အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၄၉၁ - ၄၉၅

558 44 0
By Azure5549


အပိုင်း (၄၉၁) မျောက်သစ်သီး

      ချင်နန်သည် သူတို့နှစ်ယောက်ကို မည်သည့်စကားမျှမပြောဘဲ တည်ငြိမ်စွာ ကြည့်လိုက်သည်။

     ထိုအချိန်၌ ဖန်ရှင်းလု၏ မျက်နှာ တည်တံ့သွားပြီး
     “နင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ...စကားပြောဆင်ခြင်ကြ...ဒါက အစ်ကိုချင်နန်ပဲ...သူ့ရဲ့ အကူအညီကြောင့်သာမဟုတ်ရင် ငါသေ‌နေပြီ"

      လူငယ်နှစ်ယောက် အံ့အားသင့်သွားပြီး ချင်နန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
      ဒီကောင်သည် ငါတို့နဲ့ အသက်တူတူလောက်ပဲဆိုပေမဲ့ သိုင်းသခင်တစ်ဝက်အဆင့်သားရဲကို မောင်းထုတ်နိုင်ခဲ့တယ်ပေါ့...

     ၎င်းသာ အမှန်ဆိုပါက ဤချင်နန်တွင် သေချာပေါက် ကြောက်မက်ဖွယ်ရာနောက်ခံရှိလိမ့်မည်ဖြစ်သည်။

      သူတို့ နှစ်ဦး ဆွံ့အသွားကြသည်။

     “ရပါတယ်"
     ချင်နန် ခေါင်းခါယမ်းကာ ဆက်မေးလိုက်သည်။
    “နဝမမြို့ဆိုတာ ဘာလဲ"

     ထိုစကားကြားသောအခါ လူငယ်နှစ်ယောက် အံ့အားသင့်သွားကြသည်။

      ဖန်ရှင်းလု တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
      “အစ်ကိုချင်နန်...ဒီနဝမမြို့ဆိုတာက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ နဝမမြို့ကို ဆိုလိုတာပါ...ဒီလိုဆို ဘယ်လိုလဲ...ဒါက ရှင့်ရဲ့ ပထမဆုံးအကြိမ် အထက်ပိုင်းခရိုင်ကို ရောက်ဖူးတာဆိုတော့ ရှင်ဘာမှ သိပ်သိသေးမှာ မဟုတ်ဘူး...ကျွန်မတို့ မျောက်သစ်သီးကို ရှာတွေ့ပြီးတာနဲ့ ရှင် အထက်ပိုင်းခရိုင်ရဲ့ အကြောင်းကို သိရအောင် ကျွန်မရှင့်ကို နဝမမြို့ကို ခေါ်သွားပေးမယ်...ဘယ်လိုလဲ"

       ချင်နန်၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်အား တွေ့သောအခါ ဖန်ရှင်းလု ဆက်ပြောလိုက်သည်။
     “ကျွန်မတို့ ဒီကိုလာတာက မျောက်သစ်သီးကို ရှာဖို့အတွက်ပဲ...ဒါပေမဲ့ ကျွန်မတို့က ဟိုသားရဲနဲ့ အရင်တွေ့သွားခဲ့တယ်"

       ထိုစကားများကြားပြီးနောက် ချင်နန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် အထက်ပိုင်းခရိုင်အကြောင်းအား နည်းနည်းလေးသာသိသောကြောင့် နဝမမြို့သို့ သွားခြင်းသည် သူ့အတွက် အကျိုးရှိနိုင်ပေသည်။

      “ကျွန်တော် သဘောမတူဘူး"
      ထိုအချိန်၌ လူငယ်တစ်ယောက်သည် ရုတ်တရက် ချင်နန်အား လက်ညှိုးထိုးကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
     “အစ်မရှင်းလု..ဒီကောင်က ဘယ်ကလာလဲဆိုတာ ကျွန်တော်တို့ မသိဘူး...ဖြစ်နိုင်တာက သူက ကျွန်တော်တို့နဲ့ ရင်းနှီးအောင် ကြိုးစားပြီး မျောက်သစ်သီးကို လုချင်လို့ နေလိမ့်မယ်"

      လူငယ်နှစ်ယောက်သည် အစက ချင်နန်၏ စွမ်းအားကို ရှိန်ခဲ့ကြသော်လည်း သူသည် အောက်ပိုင်းခရိုင်မှ လာသည်အား သိရှိသွားပြီးနောက် သူတို့ အထင်သေးသွားကြသည်။
    အောက်ပိုင်းခရိုင်မှ ကျင့်ကြံသူများကို အဘယ်ကြောင့် အထင်ကြီးရပါမည်နည်း။
 
      “ပါးစပ်ပိတ်စမ်း"
      ဖန်ရှင်းလု၏ မျက်နှာ အေးစက်သွားသည်။ သူတို့သည် ကန့်လန့်တိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

      လူငယ်နှစ်ယောက်သည် တစ်စုံတစ်ခုပြောရန် ကြိုးပမ်းလိုက်သော်လည်း ဖန်ရှင်းလု၏ တုံ့ပြန်မှုကို တွေ့ရှိပြီးနောက် ပါးစပ်ပိတ်ကာ ချင်နန်ကို စိုက်ကြည့်လိုက်သည်။

      ချင်နန်သည် သူတို့၏ တည်ရှိမှုအား သတိမပြုမိသကဲ့သို့ တည်ငြိမ်စွာပင် ရှိနေသည်။

      ၎င်းသည် လူငယ်များအတွက် ပို၍မနှစ်မြို့စရာဖြစ်သွားသည်။

      “အစ်ကိုချင်နန် သွားစို့"
     ဖန်ရှင်းလုသည် သူတို့အား သဘောကျခြင်းမရှိသော်လည်း မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ကလန်တစ်ခုထဲမှ သူမ၏ ဝမ်းကွဲများဖြစ်ကြသောကြောင့် သူမသည် သူတို့ကို မနှင်ထုတ်နိုင်ပေ။

     ချင်နန်သည် ခေါင်းညိတ်လိုက်ပြီးနောက် ဖန်ရှင်းလု၏ နောက်မှ ကောင်းကင်အတားအဆီးတောင်တန်း၏ အနက်ပိုင်းသို့ ဝင်လာခဲ့သည်။

      နာရီဝက်ကြာပြီးနောက်တွင် ဖန်ရှင်းလုသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်ပြီး တောအုပ်ကို စတင်ရှာဖွေလိုက်သည်။ တစ်ခဏကြာပြီးနောက်တွင် သူမသည် ရုတ်တရက် ထအော်လိုက်သည်။
      “မျောက်သစ်သီး...ငါမျောက်သစ်သီးကို တွေ့ပြီ...ဒီမှာ အများကြီးရှိတယ်"

       လူငယ်နှစ်ယောက် တက်ကြွသွားပြီး အလျင်အမြန် ပြေးသွားကြသည်။
     ချင်နန်သည် အဝေးမှ ရပ်နေကာ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးနှင့် ကြည့်ရှုလိုက်သည်။ မြက်ပင်များကြားထဲတွင် လက်သည်းအရွယ်အစားခန့်ရှိသော မျောက်ပုံသဏ္ဌာန်နှင့် ဆင်တူသည့် သစ်သီးအနည်းငယ်ကို တွေ့လိုက်ရသည်။ ၎င်းသည် တစ်ဆယ့်ရှစ်လုံးဖြစ်သည်။

      “ဟမ်"
       ချင်နန်၏ မျက်လုံးများ အံ့အားသင့်မှုဖြင့် အရောင်လက်သွားသည်။ သစ်သီးများမှ ထွက်ပေါ်နေသော သန့်စင်သည့် အော်ရာကို သူ ခံစားနိုင်ပေသည်။ စားသုံးလိုက်သည်နှင့် ၎င်းသည် သူ၏ အခြေတည်စိတ်ဝိညာဉ်ကို များစွာ အကျိုးရှိစေလိမ့်မည်ဖြစ်သည်။ ကောင်းကင်အတားအဆီးတောင်တန်းကဲ့သို့ နေရာမျိုးတွင် ဤကဲ့သို့ အသုံးဝင်သောရတနာများရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သောကြောင့် သူ အံ့အားသင့်သွားသည်။

      “မင်းသမီးမြောင်မြောင်သာ ငါနဲ့ အတူရှိနေလို့ကတော့..."
     ချင်နန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

     မင်းသမီးမြောင်မြောင်၏ အကူအညီဖြင့် ဆိုပါက သူတို့သည် ကောင်းကင်အတားအဆီးတောင်တန်းတစ်ခုလုံးမှ ရတနာများကို သုံးရက်အတွင်း သိမ်းဆည်းနိုင်ပေသည်။

     “အစ်ကိုချင်နန်...ဒီမှာ မျောက်သစ်သီးရှစ်လုံးပါ...ကျွန်မကို ကယ်ခဲ့တဲ့ အတွက်ကြောင့် ကျေးဇူးတင်ပါတယ်...ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ ဒီသစ်သီးတွေကို ရှာနိုင်မှာ မဟုတ်ဘူး"
     ဖန်ရှင်းလုသည် ချင်နန်ကို သစ်သီးရှစ်လုံးပေးလိုက်သည်။ သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေဆဲဖြစ်ပြီး ချစ်ချင်စရာသွင်ပြင်ကို ပေးစွမ်းနေသည်။

     ချင်နန် ငြင်းပယ်ရန်ပြင်လိုက်သည်။

      ထိုမြင်ကွင်းအားကြည့်ကာ လူငယ်များ ဒေါသထွက်သွားကြသည်။
      “အစ်မရှင်းလု...အစ်မ သူ့ကို ဘာလို့သစ်သီးရှစ်လုံးပေးတာလဲ...သူက မိတ်ဆွေလား ရန်သူလားဆိုတာ ကျွန်တော်တို့ မသိသေးဘူး...သူ အစ်မကို ကယ်ခဲ့တာက ဒီမျောက်သစ်သီးတွေကို လိုချင်လို့ ဖြစ်နိုင်တယ်...သူ လှည့်စားတာကို မခံနဲ့"

     တစ်ချိန်တည်းမှာပင် အခြားလူငယ်တစ်ယောက်သည်လည်း ချင်နန်ကို ကြည့်ကာ ပြောလိုက်သည်။
     “ကလေး...မင်းက အခု အထက်ပိုင်းခရိုင်မှာဆိုတာကို သတိရဦး...မင်းက နည်းနည်းလေး အစွမ်းထက်တာနဲ့ မင်းလုပ်ချင်တာလုပ်နိုင်မယ်လို့ ထင်မနေနဲ့...မဟုတ်ရင် မင်းဘယ်လိုသေသွားလဲဆိုတာတောင် မင်းသိမှာ မဟုတ်ဘူး"

      ဖန်ရှင်းလု၏ မျက်နှာ အေးစက်လာသည်။

     ဤနှစ်ယောက်သည် အရမ်းကို ရိုင်းစိုင်းလွန်းလှသည်။

     ချင်နန်၏ မျက်နှာသည်လည်း အေးစက်သွားသည်။
     သူက တိတ်တိတ်ဆိတ်ဆိတ်နေတာနဲ့ပဲ အလွယ်တကူအနိုင်ကျင့်လို့မယ်လို့ သူတို့ ထင်နေတာလား...

