အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၃၀၁ - ၃၀၅

548 53 0
By Azure5549


အပိုင်း(၃၀၁)အိမ်မက်ဆိုးစတင်ခြင်း

      ရှေးနဂါးလေလံခန်းမ၏ ဒုတိယထပ်တွင်....

      သာယာသောကူချင်းတီးသံသည် နေရာတစ်ခုလုံးအား လွှမ်းမိုးထားပြီး  ကျင့်ကြံသူများမှာ တစ်ယောက်နှင့်တစ်ယောက် အသီးသီး စကားပြောနေကြ၏။
     ကျန်းဟွမ်၊ နတ်နားခြောက်ဖက်ရှင်၊ တစ်ဖက်သောလက်သိုင်းသခင်၊ အလိမ္မာဓားသခင်၊ အဖြူရောင်ဝတ်စုံနှင့် သူတော်စင်မိန်းကလေး၊ ဖုန်းယွီ၊ ချင်ရှင်းစားသောက်ဆိုင်ပိုင်ရှင်နှင့် ဂျီးနီးယပ်များဖြစ်ကြသည့် လန်ကျင့်ရှုံ၊ ဟွန်ဖူတို့အပါအဝင် လူတော်တော်များများ ရှိနေကြသောကြောင့် ဒုတိယထပ်မှာ သက်ဝင်လှုပ်ရှားလျက်ရှိသည်။

    “ ဒီနေရာမှာရှိတဲ့လူတိုင်းကို ကျွန်မ အကူအညီတစ်ခုလောက်တောင်းချင်ပါတယ် "
    အဖြူရောင်ဝတ်စုံဝတ်ဆင်ထားကာ မျက်နှာဖုံးကွယ်ထားသော သူတော်စင်မိန်းကလေးသည် နူးညံ့သိမ်မွေ့သော အသံဖြင့်ပြောလိုက်သည်။

    လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားကြပြီး သူတော်စင်မိန်းကလေးကို အာရုံစိုက်လိုက်သည်။

    “ သိပ်မကြာခင်တုန်းက လုံဟွာနိုင်ငံက ချင်နန်လို့ခေါ်တဲ့ ဂျီးနီးယပ်တစ်ယောက်က ကျန်းဟွမ်မြို့တော်ကို ရောက်လာခဲ့တယ် "
    သူမ၏ မျက်နှာကိုဖုံးကွယ်ထားသော်လည်း လူအုပ်ကြီးသည် သူမ၏ မျက်နှာပေါ်မှ ချိုသာသောအပြုံးကို ခံစားနိုင်ပေသည်။
    “ ကျွန်မနဲ့ ချင်နန်နဲ့ ကြားမှာ ပဋိပက္ခရှိခဲ့ပေမဲ့ ကျန်းဟွမ်မြို့ရဲ့ စည်းမျဉ်းကြောင့် ကျွန်မ ဘာမှ မတတ်‌နိုင်ခဲ့ပါဘူး...ဒါ့ကြောင့် သူ့ကို ကမ္ဘာကြီးမှာ ဘယ်လိုနေသင့်ထိုင်သင့်တယ်ဆိုတာ နားလည်စေဖို့ ကျွန်မ ရှင်တို့ရဲ့ အကူအညီလိုအပ်ပါတယ်...ဒီလို လုပ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်မ ဆုအကြီးကြီးပေးပါမယ် "

    အစွမ်းထက်ကျင့်ကြံသူများနှင့် ဂျီးနီးယပ်များ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
    ၎င်းသည် ကုန်သွယ်ရေးမဟာမိတ်၏ သူတော်စင်မိန်းကလေးဖြစ်သည်။ သူတော်စင်မိန်းကလေး၏ ကျေးဇူးကြွေးတင်ခြင်းကိုသာ ခံရပါက အလွန်အကျိုးရှိလိမ့်မည်ဖြစ်သည်။

    “ သူတော်စင်မိန်းကလေး...မစိုးရိမ်ပါနဲ့ ...ဒါကို ကျုပ်စိတ်ထဲမှာ မှတ်ထားလိုက်ပါပြီ...လုံဟွာနိုင်ငံက လူတွေအားလုံးက တဇွတ်ထိုး ငတုံးတွေချည်းပါပဲ "
    အလိမ္မာဓားသခင်သည် ပထမဆုံးတုံ့ပြန်ကာ ပြောလိုက်သည်။

    “ ဟန့်...ဒီ ချင်နန့်ကို သေချာပေါက် သင်ခန်းစာပေးသင့်တာပဲ "
    တစ်ဖက်သောလက်သိုင်းသခင်သည် မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ချင် ဆိုသည့်နာမည်ကြားလိုက်ရသောအခါ သူ ဒေါသထွက်သွားခဲ့သည်။

    “ ဒါမှန်တယ်...ဒီလို လူစားမျိုးကို သင်ခန်းစာမပေးရန် ကမ်းကုန်အောင် ဘဝင်မြင့်နေလိမ့်မယ် "

    “ ဟား...ဟား...ဟား...ငါ သိပ်မကြာခင်မှာ သူ့ဆီ သွားလည်မယ် "

    “ ငါ့အမြင်အရတော့ သူ့ကို ခြေလက်တွေဖြတ်ပစ်သင့်တယ်ထင်တာပဲ...အဲ့ဒါက အကောင်းဆုံးဖြစ်လိမ့်မယ် "

    “ ........... "

    အစွမ်းထက်ကျင့်ကြံသူများနှင့် ဂျီးနီးယပ်များသည် သူတော်စင်မိန်းကလေး၏ စကားကို ‌ထောက်ခံလိုက်ကြသည်။

    သူတို့၏ အမြင်အရ လုံဟွာနိုင်ငံမှ ဂျီးနီးယပ်များသည် သာမန်စွမ်းအားကိုသာ ပိုင်ဆိုင်ကာ သူတို့၏ အာရုံစိုက်မှုနှင့် ထိုက်တန်ခြင်းမရှိပေ။

    ကျန်းဟွမ်၏ မျက်လုံးများ မှေးစင်းသွားသည်။ ဒီ ကုန်‌သွယ်ရေးမဟာမိတ်သည် တကယ်ကို ဉာဏ်နီဉာဏ်နက်များလွန်းသည်။ ချင်နန် ဒုက္ခရောက်စေရန်အတွက် ဤလူများကို ဆွယ်တရားဟောကာ လှည့်စားခဲ့သည်။ ချင်နန်၌ ထူးခြားသည့်အရာတစ်ခုခုရှိသည်ဟု ထင်ရပေသည်။ သူ၏ သိုင်းဝိညာဉ်နှင့် သူ‌လေ့ကျင့်ခဲ့သည့် သိုင်းပညာကြောင့် သခင်လေးချင်၏ ပုံသဏ္ဍာန်အစစ်အမှန်ကို သူ ‌သိပေသည်။

    “ ဒီကလေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ မသိဘူး... "
   ကျန်းဟွမ်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်လာသည်။ သူ နောက်ထပ် မတွေးတောရသေးခင်မှာပင် နတ်နားခြောက်ဖက်ရှင်၏ အကြည့်ကို သတိပြုမိလိုက်သည်။
   
    နတ်နားခြောက်ဖက်ရှင်သည် ကျန်းဟွမ်ကို လှောင်နေသကဲ့သို့ မချိမချဉ်ပြုံးကာ ကြည့်နေသည်။
    သူ ကျန်းဟွမ်ကို လှောင်နေရခြင်းမှာ ရှေးဟောင်းလောင်းကစားဆိုင်တွင် ချင်နန်ကို ကျန်းဟွမ်က ကာကွယ်ပေးခဲ့သောကြောင့်ဖြစ်သည်။
    မင်းအခု သူ့ကို ဘယ်လို ကာကွယ်မှာလဲ...

    လူတိုင်းသာ ပူပေါင်းလိုက်ရင် မင်း ငါတို့ကို တားဆီးနိုင်မှာလား...

    ဒီ လူယုတ်မာကောင်ချင်နန် သေရမယ်...

   “ မိတ်ဆွေ အလိမ္မာဓားသခင်...ငါ့ရဲ့ ဧကရာဇ်လက်နက်ငါးခုရဲ့ လက်နက်ဝိညာဉ်တွေနဲ့ မင်း ဧကရာဇ်လက်နက်ရဲ့ လက်နက်ဝိညာဉ်က အတူတူပဲမလား "
    ထိုအချိန်၌ ရုတ်တရက် ဖုန်းယွီပြောလိုက်သည်။

    “ ဟီး...ဟီး...ဟုတ်လောက်တယ် "
    အလင်းတစ်ချက်နှင့်အတူ အလိမ္မာဓားသခင်၏ လက်ထဲ၌ နီလာရောင်ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။
    အချိန်အနည်းငယ်အသုံးပြုကာ စစ်ဆေးလိုက်ပြီး‌နောက် ဤဓားသည် သာမန်ဧကရာဇ်လက်နက်များထက် အနည်းငယ်ပိုအစွမ်းထက်ကြောင်းကို သိရှိပြီး‌နောက် သူ စိတ်လှုပ်ရှား ပျော်ရွှင်သွားသည်။ လူယုတ်မာချင်၏ ကျေးဇူးကြောင့် ‌သူ ဈေးပိုပေးလိုက်ရသည်ကိုပင် မေ့လုနီးပါး ဖြစ်နေသည်။

    လူအုပ်ကြီးသည် အတော်အတန်အမြင်ရှိသူများဖြစ်၍ ထူးခြားချက်ကို ချက်ချင်း သတိပြုမိသွားသည်။ သူတို့၏ မျက်လုံးများထဲတွင် မနာလိုသည့် အရိပ်အမြွက်တချို့ ဖြစ်ပေါ်သွားသည်။
    ဒီ ဧကရာဇ်လက်နက်သည် သာမန်မဟုတ်ကြောင်းကို သူတို့သိရှိခဲ့ပါက သူတို့ လေလံပိုပေးကာ ဝယ်ကြမည်ဖြစ်သည်။

    “ လာ ငါ့ရဲ့ ဧကရာဇ်လက်နက်ငါးခုနဲ့ မင်းရဲ့ ဧကရာဇ်လက်နက်ကို ငါတို့ တစ်ချိန်တည်း ထိန်းချုပ်နိုင်လားဆိုတာ စမ်းကြည့်ရအောင် "
    ဖုန်းယွီသည် ဂုဏ်ယူစွာဖြင့် ဧကရာဇ်လက်နက်ငါးခုကို ထုတ်ယူလိုက်သည်။

    ထိုအချိန်၌ ဧကရာဇ်လက်နက်ငါးခုနှင့် အလိမ္မာဓားသခင်၏ ဓားရှည်ကြားထဲတွင် ချိတ်ဆက်ထားသည့်က်ြိုးတစ်ချောင်းရှိသကဲ့သို့ တုန်ခါလာကာ ၎င်းတို့၏ အော်ရာများ စတင်ပေါင်းစည်းလာကြသည်။

    လူအုပ်ကြီးမှာ မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ ဒီ ဧကရာဇ်လက်နက်များသည် အလွန်ကို ထူးဆန်းလှသည်။

    နတ်နားခြောက်ဖက်ရှင်သည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ခြင်းမရှိဘဲ အပြုံးဖြင့်ပြောလိုက်သည်။
     “ ဒီ ဧကရာဇ်လက်နက်တွေနဲ့ စကြဝဠာလက်နက်တွေကို ငါတို့က ကံကောင်းပြီး ရှေးဟောင်းတားမြစ်နေရာတစ်ခုက ရှာတွေ့ခဲ့ဝာာပဲ...နေရာဒေသရဲ့ လွှမ်းမိုးမှုကြောင့် ဒီလက်နက်တွေရဲ့ လက်နက်ဝိညာဉ်တွေက တူညီနေတယ်...ဒါ့ကြောင့် ကုန်သွယ်ရေးမဟာမိတ်က ဒီလို အဖိုးတန်တဲ့ ရတနာတွေကို ရှေးနဂါးလေလံပွဲမှာသာ ရောင်းချသင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်... "

     ထိုစကားများကြားသည့်အခါ လူအုပ်ကြီးမှာ ခေါင်းညိတ်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း ကုန်သွယ်ရေးမဟာမိတ်သည် လူများကို အမြဲတမ်း အံ့အားသင့်စေခဲ့သည်။

