အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၅၂၁ - ၅၂၅

454 49 0
By Azure5549


အပိုင်း (၅၂၁) သံသယ

      တည်ငြိမ်စွာ ရှိနေသည့်သူမှာ အခြားသူမဟုတ် ချင်နန်ပင်ဖြစ်သည်။

     ရှူရာ၏ စိတ်လှည့်စားမှုသည် တတိယအလွှာသို့ အဆင့်တက်သွားသည့်တိုင် သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လာသော အပျက်သဘောခံစားချက်များသည် သူ၏ ကနဦးစိတ်ဝိညာဉ်ကြောင့် လုံးဝချေဖျက်ခြင်းခံ‌နေရသည်။ ထို့ကြောင့် သူသည် သက်တောင့်သက်သာပင်ရှိနေသည်။

     “ဒီရွှယ်မန်နဲ့ လင်းဝူရွှမ်းက တကယ်အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"
      ချင်နန် ခေါင်းညိတ်လိုက်သည်။

     ရွှယ်မန်၏ သိုင်းဝိညာဉ်သည် ကြီးမားသော တူကြီးတစ်လက်ဖြစ်ပြီး နတ်ဆိုးများကို အနိုင်ယူနိုင်သကဲ့သို့ပင်ဖြစ်သည်။
    လီဝူရွှမ်း၏ သိုင်းဝိညာဉ်သည် ဓားရှည်တစ်ချောင်းဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ရွှယ်မန်၏ သိုင်းဝိညာဉ်နှင့် ယှဉ်နိုင်ခြင်းမရှိသော်လည်း ၎င်း၏ ကြည်လင်သော သွင်ပြင်သည် မြင့်မြတ်သော အော်ရာကို ထုတ်ဖော်နေသည်။ ထို့ကြောင့် မကောင်းသည့် သက်ရောက်မှုများကို အတော်အတန် ဖယ်ရှားပစ်နိုင်စွမ်းရှိပေသည်။

      “ဟမ်...သူက ဘယ်သူလဲ...သူ့ရဲ့ စွမ်းရည်က အရမ်းထူးခြားတာပဲ"
     ချင်နန်အား သတိပြုမိသွားကာ ရွှယ်မန်နှင့် လင်းဝူရွှမ်းတို့၏ မျက်လုံးများ အရောင်လက်သွားကြသည်။ သူတို့အပြင် လူအုပ်ထဲမှ လူများစွာသည်လည်း ချင်နန်အား အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။

      သူတို့သည် ရွှယ်မန်နှင့် လင်းဝူရွှမ်းအပြင် နောက်ထပ်အစွမ်းထက်သော ဂျီးနီးယပ်တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ဤတစ်ယောက်သည် ထိုနှစ်ယောက်ထက်ပင် ပို၍အစွမ်းထက်ပုံရသည်။

      ဘန်း...ဘန်း...ဘန်း...

     တတိယအလွှာစိတ်လှည့်စားမှုသည် အလွန်ပြင်းထန်လာပေသည်။ ဂျီးနီးယပ်များစွာသည် ခန်းမထဲမှ လွင့်ထွက်သွားကြပြီး အမွှေးတိုင်တစ်တိုင်ကုန်ပြီးသည့်နောက်တွင် ပါဝင်သူခုနှစ်ဆယ်သာ ကျန်ရှိတော့သည်။
    
     “ကောင်းတယ်...ကောင်းတယ်"
    ဒုတပ်စုခေါင်း‌ဆောင်ရှုံသည် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
    “တတိယအဆင့်ကို ဖြတ်ကျော်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်...မင်းတို့ရဲ့ နံပါတ်တွေကို မှတ်တမ်းတင်ပြီးသွားရင် တပ်စုသုံးစုက လူတွေက မင်းတို့ကို ရွေးချယ်ကြလိမ့်မယ်"

     ထိုစကားများကြားသောအခါ ချွေးများ ထွက်နေကြသော ဂျီးနီးယပ်များ၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ ပြည့်နှက်သွားကြသည်။

      ဤအဆင့်သို့ရောက်ပြီးသည့်နောက်တွင် ယခုအချိန်သူတို့သည် ဗာမီလီယံငှက်တပ်စု သို့မဟုတ် ကျားဖြူတပ်စုသို့ ဝင်ရန်အခွင့်အရေးရခဲ့ပြီဖြစ်သည်။ အကယ်၍ သူတို့သည် အဆုံး၌ လိပ်နက်တပ်စုထဲဝင်ရလျှင်ပင် သူတို့၏ အဆင့်အတန်းနှင့် အရင်းအမြစ်များသည် သာမန်တပည့်များထက် သာလွန်လိမ့်မည်ဖြစ်သည်။

      “စတုတ္ထအဆင့် အခုစပြီ"
     ဒုတပ်စု‌ခေါင်းဆောင်ရှုံသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် ရှီအောက်နှင့် အကြီးအကဲဝမ်တို့ တစ်လျှောက်လုံးကြည့်နေကြသည့် ချင်နန်အပေါ်သို့ ကျရောက်သွားသည်။
      ဤကောင်လေးသည် စတုတ္ထအဆင့်တွင် တည်ငြိမ်စွာ ရှိနေမည်လားကို သူတို့ သိချင်နေကြသည်။

      ဝီ...

     ရှူရာထံမှ အလင်းများသည် ပို၍တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်မှာ လေးစုံမြောက်အတောင်တစ်စုံထွက်လာကာ သူ၏ အော်ရာမှာ မြင့်တက်သွားသည်။ အပျက်သဘောဆောင်သည့် ခံစားချက်များသည် ပင်လယ်လှိုင်းလုံးကြီးပမာ တိုးဝင်လာသည်။

      ဝေါင်း...

    ရှူရာသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ပါးစပ်ထဲမှ ‌ထွက်ပေါ်နေသော သွေးနီရောင်အလင်းများသည် ကြောက်မက်ဖွယ်ရာလေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပါဝင်သူများပေါ်သို့ ကျရောက်သွားသည်။

      “ချေးပဲ"
    ရွှယ်မန်နှင့် လင်းဝူရွှမ်းအပါအဝင် လူအုပ်ကြီး အလွန်တုန်လှုပ်သွားကြသည်။

    ဘန်း...ဘန်း...ဘန်း...

   အဆင့်လေးသည် ယခုမှစခြင်းဖြစ်သော်လည်း ချက်ချင်းပင် ပါဝင်သူခြောက်ဆယ်ကျော် လွင့်ထွက်သွားကြသည်။ သို့သော်လည်း ဤအကြိမ်၌ ဒုတပ်စုခေါင်းဆောင်ရှုံသည် သူတို့၏ ခန္ဓာကိုယ်များကို သူ၏ လက်ဖြင့်ဖမ်းကာ အခန်း၏ ထောင့်၌ ချပေးလိုက်သည်။

     “ပြင်းထန်တဲ့ ပေါက်ကွဲမှု"
     ရွှယ်မန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

     သူမသည် သူမ၏ သိုင်းဝိညာဉ်ဖြစ်သည့် ကြီးမားသော တူကြီးကို လက်ဖြင့် ဆုပ်ကိုင်ကာ လေထဲလွှဲယမ်းချလိုက်သည်။ ရလဒ်အနေဖြင့် အပျက်သဘောဆောင်သည့် ခံစားချက်များ ပျက်စီးသွားသည်။

    ဝေါင်း...

     လောင်ဂူးသည်လည်း သူ၏ အစစ်အမှန်သွင်ပြင်ကို ထုတ်ဖော်ကာ သူ၏ ခန္ဓာကိုယ်ဖြင့် ခုခံလိုက်သည်။

    လင်းဝူရွှမ်းသည် ဓားရှည်အားကိုင်ကာ ပိုင်းချလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပထမထပ်သည် တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ အမျိုးမျိုးသော သိုင်းပညာများ ထွက်ပေါ်လာသည်။

     ဘန်း...ဘန်း...ဘန်း...ဘန်း...
   
      တစ်ခဏကြာပြီးနောက် နောက်ထပ်ဂျီးနီးယပ်လေးယောက်လွင့်သွားကြသည်။

     ချင်နန်၊ ရွှယ်မန်၊ လောင်ဂူးနှင့် လင်းဝူရွှမ်းတို့သာ ကျန်ရှိတော့သည်။

     “သူက တကယ်ဘယ်သူလဲ...သူ့ရဲ့ ပါရမီက အရမ်းထူးချွန်လွန်းတာပဲ"
     အကြီးအကဲဝမ်၊ ဒုတပ်စုခေါင်းဆောင်ရှုံနှင့် ရှီအောက်တို့သည် ချင်နန်အား အလွန်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။

      လေးလွှာစိတ်လှည့်စားခြင်းဖြစ်သည့်တိုင် ဤကောင်လေးသည် နေရာ၌ တည်ငြိမ်စွာပင် ရှိနေသည်။
     အခန်း၏ ထောင့်တွင် ရပ်နေကြသော ဂျီးနီးယပ်များသည် စိတ်လှည့်စားမှု၏ အစွမ်းကို ကိုယ်တိုင်ကိုယ်ကျခံစားဖူးသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် ချင်နန်၏ စွမ်းရည်အား တွေ့ရှိသည့်အခါ အသက်ပြင်းပြင်းရှူရှိုက်လိုက်ကြသည်။

     “သူက ဘယ်သူလဲ...သူက အရမ်းအစွမ်းထက်လွန်းတာပဲ...ရွှယ်မန်တောင် သူ့ရဲ့ ပါရမီကို မယှဉ်နိုင်ဘူးလို့ ငါယုံတယ်"

      “ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှာ ဘယ်တုန်းက ဒီလိုထူးခြားတဲ့ဂျီးနီးယပ်တစ်ယောက် ပေါ်လာတာလဲ"

     ဂျီးနီးယပ်များသည် လုံးဝဆွံ့အနေကြပြီး ချင်နန်မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက်ဆွေးနွေးနေကြသည်။

     အချိန်သည် တဖြည်းဖြည်းကုန်လွန်သွားပြီး အမွှေးတိုင်တစ်ဝက်ကုန်စာအကြာတွင် ပထမဆုံးလင်းဝူရွှမ်း ဝင်္ကပါထဲမှ လွင့်ထွက်သွားသည်။ ထို့နောက် နောက်ထပ်အသက်တစ်ဆယ်ရှိုက်ကျော်အကြာတွင် လောင်ဂူးနှင့် ရွှယ်မန်တို့ လွင့်ထွက်လာကြသည်။

     ချင်နန်သာ ရှူရာ၏ စိတ်လှည့်စားမှု သွေးလေဆင်နှာမောင်းထဲတွင် တည်ငြိမ်စွာ ရှိနေနိုင်သည်။

     “မယုံနိုင်စရာပဲ"
    ရွှယ်မန်သည် ချင်နန်အားကြည့်ကာ သူမ၏ မျက်လုံးများ အရောင်လက်နေသည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ တိုက်ခိုက်ချင်စိတ်များ ရုန်းကြွလာသည်။

    “သေစမ်း"
    လောင်ဂူးသည် သူမ၏ တုံ့ပြန်မှုအား ကြည့်ကာ ကူကယ်ရာမဲ့သွားသည်။

     လင်းဝူရွှမ်း၏ မျက်နှာထား အလွန်ပျက်ယွင်းသွားသည်။ သူသည် တပ်စုသုံးစု၏ ရွေးချယ်ပွဲတွင် သူ၏ ပါရမီကို ထုတ်ပြနိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပါဝင်ခဲ့သည်။ သို့သော် ရွှယ်မန်သည်လည်း ဤနေရာသို့ ရောက်လာမည်ဟု သူ မထင်ထားခဲ့ပေ။ အကယ်၍ ရွှယ်မန်ပါဝင်လာပါက ၎င်းသည် လက်သင့်ခံနိုင်သေးသည်။ သို့သော်လည်း ယခုအချိန်၌ မည်သည့်နေရာကလာမှန်းမသိသော အရူးတစ်ယောက်ထွက်ပေါ်လာပြီး သူရှာဖွေနေသည့် အာရုံစူးစိုက်မှုကို လုံးဝလုယက်သွားခဲ့သည်။

