်)လို့ ခေါ်မယ်"

   “ချေး ဝူကွေ့ပါလား"
   နိုင်ငံကာကွယ်သူလိပ်နက် ဒေါသထွက်သွားပြီး ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
    “ကလေး မင်းစကားပြောဆင်ခြင်တာ ကောင်းမယ်"

    “ဟမ်"
    မင်းသမီးမြောင်မြောင်၏ မျက်လုံးများ အေးစက်သွားသည်။ သူမသည် လေဟာနယ်ထဲမှ ခုန်ထွက်လာသကဲ့သို့ တိုင်းတာ၍ မရသော ဖိနှိပ်မှုတစ်ခု ထွက်ပေါ်လာသည်။
      ဖိနှိပ်မှုသည် မြင့်မြတ်မှုကြောင့် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

     နိုင်ငံကာကွယ်သူလိပ်နက် သူ၏ ကျောရိုးအေးစက်သွားသည်ဟု ခံစားလိုက်ရသည်။ အကြောင်းအရင်းတချို့ကြောင့် ဤလှပသော မိန်းကလေးသည် ပုံမှန်မဟုတ်သော ကြောက်စိတ်တစ်ခုကို ပေးစွမ်းနေသည်။

     ဘာဖြစ်တာလဲ…

     သူ(မ)ကကော ကြောက်ဖို့ကောင်းတဲ့ သားရဲတစ်ကောင်လား…

   “ယဉ်ကျေးပါ"
    ချင်နန် တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။

    မင်းသမီးမြောင်မြောင်၏ မျက်လုံးများထဲမှ အေးစက်မှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ နှာခေါင်းရှုံ့ပြီးနောက် သွားလိုက်သည်။
    “ကောင်းပြီ…ဒီကိစ္စကို ထားလိုက်တော့…ဒါနဲ့ နန်ကလေး နင်ငါအတွက် ဝိုင်တွေ စုဆောင်းထားလား"

    သူမ၏ သဘောထားပြောင်းလဲသွားမှုကိုကြည့်ကာ ချင်နန်စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ ဤမင်းသမီးသည် အမှန်တကယ်ကို တဇွတ်ထိုးရက်စက်သူဖြစ်သည်။
   အကယ်၍ သူသည် သူမကို မရပ်တန့်ပါက သူမသည် သေချာပေါက် နိုင်ငံကာကွယ်သူလိပ်နက်ကို ဒေါသကြောင့် သွေးအန်အောင် လုပ်လိမ့်မည်ဖြစ်သည်။

    “ဒီမှာ ဝိုင်တွေပဲ..."
   ချင်နန်သည် နိုင်ငံကာကွယ်သူလိပ်နက်ကို အားတုံ့အားနာဖြင့် ကြည့်လိုက်ပြီးနောက် သူစုဆောင်းထားသည့် ဝိုင်များကို ထုတ်ယူလိုက်သည်။

   ပုံရိပ်ယောင်ကြေးမုံ၏ အချိန်မှာ အကန့်အသတ်ရှိသောကြောင့် သူသည် ၎င်းတို့ကို လျင်မြန်စွာ ထုတ်ယူခဲ့သည်။

    “ဝိုး…အများကြီးပဲ…ငါဒါတွေကို အခုသောက်ချင်တယ်"
    မင်းသမီးမြောင်မြောင်၏ မျက်လုံးများထဲတွင် သဘောကျနှစ်ခြိုက်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

    နိုင်ငံကာကွယ်လိပ်နက် ကြက်သေသေသွားသည်။

    ဤထူးခြားဆန်းကြယ်သော မိန်းကလေးသည် ခြိမ်းခြောက်နိုင်စွမ်းကြီးမားသော အော်ရာကို ထုတ်ဖော်နေသည်။ သို့သော်လည်း ဝိုင်များကို မြင်ပြီးနောက် ရုတ်တရက် အဘယ်ကြောင့် ဤကဲ့သို့ အလွန်ချစ်ချင်စရာ ကောင်းသွားရပါသနည်း။

   သို့သော်ငြားလည်း နိုင်ငံကာကွယ်သူလိပ်နက် အနည်းငယ်ဒေါသထွက်နေဆဲဖြစ်သည်။

    ချင်နန်သည် သူ့ကို တောင်းပန်ရမည့်အစား မိန်းကလေးနှင့် စကားပြောနေရာ၌ အလုပ်များနေသည်။

    ဒီချင်နန်က စီနီယာတွေကို လေးစားမှုမရှိဘူးလား…

     “နန်ကလေး"
   မင်းသမီးမြောင်မြောင်သည် ဝိုင်အနံ့များကိုခံရန်  ကြိုးပမ်းနေသကဲ့သို့ နှာခေါင်းတရှုံ့ရှုံ့လုပ်နေပြီးနောက် သနားစရာကောင်းသော လေသံဖြင့် ပြောလိုက်သည်။
     “ဒီဝိုင်တွေကို မူကလန်ကို ယူလာဖို့ မမေ့နဲ့...ဒါတွေကို မပျက်စီးအောင် သေချာဂရုစိုက်ပေးပါ"

   “ပြဿနာမရှိဘူး"
   ချင်နန် သူမ၏ တုံ့ပြန်မှုကို မြင်တွေ့ရသောအခါ ချင်နန်၏ နှလုံးသား တင်းကြပ်သွားပြီး သဘောတူလိုက်သည်။

   အနည်းငယ်ဒေါသထွက်နေသော လိပ်နက်မှာမူ ဗလာနတ္ထိမျက်နှာထားဖြင့် ဖြစ်သွားသည်။

   မူကလန်…

   ငါမူကလန်လို့ ကြားခဲ့တာလား…

   “နေပါဦး…နင်က နီလာသွေးသမုဒ္ဒရာမှာမလား"
    မင်းသမီးမြောင်မြောင်၏ စိတ်ထဲ ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ မေးလိုက်သည်။

   “ငါက အခု မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့မှာပဲ…နောက်နှစ်ရက်ကျရင် မတည်ငြိမ်ခြင်းသမုဒ္ဒရာချီအတွက် ယှဉ်ပြိုင်ရလိမ့်မယ်"

