အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၃၇၆ - ၃၈၀

581 52 0
By Azure5549


အပိုင်း (၃၇၆) နဂါးအစင်းကြောင်းခြောက်ခု အခြေတည်စိတ်ဝိညာဉ်

      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင် ထွက်ခွာသွားပြီးနောက် ကောင်းကင်အထက်မှ ကြီးမားသည့် အရာကြီးမှာလည်း ကြာကြာမနေခဲ့ပေ။ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီးနောက် ကျွန်းမှာလည်း ပြန်လည်ငြိမ်သက်သွားသည်။

     “ဖြစ်ပျက်ခဲ့တာတွေက ငါတို့မျှော်လင့်ထားတာထက် လုံးဝကျော်လွန်တာပဲ"
      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စတင်စကားပြောလိုက်သည်။

      “ဆရာ့ရဲ့ ရည်ရွယ်ချက်ကို ထပ်ပြီးစဉ်းစားဖို့ မလိုဘူး"
      ထိပ်ပိုင်းခေါင်းဆောင်ကျန်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
      “ငါတို့ သိထားရမှာက သေမင်းပင်လယ် နောက်တစ်ကြိမ်အသက်ဝင်လာတဲ့အခါကျရင် ချင်နန်က ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဆိုတာပဲ"

     “ငါ တတိယအစ်ကိုရဲ့ စကားကို သဘောတူတယ်"
     ထိပ်ပိုင်းခေါင်းဆောင်လျို ပြောလိုက်သည်။

      ထောင်ချင်းစန့် တိတ်ဆိတ်စွာပင် ရှိနေ၏။

      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု တစ်ချက်ပြုံးလိုက်ပြီး
      “တတိယညီပြောတာ မှန်တယ်....ဒါပေမဲ့ သေမင်းပင်လယ်အသက်ဝင်တဲ့အခါကျရင် အထက်ပိုင်းခရိုင်ရဲ့ အရှေ့ကုန်းမြေတိုက်ကြီးက ဂိုဏ်းနှစ်ဂိုဏ်းလည်း ရောက်လာနိုင်တယ်...ချင်နန်က သေမင်းပင်လယ်ကို ကျော်လွှားပြီး ငါတို့ ချင်းလုံမြင့်မြတ်နေရာကို ကိုယ်စားပြုပြီးတော့ အခြားဂိုဏ်းနှစ်ဂိုဏ်းနဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ရမယ်"

      “အင်း"
      ထိပ်ပိုင်းခေါင်းဆောင်လျိုနှင့် ထိပ်ပိုင်းခေါင်းဆောင်ကျန်းတို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ထောင်ချင်းစန့်ကို ကြည့်လိုက်ပြီးနောက် ‌တိတ်ဆိတ်နေသည်ကို သတိပြုမိသွားကာ သူ့ကို စကားမပြောရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့အားလုံး၏ အာရုံသည် ချင်နန်ပေါ်သို့ ကျရောက်သွားသဖြင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

       အခု ချင်နန်က ဖီလာဆေးပညာနှစ်ချုပ်စာအုပ်ကို ရရှိသွားပြီဆိုတော့ သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လောက်ထိတိုးတက်လာနိုင်မလဲ...

      ထိုအချိန်၌ ချင်နန်၏ နတ်ဘုရားအာရုံသည် အမှောင်ထုထဲ၌ နစ်မြှုပ်နေသည်။
     အဓိကအကြောင်းအရင်းမှာ နတ်ဆိုးအမြုတေအရှင်သည် သူ၏ နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံကို အသုံးပြု၍ ချင်နန်၏ စိတ်ဝိညာဉ်ကို လောင်ကျွမ်းရန် ကြိုးပမ်းခဲ့သောကြောင့် ချင်နန် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။ ဖီလာဆေးပညာနှစ်ချုပ်စာအုပ်သည် သူ၏ ဒဏ်ရာများကို ကုသပေးနေသည့်တိုင် သူအမှောင်ထုထဲမှ နိုးထပြီး သတိပြန်ဝင်လာစေရန်အတွက် အချိန်တစ်ဆယ့်နှစ်နာရီကြာမြင့်ခဲ့သည်။

       “ဘာဖြစ်သွားတာလဲ..."
       ချင်နန် ရှုပ်ထွေးနေသည်။

      “ချင်နန်...ဖီလာဆေးပညာနှစ်ချုပ်စာအုပ်က နတ်ဆိုးအမြုတေအရှင် ထူးခြားတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာနိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းပဲ...အခု သူက ဖီလာဆေးပညာနှစ်ချုပ်စာအုပ်နဲ့ ပေါင်းစည်းသွားပြီ...အဲဒီတော့ ဒီဖီလာဆေးပညာနှစ်ချုပ်စာအုပ်က ပိုပြီးအဆင့်မြင့်သွားပြီ...မင်းသာ အဲဒါကို သန့်စင်မယ်ဆိုရင် အကျိုးအများကြီးရှိလိမ့်မယ်"
       ထိုအချိန်တွင် ချင်နန်၏ စိတ်ထဲ၌ ထောင်ချင်းစန့်၏ အသံကိုကြားလိုက်ရသည်။

      “စီနီယာ"
      ချင်နန် တက်ကြွသွားပြီး ကောင်းကင်ကိုကြည့်လိုက်သည်။ ထောင်ချင်းစန့်အပြင် ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများမှာလည်း လေထဲတွင် ရှိနေသည်ကို သူတွေ့လိုက်ရသည်။ ချက်ချင်းပင် သူတို့ကို နှုတ်ဆက်ရန် ကြိုးပမ်းလိုက်သော်လည်း သူ၏ နတ်ဘုရားအာရုံမှ ပူလောင်စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများသည် ချင်နန်၏ နာကျင်မှုကို သတိပြုမိသွားပြီးနောက်  အပြုံးဖြင့် ခေါင်းခါယမ်း ပြလိုက်သည်။

       ချင်နန် ဘာမှမပြောတော့ပဲ သူ၏ နတ်ဘုရားအာရုံကို စစ်ဆေးလိုက်သည်။ သူ၏ နတ်ဘုရားအာရုံအစပ်တွင် လွင့်မျောနေသော စာအုပ်တစ်အုပ်မှတစ်ပါး သူ၏ နတ်ဘုရားအာရုံတွင် မည်သည့်ပြောင်းလဲမှုမှ မတွေ့ရပေ။

      “ဒီတော့ ဒါက ဖီလာဆေးပညာနှစ်ချုပ်စာအုပ်ပေါ့"
      ချင်နန် အသက်ရှူရပ်သွားသည်။

     မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူသိရှိခြင်းမရှိသော်လည်း ထောင်ချင်းစန့်၏ စကားများအရ ဤဖီလာဆေးပညာနှစ်ချုပ်စာအုပ်သည် အလွန်အဖိုးတန်ကြောင်းကို သူပြောနိုင်ပေသည်။
      မေးခွန်းမှာ ဤ‌ဖီလာဆေးပညာနှစ်ချုပ်စာအုပ်သည်အဘယ့်ကြောင့် နတ်ဘုရားအာရုံအစပ်တွင် လွင့်မျောနေရပါနည်း...

      “ဒါကိုကြောက်တာလား"
      လျှို့ဝှက်ဆန်းကြယ်သော ကြေးနီမှန်သည် မည်သည့်အရာကိုမှ ကျူးကျော်ခွင့်မပြုဘဲ အုပ်စိုးသူကဲ့သို့ ပြုမူနေသည်ကို တွေ့ရှိသွားသည့်အခါ ချင်နန် အလွန်အံ့အားသင့်သွားသည်။ ဖီလာဆေးပညာနှစ်ချုပ်စာအုပ်ကဲ့သို့ ထူးဆန်းသော ပစ္စည်းတစ်ခုပင် ကြေးနီမှန်နှင့် သိသာစွာ ဝေးကွာသော နေရာ၌သာ နေနိုင်သည်။

      “ဒီကြေးနီမှန်"
      ချင်နန်အနည်းငယ် ဉာဏ်အလင်းရသွားသော်လည်း သူ အများကြီး တွေးတောမနေတော့ချေ။ ချက်ချင်းပင် သူ၏ အာရုံကို ဖီလာဆေးပညာနှစ်ချုပ်စာအုပ်ဆီသို့ ပြောင်းလိုက်သည်။

      ကျောက်ဖြင့် ပြုလုပ်ထားသော စာအုပ်သည် အလွန်လေးလံပုံရသည်။ ၎င်းသည် စာမျက်နှာ တစ်ဆယ်မျက်နှာသာ ပါဝင်သော်လည်း စာမျက်နှာတိုင်းသည် လျှို့ဝှက်ချက်မြောက်မြားစွာ ပါဝင်သကဲ့သို့ အလွန်ထူထဲပေသည်။

      “မင်းကို ငါသန့်စင်မယ်"
     ချင်နန် ကျယ်လောင်စွာဖြင့် ကြွေးကြော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်နဂါးကြေးခွံအူတိုင်သည် အပြင်းအထန်တုန်ခါလာသည်။
      ထိုအချိန်၌ နတ်ဘုရားအာရုံထဲမှ သွေးစက်တစ်စက်ထွက်ပေါ်လာပြီး ဖီလာဆေးပညာနှစ်ချုပ်စာအုပ်နှင့် ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံမှုအဆင့်နိမ့်သော သူများသည် ရတနာပစ္စည်းများကို သန့်စင်ရန် သူတို့၏ ခန္ဓာကိုယ်မှ သွေးစက်ချရန် လိုအပ်ပေသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုသည် အဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ ထိုသူသည် ရတနာပစ္စည်းများကို မသန့်စင်မီတွင် သူ၏ စိတ်ဆန္ဒကို သူ၏ သွေးနှင့် ပေါင်းစည်းနိုင်ပေသည်။ ဤနည်းအားဖြင့် ထိုအရာသည် ကျင့်ကြံသူနှင့် တစ်သားတည်းပေါင်းစည်းသွားလိမ့်မည်ဖြစ်သည်။

      ဘန်း...

      ဖီလာဆေးပညာနှစ်ချုပ်စာအုပ်ကို သန့်စင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ အော်ရာသည် ချင်နန်နှင့် လုံးဝပေါင်းစည်းသွားသည်။ ထို့နောက် ၎င်းထံမှ ထူးခြားဆန်းကြယ်သော အင်အားတစ်ခုထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြေးခွံအူတိုင်ကို အသာအယာထိုးဖောက်သွားသည်။

      “ဒါက နတ်ဆိုးအမြုတေအရှင်ရဲ့ စွမ်းအားပဲ မဟုတ်ဘူး...ပိုပြီးတိကျစွာ ပြောရမယ်ဆိုရင် ဒါက သူ့ ကျင့်ကြံမှုရဲ့ အဓိကစွမ်းအားပဲ"

       ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။
       နတ်ဆိုးအမြုတေအရှင်၏ ကျင့်ကြံမှုသည် သူ၏ အထွတ်အထိပ် အခြေအနေလောက် သန်မာခြင်းမရှိသော်လည်း သူ့ ကျင့်ကြံမှု၏ အဓိကစွမ်းအား သိုင်းအရှင်အဆင့်၏ လျှို့ဝှက်ချက်များ ပါဝင်သည်။

      ထိုအချိန်၌ ရွှေရောင်နဂါးကြေးခွံအူတိုင်၏ အော်ရာသည် မြင့်တက်လာပြီး ၎င်း၏ စိတ်ဆန္ဒအားလုံးသည်လည်း အဆင့်တက်လာသည်။

      ဘန်း...

      နေရောင်ရွှေခန္ဓာကျင့်စဉ်၏ စိတ်ဆန္ဒထွက်ပေါ်လာပြီး ချင်နန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်သည့် မီးတောက်များ ဖုံးလွှမ်းသွားသည်။ သို့သော်လည်း မီးတောက်များသည် ယခင်ကနှင့် ကွဲပြားနေသည်။ မီးတောက်များသည် ရွှေရောင်ဖြစ်နေကြပြီး ကြီးမားသော စွမ်းအားရှိပေသည်။ ထို့အပြင် ချင်နန်၏ နောက်မှ ဆယ်ကျန်ရှည်လျားသော မီးတောက်နေသည့် ရွှေရောင်အပေါ်ရုံတစ်ခု ထွက်ပေါ်လာပြီး လေထဲ၌ လူးလွန့်ကခုန်နေသည်။

       ဒေါင်...