      “ဟန့်...သူက ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို အသုံးပြုနေတာဖြစ်ရမယ်...မဟုတ်ရင် သူ့ရဲ့ သိုင်းဝိညာဉ်ကို မထုတ်ဘဲ စိတ်လှည့်စားမှုကို တောင့်ခံဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
    လင်းဝူရွှမ်း၏ နှလုံးသားထဲ၌ မလိုမုန်းထားမှုများဖြင့် ပြည့်နှက်သွားသည်။

      ထိုစကားကြားသောအခါ ပတ်ဝန်းကျင်မှ လူအုပ်ကြီး အံ့အားသင့်သွားကြပြီး အနည်းငယ် သံသယ ဝင်လာသည်။

     လင်းဝူရွှမ်းပြောသည်မှာ မှန်နိုင်ပေသည်။
     ၎င်းသည် လေးအလွှာစိတ်လှည့်စားမှုဖြစ်သည်။ သူသည် ထူးချွန်သော ပါရမီရှိလျှင်ပင် တည်ငြိမ်စွာနေရန်မှာ မဖြစ်နိုင်ပေ။

     “အချိန်ပြည့်တော့မယ်"
     ရုတ်တရက် ဂျီးနီးယပ်တစ်ယောက် အော်လိုက်သည်။

     လူအုပ်ကြီး အံ့အားသင့်သွားပြီး ချင်နန်ကို ကြည့်ရှူလိုက်သည်။ လေထဲမှ ရှူရာသည် ချင်နန်၏ တည်ရှိမှုကို သတိပြုမိသကဲ့သို့ ဒေါသထွက်သွားသည်။ သူသည် နောက်တဖန်ဟိန်းဟောက်လိုက်ပြီး သွေးဆာလောင်သည့် အော်ရာမှာ ပို၍ကြောက်ဖို့ ကောင်းလာသည်။
     ၎င်းသည် ဝင်္ကပါ၏ အပြင်ဘက်မှ လာသော ကြီးမားသော မိုးကြိုးမုန်တိုင်းတစ်ခုနှင့် တူညီပေသည်။။သို့သော်လည်း ချင်နန်၏ ဆံပင်များသည် လေထဲ၌ ဝဲလွင့်နေသည့်တိုင် သူခန္ဓာကိုယ်သည် ခိုင်မြဲစွာဖြင့်ပင် ရှိနေသည်။ သူသည် ကျောက်တိုင်ကြီးတစ်ခုအလား ခိုင်မြဲစွာ ရပ်နေသည်။ ပတ်ဝန်းကျင်တွင် ကြီးမားသော ပြောင်းလဲမှုများနှင့် ပျက်စီးမှုများ ဖ်စြပေါ်နေသော်လည်း သူသည် ထိခိုက်မှုမရှိပေ။

      အသက်တစ်ရှိုက်...အသက်နှစ်ရှိုက်...အသက်သုံးရှိုက်...အသက်တစ်ဆယ်ရှိုက်ကျော်ကြာပြီးနောက် မိုးကြိုးမုန်တိုင်းရပ်တန့်သွားကာ အချိန်ပြည့်သွားသည်။
     ချင်နန်သည် လေးအလွှာစိတ်လှည့်စားမှုကို ကျော်ဖြတ်နိုင်ခဲ့သည်။

     ဟူး...

    ထိုအချိန်၌ အကြီးအကဲဝမ်နှင့် အခြားသူများအပါအဝင် လူအုပ်ကြီးသည် အသက်ပြင်းပြင်းရှူလိုက်ကြသည်။ ချင်နန် လေးအလွှာသို့ကျော်နိုင်ခြင်းကို သူတို့ အံ့ဩခြင်းမရှိပေ။ သို့သော် သူသည် သူ၏ သိုင်းဝိညာဉ်ကို မထုတ်လွှင့်ရသေးချေ။ ထို့ပြင် မည်သည့်သိုင်းပညာမှကိုလည်း အသုံးမပြုခဲ့ပေ။ သူသည် တပ်စုသုံးစု၏ ရွေးချယ်မှုတွင် မည်သည့်အကူအညီကိုမျှ အသုံးပြုခြင်းမရှိပေ။   
     သူသည် သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်အကူအညီမျှမပါဘဲ ဤအဆင့်ထိရောက်လာနိုင်သည့် ပထမဆုံးလူ ဖြစ်သည်။

      “သူက ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို အသုံးပြုနေတာပဲ"
     လင်းဝူရွှမ်းသည် ယခင်က ထင်မြင်ချက် ပေးခဲ့သည်။ သို့သော်လည်း ဤမြင်ကွင်းကိုကြည့်ပြီးနောက် သူသည် ယခုအချိန်၌ သူ၏ ထင်မြင်ချက်ကို ယုံကြည်သွားပြီဖြစ်သည်။

     “ ‘ဒီ'အဆင့်ခုနှစ်သိုင်းဝိညာဉ်နဲ့ ဂျီးနီးယပ်တောင် ဒီလိုတည်တည်ငြိမ်ငြိမ်မနေနိုင်ဘူး...ဒါက မယုံနိုင်လောက်အောင် ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပဲ"
     ထိုစကားများပြောပြီးနောက် လင်းဝူရွှမ်း၏ မျက်လုံးထဲ အထင်သေးမှုများဖြင့် ပြည့်နှက်သွားသည်။

     သူသည် ရှားပါးသည့် ရှေးဟောင်းပစ္စည်းတစ်ခုကို အသုံးပြု၍ ဤအဆင့်သို့ရောက်လာသည်ဆိုပါက ၎င်းသည် ဂုဏ်ယူစရာမဟုတ်ပေ။

     စကားကြောင့် လူအများစု အံ့အားသင့်သွားပြီး ချင်နန်ကို သံသယများဖြင့် ကြည့်ရှူလိုက်ကြသည်။ ‘ဒီ'ခုနှစ်သိုင်းဝိညာဉ်နှင့် ဂျီးနီးယပ်တစ်ယောက်ပင် ဤကဲ့သို့ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
      သူက ဒါကို ဘယ်လိုတောင့်ခံနိုင်တာလဲ….

    သူ့ထံ၌ ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ် သို့မဟုတ် ‘ဒီ'အဆင့်ကိုးသိုင်းဝိညာဉ်လည်း မရှိနိုင်ပေ။ မဟုတ်ပါက သူသည် ကြီးမားသော ပါရမီဖြင့် အဘယ်ကြောင့် တပ်စုသုံးစု၏ ရွေးချယ်ပွဲတွင် ဤကဲ့သို့ ပါဝင်ပါမည်နည်း။

     ထို့ကြောင့် သူသည် ရှေးဟောင်းပစ္စည်းတစ်မျိုးကို အသုံးပြုနေခြင်းဖြစ်သည်။

    “ဒါက တကယ်ကို ထူးဆန်းတယ်..."
    ဒုတပ်စုခေါင်းဆောင်ရှုံသည် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

    အကြီးအကဲဝမ်သည် မျက်မှောင်ကြုတ်သွားပြီး ချင်နန်ကို သူ၏ မျက်လုံးပညာရပ်ဖြင့် ထွင်းဖောက်ကြည့်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း သူ၏ လျှို့ဝှက်ဆန်းကြယ်သော အော်ရာသည် အကြီးအကဲဝမ်၏ အကြည့်ကို ပိတ်ဆို့ထားသည်။

     ချင်နန်သည် လူအုပ်ကြီး၏ သံသယအကြည့်များကို သတိပြုမိသွားပြီးနောက် ဆွံ့အသွားသည်။ သူသည် အခက်အခဲအတွေ့အကြုံများမှတစ်ဆင့် မရှုံးနိမ့်နိုင်သောသိုင်းသခင်အဆင့်သို့ ရောက်လာခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်ဆန္ဒသည် အလွန်တရာခိုင်မာပေသည်။ ရှူရာ၏ စိတ်လှည့်စားမှုသည် သူ့အပေါ်၌ အကျိုးသက်ရောက်မှုမရှိခြင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။ သူ့အပေါ်၌ လွှမ်းမိုးမှုရှိနေမှသာလျှင် ထူးဆန်းလိမ့်မည်ဖြစ်သည်။

     “ဟား...ဟား...ဟား...ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှာ ဒီလိုဂျီးနီးယပ်ထွက်လာလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ...အဆင့်လေးဆင့်လုံးကို သိုင်းဝိညာဉ်တောင် မထုတ်ဘဲ ဖြတ်ကျော်နိုင်တယ်...ဒီလိုဂျီးနီးယပ်တစ်ယောက်ကို တွေ့ဖို့က အရမ်းရှားတယ်"
   ရှီအောက်သည် ရုတ်တရက် ရယ်မောကာ ချင်နန်ကို ကြည့်၍ ပြောလိုက်သည်။
     “မင်း ရှေးဟောင်းပစ္စည်းတစ်ခုခုကို သုံးနေတာဟုတ်မဟုတ် သိချင်ရင် ငါပဉ္စမအလွှာစိတ်လှည့်စားမှုကို အသက်သွင်းလိုက်မယ်..ငါတို့ သိပ်မကြာခင်မှာ အဖြေရလိမ့်မယ်"

     ချင်နန်သည် အကြံပြုချက်ကို ငြင်းပယ်ရန် ပြင်လိုက်သည်။ သူသည် ပထမအလွှာကတည်းက ဤရှူရာ၏ စိတ်လှည့်စားမှုကို စိတ်ဝင်စားခြင်းမရှိတော့ပေ။ နောက်ဆုံးရလဒ်သည် အတူတူသာ ဖြစ်လိမ့်မည်ဖြစ်သည်။
  
     သို့သော်လည်း သူမည်သည့်စကားမျှ မပြောရသေးခင်မှာပင် ရှီအောက်သည် သူ၏ လက်ကို ဝှေ့ယမ်းကာ ရှူရာဆီသို့ အလင်းတန်းတစ်ခုပစ်လွှတ်လိုက်သည်။

     ဝေါင်း...ဝေါင်း...ဝေါင်း...

    ရှူရာ၏ အော်ရာသည် လျင်မြန်စွာ မြင့်တက်လာပြီး သူ၏ ပုံစံသည် ပို၍ အကျည်းတန်လာသည်။

🐱🐱🐱🐱🐱

အပိုင်း (၅၂၂)ကောင်းကင်ကျားဖြူ၏ သွေးစက်

     ဘန်း...

