အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၃၇၁ - ၃၇၅

479 51 0
By Azure5549


အပိုင်း (၃၇၁)နတ်ဆိုးအမြုတေအရှင်၏ မကောင်းသော အကြံအစည်

       ထည်ဝါသော အဘိုးအို၏ ဖိနှိပ်မှုကြောင့် လူအုပ်ကြီး ထိတ်လန့်ချောက်ချားနေကြသည်။ သို့သော်လည်း လူတစ်ယောက်သည် ထိုအစွမ်းထက်သော သိုင်းအရှင်အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

      သူက ဘယ်လိုရဲရင့်တာလဲ...

      သူက ဘယ်လောက်ရူးသွပ်လိုက်လဲ...

      “စော်ကားလိုက်တာ"
     ထည်ဝါသည့် အဘိုးအို ဒေါသထွက်သွားသည်။

      ပုရွက်ဆိတ်လေးတစ်ကောင်က သူ့ကို မဆင်မခြင်ပြန်တိုက်ခိုက်ရဲတယ်ပေါ့...

      သူချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ကြီးမားသော လက်ကြီးတစ်ခုဖန်တီးလိုက်ကာ အထက်မှ အောက်သို့ဖိချလိုက်သည်။

      ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်၏ စွမ်းအားမှာ မယုံနိုင်လောက်အောင်ဖြစ်သော်လည်း တိုက်ခိုက်မှုနှစ်ခုအကြား ခြားနားချက်သည် ပိုးစုန်းကြူးနှင့် ကြယ်တစ်ပွင့်ပမာပင်ဖြစ်သည်။ ကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသည်။

      “ငါ့ရဲ့ ဆက်ခံသူကို အန္တရာယ်ပေးရဲတယ်ပေါ့...ဘယ်လိုလုပ်ရဲတာလဲ"
      ရုတ်တရက် သိုင်းအရှင်အဆင့်‌အော်ရာနှင့်အတူ ဒေါသထွက်စွာ အော်လိုက်သော အသံတစ်သံကိုကြားလိုက်ရသည်။

      ထိုအချိန်၌ ထည်ဝါသောအဘိုးအိုမှာ အလွန်အံ့အားသင့်သွားသည်။
       ချင်နန်ပင် ကြောင်တောင်တောင်ဖြစ်သွားသည်။

      ထည်ဝါသော အဘိုးအိုသည် ဤအချိန်၌ သိုင်းအရှင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

       ချင်နန်၏ မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ၎င်းသည် အင်ပါယာအမြစ်ဖြတ်သူ ထောင်ချင်းစန့်၏ အသံမဟုတ်ပေ။ ဤကဲ့သို့ဆိုပါက ထိုသိုင်းအရှင်အဆင့်ကျင့်ကြံသူက မည်သူနည်း။

      ကျွန်းတစ်ခုလုံးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သွေးရောင်အလင်းများ ထွက်ပေါ်လာကာ ရုပ်ထုသုံးခုပေါ်သို့ ကျရောက်သွားသည်။
       ထို့နောက် ရုပ်ထုသုံးခုသည် အလင်းရောင်များ တောက်လာပြီး ကြီးမားသော ရုပ်ထုကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
      ရုပ်ထုသည် ကိုးကျန်မြင့်မားပြီး မျက်လုံးများမှာ အသက်ပါဖြတ်လတ်နေလျက်‌ရှိသည်။ ထို့နောက် ကျောက်ရုပ်ထုကြီးသည် သူ၏ လက်ကိုမြှောက်ကာ ဘေးလက်သို့ ဝှေ့ယမ်းလိုက်သည့်အခါ လေထဲ၌ အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ထည်ဝါသော အဘိုးအို၏ တိုက်ခိုက်မှုကို ဝါးမျိုသွားသည်။

     “နတ်ဆိုးအမြုတေအရှင်"
      ထည်ဝါသော အဘိုးအို တအံ့တဩဖြစ်နေသည်။

     ချင်နန်၏ နှလုံးသည်လည်း တစ်ချက် သိမ့်ခနဲဖြစ်သွားသည်။

      လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က မြင့်မြတ်နေရာနှစ်ခုထံမှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့သော နတ်ဆိုးအမြုတေအရှင်သည် ဤအချိန်၌ နိုးထလာမည်ဟု မည်သူမျှော်လင့်ထားခဲ့ပါမည်နည်း။
     သို့သော်လည်း ရလဒ်အနေဖြင့် ချင်နန်၏ ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်သည် တားဆီးပိတ်ဆို့မခံရတော့ဘဲ ကျန်းပိလန်ရှိရာသို့ တိုးဝင်သွားသည်။

      “ကယ်..."
      ကျန်းပိလန် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

      ဘာကြောင့် ဒီလိုဖြစ်ရတာလဲ...

      ဘာကြောင့် နတ်ဆိုးအမြုတေအရှင်က ရုတ်တရက် ထွက်ပေါ်လာတာလဲ...

      ငါ့ဆရာ ဒီမှာ ရှိနေတာတောင် ငါက ဘာလို့တိုက်ခိုက်ခံနေရသေးတာလဲ...

      “ဟန့်...နတ်ဆိုးအမြုတေအရှင်...မင်းက စွမ်းအားအပြည့်အဝပြန်မရသေးဘဲနဲ့ ဘာကြောင့် လေးစားမှုကင်းမဲ့ပြီးရဲရင့်နေရတာလဲ"
      ထည်ဝါသော အဘိုးအိုသည် တစ်ချက်နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ လက်ကိုဆန့်ထုတ်ကာ ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်ကို ဆုပ်ကိုင်လိုက်သည်။

     ဘန်း...

     အလင်းစက်လေးမှာ ပေါက်ကွဲသွားပြီး ထည်ဝါသော အဘိုးအို၏ လက်ဖဝါးအနည်းငယ် တုန်သွားသည်။

      ၎င်းသည် အနည်းငယ် တုန်သွားခြင်းသာဖြစ်သော်လည်း ထည်ဝါသော အဘိုးအို၏ မျက်နှာထက်တွင်မူ အလွန်အံ့ဩတုန်လှုပ်နေသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

      သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်လေးက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တဲ့ တိုက်ခိုက်မှုကို အသုံးပြုနိုင်ရတာလဲ...

      သူ့ကို အသက်ရှင်လျက်ထားလို့မရဘူး...

      “သေတော့"  
      ထည်ဝါသော အဘိုးအိုသည် ချက်ချင်းဆုံးဖြတ်ချက်ချပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လေထဲတွင် ပေါက်ကွဲမှုတစ်ခုနှင့်အတူ မရေမတွက်နိုင်သော လေဟာနယ် အဟကြောင်းများ ဖြစ်ပေါ်သွားပြီး တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချင်နန်ကို အပေါ်မှ ဖိချလိုက်သည်။

      ယနေ့တွင် ဤလူငယ် သေကိုသေရမည်ဖြစ်သည်။

     “ငါ စွမ်းအား အပြည့်အ၀ ပြန်မရသေးတော့ကော ဘာဖြစ်လဲ...မင်းလို ကိုယ်ပွားတစ်ခုက ဒီမှာ လုပ်ချင်တာ လုပ်ဖို့ ကြိုးစားနေတယ်ပေါ့...မင်းရဲ့ အိပ်မက်ထဲမှာပဲ ရလိမ့်မယ်"
     နတ်ဆိုးအမြုတေအရှင်သည် တစ်ချက်အော်ဟစ်လိုက်ပြီး သူ၏ လည်ချောင်းထဲမှ နတ်ဆိုးအလင်းတစ်ခုထွက်ပေါ်လာကာ  အနက်ရောင်တွင်းပေါက်ကြီးကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။ သို့တည်းသာမက နတ်ဆိုးအလင်း၏ ကျန်ရှိသော စွမ်းအားသည် အဘိုးအို၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်လက်ကျရောက်သွားသည်။

     ထည်ဝါသော အဘိုးအို အပြင်းအထန် တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်မှ အော်ရာသည်လည်း အလွန်ဖျော့ကျသွားသည်။

      အခြားတစ်ဖက်တွင် ကျန်းပိလန်သည် ထည်ဝါသော အဘိုးအို၏ ကာကွယ်မှုအောက်တွင် ရှိသော်လည်း ကျန်ရှိသော အင်အားကြောင့် သူမ၏ ခန္ဓာကိုယ် ပေါက်ကွဲလုနီးပါးဖြစ်သွားကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
      သူတို့နှစ်ဦးသည် သူတို့ နဂိုစွမ်းအား၏ တစ်ရာပုံတစ်ပုံကိုသာ ပိုင်ဆိုင်သော်လည်း သိုင်းအရှင်အဆင့်နှစ်ယောက်ကြားမှ တိုက်ပွဲ၏ သက်ရောက်မှုသည် အလွန်ကြောက်စရာကောင်းပေသည်။ ကျန်းပိလန်ပင် ထိုသက်ရောက်မှုကြောင့် သေလုနီးပါးဖြစ်သွားသည်။

      “အသုံးမကျဘူး...ချေးပဲ"
      ထည်ဝါသော အဘိုးအို ဆဲရေးလိုက်သည်။ ဤကျန်းပိလန်သည် တိုက်ပွဲထဲတွင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေသည်။

      “နတ်ဆိုးအမြုတေအရှင်...မင်းကိုယ်မင်း အရမ်းဘဝင်မြင့်မနေနဲ့...ဒါက ငါ့ရဲ့ နတ်ဘုရားအာရုံနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ပွားလေးတစ်ခုပဲ...ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က အခုလမ်းမှာ ရောက်နေပြီ...မင်း ကမ္ဘာအဆုံးထွက်ပြေးဖို့ ကြိုးစားရင်တောင် ငါမင်းကို လိုက်ဖမ်းမယ်"
      ထည်ဝါသော အဘိုးအိုသည် အော်ဟစ်လိုက်ပြီးနောက် လေဟာနယ်ကို ဆွဲဖြဲကာ အထဲသို့ ဝင်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

      “ငါအရင် အောက်ပိုင်းခရိုင်ထဲမှာ လွတ်လွတ်လပ်လပ်သွားလာနေတုန်းက မင်းက ချွတ်‌တားလေးပဲရှိသေးတယ်...မင်းက အခု သေမှာကြောက်လို့ ထွက်ပြေးနေတာတောင် ငါ့ကို ခြိမ်းခြောက်နေတာလား...မင်းရဲ့ သေမင်းကို မင်းရှာနေတာပဲ"
     နတ်ဆိုးအမြုတေအရှင်သည် ဒေါသထွက်သွားပြီး သူ၏ ပါးစပ်ကို ကျယ်ပြန့်စွာဟ၍ နတ်ဆိုးအလင်းတန်းတစ်ခုကို လေဟာနယ်ဆီသို့ ပစ်လွှတ်လိုက်သည်။

      ဘန်း...ဘန်း...ဘန်း...

