အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၆၀၆ - ၆၁၀

433 45 0
By Azure5549


အပိုင်း (၆၀၆) ကွယ်လွန်သူဧကရာဇ်မင်းကို အရိုအသေပေးခြင်း

       ယခုအချိန်၌ ချင်နန်၏ အသက်ရှူမှု တည်ငြိမ်လာသည်။ အင်ပါယာချီသည် အတော်လေးနွေးထွေးကာ သူ၏ မွေးညင်းပေါက်များကို လုံးဝပွင့်သွားစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုများသည် နွေးထွေးမှုကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
    အင်ပါယာချီသည် သူမိထားသော အဆိပ်ကိုပင် ဝါးမျိုခဲ့သည်။

    “ဒီအင်ပါယာချီက အရမ်းမှော်ဆန်လိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ..."
     ချင်နန် သူ၏ နှလုံးသားထဲ၌ တအံ့တဩရေရွတ်လိုက်သည်။
      ထို့နောက် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၏ စကားကို ကြားသောအခါ သူ၏ နှလုံးသား တုန်လှုပ်သွားသည်။
    “ငါမြန်မြန်ပြန်ကောင်းလာအောင် ကုသပြီး အဆိပ်ကို ဖယ်ရှားပစ်ရမယ်"
    အကြောင်းမှာ‌ ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့သည် ကွယ်လွန်သူဧကရာဇ်ကို အရိုအသေပေးခြင်း၌ ရုပ်ထုထဲမှ ရတနာကို ရရှိရန်အတွက် လှုပ်ရှားရန် ကြံစည်ထားကြသောကြောင့် ဖြစ်သည်။

     အခြားတစ်ဖက်တွင်...

     အခမ်းအနားမှူးများသည် သိုင်းအရှင်အဆင့်သားရဲများဖြင့် ပြုလုပ်ထားသော အစားအစာများနှင့် ဝိုင်များကို ထုတ်ယူလာပြီး နံ့သာတိုင်များ ထွန်းညှိလိုက်သည်။ ထို့နောက် သူတို့သည် တူရိယာသံများနှင့် ဆုတောင်းစကားများ ဆိုလိုက်ကြသည်။

     သို့သော်လည်း နောက်ကွယ်၌ အေးစက်သည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်နေသည်။

    ကျိုးပိဟွှာနှင့် လင်ဖန်းရှောင်တို့သည် ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့ ရှိရာကို ကြည့်လိုက်သည်။ သူတို့သာမက မြို့စားတစ်ဆယ်ယောက်နှင့် အခြားဝန်ကြီးများသည်လည်း သူတို့ကို ကြည့်လိုက်ကြသည်။
     တတိယမင်းသားကို  လုပ်ကြံသူမှာ တော်ဝင်သွေးချင်းများသို့မဟုတ် အမျိုးမျိုးသော အဖွဲ့အစည်းများမှ ဖြစ်နိုင်သည်။
   သို့ရာတွင် အကြီးမားဆုံးသံသယရှိသူမှာ ကျားဖြူတပ်စုဖြစ်သည်။
    ကျားဖြူတပ်စုသာ သိုင်းအရှင်အထွတ်အထိပ်အဆင့်အသေခံကျွန်ကို လေ့ကျင့်ပေးရန်အတွက် စွမ်းအားနှင့် အရင်းအမြစ် လုံလုံလောက်လောက်ရှိပေသည်။
     အချို့ကျွမ်းကျင်သူများမှာမူ အသေခံကျွန်သည် အဘယ်ကြောင့် သွမ့်ချင်းအား ပစ်မှတ်မထားရခြင်းကို ရှုပ်ထွေးနေကြသည်။
    
     အကြောင်းမှာ ကျားဖြူတပ်စု၏ အမြင်တွင် သွမ့်ချင်း၏ တည်ရှိမှုသည် ကျားဖြူတပ်စုအတွက် အနိမ့်ဆုံးခြိမ်းခြာက်မှုသာဖြစ်ကာ သူသည် လာမည့်တိုက်ပွဲတွင် အရေးပါခြင်းမရှိသောကြောင့် ဖြစ်သည်။
     အဆုံး၌ ၎င်းသည် ကျွမ်းကျင်သူများကြားမှ တိုက်ပွဲဖြစ်သည်။

     အနည်းဆုံးတော့ တတိယမင်းသားကို သတ်ခြင်းဖြင့် အိမ်ရှေ့မင်းသားနေရာ လစ်လပ်သွားကာ အခြေအနေမှာ ရုတ်ရုတ်သဲသဲ မတည်မငြိမ် ဖြစ်သွားလိမ့်မည်ဖြစ်သည်။

     ကျိုးပိဟွှာသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ တစ်ခဏခန့် တုံ့ဆိုင်းနေပြီးနောက် တိဖန်းယွင်ကို အသံပို့လွှတ်လိုက်သည်။
    “တိဖန်းယွင်"

      တိဖန်းယွင်၏ ခန္ဓာကိုယ်တုန်ခါသွားပြီးနောက် အေးစက်စွာဖြင့် တုံ့ပြန်လိုက်သည်။
      “ဗာမီလီယံငှက်တပ်စုရဲ့ တပ်စုခေါင်းဆောင်က ကျုပ်ဆီက ဘာလိုချင်လို့လဲ"

     “ကျားဖြူကို မယုံနဲ့..."
    ကျိုးပိဟွှာ ပြောလိုက်သည်။
    “သူက မင်းကို အသုံးချနေတာပဲ"
 
    “ကျုပ်ကိုအသုံးချနေတယ်...ဟား...ဟား...ခင်ဗျားကသာ ကျုပ်ကို အသုံးချခဲ့တာဗျ...ကျိုးပိဟွှာ ခင်ဗျားဟန်ဆောင်နေတာကို ရပ်လိုက်..ခင်ဗျားသာ တကယ် ကျုပ်ကို ခင်ဗျားရဲ့ ဆက်ခံသူအဖြစ် သဘောထားခဲ့တယ်ဆိုရင် ခင်ဗျား ဘာလို့ အင်မော်တယ်ဗာမီလီယံငှက်သိုင်းပညာမသင်ပေးခဲ့တာလဲ...ဒါက ကျုပ်ကို သေစေနိုင်တယ်လို့ ခင်ဗျား ပြောခဲ့တယ်...ဒါပေမဲ့ သွမ့်ချင်းကျတော့ ဘယ်လိုလဲ...သူ မသေပါလား"
     တိဖန်းယွင်သည် သူ၏ အနာဟောင်းကို ပြန်ဆွခံရသကဲ့သို့ တင်းမာစွာ ပြောလိုက်သည်။

    ကျိုးပိဟွှာ ဒုက္ခရောက်သည့် ပုံစံဖြစ်သွားသည်။
    “သူက မတူဘူး..."

   သူ ချင်နန်အား အင်မော်တယ်ဗာမီလီယံငှက်သိုင်းပညာ‌သင်ပေးခဲ့ခြင်းမှာ ချင်နန်သည် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်၏ အသိအမှတ်ပြုမှုကို ရရှိထားကာ  သူ၏ သိုင်းပညာပါရမီသည် အလွန်ထူးချွန်သောကြောင့် ဖြစ်သည်။
    အကယ်၍ တိဖန်းယွင်သာ အင်မော်တယ်ဗာမီလီယံငှက်သိုင်းပညာကို လေ့ကျင့်ပါက သူတကယ်သေလိမ့်မည်ဖြစ်သည်။

      “အပိုစကားတွေပြောမနေနဲ့...ဒါကို မှတ်ထားပါ...ခင်ဗျား   ကျုပ်ကို အရင်ကပေးခဲ့ဖူးတဲ့ အရှက်ခွဲမှုကို ကျုပ်ဆယ်ဆ‌ပြန်ပေးဆပ်ခိုင်းမယ်"
   တိဖန်းယွင်သည် အေးစက်သော မျက်နှာထားဖြင့် ရှိနေသည်။ သူ၏ အမြင်အရ ကျိုးပိဟွှာသည် သူ၏ ပါရမီကို အထင်သေးကာ အင်မော်တယ်ဗာမီလီယံငှက်သိုင်းပညာကို မသင်ပေးခဲ့ခြင်းဖြစ်သည်။

       ကျိုးပိဟွှာ အသက်ပြင်းပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ မျက်လုံးများ အေးစက်သွားသည်။
     ကျန်ရှိသော ဆရာတပည့်ဆက်ဆံရေးသည် လေနှင့်အတူ လွင့်ပါးသွားပုံရသည်။

      ကောင်းကင်အရိုအသေပေးပွဲသည် လျင်မြန်စွာဖြင့် ဆက်လက်ကျင်းပနေသည်။
      အမွေးတိုင်သုံးတိုင်စာ အချိန်အတောအတွင်းမှာပင် ကောင်းကင်အရိုအသေပေးခြင်း ပြီးဆုံးသွားသည်။

      “အခု ကွယ်လွန်သူဧကရာဇ်မင်းကို အရိုအသေပေးရအောင်...ဆရာတိဖန်းယွင် ကြွလာ‌ခဲ့ပေးပါ"
   အခမ်းအနားမှူးတစ်ယောက် ကြေညာလိုက်သည်။ လူအုပ်ကြီး ချက်ချင်းပင် သူ့ကို ကြည့်လိုက်ကြသည်။

    တိဖန်းယွင်သည် ထိုင်ခုံမှ ထလိုက်ပြီး အလင်းတစ်ချက်နှင့်အတူ ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထုရှေ့သို့ ရောက်ရှိသွားသည်။ သူသည် သူ၏ အဝတ်အစားကို အခမ်းအနားမှူးများနှင့် တူညီသည့် ကြီးမားသော အဖြူရောင်ဝတ်ရုံတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

     ကျွမ်းကျင်သူများ၏ မျက်လုံးများ တောက်ပလာကြသည်။

    ကွယ်လွန်သူဧကရာဇ်မင်းအား အရိုအသေပေးခြင်းသည် တိဖန်းယွင်တစ်ဦးတည်းသာ လုပ်ဆောင်နိုင်ပေသည်။
     ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်သာ ကွယ်လွန်သူဧကရာဇ်မင်းနှင့် ဆက်သွယ်နိုင်ပြီး အတည်ပြုချက်ကို ရရှိနိုင်သည်။
     စင်စစ်တွင်မူ ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တွင် ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိသော်လည်း သူ၏ ကျင့်ကြံမှုသည် သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်။ ထို့ကြောင့် သူသည် ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထုနှင့် ဆက်သွယ်နိုင်ခြင်းမရှိပေ။

      “ကျေးဇူးပြုပြီး တပ်စုသုံးစုက ကိုးဆယ့်ကိုးသုတ်မြောက်တပည့်တွေ အကုန်လုံး ပုလ္လင်ဆီကို လာကြပါ"
      တိဖန်းယွင် အော်ပြောလိုက်သည်။

      လောင်ဂူးနှင့် အခြားသူများသည် သူတို့၏ ထိုင်ခုံများမှ ထ၍ အလယ်သို့ ပျံသန်းလာကြသည်။

      အိမ်ရှေ့မင်းသားအဖြစ် တက်မြန်းခြင်းသည် သူတို့အား အကျိုးကျေးဇူးများစွာရရှိစေခဲ့သည်။
     ယခုအချိန်၌ ရုပ်ထုနှင့် ဆက်သွယ်ကာ ကွယ်လွန်သူဧကရာဇ်မင်းအား အရိုအသေပေးခြင်းသည် ဂျီးနီးယပ်များအား ထပ်မံ၍  အကျိုးကျေးဇူးများ ပေးလိမ့်မည်ဖြစ်သည်။ ထိုအကျိုးကျေးဇူးများနှင့် ဂျီးနီးယပ်များသည် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ အပေါ် သူတို့၏ သစ္စာရှိမှုကို ကျိန်ဆိုရလိမ့်မည်ဖြစ်သည်။
     ထိုအချိန်၌ လူအများစုသည် ချင်နန်ကို ကြည့်နေကြသည်။

      ကွယ်လွန်သူဧကရာဇ်မင်းကို အရိုအသေပေးခြင်းမှာ သွမ့်ချင်း ပါဝင်မှာလား...