    ရှူရာ‌၏နောက်ကျောတွင် ငါးခုမြောက်အတောင်တစ်စုံထွက်ပေါ်လာသည်။ အစက ၎င်း၏ အနက်ရောင်သွင်ပြင်သည် အနီရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ အော်ရာသည် အခန်းတစ်ခုလုံးကို ဟာရီကိန်းတစ်ခုပမာ လွှမ်းခြုံသွားသည်။

    “ကြောက်စရာကောင်းလိုက်တာ"
     ရွှယ်မန်နှင့် လင်းဝူရွှမ်းတို့အပါအဝင် ဂျီးနီးယပ်များ၏ နှလုံးသားများ အနည်းငယ် တုန်လှုပ်သွားသည်။

    “ရှီအောက်...မင်းတကယ် ဒီလိုလုပ်မလို့လား"
    အကြီးအကဲဝမ်သည် စူးရှစွာကြည့်၍ ပြောလိုက်သည်။

     “ဟား...ဟား...ဟား...ဘာပြဿနာရှိလို့လဲ"
    ရှီအောက်သည် သူ၏ လက်များကိုနောက်ပစ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
     “သူက အမှန်တကယ် ပါရမီရှင်ဆိုရင် သူရှူရာကို မကြောက်သင့်ဘူး...ဒါပေမဲ့ ဒါက အတုအယောင်ဆိုရင်တော့ .ဘယ်သူမှ တပ်စုသုံးစုရဲ့ ရွေးချယ်မှုမှာ လှည့်စားခွင့်မရှိတာကြောင့် ရှူရာက သူ့ကို အပြစ်ပေးလိမ့်မယ်"

    ထိုအချိန်၌ ရှူရာသည် ချင်နန်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူသည် အသိစိတ်တချို့ပိုင်ဆိုင်သကဲ့သို့ သူ့၏ ရှေ့မှ လူသည် သူ၏ သွေးဆာလောင်သည့်အော်ရာကို ကြောက်ရွံ့ခြင်းမရှိကြောင်း သတိပြုမိပေသည်။ ထို့ကြောင့် ၎င်းသည် သူ့အတွက် ကြီးမားသော အရှက်ရမှုဖြစ်သည်။
     သူသည် ဒေါသထွက်စွာဖြင့် တစ်ချက်အော်ဟစ်လိုက်ပြီး ချင်နန်ဆီသို့ ပြေးဝင်သွားသည်။

     ထိုအချိန်၌ ရက်စက်‌ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်တစ်ခုသည် ခန်းမတစ်လုံးပြည့်နှက်သွားသည်။

     “ချေးပဲ"
      ရွှယ်မန်နှင့် လင်းဝူရွှမ်းတို့၏ မျက်နှာများ အလွန်ဖြူဖျော့သွားကြသည်။ ငါးလွှာစိတ်လှည့်စားမှုမှာ ရှူရာသည် ချင်နန်အား ကိုယ်တိုင်တိုက်ခိုက်ခြင်းဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
     ရှူရာသည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သော်လည်း သူ့ထံမှ ထွက်ပေါ်နေသော အပျက်သဘောဆောင်သည့် ခံစားချက်များသည် သိုင်းအရှင်အဆင့်တစ်စွမ်းအားနှင့် တစ်တန်းတည်းပင်ဖြစ်သည်။
     တစ်နည်းဆိုရပါက ရှူရာနှင့် ရင်ဆိုင်ရလျှင် သိုင်းအရှင်အဆင့်တစ်ကျင့်ကြံသူပင် ရူးသွပ်သွားလိမ့်မည်ဖြစ်သည်။

    ထိုအချိန်၌ ယခင်က ချင်နန်ကို လှောင်ပြောင်ခဲ့သော လင်းဝူရွှမ်း၏ နှုတ်ခမ်းများတုန်ရီသွားသည်။
    ချင်နန်သည် လူအုပ်ကြီး၏ အာရုံစိုက်မှုအား လုယူသွားသောကြောင့် သူ မကျေမနပ်ခံစားရပြီး လှောင်ပြောင်သည့် စကားများပြောခဲ့သည့်တိုင် သူသည် ချင်နန်အား အန္တရာယ်ပေးလိုစိတ်မရှိခဲ့ပေ။
   
      “ငါ့ကို အန္တရာယ်ပေးချင်တာလား"
     ချင်နန်၏ မျက်လုံးထဲတွင် ဒေါသထွက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
    ဤကဲ့သို့ အခြေအနေမျိုးတွင် သူသည် မရှုံးနိမ့်နိုင်သည့် သိုင်းသခင်အဆင့်ကို ရောက်ရှိပြီးနောက် သူ၏ စွမ်းအားကို စမ်းသပ်ရန်အတွက် ဤအခွင့်အရေးကို အသုံးချနိုင်သည်။

     “သွားစမ်း"
     ချင်နန်သည် နေရာ၌ တည်ငြိမ်စွာပင် ရှိနေပြီး သူ၏ ခေါင်းကိုမော့ကာ မိုးချုန်းသံဖြင့် အော်ဟစ်လိုက်သည်။

    ဘန်း...

     ရှူရာဆီသို့ အစွမ်းထက်သော အော်ရာတစ်ခုသည် လှိုင်းလုံးကြီးတစ်ခုအလား တိုးဝင်သွားသည်။

    ဘန်း...

      ပေါက်ကွဲမှုတစ်ခုနှင့်အတူ ရှူရာသည် အပိုင်းအစများဖြစ်သွားသည်။ ကောင်းကင်အား ဆန့်ကျင်သည့် ကနဦးစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော သိုင်းသခင်သည် ကြောက်မက်ဖွယ်ရာစွမ်းအားကို ပိုင်ဆိုင်သည်။
     ရှူရာသည် အပျက်သဘောဆောင်သည့် ခံစားချက် အမျိုးမျိုးဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သည်။
     ၎င်းသည် သာမန်သိုင်းအရှင်အဆင့်ကျင့်ကြံသူများ၏ စိတ်ဓာတ်ကို ဖျက်ဆီးနိုင်သော်လည်း ကောင်ကင်အား ဆန့်ကျင်သည့် သိုင်းသခင်တစ်ယောက်ကို အန္တရာယ်ပေးရန်မှာ မဖြစ်နိုင်ပေ။

     “အမ်...မဆိုးဘူး...မရှုံးနိမ့်နိုင်တဲ့ သိုင်းသခင်ဖြစ်လာပြီးတဲ့နောက်မှာ ငါ့ရဲ့ စိတ်ဆန္ဒက ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး"
     ထိုမြင်ကွင်းအားကြည့်ကာ ချင်နန်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

     သို့သော်လည်း ရွှယ်မန်၊ လင်းဝူရွှမ်း၊ ဒုတပ်စုခေါင်းဆောင်ရှုံ၊ အကြီးအကဲဝမ်နှင့် ရှီအောက်တို့ အပါအဝင် ပတ်ဝန်းကျင်မှ လူများအားလုံးသည် ဆွံ့အနေလျက်ရှိသည်။

    ဘာဖြစ်သွားတာလဲ...

    သူက ရှူရာကို စကားတစ်ခွန်းတည်းနဲ့ ဖယ်ရှားပစ်လိုက်တာလား...

   ဒါက...ဘယ်လိုတောင် အစွမ်းထက်လွန်းတာလဲ...

    မကြာခင်မှာ ချင်နန်သည် သူ၏ ‌အတွေးများကိုစုစည်းကာ ရှူရာကို ကြည့်လိုက်သည်။ ထို့နောက် သူသည် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
     “ကျုပ် လှည့်စားနေတာမဟုတ်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်ပြီလား"

     သူသည် လူအုပ်ကြီး၏ သံသယစကားများအား ကြားရသောအခါ ရှင်းပြရန် အလွန်ပျင်းနေသောကြောင့် မည်သည့်စကားမျှ မပြောခဲ့ပေ။
     သူသည် သူ၏ တိုက်ပွဲများတွင် ဆေဘာဓားများမှတစ်ပါး အခြားမည်သည့်ပစ္စည်းကိုမျှ အသုံးမပြုခဲ့ဘူးပေ။

     “ဒါ"
    ကျားဖြူတပ်စု၏ ဒုတပ်စုခေါင်းဆောင်ဆွံ့အနေခြင်းမှာ သူ၏ ပထမဦးဆုံးအကြိမ်သာဖြစ်သည်။

     သူ့အပြင် လူတိုင်းသည်လည်း ချက်ချင်းပင် သူတို့၏ အတွေးများကို စုစည်းလိုက်ကြသည်။

     ရှေးဟောင်းပစ္စည်းတစ်ခုကို အသုံးပြုနေတာလား...

    ဟာသပဲ...

    သူက အရမ်းအစွမ်းထက်လွန်းတာပဲ...

    အထူးသဖြင့် လင်းဝူရွှမ်းသည် အလွန်အရှက်ရနေပြီး သူ၏ မျက်နှာ အလွန်နီရဲတွတ်နေသည်။

    “စကားတစ်ခွန်းတည်းနဲ့ ရှူရာကို ဖယ်ရှားလိုက်တယ်...ဘယ်လောက်အထင်ကြီးစရာကောင်းလိုက်လဲ...ငါမကြာသေးခင်ကပဲ ဒီလို ဂျီးနီးယပ်တစ်ယောက်ကို တွေ့ခဲ့တယ်...မင်းရဲ့ ပါရမီကလည်း သူ့လို့ ထူးချွန်တယ်"
     အကြီးအကဲဝမ်သည် မျှော်လင့်ချက်ပြင်းပြစွာဖြင့် ပြောလိုက်သည်။
     “မင်းနာမည်ဘယ်သူလဲ...မင်းကို ငါတို့ ဗာမီလီယံငှက်တပ်စုကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်...မင်းကို ထောက်ပံ့မဲ့ အရင်းအမြစ်တွေအတွက် မင်းစိတ်ပျက်မှာ မဟုတ်ပါဘူး"

    ဒုတပ်စုခေါင်းဆောင်ရှုံသည် စကားပြောရန်ပြင်လိုက်သည်။ သို့သော်လည်း သူ တိတ်ဆိတ်‌စွာနေရန်သာ ရွေးချယ်လိုက်သည်။ ဤကဲ့သို့ ဂျီးနီးယပ်သည် သူတို့၏ လိပ်နက်တပ်စုကို ဝင်ရောက်ရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။

     ရွှယ်မန်အပါအဝင် ပထမထပ်တွင် ရှိသော ဂျီးနီးယပ်များအားလုံး ချင်နန်ကို မနာလိုဖြစ်သွားကြသည်။
     သူမသည် ‘ဒီ'အဆင့်ခြောက်သိုင်းဝိညာဉ်ပိုင်ဆိုင်ကာ ဒုတိယမြို့ မြို့သခင်၏ သမီးဖြစ်သည်။ နောက်ခံအရဖြစ်စေ ပါရမီအရ‌ဖြစ်စေ သူမသည် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ဂျီးနီးယပ်များကြားထဲတွင် အလွန်ထူးချွန်သည်ဟု မှတ်ယူနိုင်ပေသည်။ သို့သော်လည်း အကြီးအကဲဝမ်သည် သူမအား ဗာမီလီယံငှက်တပ်စုသို့ ဝင်ရောက်ရန်အတွက် မဖိတ်ခေါ်ခဲ့ပေ။

     ချင်နန် အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး စတင်တွေးတောလိုက်သည်။

     ထိုအချိန်၌ အံ့အားသင့်မှုမှ သတိပြန်ဝင်လာသော ရှီအောက်သည် ရယ်မောချလိုက်သည်။
      “ဟား...ဟား...ဟား...လူငယ်လေး မင်း ဗာမီလီယံငှက်တပ်စုထဲကို ဝင်စရာဘာအကြောင်းရှိလို့လဲ...ငါတို့ ကျားဖြူတပ်စုကို လာခဲ့...ငါတို့ ကျားဖြူတပ်စုမှာ ကောင်းကင်လောင်ကျမ်းခြင်းနိုင်ငံရဲ့ အစွမ်းထက်ဆုံးဂျီးနီးယပ်တွေ စုစည်းနေတယ်...ဒါအပြင် ငါတို့ထောက်ပံ့မဲ့ အရင်းအမြစ်တွေကလည်း အခြားတပ်စုနှစ်စုထက် လုံးဝသာလွန်တယ်"

     လူအုပ်ကြီး အလွန်အံ့အားသင့်သွားကြသည်။ ကျားဖြူတပ်စု၏ ဒုတပ်စုခေါင်းဆောင်ပင် ချင်နန်အား သူ၏ တပ်စုထဲသို့ဝင်ရန် စည်းရုံးနေသည်။

     အကြီးအကဲဝမ်၏ မျက်နှာ အေးစက်သွားသည်။
     “ရှီအောက် မင်းစကားပြောဆင်ခြင်"

    “စကားပြောဆင်ခြင်...သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဝမ်"
     ရှီအောက်သည် ရိုကျိုးသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ချင်နန်အား ကြည့်လိုက်သည်။
     “လူငယ်လေး...အရင်က ဗာမီလီယံငှက်တပ်စုရဲ့ ထိပ်တန်းဂျီးနီးယပ်တွေက ငါတို့ တပ်စုကို  ဝင်လာကြတာကို မင်းမသိသေးဘူးလို့ ငါယုံကြည်တယ်...ဘာကြောင့်လဲဆိုတော့ ဗာမီလီယံငှက်တပ်စုက ကမ်းကုန်အောင် အရှက်မဲ့ခဲ့လိုပဲ..."