      လီသုံးဆယ်အတွင်းမှ လေထုသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံများနှင့် ပြည့်နှက်သွားသည်။

     ထည်ဝါသော အဘိုးအိုသည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ကိုယ်ပွားပျက်စီးတော့မလိုပင် ဖြစသွားသည်။ ဒေါသထွက်နေသော်လည်း သူ၏ ရန်သူကို စိန်မခေါ်တော့ဘဲ ချက်ချင်းကျန်းပိလန်ကိုခေါ်၍ ထွက်ခွာသွားသည်။

      “ကျန်းပိလန်"
      ချင်နန်၏ မျက်လုံးထဲ ဒေါသမီးတောက်များ ဖုံးလွှမ်းသွားသည်။

     ကျန်းပိလန်သည် သူမကိုယ်သူမ ကံကောင်းသည်ဟု မှတ်ယူသင့်ပေသည်။ အကယ်၍ ထောင်ချင်းစန့်သာ ရောက်ရှိလာပါက သူမ ဤကဲ့သို့ ထွက်သွားခွင့်ရှိနိုင်လိမ့်မည် မဟုတ်ပေ။
  
     သို့သော်လည်း ထောင်ချင်းစန့်ကို ချင်နန် သတင်းပို့ပြီးသွားပြီဖြစ်၍ ယခုကျန်းပိလန် လွတ်မြောက်သွားလျှင်ပင် ထောင်ချင်းစန့်သည် ကုန်သွယ်ရေးမဟာမိတ်၏ ဌာနချုပ်ကို ချေမှုန်းကာ သူမကို လိုက်လံဖမ်းဆီးနိုင်ပေသေးသည်။
     သူ ကျန်းပိလန်ကို မည်သို့မျှ ခွင့်မလွှတ်နိုင်ချေ။

      ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူ၏ ဒေါသကို ချုပ်တည်းလိုက်ပြီး လက်သီးစုကာ ပြောလိုက်သည်။
     “ကျွန်တော်ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ် စီနီယာ"

      အခြေအနေမှာ အလွန်ကို အန္တရာယ်များလွန်းလှသည်။ အကယ်၍ နတ်ဆိုးအမြုတေအရှင်သာ ဝင်ရောက်မစွက်ဖက်ပါက သူသည် ထည်ဝါသော အဘိုးအို၏ သတ်ဖြတ်မှုကို ခံရလိမ့်မည်ဖြစ်သည်။

     ထိုအချိန်၌ လူအုပ်ကြီးသည် သိုင်းအရှင်နှစ်ယောက်ကြားမှ ခမ်းနားကြီးကျယ်သည့် တိုက်ပွဲကို တွေ့မြင်ပြီးနောက် တဖြည်းဖြည်းသတိပြန်ဝင်လာကြသည်။ သူတို့သည်  ရုပ်ထုကြီးကို ကြောက်ရွံ့သည့် အရိပ်အမြွက်တချို့ဖြင့် ကြည့်လိုက်သည်။

      ဒါက နတ်ဆိုးအမြုတေအရှင်ပေါ့...

      လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က မြင့်မြတ်နေရာနှစ်ခုရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပေမဲ့ အသက်ရှင်သန်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လူ...

      “ကျေးဇူးတင်တယ်...ဟုတ်လား...လူငယ်လေး တကယ်လို့ မင်းကျေးဇူးပြန်ဆပ်ချင်တယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ကို အခုပေးလိုက်တော့"
      နတ်ဆိုးအမြုတေအရှင်သည် ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောချလိုက်သည်။
     ထို့နောက် သူ၏ ခန္ဓာကိုယ်မှ အမည်းရောင်အငွေ့များ ထွက်ပေါ်လာပြီး ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

      မျက်တောင်တစ်ခတ်အတွင်းမှာပင် နေရာတစ်ခုလုံး အလွန်မှောင်မိုက်သွားပြီး ပတ်ဝန်းကျင်တစ်ခွင် နတ်ဆိုးအော်သံများနှင့် ပြည့်နှက်နေပြီး ငိုသံလိုလို ရယ်သံလိုလို အသံများ ဝိုးတိုးဝါးတားကြားနေရသည်။
      ယခုနတ်ဆိုးချီများသည် ယခင် ကျန်းပိလန် ထုတ်ဖော်ခဲ့သည့် နတ်ဆိုးချီများနှင့် လုံးဝတူညီခြင်းမရှိပေ။

     “မကောင်းဘူး"
     ချင်နန်သည် မျက်နှာ ချက်ချင်းဖြူဖျော့သွားသည်။

     နတ်ဆိုးအမြုတေအရှင်သည် သူ၏ စွမ်းအားအပြည့်အ၀ ပြန်လည်မရရှိသေးသော်လည်း သူ့အား ထည်ဝါသော အဘိုးအိုထံမှ ကယ်တင်လိုခဲ့ခြင်းမှာ သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုခြင်းကြောင့်ဖြစ်သည်။

      “ချင်နန်ပြေး"
    မင်းသမီးမြောင်‌မြောင်သည် အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ သိုင်းသခင်တစ်ဝက်အဆင့် ကျင့်ကြံမှု ပေါက်ကွဲထွက်လာပြီး ချင်နန်၏ ပုခုံးကို ဆုပ်ကိုင်၍ ချက်ချင်းခေါ်‌ဆောင်ကာ ထွက်ပြေးလိုက်သည်။

     “ထွက်ပြေးဖို့ ကြိုးစားနေတာလား"
     နတ်ဆိုးအမြုတေအရှင်သည် ပို၍ ဟက်ပက်စွာ ရယ်မောလိုက်သည်။ ထို့နောက် လေထဲ၌ သူ၏ ညာဘက်ခြေထောက်ကို ပေါက်လိုက်ရာတွင် အားကောင်းသော လေလှိုင်းလုံးများသည် မင်းသမီးမြောင်မြောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

      ဘန်း...

     မင်းသမီးမြောင်မြောင်၏ မျက်နှာ အလွန်ဖြူဖျော့သွားပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း လွင့်စင်သွားကာ သူမ၏ အော်ရာမှာလည်း အလွန်အားနည်းသွားသည်။

     အဆုံး၌ သူမ၏ ကျင့်ကြံမှုသည် သိုင်းသခင်တစ်ဝက်အဆင့်သာဖြစ်ပြီး နတ်ဆိုးအမြုတေအရှင်၏ ကျင့်ကြံမှုနှင့် နှိုင်းယှဉ်လျှင် ကြီးမားသော ခြားနာချက်တစ်ခုဖြစ်သည်။

     “ဟား...ဟား....ဟား..."
     နတ်ဆိုးအမြုတေအရှင်သည် ထိုမြင်ကွင်းအားကြည့်ကာ ရယ်မောချလိုက်ပြီး သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်သွားသည်။

       အရမ်းကောင်းတာပဲ...

       နတ်ဘုရားတွေက ငါ့ကို ကောင်းချီးပေးသားပဲ...

      ရှန်အဆင့်တစ်ဆယ်သိုင်းဝိညာဉ်...

      ကောင်းကင်ကို ဆန့်ကျင်နေတဲ့ ရွှေရောင်အူတိုင်ကော...

     အကယ်၍ သူသာ ဤဂျီးနီးယပ်၏ ခန္ဓာကိုယ်ကို သိမ်းယူလိုက်ပါက သူ၏ ယခင်ကျော်ကြားမှုများကို ပြန်လည်ရရှိနိုင်ရုံသာမကဘဲ မဝေးကွာသော အနာဂတ်တွင် သိုင်းသူတော်စင်အဆင့်သို့ တက်နိုင်သည့် အခွင့်အရေးရှိလာနိုင်ကာ အောက်ပိုင်းခရိုင်၌ နတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မည်ဖြစ်သည်။

🐱🐱🐱🐱

အပိုင်း (၃၇၂) သိုင်းအရှင်ကို ခြိမ်းခြောက်ခြင်း

       လူအုပ်ကြီး သူတို့၏ နှလုံးသားများ အေးခဲနေသည်ဟု ခံစားနေရသည်။ နတ်ဆိုးအမြုတေအရှင်သည် ချင်နန်ကို ဝါးမျိုချင်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သို့သော်ငြား တစ်ချိန်တည်းမှာပင် သူတို့သည် နတ်ဆိုးအမြုတေအရှင်၏ ပစ်မှတ်မဟုတ်သောကြောင့် စိတ်သက်သာရာ ရသွားကြသည်။

       “ပြေး"
      ဂျီးနီးယပ်များ တစ်ယောက်နှင့် တစ်ယောက်အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ချက်ချင်းထွက်ပြေးရန် ပြင်လိုက်ကြသည်။

      “ထွက်ပြေးချင်နေတာလား"
      နတ်ဆိုးအမြုတေအရှင်သည် သူတို့အား အေးစက်သော မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။
      “မင်းတို့ ပုရွက်ဆိတ်တွေအားလုံးကလည်း ငါ့ရဲ့ ဝါးမျိုခြင်းခံရမယ်...ငြိမ်ငြိမ်မဟုတ်ရင် ပိုပြီးဝေဒနာခံစားရအောင် လုပ်လိုက်မယ်"

      လူအုပ်ကြီး၏ မျက်နှာများ ချက်ချင်းဖြူဖျော့သွားကြသည်။

      နတ်ဆိုးအမြုတေအရှင်က သူတို့အားလုံးကို ဝါးမျိုချင်နေတာလား...

      “စီနီယာအစ်ကိုချင်နန် ပြေး"
      ထိုအချိန်၌ လျန်ခိုင်နှင့် အခြားသူများသည် ချင်နန်၏ ရှေ့သို့ ပြေးတက်ပိတ်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်၌ ပြတ်သားသည့် အရိပ်အမြွက်များ ပြည့်နှက်နေသည်။
      သူတို့သည် ချင်နန်ကို ဓားနှင့်ထိုးခဲ့သော်လည်း ချင်နန်သည် သူတို့အား အပြစ်တင်ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် သူတို့သည် ချင်နန် ဆက်လက်ရှင်သန်နိုင်ရန်အတွက် သူတို့ကိုယ်သူတို့ စတေးလိုနေကြသည်။

     စီနီယာအစ်ကိုချင်နန်သည် စစ်မှန်သော ဂျီးနီးယပ်တစ်ယောက်ဖြစ်သည်။ အကယ်၍ ယနေ့တွင် သူ ရှင်သန်နိုင်ခဲ့ပါက အောက်ပိုင်းခရိုင်အတွင်း၌ သူ၏ အနာဂတ်သည် တောက်ပနေလိမ့်မည်ဖြစ်သည်။

      “မင်းတို့ အမှိုက်စတွေကများ"
      နတ်ဆိုးအမြုတေအရှင် ဒေါသထွက်သွားသည်။

     အောက်ပိုင်းခရိုင်ထဲတွင် နှစ်ပေါင်းများစွာ လွတ်လွတ်လပ်လပ်လှည့်လည်သွားခဲ့သည့် သိုင်းအရှင်တစ်ယောက်အနေဖြင့် သူ့ကို ဆန့်ကျင်ရဲသော သိုင်းဧကရာဇ်အဆင့် ကျင့်ကြံသူ တစ်အုပ်ကို တွေ့ဖူးခြင်းမှာ သူ၏ ပထမဆုံးအကြိမ်သာဖြစ်သည်။

      “သေလိုက်တော့"
     ထို့နောက် လူတစ်အုပ်လုံးကို သတ်ရန် သူ၏ လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။

      “ရပ်လိုက်"
      ချင်နန် အလွန်ကျယ်လောင်စွာ အော်လိုက်သဖြင့် နတ်ဆိုးအမြုတေအရှင်၏ လုပ်ရပ်များ ရပ်တန့်သွားကာ ချင်နန်ကို ကြည့်လိုက်သည်။

      “နတ်ဆိုးအမြုတေအရှင်....ခင်ဗျားက ကျုပ်ကို ဝါးမျိုချင်နေတာမလား...ဒီကိစ္စက သူတို့နဲ့ မသက်ဆိုင်ဘူး...သူတို့ကို ထွက်သွားခွင့်ပေးလိုက်"
      ချင်နန် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
     “ခင်ဗျား ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ချင်နေတယ်ဆိုတာ ကျုပ်သိတယ်..တကယ်လို့ ခင်ဗျားက ကျုပ်ပြောသလို မလုပ်ဘူးဆိုရင် ကျုပ်စိတ်မကောင်းပါဘူး...ကျုပ်ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်မိလိမ့်မယ်ထင်တယ်"
      ထိုစကားများပြောပြီးနောက် ချင်နန်၏ မျက်နှာထားသည် ရူးမိုက်သည့်ပုံစံဖြစ်သွားသည်။

      “ချင်နန်"

      “စီနီယာအစ်ကိုချင်နန်"

      မင်းသမီးမြောင်မြောင်နှင့် လျန်ခိုင်တို့လူစု တုန်လှုပ်သွားကြသည်။
     အခြားတစ်ဖက်တွင် ကျန်းပိလန်နှင့် ပူးပေါင်းခဲ့သော ဂျီးနီးယပ်များမှာမူ ပျော်ရွှင်သွားကြသည်။ ဤချင်နန်သည် အလွန်အကြင်နာတရားရှိကာ သူ၏ ဘဝကို ပေးဆပ်၍ သူတို့ အသက်ရှင်သန်နိုင်အောင် စွမ်း‌ဆောင်ပေးနေသည်။

     “မင်းသေချာလား"
    နတ်ဆိုးအမြုတေအရှင် လှောင်ရယ် ရယ်လိုက်သည်။

     ကိုယ့်ကိုယ်ကို ဖောက်ခွဲမယ်...

