အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

110K 10.6K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၂၅၆ - ၂၆၀

498 53 0
By Azure5549


အပိုင်း (၂၅၆) ထူးဆန်းသော အပြောင်းအလဲ

     တပည့်များနှင့် ဂိုဏ်းချုပ်ခန်းမထဲရှိ လူများမှာ ကြက်သေ သေနေကြသည်။ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းမှာ အလွန်မြန်ဆန်လာသောကြောင့် သူတို့ ဘာမှမတုံ့ပြန်နိုင်ကြသေးပေ။

    အိုးရန်ကျင်းက ချင်နန်ကို တိုက်ခိုက်လိုက်တာလား...

    ချင်နန့်ရဲ့ သိုင်းဧကရာဇ်အူတိုင်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတာလား...

    အိုးရန်ပါးက လူအိုကြီးရှန်၊ မင်းသမီးမြောင်မြောင်နဲ့ လောင်ဂူးသိုင်းဘိုးအေသားရဲကို တစ်ယောက်တည်းရင်ဆိုင်တာလား...

    ချင်းလုံမြင့်မြတ်နေရာရဲ့ သံတမန်က ဘယ်ဘက်ကလဲ...
   
    လူအများ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော သံသယများ ဖြစ်ပေါ်နေသည်။

     ထိုအချိန်တွင် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် အေးဆေးတည်ငြိမ်စွာဖြင့် ဒိုဂျိုဆီသို့ ဆင်းသက်လာပြီး ပတ်၀န်းကျင်အား အေးဆေးတည်ငြိမ်သွားအောင် ထိန်းချုပ်လိုက်သည်။

    ဖြီး...

    ချင်နန်သည် ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ၏ သိုင်းဧကရာဇ်အူတိုင် အကြီးအကျယ် ထိခိုက်သွားသောကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

    “လာခဲ့..."
    ချင်နန်သည် စကားလုံးများကို အားယူကာ ပြောလိုက်သည်။ လေထဲမှ တုန်ခါနေသည့် အက်ကြောင်းများ အပြည့်နှင့် သိုင်းဧကရာဇ်အူတိုင်သည် ချင်နန်ဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသည်။

    ဘန်း...

    ချင်နန်၏ ခန္ဓာကိုယ်ထဲ ရောက်ရှိလာသောအခါ သိုင်းဧကရာဇ်အူတိုင်သည် ပို၍ပင် ပြင်းထန်စွာ တုန်ခါလာပြီး အော်ရာသည်လည်း မတည်မငြိမ်ဖြစ်လာကာ ပေါက်ကွဲတော့မလိုပင်။
    အခြား သာမန် သိုင်းဧကရာဇ်အူတိုင်များဆိုပါက ဧကရာဇ်တစ်၀က်အဆင့်လက်နက်၏ တိုက်ခိုက်မှုကို ခံရသောအခါ ချက်ချင်း အပိုင်းပိုင်း ကွဲကြေသွားလိမ့်မည်ဖြစ်သည်။
    သို့သော် ချင်နန်၏ သိုင်းဧကရာဇ်အူတိုင်မှာမူ လုံး၀ကွဲပြားခြားနားပေသည်။ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံး အကူအညီဖြင့် သူ၏ သိုင်းဧကရာဇ်အူတိုင် မပျက်စီးခဲ့ပေ။ သို့သော်လည်း အူတိုင် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသောအခါ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးအော်ရာသည် ပျောက်ကွယ်သွားပြီး စတင်ပျက်စီးလာသည်။

     “မကောင်းဘူး..."
     ချင်နန်၏ မျက်နှာ ဖြူဖျော့သွားသည်။ သူ နည်းလမ်းတစ်ခုခုကို မရှာဖွေပါက သိုင်းဧကရာဇ်အူတိုင်သည် လုံး၀ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် အလွန်နာကျင်မှုနှင့် အလွန်အားနည်းမှုကို ခံစားလိုက်ရသည်။ သူ နောက်ကျသွားပြီဖြစ်သည်။

    “ငါ့ရဲ့ အူတိုင်က ပျက်စီးသွားတော့မှာလား"
    ချင်နန်၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။

    ထိုအချိန်၌ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးမှ နာကျင်မှုဖျော့ဖျော့ကို ခံစားလိုက်ရပြီး သွေးတစ်စက် စီးကျလာကာ သူ၏ အရေပြားထဲ ထိုးဖောက်သွားပြီး သိုင်းဧကရာဇ်အူတိုင်ဆီသို့ ရောက်ရှိသွားကာ စိမ့်၀င်သွားသည်။
     တိုးညှင်းသော အသံဖျော့ဖျော့နှင့်အတူ ပျက်စီးနေသော သိုင်းဧကရာဇ်အူတိုင်သည် ပြန်လည် ကောင်းမွန်လာပြီး ယခင်က ကစဥ့်ကလျား ဖြစ်နေသော အော်ရာမှာလည်း တည်ငြိမ်လာသည်။ ၎င်းသည် အပြည့်အ၀ ကောင်းမွန်ခြင်း မဟုတ်သော်လည်း ပျက်စီးခြင်း မရှိတော့ချေ။

    “စစ်နတ်ဘုရားရဲ့ ဘယ်ဘက်မျက်လုံးက ငါ့ကို နောက်တစ်ကြိမ် မျက်နှာသာ ပေးနေတာနဲ့ တူတယ်"
    ချင်နန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သိုင်းဧကရာဇ်အူတိုင် ပြန်လည် သက်သာလာခြင်းနှင့်အတူ သူ၏ စွမ်းအားကိုလည်း ပြန်လည် ရရှိလာသည်။ သူ၏ ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရ‌ထားသော်လည်း စောနက အခြေအနေကထက် အများကြီး ပိုကောင်းမွန်ပေသည်။

    တစ်ချိန်တည်းမှာပင် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်နှင့် ‌အိုးရန်ပါးတို့သည် ချင်နန်၏ ပြောင်းလဲသွားသော အခြေအနေကို သတိပြုမိလိုက်သည်။ သူတို့၏ မျက်လုံးထဲတွင် လောဘတက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူတို့သည် အင်ပါယာမော်တယ်ကျမ်းစာအပြင် ချင်နန် ပိုင်ဆိုင်သော အရာအားလုံးကိုလည်း လိုချင်လာသည်။

     မင်းသမီးမြောင်မြောင်၊ လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် လူအိုကြီးရှန်တို့မှာလည်း စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ မင်းသမီးမြောင်မြောင်သည် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်ကို လျစ်လျူရှုလိုက်ပြီး ချင်နန်ဆီသို့ ခရမ်းရောင် သွေးစက်တစ်စက်ကို ပစ်လွှတ်လိုက်သည်။

    “ချင်နန်...ကောင်းကောင်းအနားယူပါ"
    ထို့နောက် သူမသည် ပတ်၀န်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
    “မစိုးရိမ်ပါနဲ့..ဒီနေရာမှာ ငါရှိတယ်"

    ချင်နန်သည် တစ်ခဏ အံ့အားသင့်သွားပြီးနောက် သူ၏ ဒဏ်ရာများ သက်သာသွားစေရန် ခရမ်းရောင် သွေးစက်ကို သုံးစွဲလိုက်သည်။

    မနီးမဝေးမှ အိုးရန်ကျင်းသည် ချင်နန် အချိန်တိုအတွင်း ပြန်လည် သက်သာလာသည်ကို မည်းမှောင်သော မျက်နှာထားဖြင့် ကြည့်နေသည်။ သူဤမျှ ကြီးမားသည့် ပမာဏကို ပေးဆပ်ခဲ့သော်လည်း ချင်နန်ကို အကြီးအကျယ်ထိခိုက်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

    လူတိုင်းအထင်နှင့် လွဲချော်စွာပင် မင်းသမီးမြောင်မြောင်နှင့် အခြားသူများ စကားမပြောမီမှာပင် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် ရုတ်တရက် ခက်ထန်သော အသံဖြင့် ပြောလိုက်သည်။
    “မင်းတို့လို သိုင်းဘိုးအေအဆင့် ကျွမ်းကျင်သူတွေက ဒီလို လူငယ်အချင်းချင်းအကြား အရေးမပါတဲ့ တိုက်ခိုက်မှုကို ဘာကြောင့် ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ...မင်းတို့ ကြားထဲ တိုက်ပွဲဖြစ်သွားရင် ဒီမှာရှိတဲ့ တပည့်တွေ ဘယ်လောက်တောင် သေဆုံးသွားမလဲဆိုတာ သိရဲ့လား"

    ထိုအချိန်၌ လူအုပ်ကြီးမှာ ကြက်သေ သေသွားကြသည်။ ဂိုဏ်းချုပ်ခန်းမထဲမှ လူများပင် ကြက်သေ သေသွားကြသည်။

    လူငယ်အချင်းချင်းအကြား အရေးမပါတဲ့ တိုက်ခိုက်မှု...
    အိုးရန်ကျင်းက ချင်နန်ကို အလစ်အငိုက်တိုက်ခိုက်ပြီး ချင်နန့်ရဲ့ သိုင်းဧကရာဇ်အူတိုင် ပျက်စီးလုနီးပါး ဖြစ်သွားတာတောင် လူငယ်အချင်းချင်းကြားက အရေးမပါတဲ့ တိုက်ခိုက်မှုလို့ ပြောနေတာလား...