      ချင်နန်၏ အထက်မှ မရေမတွက်နိုင်သော သားရဲများဝန်းရံနေသည့် မှုန်ဝါးသော ခေါင်းလောင်းတစ်ခုနှင့် ကျယ်လောင်သော ခေါင်းလောင်းသံတစ်သံထွက်ပေါ်လာသည်။ ခေါင်းလောင်းသံသည် လူတိုင်း၏ စိတ်ကို ထိုးဖောက်နိုင်စွမ်းရှိပေသည်။

      နတ်ဆိုးနှင်ထုတ်နှလုံးအေးကျင့်စဉ်သည် လက်ရှိအချိန်၌ လုံးဝခြားနားသွားပြီဖြစ်သည်။ ယခုအချိန်၌ ခေါင်းလောင်းသံသည် ကြီးမားသည့် တိုက်ခိုက်ခြင်းစွမ်းရည်တစ်ခုပါ ပိုင်ဆိုင်လာပြီး ခေါင်းလောင်းသံတစ်သံဖြင့် တစ်စုံတစ်ယောက်ကိုစိတ်ကို ငရဲသို့ ပို့နိုင်စွမ်းရှိပေသည်။

      “ငါ့ရဲ့ ဆေဘာစွမ်းအင်"
      စကားလုံးများသည် ပေါက်ကွဲမှုတစ်ခုကဲ့သို့ပင် ဖြစ်သည်။ သူသည် မည်သည့်အမိန့်မှပေးခြင်းမရှိသော်လည်း မဟာအပြစ်ခုနှစ်ပါးသည် သူ၏ သိုလှောင်အိတ်ထဲမှ အလိုအလျောက်ထွက်ပေါ်လာပြီး လေထဲ၌ လွင့်မျောလာသည်။ ဆေဘာဓားတိုင်းသည် အသိစိတ်ပိုင်ဆိုင်ထားသကဲ့သို့ ကြောက်မက်ဖွယ်ရာဆေဘာစွမ်းအင်များကို ထုတ်လွှင့်လိုက်သည်။

      “စစ်နတ်ဘုရားရဲ့ ဘယ်ဘက်မျက်လုံး"
      ချင်နန် အော်ဟစ်လိုက်သည်။

      ရွှေရောင်နဂါးကြေးခွံအူတိုင်သည် သူ၏ အားအထားရဆုံး တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည်။ ၎င်းသည် နေရောင်ရွှေခန္ဓာကျင့်စဉ်၊ နတ်ဆိုးနှင်ထုတ်နှလုံးအေးကျင့်စဉ်နှင့် ဆေဘာစွမ်းအင် အစရှိသည်တို့ကို အသုံးပြုနိုင်ပြီး ကြောက်မက်ဖွယ်ရာစွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။ ထို့ပြင် ၎င်းသည် အမျိုးမျိုးသော တိုက်ခိုက်မှုများကိုလည်း ချေဖျက်နိုင်ပေသည်။
    သို့သော်ငြား ချင်နန်၏ ကြောက်မက်ဖွယ်ရာအကောင်းဆုံးစွမ်းရည်မှာ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးဖြစ်သည်။
      စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးနှင့် ရွှေရောင်နဂါးကြေးခွံအူတိုင်တို့၏ စွမ်းရည်များကို ပေါင်းစည်းအသုံးပြုမှသာ သူ၏ အကြီးမားဆုံးစွမ်းအားကို ထုတ်ဖော်နိုင်‌သည်။ ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်ပင် ထိုစွမ်းအားနှင့် မနှိုင်းယှဉ်နိုင်ပေ။

      ဘန်း...

     ယခင် မျက်လုံးရွှေရောင်တောက်ပမှုများ ပျောက်ကွယ်သွားသည်။ မျက်လုံးပေါ်တွင် ခရမ်းရောင်‌အလင်းတန်းများ ဖြစ်ပေါ်လာပြီး အလင်းတန်းသုံးဆယ်သို့ ရောက်ရှိသွားသည့်အခါ ရပ်တန့်သွားသည်။ ယခုတွင် ၎င်းသည် ခရမ်းရောင်အလင်းများဖြင့် ပြုလုပ်ထားသော မျက်လုံးတစ်လုံးဟု ခံစားရပြီး ယခင်ကထက် ပို၍ကြောက်မက်ဖွယ်ရာကောင်းလာသည်။

      “ဟမ်"
      ၎င်း၏ ထွင်းဖောက်မြင်နိုင်သော စွမ်းရည်သာ ကြီးကြီးမားမားတိုးတက်လာသည်မဟုတ်ဘဲ ရေးတေးတေး အလင်းစွမ်းအင်တစ်ခုကိုလည်း ပိုင်ဆိုင်လာသည်ကို ချင်နန် သဘောပေါက်လိုက်သည်။ သို့သော် ထိုစွမ်းအားသည် အလွန်အားနည်းနေသကဲ့သို့ လက်ရှိအချိန်၌ တိုက်ခိုက်မှုတစ်ခုအဖြစ် အသုံးပြု၍ မရသေးချေ။
       ၎င်းသည် စစ်နတ်ဘုရား ဘယ်ဘက်မျက်လုံး၏ စွမ်းရည်သစ်တစ်ခုဖြစ်ပုံရသည်။

       “နောက်ဆုံး...ရွှေရောင်နဂါးကြေးခွံအူတိုင်"
      ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

      ရွှေရောင်မျဉ်းကြောင်းသုံးခုကို ကြီးမြတ်သော အင်ပါယာဟု သတ်မှတ်ပြီး ထို့အထက် ရွှေရောင်နဂါးကြေးခွံအူတိုင်ကို ကောင်းကင်အား ဆန့်ကျင်သည်ဟု မှတ်ယူပေသည်။
      ဖီလာဆေးပညာနှစ်ချုပ်စာအုပ်၏ စွမ်းအားဖြင့် ရွှေရောင်နဂါးကြေးခွံအူတိုင်သည် သိုင်းဘိုးအေအဆင့်သို့ တက်နိုင်မည်လား သို့မဟုတ် ၎င်းသည် တစ်မူထူးသော ပြောင်းလဲမှုကို ထပ်မံ‌ကြုံတွေ့ဦးမည်လား...

     ဘန်း...ဘန်း...ဘန်း...

    ‌ ရွှေရောင်နဂါးကြေးခွံအူတိုင်ထဲတွင် ပေါက်ကွဲမှုများဖြစ်ပေါ်သွားပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။ သို့သော်လည်း ၎င်း၏ ယခင်စက်လုံးပုံသဏ္ဌာန်မှာ ပျောက်ကွယ်သွားပြီး ထူးခြားသော ပြောင်းလဲမှုတစ်ခု ကြုံတွေ့လာရသည်။ အူတိုင်မှ ခြေလက်များ စတင်ထွက်ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် လူသားအစိတ်အပိုင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် အူတိုင်သည် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ချင်နန်နှင့် တိကျစွာ တူနေလျက်ရှိသည်။

       ရွှေရောင်နဂါးကြေးခွံအူတိုင်သည် အခြေတည်စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသည်။
      လူသားပုံစံအခြေတည်စိတ်ဝိညာဉ်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ မွေးဖွားလာသည့် လူသားတစ်မျိုးဖြစ်သည်။ ယခင်က ကိုယ်တွင်းအူတိုင်ကို အမျိုးမျိုးသော စိတ်ဆန္ဒများဖြင့်သာ ပေါင်းစည်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သက်မဲ့အရာတစ်ခုဖြစ်သည်။
     သို့သော်လည်း ယခုအချိန်၌ ၎င်းသည် အသက်ရှိသော သေးငယ်သည့် လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတွင် ဉာဏ်ပညာမရှိသော်လည်း အမှန်တကယ်ပင် အသက်ရှိပေသည်။
      သို့သော်လည်း အခြေတည်စိတ်ဝိညာဉ်ဖြစ်တည်လာပြီးနောက် ကြီးမားသော ပြောင်းလဲမှုသည် ထိုနေရာ၌ပင် ရပ်တန့်မသွားခဲ့ပေ။
      အခြေတည်စိတ်ဝိညာဉ်ပေါ်တွင် ရွှေရောင်နဂါးပုံစံ နဂါးအစင်းကြောင်းများ ဖြစ်ပေါ်လာပြီး အစင်းကြောင်းခြောက်ခုအရောက်တွင် ရပ်တန့်သွားသည်။

      “ရွှေရောင်နဂါးအစင်းကြောင်းခြောက်ခုနဲ့ အခြေတည်စိတ်ဝိညာဉ်"
      ချင်နန် အလွန်အံ့အားသင့်သွားသည်။

      ထိုအချိန်၌ သူ၏ အော်ရာမှာ လျင်မြန်စွာ မြင့်တက်လာသည်။ သူ၏ ကျင့်ကြံမှုသည် သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်၌ ရှိနေဆဲသာဖြစ်သော်လည်း သူ့အော်ရာမှာမူ သိုင်းဘိုးအေအဆင့်ခြောက်နှင့် ညီမျှနေသည်။
     အစောပိုင်းတွင် ရွှေရောင်မျဉ်းကြောင်းခြောက်ခု၏ အော်ရာသည် သိုင်းဧကရာဇ်အဆင့်သုံးနှင့် ညီမျှခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ့အခြေတည်စိတ်ဝိညာဉ်ပေါ်မှ ရွှေရောင်နဂါးအစင်းကြောင်းအရေအတွက်သည် သူ့ကျင့်ကြံမှုအဆင့်နှင့် တိုက်ရိုက်ရောင်ပြန်ဟပ်နေသည်။

      ထိုအချိန်၌ ကျွန်းပေါ်မှ ထောင်‌ချင်းစန့်တို့ အလွန်အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများပွင့်လာကာ ချင်နန်ကို ကြည့်လိုက်ကြသည်။

      “ဒါ.."
      အကြည့်တစ်ချက်နှင့်ပင် သူတို့ ကြက်သေသေသွားကြသည်။

     ဒီလိုအော်ရာ... ချင်နန်ရဲ့ အခြေတည်စိတ်ဝိညာဉ်က အစင်းကြောင်းခြောက်ခုလား...

     ချင်နန်က ကောင်းကင်ကို ဆန့်ကျင်တဲ့ ကိုယ်တွင်းအူတိုင်ကို ဖန်တီးပြီးတဲ့နောက်မှာ အခုကောင်းကင်ကို ဆန့်ကျင်တဲ့ အခြေတည်စိတ်ဝိညာဉ်ကို ထပ်ဖန်တီးလိုက်တယ်လို့ ဆိုလိုတာလား...

      “သူက ငါတို့နဲ့ လုံးဝမတူတဲ့ လမ်းကြောင်းကို လျှောက်မှာပဲ"
     ထောင်ချင်းစန့်သည် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ဖြည်းလေးစွာ စကားပြောလိုက်သည်။

      ချင်နန်၏ ပြောင်းလဲမှုနှင့် ပတ်သက်၍ သူရှင်းလင်းစွာ နားလည်ပေသည်။ သူ၏ ကိုယ်တွင်းအူတိုင်နှင့် အခြေတည်စိတ်ဝိညာဉ်မှာလည်း အင်ပါယာမော်တယ်ကျမ်းစာကြောင့် သာမန်မဟုတ်သောကြောင့်ဖြစ်သည်။

      ချင်နန်သည် ထောင်ချင်းစန့်တို့၏ တုံ့ပြန်မှုကို သတိမပြုမိသော်လည်း သူ၏ နှလုံးသားထဲ၌ အလွန်ပျော်ရွှင်နေသည်။
      ဖီလာဆေးပညာနှစ်ချုပ်စာအုပ်နဲ့ ပေါင်းစည်းပြီးတဲ့နောက်မှာ ငါရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေက လုံးဝထိတ်လန့်တုန်လှုပ်စရာပဲ...

      ရုတ်တရက် ဖီလာဆေးပညာနှစ်ချုပ်စာအုပ်သည် တုန်ခါလာပြီး တောက်ပသော အလင်းတစ်ခုကို ထုတ်လွှင့်လိုက်သည်။

     ချင်နန်၏ စိတ်ထဲ၌ မယုံနိုင်လောက်အောင် နာကျင်သွားသည်။

      “ဒါ...ဒါက..."

🐱🐱🐱🐱🐱

အပိုင်း (၃၇၇) တစ်ဘဝစာအတွေ့အကြုံများ

     ချင်နန်၏ ဦးနှောက်ထဲ စိမ်းသက်သည့် မှတ်ဉာဏ်များ ဝင်ရောက်လာသည်။ ချင်နန်သည် ထိုမှတ်ဉာဏ်များ၏ ပိုင်ရှင်ဖြစ်သကဲ့သို့ သူ၏ အစစ်အမှန် မှတ်ဉာဏ်များဟု ခံစားရပေသည်။
     ဖီလာဆေးပညာနှစ်ချုပ်စာအုပ်သည် နတ်ဆိုးအမြုတေအရှင်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းပြီးသွားသည့်နောက်တွင် ၎င်းသည် ဆေးပညာလျှို့ဝှက်ချက်များကိုသာ ပိုင်ဆိုင်သည်မဟုတ်ဘဲ နတ်ဆိုးအမြုတေအရှင်၏ နှစ် ရာကျော်သွားလာ ဖြတ်သန်းခဲ့သော အတွေ့အကြုံများလည်း ပါဝင်ပေသည်။

      “ဖီလာဆေးပညာက ဆေးလုံးတွေကို ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ဖော်စပ်တယ်"

     “ဖီလာဆိုတာဘာလဲ...အရိုးရှင်းဆုံးနည်းလမ်းနဲ့ အရည်အသွေးမြင့်မားအောင် လုပ်တယ်"

      “တကယ်လို့ ဆေးပညာမှာ မတူညီတဲ့ နည်းလမ်းရှစ်ဆယ့်တစ်ခုရှိတယ်ဆိုရင် ဒီဖီလာနည်းလမ်းက ရှစ်ဆယ့်နှစ်ခုမြောက်နည်းလမ်းပဲ"

      “........."