     “ကျေးဇူးတင်ပါတယ်"
      ချင်နန်သည် တုံ့ဆိုင်းမှုမရှိဘဲ မျောက်သစ်သီးရှစ်လုံးကို လက်ခံလိုက်သည်။

     ချင်နန်၏ လက်ခံမှုကြောင့် ဖန်ရှင်းလုပျော်ရွှင်သွားသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။

      “မင်း..."
     လူငယ်နှစ်ယောက် ဒေါသထွက်သွားကြသည်။

     ဤချင်နန်သည် အလွန်ခေါင်းမာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူသည် သူတို့၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုရဲခဲ့သည်။

     ချင်နန်သည် သစ်သီးရှစ်လုံးကို ယူသွားသောကြောင့် တစ်ဆယ်လုံးသာ ကျန်ရှိတော့သည်။
     ဖန်ရှင်းလုသည် အနည်းဆုံး ငါးလုံး ထပ်ယူလိမ့်မည်ဖြစ်သည်။

      သူတို့က တစ်ယောက်နှစ်လုံးစီပဲ ရတော့မယ်လို့ ဆိုလိုတာလား...

      “အစ်မရှင်းလု...အစ်မ သူ့ကို သစ်သီးတချို့ပေးမယ်ဆို ကျွန်တော် ဘာမှမပြောပါဘူး...ဒါပေမဲ့ ခရီးတစ်လျှောက်လုံး သူ ဘာလုပ်ခဲ့လဲ...သူ့ကို ဘာလို့ ရှစ်လုံးတောင် ပေးတာလဲ...ကျွန်တော် သဘောမတူဘူး"
      လူငယ်တစ်ယောက်သည် ရှေ့သို့ တက်လာကာ အော်ပြောလိုက်သည်။

      “ကျွန်တော်လည်း သဘောမတူဘူး...သူ့ကို အများဆုံး နှစ်လုံးပဲ ပေးနိုင်တယ်"
    အခြားလူငယ်သည်လည်း နောက်မှ လိုက်ပြောလိုက်သည်။

      ဖန်းရှင်လု သူတို့အား အေးစက်စွာ ကြည့်လိုက်သည်။

     သူတို့ ချင်နန်အား မနှစ်မြို့ဖြစ်နေကြခြင်းမှာ အသီးများ၏ ဝေစုကြောင့်ဖြစ်သည်။
 
     ၎င်းသည် သူမအား စိတ်ပျက်သွားစေသည်။

      မျောက်သစ်သီးလေးတချို့က သူမရဲ့ အသက်နဲ့ နှိုင်းယှဉ်နိုင်လား...

     ချင်နန်သည် သူမ၏ အသက်ကို ကယ်တင်ခဲ့သည်။ ပို၍ကြီးမားသော အကျိုးကျေးဇူးပင် သူ၏ အကြွေးကို ပြန်ဆပ်ရန် လုံလောက်လိမ့်မည်မဟုတ်ပေ။

     ဝေါင်း...

     ထိုအချိန်၌ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။ တောအုပ်ထဲမှ ထွက်ပေါ်လာသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဟိန်းဟောက်သံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် တုတ်ခိုင်သော ခြေလက်များဖြင့် နွားသိုးပုံသဏ္ဌာန်ရှိသော သားရဲတစ်ကောင်သည် သူတို့ဆီသို့ နီရဲသော မျက်လုံးများဖြင့် လျှောက်လှမ်းလာသည်။

     “ဒါက သွေးမျက်လုံးနွားသိုးပဲ...ချေးပဲ...ပြေး..."
      ဖန်ရှင်းလု အလွန် တုန်လှုပ်သွားသည်။ ဤသွေးမျက်လုံးနွားသိုးသည် သိုင်းသခင်အဆင့်စွမ်းအာကို ပိုင်ဆိုင်ပေသည်။

     နွားသိုးအား ကြည့်ကာ လူငယ်နှစ်ယောက်၏ မျက်နှာ ဖြူဖျော့သွားသည်။

      ဝေါင်း...ဝေါင်း...ဝေါင်း...

      သူတို့ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် အဆက်မပြတ်ဟိန်းဟောက်သံများ ကြားလိုက်ရပြီး တောအုပ်ထဲမှ သွေးမျက်လုံးနွားသိုးများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာသည်။ သူတို့သည် စုစုပေါင်း ရှစ်ကောင်ရှိပေသည်။

     “လူသားတွေ...မျောက်သစ်သီးတွေကို ထားခဲ့...ငါ မင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးမယ်"
     ထိုအချိန်၌ ထိတ်လန့်ချောက်ချားဖွယ်ရာအသံကို ကြားလိုက်ရသည်။
     ဦးခေါင်းတွင် ချိုနှစ်ခုရှိကာ ခန္ဓာကိုယ်တွင် ထူထဲသော အမွေးအမျှင်များ ဖုံးလွှမ်းနေသည့် နီရဲသော မျက်လုံးများဖြင့် သုံးကျန်ရှည်လျားသော သားရဲတစ်ကောင် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ ခြိမ်းခြောက်နိုင်စွမ်းကြီးမားသော အော်ရာကို ထုတ်ဖော်နေသည်။

      “သွေးမျက်လုံးနွားသိုးဘုရင်"
     ထိုမြင်ကွင်းအားကြည့်ကာ ဖန်ရှင်းလုနှင့် လူငယ်နှစ်ယောက် ကြောက်ရွံ့သွားကြသည်။

      သူ၏ ကျင့်ကြံမှုသည် အနိမ့်ဆုံးသိုင်းသခင်အဆင့်ငါး၌ ရှိသည်။

     သူတို့အားလုံး ကံဆိုးပြီဖြစ်၏။

🐱🐱🐱🐱🐱🐱

အပိုင်း (၄၉၂) လာမည့်အတိဒုက္ခ

      “အစ်မရှင်းလု...အစ်မရှင်းလု...အစ်မသူတို့ကို ထိန်းထားလိုက်...ကျွန်တော်တို့ အကူအညီသွားရှာလိုက်မယ်"
     လူငယ်နှစ်ယောက်၏ ခြေထောက်များသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူတို့သည် တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်းထွက်ပြေးလိုက်ကြသည်။

     ၎င်းသည် သွေးမျက်လုံးဘုရင်ဖြစ်သည်။ အကယ်၍  ဆက်နေနေပါက သူတို့ လုံးဝသေသွားလိမ့်မည်ဖြစ်သည်။

     “နင်တို့..."
     ထိုမြင်ကွင်းအားကြည့်ကာ ဖန်းရှင်းလု၏ နှလုံးသားနာကျင်သွားသည်။ ယခင် သူတို့ အန္တရာယ်ရှိနေချိန်၌ သူမသည် စွန့်လွှတ်အနစ်နာခံခဲ့သော်လည်း သူတို့သည် သူမ၏ အသက်အန္တရာယ်ကို စိုးရိမ်ခြင်းမရှိခဲ့ပေ။ ယခု အန္တရာယ်နှင့် ထပ်မံကြုံတွေ့ရချိန်၌လည်း သူတို့သည် သူမအား ချက်ချင်းစွန့်ပစ်ရန် ရွေးချယ်ခဲ့ကြသည်။

     “ထွက်ပြေးချင်နေတာလား...သေလိုက်"
     သွေးမျက်လုံးနွားသိုးဘုရင်၏ မျက်လုံးများထဲမှ ကြောက်မက်ဖွယ်ရာ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။

    ဝေါင်း...

    သွေးမျက်လုံးနွားသိုးရှစ်ကောင် ဟိန်းဟောက်လိုက်ပြီး တဟုန်ထိုး ပြေးသွားကြသည်။ သူတို့၏ မျက်လုံးများမှာ အနီရောင်အလင်းများထွက်ပေါ်နေပြီး သူတို့၏ ခန္ဓာကိုယ်များကို လုံးဝလွှမ်းခြုံထားသည်။

      “မရတော့ဘူး"
     ထွက်ပြေးသွားသော လူငယ်နှစ်ယောက်သည် ထိုမြင်ကွင်းအားကြည့်ကာ သူတို့၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူတို့၏ မျက်လုံးထဲတွင် အလွန်တရာကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

      ဖန်ရှင်းလု၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ်တုန်သွားသည်။ ဤကဲ့သို့ သားရဲအုပ်ကြီးနှင့် တွေ့ကြုံနေရသောကြောင့် သူတို့အတွက် အသက်ရှင်ရန်မှာ မဖြစ်နိုင်ပေ။

     “အစ်ကိုချင်နန်...ကျွန်မရှင့်ကို ဆွဲခေါ်မိတဲ့အတွက် တောင်းပန်ပါတယ်"
      ထိုအချိန်၌ ဖန်ရှင်းလုသည် ချင်နန်အား ဖြူဖျော့သော မျက်နှာဖြင့် ပြောလိုက်သည်။

      ချင်နန်၏ စွမ်းအားသည် အတော်အတန်ကြောက်မက်ဖွယ်ရာကောင်းသော်လည်း သူသည် သွေးမျက်လုံးနွားသိုးဘုရင်ကို ယှဉ်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ထားချေ။

      “ရပါတယ်"
     ချင်နန် ခေါင်းခါယမ်းလိုက်သည်။ တိုက်ခိုက်မှုများ သူတို့ဆီသို့ ချဉ်းကပ်လာသောအခါ သူတည်ငြိမ်စွာ ပြောလိုက်သည်။
    “မင်းတို့ အားလုံး အခုချက်ချင်းထွက်သွားသင့်တယ်...မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"

     ဖန်းရှင်လု ကြက်သေ သေသွားသည်။ လူငယ်များမှာလည်း ဆွံ့အသွားကြသည်။

    သွေးမျက်လုံးနွားသိုးဘုရင် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ‌ရယ်မောချလိုက်သည်။
     “ဟား...ဟား...ဟား...အဆိုးမဆိုနဲ့ ဟုတ်လား...လူသား မင်းက ဘယ်လိုတောင် တုံးတာလဲ...ကလေးတို့ ဒီငတုံးကို အပိုင်းပိုင်းဆွဲဖြဲပစ်လိုက်"

     ဝေါင်း...

     သွေးမျက်လုံးနွားသိုးရှစ်ကောင်သည် စိတ်လှုပ်ရှားသွားကြပြီး အစီအရီ‌ဟိန်းဟောက်လိုက်ကြသည်။ သူတို့သည်  ဦးတည်ရာပြောင်းလိုက်ပြီး ချင်နန်ရှိရာသို့ ပြေးဝင်လာကြသည်။

    “ဒီလိုလား"
     ချင်နန်၏ အော်ရာသည် ကြီးမားစွာ ပြောင်းလဲသွားသည်။

     ဘန်း...