    ချင်နန်သည် သိုင်းဧကရာဇ်အူတိုင် ပျက်စီးခြင်းမှ တားဆီးနိုင်ခဲ့သော်လည်း သူ နောက်တစ်ကြိမ် ချိုးဖျက်သည့် အချိန်တွင် ဂျီးနီးယပ်သုံးယောက်၏ အကူအညီကို ရရှိလိမ့်မည် မဟုတ်ပေ။ ကံမကောင်းပါက ချင်နန် နောက်နှစ်နှစ်အတွင်း သိုင်းဧကရာဇ်တစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်ပေ။

    ထို့ကြောင့် လူအုပ်ကြီးမှာ ချက်ချင်း နားလည်သွားကြသည်။ ချင်းလုံမြင့်မြတ်နေရာမှ သံတမန်၏ စကားများအရ သူသည် အိုးရန်ကျင်းကို ကာကွယ်ရန် ကြိုးစားနေသည်မှာ သိသာထင်ရှားပေသည်။

    ထိုအချိန်တွင် အိုးရန်ပါးသည် ရှေ့သို့ ခြေတစ်လှမ်းတက်လာပြီး မင်းသမီးမြောင်မြောင်နှင့် အခြားသူများကို လက်သီးစုကာ ပြောလိုက်သည်။
     “ဖြစ်ပျက်ခဲ့တဲ့ အရာတွေက ငါ့သားရဲ့ အမှားတွေပါ...ငါလည်း သူ့ကို ကောင်းကောင်း မဆုံးမခဲ့တာကြောင့် ငါ့ရဲ့ အမှားတွေလို့ လည်းပြောလို့ရပါတယ်...ငါ တကယ်စိတ်မကောင်းပါဘူး...ငါ့ကို လေးစားမှု ပြတဲ့အနေနဲ့ ငါ့ရဲ့ သားကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါဦး"

    စကားများမှာ စာနှင့် ဖတ်ရမည်ဆိုပါက အမှန်တကယ်စိတ်မကောင်း ဖြစ်နေသည့် ပုံစံပေါက်သော်လည်း သူ၏ လေသံမှာမူ မည်သည့်တောင်းပန်သည့် အရိပ်အမြွက်မျှ မပါပေ။

    မင်းသမီးမြောင်မြောင်နှင့် အခြားသူများ ရယ်မောလိုက်ကြသည်။

    “ချင်းလုံမြင့်မြတ်နေရာက သံတမန်...စိတ်ဝိညာဉ်ဂိုဏ်းချုပ် ဟုတ်တယ်နော်"
     မင်းသမီးမြောင်မြောင်၏ မျက်လုံးများ အေးစက်သွားကာ ဆက်ပြောလိုက်သည်။
    “နင်တို့က  သိုင်းသခင်တစ်ယောက်ဖြစ်နေပါစေ...ဘာကောင်ကြီးပဲ ဖြစ်နေပါစေ ငါ ဂရုမစိုက်ဘူး...အိုးရန်ကျင်းကို ငါ့လက်ထဲ မလွှဲပေးရင် နင်တို့အားလုံးကို သတ်ပစ်မယ်"

    “ဟုတ်တယ် အမှန်ပဲ...ငါမင်းတို့ကို ကြောက်နေတယ်များ ထင်နေလား...လာစမ်းပါ"
    လောင်ဂူးသိုင်းဘိုးအေသားရဲ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

    လူအိုကြီးရှန်၏ မျက်နှာသည်လည်း တင်းမာနေသောကြောင့် သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်နေသည်မှာ သံသယရှိရန် မလိုပေ။

   ယခင်က အေးဆေးတည်ငြိမ်နေသော လေထုသည် ထပ်မံပြင်းထန်လာပြီး ယခင်ကထက်ပင် ပို၍ ကြောက်ဖို့ ကောင်းလာသည်။

    ဂိုဏ်းချုပ်ခန်းမထဲမှ ကျောင်းဖန်၊ ဝေထုံနှင့် လီရွှမ်တို့ အလွန်အံ့အားသင့်သွားကြသည်။ တိုက်ပွဲဖြစ်ပွားလာပါက ဖြစ်နိုင်ချေရှိသော အကျိုးဆက်များကို တွက်ဆ၍ သူတို့၏ ရပ်တည်ချက်အား ဆုံးဖြတ်ရမည်ကို သူတို့ ရှင်းလင်းစွာ နားလည်သဘောပေါက်ကြသည်။
    ထို့အပြင် အိုးရန်ကျင်း၏ အလစ်အငိုက်တိုက်ခိုက်မှုသည် ထင်သလောက် မရိုးရှင်းဟု သူတို့ ခံစားနေရသည်။

     “အိုး...ကြည့်ရတာ..မင်းတို့တွေက အကြမ်းနည်းနဲ့ ဖြေရှင်းချင်နေကြတာပဲ"
    ချင်းလုံမြင့်မြတ်နေရာမှ သံတမန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခု ထွက်ပေါ်လာသည်။

    အိုးရန်ပါးသည် အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
    “ငါ မင်းတို့ကို တောင်းပန်‌ပြီးပြီ...ဒါကိုမှ မကျေနပ်သေးဘူးဆိုရင်တော့ တိုက်ပွဲဖြစ်ပွားလာမှာပဲ"

    မင်းသမီးမြောင်မြောင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် သူမ၏ မျက်လုံးများ စူးရှလာသည်။

    ခမ်းနားကြီးကျယ်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပေတော့မည်။

     ထိုအချိန်၌ ရုတ်တရက် စကားသံတစ်သံကို ကြားလိုက်ရသည်။
     “နေပါဦး စီနီယာတို့...ကျွန်တော် စကားနည်းနည်းလောက် ပြောချင်ပါတယ်"
    စကားပြောလိုက်သူမှာ အိုးရန်ကျင်းပင် ဖြစ်သည်။

🐱🐱🐱🐱🐱

အပိုင်း (၂၅၇) အရှက်မရှိသော စိန်ခေါ်မှု

     အိုးရန်ကျင်းသည် စကားထပြောလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
    အိုးရန်ကျင်း ချင်နန်ကို တိုက်ခိုက်ရခြင်းမှာ ချင်နန်၏ ကျင်းမဟာမိတ်အဖွဲ့ကို စော်ကားဖိနှိပ်ကာ ဂုဏ်သရေကျဆင်းစေခဲ့သောကြောင့် ဖြစ်ကြောင်းကို လူတိုင်းသိရှိထားကြသည်။ ထို့ကြောင့် အိုးရန်ကျင်း ချင်နန်ကို မုန်းတီးသည်မှာ ကျိုးကြောင်းစီလျော်ပေသည်။

     သို့သော် ရှောင်ချင်းရွှဲ့မှာမူ မြင်တွေ့နေရသည့် အဖြစ်အပျက်များကို မည်သို့ တုံ့ပြန်ရမှန်းမသိဘဲ မှင်တက်မိန်းမောနေသော မျက်နှာထားဖြင့် ရှိနေသည်။
     ချင်နန်နှင့် အိုးရန်ကျင်းကြားမှ ပဋိပက္ခသည် သူမကြောင့် အစပြုခဲ့ခြင်းဖြစ်ကြောင်းကို သူမ ရှင်းလင်းစွာ နားလည်ပေသည်။
     သို့သော် လက်ရှိအခြေအနေသည် သူမ စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်သွားပြီ ဖြစ်သည်။ စိတ်ဝိညာဉ်ဂိုဏ်း၏ ထိပ်တန်း အလှပိုင်ရှင်ဟူသော သူမ၏ ဂုဏ်ပုဒ်သည် အသေးအဖွဲ ဖြစ်သွားပြီ ဖြစ်သည်။

    “မင်းက ဘာပြောစရာရှိတာလဲ"
    မင်းသမီးမြောင်မြောင်သည် ဤမျှ အရှက်မဲ့သော သူများကို ကြည့်ကာ ဆွံ့အနေသည်။

    ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် ဖြစ်ပျက်ခဲ့သော ကိစ္စများအား ဘာမှ အရေးမပါသည့် ပုံစံဖြင့် ပြောဆိုခဲ့သည်။ အိုးရန်ပါး၏ တောင်းပန်သည့်စကားသည်သည် တောင်းပန်သော အရိပ်အမြွက် စိုးစိမျှ မပါပေ။ ထို့ပြင် အိုးရန်ကျင်းသည်လည်း သူ၏ အရှက်မဲ့သော လုပ်ရပ်အား ရှက်ရွံ့ခြင်းမရှိ ခပ်တည်တည်ပင် စကားပြောနေသည်။

    သူတို့ဘက်မှာ သိုင်းသခင်တစ်ယောက် ရှိနေတာနဲ့ အရာအားလုံး လုပ်နိုင်စွမ်း ရှိတယ်လို့ ထင်နေတာလား...

    “မင်းသမီး စိတ်အေးအေးထားပါ"
     လူအိုကြီးရှန် ၀င်ပြောလိုက်သည်။
    “သူ ဘာပြောမလဲဆိုတာ နားထောင်ရအောင်"

    မင်းသမီးမြောင်မြောင်နှင့် လောင်ဂူးသိုင်းဘိုး အေသားရဲတို့သည် နောက်ထပ်ဘာစကားမှ မပြောတော့ဘဲ အေးစက်သော မျက်နှာထားဖြင့် နေလိုက်ကြသည်။

     ထိုအချိန်၌ ဂိုဏ်းချုပ်များ၊ ခန်းမခေါင်းဆောင်များ၊ အာဏာမြင့်အကြီးအကဲများနှင့် တပည့်များ အားလုံး၏ အကြည့်များသည် အိုးရန်ကျင်းဆီသို့ ရောက်ရှိလာကြသည်။

    အိုးရန်ကျင်းသည် လူများ၏ အကြည့်များကို သတိပြုမိသွားပြီး စိတ်လှုပ်ရှားလာသည်။ ချင်နန် ဂိုဏ်းသို့ ပြန်ရောက်လာစဉ်ကတည်းက သူ၏ ကျော်ကြားမှု ဆုံးရှုံးသွားခဲ့သည်။ သို့သော် သူ၏ အကြည့်သည် ဒဏ်ရာများ ပြန်လည် ကုသနေသည့် ချင်နန်ဆီသို့ ရောက်ရှိသွားသောအခါ သူမ၏ မျက်နှာ ချက်ချင်း နက်မှောင်သွားပြီး
     “ချင်နန်...ဒီပဋိပက္ခရဲ့ အဓိက ဇာတ်ကောင်တွေက မင်းနဲ့ငါဆိုတော့ ဒီကိစ္စကို အခုချက်ချင်း ဖြေရှင်းလိုက်ရအောင်"