     တစ်စုံတစ်ယောက်သည် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန်အတွက် ကြီးမားသော ရဲစွမ်းသတ္တိရှိရန် လိုအပ်ပေသည်။ အကြောင်းမှာ လူတိုင်း၏ ကျင့်ကြံမှုသည် သူတို့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ရခြင်းဖြစ်သည်။ မည်သူမျှ သူတို့၏ ကျင့်ကြံမှုကို အလွယ်တကူ စွန့်လွှတ်လိုကြမည် မဟုတ်ပေ။ အထူးသဖြင့် ချင်နန်လို ဂျီးနီးယပ်မျိုးဖြစ်သည်။
     တုံ့ဆိုင်းမှုမရှိဘဲ နတ်ဆိုးအမြုတေအရှင်၏ လက်ဖဝါးထဲမှာ ကြောက်မက်ဖွယ်ရာအင်အားတစ်ခု ထွက်ပေါ်လာသည်။

      ဝီ...

      ချင်နန့်ရွှေရောင်နဂါးကြေးခွံအူတိုင်၏ အော်ရာသည် မတည်မငြိမ်ဖြစ်လာသည်။ သူသည် အမှန်တကယ် ကိုယ့်ကိုယ်ကို ဖောက်ခွဲတော့မည့်ပုံရသည်။

     “မင်း.."
     နတ်ဆိုးအမြုတေအရှင် တုန်လှုပ်သွားပြီး သူ၏ တိုက်ခိုက်မှုကို ချက်ချင်းရုတ်သိမ်းကာ အံကြိတ်၍
     “မင်းတို့ကောင်တွေ ကံကောင်းတယ်လို့ မှတ်လိုက်...ဒီနေရာကနေ ချက်ချင်းထွက်သွားကြစမ်း"

     မင်းသမီးမြောင်မြောင်၊ လျန်ခိုင်နှင့် အခြားသူများ မသာမယာမျက်နှာထားများ ဖြစ်သွားကြသည်။

      ချင်နန်ကို ထားခဲ့ပြီး ထွက်သွားခိုင်းနေတာလား....

     သူတို့က ဒီလိုအရှက်ကင်းမဲ့ပြီး ကျေးဇူးကန်းတဲ့ လုပ်ရပ်ကို ဘယ်လိုလုပ်ရမှာလဲ...

      ကျန်းပိလန်နှင့် ပူးပေါင်းခဲ့သော ဂျီးနီးယပ်များမှာမူ ချင်နန်ကို တစ်ချက်မကြည့်ဘဲ ချက်ချင်းထွက်ပြေးသွားကြသည်။

     ချင်နန်သည် မင်းသမီးမြောင်မြောင်နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး မင်းသမီးမြောင်မြောင်ကို သူ၏ နတ်ဘုရားအာရုံမှတစ်ဆင့် အသံလွှင့်ကာ ပြောလိုက်သည်။

      မင်းသမီးမြောင်မြောင်၏ မျက်လုံးများ အရောင်လက်သွားသည်။
      “မင်းတို့ ငါနဲ့ လိုက်ခဲ့ကြ....ဒီနတ်ဆိုးအမြုတေအရှင်က ချင်နန့်ကို အန္တရာယ်မပြုနိုင်ဘူး"

      လျန်ခိုင်တို့ လူစု ကြက်သေ သေသွားကြသည်။

      ချင်နန့်ကို အန္တရာယ်မပေးနိုင်ဘူး...

      ငါတို့ကို နောက်နေတာလား...

      သူရင်ဆိုင်နေရသော သူမှာ နတ်ဆိုးအမြုတေအရှင်ဖြစ်သည်။ ယခုအချိန်၌ နတ်ဆိုးအမြုတေအရှင်သည် သူ၏ စွမ်းအားအပြည့်အဝပြန်လည်မရရှိသေးသော်လည်း သိုင်းသခင်အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို ဆန့်ကျင်နိုင်လိမ့်မည်မဟုတ်ပေ။
      မင်းသမီးမြောင်မြောင်သည် အခြေအနေကို ရှင်းပြလိုစိတ်မရှိဘဲ သူမ၏ လက်များကို ဆန့်ထုတ်ကာ သူတို့ကို တုံ့ပြန်ချိန်မပေးဘဲ ချက်ချင်းအဝေးခေါ်ယူသွားသည်။ ထွက်မသွားမီတွင် မင်းသမီးမြောင်မြောင်သည် နတ်ဆိုးအမြုတေအရှင်ကို သနားသည့် အကြည့်နှင့်ပင် ကြည့်ခဲ့‌သေးသည်။

      ဤကောင်လေးသည် မြင့်မြတ်နေရာနှစ်ခု၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်ရန်အတွက် အခြားရွေးချယ်စရာမရှိတော့ဘဲ သူ၏ ကျင့်ကြံမှုကို စည်းတံဆိပ်ခတ်နှိပ်ကာ ဘိုးဘေးဆန်းကြယ်မှုနယ်မြေအဖြစ် ပြောင်းလဲခဲ့သည်။ နှစ်ပေါင်းတစ်ရာခန့် စောင့်ပြီးနောက် နောက်ဆုံးတွင် သူ၏ စွမ်းအားများ ပြန်လည်ရရှိရန် အခွင့်အရေးရရှိခဲ့သည်။ သို့သော်ငြား ကံဆိုးစွာပင် သူသည် ချင်နန်ကို အန္တရာယ်ပြုချင်ခဲ့သည်။

      “ဒါက ဘာအကြည့်လဲ"
     နတ်ဆိုးအမြုတေအရှင် ကြက်သေ သေသွားသည်။

    ဒီမိန်းကလေးက ဘာလို့သူ့ကို သနားသလို ကြည့်သွားတာလဲ...

    သူက စွမ်းအင်ကုန်ဆုံးနေတဲ့ သိုင်းဧကရာဇ်အထွတ်အထိပ်ကျင့်ကြံသူလေးတစ်ယောက်ကို မကိုင်တွယ်နိုင်ဘူးလို့ သူ တကယ်ထင်နေတာလား...

     စောက်ရမ်းကို ရယ်စရာကောင်းလွန်းတာပဲ...

     “ဒီငတုံးကောင်တွေက စောနတုန်းက မင်းကို အန္တရာယ်ပြုဖို့ ကြိုးစားနေတာ ငါမှတ်မိသေးတယ်..သူတို့ကို ငါသတ်လိုက်လို့ မင်းစိတ်မရှိဘူးလို့ ငါထင်တယ်"
      နတ်ဆိုးအမြုတေအရှင် စိတ်မရွှင်မပြဖြစ်နေသည်။ ချင်နန် ပြန်မဖြေရသေးခင်မှာပင် သူ၏ လက်ကို ဆန့်ထုတ်၍ အလင်းတစ်ခု ပစ်လွှတ်လိုက်ကာ ထွက်ပြေးသွားကြသော ကျန်းပိလန်ဘက်မှ ပါဝင်ခဲ့ကြသည့် ဂျီးနီးယပ်များ၏ ခန္ဓာကိုယ်များကို ထိုးဖောက်စေလိုက်သည်။

     ပျော်ရွှင်သော မျက်နှာထားများနှင့် ဂျီးနီးယပ်များ တောင့်တင်းသွားကြသည်။

     သူတို့ကို ထွက်သွားခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်မဟုတ်ဘူးလား....

      သို့သော်ငြား မေးခွန်းမထုတ်နိုင်ခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များသည် သွေးမှုန်များအဖြစ် ပေါက်ကွဲသွားပြီး နတ်ဆိုးအမြုတေအရှင်၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။

      နတ်ဆိုးအမြုတေအရှင်သည် အနည်းငယ်နီရဲနေသော မျက်လုံးများနှင့် ချင်နန်ကို ကြည့်ကာ အလွန်ကျေနပ်သည့် အသံဖြင့် ရယ်မောကာ ပြောလိုက်သည်။
       “ဟား...ဟား...ကလေး..ငါပြန်မွေးဖွားလာပြီးတဲ့နောက်မှာ ငါ့ရဲ့ ခန္ဓာကိုယ်ဖြစ်ရတာ မင်းအတွက် ဂုဏ်ယူစရာပဲ...ငါအခုမင်းကို..."
 
      သူ၏ စကားမဆုံးမီမှာပင် ချင်နန် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
      “နတ်ဆိုးအမြုတေအရှင် ခင်ဗျားက စောနက ကျုပ်ကို ကူညီခဲ့တာကြောင့် ကျုပ်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်မဲ့ ခင်ဗျားရဲ့ အစီအစဉ်ကို ရပ်တန့်ဖို့ ကျုပ်အကြံပေးချင်တယ်....မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ ခင်ဗျားကြိုးစားခဲ့ရတဲ့ အရာတွေအားလုံးက အလဟသဖြစ်သွားလိမ့်မယ်...ခင်ဗျား ထပ်စဉ်းစားတာ ကောင်းလိမ့်မယ်"

      နတ်ဆိုးအမြုတေအရှင် နေရာ၌ပင် ကြက်သေသေသွားသည်။

      အခုဘာဖြစ်နေတာလဲ...

      ဒီကလေးက သူ့ရဲ့ ရှေ့မှာ ကြောက်ရွံ့နေပြီး သူ့ရဲ့ အသက်ချမ်းသာပေးဖို့ တောင်းပန်နေရမှာ မဟုတ်ဘူးလား...

      ဘာလို့ ဒီကလေးက သူ့ကို လာခြိမ်းခြောက်နေတာလဲ....

      ဖြစ်နိုင်တာက...

