အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၄၀၆ - ၄၁၀

522 49 2
By Azure5549


အပိုင်း (၄၀၆) အလင်းစွမ်းအင်

     “သုံးတံခါးမှာ ခြေလှမ်းကိုးရာ့ခြောက်ဆယ်ပါဝင်တယ်...ဒါပေမဲ့ မင်းက ခြေလှမ်းလေးရာကို မင်းရဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ရောက်ရှိနိုင်ခဲ့တယ်...မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို နောက်ထပ်စစ်ဆေးဖို့ မလိုတော့ဘူး"
     ဩဇာပြည့်ဝသည့် အသံတစ်သံ ချင်နန်၏ စိတ်ထဲဝင်လာသည်။

     ထို့နောက် ကြီးမားသောစွမ်းအင်သည် ရေကူးနေသည့် နဂါးတစ်ကောင်ကဲ့သို့ ချင်နန်၏ ခန္ဓာကိုယ်ကို ဖြည့်တင်းလိုက်သည်။
     မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်နန်၏ ကျိုးကြေပြဲစုတ်နေသော ခန္ဓာကိုယ်သည် ချက်ချင်းပြန်လည်ကောင်းမွန်လာပြီး တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
    ချင်နန် နိုးထလာသည်နှင့် သူ၏ နတ်ဘုရားအာရုံထဲတွင် ခန့်ထည်စွာရပ်နေသော ဆံပင်ဖြူနှင့် အဘိုးအိုကို တွေ့လိုက်ရသောကြောင့် သူအံ့အားသင့်သွားသည်။
    “စီနီယာ...စီနီယာက..."

    “ငါက သုံးထပ်ဆင့်သိုင်းသခင်ပါ"
    အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
    “ငါက သိုင်းအရှင်အဆင့်ကို တက်ဖို့ကြိုးစားခဲ့တယ်...ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကံကြမ္မာက ငါ့ကို မျက်နှာသာမပေးခဲ့ဘူး...ဒါကြောင့် အဆုံးမှာ ငါ ကျရှုံးခဲ့တယ်...အဲလိုဖြစ်ပျက်ခဲ့တဲ့အချိန်မှာ ငါအလင်းစွမ်းအင်တစ်ခုကို ရရှိခဲ့တယ်...ဒီနေ့ ငါအဲဒါကို လက်ဆောင်အဖြစ် မင်းကိုပေးမယ်"

    “စီနီယာ...ဒါက..."
    ချင်နန် အံ့အားသင့်သွားသည်။

    သူလှမ်းခဲ့သည် ခြေလှမ်းအရေအတွက်နှင့် ညီမျှသော အကျိုးကျေးဇူး သူရရှိမည်ကို သိပေသည်။ သို့သော်ငြား သုံးထပ်ဆင့်သိုင်းသခင်သည် သု့ကိုယ်သူ ထုတ်ဖော်ပြသ၍ သူ့အား အလင်းစွမ်းအင်ပေးလိမ့်မည်ဟု ချင်နန် မမျှော်လင့်ထားခဲ့ပေ။

    “မစိုးရိမ်ပါနဲ့...အရမ်းဘဝင်မမြင့်နဲ့ မင်းရဲ့ ကျင့်ကြံမှုကို စိတ်ရှည်ရှည်ထား...လုံ့လဝီရိယရှိပြီး ကြိုးစားအားထုတ်တဲ့သူကသာ အဆုံးမှာ အောင်မြင်လိမ့်မယ်"
     အဘိုးအိုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။

    သူ၏ လက်ချောင်းထိပ်မှ အနီရောင်အလင်းတစ်ခုထွက်ပေါ်လာပြီး ချင်နန်၏ နတ်ဘုရားအာရုံကို ထိုးဖောက်သွားသည်။ ထို့နောက် အဘိုးအို၏ ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။

    ချင်နန် မည်သည့်အရာမှ မပြောရသေးခင်မှာပင် သူ၏ နတ်ဘုရားအာရုံထဲ၌ ကျယ်လောင်သော အက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားသည်။
    ယင်းမှာ အနီရောင်အလင်းသည် ရုတ်တရက် မတည်မငြိမ်ဖြစ်လာခြင်းဖြစ်သည်။
    အလင်းသည် သန့်စင်ကာ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများပါဝင်သည်။ ထိုအချိန်၌ ၎င်းသည် မတည်မငြိမ်ဖြစ်လာပြီး ချင်နန်၏ နတ်ဘုရားအာရုံသည် ပြိုကွဲသွားတော့မည့်အလား တုန်ခါလာသည်။

     “ဒီအလင်းစွမ်းအင်က အရမ်းသန့်စင်တာကြောင့် ငါတိုက်ရိုက်စုပ်ယူလို့ရတယ်...အရင်တုန်းက စစ်နတ်ဘုရားရဲ့ ဘယ်ဘက်မျက်လုံးဆင့်ကဲပြောင်းလဲလာပြီးတဲ့နောက်မှာ အလင်းစွမ်းအားတစ်ခု ရရှိခဲ့တယ်...ငါဒီအလင်းကို စုပ်ယူပြီးတဲ့နောက်မှာ စစ်နတ်ဘုရားရဲ့ ဘယ်ဘက်မျက်လုံးက တိုးတက်လာမယ်လို့ ငါမျှော်လင့်ပါတယ်"
     ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် သူ၏ အာရုံကို စုစည်းလိုက်သည်။ ထို့နောက် သူ၏ နဂါးအစင်းကြောင်းခြောက်ခုနှင့် အခြေတည်စိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။ သူ၏ သေးငယ်သော အခြေတည်စိတ်ဝိညာဉ်သည် ပါးစပ်ကို ဖွင့်လိုက်ပြီး စွမ်းအင်များကို စုပ်ယူလိုက်သည်။

     ဟူး...

    ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ဒုတိယတံခါးအောက်တွင်ပင် စတင်ကျင့်ကြံလိုက်သည်။

    ထိုအချိန်၌ ရင်ရွှင်းလုံသည် ခြေလှမ်းသုံးရာကို အောင်မြင်ခဲ့ပြီး အခြားသူများမှာလည်း ခြေလှမ်းနှစ်ရာ့ခြောက်ဆယ်ကို ကျော်လွှားနိုင်ခဲ့ကာ ယခင်စံချိန်များကို ချိုးဖောက်ခဲ့ကြသည်။
    တစ်နည်းဆိုရပါက သုံးတံခါးတွင် ပါဝင်သူများအားလုံး ဖိအားကို တောင့်ခံနိုင်ခဲ့ကြသည်။ သို့သော် စောင့်ရှောက်သူများကြားထဲတွင် အဆင့်ကိုးဖြစ်သည့် ရွှယ်ဝူဟန်မှာမူ နောက်ဆုံးတွင်ရှိသည်။ သူသည် ရှေ့သို့တက်ရန် အကြိမ်များစွာကြိုးပမ်းခဲ့သော်လည်း ကြီးစွာသော ဆင်းရဲဒုက္ခကြောင့် အဆုံး၌ လက်လျှော့ခဲ့သည်။

     အချိန်သည် လျင်မြန်စွာပင် တစ်လကုန်ဆုံးသွားသည်။

     ဤလအတောအတွင်းတွင် အစက ကုန်းပေါ်တွင် စောင့်နေကြသော ကျင့်ကြံသူများသည် ထွက်ခွာသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ချင်နန် ခြေလှမ်းလေးရာအောင်မြင်ခဲ့သည်ဟူသော သတင်းသည် ချင်းလုံမြင့်မြတ်နေရာသို့ ငလျင်တစ်ခုကဲ့သို့ ပျံ့နှံ့သွားပြီး လူအများအပြား အံ့အားသင့်ခဲ့ကြသည်။
    ထို့ပြင် ချင်နန်၏ အောင်မြင်မှုကြောင့် ချင်းလုံမြင့်မြတ်နေရာတစ်ခုလုံးရှိ တပည့်များသည် သူတို့၏ ကျင့်ကြံမှု၌ ပိုမိုအားစိုက်လာကြသည်။

     ဤအတောအတွင်း သုံးတံခါးတွင်...

     ဝှစ်...

     ချင်နန်၏ မျက်လုံးသည် ရုတ်တရက် ပွင့်လာသည်။ သူ၏ ဘယ်ဘက်မျက်လုံးသည် အဆုံးမဲ့ အနီရောင်အလင်းများဖြင့် ပြည့်နှက်နေသည်။
     အချိန်တစ်လကြာသုံးစွဲပြီးသည့်နောက်တွင် သူသည် အလင်းစွမ်းအင်‌အတော်များများကို စုပ်ယူနိုင်ခဲ့ပြီး စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးသည် ကြီးမားစွာပြောင်းလဲခဲ့သည်။
     သူသည် အတွေးတစ်ချက်ဖြင့် စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးမှတစ်ဆင့် အနီရောင်အလင်းများ ပစ်လွှတ်နိုင်ကြောင်းကို ချင်နန်ခံစားနိုင်ပေသည်။
     စစ်နတ်ဘုရားဘယ်ဘက်မျက်လုံး၏ စွမ်းရည်သည် ကန့်သတ်မခံရတော့ဘဲ နောက်ဆုံး၌ ၎င်း၏ အစစ်အမှန်စွမ်းအားသည် ပထမဆုံးအကြိမ်ထွက်ပေါ်လာပြီဖြစ်သည်။

      “ဒီအစွမ်းက အရမ်းထူးခြားလိမ့်မယ်...အခုက ဒီမှာ လူတွေအများကြီးရှိနေတာကြောင့် စမ်းသပ်လို့အဆင်မပြေဘူး"
      ချင်နန် သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ချုပ်တည်းလိုက်သည်။ ထို့နောက် သူ၏ အာရုံကို နဂါးအစင်းကြောင်းခြောက်ခုနှင့် အခြေတည်စိတ်ဝိညာဉ်ကို စိုက်လိုက်သည်။

     “အခြေတည်စိတ်ဝိညာဉ် သိုင်းအရှင်ရဲ့ အလင်းစွမ်းအင်ကို စုပ်ယူ"
    ချင်နန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

   ချင်နန်သည် ကျန်ရှိနေသေးသော အလင်းစွမ်းအင်များကို နဂါးအစင်းကြောင်းခြောက်ခုအခြေတည်စိတ်ဝိညာဉ်ဖြင့် စုပ်ယူလိုက်သည်။
   တစ်လ ကုန်ဆုံးသွားပြန်သည်။

     ဝေါင်း...