   “ဒီလိုလား"
    မင်းသမီးမြောင်မြောင်သည် တစ်ခဏခန့်စဉ်စားပြီးနောက် ပြောလိုက်သည်။
   “ငါမူကလန်ကို မေးလိုက်ဦးမယ်…သူတို့မှာ အသုံးဝင်တာ တစ်ခုခုရှိလောက်တယ်…"

    ထိုစကားများပြောပြီးနောက် မျက်နှာပြင်ပေါ်မှ သူမ၏ ပုံရိပ်ပျောက်ကွယ်သွားသည်။

     လိပ်နက် အံ့ဩတုန်လှုပ်နေသည်။

     မူကလန်…

    ဒါက တကယ်မူကလန်ပဲ.ငါနားကြားမှားတာ မဟုတ်ဘူး…

    ဒီမိန်းကလေးက မူကလန်ကလား…

   နိုင်ငံကာကွယ်သူလိပ်နက်သည် မျက်နှာပြင်ပေါ်မှ မြင်ကွင်းကို သေချာကြည့်ရှုလိုက်ပြီး ရုတ်တရက် သူလွန်ခဲ့သော နှစ်ပေါင်းများစွာက မူကလန်ကို အလည်အပတ်သွားစဉ်တွင် အလားတူမြင်ကွင်းမျိုး မြင်တွေ့ခဲ့ရကြောင်းကို ပြန်အမှတ်ရသွားသည်။

   ဟူး…

    နိုင်ငံကာကွယ်သူလိပ်နက် အလွန်တုန်လှုပ်နေသည်။

    ဤမိန်းကလေးသည် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော နောက်ခံပိုင်ဆိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ချင်နန်နှင့်ပင် အတော်နီးစပ်နေသည်။

    “ချင်နန်...ဒီမင်းသမီးမြောင်မြောင်က အခုလက်ရှိ မူကလန်မှာလား"
     နိုင်ငံကာကွယ်သူလိပ်နက် သူ၏ တုန်လှုပ်မှုကို ချုပ်တည်းကာ မေးလိုက်၏။

   “အင်း…ဘာဖြစ်လို့လဲ"
   ချင်နန် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို အမှတ်ရသွားကာ မေးလိုက်သည်။
   “စီနီယာ ဒီမူကလန်ဆိုတာ ဘာလဲ"

   “မင်း မသိဘူးလား"
   နိုင်ငံကာကွယ်သူလိပ်နက် ကြက်သေသေသွားသည်။

   အရှေ့ပိုင်းတိုက်ကြီးတွင် အချိန်အတော်ကြာ ကျင်လည်ပြီးသည့်နောက်တွင် မူကလန်အကြောင်း မသိခြင်းမှာ အံ့ဩစရာပင်ဖြစ်သည်။

   “မင်း မကြာခင်သိပါလိမ့်မယ်"
    နိုင်ငံကာကွယ်သူလိပ်နက် သူ၏ အတွေးများကို စုစည်းကာ ပြောလိုက်သည်။

    “အာ…"
    ချင်နန် ဆွံ့အသွားသည်။
     လူတိုင်းက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာလို့ ထူးဆန်းနေရတာလဲ....

   သို့သော်လည်း နိုင်ငံကာကွယ်သူလိပ်နက်သည် သူ၏ နှလုံးသားထဲ၌ အလွန်ထိတ်လန့်တုန်လှုပ်နေကြောင်း သူနည်းနည်းလေးမျှ မသိရှိပေ။

    မိန်းကလေးပြောပုံအရ သူမသည် မူကလန်မှ မဟုတ်ပေ။ သို့သော်လည်း သူမသည် ထိုနေရာတွင် သေချာပေါက် မြင့်မားသော အဆင့်အတန်းရှိပေသည်။
    အကယ်၍ သူမသည် မူကလန်နှင့် ဆက်နွှယ်နေပါက အရှေ့ပိုင်းတိုက်ကြီးတွင် ၎င်းသည် အလွန်တုန်လှုပ်ဖွယ်ရာကောင်းလိမ့်မည်ဖြစ်သည်။

   “ကြည့်ရတာ ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက သေချာပေါက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တာပဲ"
    နိုင်ငံကာကွယ်သူလိပ်နက် စိတ်သက်သာရာ ရသွားသည်။

    များစွာသော လျှို့ဝှက်ချက်များ၊ ကွယ်လွန်သူဧကရာဇ်မင်း၏ မျက်နှာသာပေးမှု၊ မူကလန်နှင့် ဆက်နွှယ်မှု…
     ချင်နန်သည် မဝေးတော့သော အနာဂတ်၌ သေချာပေါက် မြင့်တက်လာမည်ဖြစ်ကြောင်း ယခုအချိန်၌ သူ ယုံကြည်မှုရှိသွားပြီဖြစ်သည်။

    “ငါပြန်လာပြီ"
   မင်းသမီးမြောင်မြောင် မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာကာ ပြောလိုက်သည်။

    “ငါအခု လေးတင် သိုင်းပညာတချို့ ရှာတွေ့ထားတယ်...ငါနင့်ကို အခုသင်ပေးမယ်…"
    သူမသည် ဓမ္မတေးသံရွတ်ဖတ်နေသကဲ့သို့ ပတ်ဝန်းကျင်တွင် အသံလှိုင်းများဖြစ်ပေါ်နေသည်။
   
    ၎င်းသည် အစွမ်းထက်သော ရှေးဟောင်းသိုင်းပညာတစ်ခု ဖြစ်သည်။

   ချင်နန်သည်  အခွင့်အရေးကောင်းကို လက်လွှတ်ရဲခြင်းမရှိသောကြောင့် ချက်ချင်းပင် အာရုံစိုက်လိုက်သည်။