      ဤအတွေ့အကြုံများသည် အလွန်အကျိုးရှိကြောင်းကို ချင်နန်ရှင်းလင်းစွာ သိပေသည်။ သူ ချက်ချင်းပင် မှတ်ဉာဏ်များကို အာရုံစိုက်လိုက်သည်။

      ဤအတောအတွင်း ကျွန်းပေါ်တွင်...

      “ဟား...ဟား...ငါတို့ ချင်းလုံမြင့်မြတ်နေရာက မကြာခင်မှာ ရွယ်အဆင့်ဆေးပညာရှင်တစ်‌ယောက် ပေါ်ပေါက်လာတော့မှာပဲ"
     ချင်နန်၏ အပြောင်းအလဲကို နားလည်သွားပြီးနောက် ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု ကျေနပ်အားရသော မျက်နှာထားဖြင့် ပြောလိုက်သည်။

       ကန်းလန်ကုန်း‌မြေတိုက်ကြီးတွင် ဆေးပညာကို အဓိကအာရုံစိုက်ရာအဖြစ် သတ်မှတ်ထားခြင်းမရှိသော်လည်း ဆေးပညာရှင်များသည် အတော်အတန် အဆင့်မြင့်မားပေသည်။ ဥပမာအနေဖြင့် တစ်စုံတစ်ယောက်သည် နတ်ဆိုးအမြုတေအရှင်အကြောင်းကို ပြောသည့်အခါ၌ သူ၏ ဆိုးရွားသော လုပ်ရပ်သည် သူတို့၏ စိတ်ထဲပထမဆုံးရောက်ရှိလာမည်ဖြစ်သည်။
       ထို့နောက် သူ၏ ဆေးပညာပါရမီဖြစ်သည်။ သူ၏ စွမ်းအားကို နောက်ဆုံးမှသာ သတိရကြလိမ့်မည်ဖြစ်သည်။
      ကံမကောင်းစွာပင် ဆေးပညာလေ့လာရန်အတွက် အချိန်သည် အလွန်ကိုပေးရပေသည်။ အရေးပါသော အဆင့်သို့ရောက်ရန်အတွက် အခက်အခဲမှာ မိုးကောင်းကင်သို့ တက်လှမ်းခြင်းနှင့်ပင် တူညီပေသည်။ အကြောင်းမှာ ကျင့်ကြံသူအများစုသည် ဆေးပညာ၌ မြင့်မားသော အဆင့်အတန်းတစ်ခုသို့ မရောက်မီ၌ပင် သေဆုံးသွားကြကာ သူတို့၏ ကြိုးပမ်းမှုမှာ သဲထဲရေသွန်ဖြစ်သွားသောကြောင့်ဖြစ်သည်။
      ထို့ကြောင့် ချင်နန်သည် နတ်ဆိုးအမြုတေအရှင်၏ တစ်ဘဝစာဆေးပညာအတွေ့အကြုံများကို ရခြင်းမှာ အလွန်ကံကောင်းပေသည်။ မဝေးတော့သော အနာဂတ်တွင် သူသည် အလွန်ကြီးမားသော အောင်မြင်မှုများ ရရှိလာတော့မည်ဖြစ်သည်။

      “ဘောပဲ...ငါသွားတော့မယ်"
     ထိပ်ပိုင်းခေါင်းဆောင်လျို စိတ်ဓာတ်ကျသွားပြီး လေဟာနယ်ကို ဆွဲဖြဲကာ ထွက်ခွာသွားသည်။

     “ပထမအစ်ကိုနဲ့ ဒုတိယအစ်ကို...ဒီလထဲ ငါ့မှာ ဘာမှလုပ်စရာမရှိဘူး...မင်းတို့ သွားချင်ရင် အရင်သွားနှင့်လို့ရတယ်"
      ထိပ်ပိုင်းခေါင်းဆောင်ကျန်း အပြုံးဖြင့် ပြောလိုက်သည်။

      “ချင်နန် ငါ့ကို ဆင့်ခေါ်တာက ဒီနတ်ဆိုးအမြုတေအရှင်ကြောင့်မဟုတ်ဘူးလို့ ငါခံစားရတယ်...သူနိုးလာတဲ့ အခါကျရင် သူကို့ မေးကြည့်လိုက်ပါဦး"
      ထိုစကားများပြောပြီးနောက် ထောင်ချင်းစန့်၏ ခန္ဓာကိုယ်သည် နေရာမှ ပျောက်ကွယ်သွားသည်။

      “ငါသတင်းကို ဖုံးကွယ်ထားဖို့ ဆောင်ရွက်လိုက်မယ်"
     ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုသည်လည်း အလင်းတစ်ချက်နှင့်အတူ ထွက်ခွာသွားသည်။

     “အိုး...ချင်နန် အနာဂတ်မှာ မင်းဘယ်လိုအောင်မြင်မှုမျိုး ရလာမလဲဆိုတာ ငါမျှော်နေမယ်"
     ထိပ်ပိုင်းခေါင်းဆောင်ကျန်း တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော အော်ရာတစ်ခုထွက်ပေါ်လာပြီး ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ တစပြင်အလား တိတ်ဆိတ်သွားသည်။

       ဤအတောအတွင်း ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု၏ သတင်းပိတ်ဆို့မှုကြောင့် အဖြစ်အပျက်နှင့် ပတ်သက်သည့် အမှန်တရားအများစုမှာ ဖုံးကွယ်ခံလိုက်ရသည်။ ရလဒ်အနေဖြင့် ထူးခြားသော အဖြစ်အပျက်ကြောင့် ဘိုးဘေးဆန်းကြယ်မှုနယ်မြေသည် အနာဂတ်တွင် ထွက်ပေါ်လာခြင်းမရှိတော့သည်ကိုသာ လူအများသိရခဲ့ကြသည်။
      ၎င်းသည် မေပယ်နိုင်ငံမှ လူများစွာကို အလွန်စိတ်ပျက်သွားစေခဲ့သည်။ အခြားတစ်ဖက်တွင် မြင့်မြတ်နေရာနှစ်ခုသည် တိတ်တဆိတ်နေရန်ပင် ဆုံးဖြတ်ခဲ့သည်။ တပည့်များကို ဦးဆောင်ခဲ့ကြသည့် လူနှစ်ဦးသည် ဘိုးဘေးဆန်းကြယ်မှုနယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြောရန်ဆန္ဒမရှိပေ။

      ချင်နန်၏ ဘေးကင်းလုံခြုံမှု အာမခံချက်ရရှိပြီးနောက် မင်းသမီးမြောင်မြောင်နှင့် အခြားသူများ သူတို့၏ မြင့်မြတ်နေရာသို့ ပြန်သွားကြသည်။
      အခြားတစ်ဖက်တွင် ကုန်သွယ်ရေးမဟာမိတ်သည် အံ့အားသင့်စရာကောင်းလောက်အောင် တိတ်ဆိတ်စွာနေခဲ့ပြီး ထူးခြားသော တုံ့ပြန်မှုမပြုလုပ်ခဲ့ပေ။
     ဆန့်ကျင်ဘက်အနေဖြင့် သတ်ဖြတ်ခြင်းမြို့သခင်သည် ရှောင်ဖေးပိုင်အား ရှာဖွေရန် သူ၏ လက်အောက်ငယ်သားများကို စေလွှတ်ခဲ့သည်။ သူ့သားသည် ယောကျာ်းတစ်ယောက်အား ချစ်နေကြောင်းကို သိရှိသွားသောအခါ သူချက်ချင်းပင် ဒေါသထွက်သွားပြီး တွေ့သမျှလူအားလုံးကို သတ်ပစ်လိုက်ရာ ရလဒ်အနေဖြင့် မြို့ထဲတွင် သွေးထွက်သံယိုများ ဖြစ်ပွားသွားသည်။
     နောက်ထပ်အနေဖြင့် သူ၏ ညီသည် အဆိပ်မိနေကြာင်း သိရှိသွားပြီးနောက် ကျောင်းကျွယ် ဆွံ့အသွားသည်။ ကျောင်းစစ်ရီသည် ယခင်က ကျန်းပိလန်ကို ရူးသွပ်စွာ ချစ်မြတ်နိုးခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ယောင်္ကျားတစ်ယောက်ကို ချစ်မြတ်နိုးနေသည်။ ကျောင်းကျွယ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖြေဆေးကို ရှာဖွေခဲ့သည်။
     သို့သော်ငြား ပထမစီနီယာအစ်ကိုကျောက်ဖန်းသည် အများဆုံးခံစားခဲ့ရခြင်းဖြစ်သည်။

     ဘိုးဘေးဆန်းကြယ်မှုနယ်မြေ၏ အဖြစ်အပျက်မှတစ်ပါး အောက်ပိုင်းခရိုင်တွင် မည်သည့်ထူးဆန်းသောအဖြစ်အပျက်မှ မဖြစ်ခဲ့ပေ။ များစွာသော ဂျီးနီးယပ်များသည် သူတို့၏ ကျင့်ကြံမှုဆက်လက်တိုးတက်လာအောင် လုပ်ခဲ့ပြီး ကံကောင်းမှုများကို ရှာဖွေခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နေ့စဉ်နေ့တိုင်း သေဆုံးနေကြသည်။

      အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။

     နောက်တစ်လအကြာတွင် ပင်လယ်တစ်ခုအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်၌...

      ချင်နန်သည် အသက်မဲ့သည့် ကျောက်ရုပ်ထုတစ်ခုအလားဖြစ်နေသည်။ ပုံမှန်အသက်ရှူနေခြင်းမှလွဲ၍ သူသည် လူသေတစ်ယောက်နှင့် ထူးမခြားနားပင်ဖြစ်သည်။

      ဝှစ်...

     ချင်နန်၏ မျက်လုံးများ ဖြတ်ခနဲဆိုသလို ပွင့်လာပြီး ပုံမှန်တက်ကြွနေသော သွင်ပြင်အစား သူ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးခြင်းများနှင့်သာ ပြည့်နှက်နေသည်။

      “ဆေးပညာလမ်းကြောင်းက ဒီလောက်ခက်ခဲလိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ...ငါမျှော်လင့်ထားတာထက် လုံးဝကို ကျော်လွန်တာပဲ...နတ်ဆိုးအမြုတေအရှင်က ငါ့ကို အန္တရာယ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း သူ့ရဲ့ အတွေ့အကြုံတွေကြောင့် ငါသူ့ကို ကျေးဇူးကြွေးတစ်ခုတင်သွားပြီလို့ ခံစားရတယ်...ဖြစ်နိုင်ရင် နတ်ဆိုးအမြုတေအရှင် ခင်ဗျား အသိဉာဏ်ဖွံ့ဖြိုးလာပြီး အသက်ရှင်နိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်"
      ချင်နန် သူ၏ နှလုံးသားထဲ ရေရွတ်လိုက်သည်။

     သူ၏ အတွေ့အကြုံများအရ သူသည် သူ၏ စွမ်းအားတိုးတက်ရန် အမြဲအာရုံစိုက်ခဲ့သည်။ သူတွေ့ရှိခဲ့သော ဆေးလုံးများမှာ ဘိုးဘေးဆေးလုံး၊ ဒေါမင်နိတ်တာဆေးလုံးကဲ့သို့သော ဆေးများသာဖြစ်သည်။ နတ်ဆိုးအမြုတေအရှင်၏ မှတ်ဉာဏ်များကို ရရှိပြီးနောက်မှသာ ဆေးပညာသည် သူတွေးထင်ထားသည်ထက် ပို၍ရှုပ်ထွေးကြောင်းကို သူသိရှိခဲ့သည်။ ဤဆေးလုံးများသည် အောက်ပိုင်းခရိုင်အတွင်း၌ တွေ့ရန်ပင် အလွန်ရှားပါးပေသည်။

      “ချင်နန်...မင်းနိုးလာပြီပေါ့"
      ထိပ်ပိုင်းခေါင်းဆောင်ကျန်း အေးချမ်းစွာပြုံး၍ ပြောလိုက်သည်။

       “ထိပ်ပိုင်းခေါင်းဆောင်ကျန်း ခင်ဗျားကို အကြာကြီးစောင့်စေခဲ့မိတဲ့အတွက်ကြောင့် ကျွန်တော်တောင်းပန်ပါတယ်"
      ချင်နန် ချက်ချင်း အရိုအသေပေးလိုက်သည်။
     သူသည် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် သူ၏ အဆင့်အတန်းကို နှိမ့်ချ၍ သူ့အား တစ်လကြာ စောင့်ရှောက်ပေးခဲ့သည်။ ထို့ကြောင့် ချင်နန် ကျေးဇူးတင်ရမည်ဖြစ်သည်။

     “မင်း ဆေးပညာရှင်တစ်ယောက်ဖြစ်လာတာက ငါ့ကို ပိုပြီးဝမ်းသာစေပါတယ်ကွာ"
      ထိပ်ပိုင်းခေါင်းဆောင်ကျန်း ပြောလိုက်သည်။
     “ဒုတိယအစ်ကို ထွက်မသွားခင်တုန်းက မင်းသူ့ကို ခေါ်တာ အခြားအကြောင်းတစ်ခုကြောင့်လို့ ပြောခဲ့တယ်...ဒါပေမဲ့ သူက သေမင်းပင်လယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်နေတဲ့အတွက်ကြောင့် သူထွက်သွားခဲ့ရတယ်...ဒါကြောင့် အဲဒီအကြောင်းကို သူငါ့ကို မေးခိုင်းခဲ့တယ်"