     မြေပြင်အား ခြေတစ်ချက်ပေါက်လိုက်ရာတွင် သူသည် ရှေးဟောင်းတိုက်တန်ကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ အနီရောင်အလင်းများကို အင်အားသုံးဖြိုခွင်းလိုက်သည်။ ချင်နန် အသုံးပြုလိုက်သော ကျန်ရှိနေသည့် အင်အားအရှိန်သည် သွေးမျက်လုံးနွားသိုးများပေါ်သို့ ကျရောက်သွားကာ ချက်ချင်းလွင့်စင်သွားကြသည်။

    အဖြစ်အပျက်မှ အလွန်တရာမြန်ဆန်လွန်းလှပြီး ထိုအချိန်၌ မည်သူမျှ မတုံ့ပြန်နိုင်ကြပေ။

    ထို့နောက် ချင်နန်သည် သွေးမျက်လုံးနတ်ဆိုးဘုရင်၏ ရှေ့သို့ နတ်ဆိုးတစ်ကောင်ပမာ ဆင်းသက်လာသည်။

     “မင်း..."
     သွေးမျက်လုံးနွားသိုးဘုရင်သည် သူ၏ အမွေးအမျှင်များအားလုံး ထောင်မတ်သွားသလို ခံစားလိုက်ရပြီး သူ၏ မျက်နှာထက်တွင် အလွန်သွေးပျက်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားသည်။

    ဒီသိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်အော်ရာနဲ့ လူသားက ဘယ်လိုလုပ် ဒီလိုကြောက်မက်ဖွယ်ရာစွမ်းအားကို ပိုင်ဆိုင်တာလဲ....

     “သေလိုက်တော့"
    သူစကားပြောခွင့်မရသေးခင်မှာပင် ချင်နန်၏ လက်သီးသည် သွေးမျက်လုံးနွားသိုး‌ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

     ဘန်း...

    ကျယ်လောင်သော ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီး သုံးကျန်ရှည်လျားသော သွေးမျက်လုံးနွားသိုးဘုရင်သည် အပိုင်းအစများဖြစ်သွားကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များဆီသို့ သွေးများ စင်ထွက်သွားသည်။

    “ဒါ...."
    ဖန်ရှင်းလုနှင့် လူငယ်နှစ်ယောက်၏ စိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားသည်။

    ၎င်းသည် သိုင်းသခင်အဆင့်ငါးသားရဲဖြစ်သည်။
    
    သူက အဲဒါကို လက်သီးတစ်ချက်တည်းနဲ့ ချက်ချင်းသတ်လိုက်တာလား...

    ဆိုလိုတာက...

    သူတို့သည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြသည်။ သူ၏ စွမ်းအားသည် အနည်းဆုံးသိုင်းသခင်အဆင့်ခုနှစ်ဖြစ်သည်။
      ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သိုင်းသခင်အဆင့်ခုနှစ်စွမ်းအားကို မည်ကဲ့သို့ ပိုင်ဆိုင်နိုင်ခဲ့ပါသနည်း။
     သူတို့ နဝမမြို့၏ ထိပ်တန်းဂျီးနီးယပ်ပင် သူ၏ ပါရမီကို ယှဉ်နိုင်ခြင်းမရှိပေ။

     ကျန်ရှိသော သွေးမျက်လုံးနွားသိုးရှစ်ကောင်သည် ထိုမြင်ကွင်းအားကြည့်ကာ စီခနဲ အော်လိုက်ကြသည်။ သူတို့၏ သွေးရောင်မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် အဖြူရောင်ဖြစ်သွားပြီး လုံးဝရူးသွပ်သွားသကဲ့သို့ အရပ်မျက်နှာအသီးသီးကို ထွက်ပြေးသွားကြသည်။

     ချင်နန်သည် သူ၏ အော်ရာကို ရုပ်သိမ်းကာ လူငယ်နှစ်ယောက်ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။
     “ငါတစ်ခု‌မေးချင်တယ်..အခုငါ့မှာ မျောက်သစ်သီးရှစ်လုံးကိုယူဖို့ အခွင့်အရေးရှိပြီလား"

    ဖြန်း...
  
    လူငယ်နှစ်ယောက် သူတို့၏ မျက်နှာများ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ကိုးရိုးကားရား မျက်နှာထားများ ဖြစ်သွားကြသည်။ သူတို့သည် ချင်နန်အား လှောင်ပြောင်ခြိမ်းခြောက်ခဲ့သော်လည်း ယခုအချိန်၌ သူသည် သူတို့၏ အသက်ကို ကယ်ခဲ့သည်။
    သူတို့ ဘာပြောနိုင်ပါမည်နည်း။

     အဓိကအချက်အနေဖြင့် သူ၏ စွမ်းအားသည် လုံးဝကြောက်စရာကောင်းပေသည်။ သူတို့သည် သူ့အား မည်ကဲ့သို့ ဆန့်ကျင်ဝံ့ပါမည်နည်း။
     သူသည် အောက်ပိုင်းခရိုင်မှလာလျှင်ပင် သူတို့သည် သူ့အား အပြစ်မပြုနိုင်ပေ။

    “အစ်ကို...အစ်ကိုချင်နန်...ကျုပ်တို့ရဲ့ ဝေစုကိုလည်း ယူလို့ရပါတယ်...ဒါတွေအားလုံးက အစ်ကို့ရဲ့ အပိုင်ပါပဲ...."
     လူငယ်နှစ်ယောက်သည် ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။

      ချင်နန်သည် သူ၏ ခေါင်းကို ခါယမ်းကာ သူတို့၏ စကားများကို လျစ်လျူရှုလိုက်ပြီး ဖန်ရှင်းလုကို ပြောလိုက်သည်။
      “သွားစို့"

     “ဒါ...ဒါပေါ့"
    ဖန်ရှင်းလုသည် သူမ၏ အတွေးများကို စုစည်းလိုက်ပြီး သူမ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွားသည်။
    “အစ်ကိုချင်နန်...ရှင်ကျွန်မကို နောက်တစ်ကြိမ် ကယ်တင်ခဲ့ပြန်ပြီ...ရှင်က အရမ်းအစွမ်းထက်တာပဲ...သိုင်းသခင်အဆင့်ငါးသားရဲတောင် ရှင့်ရဲ့ လက်သီးတစ်ချက်ကို မခံနိုင်ခဲ့ဘူး....ရှင်က အောက်ပိုင်းခရိုင်မှာ အတော်ကျော်ကြားတဲ့ ဂျီးနီးယပ်တစ်ယောက်ဖြစ်လိမ့်မယ်...ဟုတ်တယ်မလား"

    လူငယ်နှစ်ယောက်သည်လည်း အဖြေကို နားစွင့်လိုက်ကြသည်။ ဤကဲ့သို့ အထင်ကြီးစရာပါရမီကြောင့် သူသည် အလွန်ကျော်ကြားရမည်ဖြစ်သည်။
 
      ချင်နန် တဒင်္ဂတုံ့ဆိုင်းသွားသည်။ သူသည် သေမင်းပင်လယ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအား အမှတ်ရသွားပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။
      “ငါက သာမန်ကျင့်ကြံသူလေးတစ်ယောက်ပါပဲ"

      ချင်နန် မဖြေလိုကြောင်း သိရှိသဖြင့် ဖန်ရှင်းလုထပ်မမေးတော့ပေ။ ထို့နောက် သူမသည် ချင်နန်အား နဝမမြို့သို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။

     ခရီးတစ်လျှောက်တွင် ချင်နန်သည် မျောက်သစ်သီးတစ်လုံးအား ထုတ်ယူကာ စားသုံးလိုက်သည်။

     သူ၏ ပါးစပ်ထဲ ရောက်ရှိသည်နှင့် မျောက်သစ်သီးသည် အရည်ပျော်သွားပြီး သန့်စင်သော ချီစွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။ သန့်စင်သော ချီစွမ်းအင်များအပြင် အသီးထဲတွင် သဘာဝစွမ်းအားတစ်ခု ပါဝင်ပြီး မရီးဒန်များမှတစ်ဆင့် အခြေတည်စိတ်ဝိညာဉ်သို့ စီးဆင်းသွားသည်။
     စစ်နတ်ဘုရား၏ အခြေတည်စိတ်ဝိညာဉ်သည် စွမ်းအားကို အလျင်အမြန်စုပ်ယူလိုက်ပြီး ၎င်း၏ အော်ရာသည် ပို၍သန်မာလာသည်။
     ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ချက်ချင်းပင် ကျန်ရှိသည့် သစ်သီးများကိုလည်း စားသုံးလိုက်သည်။

     ဘန်း...

     စစ်နတ်ဘုရား၏ အခြေတည်စိတ်ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ခရမ်းရောင်အလင်းများ ထွက်ပေါ်လာကာ တဖြည်းဖြည်း ဝါးတားတားချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
    ထိုအချိန်၌ ချင်နန်၏ အော်ရာသည် လျင်မြန်စွာ မြင့်တက်လာသည်။

     အော်ရာကြောင့် သူ၏ ဘေးမှ လမ်းလျှောက်နေကြသော ဖန်ရှင်းလုနှင့် လူငယ်နှစ်ယောက် အံ့အားသင့်သွားသည်။ သူတို့၏ မျက်လုံးထဲတွင် အလွန်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ၏ ကျင့်ကြံမှုသည် သူတို့ တွေးထင်ထားသည်ထက် ပို၍ကြောက်မက်ဖွယ်ရာကောင်းပေသည်။

      “ဟမ်"
      ထိုအချိန်၌ ချင်နန်၏ အာရုံသည် သူ၏ အခြေတည်စိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည်။

     ဝါးတားတားချပ်ဝတ်ဖြစ်ပေါ်ပြီးချိန်မှစ၍ သူ၏ အခြေတည်စိတ်ဝိညာဉ်သည် အကန့်အသတ်သို့ ရောက်ရှိသွားကြောင်း သူခပ်ဖျော့ဖျော့ ခံစားလိုက်ရသည်။

     “ဒီအတိုင်းသာဆိုရင် ငါ့အခြေတည်စိတ်ဝိညာဉ်ပေါ်က ချပ်ဝတ်ပီပြင်လာတာနဲ့ ငါအတိဒုက္ခကို အစပျိုးနိုင်လိမ့်မယ်"
      ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ယခင်က သူ၏ အခြေတည်စိတ်ဝိညာဉ်သည် သုံးလွှာအတိဒုက္ခကို ဆင့်ခေါ်နိုင်ခဲ့ကာ သေမင်းဧကရာဇ်၊ ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် အခြားသူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ၎င်းသည် သမိုင်းတွင် ပထမဦးဆုံးဖြစ်သည်။
      လက်ရှိအချိန်၌ သူ၏ အခြေတည်စိတ်ဝိညာဉ်သည် စစ်နတ်ဘုရား၏ အခြေတည်စိတ်ဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲသွားပြီဖြစ်ပြီး သူလုံလုံလောက်လောက်ဂရုမစိုက်ပါက မိုးကြိုးပစ်ခြင်းဖြင့် သေဆုံးသွားလိမ့်မည်ဖြစ်သည်။

    “ငါ့မှာ ရတနာခုနှစ်ခုရှိသေးတယ်...အတိဒုက္ခဖြစ်ပွားလာတဲ့အခါကျရင် အဲဒီ့ထဲက နှစ်ခုကို အသုံးပြုရမယ်"
     ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၄၉၃) နဝမမြို့