     ရုတ်တရက် နဂါးဟိန်းသံတစ်သံနှင့်အတူ အခြေတည်စိတ်ဝိညာဉ်မှ နေကဲ့သို့တောက်ပသော ရွှေရောင်အလင်းတစ်ခုထွက်ပေါ်လာပြီး အခြေတည်စိတ်ဝိညာဉ်ပေါ်တွင် တဖြည်းဖြည်း နဂါးအစင်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
      ထို့ပြင် အခြေတည်စိတ်ဝိညာဉ်သည် ခပ်ဖျော့ဖျော့အလင်းတစ်ခုထုတ်ဖော်နေပြီး ၎င်း၏ အော်ရာသည် မယုံနိုင်လောက်အောင် အစွမ်းထက်နေသည်။

     “အဆင့်တက်သွားပြီပေါ့"
     ချင်နန်၏ နှလုံးသားထဲ၌ အလွန်ပျော်ရွှင်သွားသည်။

     ရွှေရောင်နဂါးအစင်းကြောင်းခုနှစ်ခုနှင့် အခြေတည်စိတ်ဝိညာဉ်ကြောင့် သူ၏ စွမ်းအားသည် သိုင်းဘိုးအေအဆင့်ခုနှစ်ကျင့်ကြံသူနှင့် ညီမျှပေသည်။

     ဘန်း...

     ထိုအချိန်၌ နေရောင်ရွှေခန္ဓာကျင့်စဉ်၊ နတ်ဆိုးနှင်ထုတ်နှလုံးအေးကျင့်စဉ်နှင့် ဆေဘာစွမ်းအင်များသည် အခြေတည်စိတ်ဝိညာဉ်တိုးတက်သွားပြီးနောက် လျင်မြန်စွာဆင့်ကဲပြောင်းလဲတိုးတက်သွားကြသည်။
     နောက်ထပ်အနေဖြင့် ထိုသို့ဆင့်ကဲပြောင်းလဲမှုသည် သူ့အားမိုးကြိုးအော်ရာတစ်ခုပေးစွမ်းနေသည်။
     ဥပမာအနေဖြင့် နေရောင်ရွှေခန္ဓာကျင့်စဉ်ကို အသုံးပြုလိုက်သည့်အခါ၌ ပုံမှန်မီးလျှံများအစား မိုးကြိုးမီးလျှံများ ထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။
      မိုးကြိုးမီးလျှံများ၏ စွမ်းအားသည် ပို၍ကြောက်မက်ဖွယ်ရာကောင်းသည်မှာ သံသယရှိစရာမလိုပေ။

     “ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် သိုင်းဘိုးအေအဆင့်ရှစ်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ဖို့က ပြဿနာမဟုတ်ဘူး...ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး...တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးမှာ သေချာပေါက် သိုင်းဘိုးအေအထွတ်အထိပ်အဆင့်ကျင့်ကြံသူတွေ အမြောက်အမြားပါဝင်ကြလိမ့်မယ်...အခုနှစ်လပဲ ကျန်တော့တယ်...ငါ့ရဲ့ ခွန်အားတိုးတက်လာဖို့အတွက် ငါအကောင်းဆုံးကြိုးစားသင့်တယ်"
     ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။

     ဒုတိယတံခါးအောက်တွင်ရှိသော ချီစွမ်းအင်များသည် များပြားလှပြီး တစ်စုံတစ်ယောက်၏ နားလည်မှုတိုးမြှင့်လာအောင်လည်း စွမ်းဆောင်ပေးနိုင်သည်။

    ချင်နန်သည် ချက်ချင်းပင် စိတ်နှစ်ခွလုပ်လိုက်ပြီး တစ်ဖက်က ဖီလာဆေးဝါးသန့်စင်ခြင်းနည်းလမ်းကို နားလည်အောင်ကြိုးပမ်းနေပြီး အခြားတစ်ဖက်က ကျင့်ကြံလိုက်သည်။

    .........

    .........

    “ပိလန်...မင်းငါ့ကို ဘာလို့ ငြင်းပယ်နေသေးတာလဲ"
    လေထဲရှိ ကြီးမားသော ကျွန်းကြီးပေါ်၌ နန်းတော်တစ်ခုထဲတွင် နတ်ဆိုးသွင်ပြင်ရပ်နေသော လူငယ်တစ်ယောက်သည် မိုးချုန်းသံကဲ့သို့ အသံဖြင့် ပြောလိုက်သည်။

    “ချင်နန် အသက်ရှင်နေသမျှ ကာလပတ်လုံး ကျွန်မ အချစ်ကိစ္စကို စဉ်းစားဖို့ အချိန်မရှိဘူး"
     ကျန်းပိလန် သူမ၏ မျက်ခုံးများကို ပင့်၍ ပြောလိုက်သည်။
     “အဲဒီနေ့က အရှက်ရမှုကို ကျွန်မ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

     “လာပြန်ပြီလား...ဒီချင်နန်"
     လူငယ်ဒေါသထွက်သွားပြီး ပြောလိုက်သည်။
     “ငါ့ရဲ့ ဒုတိယညီကို ချင်နန်နဲ့ ရင်ဆိုင်ဖို့ လွှတ်လိုက်ပြီးပြီ...ငါ့ရဲ့ တတိယညီကိုလည်း လက်စားချေဖို့ လွှတ်လိုက်ပြီးပြီ"
  
      “ကျေးဇူးတင်ပါတယ်...အစ်ကိုရှောင်"
    ကျန်းပိလန် သနားစရာကောင်းသည့် လေသံဖြင့် ပြောလိုက်သည်။
    “ဒုတိယအစ်ကိုရှောင်နဲ့ အစ်ကိုပိုင်တို့ရဲ့ အကူအညီနဲ့ဆိုရင် ချင်နန့်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိနေရင်တောင် အသက်ရှင်မှာမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်"

    လူငယ်သည် ငတုံးတစ်ယောက်မဟုတ်သောကြောင့် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
     “ပိလန်...မင်းနဲ့ အချိန်တွေဖြုန်းနေဖို့ ငါ ဆန္ဒမရှိဘူး...မင်းက ချင်နန့်ကို သတ်ဖို့အတွက် ငါ့ကို လက်ကိုင်တုတ်တစ်ခုလို အသုံးချနေတာကို ငါဘာမှမပြောချင်ဘူး...ဒါပေမဲ့ ချင်နန်သေသွားတာနဲ့ မင်းငါ့ကို လက်ဆက်ရမယ်...ဒီလိုမှမဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့"

     ထိုစကားများပြောပြီးနောက် လူငယ်သည် ထည်ဝါသော အော်ရာဖြင့် ‌နန်းတော်မှ ထွက်ခွာသွားသည်။

     ကျန်းပိလန်၏ မျက်နှာ အနည်းငယ်ဖြူဖျော့သွားသည်။ အမျိုးအမည်မသိသော အကြောင်းအရင်းတချို့ကြောင့် ရုတ်တရက် သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၄၀၇) ရွှယ်ဝမ်ထျန်

      အချိန်သည် စီးဆင်းနေသော ရေကဲ့သို့ တဖြည်းဖြည်းကုန်ဆုံးသွားသည်။

      တစ်လသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားသည်။ တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီး ကျင်းပခါနီးပြီဖြစ်သည်။
      ချင်းလုံမြင့်မြတ်နေရာတစ်ခုလုံးကို ထူးဆန်းသော အလင်းလုံးများဖြင့် အလှဆင်ထားပြီး သက်ဝင်လှုပ်ရှားကာ လှပနေလျက်ရှိသည်။ သိုင်းဘိုးအေအဆင့်ကျင့်ကြံသူအများစုသည် ကျန်ရှိနေသော အချိန်၌ သူတို့၏ စွမ်းအားတိုးတက်စေရန်အတွက် အမျိုးမျိုးသော ကျင့်ကြံခြင်းနေရာများကို ဝင်ရောက်ကာ ကျင့်ကြံနေကြသည်။

     တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးကို တစ်နှစ်တစ်ကြိမ်သာ ကျင်းပသောကြောင့် မြင့်မြတ်နေရာရှိ ကျင့်ကြံသူများအတွက် ထူးခြားသော အခါသမယတစ်ခုဖြစ်သည်။
     ဤသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ လူအများ၏ အာရုံစိုက်ရာ ဖြစ်လိုသောကြောင့် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးတွင် ထူးခြားသောစွမ်းရည်ကို ပြသနိုင်ခဲ့ပါက ထိုလူသည် ထိပ်ပိုင်းခေါင်းဆောင်များ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။

     ထိုစဉ်အတောအတွင်း လွန်ခဲ့သောသုံးလက သုံးတံခါးတွင် ကျင့်ကြံနေသော ချင်နန်၏ မျက်လုံးများ ဖြည်းလေးစွာပွင့်လာသည်။

     “ဖီလာဆေးဝါးသန့်စင်ခြင်းလမ်းစဉ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ...ဒါရဲ့ အဓိကနိယာမက နည်းစနစ်ကိုပဲ မှီခိုနေရတာပဲ မဟုတ်ဘဲ ဆေးဝါးဖော်စပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ နှလုံးသားဆန္ဒနောက်ကို လိုက်ဖို့လည်း လိုအပ်တယ်"
     ချင်နန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

     တစ်လကျင့်ကြံပြီးနောက် ချင်နန်သည် ဖီလာဆေးဝါးသန့်စင်ခြင်းလမ်းစဉ်၏ အခြေခံအုတ်မြစ်ကို ဆုပ်ကိုင်နိုင်ခဲ့သည်။ ဆေးလုံးဖော်စပ်ရာ၌ ဆေးပညာရှင်သည် သူ၏ စိတ်ဆန္ဒနှင့် အလိုက်သင့်ဖော်စပ်ရလိမ့်မည်ဖြစ်သည်။
    သို့သော် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်မှာ အလွန်ခက်ခဲပေသည်။ ချင်နန်သည် ဖီလာဆေးဝါးသန့်စင်ခြင်းလမ်းစဉ်၏ အခြေခံအုတ်မြစ်ကို နားလည်ခဲ့သော်လည်း သူ ထိုသို့ စွမ်းဆောင်နိုင်ခြင်းမရှိသေးချေ။

     “တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးက စတင်တော့မယ်...ဒါပေမဲ့ အဲဒီ့မတိုင်ခင်မှာ ငါ ဒီကိစ္စကို အရင်ဖြေရှင်းရမယ်"
     ချင်နန်သည် သူ၏ အတွေးများကို စုစည်းလိုက်ပြီး မ‌နီးမဝေးမှ ရွှယ်ဝူဟန်ကို စူးစိုက်ကြည့်လိုက်သည်။
 
     ကျင့်ကြံနေဆဲရှိသည့် ရွှယ်ဝူဟန်သည် ခြိမ်းခြောက်မှုတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ပြီး ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ၏ မျက်လုံးကိုဖွင့်ကာ ဒေါသထွက်သော လေသံဖြင့်ပြောလိုက်သည်။
      “ဘယ်သူငါ့ကိုကြည့်.."