      “ကျွန်တော် ကျန်းပိလန်ကို သတ်ချင်တယ်"
      ချင်နန် သူ၏ ဆန္ဒကို ဖုံးကွယ်လိုခြင်းမရှိပေ။
    သူသည် ဘိုးဘေးဆန်းကြယ်မှုနယ်မြေမှ အကျိုးအမြတ်များစွာ ရရှိခဲ့သော်လည်း ကျန်းပိလန်အပေါ် သူ၏ သတ်ဖြတ်ချင်စိတ်များ လျော့နည်းသွားသည်ဟု မဆိုလိုပါ။
    ကျန်းပိလန်ကို မသတ်နိုင်သေးသ၍ သူလုံး၀ စိတ်ကျေနပ်လိမ့်မည်မဟုတ်ပေ။

      “အခုချိန်မှာ မဖြစ်နိုင်သေးဘူး"
      ထိပ်ပိုင်းခေါင်းဆောင်ကျန်း တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
      “ရိုးရိုးသားသားပြောရမယ်ဆိုရင် အောက်ပိုင်းခရိုင်မှာရှိတဲ့ ကုန်သွယ်ရေးမဟာမိတ်မှာ သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူ မရှိပေမဲ့ သိုင်းသူတော်စင်တစ်ဝက်အဆင့် ကျွမ်းကျင်သူတွေရှိတယ်...ငါတို့ ညီအစ်ကိုလေးယောက်ပူးပေါင်းရင်တောင် ဒါက အရမ်းခက်ခဲတဲ့တာဝန်ဖြစ်လိမ့်မယ်....ဒါ့အပြင် ပိုပြီးထိတ်လန့်စရာကောင်းတဲ့ တစ်စုံတစ်ခုလည်းရှိသေးတယ်...နှစ်ပေါင်းတစ်ရာကျော် အမှန်တရားကို ရှာဖွေဖို့ ကြိုးစားပြီးတဲ့နောက်မှာ အတိတ်တုန်းက သေခြင်းပင်လယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က လုံးဝမတော်တဆမှုမဟုတ်ဘူးလို့ ထင်ရတယ်...ဒါက ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်ဖို့ ရာခိုင်နှုန်းများတယ်"

       “ကုန်သွယ်ရေးမဟာမိတ်ကလည်း အဲဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာလား"
      ချင်နန် သဲလွန်စကို ချက်ချင်းတွက်ယူနိုင်ခဲ့သည်။

      “အမှန်ပဲ...ဒါပေမဲ့ သက်သေတော့ မတွေ့သေးဘူး"
     ထိပ်ပိုင်းခေါင်းဆောင်ကျန်း အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပြောလိုက်သည်။
     “ဒါပေမဲ့ သေမင်းပင်လယ်မှာ မင်းက အမှန်တရားကို ရှာဖွေနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်...ဒါကြောင့် ငါတို့ အခုကုန်သွယ်ရေးမဟာမိတ်နဲ့ မပတ်သက်ချင်သေးဘူး....အနည်းဆုံးတော့ သေမင်းပင်လယ်အသက်ဝင်တဲ့အထိပဲ"

      ထိုစကားများကြားပြီးနောက် ချင်နန် ခေါင်းညိတ်လိုက်သည်။

      ကုန်သွယ်ရေးမဟာမိတ်သည် အထက်ပိုင်းခရိုင်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ရာနောက်ခံရှိပေသည်။ သူ့အတွက်ကြောင့် အင်ပါယာအမြစ်ဖြတ်သူနှင့် အခြားသူများကို ကုန်သွယ်ရေးမဟာမိတ်အား ဖယ်ရှားပေးရန် တောင်းဆိုခြင်းမှာ အလွန်တဇွတ်ထိုးဆန်ကာ ရက်စက်လွန်းလှသည်။ ထို့ကြောင့် သူ စိတ်မကြည်မလင်ဖြစ်ရမည့်အစား အနည်းငယ် အပြစ်ရှိသည်ဟု သူ ခံစားနေရသည်။
      အင်ပါယာအမြစ်ဖြတ်သူနှင့် အခြားသူများသည် သူ့အား အမြဲတမ်းကူညီပေးခဲ့သော်လည်း သူသည် မည်သည့်အရာမျှ ပြန်မတုံ့ပြန်ပေးနိုင်ခဲ့ပေ။

      “အဲဒါကို တွေးမနေပါနဲ့...မင်း သေမင်းပင်လယ်ကို သွားမယ်လို့ ကတိပေးလိုက်တာက ငါတို့ကို မျှော်လင့်ချက်အကြီးကြီးတစ်ခု ပေးလိုက်တာပါပဲ...ဒါက မင်းငါတို့ကို ပြန်လုပ်ပေးခဲ့တာပါပဲ"
      ထိပ်ပိုင်းခေါင်းဆောင်ကျန်းသည် ချင်နန်၏ စိတ်ကို ဖတ်နိုင်သကဲ့သို့ အပြုံးဖြင့် ပြောလိုက်သည်။
      “ငါတို့က ကုန်သွယ်ရေးမဟာမိတ်ကို အခု မထိနိုင်သေးပေမဲ့ ကျန်းပိလန်ကို ရှင်းပစ်တာလောက်ကတော့ ပြဿနာမရှိပါဘူး...မင်း ကျန်းပိလန်ကို မျှတစွာ သတ်နိုင်သ၍ ကုန်သွယ်ရေးမဟာမိတ်က သိုင်းသူတော်စင်တစ်ဝက်အဆင့်ကျွမ်းကျင်သူတွေတောင် မင်းကို အန္တရာယ်‌မပေးနိုင်စေရဘူး"

     ထိုစကားများပြောပြီးနောက် ထိပ်ပိုင်းခေါင်းဆောင်ကျန်း၏ မျက်နှာထက်မှ နူးညံ့သိမ်မွေ့သည့် အရိပ်အယောင် ပျောက်ကွယ်သွားပြီး ဟိတ်ဟန်ကြီးသည့် အငွေ့အသက်များဖြစ်ပေါ်လာသည်။

      “ကျေးဇူးတင်ပါတယ်...စီနီယာ"
      ချင်နန် လေးနက်တည်ကြည်သော အသံဖြင့် ပြန်ပြောလိုက်ပြီး သူ၏ မျက်လုံးထဲ အေးစက်သည့်အရောင်များ လက်သွားသည်။

      ကျန်းပိလန်...

     မင်းငါနဲ့ ထပ်မတွေ့ဖို့ ဆုတောင်းထား...

🐱🐱🐱🐱🐱🐱

အပိုင်း (၃၇၈) ထွေပြားသောဆေးပညာ

      ချင်နန်သည် နောက်ထပ်အချိန်မဖြုန်းတော့ဘဲ ချင်းလုံမြင့်မြတ်နေရာကို အလျင်အမြန် ပြန်လာခဲ့သည်။
      ဘိုးဘေးဆန်းကြယ်မှုနယ်မြေတွင် ရုတ်တရက်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကြောင့် ဂုဏ်အသရေရှာဖွေခြင်းတာဝန်ကို ဖျက်သိမ်းလိုက်သည်။ ဆုလာဒ်အဓိကတုံးဆယ်တုံးကို ဖျက်သိမ်းလိုက်ပြီး အဓိကတုံးနှစ်တုံးသာ ပေးခဲ့သည်။ သို့သော်ငြား ယနေ့တွင် သူကံကောင်းပြီး တာဝန်ခန်းမမှ အဓိကတုံးသုံးတုံးကို ဝယ်ယူနိုင်ခဲ့ကာ စုစုပေါင်း အဓိကတုံးငါးတုံးရရှိသွားသည်။

       “ဒါတွေကို အခုသုံးစွဲလိုက်ရအောင်"
      ချင်နန် တာဝန်ခန်းမထဲမှ အခန်းတစ်ခန်းထဲတွင် ထိုင်လိုက်သည်။

      မြင့်မြတ်နေရာသို့ ဝင်ရောက်ပြီးနောက် တစ်လအကြာတွင်  အခြေအနေသည် ယခင်ကနှင့် မတူတော့ပါ။ ချင်းလုံမြင့်မြတ်နေရာမှ သံတမန်များနှင့် စောင့်ရှောက်သူများသည် သူနှင့် တွေ့ဆုံရန်အတွက် အတင်းလိုက်ကာ ကြိုးပမ်းခြင်းမရှိတော့ဘဲ သူ့ကို အေးအေးဆေးဆေး နေခွင့်ပေးခဲ့ကြသည်။

       ချင်နန် သူ၏ အတွေးများကို ငြိမ်သက်စေလိုက်ပြီး အဓိကတုံးငါးတုံးကို သုံးစွဲလိုက်သည်။
      အဓိကတုံးသည် ကောင်းကင်နှင့် မြေကြီးကြားထဲမှ သဘာဝစွမ်းအားပါဝင်သော မှော်ဆန်သည့် အရာတစ်ခုဖြစ်ပြီး ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိပေသည်။ သို့သော် ချင်နန်သည် ၎င်းကို သူ၏ ကျင့်ကြံမှုတိုးတက်ရန်အတွက် အသုံးမပြုနိုင်ခဲ့ပေ။ အကြောင်းမှာ နတ်ဘုရားသိုင်းဝိညာဉ်မှ ကြောက်မက်ဖွယ်ရာစုပ်အားတစ်ခု ထွက်ပေါ်လာပြီး  ချင်နန်သုံးစွဲလိုက်သည့် အဓိကတုံးအားလုံးကို ဝါးမျိုသွားသောကြောင့် ဖြစ်သည်။

      ဝီ...

      နတ်ဘုရားသိုင်းဝိညာဉ် တက်ကြွလာသကဲ့သို့ အနည်းငယ်တုန်ရီသွားသည်။

      “ဒီအဓိကတုံးတွေက တကယ်ကို သက်ရောက်မှုရှိတာပဲ"
      ချင်နန်၏ နှလုံးသားထဲ ပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းသွားသည်။

      “အခု ဒီအဓိကတုံးတွေက နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်ဖို့ အသုံးဝင်တယ်ဆိုတာ ငါသိသွားပြီ...ငါဒါတွေကို ရနိုင်ဖို့ နည်းလမ်းတစ်ခုခုရှာရမယ်"
      ချင်နန် အလျင်အမြန်ဆုံးဖြတ်ချက် ချလိုက်သည်။

      ကျန်းပိလန်နှင့် တိုက်ခိုက်စဉ်၌ နတ်ဘုရားသိုင်းဝိညာဉ်သည် မည်သည့်အထူးစွမ်းအင်မှ ပိုင်ဆိုင်ခြင်းမရှိသော်လည်း သူ၏ တည်ရှိမှုတစ်ခုတည်းကပင် အဆင့်နိမ့်သည့် သိုင်းဝိညာဉ်များကို ဖိနှိပ်ကာ သူတို့၏ စွမ်းရည်များကို ပျက်ပြားစေခဲ့သည်။ အကယ်၍ နတ်ဘုရားသိုင်းဝိညာဉ်သာ ‘ဒီ'အဆင့်သို့ တက်သွားပါက အောက်ပိုင်းခရိုင်မှ ဂျီးနီးယပ်များ သူတို့၏ သိုင်းဝိညာဉ်များဖြင့် သူ့ကို ဖိနှိပ်ရန် ကြိုးပမ်းခဲ့ပါက သူတို့သာ နောင်တရသွားလိမ့်မည်ဖြစ်သည်။
        လက်ရှိအချိန်၌ ၎င်းသည် ချင်နန့်အတွက် အလွန်အရေးပါပေသည်။ သူ၏ ရွှေရောင်နဂါးအစင်းကြောင်းခြောက်ခုနှင့် အခြေတည်စိတ်ဝိညာဉ်သည် အလွန်အစွမ်းထက်လှသော်လည်း သူ့ပြိုင်ဘက်များ၏ သိုင်းဝိညာဉ်များကို ဖိနှိပ်နိုင်ခြင်းမရှိပါ။

        “ဘာ ဂုဏ်အသရေရှာဖွေခြင်းတာဝန်ရှိလဲ တစ်ချက်ကြည့်ရအောင်"
       ချင်နန်သည် ချင်းလုံစာလိပ်ကို ထုတ်ယူလိုက်ပြီး တစ်ခဏကြည့်လိုက်သည်။ သို့သော် သူတတ်နိုင်သော မည်သည့်ဂုဏ်အသရေရှာဖွေခြင်းတာဝန်ကိုမှ မတွေ့ရှိသဖြင့် ချင်နန် စိတ်ပျက်သွားသည်။ ထို့ပြင် အခြားတာဝန်များသည်လည်း အချိန်တိုအတွင်း သူလိုချင်သလောက် ပမာဏအဓိကတုံးများ ရရှိနိုင်ခြင်းမရှိပေ။