    “ ဖုန်းယွီ၊ အလိမ္မာဓားသခင် ငါ့ရဲ့ စကြာဝဠာလက်နက်သုံးခုကို ဝင်္ကပါမျက်လုံးအဖြစ်အသုံးပြုပြီး ဧကရာဇ်လက်နက် အားလုံးနဲ့ ဘယ်လောက်အစွမ်းထက်တဲ့ ဝင်္ကပါကြီးတစ်ခု တည်ဆောက်နိုင်မလဲဆိုတာ ငါတို့ စမ်းကြည့်ရအောင် "
     တစ်ဖက်သောလက်သိုင်းသခင်သည် စိတ်လှုပ်ရှားသည့်လေသံဖြင့်‌ ပြောလိုက်သည်။
     သူ အသစ်စက်စက် ဝယ်ယူထားသည့် လက်နက်ရှစ်ခုမည်မျှအစွမ်းထက်သည်ကို သု အလွန်သိချင်သွားသည်။ ထို့ကြောင့် သူသည် လက်နက်တစ်ဆယ့်လေးခု မည်ကဲ့သို့ စွမ်းအားမျိုး ထုတ်လွှတ်နိုင်မည်ကို သူ တွေ့မြင်ချင်နေပေသည်။

     “ ဒါ အကြံကောင်းကဲ "
     အလိမ္မာဓားသခင်၏ မျက်လုံးများ အရောင်လက်သွားသည်။

     “ ပြဿနာမရှိပါဘူး "
     ဖုန်းယွီသည်လည်း ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

     ဝန်းကျင်မှ အစွမ်းထက်ကျင့်ကြံသူများနှင့် ဂျီးနီးယပ်များမှာလည်း အလွန်အံ့အားသင့်သွားပြီးနောက် သူတို့၏ မျက်နှာထက်တွင် သိချင်စိတ်များဖြင့် ပြည့်နှက်သွားသည်။

     “ အရမ်းကောင်းတယ် "
     တစ်ဖက်သောလက်သိုင်းသခင်သည် တစ်ချက်ပြုံးလိုက်ပြီး လက်နက်ရှစ်ခုကို အရပ်လေးမျက်နှာသို့ ဖြန့်ကြက်လိုက်သည်။

    သူတို့လက်နက်များ၏ စွမ်းအားကို စမ်းထပ်ရန် ဝင်္ကပါတစ်ခုကို ပြင်ဆင်နေချိန်၌ ကျန်းဟွမ်းမြို့တော်အတွင်းရှိ နေအိမ်တစ်အိမ်တွင်....

     ချင်နန်သည် သူနှင့် အဝေးမှ အော်ရာတစ်ဆယ့်လေးခုကိုခံစားလိုက်ရသဖြင့် သူ၏ အသက်ရှူခြင်းများ ပြင်းထန်သွားကာ မျက်လုံးများ လင်းလက်သွားသည်။

    မင်းသမီးမြောင်မြောင်နှင့် လောင်ဂူးသိုင်းဘိုးအေသားရဲမှာလည်း အနည်းငယ် ရင်ထိတ်သွားကြသည်။ သူတို့ မျက်တောင်တစ်ချက်ပင် မခတ်ရဲချေ။
    ကောင်းကင်ကိုတုန်လှုပ်စေမည့်အစီအစဉ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မဖော်နိုင်ကို သူတို့ စိုးထိတ်နေကြသည်။

    “ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ပျက်စီးခြင်းချီမျှင်က ငါနဲ့ လီတစ်ထောင်ဝေးနေရင်တောင် ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ် "
    ချင်နန် ကျယ်လောင်စွာအော်လိုက်ရာ သူ၏ ဒန်တျန်ထဲတွင်ရှိသော ပျက်စီးခြင်းချီမျှင်တစ်ရာကျော်သည် အပြင်းအထန်တုန်ခါ‌လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မမြင်ရသောအင်အားတစ်ခုထွက်ပေါ်လာ‌ကာ ‌အဝေးတွင်ရှိနေသော ရှေးနဂါးလေလံခန်းမဆီသို့ ရောက်ရှိသွားသည်။
    ပျက်စီးခြင်းချီမျှင်၏ ချိတ်ဆက်မှုသည် ပို၍ ခိုင်ခံ့လာသည်ကို ခံစားရသောအခါ သူ၏ မျက်နှာထက်၌ အပြုံးတစ်ခုထွက်ပေါ်လာသည်။
   ကောင်းကင်ကိုတုန်လှုပ်စေမည့် အစီအစဉ်ချမှတ်ရခြင်း၏ အဓိကအချက်မှာ ဧကရာဇ်လက်နက်များနှင့် စကြာဝဠာလက်နက်များကို ပြန်လည်ပြင်ဆင်ပြီးနောက် ပျက်စီးခြင်းချီမှ ဖြစ်ပေါ်လာသော လက်နက်ဝိညာဉ်အား သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်ခြင်းကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။

     ထို့ကြောင့် ချင်နန်၏ စိတ်ထဲ၌ ရဲရင့်သော အစီအစဉ်တစ်ခုဖြစ်ပေါ်လာသည်။ ပထမဆုံးအနေဖြင့် သူသည် စင့်မာခေါင်၏ ရုပ်ဖျက်ပညာရပ်ကို အသုံးပြု၍ ဧကရာဇ်လက်နက်များနှင့် စကြဝဠာလက်နက်များကို လေလံသွားတင်မည်။ ထို့နောက် သူသည် လက်နက်ဝိညာဉ်များကို အဝေးတစ်နေရာမှ အမိန့်ပေးကာ ဖောက်ခွဲပစ်မည်ဖြစ်သည်။
     လက်နက်ဝိညာဉ်များ သူတို့ကိုယ်သူတို့ ‌ဖောက်ခွဲသည့်အခါ လက်နက်သည်လည်း ပေါက်ကွဲသွားပြီး အမှိုက်ဖြစ်သွားလိမ့်မည်ဖြစ်သည်။
     သူ၏ အစီအစဉ်သာ အောင်မြင်သွားပါက သူ အာကိန်းတုံးများစွာရရှိရုံတင်မကဘဲ ကုန်သွယ်ရေးမဟာမိတ်သည်လည်း ကြီးကြီးမားမား ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

     “ ချက်ချင်း ပေါက်ကွဲစမ်း "
    
     ချင်နန်၏ ဘယ်ဘက်မျက်ဆန် ရွှေရောင်ပြောင်းသွားကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။

🐱🐱🐱🐱🐱🐱

အပိုင်း(၃၀၂) မြို့တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်ခြင်း

      ရှေး‌နဂါးလေလံ၏ ဒုတိယထပ်တွင်....

     တစ်ဖက်သောလက်သိုင်းသခင်၏ လက်သည် မှုန်ဝါးသွားကာ စကြာဝဠာလက်နက်သုံးခုကို ဝင်္ကပါမျက်လုံးအဖြစ်အသုံးပြုလိုက်ပြီးနောက် ဧကရာဇ်လက်နက်ငါးခုသည်‌ ဝင်္ကပါ၏ ထောင့်လေးထောင့်သို့ရောက်ရှိသွားကာ  အော်ရာများပေါင်းစည်းလာပြီး ဝင်္ကပါ၏ အခြေခံအုတ်မြစ် ဖြစ်တည်လာသည်။

     “ မင်းတို့နှစ်ယောက် ချက်ချင်းနေရာယူလိုက်ကြတော့ "
     တစ်ဖက်သောလက် သိုင်းသခင်အော်လိုက်သည်။

    “ ကောင်းပြီ "
    ဖုန်းယွီ ပထမဆုံးတုံ့ပြန်လိုက်ကာ သူ၏ ဧကရာဇ်လက်နက်ငါးခုကို ထိန်းချုပ်ကာ မတူညီသော နေရာငါးခုကို ဖြန့်ကြက်လိုက်သဖြင့် ဝင်္ကပါ၏ နောက်ဆုံးနေရာလွတ်တစ်ခုသာ ကျန်ရှိတော့သည်။

    “ ဟီး...ဟီး... "
    အကြည့်တစ်ချက်နှင့်အတူ အလိမ္မာဓားသခင်သည် ဝင်္ကပါ၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည်။ ထို့နောက် သူ၏ ဓားရှည်ကို လစ်လပ်သည့်နေရာအား ချလိုက်ရာ ဝင်္ကပါ ပြီးပြည့်စုံသွားသည်။

    ဝုန်း...

    ကြောက်မက်ဖွယ်ရာ မည်ဟည်းသံကြီးနှင့်အတူ စကြာဝဠာလက်နက်သုံးခုနှင့် ဧကရာဇ်လက်နက်တစ်ဆယ့်တစ်ခုသည် မရေမတွက်နိုင်သော အလင်းတန်းများ ထုတ်လွှတ်ကာ ဝင်္ကပါအသက်ဝင်လာတော့မည်ကဲ့သို့ အပြင်းအထန် တုန်ခါလာသည်။ ဝင်္ကပါထဲမှ  ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုသည် ကြီးထွားလာပြီး ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားရာ နေခြစ်ခြစ်ပူခြင်းနှင့် အရိုးခိုက်အောင်အေးခြင်းစသည့် ဆန့်ကျင်ဘက် ခံစားမှုနှစ်ခုကို ခံစားလိုက်ရသည်။

     အစွမ်းထက်ကျင့်ကြံသူများနှင့် ဂျီးနီးယပ်များအားလုံး အလွန်အံ့ဩတုန်လှုပ်သွားကြသည်။

    ထိုအချိန်၌ ‌လက်နက်တစ်ဆယ့်လေးခုသည် ကြောက်မက်ဖွယ်ရာ မှော်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟုပင် ထင်ရပေသည်။ ဝင်္ကပါထဲမှ ထွက်ပေါ်လာသော အော်ရာ‌စီးကြောင်း သေးသေးလေးတစ်ခုကပင် သူတို့ကို အလွန်ကြောက်ရွံ့သွားစေဖို့ လုံလောက်ပေသည်။ သူတို့သာ ဝင်္ကပါနား ချဉ်းကပ်သွားပါက အပိုင်းပိုင်း ဖြစ်သွားလိမ့်မည်ဟု ခံစားနေရသည်။

    ကျန်းဟွမ် အံ့အားသင့်သွားသည်။

    ထိုအချိန်၌ နတ်နားခြောက်ဖက်ရှင် မျက်နှာ မသာမယာဖြစ်သွားသည်။ ဒီ လက်နက်တစ်ဆယ့်လေးခုကို အတူတကွပေါင်းစပ်ပါက ဤသို့ အစွမ်းထက်သော ဝင်္ကပါတစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သူ အစကတည်းကသိပါက ဤလက်နက်များကို အစုလိုက်ရောင်းမည်မဟုတ်ဘဲ ခွဲရောင်းမည်ဖြစ်သည်။

    “ မယုံနိုင်စရာပဲ "
    တစ်ဖက်သောလက်သိုင်းသခင်၊ ဖုန်းယွီနှင့် အလိမ္မာဓားသခင်တို့ လုံးဝတအံ့တဩဖြစ်နေကြသည်။

    လက်နက်တစ်ဆယ့်လေးခုကို ဝင်္ကပါတစ်ခုအဖြစ်ပေါင်းစည်းပြီးနောက် လက်နက်ဝိညာဉ်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ ၎င်း၏ စွမ်းအားသည် အနည်းဆုံးသုံးဆခန့် ပိုတိုးလာသည်။

    အစွမ်းသုံးဆပိုတိုးလာတာက ဘယ်လောက်အရေးပါလဲ...
   
    တစ်စုံတစ်ယောက်သာ ဤဝင်္ကပါကို အသုံးပြုမည်ဆိုပါက  သိုင်းအရှင်တစ်ဝက်အဆင့်ကျင့်ကြံသူပင် သိုင်းအရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖိနှိပ်နိုင်ဖို့ အခွင့်အရေး ရှိပေသည်။

    သို့သော်လည်း ထိုအချိန်၌ လက်နက်ဝိညာဉ်များ အဆက်မပြတ်အော်ညည်း‌နေသကဲ့သို့ လက်နက်တစ်ဆယ့်လေးခုသည် ဝီခေါ်သံများဖြင့် အပြင်းအထန် တုန်ခါလာသည်။

    ထူးဆန်းသည့် အဖြစ်အပျက်ကြောင့် လူအုပ်ကြီး ထပ်မံအံ့အားသင့်သွားသည်။

    “ ဘာတွေဖြစ်နေတာလဲ...ဒီ လက်နက်ဆယ်လေးခု ပေါင်းစပ်တာက ပိုပြီးအံ့အားသင့်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပျက်လာဦးမယ်လို့ ဆိုလိုတာလား..."
    နတ်နားခြောက်ဖက်ရှင်သည် သူ၏ ထက်ရှသောခံစားမှုကြောင့် ဝင်္ကပါ၏ ထူးဆန်းမှုကို ချက်ချင်းရှာဖွေတွေ့ရှိသွားသည်။

    “ ဘာ "
    တစ်ဖက်သောလက်သိုင်းသခင်၊ ဖုန်းယွီနှင့် အလိမ္မာဓားသခင်တို့ ကြက်သေသေသွားပြီးနောက် အသက်ရှူသံများ ပြင်းထန်လာကာ သူတို့၏ မျက်နှာများထက်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
    
    ဒီတစ်ကြိမ်တွင်တော့ သူတို့ ပွပေါက်တိုးခဲ့ပြီဖြစ်သည်။
   
    နောက်ထပ် ထူးဆန်းတဲ့ အဖြစ်အပျက် ဖြစ်ပွားလာရင် ဒီလက်နက်တွေက ဘယ်လောက်တောင် အစွမ်းထက်လာမလဲ...