      နတ်ဆိုးအမြုတေအရှင် ဖြစ်နိုင်ချေများကို စဉ်းစားလိုက်သည်။

      ချင်နန်ကဲ့သို့ ထူးချွန်သော ဂျီးနီးယပ်တစ်ယောက်သည် သေချာပေါက် မြင့်မြတ်နေရာနှစ်ခု၏ အာရုံစိုက်ခြင်းခံရမည်ဖြစ်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ သူ၏ ဘေးကင်းမှုကို စိုးရိမ်ပူပန်ကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ချင်နန်သည် သူ၏ မြင့်မြတ်နေရာသို့ နည်းလမ်းတစ်ခုခုအသုံးပြု၍ အကြောင်းကြားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

      “ဟီး..ဟီး.."
      နတ်ဆိုးအမြုတေအရှင် ရယ်မောကာ ပြောလိုက်သည်။
      “မင်းရဲ့ လှည့်ကွက်လေးကို ငါက သတိမပြုမိဘူးလို့ မင်းထင်နေတာလား...အရာအားလုံး ဖုံးကွယ်စမ်း"

      အလင်းတစ်ချက်နှင့်အတူ ကောင်းကင်ပေါ်သို့ အလင်းတန်းတစ်ခု ပျံတက်သွားပြီး ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အပြင်ဘက်မှကြည့်ပါက ကျွန်းသည် တစ်ခါမျှ မရှိခဲ့ဘူးသကဲ့သို့ လေထဲ၌ပင် ပျောက်ကွယ်သွားပုံရသည်။ မည်သည့် သဲလွန်စတစ်ခုမျှ ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိပေ။

     “အခု မြင့်မြတ်နေရာနှစ်ခုရဲ့ ထိပ်ပိုင်းခေါင်း‌ဆောင်တွေတောင် မင်းကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
      နတ်ဆိုးအမြုတေအရှင် မထီမဲ့မြင် ရယ်မောလိုက်သည်။

      မြင့်မြတ်နေရာက ကျွမ်းကျင်သူတွေ မင်းကို ကယ်တင်နိုင်မယ်လို့ ထင်နေတာလား....

       ဒီလိုနုံအတဲ့စိတ်ကူး...

     “.နတ်ဆိုးအမြုတေအရှင်"
      ချင်နန် သက်ပြင်းတစ်ချက်ချလိုက်သည်။
      နတ်ဆိုးအမြုတေအရှင် အခြေအနေအား မည်ကဲ့သို့ တွေးသည်ကို သူသတိပြုမိပေသည်။
      သို့သော်လည်း သူသည် ထောင်ချင်းစန့်ကို သတင်းပို့ပြီးပြီဖြစ်သောကြောင့် သိပ်မကြာမီတွင် ထောင်ချင်းစန့် ရောက်လာတော့မည်ဖြစ်သည်။ ဤနေရာ၏ အော်ရာကို ဖုံးကွယ်ထားသော်လည်း ထောင်ချင်းစန့်၏ ထူးခြားသော စွမ်းရည်ကြောင့် ၎င်းသည် သူ့အတွက် ပြဿနာမဟုတ်ပေ။
      သူနတ်ဆိုးအမြုတေအရှင်ကို ဤကဲ့သို့ ပြောနေခြင်းမှာ အကြောင်းအရင်းရှိပေသည်။
      လက်ရှိအချိန်၌ ချင်နန်၏ အဓိကဦးစားပေးမှာ ကျန်းပိလန်ကို သတ်ရန်ဖြစ်သည်။ သူသည် နတ်ဆိုးအမြုတေအရှင်နှင့် အာရုံနောက်လိုစိတ်မရှိပေ။ အဓိကအချက်အနေဖြင့် နတ်ဆိုးအမြုတေအရှင်သည် သူ့ကို တစ်ခါကူညီခဲ့သောကြောင့် ချင်နန်သည် နတ်ဆိုးအမြုတေအရှင် မိုက်မဲခြင်းမရှိဖို့ မျှော်လင့်နေသည်။

      “ကျုပ်နောက်တစ်ခေါက် ထပ်ပြောမယ်...ခင်ဗျား ကျုပ်ကို အန္တရာယ်မပေးတာ ပိုကောင်းလိမ့်မယ်....ရောက်လာတဲ့လူက ခင်ဗျား မျှော်လင့်ထားတာထက် ပိုကြောက်ဖို့ကောင်းတယ်...ခင်ဗျား အကျိုးဆက်ကို ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး"
      ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် နတ်ဆိုးအမြုတေအရှင်ကို လေးနက်တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
      “ခင်ဗျား ကျုပ်ကို အခုချက်ချင်း လွှတ်ပေးသင့်တယ်...ဒါမှ ကျုပ် ကုန်သွယ်ရေးမဟာမိတ်ကို သွားနိုင်လိမ့်မယ်...ခင်ဗျား အကြောင်းကို ဘယ်သူကိုမှ မပြောဘူးလို့ ကျုပ်ကတိပေးတယ်"

     ထိုစကားများကြားသည့်အခါ နတ်ဆိုးအမြုတေအရှင် ဆွံ့အသွားသည်။

      ဒီကောင်လေးက စိတ်လွတ်နေတာလား..

     သူ့ကို လွှတ်ပေးဖို့အတွက် ငါ့ကို ခြိမ်း‌ခြောက်နေတာလား...

     သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူလေးက ဒီလိုယုံကြည်ချက်မျိုးကို ဘယ်ကနေရလာတာလဲ...

      ၎င်းသည် ပုရွက်ဆိတ်လေးတစ်ကောင် ခါးထောက်၍ လူသန်ကြီးကို ‘မင်းရဲ့ အပြုအမူကို မင်းသတိထား...ငါက မင်းအလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး'ဟု ပြောနေသကဲ့သို့ပင်ဖြစ်သည်။

     “ဟန့်....ဒါက ဘယ်လောက်ကြောက်ဖို့ ကောင်းတဲ့လူလည်းဆိုတာ ငါမြင်ချင်တယ်"
     နတ်ဆိုးအမြုတေအရှင် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
     “မင်းရဲ့ အရည်မရအဖတ်မရစကားတွေကို တော်လိုက်တော့...ငါအခု မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းယူတော့မယ်"

      ထို့နောက် သူ၏ လက်အား ဆန့်ထုတ်လိုက်ရာတွင် အနက်ရောင်မီးတောက်များ ထွက်ပေါ်လာသည်။ ဤအနက်ရောင်မီးတောက်များသည် နတ်ဆိုးလေးပါးအဖျက်စွမ်းအားဝင်္ကပါ၏ အနက်ရောင်မီးတောက်များနှင့် တူညီခြင်းမရှိပေ။ ၎င်းသည် နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံဖြစ်ပြီး တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို လောင်ကျွမ်းရန်အတွက် အထူးအသုံးပြုပေသည်။
       မြင့်မြတ်နေရာနှစ်ခု နတ်ဆိုးအမြုတေအရှင်အား လိုက်လံဖမ်းဆီးရသည့် အကြောင်းအရင်းမှာလည်း နတ်ဆိုးအမြုတေအရှင်သည် သူ၏ ပစ်မှတ်များအားလုံး၏ စိတ်ဝိညာဉ်များကို ရက်စက်စွာ မီးရှို့သောကြောင့်ဖြစ်သည်။
     သူ၏ လက် တစ်ချက်လှုပ်ခတ်သွားပြီးနောက် နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံနှစ်ခုသည် ချင်နန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၃၇၃) အင်ပါယာအမြစ်ဖြတ်သူရောက်ရှိလာခြင်း

      “အား"
      ချင်နန်၏ မျက်နှာ ရှုံ့မဲ့သွားပြီး အလွန်နာကျင်စွာ အော်လိုက်သည်။ သူ့အား လောင်ကျွမ်းနေသော နတ်ဆိုးစိတ်ဝိညာဉ်မီး၏ စူးရှသော နာကျင်မှုသည် သူ့နှလုံးသားအား အထပ်ထပ်လွှာလှီးနေသည်ထက်ပင် ပို၍နာကျင်ပေသည်။

      “ဟား...ဟား...ဒါက ငါ့ကို ခြိမ်းခြောက်တဲ့အတွက်ကြောင့်ပဲ"
      နတ်ဆိုးအမြုတေအရှင် ရယ်မောချလိုက်သည်။

     ခုနတုန်းက မင်းက အရမ်းဘဝင်မြင့်နေခဲ့တယ်မဟုတ်ဘူးလား....

      ခုကျ ဘာလို့ ဘာမှမပြောတော့တာလဲ...

      “မင်းရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံးဝါးမျိုမယ်"
      နတ်ဆိုးအမြုတေအရှင် ဆိုးယုတ်စွာ ပြုံးလိုက်သည်။

     သိုင်းအရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုသည် ချင်နန်၏ ခန္ဓာကိုယ်ကို ချက်ချင်းလုယူနိုင်လောက်သည်ထိ သန်မာခြင်းမရှိပေ။ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ၏ အသားကို စတင်ဝါးမျိုရမည်ဖြစ်သည်။ ထို့နောက် သူ၏ အတွေးများနှင့် စိတ်ဝိညာဉ်သည် နောက်ဆုံးဖြစ်သည်။

       အချိန်ကျလာသည့်အခါတွင် သူ၏ နတ်ဆိုးသိုင်းပညာကိုအသုံးပြု၍ ချင်နန်ကို သိမ်းယူမည်ဖြစ်သည်။

      ဘန်း...

      ချင်နန်၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသော မီးလျှံများမှာ ချက်ချင်းပျောက်ကွယ်သွားသည်။

      “အား..."
      ချင်နန်၏ မျက်နှာ ရှုံ့မဲ့နေပြီး သူအလွန်နာကျင်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရအောင် တောင့်တင်းနေသည်။ သူ၏ နာကျင်စွာအော်သံသည်ပင် တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။ တစ်နည်းဆိုရသော် ချင်နန်၏ ခန္ဓာကိုယ်သည် လက်ရှိအချိန်၌ သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

      “ငါအခု မင်းရဲ့ စိတ်ကို ဝါးမျိုမယ်"
       နတ်ဆိုးအမြုတေအရှင်၏ မျက်နှာပေါ်မှ အပြုံးသည် ပို၍ထူပြဲလာပြီး သူ၏ မျက်လုံးများထဲမှ သွေးရောင်အလင်းနှစ်ခုထွက်ပေါ်လာကာ ချင်နန်၏ စိတ်ထဲထိုးဖောက်သွားသည်။

      ထို့နောက် ချင်နန်၏ စိတ်ထဲ၌ သွေးရောင်ပုံရိပ်တစ်ခု တဖြည်းဖြည်းပေါ်ပေါက်လာသည်။ အခြားသူမဟုတ် နတ်ဆိုးအမြုတေအရှင်ပင် ဖြစ်သည်။

      “ဘောပဲ...ကိုးရာကိုးဆယ့်ကိုးကျန်လား...ပြီးတော့ နတ်ဘုရားအာရုံကျင့်စဉ်တစ်မျိုးကိုလည်း လေ့ကျင့်ထားသေးတာလား"
      နတ်ဆိုးအမြုတေအရှင် အလွန်အံ့အားသင့်နေသည်။ သူ၏ ကျင့်ကြံမှု သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်သို့ ရောက်စဉ်ကပင် ဤကဲ့သို့ ထူးခြားသော နတ်ဘုရားအာရုံမျိုးကို မရှိခဲ့ပေ။

     “ဟမျ...ဒါက ဘာလဲ"
      နတ်ဆိုးအမြုတေအရှင်သည် ရုတ်တရက် နတ်ဘုရားအာရုံအလယ်ထဲ၌ လွင့်မျောနေသော ကြေးနီမှန်တစ်ခုကို တွေ့လိုက်ရသည်။

      “ဒါက အရမ်းထူးဆန်းတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်လိမ့်မယ်"
      ကြေးနီမှန်ကို ထွင်းဖောက်မမြင်နိုင်သည်ကို သိရှိပြီးနောက် နတ်ဆိုးအမြုတေအရှင်၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။ ဤ‌ချင်နန်သည် သူ့ကို အစွမ်းထက်သော ခန္ဓာကိုယ်၊ ထူးခြားသော နတ်ဘုရားအာရုံနှင့် ထူးဆန်းသော ရှေးဟောင်းပစ္စည်းတစ်ခုကိုပင် ပေးခဲ့သည်။

      “ငါက သေချာပေါက် အောက်ပိုင်းခရိုင်ရဲ့ အုပ်ချုပ်သူ ဖြစ်လာလိမ့်မယ်...မဟုတ်ဘူး ငါက အထက်ပိုင်းခရိုင်ကို သွားရမယ်"
      နတ်ဆိုးအမြုတေအရှင် အလွန်စိတ်လှုပ်ရှားနေသည်။ နောက်ထပ်တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်း သူ၏ လက်ကို ဆန့်ထုတ်၍ စိတ်ကန့်သတ်ခြင်းကျင့်စဉ်ကို အသုံးပြုလိုက်သည်။

      ရွှီး...