       “ဟမ်"
      ချင်နန် တာဝန်တစ်ခုကို တွေ့လိုက်သဖြင့် မျက်လုံးအရောင်လက်သွားသည်။

     တာဝန်သည် အခြားတာဝန်များနှင့် ခြားနားပေသည်။ ၎င်းသည် အမြဲတမ်းဆောင်ရွက်နိုင်သည့် တာဝန်ဖြစ်သောကြောင့် မည်သည့်အခါမှ ဖျက်သိမ်းမည်မဟုတ်ပေ။ ထို့ကြောင့် အကန့်အသတ်မရှိ အချိန်ယူနိုင်ပေသည်။

      “ရွယ်အဆင့်အလင်းပြာဆေးလုံးကို သန့်စင်ရမယ်...နှင်းစန္ဒာဆေးလုံးကို သန့်စင်ရမယ်...တို့ကို သန့်စင်ပြီး တာဝန်ခန်းမမှာ အဓိကတုံးတွေနဲ့ လဲလှယ်နိုင်တယ်...အချိုးက တစ်အချိုးတစ်"
      အချက်အလက်ကို ဖတ်ရှုပြီးသည့်နောက် ချင်နန်၏ အသက်ရှူမှုများ ပြင်းထန်လာသည်။
      တစ်နည်းဆိုရပါက အကယ်၍  အလင်းပြာဆေးလုံးတစ်ထောင်ကို သန့်စင်နိုင်ပါက သူသည် ၎င်းတို့ကို အဓိကတုံးတစ်ထောင်နှင့် လဲလှယ်နိုင်လိမ့်မည်ဖြစ်သည်။ တစ်နေ့ကို အဓိကတုံးသုံးတုံးလဲလှယ်နိုင်သည်ဟူသည့် ကန့်သတ်ချက်လည်းမရှိပေ။

     “ဒါပေမဲ့ ဒီရွယ်အဆင့်ဆေးလုံးတွေက သန့်စင်ဖို့ မလွယ်ဘူး"
      ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် သူ၏ မျက်နှာ လေးနက်တည်ကြည်သွားသည်။

      အောက်ပိုင်းခရိုင်တွင် ဆေးပညာရှင်များကို အဓိကအဆင့်ကြီးသုံးဆင့် ခွဲခြားထားသည်။ ရှင်၊ ရွယ်နှင့် လီတို့ဖြစ်ကြသည်။ အဆင့်ကြီးတစ်ဆင့်စီတိုင်းကို အဆင့်ငယ်ဆယ်ဆင့်ထပ်ခွဲခြားထားသည်။ အောက်ပိုင်းခရိုင်တစ်ခုလုံးတွင် ဆေးပညာရှင်သုံးထောင်ရှိသည်ဆိုပါက လူဆယ်ဂဏန်းအနည်းငယ်လောက်ကသာ ရွယ်အဆင့်ဆေးပညာရှင်များ ဖြစ်ကြသည်။ ရွယ်အဆင့်ထက်ကျော်လွန်သည့် လီအဆင့်ဆေးပညာရှင် အရေအတွက်ဆိုပါက ဖော်ပြရန်ပင် မလိုပေ။
       နတ်ဆိုးအမြုတေအရှင်ပင် နှစ်ပေါင်းရာကျော်သုံးစွဲပြီး ဆေးပညာကို လိုက်စားခဲ့သည့်တိုင် ရွယ်အဆင့်တစ်ဆယ်ထိပင် ရောက်ရှိနိုင်ခဲ့သည်။

       “ဆေးပညာလမ်းကြောင်းရဲ့ တိုးတက်မှုက အရမ်းကိုနှေးကွေးတယ်...ဒါပေမဲ့ ငါ့မှာ နတ်ဆိုးအမြုတေအရှင်ရဲ့ မှတ်ဉာဏ်တွေရှိတာကြောင့် ငါ အရမ်းမြန်မြန်ဆန်ဆန် တိုးတက်နိုင်လိမ့်မယ်"
      ချင်နန်၏ မျက်နှာပြတ်သားတည်ကြည်သွားပြီး ချက်ချင်း ချင်းလုံစာလိပ်ကိုကြည့်ကာ ဆေးပညာအကြောင်းကို ရှာဖွေလိုက်သည်။

       ချင်းလုံမြင့်မြတ်နေရာတွင် ပထမတောင်ဖြစ်သည့် သွမ့်မုတောင်သည် လူတစ်ဦး၏ တာအိုနှလုံးသားကို ကျင့်ကြံရန် အာရုံထားပေသည်။ ဒုတိယတောင်၏ အမည်မှာ ချောင်းမူတောင်ဖြစ်ပြီး ဆေးဝါးသန့်စင်ခြင်းကို အာရုံထားပေသည်။ ချင်းလုံစာလိပ်၏ အချက်အလက်အရ ချောင်းမူတောင်၏ ခေါင်းဆောင်သည် သိုင်းအရှင်တစ်ယောက်ဖြစ်ရုံသာမက လီအဆင့်သုံးဆေးပညာရှင်လည်း ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက သူသည် မည်သည့်ဆေးအိုး၊ မည်သည့်ဆေးမီးနှင့် မည်သည့်ဆေးဖက်ဝင်အပင်ကိုမှ အသုံးမပြုဘဲ သဘာ၀ လေ၊မိုးနှင့် မိုးကြိုးတို့ကိုသာ အသုံးပြု၍ လီအဆင့်ဆေးလုံးကို သန့်စင်ခဲ့သည်ဟု ဆိုကြသည်။ ရလဒ်အနေဖြင့် သူ၏ အောင်မြင်မှုသည် အောက်ပိုင်းခရိုင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

       “ဆေးလုံးတစ်လုံးကို ဘာဆေးမီး၊ ဘာဆေးအိုး၊ ဘာဆေးဝါးကိုမှ အသုံးမပြုဘဲ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားကိုပဲ အသုံးပြုပြီး သန့်စင်ခဲ့တယ်...ဒီလို ထူးခြားပြောင်မြောက်တဲ့ စွမ်းရည်"
      ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

      ဖီလာဆေးပညာနှစ်ချုပ်စာအုပ်၏ အဆိုအရ ဆေးဝါးသန့်စင်ခြင်းသည် ဆေးဝါးပစ္စည်းများကိုသာမက ယင်၊ ယန် အစရှိသဖြင့် အရာအားလုံးကိုလည်း သန့်စင်၍ ရပေသည်။
      ၎င်းသည် ဆေးပညာ၌ ပြီးပြည့်စုံသည့် အဆင့်နီးပါးရောက်မှသာ ထိုသို့ပြုလုပ်နိုင်သည်။ သာမန်လီအဆင့်သုံးဆေးပညာရှင်များပင် ထိုသို့မစွမ်းဆောင်နိုင်ချေ။ ထို့ကြောင့် ထိပ်‌ပိုင်းခေါင်းဆောင်ချောင်းမူ မည်မျှအစွမ်းထက်သည်ကို အလွယ်တကူသိရှိနိုင်သည်။

      “ကောင်းပြီ...‌ချောင်းမူတောင်ကို သွားပြီး ဆေးလုံးတချို့သန့်စင်ဖို့အတွက် ဆေးဝါးပစ္စည်းနဲ့ ဆေးအိုးကို သွားဝယ်ရမဲ့ အချိန်ပဲ"
      ချင်နန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် နေရာမှ ထွက်လာလိုက်သည်။

     ချောင်းမူတောင်သည် သွမ့်မုတောင်နှင့် ခြားနားပေသည်။ တောင်၏ အမြင့်သည် သွမ့်မုတောင်၏ ထက်ဝက်ခန့်သာ ရှိသည်။ သို့သော် အဝေးမှ ကြည့်ပါက တောင်တစ်ခုလုံးအား ထူးဆန်းသော အလင်းရောင်နှင့် မြူမှုန်အလွှာများ ဖုံးလွှမ်းထားသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။ တောင်ထဲတွင် နဂါးသွေးကြောဆယ်ခုရှိပြီး အဆက်မပြတ် မိုးရွာသွန်းမှုကို ဆင့်ခေါ်ထားပြီး သွမ့်မုတောင်တစ်ခုလုံး မိုးရေများ စိုစွတ်နေကာ အံ့ဩဖွယ်ရာမြင်ကွင်းတစ်ခုဖြစ်သည်။

      “ဒီမှာ နဂါးသွေးကြောဆယ်ခုကျော်တောင် ရှိတယ်ပေါ့"
      ချင်နန် အံ့ဩတကြီးရေရွတ်လိုက်သည်။
   
      ယခင်စိတ်ဝိညာဉ်ဂိုဏ်းတွင် နဂါးသွေးကြောတစ်ခုကို ဂိုဏ်းတစ်ခုလုံး၏ အဖိုးတန်ရတနာအဖြစ် သတ်မှတ်ထားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤချောင်းမူတောင်၏ နဂါးသွေးကြောများကို အပင်များပျိုးထောင်ရန်အတွက် မိုးရွာသွန်းစေရန်အသုံးပြုပေသည်။
     အဆုံး၌ ချောင်းမူတောင်သည် ဆေးလုံးများ သန့်စင်ခြင်းသာမဟုတ်ဘဲ ဆေးပင်များ စိုက်‌ပျိုးခြင်း၊ ဆေးဖော်မြူလာများ ရှာဖွေခြင်းနှင့် ရောင်းဝယ်ရေးအစရှိသည်တို့ကိုလည်း ပြုလုပ်ပေသည်။ ချင်နန် ချောင်းမူတောင်ကို ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူအရောင်းအဝယ်ခန်းမသို့ တိုက်ရိုက်သွားလိုက်သည်။
      လမ်းတစ်လျှောက်တွင် မြေဆီလွှာနှင့် ‌ရေကန်များသည် သာမန်မဟုတ်ကြောင်းကို သူတွေ့ရှိခဲ့သည်။ ၎င်းတို့သည် ပေါကြွယ်ဝသော ချီစွမ်းအင်များနှင့် ပြည့်နှက်နေပြီး မှော်ဆန်သော အကျိုးသက်ရောက်မှုဖြစ်ပေါ်စေသည်။ ရှူခင်းသည် ရင်သပ်ရှုမောဖွယ်ရာကောင်းလှခြင်းမရှိသော်လည်း အလည်လာသူများကို သုခဘုံတစ်ခုကဲ့သို့ စိတ်အပန်းပြေစေသည်။
     ချင်နန် အရောင်းအဝယ်ခန်းမသို့ ရောက်ရှိလာသည်နှင့် လူများပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

      “လတ်ဆတ်တဲ့ မြေဆီလွှာတွေရောင်းမယ်...ဒီမြေဆီလွှာမှာ မီးဒြပ်စင်အော်ရာတွေ ပါဝင်တာကြောင့် မီးဒြပ်စင် ဆေးဝါးပင်တွေ စိုက်ပျိုးတဲ့ အခါကျရင် ‌အကောင်းဆုံးပဲ"

      “ဒီမှာ အခွင့်အရေးကောင်းတွေကို လက်မလွတ်မိသွားစေနဲ့...ဒီမှာ ကောင်းမွန်တဲ့ ဆေးတွေ အများကြီးတွေ့ရလိမ့်မယ်"

     “ကျုပ်မှာ ရတနာတစ်ခုရှိတယ်...ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က လီအဆင့်ဆေးပညာရှင်တစ်‌ယောက်ရဲ့ ဆေးအိုးပဲ"

      “.........."

      ချင်နန်သည် ကမ္ဘာသစ်တစ်ခုအား ရောက်ရှိသွားသကဲ့သို့ ဖြစ်ရပ်အားလုံးသည် သူ၏ အာရုံကိုဆွဲဆောင်နေသည်။

     သူသည် နတ်ဆိုးအမြုတေအရှင်၏ ဆေးပညာနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ရရှိခဲ့သော်လည်း ၎င်းသည် သူ၏ ပထမဆုံးအကြိမ် ဆေးကမ္ဘာနှင့် ဆက်သွယ်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးသော မြေဆီလွှာများနှင့် ဆေးဝါးပင်များသည် သူ၏ အာရုံကို ဆွဲဆောင်နေသည်။
      ဤကမ္ဘာကြီးသည် မျက်စိနှင့် မြင်တွေ့ရသည်ထက် အများကြီး ပိုကျယ်ပြန့်ပုံရပေသည်။

      “ဟင်...စီနီယာအစ်ကိုချင်နန်"
     ထိုအချိန်၌ အော်သံတစ်သံကို ကြားလိုက်ရသည်။ လီရှောင်းယုပင်ဖြစ်၏။

      “ဟမ်...မင်းက ဘာလို့ဒီမှာရှိနေတာလဲ"
     ချင်နန် အနည်းငယ်အံ့အားသင့်သွားသည်။

      “စီနီယာအစ်ကိုချင်နန်...ကျွန်မ နောက်ဆုံးတော့ အစ်ကို့ကို တွေ့ခွင့်ရပြီပဲ...လွန်ခဲ့တဲ့ တစ်လက ကျွန်မ အစ်ကို့ကို အရမ်းစိတ်ပူနေတာ"
      လီရှောင်းယု၏ မျက်လုံးများ နီရဲနေပြီး ချင်နန်၏ မေးခွန်းကို ပြန်မဖြေပေ။ သူမ၏ အမှားကြောင့် စီနီယာအစ်ကိုချင်နန် ကြီးမားသော အန္တရာယ်တွေ့ကြုံခဲ့ရသဖြင့် သူမ အပြစ်ရှိသည်ဟု ခံစားနေရသည်။ သို့သော်လည်း သူမ၏ အတွေးများကို အလျင်အမြန်စုစည်းလိုက်ပြီး ပြောလိုက်သည်။
      “စီနီယာအစ်ကိုချင်နန် ကျွန်မက တကယ်တော့ ချောင်းမူတောင်ရဲ့ တပည့်ပါ"