      ဖန်ရှင်းလု၏ ဦးဆောင်မှုအောက်တွင် ချင်နန်နှင့် အခြားသူများသည် ကောင်းကင်အတားအဆီးတောင်တန်းထဲမှ ထွက်လာခဲ့သည်။

     “ဟမ်"
      ချင်နန်သည် လေထဲတွင် ပျံသန်းရင်း အောက်ကြည့်လိုက်သည်။ သူ၏ ဘယ်ဘက်မျက်လုံးဖြင့် အထက်ပိုင်းခရိုင်မှ မြေဆီလွှာသည် ချီစွမ်းအင် တစ်စွန်းတစ်စပါဝင်ကြောင်းကို တွေ့ရှိလိုက်သည်။ မြေ‌ပြင်ပေါ်တွင် ပေါက်ရောက်နေသော ပန်းပင်များနှင့် အခြားအပင်များသည် အလွန်ကြီးထွားလှပနေပြီး ရင်သပ်ရှုမောဖွယ်ရာပင်ဖြစ်သည်။

      “အောက်ပိုင်းခရိုင်နဲ့ နှိုင်းယှဉ်ရင် ပတ်ဝန်းကျင်နဲ့ မြေဆီလွှာနှစ်ခုလုံးက ဒီက ပိုကောင်းတယ်"
      ချင်နန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

     လူများကြီး၏ ကြီးထွားဖွံ့ဖြိုးမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ပတ်ဝန်းကျင်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေသည်။ ရလဒ်အနေဖြင့် အထက်ပိုင်းခရိုင်မှ ဂျီးနီးယပ်များသည် အောက်ပိုင်းခရိုင်မှ ဂျီးနီးယပ်များထက် သိသိသာသာ ပို၍သန်မာပေသည်။

      ထိုအချိန်၌ ကန်းလန်တိုက်ကြီးသည် အဘယ်ကြောင့် အထက်ပိုင်းခရိုင်နှင့် အောက်ပိုင်းခရိုင်ဟူ၍ ခွဲခြားထားကြောင်းကို ချင်နန် တွေးမိသွားသည်။

     “အစ်ကိုချင်နန်...ကျွန်မတို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံထဲကို ဝင်လာပြီ"
    ဖန်ရှင်းလု ရှင်းပြလိုက်သည်။
     “ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက အခြားအဖွဲ့အစည်းတွေနဲ့ မတူဘူး...ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက အထက်ပိုင်းခရိုင်ရဲ့ မြေဧရိယာတစ်ဝက်လောက်ကို ပိုင်တယ်...ဒီထဲမှာ ရွာတွေ၊ မြို့တွေ၊ မြို့ကြီးတွေနဲ့ အဖွဲ့အစည်းလေးတွေ တစ်သိန်းကျော် ပါဝင်တယ်"

      ချင်နန် အံ့အားသင့်သွားသည်။ အစက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံသည် လုံဟွာနိုင်ငံကဲ့သို့သော နိုင်ငံဟု သူထင်ထားခဲ့သည်။
 
     ဖန်ရှင်းလု ဆက်ပြောလိုက်သည်။
     “ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက စုစုပေါင်းမြို့ကြီးတစ်ရာရှစ်ဆယ့်ရှစ်မြို့ရှိတဲ့ .ကျော်ကြားတဲ့ အဖွဲ့အစည်းတစ်ခုပဲ...မြို့တွေရဲ့ စွမ်းအားကို လိုက်ပြီး အဆင့်ခွဲခြားထားတယ်...ကျွန်မတို့ နဝမမြို့မှာ သိုင်းအရှင်တစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ရှိတာကြောင့် ကျွန်မတို့က အဆင့်ကိုးပဲ...ပထမမြို့တော်ကိုတော့ ကျားဖြူမြို့တော်လို့ ခေါ်တယ်...အဲ့ဒီမှာ တော်ဝင်မိသားစုနေကြတယ်..ဒါအပြင် ကျားဖြူမြို့တော်မှာ ကုန်သွယ်ရေးမဟာမိတ်ရဲ့ ဌာနချုပ်လည်း ရှိတယ်"

     “ကျားဖြူမြို့တော်"
      နာမည်အားကြားလိုက်ရသောအခါ ချင်နန်၏ စိတ်ထဲတွင် မြေပုံတစ်ခုထွက်ပေါ်လာသည်။ မြေ‌ပုံပေါ်တွင် ကျွမ်းကျင်သူအားလုံးနှင့် ဂျီးနီးယပ်များအားလုံး စုရုံးနေကြသည့် ထူးခြားဆန်းကြယ်သော မြို့ကြီးတစ်ခုရှိနေသည်။

     ခရီးတွင် ချင်နန်သည် ကျေးရွာတော်တော်များများကို သတိပြုမိခဲ့သည်။ ထိုရွာများကို ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ကျေးလက်ဒေသအဖြစ်  သတ်မှတ်ပေသည်။ သို့တိုင် ကျေးရွာများထဲတွင် သူတို့၏ တပည့်များအား သင်ကြားနေသော သိုင်းဧကရာဇ်ကျွမ်းကျင်သူအချို့ကို တွေ့မြင်နေရသည်။

     သူ အံ့ဩတကြီး ဖြစ်သွားသည်။ ယခင်က လန်ရှုးမြို့၏ ချင်ကလန်တွင် ချင်တျန်သည် ရှင်တန်အဆင့်ကျင့်ကြံမှုသာ ရှိပြီး အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သည်။ သိုင်းဧကရာဇ်တစ်ယောက်သည် လုံဟွာနိုင်ငံကို အလွယ်တကူလွှမ်းမိုးနိုင်ပေသည်။
      ထို့ပြင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၏ ကျေးရွာတိုင်းမှ လူငယ်များသည် သိုင်းဝိညာဉ်နိုးထခြင်းပွဲတွင် ပါဝင်ရန်အတွက် မြို့တော်တစ်ရာရှစ်ဆယ့်ရှစ်မြို့သို့ ဦးတည်သွားနေကြောင်းကို ချင်နန်တွေ့ခဲ့ရသည်။

     သူတို့သည် အစွမ်းထက်သော သိုင်းဝိညာဉ်များ နိုးထနိုင်ခဲ့ပါက အဖွဲ့အစည်းများ၏ ရွေးချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
      ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံဖြစ်စေ အခြားနေရာတွင်ဖြစ်စေ လူတိုင်း၏ အိပ်မက်မှာ အဖွဲ့အစည်းလေးခုသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။
     သို့သော်လည်း အဖွဲ့အစည်းလေးခုသို့ ဝင်ရောက်ရန်အတွက် လိုအပ်ချက်များမှာ အလွန်မြင့်မားပေသည်။ အနည်းဆုံးရှန်အဆင့်သုံးသိုင်းဝိညာဉ်ရှိသူများသာ အဖွဲ့အစည်း‌လေးခုထဲ ဝင်ခွင့်ရှိပေသည်။

     ငါးနာရီခန့် ပျံသန်းပြီးနောက်တွင် ဖန်ရှင်းလုသည် လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
      “အစ်ကိုချင်နန်...ဒါက နဝမမြို့ပဲ"

      ချင်နန် သူမညွှန်ပြရာသို့ ကြည့်လိုက်ရာ အကြည့်တစ်ချက်နှင့် ဆွံ့အသွားသည်။

     လီတစ်သောင်းခန့် ကျယ်ဝန်းကာ မြင့်မြတ်ထူးကဲသော အော်ရာကို ထုတ်ဖော်နေသည့် ဖေးရန်မြို့ထက် မည်သို့မျှ အားနည်းခြင်းမရှိသော မြို့ကြီးကို သူတွေ့လိုက်ရသည်။
    ထို့ပြင် ချင်နန်သည် မြို့တံတိုင်းများ၏ နံရံပေါ်တွင် တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသော သားရဲများသဏ္ဌာန်သင်္ကေတများကို မြင်တွေ့နေရသည်။ ကွဲပြားခြားနားသော ရှုထောင့်များမှ ကြည့်ရှုပါက သားရဲများ၏ ပုံစံသည် ခြားနားနေလိမ့်မည်ဖြစ်သည်။

       “ဒါက ထွတ်မြတ်လက်နက်ပဲ"
      ချင်နန် အသက်ပြင်းပြင်းရှိုက်လိုက်သည်။

    နဝမမြို့က ဖေးရန်မြို့လို အစွမ်းထက်တယ်လို့ ဆိုလိုတာလား...

     ချင်နန်၏ အံ့အားသင့်မှုအားကြည့်ကာ ဖန်ရှင်းလုပြုံးလိုက်သည်။ သူမ၏ မျက်လုံးများ လခြမ်းသဏ္ဌာန်မှေးစင်းသွား၏။
     “အစ်ကိုချင်နန်..ထိပ်တန်းမြို့တော်ဆယ်ခုက ထွတ်မြတ်လက်နက်တွေပါ..ဒါပေမဲ့ အားလုံးက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိတယ်"

    ချင်နန် နားလည်သွားပြီး သူ၏ နှလုံးသားထဲ အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားသည်။

     ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် ဝမ်တာအိုအကြီးအကဲများသည် သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူများဖြစ်ကာ ဖေးရန်မြင့်မြတ်နေရာခေါင်းဆောင်၊ ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်တို့နှင့် တူညီသော်လည်း အထူးသဖြင့် အမွေအနှစ်ပိုင်းတွင် ကွာခြားမှုများစွာ ရှိပေသည်။ ဖေးရန်မြို့၏ ထွတ်မြတ်လက်နက်သည် သူတို့၏ အကန့်အသတ်ဖြစ်ပြီး ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံတွင်မူ ထွတ်မြတ်လက်နက်တစ်ဆယ်ခုရှိသည်။

      “ကျွန်မတို့ မြို့မှာ အဖွဲ့သုံးခုရှိတယ်...အဲဒါက မြို့သခင်စံအိမ်ရယ် ကျွန်မတို့ ဖန်ကလန်ရယ် ကုန်သွယ်ရေးမဟာမိတ်ရဲ့ ဌာနခွဲရယ်ပဲ...ကျွန်မတို့ ကလန်က မြို့ရဲ့ အရှေ့ပိုင်းမှာ ရှိပြီး မြို့သခင်စံအိမ်ကတော့ အနောက်ပိုင်းမှာရှိတယ်...ကုန်သွယ်ရေးမဟာမိတ်ရဲ့ ဌာနခွဲကတော့ အလယ်မှာရှိတယ်...ကျွန်မတို့ ကလန်ရဲ့ အာရုံစိုက်မှုက ဆေးပညာနဲ့ လက်နက်ထုလုပ်ခြင်းပဲ..."
     ဖန်ရှင်းလုသည် ချင်နန်အား နဝမမြို့သို့ ဦးဆောင်ခေါ်လာကာပြောနေသည်။