      နတ်ဆိုးအမြုတေအရှင်၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အနက်ရောင်ကြိုးမျှင်များ ထွက်ပေါ်လာပြီး မြွေများကဲ့သို့ ချင်နန်၏ နတ်ဘုရားအာရုံကို ဦးတည်သွားသည်။

      ဘန်း...

     နတ်ဘုရားအာရုံ၏ အလယ် ကြေးနီမှန်ထံမှ ရုတ်တရက် ကြောက်မက်ဖွယ်ရာအော်ရာတစ်ခု ထွက်ပေါ်လာပြီး အလွန်အမင်းကို အေးစက်လွန်းသည့် အမျိုးသမီးသံတစ်သံကို ကြားလိုက်ရသည်။
      “ဘယ်လိုရဲရင့်တာလဲ"

      နတ်ဆိုးအမြုတေအရှင် အလွန်တုန်လှုပ်သွားသည်။

      ဘာလို့ ဒီအော်ရာက ငါ့ကို အရမ်းချောက်ချားနေစေတာလဲ....

      ဒီကြေးနီမှန်က တကယ့်ထိပ်တန်းရှေးဟောင်းပစ္စည်းတစ်ခုလို့ ဆိုလိုတာလား....

      ထိုအချိန်၌ နတ်ဆိုးအမြုတေအရှင်သည် ရန်သူကြီးတစ်ယောက်နှင့် တွေ့လိုက်ရသကဲ့သို့ ခံစားနေရသည်။ သို့သော် အသက်ဆယ်ရှိုက်ခန့်ကုန်လွန်သွားသော်လည်း ကြေးနီမှန်သည် မည်သည့်တုံ့ပြန်မှုမှ ထပ်မပြုလုပ်တော့ချေ။ ၎င်း၏စွမ်းအားကို တစ်စုံတစ်ခုသောအရာက ကန့်သတ်လိုက်သလိုပင်ဖြစ်သည်။
     နတ်ဆိုးအမြုတေအရှင် ထိုအချက်ကို ချက်ချင်း သတိပြုမိသွားပြီး ပျော်ရွှင်သွားသည်။ ထို့‌နောက် စိတ်ကန့်သတ်ခြင်းကျင့်စဉ်ကို ဆက်လက်အသုံးပြုလိုက်သဖြင့် ‌ကြိုးမျှင်များ ထပ်မံထွက်ပေါ်လာပြီး နတ်ဘုရားအာရုံတစ်ခုလုံးကို နှောင်တုတ်လိုက်သည်။
    ကြေးနီမှန်သည်လည်း နောက်ထပ်တုံ့ပြန်မှုမရှိဘဲ ကြိုးမျှင်များဖြင့် နှောင်တုတ်ခြင်းခံလိုက်ရ‌ကြောင်းတွေ့မြင်ရမှသာ နတ်ဆိုးအမြုတေအရှင် စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ မကြာသေးမီက ကြေးနီမှန်မှ ထုတ်ဖော်ခဲ့သောအော်ရာသည် အလွန်ကြောက်ဖို့ကောင်းကာ သူပင် ၎င်း၏ လျှို့ဝှက်ချက်များကို နားမလည်ခဲ့ပေ။

    “ ခန္ဓာကိုယ်နဲ့ နတ်ဘုရားအာရုံတို့ကို နှောင်တုတ်ပြီးသွားပြီ...အခု သူ့ရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးရမဲ့ အချိန်ပဲ "
    နတ်ဆိုးအမြုတေအရှင် စိတ်လှုပ်ရှားစွာဖြင့် ချင်နန်ကိုကြည့်လိုက်သည်။
   
   ဒီလိုပြိုင်ဘက်ကင်းဂျီးနီးယပ်..

    သိပ်မကြာခင်မှာ သူ့ရဲ့ပါရမီနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးက ငါ့ဟာဖြစ်တော့မယ်...

    “ လေဟာနယ်ကိုးလွှာကို သန့်စင်ထားတဲ့ နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံ...ချက်ချင်း တောက်လောင်စမ်း "
     နတ်ဆိုးအမြုတေအရှင်သည် ကျယ်လောင်စွာအော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများ ဖုံးလွှမ်းသွားသည်။
     မြင့်မြတ်နေရာနှစ်ခု၏ အမဲလိုက်ခြင်းကို ခံရသည့်အချိန်၌ သူ၏ ကျင့်ကြံမှုကို စည်းတံဆိပ်ခတ်နှိပ်ခဲ့ရသည်။ ယခု သူ ၏ စွမ်းအားများ နှေးကွေးစွာ ပြန်လည်ရရှိလာသော်လည်း  သူ၏ စွမ်းအားသည် ဤစိတ်ဝိညာဉ်လောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုနိုင်သည်ထိ သန်မာခြင်းမရှိပေ။ ထို့ကြောင့်‌ ရွေးချယ်စရာမရှိဘဲ ယာယီစွမ်းအားရရှိရန်အတွက် သူ၏ အသက်ဓာတ်နှင့် အပေးအယူလုပ်ခဲ့ရသည်။

     ဘန်း...
 
      နတ်ဆိုးအမြုတေအရှင်၏ ခန္ဓာကိုယ်ထံမှ ယခင်ကထက် တစ်ဆယ်ဆ ပိုပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။ ထို့နောက် မီးလျှံများ ချက်ချင်းပင် ချင်နန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

     ထို့နောက် ချင်နန်၏ ခန္ဓာကိုယ်ထဲမှ မချိတင်ကဲ ဝေဒနာခံစားနေရသောပုံစံနှင့် ခပ်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
     ထိုခပ်ဝါးဝါးပုံရိပ်သည် ချင်နန်၏ စိတ်ဝိညာဉ် ဖြစ်သည်။

    “ နတ်ဆိုး...နတ်ဆိုးအမြုတေ...အရှင်...ခင်ဗျားအခုချက်ချင်း...ရပ်တာကောင်းမယ်...မဟုတ်ရင်..."
     နာကျင်စွာအော်ဟစ်နေရင်း ချင်နန် ထိုစကားများကို ပြောလိုက်သည်။

     “ ဘောပဲ...ဒီလို အခြေအနေမှာတောင် မင်းကငါ့ကို ခြိမ်းခြောက်ရဲသေးတာလား...လောင်ကျွမ်းစမ်း "
    နတ်ဆိုးအမြုတေအရှင် ဒေါသထွက်သွားသည်။

    ဤချင်နန်သည် ကြီးမားသည့်ပါရမီသော်လည်း သူ၏ ဦးနှောက်မှာမူ အဆံချောင်နေသည်။
    ဒီအချိန်မှာတောင် သူ့ကို ခြိမ်းခြောက်ရဲသေးတယ်လား...

    သူ၏ ဒေါသကြောင့် နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံများသည် ပို၍ ပြင်းထန်စွာလောင်ကျွမ်းလာသည်။ ချင်နန်၏ စိတ်ဝိညာဉ်သည် အချိမ်မရွေး ပျောက်ကွယ်သွားတော့မည်ကဲ့သို့ ဆက်လက်အားနည်းလာသည်။

    ထိုမြင်ကွင်းအားကြည့်ကာ နတ်ဆိုးအမြုတေအရှင် စိတ်လှုပ်ရှားလာပြီး ရယ်မောလိုက်သည်။
     “ ဟား...ဟား...ချင်နန် မင်းရဲ့စိတ်ဝိညာဉ် လုံးဝလောင်ကျွမ်းသွားရင် မင်းက ဒီကမ္ဘာကြီးပေါ်က ပျောက်ကွယ်သွားတော့မယ်...ငါ မင်းရဲ့ ပါရမီကိုရ... "
     ရုတ်တရက် သူ၏ မျက်နှာတောင့်တင်းသွားပြီး သူ၏ ရယ်သံရပ်သွားသည်။
    
    ဝီ...ဝီ...ဝီ...ဝီ...

    ကျွန်း၏ အထက်ကောင်းကင်မှာ ပြင်းထန်စွာ တုန်ခါလာသည်။ တစ်ချိန်တည်းမှာပဲ ဖိအားတစ်ခုကိုလည်း ခံစားလိုက်ရသည်။
   
    ဝှစ်...

    လေခွင်းသံတစ်သံ ကြားလိုက်ရသည်။
   
    ရုတ်တရက် ကျွန်း၏ အထက်မှ အနက်ရောင်ဆေဘာဓားတစ်ချောင်း ထွက်ပေါ်လာသည်။အဆုံးမဲ့ အကွာအဝေးတစ်ခုကို ဖြတ်သန်းလာသကဲ့သို့ပင်...
    မည်သည့်နေရာကမှန်းမသိသော သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာပြီး ကျွန်းတစ်ခုလုံးကို လှိုင်းလုံးကြီးများအလား ဖုံးလွှမ်းသွားသည်။

    “ ဒါက... "
    နတ်ဆိုးအမြုတေအရှင် အံ့အားသင့်သွားသည်။

     ဘာကြောင့် ဒီအနက်ရောင်ဆေဘာဓားကို အရမ်းရင်းနှီးနေရတာလဲ...ငါ ဒါကို အရင်က ဘယ်နေရာမှာ မြင်ဖူးတာလဲ...

    အကြောင်းပြချက်တချို့ကြောင့် သူ ၎င်းကို မမှတ်မိဘဲ ဖြစ်နေသည်။
    
    ဘန်း...

     ကျွန်း၏ အထက်မှ လေဟာနယ်သည် ရုတ်တရက် အက်ကွဲလာပြီး အဟကြောင်းထဲမှ အဘိုးအိုတစ်ယောက် ဖြေးညင်းစွာ လမ်းလျှောက်ထွက်လာသည်။
     အဘိုးအိုသည် ဝဲပျံနေသော ဆေဘာဓားကို လက်ဖြင့် မြဲမြံစွာကိုင်လိုက်ပြီး အောက်ကို နက်ရှိုင်းသော မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။
    
    “ ဒီကောင်က ဘယ်သူလဲဟ...ဘာကြောင့် ငါ တာမြစ်ဖုံးကွယ်ထားတဲ့ဟာကို မြင်နိုင်ရတာလဲ "
     နတ်ဆိုးအမြုတေအရှင်၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားသည်။
    
    အဘိုးအို၏ ကျင့်ကြံမှုသည် အလွန်ကြောက်စရာကောင်းပြီး သူ့အတွက် အန္တရာယ်ရှိကြောင်းကို သူ ခံစားနိုင်ပေသည်။

    “ လောင်ကျွမ်းစမ်း "
    နတ်ဆိုးအမြုတေအရှင် ချက်ချင်း ရူးသွပ်သွားသည်။ မည်သို့ပင် ဖြစ်စေကာမူ သူ၏ လက်ရှိဦးစားပေးသည် ချင်နန်ကို ဝါးမျိုရန်ဖြစ်သည်။

    အကယ်၍ ဤကောင်သည် မြင့်မြတ်နေရာနှစ်ခုမှ ကျွမ်းကျင်သူတစ်ဦးဖြစ်လျှင် ချင်နန် ဝါးမျိုခံရသည်ကို သိရှိပြီးနောက် သူ၏ ထူးချွန်သောပါရမီကိုနှမြောပြီး မြင့်မြတ်နေရာ၏ တပည့်အဖြစ်ပင် ရွေးချယ်နိုင်ပေသည်။
    အကယ်၍ ချင်နန် သေသွားပါက ချင်နန်သည် အဖိုးတန်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူ့ကို လက်စားချေစရာ အကြောင်းမရှိပေ။
   
    အဘိုးအိုသည် ဝင်ရောက်စွက်ဖက်လိုသည့် အရိပ်အယောင်မရှိဘဲ အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသည်။ အဘိုးအို အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
    “ မင်းက ဘယ်သူလဲ...ငါ က ထောင်ချင်းစန့်ပဲ "

    ဘန်း...