      “‌ဪ...ငါသိပြီ"
      ချင်နန် တစ်ချက်ပြုံးလိုက်သည်။

      ထိုအချိန်၌ ရုတ်တရက် မနှစ်မြို့စရာကောင်းသည့် အသံတစ်သံကို ကြားလိုက်ရသည်။
      “ဝိုး...လီရှောင်းယု...နင်က ဒီမှာ ယောကျာ်းတစ်ယောက်နဲ့ လာကလူနေတယ်ပေါ့...စီနီယာအစ်ကိုသာ ဒီအကြောင်းသိသွားရင် နင့်အတွက် ကောင်းမယ်လို့ ငါမထင်ဘူး"

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၃၇၉) ဆေးပညာစာမေးပွဲ

       မနှစ်မြို့ဖွယ်ရာအသံနှင့်အတူ လူတစ်ယောက် သူတို့ထံ ချဉ်းကပ်လာသည်။
      ချင်နန်၏ အကြည့်သည် သူ၏ အဝတ်အစားပေါ်သို့ ကျရောက်သွားသည်။ ရှည်လျားသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ရင်ဘတ်ပေါ်တွင် ရွှေရောင်သင်္ကေတနှစ်ခုထွင်းထားသည်။ တစ်နည်းဆိုရပါက ထိုလူသည် ရှင်အဆင့်တစ်ဆေးပညာရှင်ဖြစ်သည်။

      “စွန်းတုံ"
      လီချောင်းယု၏ မျက်နှာထား အနည်းငယ် မသာမယာဖြစ်သွားသည်။
      “ဒါက ငါ့ကိစ္စပါ...စီနီယာအစ်ကိုနဲ့ ဘယ်လိုသက်ဆိုင်လို့တုန်း"

      “အိုး..."
     စွန်းတုံ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

     “လီရှောင်းယု နင့်ကိုယ်နင် ဘာထင်နေတာလဲ...ဟတ်...စီနီယာအစ်ကို နင့်ကို စိတ်ဝင်စားတာပဲ နင်ဂုဏ်ယူသင့်နေပြီ...စီနီယာအစ်ကို အခုရှင်အဆင့်လေး‌ဆေးပညာရှင်စာမေးပွဲကို ဖြေဖို့ ပြင်နေပြီ...ပြီးတော့ သူက နင့်ကို အဲဒီနေရာကို လာဖို့ခေါ်ခိုင်းလိုက်တယ်...အဲလိုမဟုတ်လို့ စီနီယာအစ်ကိုဒေါသထွက်သွားရင် ပျော်စရာကောင်းမှာ မဟုတ်ဘူးနော်"
      စွန်းတုံစကားပြောနေရင်း ချင်နန်ကို တစ်ချက်ကြည့်လိုက်သည်။

      ဒီကောင့်ကို ငါရင်းနှီးနေသလိုပဲ...ဒါပေမဲ့ သူဘယ်သူလဲဆိုတာ ငါမမှတ်မိဘူး...
      သို့သော် သူ၎င်းကို အများကြီးတွေးမနေခဲ့ပေ။

      အဆုံး၌ ချောင်းမူတောင်မှ လူဘယ်လောက်များများသည် သူ့စီနီယာအစ်ကို၏ ပါရမီနှင့် ယှဉ်နိုင်ပါမည်နည်း။

      “ရှင်အဆင့်လေး"
      လီရှောင်းယု၏ မျက်နှာ တောင့်တင်းသွားသည်။
       ချောင်းမူတောင်တွင် ဆေးပညာရှင်အဆင့်သည် အရေးပါဆုံးဖြစ်သည်။ အဆင့်မြင့်သော ဆေးပညာရှင်သည် မြင့်မားသော ရာထူးအာဏာကို ပိုင်ဆိုင်ပေသည်။ စီနီယာအစ်ကိုသည် လီရှောင်းယုကို သဘောကျနေသော်လည်း သူမသည် ငြင်းဆန်ကာ ရှောင်ကွင်းနေခဲ့သည်။ သို့သော်လည်း သူမသည် ရှင်အဆင့်တစ်ဆေးပညာရှင်သာ ဖြစ်သည်။ အထူးသဖြင့် စီနီယာအစ်ကိုသည် ရှင်အ‌ဆင့်လေးသို့ ရောက်ရှိသွားပါက သူမကို သူ၏ ဆေးအစေခံအဖြစ် ရွေးချယ်လိမ့်မည်ဖြစ်သည်။
      ဤဆေးအစေခံများ၏ အလုပ်သည် သူတို့ဆရာ၏ ဆေးဝါးသန့်စင်ခြင်းလုပ်ငန်းကို ကူညီရခြင်းဖြစ်သော်လည်း အနိုင်ကျင့်ခံရခြင်းနှင့် ထူးမခြားနားပေ။
      အကယ်၍ သူတို့ အဓ္ဓမကျင့်ခံရပင်လျှင် ချောင်းမူတောင်သည် ပြင်းထန်သော အပြစ်ပေးမည်မဟုတ်ဘဲ ခပ်ပေါ့ပေါ့အပြစ်တစ်ခုသာ ပေးလိမ့်မည်ဖြစ်သည်။
      ချင်းလုံမြင့်မြတ်နေရာတွင် ဤကဲ့သို့ ရက်စက်မှုကို တွေ့ရှိရန်ခက်ခဲသော်လည်း မြင့်မြတ်နေရာကို တောင်တစ်ဆယ့်ခြောက်တောင်အဖြစ် ခွဲခြားထားပြီး တောင်တိုင်းတွင် သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းများရှိပေသည်။ ချောင်းမူတောင်၏ ထိပ်ပိုင်းခေါင်းဆောင်သည် သူ၏ တပည့်များအား ထူးချွန်လာစေရန်အတွက် တွန်းအားသည် ရက်စက်ခြင်းဟု မှတ်ယူထားသူ ဖြစ်သည်။
      လီရှောင်းယု၏ တုံ့ပြန်မှုကို တွေ့မြင်ပြီးနောက် စွန်းတုံ၏ မျက်နှာပေါ်မှ ဟက်ဟက်ပက်ပက် ရယ်မောခြင်းသည် ပို၍ထူထဲလာသည်။

      “ငါနဲ့ ချက်ချင်းလိုက်ခဲ့...နင်ကောင်းကောင်းပြုမူရင် စီနီယာအစ်ကိုက နင့်ကို ဆေးအစေခံအဖြစ် ချက်ချင်းရွေးချယ်ပြီး ကောင်းကောင်းဂရုစိုက်ဆက်ဆံမယ်လို့ ပြောလိုက်တယ်...အဲလိုမှမဟုတ်ရင် ဟီး..ဟီး....အကျိုးဆက်ကို နင်သိပါတယ်"
      ထိုသို့ပြောပြီးနောက် သူ၏ လက်ကို ဆန့်ထုတ်၍ လီရှောင်းယုကို ဆုပ်ကိုင်ရန် ကြိုးပမ်းလိုက်သည်။

      “နေစမ်းပါဦး"
     ထိုအချိန်၌ ရုတ်တရက် လက်တစ်ဖက်ထွက်ပေါ်လာပြီး စွန်းတုံ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

      “မင်းဘာဖြစ်ချင်တာလဲ"
     စွန်းတုံ၏ မျက်နှာ ဖြူဖျော့သွားသည်။ သူချက်ချင်းပင် ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သော်လည်း သူ၏ လက်အား တောင်ကြီးနှစ်လုံးနှင့် ဖိညှပ်ထားသလို ခံစားရကာ ပြန်ရုပ်လို့ မရသဖြင့် သူ၏ မျက်လုံးထဲ အံ့သြတုန်လှုပ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
      သူကိုယ်တိုင်သည် သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သဖြင့် သူ၏ ရှေ့မှ လူငယ်သည် သိုင်းဘိုးတစ်ယောက်ဖြစ်နိုင်ပေသည်။
    ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းဘိုးအေအဆင့်သို့ ရောက်နိုင်သောကြောင့် သူသည် သေချာပေါက် ဂျီးနီးယပ်တစ်ဦးဖြစ်ပေမည်။
  
      “စီနီယာအစ်ကို..."
     လီရှောင်းယု ပြောလိုက်သည်။ သူမသည် သူမ၏ ပြဿနာထဲကို ချင်နန်အား ဆွဲသွင်းလိုစိတ်မရှိပေ။
     အကယ်၍ စွန်းတုံနှင့် စီနီယာအစ်ကိုသည် သူမအပေါ် စည်းကျော်လာပါက သူမသည် ချောင်းမူတောင်မှ ထွက်ခွာပြီး ဆေးပညာကို မလိုက်စားတော့ဘဲ သိုင်းပညာလမ်းစဉ်ကိုသာ လျှောက်လှမ်းတော့မည်ဖြစ်သည်။

      ချင်နန်သည် သူမ စကားမပြောရန် သူ၏ လက်ကိုပိတ်ကာပြလိုက်ပြီး စွန်းတုံကို အေးဆေးတည်ငြိမ်သော အသံဖြင့် စကားပြောလိုက်သည်။
      “မင်းက စွန်းတုံနော်...မင်းက ဘယ်သူ့ဆီမှာ အလုပ်လုပ်တယ်ဆိုတာ ငါဂရုမစိုက်ဘူး....အခု မင်းရဲ့ စောက်ပါးစပ်ကို ပိတ်ပြီးတော့ လီရှောင်းယုက ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်လို့ မင်းရဲ့ စီနီယာအစ်ကိုကို ပြောလိုက်... သူဉာဏ်ရှိပြီး  သူ့ရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားမယ်လို့ ငါမျှော်လင့်တယ်"
       စကားပြောနေရင်း ချင်နန်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာသည်။

      ချင်နန်သည် မည်သည့်အခါကမျှ အနိုင်ကျင့်တတ်သည့် စွန်းတုံနှင့် စီနီယာအစ်ကိုကဲ့သို့သော သူများကို သနားကရုဏာမပြတတ်ပေ။

      “မင်း..."
      စွန်းတုံ ဒေါသထွက်သွားသည်။

      ဒီကောင်က ဘယ်သူမလို့ ချောင်းမူတောင်မှာ သတ်ဖြတ်ချင်စိတ်ထုတ်ဖော်ပြီး သူ့ကို ဒီလိုစကားမျိုးပြောရဲတာလဲ...

       “စီနီယာအစ်ကို..."
       လီချောင်းယု အလန့်တကြားဖြစ်သွားသည်။

       ချောင်းမူတောင်သည် အခြားတောင်များနှင့် ကွဲပြားခြားနားပေသည်။ ဤနေရာရှိ ပဋိပက္ခအားလုံးကို ဆေးပညာဖြင့်သာ ဖြေရှင်းပေသည်။ မည်သူမျှ သူတို့၏ သတ်ဖြတ်ချင်စိတ်ကို ထုတ်ဖော်ခွင့်မရှိပေ။ စည်းမျဉ်းများအား ဖောက်ဖျက်သူများကို စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အပြစ်ပေးလိမ့်မည်ဖြစ်သည်။

       မျှော်လင့်ထားသည့်အတိုင်း ရုတ်တရက် ထွက်ပေါ်လာသော သတ်ဖြတ်ချင်စိတ်သည် အရောင်းအဝယ်ခန်းမထဲတွင် ရှိသော လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။

      ဒီကောင်က ဘယ်သူလဲဟ...

      သူက ချောင်းမူတောင်ရဲ့ စည်းမျဉ်းတွေကို မသိဘူးလား....
  
      လူအုပ်ကြားထဲမှ တပည့်တစ်ယောက်သည် တစ်ခဏဆိုင်းငံ့နေပြီးနောက် ရုတ်တရက် အလန့်တကြားဖြင့် ထအော်လိုက်သည်။
      “ချင်နန်...အဲဒါ ချင်နန်ပဲ"

       “သောက်ခွေး"

       “ချင်နန်...တကယ်သူပေါ့"

      “ဟား...ဟား...ဘယ်သူက ဒီလိုလုပ်ရဲလဲဆိုတာ ငါစဉ်းနေတာ...လက်စသတ်တော့ အဲဒါက ချင်နန်ဖြစ်နေတာကိုး"

      “သူက ဒီမှာ ဘာလုပ်နေတာလဲ...သူက ဒီကို ဆေးလုံးတောင်းဖို့ ရောက်လာတာလား"

       “.........."
   
      အရောင်းအဝယ်ခန်းမတစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး တပည့်များကြားထဲတွင် စကားသံများဖြင့် ပွက်ပွက်ထသွားသည်။

      စွန်းတုံပင် ကြက်သေ သေသွားသည်။

      ချင်နန်....

     ဒီကောင်က ချင်နန်လား...

      သူရင်းနှီးနေတယ်လို့ ခံစားနေရတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ...