      မည်သူမျှ မတုံ့ပြန်ရသေးခင်မှာပင် တိဖန်းယွင် အေးစက်စွာ ပြောလိုက်သည်။
      “တတိယမင်းသားကို ကယ်ပြီးတဲ့နောက်မှာ သွမ့်ချင်းက ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတယ်...ဒါကြောင့် သူအနားယူသင့်တယ်...သူပါဝင်စရာမလိုဘူး"
      စကားလုံးများကို မည်သူမျှ အပြစ်တင်နိုင်ခြင်းမရှိပေ။

      “အခမ်းအနားစမယ်...အခု ကူချင်း တီးခတ်ပါ"
     တိဖန်းယွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည် ငယ်ရွယ်သော အမျိုးသမီးတစ်ဆယ်ယောက်သည် ပုလ္လင်ပေါ်သို့ တက်လာကြသည်။ သူတို့တစ်ဦးချင်း၏ နောက်တွင် အပြာရောင် ရောင်ခြည်တန်းငါးခုရှိနေကြပြီး ရှန်အဆင့်ငါးသိုင်းဝိညာဉ်များဖြစ်ကြောင်း ထင်ရှားနေသည်။
     ထိုသိုင်းဝိညာဉ်တစ်ဆယ်ခုသည် ကူချင်းသိုင်းဝိညာဉ်များ ဖြစ်ကြသည်။
     သိုင်းဝိညာဉ်များသည် လေထဲ၌မျောလွင့်နေပြီး အမျိုးသမီးတစ်ဆယ်ယောက်သည်စည်းချက်ညီစွာဖြင့် တူညီသော တေးသွားတစ်ခုကို တီးခတ်လိုက်ရာ ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင် ပဲ့တင်ထပ်သွားကြသည်။

     တေးသံသည် သိမ်မွေ့ရာမှ တဖြည်းဖြည်း တည်ကြည်ခိုင်မာလာပြီး တစ်စုံတစ်ယောက်သည် စိတ်ဓာတ်တက်ကြွစွာဖြင့် သီချင်းဆိုနေသကဲ့သို့ လူအုပ်ကြီး၏ သွေးစီးဆင်းမှု မြန်ဆန်လာကြသည်။ ကြီးမားသော ရုပ်ထုမှ အလင်းတစ်ခုနှင့်အတူ ဖိနှိပ်မှုတစ်ခု ထွက်ပေါ်လာသည်။

       ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထု...
   
      ကောင်းကင်ကျားဖြူ၊ သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့ကဲ့သို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ကာကွယ်သူအဖြစ် သတ်မှတ်ထားသူ...

     ထို့ကြောင့် ကွယ်လွန်သူဧကရာဇ်မင်းအား အရိုအသေပေးခြင်းအခမ်းအနားသည် ခန့်ညားထည်ဝါပေသည်။

     “အစေခံတိဖန်းယွင်က ကွယ်လွန်သူဧကရာဇ်မင်းကို နှုတ်ခွန်းဆက်ပါတယ်...ဒီဂျီးနီးယပ်အသစ်တွေ မွေးဖွားတာကို ကြည့်ဖို့အတွက် အသင်နိုးထလာဖို့ ကျွန်ုပ်ဆုတောင်းပါတယ်"
     တိဖန်းယွင်သည် ကျယ်လောင်စွာ အော်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။
     သူ၏ နောက်၌ ရွှေရောင်ရောင်ခြည်များထွက်ပေါ်လာပြီး ရှစ်ခုမြောက်၌ ရပ်တန့်သွားသည်။ လူပုံသဏ္ဌာန်ရှိသော သိုင်းဝိညာဉ်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားထဲတွင် ခန့်ထည်စွာရပ်နေပြီး ထူးခြားသော အော်ရာတစ်ခုကို ထုတ်ဖော်နေသည်။ လူပုံသဏ္ဌာန်သိုင်းဝိညာဉ်သည် သူ၏ ကိုယ်ပေါ်တွင် ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသည်။

     ၎င်းသည် တိဖန်းယွင်၏ သိုင်းဝိညာဉ်ပင်ဖြစ်သည်။ ကောလဟာလများအရ သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူသည် သူသေဆုံးပြီးသည့်နောက်တွင် ပုံသဏ္ဌာန်ပြောင်းလဲခဲ့ခြင်းဟု ဆိုကြသည်။

     ရုပ်ထုသည် ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်၏ အော်ရာကို သတိပြုမိသကဲ့သို့ တုန်ခါသံဖျော့ဖျော့ကို ထုတ်လွှင့်လာပြီး တဖြည်းဖြည်းပို၍သန်မာလာကာ နောက်ဆုံး၌ ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုကို ကောင်းကင်သို့ ပစ်ခတ်လိုက်သည်။

     ဘန်း...

      ထိုအော်ရာသည် နေရာတစ်ခွင်လုံးအား လှိုင်းလုံးကြီးတစ်ခုပမာ လွှမ်းခြုံသွားသည်။ ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထုသည် အသက်ဝင်လာသကဲ့သို့ သူ၏ မျက်လုံးများမှ တောက်ပသော အလင်းများထွက်ပေါ်လာပြီး လောင်ဂူးနှင့် အခြားသူများကို ကြည့်နေသည်။

    ကျောက်စိမ်းထိုင်ခုံပေါ်တွင် ထိုင်နေသော ကောင်းကင်ကျားဖြူ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားသည်။

     ဘယ်နှစ်နှစ်တောင် ကြာသွားပြီလဲ...

    သူကွယ်လွန်သူဧကရာဇ်မင်း၏ အော်ရာကို ခံစားရသည့်အချိန်၌ သူ၏ နှလုံးသားထဲတွင် ဒေါသများဖြင့် ပြည့်နှက်လာသည်။

    “ဒါပေမဲ့..."
   ကောင်းကင်ကျားဖြူသည် သူ၏ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
    အဘိုးကြီး မင်းချန်ထားတဲ့ ရတနာက မကြာခင်မှာ ငါ့ဟာဖြစ်တော့မယ်...

🐱🐱🐱🐱🐱🐱

အပိုင်း (၆၀၇) နေဦး

    ဘန်း...

    ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထုမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လောင်ဂူးနှင့် အခြားသူများအပေါ် လွှမ်းခြုံသွားသည်။
     ထိုရွှေရောင်အလင်းများထဲတွင် အမွေအနှစ်များ၊ ရှေးဟောင်းပစ္စည်းများ၊ ဆေးလုံးများ၊ သိုင်းပညာများ...အစရှိသည်တို့ ပါဝင်သော်လည်း ၎င်းတို့သည် အဖိုးတန်သည်ဟု မမှတ်ယူနိုင်ပေ။

     လူအုပ်ကြီးမည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

     အကျိုးကျေးဇူးများအရ ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထုသည် တပည့်များ၏ ပါရမီကို သိပ်သဘောကျခြင်းမရှိကြောင်း ညွှန်ပြနေသည်။

     ကျိုးပိဟွှာနှင့် လင်ဖန်းရှောင်တို့သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် ယခင်က တစ်ယောက်နှင့် တစ်ယောက် ရန်သူများဖြစ်ကြသော်လည်း ယခုအချိန်၌ တစ်ဖက်တည်းတွင်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်များ မသိမသာတောင့်တင်းသွားကြသည်။

      ဆုများသည် အရေးပါခြင်းမရှိပေ။ နောက်လာမည့်အရာသာ သူတို့၏ အမှန်တကယ်စိုးရိမ်မှုဖြစ်သည်။

      ထိုစဉ်အတောအတွင်း အကြောင်းအရင်းတချို့ကြောင့် လေထုမှာ တင်းကျပ်လာသည်။

      များစွာသော ကျွမ်းကျင်သူများသည် တစ်စုံတစ်ခုကို သတိထားမိသကဲ့သို့ တိဖန်းယွင်ကို ကြည့်နေကြသည်။

      ဒုန်း...

     ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်ပွားလာသည်။

    တိဖန်းယွင်သည် ရုတ်တရက် သူ၏ ဒူးတစ်ဖက်ကို ထောက်လိုက်ပြီး အလွန်ရိုးသားသည့် ပုံစံဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
      “အင်အားကြီးမားတဲ့ဧကရာဇ် အသင်က ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံကို ထူထောင်ခဲ့တယ်...ဒါပေမဲ့ အခု ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက အဖွဲ့အစည်းလေးခုထဲက တစ်ခုဆိုပေမဲ့ ကပ်ဆိုးကြီးတစ်ခုကို ကြုံနေရတယ်...ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ မျိုးဆက်သစ်တွေက ပါရမီမရှိကြတော့ဘူး...ဒါကြောင့် ကျွန်ုပ်တို့နိုင်ငံက အခြားအဖွဲ့အစ‌ည်းတွေနဲ့ လုံးဝယှဉ်မရတော့ဘူး"
      “အစေခံတိဖန်းယွင်က ကျွန်ုပ်ရဲ့ အရှင်ကို ဝင်္ကပါအသက်သွင်းပေးဖို့ တောင်းဆိုပါတယ်....ကျွန်ုပ် စမ်းသပ်မှုမှာ ပါဝင်ပါမယ်...ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ်နောင်တမရပါဘူး"
     စကားလုံးများသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ကျွမ်းကျင်သူများစွာ တုန်လှုပ်သွားကြသည်။

     တိဖန်းယွင် လှုပ်ရှားပြီ...
     ကျိုးပိဟွှာနှင့် လင်ဖန်းရှောင်တို့၏ စိတ်ထဲတွင် အတွေးတစ်ခုဖြစ်ပေါ်လာပြီး သူတို့၏ အကြည့်များ ထက်ရှသွားကြသည်။

      တိဖန်းယွင် ရတနာကို ရန်ရန်ကြိုးစားခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော်လည်း သူ၏ ယခင်ကြိုးပမ်းမှုများတွင် သူသည် ပထမအဆင့်၌ပင် ကျရှုံးခဲ့သည်။

      ပထမအဆင့်ရဲ့ ဝင်္ကပါကို ဖွင့်လှစ်ဖို့ သူ့မှာ ဝှက်ဖဲတချို့ ရှိတာမလား...
     သူတို့သာမက  မြို့စားတစ်ဆယ်ယောက်နှင့် ဝန်ကြီးများသည်လည်း သံသယဝင်နေကြသည်။
  
     ဝီ....