     ချင်နန် သူ့အား ကြည့်နေသည်ကို တွေ့မြင်ရသောအခါ သူ၏ အသံရပ်သွားသည်။ ထိုအချိန်၌ ချင်နန် မည်သည့်အရာလုပ်ရန် ကြံနေကြောင်းကို ရွှယ်ဝူဟန် ချက်ချင်းနားလည်သွားသည်။ သူ၏ မျက်လုံးတွင် စိုးထိတ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်သွားသော်လည်း ချက်ချင်းတည်ငြိမ်သလို ဟန်ဆောင်လိုက်သည်။
      “ချင်နန်...တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးက စတော့မယ်...ငါတို့အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီးမှသာ ငါတို့ရဲ့ အလောင်းအစားကိစ္စကို ရှင်းမယ်...အခုဆက်ကျင့်ကြံကြ‌တာပေါ့"

     “ကြောင်တောင်တောင်စကားတွေ ပြောမနေနဲ့...အခုချက်ချင်း အဓိကတုံးနှစ်ရာပေး"
     ချင်နန်သည် ထည်ဝါသော အော်ရာကို ထုတ်ဖော်၍ မြေပေါ်မှ ထလာသည်။

    ဒီရွှယ်ဝူဟန်က ကတိဖျက်ဖို့ ကြိုးစားနေတာလား...

     “ဘာအဓိကတုံးနှစ်ရာလဲ...မင်းဘာကိုပြောနေလဲဆိုတာ ငါမသိဘူး"
     ရွှယ်ဝူဟန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။

     ဒါက အဓိကတုံးနှစ်ရာပဲ...ငါဒီပမာဏကို ဘယ်လိုမှမပေးနိုင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါဒါကို မသိချင်ယောင်ဆောင်ရမယ်...

     “မင်းက ကတိဖျက်ဖို့ ကြိုးစားနေတာလား"
     ချင်နန်၏ မျက်နှာထားသည် ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်မှ အေးစက်သော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

     ရွှယ်ဝူဟန်၏ မျက်နှာ အနည်းငယ်ဖြူဖျော့သွားသည်။ သုံးလအတောအတွင်းတွင် ချင်နန်၏ စွမ်းအားသည် တိုးတက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက် သူ၏ ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
      “မင်းကို ငါဘာမှ ပေးစရာမရှိသလို ငါ ဘာကတိမှလည်း မဖျက်ဘူး...မင်းငါ့ကို တိုက်ခိုက်ရဲလား"

     ရွှယ်ဝူဟန် မတ်တပ်ရပ်လိုက်သည်။

     သူ၏ သိုင်းဘိုးအေအထွတ်အထိပ်အဆင့်ကျင့်ကြံမှုကြောင့် သူသည် ချင်နန်အား မည်သို့မျှ ကြောက်ရွံ့ခြင်းမရှိပေ။

     “ရွှယ်ဝူဟန် မင်းက လုံးဝကို အရှက်မရှိတာပဲ"
     ထိုအချိန်၌ အေးစက်သော အသံတစ်သံကို ကြားလိုက်ရသည်။ ရင်ရွှင်းလုံပင် ဖြစ်၏။

    “လုံးဝအရှက်မဲ့တာပဲ"

    “သူပဲ အလောင်းအစားကို စပြောခဲ့ပြီးတော့ အခုသူရှုံးသွားတော့မှ ငြင်းဆန်ဖို့ ကြိုးစားနေတာလား"

    “.........."

     သိုင်းဘိုးအေအဆင့်ကျင့်ကြံသူများသည် သူတို့၏ အတွေးများကို စုစည်းလိုက်ပြီးနောက် အေးစက်စွာ ကြည့်လိုက်ကြသည်။

     ရွှယ်ဝူဟန်၏ မျက်နှာ အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူသည် ချင်နန်တစ်ယောက်တည်းဆိုပါက ကြောက်ရွံ့ခြင်းမရှိသော်လည်း ရင်ရွှင်းလုံနှင့် အခြားသူများ ချင်နန်အား အကူအညီပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

     “လူတိုင်းပဲ ခင်ဗျားတို့ ဘာကိုပြောနေတယ်တာ ကျုပ်မသိ..."
    ရွှယ်ဝူဟန် အံကိုတင်းတင်းကြိတ်လိုက်သည်။

    သို့သော်လည်း သူ၏ စကားမဆုံးမီမှာပင် ချင်နန် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
    “အစကတည်းက မင်းက ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်...အဲဒီနောက်မှာ မင်းက ငါ့ကို အလောင်းအစားလုပ်ဖို့ စိန်ခေါ်ပြီး အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ်...ဒါပေမဲ့ အခုကျတော့ မင်းရဲ့ ကတိကို မင်းဖျက်ချင်နေတာလား...ငါရှင်းရှင်းပဲ ပြောမယ်...မင်းငါ့ကို ဒီနေ့ အဓိကတုံးနှစ်ရာမပေးဘူးဆိုရင် ငါသနားကြင်နာမှုမပြဘူးလို့ မပြောနဲ့"

     စကားလုံးများကို ပြတ်သားသည့် လေသံဖြင့် ပြောလိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် သူ၏ ကျင့်ကြံမှုသည် ချင်နန်ထက် ပိုသန်မာသော်လည်း သူ၏ နှလုံးသားထဲတွင် အေးစက်သည့် အငွေ့အသက်များဖြင့် ပြည့်နှက်လာသည်။

    ထိုအချိန်၌ ရုတ်တရက် ဟက်ဟက်ပက်ပက်ရယ်မောသံတစ်သံကို ကြားလိုက်ရသည်။
     “သနားကြင်နာမှုမပြဘူး..ဟုတ်လား...မင်းက ဘယ်လိုသနားကြင်နာမှု မပြဘူးလဲဆိုတာ ငါကြည့်ချင်တယ်"

    စကားအဆုံး၌ လေပေါ်မှ ပုံရိပ်တစ်ခု အောက်သို့ ဆင်းသက်လာသည်။ ရောက်ရှိလာသော သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားသွားကဲ့သို့ အေးစက်သော မျက်နှာထားနှင့် ဖြစ်သည်။ သူ၏ အေးစက်သော အော်ရာသည် ရွှယ်ဝူဟန်ထက် လုံးဝသာလွန်ပြီး သူ၏ အနီးတွင်ရှိသော လူများအားလုံး အချိန်မရွေး အေးခဲသွားမည်ဟု ခံစားနေရသည်။

     “ရွှယ်ဝမ်ထျန်"
     ရင်ရွှင်းလုံနှင့် အခြားသူများ အံ့အားသင့်သွားသာ်။

     ရွှယ်ဝမ်ထျန်သည် ရွှယ်ဝူဟန်၏ အစ်ကိုဖြစ်ပြီး စောင့်ရှောက်သူများကြားထဲတွင် အဆင့်နှစ်ဖြစ်သည်။ သူ၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသည်။

     “ဒီတော့ မင်းက သူ့ရဲ့ အစ်ကိုပေါ့"
    ချင်နန်၏ မျက်နှာထားသည် ပြောင်းလဲသွားခြင်းမရှ်ဘဲ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
    “မင်းရဲ့ ညီက ငါ့ကို အဓိကတုံးနှစ်ရာ အကြွေးတင်နေတယ်...ငါ့ကို အခုပေးဖို့ သူ့ကိုပြောလိုက်...ဒီလိုဆို သူငါ့ကို လုပ်ခဲ့တာတွေကို ငါမေ့လိုက်မယ်"

     ရွှယ်ဝမ်ထျန်သည် ရွှယ်ဝူဟန်နှင့် ချင်နန်အကြားတွင်ရှိသော အလောင်းအစားကို သိပေသည်။ ရွှယ်ဝူဟန် သူ၏ ကတိကိုဖျက်ခြင်းမှာ မသင့်တော်ကြောင်းကိုလည်း သူသိပေသည်။ သို့သော်လည်း အဓိကတုံးနှစ်ရာဟူသော ပမာဏမှာ နည်းနည်း‌နောနောမဟုတ်ပေ။ ထို့ပြင် သူ့ညီနှင့် အလောင်းအစားလုပ်သော သူမှာ ချင်နန်ဖြစ်သည်။ ထို့ကြောင့် သူ့ညီ ကတိဖျက်ခြင်းကို သူ ဂရုမစိုက်ပေ။

      ထိုစကားများကြားပြီးနောက် ရွှယ်ဝူဟန် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
     “မင်းကို အဓိကတုံးနှစ်ရာပေးရမယ် ဟုတ်လား...မင်း သက်သေပြလေ...မင်းဒါကို သက်သေမပြနိုင်ရင် ငါ့ကိုလာ စွပ်စွဲမနေနဲ့"

     ထိုအချိန်၌ ရွှယ်ဝမ်ထျန် ဤနေရာသို့ရောက်လာခြင်းမှာ ရွှယ်ဝူဟန်အား အကူအညီပေးရန်ဖြစ်ကြောင်း ရင်ရွှင်းလုံနှင့် အခြားသူများ ချက်ချင်းနားလည်သွားကြသည်။

     ဒီညီအစ်ကိုနှစ်ယောက်က အရမ်းရွံဖို့ကောင်းတာပဲ...