    “ရှီအောက်...မင်း..."
    တစ်စုံတစ်ယောက်သည် အကြီးအကဲဝမ်၏ အထိမခံနိုင်သည့် အရာကို သွားထိမိသကဲ့သို့ သူ၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။

    ထိုစကားကြားသောအခါ ဒုတပ်စုခေါင်းဆောင်ရှုံနှင့် လူအုပ်ကြီး၏ နှုတ်ခမ်းများ တွန့်ရှုံ့သွားသည်။ သို့သော်လည်း သူတို့သည် တိတ်ဆိတ်စွာပင် နေ နေကြသည်။

    သူတို့သည် အတိတ်ကဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို သိကြပေသည်။ သို့သော်လည်း အမှန်တရားသည် ရှီအောက် ပြောခဲ့သကဲ့သို့ မဟုတ်ပေ။

    “ဘာလဲ...အကြီးအကဲဝမ်...မင်းက ငါ့ကို တိုက်ခိုက်ချင်နေတာလား"
    ရှီအောက် လှောင်ပြုံးပြုံးလိုက်သည်။

    အကြီးအကဲဝမ်၏ ရင်ဘတ်ကြီးသည် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ တစ်ခဏကြာပြီးနောက် သူသည် တိတ်ဆိတ်စွာနေရန် ရွေးချယ်လိုက်သည်။ ထို့နောက် သူသည် ချင်နန်အား တည်ကြည်စွာဖြင့် ကြည့်‌ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
      “လူငယ်လေး...မင်း ငါတို့ တပ်စုထဲဝင်လာရင် ဗာမီလီယံငှက်တပ်စုက မင်းကို စိတ်မပျက်စေရပါဘူး"

     စကားသည် ရှည်လျားခြင်းမရှိသော်လည်း အလွန်ရိုးသားစွာဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

    သူ၏ စကားဆုံးသည်နှင့်နောက် ရှီအောက်သည် ပို၍ပင်  အထင်သေးသွားသည်။
    “မင်းတို့ ဗာမီလီယံငှက်တပ်စုက အမြဲတမ်းဒီလို မင်းတို့ရဲ့ တပည့်‌တွေကို ကတိတွေ လျှောက်ပေးနေတာပဲ..."

     ထိုစကားပြောပြီးသောအခါ ရှီအောက်သည် တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ချင်နန်ကို ကြည့်ကာပြောလိုက်သည်။
     “တကယ်လို့ ငါတို့ရဲ့ ကျားဖြူတပ်စုကို ဝင်မယ်ဆိုရင် ငါတို့က မင်းကို ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ ကာကွယ်သူနတ်ဘုရားသားရဲ ကောင်းကင်ကျားဖြူရဲ့ သွေးတစ်စက်ကို ပေးမယ်...ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို သန့်စင်တဲ့အခါမှာ အရမ်းအသုံးဝင်တယ်"

    စကားလုံးများသည် လူအုပ်ကြီးကြားထဲ၌ ပေါက်ကွဲမှုတစ်ခုကဲ့သို့ ဖြစ်သွားသည်။

🐱🐱🐱🐱🐱

အပိုင်း (၅၂၃) ရွေးချယ်မှု

    ကောင်းကင်ကျားဖြူ...

   နတ်ဘုရားသားရဲသည် ကောင်းကင်လောင်ကျွမ်းနိုင်ငံကို ကာကွယ်ပေးသည်။ သူသည် သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူကို သတ်နိုင်သည်မှာ ဟိုယခင်ကတည်းက ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်၌ သူ၏ ကျင့်ကြံမှုသည် သေချာပေါက် ပို၍ကြောက်မက်ဖွယ်ရာကောင်းလာမည်ဖြစ်သည်။

     အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်း၏ ခန္ဓာကိုယ်ကို ကောင်းကင်ကျားဖြူ၏ သွေးစက်ဖြင့် သန့်စင်မည်ဆိုပါက အကျိုးကျေးဇူးသည် မခန့်မှန်းနိုင်အောင်ပင်ဖြစ်သည်။
    ဂျီးနီးယပ်များစွာသည် ကျားဖြူတပ်စုသို့ ဝင်ရန် စိတ်ဝင်စားနေကြခြင်းမှာ ကောင်းကင်ကျားဖြူ၏ သွေးစက်ကို ရလိုသောကြောင့် ဖြစ်သည်။

     ဟူး...

     လင်ဝူရွှမ်းနှင့် အခြားသူများသည် သူတို့၏ အတွေးများကို စုစည်းကာ အသက်ပြင်းပြင်းရှူလိုက်ကြသည်။
     ထိုအချိန်၌ သူတို့သည် ချင်နန်နှင့် နေရာချင်းလဲကာ ကမ်းလှမ်းမှုကို လက်ခံချင်နေကြသည်။

    ရှီအောက်သည် ယုံကြည်ချက်ရှိသော အပြုံးကို ပြုံးထားသည်။ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ထိပ်တန်းဂျီးနီးယပ်များကြားထဲတွင် ကောင်းကင်ကျားဖြူသွေး၏ ဆွဲဆောင်မှုကို ခံနိုင်သည့်လူမှာ သိပ်မရှိဟု သူယုံကြည်ပေသည်။ သူ၏ ရှေ့မှ လူငယ်သည် ကမ်းလှမ်းမှုကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံမည်ကို သူမြင်ယောင်နေမိသည်။

    အဆုံး၌ မည်သူမျှ ဤကဲ့သို့ အကျိုးကျေးဇူးနှင့် ကျားဖြူတပ်စု၏ လွှမ်းမိုးနိုင်စွမ်းကို ငြင်းပယ်နိုင်ခြင်းမရှိကြပေ။

     “တကယ်လို့ ဒီ လူငယ်က ငါတို့ ကျားဖြူတပ်စုကို ဝင်ရောက်လာမယ်ဆိုရင် ငါ့တို့ဘက်က လူတွေက တော်တော်အစွမ်းထက်နေပြီ...ဗာမီလီယံငှက်တပ်စုက ဆန့်ကျင်နိုင်မှာမဟုတ်ဘူး...ငါတို့ တပ်စုက အခြားအဖွဲ့အစည်ကြီးသုံးခုနဲ့တောင် ရင်ဆိုင်နိုင်လောက်တယ်..."
      ရှီအောက်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများဖြစ်ပေါ်လာပြီး သူ၏ အသက်ရှူမှု ပြင်းထန်လာသည်။ သို့သော်လည်း မကြာမီ၌ တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သူနားလည်လိုက်သည်။

     အသက်တစ်ဆယ်ရှိုက်ကျော်ကြာသွားပြီဖြစ်သော်လည်း သူ၏ ရှေ့မှ လူငယ်သည် ယခင်ကကဲ့သို့ တည်ငြိမ်စွာပင် ရှိနေသည်။

     ဒါက ဘာကိုဆိုလိုတာလဲ...

    ကောင်းကင်ကျားဖြူရဲ့ သွေးစက်က သူ့ကို မဆွဲဆောင်နိုင်ဘူးလား...
 
    ရှီအောက်သာမက လူအုပ်ကြီးသည်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော ဂျီးနီးယပ်သည် အလွန်တည်ငြိမ်စွာ ရှိနေကြောင်းကို နားလည်လိုက်သည်။

     “ကောင်းကင်ကျားဖြူရဲ့ သွေးတစ်စက်က မင်းအတွက်မလုံလောက်ဘူးလား...ဒီလိုဆို ငါတို့ ကျားဖြူတပ်စုကို ဝင်မယ်ဆိုရင် မင်းကို အဲထက်ပိုပေးမယ်"
     ရှီအောက်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

    အခြားဂျီးနီးယပ်များ ကြက်သေ သေသွားကြသည်။
    ဤရှီအောက်သည် လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကို သူတို့၏ တပ်စုထဲသို့ အလွန်ခေါ်ဆောင်ချင်နေသည်။

     ချင်နန်သည် ခေါင်းယမ်းကာ လက်သီးစု၍ ပြောလိုက်သည်။
     “ကျွန်တော့် နာမည်က သွမ့်ချင်းပါ...ဒုတပ်စုခေါင်းဆောင်ရှီက ကျွန်တော်ကို ဒီလိုများပြားတဲ့ အကျိုးကျေးဇူးပေးတဲ့အတွက်ကြောင့် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်...ဒါပေမဲ့ အကြီးအကဲဝမ် တစ်ခုခုပြောစရာရှိလား"

     အကြီးအကဲဝမ် အံ့အားသင့်သွားသည်။ ချင်နန်သည် သူ့အား ဤကဲ့သို့ မေးခွန်းမျိုးထမေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် ပါးစပ်ဟကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း သူ ခေါင်းခါယမ်းကာ မချိပြုံးပြုံးလိုက်သည်။
      ဗာမီလီယံငှက်တပ်စုသည် ကျားဖြူတပ်စုနှင့် မတူညီပေ။

     ထိုမြင်ကွင်းအားကြည့်ကာ ရှီအောက်၏ မျက်လုံးထဲ၌ အထင်သေးသည့် အရိပ်အယောင်များဖြစ်ပေါ်သွားသည်။ သွမ့်ချင်းသည် အရူးတစ်ယောက်မဟုတ်သဖြင့် ကျားဖြူတပ်စုသို့ ဝင်ရန် သေချာပေါက် ရွေးချယ်လိမ့်မည်ဖြစ်သည်။

     ချင်နန်သည် တစ်ခဏစဉ်းစားနေပြီးနောက် ပြောလိုက်သည်။
     “ဒုတပ်စုခေါင်းဆောင်သုံးယောက် ကျွန်တော် ဆုံးဖြတ်ချက်မချခင်မှာ ကျွန်တော့်မှာ ခင်ဗျားတို့အတွက် မေးခွန်းတစ်ခုရှိပါတယ်...ခင်ဗျားတို့အားလုံး အောက်ပိုင်းခရိုင်ကလာတဲ့ ကျော်ကြားတဲ့ ချင်နန်ကို သိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...ခင်ဗျားတို့ သူ့ကို ဘယ်လိုထင်လဲ...ကျွန်တော် ဒီလိုမေးတာက အရင်တုန်းက ကျွန်တော် သူနဲ့ တိုက်ခိုက်ခဲ့ဖူးလို့ပါ"

     ထိုစကားများကြားသောအခါ လောင်ဂူး၏ နှုတ်ခမ်းများ တွန့်လိမ်ရှုံ့တွသွားသည်။ ဤဆိုးရွားလှသော ချင်နန်သည် သူ၏ သတင်းအချက်အလက်အကြောင်းကို အခြားသူများအား မေးနေသည်။

       သို့ဆိုသော်ငြားလည်း သူ၏ စကားများသည် ဒုတပ်စုခေါင်းဆောင်သုံးယောက်၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

    ဂျီးနီးယပ်များနှင့် ဒုတပ်စုခေါင်းဆောင်များ အနည်းငယ်အံ့အားသင့်သွားကြသည်။ သွမ့်ချင်းသည် ရုတ်တရက် ချင်နန်၏ နာမည်ကို ပြောမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

    “တကယ်လို့ ငါတို့သာ သူနဲ့ တွေ့မယ်ဆိုရင် ငါတို့ လိပ်နက်တပ်စုက သူ့ကို ဖမ်းဖို့ အကောင်းဆုံးကြိုးစားမယ်"
    ဒုတပ်စုခေါင်းဆောင်ရှုံသည် ဆိုးယုတ်စွာ ပြုံးလိုက်သည်။ သူသည် ချင်နန်အား အမြဲတမ်းရှာဖွေချင်ခဲ့သည်။