🐱🐱🐱🐱🐱

အပိုင်း (၆၃၄) ဂျီးနီးယပ်စုရုံးပွဲ

    မင်းသမီးမြောင်မြောင်သည် စာအုပ်ကို ဆက်လက်ဖတ်ပြနေပြီး သိုင်းပညာသည် ချင်နန်၏ စိတ်အာရုံထဲ၌ ထင်ဟပ်လာသည်။
     ဤသိုင်းပညာကို မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းပညာဟု ခေါ်ပေသည်။
     သိုင်းပညာကို အပြည့်အဝကျွမ်းကျင်သွားသည်နှင့် တစ်စုံတစ်ယောက်သည် သမုဒ္ဒရာ၏ အရှင်သခင်ကဲ့သို့ လှိုင်းလုံးများကို ထိန်းချုပ်နိုင်သည့် စွမ်းအားရရှိမည်ဖြစ်သည်။

    “အရင်တုန်းက ဗုဒ္ဓအိပ်စက်ခြင်းနည်းလမ်း…အခုမတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းပညာ…မင်းသမီးတွေက ဒါတွေကို ရဖို့ ခက်ခက်ခဲခဲကြိုးစားထားတာပဲ....ငါသူ့အတွက် ဝိုင်တွေပိုပြီး စုဆောင်းရမယ်"
    ချင်နန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
    ထို့နောက် သူသည် မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းပညာကို နားလည်အောင် ကြိုးပမ်းရာ၌ နစ်မြှုပ်သွားပြီး သိုင်းပညာကို စတင်နားလည်လာသည်။

    ချင်နန် စတင်ကျင့်ကြံသည်ကို သတိပြုမိပြီး မင်းသမီးမြောင်မြောင်၏ မျက်လုံးများ တောက်ပနေသည်။

   ထို့နောက် သူမသည် နိုင်ငံကာကွယ်သူလိပ်နက်ကို ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
    “ရှင်တို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ကျွန်မ သိတယ်…ချင်နန်ကို ကူညီဖို့ ရှင် အကောင်းဆုံးကြိုးစားမယ်လို့ ကျွန်မမျှော်လင့်တယ်…ဒါက ရှင့်အတွက် အခွင့်အရေးပဲ"
    အဖွဲ့အစည်းလေးခုထဲမှ တစ်ခုဖြစ်သော်လည်း သူတို့အတွက် ချင်နန်ကို ကူညီခြင်းသည် အခွင့်အလမ်းမျှသာ ဖြစ်သည်။

      နိုင်ငံကာကွယ်သူလိပ်နက်သည် အပြစ်တင်ခြင်းမရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
    “မင်းသမီး...မစိုးရိမ်ပါနဲ့…ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက ချင်နန်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်ထားပါတယ်…သူဒုက္ခရောက်တဲ့ အခါကျရင် ငါတို့ ကူညီဖို့ အကောင်းဆုံးကြိုးစားမှာ"

     “ဒါကို ကြားရတာ ဝမ်းသာပါတယ်"
    မင်းသမီးမြောင်မြောင် ခေါင်းညိတ်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
    “မကြာခင်မှာ ကျွန်မက မူကလန်ရဲ့ ဧည့်အကြီးအကဲဖြစ်လာတော့မယ်…စည်းမျဉ်းအရမ်းတင်းကျပ်လို့ မူကလန်ထဲမှာ ဒီရာထူးက ဘယ်လောက်အရေးပါလဲဆိုတာ ရှင်သိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်"

   ထိုစကားများသည် နိုင်ငံကာကွယ်သူလိပ်နက်ကို အလွန်တုန်လှုပ်သွားစေသည်။
    သူမ ဧည့်အကြီးအကဲဖြစ်လာလျှင် ၎င်းသည် မယုံနိုင်စရာပင် ဖြစ်သည်။

   မင်းသမီးမြောင်မြောင်သည် နောက်ထပ် မည်သည့် စကားမျှ ထပ်ပြောခြင်းမရှိ‌ပေ။
     သူမသည် ချင်နန်ကို မေးထောက်ကာ ကြည့်နေသည်။ မျက်နှာပြင်သည် တွန့်လိမ်လာပြီး တဖြည်းဖြည်းမှိန်ဖျော့လာသော်လည်း စက္ကန့်တိုင်းသည် အလွန်အဖိုးတန်သကဲ့သို့  သူမသည် တိတ်ဆိတ်စွာဖြင့် ဆက်ကြည့်နေသည်။

    ထို့နောက် မျက်နှာပြင်တစ်ခုလုံး ပျောက်ကွယ်သွားပြီး နိုင်ငံကာကွယ်သူလိပ်နက် စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။
    သူသည် တစ်ခါက သိုင်းဘီဘင်တစ်ဝက်အဆင့်ဖြစ်သော်လည်း ထိုမိန်းကလေးနှင့် ရင်ဆိုင်ရသည့်အခါ ခြိမ်းခြောက်မှု ခံစားရခြင်းမှာ ထူးဆန်းပေသည်။

   “ဒီရှေးဟောင်းသိုင်းပညာက နီလာသွေးသမုဒ္ဒရာနဲ့ ဆက်စပ်ပြီးတော့ နီလာသွေးသမုဒ္ဒရာထဲ ဝင်တဲ့အခါကျရင် ချင်နန်ကို ကူညီပေးနိုင်တယ်…"
   နိုင်ငံကာကွယ်သူလိပ်နက် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် သူ၏ မျက်လုံးများကို ပိတ်လိုက်သည်။

   ချင်နန်သည် ရှေးဟောင်းသိုင်းပညာကို လေ့လာရန်အတွက် နေ့ဝက်ခန့်ကြာလိမ့်မည်ဖြစ်သည်။ ၎င်းသည် သူ့အတွက် အိပ်စက်ရန် အချိန်အနည်းငယ် ရပေသည်။
  
    ဝှစ်…
   ရုတ်တရက် ချင်နန်၏ မျက်လုံးများ ပွင့်လာ၏။

   သူ၏ ခန္ဓာကိုယ်မှ အပြာရောင်အလင်းတစ်ခုနှင့်အတူ လှိုင်းပုတ်သံ ဖျော့ဖျော့ထွက်နေပြီး တဖြည်းဖြည်း ကျယ်လောင်လာသည်။