    “သက်သေ"
     ချင်နန် ဒေါသထွက်စွာဖြင့် ရယ်မောလိုက်သည်။

    ဒီညီအစ်ကိုနှစ်ယောက်က တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ...သူတို့က ဂျီးနီးယပ်တွေဖြစ်ပေမဲ့ ကလိမ်ကကျစ်လုပ်ရဲတယ်ပေါ့...

    “ကောင်းပြီ...မင်းရဲ့ သူတော်စင်လောင်းဆိုတဲ့ အဆင့်အတန်းကို လေးစားတဲ့အနေနဲ့ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ပြီး မင်းကို ခွင့်လွှတ်လိုက်မယ်"
    ရွှယ်ဝမ်ထျန် မောက်မာစွာဖြင့် ပြောလိုက်သည်။

     ထိုအချိန်၌ ရင်ရွှင်းလုံနှင့် အခြားသူများပင် ဒေါသထွက်လာကြသည်။

    ဒီရွှယ်ဝမ်ထျန်က အရမ်းမောက်မာလွန်းတာပဲ...

    သူတို့က သူတို့ရဲ့ ကတိကိုဖျက်ရုံသာမကဘဲ အထက်စီးကတောင် နေနေလိုက်သေးတယ်...

     “မင်းကို ခွင့်လွှတ်လိုက်မယ်...ဟုတ်လား...ဘောကိုခွင့်လွှတ်လိုက်ပါလား"
    ချင်နန်သည် သူ၏ ဒေါသကို မချုပ်တည်းနိုင်တော့ဘဲ ချက်ချင်းပေါက်ကွဲသွားသည်။ သူသည် ရှေ့သို့ တစ်လှမ်းတက်၍ လက်သီးတစ်လုံးထိုးသွင်းလိုက်သည်။

    မင်းက ရွှယ်ဝမ်ထျန် ဒါမှမဟုတ် ရွှယ်ဝူဟန်ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး...ဒီလိုအရှက်မဲ့တဲ့ ခွေးကောင်တွေကို ချေးထွက်အောင်ရိုက်နှက်ရမယ်

    “မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့"
    ရွှယ်ဝမ်ထျန် အံ့အားသင့်သွားပြီး သူ၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားသည်။ စောင့်ရှောက်သူများကြားထဲတွင် အဆင့်နှစ်ဖြစ်သည်နှင့်အညီ သူ၏ စွမ်းအားမှာ အလွန်ထူးခြားပေသည်။

    ချင်နန်က ငါ့ကို တိုက်ခိုက်ရဲဖို့ ဘယ်ကယုံကြည်မှုရလာတာလဲ...

   “ပိုးစုန်းကြူရဲ့ အလင်းလေးက နေနဲ့ လကို စိန်ခေါ်နေတာပဲ"
    ရွှယ်ဝမ်ထျန် ဒေါသထွက်သွားပြီး သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ်ရာအင်အားတစ်ခုနှင့်အတူ အေးစက်သော လေဆင်နှာမောင်းတစ်ခု ထွက်လာသည်။

    တိုက်ပွဲကြီးတစ်ခု ချက်ချင်းဖြစ်ပွားလာခဲ့သည်။

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၄၀၈)အလည်လာသောပြဿနာ

      “ဒီလိုအစွမ်းထက်တဲ့ အအေးစွမ်းအား"
     ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။

    ရွှယ်ဝူဟန် ထုတ်ဖော်လိုက်သော အအေးစွမ်းအားသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအား အရိပ်အငွေ့ပါဝင်နေကာ ရွှယ်ဝူဟန်၏ အစွမ်းထက် လုံးဝသာလွန်နေပေသည်။

    “မိုးကြိုးမီးလျှံ"
     ချင်နန်၏ မျက်လုံးများ တိုက်ခိုက်ချင်စိတ်များဖြင့် အရောင်လက်သွားပြီး နေရောင်ရွှေခန္ဓာကျင့်စဉ်ကို အသုံးပြုလိုက်သည်။ မိုးကြိုးမီးလျှံများထွက်ပေါ်လာပြီး အအေးလေဆင်နှာမောင်းကို သားရဲကြီးတစ်ကောင်ကဲ့သို့ လုံးဝဝါးမျိုသွားသည်။

     မိုးကြိုးမီးလျှံများ၏ စွမ်းအားကို လျှော့တွက်၍မရပေ။

    “ဟမ်"
    ရွှယ်ဝမ်ထျန်၏ မျက်လုံးထဲ အံ့အားသင့်သည့် အရိပ်အငွေ့များဖြင့် ပြည့်နှက်သွားသည်။
   ကျင့်ကြံမှု သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်သာရှိသည့် ချင်နန်သည် ဤကဲ့သို့ စွမ်းအားမျိုးပိုင်ဆိုင်လိမ့်မည်ဟု သူ မည်သို့မျှ မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ သို့သော်လည်း ချင်နန်၏ အစစ်အမှန်စွမ်းအားသည် သိုင်းဘိုးအေအဆင့်ခြောက်ခန့်သာရှိကြောင်းကို သူချက်ချင်းတွေ့ရှိသွားသည်။

    “ပုရွက်ဆိတ်တစ်ကောင်လေးပါပဲ"
   ရွှယ်ဝမ်ထျန်၏ မျက်လုံးများ အေးစက်စွာဖြင့် အရောင်လက်သွားပြီး သူ၏ လက်ကိုမြှောက်လိုက်သည်။ သူ့လက်ဖဝါး၏ အလယ်မှ ရေခဲမြစ်တစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည်။

    ထိုအချိန်၌ ကြောက်မက်ဖွယ်ရာရေခဲမုန်တိုင်းတစ်ခုသက်ဆင်းလာသကဲ့သို့ ပတ်ဝန်းကျင်၏ အပူချိန်မှာ အလျင်အမြန်ကျဆင်းသွားသည်။

    ရင်ရွှင်းလုံနှင့် အခြားကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။

    “အလင်းစွမ်းအင်မျက်လုံး"
    ချင်နန် နောက်ပြန်ဆုတ်မည့် အရိပ်အယောင်မရှိဘဲ သူ၏ ဘယ်ဘက်မျက်လုံးဖြင့် အနီရောင်အလင်းများကို ပစ်လွှတ်ရန် ပြင်လိုက်သည်။

    သို့သော်လည်း ထိုအချိန်၌ ကျယ်လောင်သော အော်သံတစ်သံကို ကြားလိုက်ရသည်။
    “ရပ်လိုက်"

     ဝှစ်...ဝှစ်...

    ကောင်းကင်ပေါ်မှ လူဆယ်ကျော် ဆင်းသက်လာကျသည်။ ကျင့်ကြံမှုသိုင်းဘိုးအေအထွတ်အထိပ်အဆင့်သို့ရောက်နေကြသည့် အဌမတောင်မှ စောင့်ရှောက်သူများဖြစ်ကြသည်။

     စောင့်ရှောက်သူများကြားထဲမှ သက်လတ်ပိုင်းလူတစ်ယောက်သည် သူ၏ ရှေ့မှ အခြေအနေကို လျင်မြန်စွာ စီစစ်ပြီးသည့်နောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ ချင်နန်နှင့် ရွှယ်ဝမ်ထျန်တို့နှစ်ဦးစလုံးသည် ကြောက်မက်ဖွယ်ရာနောက်ခံ ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် မည်သူ့ကိုမျှ သူ အပြစ်ပြု၍မရပေ။
     သို့သော်လည်း သူတို့နှစ်ဦးနောက်ထပ်ဆက်လက်တိုက်ခိုက်နေပါက မလိုလားအပ်သော ကိစ္စများဖြစ်ပျက်လာမည်ကို သူရှင်းလင်းစွာ သိပေသည်။

     “မင်းတို့နှစ်ယောက် ငါ့ကို မျက်နှာသာတချို့ပေးပြီးတော့ တိုက်ခိုက်တာရပ်ကြမယ်လို့ ငါမျှော်လင့်ပါတယ်"
    သက်လတ်ပိုင်းလူသည် သူ၏ အတွေးကို စုစည်း၍ ပြောလိုက်သည်။

    “မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ"
    ရွှယ်ဝမ်ထျန် တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
    “ငါ့ရဲ့ မျက်စိရှေ့က ထွက်သွားစမ်း...ဒီလိုမှမဟုတ်ရင် မင်းလည်း ငါ့အကြောင်းသိမယ်"

    သက်လတ်ပိုင်းလူ အနည်းငယ် အံ့အားသင့်သွားပြီး အခြားစောင့်ရှောက်သူများမှာလည်း မျက်နှာမသာမယာဖြစ်သွားကြသည်။

    ထိုစဉ်၌ ကောင်းကင်ပေါ်မှ နောက်ထပ်ကျယ်လောင်သော အော်သံတစ်သံကို ကြားလိုက်ရသည်။
     “ရွှယ်ဝမ်ထျန် မင်းက ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ...မင်း ဒီကိစ္စကို မေ့လိုက်ပါ"

    သိုင်းသခင်လား...