    ထိုအချိန်၌ သူတို့သည် လူယုတ်မာသခင်လေးချင်၏ ‌ရည်ရွယ်ချက်ရှိရှိ‌ လေလံတိုးမြှင့်ခဲ့ခြင်းကိုပင် ဂရုမစိုက်တော့ပါ။ သူတို့၏ အာရုံအလုံးစုံသည် သူတို့၏ ရှေ့မှ မြင်ကွင်းကိုသာ စူးစိုက်ထားသည်။ သူတို့သည် မည်သည့် အသေးစိတ်အချက်အလက်ကိုမျှ လက်လွှတ်မခံရဲကြပါ။

    သို့သော်လည်း ထိုအချိန်၌ လေထုသည် တင်းကျပ်သွားပြီး အချိန်များ ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။

     နီလာရောင်ဓားရှည်၏ တုန်ခါနေမှုမှာ ရပ်တန့်သွားသည်။ အသက်တစ်ရှိုက်ခန့်တိတ်ဆိတ်သွားပြီးနောက် ၎င်းသည် လင်းလက်တောက်ပလာကာ အထဲမှ လက်နက်ဝိညာဉ်မှာ ပေါက်ကွဲသွားသည်။

    ဘန်း...

    ဒုတိယထပ်တွင် မီးတောက်တစ်ခုဖြစ်ပေါ်လာပြီး လူများ၏ မျက်နှာများကို လင်းစေခဲ့သည်။
    လက်နက်တစ်ဆယ့်လေးခုဖြင့် ဖွဲ့စည်းထားသောဝင်္ကပါ ပျက်စီးသွားသည်။ လက်နက်အသီးသီး၏ တုန်ခါနေမှုများမှာလည်း ရပ်တန့်သွားပြီး တစပြင်တစ်ခုအလား ဖြစ်သွားသည်။
    
    ထိုအချိန်၌ တစ်ဖက်သောလက်သိုင်းသခင်၊ ဖုန်းယွီနှင့် အလိမ္မာဓားသခင်တို့ ကြက်သေ သေသွားကြသည်။

    နတ်နားခြောက်ဖက်ရှင်သည်လည်း မိန်းမောသွားသည်။ ကျန်းဟွမ်သည်လည်း မှင်တက်သွား၏။ သူတော်စင်မိန်းကလေးပင် မျက်လုံးများပြူးကျယ်သွားကာ မျက်နှာတောင့်တင်းသွားသည်။

    ရှိသမျှ လူအားလုံးမှာ မှင်တက်ကြောင်အသွားကြသည်။

    ဘာဖြစ်သွားတာလဲ...
  
    လက်နက်တွေက ဆင့်ကဲပြောင်းလဲတာမဟုတ်ဘူးလား...
  
    ဘာကြောင့် ဒီ ဧကရာဇ်လက်နက်က ရုတ်တရက် ပေါက်ကွဲသွားတာလဲ...

    လက်ရှိ‌တွင်ရှိနေသော လူအများစုမှာ မရေမတွက်နိုင်သော လက်နက်များကို မြင်တွေ့ဖူးသည့် အတွေ့အကြုံရင့်ကျက်သော လူများဖြစ်ကြသည်။ သို့သော် ဧကရာဇ်လက်နက်တစ်ခု ရုတ်တရက်ပေါက်ကွဲခြင်းကို မြင်ဖူးသည်မှာတော့ သူတို့၏ ပထမဆုံးအကြိမ်သာ ဖြစ်သည်။

    “ ဒါက... "
    ဆရာကွမ် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရှိနေသည်။ ရုတ်တရက် သူ၏စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာကာ မျက်နှာပျက်သွားပြီး အလွန်‌ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
    “ ချီးပဲ...ချီးပဲ...လက်နက်ဝိညာဉ်တွေ ပုံစံတူဖြစ်နေတာက ‌တားမြစ်နေရာဒေသရဲ့ လွှမ်းမိုးမှုကြောင့်မဟုတ်ဘူး...တစ်စုံတစ်ယောက်က လက်နက်ဝိညာဉ်တွေ တူတူဖြစ်အောင်လုပ်ထားတာပဲ...တစ်နည်းပြောရရင် ဒီလက်နက်တွေအားလုံးက အဲ့ဒီလူရဲ့ ထိန်းချုပ်မှု အောက်မှာပဲ "

    ဆရာကွမ်၏ အော်သံကို ကြားရသည့်အခါ နတ်နားခြောက်ဖက်ရှင်၏ မျက်နှာ ဖြူဖျော့သွားသည်။

    ထိန်းချုပ်ခံထားရတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

    နောက်ကွယ်က လက်သည်က သခင်လေးချင်လို့ ဆိုလိုတာလား...

    သခင်လေးချင်က ဒီမှာရှိတဲ့ လက်နက်အားလုံးကို ဖောက်ကွဲပစ်မယ်လို့ ဆိုလိုတာလား...

    နတ်နားခြောက်ဖက်ရှင် သတိပြန်မဝင်လာသေးခင်၊ တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများ သတိပြန်မဝင်လာသေးခင်မှာပင် ဖုန်းယွီ၏ ဧကရာဇ်လက်နက်ငါးခု ပေါက်ကွဲသွားသည်။

    ဘန်း ဘန်း ဘန်း ဘန်း ဘန်း...

    အသက်ရှိုက်ဝက်အတွင်းမှာပင် တစ်ဖက်သောလက်သိုင်းသခင်ပိုင်ဆိုင်သော ဧကရာဇ်လက်နက်ငါးခုသည်လည်း တစ်ခုပြီးတစ်ခုပေါက်ကွဲသွားသည်။

    ထိုအချိန်၌ နေရာတစ်ခုလုံးမှာ မီးတောက်များ ဖုံးလွှမ်းနေသည်။
    ဧကရာဇ်လက်နက်ဆယ်ခု ပေါက်ကွဲသွားပြီဖြစ်သည်။

    “ မဟုတ်ဘူး... "
    တစ်ဖက်သောလက်သိုင်းသခင်သည် ချက်ချင်းသတိပြန်ဝင်လာကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် ကျန်ရှိသည့် စကြာဝဠာလက်နက်သုံးခုကို ကာကွယ်ရန် သူ ချက်ချင်းပင် အကာအကွယ်အတားအဆီးတစ်ခု ပစ်လွှတ်လိုက်သည်။
  
    သို့သော် သူ တစ်စက္ကန့်မျှ နောက်ကျသွားပြီဖြစ်သည်။
    စကြာဝဠာလက်နက်သုံးခု လင်းလက်တောက်ပလာသည်။

    တစ်ဖက်သောလက်သိုင်းသခင်၏ မျက်လုံးများ ပိတ်လုနီးပါးဖြစ်သွားသည်။
   
    ဘန်း...

    ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပြီး စကြာဝဠာလက်နက်သုံးခုပေါက်ကွဲသွားကာ ကြောက်မက်ဖွယ်ရာမီးတောက်များသည် ဒုတိယထပ်၏ ခေါင်မိုးကို ဖျက်စီးသွားကာ လူများ ကျန်းဟွမ်မြို့တော်၏ ကောင်းကင်ပြာကို မြင်တွေ့လိုက်ရသည်။
    ပေါက်ကွဲမှုအရှိန်သည် ယခင် ဧကရာဇ်လက်နက် ပေါက်ကွဲမှုများထက်ပိုပြင်းထန်ကာ  လူအုပ်ကြီး၏ ခန္ဓာကိုယ်ကို နဂါးတစ်ကောင် ဝင်တိုက်သွားသည်ဟု ခံစားလိုက်ရသည်။

    ဘန်း...ဘန်း...ဘန်း...ဘန်း

    နောက်ထပ်ပေါက်ကွဲမှုများ ဆက်ဖြစ်လာကာ လူများအားလုံး၏ မျက်နှာများ ဖြူစုပ်သွားသည်။ သူတို့ မတုန့်ပြန်နိုင်မီမှာပင် ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်သွားသည်။ သနားစဖွယ်မြင်ကွင်းပင်ဖြစ်၏။

    ကျန်းဟွမ်မြို့တော်အတွင်းမှ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်သည် တည်ငြိမ်နေသော ရေကန်တစ်ကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုပင် ဖြစ်သွားသည်။

   မရေမတွက်နိုင်သော ကျင့်ကြံသူများ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

    “ ဘာဖြစ်တာလဲ "

    “ ကျန်းဟွမ်မြို့တော်ထဲမှာဘာဖြစ်တာလဲ "

    “ ဘာကြောင့် ရှေးနဂါးလေလံခန်းမမှာ ပေါက်ကွဲမှု ဖြစ်တာလဲ "

    “ လာ မြန်မြန်သွားကြည့်ရအောင် "

    “ .......... "

   ထို့အချိန်၌ မြို့တစ်မြို့လုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

🐱🐱🐱🐱🐱🐱

အပိုင်း(၃၀၃) သံသယတရားခံ

     လေလံခန်းမ၏ ဒုတိယထပ်တစ်ခုလုံးမှာ အပျက်အစီးများဖြင့် ပြည့်နှက်နေ၏။ နတ်နားခြောက်ဖက်ရှင်နှင့် လူများအားလုံး၏ စိတ်ထဲ၌ ဟာလာဟင်းလင်း ဖြစ်နေကြသည်။

    လက်နက်တွေ ဘာဖြစ်လို့ပေါက်ကွဲသွားတာလဲ...

    “ ငါ့ဓား "
    အလိမ္မာဓားသခင်သည် ကြမ်းပြင်ပေါ်မှ ထလိုက်သည်။ သူ၏ ဆံပင်များ ရှုပ်ပွနေကာ သူ၏ လက်များ တုန်ခါနေသည်။

    ၎င်းကို သူ အာကိန်းတုံးတစ်သောင်းကျော်ပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

   ဒါက အခု ဒီလိုမျိုး ပြီးဆုံးသွားပြီလား...

    “ မိမစစ်ဖမစစ်ကောင် ...မိမစစ်ဖမစစ်ကောင်..."
    အလိမ္မာဓားသခင်ပင် ဤကဲ့သို့ဖြစ်နေပါက ဖုန်းယွီနှင့် တစ်ဖက်သောလက်သိုင်းသခင်ဆိုပါက ဆိုဖွယ်ရာမရှိပေ။

    သူတို့၏ ခန္ဓာကိုယ်များ တစ်ဆတ်ဆတ်တုန်ရီနေကာ သူတို့၏ နှလုံးသားများအား ဓားနှင့် မွှန်းနေသလို ခံစားနေရသည်။

    ဖုန်းယွီသည် အာကိန်းတုံး‌ငါးသောင်းကျော် ဆုံးရှုံးသွားခြင်းဖြစ်သည်။

    တစ်ဖက်သောလက်သိုင်းသခင်သည် အားကိန်းတုံးတစ်သန်းသုံးသိန်း ဆုံးရှုံးသွားခြင်းဖြစ်သည်။

    “ နတ်နားခြောက်ဖက် "
    တစ်ဖက်သောလက်သိုင်သခင်၊ ဖုန်းယွီနှင့် အလိမ္မာဓားသခင်တို့သည် နတ်နားခြောက်ဖက်ရှင်ကို သတ်ဖြတ်ချင်စိတ်များဖြင့် ဒေါသထွက်စွာ အော်လိုက်ကြသည်။
   
    ဤလက်နက်များကို သူတို့ ကုန်သွယ်ရေးမဟာမိတ်မှ  ဝယ်ယူထားကြခြင်းဖြစ်သည်။
    သို့သော်လည်း အဆုံး၌ ၎င်းတို့ ပေါက်ကွဲသွားခဲ့သည်။
   
   ကုန်သွယ်ရေးမဟာမိတ်သာ သူတို့ကို ဖြေရှင်းချက်မပေးပါက သူတို့ လွယ်လွယ်နှင့် ခွင့်လွှတ်မည်မဟုတ်ပေ။
  