    အကြီးအကဲဝမ် မချိပြုံးပြုံးလိုက်သည်။
    ချင်နန်သည် ပြိုင်ဘက်ကင်းဂျီးနီးယပ်တစ်ယောက်ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ သူသည် သူတို့ တပ်စု၏ လက်ရှိအခြေအနေကို ပြောင်းလဲရန်အတွက် ချင်နန်အား သူတို့ တပ်စု၏ မျှော်လင့်ချက်တစ်ခုအဖြစ် မှတ်ယူခဲ့ကာ ဖိတ်ကြားခဲ့သည်။
    သို့သော်လည်း သူသည် သူ့ထံမှ မည်သည့်သတင်းကိုမျှ မကြားရပေ။

     အကြီးအကဲဝမ်သည် သူ၏ အတွေးများကိုစုစည်းလိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
     “ငါတို့ ဗာမီလီယံငှက်တပ်စုက ကျင့်ကြံမှုလမ်းစဉ်ပေါ်မှာပဲ အာရုံထားတယ်...ငါတို့က ဒီလိုမျိုးကိစ္စတွေကို ဝင်စွက်ဖက်တာမရှိသလောက်ပဲ"

     “ဟား...ဟား..."
    ရှီအောက် ရယ်မောကာ ပြောလိုက်သည်။
     “ကျင့်ကြံသူသွမ့်ချင်း...ဒီလိုဆိုရင် မင်းက ငါတို့ ကျားဖြူတပ်စုကို ပိုဝင်သင့်တာပေါ့...ငါတို့ တပ်စုက အခု ကုန်သွယ်ရေးမဟာမိတ်ရဲ့ ဌာနချုပ်နဲ့ အတူလက်တွဲဆောင်ရွက်နေတယ်...ချင်နန်ပေါ်လာတာနဲ့ ငါတို့ ကျားဖြူတပ်စုက သူ့ကို ချက်ချင်းလိုက်ဖမ်းမယ်"

      ထိုစကားများပြောပြီးနောက် ရှီအောက်၏ မျက်နှာပေါ်မှ ယုံကြည်မှုရှိသည့် အရိပ်အယောင်များမှာ ပို၍ပင် ကြီးထွားလာသည်။
     သွမ့်ချင်းသည် ချင်နန်၏ အကြောင်းအား ရုတ်တရက် မေးမြန်းရခြင်း၏ အဖြေမှာ သိသာထင်ရှားပေသည်။  သူတို့၏ ယခင်တိုက်ပွဲတွင် သူသည် ရှုံးနိမ့်ခြင်း သို့မဟုတ် သရေကျခြင်းဖြစ်ခဲ့သည်။ ထို့ကြောင့်  သူသည် ရလဒ်ကို လက်မခံနိုင်ဖြစ်နေသည်။ သွမ့်ချင်းသည် ချင်နန်နှင့် ထပ်မံတိုက်ခိုက်ချင်နေသည်။
     အမှန်တရားကို နားလည်ရန်မှာ အလွန်လွယ်ကူပေသည်။
     စစ်မှန်သော ဂျီးနီးယပ်တစ်ယောက်သည် စိန်ခေါ်မှုအမျိုးမျိုးအား လက်ခံရန် ဆန္ဒရှိပြီး ထိုက်တန်သော ပြိုင်ဘက်များနှင့် မျှတစွာတိုက်ခိုက်ကာ အဆုံး၌ အနိုင်လိုချင်ကြသည်။
     ၎င်းသည် စစ်မှန်သော ဂျီးနီးယပ်တစ်ယောက်၏ မာနဖြစ်သည်။

    “အိုး...အကြီးအကဲဝမ်...သွမ့်ချင်းက ငါတို့ တပ်စုထဲဝင်လာရင် မင်းငါတို့ရဲ့ စွမ်းအားကို ဘယ်လိုယှဉ်မလဲဆိုတာ ငါမြင်ချင်တယ်..."
     ထိုအတွေးနှင့်အတူ ရှီအောက်၏ မျက်လုံးများ အရောင်လက်သွားပြီး အကြီးအကဲဝမ်ကို လှောင်ကြည့်ကြည့်လိုက်သည်။

      အကြီးအကဲဝမ်သည် သူ၏ အတွေးများကို လွယ်ကူစွာ ခန့်မှန်းနိုင်ပေသည်။ သို့သော်လည်း သူသည် နောင်တရခြင်းမရှိပေ။

     ဂျီးနီးယပ်များ နှလုံးခုန်မြန်သွားကြသည်။

     မျှော်လင့်ထားသည့်အတိုင်း ကျားဖြူတပ်စုသည် အလွန်နိုင်လိုမင်းထက်ပြုပေသည်။
 
     ထိုစကားကြားပြီးနောက် လောင်ဂူးသည် ထူးဆန်းသော မျက်နှာထားဖြင့် ရှိနေသည်။ သူ၏ စိတ်ချုပ်တည်းနိုင်မှုသာ တိုးတက်မလာပါက သူသည် ချက်ချင်းဝါးလုံးကွဲ အော်ရယ်ပစ်လိမ့်မည်ဖြစ်သည်။

    ချင်နန်၏ မျက်လုံးများ အေးစက်သွားသည်။
    ဒီကျားဖြူတပ်စုက ကုန်သွယ်ရေးမဟာမိတ်နဲ့ ပူးပေါင်းပြီး သူ့ကို ဖမ်းဆီးဖို့ အမြဲတမ်းအသင့်ဖြစ်နေတယ်ပေါ့...

     “ဖြေကြားပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်"
     ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ‌တည်ငြိမ်စွာ ပြောလိုက်သည်။
     “ကျွန်တော် ဘယ်တပ်စုကို ဝင်မလဲဆိုတော့..."

      ချင်နန်သည် သူ၏ စကားကို ခေတ္တရပ်လိုက်သဖြင့် လူအုပ်ကြီး၏ နှလုံးသားများ အခုန် မြန်သွားသည်။
     “ဗာမီလီယံငှက်တပ်စု"

     သူ၏ စကားဆုံးသည်နှင့် နေရာတစ်ခုလုံး တစ်စပြင်တစ်ခုအလား တိတ်ဆိတ်သွားသည်။

    သွမ့်ချင်းက ဗာမီလီယံငှက်တပ်စုကို ရွေးချယ်လိုက်တာလား...

   ဒါက ဘယ်လိုကြီးလဲ...

   အရင်းအမြစ်တွင်ဖြစ်စေ နောက်ခံတွင်ဖြစ်စေ အကျိုးကျေးဇူးတွင်ဖြစ်စေ အစရှိသော အရာအားလုံး၌ ကျားဖြူတပ်စုသည် ပို၍သာလွန်ကြောင်း သိသာထင်ရှားနေသည်။

     “မင်းဘာပြောတာလဲ"
   ရှီအောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
    “ငါ အကျိုးကျေးဇူးတွေအများကြီး ကမ်းလှမ်းခဲ့တာတောင် မင်းက ဘယ်လိုလုပ် ဗာမီလီယံငှက်တပ်စုကို ရွေးချယ်လိုက်တာလဲ...မင်းရူးနေတာလား"

    ရှီအောက် အော်ဟစ်လိုက်သည်။

    “ဒုတပ်စုခေါင်းဆောင်ရှီ ကျုပ်စိတ်မကောင်းပါဘူး...ကျုပ်ဗာမီလီယံငှက်တပ်စုထဲကို ဝင်မယ်လို့ ပြောပြီးသွားပြီ...ပြီးတော့ ရူးနေတဲ့ လူက ခင်ဗျားပဲ"
      ချင်နန်သည် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

    ဒုတပ်စုခေါင်းဆောင်ရှီ၏ အပြုအမူသည် အတော်လေး လွန်လှသည်။

     ကျားဖြူတပ်စုကို မဝင်တာက အမှားတစ်ခုလား...

    “မင်းဘာပြောတာလဲ"
     ရှီအောက်သည် တစ်ခဏခန့်ကြက်သေ သေသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ဒေါသများသည် ကြောက်မက်ဖွယ်ရာလှိုင်းလုံးကြီးတစ်ခုအလား ပေါက်ကွဲထွက်လာပြီး ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။
    “မင်းကများ ငါ့ကို အရူးလို့ခေါ်ရဲတယ်ပေါ့"
  
     ဘန်း...

     သူ၏ ဒေါသကြောင့် သိုင်းအရှင်အထွတ်အထိပ်အဆင့်အော်ရာသည် လုံးဝထွက်ပေါ်လာသည်။ စင်စစ်အားဖြင့် အဓိကအကြောင်းအရင်းမှာ သွမ့်ချင်းသည် သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သောကြောင့်ဖြစ်သည်။

    သူက ဘယ်လိုလုပ်  ဒီလိုကမ်းလှမ်းချက်ကို ငြင်းပယ်ရဲတာလဲ...

     “ဟား...ဟား...ဟား...ဟား...ဒုတပ်စုခေါင်းဆောင်ရှီ မင်းဘာလုပ်ချင်နေတာလဲ...သွမ့်ချင်းက အခု ဗာမီလီယံငှက်တပ်စုက ဖြစ်သွားပြီ...မင်းသူ့ကို အန္တရာယ်ပေးလို့မရဘူး"
    ကျယ်လောင်သော ရယ်သံနှင့်အတူ အကြီးအကဲဝမ်သည် ချင်နန်၏ ရှေ့သို့ ရောက်ရှိလာပြီး အကာအကွယ်ပေးလိုက်သည်။

    ထိုအချိန်၌ အကြီးအကဲဝမ်သည် သူ၏ ငယ်ဘဝကို ပြန်ရောက်သွားသကဲ့သို့ သူ၏ မျက်နှာသည် ဝမ်းမြောက်ပျော်ရွှင်မှာများဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် လုံးဝနီရဲနေသည်။ ဤကဲ့သို့ ဂျီးနီးယပ်တစ်ယောက်သည် အဆုံး၌ သူတို့၏ ဗာမီလီယံငှက်တပ်စုကို ရွေးချယ်လိမ့်မည်ဟု မည်သူထင်ထားခဲ့ပါမည်နည်း။

    ဂျီးနီးယပ်တစ်ယောက်သည် အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်ခြင်းမရှိသော်လည်း သူသည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို ကိုယ်စားပြုသည်။

🐱🐱🐱🐱🐱

အပိုင်း (၅၂၄) ဗာမီလီယံငှက်တပ်စု

     “မင်း..."
     ရှီအောက်သည် အံကိုတင်းတင်းကြိတ်ထားပြီး သူ၏ နဖူးပေါ်တွင် သွေးကြောစိမ်းများ ထောင်ထနေသည်။ သူ၏ လက်ဆစ်များမှ တဖြောဖြောက်မြည်သံများ ထွက်ပေါ်နေသည်။

     “သွမ့်ချင်း...မင်းက ချင်နန်နဲ့ ဆွေမျိုးတော်စပ်တယ်မလား...ဒီလိုမှမဟုတ်ရင် မင်းက ဘာလို့ ဒီမေးခွန်းမေးရမှာလဲ...ငါတို့က ချင်နန်နဲ့ ရန်သူဆိုတာ သိသွားလို့ ဗာမီလီယံငှက်တပ်စုကို ရွေးချယ်လိုက်တာပဲ"
     ရှီအောက်၏ မျက်နှာ အလွန်မှုန်ကုတ်နေသည်။

     ထိုစကားများကြားသောအခါ လူအုပ်ကြီးသည်လည်း အလားတူ ခံစားလိုက်ရသည်။
     ချင်နန်သည် အေးစက်သော မျက်နှာထားဖြင့် ရှိနေသည်။ သူတို့ သံသယဝင်သည်ဖြစ်စေ မဝင်ဖြစ်သည်ဖြစ်စေ အရေးမကြီးပေ။ အကြောင်းမှာ သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူပင် သူ၏ အစစ်အမှန်သွင်ပြင်ကို မြင်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။

    “ငါနောက်တစ်ခေါက်ထပ်မေးမယ်...မင်း ဗာမီလီယံငှက်တပ်စုထဲ ဝင်မှာလား...မင်းရဲ့ ဆုံးဖြတ်ချက်ကို နောင်တရဖို့ အချိန်နည်းနည်းရှိသေးတယ်"
     ရှီအောက်သည် စကားလုံးများအား သူ၏ လည်ချောင်းထဲမှ အတင်းဖျစ်ညှစ်ထုတ်ကာ ပြောလိုက်သကဲ့သို့ လူအုပ်ကြီး ကျောရိုးစိမ့်သွားကြသည်။

     “သေချာတယ်"
      ချင်နန်သည် တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။ သူ၏  ကျားဖြူတပ်စုအပေါ်  အမြင်သည် ပို၍ ဆိုးရွားလာသည်။

      “ကောင်းတယ်...ကောင်းတယ်"
    ရှီအောက်သည် သူ၏ ဒေါသကိုချုပ်တည်းကာ ပြောလိုက်သည်။
     “ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ငါသေချာပေါက် မှတ်ထားမယ်...အချိန်ကျလာတဲ့အခါကျရင် မင်း ငါ့ကို ဒူးထောက်ပြီး မတောင်းပန်နဲ့"

    ၎င်းသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်းမှာ သိသာထင်ရှားပေသည်။

    “ဟုတ်လား"
     ချင်နန် အေးစက်စွာ ပြုံးလိုက်သည်။
    သူ့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်တာနဲ့ ဒီရှီအောက်က သူ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့...