    ထိုအချိန်၌ ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထုသည် ပြင်းထန်စွာ တုန်ခါလာပြီး ပတ်ဝန်းကျင်သို့ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

     ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်ထုသည် တိဖန်းယွင်၏ အသနားခံမှုကို ပြန်လည်ဖြေကြားလိုက်သည်။
    

     ဝီ...

     ထိုအချိန်၌ ရုပ်ထု၏ ခေါင်းမှ ခရမ်းရောင်အလင်းများ ထပ်မံထွက်ပေါ်လာပြီး ကြီးမားသော မြွေများအဖြစ် လျင်မြန်စွာ ပြန့်ကားသွားကာ ၎င်း၏ ရင်ဘတ်၌ ခရမ်းရောင်ဝင်္ကပါတစ်ခုဖြစ်လာသည်။

      “ဝင်္ကပါအသက်ဝင်လာပြီ"

     “အရင်တစ်ခေါက်တုန်းက တိဖန်းယွင်က ဝင်္ကပါကို မဖွင့်လှစ်နိုင်ခဲ့ဘူး...အခုတစ်ကြိမ် သူဘာလုပ်မှာလဲ"

      “သူရုပ်ထုကို အသနားခံခဲ့တာ သူ့မှာ ယုံကြည်ချက်ရှိရမယ်"
   
     ကျွမ်းကျင်သူများနှင့် ဝန်ကြီးများသည် မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။

      “ဧကရာဇ်သော့"
     ထိုအချိန်၌ တိဖန်းယွင်သည် မြေပြင်မှ ထလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်၍ သူ၏ ခန္ဓာကိုယ်ထဲမှ သိုင်းအရှင်အဆင့်အင်အားများကို ထုတ်ဖော်ကာ လက်တစ်ဖက်စာခန့်ရှိသော ကြီးမားသည့် သော့ကြီးကို ထုတ်ဖော်လိုက်သည်။ သော့သည် ခရမ်းရောင်ဖြစ်ပြီး ဝင်္ကပါနှင့်တူညီသော အော်ရာကို ထုတ်ဖော်နေသည်။

      ကျိုးပိဟွှာနှင့် လင်ဖန်းရှောင်အပါအဝင် လူတိုင်း အလွန်အံ့အားသင့်သွားကြသည်။

     “ဧကရာဇ်သော့...သူက ဧကရာဇ်သော့ကို ရခဲ့တယ်ပေါ့"

     “ဧကရာဇ်သော့...ဒါက ဝင်္ကပါအမျိုးမျိုးကို ဖွင့်ဖို့အသုံးပြုတဲ့ ကွယ်လွန်သူဧကရာဇ်မင်းချန်ထားခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ...ဒါပေမဲ့ ဒါက မပျက်စီးသေးဘူးလား...သူက ဒါကို ဘယ်လိုတွေ့ခဲ့တာလဲ..

      “ဒီတော့ ဒါက သူ့ရဲ့ ဝှက်ဖဲပေါ့"
    ကျိုးပိဟွှာ၏ မျက်လုံးများ အေးစက်စွာ အရောင်‌လက်သွားသည်။ သူသည် ခြေတစ်ချက်ပေါက်ကာ လေထဲသို့ ပျံသန်းလာပြီး သိုင်းသူတော်စင်အဆင့်၏ အော်ရာကို ထုတ်ဖော်လိုက်သည်။

     သူ့ထံ၌  ဧကရာဇ်သော့ ရှိသည်။

     ဝင်္ကပါဖွင့်လှစ်ခံရလိမ့်မည်ဖြစ်သည်။

     ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူသည် တိဖန်းယွင်ကို ရပ်တန့်ရမည်ဖြစ်သည်။

     တစ်ချိန်တည်းမှာပင် သူသည် သွေးတောင်ပံဗာမီလီယံငှက်ကို အသံပို့လွှတ်လိုက်သည်။

     တိဖန်းယွင်တို့ လူစုသည် ဤအတွက် ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားသားရဲနှစ်ကောင် ပြသဖို့ အချိန် ရောက်လာပြီဖြစ်သည်။

      “ကျိုးပိဟွှာ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
     ကောင်းကင်ကျားဖြူသည် ခက်ထန်စွာဖြင့် စူးစိုက်ကြည့်လိုက်သည်။

     ထိုအချိန်၌ ကြီးမားသော လက်ကြီးတစ်ဖက်သည် ကောင်းကင်ကျားဖြူ၏ ပခုံးကို မြဲမြံစွာ ကိုင်ထားလိုက်သည်။ အခြားသူမဟုတ် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ဘုရင်ပင်ဖြစ်သည်။

     “သခင်ကျားဖြူ မစိုးရိမ်ပါနဲ့...တပ်စုခေါင်းဆောင်ကျိုးမှာ အကြောင်းအရင်းရှိပါလိမ့်မယ်"
      ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် ညင်သာစွာ ပြောလိုက်သည်။

    ကောင်းကင်ကျားဖြူ ဒေါသထွက်သွားသည်။ သို့ရာတွင် သူ ရုန်းကန်နေသည့်တိုင် လက်ထဲမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။ လက်သည် တောင်တစ်လုံးပမာ ဖိနှိပ်ထားသည်။

      ဝှစ်...

      ကျိုးပိဟွှာသည် ကြောက်မက်ဖွယ်ရာနတ်ဆိုးတစ်ကောင်ကဲ့သို့ ဆင်းသက်လာကာ တုံ့ဆိုင်းခြင်းမရှိဘဲ တိဖန်းယွင်၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်သည်။
      “ရပ်လိုက်"
     လက်ထဲတွင် ကြီးမားသော စွမ်းအားများ ပါဝင်သည်။ ထို့ကြောင့် သိုင်းအရှင်အထွတ်အထိပ်အဆင့်တိဖန်းယွင်ပင် ၎င်းကို ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

      “ကျိုးပိဟွှာ ခင်ဗျား ကျုပ်ကို တားဆီးမယ်ဆိုတာ ကျုပ်သိတယ်...စိတ်မကောင်းစရာက ဒီနေ့ ဘယ်သူမှ ကျုပ်ကို မရပ်တန့်နိုင်တာပဲ"
     တိဖန်းယွင် တစ်ချက်အော်ဟစ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ကောင်းကင်ကျားဖြူ၏ ကိုယ်ပွားပင်ဖြစ်သည်။

     ကောင်းကင်ကျားဖြူ၏ ကိုယ်ပွားထွက်ပေါ်လာသည်နှင့် သူသည် ချက်ချင်းပင် ကျိုးပိဟွှာကို လက်သည်းများဖြင့် ကုတ်ဆွဲလိုက်သည်။

     ကျိုးပိဟွှာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

     ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်သည်လည်း အလွန်အံ့အားသင့်သွားသည်။

     ထိုအချိန်၌ ကောင်းကင်ကျားဖြူ၏ မျက်နှာပေါ်တွင် လျှို့ဝှက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

      သူတို့ကို တားဆီးဖို့ကြိုးစားနေတာလား...

     ဘယ်လိုမှ မဖြစ်နိုင်ဘူး...

      ချက်ချင်းပင် တိုက်ပွဲတစ်ခုဖြစ်ပွားလာသည်။ ကျိုးပိဟွှာ၏ ပုံရိပ်သည် ဗာမီလီယံငှက်ကဲ့သို့ မီးလျှံများဖုံးလွှမ်းသွားကာ ကောင်းကင်ကျားဖြူကိုယ်ပွားဆီသို့ တိုးဝင်သွားလိုက်သည်။
     မျက်တောင်တစ်ခတ်အတွင်းမှာပင် ကိုယ်ပွားသည် အပိုင်းပိုင်းဖျက်ဆီးခံလိုက်ရသည်။
     ထိုအချိန်၌ ကျိုးပိဟွှာ ရှုပ်ထွေးနေသည်။
     သွေးတောင်ပံဗာမီလီယံငှက်နဲ့ နိုင်ငံကာကွယ်သူလိပ်နက်တို့က ဘာလို့ မထွက်လာတာလဲ...

     ယခုထွက်ပေါ်မလာပါက အရာအားလုံးနောက်ကျသွားလိမ့်မည်ဖြစ်သည်။

    သို့သော်လည်း ထိုအချိန်၌ တိဖန်းယွင် လှုပ်ရှားလိုက်ပြီဖြစ်သည်။

     ဧကရာဇ်သော့သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ခရမ်းရောင်ဝင်္ကပါကို ထိုးသွင်းလိုက်သည်။

    ချက်...

    ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်ဟု ခံစားလိုက်ရသည်။ တံခါးပွင့်သွားသည့် အသံတစ်သံပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေသည်။

      ခြိမ်း...
  
     ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။
 
     ရုပ်ထုမှ မှော်ဆန်သော ရွှေအလင်းတစ်ခုထွက်ပေါ်လာပြီး တိဖန်းယွင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
  
     ထို့နောက် ပုံရိပ်ယောင်စစ်သည်တစ်ယောက်သည် ရွှေရောင်အလင်းတန်းထဲ လွင့်မျောနေသည်။
     “ဝင်္ကပါဖွင့်လှစ်ပြီးသွားပြီ...မင်း စမ်းသပ်မှုရဲ့ ပထမအဆင့်ကို အောင်မြင်တယ်"
     စစ်သည်သည် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
     ဤစစ်သည်သည် ကွယ်လွန်သူဧကရာဇ်မင်းရုပ်ထု၏ အစောင့်ဝိညာဉ်ဖြစ်သည်။

     “တိဖန်းယွင်..မင်းလက်လျှော့လိုက်တာကောင်းမယ်...ပြိုင်ဘက်ကင်းဗာမီလီယံငှက်လက်သီး"
    ကျိုးပိဟွှာ၏ မျက်နှာထားပြောင်းလဲသွားပြီး တင်းမာစွာ ပြောလိုက်သည်။

    သူ၏ လက်သီးထိပ်မှ မရေမတွက်နိုင်သော ဗာမီလီယံငှက်ပုံရိပ်များ ထွက်ပေါ်လာပြီး ပြင်းထန်သော မီးလျှံတစ်ခုအဖြစ် ပြောင်းလဲသွားကာ တိဖန်းယွင်ဆီသို့ တိုးဝင်သွားသည်။

     ဘန်း...