    “ ငါ…. "
    နတ်နားခြောက်ဖက်ရှင်သည် ဗလာနတ္ထိမျက်နှာထားဖြင့် ရှိနေသည်။ သို့သော်လည်း သူ သတိပြန်ဝင်လာဖို့ အချိန်သိပ်မလိုခဲ့ပေ။ အဖြစ်အပျက်များကို ပြန်တွေးမိပြီးနောက် သူ သွေးအန်လုနီးပါးဖြစ်သွားသည်။

    နောက်ဆုံး၌ သူသည် သခင်လေးချင်၏ လှည့်စားမှုခံလိုက်ရခြင်းဖြစ်ကြောင်းကို နားလည်သွားပြီဖြစ်သည်။
    ဒီ ဧကရာဇ်လက်နက်များနှင့် စကြာဝဠာလက်နက်များသည် သူ့အလိုလို ပေါက်ကွဲစရာအကြောင်းမရှိပေ။ သခင်လေးချင်သည် အရာအားလုံး၏ နောက်ကွယ်မှ တရားခံဖြစ်သည်။

   “ ငါ့ မိတ်ဆွေတို့...ကျေးဇူးပြုပြီး ‌စိတ်လျော့ကြပါ...ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို ငါရှင်းပြပါမယ် "
   အဆုံးမှာတော့ နတ်နားခြောက်ဖက်ရှင်သည် သိုင်းအရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် အလျင်အမြန် တုံ့ပြန်ပြောဆိုလိုက်သည်။
   “ ဒါ ကုန်သွယ်ရေးမဟာမိတ်က လုပ်တာမဟုတ်ပါဘူး...မင်းတို့ဆုံးရှုံးခဲ့တဲ့အရာအားလုံးအတွက် အလျော်ပေးပါမယ်...ဒါဆို အဆင်ပြေတယ်မလား "

    “ ဟန့် ... "
    ထိုစကားကြားသည့်အခါ တစ်ဖက်သောလက်သိုင်းသခင်၊ ဖုန်းယွီနှင့် အလိမ္မာဓားသခင်တို့မှာ သူတို့၏ သတ်ဖြတ်ချင်စိတ်များကို ရုပ်သိမ်းလိုက်ကြသည်။

    သို့သော်‌နတ်နားခြောက်ဖက်ရှင်သည် သူကတိပေးပြီးနောက် ခေါင်းကိုက်သွားကာ ချက်ချင်းသတိလစ်ချင်သွားသည်။
    ၎င်းသည် စုစုပေါင်း အာကိန်းတုံးတစ်သန်းလေးသိန်းဖြစ်သည်။
    သူတို့သည် တစ်ဖက်သောလက်သိုင်းသခင်တို့ကို အလျော်ပေးရုံသာမကဘဲ လေလံပွဲ၏ အကျိုးအမြတ်ကိုလည်း သခင်လေးချင်အား ပေးပြီးသားဖြစ်သည်။
    တစ်နည်းဆိုရပါက သူတို့သည် စုစုပေါင်းအာကိန်းတုံးသုံးသန်းဆုံးရှုံးခြင်းဖြစ်သည်။
   
    အားကိန်းတုံးသုံးသန်းက ဘယ်လောက်အရေးပါလဲ...
   
    ရှေးနဂါးလေလံခန်းမ၏ စုစုပေါင်းဝင်ငွေသည်ပင် အာကိန်းတုံးလေးသန်းခန့်သာ ရှိပေသည်။

    “ မိမစစ်ဖမစစ်ချင်ကောင်...ဒါ သူလုပ်တာပဲ...လက်နက်တွေကိုလေလံတင်တာက သူပဲ " 
    နတ်နားခြောက်ဖက်ရှင်သည် နီရဲသောမျက်လုံးများဖြင့် ပြောဆိုလိုက်သည်။

    လေလံပွဲတွင် သခင်လေးချင်ဈေးနှုန်းများမြှင့်ခဲ့စဉ်က သူ အလွန်ပျော်ရွှင်ခဲ့ပြီး သခင်လေးချင်ကို အလွန်သဘောကျခဲ့သည်။

    သို့သော် ဒီ မိမစစ်ဖမစစ်ကောင် ချင်မျိုးရိုးသည် အစောကတည်းက ကုန်သွယ်ရေးမဟာမိတ်ကို ဒုက္ခပေးရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

    “ မိမစစ်ဖမစစ်ချင်ကောင်....ဘာကို ဆိုလိုတာလဲ...ချင်ကောင်က နောက်ကွယ်ကတရားခံလား "
    တစ်ဖက်သောလက်သိုင်းသခင်၊ ဖုန်းယွီနှင့် အလိမ္မာဓားသခင်တို့၏ မျက်လုံးများ ပြူးကျယ်သွားကာ ဒေါသမီးတောက်များ ဖုံးလွှမ်းသွားသည်။

    လေလံပွဲကတည်းက သူတို့သည် ချင်ကောင်ကို ဒေါသထွက်ခဲ့ကြသည်။ ယခု သူတို့၏ လက်နက်များကို ဖောက်ခွဲသူမှာ ချင်ကောင်ဖြစ်ကြောင်းသိရှိသွားသည့်အခါ သူတို့၏ နှလုံးသားထဲမှ ဒေါသကို မည်ကဲ့သို့ ချုပ်တည်းနိုင်ပါမည်နည်း။

    “ မိတ်ဆွေတို့ ကုန်သွယ်ရေးမဟာမိတ်က မင်းတို့ကို အလျော်ပေးမယ်ဆိုတာ ငါ ကတိပေးပါတယ်...ဒါပေမဲ့ အရေးကြီးဆုံးက ပထမဆုံး ဒီ ချင်ကောင်ကို ဖမ်းရမယ်...ငါတို့ သူ့ကို အလွတ်မခံနိုင်ဘူး "
    နတ်နားခြောက်ဖက်ရှင်သည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းအမိန့်ပေးလိုက်သည်။
    “ ကုန်သွယ်ရေးမဟာမိတ်ကလူတွေအားလုံး အခုချက်ချင်း မိမစစ်ဖမစစ်ချင်ကောင်ကို သွားရှာပြီးဖမ်းကြမယ် "

    “ ငါလည်း သူ့ကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး...ငါ သူ့ကို အပိုင်းပိုင်း လုပ်ပစ်မယ် "
    တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများမှာလည်း တစ်ပြိုင်တည်း ကြွေးကြော်လိုက်ကြသည်။

    ထို့နောက် နတ်နားခြောက်ဖက်ရှင်၊ သိုင်းသခင်သုံးယောက်နှင့် ကုန်သွယ်ရေးမဟာမိတ်၏ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဒေါသထွက်စွာဖြင့် ကျန်းဟွမ်တစ်မြို့လုံးကို စတင်ရှာဖွေကြတော့သည်။
   
   “ မိမစစ်ဖမစစ်ချင်ကောင်က အရမ်းလွန်သွားပြီ "
    သူတော်စင်မိန်းကလေး အနည်းငယ် တုန်လှုပ်နေသည်။ ကုန်သွယ်ရေးမဟာမိတ်၏ သူတော်စင်မိန်းကလေးအနေဖြင့် ကုန်သွယ်ရေးမဟာမိတ် ဤကဲ့သို့ ကြီးကြီးမားမား ဆုံးရှုံးထိခိုက်ခြင်းမှာ သူမတွင်လည်း တာဝန်ရှိပေသည်။
    ထို့အပြင် ဒီသခင်လေးချင်သည် သူမကိုလည်း မလေးမစားဖြင့် မောက်မောက်မာမာ ဆက်ဆံခဲ့သည်။

    “ သူ့ကိုရှာပြီး မသန်မစွမ်းဖြစ်အောင်လုပ်လိုက် "
    သူတော်စင်မိန်းကလေး ပြောလိုက်သည်။
   
    သိုင်းဧကရာဇ်အဆင့်ကျင့်ကြံသူဆယ်ယောက်နှင့် ချင်ရှင်းစားသောက်ဆိုင်ပိုင်ရှင်တို့သည် အမိန့်ကို လိုက်နာကာ ချက်ချင်းထွက်ခွာသွားကြသည်။

    ထိုအချိန်၌ ကျန်းဟွမ်တစ်မြို့လုံးမှာ ပွက်ပွက်ညံနေကြပြီး ကျင့်ကြံသူများ စိတ်ရှုပ်ထွေးနေကြသည်။

    ဘာဖြစ်တာလဲ...

   ဘာဖြစ်လို့ သိုင်းသခင်တွေနဲ့ သိုင်းဧကရာဇ်တွေအများကြီးက ဘာလို့ ဒီလို စုရုံးနေကြတာလဲ...

   ကျန်းဟွမ်သည် သူ၏ အတွေးများကို စုစည်းလိုက်သည်။ သူသည် ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း သူ၏ မျက်နှာထက်၌ သံသယအရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ချင်နန်သည် နောက်ကွယ်မှ တရားခံဖြစ်ကြောင်းကို သူ သိပေသည်။ သို့သော် ချင်နန် လက်နက်များကို မည်ကဲ့သို့ ဖောက်ခွဲလိုက်သည်ကိုတော့ သူ မသိပေ။
    “ ဒီကလေးက အရမ်းရဲရင့်တာပဲ... "
    ကျန်းဟွမ်၏ မျက်လုံးထဲတွင် ‌ကျေနပ်အားရသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
    “ ဒါပေမဲ့ အဲ့ဒါကို ငါကြိုက်တယ် "

    .............

    .............

    ဝှစ်...

    ဝှစ်...

    ဝှစ်...

    နတ်နားခြောက်ဖက်ရှင်သည် ပထမဦးစွာ မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။ ထို့နောက် သူ၏နောက်မှ သူတော်စင်မိန်းကလေးအပါအဝင် တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများ ရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာများသည် အလွန်မဲမှောင်နေကာ ပြိုတော့မည့်မိုးပမာ ဖြစ်နေကြသည်။

    “ ငါ သူ့ကို မတွေ့ဘူး "
    နတ်နားခြောက်ဖက်ရှင်သည် စကားလုံးများကို လည်ချောင်းထဲမှ ထွက်ရန် အားယူကာ ပြောလိုက်ရသည်။

   “ ငါတို့လည်း သူ့ကို ရှာမတွေ့ဘူး "
    တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများမှာလည်း အံကြိတ်ကာ ပြောလိုက်သည်။

    “ မ‌အေ*ိုး "
    နတ်နားခြောက်ဖက်ရှင်၏ နဖူးတွင် သွေးကြောစိမ်းကြီးများ ထောင်ထနေသည်။
    သူသည် မိမစစ်ဖမစစ်ချင်ကောင်ကို သူ၏ လက်ဖြင့် ဆွဲဖြဲရန် မစောင့်နိုင်အောင်ပင်ဖြစ်နေသည်။ သို့သော်ငြားလည်း ၎င်းသည်ပင် သူ၏ မုန်းတီးခြင်းကို ပြေပျောက်စေလိမ့်မည် မဟုတ်ပေ။

    “ နေဦး...တစ်ခုခုမှားနေတယ် "
    သူတော်စင်မိန်းကလေးသည် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
    “ ပထမဆုံးအနေနဲ့ ဒီ သခင်လေးချင်က ကျွန်မတို့ကုန်သွယ်ရေးမဟာမိတ်ကို ဘာကြောင့် ရည်ရွယ်ချက်ရှိ‌ရှိ ဒုက္ခပေးရတာလဲ...ကျွန်မတို့ ကုန်သွယ်ရေးမဟာမိတ်က အမြဲတမ်း တရားမျှတခဲ့တယ်...ကျွန်မတို့ သူ့ကို ဘယ်တုန်းကမှ ဒုက္ခမပေးဘူးပူး...ဒါ့ကြောင့် သူ ကုန်သွယ်ရေးမဟာမိတ်ကို ဒုက္ခပေးစရာအကြောင်းမရှိဘူး...ဒါ့အပြင် သူ့ရဲ့ မျိုးရိုးနာမည်က ဘာဖြစ်လို့ ချင်ဖြစ်နေရတာလဲ "

    “ တရားခံကချင်နန်လို့ မင်းဆိုလိုတာလား "
    နတ်နားခြောက်ဖက်ရှင်သည် ပြူးကျယ်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
   
    အရာအားလုံးရဲ့ နောက်ကွယ်ကလက်သည်က ချင်နန်လား...

   ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

   သိုင်းဧကရာဇ်တစ်ဝက်အဆင့်ပဲရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလို ကောင်းကင်ကို တုန်လှုပ်စေတဲ့ အစီအစဉ်ကြီးကို လုပ်ဆောင်နိုင်မှာလဲ...