     ချင်နန်သည် မြို့၏ ဂိတ်တံခါးတွင်ရပ်နေရင်း သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်နေသည်။ သူ၏ ရှေ့တွင် နဂါးကြီးများလဲလျောင်းနေသည့်ပမာ အလွန်ကျယ်ပြောသော လမ်းမများရှိနေပြီး ဘေးဘက်တွင် အိမ်များနှင့် နန်းတော်များ ရှိနေကြသည်။ ထို့ပြင် ဆေးလုံးများ၊ ဆေးပညာစာအုပ်များနှင့် အမျိုးမျိုးသော ပစ္စည်းများ ရောင်းချနေသည့် ဆိုင်ခန်းများလည်းရှိနေကာ သက်ဝင်လှုပ်ရှားနေသည်။

    အကြမ်းဖျင်းတစ်ချက်ကြည့်ရှုပြီးနောက် လူတစ်ရာကျော်အုပ်ထဲတွင် အနည်းဆုံးသိုင်းသခင်အဆင့်ကျွမ်းကျင်သူငါးယောက်နှင့် သိုင်းဘိုးအေအဆင့်ကျွမ်းကျင်သူတစ်‌ဆယ်ယောက်ကျော်ရှိကြောင်းအား တွေ့လိုက်ရသည်။ အခြားသူများမှာမူ သိုင်းဧကရာဇ်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ ဤနေရာတွင် ရှင်တန်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ရှာရန်မှာ အလွန်ခက်ခဲပေသည်။

      “အစ်ကိုချင်နန်...ဒါက ဖန်ကလန်ပဲ"
     ဖန်ရှင်းလုသည် သူမ၏ ခြေလှမ်းများကို ရပ်တန့်ကာ သူမ၏ မျက်လုံးများသည် ကြည်နူးစွာဖြင့် သူမ၏ ဘေးတွင်ရှိသော လူငယ်ပေါ်သို့ ကျရောက်သွားသည်။

      ချင်နန်သည် ခေါင်းမော့လိုက်ရာ သူ၏ ရှေ့မှ လီတစ်ထောင်ကျယ်ဝန်းသော အိမ်ရာတစ်ခုကို တွေ့လိုက်ရသည်။ အိမ်ရာသည် အမျိုးမျိုးသော အစီအရင်များဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ယောက် ထွင်းဖောက်ကြည့်ရှုခြင်းအား တားဆီးထားသည်။

     “ သိုင်းအရှင်တစ်ဝက်အဆင့်တစ်ယောက်...သိုင်းသခင်အထွတ်အထိပ်အဆင့်သုံးယောက်နဲ့ သိုင်းသခင်နှစ်ဆယ်ကျော်"
     ချင်နန်၏ ဘယ်ဘက်မျက်လုံးအရောင်လက်သွားပြီး ချက်ချင်းဖန်ကလန်၏ အိမ်ရာကို စစ်ဆေးလိုက်သည်။

       “လာအထဲကို သွားအောင်...ကျွန်မရှင့်ကို ကျွန်မအဖေဆီ ခေါ်သွားပေးမယ်"
     ဖန်ရှင်းလုသည် ချင်နန်အား အိမ်ထဲသို့ ဦးဆောင်ကာ ခေါ်သွားသည်။

      “သခင်မလေး"

     “နှုတ်ခွန်းဆက်ပါတယ် သခင်မလေး"

     “........."

       လမ်းတစ်လျှောက်တွင် အစေခံများ၊ တပည့်များနှင့် ကျင့်ကြံသူများအားလုံးသည် သူမအား လေးလေးစားစားဖြင့် နှုတ်ဆက်ကြပြီး ချင်နန်အား စူးစမ်းစွာဖြင့် ကြည့်ရှုနေကြသည်။

     ချင်နန် တည်ငြိမ်စွာပင်ရှိနေသည်။ ဖန်ရှင်းလုသည် သာမန်မဟုတ်ကြောင်းကို သူ အစောကတည်းက ခန့်မှန်းပြီးသားဖြစ်သည်။

     ဖန်ရှင်းလုသည် ချင်နန်အား အခန်းတစ်ခု၏ ဝင်ပေါက်ရှေ့သို့ ခေါ်သွားပြီးနောက် တံခါးခေါက်လိုက်သည်။
      “အဖေ သမီးပြန်လာပြီ"

     “ဝင်ခဲ့"
      အထဲမှ ထွက်ပေါ်လာသော ခန့်ထည်သည့် အသံတစ်သံကို ကြားလိုက်ရသည်။

     ဖန်ရှင်းလုသည် ချင်နန်အား အခန်းထဲသို့ ခေါ်လာခဲ့သည်။ ပလ္လင်ပေါ်တွင် ထိုင်ကာ သိုးသားရေဖြင့် ပြုလုပ်ထားသော စာလိပ်ကို အတွေးများပြည့်နေဟန်ဖြင့် ကြည့်ရှုနေသော လေးထောင့်စပ်မျက်နှာနှင့် သက်လတ်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။

     သူသည် ဖန်ကလန်၏ ခေါင်းဆောင်ဖန်ဟွာပင်ဖြစ်သည်။

     သူသည် ဧည့်သည်၏ အော်ရာကို သတိပြုမိသွားပြီး သူ၏ မျက်နှာ တည်သွားကာ ခေါင်းမော့ကြည့်ခြင်းမရှိ‌ဘဲ ပြောလိုက်သည်။
     “ရှင်းလု... တွေ့ကရာလူကို ကလန်ကို ခေါ်မလာနဲ့လို့ အဖေ သမီးကို ဘယ်နှစ်ကြိမ်ပြောရမလဲ...သူ့ကို အခုချက်ချင်းခေါ်ထုတ်သွားတော့"

     ဖန်ရှင်းလု ချက်ချင်းပြန်ပြောလိုက်သည်။
   “အဖေ....အဖေ နားလည်မှုလွဲနေပြီ...သမီး‌ မျောက်သစ်သီးတွေ ရှာနေတဲ့အချိန်မှာ..."

     “ဟမ်...သမီးရှာတွေ့ခဲ့လား"
     ထိုစကားကြားသောအခါ ဖန်ဟွာ၏ ခေါင်းမော့လာသည်။ သို့သော်လည်း ချက်ချင်းပင် တည်ငြိမ်သွားပြီး ချင်နန်ကို ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
      “ဘယ်လိုပဲဖြစ်ဖြစ်...ငါတို့ ဖန်ကလန်က လူတိုင်းကို ကြိုဆိုတာမဟုတ်ဘူး...သူ့ကို အရင်ဆုံးခေါ်ထုတ်..."

     သိုင်းအရှင်တစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ချင်နန် အခန်းထဲကို ဝင်လာကတည်းက သူ၏ အော်ရာသည် သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်ကြောင်းကို သူ လွယ်ကူစွာ ခံစားနိုင်ပေသည်။ ထို့ပြင် ဖန်းရှင်းလုသည် ကြင်နာတတ်သော လူတစ်ယောက်ဖြစ်သောကြောင့် အတိတ်ကာလက သူမသည် အောက်ပိုင်းခရိုင်မှ ကျင့်ကြံသူများစွာကို ဖန်ကလန်သို့ ခေါ်လာခဲ့သည်။ ထို့ကြောင့် ဖန်ရှင်းလုသည် ယနေ့တွင် အခြားတစ်ယောက်ခေါ်လာပြန်ပြီဟု ထင်သွားပြီး သူ မရွှင်မပြဖြစ်သွားခဲ့သည်။
     သို့သော်လည်း သူ၏ အကြည့်သည် လူငယ်၏ မျက်နှာပေါ်သို့ ကျရောက်သွားသောအခါ  သူအလွန် အံ့အားသင့်သွားသည်။

     သူ့ကို ငါဘယ်နေရာမှာ မြင်ဖူးတာလဲ...ဘာလို့ သူ့ကိုကြည့်တာ အရမ်းရင်းနှီးနေတာလဲ...

    ဖန်ဟွာ မျက်မှောင်ကြုတ်သွားပြီးနောက် လွန်ခဲ့သော လဝက်က ကျားဖြူမြို့မှ ပေးပို့လိုက်သော ပုံတူပန်းချီကို အမှတ်ရသွားသည်။

     သူက ဘာကြောင့် ပုံတူပန်းချီထဲက လူတွေနဲ့ အတိအကျတူ‌နေရတာလဲ...

     ဖန်ဟွာ အသက်ရှူရပ်သွားပြီး သူ၏ မျက်လုံးများ အလွန်မှေးကျုံ့သွားသည်။
   
     ဒီလူငယ်က အဖွဲ့အစည်းကြီးလေးခုလုံး လိုချင်နေကြတဲ့ အောက်ပိုင်းခရိုင်က ဂျီးနီးယပ်ချင်နန်လား...

🐱🐱🐱🐱🐱🐱

အပိုင်း (၄၉၄) ဂုဏ်ထူးဆောင်အကြီးအကဲချုပ်

      လွန်ခဲ့သော လဝက်ခန့်က အဖွဲ့အစည်းကြီးလေးခုသည် ‘ဒီ'အဆင့်ခြောက်သိုင်းဝိညာဉ်နှင့်ဂျီးနီးယပ်အား အလိုရှိသော ပုံတူပန်းချီများ ထုတ်လုပ်ခဲ့သောအခါ အထက်ပိုင်းခရိုင်တစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။
      ပုံမှန်အားဖြင့် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှ နဝမမြို့သည် လူတိုင်းသိရန်အတွက် ပုံတူပန်းချီများကို ဖြန့်ဖြူးမည်ဖြစ်သော်လည်း ဗာမီလီယံငှက်တစ်စုရွေးချယ်ပွဲနီးကပ်နေပြီဖြစ်သောကြောင့် ဖန်ကလန်နှင့် မြို့သခင်စံအိမ်နှစ်ခုလုံးသည် အလုပ်ရှုပ်နေကြသည်။ ထို့ကြောင့် သူတို့သည် အခြားအလုပ်များကို ဘေးဖယ်ထားခဲ့သည်။
 
      ထို့ကြောင့် ဖန်ရှင်းလုနှင့် အခြားသူများသည် ချင်နန်မည်သူဖြစ်ကြောင်းကို မသိရှိကြခြင်းဖြစ်သည်။

      “ငါက ဒီမှာ ချင်နန်နဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ"
     ဖန်ဟွာသည် အနည်းငယ်အသက်ရှူတင်းကျပ်သွားပြီး သူ၏ သွေးများသည်လည်း စိတ်လှုပ်ရှားမှုကြောင့် လျင်မြန်စွာ စီးဆင်းလာသည်။

    အကယ်၍ တစ်စုံတစ်ယောက်သည် ချင်နန်၏ သတင်းကို အဖွဲ့အစည်းလေးခုသို့ ပေးပို့နိုင်ပါက ထိုလူသည် ထိပ်ပိုင်းခေါင်းဆောင်ဝမ်တာအို၏ တပည့်အဖြစ် ရွေးချယ်ခံရမည်ဖြစ်ပြီး ထွတ်မြတ်လက်နက်လေးခုရရှိလိမ့်မည်ဖြစ်သည်။

    ဤကဲ့သို့ ဆုလာဘ်နှင့် ဆိုပါက သူတို့ ဖန်ကလန်၏ အင်အားသည် အလွန်တိုးတက်လာလိမ့်မည်ဖြစ်သည်။