    “ဒါ…"
   နိုင်ငံကာကွယ်သူလိပ်နက် အလွန်အံ့အားသင့်သွားသည်။ မိန်းကလေးသည် မူကလန်က ဖြစ်ကြောင်း သိရှိသွားသည့်အခါကထက်ပင် သူပို၍ တုန်လှုပ်နေသည်။

   ချင်နန်သည် ရှေးဟောင်းသိုင်းပညာကို လေ့လာရန်အတွက် အမွှေးတိုင်တစ်တိုင်စာ အချိန်ကိုသာ သုံးစွဲခဲ့သည်။

  သူက တကယ်ရှေးဟောင်းသိုင်းပညာကို ဒီလောက်မြန်မြန်လေ့လာပြီးသွားလား…

    ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်နဲ့ ဂျီးနီးယပ်တစ်ယောက်ပင် ထိုသို့ မလုပ်နိုင်ပေ။

   “ဟူး…ဒီရှေးဟောင်းသိုင်းပညာကို ဒီလောက်မြန်မြန်သင်ယူနိုင်လိမ့်မယ်လို့ ငါ‌မမျှော်လင့်ထားခဲ့ဘူး"
   ချင်နန် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
  
     “တကယ်လို့ ငါခန့်မှန်းတာသာမမှားရင် ဒါက ငါ့ရဲ့ ကျင့်ကြံမှု အဆင့်တက်သွားပြီး စစ်နတ်ဘုရားဘယ်ဘက်မျက်လုံးရဲ့ စွမ်းရည် ပိုပြီး တိုးတက်လာတာကြောင့် ဖြစ်လိမ့်မယ်…ဒါကြောင့် ငါ့ရဲ့သိုင်းပညာပါရမီက တိုးတက်လာခဲ့တာပဲ"
    အစောပိုင်းက သူသည် မင်းသမီးမြောင်မြောင်၏ လက်ထဲတွင် ကိုင်ထားသည့်  သိုင်းပညာတစ်ခုလုံးကို  အကြည့်တစ်ချက်ဖြင့် မှတ်သားနိုင်ခဲ့သည်။
    လက်ရှိ၌ သူ၏ ကျင့်ကြံမှုအဆင့်တက်ပြီးသည့်နောက်တွင်  သူ့အတွက် သိုင်းပညာများ၏ လျှို့ဝှက်ချက်များကို နားလည်ရန်မှာ လွယ်ကူနေခဲ့သည်။

     “ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံမှုက အရမ်းအားနည်းနေသေးတယ်…ဒါကြောင့် ငါက စစ်နတ်ဘုရားဘယ်ဘက်လက်မောင်းရဲ့ စွမ်းအားကို အသုံးမပြုနိုင်ဘူး"
    ချင်နန် သူ၏ ဘယ်ဘက်လက်မောင်းကို ကြည့်လိုက်၏။

   တစ်ခါက ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ဖြစ်ခဲ့သည့် ဘယ်ဘက်လက်မောင်း၏ စွမ်းအားကို မြင်တွေ့ရန် သူ မစောင့်နိုင်အောင် ဖြစ်နေသည်။
    အဖျက်စွမ်းအားက ဘယ်လောက်တောင် ကြီးလိုက်မလဲ.
 
   “အမ်...စီနီယာ ဘာဖြစ်လို့လဲ"
   ချင်နန် အနည်းငယ် အံ့အားသင့်သွားသည်။
   အကြောင်းအရင်းတချို့ကြောင့် နိုင်ငံကာကွယ်သူလိပ်နက်သည် မွန်းစတားတစ်ကောင်ကို မြင်နေသကဲ့သို့ သူ၏ ပါးစပ်ကို ကျယ်ပြန့်စွာဟ၍ သူ့ကို ကြည့်ရှုနေသည်။

    “မဟုတ်ဘူး…တကယ် ဘာမှမဟုတ်ပါဘူး…မစိုးရိမ်ပါနဲ့…"
   နိုင်ငံကာကွယ်သူလိပ်နက် သူ၏ အတွေးများကို စုစည်း၍ ခေါင်းခါယမ်းလိုက်သည်။ သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်သည် ချင်နန်၏ သိုင်းပညာပါရမီကြောင့် လုံး၀ ကြက်သေသေသွားခဲ့ရသည်ကို သူထုတ်ပြောလိမ့်မည်မဟုတ်ပေ။

    ထိုအချိန်၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

    ဒေါက်....ဒေါက်…‌ဒေါက်…

    တံ‌ခါးပေါက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။

    ဝှစ်…

    ချင်နန်သည် ချက်ချင်းပင် တံခါးဆီသို့ သတိဝီရိယအပြည့်ဖြင့် သွားလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရက်စက်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

   သူတို့သည် မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့တွင် မည်သည့်ရင်းနှီးသော သူတစ်ယောက်နှင့်မျှ မတွေ့ရသေးပေ။
  
    ဒါ ဘယ်သူဖြစ်နိုင်လဲ…ကျန်းပိလန်လား…

   သံသယများ ပြည့်နှက်နေရင်း ချင်နန်သည် သူ၏ လက်ကို ဆန့်ထုတ်ကာ တံခါးကို ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဖီးနစ်ဝိညာဉ်စားသုံးခြင်းမီးများ စုစည်းထားသည်။
    အကယ်၍ တစ်ခုခုဆိုပါက သူသည် သူ၏ တိုက်ခိုက်မှုကို အလွယ်တကူထုတ်ဖော်လိမ့်မည်ဖြစ်သည်။