    “အခု ချက်ချင်း ဖြေရှင်းမယ်?..."
     ချင်နန်၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ ဒဏ်ရာများကို ယခုလို အချိန်တိုအတွင်း အနည်းငယ် ကုသနိုင်ခဲ့ခြင်းမှာ မင်းသမီးမြောင်မြောင်၏ အဓိကစွမ်းအား အနည်းငယ်ပါ၀င်သည့် ခရမ်းရောင် သွေးစက်ကြောင့်ဖြစ်သည်။

    လူအုပ်ကြီး၏ အကြည့်များ ချင်နန်ဆီသို့ ရောက်ရှိလာသောအခါ အံ့အားသင့်သွားကြသည်။ အကြောင်းမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအား ဒေါသမထွက်သကဲ့သို့ ချင်နန်၏ မျက်နှာသည် အေးဆေးတည်ငြိမ်စွာပင် ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းသည် သူတို့အား အနည်းငယ် ရှုပ်ထွေးသွားစေသည်။

    “ဟုတ်တယ်"
    အိုးရန်ကျင်းသည် ရှေ့သို့ တစ်လှမ်းတက်ကာ ခေါင်းမော့၍ အော်ပြောလိုက်သည်။
    “ငါတို့ရဲ့ ပဋိပက္ခကို အခုချက်ချင်းဖြေရှင်းမယ်...တကယ်လို့ စီနီယာတွေ အချင်းချင်း တိုက်ခိုက်ရင် အကြီးအကျယ် ပျက်စီးမှုကြီး ဖြစ်သွားလိမ့်မယ်...ဒါကြောင့် ငါနဲ့တိုက်ခိုက်ဖို့အတွက် မင်းကို စိန်ခေါ်တယ်... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို သိုင်းဧကရာဇ်တစ်၀က်အဆင့်ထိ လျှော့ချ ပေးမယ်"

     တိုက်ခိုက်ဖို့ စိန်ခေါ်တယ်...

     အိုးရန်ကျင်းက ချင်နန်ကို တိုက်ခိုက်ဖို့ ‌စိန်ခေါ်နေတာလား...
     တပည့်အုပ်ကြီး၊ ဂိုဏ်းချုပ်များနှင့် အာဏာမြင့်အကြီးအကဲများ အားလုံး အလွန်အံ့အားသင့်သွားကြသည်။

     ယခုအချိန်၌ ချင်နန်သည် အပြင်းအထန် ဒဏ်ရာရထားသည်။ သူသည် အစွမ်းထက်လှသော်လည်း သူ့စွမ်းအား၏ ဆယ်ပုံသုံးပုံကိုပင် ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။

     အိုးရန်ကျင်းသည် ချင်နန် ဒဏ်ရာရထားသည်ကို အခွင့်အရေးယူဖို့ ထင်ရှားသည် မဟုတ်ပါလော။

     သို့သော် သူတို့ မသိသည့်အရာမှာ အိုးရန်ကျင်းသည် အဆိပ်ပြင်းသော စရိုက်လက္ခဏာရှိသော်လည်း အခြေအနေကို ကောင်းစွာ တွက်ချက်နိုင်စွမ်းပင် ဖြစ်သည်။ သူ၏ အဖေနှင့် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် ပူးပေါင်းထားသည့် ပုံစံရှိနေသည်ကို သူသတိပြုမိသည်။
     ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် သိုင်းသခင်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

    မင်းသမီးမြောင်မြောင်တို့လူစုအား အနိုင်ယူရသည်မှာ သူ့အတွက် အလွန်လွယ်ကူသော အလုပ်ဖြစ်သည်။
    ထို့ကြောင့် သူ၏ စိတ်ထဲတွင် ယုတ်မာသော အကြံအစည်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ချင်နန်ကို တိုက်ခိုက်ဖို့ စိန်ခေါ်ပြီး ရှင်းထုတ်ပစ်ရန် ဖြစ်သည်။ တစ်ခုခု အမှားအယွင်း ဖြစ်ခဲ့လျှင်ပင် သူ့တွင် ယုံကြည်အားထားရသော အထောက်အပံ့များ ရှိသောကြောင့် ကြောက်ရွံ့ခြင်း မရှိပေ။

    “ဒီအိုးရန်ကျင်း..."
     ချောင်းဖန်၊ လီချင်းယုနှင့် ရန်းရိမင်တို့၏ မျက်နှာထက်တွင် ဒေါသထွက်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။

    “အရှက်မရှိတဲ့ လူယုတ်မာကောင်"
    လောင်ဂူးသိုင်းဘိုးအသားရဲသည် ကျိန်ဆဲလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပင် ဒေါသကြောင့် တုန်ရီလာသည်။
    အမြဲတမ်း သူ့ကိုယ်သူ အရှက်မဲ့သည်ဟု သတ်မှတ်ထားသော်လည်း အိုးရန်ကျင်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် လူတစ်ယောက်အား စိန်ခေါ်ရဲသည့် သူ့ထက်ပင် အရှက်မဲ့သူတစ်ယောက်ဟု သူ မထင်ထားခဲ့ပေ။
    သူ့ဆီမှာ မွေးကတည်းက ရှက်ခြင်းတရားဆိုတာကော ပါလာရဲ့လား...

    “ဒီကိစ္စကို အေးအေးဆေးဆေး ကိုင်တွယ်လို့ မရတော့ဘူးပဲ"
     မင်းသမီးမြောင်မြောင်၏ မျက်နှာထားမှာ အေးဆေး တည်ငြိမ်လာသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်မှ ကြီးထွားလာသော မုန်တိုင်းဆန်သည့် အော်ရာကို ခံစားနိုင်ပေသည်။

     အိုးရန်ကျင်းသည် သိုင်းဘိုးနှစ်ယောက်၏ တုံ့ပြန်မှုကို လျစ်လျူရှုလိုက်သည်။ သူ၏ အကြည့်များသည် ချင်နန်ပေါ်သို့ ရောက်ရှိသွားပြီး မြောက်ကြွနေသည့် ပုံစံဖြင့် ပြောလိုက်သည်။
    “ဘာလဲ ချင်နန်...မင်းက စိန်ခေါ်မှုကို လက်ခံရမှာ ကြောက်နေတာလား...မင်းက အပြင်စည်းတပည့် အဆင့်တစ် မဟုတ်ဘူးလား...မင်းက ဘယ်တော့မှ ဦးမနှိမ့်တတ်သူ မဟုတ်ဘူးလား...ငါက မင်းကို ဒုက္ခပေးဖို့ ကျင်းမဟာမိတ်အဖွဲ့က လူတွေကို စေလွှတ်လိုက်တဲ့ လူလေ...မင်း ငါ့ကို မသတ်ချင်ဘူးလား...ဒါဆိုရင် ငါ့ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်"
    အိုးရန်ကျင်းသည် နောက်ဆုံးစကားအရောက်တွင် သူ၏ လေသံကို မြှင့်လိုက်ရာ ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်ဟုပင် ခံစားလိုက်ရသည်။

    “သေလိုက်တော့.."
    သို့သော်လည်း သူ နောက်ထပ်စကား ဆက်မပြောရသေးခင်မှာပင် သူ၏ အထက်မှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ အော်ရာကို ခံစားလိုက်ရသည်။ လောင်းဂူးသိုင်းဘိုးအေသားရဲသည်  ဤအရှက်မရှိသည့် လူယုတ်မာအား ချက်ချင်း ဝါးစားချင်နေသကဲ့သို့ သူ၏ သွေးနီရောင် ပါးစပ်ကြီးကို ဟလျက် အိုးရန်ကျင်းဆီသို့ လျင်မြန်စွာ ပျံသန်းလာကြောင်းကို တွေ့လိုက်ရသည်။

    ချင်းလုံမြင့်မြတ်နေရာမှ သံတမန်နှင့် အိုးရန်ပါးတို့၏ မျက်လုံးများ အေးစက်သွားသည်။

    ထိုအချိန်၌ အော်သံတစ်သံကို ကြားလိုက်ရသည်။
    “လောင်ဂူး ရပ်လိုက်"
    စကားပြောလိုက်သူမှာ အခြားသူမဟုတ် ချင်နန်ပင် ဖြစ်သည်။

    “ချင်နန်...မင်း..."
    လောင်ဂူးသိုင်းဘိုးအေသားရဲသည် တစ်ခဏမျှ တွန့်ဆုတ်နေသည်။ သို့သော် မင်းသမီးမြောင်မြောင် ခေါင်းခါပြနေသည်အား မြင်တွေ့ရသောအခါ ချင်းလုံမြင့်မြတ်နေရာမှ သံတမန်နှင့် အိုးရန်ပါးတို့ကို တစ်ချက်ကြည့်၍ နှာတစ်ချက်ရှုံ့ကာ မင်းသမီးမြောင်မြောင်၏ ဘေးသို့ ပြန်လာလိုက်သည်။

    ချင်နန်သည် အေးဆေးတည်ငြိမ်စွာပင် ရှိနေသည်။
    သို့သော်လည်း သူဒေါသထွက်နေသည်ကို လူတိုင်းခံစားနိုင်ပေသည်။

    ချင်နန် အလွန်ကို ဒေါသထွက်နေသည်။
    သူသည် သူ၏ သိုင်းဧကရာဇ်အူတိုင်နှင့် ပေါင်းစည်းတော့မည့် အချိန်၌ ဒီခွေးမသားသည် သူ့ကို အလစ်အငိုက်တိုက်ခိုက်ကာ ကျရှုံးအောင် လုပ်ခဲ့သည်။ ဤအချက်တစ်ချက်ကပင် ချင်နန် သူ့ကို သတ်ရန် လုံလောက်ပြီ ဖြစ်သည်။ သူကို တစ်လျှောက်လုံး ဒုက္ခပေးနေခြင်းကိုတော့ စကားထဲ ထည့်ပြောရန်ပင် မလိုတော့ပေ။
   သို့သော် သူ ဘာမှမပြောရသေးခင်မှာပင် အိုးရန်ကျင်းသည် သူ့ကို စိန်ခေါ်ဝံ့ခဲ့သည်။

     ငါကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့ လူလို့ ထင်နေတာလား...