     “စိတ်အေးအေးထား...စိတ်အေးအေးထား...ဒီလိုအချိန်မျိုးမှာ ဒါကို ငါကိုယ်တိုင် ကိုင်တွယ်ရမယ်"
    ဖန်ဟွာ အသက်ပြင်းပြင်းရှူလိုက်သည်။ ချင်နန်အားကြည့်နေသည့် သူ၏ အကြည့်သည် မိတ်ဆွေဟောင်းတစ်ဦးအား ပြန်တွေ့လိုက်ရသည့်ပမာပင် ဖြစ်သွားသည်။

     ဖန်ရှင်းလုနှင့် ချင်နန်တို့သည် ထိုးအရာအား သတိပြုမိသွားပြီး ကြောင်အမ်းအမ်းဖြစ်သွားသည်။

     ထို့နောက် ဖန်ဟွာသည် နူးညံ့စွာ တစ်ချက်ပြုံး၍ ပြောလိုက်သည်။
      “သူက ဘယ်သူလဲ...ဘာလို့ အဖေ့ကို မိတ်မဆက်ပေးသေးတာလဲ"

      “အာ..."
     ဖန်ရှင်းလု သတိပြန်ဝင်လာရန်အတွက် အချိန်တစ်ခဏယူလိုက်ရသည်။ သူမသည် အများကြီးတွေးတောမနေဘဲ ပြောလိုက်သည်။
     “အဖေ...ဒါက အစ်ကိုချင်နန်ပါ...သူက အောက်ပိုင်းခရိုင်က လာတာပါ...သမီးသိုင်းသခင်တစ်ဝက်အဆင့်သားရဲနဲ့  တွေ့ပြီး အသက်အန္တရာယ်နဲ့ ကြုံနေတဲ့ အချိန်မှာ သူက သမီးအသက်ကို ကယ်ခဲ့တယ်...သမီး သွေးမျက်လုံးနွားသိုးတွေနဲ့ တွေ့တုန်းကလည်း...."

      ဖန်ရှင်းလု၏ ပုံပြင်ကို နားထောင်နေရင်း ဖန်ဟွာ၏ နှလုံးခုန်နှုန်းမြန်နေသည်။

     ငါမှန်တယ်...

     ငါ့ရှေ့က ဒီကောင်က တကယ်ချင်နန်ပဲ...

     သို့သော်လည်း ဖန်ရှင်းလု၏ စကားများအား ဆက်နားထောင်လိုက်သည့်အခါ ဖန်ဟွာ ကြက်သေ သေသွားသည်။
      “သမီး သွေးမျက်လုံးနွားသိုးဘုရင်လို့ ပြောနေတာလား"

      “ဟုတ်တယ်...အစ်ကိုချင်နန်က သွေးမျက်လုံးနွားသိုးဘုရင်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ"
     ဖန်ရှင်းလု ပြုံးကာ ပြောလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် အလွန်လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

    “ဘာ"
    ဖန်ဟွာ၏ မျက်လုံးထဲတွင် အလွန်အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
    သွေးမျက်လုံးနွားသိုးဘုရင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ရန်အတွက် တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုသည်သည် အနိမ့်ဆုံး သိုင်းသခင်အဆင့်ခုနှစ်ရှိရန် လိုအပ်ပေသည်။ သို့သော်လည်း ဒုတိယအတွေးကြောင့် ဖန်ဟွာ နားလည်သွားသည်။ ချင်နန်သည် တစ်စုံတစ်ခုထူးခြားသောကြောင့် အဖွဲ့အစည်းလေးခုလုံးက သူ့အား ဖမ်းချင်နေကြခြင်းဖြစ်သည်။

      “သတင်းမပေးခင်မှာ ငါ အချက်အလက်တွေကို ပိုစုဆောင်းရမယ်"
     ဖန်ဟွာ အလျင်အမြန်ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏ မျက်လုံးထဲ ပြတ်သားမှုများဖြင့် အရောင်လက်သွားသည်။

     ဘန်း...

      မည်သို့မျှ သတိပေးမှုမရှိဘဲ ဖန်းဟွာသည် ချင်နန်ကို ကြောက်မက်ဖွယ်ရာစွမ်းအင်များ ပါဝင်သော လက်သီးဖြင့် ထိုးလိုက်သည်။

     “ဟမ်"
     ဖန်ဟွာသည် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု ချင်နန် မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း သူ၏ များပြားသော တိုက်ပွဲအတွေ့အကြုံကြောင့် သူ၏ ခန္ဓာကိုယ်တွင် ဖီးနစ်မီးလျှံများ ဖုံးလွှမ်းသွားပြီး အစွမ်းထက်သောလက်သီးဖြင့် ပြန်လည်ထိုးချလိုက်သည်။

      ဘန်း...

     လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်။ ရလဒ်အနေဖြင့် အင်အားအရှိန်သည် အခန်းထဲတွင် ပျံ့နှံ့သွားပြီး အခန်းအား ကာကွယ်ထားသော ဝင်္ကပါအစီအရင်များ ပျက်စီးသွားသည်။
   
      ဖပ်...ဖပ်...ဖပ်...
    
      အင်အားကြောင့် ချင်နန်၏ ခန္ဓာကိုယ်ပြင်းထန်စွာ တုန်ခါသွားပြီး နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ရသည်။

      “အဖေ...အဖေဘာလုပ်တာလဲ"
     ဖန်ရှင်းလု အထိတ်တလန့်ဖြစ်သွားသည်။

     “ခေါင်းဆောင်ဖန်..ကျုပ်နဲ့ ခင်ဗျားနဲ့ ဘာပြဿနာမှ မရှိဘူးလို့ ကျုပ်ထင်တယ်...ခင်ဗျား ဘာဖြစ်လို့ ကျုပ်ကို ရုတ်တရက် တိုက်ခိုက်တာလဲ"
      ချင်နန်၏ မျက်နှာသည် အေးစက်နေပြီး သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်နေသည်။

      ဤဖန်းဟွာသည် သိုင်းအရှင်တစ်ဝက်အဆင့်ကျင့်ကြံသူဖြစ်သော်လည်း သူ၏ ထူးခြားသော စွမ်းရည်များကြောင့် သိုင်းအရှင်တစ်ယောက်၏ စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။ သို့သော်လည်း တိုက်ပွဲဖြစ်ပွားလာပါက ချင်နန်သည် သူ၏ လက်ရှိစွမ်းအားဖြင့် အလွယ်တကူ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ပေသည်။

      “ဒါ..."
     ဖန်ဟွာ တုန်လှုပ်သွားသည်။ သူ အသုံးပြုလိုက်သည့် လက်သီးသည် သူ၏ အင်အားအကုန်ဖြစ်သည်။ သာမန်သိုင်းသခင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်သည် ချက်ချင်းသေသွားခြင်း သို့မဟုတ် အနည်းဆုံးလွင့်ထွက်သွားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ချင်နန်သည် နောက်သို့ ခြေသုံးလှမ်းသာ ဆုတ်ခဲ့ရသည်။

      “ဟူး...သူ့ရဲ့ စွမ်းအားက တိုင်းတာလို့မရဘူး...သူက အဖွဲ့အစည်းလေးခုလုံးရဲ့ လိုက်လံဖမ်းဆီးခြင်းခံနေရတာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး...ကလန်တစ်ခုလုံးရဲ့ စွမ်းအားနဲ့တောင် သူ့ကို ဖမ်းဆီးဖို့က မဖြစ်နိုင်လောက်ဘူး"
     ခေါင်းဆောင်တစ်ယောက် ပီသစွာ ဖန်ဟွာသည် အခြေအနေကို လျင်မြန်စွာသုံးသပ်လိုက်ပြီးနောက် သူ၏ မျက်လုံးများ လောဘဖြင့် အရောင်လက်သွားသည်။

     ဖန်ဟွာသည် ငတုံးတစ်ယောက်မဟုတ်ပေ။
    ချင်နန်သည် ‘ဒီ'အဆင့်ခြောက်သိုင်းဝိညာဉ်ရှိပြီး ဤကဲ့သို့ ငယ်ရွယ်သော အသက်အရွယ်နှင့် ဤကဲ့သို့ စွမ်းအားကို ပိုင်ဆိုင်ကာ အဖွဲ့အစည်းလေးခု၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည်။ ထို့ကြောင့် သူ့ထံတွင် အဖွဲ့အစည်းလုံးလေးခုလုံး လိုချင်သည့် ရတနာ သို့မဟုတ် လျှို့ဝှက်ချက်တစ်ခု ရှိနိုင်ပေသည်။
     အကယ်၍ သူတို့ ဖန်ကလန်သည် အဖွဲ့အစည်း‌ လေးခုလုံး ရူးသွပ်နေကြသည့်  ဤရတနာ သို့မဟုတ် လျှို့ဝှက်ချက်ကို ရရှိခဲ့ပါက သူတို့ ဖန်ကလန် ဘာဖြစ်လာပါမည်နည်း။

      “ငါ သူ့ကို ဒီမှာ ထိန်းထားပြီးတော့ ကျားဖြူမြို့မှာ ရှိတဲ့ ကလန်ဘိုးဘေးကို ဆက်သွယ်ရမယ်...တကယ်လို့ သူဒီကို ရောက်လာရင် ချင်နန်ကို ကိုင်တွယ်ရတာ ပြဿနာရှိမှာ မဟုတ်တော့ဘူး"
     ဖန်ဟွာသည် သူ၏ ခံစားချက်ကို မျက်နှာပေါ်၌ ဖော်ပြခြင်းမရှိဘဲ အစီအစဉ်တစ်ခုကို ချက်ချင်းပြုလုပ်ခဲ့သည်။

     ဖန်ရှင်းလုနှင့် ချင်နန်၏ မေးခွန်းများကို ရင်ဆိုင်ရသောအခါ သူသည် လက်သီးစုကာ အပြုံးဖြင့် ပြောလိုက်သည်။
    “ချင်နန်..ရှင်းလုရဲ့ စကားကိုကြားလို့ ငါမင်းရဲ့ အစွမ်းကို စမ်းသပ်တာပါ..ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ"

      သူ၏ ရိုးသားသော သဘောထားအားကြည့်ကာ ချင်နန်၏ မျက်နှာ တည်ငြိမ်သွားသည်။

    သို့သော်လည်း တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ချင်နန် ခပ်ရေးရေး ခံစားနေရသည်။ သို့သော်လည်း မည်သည့်အရာဖြစ်ကြောင်းကို သူ မပြောနိုင်ပေ။

     ဖန်ဟွာသည် ချင်နန်အားကြည့်ကာ ပြောလိုက်သည်။
     “ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုစွမ်းအားကို ပိုင်ဆိုင်တာကြောင့် ငါမင်းကို အထင်ကြီးမိပါတယ်...ငါ့မှာ ဂုဏ်ထူးဆောင်အကြီးအကဲချုပ်ရဲ့ တံဆိပ်ရှိတယ်..ဒီတံဆိပ်နဲ့ဆို မင်းရဲ့ အဆင့်အတန်းက အကြီးအကဲချုပ်နဲ့ တန်းတူပဲ...မင်းကို ဘာစည်းမျဉ်း ကန့်သတ်ချက်မှ မရှိဘူး...မင်းဒါကို လက်ခံမယ်လို့ ငါမျှော်လင့်ပါတယ်...မင်းကြောင့်သာမဟုတ်ရင် ငါ့သမီးကို တွေ့ခွင့်ရမှာ မဟုတ်ဘူး"
      ဖန်ဟွာ အလွန်ရိုးသားသော အသံဖြင့် ပြောလိုက်သည်။