    နိုင်ငံကာကွယ်သူလိပ်နက်၏ မျက်လုံးများမှာလည်း မှေးစင်းသွားသည်။

    “သခင်လေးသွမ့်ချင်း…ကျုပ်က မြို့သခင်စံအိမ်ရဲ့ အစေခံတစ်ယောက်ပါ…ကျုပ်ဒီကိုလာတာ မြို့သခင်ရဲ့ ကိုယ်စားဂျီးနီးယပ်စုရုံးပွဲကို လာဖိတ်တာပါ"
     တံခါးအပြင်ဘက်၌ ငွေရောင်ချပ်ဝတ်နှင့် အစောင့်တစ်ယောက်သည် ရိုကျိုးစွာဖြင့် ရှိနေသည်။
    သူ၏ ရှေ့တွင် ရှိနေသော လူငယ်သည် လျှို့ဝှက်နဂါးအဆင့်၌ အဆင့်သုံးဆယ့်သုံးဖြစ်ကြောင်းကို သူသိပေသည်။

    “ခင်ဗျားက ကျုပ်ကိုသိတာလား"
   ချင်နန်၏ မျက်လုံးများ အေးစက်စွာဖြင့် အရောင်လက်သွားသည်။

   အကယ်၍ သူ မမှားပါက သူ မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့ထဲသို့ ဝင်လာချိန်မှစ၍ လွမ်ကလန်သည် သူ့ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
  
    အထင်ကြီးစရာပဲ…

    ငွေရောင်ချပ်ဝတ်နှင့် အစောင့်၏ ခန္ဓာကိုယ် တုန်ရီသွားသည်။ ချင်နန် ဒေါသထွက်မည်ကို သူ မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့သော်လည်း သူ၏ ပါးစပ်ကို ဟလိုက်သည့်တိုင်  သူ၏ လျှာ အဖြတ်ခံထားရသကဲ့သို့ စကားတစ်လုံးကိုမျှ မပြောနိုင်ပေ။

    ဤလူငယ်....

   သူ၏ အကြည့်တစ်ခုတည်းကပင် အလွန်ကြောက်ဖို့ ကောင်းပေသည်။
    ကုန်သွယ်ရေးမဟာမိတ်၏ ကြယ်သုံးပွင့်ပင် သူနှင့် မနှိုင်းယှဉ်နနိုင်ပေ။

   “ဂျီးနီးယပ်စုရုံးပွဲဆိုတာ ဘာလဲ"
    ချင်နန်၏ အကြည့်များ ငြိမ်သက်သွားသည်။
   သူသည် ဤနေရာသို့ စကားလာပါးသော သူတစ်ယောက်ကို ဒုက္ခပေးစရာ အကြောင်းမရှိပေ။

   “နီလာသွေးသမုဒ္ဒရာ အသက်ဝင်တော့မဲ့ အချိန်တိုင်းမှာ မြို့သခင်စံအိမ်က အဖွဲ့အစည်းလေးခုက ဂျီးနီးယပ်တွေနဲ့ အခြားကျော်ကြားတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေကို ‌တစ်ယောက်နဲ့ တစ်ယောက် တွေ့ပြီး သိုင်းပညာ ဆွေးနွေးဖို့အတွက် စုရုံးပွဲတစ်ခု လုပ်ပါတယ်"
   အစောင့်ရှင်းပြလိုက်သည်။

  ချင်နန် ချက်ချင်း နားလည်သွားသည်။

   မြို့သခင်စံအိမ်သည် ဤအခွင့်အရေးကို အသုံးပြုကာ ဂျီးနီးယပ်များနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ပေသည်။

    “သခင်သွမ့်ချင်း …ခင်ဗျား ဒါကို သိသင့်တယ်…ကုန်သွယ်ရေးမဟာမိတ်က ကျူးဟန်၊ ကြယ်သုံးပွင့်၊ ဝမ့်ရှန်နန်းဆောင်ကတပည့်တွေနဲ့ တာအိုရှာဖွေခြင်းတောင်က တပည့်တွေလည်း မတညခငြိမ်ခြင်းသမုဒ္ဒရာမြို့ကိုရောက်နေကြပြီ"
    အစောင့်သည် တဒင်္ဂတုံ့ဆိုင်းနေပြီးနောက် အံကြိတ်၍  ပြောလိုက်သည်။

   “ကျူးဟန်...ကြယ်သုံးပွင့်…တာအိုရှာဖွေခြင်းတောင်က တပည့်တွေနဲ့ ဝမ့်ရှန်နန်းဆောင်က တပည့်တွေ"
   ထိုစကားကြားသောအခါ ချင်နန် အံ့အားသင့်သွားသည်။

   “ကျေးဇူးတင်ပါတယ်"
   ချင်နန်သည် အစောင့်၏ လက်ထဲ ဆေးလုံးတစ်လုံးပစ်ပေးပြီး ကျေနပ်စွာဖြင့် သူ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

    သူသည် ချင်နန်ကို ဖိတ်စာပေးပြီးနောက်  ထွက်ခွာသွားသည်။

    “ဒီကျူးဟန်နဲ့ ကြယ်သုံးပွင့်အကြောင်းကို ငါကြားဖူးတယ်...သူတို့အားလုံးက လျှို့ဝှက်နဂါးအဆင့်ပေါ်မှာ ရှိကြတယ်…တကယ်လို့ ငါမမှားရင် ဒီကျူးဟန်က ‘ဒီ'အဆင့်ကိုးသိုင်းဝိညာဉ်ကို ပိုင်ဆိုင်တဲ့ အရမ်းထူးချွန်တဲ့ တစ်ယောက်ပဲ…သူက လျှို့ဝှက်နဂါးအဆင့်ပေါ်မှာ ဆယ့်ငါးပဲ"
   နိုင်ငံကာကွယ်သူလိပ်နက် ပြောလိုက်သည်။

    “တကယ်လား"
    ချင်နန် ပြုံးလိုက်၏။

    နီလာသွေးသမုဒ္ဒရာ၏ ကံကောင်းမှုမှာ မထွက်ပေါ်လာသေးပေ။

   ဒါပေမဲ့ အဖွဲ့အစည်းလေးခုရဲ့ လျှို့ဝှက်နဂါးအဆင့်ပေါ်က ဂျီးနီးယပ်တွေက ဒီမှာ ရောက်နေကြပြီလား…

    “တစ်ချက်လောက်သွားကြည့်တာပေါ့"
    ချင်နန် ဆုံးဖြတ်ချက် ချလိုက်၏။

    သူသည် ကျူးဟန်၊ ကြယ်သုံးပွင့်နှင့် အခြားဂျီးနီးယပ်များ၏ စွမ်းအားကို မြင်ချင်နေသည်။