    ငါဒဏ်ရာရထားနဲ့ပဲ ငါ့ကို ဒီလို အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား....
   
    “ငါ မင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်"
    ချင်နန်၏ မျက်လုံးများ အေးစက်လာပြီး ပြောလိုက်သည်။
    “ဒါပေမယ့် အခြေအနေတစ်ခုမှာပဲ...
     သူသေကိုယ်သေ"

    သူသေကိုယ်သေ...

    စကားလုံး အနည်းငယ်သည် လူအားလုံးကို အံ့အားသင့်သွားစေသည်။

     ဒီချင်နန်က အိုးရန်ကျင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်နေတာလား....

     ဒီချင်နန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာတောင် အိုးရန်ကျင်းကို သတ်နိုင်တယ်လို့ ယုံကြည်ချက် ရှိနေတာလား...

     “သူသေကိုယ်သေလား..."
     အိုးရန်ကျင်း အံ့အားသင့်သွားပြီးနောက် ရယ်မောလိုက်သည်။
    “ဟား....ဟား...ဟား...ဒါပေါ့..ဒါပေါ့...ငါ မင်းနဲ့ အမြဲတမ်း သူသေကိုယ်သေ တိုက်ချင်နေခဲ့တာ...ဒါပေမယ့် မင်းက အဲ့ဒီလို အကြံပြုလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး....ဒီလိုဆိုမှတော့ ငါကလည်း မင်းရဲ့ အသက်ကို ၀မ်းမြောက်၀မ်းသာနဲ့ ရိတ်သိမ်းပေးရမှာပေါ့"

    “ဒီလိုလား"
    ချင်နန်၏ ခန္ဓာကိုယ်မှ ခမ်းနားသော အော်ရာ ထွက်ပေါ်လာပြီး မြေပြင်မှ ထလိုက်သည်။

    ထိုအချိန်တွင် ရုတ်တရက် အော်သံတစ်သံကို ကြားလိုက်ရသည်။
    “ နေဦး "

🐱🐱🐱🐱🐱🐱

အပိုင်း (၂၅၈) အစွယ်များ ထုတ်ပြလာကြသော စိတ်ဝိညာဉ်ဂိုဏ်းချုပ်နှင့် သံတမန်

    စကားပြောလိုက်သူမှာ ချင်းလုံမြင့်မြတ်နေရာမှ သံတမန်ဖြစ်သည်။
 
    သူ၏ မျက်လုံးများ အရောင်လက်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။
    “မင်းတို့နှစ်ယောက်ကြားက ပဋိပက္ခကို ကိုယ်တိုင်ဖြေရှင်းတာက ကောင်းပါတယ်...ဒါပေမဲ့ ဒီတိုက်ပွဲက ချင်နန်အတွက် တရားမျှတမှုမရှိဘူး ဖြစ်နေတယ်...ဒါကြောင့် သူ့ကို အင်အားစုဆောင်းတုံး တစ်ရာပေးဖို့ ဆန္ဒရှိတယ်...တိုက်ပွဲမှာ ချင်နန်သာ အနိုင်ရရင် အင်အားစုဆောင်းတုံးတစ်ရာက သူ့အတွက်ပဲ...ဒါ့အပြင် ချင်းလုံမြင့်မြတ်နေရာရဲ့ တပည့်ဖြစ်လာဖို့ အခွင့်အရေးကိုလည်း ငါပေးမယ်"

     ထိုစကားလုံးများကြောင့် လူအုပ်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
     အင်အားစုဆောင်းတုံးတစ်ရာ...
     ချင်းလုံမြင့်မြတ်နေရာရဲ့ တပည့်ဖြစ်လာဖို့ အခွင့်အရေး...
     ဒီသံတမန်က အိုးရန်ကျင်းဘက်က မဟုတ်ဘူးလား...
     ဘာကြောင့် ဒီလို ကြီးမားတဲ့ဆုကို ပေးချင်နေရာတာလဲ...

    လူအုပ်ကြီး စိတ်ရှုပ်ထွေးနေစဉ်၌ ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် သူ၏ ခေါင်းကို မော့လိုက်ပြီး လူအိုကြီးရှန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
    “မင်းက ချင်နန်ရဲ့ ဆရာနော်...ဟုတ်တယ်မလား...အခု ငါက အင်အားစုဆောင်းတုံးတစ်ရာနဲ့ ချင်းလုံမြင့်မြတ်နေရာရဲ့ တပည့်ဖြစ်လာဖို့ကို ကမ်းလှမ်းပြီးပြီ...တရားမျှတမှုရှိသွားအောင် မင်းလည်းပဲ ဆုပေးသင့်တယ်...အိုးရန်ကျင်းသာ အနိုင်ရသွားရင် မင်း သူ့ကို အင်ပါယာမော်တယ်ကျမ်းစာ‌ ပေးသင့်တယ်"

     စကားလုံးများသည် လူအုပ်ကြီးအား တုန်လှုပ်သွားခဲ့သည်။
     တပည့်များမှာ ရှုပ်ထွေးသော မျက်နှာထားဖြင့် ရှိနေကြသည်။ သို့သော် ဂိုဏ်းချုပ်ခန်းမထဲမှ ဂိုဏ်းချုပ်များ၊ ခန်းမ ခေါင်းဆောင်များနှင့် အာဏာမြင့်အကြီးအကဲများမှာမူ သူတို့၏ မျက်နှာ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

     ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် အဘယ်ကြောင့် ဆုပေးဖို့ ဆန္ဒရှိနေကြောင်းကို ယခုအချိန်၌ သူတို့ နားလည်သွားခဲ့ကြသည်။ အင်ပါယာမော်တယ်ကျမ်းစာသည် အစကတည်းက သူ၏ ပစ်မှတ်ဖြစ်ပုံရသည်။
    သူတို့သည်လည်း အင်ပါယာမော်တယ်ကျမ်းစာ အကြောင်းကို ကြားဖူးသည်မှာ သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူတို့သည်လည်း ၎င်းကို လိုချင်ကြသည်။ သို့သော် လူအိုကြီးရှန်၏ ကျင့်ကြံမှုအဆင့်မှာ သိုင်းဘိုးအေအဆင့် အထွတ်အထိပ်ဖြစ်သဖြင့် သူတို့ထံတွင် လုယူနိုင်သည့် အစွမ်းအစမရှိချေ။
 
    အိုးရန်ပါးသည် ပထမဦးစွာ ရယ်မောလိုက်ပြီး
    “ဒါ အကောင်းဆုံးပဲ...သံတမန်ရဲ့ အကြံပြုချက်ကို ငါထောက်ခံတယ်...ဂိုဏ်းချုပ်တို့...မင်းတို့ကော ဘယ်လိုထင်လဲ.."
    ထိုစကားပြောပြီးသည်နှင့် သူသည် ကျောင်းဖန်နှင့် အခြားသူများကို ကြည့်လိုက်သည်။

    ကျောင်းဖန်နှင့် အခြားသူများ ကြက်သေ သေသွားကြသည်။ အိုးရန်ကျင်းမှာ သူတို့အား သူ့ဘက်ပါ‌လာအောင် စကားများနှင့် ချုပ်နေခြင်းမှာ ရှင်းလင်းပေသည်။ အိုးရန်ပါးသည် သိုင်းသခင်အဆင့်တက်ခြင်း ကျရှုံးပြီးနောက် အဘယ်ကြောင့် မွေးနေ့ပွဲကျင်းပကြောင်းကို သူတို့ နားလည်လာခဲ့သည်။ သူသည် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်ကို  ကြေးကြီးကြီးပေး၍ပင် ဖိတ်ကြားခဲ့ခြင်းမှာ လူအိုကြီးရှန်ထံမှ အင်ပါယာမော်တယ်ကျမ်းစာကို လိုချင်သောကြောင့်ဖြစ်သည်။

    “ဟား...ဟား...ဟား...သံတမန်ရဲ့ စကားက တကယ်ကို သင့်မြတ်လှပါတယ်...အကြံပြုချက်ကို ကျုပ်ထောက်ခံပါတယ်"
    ကျောင်းဖန်သည် ရယ်မောကာ ပြောလိုက်သည်။

    “ကျွန်မလည်း ကန့်ကွက်စရာမရှိပါဘူး"
    လီရွှမ်သည် အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

    ဝေထုံသည် တစ်ခဏ တိတ်ဆိတ်နေပြီးနောက် အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
    “မီးတောက်ဂိုဏ်းကလည်း အကြုံပြုချက်ကို သဘောတူပါတယ်"

    ဂိုဏ်းချုပ်သုံးဦးသည် သူတို့၏ ရပ်တည်မှုကို ပြလိုက်သောကြောင့် ခန်းမခေါင်းဆောင်များနှင့် အာဏာမြင့်အကြီးအကဲများတွင် ကွဲပြားသော ထင်မြင်ချက်များ ရှိလျှင်ပင် သူတို့၏ နောက်မှ လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပါ။

    “ဟုတ်တယ်...ဒီလို ဖြစ်သင့်တယ်"

    “ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံးပဲ...ကျုပ် သံတမန်ကို ထောက်ခံတယ်"

    “........"

    ဂိုဏ်းချုပ်ခန်းမထဲမှ လူများ၏ ရပ်တည်ချက်များကို ကြားသိရသောအခါ တပည့်များသည် တစ်ခုခု မူမမှန်ကြောင်းကို သတိပြုမိကြသည်။ ပါးနပ်သော လူများသည် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်နှင့် အိုးရန်ပါးတို့သည် လူအိုကြီးရှန်အား ဖိအားပေးနေခြင်းကို ပြောနိုင်ပေသည်။

    “ဒီလူယုတ်မာကောင်...အရှက်မရှိတဲ့ ခွေးသား"
    လောင်းဂူးသိုင်းဘိုးအေသားရဲသည် ရူးသွပ်တော့ မလိုပင် ခံစားနေရသည်။
    ချင်နန် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားတာတောင် ဒီလူယုတ်မာတစ်စုက ဒီလို ယုတ်ညံ့တဲ့ အစီအစဉ်ကို ပြောဆိုရဲသေးတာလား...