     စစ်သည်၏ မျက်လုံးများ အေးစက်စွာ အရောင်လက်သွားပြီး ခြေတစ်ချက်ပေါက်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

     စစ်သည်၏ လက်သီးသည် ကျိုးပိဟွှာ၏ တိုက်ခိုက်မှူကို ချေဖျက်သွားသည်။ ထို့နောက် ကျိုးပိဟွှာဆီသို့ ဆက်လက်တိုးဝင်သွားသည်။

     သူ့ထံသို့ ချဉ်းကပ်လာသည့် ကြောက်မက်ဖွယ်ရာအင်အားကို ခံစားရကာ ကျိုးပိဟွှာ တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းရာကျော် ဆုတ်လိုက်ရသည်။

     ထိုစစ်သည်သည် သာမန် ကျွမ်းကျင်သူမဟုတ်ဘဲ သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူဖြစ်သည်။

     “ ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်နဲ့ အထက်အဆင့်သိုင်းဝိညာဉ်ရှိသူတွေ သိုင်းသူတော်စင်အဆင့်အောက် ကျင့်ကြံမှု ပိုင်ဆိုင်တဲ့ သူတွေကပဲ စမ်းသပ်မှုမှာ ပါဝင်ခွင့်ရှိတယ်...တစ်ယောက်ယောက်က အဆင့်မမှီဘဲ ဒီအတားဆီးထဲဝင်လာရင် အသတ်ခံရမယ်"
      စစ်သည်သည် အေးစက်သော လေသံဖြင့် ပြောလိုက်ပြီး အလင်းအတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။

      သူ၏ အသံသည် လူအုပ်ကြီး၏ နှလုံးသားထဲ၌ပေါက်ကွဲသွားသည်။

      ‘ဒီ'အဆင့်ရှစ်...

     သိုင်းသူတော်စင်အဆင့်အောက်..

    လူအုပ်ကြီး အသက်ရှူရပ်သွားကြသည်။ လိုအပ်ချက်များနှင့် ပြည့်စုံသည့်မှာ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံတစ်ခုလုံးတွင် တိဖန်းယွင်တစ်ဦးသာ ရှိပေသည်။ တစ်နည်းဆိုရပါက စမ်းသပ်မှုတွင် ပါဝင်မည့်သူမှာ သူတစ်ယောက်တည်းသာဖြစ်ပြီး ပြိုင်ဘက်မရှိပေ။
     အဆုံး၌ ရတနာသည် သူ့အပိုင်ဖြစ်လာလိမ့်မည်ဖြစ်သည်။

    “ဟား...ဟား...ဟား..ကျိုးပိဟွှာ ကျုပ်အခု ရတနာကို ဘယ်လိုယူမလဲဆိုတာ ခင်ဗျားမျက်လုံးကို ဖွင့်ပြီး သေချာကြည့်နေ"
     တိဖန်းယွင်သည် ရယ်မောလိုက်ပြီး စစ်သည်ဆီသို့ ချဉ်းကပ်သွားသည်။

     ထိုအချိန်၌ သူသည် လူတိုင်း၏ အာရုံစိုက်ရာဖြစ်လာခဲ့သည်။

     သူသာလျှင် စမ်းသပ်မှုတွင် တစ်ဦးတည်းသော ပါဝင်သူဖြစ်သည်။

    သို့သော်လည်း ထိုအချိန်၌ ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။
    “နေဦး"
   
🐱🐱🐱🐱🐱

အပိုင်း (၆၀၈) ရတနာထွက်ပေါ်လာခြင်း

      အလွန်မြင့်မားသော လေဟာပြင်ထဲ၌ သားရဲကြီးနှစ်ကောင်သည် ကောင်းကင်အရိုအသေပေးပွဲမှ အဖြစ်အပျက်များကို တိတ်ဆိတ်စွာဖြင့် ကြည့်ရှုနေကြသည်။ ထိုသားရဲများသည် သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့ ဖြစ်သည်။

     “အဘိုးကြီး ငါတို့ ဘာလို့ မကူညီတာလဲ..."
    နိုင်ငံကာကွယ်သူလိပ်နက် ရှုပ်ထွေးနေသည်။ သူတို့သည် တိဖန်းယွင်ကို တားဆီးခြင်းဖြင့် ဆိုးရွားသည့် အရာများဖြစ်ပွားလာမည်ကို ကာကွယ်နိုင်ပေသည်။
     “ကွယ်လွန်သူဧကရာဇ်မင်းက ဒီနှစ်မှာ သူ့ရဲ့ ရတနာ အယူခံရလိမ့်မယ်လို့ ပြောခဲ့တယ်...ဒါက သူ့ရဲ့ အနာဂတ်ဟောကိန်းဖြစ်ပြီး သူ့ရဲ့ ဆန္ဒပဲ...ဒီကလေးသွမ့်ချင်းမှာ အဓိကအင်အားတွေ အများကြီးရှိတယ်...ဒါကြောင့် ငါတို့ သူ့ကို လျှော့မတွက်သင့်ဘူး...အဆုံးမှာ သူ  ကစားပွဲကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်"
    သွေးတောင်ဗာမီလီယံငှက်သည် အလွန်အေးဆေးတည်ငြိမ်နေပုံရသည်။

     “ဒါ..."
    နိုင်ငံကာကွယ်သူလိပ်နက် ပါးစပ်အဟောင်းသားဖြင့် ရှိနေသည်။

     ဒါက အဓိပ္ပာယ်ကောရှိရဲ့လား...

     “သွမ့်ချင်း လှုပ်ရှားနေပြီ"
    သွေးတောင်ပံဗာမီလီယံငှက်၏ မျက်နှာ တည်သွားသည်။

    နိုင်ငံကာကွယ်သူလိပ်နက်သည် ချက်ချင်းပင် အောက်ကို ကြည့်လိုက်သည်။ ၎င်း၏ ကြီးမားသော မျက်လုံးများသည် သံသယများနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
    သူက ကစားပွဲကို ပြောင်းပြန်လှန်နိုင်မလား...

    ဤအတောအတွင်း ကောင်းကင်အရိုအသေပေးပွဲကျင်းပသည့် နေရာ၌...

     တစ်စုံတစ်ယောက် ရုတ်တရက် ထပြောလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ထိုသူသည် သွမ့်ချင်းပင် ဖြစ်သည်။

     လူအုပ်ကြီးသည် အဆိပ်မပျောက်ကင်းသေးသကဲ့သို့ ဖြူဖျော့သော မျက်နှာဖြင့် အင်ပါယာစည်းတံဆိပ်မှ ထွက်ခွာလာသော သွမ့်ချင်းကို ကြည့်လိုက်ကြသည်။

     “သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

     “စိတ်ဝင်စားစရာပဲ"

      “သူမှာ ဘာအစီအစဉ်ရှိလဲဆိုတာ ငါသိချင်တယ်"

     ဝန်ကြီးများနှင့် ကျင့်ကြံသူများသည် သံသယများဖြင့် စိတ်လှုပ်ရှားလာကြသည်။

     အခြေအနေသည် သိသိသာသာ ပြင်းထန်လာကြောင်း ထင်ရှားနေသည်။

     သွမ့်ချင်းသည် ငတုံးတစ်ယောက် မဟုတ်သောကြောင့် ဤကဲ့သို့ ယုံကြည်ချက်ရှိခြင်းမှာ သေချာပေါက် သူ့ထံ၌ ဝှက်ဖဲတစ်ခုခုရှိလိမ့်မည်ဖြစ်သည်။

      “စီနီယာ ကျွန်တော်လည်း စမ်းသပ်မှုမှာ ပါဝင်ချင်တယ်"
     ချင်နန်သည် အတားအဆီးအပြင်ဘက်တွင်ရပ်၍ စစ်သည်ကို လက်သီးစုကာ ပြောလိုက်သည်။
     လူအုပ်ကြီး ကြက်သေသေသွားကြသည်။

     သူ့မှာ ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိလို့ သူ့ စမ်းသပ်မှုမှာ ပါဝင်ဖို့ ကြိုးစားနေတာလား... 

    ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့ မျက်နှာများ တည်တံ့သွားကြသည်။

      “သွမ့်ချင်း..မဆင်မခြင်မလုပ်နဲ့...မင်းရဲ့ သိုင်းဝိညာဉ်က မလုံလောက်ဘူး..မင်းပါဝင်လို့ မရဘူး"
    ကျိုးပိဟွှာ အလျင်အမြန် ပြောလိုက်သည်။

      သူသည် ချင်နန်၏ အကန့်အသတ်ကို သိပေသည်။ သူ့ထံ၌ ‘ဒီ'အဆင့်ခြောက်သိုင်းဝိညာဉ်သာ ရှိပေသည်။

    ကျိုးပိဟွှာ၏ စကားများသည် လူအုပ်ကြီးအား အလွန်အံ့အားသင့်စေပြီး ပို၍ ရှုပ်ထွေးကုန်ကြသည်။

     သွမ့်ချင်းရဲ့ သိုင်းဝိညာဉ်က လုံလောက်အောင် အဆင့်မမြင့်ရင် သူက စမ်းသပ်မှုမှာ ဘယ်လိုလုပ် ပါနိုင်မှာလဲ..ဒါက သူ့ကိုယ်သူ သတ်သေနေတာနဲ့ မတူဘူးလား...

     သွမ့်ချင်းက ဘာကြောင့် ဒီလောက်ထိုင်းရတာလဲ...

    တိဖန်းယွင်သည် သူ၏ အတွေးများကို စုစည်းကာ စိတ်သက်သာရာသက်ပြင်းချလိုက်ပြီးနောက် ရယ်မောချလိုက်သည်။
     “ဟား...ဟား...ဟား...သွမ့်ချင်း မင်းရဲ့ သိုင်းဝိညာဉ်အဆင့်က အရည်အချင်းမပြည့်မီဘဲ စမ်းသပ်မှုမှာ ပါဝင်ဖို့ ကြိုးစားနေတာလား...အိပ်မက်မက်မနေနဲ့"

    ဝှစ်...

     သူ၏ စကားဆုံးသည်နှင့် လေခွင်းသံတစ်သံထွက်ပေါ်လာပြီး ချင်နန်သည် အတားအဆီးထဲ ဝင်လိုက်သည်။

     လူအုပ်ကြီး ကြက်သေသေသွားကြသည်။

     သွမ့်ချင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...

     ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်သည်လည်း ရှုပ်ထွေးကာ တုန်လှုပ်သွားသည်။

     သွမ့်ချင်းက နတ်ဆိုးဝတ်ရုံရဲ့ အကူအညီနဲ့ စမ်းသပ်မှုမှာ ပါဝင်ဖို့ ကြိုးစားနေတာလား...
     ၎င်းမှာ မဖြစ်နိုင်ပေ။

    သူဘာစဉ်းစားနေတာလဲ...

     မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်နန်သည် အတားအဆီးထဲ ခြေချသွားကြောင်း လူအုပ်ကြီး မြင်လိုက်ကြသည်။

      ကျိုးပိဟွှာ၊ လင်ဖန်းရှောင်၊ အကြီးအကဲဝမ်နှင့် အခြားသူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။  စစ်သည်သည် သွမ့်ချင်းအား ချက်ချင်းသတ်ပစ်မည်ကို သူတို့ စိုးထိတ်နေကြသည်။

     သို့သော်လည်း အသက်ရှိုက်အနည်းငယ်ကြာပြီးနောက် ကျိုးပိဟွှာနှင့် အခြားသူများ တစ်စုံတစ်ခုကို နားလည်လာကြသည်။

    တိုက်ခိုက်ရမည့်အစား စစ်သည်သည် သွမ့်ချင်းကို ခေါင်းညိတ်ပြလိုက်ပြီး စမ်းသပ်မှု၌ ပါဝင်ခွင့်ပေးလိုက်သည်။

    “ဒါ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..မင်းရဲ့ သိုင်းဝိညာဉ်က အရည်အချင်းမပြည့်မီဘူး...ဒါပေမဲ့ မင်းက ဘယ်လိုလုပ် ပါဝင်ခွင့်ရှိတာလဲ"
    တိဖန်းယွင်သည် ပြူးကျယ်သော မျက်လုံးများဖြင့် ချင်နန်ကို မယုံကြည်စွာ ကြည့်လိုက်သည်။

      “ကျုပ်ရဲ့ သိုင်းဝိညာဉ်က အဆင့်မမီဘူး...ဟုတ်လား...ခင်ဗျားကို ဘယ်သူပြောလဲ...ခင်ဗျားတစ်ယောက်တည်း ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိတယ်လို့ ခင်ဗျားထင်နေတာလား"
    ချင်နန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခြေဆောင့်လိုက်သည်။

   ဘန်း..

     သူ၏ နောက်မှ ရွှေရောင်ရောင်ခြည်များ ထွက်ပေါ်လာသည်။

      ရောင်ခြည်တစ်ခု...

     ရောင်ခြည်ခြောက်ခု...

    ရောင်ခြည်ခုနှစ်ခု...

    ရောင်ခြည်ရှစ်ခုမြောက်အရောက်၌ ရပ်တန့်သွားပြီး ကြီးမားသော ပုံရိပ်ကြီးတစ်ခုသည် ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုကို ထုတ်ဖော်၍ ခန့်ထည်စွာဖြင့် ရပ်နေသည်။

     နတ်ဘုရားသိုင်းဝိညာဉ်ထွက်ပေါ်လာသည်။

     “ခင်ဗျားရဲ့ မျက်လုံးကို ဖွင့်ပြီး သေချာကြည့်...ကျုပ်ရဲ့ သိုင်းဝိညာဉ်က ‘ဒီ'အဆင့်ရှစ်ပဲ..."
     ချင်နန်သည် သူ၏ သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်သကဲ့သို့ သူ၏ အော်ရာသည်လည်း ကြီးမားစွာ ပြောင်းလဲသွားသည်။ အော်ရာသည် ထက်ရှသော ဓားတစ်ချောင်းပမာ ကောင်းကင်သို့ ထိုးတက်သွားသည်။

    ထိုအချိန်၌ တိဖန်းယွင်၊ ကောင်းကင်ကျားဖြူ၊ ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ လင်ဖန်းရှောင်နှင့် လူအုပ်ကြီးသည် ထိုမြင်ကွင်းအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

      ဘာဖြစ်‌သွားတာလဲ..

      ဘယ်လိုလုပ် သွမ့်ချင်းရဲ့ သိုင်းဝိညာဉ်က ‘ဒီ'အဆင့်ရှစ်ဖြစ်နေတာလဲ...

      သူတို့သည် အမှတ်တမဲ့ဖြင့် ကျိုးပိဟွှာကို ကြည့်လိုက်ကြသည်။
     သွမ့်ချင်းရဲ့ သိုင်းဝိညာဉ်သည် မလုံလောက်ဟု ကျိုးပိဟွှာ ပြောခဲ့သည် မဟုတ်ဘူးလား...

    ထိုအချိန်၌ ကျိုးပိဟွှာသည် လုံးဝဆွံ့အနေပြီး သူ၏ မျက်နှာထက်၌ အလွန်အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် မြင်နေရသည့်အရာကိုပင် မယုံကြည်နိုင်ဖြစ်နေသည်။ ချင်နန်၏ သိုင်းဝိညာဉ်သည် ‘ဒီ'အဆင့်ခြောက်ဖြစ်ကြောင်းကို အောက်ပိုင်းခရိုင်မှ လူများ ရှင်းလင်းစွာ သိရှိကြသည်။
     ထို့ပြင် ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် အခြားသူများသည်လည်း ၎င်းကို အသေအချာ မြင်တွေ့ခဲ့ရသည်။

     အခုကျတော့ ဘာလို့ ‘ဒီ'အဆင့်ရှစ်ဖြစ်နေတာလဲ..

    ကောင်းကင်အရိုအသေပေးပွဲတစ်ခုလုံးသည် သုသာန်မြေတစ်ခုပမာ တိတ်ဆိတ်နေ၏။

     တစ်ခဏကြာပြီးနောက် လူအုပ်ကြီး သူတို့၏ အတွေးများကို စုစည်းလိုက်ကြသည်။ အထူးဖြင့် တတိယမင်းသားသည် အလွန်စိတ်လှုပ်ရှားနေသည်။

     “‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်...သွမ့်ချင်းမှာ  ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိတာလား"

     “ကောင်းတယ်...ဒါက ထိပ်တန်းပဲ...သူတို့နှစ်ယောက်ကြားမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ပြောဖို့ခက်တယ်"

    “အိုး...သွမ့်ချင်း မင်းငါတို့ကို နောက်ထပ် ဘယ်လောက် အံ့ဩအောင် လုပ်ဦးမှာလဲ....

     ဗာမီလီယံငှက်တပ်စုမှ လူများနှင့် လိပ်နက်တပ်စုမှ လူများသည် စိတ်ဓာတ်တက်ကြွလာကြသည်။

     ယခင်က တိဖန်းယွင်တစ်ဦးတည်းသာ ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိခဲ့သည်။

     ထို့ကြောင့် သူတို့သည် သူ့အား ရပ်တန့်ရန် အခွင့်အရေးမရှိပေ။

     ယခုအချိန်၌ သွမ့်ချင်းသည်လည်း ရတနာကို ယူနိုင်ပြီဖြစ်သည်။

    မျှော်လင့်ချက်မဲ့နေရာမှ မျှော်လင့်ချက်တစ်မျှင်ကို မြင်ရသည့်အခါတွင် သူတို့ မည်ကဲ့သို့ မပျော်ဘဲ နေပါမည်နည်း။

    ထိုအချိန်၌ ကောင်းကင်ကျားဖြူ၊ တိဖန်းယွင်နှင့် ကျားဖြူတပ်စုမှ လူများ၏ မျက်နှာများ ချက်ချင်းနက်မှောင်သွားကြသည်။ အဆုံး၌ သူတို့ အစီအစဉ်ကို နှောက်ယှက်သူသည် သွမ့်ချင်းဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

    ဒီကျက်သရေတုံးတဲ့ သွမ့်ချင်း...

   သူသည် သူ့သိုင်းဝိညာဉ်အဆင့်ကို ဖုံးကွယ်ထားခဲ့သည်။

   အကယ်၍ ဤသို့ဖြစ်ပျက်မည်ကို သူတို့ ကြိုတင်သိရှိခဲ့ပါက မည်သည့်နည်းနှင့်မဆို သွမ့်ချင်းကို ရှင်းပစ်မည်ဖြစ်သည်။ သို့သော်လည်း ယခုအချိန်၌ အရာအားလုံးမှာ နောက်ကျသွားပြီဖြစ်သည်။

      “ဒီစမ်းသပ်မှုမှာ ဂျီးနီးယပ်နှစ်ယောက်ရှိတယ်...အနိုင်ရသူက ရတနာကို ရမယ်"
    ထိုအချိန်၌ စစ်သည်သည် လူအုပ်ကြီး၏ ရုတ်ရုတ်သဲသဲဖြစ်နေမှုကို လျစ်လျုရှုကာ ကြေညာလိုက်သည်။
     “ချန်ထားတဲ့ ရတနာက ကံစပ်တဲ့လူအတွက်လို့ ကွယ်လွန်သူဧကရာဇ်မင်း ပြောခဲ့တယ်....စမ်းသပ်မှုက မင်းတို့ရဲ့ သိုင်းပညာပါရမီ ဒါမှမဟုတ် သိုင်းဝိညာဉ် အဲဒါတွေကို ကြည့်မှာ မဟုတ်ဘူး.. ရေစက်ပါတဲ့ သူ‌ကိုပဲ ရွေးချယ်လိမ့်မယ်..အခုရတနာကို ပြမယ်"

      သူ၏ စကားဆုံးသည်နှင့်...

    ခြိမ်း..ခြိမ်း...

     ကျယ်လောင်သော အသံများနှင့်အတူ ရုပ်ထု၏ ရင်ဘတ်သည်  ကြီးမားသော တံခါးတစ်ခုကဲ့သို့ တဖြည်းဖြည်းပွင့်လာသည်။ တံခါးပွင့်သွားသည်နှင့် အထဲမှ ကြောက်မက်ဖွယ်ရာအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။
     ရတနာထွက်ပေါ်လာပြီဖြစ်သည်။

🐱🐱🐱🐱🐱

အပိုင်း (၆၀၉) ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်...‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်

     ရုပ်တု၏ အပြောင်းအလဲသည် လူအုပ်ကြီး၏ အာရုံကို အပြည့်အဝဆွဲဆောင်ထားသည်။
    မျိုးဆက်သစ်ဂျီးနီးယပ်တိုင်းသည် ရတနာကို ရယူရန် ကြိုးပမ်းခဲ့သော်လည်း မည်သူမျှ ပထမအဆင့်၏ ဝင်္ကပါကို ဖွင့်လှစ်နိုင်စွမ်းမရှိခဲ့ပေ။
     ယခုအချိန်၌ နောက်ဆုံးတွင် ရတနာထွက်ပေါ်လာပြီဖြစ်သည်။ သူတို့ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

     ချင်နန်ပင် မနေနိုင်ဘဲ သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။
     ရတနာက..ဘာရတနာလဲ...