    “ သူ့ကို လျှော့မတွက်နဲ့...ကျွန်မတို့ သူ့ကို စစ်ဆေးသင့်တယ် "
    သူတော်စင်မိန်းကလေးသည် လေးနက်တည်ကြည်သောလေသံဖြင့် ပြောလိုက်သည်။
   
   “ ဟုတ်တယ်...ငါတို့ ဘယ်ဖြစ်နိုင်ခြေမဆို စစ်ဆေးရမယ် "
   တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများ၏ မျက်နှာများအလွန်မဲမှောင်သွားသည်။ သူတို့၏ လက်ရှိတစ်ခုတည်းသောအတွေးမှာ သခင်လေးချင်ကို ဖမ်းဆီး၍ အပိုင်းပိုင်း ဆွဲဖြဲရန်သာဖြစ်သည်။

    “ သွားစို့ "
    သခင်လေးချင်သည် စရောက်လာစဉ်က သူတို့၏ ဆိုင်းဘုတ်ကြောင့် ဒေါသထွက်သွားသည်ကို သတိရသွားကာ နတ်နားခြောက်ဖက်ရှင် သူတော်စင်မိန်းကလေး၏ စကားကို လက်ခံလိုက်သည်။

    ထို့နောက် နတ်နားခြောက်ဖက်ရှင်၊ သူတော်စင်မိန်းကလေးနှင့် အခြားသူများသည် ခမ်နားထည်ဝါစွာဖြင့် ချင်နန်၏ အိမ်သို့ရောက်ရှိလာကြသည်။

    “ ချင်နန် အခုချက်ချင်းထွက်လာစမ်း "
    နတ်နားခြောက်ဖက်ရှင်သည် အလွန်ကျယ်လောင်စွာဖြင့် အော်လိုက်ရာ ပတ်ဝန်းကျင် သိမ့်သိမ့်တုန်သွားသည်။

    “ ဘယ်ကောင်လဲကွ "
    လောင်ဂူးသိုင်းဘိုးအေသားရဲသည် လေထဲပျံတက်လာကာ ခက်ထန်စွာကြည့်၍ ပြောလိုက်သည်။
    “ မင်းမှာ နားခြောက်ဖက်ရှိတာနဲ့ပဲ ငါတို့ကို အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား...ငါ မင်းကို သတိပေးမယ်...ဒါက ကျန်းဟွမ်မြို့တော်ပဲ...တကယ်လို့ မင်းအကြမ်းဖက်ရဲမယ်ဆိုရင် ကျန်းဟွမ်က မင်းကို ဝမ်းမြောက်ဝမ်းသာနဲ့ အပိုင်းပိုင်းလုပ်ပေးလိမ့်မယ် "

    သူ‌၏ စကားသံအဆုံးတွင် မင်းသမီးမြောင်မြောင်သည်လည်း အလွန်အေးစက်သော မျက်နှာထားဖြင့် ထွက်လာသည်။

   ကျွီ...

   အိမ်တံခါးပွင့်လာကာ မရွင်မပြမျက်နှာထားဖြင့် ချင်နန်ထွက်လာသည်။
    “ နတ်နားခြောက်ဖက်ရှင် ဒါက ဘာအဓိပ္ပာယ်လဲ...ခင်ဗျားတို့ရဲ့ သူတော်စင်မိန်းကလေးက ကျုပ်ဆီက ပစ္စည်းတွေလုယက်ချင်တာနဲ့ပဲ ကျုပ်ကို အနက်ရောင်အစင်းကြောင်းသုံးခု အမှတ်အသားပြုခဲ့တယ်...ခင်ဗျားကလည်း ကျုပ်ဆီက ထွတ်မြတ်လက်နက် အတိုအထွာနဲ့ နတ်ဓားသခင်ရဲ့ ဓားပညာမှတ်တမ်းကို လိုချင်တာကြောင့် ကျုပ်ကို ခြိမ်းခြောက်ခဲ့တယ်...အခုလည်း ကျုပ်ကို ထပ်လုယက်မလို့လား "
  
🐱🐱🐱🐱🐱🐱

အပိုင်း(၃၀၄) “သခင်လေးချင်နန်" ဟူသောစကား

     ထိုစကားကြားသည့်အခါ တစ်ဖက်သောလက်သိုင်းသခင်၊ အလိမ္မာဓားသခင်နှင့် အခြားသူများအားလုံးကြက်သေသေသွားသည်။
     ချင်နန် ပြောသည်မှာ အမှန်တရားဖြစ်ကြောင်းကို သူတို့အလွယ်တကူ ခန့်မှန်းနိုင်ကြသည်။

    နတ်နားခြောက်ဖက်ရှင်၏ မျက်လုံးများ စူးရှသွားသည်။
    “ အပိုတွေပြောမနေနဲ့..မင်း ကုန်သွယ်ရေးမဟာမိတ်ကို မကျေနပ်လို့ ဒီလို‌လုပ်တာမလား...အဖြစ်အပျက်ရဲ့ နောက်ကွယ်က လူက မင်းမလား...ငါ့ကို ပြောစမ်း "

    “ ဘယ်အဖြစ်အပျက်လဲ...ခင်ဗျား ဘာတွေ ပြောနေတာလဲ...ကျုပ် အိမ်မှာပဲ နေနေတာကို "
    ချင်နန် အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

    “ ခွေးမသား...မင်း ဟန်ဆောင်မနေနဲ့...မင်းက သေချာပေါက် တရားခံပဲ "
    နတ်နားခြောက်ဖက်ရှင်သည် ဒေါသထွက်လာကာ မျက်လုံးများပြူးပြီး ကြည့်လိုက်သည်။

    သူ ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်သည်။ ချင်နန်သည် တရားခံမဟုတ်လျင်ပင် သူ့ကို စွပ်စွဲရန်လိုအပ်ပေသည်။
    သို့မဟုတ်ပါက ကုန်သွယ်ရေးမဟာမိတ်သည် တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများကို အလွန်များပြားသည့်ပမာဏ ‌အလျော်ပေးရလိမ့်မည်ဖြစ်သည်။

    ထိုအချိန်၌ သူတော်စင်မိန်းကလေး ဝင်ပြောလိုက်သည်။
    “ ချင်နန်...နင်က လုံဟွာနိုင်ငံက ဆိုပေမဲ့ သိုင်းကံကြမ္မာနန်းဆောင်ရဲ့ လျှို့ဝှက်ချက်တွေကြောင့် ဒီဟာ လုပ်နိုင်တာကို ငါ အံ့ဩမှာ မဟုတ်ဘူး...ဒါက ငါ့ရဲ့ ခန့်မှန်းမှုပဲဆိုပေမဲ့ အမှန်တရားနဲ့ အရမ်းနီးစပ်တယ်လို့ ငါ ယုံကြည်တယ် "
    
   အဖြူရောင်ဝတ်စုံနှင့် သူတော်စင်မိန်းကလေးသည် တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်သည်။
   “ တရားခံက သူ့ကိုယ်သူ သခင်လေးချင်လို့ပြောတယ်...ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုက သိုင်းဧကရာဇ်တစ်ဝက်အဆင့်ဖြစ်သလို သူ့နောက်လိုက်နှစ်ယောက်ရဲ့ ကျင့်ကြံမှုကလည်း သိုင်းဘိုးအေအထွတ်အထိပ်အဆင့်တွေပဲ...ဒါက နင့်ရဲ့ အခြေအနေနဲ့ လုံးဝတူညီတယ်...ချင်နန် နင် ယောကျာ်းဆိုရင် လုပ်ရဲတာကို ဝန်မခံရဲဘူးလား "

    တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများ၏ မျက်နှာများ မဲသွားသည်။ အစက ကုန်သွယ်ရေးမဟာမိတ်သည် ခေါင်းရှောင်ရန် ကြိုးစားနေသည်ဟု သူတို့ ထင်ထားကြသော်လည်း ထိုစကားများကို ကြားပြီးနောက် သူတို့ သံသယဝင်လာကြသည်။
   
    ဒီချင်နန်သည် သခင်လေးချင်၏ အခြေအနေနှင့် လုံးဝတူညီနေသောကြောင့် အမှတ်တကယ် သံသယဝင်စရာ ကောင်းပေသည်။ 
    ဒီ ချင်နန်က အရာအားလုံးရဲ့ နောက်ကွယ်က တရားခံဖြစ်နိုင်လား...

    “ ချင်နန်...ဟုတ်‌တယ်နော် ...ငါ မင်းကို ပိုပြီး ရိုးသားဖို့ အကြံပေးချင်တယ်...ကုန်သွယ်ရေးမဟာမိတ်က ယဉ်ယဉ်ကျေးကျေးမေးနေပေမဲ့ အခြားသူတွေကတော့ အဲ့လို စိတ်ရှည်မှာ မဟုတ်ဘူးနော် "
    တစ်ဖက်သောလက် သိုင်းသခင် ဝင်ပြောလိုက်သည်။
   
    “ လူငယ်...မင်း နှစ်ခါ စဉ်းစားပါဦး "
    အလိမ္မာဓားသခင်သည် စဉ်းလဲစွာပြုံး၍ ပြောလိုက်သည်။
   
    သူတို့နှစ်ယောက်လုံး၌ ကိုယ်ပိုင်အတွေးများရှိ‌ကြပေသည်။ ချင်နန်သည် သူတို့ရှာနေသူမဟုတ်လျှင်ပင် ထိုဆင်တူမှုများကြောင့် ချင်နန်ကို ‌သူတို့ဒေါသဖြေထုတ်ရာအဖြစ် အသုံးချကြမည်ဖြစ်သည်။
   
    ကျွမ်းကျင်သူများ၏ စစ်မေးမှုကို ခံနေရသော်လည်း လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် မင်းသမီးမြောင်မြောင်တို့မှာမူ တည်ငြိမ်သော မျက်နှာထားနှင့်ပင် ရှိနေကြသည်။ သို့သော် သူတို့၏ စိတ်ထဲတွင်မူ ပျော်ရွှင်မှုများဖြင့်သာ ပြည့်နှက်နေသည်။

   မင်းတို့ မသင်္ကာဖြစ်နေရင်ကော ဘာဖြစ်လဲ...

   အဲ့ဒါ ငါတို့လို့ ထင်ရင်ကော ဘာဖြစ်လဲ...

    မင်းတို့မှာ ဘာသက်သေရှိလဲ...
  
    ငါတို့က တရားခံတွေပါလို့ ဘယ်သူ သက်သေပြနိုင်လဲ...

     “ လူတိုင်းက တစ်စုံတစ်ယောက်ကို အပြစ်ရှိတယ်လို့ စွပ်စွဲမယ်ဆိုရင် သက်သေရှိရတယ် ..ချင်နန်က တရားခံဆိုရင် မင်းတို့ ငါ့ကို သက်သေပြပါ "
    ထိုအချိန်၌ ကျန်းဟွမ်သည် ချင်နန်တို့ရှေ့ ဆင်းသက်လာကာ အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ကျွမ်းကျင်သူများကို မျက်နှာချင်းဆိုင်လိုက်ကြသည်။

    ဝီ......

    တုန်ခါသံ ဖျော့ဖျော့ကို ခံစားလိုကရသည်။ ကျန်းဟွမ်မြို၏ လက်နက်ဝိညာဉ် ဖြည်းညင်းစွာ နိုးထလာသည်။ ၎င်း အပြည့်အ၀ နိုးထလာသည့်အခါ သေချာပေါက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။

   “ ကျန်းဟွမ် "
   နတ်နားခြောက်ဖက်ရှင်၊ တစ်ဖက်သောလက်သိုင်းသခင်၊ အလိမ္မာဓားသခင်နှင့် အခြားသူများအားလုံး အလွန် အံ့ဩတုန်လှုပ်သွားကြသည်။

   အကယ်၍ သူတို့သာ အခြားနေရာတွင် ဆိုပါက တစ်ယောက်တည်းဖြစ်သည့် ကျန်းဟွမ်၏ တုန်လှုပ်ဖွယ်ရာ စွမ်းအားကို ရှိန်လိမ့်မည်မဟုတ်ပေ။ သို့သော် သူတို့ လက်ရှိရောက်နေသောနေရာသည် ကျန်းဟွမ်မြို့တော်ဟု ခေါ်သည့် ကျန်းဟွမ်၏ မြို့ပင်ဖြစ်သည်။
    ကျန်းဟွမ်သာ ဒေါသထွက်သွားပါက မြို့တစ်မြို့လုံး သွက်သွက်ခါသွားလိမ့်မည်ဖြစ်သည်။

    “ စီနီယာ ကျန်းဟွမ်..ချင်နန်က အဖြစ်အပျက်ရဲ့ သံသယတရားခံပါ...ကျွန်မတို့ သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်ရင် ကုန်သွယ်ရေးမဟာမိတ်အတွက် မယုံနိုင်လောက်စရာဆုံးရှုံးမှုကြီးတစ်ခု ဖြစ်စေပါလိမ့်မယ်...ရှင်သူ့ကို ကာကွယ်ပေးမယ်ဆိုရင် ကုန်သွယ်ရေးမဟာမိတ်က ကျန်းဟွမ်မြို့တော်ကို စစ်ကြေငြာရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပါဘူး "
    သူတော်စင် မိန်းကလေးသည် အေးစက်သောလေသံဖြင့် ပြောလိုက်၏။

    သူမ ဒီနေ့ ချင်နန်ကို အရာအားလုံးကုန်ကျခံကာ ဖမ်းဆီးမည်ဟု ဆုံးဖြတ်ချက်ချထားသည်။ ချင်နန်သည် အဖြစ်အပျက်၏ သံသယရှိသူအပြင် သူမ လက်အောက်ငယ်သားများ၏ သတင်းကိုရရှိပြီးနောက် လုံဟွာနိုင်ငံ၏ အခြေအနေသည်လည်း သူမ၏ ထိန်းချုပ်မှုအောက်မှ တဖြည်းဖြည်း လွတ်ထွက်လာကြောင်းကို သူမ ခံစားမိနေသည်။ ထို့ကြောင့် ဆိုးရွားသည့်အရာတစ်ခုခုဖြစ်ပျက်ခြင်းမှ ကာကွယ်ရန် သူမ ချင်နန်ကို ဖြစ်နိုင်သမျှအမြန်ဆုံး ဖမ်းချင်နေသည်။

    တစ်ဖက်သောလက်သိုင်းသခင်နှင့် အခြားသူများ၏ မျက်လုံးများအရောင်လက်သွားသည်။

    မျှော်လင့်ထားတဲ့ အတိုင်းပဲ သူတော်စင်မိန်းကလေးက...