    မင်းသမီးမြောင်မြောင်သည် လောင်ဂူးသိုင်းဘိုးအေသားရဲ၏ နဂါးခေါင်းကို ပုတ်၍ စိတ်လျှော့ခိုင်းလိုက်သည်။

     လူတစ်အုပ်လုံး၏ ဖိအားပေးမှုကို ခံနေရသည့် လူအိုကြီးရှန်မှာမူ ဟန်မပျက်ပင် ရှိနေသည်။ ထို့နောက် သူသည် ချင်နန်အား ဝေ့ကြည့်လိုက်သည်။

    ထိုအချိန်၌ ချင်နန်၏ မျက်လုံးများမှာ အလွန့်အလွန်အေးစက်နေသည်။
    သူသည် ကမ်းကုန်အောင် အရှက်မဲ့မှုများကို တွေ့မြင်နေရသည်။ အင်အားစုဆောင်းတုံးတစ်ရာနှင့် ချင်းလုံမြင့်မြတ်နေရာ၏ တပည့်ဖြစ်လာဖို့ အခွင့်အရေးသည် အင်ပါယာမော်တယ်ကျမ်းစာ၏ တန်ဖိုးနှင့် လုံးလုံးမျှ နီးစပ်မှု မရှိချေ။

     ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် ဆင်ခြေတစ်ခု ရှာရန်သာ ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းသည် လုယက်ခြင်းနှင့် ခြားနားမှု မရှိချေ။

    “လူအိုကြီးရှန်... အကြံပြုချက်ကို လက်ခံလို့ရပါတယ်"
    ချင်နန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူ၏ ဒေါသများကို ချုပ်တည်းကာ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

    “ဒါပေါ့"
    လူတိုင်း အထင်အမြင်နှင့် လွဲချော်စွာပင် လူအိုကြီးရှန်သည် ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။
    “သံတမန်နဲ့ လူတိုင်းက တိုက်တွန်းနေကြမှတော့ ငါလက်ခံပေးရမှာပေါ့...အိုးရန်ကျင်း ချင်နန့်ကို အနိုင်ယူနိုင်ရင် ငါသူ့ကို အင်ပါယာမော်တယ်ကျမ်းစာပေးမယ်"

    ထိုစကားများကြားရသောအခါ ချင်းလုံမြင့်မြတ်နေရာမှ သံတမန်နှင့် အိုးရန်ပါးတို့၏ မျက်လုံးများ အလွန်လင်းလက်သွားသည်။ သူတို့ မွေးနေ့ပွဲ၏ အဓိကရည်ရွယ်ချက်မှာ အင်ပါယာမော်တယ်ကျမ်းစာ ဖြစ်သည်။ သို့သော် အိုးရန်ကျင်းသည် ချင်နန်ကို စိန်ခေါ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူတို့အတွက် ‘ထန်းသီးကြွေခိုက် ကျီးပျံခိုက်' ဖြစ်သွားပြီး အင်ပါယာမော်တယ်ကျမ်းစာကို ရရှိရန် ပိုမို လွယ်ကူသွားခဲ့သည်။

    လူအိုကြီးရှန်၏ စရိုက်အရ ကတိတည်မည်ဖြစ်ကြောင်းကို သူတို့ နားလည်ပေသည်။ ထို့ကြောင့် ချင်နန် သေဆုံးသွားသည်နှင့် အင်ပါယာမော်တယ်ကျမ်းစာကို သူတို့ အလွယ်တကူ ရရှိနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ လူအိုကြီးရှန်သည် အရှက်မဲ့စွာဖြင့် အင်ပါယာမော်တယ်ကျမ်းစာအား ပေးရန် ငြင်းဆန်ပါကလည်း ထိုအချိန်၌ သူတို့ တိုက်ခိုက်ပါက ကျိုးကြောင်းစီလျော်မည် ဖြစ်သည်။
    တိုက်ပွဲတွင် ချင်နန် သေဆုံးမည်မှ သံသယရှိရန် မလိုပေ။

    “တိုက်ပွဲကို ငါ ကြီးကြပ်မယ်"
    ထိုအချိန်၌ သေခြင်းရှင်ခြင်းခန်းမခေါင်းဆောင်သည် ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။

    သေခြင်းရှင်ခြင်းခန်းမခေါင်းဆောင် ကြီးကြပ်မည်ကို မည်သူမှ ကန့်ကွက်လိုခြင်း မရှိကြပေ။ သေခြင်းရှင်ခြင်းခန်းမခေါင်းဆောင်သည် စည်းမျဉ်းများကို လိုက်နာရာ၌ အလွန်ခေါင်းမာကြောင်းကို လူတိုင်း သိရှိထားကြသည်။ တရားမျှတမှုအတွက်ဆိုပါက ဂိုဏ်းချုပ်၏ စကားကိုပင် လျစ်လျူရှုလိမ့်မည် ဖြစ်သည်။

    “ချင်နန်...ငါ့ကို အပြင်စည်းတပည့် အဆင့်တစ်ရဲ့ စွမ်းအားကို ငါ့ကို ပြစမ်းပါ"
    အိုးရန်ကျင်း အလွန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အဖေနှင့် သံတမန်၏ စိတ်ထဲတွင် မည်သည့်အတွေးရှိနေကြောင်းကို သူ စိတ်မ၀င်စားချေ။ သူ၏ တစ်ခုတည်းသော အတွေးမှာ ချင်နန်ကို သတ်ရန်သာဖြစ်သည်။
   
    “မင်းရဲ့ ဆန္ဒအတိုင်းပဲ"
    ချင်နန်သည် ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားကာ ဆေဘာဓားကို ထုတ်ယူ၍ ခုတ်ပိုင်းလိုက်သည်။

   “ဒါလေးပဲလား"
    အိုးရန်ကျင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ စတင်ကြီးထွားလာသည်။ သူ၏ အရေပြားမှာ ကြေးနီရောင်ဖြစ်လာပြီး သူ၏ ချွေးပေါက်များမှ အဆုံးမဲ့ အပူငွေ့များ ထွက်ပေါ်လာသည်။

    ဘန်း...

    ခုတ်ပိုင်းချက်သည် အိုးရန်ကျင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သို့သော်လည်း အိုးရန်ကျင်းသည် မည်သည့် ထိခိုက်ဒဏ်ရာမှ မရရှိခဲ့ပေ။

    “ချင်နန်...မင်းရဲ့ ခန္ဓာကိုယ်ကပဲ သန်မာတယ် ထင်နေတာလား...ငါက ဒီရှေးဟောင်းသန်မာခြင်း ခန္ဓာကိုယ်ပညာရပ်ကို ငယ်ငယ်ကတည်းက လေ့ကျင့်ထားတာကွ"
    အိုးရန်ကျင်းသည် စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လိုက်သည်။
    “လာစမ်းပါ...မင်း အစွမ်းကုန် ထုတ်သုံးစမ်းပါ...မင်းငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မလားဆိုတာ..."

    သူ၏ စကားမဆုံးမီမှာပင် ရုတ်တရက် အော်သံတစ်သံကို ကြားလိုက်ရသည်။
    “စောက်ပါးစပ် ပိတ်ထား"

   ချင်နန်၏ ဘယ်ဘက်မျက်လုံးမှ စစ်နတ်ဘုရား၏ ဖိနှိပ်မှု ထွက်ပေါ်လာပြီး အိုးရန်ကျင်း၏ ဦးခေါင်းထက်ကို တောင်ကြီးတစ်လုံးကဲ့သို့ ဖိချလိုက်သည်။

    “အ..."
    နာကျင်စွာ အော်သံတစ်သံကို ကြားလိုက်ရသည်။ လူတိုင်း၏ အကြည့်အောက်တွင်ပင် အိုးရန်ကျင်း၏ ကြီးမားသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၂၅၉) အလွန်အမင်းယုတ်ညံ့မှုကို ထုတ်ဖော်ပြသခြင်း

   ချင်နန်သည် ပြင်းထန်သောဒဏ်ရာကြောင့် သူ့အစွမ်း၏ ဆယ်ပုံသုံးပုံကိုသာ အသုံးပြုနိုင်သော်လည်း သူ၏ ဘယ်ဘက်မျက်လုံးမှာမူ လုံး၀ထိခိုက်မှု မရှိခဲ့ပေ။ ထို့အပြင် အိုးရန်ကျင်း၏ ရှေးဟောင်းသန်မာခြင်းခန္ဓာကိုယ်ပညာရပ်သည် သူ၏ ခန္ဓာကိုယ်အား အလွန်သန်မာစေနိုင်သော်လည်း သူ၏ဦးခေါင်းမှာမူ ပညာရပ်၏ အားနည်းချက်ဖြစ်ကြောင်းကို ချင်နန် တွေ့ရှိလိုက်သည်။
   ရလဒ်အနေဖြင့် ချင်နန် စစ်နတ်ဘုရား၏ ဖိနှိပ်မှုကို ထုတ်ဖော်လိုက်သောအခါ အိုးရန်ကျင်း ချက်ချင်းပင် မြေပေါ်သို့ လဲပြိုသွားသည်။
   
   “ ချင်နန်... "
   တပည့်အုပ်ကြီးမှာ တက်ကြွလာသည်။
  
   အိုးရန်ကျင်း မင်းက မင်းရဲ့ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို ဂုဏ်ယူနေခဲ့တယ်မလား...

    အိုးရန်ကျင်း မင်းက ချင်နန် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကို အခွင့်အရေးယူပြီး စိန်ခေါ်ခဲ့တာမလား...

    အခုကျဝော့လည်း မင်းက ချင်နန်နဲ့တောင် ရင်ဆိုင်ဖို့ မထိုက်တန်ပါလား...