🐱🐱🐱🐱🐱

အပိုင်း (၆၃၅) ကြယ်သုံးပွင့်

    “ငါစုရုံးပွဲကို မလိုက်တော့ဘူး…ကိစ္စတစ်ခုခုရှိရင် ငါ့ကို မင်းခေါ်လိုက်"
    နိုင်ငံကာကွယ်သူလိပ်နက် သန်းဝေလိုက်သည်။
    လျှို့ဝှက်နဂါးအဆင့်ထဲမှ ထိပ်ဆုံးဆယ်ယောက်မဟုတ်သဖြင့် ကြယ်သုံးပွင့်ကဲ့သို့သော ဂျီးနီးယပ်များကို သူ စိတ်မဝင်စားပေ။

   ချင်နန် ခေါင်းညိတ်လိုက်ပြီး တည်းခိုခန်းမှ ထွက်ခွာ၍ မြို့သခင်စံအိမ်သို့ သွားလိုက်သည်။

   မြို့သခင်စံအိမ်ကို လွမ်ကလန်ဟုလည်း ခေါ်ပြီး ထိုလူများအားလုံးသည် လွမ်ကလန်မှ ဖြစ်သည်။
    ချင်နန်သည် မကြာမီ၌ မြို့သခင်ခန်းမသို့ ရောက်ရှိလာသည်။  သူ၏ ရှေ့တွင် ရှိနေသော မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့၏ သုံးပုံတစ်ပုံခန့်ပိုင်ဆိုင်ထားသည့် ကြီးမားသော အိမ်ရာကြီးကို သူမြင်နေရသည်။
    လွမ်ကလန်၏ လမ်းပေါ်တွင် ကျင့်ကြံသူတစ်ယောက်ကိုမျှ မတွေ့ရပေ။ သည့်အစား တော်ဝင်နန်းတော်ကဲ့သို့သော အစောင့်များကိုသာ တွေ့မြင်ရပေသည်။
     ချင်နန်သည် သူ၏ ဖိတ်စာကို ပြလိုက်ရာ အမျိုးသမီးအစေခံတစ်ယောက်သည် သူ့ကို ဦးဆောင်၍ ခေါ်သွားသည်။

    “ဒီလွမ်ကလန်က လူအများစုက ရေအမျိုးအစား ရှေးဟောင်းသိုင်းပညာတွေကို လေ့ကျင့်တာပဲ"
   ချင်နန်၏ ဘယ်ဘက်မျက်လုံး အရောင်လက်သွားသည်။ အစေခံများနှင့် တပည့်များ၏ ခန္ဓာကိုယ်ထဲတွင် ရေဒြပ်စင်အင်အားများ ရှိပေသည်။ ထို့ပြင် ကလန်ထဲ၌ ဖွဲ့စည်းထားသော ဝင်္ကပါများသည် ရေအမျိုးအစားသိုင်းပညာလေ့ကျင့်ခြင်းအတွက် များစွာ အကျိုးရှိပေသည်။
    ချင်နန်၏ ခန္ဓာကိုယ်ထဲမှ မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းပညာပင် ရုန်းကြွလာသည်။

    “ကျွန်မတို့ ရောက်ပါပြီ…ကျေးဇူးပြုပြီး အထဲကို ဝင်ပါ"
     အမျိုးသမီးအစေခံ၏ လမ်းညွှန်မှုအောက်တွင် ချင်နန်သည် ခန်းမတစ်ခုသို့ ရောက်ရှိလာသည်။

    သူ ခန်းမထဲသို့ ခြေချလိုက်သည်နှင့် လူအုပ်ကြီး၏ ဆူညံသံများ၊ စားကောင်းသောက်ဖွယ်များနှင့် ဝိုင်များသည် သူ့ကို ကြိုဆိုနေသည်။
    ခန်းမသည် စတုရန်းမီတာတစ်ထောင်ကျော်ရှိပြီး နေရာတိုင်း၌ စားပွဲများနှင့် ထိုင်ခုံများ ရှိနေသည်။ အချို့သည် အဖွဲ့အစည်းကြီးလေးခုမှ၊ အချို့သည် ကျော်ကြားသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အခြားသူများသည် လွမ်ကလန်မှ တပည့်များဖြစ်သည်။
     ချင်နန်သည် ခပ်ကုတ်ကုတ်ဖြင့် ခန်းမထဲဝင်လာလိုက်သည်။ သူသည် သူ၏ အော်ရာကို မထုတ်ဖော်ခဲ့ဘဲ ထောင့်တစ်ထောင့်ထိုင်ကာ ဝိုင်ခွက်တစ်ခွက်ကိုကိုင်၍ သောက်ချင်ယောင် ဟန်ဆောင်လိုက်သည်။
     သူ၏ ဘယ်ဘက်မျက်လုံး အရောင်လက်နေသည်။