     နတ်ဆိုးအမြုတေအရှင် သူ၏ စိတ်ထဲ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသလိုခံစားလိုက်ရပြီး သူ၏ လုပ်ရပ်များ ရပ်တန့်သွားသည်။

     ထောင်...ထောင်ချင်းစန့်...

🐱🐱🐱🐱🐱

အပိုင်း (၃၇၄) ထိမရသည့်လူ

    ထိုအချိန်၌ နတ်ဆိုးအမြုတေအရှင် နားလည်သွားသည်။ ဤအနက်ရောင်ဆေဘာဓားကို ရင်းနှီးသည်ဟု ခံစားနေရခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ ၎င်းသည် ထောင်ချင်းစန့်၏ ဆေဘာဓားဖြစ်သည်။

      အနက်ရောင်ဆေဘာဓားထွက်ပေါ်လာသည်နှင့် ငါးလီအတွင်းရှိ မည်သည့်အရာမှ ရှင်သန်နိုင်စွမ်းမရှိပေ။

      “ထောင်...ထောင်...ထောင်ချင်းစန့်...မင်း မသေ...သေးဘူးပေါ့"
     နတ်ဆိုးအမြုတေအရှင်သည် သူ၏ အတွေးများကိုစုစည်းလိုက်ပြီး ဖြူဖျော့သော မျက်နှာဖြင့် မေးလိုက်သည်။ သူ၏ မျက်လုံးများသည် အပ်ပေါက်အရွယ်အစားထိ ကျုံ့ဝင်နေပြီး သူ၏ အသံပင် တုန်ရီနေသည်။

     သူသည် ထိုအချိန်က အောက်ပိုင်းခရိုင်တွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော်လည်း သူ မမှားယွင်းရဲသည့် လူတစ်ဦးရှိပေသည်။

      ထိုလူသည် ထောင်ချင်းစန့်ပင် ဖြစ်သည်။

      အကယ်၍ မြင့်မြတ်နေရာနှစ်ခုမှ ထိပ်ပိုင်းခေါင်းဆောင်များ ရောက်ရှိလာပါက သူကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။ သို့သော် ထောင်ချင်းစန့်၏ ရောက်ရှိလာမှုသည် သူ့ကိုအမှန်ပင် ကြောက်ရွံ့စေသည်။ သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုသည် ဒီရေလှိုင်းလုံးကြီးအလား လျင်မြန်စွာ ကြီးထွားမြင့်တက်လာသည်။

      ထောင်ချင်းစန့် အောက်ပိုင်းခရိုင်ရဲ့ ဒဏ္ဍာရီ...

     သူ အထွတ်အထိပ်ရောက်နေချိန်မှာပင် မမှားယွင်းရဲခဲ့သောသူ...

     ထောင်ချင်းစန့်သည် အသက်ရှင်နေရုံသာမက ကျွန်းပေါ်ကိုပင် ရောက်ရှိလာခဲ့သည်။

       ဘာကြောင့်လဲ

     ဒါက ချင်နန်ကြောင့်လား...

     ဒီချင်နန်က ဘယ်လောက်ထူးခြားလို့ ထောင်ချင်းစန့်တောင်မှ ထွက်လာရတာလဲ...
 
      “ငါမင်းကို မှတ်မိတယ်...မင်းက အရင်တုန်းက ငါ့ကို သောက်ဖို့ခေါ်ခဲ့တဲ့ နတ်ဆိုးအမြုတေဆိုတဲ့ နာမည်နဲ့ တစ်ယောက်မလား"
     ထောင်ချင်းစန့် ခံစားချက်မဲ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
      “ငါတို့က တစ်ယောက်နဲ့ တစ်ယောက် သိတာကြောင့် နောက်ထပ်အချိန်ဖြုန်းစရာ မလိုတော့ဘူး...ရွေးချယ်စရာနှစ်ခုရှိတယ်...ပထမတစ်ခုက မင်းရဲ့ ဘဝတစ်လျှောက်လုံး အစေခံလုပ်ရမယ်...ဒုတိယတစ်ခုက သေရမယ်"

     ဘန်း...

      နတ်ဆိုးအမြုတေအရှင်သည် သူ၏ နှလုံးသား တင်းကျပ်သွားသည်ဟု ခံစားလိုက်ရသည်။

      သိုင်းအရှင်တစ်ယောက်အနေဖြင့် သူ၏ ဘဝတစ်လျှောက်လုံး တစ်ခြားသူတစ်ယောက်၏ အစေခံ မည်သို့လုပ်နိုင်ပါမည်နည်း...

     ဒုတိယရွေးချယ်စရာအတွက်မူ သူပို၍ပင် သေရန်ဆန္ဒမရှိချေ။

     သို့သော်လည်း ထောင်ချင်းစန့်သည် သူ၏ စကားအတိုင်း လုပ်မည်ကို နတ်ဆိုးအမြုတေအရှင် ရှင်းလင်းစွာ သိသည်။
     ထိုအချိန်၌ နတ်ဆိုးအမြုတေအရှင်သည် ချင်နန်၏ စကားများကို ပြန်လည်အမှတ်ရသွားကာ သူ၏ မျက်နှာပူထူသွားသည်။ ချင်နန်သည် သူ့ကို လေးနက်စွာဖြင့် အကြံပေးခဲ့သည်။ သို့သော်လည်း ချင်နန်၏ စကားများကို သူ ခေါင်းထဲ မထည့်ခဲ့ပေ။

      နတ်ဆိုးအမြုတေအရှင် အလွန်နောင်တရနေသည်။ အကယ်၍ ထောင်ချင်းစန့် ဤနေရာသို့ ရောက်ရှိလာမည်ကို သူသိရှိခဲ့ပါက သူ ချင်နန်ကို မည်သို့မျှ အပြစ်ပြုရဲလိမ့်မည် မဟုတ်ပါ။

      “ငါ...ငါတို့ ဆွေးနွေးလို့ရမလား..."
      နတ်ဆိုးအမြုတေအရှင်သည် သူ၏ နှလုံးသားထဲမှ ကြီးထွားလာသော ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်ပြီး ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။ သူ၏ သိုင်းအရှင်အဆင့်ဟူသည့် ဂုဏ်ဒြပ်သည် လုံးဝကျန်ရှိတော့ခြင်းမရှိပေ။

    ထောင်ချင်းစန့်သည် မည်သည့်စကားမှ မပြောဘဲ သူ၏ မျက်လုံးများသာ အနည်းငယ် အရောင်လက်သွားသည်။

   ထောင်ချင်းစန့်၏ မျက်လုံး အနည်းငယ် အရောင်လက်သွားခြင်းကြောင့် နတ်ဆိုးအမြုတေအရှင်၏ နှလုံးသားထဲတွင် အဆုံးမဲ့ပေါက်ကွဲခြင်းများ ဖြစ်ပေါ်သွားသည်။

     ချေးပဲ....

    ထောင်ချင်းစန့်က ငါ့ကို သတ်တော့မှာလား...

     ထိုအချိန်၌ ရုတ်တရက် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

      ကျွန်း၏ အထက်မှ လေဟာနယ်သည် စုတ်ပြဲလာပြီး ပုံရိပ်သုံးခုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု၊ ထိပ်ပိုင်းခေါင်းဆောင်လျိုနှင့် ထိပ်ပိုင်းခေါင်းဆောင်ကျန်းတို့ ဖြစ်ကြသည်။
      ထောင်ချင်းစန့်ထံမှ သတင်းစကားကိုရရှိပြီးနောက် သူတို့သုံးယောက်သည် ချက်ချင်းပင် သူတို့၏ ကိုယ်ပွားများကို စေလွှတ်ခဲ့ကြပြီး အချိန်မီရောက်ရှိလာခဲ့ကြခြင်းသည်။

     “ဘာ..."
      နတ်ဆိုးအမြုတေအရှင် သူ၏ ဦးရေပြားထုံသွားသည်။
     နတ်ဆိုးအမြုတေအရှင်သည် သူတို့၏ မျက်နှာများကို အလွန်ရင်းနှီးကျွမ်းဝင်မှုရှိပေသည်။

     ယခင်က အောက်ပိုင်းခရိုင်တွင် ဤလူလေးယောက်နှင့် အမျိုးသမီးတစ်ယောက်သည် ကြီးမားသည့် ကိစ္စကြီးတစ်ခုနှင့်ပတ်သတ်ပြီး အံ့ဖွယ်အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသည်။
    သို့သော်လည်း ထိုအဖြစ်အပျက် ဖြစ်ပွားသွားပြီးသည့်နောက်တွင် ထောင်ချင်းစန့်သည် မြင့်မြတ်နေရာနှစ်ခု၏ လိုက်လံဖမ်းဆီးခြင်းခံခဲ့ရကာ အခြားသူများမှာလည်း လူမြင်ကွင်းသို့ သိပ်ထွက်ပေါ်လာခြင်းမရှိတော့ပေ။

      ဘာကြောင့် သူတို့အားလုံးက တစ်ပြိုင်တည်းပေါ်လာကြတာလဲ...

      သူတို့ ဒီကိုရောက်လာကြတာက ချင်နန်ကြောင့်လား...
 
      “နတ်ဆိုးအမြုတေ"
       ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများသည် နတ်ဆိုးအမြုတေအရှင်ကို ချက်ချင်း အသိအမှတ်ပြုလိုက်ကြသည်။ နတ်ဆိုးအမြုတေအရှင် အသက်ရှင်နေဆဲဖြစ်လိမ့်မည်ဟု သူ‌တို့ မမျှော်လင့်ထားခဲ့ကြပေ။

      “သေလိုက်"
      ထောင်ချင်းစန့်သည် နောက်ထပ်အချိန်ဖြုန်းချင်စိတ်မရှိပေ။ သူ၏ စကားဆုံးသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင်တွင် အကန့်အသတ်မဲ့ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လာသည်။

    “ရပ်လိုက်"
    သေမင်း၏ အငွေ့အသက်ကို ရပ်လိုက်သောအခါ နတ်ဆိုးအမြုတေအရှင် ချက်ချင်းပင် နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံ၏ အရှိန်ကို မြှင့်လိုက်သဖြင့် ချင်နန်၏ စိတ်ဝိညာဉ်သည် ဖောက်ထွင်းမြင်နိုင်လုနီးပါးထိ ကြည်လင်လာသည်။

      ထို့နောက် သူ အလွန်ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
       “အားလုံးပဲ အခုချက်ချင်းရပ်လိုက်...မင်းတို့ လှုပ်ရှားတာနဲ့ ငါသူ့ရဲ့ စိတ်ဝိညာဉ်ကို လုံးဝဖျက်ဆီးပစ်မယ်...သူ့ကိုလည်း ငါနဲ့အတူ ငရဲကို ခေါ်သွားမယ်"

      “ဟမ်..."
      ထောင်ချင်းစန့်၏ လှုပ်ရှားမှုလည်း ရပ်တန့်သွားသည်။

      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများ၏ မျက်လုံးများ အေးစက်သွားသည်။

      “အင်ပါယာ...အင်ပါယာအမြစ်ဖြတ်သူနဲ့ မင်းတို့ သုံးယောက်"
       နတ်ဆိုးအမြုတေအရှင်သည် တံတွေးတစ်လုတ်ကိုမျိူချလိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
      “ငါမသိဘူး...ဒီလူငယ်က မင်းတို့တွေနဲ့ ပတ်သက်နေမယ်ဆိုတာ ငါမသိခဲ့ဘူး...ဖြစ်ပျက်ခဲ့တာက ငါ့အမှားပါ...ဒါငါ့ရဲ့ အမှားပါပဲ...ဒီတစ်ခါတော့ ငါ့ရဲ့ အသက်ကိုချမ်းသာပေးပါလား...ငါသူ့ကို လွှတ်ပေးပါမယ်"

      “မင်းရဲ့ အသက်ကို ချမ်းသာပေးရမယ်"
       ထောင်ချင်းစန့် ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
      “မင်းရဲ့ အိပ်မက်ထဲမှာပဲ ရလိမ့်မယ်"

      ဝှစ်...