    ရွှယ်ဝမ်ထျန် အသက်ရှူတန့်သွားသည်။

    ဤနေရာမှ အဖြစ်အပျက်သည် အဌမတောင်တွင်ရှိနေသော ကျင့်ကြံသူများ၏ အာရုံအား ဆွဲဆောင်လိုက်ပြီဖြစ်ကြောင်းကို ယခုအချိန်၌ သူနားလည်သွားသည်။
    အကယ်၍ သူရှေ့ဆက်တိုးမည်ဆိုပါက ၎င်းသည် သူ့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်ပေ။

    “ကောင်းပြီ...ကျုပ်ဒီတစ်ခါ အလျှော့ပေးလိုက်မယ်"
   ရွှယ်ဝမ်ထျန် သူ၏ လက်ထဲမှ ရေခဲမြစ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ချင်နန်ကိုတစ်ချက်ကြည့်လိုက်သည်။
    “မင်းဒီနေ့ ကံကောင်းသွားတယ်မှတ်...ငါမင်းကို ယာယီချမ်းသာပေးလိုက်မယ်...ဒါပေမဲ့ ဒါကို မင်းရဲ့ စိတ်ထဲမှတ်ထားလိုက်...တကယ်လို့ မင်းတောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးမှာ ပါဝင်ရဲရင် ငါမင်းကို သေချာပေါက် ခြေလက်တွေ ရိုက်ချိုးပစ်မယ်...ဒါမှသာ အဆင့်မြင့်တဲ့ သိုင်းဝိညာဉ်က တစ်ခါတစ်ရံ လုံးဝသုံးမရဖြစ်တယ်ဆိုတာ မင်းနားလည်လာလိမ့်မယ်"

     ရွှယ်ဝမ်ထျန်သည် အလွန်လိမ္မာပါးနပ်သောကြောင့် ထိုစကားပြောပြီးသည့်နောက်တွင် ‌နောက်ထပ်ဆက်နေခြင်းမရှိတော့ဘဲ ရွှယ်ဝူဟန်ကို ခေါ်၍ ထွက်သွားသည်။

    ချင်နန်၏ မျက်လုံးထဲမှ အလင်းစွမ်းအင်မှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

    သုံးလတာအချိန်အတောအတွင်းတွင် သူ၏ စွမ်းအားသည် သိသိသာသာတိုးတက်ခဲ့သော်လည်း ရွှယ်ဝူဟန်နှင့် နှိုင်းယှဉ်လျှင် ကြီးမားသော ခြားနားချက်ရှိကြောင်းကို သူဝန်ခံရမည်ဖြစ်သည်။

    “သန်မာရမယ်....ငါပိုပြီး သန်မာလာရမယ်"
    ချင်နန်သည် အရောင်လက်နေသော မျက်လုံးများဖြင့် လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်။
    သူ၏ စွမ်းအားသည် အားနည်းနေသေးဆဲဖြစ်၍ ရွှယ်ဝမ်ထျန်သည် ဤကဲ့သို့လုပ်ရပ်မျိုး လုပ်ရဲခြင်းဖြစ်သည်။

     “အားလုံးကို ကျုပ်ကျေးဇူးတင်ပါတယ်"
     ချင်နန်သည် သူ၏ လက်သီးကိုစု၍ ရင်ရွှင်းလုံနှင့် အဌမတောင်မှ စောင့်ရှောက်သူများကို ပြောလိုက်သည်။

    “ရပါတယ်...ဒါတွေအားလုံးက ရွယ်ဝမ်ထျန်ရဲ့ အမှားပဲ.."
   ရင်ရွှင်းလုံနှင့် အခြားသူများသည် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြပြီး ချင်နန်ကို တိတ်တဆိတ်အထင်ကြီးသွားကြသည်။  
   အကယ်၍ သူတို့သာ ချင်နန်နေရာတွင်ဆိုပါက ဒေါသထွက်နေသည့်တိုင် ရွှယ်ဝမ်ထျန်ကို တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။

     ချင်နန်သည် လူစုနှင့် စကားပြောကာ ရင်ရွှင်းလုံကို တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးတွင် တွေ့မည်ဟု ကတိပေးခဲ့သည်။ ထို့နောက် သွမ့်မုတောင်ကို သူပြန်လာခဲ့သည်။
     တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးတွင် ပါဝင်မည့်လူတိုင်းသည် သူတို့၏ တောင်အသီးသီး၌ စုရုံးရန်လိုအပ်ပြီး ပြိုင်ပွဲကျင်းပမည့်အချိန်၌ သံတမန်များ သူတို့ကို သွမ့်မုတောင်သို့ ခေါ်သွားမည်ကို စောင့်ရမည်ဖြစ်သည်။

      ချင်နန် သွမ့်မုတောင်သို့ ပြန်လာသောအခါ လူများစွာသည် ဒိုဂျို၌ စုရုံးနေကြောင်းကို တွေ့လိုက်ရသည်။ ထိုလူများအားလုံးသည် သိုင်းဘိုးအေအဆင့်များဖြစ်ကြသည်။ သိုင်းဧကရာဇ်အဆင့်တပည့်တစ်ယောက်ကိုမျှ မတွေ့ရပေ။

     “ချင်နန်"
     လူအုပ်၏ ရှေ့တွင်ရှိနေသော ဖန်းကျန်သည် ချင်နန်အားတွေ့ရသောအခါ ပျော်ရွှင်သွားသည်။

     သူမျှော်လင့်ထားသည့်အတိုင်း ချင်နန်သည် တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤကဲ့သို့သာဆိုပါက သွမ့်မုတောင်သည် ပထမဖြစ်ရန် အခွင့်အရေးများပေသည်။ အကယ်၍ သူတို့ ပထမဖြစ်ခဲ့ပါက ၎င်းသည် သူ‌တို့တောင် ဂုဏ်သတင်းတက်မည်ဖြစ်ပြီး ဖန်းကျန်အတွက် အကျိုးကျေးဇူးအမြောက်အမြားရလိမ့်မည်ဖြစ်သည်။

     “ဟမ်...ချင်နန်ရောက်လာပြီလား..."

     “သူက ပြီးခဲ့တဲ့ သုံးလတုန်းက သုံးတံခါးမှာ ကျင့်ကြံနေတယ်လို့ ငါမပြောခဲ့ဘူးလား"

     “ဘာကြောင့် သူ့ရဲ့ ကျင့်ကြံမှုက သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်မှာပဲ ရှိနေသေးတာလဲ"

     “........"

     ဒိုဂျိုတစ်ခုလုံးရှိ လူများအားလုံး ချင်နန်ကို စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။

     “ဂျူနီယာညီငယ်ချင်နန် မင်းရဲ့ အစ်ကိုက မင်းနဲ့တွေ့ဖို့ စောင့်နေရတာ အချိန်အတော်ကြာပြီ"
     ထိုအချိန်၌ လွမ်းဆွေးနေသည့်လေသံဖြင့် အသံတစ်သံကို ကြားလိုက်ရသည်။ အခြားသူမဟုတ် ကျောက်ဖန်းပင်ဖြစ်သည်။ ကျောက်ဖန်းသည် ရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ လက်ထဲတွင် မြင်းမြီးတုတ်တစ်ချောင်းကို ကိုင်ထားကာ ချောမောသော သွင်ပြင်ကို ပေးစွမ်းနေသည်။

     သူ၏ ဘေးတွင် ကျောင်းစစ်ရီနှင့် ရှောင်ဖေးပိုင်တို့ ရှိနေကြသည်။ သို့သော် သူတို့သည် ဂျီးနီးယပ်များ‌ပုံစံမပေါက်ဘဲ သူတို့၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

     စကားပြောရန်ပြင်နေသည့် ချင်နန်သည် ကျောက်ဖန်းအားမြင်သည့်အခါ ကြက်သီးမွှေးညင်းများထသွားပြီး သူ၏ မျက်နှာ မည်းမှောင်သွားသည်။

    ကျောက်ဖန်းသည် သိုင်းဘိုးအေအထွတ်အထိပ်အဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ပြီး တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးတွင် ပါဝင်ရန် အရည်အချင်းပြည့်မီကြောင်းကို သူလုံးဝမေ့နေခဲ့သည်။

    “တောင်ဆယ့်တောင်ပြိုင်ပွဲကြီးမှာ ငါသူ့ကို ဂရုစိုက်ရမယ်"
    ချင်နန်သည် သူ့ကိုယ်သူ သတိပေးလိုက်ပြီးနောက် ကျောက်ဖန်းကို တစ်ချက်မကြည့်ဘဲ ဖန်းကျန်ဆီသို့ သွားလိုက်သည်။

     သို့သော် ထိုအချိန်၌ လှောင်သံတစ်သံကို ကြားလိုက်ရသည်။
     “အိုး...ဒါက ပြိုင်ဘက်ကင်းဂျီးနီးယပ်ချင်နန်မလား....မင်းကို လူကိုယ်တိုင်တွေ့ခွင့်ရတာ ငါ့အတွက် ကံကောင်းမှုကြီးပဲ"

     ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်သည် ချင်နန်၏ အနားကို ချဉ်းကပ်လာသည်။ သူ၏ ရောက်ရှိလာမှုသည် လူများစွာကို အံ့အားသင့်သွားစေသည်။

    ကျောက်ဖန်း၏ မျက်နှာထားပင် ချက်ချင်းအေးစက်သွားသည်။

     ဖန်းကျန်၏ မျက်နှာမှာလည်း နက်မှောင်သွားပြီး ပြောလိုက်သည်။
    “မုလုံရှန်...မင်းက ဒီကိုဘာလာလုပ်တာလဲ...ဒါက တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးပဲ...မင်းဒီကို လာစရာအ‌ကြောင်းမရှိဘူး"

     မုလုံရှန်...

    ချင်နန် အံ့အားသင့်သွားသည်။

    သူ ဤလူကို သိရှိခြင်းမရှိပေ။ ထိုအချိန်၌ ဖန်းကျန်သည် ချင်နန်ကို အသံလွင့်၍ ပြောလိုက်သည်။
     “ငါတို့ သွမ့်မုတောင်မှာ ဒုထိပ်ပိုင်းခေါင်းဆောင်တချို့ရှိတယ်...သူတို့က အနာဂတ်မှာ သွမ့်မုတောင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်လာဖို့ အခွင့်အရေးရှိတယ်..ဒီမုလုံရှန်က အဆင့်တစ်ဒုထိပ်ပိုင်းခေါင်းဆောင် မုလုံရဲ့သားပဲ...သူက အရမ်းရက်စက်ပြီး မောက်မာတယ်...သူဒီကိုလာတာ မင်းနဲ့ မိတ်ဆွေဖြစ်ဖို့ လုံးဝမဖြစ်နိုင်ဘူး"

    ထိုစကားပြောပြီးနောက် ချင်နန်၏ စိတ်ထဲ အလင်းတစ်ချက်လက်သွားသည်။

    သူ တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးတွင် ပါဝင်ပါက တစ်စုံတစ်ယောက်သည် သူ့အား အန္တရာယ်ပေးလိမ့်မည်ဟု ယခင်က ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုသတိ‌ပေးခဲ့သည်။

     ဒီတော့သူတို့က အခု လှုပ်ရှားလာကြပြီပေါ့...