   ဘယ်လောက် အထင်ကြီးစရာကောင်းလိုက်လဲ...

   “ ကျန်းဟွမ် မင်းက ငါတို့အားလုံးကို တကယ်တစ်ယောက်တည်း တိုက်ခိုက်ချင်တာလား..."
   တစ်ဖက်သောလက်သိုင်းသခင်နှင့် အလိမ္မာဓားသခင်တို့သည် အခြေအနေကို ထပ်ဆွလိုက်ကြသည်။

    ကျန်းဟွမ်၏ မျက်လုံးများ တောက်ပသွားသည်။သူတော်စင်မိန်းကလေးသည် ချင်နန်ကို ဖမ်းဆီးရန်အတွက် ဤကဲ့သို့ကြီးကြီးမားမား ပေးဆပ်ရန်ကြံရွယ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သို့သော်လည်း သူ ‌နောက်ဆုတ်ရန် ဆန္ဒမရှိပေ။ အကြောင်းမှာ ချင်နန်သည် ဆယ်နှစ်အတွင်း သူတွေ့ဆုံဖူးသော ဂျီးနီးယပ်များထဲတွင် အရဲရင့်ဆုံးဖြစ်သောကြောင့်ဖြစ်သည်။ ချင်နန်၏ ရဲစွမ်းသတ္တိတစ်ခုတည်းကပင် သူ့အား အရာအားလုံးကုန်ကျခံကာ ကူညီစေရန် လုံလောက်ပေသည်။

    “ ကုန်သွယ်ရေးမဟာမိတ်ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...ဘယ်သူမှ ကျန်းဟွမ်မြို့တော်ရဲ့ စည်းမျဉ်းကို ချိူးဖောက်လို့မရဘူး...မဟုတ်ရင် ငါ သနားကြင်နာမှုပြမှာ မဟုတ်ဘူး "
    ကျန်းဟွမ်၏အသံအေးစက်လာကာ လူအုပ်ကြီးမှာ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။

    သူတော်စင်မိန်းကလေး အလွန်အံ့အားသင့်သွားသည်။

   အခြားသူများမှာလည်း ထို့နည်းတူစွာပင်။

   ကျန်းဟွမ်က ဘာကိုမှ ဂရုမစိုက်ဘဲ ချင်နန့်ကို ကာကွယ်ပေးဖို့ စီစဉ်ထားတာလား...

    သူတော်စင်မိန်းကလေး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူမ၏ ခုနက စကားများမှာ ကျန်းဟွမ်ကို ခြောက်လှန့်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်။ ကုန်သွယ်ရေးမဟာမိတ်သည် လက်ရှိတွင် အောက်ပိုင်းခရိုင်ကို လွှမ်းမိုးထားနိုင်သော်လည်း ကျန်းဟွမ်ကိုမူ ဆန့်ကျင်နိုင်ခြင်းမရှိပါ။ သူမ၏ အာဏာတစ်ခုတည်းဖြင့်ဆိုပါက စကားထဲထည့်ပြောရန်ပင် မလိုပင်။ ထို့ပြင် သူမထံတွင် ကုန်သွယ်ရေးမဟာမိတ်ကို ကျန်းဟွမ်မြို့တော်ထဲမှ ပြောင်းရွှေ့နိုင်သည့်အခွင့်အရေးပင် မရှိချေ။

    “ငါ ဘာလုပ်သင့်လဲ...ငါ ချင်နန့်ကို နောက်တစ်ခါ လွှတ်ပေးလိုက်ရဦးမှာလား..."
    သူတော်စင်မိန်းကလေး အလျင်အမြန် တွေးတောလိုက်သည်။

   သို့သော်လည်း ထိုအချိန်၌ သူတို့ထံသို့ ချဉ်းကပ်လာသော အဝေးမှ အော်ရာတစ်ခုကို ခံစားလိုက်ရသည်။

   လူမရောက်လာခင်မှာပင် တည်ငြိမ်သောအသံကို အရင်ကြားလိုက်ရသည်။
    “ ဟီး...ဟီး.. ဒီမှာ လူတော်တော်များများ ရှိနေတာပဲ...ကျန်းဟွမ်မြို့တော်မှာ စိတ်ဝင်စားစရာတစ်ခုကို ငါ မမြင်ရတာကြာပြီ...ဘာတွေဖြစ်နေတာလဲ "

    ထိုစကားသံကိုကြားသည့်အခါ နတ်နားခြောက်ဖက်ရှင်၊ တစ်ဖက်သောလက်သိုင်းသခင်နှင့် အလိမ္မာဓားသခင်၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
   
    ရောက်ရှိလာသူမှာ ဖန်းကျန်ဖြစ်သောကြောင့်ဖြစ်သည်။

    ဖန်းကျန်က ဘယ်သူလဲ...

   ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ မျက်နှာသာရရှိထားသည့် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်တစ်ယောက်ဖြစ်ပြီး သိုင်းအရှင်အဆင့်သို့ ရောက်ရှိနိုင်သော အခွင့်အရေးရှိကာ အနာဂတ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။

    ကျန်းဟွမ်သည် အစွမ်းထက်သော်လည်း ယခု ဖန်းကျန်ရောက်လာပြီဖြစ်သည်။
    ကျန်းဟွမ်က ချင်နန့်ကို ကာကွယ်ပေးဦးမှာလား...
 
    မဖြစ်နိုင်ပေ။ သိုင်းဧကရာဇ်တစ်ဝက်အဆင့် ကျင့်ကြံသူလေးအတွက်နှင့် ကျွမ်းကျင်သူမြောက်မြားစွာကို ဆန့်ကျင်ရန်အကြောင်းမရှိပေ။

    ဝှစ်...

    လူအုပ်ရှေ့ ရုတ်တရက်ထွက်ပေါ်လာသောလူမှာ အေးဆေးတည်ငြိမ်သောမျက်နှာထားနှင့် လူလတ်ပိုင်းတစ်ယောက်ဖြစ်သည်။
   
    လူအုပ်ကြီး၏ အာရုံမှာ ချက်ချင်း လူစိမ်းဆီသို့ ရောက်ရှိသွားကြသည်။ အထူးသဖြင့် မင်းသမီးမြောင်မြောင်၊ လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် ချင်နန်တို့မှာ လူလတ်ပိုင်းကို မြင်သည့်အခါ ကြက်သေသေသွားကြသည်။

    “ အစ်ကိုဖန်း "
    တစ်ဖက်သောလက်သိုင်းသခင်သည် ပြုံးရွှင်နေသော မျက်နှာထားဖြင့် ကျန်းဟွမ်ကို လက်ညှိုးညွှန်ကာ ချက်ချင်း ပြောလိုက်သည်။
    “ ခင်ဗျား လွဲသွားတော့မလို့ပဲ...ကျုပ်တို့ ကြံရွယ်ထားတဲ့ ရတနာတွေကို ခင်ဗျား မှတ်မိတယ်မလား...အဲ့ဒါတွေကို ကျုပ် အာကိန်းတုံးတစ်သန်းသုံးသိန်းနဲ့ဝယ်ခဲ့တယ်...ဒါပေမဲ့ အဲ့ဒါတွေအားလုံးပေါက်ကွဲသွားတယ်...သံသယရှိသူက ဒီမှာဆိုပေမဲ့ ကျုပ်တို့ ဖမ်းဖို့ကြိုးစားတဲ့အခါမှာ ကျန်ဟွမ်က သူ့ကို ကာကွယ်နေတယ် "
   
    “ အဲ့ဒါမှန်တယ်.. တစ်ဖက်သောလက်သိုင်းသခင်ပြောတာအမှန်ပဲ "
    နတ်နားခြောက်ဖက်ရှင်သည် ချက်ချင်းနောက်မှ လိုက်ပြောလိုက်သည်။
   
    “ စီနီယာဖန်း...ကျန်းဟွမ်က ဒီတစ်ခေါက် ‌တော်တော်လွန်သွားပြီ...ရှင် အချိန်ကိုက် ရောက်လာတာပဲ...ကျွန်မတို့ကို တရားမျှတအောင် ဆောင်ရွက်ပေးပါ "
    သူတော်စင်မိန်းကလေးသည် သာယာသောအသံဖြင့်ပြောလိုက်သည်။

    “ မှန်တယ်...ကျုပ်လည်း သဘောတူတယ် "

    “ သံတမန်ဖန်း...အမှန်တကယ် အဲ့လို ဖြစ်ခဲ့တာပဲ "

    “ ကျန်းဟွမ်က ဒီ‌တစ်ခေါက် သူ့ရဲ့ အကန့်အသတ်ကို ကျော်သွားပြီ "
    
    “ .............. "

    ချင်းရှင်စားသောက်ဆိုင်ပိုင်ရှင်၊ ဖုန်းယွီနှင့် အခြားအစွမ်းထက်ကျင့်ကြံသူများ ပြောလိုက်ကြသည်။

    ဖန်းကျန်သာ သူတို့ဘက်တွင် ရှိပါက ကျန်းဟွမ်ပင် နောက်ပြန်ဆုတ်ရန်သာ ရွေးချယ်ရမည်ဖြစ်ကြောင်းကို သူတို့ သေချာပေသည်။
   
    “ တကယ်လား "
    ဖန်းကျန်၏ မျက်နှာ မည်းမှောင်သွားသည်။
    ဤလက်နက်များကို သခင်လေး ချင်းလုံမြင့်မြတ်နေရာသို့ ဝင်ရောက်လာသောအခါ သူ လက်ဆောင်ပေးရန် အထူးစီစဉ်ထားခြင်းဖြစ်သည်။

    အခုအားလုံးပေါက်ကွဲသွားတာလား...

    ဒီကျန်းဟွမ်က သံသယရှိသူကို ကာကွယ်ရဲတယ်လား...

    ထို့နောက် ဖန်းကျန်၏ နှလုံးသားထဲ၌ ဒေါသများ ပေါက်ဖွားလာသည်။ ၎င်းသည် သူ ရာထူးတိုးမြှင့်ခံရပြီးနောက် ပထမဆုံးအကြိမ် ဒေါသထွက်ခြင်းဖြစ်သည်။ သူသည် ကျန်းဟွမ်ကို ဒေါသထွက်သော မျက်လုံးအစုံဖြင့် ကြည့်လိုက်၏။

   သို့သော်လည်း ဖန်းကျန်သည် သူ၏ ဒေါသမထုတ်ဖော်မီ အေးဆေးတည်ငြိမ်သည့်ပုံစံဖြင့် ပြောလိုက်သည်။
    “ ကျန်းဟွမ်...ဒါအမှန်ပဲလား "

    ကျန်းဟွမ်၏ မျက်နှာ ဖြူဖျော့သွားသည်။
    သူ၏ အနေအထားနှင့် နောက်ခံကြောင့် သူသည် ဖန်းကျန် ကုန်သွယ်ရေးမဟာမိတ်နှင့် ပူပေါင်းခြင်းကို မကြောက်ပေ။
    သို့သော် ဖန်းကျန်သည် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ မျက်နှာသာပေးခြင်းခံထားရသော သံတမန်တစ်ယောက်ဖြစ်သည်။ သူသာ ဖန်းကျန်ကို ဆန့်ကျင်လိုက်ပြီး ဖန်းကျန်သည်  ထိပ်ပိုင်းခေါင်းဆောင်ကို မဟုတ်မဟတ်သွားပြောလိုက်မည်ဆိုပါက သူ့အတွက် အကျိုးဆက်ဆိုးရွားသွားလိမ့်မည်ဖြစ်သည်။

    ငါ အခုဘာလုပ်သင့်လဲ...