    ချင်းလုံမြင့်မြတ်နေရာမှ သံတမန်နှင့် အိုးရန်ပါးမှာလည်း မျက်နှာရှုံ့မဲ့သွားသည်။ အိုးရန်ကျင်းသည် အလွန်အားနည်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
   အိုးရန်ကျင်းသာ ရှုံးနိမ့်သွားပါက သူတို့၏ မူလအစီအစဉ်ကို အကောင်အထည် ဖော်ရလိမ့်မည် ဖြစ်သည်။

    “ဟား...ဟား...ဟား..."
    လောင်ဂူးသိုင်းဘိုးအေသားရဲသည် အလွန်ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။
    ဒီခွေးသားအား သူအလွန် စောက်မြင်ကပ်နေသည်။

    “ရွှစ်..."
    အိုးရန်ကျင်း ဖိနှိပ်ခံလိုက်ရသည်နှင့် ချင်နန်သည် သူ၏ နောက်ကျောမှ နောက်ထပ် ဆေဘာတစ်လက်ကို ထုတ်ယူလိုက်ပြီး ဆေဘာဓားနှစ်လက်ဖြင့် ကြောက်မက်ဖွယ်ရာ ဆေဘာစွမ်းအင်များ ထုတ်ဖော်လိုက်ပြီး အိုးရန်ကျင်း၏ ခေါင်းအား ကြက်ခြေခတ်အသွင် ခုတ်ပိုင်းလိုက်သည်။
 
    “ချေးပဲ...ငါ့ရဲ့ အားနည်းချက်ကို သူ ဘယ်လို သိတာလဲ"
    အိုးရန်ကျင်းသည် ဦးရေထုံသွားသလို ခံစားလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
   “ရှင်တန်လက်နက် ငါ့ကို ကာကွယ်ပေး"
   
    အိုးရန်ကျင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် သူ၏ ရှေ့၌ အလင်းစက်များဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသည့် အကာအကွယ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ၎င်းထံမှ ထူးဆန်းသည့် အလင်းများ ထွက်ပေါ်လာပြီး ချင်နန်၏ တိုက်ခိုက်မှုနှစ်ခုအား ချေဖျက်သွားသည်။

    “နဂါးလွှမ်းမိုးခြင်းဓား"
    အိုးရန်ကျင်းသည် သုံးပေခန့်ရှိသည့် နောက်ထပ်ရှင်တန်လက်နက်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ဓား၏ ကိုယ်ထည်သည် အေးစက်သည့် အရောင်ဖျော့ဖျော့ လက်နေပြီး နဂါးငြီးသံကဲ့သို့ အသံသဲ့သဲ့ကို ကြားနေရသည်။
    ထို့နောက် သူသည် စစ်နတ်ဘုရား၏ ဖိနှိပ်မှုကို အန်တုကာ မြေပေါ်မှထလိုက်သည်။

    တိုက်ပွဲ၏ ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် ပတ်၀န်းကျင်မှ ဂျီးနီးယပ်များ မျက်နှာမည်းပုပ်သွားပြီး ကျိန်ဆဲလိုက်ကြသည်။

    “အရှက်မဲ့လိုက်တာ...ကမ်းကုန်အရှက်မဲ့လိုက်တာကွာ...ချင်နန်က သူ့ရဲ့ စွမ်းရည် ဆယ်ပုံသုံးပုံကိုပဲ အသုံးပြုနိုင်တာကိုတောင် သူက ရှင်တန်လက်နက်တွေကို အသုံးပြုရဲသေးတယ်...ဒါက မျှတမှု ရှိတာလား"

    “သူက ရှင်တန်လက်နှစ်ခုကိုတောင် အသုံးပြုနေတယ်"

    “ဒီလိုဆိုရင် သိမ်မွေ့နက်နဲအဆင့်ရဲ့ကြီးမားသော အောင်မြင်မှုအဆင့်ကိုကော အသုံးပြုလာတော့မှာလား"

   “မျှတတဲ့ တိုက်ပွဲ...*ီးကို မျှတတဲ့ တိုက်ပွဲပါလား...ဒီအိုးရန်ကျင်းက တကယ်ကို စောက်ရှက်မရှိတဲ့‌ ကောင်ပဲ"

   “......."

   အိုးရန်ကျင်းသည် ချင်နန်အား ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှု၊ ချင်နန် ဒဏ်ရာရနေသည်ကို အခွင့်ကောင်းယူကာ စိန်ခေါ်မှု စသည်တို့ကို တွေ့ရှိပြီးကတည်းကပင် တပည့်အုပ်ကြီးမှာ ဒေါသထွက်နေကြပြီးသား ဖြစ်သော်လည်း သူတို့၏ ထင်မြင်ချက်များကို မထုတ်ဖော်ရဲခဲ့ကြပေ။ သို့သော် အိုးရန်ကျင်း၏ ကမ်းကုန်အောင် အရှက်မဲ့သော လုပ်ရပ်အား တွေ့မြင်ရသောအခါ သူတို့၏ ဒေါသများကို နောက်ထပ် မချုပ်တည်းနိုင်တော့ပေ။

    အိုးရန်ကျင်းမှာမူ သူတို့၏ အထင်အမြင်နှင့် လွဲချော်စွာပင် ရှက်ရွံ့သည့် အရိပ်အယောင်ရှိမနေဘဲ စိတ်လှုပ်ရှားမှုများသာ ဖြစ်ပေါ်နေသည်။
    အရှက်မဲ့မှု...

   ဒီတော့ ဘာဖြစ်လဲ...

   ချင်နန်ကိုသာ သတ်နိုင်ပါက အရာအားလုံးမှာ ထိုက်တန်ပေသည်။

   “ခုနှစ်ကြိမ်ဟိန်းဟောက်ခြင်းသံမြစ်"
    အိုးရန်းကျင်း၏ လက်ဝှေ့ယမ်းလိုက်သည့်အချိန်တွင် နောက်ထပ် ရှင်တန်လက်နက်တစ်ခု ထွက်ပေါ်လာသည်။ ဝါးပင် အသွင်ရှိသော ရှင်တန်လက်နက်သည် လေထဲသို့ မြှောက်တက်လာပြီး ၎င်း၏ ထိပ်ဖျားသည် ချင်နန်ရှိရာဘက်သို့ ဦးတည်လာသည်။(အမြောက်ပုံစံကို ပြောတာပါခင်ဗျာ) ထို့နောက် ဆက်တိုက်ပေါက်ကွဲသံများနှင့်အတူ မီးလုံးများ ထွက်ပေါ်လာသည်။

     “နောက်ထပ် ရှင်တန်လက်နက်"
     ချင်နန်၏ မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ် ရွေ့လျားသွားသည်။
     သူသည် မိုးသီးမိုးပေါက်ပမာ မီးလုံးများ ကြားထဲတွင် လှပသေသပ်စွာဖြင့် ရှောင်တိမ်းနေသည်။ မီးလုံးများသည် သူ၏ နောက်မှ ဒိုဂျိုဆီသို့ ကျရောက်လာပြီး တဝုန်းဝုန်းနှင့် အသံများ ထွက်ပေါ်နေသည်။

    ယခင်က ချင်နန်သည် စစ်နတ်ဘုရားဘယ်ဘက်မျက်လုံး အကူအညီဖြင့် အခြေအနေအား ကောင်းမွန်စွာ သုံးသပ်ကာ ဂျီးနီးယပ်သုံးယောက်အား တစ်ယောက်တည်းဖြင့်ပင် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ထို့ကြောင့် ဒီဘာမှ အရေးမပါသည့် ရှင်တန်လက်နက်များမှာမူ သူ့အား ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။

    “သေလိုက်တော့"
    မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်နန်သည် မီးလုံးများကို ဖြတ်၍ အိုးရန်ကျင်းဆီသို့ ရောက်ရှိသွားသည်။ သူသည် ချက်ချင်းပင် နေရောင်ရွှေခန္ဓာပညာရပ်ကို အစွမ်းကုန်အသုံးပြုလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးလျှံများ ဖုံးလွှမ်းသွားသည်။ သူသည် ပြင်းထန်သည့် လက်သီးတစ်လုံးအား ပစ်သွင်းလိုက်သည်။

   “မင်း..."
    အိုးရန်ကျင်း အလွန်တုန်လှုပ်သွားသည်။ ထို့နောက် ချက်ချင်းပင် သူ၏ အတွေးများကို စုစည်းကာ
    “နဂါးပျံလှံတို"

   လျှပ်တစ်ပြက်အတွင်းမှာပင် အိုးရန်ကျင်းသည် သူ၏ ဧကရာဇ်တစ်၀က်အဆင့် လက်နက်အား နောက်တစ်ကြိမ်ထုတ်သုံးလိုက်ရာ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ရာ လက်သီးချက်ကို ရှောင်တိမ်း၍ ပျောက်ကွယ်သွားကာ ချင်နန်၏ နောက်တွင် ပြန်ပေါ်လာသည်။

    “ဧကရာဇ်နှိမ်နင်းခြင်း ဓားဆယ့်သုံးချောင်း"
    နဂါးပျံလှံတိုပေါ်မှ အိုးရန်ကျင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ လက်ထဲမှ နဂါးလွှမ်းမိုးခြင်းဓားသည် ဓားအရိပ်ဆယ့်သုံးခုအဖြစ် ပြောင်းလဲသွားပြီး ချင်နန်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။

    များစွာသော လူများမှာ ရင်ဘတ်များ တင်းကျပ်လာကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။
    “ချင်နန့်ကို ဒီပုံစံအတိုင်းပဲ တိုက်ခိုက်ဖို့ ကြိုးစားနေတာလား"

   ချင်နန် အလွန်ဒေါသ ထွက်သွားသည်။ အိုးရန်ကျင်းသည် စောနက ဤကဲ့သို့ ပုံစံဖြင့် သူ၏ သိုင်းဧကရာဇ်အူတိုင်အား ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် သူသည် ၎င်းအတွက် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံသည် ပေခြောက်ဆယ်ပတ်လည်အား အလွယ်တကူ ရှာဖွေနိုင်စွမ်းရှိသည်။

    “သေစမ်း"
    ချင်နန်သည် ချက်ချင်း နောက်သို့ လှည့်ကာ ဓားအရိပ်ဆယ့်သုံးခုအား ရှောင်တိမ်းလိုက်သည်။ ထို့နောက် အိုးရန်ကျင်း၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ 

    ဒန်...ဘန်း...