     မုလုံရှန်သည် ကောက်ကျစ်စွာရယ်မောလိုက်ပြီး ချင်နန်၏ ခန့်မှန်းမှုမှန်ကန်ကြောင်း သက်သေပြလိုက်သည်။ 
     “ဖန်းကျန် ငါစိတ်မကောင်းပါဘူး...ငါက ပါဝင်သူတွေကို တာဝန်ယူရတဲ့ သံတမန်တွေထဲက တစ်ယောက်ပဲ...ဒါကြောင့် ငါဒီကိုလာတာ ကိစ္စရှိတယ်...ပါဝင်သူတွေကို တာဝန်ယူရတဲ့ သံတမန်တစ်ယောက်အနေနဲ့ ချင်နန်က ပြိုင်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ ငါအခုကြေငြာတယ်"
     ထိုစကားများကြားသည့်အခါ လူအုပ်ကြီး အလွန်အံ့အားသင့်သွားကြသည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၄၀၉) လာခဲ့

    တာဝန်ယူရသည့် သံတမန်များသည် သူတို့၏ သက်ဆိုင်ရာတောင်များမှတစ်ဆင့် ပါဝင်သူများကို ဦးဆောင်ကာ ခေါ်လာရခြင်းဖြစ်သည်။ သူတို့၏ အခန်းကဏ္ဍသည် ပြိုင်ပွဲ၏ စည်းမျဉ်းများကို ရှင်းပြရန်၊ ပါဝင်သူများကို အားပေးရန် အစရှိသည်တို့ဖြစ်သည်။
     ပုံမှန်အားဖြင့် တာဝန်ယူရသည့် သံတမန်တစ်ယောက်သည် တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးနှင့် ပတ်သက်သော ကိစ္စများကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ အခြားတောင်များမှ သူလျှိုများဖြစ်မှသာလျှင် သူတို့၏ အခွင့်အာဏာကို အသုံးပြု၍ ပြဿနာရှာကြလိမ့်မည်ဖြစ်သည်။
    မုလုံရှန်၏ စကားများကို ထောက်ချင့်၍ သူသည် ချင်နန်အား ပြဿနာရှာရန် ကြိုးပမ်းနေကြောင်းမှာ သိသာထင်ရှားပေသည်။

     ချင်နန် စကားမပြောရသေးခင်မှာပင် ဖန်းကျန် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
      “မုလုံရှန်...တာဝန်ယူရတဲ့ သံတမန်တစ်ယောက်အနေနဲ့ မင်းမှာ ချင်နန်ကို ပိတ်ပင်ဖို့ ဘာအခွင့်အရေးရှိလို့လဲ"

     “ဟီး...ဟီး...ဖန်းကျန် မင်းက ဘာလို့အရမ်းဒေါသထွက်နေရတာလဲ...မင်းရဲ့ ခွေးမျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ဒါကို သေချာကြည့်လိုက်"
     မုလုံရှန်သည် မောက်မာစွာဖြင့် ရယ်မောလိုက်ပြီး သူ၏ လက်ထဲမှ ‘မု'ဟု ရေးထွင်းထားသော တံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

     တံဆိပ်သည် လူများစွာကို အံ့အားသင့်သွားစေသည်။
     တံဆိပ်မှာ သွမ့်မုတောင် ဒုထိပ်ပိုင်းခေါင်းဆောင်မု၏ တံဆိပ်ဖြစ်သောကြောင့် ဖြစ်သည်။
     တံဆိပ်ထွက်ပေါ်လာခြင်းသည် ပိုင်ရှင်ကိုယ်တိုင် ရောက်ရှိလာခြင်းနှင့် တူညီသည်။

     ဖန်းကျန်၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခုထွက်ပေါ်လာသည်။
     မုလုံရှန်နှင့် ဒုထိပ်ပိုင်းခေါင်းဆောင်မုလုံသည် အဘယ်ကြောင့် ချင်နန်အား ပြဿနာရှာရန်ကြိုးပမ်းနေကြောင်းကို သူ မသိရှိပေ။ သို့သော်လည်း သူတို့သည် ချင်နန်၏ အဆင့်အတန်းကို လျှော့တွက်နေကြသည်။
     ချင်နန်၏ နောက်တွင် ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်အမြောက်အမြား ရှိနေသည်ကို သူတို့ မသိရှိကြပေ။
     ချင်နန်အား ပြိုင်ပွဲမှ ထုတ်ပယ်ရန် ဒုထိပ်ပိုင်းခေါင်းဆောင်၏ တံဆိပ်မှာ လုံလောက်သည်ဟု သူတို့ထင်နေကြသည်မှာ လုံးဝရယ်စရာပင်ဖြစ်သည်။

     ဖန်းကျန် မပြောရသေးခင်မှာပင် မုလုံရှန်သည် သူ၏ လေသံကို အရမ်းမြှင့်၍ ပြောလိုက်သည်။
     “တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးက သိုင်းသခင်အဆင့်အောက် ကျင့်ကြံသူတွေအားလုံးအတွက် ဖွင့်လှစ်ပေးတယ်ဆိုပေမဲ့ အဲဒါက တောင်ဆယ့်ခြောက်တောင်ရဲ့ စွမ်းအားကို ကိုယ်စားပြုတယ်...ချင်နန်က သွမ့်မုတောင်ရဲ့ ပြိုင်ဘက်ကင်းဂျီးနီးယပ်တစ်ယောက်ဆိုပေမဲ့ သူက သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုကိုပဲ ပိုင်ဆိုင်တယ်..တကယ်လို့ သူက ပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင် အခြားသူတွေက သွမ့်မုတောင်ကို ဘယ်လိုမြင်ကြမလဲ...ဒါကြောင့် ချင်နန်က တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်မရှိဘူး"

     စကားလုံးများသည် လူအုပ်ကြီး၏ မျက်လုံးများကို အရောင်လက်သွားစေသည်။ သို့သော်လည်း သူတို့ တိတ်တဆိတ်ပင်ရှိနေကြသည်။
     မုလုံရှန်၏ စကားမှာ မှန်သင့်သည့်နေရာတွင် မှန်နေသည်။ ထို့ကြောင့် သူတို့ ငြင်းဆိုရန် စကားရှာမတွေ့ချေ။

     “ဟား...ဟား..."
     ဖန်းကျန်၏ မျက်နှာပေါ်မှ အေးစက်သော အပြုံးမှာ ပို၍ ထူထဲလာသည်။
     “မုလုံရှန်...အပိုစကားတွေ ပြောမနေနဲ့...စည်းမျဉ်းတွေအရ ချင်နန်က ပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ်...ဒုထိပ်ပိုင်းခေါင်းဆောင်မုလုံ ဒီမှာရှိနေရင်တောင် သူ့မှာ ချင်နန်ကို ပိတ်ပင်ဖို့ အခွင့်အရေးမရှိဘူး"

      မုလုံရှန်၏ မျက်လုံးများ အေးစက်သွားသည်။
     သူတံဆိပ်ကို ပြပြီးသည့်တိုင် ဖန်းကျန်သည် ချင်နန်ကို ပံ့ပိုးပေးနေလိမ့်ဦးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
    ယင်းသည် သူ့အား အလွန်ဒေါသထွက်သွားစေသည်။

    ချင်နန်သည် ပြိုင်ဘက်ကင်းဂျီးနီးယပ်ဖြစ်သည်မှာ မှန်သော်လည်း သူသည်လည်း သွမ့်မုတောင်အဆင့်တစ်ဒုထိပ်ပိုင်းခေါင်းဆောင်၏ သားဖြစ်သည်။ အဆင့်အတန်းအနေဖြင့် သူသည် ချင်နန်ထက် မည်သို့မျှ အားနည်းခြင်းမရှိပေ။ ထို့ပြင် ဤကဲ့သို့လုပ်ခိုင်းခြင်းမှာ သူ၏ အဖေကိုယ်တိုင်ဖြစ်သည်။
    
     “တကယ်လို့ သူက တောင်‌ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးမှာ ပါဝင်ချင်တယ်ဆိုရင် ငါ့ရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်ရမယ်"
      မုလုံရှန်သည် သူ၏ စိတ်ထဲမှ ဒေါသကို ချုပ်တည်း၍ အောက်သိုးသိုးမျက်နှာထားဖြင့် ပြောလိုက်သည်။

      ဖန်းကျန် ပြန်မပြောရသေးခင်မှာပင် ချင်နန် အေးဆေးတည်ငြိမ်သော အသံဖြင့် ဖြတ်ပြောလိုက်သည်။
     “သံတမန်မုလုံရှန်မှာ ကျုပ်အတွက် ဘယ်လိုစမ်းသပ်မှုမျိုးရှိမလဲဆိုတာ ကျုပ်သိချင်ပါတယ်"

     “ချင်နန် ဒီကိစ္စကို မစိုးရိမ်နဲ့..."
     ဖန်းကျန်သည် ချင်နန်၏ စကားများကိုကြပြီးနောက် ချက်ချင်းအသံလွှင့်ပြောလိုက်သည်။

     “ရပါတယ်...တစ်စုံတစ်ယောက်က ကျုပ်ကို ပြဿနာရှာဖို့ ကြိုးစားနေတယ်...ဒါကြောင့် သူတို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ကျုပ်ကြည့်ချင်တယ်"
     ချင်နန် ခိုင်မာပြတ်သားသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

    ချင်နန်၏စကားကိုကြားပြီးနောက်  မုလုံရှန်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
     “ချင်နန်...ကျေးဇူးပြုပြီး ငါ့ရဲ့ ရည်ရွယ်ချက်ကို နားလည်မှုမလွဲပါနဲ့...ငါက သွမ့်မုတောင်တစ်ခုလုံးအတွက် စိုးရိမ်လို့ပါ...ဒီလိုဆို ဘယ်လိုလဲ...ငါဂျီးနီးယပ်သုံးယောက်ကို ရွေးချယ်ထားတယ်...တကယ်လို့ မင်းက သူတို့ထဲက တစ်ယောက်ကို အနိုင်ယူနိုင်ရင် မင်းက ပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မှီတာကို ငါလက်ခံမယ်"
      သူ၏ စကားဆုံးသည့်နောက်တွင် လူအုပ်ထဲမှ လူငယ်သုံးယောက် ချက်ချင်းထွက်ပေါ်လာသည်။

    ထိုလူငယ်များထွက်ပေါ်လာသည်နှင့် လူအုပ်ကြီး အံ့အားသင့်သွားကြသည်။ ထိုလူငယ်သုံးယောက်လုံးသည် သိုင်းဘိုးအေအဆင့်ခြောက်ကျင့်ကြံမှုကို ပိုင်ဆိုင်သည်။ ထို့ပြင် သူတို့သည် သွမ့်မုတောင်တွင် အသီးသီးကျော်ကြားကြပြီး ဂျီးနီးယပ်များကြားထဲတွင် အဆင့်သုံးဆယ်အတွင်း ဝင်ကြသူများဖြစ်သည်။
    မုလုံရှန်သည် ချင်နန်အား ထောင်ချောက်ဆင်ရန်အတွက် အစကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကြောင်းကို သူတို့ နားလည်သွားကြသည်။

     “မုလုံရှန်...မင်း.."
     ဖန်းကျန် ဒေါသထွက်သွားသည်။

     သူတို့ထဲက တစ်ယောက်ယောက်ကို အနိုင်ယူရမှာလား...

     ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

    ချင်နန်က သိုင်းဧကရာဇ်အဆင့်ကို တက်ထားတာ ဘယ်လောက်ကြာသေးလို့လဲ...

    မုလုံရှန်သည် မည်သို့မှ အချိန်မဖြုန်းတီးခဲ့ပေ။ သူသည် ဂရုမထားသည့် လေသံဖြင့် ပြောလိုက်သည်။
    “ဟတ်...ချင်နန်က သုံးတံခါးမှာ ခြေလှမ်းလေးရာအောင်မြင်ခဲ့ပြီး အကျိုးကျေးဇူးအများအပြားရခဲ့တယ်လို့ ငါကြားခဲ့တယ်...သူက သိုင်းဘိုးအေအဆင့်ခြောက်ကျင့်ကြံသူတစ်‌ယောက်ကိုတောင် အနိုင်မယူနိုင်ဘူးလို့ မင်းပြောချင်နေတာလား...တကယ်လို့ ဒီလိုသာဆိုရင် တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးမှာ ပါဝင်ရင် သွမ့်မုတောင်ပဲ အရှက်ရလိမ့်မယ်"

    လူအုပ်ကြီး ခေါင်းခါယမ်းလိုက်ကြသည်။

     ထိုလူငယ်များသည် ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ချင်နန်သည် ပြိုင်ဘက်ကင်းဂျီးနီးယပ်တစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကမှ သုံးတံခါးမှ အကျိူကျေးဇူးများကို ရရှိခဲ့သည့်တိုင် သူ၏ ကျင့်ကြံမှုသည် သိုင်းဧကရာဇ်အဆင့်အထွတ်အထိပ်သာဖြစ်သည်။ သူသည် သိုင်းဘိုးအေအဆင့်ခြောက်ပြိုင်ဘက်အား မည်သို့မျှ အနိုင်ယူနိုင်ခြင်းမရှိပေ။

     တိုက်ပွဲ၏ ရလဒ်ကို သံသယတစ်ချက်ရှိစရာမလိုပေ။

     “ဟူး...ချင်နန် အခုဘယ်လိုလုပ်မှာလဲ"

    “မုလုံရှန်က အရမ်းဉာဏ်နီဉာဏ်နက်များတာပဲ...သူတို့ထဲက တစ်ယောက်ကို သာမန်သိုင်းဘိုးအေအဆင့်ခုနှစ်ကျင့်ကြံသူတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး...ချင်နန်ဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့"

    “........."

     ကျင့်ကြံသူ အမြောက်အမြား သက်ပြင်းချလိုက်ကြသည်။

    သို့သော်ငြား မုလုံရှန်၏ စကားဆုံးပြီးနောက် ချင်နန် ချက်ချင်းပြန်တုံ့ပြန်လိုက်သည်။
     “ကောင်းပြီ...ကျုပ်သံတမန်မုလုံရဲ့ အကြံပြုချက်ကို လက်ခံမယ်...ဒါပေမဲ့ အခြေအနေတစ်ခုမှာပဲ"

     စကားလုံးများသည် လူအုပ်ကြီးကို အလွန်အံ့အားသင့်သွားစေသည်။

    “ချင်နန်...မင်း..."
    ဖန်းကျန် အထိတ်တလန့်ဖြစ်သွားသည်။

    ယခုအချိန်၌ စိတ်လက်မာန်ပါလုပ်ဆောင်ခြင်းသည် ဉာဏ်ရှိရာမရောက်ပေ။ အကယ်၍ ချင်နန်သည် ရှုံးနိမ့်သွားပါက ပြိုင်ပွဲတွင် ပါဝင်ခွင့်မရှိတော့ရုံသာမက သူ၏ ဂုဏ်သတင်းလည်း အကြီးအကျယ် ထိခိုက်ပျက်စီးလိမ့်မည်ဖြစ်သည်။

    မုလုံရှန် တဒင်္ဂမှင်တက်သွားပြီးနောက် သူ၏ အတွေးများကို ချက်ချင်းစုစည်းကာ ရွှင်လန်းစွာဖြင့် ပြောလိုက်သည်။
     “ကောင်းပြီ မင်းရဲ့ တောင်းဆိုမှုက ဘာလဲ...ငါ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမယ်"

      “ဒီလိုလား"
      ချင်နန်သည် ရုတ်တရက်ရယ်မောလိုက်ပြီး မုလုံရှန်၏ ကျင့်ကြံသူသုံးယောက်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
     “ဒါက ရိုးရှင်းပါတယ်...ကျုပ်က တိုက်ပွဲကို တစ်ယောက်ချင်းမတိုက်ချင်ဘူး"

     “တစ်ယောက်ချင်းမတိုက်ချင်ဘူး"
      မုလုံရှန် ကြောင်အမ်းအမ်းဖြစ်သွားသည်။

     ထို့နောက် ချင်နန်မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
     “သုံးယောက်တစ်ယောက်တိုက်မယ်...လာခဲ့"

🐱🐱🐱🐱🐱🐱

အပိုင်း (၄၁၀) တစ်ကွက်တည်းဖြင့် အနိုင်ယူခြင်း

     သုံးယောက်တစ်ယောက်တိုက်မယ်...

     မုလုံရှန်သာမက လူများအားလုံး ကြက်သေသေသွားကြသည်။

     ၎င်းသည် စောင့်ရှောက်သူများကြားထဲ၌ အဆင့်သုံးဆယ်အတွင်းဝင်သော သိုင်းဘိုးအေအဆင့်ခြောက်ကျင့်ကြံသူသုံးယောက်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူတို့အားလုံးကို တစ်ပြိုင်တည်းရင်ဆိုင်ချင်ပါက သူ၏ ကျင့်ကြံမှုသည် အနိမ့်ဆုံး သိုင်းဘိုးအေအဆင့်‌ရှစ်ရှိရမည်ဖြစ်သည်။
   ချင်နန်တွင် ကောင်းကင်ကို ဆန့်ကျင်သော ပါရမီရှိသော်ငြား ချင်နန်၏ သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်စွမ်းအားသည် သိုင်းဘိုးအေအဆင့်ရှစ်နှင့် နှိုင်းယှဉ်နိုင်ပါမည်လော...

    ထိုအချိန်၌ လူအုပ်ကြီးသည် ဧရာမသားရဲကြီးတစ်ကောင်အား စိန်ခေါ်နေသည့် ပုရွက်ဆိတ်တစ်ကောင်ကို တွေ့မြင်နေရသကဲ့သို့ခံစား‌နေရသည်။

     “ချင်နန်"
     ဖန်းကျန်၏ မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွားပြီး တစ်ခုခုပြောရန်ပြင်လိုက်သည်။

     “ဟား...ဟား...ဟား..."
    မုလုံရှန် ဖန်းကျန်၏ စကားကို ကြားဖြတ်၍ ရယ်မောလိုက်သည်။
     “ချင်နန် ဒါမင်းပြောတာနော်...မင်းရဲ့ တောင်းဆိုချက်ကို ငါဖြည့်ဆည်း‌ပေးမယ်...တကယ်လို့ မင်းက သူတို့အားလုံးကို အနိုင်ယူနိုင်ရင် မင်း တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရမယ်"

    “အင်း"
    ချင်နန် ခံစားချက်မဲ့သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြိုင်ဘက်သုံးယောက်ကိုကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာသည်။

    “ရော့ယူလိုက်"
     ကျင့်ကြံသူသုံးယောက်သည် မုလုံရှန်၏ အမိန့်အတိုင်းလုပ်ရန် စီစဉ်ထားပြီးသားဖြစ်သည်။ သို့သော် ချင်နန်သည် သူ့ကိုယ်သူ ဘဝင်မြင့်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် ကျယ်လောင်စွာ ကြွေးကြော်၍ အရပ်မျက်နှာသုံးခုမှ ချင်နန်ဆီ ပြေးဝင်လာကြသည်။
    သူတို့သည် ချင်းလုံမြင့်မြတ်နေရာတွင် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ဖူးသူများဖြစ်ကြသဖြင့် သူတို့စုပေါင်း လှုပ်ရှားလိုက်သည်နှင့် အစွမ်းထက်သော ဝင်္ကပါတစ်ခုဖြစ်တည်လာသည်။

     ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အလွန်အံ့အားသင့်သွားကြသည်။

     “ဒါက အတွေးသုံးခု ဝင်္ကပါမလား"

    “ပြောကြတာတော့ ဒီဝင်္ကပါကို အသုံးပြုလိုက်တာနဲ့ အတွင်းမှာ ပိတ်မိနေတဲ့သူက ဦးတည်ချက် ချက်ချင်းပျောက်ကွယ်သွားလိမ့်မယ်တဲ့"

     “သူတို့က ချင်နန့်ကို ဒီဝင်္ကပါကို အသုံးပြုပြီးတိုက်တာပဲ"

     “........."