   “ဟမ်…ဒီတစ်ကိုယ်တော် ကျင့်ကြံသူတွေမှာ ကြောက်ဖို့ကောင်းတဲ့ အော်ရာတချို့ရှိတာပဲ…သိုင်းအရှင်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုအပြင် သူတို့က ရှေးဟောင်းသိုင်းပညာအချို့ကိုလည်း လေ့ကျင့်ထားသေးတယ်…သူတို့ရဲ့ သိုင်းဝိညာဉ်အဆင့်က ‘ဒီ'အဆင့်ခြောက်၊ ‘ဒီ'အဆင့်ခုနှစ်..."
    ချင်နန်သည် လူအုပ်ကို အကြမ်းဖျင်းဝှေ့ကြည့်လိုက်ပြီး တစ်ကိုယ်တော်ကျင့်ကြံသူသုံးဆယ်သည် သူ၏ အာရုံကို ဖမ်းစားသွားသည်။
     ထိုတစ်ကိုယ်တော် ကျင့်ကြံသူများနှင့် နှိုင်းဆပါက တာအိုရှာဖွေခြင်းတောင်၊ ကုန်သွယ်ရေးမဟာမိတ်နှင့် ဝမ့်ရှန်နန်းဆောင်မှ တပည့်များသည် အလွန်ထူးချွန်ခြင်းမရှိပေ။
   ဤတပည့်များ၏ ပါရမီသည် မူချန်ရယ်၊ ရွှယ်မန်တို့နှင့်ပင် မနှိုင်းယှဉ်နိုင်သောကြောင့် အဖွဲ့အစည်းလေးခုမှ စစ်မှန်သော ဂျီးနီးယပ်များသည် နီလာသွေးသမုဒ္ဒရာကဲ့သို့ နေရာကို စိတ်မဝင်စားကြောင်း ထင်ရှားနေသည်။
    ချင်နန်သည် အဖွဲ့အစည်းနှစ်ခုမှ လူများကို သဘောကျခြင်းမရှိသော်လည်း ဤကဲ့သို့ အဆင့်နိမ့်သော တပည့်များအပေါ်တွင် သူ၏ ဒေါသကို ထုတ်ဖော်စရာအကြောင်းမရှိပေ။

     “ကြယ်သုံးပွင့်နဲ့ ကျူးဟန်ကော"
   ချင်နန် မျက်မှောင်ကြုတ်သွားပြီး လူအုပ်ကြီးကို စစ်ဆေးလိုက်သည်။ သူတို့နှင့် တူညီသော လူတစ်ယောက်ကိုမျှ မတွေ့ခဲ့ပေ။
      သူသည် ဤနေရာတွင်ရှိသော ကုန်သွယ်ရေးမဟာမိတ်၏ သာမန်တပည့်များကိုသာ ရှာနိုင်ခဲ့သည်။

     ထိုအချိန်၌ ခန်းမ၏ ဝင်ပေါက်မှ လာသော အစွမ်းထက်သော အော်ရာသုံးခုကို ခံစားလိုက်ရသည်။
    ချင်နန် လှည့်ကြည့်လိုက်ရာ တုဖန်းသည် ဘယ်ဘက်တွင်ရှိနေပြီး  သူ့ထက် အရပ်ရှည်သည့် လူငယ်တစ်ယောက်သည် အလယ်မှ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ ညာဘက်တွင် ရပ်နေသော လူငယ်သည် သူ၏ မျက်နှာပေါ်၌ အရေကြောင်းများ တွန့်နေပြီး တွင်းများကဲ့သို့ တိုင်းတာ၍ မရသော အော်ရာကို ထုတ်ဖော်နေသည်။
     ခန်းမထဲမှ လူများ၏ အကြည့်များသည် အသစ်ရောက်လာသော လူများပေါ်သို့ ကျရောက်သွားသည်။

    “ငါက ကြယ်သုံးပွင့်ရဲ့ ခေါင်းဆောင်ပါ…ငါစီနီယာအစ်ကို ကျူးဟန်ကိုယ်စား တောင်းပန်ချင်ပါတယ်…အရေးပေါ် ကိစ္စတချို့ကြောင့် သူက ဒီကို မလာနိုင်တော့ဘူး"
    စကားလုံးများသည် တောင်းပန်ပုံရသော်လည်း သူ၏ လေသံထဲတွင်မူ ထိုအငွေ့အသက်မပါဝင်ပေ။

     “ကျူးဟန်က မလာဘူးလား…ပျင်းစရာကောင်းတာပဲ"

    “ကောင်းပြီ…ငါထွက်သွားတော့မယ်"
  
    “ ကြယ်သုံးပွင့်ကို ဒီမှာ မြင်ရတာပဲ အရမ်းထူးခြားနေပြီ"

    ထိုစကားကြားသောအခါ တစ်ကိုယ်တော် ကျင့်ကြံသူများစွာသည် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြပြီး ထွက်ခွာသွားကြသည်။ သူတို့သည် စောနက ချင်နန် အာရုံစိုက်ခဲ့သည့် လူများ ဖြစ်ကြသည်။ သူတို့သည် ကျူးဟန်၏ စွမ်းအားကို မြင်ချင်ခဲ့ကြပုံရသည်။ သို့သော်လည်း ကျူးဟန် မလာသောကြောင့် သူတို့အတွက် ဆက်နေစရာအကြောင်းမရှိတော့ပေ။

     ထိုအချိန်၌ အခြားကျင့်ကြံသူများသည် ကြယ်သုံးပွင့်ကို ကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။

    ထို့နောက် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အခြားအဖွဲ့အစည်းသုံးခုမှ ကျင့်ကြံသူများစွာသည် ချက်ချင်းပင် တုဖင်း၊ တုရွမ်နှင့် တုဖန်းတို့ကို ဝိုင်း၍ အောင်ပွဲခံကာ သောက်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ခန်းမသည် သက်ဝင်လှုပ်ရှားသွားသည်။
      တုဖင်း၊ တုရွမ်နှင့် တုဖန်းတို့သည် လူအုပ်ကြီး၏ ဝန်းရံ‌ခံနေရကာ သူတို့၏ မျက်နှာထက်၌ အပြုံးများ ပွင့်လန်းနေကြသည်။ သူတို့သည် လေထု၌ ပျော်မွေ့နေကြောင်း ထင်ရှားနေသည်။

   “အကြီးဆုံးတုဖင်း ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်၊ ထွတ်မြတ်လက်နက်နှစ်ခုနဲ့ ဧကရာဇ်လက်နက်တွေ သိုင်းအရှင်အဆင့်ရှစ်ကျင့်ကြံမှု…ဒုတိယအစ်ကိုတုရွမ် ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်၊ ထွတ်မြတ်လက်နက်နှစ်ခု၊ ဒါပေမဲ့ ဧကရာဇ်လက်နက်တွေ အများကြီး မရှိဘူး…တုဖန်းကတော့ ငါအရင်က သူ့ကို ရင်ဆိုင်ဖူးတယ်"
   လူအုပ်ကြီး ပျော်ပါးနေချိန်၌ ချင်နန်၏ မျက်လုံးများ အရောင်လက်နေကာ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
   “ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တူညီတဲ့ အော်ရာတစ်ခုစီရှိတယ်…ငါခန့်မှန်းတာသာ မှန်မယ်ဆို သူတို့က ပူးပေါင်းသိုင်းပညာတစ်မျိုးကို လေ့ကျင့်ခဲ့ပြီး သူတို့ရဲ့ စွမ်းအားကို မြှင့်တင်နိုင်တယ်"