    ချင်နန်ကို လွှဲပြောင်းပေးဖို့ကလွဲရင် ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူးလား...

    “ ကျန်းဟွမ် မင်း ဘာတွေးနေလဲဆိုတာ ငါ စိတ်မဝင်စားဘူး...သံသယရှိသူဘယ်မှာလဲ...ငါကိုယ်တိုင်စစ်မေးမယ် "
    ဖန်းကျန် ပြောလိုက်သည်။

    “ သိုင်းဧကရာဇ်တစ်ဝက်အဆင့်နဲ့ သူက သံသယရှိသူပါ "
    နတ်နားခြောက်ဖက်ရှင်သည် ချင်နန်ကိုလက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

    “ ဟင်...သိုင်းဧကရာဇ်တစ်ဝက်အဆင့် "
    ဖန်းကျန်သည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် ခေါင်းငုံ့ကာ သံသယရှိသူကို ကြည့်လိုက်သည်။
   
   သူ စရောက်လာကတည်းက သူသည် ကျန်းဟွမ်နှင့်အခြားသူများကိုသာ အာရုံစိုက်ခဲ့ပြီး အောက်မှလူများကို လျစ်လျူရှုထားခဲ့သည်။
    သို့သော်လည်း သူ၏အကြည့် ချင်နန်၏ မျက်လုံးများနှင့် တွေ့ဆုံသွားသည့်အခါ သူ၏ မျက်လုံးများ ကျုံ့သွားသည်။

    “ မကောင်းဘူး "
    ကျန်းဟွမ်၏ မျက်နှာ ပို၍ဖြူဖျော့သွားကာ ချင်နန်၏ ရှေ့၌ နေရာယူရန်ပြင်လိုက်သည်။

    “ ဟီး...ဟီး..."
    နတ်နားခြောက်ဖက်ရှင်၊ ဖုန်းယွီ၊ ချင်ရှင်စားသောက်ဆိုင်ပိုင်ရှင်နှင့် အခြားသူတို့၏ မျက်နှာများထက်တွင် အပြုံးဖြီးဖြီးကြီးများ ထွက်ပေါ်လာသည်။

    အိုး ချင်နန် မင်း ဒီတစ်ကြိမ် ဘယ်လို လွတ်မြောက်နိုင်မှာလဲ...

    သူတော်စင်မိန်းကလေး၏ မျက်လုံးများမှာလည်း အရောင်လက်သွားကာ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
    “ ချင်နန် ငါနင့်ကို ပြောသားပဲ...နင် ဘယ်တော့မှ ငါ့လက်ထဲက မလွတ်... "

    သူမ၏ စကားမဆုံးသေးခင်မှာပင်...

    ကျန်းဟွမ် မတုံ့ပြန်ရသေးခင်မှာပင်...

    လူအုပ်ကြီး၏ မျက်နှာပေါ်မှ အပြုံးဖြီးဖြီးများ မပျောက်ကွယ်သွားခင်မှာပင်...

   တဒင်္ဂငေါင်တောင်တောင်ဖြစ်နေပြီးနောက် ဖန်းကျန် သတိပြန်ဝင်လာကာ ချက်ချင်း မြေပေါ်သို့ ဆင်းသက်လာသည်။ ထို့နောက် လက်သီးစုကာ အရိုအသေပေးလိုက်ပြီး လေးလေးစားစား ပုံစံဖြင့် ပြောလိုက်သည်။
    “ သခင်လေးချင်နန်...မတွေ့တာ အချိန်အတော်ကြာသွားပြီပဲ "
   
    စကားတစ်ခွန်းသည် မိုးကြိုးဖြင့် ပစ်ခွင်းလိုက်သလိုပင်...

🐱🐱🐱🐱🐱🐱🐱🐱

အပိုင်း (၃၀၅) သူ့ကိုတောင်းပန်ပါ

     အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ စကားများ လည်ချောင်းဝ၌ တစ်ဆို့သွားသည်။

     ကျန်းဟွမ်၏ လှုပ်ရှားမှုမှာလည်း လေထဲ၌ပင် ရပ်တန့်သွားသည်။

     လူအုပ်ကြီး၏ မျက်နှာထက်မှ အပြုံးဖြီးဖြီးကြီးများမှာလည်း အေးခဲသွားကြသည်။

     ကျော်ကြားသော ဂုဏ်ပုဒ်များပိုင်ဆိုင်ထားသည့် လူများအားလုံးသည် ချင်နန်ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

     သခင်လေးချင်နန်...

     မင်းငါ့ကို နောက်နေတာလား...

     သံတမန်ဖန်းကျန်က သူ့ကို သခင်လေးချင်နန်လို့ ခေါ်နေတာလား....

     “ဟန့်..."
     မင်းသမီးမြောင်မြောင်နှင့် လောင်ဂူးသိုင်းဘိုးအေသားရဲတို့သည် အထင်သေးစွာဖြင့် ကြည့်လိုက်ကြသည်။ ဒီဖန်းကျန်ကို သူတို့ ရင်းရင်းနှီးနှီး သိပေသည်။ ဖန်းကျန်မှာ အခြားသူမဟုတ်ပေ။ စိတ်ဝိညာဉ်ဂိုဏ်းတွင် အိုးရန်ပါးနှင့် ပူးပေါင်းခဲ့သော ချင်းလုံမြင့်မြတ်နေရာမှ သံတမန်ပင်ဖြစ်သည်။ ထိုအဖြစ်အပျက်အပြီးတွင် ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုသည် သူ၏ ရာထူးကြောင့် သူ့အသက်ကို ချမ်းသာပေးခဲ့ကာ အခြားအစီအစဉ်များအတွက် သူ၏ လက်အောက်ငယ်သားဖြစ်စေခဲ့သည်။
     ဖန်းကျန်၏ သဘောထားပြောင်းလဲသွားသော်လည်း သူတို့သည် ဖန်းကျန်ကို သဘောကျခြင်းမရှိကြပေ။

     ချင်နန်ကိုယ်တိုင်သည်လည်း ဖန်းကျန်ကို မနှစ်သက်ချေ။

    “သခင်လေးချင်နန် ဒီမှာ ဘာဖြစ်နေတာလဲ"
     ဖန်းကျန်သည် မကျေနပ်သည့် ခံစားချက်မရှိပေ။ သည့်အစား သူ၏ မျက်နှာထက်၌ အပြုံးတစ်ခုသာ ရှိနေသည်။
     “အစက ထိပ်...မင်းကို ဘယ်သူစိုးရိမ်ပူပန်နေလဲဆိုတာ မင်းသိမှာပါ...သူတို့က ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ မလာနိုင်ပေမဲ့ မင်းကို စောင့်ရှောက်ဖို့အတွက် ကျုပ်ကို စေလွှတ်လိုက်ပါတယ်...ဒါကြောင့် ကျုပ်ကို အရာအားလုံး လွတ်လွတ်လပ်လပ်ပြောဆိုလို့ ရပါတယ်"

     ချင်နန် တိတ်ဆိတ်စွာပင် ရှိနေသည်။ ဒီလူယုတ်မာသည် သူ၏ ရန်သူဖြစ်သည်။ သူ၏ရှေ့မှ ဒီပြဿနာလေးကြောင့်နှင့် ဖန်းကျန်ကို သူခွင့်လွှတ်ချင်စိတ်မရှိပေ။

     သို့ဆိုသော်ငြားလည်း လောင်ဂူးသိုင်းဘိုးအေသားရဲမှာမူ စိတ်ရှည်မှုကုန်ဆုံးသွားပြီး ဆူဆူညံညံဖြင့် ပြောလိုက်သည်။
     “ဖန်းကျန်...မင်းတုံးနေလား...ဒီအမှိုက်တစ်စု နတ်နားခြောက်ဖက်ဆိုလား...ကုန်သွယ်‌ရေးမဟာမိတ်ရဲ့ သူတော်စင်မိန်းကလေးရယ် တစ်ဖက်သောလက်သိုင်းသခင်ရယ်...အာ...အလိမ္မာဓားသခင်ရယ် ဖုန်းယွီရယ်..အာ ဘယ်သူဖြစ်ဖြစ် သူတို့က ချင်နန်ကို အနိုင်ကျင့်ဖို့ ကြိုးစားနေကြတယ်ဆိုတာ မင်းမမြင်ဘူးလား"

     “ဟမ်..."
    ဖန်းကျန်သည် အေးစက်နေသာမျက်လုံးများဖြင့် တစ်ဖက်သောလက်သိုင်းသခင်ကို ကြည့်လိုက်သည်။
     “တစ်ဖက်သောလက် မင်းဘာလုပ်နေတာလဲ...ဒီကိုလာပြီး ချက်ချင်းတောင်းပန်လိုက်....သခင်လေးချင်နန်သာ ဒေါသထွက်သွားရင် ဘယ်သူမှ မင်းရဲ့ အသက်ကို အာမခံနိုင်မှာမဟုတ်ဘူး"

     တစ်ဖက်သောလက်သိုင်းသခင်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။

     ဒီဖန်းကျန်က ဘာလဲ...

     သူက ဘာကြောင့် ဒီသိုင်းဧကရာဇ်တစ်ဝက်အဆင့်ကျင့်ကြံသူလေးကို သခင်လေးချင်နန်လို့ ခေါ်နေတာလဲ...

     ပြီးတော့ သူ့လို သိုင်းအရှင်တစ်ဝက်အဆင့်ကျင့်ကြံသူကိုတောင်မှ ချင်နန့်ကို တောင်းပန်ခိုင်းနေတာလား...

     တစ်ဖက်သောလက်သိုင်းသခင်၏ မလှုပ်မယှက်ပုံစံကိုကြည့်ကာ ဖန်းကျန် ချက်ချင်းဒေါသထွက်လာသည်။ သူသည် တစ်ဖက်သောလက်သိုင်းသခင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် လက်နက်များကို သူ့ကိုယ်စား လေလံဆွဲခိုင်းခဲ့သည်။ ထို့ကြောင့် အမှန်တရားကို သိရှိပြီးနောက် သူ၏ ပထမဆုံးအတွေးမှာ ချင်နန် သူ့ကို ဒေါသမထွက်စေရန်အတွက် တစ်ဖက်သောလက်သိုင်းသခင်ကိုတောင်းပန်ခိုင်းရန်ဖြစ်သည်။
     ချင်နန်သာ ဒေါသထွက်သွားပါက မည်သူမှ အကျိုးဆက်ကို ခံနိုင်လိမ့်မည်မဟုတ်ပေ။

     “မင်း*ီးလုပ်နေတာလား...မင်း ငါတို့ရဲ့ မိတ်ဆွေဆက်ဆံရေးကို ဖြတ်တောက်ဖို့ ကြိုးစားနေတာလား"
     ဖန်းကျန်သည် ခက်ထန်သောအသံဖြင့် ပြောလိုက်သည်။

     ထိုစကားများကြားသည့်အခါ တစ်ဖက်သောလက်သိုင်းသခင် အလွန်ကြောက်ရွံ့သွားသည်။ သူသည် ငတုံးမဟုတ်သောကြောင့် အ‌ခြေအနေကို ချက်ချင်းနားလည်သွားသည်။ ဒီချင်နန်တွင် သေချာပေါက် ကြောက်မက်ဖွယ်ရာနောက်ခံ ရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ဖန်းကျန်သည် သူ့အား ဤကဲ့သို့ စကားများပြောလိမ့်မည်မဟုတ်ပေ။

     “သခင်...သခင်လေးချင်နန်...ဒါက နားလည်မှုလွဲတာပါ...ကျုပ်တောင်းပန်ပါတယ်...ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ"
     အခြေအနေကို နားလည်သွားသည့်အခါ တစ်ဖက်သောလက်သိုင်းသခင်သည် ချက်ချင်းပင် သူ၏ မာနကို စွန့်လွှတ်၍ ချင်နန်ကို ဦးညွတ်ကာ ရိုးသားသောလေသံဖြင့် တောင်းပန်လိုက်သည်။

     “သခင်လေးချင်နန်...သူက လူတွေကို အနိုင်ကျင့်တတ်ပေမဲ့ စိတ်သဘောထားကတော့ ကောင်းပါတယ်...မင်းသူ့ကို ဗွေမယူဘူးလို့ ကျုပ်မျှော်လင့်ပါတယ်"
     ဖန်းကျန် ချက်ချင်းပြောလိုက်သည်။

     “ရပါတယ်"
     ချင်နန်သည် သူ၏ ခေါင်းကိုညိတ်လိုက်သည်။ တစ်ဖက်သောလက်သိုင်းသခင်ကို ကြည့်နေသည့် သူ၏ အကြည့်များမှာလည်း နည်းနည်းပြေလျှော့သွားသည်။

     “ကျေးဇူးတင်ပါတယ် သခင်လေးချင်နန်"
     အကြောင်းပြချက်တချို့ကြောင့် တစ်ဖက်သောလက်သိုင်းသခင်သည် စိတ်သက်သာရာရသွားကာ သူ၏ မျက်နှာထက်၌ ပျော်ရွှင်သည့် အရိပ်အယောင်တချို့ ထွက်ပေါ်လာသည်။

     ဖန်းကျန်သည်လည်း ချင်နန်၏ ခွင့်လွှတ်ပေးမှုရရှိဖို့မှာ အလွန်ခက်ခဲသကဲ့သို့ စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။

     ထိုအချိန်၌ ကျန်းဟွမ်၊ နတ်နားခြောက်ဖက်ရှင်၊ သူတော်စင်မိန်းကလေး၊ ဖုန်းယွီနှင့် အခြားသူများမှာ လုံးဝအံ့အားသင့်နေကြသည်။

     သခင်လေးချင်နန်လို့ ခေါ်လိုက်တာလား...