    ဘန်း...

   ရုပ်တု၏ ဝင်ပေါက်မှ အလင်းတစ်ခု ပေါက်ကွဲထွက်လာပြီး တဖြည်းဖြည်းပျောက်ကွယ်သွားကာ အထဲမှ အခန်း၏ သွင်ပြင်ကို မြင်လိုက်ရသည်။

    အခန်း၏ အလယ်၌ ပုလ္လင်တစ်ခုရှိနေသည်။
    ပုလ္လင်ပေါ်တွင် ထက်ရှသော မျက်လုံးတစ်စုံဖြင့် မြူကဲ့သို့ အဖြူရောင်ပုံရိပ်ယောင်တစ်ခု လွင့်မျောနေသည်။

     ထိုအချိန်၌ လူအုပ်ကြီးသည် သူတို့၏ ဦးရေပြား ထုံသွားသလို ခံစားလိုက်ရသည်။

     ဒါက...

     ကွယ်လွန်သူဧကရာဇ်မင်းမလား...

    ကွယ်လွန်သူဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ်လား..

     သူ့ရဲ့ စိတ်ဝိညာဉ်က နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတောင် ဒီကမ္ဘာပေါ်မှာ ရှိနေသေးတယ်ပေါ့...

    ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့သည် နောက်ဆုံး၌ သူတို့၏ သံသယများ ရှင်းလင်းသွားကြပြီး အလွန်စိတ်လှုပ်ရှားလာကြသည်။
    သူတို့ သိသည်။ ၎င်းမှာ သူတို့ ထင်ထားသည့်အရာနှင့် အတူတူပင်ဖြစ်သည်။

    “ငါက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ ပထမဆုံးဧကရာဇ်ပဲ"
     ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်သည် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့  ပြောလိုက်သည်။ သူ၏ အသံသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွား၏။

      “နိုင်ငံကို ထူထောင်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်ဘူး...အဆုံးမှာ နိုင်ငံကို ကယ်တင်ဖို့အတွက် ငါ့ရဲ့ ခန္ဓာကိုယ်ကို ရုပ်ထုအဖြစ် ပြောင်းလဲခဲ့တယ်"

     လူတိုင်း ၎င်းကို သိရှိကြပေသည်။

    သို့ရာတွင် ကွယ်လွန်သူဧကရာဇ်မင်းစိတ်ဝိညာဉ်၏ စကားများကို ကြားပြီးနောက် သူတို့၏ နှလုံးသားများ လှုပ်ခါသွားကြသည်။

    “ငါတစ်ခါက ကျွမ်းကျင်သူတစ်ယောက်ကို နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းပေးဖို့ တောင်းဆိုခဲ့တယ်....သူက နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီးတဲ့နောက်မှာ ငါတို့နိုင်ငံရဲ့ ဂျီးနီးယပ်အရေအတွက် အကြီးအကျယ် ကျဆင်းသွားလိမ့်မယ်လို့ ပြောခဲ့တယ်"
     စိတ်ဝိညာဉ်၏ မျက်နှာပေါ်တွင် ခိုင်မာပြတ်သားသော အရိပ်အယောင်တစ်ခုကို တွေ့မြင်နိုင်ပေသည်။
    “ဒါကြောင့် ငါ လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုပြီး ငါ့ရဲ့ စိတ်ဝိညာဉ်ကို သိုင်းဝိညာဉ်အဖြစ် သန့်စင်ခဲ့တယ်...မင်းတို့ထဲက တစ်ယောက်ယောက်က ကိုယ့်ရဲ့ သိုင်းဝိညာဉ်ကို စွန့်လွှတ်ချင်တယ်ဆိုရင် ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်က အဲဒီလူရဲ့ အပိုင်ဖြစ်လာမယ်"
    စကားလုံးများသည် မိုးကြိုးတစ်စင်းပစ်ခွင်းလိုက်သလို ဖြစ်သွားသည်။

    လူအုပ်ကြီး၏ မျက်နှာထက်၌ မိန်းမောမှုများဖြင့် ပြည့်နှက်သွားသည်။

     ဒါက ရတနာပေါ့...

     ကွယ်လွန်သူဧကရာဇ်မင်းသည် သူ၏ စိတ်ဝိညာဉ်ကို လျှို့ဝှက်ပညာရပ်တစ်မျိုးဖြင့် သိုင်းဝိညာဉ်အဖြစ် သန့်စင်ခဲ့သည်။
   
     ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်သည် မည်မျှ အရေးပါပါသနည်း...
     အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးတွင်ပင်  ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်ရှိသူမှာ အနည်းငယ်သာဖြစ်သည်။
    ထို့ပြင် ကန်းလန်တိုက်ကြီး၏ သိုင်းဝိညာဉ်ကန့်သတ်ချက်ကြောင့်  ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိသူသာ အမြင့်ဆုံး သိုင်းဘီဘင်တစ်ဝက်အဆင့်ကိုသာ ရောက်နိုင်သည်။
       ‘ဒီ'အဆင့်ကိုးသိုင်းဝိညာဉ်ရှိသူသာ သိုင်းဘီဘင်အဆင့်ကို ချိုးဖျက်မည့် မျှော်လင့်ချက်တစ်မျှင်ရှိပေသည်။
       ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်ရှိသူသည် အသက်ရှင်နေသ၍ သေချာပေါက် သိုင်းဘီဘင်အဆင့်ကို ရောက်ရှိလိမ့်မည်ဖြစ်သည်။

     သိုင်းဘီဘင်အဆင့်သည် မည်မျှ အရေးပါပါသနည်း...

    တစ်စုံတစ်ယောက်သာ သိုင်းဘီဘင်အဆင့်ကို ရောက်ရှိသွားပါက အဖွဲ့အစည်းလေးခုကြားမှ ညီမျှမှုကို အလွယ်တကူ ချိုးဖျက်နိုင်ပေသည်။ ထိုလူ၏ အဆင့်အတန်းမှာလည်း တဟုန်ထိုးမြင့်တက်သွားပြီး မူကလန်ကဲ့သို့ ကြောက်မက်ဖွယ်ရာတည်ရှိမှု တစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
     ထိုအချိန်၌ ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်သည် ရတနာကို ရရန်အတွက် အဘယ်ကြောင့် ဤမျှရူးသွပ်နေကြောင်းကို နောက်ဆုံး၌ ကျိုးပိဟွှာနှင့် လင်ဖန်းရှောင်တို့ နားလည်သွားခဲ့သည်။
    ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ကို ရရှိခြင်းသည် မည်သူမဆို သူ့အား သိုင်းဘီဘင်အဆင့်ကို ချိုးဖျက်ရန် အခွင့်အလမ်း ပိုရှိလာစေလိမ့်မည်ဖြစ်သည်။

      “ကွယ်လွန်သူဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ်"
    ထိုအချိန်၌ ကောင်းကင်ကျားဖြူ၏ မျက်လုံးများ စူးရှလာသည်။
    သွမ့်ချင်း၏ ဝင်ရောက်မှုသည် သူ့ကို အံ့အားသင့်စေခဲ့သော်လည်း သူတို့သည် ယခုအတွက် အပြည့်အဝပြင်ဆင်ထားပြီးသားဖြစ်သည်။

     “မင်းတို့နှစ်ယောက်လုံးက  ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိတယ်.."
    ကွယ်လွန်သူဧကရာဇ်မင်းစိတ်ဝိညာဉ်၏ အကြည့်သည် ချင်နန်နှင့် တိဖန်းယွင်တို့ အပေါ်သို့ ရောက်ရှိသွားပြီး ဖြည်းလေးစွာ ပြောလိုက်သည်။
      “ငါနဲ့ ရေစက်ရှိတဲ့ သူကိုပဲ ရွေးချယ်မယ်လို့ ငါပြောခဲ့တယ်...မင်းတို့မှာ ဘာရှိလဲ ငါ့ကိုပြ"

    ထိုစကားများသည် ချက်ချင်းပင် လူအုပ်၏ အာရုံကို ဆွဲဆောင်သွားပြီး သူတို့၏ အကြည့်များသည် တိဖန်းယွင်နှင့် ချင်နန်အပေါ် ရောက်ရှိသွားသည်။

     ကွယ်လွန်သူဧကရာဇ်မင်းစိတ်ဝိညာဉ်ကို ရရှိသူ၏ အနာဂတ်သည် မခန့်မှန်းနိုင်အောင်ဖြစ်လိမ့်မည်ဖြစ်သည်။

      ထိုအချိန်၌ ကျိုးပိဟွှာ၊ လင်ဖန်းရှောင်၊ အကြီးအကဲဝမ်၊ တတိယမင်းသား၊ ပထမမြို့စားကြီးနှင့် ဗာမီလီယံငှက်တပ်စု၊ လိပ်နက်တပ်စုနှင့် ဆက်နွှယ်နေသော လူများသည် စိတ်လှုပ်ရှားလာကြသည်။
     ယခုအချိန်၌ သွမ့်ချင်းသည် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ အကယ်၍ သွမ့်ချင်းသည် ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ကို ရရှိခဲ့ပါက သူတို့သည် ကောင်းမွန်သော အနာဂတ်ရှိလိမ့်မည်ဖြစ်သည်။
     အခြားတစ်ဖက်တွင် အကယ်၍ တိဖန်းယွင် ရရှိသွားပါက ဗာမီလီယံငှက်တပ်စုနှင့် လိပ်နက်တပ်စုနှစ်ခုလုံးသည် ပြာဖြစ်သွားလိမ့်မည်ဖြစ်သည်။

      အထက်လေထုထဲတွင် ရှိသော သွေးတောင်ပံဗာမီလီယံငှက်နှင့် လိပ်နက်တို့ပင် ကွယ်လွန်သူဧကရာဇ်မင်းသည် သူ၏ ခန္ဓာကိုယ်ကို  ရုပ်ထုအဖြစ်နှင့် သူ၏ စိတ်ဝိညာဉ်ကို သိုင်းဝိညာဉ်အဖြစ် သန့်စင်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

      သို့ရာတွင် ထိုအချိန်၌ ချင်နန်၏ မျက်လုံးထဲတွင် အလွန်စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။

      အချိန်ဖြုန်းတီးခြင်း...

      ရတနာက သိုင်းဝိညာဉ်တစ်ခုလား...