     သိုင်းဘိုးအေအဆင့်ရှစ်ကျင့်ကြံသူပင် ဝင်္ကပါပညာရပ်၌ ဗဟုသုတနှင့် ပါရမီမရှိပါက ဤဝင်္ကပါကို ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။

     “သေစမ်း"
    ဖန်းကျန်၏ မျက်နှာ ဖြူဖျော့သွားသည်။

    သူတို့သည် ဝင်္ကပါအား အသုံးပြု၍ ချင်နန်အား အပြင်းအထန် ဒဏ်ရာရအောင် ကြံရွယ်နေခြင်းမှာ သိသာထင်ရှားပေသည်။

     ဝှစ်...

   ဝင်္ကပါ ချင်နန်၏ ပုံရိပ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

    “ရှူ"

    “ယန်"

     “ရှ"

      ကျင့်ကြံသူသုံးယောက်သည် အရပ်သုံးမျက်နှာတွင် ရပ်နေရင်း လက်ဟန် သင်္ကေတတစ်ခုစီ ပြုလုပ်လိုက်ကြသည်။ ထို့နောက် သူတို့သည် လက်ဟန်များမှ ထူးဆန်းသော အလင်းများထွက်ပေါ်လာပြီး တစ်ခုနှင့် တစ်ခု ရောနှောပေါင်းစည်းသွားကာ ဝင်္ကပါ၏ အထက်တွင် ‘ယန်'ဟူသော စကားလုံးတစ်ခု ဖြစ်တည်လာသည်။
    စကားလုံးသည် ရှေးကျသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
    ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အလွန် အံ့ဩတုန်လှုပ်သွားကြသည်။

    “ဒါက အသေသတ်တိုက်ကွက်ပဲ"

     “ဒီတိုက်ကွက်က သိုင်းဘိုးအေအဆင့်ရှစ်ကျင့်ကြံသူကိုတောင် သတ်နိုင်စွမ်းရှိတယ်"

    “သူတို့က ချင်နန်ကို သတ်မလို့ ကြံစည်နေတာလား"

    “.........."

    အစက ထိုလူငယ်သုံးယောက်သည် ချင်နန်အား သင်ခန်းစာပေးရန် စီစဉ်ထားသည်ဟု သူတို့ထင်ထားခဲ့သည်။ သို့သော်ငြား အဖြစ်အပျက်သည် သူတို့ထင်ထားသကဲ့သို့ မဟုတ်ခဲ့ပေ။
  
     “ဘယ်လိုလုပ်ရဲတာလဲ"
     ဖန်းကျန်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှ သိုင်းသခင်အော်ရာထွက်ပေါ်လာသည်။

     “သံတမန်ဖန်းကျန်...မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ...ဒါက တိုက်ပွဲတစ်ခုပဲ....မင်းဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး"
     မုလုံရှန်သည် ပြုံးလိုက်ပြီး သူ၏ လက်နှစ်ဖက်အား ရှေ့သို့ ဆန့်ထုတ်လိုက်ကာ နဂါးနှစ်ကောင်နှင့်တူညီသော ရွှေနှင်တံနှစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ရွှေနှင်တံနှစ်ချောင်းသည် ဖန်းကျန်၏ ပတ်ပတ်လည်၌ မွေ့လည်ကာ လွင့်မျောနေသည်။

     “မင်း"
    ဖန်းကျန် ချက်ချင်း ဒေါသထွက်သွားသည်။

    မုလုံရှန်၏ မျက်လုံးထဲတွင် ရက်စက်သည့် အရိပ်အယောင်များဖြစ်ပေါ်သွားပြီး
     “သံတမန်ဖန်းကျန် မစိုးရိမ်ပါနဲ့...သူတို့က ချင်နန်ကို မသတ်ပါဘူး...ဒါပေမဲ့ ဒီတိုက်ပွဲပြီးသွားရင် သူပြင်းပြင်းထန်ထန်ဒဏ်ရာမရဘူးလို့တော့ မပြောနိုင်..."
   
      ချင်နန် သူတို့အားလုံးကို စိန်ခေါ်ခဲ့သောအခါ မုလုံရှန်သည် ချင်နန်အား သေလုနီးပါးအထိရိုက်နှက်ရန် ကျင့်ကြံသူသုံးယောက်ကို အမိန့်ပေးခဲ့သည်။

    အကယ်၍ တစ်စုံတစ်ယောက် ဒေါသထွက်လျှင်ပင် ချင်နန်သည် ဘဝင်မြင့်ကာ သုံးယောက်တစ်ယောက်စိန်ခေါ်ခဲ့ခြင်းကြောင့်ဟု သူဆင်ခြေပေးနိုင်သည်။ ထို့ကြောင့် အကျိုးဆက်များကို သူ မည်သို့မျှ စိုးရိမ်ခြင်းမရှိပေ။

     သို့သော်လည်း မုလုံရှန်၏ စကားမဆုံးမီမှာပင် အတွေးသုံးခုဝင်္ကပါထဲမှ ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုထိုးထွက်လာသည်။

      အာရုံခံစားမှုထက်သန်သော ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။

     အထူးသဖြင့် အတွေးသုံးခုဝင်္ကပါဖွဲ့စည်းထားသည့် ကျင့်ကြံသူသုံးယောက်သည် ဝင်္ကပါထဲမှ ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင် နိုးထလာသည်ဟု ခံစားလိုက်ရပြီး သူတို့ မိန်းမောလုနီးပါးအထိဖြစ်သွားသည်။

     “သေလိုက်"
     ကျင့်ကြံသူသုံးယောက်သည် မျက်နှာဖြူဖျော့သွားပြီး သူတို့၏ အတွေးများကို စုစည်းကာ ခွန်အားအပြည့်အဝဖြင့် ချင်နန်ကို တိုက်ခိုက်လိုက်ကြသည်။

     ဘန်း...

     ထိုအချိန်၌ အတွေးသုံးခုဝင်္ကပါထဲမှ ကြောက်မက်ဖွယ်ရာမိုးကြိုးမီးလျှံများ ထွက်ပေါ်လာပြီး ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို ဝါးမျိုသွားပြီး ဝင်္ကပါကို ချက်ချင်းဖျက်ဆီးလိုက်သည်။
    သို့သော်ငြား ဝင်္ကပါ၏ အထက်မှ ‘ယန်'ဟူသော စကားလုံးမှာတော့ ကျန်ရှိနေဆဲဖြစ်သည်။

     မုလုံရှန်နှင့် အခြားကျင့်ကြံသူများ မျက်လုံးများ ပြူးကျယ်သွားသည်။

     ဤကဲ့သို့ အစွမ်းထက်သော အတွေးသုံးခုဝင်္ကပါသည် ဤကဲ့သို့ လွယ်လွယ်ကူကူ ဖျက်ဆီးခံရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

     ထိုအချိန်၌ ချင်နန်သည် ပျက်စီးသွားသောဝင်္ကပါ၏ အလယ်မှ ခေါင်းမော့လာသည်ကို သူတို့ တွေ့မြင်လိုက်ရသည်။ လေတိုက်ခိုက်ခြင်းမရှိသော်လည်း ချင်နန်၏ ဆံပင်များသည် ဝဲလွင့်နေကာ တစ်ဆယ်ကျန်ခန့်ရှိသော မိုးကြိုးလျှပ်စီးနှင့် မီးလျှံများတောက်လောင်နေသော အပေါ်ရုံတစ်ခုသည် လေထဲ၌ လူးလွန့်နေသည်။ သူတို့သည် ချင်နန်ကို ကြည့်နေရသည်ဟု မခံစားရတော့ဘဲ ဒေါသထွက်နေသည့် နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်ဟု ခံစားနေရသည်။

     “ပျက်စီးစမ်း..."
     ချင်နန် ဒေါသထွက်စွာ အော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်၌ မိုးကြိုးမီးလျှံများ ထပ်မံဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏ အထက်မှ ‘ယန်'ဟူသော စကားလုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။

     ဘန်း...

    ထိုအချိန်၌ ‘ယန်'ဟူသော စကားလုံး ပျက်စီးသွားသည်ကို ချက်ချင်းတွေ့မြင်လိုက်ရသည်။ ထို့နောက် အဆုံးမဲ့ မိုးကြိုးမီးလျှံများသည် မီးလျှံပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျင့်ကြံသူသုံးယောက်လုံးကို ဖိကျလိုက်သည်။ သုံးယောက်လုံး နောက်လွင့်စင်သွားကြသည်။

      စောင့်ရှောက်သူများထဲတွင် အဆင့်သုံးဆယ်အတွင်းဝင်သော ကျင့်ကြံသူသုံးဦးသည် ကျင့်ကြံမှု သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်တွင်ရှိသော ချင်နန်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်။

     ထိုအချိန်၌ သွမ့်မုတောင်တစ်ခုလုံး တစ်စပြင်တစ်ခုအလား တိတ်ဆိတ်နေကြသည်။

    မုလုံရှန်၊ ဖန်းကျန်နှင့် အခြားကျင့်ကြံသူများ ကြက်သေ သေနေကြသည်။

    ဘာဖြစ်သွားတာလဲ...

    ဘယ်လိုတွေဖြစ်သွားတာလဲ...

    ချင်နန်က သူတို့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တာလား...

    ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

   “ဟူး...."
    ချင်နန်သည် လေ့ကျင့်ခန်းမလုပ်သည်မှာ အချိန်အတော်ကြာရှိပြီဖြစ်သကဲ့သို့ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ မိုးကြိုးမီးလျှံများသည် တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားကြသည်။ သူ၏ အော်ရာသည် သိုင်းဘိုးအေအထွတ်အထိပ်အဆင့်၌သာရှိနေသည်။

     “အိုး...ကျုပ်စိတ်မကောင်းပါဘူး...ကျုပ်မတော်တဆ အနိုင်ရသွားတယ်...ခင်ဗျားကို စိတ်ပျက်စေခဲ့မိတဲ့အတွက်ကြောင့် ကျုပ်စိတ်မကောင်းပါဘူး"
     ချင်နန်သည် လက်သီးစုလိုက်ပြီး လူအုပ်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် မုလုံရှန်ပေါ်သို့ ရောက်ရှိသွားသည်။

     ထိုအချိန်၌ မုလုံရှန် အသက်ရှူရပ်သွားသည်။

Continue Reading

You'll Also Like

124K 16.7K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
77K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
51.3K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
33.1K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...