       ဖန်ရှင်းလုသည် သူမ အဖေ၏ အစစ်အမှန်ရည်ရွယ်ချက်ကို သိရှိခြင်းမရှိပေ။ သူမသည် တစ်ချက်ပြုံးကာ ပြောလိုက်သည်။
      “အစ်ကိုချင်နန် ဒါကို ယူလိုက်ပါ"

     “ကောင်းပါပြီ"
      ချင်နန်သည် တဒင်္ဂတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူသည် အထက်ပိုင်းခရိုင်နှင့် စိမ်းသက်နေသောကြောင့် ဖန်ကလန်တွင် ရက်အနည်းငယ်နေထိုင်ကာ လေ့လာသင့်ပေသည်။

     ဤတံဆိပ်နှင့်ဆိုပါက သူအတွက် အရာအားလုံးပိုလွယ်သွားလိမ့်မည်ဖြစ်သည်။

    “စကားမစပ်..ချင်နန်...မင်းအောက်ပိုင်းခရိုင်ကနေ ဒီကိုလာတာ မင်းရဲ့ စွမ်းအားကို တိုးတက်အောင်လုပ်ချင်လို့မလား"
     ဖန်းဟွာ၏ မျက်လုံးများ အရောင်လက်သွားပြီး တည်တံ့သော လေသံဖြင့် ပြောလိုက်သည်။

     “ဟုတ်ပါတယ်"
     ချင်နန် ပြန်ပြောလိုက်သည်။

      “ဒီလိုဆိုရင်...."
      ဖန်းဟွှာသည် အနည်းငယ်ဒုက္ခရောက်နေသည့် မျက်နှာထားနှင့် ဖြစ်နေ‌ပြီးနောက် အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
      “မင်းက ရှင်းလုရဲ့ အသက်ကို ကယ်ခဲ့တာကြောင့် ဒီတံဆိပ်တစ်ခုတည်းက ငါ့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြဖို့ မလုံလောက်ဘူး..ငါတို့ ဖန်ကလန်က ဗာမီလီယံငှက်တပ်စုရွေးချယ်ပွဲမှာ ပါဝင်ဖို့ နေရာနှစ်နေရာရထားတယ်...ငါမင်းကို နေရာတစ်နေရာပေးမယ်"

     “ဘာ"
     ဖန်ရှင်းလု အော်လိုက်ပြီးနောက် သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။ သူမ အဖေသည် သူမအား ဤမျှအလွန်တန်ဖိုးထားလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူမ အလွန်ခံစားသွားရသည်။

     “ရွေးချယ်ပွဲမှာ ပါဝင်ခွင့်နေရာ"
     ချင်နန် အနည်းငယ် အံ့အားသင့်သွားသည်။

      ဖန်ဟွာသည် သူ၏ မျက်နှာကို တည်လိုက်ပြီးနောက် သူ၏ မျက်လုံးများ စူးရှသွားသည်။
     “ကောင်းကင်လောင်ကျွမ်းနိုင်ငံကို တော်ဝင်မိသားစုက ဦးဆောင်တယ်...ဂျီးနီးယပ်တပ်စုလို့ ခေါ်တဲ့ တော်ဝင်မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ စစ်တပ်သုံးခုရှိတယ်...အဲဒါတွေက လိပ်နက်တပ်စု၊ ‌ဗာမီလီယံငှက်စုနဲ့ ကျားဖြူတပ်စုပဲ"

    ထိုစကားများကြားသောအခါ ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။

     ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ ဂျီးနီးယပ်တွေ စုဝေးတဲ့ နေရာလား...

     ဒီဗာမီလီယံတပ်စုက တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ...

      ချင်နန်၏ တုံ့ပြန်မှုကို တွေ့ရှိပြီးနောက် ဖန်ဟွာ၏ မျက်နှာထက်တွင် ဆိုးယုတ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ချင်နန်ကို ဤနေရာတွင် ထိန်းထားရန်မှာ ပြဿနာမဟုတ်ပုံရသည်။

🐱🐱🐱🐱🐱

အပိုင်း (၄၉၅) ပြဿနာ

      ဘေးမှ ရပ်နေသော ဖန်ရှင်းလုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
      “အစ်ကိုချင်နန်...အစ်ကိုသာ ပါမယ်ဆိုရင် ဗာမီလီယံငှက်တပ်စုထဲ ဝင်ဖို့က ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"

      ချင်နန်အတွေးထဲ နစ်မြောသွားသည်။ သူသည် အထက်ပိုင်းခရိုင်မှ ဂျီးနီးယပ်များနှင့် တွေ့ဆုံရန် မျှော်လင့်ထားခဲ့သည်။
      “စီနီယာ...ဗာမီလီယံငှက်တပ်စုရွေးချယ်ပွဲက ဘယ်တော့စမှာလဲ"

     “ရှစ်ရက်နေရင် စလိမ့်မယ်"
     ဖန်ဟွာ လျှို့ဝှက်စွာ ပြုံး၍ ပြောလိုက်သည်။

      “ရှစ်ရက်ပဲ လိုတော့တယ်ပေါ့"
     ချင်နန် ခေါင်းညိတ်လိုက်ပြီးနောက် လက်သီးစုကာ ပြောလိုက်သည်။
     “ဒီလိုဆို ကျွန်တော်ပါမယ်...ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်...အနာဂတ်မှာ စီနီယာအကူအညီလိုရင် ကျွန်တော်အတတ်နိုင်ဆုံးကူညီပေးပါ့မယ်"

      “ဟား...ဟား....ဟား...ဒါကို စိတ်ထဲထားမနေပါနဲ့...ရှင်းလု သမီးရဲ့ သူငယ်ချင်းကို ဖန်ကလန်ကို လိုက်ပြလိုက်ပါဦး"
    ဖန်ဟွာ သူ၏ လက်ကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။

    သူတို့ နှစ်ဦးသည် ဆက်မနေကြတော့ဘဲ အခန်းထဲမှ ထွက်သွားသည်။

    တစ်ခဏကြာပြီးနောက် ဖန်ဟွာ၏ မျက်နှာပေါ်တွင် အလွန်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် ချင်နန်ကို သူ၏ ကလန်တွင် ထိန်းထားနိုင်ခဲ့သည်။

    ယခုအချိန်၌ သူသည် ကျားဖြူမြို့မှ သူ၏ ဘိုးဘေးကို စောင့်ရန်သာ လိုအပ်တော့သည်။
     အကယ်၍ သူသည် ချင်နန်၏ လျှို့ဝှက်ချက်များကို ရရှိပါက သူတို့ ကလန်၏ အနာဂတ်သည် မခန့်မှန်းနိုင်အောင်ပင် ဖြစ်လာလိမ့်မည်ဖြစ်သည်။

      “အခု..."
     ပျော်ရွှင်နေရင်း ဖန်ဟွာသည် ရွန်တစ်ခုကို ထုတ်ယူကာ သူ၏ အတွေးများကို ထည့်သွင်းလိုက်သည်။ ထို့နောက် ရွန်ထဲမှ သတင်းစကားနားထောင်ပြီးနောက် ဖန်ဟွာ မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီး သူတစ်ကိုယ်တည်းရေရွတ်လိုက်သည်။

    “ငါသုံးရက်စောင့်ဖို့ လိုတာပဲ...ဟတ်...ဒါလည်း သိပ်မကြာပါဘူး"

     ..........

      ဖန်ရှင်းလုသည် ချင်နန်အား သူတို့ ကလန်၏ လေ့ကျင့်ရေးကွင်းသို့ ခေါ်လာခဲ့သည်။ နေရာတစ်ခုလုံးသည် တစ်ဆယ်လီကျော် ကျယ်ဝန်းပေသည်။ ၎င်း၏ အောက်ခြေတွင် အစီအရင်တစ်ခုရှိပြီး ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်များကို စုစည်းထားကာ အငွေ့များအဖြစ် လွှမ်းခြုံနေသည်။

    “ရှန်အဆင့်တစ်...ဟွှာအဆင့်တစ်ဆယ်...ရှန်အဆင့်ခြောက်..."
    ချင်နန်သည် နေရာကို စစ်ဆေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ဖန်ကလန်၏ တပည့်များသည် အမှန်တကယ်ကို သာမန်မဟုတ်ပေ။ အဆင့်နိမ့်ဆုံးသိုင်းဝိညာဉ်မှာ ဟွှာအဆင့်တစ်ဆယ်ဖြစ်ပြီး အမြင့်ဆုံးမှာ ရှန်အဆင့်ကိုးဖြစ်သည်။

   ထိုအချိန်၌ အေးစက်သော အသံကို ကြားလိုက်ရသည်။
    “ဒီတော့ မင်းက အောက်ပိုင်းခရိုင်က လာတဲ့ ကောင်လား"
    
     ချင်နန် မျက်မှောင်ကြုတ်သွားပြီး လှည့်ကြည့်လိုက်သည်။ သူ၏ ရှေ့၌ ကျင့်ကြံမှုသိုင်းဘိုးအေအထွတ်အထိပ်အဆင့်သို့ ရောက်နေသော အဖိုးတန်အဝတ်အစားနှင့် လူငယ်တစ်ယောက် ရပ်နေသည်။ ချင်နန်အား ကြည့်နေသော သူ၏ အကြည့်သည် ရန်လိုမှုများနှင့် ပြည့်နှက်နေသည်။

     ဖန်ရှင်းလု စက်ဆုပ်စွာဖြင့် ကြည့်လိုက်ပြီး
     “ဖန်ရှောင် စကားပြောဆင်ခြင်...အစ်ကိုချင်နန်က ငါတို့ကလန်ရဲ့ လေးစားရတဲ့ ဧည့်သည်တော်ပဲ"

     “လေးစားရတဲ့ ဧည့်သည်တော်....ဟုတ်လား"
     ဖန်ရှောင်၏ မျက်လုံးထဲတွင် အထင်သေးမှုများဖြင့် ပြည့်နှက်သွားပြီး ချင်နန်ကို စူးစိုက်ကြည့်လိုက်သည်။

      “မင်း အခုရောက်နေတာ အထက်ပိုင်းခရိုင်ဆိုတာ ငါမင်းကို သတိပေးမယ်...မင်းရဲ့ ကျင့်ကြံမှုလေးက အရေးပါတယ်လို့ ထင်မနေနဲ့...ဖန်ရှင်းလုက ငါ့အစ်ကိုရဲ့ အမျိုးသမီးဆိုတာကို မှတ်ထား...မင်း သူနဲ့  ဝေးဝေးနေ...မဟုတ်ရင် အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်"

    ဖန်ရှင်းလု ဒေါသထွက်သွားသည်။
     “ဖန်ရှောင် နင်ဘာစကားတွေ ပြော.."