     တစ်ဖက်သောလက်သိုင်းသခင်က ချက်ချင်းတောင်းပန်လိုက်တာလား...

     ချင်နန်ရဲ့ ခွင့်လွှတ်မှုကိုရရှိတဲ့အခါ သူပျော်ရွှင်သွားတာလား...

     ဒီချင်နန်ရဲ့ အစစ်အမှန်ပုံသဏ္ဌာန်က ဘယ်သူလဲ...

     အထူးသဖြင့် သူတော်စင်မိန်းကလေးမှာ အလွန်ရှုပ်ထွေးနေသည်။ ချင်နန်သည် ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်သာ ပိုင်ဆိုင်သည့် လန်ရှုးမြို့လေးမှ ဂျီးနီးယပ်တစ်ယောက်သာဖြစ်သည်။

     သူက ဘယ်လိုလုပ် ဒီလိုကြောက်မက်ဖွယ်ရာစွမ်းအားပိုင်ဆိုင်လာတာလဲ...

     “နတ်နားခြောက်ဖက်ရှင်၊ သူတော်စင်မိန်းကလေး...ဟုတ်တယ်နော်.."
     ဖန်းကျန်၏ အကြည့်သည် နတ်နားခြောက်ဖက်ရှင်နှင့် အခြားသူများပေါ်သို့ ရောက်ရှိသွားသည်။
    ပုံမှန်အားဖြင့် သူသည် ဒီလူများကို အလွန်လေးစားစွာဖြင့် ဆက်ဆံမည်ဖြစ်သည်။ သို့သော် ယနေ့သည် ခြားနားသွားပြီဖြစ်သည်။ သင် နတ်နားခြောက်ဖက်ရှင် သို့မဟုတ် သူတော်စင်မိန်းကလေးဖြစ်ပါစေ အရေးမကြီးပါ။ သင်သာ ချင်နန်ကို ဒုက္ခပေးမည်ဆိုပါက သူလွယ်လွယ်နှင့် ခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။
    ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု၏ စကားများအရ  အခြားဂျီးနီးယပ်များ ချင်နန့်အား အနိုင်ကျင့်ခြင်းကို သူတို့ဂရုမစိုက်ပေ။ သို့သော်လည်း ကျွမ်းကျင်သူများ ချင်နန်ကို အနိုင်ကျင့်ခြင်းကိုတော့ သူတို့ခွင့်မပြုပေ။ အောက်ပိုင်းခရိုင်အတွင်းရှိ မည်သူမှ ဤကဲ့သို့ လုပ်ဆောင်ခွင့်မပြုနိုင်ပေ။

     “ငါမင်းတို့အားလုံးကို အခွင့်အရေးတစ်ခုပေးမယ်...မင်းတို့ အခုချက်ချင်း သခင်လေးချင်နန်ကို လေးလေးစားစားနဲ့ တောင်းပန်လိုက်...တကယ်‌‌တော့ ငါ့ရဲ့ အကြုံပြုချက်ကို အလေးမထားလို့လည်း ရပါတယ်...ငါ့ရဲ့ စွမ်းအားတစ်ခုတည်းက မင်းတို့ကို အနိုင်မယူနိုင်ဘူးဆိုတာ ငါသိတယ်"
     ဖန်းကျန်သည် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
     “ဒါပေမဲ့ ငါရှင်းရှင်းလင်းလင်းပြောပြမယ်....သခင်လေးချင်နန်ရဲ့ ခွင့်လွတ်မှုကို ခံရခြင်းက မင်းတို့အတွက် စိတ်ကျေနပ်စရာဖြစ်လိမ့်မယ် မဟုတ်ရင် ကုန်သွယ်ရေးမဟာမိတ်တောင်မှ အကျိုးဆက်အနေနဲ့ အပျက်အစီးတွေနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်"

     နောက်ဆုံးစကားအနည်းငယ်သည် ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုတစ်ခုကဲ့သို့ပင် ဖြစ်သွားသည်။

    ကုန်သွယ်ရေးမဟာမိတ်တောင် အပျက်အစီးတွေနဲ့ ရင်ဆိုင်ရမှာလား...

     ကုန်သွယ်ရေးမဟာမိတ်သည် အထက်ပိုင်းခရိုင်မှ ဆင်းသက်လာသည့် အဖွဲ့ခွဲတစ်ခုဖြစ်ကြောင်းကို လူတိုင်းသိရှိကြပေသည်။ မြင့်မြတ်နေရာနှစ်ခုပင် ကုန်သွယ်ရေးမဟာမိတ်ကို အပြစ်မပြုမီနှစ်ခါစဉ်းစားရလိမ့်မည်ဖြစ်သည်။

     ချင်နန်သာ ဒေါသထွက်သွားရင် ကုန်သွယ်ရေးမဟာမိတ်တောင် ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရမယ်လို့ မင်းဆိုလိုတာလား...

    ချင်နန်သည် မြင့်မြတ်နေရာတစ်ခုမှ ခေါင်းဆောင်၏ သားဖြစ်လျှင်ပင် ဤကဲ့သို့ စွမ်းဆောင်နိုင်မည်မဟုတ်ပါ။

     သို့သော်လည်း ဖန်းကျန် ဤကဲ့သို့ ပြောခြင်းမှာ ချင်နန်၏ နောက်တွင် အောက်ပိုင်းခရိုင်၏ ဒဏ္ဍာရီပုဂ္ဂိုလ် အင်ပါယာအမြစ်ဖြတ်သူ...ထောင်ချင်းစန့် ရှိနေခြင်းကြောင့် ဖြစ်ခြင်းကိုတော့ မည်သူမှ မသိပေ။
      အကယ်၍ ချင်နန်သာ ထောင်ချင်းစန့်ကို ဆင့်ခေါ်လိုက်မည်ဆိုပါက ဤနေရာတွင် ရှိနေသော လူအားလုံး အရိုးပုံဖြစ်သွားလိမ့်မည်ဖြစ်သည်။ အရိုးသားဆုံးပြောရပါက အရိုးများပင် ကျန်လိမ့်မည်မဟုတ်ပေ။

    “ဟန့်..."
     မင်းသမီးမြောင်မြောင်သည် သူမ၏ မေးကိုပင့်ကာ လူအုပ်ကြီးကို အေးစက်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

    နင်တို့ ကုန်သွယ်ရေးမဟာမိတ်က အရမ်းမောက်မာတယ်မလား...

    နင်တို့ အားလုံးက ချင်နန်ကို အနိုင်ကျင့်ဖို့ ကြိုးစားနေကြတာ မဟုတ်ဘူးလား...

     အခုနင်တို့ ဘာလုပ်မှာလဲ...

    “ဒါ..."
    နတ်နားခြောက်ဖက်ရှင်၊ သူတော်စင်မိန်းကလေးနှင့် အခြားသူများ၏ မျက်လုံးများမှာလည်း ပြူးကျယ်နေကြသည်။ ဖန်းကျန်သည် ဤကဲ့သို့ စကားများပြောလိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးမိထားကြပေ။ သူတို့အားလုံးဘာလုပ်ရမှန်းမသိဘဲ တစ်ခဏမျှ ကြောင်အနေကြသည်။

    ချင်နန့်ကို တောင်းပန်ရမှာလား...

    ဒါက အရမ်းရှက်စရာကောင်းတာပဲ...

    ဖန်းကျန်၏ ရပ်တည်မှုကိုကြည့်၍ ချင်နန်၏ နောက်ခံမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းမည်ကို သူတို့ခန့်မှန်းနိုင်ကြပေသည်။ သူတို့သာ သူ့ကို ဆန့်ကျင်မည်ဆိုပါက ကြီးလေးသော ဆုံးရှုံးမှုဖြစ်လာနိုင်ပေသည်။

    “ချင်နန့်မှာ ဒီလိုကြောက်မက်ဖွယ်ရာကောင်းတဲ့ နောက်ခံရှိတာ အံ့အားသင့်စရာပဲ...ငါနင့်ကို မှားယွင်းပြီး စွပ်စွဲခဲ့မိတဲ့အတွက်ကြောင့် တောင်းပန်ပါတယ်"
    သူတော်စင်မိန်းကလေးသည် ပထမဦးစွာ ခါးသက်သော လေသံဖြင့်ပြောလိုက်သည်။
    “ခုနက နားလည်မှုလွဲမှားတာတွေအတွက် နင်ငါ့ကို အပြစ်မတင်ဘူးလို့ ငါမျှော်လင့်ပါတယ်...ဒါတွေကလည်း ငါ့ရဲ့မျက်လုံးက သေချာမမြင်နိုင်ခဲ့တာကြောင့်ပါ...ဒါပေမဲ့ နင်ငါ့ကို စိတ်ဆိုးမယ်ဆိုရင်လည်း ငါနင့်ကို အပြစ်မတင်ပါဘူး"
    စကားများမှာ သနား‌စရာကောင်းသည့်လေသံဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး နားထောင်ရသူမည်သူမဆို သူမကို ချက်ချင်းခွင့်လွှတ်ပေးချင်စိတ် ပေါက်သွားလိမ့်မည်ဖြစ်သည်။

    နတ်နားခြောက်ဖက်ရှင်သည်လည်း ချက်ချင်းပင် ကြိုးစားအားတင်းပြုံးကာ ပြောလိုက်သည်။
    “ဒါတွေအားလုံးက နားလည်မှုလွဲတာပါ...နားလည်မှုလွဲတာပါ...သခင်လေးချင်နန် ကျေးဇူးပြုပြီး ဒါတွေကို စိတ်ထဲမထားပါနဲ့ ဒါ့အပြင် အနက်ရောင်အစင်းကြောင်းသုံးခုကလည်း နားလည်မှုလွဲသွားတာပါ...ကျုပ်မင်းကို အဲဒါတွေဖျက်..."

     “မေ့လိုက်တော့"
    တစ်လျှောက်လုံးတိတ်ဆိတ်စွာချင်နန်သည် ရုတ်တရက် သူ၏ လက်ကိုဝှေ့ယမ်းပြီး သူ၏ နဖူးကိုညွှန်ပြကာ အေးဆေးတည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
    “ခင်ဗျားတို့ ကုန်သွယ်ရေးမဟာမိတ်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်...စကားမစပ် ကျုပ်အခွင့်ကောင်းတစ်ခု မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းထားပါ မဟုတ်ရင်..."

    ချင်နန်သည် စကားကို ခေတ္တရပ်လိုက်ပြီးနောက် သူ၏ မျက်လုံးများ ချက်ချင်းအေးစက်သွားကာ ဆက်ပြောလိုက်သည်။
    “ကုန်သွယ်ရေးမဟာမိတ် ဖျက်စီးခံရလိမ့်မယ်"

    ထိုစကားများပြောပြီးသည်နှင့် သူသည် ချက်ချင်းပင် လှည့်ထွက်ကာ အိမ်ထဲသို့ဝင်သွားသည်။ သူသည် ဒီ အားနည်းသူများကိုသာ အနိုင်ကျင့်တတ်သည့် လူဖျင်းများနှင့် အချိန်ဖြုန်းချင်စိတ်မရှိပေ။

Continue Reading

You'll Also Like

2.3M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
111K 10.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
103K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...