       စွန်းတုံ၏ မျက်နှာ ဖြူဖျော့သွားသည်။ အကယ်၍ အခြားဂျီးနီးယပ်များဆိုပါက သူသည် ချောင်းမူတောင်၏ တပည့်တစ်ယောက်ဖြစ်သောကြောင့် တည်ငြိမ်စွာ နေနိုင်ပေသေးသည်။ သို့သော်လည်း ချင်နန်သည် သူ့အား ပိုင်ဆိုင်နိုင်ရန်အတွက် မြင့်မြတ်နေရာနှစ်ခုပင် တစ်ဖက်နှင့် တစ်ဖက် စစ်ကြေငြာရသည့် လူတစ်ယောက်ဖြစ်သည်။ ထိုအထဲတွင် သူတို့ ချောင်းမူတောင်၏ ထိပ်ပိုင်းခေါင်းဆောင်ပင် ပါဝင်ပေသည်။
      ရှင်အဆင့်နှစ်တပည့်တစ်ယောက်သည် ချင်နန်နှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။

     အကယ်၍ ချင်နန်သည် ယခု သူ့အား မသန်မစွမ်းဖြစ်အောင် လုပ်လိုက်လျှင်ပင် မည်သူမျှ သူ့ကိုလက်စားချေရဲလိမ့်မည် မဟုတ်ပေ။

       “စီ...စီနီယာအစ်ကိုချင်နန်..."
       စွန်းတုံ၏ နဖူးထက်မှ ချွေးစီးများ ကျဆင်းလာပြီး ထစ်ငေါ့စွာဖြင့် စကားပြောလိုက်သည်။

       “ငါက မင်းရဲ့ စီနီယာအစ်ကိုမဟုတ်ဘူး...ငါပြောတာကို ပြန်ပြောလိုက်...မင်း အခုထွက်သွားတော့"
       ချင်နန် သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

      “ဒါ...."
      ထိုအချိန်၌ စွန်းတုံ ကျဉ်းထဲကျပ်ထဲရောက်နေသည်။

       သူ၏ စီနီယာအစ်ကိုသည် လီရှောင်းယုကို သူ့ထံ မခေါ်လာနိုင်ပါက သူ့ကို အပြစ်ပေးမည်ဟု သတိပေးထားသည်။ ထို့ကြောင့် သူလီရှောင်းယုကို မရမက ခြိမ်းခြောက်နေခြင်းဖြစ်သည်။

      “ဒီလိုလား"
      ချင်နန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ သူ၏ ဘယ်ဘက်မျက်လုံးသည် ခရမ်းရောင်တောက်လာသည်။

      ထိုမြင်ကွင်းအားကြည့်ကာ အရောင်းအဝယ်ခန်းမထဲမှ လူအုပ်ကြီး စိတ်လှုပ်ရှားလာကြသည်။ မျှော်လင့်ထားသည့်အတိုင်း ချင်နန်သည် အလွန်ဒေါသထွက်လွယ်ပေသည်။ သူတိုက်ခိုက်တော့မည်ပုံရသည်။

      “အား.."
      စွန်းတုံ၏ မျက်နှာ ရှုံ့မဲ့သွားပြီး ကြောက်ရွံ့သွားသည်။

      “ကျွန်တော် ထွက်သွားပါ့မယ်"
      သူ့ စီနီယာအစ်ကို၏ အပြစ်သည် ပြင်းထန်သော်လည်း သူ့အား လူအုပ်ကြီးရှေ့တွင် ချင်နန် ရိုက်နှက်မည်ကို သူ ပို၍ကြောက်ပေသည်။ သို့သော်လည်း စွန်းတုံ လှည့်မထွက်သွားမီတွင် ရုတ်တရက် အသံဩဩတစ်ခုကို ကြားလိုက်ရသည်။

      “ဘာဖြစ်နေတာလဲ...ဂျူနီယာညီငယ်ချင်နန်...မင်းက ငါတို့ ချောင်းမူတောင်ကို ဘယ်တုန်းက ရောက်လာတာလဲ"
      အဆက်မပြတ် ခြေသံများနှင့်အတူ သက်လတ်ပိုင်းလူတစ်ယောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ သူ့ အဖြူရောင်ဝတ်ရုံတွင် ရွှေရောင်သင်္ကေတသုံးခုရှိနေပြီး လူအုပ်ကြီး၏ အာရုံကို ဖမ်းစားထားသည်။

      “စီ...စီနီယာအစ်ကို..."
      စွန်းတုံ၏ မျက်နှာပို၍ပင် ဖြူဖျော့သွားသည်။

      စီနီယာအစ်ကိုတောင် ဒီကိုကိုယ်တိုင်ရောက်လာပြီ...ငါ့ဘဝတော့ ခွေးဖြစ်ပြီပေါ့...

      သက်လတ်ပိုင်းလူသည် စွန်းတုံကို တစ်ချက်ပင် မကြည့်ပေ။ သူသည် လီရှောင်းယုကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီးနောက် ချင်နန့်ကို အာရုံစိုက်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ မှောင်မိုက်သည့် အကြည့်များ ပြည့်နှက်နေသည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၃၈၀) စည်းကမ်းထိန်းသိမ်းရေးအဖွဲ့

       “ဟမ်...ဒါက စီနီယာအစ်ကိုကျန့်ခွမ်မလား"

       “သူက ဘာလို့ဒီကိုလာတာလဲ"

       “........."

       အရောင်းအဝယ်ခန်းမထဲမှ လူများ ရှုပ်ထွေးသွားကြသည်။

       ကျန့်ခွမ်သည် ချောင်းမူတောင်တစ်ခုလုံး၌ လူသိများပေသည်။
       ဆေးပညာရှင်များကို ရှင်၊ ရွယ်နှင့် လီဟူ၍ ခွဲခြားထားပြီး ချောင်းမူတောင်၏ တပည့်အများစုသည် ရှင်အဆင့်ဆေးပညာရှင်များဖြစ်ကြသည်။ နောက်ထပ်အနေဖြင့် တပည့်များကို အဆင့်တစ်မှ အဆင့်သုံး၊ အဆင့်လေးမှ အဆင့်ခြောက်၊ အဆင့်ခုနှစ်မှ အဆင့်ကိုးနှင့် အဆင့်တစ်ဆယ်ဟူ၍ ထပ်ပြီးအဖွဲ့လိုက် ခွဲခြားထားသည်။
        အရောင်းအဝယ်ခန်းမထဲမှ တပည့်အများစုသည် ရှင်အဆင့်သုံး သို့မဟုတ် ထို့ထက်နိမ့်သည့် ဆေးပညာရှင်များသာ ဖြစ်ကြသည်။ အခြားတစ်ဖက်တွင် ကျန့်ခွမ်သည် ယခုအချိန်၌ ရှင်အဆင့်လေးသို့ တက်ရောက်ရန်အတွက် စာမေးပွဲဖြေရန်အရည်အချင်းပြည့်မီနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ရောက်ရှိလာမှုသည် လူအုပ်ကြားထဲ၌ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

    ထိုအချိန်၌ စွန်းတုံ၏ နှလုံးသားထဲတွင် ခါးသက်ခြင်းများနှင့် ပြည့်နှက်နေသည်။
       စီနီယာအစ်ကိုကျန့်ခွမ်သည် သူ့အား တစ်ချက်ပင် မကြည့်သည်ကို သိရှိပြီးနောက် သူ မပျော်ရွှင်တော့ပေ။ သူသေချာပေါက် အပြစ်ပေးခံရတော့မည်ဖြစ်သည်။

       “စီနီယာအစ်ကိုကျန့်ခွမ်"
      အစက လီရှောင်းယု၏ မျက်နှာပေါ်မှ သိမ်မွေ့သော မျက်နှာထားသည် ခိုင်မာပြတ်သားသည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။ သူမ အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
       “စီနီယာအစ်ကိုချင်နန်က ဒီမှာဖြစ်ပျက်ခဲ့တာတွေနဲ့ ဘာမှမဆိုင်ပါဘူး"

        “ဘာမှမဆိုင်ဘူး"
      ကျန့်ခွမ်၏ မျက်နှာထက်တွင် ဆိုးယုတ်သည့် အပြုံးတစ်ခုထွက်ပေါ်လာပြီး အေးဆေးတည်ငြိမ်သည့် အသံဖြင့် ပြောလိုက်သည်။
      “သူနဲ့က တကယ်ကို ဘာမှမဆိုင်ပါဘူး...လီရှောင်းယု မင်းရဲ့ စီနီယာအစ်ကိုက ရှင်အဆင့်လေးဆေးပညာရှင်ဖြစ်တော့မယ်...လာပြီး ငါ့ရဲ့ ဆေးအစေခံအဖြစ်လုပ်ပါ...ငါ့ရဲ့ ရည်ရွယ်ချက်ကို နားလည်မှုမလွဲပါနဲ့...မင်း အတွေ့အကြုံပိုရအောင် ငါကူညီချင်ရုံပါပဲ"

       ထိုစကားများကြားပြီးနောက် လူအုပ်ကြီး ချက်ချင်းနားလည်သွားကြသည်။

       “ဒီတော့ ကျန့်ခွမ်ထွက်လာတာ လီရှောင်းယုကြောင့်ပေါ့"

       “လီရှောင်းယုက အရမ်းအားနည်းတယ်...သူ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့က အရမ်းခက်ခဲလိမ့်မယ်"

       “ဟား...ဟား..."
   
       “..........."

       ဆွေးနွေးသံများကြားပြီးနောက် ချင်နန် ချက်ချင်းနားလည်သွားသည်။ သူသည် ချောင်းမူတောင်၏ စည်းမျဉ်းများကို သိရှိခြင်းမရှိသော်လည်း ဆေးအစေခံ၏ အခန်းကဏ္ဍသည် ဆရာနှင့် အစေခံကြားထဲမှ ဆက်ဆံရေးနှင့် ကွဲပြားခြားနားပုံရသည်။

       “ကျွန်မ သဘောမတူဘူး"
      လီရှောင်းယုသည် အားနည်းသော်လည်း သူမ အရူးတစ်ယောက်မဟုတ်ပေ။
       “စီနီယာအစ်ကိုကျန့်ခွမ် ရှင်စာမေးပွဲကို လွတ်လွတ်လပ်လပ်ဖြေဆိုပါ...ကျွန်မဒီနေ့ ချောင်းမူတောင်ကနေ ထွက်သွားပြီးတော့ ချောင်းမူတောင်ရဲ့ တပည့်အဖြစ်ကနေ နှုတ်ထွက်တော့မယ်"

      ကျန့်ခွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝမ်းနည်းပူဆွေးဟန်လုပ်၍ ပြောလိုက်သည်။
      “ရှောင်းယု...မင်းငါ့ကို နားလည်မှုလွဲနေပြီပဲ...စီနီယာအစ်ကိုကမင်းကို ဘယ်တော့မှ စိတ်ဆင်းရဲအောင် မလုပ်ပါဘူး...မင်းအရင်တုန်းက မပြောခဲ့ဘူးလား...မင်းရဲ့ အိပ်မက်က ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ဆို...အခု မင်းရဲ့ အိပ်မက်ကို တကယ်စွန့်လွှတ်လိုက်တော့မှာလား"

      ပတ်ဝန်းကျင်မှ တပည့်များ ဆွံ့အသွားကြသည်။

       ဤကျန့်ခွမ်သည် အမှန်တကယ်ကို ကြောင်သူတော် တစ်ယောက်ဖြစ်သည်။

       မင်းကို ဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်ဘူး...

      သရဲ တစ္ဆေများသာ ထိုစကားကို ယုံပေလိမ့်မည်။

     ထိုစကားများကြားသည့်အခါ လီရှောင်းယု မိုးကြိုးပစ်ခံလိုက်သကဲ့သို့ သူမ၏ မျက်နှာဖြူဖျော့သွားသည်။

      ငါ့အိပ်မက်...

      သူမ၏ အဖေသည် ငယ်ငယ်တုန်းက ကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူသည် ထိုအချိန်က နာမကျန်းဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူမ၏ မိခင်သည် တဖြည်းဖြည်းသေဆုံးသွားခြင်းကို သူမ၏ မျက်စိရှေ့မြင်တွေ့ခဲ့ရသော်လည်း သူမ မည်သို့မျှ ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ပေ။ ထိုအချိန်မှစ၍ သူမသည် အနာဂတ်၌ ကျွမ်းကျင်သောဆေးပညာရှင်တစ်ယောက် ဖြစ်လာကာ ဆေးဝါးများဖော်စပ်၍ လိုအပ်သောသူများကို ကူညီပေးမည်ဟု မိမိကိုယ်ကို ကတိပေးခဲ့သည်။

       လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း သူမ လိုက်စားခဲ့တဲ့ အိပ်မက်ကို သူမ တကယ်စွန့်လွှတ်ရမှာလား...

      တကယ်လို့ သူမ လက်မလျှော့ဘူးဆိုရင်...