    သံတောင်ကြီးတစ်တောင်အား ထိုးလိုက်သကဲ့သို့ အသံထွက်ပေါ်လာပြီး အိုးရန်ကျင်း၏ ခန္ဓာကိုယ် အပြင်းအထန် တုန်ခါသွားသည်။

    ပတ်၀န်းကျင်မှ တပည့်များ အလွန်အံ့အားသင့်သွားကြသည်။

    ချင်နန်၏ အကြည့်များ အေးစက်သွားပြီး သူ၏ ခန္ဓာကိုယ်မှ တောက်လောင်နေသော မီးလျှံများမှာ သူ၏ လက်သီးတွင် စုစည်းလာသည်။

    ထိုအချိန်၌ အိုးရန်ကျင်း၏ ဖြူလျော်နေသော မျက်နှာထက်တွင် ပဟေဠိဆန်သည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
    “ချင်နန်....မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်ပါတယ်...ငယ်ငယ်လေးကတည်းက လေ့ကျင့်ထားတဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ထက်တောင် အစွမ်းထက်သေးတယ်...ဒါပေမဲ့ မင်းတစ်ယောက်တည်း အစွမ်းထက်တဲ့ မျက်လုံးပညာရပ်ရှိနေတယ်လို့ ထင်မနေနဲ့..."
   အိုးရန်ကျင်း၏ နောက်တွင် အဝါရောင် ရောင်ခြည်တန်းတစ်ဆယ်ခု ထွက်ပေါ်လာသည်။

    အိုးရန်ကျင်း၏ မျက်လုံးများမှာ ချက်ချင်း နက်မှောင်သွားပြီး မရေမတွက်နိုင်သော မြွေအရိပ်များ ထွက်ပေါ်လာကာ လှိုင်းတစ်ခုပုံစံဖြင့် ချင်နန်၏ မျက်လုံးထဲသို့ ထိုးဖောက်၀င်ရောက်သွားသည်။     ၎င်းသည် အိုးရန်ကျင်း၏ အဆိပ်မြွေမျက်လုံးသိုင်းဝိညာဉ်မှ တိုက်ခိုက်မှုဖြစ်သည်။
    သူ၏ မျက်လုံးများထဲတွင် နတ်ဆိုးအဆိပ်မြွေများ နေထိုင်ကြသည်။ သူ အသုံးပြုလိုက်သည်နှင့် ၎င်းသည် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်အား တိုက်ခိုက်ကာ ‌စိတ်လွတ်သွားအောင် သို့မဟုတ် ရူးသွပ်သွားအောင် စွမ်းဆောင်လိမ့်မည် ဖြစ်သည်။

    ချင်နန်၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်လှုပ်နေသည်။ သူ၏ နတ်ဘုရားအာရုံသည် အကြီးအကျယ်လွှမ်းမိုးမှု ခံနေရသည်။ သူ၏ နတ်ဆိုးနှင်ထုတ်နှလုံးအေး ပညာရပ်နှင့် ခုခံနေသော်လည်း  အချိန်ခဏကြာ မိန်းမောနေသည်။

   ထိုအတောအ‌တွင်းတွင် အိုးရန်ကျင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်သွားပြီး ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
    “ချင်နန်...သေလိုက်တော့"

     ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ သိုင်းဧကရာဇ်အဆင့်တစ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
     အစွမ်းကုန်အသုံးပြု၍ နောက်တစ်ကြိမ် အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်းပင်။

    ထိုအချိန်၌ မင်းသမီးမြောင်မြောင်၊ လူအိုကြီးရှန်နှင့် အခြားသူများအားလုံး အလွန်အံ့အားသင့်သွားကြသည်။

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၂၆၀)သိုင်းဧကရာဇ်အဆင့်တစ်ပြိုင်ဘက်နှင့် တိုက်ခိုက်ခြင်း

    ချင်နန် သူ၏ စွမ်းအား ဆယ်ပုံသုံးပုံကိုသာ အသုံးပြုနိုင်သော်လည်း သူ ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည်ဖြစ်ကြောင်းကို အစကတည်းက အိုးရန်ကျင်း ကြိုတင်တွက်ဆထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူ ချင်နန်ကို စိန်ခေါ်စဉ်ကတည်းက သူ၏ အဆိပ်မြွေမျက်လုံး သိုင်းဝိညာဉ်ကို အသုံးပြုပြီး သိုင်းဧကရာဇ်အဆင့်တစ်ကျင့်ကြံမှုဖြင့် အလစ်တိုက်ခိုက်ရန် ကြံစည်ထားပြီးသားဖြစ်သည်။

    အဖြစ်အပျက်မှာ အရမ်းကို လျင်မြန်လွန်းသောကြောင့် မင်းသမီးမြောင်မြောင်နှင့် အခြားသူများ တုံပြန်ချိန်မရချေ။

    လက်ရှိအချိန်၌ ချင်နန်၏ နတ်ဘုရားအာရုံပတ်လည်တွင် အနက်ရောင် အဆိပ်မြွေတစ်ထောင်ကျော် ၀န်းရံနေပြီး သူ၏ နတ်ဘုရားအာရုံကို အဆက်မပြတ် တိုက်ခိုက်နေသည်။ အခြားတစ်ဖက်တွင် သူ၏ နတ်ဘုရားအာရုံထဲမှ သားရဲအရိပ်များသည် အဆိပ်မြွေများကို အဆက်မပြတ် သတ်ဖြတ်နေသည်။
     နတ်ဆိုးနှလုံးအေးပညာရပ်ကို အခြေခံအဆင့်ထိ ကျွမ်းကျင်ထားသောကြောင့် သူ၏ နတ်ဘုရားအာရုံမှာ တည်ငြိမ်လျက်ပင် ရှိနေသည်။
    သို့သော် ဒီအဆိပ်မြွေများသည် သတ်ဖြတ်ရန် အလွန်ခက်ခဲသည့်အပြင် ပမာဏမှာလည်း အလွန်များပြားလှသည်။

    “သုတ်သင်လော့"
   ချင်နန် ချက်ချင်းပင် နတ်ဘုရားသိုင်းဝိညာဉ်ကို ထုတ်ဖော်၍ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။ နတ်ဘုရားသိုင်းဝိညာဉ်ထံမှ ဖျက်ဆီးနိုင်စွမ်းကြီးမားသည့် အင်အားတစ်ခု ထွက်ပေါ်လာပြီး အဆိပ်မြွေများအားလုံး ပျက်စီးပျောက်ကွယ်သွားသည်။
    ချင်နန်သည် သတိပြန်၀င်လာပြီး သူ့အား သိုင်းဧကရာဇ်အဆင့်တစ် စွမ်းအားဖြင့် တိုက်ခိုက်လာသည့် အိုးရန်ကျင်းကို တွေ့လိုက်ရသည်။

    “မဖြစ်နိုင်ဘူး..."
     အိုးရန်ကျင်း အလွန်အံ့အားသင့်သွားသည်။ ချင်နန်သည် အသက်သုံးရှိုက်အတွင်း သတိပြန်၀င်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

    “အိုးရန်ကျင်း...မင်းက အရှက်မရှိဘူးဆိုတာ ငါသိသားပဲ"
    ချင်နန်၏ ဘယ်ဘက်မျက်လုံးမှ စစ်နတ်ဘုရား၏ ဖိနှိပ်မှု ထွက်ပေါ်လာပြီး အိုးရန်ကျင်းကို ဖိနှိပ်လိုက်ရာ သူ၏ တိုက်ကွက် အနည်းငယ် နှေးကွေးသွားသည်။ ချင်နန်သည် သူ၏ မျက်လုံးများမှ တစ်ဆင့် တိုက်ခိုက်မှု၏ အားနည်းချက်အား ရှာဖွေနိုင်စွမ်းရှိသဖြင့် တိုက်ခိုက်မှုအား လျှပ်တစ်ပြတ်အတွင်း ရှောင်တိမ်းကာ အိုးရန်ကျင်းနှင့် ပေနှစ်ဆယ်အကွာသို့ ရောက်ရှိသွားသည်။

     “ချင်နန်"
     အိုးရန်ကျင်းသည် ရက်စက်ခက်ထန်သော မျက်နှာဖြင့် လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ အဖိုးတန်သော တွက်ချက်မှုသည် အချည်းနှီးဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ သိုင်းဧကရာဇ်အူတိုင်သည် စတင် မွေ့လည်လာကာ သူ၏ အစွမ်းထက်ဆုံးတိုက်ခိုက်မှုအား ပြုလုပ်ရန်စီစဉ်လိုက်သည်။

    ထိုအချိန်၌ ဒိုဂျို၏ အထက်ကောင်းကင်သည် မှောင်မိုက်သွားသည်။

    “‌ခွေးမသား...ငါ့ကို မေ့နေတာလား"
     ထို့နောက် ထိတ်လန့်ဖွယ်ရာ ဆဲရေးသံကြီးနှင့်အတူ လောင်ဂူးသိုင်းဘိုးအေသားရဲသည် အိုးရန်ကျင်း၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။

    နောက်ထပ်လေတိုးသံနှစ်သံနှင့်အတူ တစ်ဖက်တစ်ချက်စီတွင် မင်းသမီးမြောင်မြောင်နှင့် လူအိုကြီးရှန်တို့ ထွက်ပေါ်လာကြသည်။

    ထိုအချိန်တွင် တပည့်အုပ်ကြီးမှာလည်း သတိပြန်၀င်လာကြပြီး အလွန်ဒေါသထွက်သွားကြသည်။

    “အရှက်မရှိ"

    “အိုးရန်ကျင်း...မင်းလိုကောင်က ငရဲကိုပဲ သွားသင့်တယ်"

    “ဂိုဏ်းချုပ်ရဲ့ သားဆိုတဲ့ဂုဏ်ပုဒ်ကိုတောင် မထောက်ထားပဲ မင်းမို့လို ဒီလိုစောက်ရှက်မရှိတဲ့ လုပ်ရပ်ကို လုပ်ရဲတယ်"

    “........"