     သူမ၏ စကားမဆုံးခင်မှာပင် ချင်နန်သည် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
     “ငါကအောက်ပိုင်းခရိုင်က လာတော့ကော ဘာဖြစ်လဲ...ဒါက မင်းအတွက် ပြဿနာတစ်ခုမလို့လား...တကယ်လို့ မင်းမကျေနပ်ဘူးဆိုရင် ငါနဲ့ သူသေကိုယ်သေတိုက်လို့ရတယ်...ငါမင်းကို သတ်ဖို့ တစ်ကွက်တည်း သုံးမယ်"

     “မင်း..."
     ဖန်ရှောင် ဒေါသထွက်သွားသည်။

     တစ်ကွက်တည်းသုံးမယ်...

     ဤချင်နန်သည် သူ့ကို အရှက်ခွဲခဲ့သည်။

     ဒေါသထွက်နေသော်လည်း ဖန်ရှောင်သည် တုံးအစွာ မပြုမူရဲပေ။

    သူ၏ ရှေ့မှ လူသည် သွေးမျက်လုံးနွားသိုးဘုရင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်စွမ်းရှိသည်ဟု သူကြားထားခဲ့သည်။ သူ၏ စွမ်းအားသည် လုံးဝကြောက်စရာဖြစ်သည်။

      “ငါတို့ တွေ့ကြသေးတာပေါ့"
      ဖန်ရှောင်သည် သူ့အား စူးရဲစွာ ကြည့်ပြီးနောက် နေရာမှ ထွက်ခွာသွားသည်။

      “ဒီဖန်ရှောင်က လုံးဝရွံ့စရာကောင်းတာပဲ"
     ဖန်ရှင်းလု၏ မျက်နှာပေါ်မှ ဒေါသမှာ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်လျှော့လိုက်ပြီး ချင်နန်အား အားတုံ့အားနာဖြစ်သော အသံဖြင့် ပြောလိုက်သည်။
    “အစ်ကိုချင်နန်...ရှင့်ကို နောက်ထပ်အရှုပ်အထွေးတစ်ခုထဲ ဆွဲသွင်းမိတာကြောင့် တောင်းပန်ပါတယ်...ဒါပေမဲ့ မစိုးရိမ်ပါနဲ့...ကျွန်မ ကျွန်မရဲ့ အဖေကို ပြောလိုက်ပါ့မယ်...သူ ရှင့်ကို နောက်ထပ် ပြဿနာရှာမှာမဟုတ်တော့ပါဘူး"

    “ရပါတယ်"
     ချင်နန် ခေါင်းခါယမ်းလိုက်ပြီးနောက် ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိသွားသည်။
      “ဒါနဲ့ မင်းမှာ အဓိကတုံးတွေရှိလား...ငါနည်းနည်းလောက် ဝယ်ချင်တယ်...ဒါပေမဲ့ အခုခဏလောက်တော့ ချေးထားပေါ့"

     “ရှင် ကျွန်မဆီက ချေးဖို့ မလိုပါဘူး...ရှင်က ဖန်ကလန်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲချုပ်ပဲ...နဝမမြို့မှာ ရှင်စိတ်ရှိသလို အဓိကတုံးနှစ်သောင်းသုံးခွင့်ရှိတယ်"
     ဖန်ရှင်းလု ပြုံးကာပြောလိုက်သည်။

    “မိုက်လိုက်တာ"
    ချင်နန် အံ့အားသင့်သွားသည်။ ဖန်ကလန်၏ ဂိုဏ်းထူးဆောင်အကြီးအကဲချုပ်သည် ဤကဲ့သို့ အခွင့်အရေးမျိုးရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ ချက်ချင်းပင် ပြောလိုက်သည်။
     “ဒီလိုဆို ငါနဝမမြို့မှာ ဝယ်စရာရှိတာတွေ သွားဝယ်လိုက်ဦးမယ်...မင်းငါနဲ့ ဆက်လိုက်မနေနဲ့တော့...ငါ့ဘာငါပဲ သွားလိုက်မယ်"

     “ဟမ်" 
   
       ..........

     ချင်နန် ကလန်မှ ထွက်လာပြီးနောက် ကုန်သွယ်ရေးမဟာမိတ်အဖွဲ့၏ ဌာနခွဲရှိရာသို့ လာခဲ့သည်။ ကုန်သွယ်ရေးမဟာမိတ်သည် ဆေးလုံးများ ရတနာပစ္စည်းများအပြင် သတင်းအချက်အလက်များကိုလည်း ရောင်းချသည်ကို သူမှတ်မိပေသည်။

     ကုန်သွယ်ရေးမဟာမိတ်တွင် မင်းသမီးမြောင်မြောင်၊ ထောင်ချင်းစန့်နှင့် အခြားသူများ၏ တည်နေရာ သတင်းအချက်အလက် ရှိမရှိကို ချင်နန် သိလိုနေသည်။ သူတို့၏ စွမ်းရည်များဖြင့် အထက်ပိုင်းခရိုင်တွင် အသက်ရှင်ရန်မှာ သူတို့အတွက် ပြဿနာမဟုတ်သော်လည်း သူ သူတို့နှင့် စောစီးစွာ တွေ့ခဲ့ပါက ပိုကောင်းပေသည်။

      မကြာမီတွင် သူ ကုန်သွယ်ရေးမဟာမိတ်သို့ ရောက်ရှိသွားသည်။ နေရာသည် လီငါးရာခန့် ကျယ်ဝန်းပြီး အဆောက်အဦးသည် အဖိုးတန်ခန့်ထည်ကာ ၎င်း၏ ဝင်ပေါက်တွင် လူများဖြင့် ပြည့်နှက်နေသည်။

      ချင်နန်သည် ရှေ့သို့ သွားလိုက်ရာ သင်ပုန်း(သင်ပုန်း=ဆိုင်းဘုတ်)တစ်ခုကို တွေ့လိုက်ရသည်။

     သတင်းအချက်အလက်ဝယ်ယူရန်အတွက် ဒုတိယထပ်သို့ သွားရန် လိုအပ်ကြောင်းကို သူတွေ့ရှိလိုက်သည်။  ထို့ကြောင့် သူသည် ချက်ချင်းပင် လှေကားများပေါ်သို့ တက်လိုက်သည်။

     ထိုသို့လုပ်နေစဉ်၌ ကျင့်ကြံမှုသိုင်းဘိုးအေအဆင့်တွင် ရှိသော ချပ်ဝတ်တန်ဆာနှင့် လူတစ်ယောက်သည် သူ၏ ရှေ့၌ ပိတ်ရပ်ကာ ပြောလိုက်သည်။
      “မင်း ဒုတိယထပ်ကို သွားချင်ရင် ဖိတ်ကြားချက်ကို ပြဖို့ လိုအပ်တယ်"

     “ဖိတ်ကြားချက်"
    ချင်နန် အံ့အားသင့်သွားသည်။

    ကျင့်ကြံသူသည် အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
     “မင်းက အောက်ပိုင်းခရိုင်က လာတာမလား...ဒါကြောင့် မင်းစည်းမျဉ်းတွေကို မသိတာပဲ...ဖိတ်ကြားချက်မရှိရင် မင်းဝင်လို့ မရဘူး"
 
     ကုန်သွယ်ရေးမဟာမိတ်၏ ဒုတိယထပ်တွင် သတင်းအချက်အလက်ဝယ်ယူရန်အတွက် သိသာထင်ရှားသော အဆင့်အတန်းရှိရန် လိုအပ်ပေသည်။
     အဆုံး၌ သတင်းအချို့သည် လူတိုင်းသိရန် မသင့်တော်ပေ။

     “ကျုပ် အောက်ပိုင်းခရိုင်က လာတာက ပြဿနာလား"
     ချင်နန်၏ မျက်နှာ အေးစက်သွားသည်။

      ဖန်ရှောင်နှင့် ဤ‌အစောင့်နှစ်ယောက်လုံးသည် သူ အောက်ပိုင်းခရိုင်မှ လာသောကြောင့် သူ့အား အထင်သေးစွာ ဆက်ဆံခဲ့ကြသည်။
      သူစည်းမျဉ်းများကို မသိသည်မှာ အမှန်ဖြစ်သော်လည်း သူသည် အောက်ပိုင်းခရိုင်မှ ဖြစ်သောကြောင့် နိမ့်ကျသည်ဟု မဆိုလိုပါ။

     “ဟတ်....အောက်ပိုင်းခရိုင်လို ဆိုးရွာတဲ့နေရာကနေ ဘယ်လိုထူးချွန်တဲ့လူမျိုး ထွက် ပေါ်လာမှာမလို့လဲ"
     ချင်နန်၏ မေးခွန်းကြောင့် အစောင့်သည် ပို၍ပင် အထင်သေးသွားသည်။

     သူသည် ချင်နန်ကို အစောကတည်းက တွေ့မြင်ခဲ့သည်။ သူ၏ အဝတ်အစားနှင့် သူ၏ အော်ရာနှစ်ခုလုံးသည် သူ၏ အာရုံစိုက်မှုရအောင် မထိုက်တန်ပေ။

      “ဒီလိုလား"
     ချင်နန်၏ မျက်လုံးများ အေးစက်သွားသည်။

    သို့သော်လည်း ထိုအချိန်၌ တည်ကြည်သော အသံတစ်သံကို ကြားလိုက်ရသည်။
      “ဘာလဲ...ဒီမှာ ဘာဖြစ်နေတာလဲ"

      ဗိုက်ပူပူနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သကဲ့သို့ လေးဖင့်စွာဖြင့် လျှောက်လှမ်းလာသည်။

     “အကြီးအကဲ"
     အစောင့်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး အပြုံးဖြင့် ပြောလိုက်သည်။
     “ဒီလူက အောက်ပိုင်းခရိုင်ကပါ...သူက ဒုတိယထပ်ကို ဖိတ်ကြားချက်မပါဘဲ ဝင်ဖို့ ကြိုးစားနေတယ်"

     “အိုး"
     ဗိုက်ပူသော လူသည် ချင်နန်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာ ချက်ချင်းအေးစက်သွားသည်။
     “ကုန်သွယ်ရေးမဟာမိတ်က ခွေးတွေကြောင်တွေ ဝင်ခွင့်မပြုဘူး...ထွက်သွားစမ်း"

     “ထွက်သွားစမ်း...ဟုတ်လား"
     ချင်နန်၏ မျက်လုံးထဲတွင် အလွန်အေးစက်မှုများဖြင့် ပြည့်နှက်သွားသည်။

    ကုန်သွယ်ရေးမဟာမိတ်...

    သူတို့သည် အောက်ပိုင်းခရိုင်တွင် သူနှင့် လုံလောက်သော ပြဿနာများရှိခဲ့ပြီးသားဖြစ်သည်။ သူအထက်ပိုင်းခရိုင်သို့ ရောက်လာပြီးသည့်နောက်တွင်လည်း သူတို့သည် သူ့အား အနိုင်ကျင့်ဝံ့သေးသည်။

Continue Reading

You'll Also Like

62.5K 6.3K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
32.9K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
51.2K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...