     သူက သိုင်းအရှင်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုလေးပိုင်ဆိုင်ပြီး ကျားဖြူတပ်စုရဲ့ ဒုတပ်စုခေါင်းဆောင်ဖြစ်တာနဲ့ သူလုပ်ချင်တာ လုပ်နိုင်တယ်လို့ ထင်နေတာလား...

    ရှီအောက်သည် သွမ့်ချင်းအား ဆက်ကြည့်နေပါက သူ၏ ဒေါသများပေါက်ကွဲကာ တိုက်ခိုက်မိမည်ကို စိုးရိမ်သောကြောင့် သူ၏ အကြည့်ကို လွှဲလိုက်သည်။ သူသည် ကျားဖြူမြို့၏ စည်းမျဉ်းများကို ချိုးဖောက်ပါက ဆိုးဝါးသော အကျိုးဆက်များ ဖြစ်လာလိမ့်မည်ဖြစ်သည်။

     ရှီအောက်သည် လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်သည် လင်းဝူရွှမ်း၊ ရွှယ်မန်နှင့် လောင်ဂူးတို့အပေါ်ကျရောက်သွားပြီး အော်ပြောလိုက်သည်။
      “မင်းတို့ သုံးယောက်ကကော ကျားဖြူတပ်စုထဲ ဝင်ချင်လား...မင်းတို့ကို ပေးမဲ့ အရင်းအမြစ်တွေအတွက် မင်းတို့ သေချာပေါက် ကျေနပ်ကြလိမ့်မယ်"

      “ဒါ...ကျွန်တော်သဘောတူတယ်"
    လင်းဝူရွှမ်း အလောတကြီး ပြောလိုက်သည်။ ၎င်းသည် အမှန်တကယ်ကို ရှားပါးသည့် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် သူသည် လက်လွှတ်ခံစရာအကြောင်းမရှိပေ။

     ထိုစကားကြားသောအခါ ရှီအောက်၏ ခံစားမှုအနည်းငယ်ကောင်းမွန်သွားသော်လည်း လောင်ဂူးနှင့် ရွှယ်မန်တို့၏ တုံ့ပြန်မှုများကြောင့် သူ၏ နှလုံးသား အေးစက်သွားသည်။

     “ကျုပ် ငြင်းပယ်တယ်..."

     “ကျွန်မ ဗာမီလီယံငှက်တပ်စုထဲ ဝင်မယ်"
     လောင်ဂူးနှင့် ရွှယ်မန်တို့ အသီးသီးပြောလိုက်ကြသည်။

    “မင်းတို့ နှစ်ယောက်"
    အဖြေများကို ကြားပြီးနောက် ရှီအောက်သည် သွားများကြေသွားလုနီးပါးအထိ အံကြိတ်လိုက်သည်။

    ဒီနှစ်ယောက်ကလည်း သူ့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ရဲတယ်ပေါ့...

    ဘယ်အချိန်တုန်းက စပြီး သူတို့ ကျားဖြူတပ်စုက အထင်သေးခံရသွားတာလဲ...

     “သွားစို့"
    ရှီအောက်သည် တစ်ချက်အော်ပြောလိုက်ပြီးနောက် လင်းဝူရွှမ်းကို ခေါ်ကာ ထွက်ခွာသွားသည်။ အကယ်၍ သူဆက်နေနေပါက ၎င်းသည် သူ့အတွက် အရှက်ရမှုဖြစ်လိမ့်မည်ဖြစ်သည်။

     လူအုပ်ကြီးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။ ဤကဲ့သို့ အဆုံးသတ်မျိုးဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

     “အကြီးအကဲဝမ်...ကျွန်မ ဗာမီလီယံငှက်တပ်စုထဲ ဝင်လို့ရလား"
     ရွှယ်မန်သည် ရှေ့သို့ ခြေတစ်လှမ်းတက်လာသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများသည် ချင်နန်အား တစိုက်မတ်မတ် ကြည့်နေသည်။

     “ဟား..ဟား...ဒါပေါ့..ရတာပေါ့"
     ထိုစကားကြားသောအခါ အကြီးအကဲဝမ်ရယ်‌မောချလိုက်သည်။ သူသည် အလွန်အားရကျေနပ်နေသည်။
    
     ဗာမီလီယံငှက်တပ်စုက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ ထိပ်တန်းဂျီးနီးယပ်နှစ်ယောက်လုံးကို တစ်ပြိုင်တည်း မစုဆောင်းနိုင်တာ ဘယ်‌လောက်ကြာသွားပြီလဲ...

    ရွှယ်မန်၏ စူးစိုက်ကြည့်မှုကို သတိပြုမိသွားပြီးနောက် ချင်နန် တုန်သွားသည်။ သူမ၏ အကြည့်သည် မင်းသမီးမြောင်မြောင်နှင့် စတင်တွေ့ဆုံစဉ်က အကြည့်ထက်ပင် ပို၍ကြောက်ဖို့ကောင်းပေသည်။ သူသည် ချက်ချင်းပင် လောင်ဂူးသားရဲကို လှည့်ကြည့်ကာ ပြောလိုက်သည်။
     “လောင်ဂူး...မင်းက ဘယ်လိုလဲ..."

   “သွမ့်...သွမ့်ချင်း...ငါ ဗာမီလီယံငှက်တပ်စုထဲကို မဝင်ချင်ဘူး...ငါလိပ်နက်တပ်စုထဲ ဝင်မယ်"
     လောင်ဂူးသည် သူ၏ လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
      သူ၏ ကောင်းကင်နဂါးနှင့် မိုးကြိုးကျား၏ သွေးကြောနှင့်ပင် ချင်နန်၏ တည်ရှိမှုကြောင့် သူသည် အာရုံစိုက်ခံရမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ချင်နန်နှင့် အတူနေချင်စိတ်မရှိပေ။ သူသည် လိပ်နက်တပ်စုသို့ ဝင်ရောက်ပါက ထိုနေရာတွင် တောက်ပထွန်းလင်းလိမ့်မည်ဖြစ်သည်။

     “တကယ်လား"
     ဒုတပ်စုခေါင်းဆောင်ရှုံ ပျော်ရွှင်သွားသည်။ လောင်ဂူး၏ ပါရမီသည် ရွှယ်မန်နှင့် တစ်တန်းတည်းဖြစ်သည်။

    “ကျုပ်တကယ်ပြောနေတာပေါ့...အဘိုးကြီး ကျုပ်ခင်ဗျားရဲ့ တပ်စုထဲ ဝင်မှာဆိုတော့ ခင်ဗျား ဂုဏ်တက်ပြီလို့ မှတ်လိုက်တော့...ပြီးတော့ ကျုပ်အတွက် စားကောင်းသောက်ကောင်းတွေနဲ့ အလှလေးတွေ ပြင်ပေးဖို့ မမေ့နဲ့"
     လောင်ဂူးသည် ဂုဏ်ယူသည့် မျက်နှာထားဖြင့် ဖြစ်သွားသည်။

    ထိုမြင်ကွင်းအားကြည့်ကာ ချင်နန် ဆွံ့အသွားသည်။ သို့သော်လည်း သူ မည်သည့်စကားမျှမပြောပေ။ သူသည် လောင်ဂူးအား သူနှင့်အတူ ခေါ်ချင်သော်လည်း လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းအား ပို၍နှစ်သက်ကြောင်းကို သူသိပေသည်။

     “လာ...ငါမင်းတို့ကို ဗာမီလီယံငှက်တပ်စုဌာနချုပ်ကို ခေါ်သွားမယ်"
     ထိပ်တန်းဂျီးနီးယပ်နှစ်ယောက်ကို ရွေးချယ်ပြီးသွားပြီဖြစ်သောကြောင့် အကြီးအကဲဝမ်သည် အခြားဂျီးနီးယပ်များအတွက် ဒုတပ်စုခေါင်းဆောင်ရှုံနှင့် ယှဉ်ပြိုင်မည်မဟုတ်ကြောင်းကို ပြောစရာမလိုပေ။ သူသည် ချင်နန်တို့အား ခေါ်ယူကာ လေထဲသို့ ပျံသန်းသွားသည်။ ကျင့်ကြံသူများ၏ ပျံသန်းခြင်းကို တားမြစ်ထားသော ကျားဖြူမြို့၏ စည်းမျဉ်းသည် သာမန်လူများနှင့်သာ သက်ဆိုင်သည်။
     ကျားဖြူမြို့မှ ထွက်လာပြီးသောအခါ အကြီးအကဲဝမ်သည် လေဟာနယ်ကို ဆုတ်ဖြဲကာ သူတို့နှစ်ယောက်ကို အထဲသို့ ခေါ်လာခဲ့သည်။ ငါးကြိမ်ခန့် တည်နေရာကူးလူးပြီးနောက် အကြီးအကဲဝမ်ရပ်တန့်လိုက်သည်။

     “ဒါက ဗာမီလီယံငှက်တပ်စုရဲ့ ဌာနချုပ်ပဲ"
    အကြီးအကဲဝမ်သည် သူ၏ လက်များကိုနောက်ပစ်ထားကာ ဂုဏ်ယူသော မျက်နှာထားဖြင့် ရှိနေသည်။

    ချင်နန်သည် ရွှယ်မန်ကဲ့သို့ အောက်ငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူတို့၏ အောက်တွင် ကြီးမားသည့် တောင်တန်းကြီးရှိပြီး ၎င်း၏ အရွယ်အစားသည် ကောင်းကင်အတားအဆီးတောင်တန်းနှင့် အတူတူပင်ဖြစ်သည်။
    တောင်တန်း၏ အလယ်၌ ကြီးမားသော ဝင်္ကပါကြီးတစ်ခုလွှမ်းခြုံထားသည်။ ဝင်္ကပါသည် ကြည်လင်ပေသည်။ ထို့ကြောင့် သူတို့သည် ဝင်္ကပါထဲမှ နန်းတော်များကို အလွယ်တကူ တွေ့မြင်နေရသည်။

     ချင်နန်သည် စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးဖြင့် ကြည့်ရှုလိုက်ရာ ဝင်္ကပါသည် အလွန်ကြောက်စရာကောင်းကြောင်းကို တွေ့ရှိလိုက်သည်။ ၎င်းသည် တောင်တန်းတစ်ခုလုံး၏ စွမ်းအားများကို စုဆောင်းထားပြီး အသက်ဝင်လာသည့်အခါ၌ သိုင်းသူတော်စင်၏ တိုက်ခိုက်မှုများကို ခုခံနိုင်ပေသည်။

      “ဒါက ဗာမီလီယံငှက်တပ်စုရဲ့ တံဆိပ်ပဲ...မင်းတို့ ဒီတံဆိပ်နဲ့ပဲ အန္တရာယ်ကင်းကင်း ဝင်လို့ရမယ်"
     အကြီးအကဲဝမ်သည် ချင်နန်နှင့် တံဆိပ်တစ်ခုစီပစ်ပေးပြီးနောက် သူ၏ မျက်နှာ တည်သွားသည်။