     တပည့်များသာမက ကျောင်းဖန်၊ ဝေထုံ၊ လင်းရွှမ်၊ ခန်းမခေါင်းဆောင်များနှင့် အာဏာမြင့်အကြီးအကဲများပင် မျက်နှာများ ရှုံ့မဲ့သွားကြသည်။ သူတို့ အိုးရန်ကျင်းဘက် ရပ်တည်ရန် ရွေးချယ်ခဲ့ခြင်းမှာ သိုင်းသခင်တစ်ယောက်ဖြစ်သည့် သံတမန်ကြောင့်ဖြစ်သည်။ သို့သော် အိုးရန်ကျင်းသည် နောက်ထပ်အရှက်မရှိသည့် လုပ်ရပ်တစ်ခု ထပ်လုပ်ရဲလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

    မင်းအရှက်မရှိဘူးဆိုရင်တောင် အကန့်အသတ်တော့ ရှိသင့်တယ်မလား..
   .ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေသာ အခြားသူတွေ သိသွားခဲ့ရင် ဘယ်လောက်ရယ်စရာ ဖြစ်သွားလိမ့်မလဲ..

   အိုးရန်ပါးနှင့် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်တို့၏ မျက်နှာများပင် အလွန်မည်းပုပ်နေကြသည်။ အိုးရန်ကျင်း၏ အလစ်အငိုက်တိုက်ခိုက်မှု အောင်မြင်သွားခဲ့ပါက သူတို့ဘာမှပြောစရာ ရှိမည်မဟုတ်သော်လည်း ယခုမှာမူ အလွန်ရှက်စရာကောင်းလှသည်။

    ဘန်း...

    အိုးရန်ကျင်း၏ ပတ်လည်ငါးမိုင်မှ နေရာတစ်ခွင်လုံးသည် အပြင်းအထန် တုန်လှုပ်လာသည်။ အိုးရန်ကျင်း၏ မျက်နှာ အလွန်ဖြူဖျော့သွားသည်။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ချင်နန်ကို သတ်ရန်ဖြစ်သောကြောင့် မင်းသမီးမြောင်မြောင်တို့လူတစ်စုအား မေ့နေခဲ့သည်။

     ထိုအချိန်၌ သူ၏ စိတ်ထဲမှ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာပြီး ချက်ချင်းပင် စူးဝါးစွာဖြင့် အော်လိုက်သည်။
    “လေးစားရတဲ့ သံတမန်နဲ့ အဖေ...ကျွန်တော့်ကို ကယ်ပါဦး"

    ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် မျက်နှာသေနှင့် ရှိနေသည်။ အိုးရန်ပါးသည်လည်း အိုးရန်ကျင်း၏ အော်သံအား သတိမပြုမိသကဲ့သို့ ခံစားချက်မဲ့သည့် ပုံစံဖြင့်သာ ရှိနေသည်။

    “ဟန့်..."
    မင်းသမီးမြောင်မြောင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမ၏ သေးသွယ်သော လက်ကလေးအား လှုပ်ရမ်းလိုက်ရာတွင် ပတ်၀န်းကျင်တစ်ခွင်မှာ တသိမ့်သိမ့် တုန်ခါသွားသည်။

   “ရပ်လိုက်ပါ"
   ထိုအချိန်၌ ရုတ်တရက် အော်သံတစ်သံကို ကြားလိုက်ရသည်။

    မင်းသမီးမြောင်မြောင် အလွန်အံ့အားသင့်သွားသည်။ သူမသာမက လူတိုင်းမှာလည်း အလွန်အံ့အားသင့်သွားသည်။ အော်လိုက်သူမှာ ချင်နန် ဖြစ်သောကြောင့် ဖြစ်သည်။

    “မင်းတို့တွေ ၀င်မပါ ပါနဲ့...ဒါက အိုးရန်ကျင်းနဲ့ ငါနဲ့ကြားကတိုက်ပွဲပဲ...သူက သိုင်းဧကရာဇ်အဆင့်တစ်စွမ်းအားကို အသုံးပြုရင်တောင် မင်းတို့ ၀င်ပါဖို့ မလိုပါဘူး"
    ချင်နန် အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

    မင်းသမီးမြောင်မြောင်၊ လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် လူအိုကြီးရှန်တို့ ကြက်သေ သေသွားကြသည်။ လူအုပ်ကြီးမှာလည်း ကြက်သေ သေသွားကြသည်။

    ချင်နန်က ဘာကိုဆိုလိုတာလဲ...

   အိုးရန်ကျင်းကို သိုင်းဧကရာဇ်အဆင့်တစ်စွမ်းအား အသုံးပြုခိုင်းပြီးတော့ သူ့ရဲ့ လက်ရှိစွမ်းအားနဲ့ ရင်ဆိုင်မလို့လား...

    အကယ်၍ ချင်နန်သာ အကောင်းဆုံး အခြေအနေ၌ ရှိနေလျှင် သူသည် အိုးရန်ကျင်းအား အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး နဂိုစွမ်းအား၏ ဆယ်ပုံသုံးပုံကိုသာ အသုံးပြုနိုင်သည်။
     ဒါကိုတောင် သူက သိုင်းဧကရာဇ်အဆင့်တစ် ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်နေတာလား...

    ချင်နန်က ရူးသွားပြီလား..

    “ချင်နန်...မင်းကိုယ်တိုင် ပြောတာနော်"
   ကြောက်ရွံ့သည့် အရိပ်အယောင်များ ပြည့်နှက်နေသည့် အိုးရန်ကျင်း၏ မျက်လုံးများ အရောင်လက်သွားပြီး ရယ်မောလိုက်သည်။
   “မင်းက တကယ်ကို မောက်မာတဲ့ ကောင်ပဲ...မင်းက ဒဏ်ရာရထားတာတောင်မှ ကိုယ့်ထက် ကျင့်ကြံမှုအဆင့်မြင့်တဲ့သူကို စိန်ခေါ်ရဲတယ်...ဒီလိုဆိုရင် မင်း ကျေနပ်သွားအောင် မင်းရဲ့ တောင်းဆိုမှုကို ငါ ဖြည့်ဆည်းပေးမယ်"

    ထို့နောက် အိုးရန်ကျင်းသည် သူ၏ ပါးစပ်ထဲမှ အနက်ရောင်သိုင်းဧကရာဇ်အူတိုင်ကို ထုတ်လွှတ်လိုက်သည်။ သိုင်းဧကရာဇ်အူတိုင်သည် လေထဲသို့ တက်သွားပြီး ပတ်၀န်းကျင်မှ ချီစွမ်းအင်များကို စုပ်ယူလိုက်ရာ ကြီးမားသော လေဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။
   သိုင်းဧကရာဇ်အူတိုင်မှ ဆိုးယုတ်သည့် အော်ရာတစ်ခု ထွက်ပေါ်လာပြီး လေဝဲချီစွမ်းအင်များနှင့် ပေါင်းစည်းသွားကာ ကြီးမားသည် မြွေပုံရိပ်များ အဖြစ် ပြောင်းလဲသွားသည်။
    မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်တစ်ခွင်လုံးတွင် မရေမတွက်နိုင်သည့် မြွေများဖြင့် ပြည့်နှက်သွားသည်။

    မင်းသမီးမြောင်မြောင်နှင့် အခြားသူများသည် ၎င်းကို မြင်ပြီးနောက် ၀င်ရောက် စွက်ဖက်ရန် ပြင်လိုက်ကြသည်။
    ချင်နန်က အိုးရန်ကျင်းရဲ့ ဒီတိုက်ခိုက်မှုကြီးကို ဘယ်လိုလုပ်ခုခံနိုင်မှာလဲ..

    “ဝေးဝေးနေ"
     ရုတ်တရက် မာန်ဟုန်ပြင်းပြင်း အသံတစ်သံ ကြားလိုက်ရသည်။
    ချင်နန်၏ ဘယ်ဘက်မျက်လုံးမှ မျက်စိကျိန်းလောက်သည့်အလင်းများ ထွက်ပေါ်လာပြီး သူ၏ ဆံပင်များ ဝဲလွင့်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးလျှံများ ဖုံးလွှမ်းလာသည်။

    “မင်း..."
    မင်းသမီးမြောင်မြောင်၊ လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် လူအိုကြီးရှန်တို့သည် ချင်နန်အား ကြည့်ကာ အပြင်းအထန် တုန်လှုပ်သွားကြသည်။ တိတ်ဆိတ်စွာပင် သူတို့ နောက်ပြန်ဆုတ်လိုက်ကြသည်။ သူတို့သည် ချင်နန်ထံမှ ထွက်ပေါ်နေသော ဒေါသများကို ခံစားနိုင်ပေသည်။

    “ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်"
    ချင်နန် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ အချိန်ကြာမြင့်စွာ အသုံးမပြုခဲ့သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအား အသုံးပြုလိုက်သည်။

    ဘန်း...

    ပတ်၀န်းကျင်မှ ချီစွမ်းအင်များသည် သူ့ထံသို့ အလုံးအရင်း တိုး၀င်လာသည်။ ချင်နန် သူ၏ ကျန်ရှိနေသေးသော အင်အားများအားလုံးကို အသုံးပြုလိုက်သည်။

     ထိုအချိန်၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် စတင်တုန်ခါလာပြီး အလွန်ဆန်းကြယ်စွာ ထိတ်လန့် ချောက်ချားစရာကောင်းသော ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်သည် လူအုပ်ကြီးရှေ့တွင် ထပ်မံထွက်ပေါ်လာသည်။

Continue Reading

You'll Also Like

56K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
110K 10.6K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
32.7K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
95K 16.3K 62
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...