     သူသည် သိုင်းဝိညာဉ်ကို လုံးဝစိတ်ဝင်စားခြင်းမရှိပေ။ သူ၏ နတ်ဘုရားသိုင်းဝိညာဉ်သည် သူ့အား အကန့်အသတ်မဲ့ အနာဂတ်ပေးထားပြီးပြီဖြစ်ကြောင်းကို ပြောရန် မလိုပေ။
      ကွယ်လွန်သူဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ်က ‘ဒီ'အဆင့်တစ်ဆယ်ဖြစ်တော့ကော ဘာဖြစ်လဲ...
     ဒါက ဘယ်လိုလုပ် နတ်ဘုရားသိုင်းဝိညာဉ်ရဲ့ အလားအလာကို ယှဉ်နိုင်မှာလဲ...

     “ကွယ်လွန်သူဧကရာဇ်မင်း...ကျွန်တော်က အရှင့်ရဲ့ အစေခံ တိဖန်းယွင်ပါ"
     ထိုအချိန်၌ တိဖန်းယွင်သည် ရုတ်တရက် ရှေ့သို့ တစ်လှမ်းတက်ကာ မျှော်လင့်ချက်ကြီးစွာဖြင့် ပြောလိုက်သည်။
      “ကျွန်တော်က အရှင့်ရဲ့ တိုင်းတာလို့မရတဲ့ စွမ်းအားကို အမြဲတမ်းသဘောကျနှစ်သက်ခဲ့ပါတယ်...အခု နိုင်ငံက ပါရမီရှင်တွေ မလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်..ကျွန်တော်ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ပြီး ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံကို တောက်ပတဲ့ အနာဂတ်ဆီကို ဦးဆောင်ဖို့ ဆန္ဒရှိပါတယ်..ဒါ့အပြင် ကျွန်တော်က အရှင့်ရဲ့ ဆက်ခံသူဖြစ်ဖို့ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်လို့ ယုံကြည်ချက်ရှိပါတယ်...ကျွန်တော့်ကို သက်သေပြခွင့်ပြုပါ"

      ဝှစ်...

     တိဖန်းယွင်သည် သူ၏ လက်ကိုဝှေ့ယမ်း၍ ဧကရာဇ်သော့ကို ထုတ်ယူလိုက်သည်။

     ကွယ်လွန်သူဧကရာဇ်မင်းသည် သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်သည်။
     ဧကရာဇ်သော့သည် သူ၏ အမွေအနှစ်ဖြစ်သည်။

     “ဒါ့အပြင် အရှင့်ရဲ့ အကြောင်းကိုလည်း ကျွန်တော် အများကြီး လေ့လာခဲ့ပါတယ်"
    တိဖန်းယွင်သည် သူ၏ သိုလှောင်အိတ်ထဲမှ စာအုပ်အနည်းငယ်ကို ထုတ်ယူလိုက်သည်။ ၎င်းတို့သည် ရှေးဟောင်းစာအုပ်များဖြစ်သော်လည်း ဖုန်တစ်စက်မျှ တင်နေခြင်းမရှိပေ။

     ထိုမြင်ကွင်းအားကြည့်ကာ လူအုပ်ကြီး အလွန်အံ့အားသင့်သွားသည်။

     တိဖန်းယွင်သည် အထိမ်းအမှတ်များကို စုဆောင်းထားမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
     တိဖန်းယွင်သည် ၎င်းအတွက် အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့ကြောင်း ညွှန်ပြနေသည်။

     သူတို့က ရုပ်ထုရဲ့ လျှို့ဝှက်ချက်ကို ကြိုသိပြီးသားလို့ ဆိုလိုတာလား...
   ကျိုးပိဟွှာနှင့် အခြားသူများသည်လည်း ထိုအတွေးပေါ်ပေါက်လာပြီး သူတို့ မသက်မသာ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

     “ဒါ့အပြင် ကျွန်တော် သိုင်းပညာတစ်ခုကိုလည်း လေ့ကျင့်ခဲ့တယ်"
    တိဖန်းယွင်၏ မျက်လုံးများ စူးရှသွားပြီး သူ၏ နောက်၌ တောက်ပသော အလင်းများဖြင့် လွင့်မျောနေသော လသုံးစင်းကို ဖန်တီးလိုက်သည်။

    လသုံးစင်းရှေးဟောင်းသိုင်းပညာ...

   ကွယ်လွန်သူဧကရာဇ်မင်းလေ့ကျင့်ခဲ့သည့် သိုင်းပညာ...

   ထိုအချိန်၌ ကျိုးပိဟွှာနှင့် အခြားသူများ၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

   
      သိုင်းပညာသည် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည်။ တိဖန်းယွင်သည် ၎င်းကို ရရန်အတွက် များစွာ ကြိုးစားခဲ့ရကြောင်း သိသာပေသည်။
      ထို့ကြောင့် သူတို့သည်  ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်နှင့် ပတ်သက်သော လျှိုဝှက်ချက်ကို သိပြီးသားဖြစ်ကာ ယခုအချိန်အတွက် ပြင်ဆင်ထားထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

      “ကျွန်တော် တိုက်ဆိုင်မှုတစ်ခုကြောင့် အရှင့်ရဲ့ သွေးစက်ကိုလည်း ရခဲ့ပြီး ဒါကို သန့်စင်ခဲ့ပါတယ်"
      တိဖန်းယွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
      သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာပြီး တစ်ကျန်ခန့်အရောက်တွင် ရပ်တန့်သွားကာ သူ၏ မွေးညင်းပေါက်များမှ လေများထွက်ပေါ်လာသည်။
      သူ၏ ခန္ဓာကိုယ်မှ ထုတ်ဖော်နေသော အော်ရာသည် ကွယ်လွန်သူဧကရာဇ်မင်း၏ အော်ရာနှင့် အတူတူပင်ဖြစ်သည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၆၁၀) မေးရိုးကျဆင်းစေသော စကား

       “တကယ်ကြီးလား..."
     လူအုပ်ကြီးသည် သူတို့ ရှေ့မှ မြင်ကွင်းအား ကြည့်ကာ အလွန်တုန်လှုပ်နေကြသည်။

    ကွယ်လွန်သူဧကရာဇ်မင်း၏ သွေးစက်...

     တိဖန်းယွင်သည် ကွယ်လွန်သူဧကရာဇ်မင်း၏ သွေးစက်ကို သန့်စင်ခဲ့ကာ သူ၏ အော်ရာသည် ကွယ်လွန်သူဧကရာဇ်မင်းနှင့် အတူတူပင်ဖြစ်သည်။

    ကွယ်လွန်သူဧကရာဇ်မင်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိရှိကြပေသည်။ ထို့ကြောင့် သူ၏ သွေးစက်ကို ရရန်မှာ မဖြစ်နိုင်လုနီးပါးပင်ဖြစ်သည်။
    ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့သည် ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ကို ရရှိရန်အတွက် မည်မျှ ရင်းနှီးမြှုပ်နှံ ကြိုးစားအားထုတ်ခဲ့ပါသနည်း...

     ကျိုးပိဟွှာ၊ လင်ဖန်းရှောင်နှင့် အခြားသူများသည် အသက်ရှူ‌ရပ်နေကြသည်။
    ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ဘုရင်ပင် အမှတ်တမဲ့ဖြင့် လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။

      “မဆိုးဘူး..လုံးဝမဆိုးဘူး"
    ကွယ်လွန်သူမင်း၏ စိတ်ဝိညာဉ်သည် အလွန်ချီးကျူးလိုက်ပြီး
     “မင်းက တိဖန်းယွင်မလား...မင်းက ငါ့ရဲ့ သမိုင်းကို ဖတ်ခဲ့ပြီးပြီး ဧကရာဇ်သော့ကိုလည်း တွေ့ခဲ့တယ်.. လသုံးစင်းရှေးဟောင်းသိုင်းပညာကို လေ့ကျင့်ခဲ့ပြီး ငါရဲ့သွေးစက်ကိုတောင် သန့်စင်ခဲ့တယ်...ကြည့်ရတာ မင်းက ငါနဲ့ ရေစက်တအားပါတဲ့ ပုံပဲ....တစ်ခါတစ်ခါကျတော့လည်း ကံကြမ္မာက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ"

     စကားလုံးများသည် တိဖန်းယွင်ကို ပျော်ရွှင်သွားစေသည်။ စကားလုံးများ၏ အဓိပ္ပာယ်မှာ ရှင်းလင်းပေသည်။
    အဆုံး၌ ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်မှာ သေချာပေါက် သူ့ကို ရွေးချယ်လိမ့်မည်ဖြစ်သည်။

     ကောင်းကင်ကျားဖြူ၏ အကြည့်များ စူးရှနေသည်။ ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်၊ ရှေးဟောင်းသိုင်းပညာ၊ သော့နှင့် သွေးစက်တို့သည် မရေမတွက်နိုင်သော နှစ်များစွာ ပြင်ဆင်ခဲ့ရပြီး များစွာ ရင်းနှီးမြှုပ်နှံ၍ လူများစွာကို သတ်ခဲ့ရသည်။
    တိဖန်းယွင်သည် ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ကို ရရှိသည်နှင့် သူသည် ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။

     ထို့နောက်တွင်...
     ထိုအတွေးနှင့်အတူ သူ၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားသည်။

     “ဒါပေမဲ့"
    ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်သည် သူ၏ လေသံကို ပြောင်းလဲလိုက်သည်။

     “မင်းတို့နှစ်ယောက်က အချင်းချင်းယှဉ်ပြိုင်နေတာဖြစ်တာကြောင့် သူ့အလှည့်ပြီးသွားမှ ငါရွေးချယ်လို့ရမယ်"
    
    ထိုစကားများကြာပြီးနောက် တိဖန်းယွင်သည် ချင်နန်ကို ချက်ချင်းကြည့်လိုက်သည်။

     သူသာမက လူအုပ်ကြီး၏ အကြည့်များသည်လည်း ချင်နန်‌အပေါ်သို့ ကျရောက်သွားကြသည်။

      “သွမ့်ချင်း မင်းမှာ ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ရှိတော့ကော ဘာဖြစ်လဲ...အဆုံးမှာ ငါပဲ အနိုင်ရလိမ့်မယ်...ကွယ်လွန်သူဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ် ငါ့လက်ထဲရောက်လာတာနဲ့ ငါမင်းကို နှိပ်စက်ညှင်းပန်းမယ်..."
      တိဖန်းယွင်၏ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အမြွက်တချို့ဖြင့် သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်နေသည်။
     ကြယ်ပြာသာဒ်တွင် သူရရှိခဲ့သော အရှက်ကွဲမှုကို သူမည်သို့မျှ မေ့လိမ့်မည်မဟုတ်ပေ။

      တိဖန်းယွင်၏ အကြည့်ကို သတိပြုမိသောအခါ ချင်နန် ဆွံ့အသွားသည်။ သူသည် စိတ်ဝင်စားခြင်းမရှိကြောင်း ပြောတော့မည့်အချိန်၌ နတ်ဆိုးဝတ်ရုံသည် ပြင်းထန်စွာ တုန်ခါလာပြီး အသံဖျော့ဖျော့တစ်ခုကို ထုတ်လွှတ်လိုက်သည်။

      ထိုအခြင်းအရာသည် ချက်ချင်းပင် လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်သွားသည်။
    ဒီဝတ်ရုံက တစ်ခုခုမှားနေတာလား..