      ထိုစကားများပြောပြီးသည်နှင့် ထောင်ချင်းစန့်၏ ပုံရိပ်သည် လေဟာနယ်ကို ဖြတ်သန်းသွားပြီး နတ်ဆိုးအမြုတေအရှင်၏ အထက်သို့ ရောက်ရှိသွားသည်။

      နတ်ဆိုးအမြုတေအရှင် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး အော်ဟစ်လိုက်သည်။
      “ထောင်ချင်းစန့် မင်းငါ့ကို သတ်ရင် ငါလည်း သူ့ကိုပါ အပါခေါ်သွားမယ်"
     နတ်ဆိုးအမြုတေအရှင်သည်  ထိုစကားများပြောကာ နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံ၏ အရှိန်ကို ထပ်မြှင့်လိုက်ပြီး ချင်နန်၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ လောင်ကျွမ်းစေလိုက်သည်။

      “သူ့ကိုကယ်"
      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများသည် သူတို့၏ စွမ်းအားများကို လျှို့ဝှက်စွာ စုစည်းထားပြီးသားဖြစ်သည်။
     ထိုမြင်ကွင်းအားကြည့်ကာ သူတို့သည် ချက်ချင်းပင် တည်နေရာခုန်ကူးခြင်းစွမ်းအားကို အသုံးပြု၍ ချင်နန်ကို ဝေးရာသို့ ခေါ်သွားရန်ပြင်လိုက်သည်။

      အဆုံး၌ နတ်ဆိုးအမြုတေအရှင်သည် သူ၏ စွမ်းအားများ အပြည့်အ၀ ပြန်လည်မရရှိသေးချေ။ သူသည် ချင်နန်ကို မျက်တောင်တစ်ခတ်အတွင်း သတ်နိုင်စွမ်းမရှိပေ။

      ထောင်ချင်းစန့်၏ လက်ထဲမှ အနက်ရောင်ဆေဘာသည်လည်း သနားညှာတာမှုမပြဘဲ နတ်ဆိုးအမြုတေအရှင်၏ ဦးခေါင်းဆီသို့ ဆင်းသက်လာသည်။

     သို့သော်လည်း ထိုအခိုက်အတန့်၌

     နတ်ဆိုးစိတ်ဝိညာဉ်မီးလျှံများဖြင့် လောင်ကျွမ်းခြင်းခံနေရသော ချင်နန်၏ စိတ်ဝိညာဉ်ထံမှ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည့် ရှေးကျသော အင်အားတစ်ခု ထွက်ပေါ်လာသည်။

      ဘန်း...ဘန်း...ဘန်း...ဘန်း...ဘန်း...

      ထိုစဉ်အတောအတွင်း ကျွန်း၏ အထက်တွင် ရုတ်တရက် ထိတ်လန့်စရာပေါက်ကွဲမှုများ အဆက်မပြတ်ဖြစ်ပွားသွားသည်။ လေဟာနယ်မှာ ချက်ချင်းပင် ကွဲအက်သွားပြီး အမျိုးမျိုးသော လေပြင်းများ၊ မိုးကြိုးများ၊ မီးများနှင့် လျှပ်စီးများ လင်းလက်ထစ်ချုန်းရိုက်ခတ်လာသည်။

      ထိုအချိန်၌...

     ၎င်းသည် ထောင်ချင်းစန့်၏ မျက်နှာအမူအရာ ပထမဆုံးအကြိမ်ပြောင်းလဲသွားခြင်းဖြစ်သည်။

      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများမှာလည်းအလွန်အံဩတုန်လှုပ်သွားကြသည်။

     ရှုံ့မဲ့သော မျက်နှာထားဖြင့် နတ်ဆိုးအမြုတေအရှင်ပင် လုံးဝတောင့်တင်းနေသည်။

      အကြောင်းအရင်းမှာ သူတို့သည် အမှန်တကယ် ကြောက်မက်ဖွယ်ရာကောင်းသည့် သိုင်းအရှင်အဆင့်ထက်သာလွန်‌သော၊ အရာအားလုံးထက်သာလွန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

      “မင်းက စည်းကျော်သွားပြီ...မင်းသေကို သေရမယ်"
      အေးစက်သည့် ရှေးကျသော အသံတစ်သံနှင့်အတူ ကြီးမားသော အရာဝတ္ထုပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း အရာဝတ္ထုကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ခြင်းမရှိပေ။

      “ဒါ..."
      ထောင်ချင်းစန့်၊ ထိပ်ပိုင်းခေါင်းဆောင်လျိုနှင့် အခြားသူများ အံ့ဩတုန်လှုပ်သွားကြသည်။

      နတ်ဆိုးအမြူတေအရှင်မှာလည်း ဆွံ့အလျက်ရှိနေသည်။

      စည်းကျော်သွားပြီ...

      စည်းကျော်သွားပြီဆိုတာ ဘာလဲ...

      ဒီချင်နန်က လုံးဝထိလို့မရတဲ့လူလို့ သူတို့ဆိုလိုနေတာလား...

      လူစု သတိပြန်မဝင်နိုင်သေးခင်မှာပင် လီတစ်ရာအတွင်းမှ လေဟာနယ်သည် ရုတ်တရက် တွန့်လိမ်ကာ အက်ကြောင်းများ ထသွားပြီး ကြောက်မက်ဖွယ်ရာအော်ရာနှင့် လူတစ်ယောက် ထွက်ပေါ်လာသည်။

      “ဘယ်လိုရဲရင့်တာလဲ"
     ကောင်းကင်နှင့် ကမ္ဘာမြေကြီး ကွဲအက်သွားသကဲ့သို့ ကျယ်လောင်သော အော်သံတစ်သံကို ကြားလိုက်ရသည်။ အခြားသူမဟုတ် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ပင် ဖြစ်သည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၃၇၅) ဖီလာဆေးပညာနှစ်ချုပ်စာအုပ်

     “ဆရာ"

    “မြင့်မြတ်နေရာခေါင်းဆောင်"

     ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုတို့ လူစုအံ့အားသင့်သွားသည်။

     ထောင်ချင်းစန့်ပင် မှင်တက်နေလျက်ရှိသည်။

     ဘာဖြစ်သွားတာလဲ...

     ဆရာက ဘာလို့ဒီကိုရောက်လာတာလဲ...

     အဓိကအချက်အနေဖြင့် သူတို့သည် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်အား လွန်ခဲ့သောအချိန်အတော်ကြာကတည်းက သိရှိခဲ့ခြင်းဖြစ်သောကြောင့် မြင့်မြတ်နေရာခေါင်းဆောင် ထွက်ပေါ်လာရန်အတွက် မည်မျှခက်ခဲကြောင်းကို သူတို့ ရှင်းလင်းစွာသိပေသည်။
      မြင့်မြတ်နေရာနှစ်ခု၏ ရွေးချယ်မှုတွင်ပင် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် ဖေးရန်မြင့်မြတ်နေရာခေါင်းဆောင်ထွက်ပေါ်လာမှသာ ကိုယ်ရောင်ပြခဲ့သည်။

       နောက်ထပ်အနေဖြင့် လက်ရှိအဖြစ်အပျက်သည် ချင်နန် အန္တရာယ်‌ကျရောက်ခြင်းလေးသာ ဖြစ်သည်။

      အရေးကြီးဆုံးကတော့....

     ဒီကောင်းကင်ပေါ်မှာ လွင့်မျောနေတဲ့ ကြီးမားတဲ့အရာကြီးက ဘာကြီးလဲ...

      ဘာကြောင့် အဲဒါက ထွက်ပေါ်လာရတာလဲ...

     စည်းကျော်သွားပြီဆိုတာ ဘာကိုဆိုလိုတာလဲ...

     သူတို့၏ စိတ်ထဲတွင် မရေတွက်နိုင်သော အတွေးများများနှင့် ချာချာလည်နေသည်။

      ချင်နန်သည် သူတို့ တွေးထင်ထားသည်ထက်ပင် ပို၍လျှို့ဝှက်ဆန်းကြယ်ပုံရသည်။

     အထူးသဖြင့် နတ်ဆိုးအမြုတေအရှင်သည် လုံးဝတုန်လှုပ်ချောက်ချားနေသည်။ အောက်ပိုင်းခရိုင်တွင် နှစ်ပေါင်းရာကျော်လှည့်လည်သွားလာခဲ့သော အတွေ့အကြုံသည် ယခုအချိန်၌ အသုံးဝင်ခြင်း မရှိတော့ပါ။
      ချင်နန်သည် ပြိုင်ဘက်ကင်းဂျီးနီးယပ်တစ်ယောက်ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

       အင်ပါယာအမြစ်ဖြတ်သူနှင့် ထိပ်ပိုင်းခေါင်းဆောင်များ ရောက်ရှိလာခြင်းသည် သူ့အား လုံလောက်စွာ အံ့ဩတုန်လှုပ်စေခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်သည် ထိုနေရာ၌ ရပ်တန့်သွားခြင်းမရှိဘဲ ကောင်းကင်ပေါ်မှ လုံးဝလျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုကြီးတစ်ခုနှင့် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်လည်း ရောက်ရှိလာခဲ့သည်။

      မင်းငါ့ကို နောက်နေတာလား....

      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်...

      လုံးဝကြောက်ဖို့ကောင်းတဲ့ ထူးခြားဆန်းကြယ်တဲ့အရာဝတ္ထုကြီး...

       ဒီကြောက်ဖို့ကောင်းတဲ့ လူတွေအားလုံးက ချင်နန် အသက်အန္တရာယ်ကျရောက်လို့ ရောက်လာကျတာလား...

     “သေတော့"
     ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် နတ်ဆိုးအမြုတေအရှင်ကိုကြည့်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။

    နတ်ဆိုးအမြုတေအရှင်သည် အံ့အားသင့်သွားပြီး သူ၏ ကျောက်ရုပ်ထုခန္ဓာကိုယ်ကြီးသည် အင်အားတစ်ခုဖိချေလိုက်သကဲ့သို့ လျင်မြန်စွာ ပျက်စီးသွားသည်။

      ကြောက်မက်ဖွယ်ရာအင်အားသည် သိုင်းအရှင်တစ်ယောက်၏ စွမ်းအားဖြစ်သည်။

      “မြင့်မြတ်နေရာခေါင်းဆောင်...ကျေးဇူးပြုပြီး ကျုပ်ရဲ့အသက်ကို ချမ်းသာပေးပါ...ကျုပ်အစေခံလုပ်ပါ့မယ်"
      နတ်ဆိုးအမြုတေအရှင် စူးရှစွာ အော်လိုက်သည်။
    သူသည် မြင့်မြတ်နေရာနှစ်ခု၏ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရသောကြောင့် သူ၏ ကျင့်ကြံမှုကို စည်းတံဆိပ်ခတ်ပြီး ဘိုးဘေးဆန်းကြယ်မှုနယ်မြေအဖြစ် ပြောင်းလဲခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ် ရရှိလာဖို့ အခွင့်အရေး ရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ သူ သေချင်စိတ်မရှိပေ။

      ဒီလိုအခြေအနေမှာ ဂုဏ်သိက္ခာကို ဘယ်သူက စောက်ဂရုစိုက်စရာလိုလို့တုန်း...

     လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း သူအသက်ရှင်လိုစိတ်ပြင်းပြနေသောကြောင့် အစေခံတစ်ယောက်ဖြစ်ရလျှင်ပင် သူအခွင့်အရေးကို လက်မလွှတ်ချင်ပေ။

      “သူ့ရဲ့ ကျွန်ဖြစ်ဖို့ မင်းမှာ အခွင့်အရေးမရှိဘူး...ဒါပေမဲ့ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်းကိုယ်မင်း ဖီလာဆေးပညာနှစ်ချုပ်စာအုပ်အဖြစ်‌ပြောင်းလဲပြီးတော့ ချင်နန့်ကို ကူညီရမယ်"
      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင် အသက်မဲ့သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

      နတ်ဆိုးအမြုတေအရှင်၏ ခန္ဓာကိုယ်ပေါ်မှ အဖျက်စွမ်းအား ရပ်တန့်သွားသည်။

      “ဘာ...ခင်ဗျား ကျုပ်ကို ဖီလာဆေးပညာနှစ်ချုပ်စာအုပ်အဖြစ် ပြောင်းလဲပြီးတော့ သူ့ကို ကူညီခိုင်းနေတာလား"
      နတ်ဆိုးအမြုတေအရှင်၏ မျက်နှာ ရှုံ့တွသွားသည်။
 
      ဖီလာဆေးပညာနှစ်ချုပ်စာအုပ်သည် နတ်ဆိုးအမြုတေအရှင် ငယ်ရွယ်စဉ်က ကံကောင်းပြီး ကြုံတွေ့ခဲ့ရသည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည် ရှေးဟောင်းဆေးပညာအနှစ်ချုပ်စာအုပ်တစ်အုပ်ဖြစ်ပြီး အလွန်ထူးခြားပေသည်။ ၎င်း၏ အကူအညီဖြင့် နတ်ဆိုးအမြုတေအရှင်သည် ထူးဆန်းသော နည်းလမ်းများကို အသုံးပြုခဲ့သော်လည်း ဆေးအမြောက်အမြားကို ဖော်စပ်နိုင်ခဲ့သည်။
    လက်ရှိအချိန်၌ နတ်ဆိုးအမြုတေအရှင်တွင် ခန္ဓာကိုယ်မရှိဘဲ သိုင်းအရှင်စွမ်းအားသာ ကျန်ရှိသည်။ ထို့ကြောင့် သူသည် ဖီလာဆေးပညာနှစ်ချုပ်စာအုပ်နှင့် ပေါင်းစည်းနိုင်စွမ်းရှိပေသည်။

     အကယ်၍ သူသည် ချင်းလုံမြင့်မြတ်နေရာ၏ အစေခံဖြစ်သွားပါက တစ်နေ့ သူသိုင်းသူတော်စင်အဆင့်ရောက်သွားသည့်အခါ၌ သူမည်သူမည်ဝါဖြစ်ကြောင်းကို ပြန်လည်ထုတ်ဖော်နိုင်စွမ်းရှိသည်။ သို့သော်လည်း ဖီလာဆေးပညာနှစ်ချုပ်စာအုပ်နှင့် ပေါင်းစည်းလိုက်ပါက သူ၏ ကျင့်ကြံမှုကို ဆက်လက်မြှင့်တင်နိုင်ဖို့ အခွင့်အ‌ရေးရှိတော့မည်မဟုတ်ပါ။

       ထိပ်ပိုင်းခေါင်း‌ဆောင်သွမ့်မုနှင့် အခြားသူများပင် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်၏ တောင်းဆိုမှုသည် အလွန်ခက်ခဲသည်ဟု ခံစားရပေသည်။
     အဆုံး၌ နတ်ဆိုးအမြုတေအရှင်သည် သိုင်းအရှင်အဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ပေသည်။ ထို့ကြောင့် ချင်နန်ကို ကူညီကာ အစေခံတစ်ယောက်လုပ်ခြင်းကပင် သူ့အတွက် အလွန်ခက်ခဲသည်။

       “သူ့ဆီမှာ တာဝန်ထမ်းခွင့်ရတာက အရမ်းဂုဏ်ယူစရာကောင်းတဲ့ဟာကို မင်းက ဘာတွန့်ဆုတ်နေတာလဲ...မင်းက ဒီနေ့ အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့တာကြောင့် လူတိုင်းရဲ့ ကိုယ်စား ငါမင်းကို အပြစ်ပေးမယ်"
      ထိုအချိန်၌ ကြီးမားသော မှုန်ဝါးသည့် အရာကြီးထံမှ အေးစက်သောအသံကို ထပ်မံကြားလိုက်ရသည်။

      ဘန်း....

     ရုတ်တရက် ရှေးကျသည့် စွမ်းအားတစ်ခုသည် ဥက္ကာပျံတစ်ခုကဲ့သို့ နတ်ဆိုးအမြုတေအရှင်ပေါ်သို့ ကျရောက်သွားသည်။

      “မင်း..."
     နတ်ဆိုးအမြုတေအရှင်၏ မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွားသည်။ သူစကားတစ်လုံးသာ ပြောထွက်နိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ကြီးမားသော လက်ကြီးနှစ်ဖက်ဖြင့် ဖိညှပ်လိုက်သလို ပိပြားသွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူသည် စာအုပ်တစ်အုပ်အဖြစ် ဖိသိပ်ခံလိုက်ရသည်။
     စာအုပ်သည် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်ဟု ထင်ရပြီး ၎င်းအပေါ်တွင် မရေမတွက်နိုင်သော စာလုံးသ‌င်္ကေတများ ထိုးထွင်းထားသည်။ ထို့ပြင် စာအုပ်ထံမှ သိုင်းအရှင်အဆင့်အော်ရာ ခပ်ရေးရေးလည်း ထွက်ပေါ်နေသည်။

     “ဒါ..."
     ထောင်ချင်းစန့်၊ ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများ အံ့ဩတုန်လှုပ်သွားကြသည်။

     နတ်ဆိုးအမြုတေအရှင်၏ ကျင့်ကြံမှုသည် ထိပ်ဆုံးသို့မရောက်ရှိသေးသော်လည်း သူသည် ကြောက်မက်ဖွယ်ရာစွမ်းအားကို ပိုင်ဆိုင်နေဆဲဖြစ်သည်။ သို့သော်လည်း ထူးခြားဆန်းကြယ်သည့် အရာကြီးသည် သူ့အား ဖီလာဆေးပညာနှစ်ချုပ်စာအုပ်နှင့် ပေါင်းစည်းခဲ့သည်။ နတ်ဆိုးအမြုတေအရှင်ထံတွင် ခုခံနိုင်ခွင့်နည်းနည်းလေးမျှ မရှိခဲ့ပေ။

      သိုင်းသူတော်စင်တစ်ယောက်ပင် ဤကဲ့သို့ စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

      “ပေါင်းစည်း"
     စာအုပ်ဖြစ်ပေါ်လာသည်နှင့် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် သူ၏ လက်ချောင်းကို လှုပ်ယမ်းလိုက်သည်။

     ဖီလာဆေးနှစ်ချုပ်စာအုပ်သည် ချင်နန်၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းသွားသည်။

    ဘန်း...

     ချင်နန်၏ စိတ်ဝိညာဉ်သည် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့ပြင် ဖီလာဆေးနှစ်ချုပ်စာအုပ်နှင့် ပေါင်းစည်းပြီးနောက် ၎င်းထံမှ အစွမ်းထက်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကိုလည်း စတင်ကုစားလာခဲ့သည်။
      သို့သော်ငြား ချင်နန်သည် အသိစိတ်လွတ်ကင်းနေသောအခြေအနေ၌ ရှိနေသောကြောင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိရှိခြင်းမရှိပေ။

      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် သူ၏ အထက်ရှိ ကောင်းကင်ကို တစ်ခဏတာငေးမောနေလိုက်ပြီးနောက် ထွက်ခွာရန်ပြင်လိုက်သည်။

     လူတိုင်း အံ့အားသင့်စွာပင် ကောင်းကင်ပေါ်မှ ထူးခြားဆန်းကြယ်သော အရာကြီးသည် ရုတ်တရက် ပြောလိုက်သည်။
      “ကျင့်ကြံသူချင်းလုံ...မင်းက သိုင်းသူတော်စင်အဆင့်ကျင့်ကြံမှုလေးနဲ့ ငါ့ကို မြင်နိုင်တယ်‌ပေါ့...မင်းက ဘယ်သူလဲ"

     ထောင်ချင်းစန့်၊ ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် အခြားသူများ သူတို့၏ နှလုံးသားများ ခုန်ပေါက်သွားသလိုခံစားလိုက်ရသည်။                        
     စကားလုံးများသည် နက်ရှိုင်းသော လျှို့ဝှက်ချက်တစ်ခုနှင့် ဆက်နွှယ်နေသည်။

      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
      “မင်းအတွက် ငါဘယ်သူဆိုတာ ခန့်မှန်းနေလို့ အကျိုးမရှိဘူး...ဒါ့အပြင် မင်းကို အမြဲတမ်းစောင့်ကြည့်နေတဲ့အတွက်ကြောင့် မင်းကိုယ့်ကိုယ်ကို မပြသင့်ဘူး"

      ထိုစကားများပြောပြီးသည်နှင့် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် တစ်ချက်ခေါင်းလှည့်ခြင်းမရှိဘဲ လေဟာနယ်ကို ဆွဲဖြဲလိုက်သည်။ သို့သော်လည်း အပေါက်ထဲမဝင်မီတွင် သူ၏ အေးဆေးသော အသံကို ကြားလိုက်ရသည်။
      “ချင်းစန့် မင်းအကောင်းဆုံး ကြိုးစားခဲ့ပါတယ်....ငါမင်းကို အပြစ်မတင်ပါဘူး"

     ထောင်ချင်းစန့်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

     ထိုအချိန်၌ အထက်ကောင်းကင်၌တွင်ရှိ‌သော ထူးခြားဆန်းကြယ်သည့်အရာကြီးမှာ သိုင်းကံကြမ္မာနန်းဆောင်ဖြစ်သည်။

     သိုင်းကံကြမ္မာနန်းဆောင်၏ ပဉ္စမထပ်ထဲရှိ စစ်ဆေးသူများနှင့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တို့၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။

     သူတို့ ဝင်ရောက်စွက်ဖက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ချင်နန်၏ လျှို့ဝှက်ချက်များ ထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
     သို့သော်လည်း သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူတစ်ယောက်သည် သူတို့ကို မြင်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

      ထို့ပြင် အထူးသဖြင့် ဤသိုင်းသူတော်စင်သည် ကန်းလန်တိုက်ကြီး၏ လျှို့ဝှက်ချက်များကိုပင် သိပုံရသည်။

      သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူလေးအတွက် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

      “သူက ဘယ်သူလဲ"
     လူငယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ အောက်ပိုင်းခရိုင်အတွင်းရှိ တစ်စုံတစ်ယောက်သည် သူတို့အား တွေ့မြင်သည်ကို ကြုံရခြင်းမှာ သူတို့၏ ပထမဆုံးအကြိမ်သာဖြစ်သည်။

Continue Reading

You'll Also Like

66.6K 5.9K 200
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟ...
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
124K 16.7K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
111K 10.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...