    “ဗာမီလီယံငှက်တပ်စုထဲ မဝင်ခင် ငါမင်းတို့ကို ရှင်းပြမယ်"
    
     “ဟုတ်ကဲ့"
     ချင်နန်နှင့် ရွှယ်မန်တို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြသည်။

    “ဗာမီလီယံငှက်တပ်စုရဲ့ စည်းမျဉ်းတွေက ရိုးရှင်းတယ်...ပထမတစ်ခုက သစ္စာမဖောက်ရဘူး...ဒုတိယတစ်ခုက အမိန့်တွေကို နာခံရမယ်"
     အကြီးအကဲဝမ် တင်းပြတ်သော အသံဖြင့် ပြောလိုက်သည်။
     “တကယ်လို့ မင်းတို့က စည်းမျဉ်းတစ်ခုခုကို ချိုးဖောက်တယ်...အထူးသဖြင့် ပထမစည်းမျဉ်းကို ချိုးဖောက်မယ်ဆိုရင် မင်းက ဘယ်လောက်ပါရမီရှိရှိ ဗာမီလီယံငှက်တပ်စုက အင်အားအကုန်အသုံးပြုပြီး လိုက်ဖမ်းမယ်"
     ချင်နန် အနည်းငယ် အံ့အားသင့်သွားပြီး ရုတ်တရက် ရှီအောက်၏ စကားများကို အမှတ်ရသွားသည်။

     အရင်က ဗာမီလီယံငှက်တပ်စုရဲ့ထိပ်တန်းဂျီးနီးယပ်တွေက သူတို့ရဲ့ တပ်စုကို သစ္စာဖောက်ခဲ့ကြတာမလား...

   ရုတ်တရက် အတွေးတစ်ခု ဝင်ရောက်လာကာ အကြီးအကဲဝမ်သည် ဂုဏ်ယူသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
     “ဒီလိုဆိုပေမဲ့ မင်းတို့ တစ်ခုခုအမှားလုပ်မိရင် မင်းတို့ကို ဗာမီလီယံငှက်တပ်စုကပဲ အပြစ်ပေးလို့ရတယ် ...ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ ဘုရင်အပါအဝင် ဘယ်သူမှ မင်းတို့ကို အန္တရာယ်ပေးလို့မရဘူး"
    ထိုစကားများကို ဟိတ်ဟန်ကြီးမားစွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

     ချင်နန်သည် သူ၏ နှလုံးသားထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူ ဗာမီလီယံငှက်တပ်စုထဲ ဝင်ရောက်ခဲ့ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။

     ရွှယ်မန်သည် စည်းမျဉ်းများကို သိပြီးသားဖြစ်သဖြင့် သူမသည် အံ့ဩခြင်းမရှိပေ။ သူမ၏ မျက်လုံးများသည် ချင်နန်ပေါ်သို့သာ ကျရောက်နေပြီး တစ်ခါတစ်ရံ အရောင်လက်လက်နေသည်။ သူမ မည်သည့်အရာများ တွေးတောနေကြောင်းကို မသိရှိနိုင်ပေ။

     “မင်းတို့နှစ်ယောက်အပြင် ဒီနှစ်ထဲမှာ ငါတို့ တပည့်ဆယ်ယောက် ရွေးချယ်ထားသေးတယ်"
     အကြီးအကဲဝမ် အပြုံးဖြင့် ပြောလိုက်သည်။
    “ငါတို့ မင်းတို့ကို သုံးလလေ့ကျင့်ပေးမယ်...ဒါပေမဲ့ ကျင့်ကြံမှုအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို မင်းတို့ ကိုယ်ဘာသာရှာရမယ်"

    “နောက်ထပ် ဂျီးနီးယပ်ဆယ်ယောက်လား"
     ချင်နန်၏ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ နှလုံးသားထဲတွင် စိတ်အားထက်သန်သည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။

    “သွားစို့"
    အကြီးအကဲဝမ်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ချင်နန်နှင့် ရွှယ်မန်အား ဝင်္ကပါထဲသို့ ခေါ်သွားသည်။

🐱🐱🐱🐱🐱

အပိုင်း (၅၂၅) ကျွန်တော်မယုံဘူး

     ဝင်္ကပါကြီးထဲ ဝင်လာပြီးနောက် သူတို့၏ မြင်ကွင်းထဲ ဒိုဂျိုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းကို အဝါရောင်မြေဆီလွှာဖြင့် ပြုလုပ်ထားပြီး နွမ်းပါးသော ရွာတစ်ရွာကဲ့သို့ မည်သို့မျှ ထူးဆန်းခြင်းမရှိပေ။
    ဒိုဂျိုပေါ်၌ လူတစ်ဆယ်ယောက် ရပ်နေသည်။ ခုနှစ်ယောက်သည် ယောက်ျားလေးများဖြစ်ပြီး သုံးယောက်သည် မိန်းကလေးများဖြစ်ကြသည်။

     “ဟမ်...ဘယ်လောက်အစွမ်းထက်လိုက်လဲ..."
   ချင်နန်သည် သူတို့အား ဘယ်ဘက်မျက်လုံးဖြင့် ကြည့်ရှုလိုက်ပြီး သူ၏ မျက်နှာ တည်တံ့သွားသည်။
    သူတို့၏ ကျင့်ကြံမှုသည် အနိမ့်ဆုံးသိုင်းသခင်အဆင့်ငါးနှင့် ထို့အထက်အဆင့်များဖြစ်ကြပြီး သုံးယောက်သည် သိုင်းသခင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ထို့ပြင် သူတို့၏ သိုင်းဝိညာဉ်များသည်လည်း အနိမ့်ဆုံးမှာ ‘ဒီ'အဆင့်လေးဖြစ်သည်။

     “သူက အစွမ်းထက်ဆုံးပဲ...ကျင့်ကြံမှုသိုင်းအရှင်တစ်ဝက်အဆင့်နဲ့ ‘ဒီ'အဆင့်ခုနှစ်သိုင်းဝိညာဉ်"
     ချင်နန်၏ အကြည့်သည် အနက်ရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိသော လူငယ်တစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။ သူ၏ အော်ရာသည် သမုဒ္ဒရာတစ်ခုကဲ့သို့ နက်ရှိုင်းပြီး သူ၏ ကျောပေါ်တွင် ဓားပြားကြီးတစ်ချောင်းကို သယ်ဆောင်ထားသည်။ သူသည် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ ဝန်းကျင်မှ လူများကို ဖိအားကြီးတစ်ခု ပေးနေသည်။

      “ ‘ဒီ'အဆင့်ခုနှစ်သိုင်းဝိညာဉ်...ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံတစ်ခုလုံးမှာတောင် အယောက်နှစ်ဆယ်ကျော်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်"
     ချင်နန်၏ မျက်လုံးများ အံ့အားသင့်မှုဖြင့် အရောင်လက်သွားသည်။

     ဤကဲ့သို့ အစွမ်းထက်သော ဂျီးနီးယပ်သည် ဗာမီလီယံငှက်တပ်စုသို့ ဝင်ခဲ့သည်။ ၎င်းသည် သူ၏ သွေးစီးဆင်းမှုအား တဖြည်းဖြည်းမြန်ဆန်လာစေခဲ့သည်။

    ချင်နန်နှင့် ရွှယ်မန်တို့သည် လူစုအားကြည့်ရှုနေသကဲ့သို့ လူစုသည်လည်း သူတို့အား ပြန်လည်ကြည့်ရှုနေသည်။
   

     “ကောင်းပြီ...ကောင်းပြီ...အခု တိတ်တိတ်နေကြ...ငါ ဗာမီလီယံငှက်တပ်စုကို မိတ်ဆက်ပေးမယ်...ဒါက အရမ်းရိုးရှင်းတယ်...ဗာမီလီယံငှက်တပ်စုမှာ အဓိကအဆောက်အဦးသုံးခုပဲ ရှိတယ်...သိုင်းပညာဆောင်၊ အရင်းအမြစ်ခန်းမနဲ့ ကျင့်ကြံခြင်းခန်းမပဲ..ငါတို့ တပ်စုခေါင်းဆောင်က အခုကျင့်ကြံခြင်းခန်းမထဲမှာ ကျင့်ကြံနေတယ်...အချိန်ကျလာတဲ့အခါကျရင် မင်းတို့ သူ့ကို တွေ့ရမယ်..."
     အကြီးအကဲဝမ်သည် လူအုပ်ရှေ့သို့ ဆင်းသက်လာကာ ရှင်းပြလိုက်သည်။

     ချင်နန်သည် အဆောက်အဦးများအား ကြည့်လိုက်ရာ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။ အဆောက်အဦးသုံးခုလုံးကို ထူးခြားဆန်းကြယ်သော အော်ရာများ လွှမ်းခြုံထားသည်။ သူသည် ၎င်းတို့ကို အနည်းငယ်မျှပင် ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။ ထို့ပြင် ချင်နန်သည် ကျင့်ကြံခြင်းခန်းမထဲမှ လာသော ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုကို ခံစားနိုင်ပေသည်။

    အော်ရာသည် ဝမ်တာအိုအကြီးအကဲများထက် ပို၍အစွမ်းထက်ပေသည်။

     “ဗာမီလီယံငှက်တပ်စုရဲ့ ခေါင်းဆောင်က အဲဒီအဆောက်အဦးထဲမှာလို့ ငါယုံကြည်တယ်..."
    ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

    “ဒါ့အပြင် ဗာမီလီယံငှက်တပ်စု၊ လိပ်နက်တပ်စုနဲ့ ကျားဖြူတပ်စုတို့က ဘာလို့ပထမဆုံး စတင်တည်ထောင်ရတာလဲဆိုတာ ငါမင်းတို့ကို ရှင်းပြပေးမယ်"
     အကြီးအကဲဝမ် ဖြည်းလေးစွာ ပြောလိုက်သည်။

    ချင်နန်သည် အကြီးအကဲဝမ်၏ စကားကိုနားထောင်ရင်းအခြေအနေကို တဖြည်းဖြည်းနားလည်လာသည်။

    ကောင်းကင်လောင်ကျွမ်းနိုင်ငံ စတင်ဆောက်လုပ်စဉ်က နတ်ဘုရားသားရဲသုံးကောင်သည် ကျားဖြူတပ်စု၊ ဗာမီလီယံငှက်တပ်စုနှင့် လိပ်နက်တပ်စုတို့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နတ်ဘုရားသားရဲသုံးကောင်သည် ကောင်းကင်ကျားဖြူ၊ သွေးတောင်ပံဗာမီလီယံငှက်နှင့် သမုဒ္ဒရာကာကွယ်သူလိပ်နက်တို့ဖြစ်သည်။ သို့သော်လည်း သွေးတောင်ပံဗာမီလီယံငှက်နှင့် သမုဒ္ဒရာကာကွယ်သူလိပ်နက်တို့သည် တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ ထို့ကြောင့် ကောင်းကင်ကျားဖြူတစ်ကောင်သာ ကျန်ရှိတော့သည်။
      တပ်စုသုံးစုတည်ထောင်ခြင်းသည် ကောင်းကင်လောင်ကျမ်းခြင်းနိုင်ငံတွင် ရှိသော ဂျီးနီးယပ်များကို စုဆောင်းရန်အတွက်ဖြစ်သည်။
      ထို့နောက် ဂျီးနီးယပ်များသည် ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုဖြင့် ပြင်းထန်စွာ လေ့ကျင့်ရသည်။ သူတို့၏ လေ့ကျင့်မှုပြီးဆုံးသွားမှသာ သူတို့သည် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ မြို့တစ်ရာရှစ်ဆယ့်ရှစ်မြို့ကို သွားခြင်း သို့မဟုတ် ကျားဖြူမြို့တော်တွင် နေထိုင်ခြင်း သို့မဟုတ် စစ်တပ်များထဲသို့ ဝင်ရောက်ခြင်းနှင့် တာဝန်များထမ်းဆောင်ကာ နိုင်ငံ၏ အထောက်အပံ့ဖြစ်လာကြသည်။
     ဥပမာအားဖြင့် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ မဟာတပ်ဖွဲ့ကြီးသုံးခုသို့ ဝင်ရောက်ကြသော သူများသည် တပ်စုသုံးစု၏ ဂျီးနီးယပ်များဖြစ်ကြသည်။
     မင်းညီမင်းသားတစ်ဆယ်ပါးနှင့် ကုန်သွယ်ရေးမဟာမိတ်၏ ဌာနချုပ်ပင် တပ်စုသုံးစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ အခြားအဖွဲ့အစည်းကြီးသုံးခုနှင့် တိုက်ပွဲများဖြစ်ပွားပြီးသည့်နောက်တွင် ကုန်သွယ်ရေးမဟာမိတ်ဟူသည့် ခေါင်းစဉ်ယူလိုက်ခြင်းဖြစ်သည်။