     “နတ်ဆိုးဝတ်ရုံလား....” 
     ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်သည် အံ့အားသင့်သွားကာ အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
     “ဒီတော့ မင်းက နတ်ဆိုးဝတ်ရုံကို ရခဲ့တယ်ပေါ့...မဆိုးဘူးပဲ...‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်ပဲ ရှိပေမဲ့ မင်းရဲ့  သိုင်းပညာပါရမီက တကယ်အထင်ကြီးဖို့ကောင်းတာပဲ"

    စကားလုံးများကြောင့် တိဖန်းယွင် ကြက်သေသေသွားသည်။
 
      လူအုပ်ကြီးမှာလည်း ကြက်သေသေသွားကြသည်။

      နတ်ဆိုးဝတ်ရုံဆိုတာ ဘာလဲ...

     “အတိတ်တုန်းက နတ်ဆိုးဝတ်ရုံကို ငါရွှေအိမ်ရဲ့ သတ္တမထပ်မှာ ထားခဲ့တယ်..အစက ‘ဒီ'အဆင့်ကိုးသိုင်းဝိညာဉ်နဲ့ ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်ရှိသူကပဲ အဲဒါကို ရနိုင်လိမ့်မယ်လို့ ငါတွေးထားခဲ့တာ...ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှာ ငါတို့ မင်းလိုထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ..."
    ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

      ရွှေအိမ်ရဲ့ သတ္တမထပ်...

     နတ်ဆိုးဝတ်ရုံ..

      လူအုပ်ကြီး အံ့အားသင့်သွားကြသည်။ သို့သော်လည်း မကြာမီ၌ တစ်စုံတစ်ခုကို အမှတ်ရသွားပြီး သူတို့၏ မျက်နှာများထက်၌ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

     ဒီသွမ့်ချင်းက ရွှေအိမ်ရဲ့ သတ္တမထပ်ကို ဝင်နိုင်ခဲ့တာလား...
 
     နောက်နေတာတော့ မဟုတ်ဘူးမလား...

     ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့သည် နက်မှောင်သော မျက်နှာထားများဖြင့် ရှိနေကြသည်။
    ဤသွမ့်ချင်းသည် သူတို့ တွေးထားသည်ထက် များစွာ ပို၍ အစွမ်းထက်နေသည်။
     ထို့ပြင် ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်သည်လည်း ဒုတိယအတွေးရှိနေပုံရသည်။
  
     ကျိုးပိဟွှာ၊ လင်ဖန်းရှောင်နှင့် တပ်စုနှစ်စုမှ ကျွမ်းကျင်သူများသည် နောက်ဆုံး၌ မျှော်လင့်ချက်တစ်စကို တွေ့လိုက်ရသည်။

    ထိုအချိန်၌ သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့သည်လည်း ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်က အသံပို့လွှတ်လိုက်ကြသည်။

      စိတ်ဝိညာဉ်၏ မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွားသည်။

      ဒီလူငယ်က သွေးတောင်ပံဗာမီလီယံငှက်နဲ့ နိုင်ငံကာကွယ်သူလိပ်နက်တို့ကို ပြန်ရှင်အောင် ကူညီပေးခဲ့တာလား...

   “လုံး၀ အံ့ဩစရာပဲ...ဒီလိုထူးချွန်တဲ့ ပါရမီရှင်...ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှာ ငါ ဒီလိုပါရမီရှင်တစ်ယောက်ကို မြင်ရတာ တကယ်ကို ကျေနပ်အားရမိပါတယ်"
     ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်သည် အလွန်ပျော်ရွှင်နေသကဲ့သို့ ချက်ချင်းပင် ချီးမွမ်းလိုက်သည်။

      ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့ ကြက်သေသေသွားကြသည်။

      ဘာဖြစ်တာလဲ...

     သွမ့်ချင်းက ရွှေအိမ်ရဲ့ သတ္တမထပ်ကို ရောက်တာကို ကွယ်လွန်သူဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ်က စိတ်လွတ်သွားဖို့ လိုအပ်လို့လား...

     စိတ်ဝိညာဉ်၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ကျိုးပိဟွှာနှင့် အခြားသူများ စိတ်လှုပ်ရှားလာကြသည်။ စိတ်ဝိညာဉ်၏ ကျေနပ်မှုကြောင့် သွမ့်ချင်း ရွေးချယ်ခံရရန် အခွင့်အလမ်းပိုများပေသည်။

      “ကွယ်လွန်သူဧကရာဇ်မင်း..."
     တိဖန်းယွင်သည် သူ၏ အတွေးများကိုစုစည်းကာ လျင်မြန်စွာ ပြောလိုက်သည်။

     သို့ရာ၌ သူ၏ စကားမဆုံးခင်မှာပင် ကွယ်လွန်သူဧကရာဇ်မင်း စိတ်ဝိညာဉ်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
      “မင်းက သွမ့်ချင်းမလား...အခု မင်း သိုင်းဝိညာဉ်ရဲ့ နေရာမှာ ငါ့ရဲ့ စိတ်ဝိညာဉ်ကို အစားထိုးဖို့ ငါမင်းကို ပေးမယ်...မင်းလုပ်ပေးရမှာတစ်ခုက မင်း အစွမ်းထက်သန်မာလာတဲ့အချိန်ကျရင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံကို ကာကွယ်ပေးဖို့ပဲ....မင်းမလိုက်နာရင် သိုင်းဝိညာဉ်က သူ့အလိုလိုပျက်စီးသွားလိမ့်မယ်...မင်းလက်ခံဖို့ ဆန္ဒရှိလား"
      ‌နောက်ဆုံးစကားအနည်းငယ်သည် ကြည်လင်သောကောင်းကင်၌ မိုးကြိုးများထစ်ချုန်းသွားသည့်ပမာပင်ဖြစ်သည်။

     လူအုပ်ကြီးသည်  နှလုံးခုန်မြန်နေသည်ကို ခံစားနိုင်ပေသည်။

      ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့၏ မျက်နှာများ အလွန်ဖြူဖျော့သွားကြသည်။

     ဘာဖြစ်သွားတာလဲ....

     သူတို့ ပြင်ဆင်ထားခဲ့ပေမဲ့ ကွယ်လွန်သူဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ်က  အဆုံးမှာ သွမ့်ချင်းကို ရွေးလိုက်တာလား...

     ဒါက ရွှေအိမ်ကြောင့်လား...

     သွမ့်ချင်းတွင် အဓိကအင်အားများပေါကြွယ်ဝကာ နိုင်ငံကာကွယ်သူလိပ်နက်နှင့် သွေးတောင်ပံဗယမီလီယံငှက်တို့ကို ပြန်လည်ရှင်သန်နိုင်စေခဲ့ပြီး ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်သည် ၎င်း၏ အရေးပါမှုကို ရှင်းလင်းစွာ နားလည်ကြောင်း သူတို့ သိရှိခြင်းမရှိပေ။ ထို့ပြင် သွမ့်ချင်း၏ သိုင်းဝိညာဉ်သည် ‘ဒီ'အဆင့်တစ်ဆယ်ဖြစ်လာပါက သူ၏ အဓိကအင်အားများနှင့် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ အနာဂတ်သည် စိတ်ကူး၍ မရနိုင်အောင်ပင်ဖြစ်သည်။

      ထို့ကြောင့် သူသည် သွမ့်ချင်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

    ကျိုးပိဟွှာနှင့် အခြားလူများမှာမူ ကွယ်လွန်သူဧကရာဇ်မင်း စိတ်ဝိညာဉ်၏ စကားများကိုကြားပြီးနောက် အလွန်ပျော်ရွှင်နေကြသည်။

      သွမ့်ချင်း...
   
     သူသွမ့်ချင်းကို ရွေးချယ်လိုက်ပြီ...

    အဆုံး၌ ချင်နန်သည် ကစားပွဲကို ပြောင်းပြန်လုပ်ခဲ့သည်။

   လေထုထဲတွင် ရှိနေကြသော သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။

    ကောင်းကင်ကျားဖြူသည် အသေးစိတ်အကွက်ချကာ ပြင်ဆင်မှုများစွာလုပ်ခဲ့သော်လည်း သူတို့ အနိုင်ရရှိခဲ့သည်။
      သို့သော်လည်း မကြာမီ၌ တစ်စုံတစ်ခုထူးဆန်းနေကြောင်း လူတိုင်း နားလည်လိုက်သည်။

     အသက်တစ်ရှိုက်... အသက်နှစ်ရှိုက် သို့မဟုတ် အသက်တစ်ဆယ်ရှိုက်ကြာသွားသည့်တိုင် သွမ့်ချင်းသည် တိတ်ဆိတ်စွာပင် ရှိနေသည်။

    လူအုပ်ကြီး ကြောင်အမ်းအမ်းဖြစ်သွားကြသည်။

   ဒီလိုရှားပါးတဲ့ အခွင့်အလမ်းရတာတောင် သွမ့်ချင်းက ဘာလို့ မတုံ့ပြန်တာလဲ...
    သူက တအားအံ့ဩတုန်လှုပ်ပြီး စိတ်နဲ့ လူနဲ့ ကင်းကွာသွားတာလား...

     ကွယ်လွန်သူဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ပင် မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။
      “ဘာလဲ...မင်းက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံကို မကာကွယ်နိုင်ဘူးလား"

     “အဲလိုမဟုတ်ပါဘူး"
    ချင်နန်ခေါင်းခါယမ်းလိုက်ပြီး သူ၏ မျက်နှာပေါ်မှ ဒုက္ခရောက်နေသည့် အရိပ်အယောင်မှာ ပို၍ပင် ကြီးထွားလာသည်။

      “ဒီလိုဆိုဘာလဲ"
    ကွယ်လွန်သူဧကရာဇ်မင်း ပို၍ပင် ရှုပ်ထွေးသွားသည်။

     ချင်နန်သည် ကျိုးပိဟွှာနှင့် အခြားသူများကို အားတုံ့အားနာဖြင့် ကြည့်ပြီးနောက် တည်ကြည်စွာဖြင့် ပြောလိုက်သည်။
     “စိတ်မကောင်းပါဘူး...ကျွန်တော် ကမ်းလှမ်းမှုကို လက်မခံနိုင်ဘူး"

      စကားလုံးများသည် ထိတ်လန့်‌တုန်လှုပ်ဖွယ်ရာမိုးကြိုးများ ကောင်းကင်မှဆင်းသက်လာသည့် ပမာပင်ဖြစ်သည်။

Continue Reading

You'll Also Like

124K 16.7K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
32.9K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
76.6K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
103K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...