    ထိုမြင်ကွင်းအားကြည့်ကာ ချင်နန်သည် ကြယ်သုံးပွင့်ကို ရှင်းရှင်းလင်းလင်းနားလည်သွားသည်။

    “ကျူးဟန် ဒီမှာ မရှိတာ သနားစရာပဲ…ငါသူ့ရဲ့ အစွမ်းကို ကြည့်ချင်တာကို"
    ချင်နန် ခေါင်းခါယမ်းလိုက်ပြီး ထိုင်ခုံမှ ထလိုက်သည်။
   သူ့အတွက် ဆက်နေစရာ အကြောင်းမရှိတော့ပေ။

    သို့သော်လည်း ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောသံတစ်သံကို ကြားလိုက်ရသည်။
    “ဒါက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ ထိပ်ဆုံးဂျီးနီးယပ်သွမ့်ချင်းမလား…မင်းဘာလို့ ထွက်သွားချင်နေတာလဲ"
   စကားပြောသူမှာ တုဖန်းပင် ဖြစ်သည်။
   သွမ့်ချင်းသည် စုရုံးပွဲသို့ ရောက်နေပြီဖြစ်ကြောင်းကို သူသိပေသည်။ ထို့ကြောင့်  ရောက်လာစဉ်ကတည်းက သူသည် သွမ့်ချင်းကို ရှာနေခဲ့သည်။ ထို့ကြောင့် သွမ့်ချင်း သူ၏ ထိုင်ခုံမှ ထလိုက်သည့်အချိန်တွင် သွမ့်ချင်းကို သူသတိပြုမိသွားသည်။

    စကားလုံးများသည် လူအုပ်ကို တုန်လှုပ်သွားစေပြီး ချင်နန်ကို ချက်ချင်းကြည့်ရှုလိုက်ကြသည်။

   “ဒီတော့ ဒီလူငယ်က ကျိုးပိဟွှာရဲ့ ဆက်ခံသူ…တိဖန်းယွင်ထက် ပိုသန်မာတဲ့ သွမ့်ချင်းလား"

   “ချေးပဲ…ဒါတကယ် သူပဲ…သိပ်မကြာခင်တုန်းက သူက ကုန်သွယ်ရေးမဟာမိတ်ဆီက ခိုးခဲ့တယ်လို့ ငါကြားထားတယ်… ကြယ်သုံးပွင့်နဲ့ သူနဲ့ကြားက လေထုမှာ အရမ်းရန်လိုမှုတွေ ပါဝင်တယ်…ကောလဟာလတွေက မှန်တယ်လို့ ဆိုလိုတာလား"

   “ဘော မှန်ပါလား…ကုန်သွယ်ရေးမဟာမိတ်က သွမ့်ချင်းကို ဖယ်ရှားဖို့ အမြဲတမ်းအစီအစဉ်ချထားတယ်ဆိုတာ လူတိုင်းသိကြတယ်"

    “ဒါက စိတ်ဝင်စားစရာပဲ…ကြယ်သုံးပွင့်နဲ့ ကျူးဟန် ဒီကိုရောက်လာတာ သွမ့်ချင်းကို ဖယ်ရှားမလို့လား…ဒါက ကုန်သွယ်ရေးမဟာမိတ်အတွက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးပဲ"
    တစ်ကိုယ်တော်ကျင့်ကြံသူများသည် အမှန်တရားကို လျင်မြန်စွာ ခန့်မှန်းလိုက်သည်။

     ထိုအချိန်၌ တာအိုရှာဖွေခြင်းတောင်နှင့် ဝမ့်ရှန်နန်းဆောင်မှ တပည့်များသည်လည်း ချင်နန်ကို တွေ့ရှိလိုက်ကြသည်။

     ချင်နန်၏ လှုပ်ရှားမှု ရပ်တန့်သွားပြီး တုဖင်း၊ တုရွမ်နှင့် တုဖန်းကို ကြည့်လိုက်သည်။
    “မင်းတို့ဘာလိုချင်တာလဲ"

     “ငါဘာလိုချင်တာလဲ ဟုတ်လား"
    တုဖင်းသည် ရက်စက်ကြမ်းကြုတ်သော အော်ရာကို ထုတ်ဖော်လိုက်သည်။
     “မင်းက ကုန်သွယ်ရေးမဟာမိတ်ရဲ့ ပစ္စည်းတွေကို လာခိုးခဲ့တယ်...မင်းက ကျိုးပိဟွာရဲ့ ဆက်ခံသူဖြစ်ရင်တောင် မင်းလုပ်ချင်တိုင်း လုပ်လို့မရဘူး…ဒီနေ့ ငါကုန်သွယ်ရေးမဟာမိတ်ရဲ့ နာမည်ကို ပြန်ဆယ်မယ်"

   ဝှစ်…

   တုဖင်း ချက်ချင်း လှုပ်ရှားလိုက်သည်။
   သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အင်အားများကို ထိန်းချုပ်လိုက်ပြီး ကြီးမားသော လက်ကြီးတစ်ဖက်ကို ဆင့်ခေါ်ကာ ချင်နန်ကို ဖမ်းဆုပ်လိုက်သည်။

   သူသည် သူ၏ ကျင့်ကြံမှုသိုင်းအရှင်အဆင့်ရှစ်စွမ်းအားကို အသုံးပြုကာ ချင်နန်ကို ဖိနှိပ်လိုက်သည်။

    “ဒါ..."
    လူအုပ်ကြီး ကြက်သေသေသွားကြသည်။

Continue Reading

You'll Also Like

56.4K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
111K 10.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
124K 16.7K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...