      “မင်းတို့က ဗာမီလီယံငှက်တပ်စုရဲ့ ကိုးဆယ့်ကိုးသုတ်မြောက်တပည့်တွေပဲ...လေ့ကျင့်ရေးက သုံးလကြာလိမ့်မယ်...အဲဒီနောက် ဗာမီလီယံငှက်တပ်စုမှာ နေချင်နေ ဒါမှမဟုတ် ထွက်သွားချင် ထွက်သွားနိုင်တယ်...အားလုံးရှင်းကြလား"
     အကြီးအကဲဝမ်၏ မျက်နှာသည် ဖော်ရွေသော်လည်း သူ၏ လေသံမှာ ပြတ်သားနေသည်။

      “ဟုတ်ကဲ့"
      ချင်နန်နှင့် အခြားသူများ ပြန်ပြောလိုက်ကြသည်။
   
      “ကောင်းတယ်"
    အကြီးအကဲဝမ်သည် သူ၏ လက်များကို နောက်ပစ်လိုက်ပြီးနောက် အားလုံးကို စူးရှစွာကြည့်လိုက်သည်။
      “လေ့ကျင့်မှုအတွက် မင်းတို့ကို  အဖွဲ့နှစ်ဖွဲ့ခွဲလိုက်မယ်...တစ်ဖွဲ့မှာ လူခြောက်ယောက်နဲ့ အဖွဲ့ခေါင်းဆောင်တွေက ဦးဆောင်ရမယ်...သွမ့်ချင်း...မူချန်ရယ် ရှေ့တက်လာခဲ့...အခု ငါမင်းတို့ကို ပထမအဖွဲ့နဲ့ ဒုတိယအဖွဲ့ရဲ့ ခေါင်းဆောင်တွေအဖြစ် ရွေးချယ်လိုက်ပြီ...ဒါက အမိန့်ပဲ"

     ချင်နန် အံ့အားသင့်သွားသည်။ သူရောက်ရှိလာသည်နှင့် အဖွဲ့ခေါင်းဆောင်အဖြစ် ချက်ချင်းရွေးချယ်ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ရွေးချယ်စရာမရှိသောကြောင့် သူ ခေါင်းညိတ်လိုက်သည်။

      “ဒီတော့ သူ့နာမည်က မူချန်ရယ်ပေါ့"
       ချင်နန်သည် လူငယ်ကို ကြည့်ရှုလိုက်သည်။

      သူ့အား အံ့အားသင့်စွာဖြင့် လူငယ်သည်လည်း သူ့ကို ပြန်လည်ကြည့်ရှုနေသည်။

    “အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ မင်းတို့က လာမဲ့ လေ့ကျင့်ရေးကာလသုံးလအတွင်းမှာ မင်းတို့ရဲ့ အဖွဲ့သားတွေကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်...မင်းတို့နားလည်လား"
     အကြီးအကဲဝမ်သည် သူတို့ကို ကြည့်ရှုလိုက်သည်။ မည်သည့်ကန့်ကွက်မှုမျှ မထွက်ပေါ်လာသောကြောင့် သူသည် တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။
      “အခြားသူတွေကတော့ အခု မင်းတို့ ဘယ်အဖွဲ့ထဲ ဝင်မလဲဆိုတာ ရွေးချယ်နိုင်ပြီ"

     “ကျွန်တော် ဒုတိယအဖွဲ့ထဲဝင်မယ်"

    “ဟုတ်တာပေါ့...ကျွန်တော်လည်း အစ်ကိုမူရဲ့ အဖွဲ့ထဲဝင်မယ်"

     “ကျွန်တော်လည်း ဒုတိယအဖွဲ့ထိ ဝင်မယ်"

     “..........."

     ရွှယ်မန်မှတစ်ပါး လူတိုင်းသည် ဒုတိယအဖွဲ့ထဲ ဝင်ရန် ရွေးချယ်လိုက်ကြသည်။

    မူချန်ရယ်သည် ‘ဒီ'အဆင့်ခုနှစ်သိုင်းဝိညာဉ်ပိုင်ဆိုင်ပြီး အစွမ်းထက်သော ဂျီးနီးယပ်တစ်ယောက်ဖြစ်ကြောင်းကို သူတို့ ရှင်းလင်းစွာသိပေသည်။ အဖွဲ့အား ရွေးချယ်ရာ၌ သူတို့အတွက် တုံ့ဆိုင်းနေစရာမလိုပေ။

      ဒီသွမ့်ချင်းဆိုတာက ဘယ်သူလဲ..

     သူတို့သည် သူမည်သူမည်ဝါဖြစ်ကြောင်းအား မသိရှိပေ။

     “ဟန့်"
      ရွှယ်မန်သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
     သူ့မှာ ‘ဒီ'အဆင့်ခုနှစ်သိုင်းဝိညာဉ်ရှိတော့ကော ဘာဖြစ်လဲ...
     သူတို့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်သည့်အချိန်၌ မည်သူအနိုင်ရမည်ကို ပြောရန် အလွန်ခက်ပေသည်။

     ချင်နန်သည် ဂရုမစိုက်သည့် မျက်နှာထားဖြင့် ရှိနေသည်။ သူသည် တစ်ယောက်တည်းရှိသည့်တိုင် စိတ်ထဲထားလိမ့်မည်မဟုတ်ပေ။

    အကြီးအကဲဝမ်သည် ခေါင်းယမ်းကာ ပြောလိုက်သည်။
    “ဒုတိယအဖွဲ့ကို လူရှစ်ယောက်ပဲ ဝင်ခွင့်ပေးနိုင်မယ်...မင်းတို့ထဲက နှစ်ယောက်က အခြားအဖွဲ့ထဲ ဝင်ရမယ်"

     ထိုစကားများကြားပြီး‌နောက် ဂျီးနီးယပ်များသည် တစ်ယောက်နှင့် တစ်ယောက် သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။ မည်သူမျှ ဒုတိယအဖွဲ့မှ ထွက်ခွာလိုစိတ်မရှိကြောင်း သိသာထင်ရှားပေသည်။

     နောက်ဆုံး၌ မူချန်ရယ်သည် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
    “ငါတို့ ဒုတိယအဖွဲ့က သန်မာတာကိုပဲ လက်ခံမယ်..အားနည်းတာကို လက်မခံဘူး...ရှန်ဖိန်း၊ စုချန် မင်းတို့နှစ်ယောက် ပထမအဖွဲ့ထဲ သွားလိုက်ကြ"

     စကားများကို လုံးဝညှိုနှိုင်း၍မရသော ခိုင်မာပြတ်သားသည့် အသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

     “အစ်ကိုမူ..ကျုပ်တို့..."
    ထွားကြိုင်းသော လူငယ်နှင့် ဆွဲဆောင်မှုရှိသော အရပ်ရှည်ရှည်နှင့် မိန်းကလေးသည် ဆန္ဒမရှိစွာဖြင့် ကြည့်လိုက်သည်။

      ချင်နန်သည် သူတို့ကို ကြည့်ရှုလိုက်သည်။ ဤရှန်ဖိန်းသည် ‘ဒီ'အဆင့်ငါးသိုင်းဝိညာဉ်ပိုင်ဆိုင်သည့် ဂျီးနီးယပ်တစ်ဦးဖြစ်သည်။ သို့သော်လည်း သူ၏ ကျင့်ကြံမှုသည် သိုင်းသခင်အဆင့်လေးသာဖြစ်သည်။ စုချန်၏ ကျင့်ကြံမှုသည် သိုင်းအရှင်အဆင့်ခုနှစ်သို့ရောက်ရှိနေသော်လည်း သူမသည် ‘ဒီ'အဆင့်လေးသိုင်းဝိညာဉ်ကိုသာ ပိုင်ဆိုင်ပေသည်။ ရလဒ်အနေဖြင့် သူတို့သည် ဂျီးနီးယပ်များကြားထဲ၌ အားအနည်းဆုံးဖြစ်ကြောင်း သံသယရှိစရာမလိုပေ။

     မူချန်ရယ်သည် သူ၏ မျက်ခုံးများကို ပင့်လိုက်ပြီးနောက် သူ၏ အပြာရောင်မျက်လုံး ထက်ရှသွားသည်။ အေးစက်သော သတ်ဖြတ်ခြင်းအော်ရာတစ်ခုသည် မုန်တိုင်းတစ်ခုပမာ ထွက်ပေါ်လာသည်။

      ရှန်ဖိန်းနှင့် စုရှန်တို့၏ မျက်နှာများ ဖြူဖျော့သွားပြီး အမှတ်တမဲ့ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြသည်။

     “ကောင်းပြီ..ရှန်ဖိန်းနဲ့ စုချန်က ပထမအဖွဲ့ထဲ ဝင်ရမယ်"
    အကြီးအကဲဝမ်သည် သူ၏ ရှေ့မှ မြင်ကွင်းကို အံ့အားသင့်ခြင်းမရှိပေ။

    “ဒီလိုဆို...အစ်ကိုသွမ့်ချင်း...ကျေးဇူးပြုပြီး ကျုပ်တို့ကို ဂရုစိုက်ပေးပါ"
    ရှန်ဖိန်းနှင့် စုချန်တို့နှစ်ဦးလုံး မချိပြုံးပြုံးလိုက်ကြသည်။ ဤကဲ့သို့ အခြေအနေတွင် သူတို့အတွက် ရွေးချယ်စရာလမ်းမရှိတော့ပေ။ ထို့ကြောင့် သူတို့သည် သွမ့်ချင်းအား လက်သီးစုကာ ပြောလိုက်သည်။
     ချင်နန်သည် ခပ်ပါးပါး ခေါင်းညိတ်လိုက်သည်။ သူသည် စိတ်အနှောက်အယှက်ဖြစ်ခြင်းမရှိပေ။
     ဤနှစ်ယောက်သည် ကောင်းမွန်စွာပြုမူနေသ၍ သူသည် သူတို့၏ အဖွဲ့ခေါင်းဆောင်အနေဖြင့် စောင့်ရှောက်ရမည်တာဝန်ကိုစိတ်ထဲ သိပ်ထားခြင်းမရှိပေ။

      “နပေါဦး"
      ရုတ်တရက် အက်ကွဲသော အသံတစ်သံ ‌ထွက်ပေါ်လာသည်။
    “အကြီးအကဲဝမ်...အစ်ကိုမူချန်ရယ်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာကို ကျွန်တော် မကန့်ကွက်လိုပါဘူး...ဒါပေမဲ့ ဒီသွမ့်ချင်းကတော့...ကျွန်တော် သူ့အကြောင်းကို တစ်ခါမှ မကြားဖူးဘူး...သူက ပထမအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ ကျွန်တော် ရှုံလင် မယုံဘူး"

      စကားလုံးများသည် မုန်တိုင်းထန်သွားသကဲ့သို့ပင်....

Continue Reading

You'll Also Like

48.9K 4.6K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
41.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
2.3M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
103K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...