      ရုတ်တရက် သူမ၏ ပုခုံးပေါ် လက်ကြီးတစ်ဖက်ကျဆင်းလာသလို ခံစားလိုက်ရသည်။

       ထိုအချိန်၌ ချင်နန် ရယ်မောကာပြောလိုက်သည်။
      “ကျန့်ခွမ်နော်...မင်းက တကယ်ကို ကြောင်သူတော်ကြီးပဲ...မင်း လီ‌ရှောင်းယုကို စိတ်ဝင်စားတယ်ဆို ဗြောင်ပြောလေ...ဘာကြောင့် အကြောင်းပြချက်တွေ ရှာဖွေဖို့ကြိုးစားနေတာလဲ...လီရှောင်းယုက ငါ့ရဲ့ ဂျူနီယာညီမဆိုတာ မင်းကို သတိပေးမယ်...ဒါကြောင့် ဒီနေ့ကစပြီး မင်းဉာဏ်ရှိရှိပြုမူတာ အကောင်းဆုံးပဲ...မဟုတ်လို့ မင်းကို ငါဒေါသထွက်သွားခဲ့ရင် မင်းငါ့ကို အပြစ်မတင်နဲ့"

       စကားလုံးများသည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အေးစက်သည့် အရိပ်အငွေ့များ ပါဝင်နေသည်။

        ထိုစကားများကြားပြီးနောက် တပည့်များ၏ မျက်လုံးများ အရောင်လက်သွားသည်။

        ဒီလိုပေါ့...ချင်နန်က လီရှောင်းယုကို ကာကွယ်ဖို့ ဒီနေရာမှာ ရှိနေတာပေါ့...

       ချင်နန်က အခုကျန့်ခွမ်ကို တိုက်ခိုက်မယ်လို့ ဆိုလိုတာလား...

       ကျန့်ခွမ်၏ မျက်လုံးများ အနည်းငယ်မှေးစင်းသွားသည်။
       ချင်နန် ဤနေရာသို့ ရောက်လာခြင်းမှာ လီရှောင်းယုကို ကာကွယ်ပေးရန်ဖြစ်သည်ကို သူရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့ အလွယ်တကူ သူလက်လျှော့လိုခြင်း မရှိပေ။ သူသည် လီရှောင်းယုကို လိုက်ရန်အတွက် အချိန်တစ်နှစ်ပေးခဲ့သည်။ သို့သော် သူမသည် သူ၏ ဆေးအစေခံဖြစ်ရန် ငြင်းနေဆဲဖြစ်သည်။ ထို့ကြောင့် သူဒေါသထွက်သွားပြီး ဆေးပညာလေ့လာခြင်းကို နစ်မြှုပ်ကာ ရှင်အဆင့်လေးသို့ တက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့မှသာ သူမကို သူ၏ ဆေးအစေခံအဖြစ် ရွေးချယ်၍  ပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည်။

       ကျန့်ခွမ်သည် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် စိတ်ချုပ်တည်းလိုက်ပြီး သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်။
       “ဂျူနီယာညီငယ်ချင်နန်...မင်းနားလည်မှုလွဲနေတယ်လို့ ငါထင်တယ်...လီရှောင်းယုနဲ့ပတ်သက်ပြီး ငါ့မှာ တကယ်မကောင်းတဲ့ စိတ်မရှိပါဘူး...ငါက သူ့ကို ကူညီဖို့ ကြိုးစားနေတာပါပဲ...ငါက ချောင်းမူတောင်ရဲ့ စည်းမျဉ်းတွေကို လိုက်နာတာပါ...ဒါ့အပြင် ငါမမှားရင် ဂျူနီယာညီငယ်ချင်နန်.မင်းက သွမ့်မုတောင်ကမလား"

        မေးခွန်းသည် ချင်နန်ကို သတိပေးရန်ဖြစ်ကြောင်းကို သံသယရှိစရာမလိုပေ။

       မင်းက သွမ့်မုတောင်ကဆိုတာ မမေ့နဲ့...မင်းက မြင့်မြတ်နေရာနှစ်ခုကတောင် တိုက်ခိုက်ရတဲ့ ပြိုင်ဘက်ကင်းဂျီးနီးယပ်တစ်ယောက်ဆိုပေမဲ့ မင်းက အခုချောင်းမူတောင်မှာပဲ....ဒါကြောင့်မင်းက ချောင်းမူတောင်ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်....

       “ငါက တကယ်ကို သွမ့်မုတောင်ကပါ...ဒါပေမဲ့ ငါသဘောမကျတဲ့ လူတွေကို အမြဲတမ်းဒီလိုစကားပဲ ပြောတယ်"
      ချင်နန်၏ အသံသည် အဆုံး၌ သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်သွားသည်။
       “သေစမ်း"
       သူ၏ စကားဆုံးသည်နှင့် ချင်နန်သည် ပေါက်ကွဲနေသည့်မီးတောင်တစ်ခုအလား လက်သီးနှင့် ထိုးသွင်းချလိုက်သည်။

      ဤကျန့်ခွမ်သည် သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သော်လည်း ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်အား ရှေးဟောင်းအင်အားတစ်ခု ဝါးမျိုလာသလို ခံစားလိုက်ရသည်။ သူ၏ နှလုံးသားထဲ၌ ချက်ချင်းအကြောက်တရားများဖြင့် ပြည့်နှက်သွားပြီး သူ၏ မျက်နှာဖြူဖျော့သွားသည်။

        ပတ်ဝန်းကျင်မှ တပည့်များမှာလည်း ကြက်သေသေသွားကြသည်။

      အရူး...

      ချင်နန်က အရူးပဲ...

      ဒီလိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု....သူက ကျန့်ခွမ်ကို မသန်မစွမ်းဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတာလား...

       “ရပ်လိုက်စမ်း"
       ရုတ်တရက် ဒေါသထွက်စွာ အော်သံတစ်သံကို ကြားလိုက်ရသည်။ ပုံရိပ်သည် သူတို့၏ ရှေ့သို့ အလွန်လျင်မြန်စွာဖြင့် ရောက်ရှိလာပြီး ဓားစွမ်းအင်များ ထုတ်ဖော်၍ ချင်နန်၏ လက်သီးကို ချေဖျက်လိုက်သည်။

       ဘန်း....

      ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကြားလိုက်ရပြီး ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခိုက်သွားသည်။

       ချင်နန် လေထဲကို ကြည့်လိုက်ရာတွင် ဓားကိုင်ထားသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ ဓားစွမ်းအင်များသည် အလွန်ပြင်းထန် အစွမ်းထက်လှသည်။

       အဖြူရောင်ဝတ်စုံနှင့် လူငယ်အား တွေ့ရှိသွားသည့်အခါ ချင်နန် အလွန်အံ့အားသင့်သွားသည်။ လန်ကျင့်ရှုံ ဖြစ်သောကြောင့် ဖြစ်သည်။

       “ဂျူနီယာညီငယ်လန်...မြန်မြန်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ခေါ်လိုက်တော့ ချင်နန်က ငါ့ကို သတ်ဖို့ ကြိုးစားနေတယ်"
       ကျန့်ခွမ်သည် သူ၏ ရောက်ရှိလာမှုအားကြည့်ကာ ချက်ချင်းအော်ပြောလိုက်သည်။

      တပည့်များ အံ့ဩတုန်လှုပ်သွားကြသည်။

      အကယ်၍ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဆင့်ခေါ်လိုက်ပါက အဖြစ်အပျက်သည် မည်ကဲ့သို့ အဆုံးသတ်သွားပါမည်နည်း။

       ချောင်းမူတောင်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် အမြဲတမ်း တရားမျှတမှုရှိပေသည်။ တစ်ခါက အလွန်ထူးချွန်သော ဂျီးနီးယပ်တစ်ယောက်သည် ချောင်းမူတောင်မှ ဆေးလုံးတချို့ကို တောင်းယူခဲ့သည်။ သို့သော်လည်း သူလိုချင်သလောက် မရရှိသွားသဖြင့် ဒေါသထွက်သွားသည်။ အဆုံး၌ သူသည် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ရိုက်နှက်ခြင်းကို ခံခဲ့ရကာ သူ၏ ခြေလက်များကျိုးသွားပြီး ကန်ထုတ်ခံလိုက်ရသည်။
      ထို့နောက် ထိုထူးချွန်သော ဂျီးနီးယပ်၏ ဆရာသည် သူ့တပည့်အတွက် ‌လက်စားချေလိုစိတ်မရှိဘဲ တပည့်၏ လုပ်ရပ်ကိုပင် တောင်းပန်ခဲ့ပေသေးသည်။ အဓိကအကြောင်းအရင်းမှာ စည်းကမ်းဖောက်ဖျက်သူသည် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်လျှင်ပင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ထိုသူအား ချက်ချင်းသတ်ပိုင်ခွင့်ရှိသည်ဟု စည်းမျဉ်းချမှတ်ခဲ့သောကြောင့် ဖြစ်သည်။

       စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် တရားမျှတစွာ လုပ်ဆောင်ခြင်းမရှိပါက ၎င်းတည်ရှိမှု၏ ဆိုလိုရင်းကား အဘယ်နည်း။

       “စီနီယာအစ်ကို..."
      လီရှောင်းယု စိုးရိမ်ထိတ်လန့်သွားသည်။ ယခင်ကတည်းက သူမသည် စီနီယာအစ်ကိုချင်နန်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။
      စီနီယာအစ်ကိုချင်နန်ကို ငါ့ရဲ့ ပြဿနာတွေထဲ ထပ်ဆွဲသွင်းမိပြန်ပြီ...

      သို့သော်လည်း သူမ၏ စကားမဆုံးမီမှာပင် လန်ကျင့်ရှုံထူးဆန်းစွာ ပြုံး၍ ပြောလိုက်သည်။
      “စီနီယာအစ်ကိုချင်နန် မတွေ့ရတာ အတော်ကြာသွားပြီပဲ"

      အကယ်၍ ၎င်းသည် အခြားသူတစ်ဦးဖြစ်ပါက သူသည် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကျွမ်းကျင်သူများကို ချက်ချင်းခေါ်ယူလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ကျန်းဟွမ်မြို့တော်တွင် ချင်နန်၏ စွမ်းရည်များကို တွေ့ရှိပြီးနောက် ချင်နန်၏ ပါရမီကို သူအလွန်လေးစားသွားခဲ့သည်။

      ထိုစကားများကြားသည့်အခါ ကျန့်ခွမ်ကြက်သေ သေသွားသည်။ တပည့်များမှာလည်း ကြက်သေ သေသွားသည်။

       လန်ကျင့်ရှုံနဲ့ ချင်နန်နဲ့က သိတယ်ပေါ့...

       သူ၏ လေသံအရ သူသည် ချင်နန်ကို အန္တရာယ်ပြုမည့်ပုံမရပေ။

       အထူးသဖြင့် ကျန့်ခွမ်၏ မျက်နှာသည် အလွန်ရှုံ့မဲ့နေလျက်ရှိသည်။

       စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တရားမျှတတယ်ဆိုတာ ဒါလား ...

      “ဒါတကယ်ကို အချိန်အတော်ကြာသွားပြီ"
      ချင်နန်သည် မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ရသည့်အခါ  စိတ်ကျေနပ်သွားပြီး လန်ကျင့်ရှုံကို စစ်ဆေး၍ ပြောလိုက်သည်။
      “ကြည့်ရတာ ချင်းလုံမြင့်မြတ်နေရာကို ဝင်ပြီးတဲ့နောက်မှာ မင်းကံကောင်းမှုတချို့ ကြုံတွေ့ခဲ့ရတဲ့ ပုံပဲ....မင်းရဲ့ ကျင့်ကြံမှုက ဒီလိုအချိန်တိုလေးအတွင်းမှာ သိုင်းဘိုးအေအဆင့်ကိုတောင်ရောက်နေပြီ"

       လန်ကျင့်ရှုံ လည်ချောင်းဝ၌ တံတွေးနင်သွားသည်။ အကယ်၍ သူ၏ ပါရမီကို အခြားသူတစ်ဦးက ချီးမွမ်းလျှင် ချီးမွမ်းမှုကို သူလက်ခံလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ခုနက ချင်နန်၏ စွမ်းအားကို မြည်းစမ်းပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်း ကြောက်မက်ဖွယ်ရာအင်အားတစ်ခု ဖုံးကွယ်ထားကြောင်း သူရှိပေသည်။ ထိုအင်အားသာ ထုတ်လွှတ်လာပါက သူ၏ သိုင်းဘိုးအေအဆင့်တစ်ကျင့်ကြံမှုပင် ဘာမှတတ်နိုင်လိမ့်မည်မဟုတ်ပေ။

        “စီနီယာအစ်ကိုချင်နန်...ဒီမှာ ဘာတွေဖြစ်နေတာလဲ"
       လန်ကျင့်ရှုံ‌ မေးလိုက်သည်။

       “ဂျူနီယာညီငယ်လန်"
      ကျန့်ခွမ်သည် အခွင့်အရေးကို ဆုပ်ကိုင်၍ ဒေါသထွက်သော အသံဖြင့် ပြောလိုက်သည်။
      “ချင်နန်က သူ့ရဲ့ အဆင့်အတန်းကို အသုံးချပြီး ငါ့ကို သတ်ဖို့ကြိုးစားနေတယ်...မင်းက ဘာလို့ သူ့ကို အပြစ်မပေးသေးတာလဲ...မင်းသူ့နဲ့ သိတာနဲ့ ကာကွယ်ပေးဖို့ ကြိုးစားနေတာလား"


Continue Reading

You'll Also Like

51.3K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
548K 75.9K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...
209K 14K 55
Jeon Jungkook x Kim Taehyung
49.1K 4.6K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...