အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၁၇၆ - ၁၈၀

536 52 0
By Azure5549


အပိုင်း (၁၇၆) စာတစ်စောင်ဖြင့် ဂိုဏ်းတစ်ခုလုံးကို လှုပ်ခါသွားစေခြင်း

     စည်းကမ်းဥပဒေခန်းမ၏ အခန်းငယ်တစ်ခုအတွင်း...

     ရှောင်လန်နှင့် ချူးယွင်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ သိုင်းဝိညာဉ်များ ထုတ်ဖော်ပြီး ကျင့်ကြံနေကြသည်။
     ချင်နန်သည် သိုင်းကံကြမ္မာနန်းဆောင်၏ အထပ်ငါးထပ်လုံး ၀င်ရောက်နိုင်ခဲ့သည်ကို ကြားသိရသော‌အခါ သူတို့အတွက် ကြီးမားသော ဖိအားကို ခံစားခဲ့ရကာ ကြိုးစားပမ်းစား ကျင့်ကြံအားထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ထိုအချိန်၌ လူတစ်ယောက်ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

     “ဘယ်သူလဲ"

     ရှောင်လန်နှင့် ချူးယွင်တို့ အံ့အားသင့်သွားပြီးနောက် မျက်လုံးဖွင့်ကာ ရောက်ရှိလာသည့်သူကို ကြည့်လိုက်သည်။ ထို့နောက်  ကြောင်အသွားကြသည်။

     ရောက်ရှိလာသောသူမှာ မင်းသမီးမြောင်မြောင်ပင် ဖြစ်သည်။

     မင်းသမီးမြောင်မြောင်၏ မျက်နှာထက်တွင် မြေခွေးပြုံးတစ်ခု ထွက်ပေါ်လာပြီး
    “ဒါမင်းတို့အတွက် ချင်နန့်ရဲ့စာပဲ"

     “စာ..."
     ရှောင်လန်နှင့် ချူးယွင်တို့ ကြောင်တောင်တောင်ဖြစ်သွားကြသည်။

     ချင်နန်၏ စာသည် မည်မျှအရေးကြီးသောကြောင့် မင်းသမီးမြောင်မြောင်ကိုပင် ပေးခိုင်းမှန်း သူတို့မသိချေ။
     သံသယများနှင့်အတူ စာကို ဖွင့်ဖတ်လိုက်သည့်အချိန်တွင် သူတို့ ဆွံ့အသွားကြသည်။
     ဘာလဲဟ...
      ဆေးလုံးတွေ ချေးတာလား...

     တစ်ခဏမျှ ကြာပြီးနောက် စည်းကမ်းဥပဒေခန်းမ၏ အစည်းအဝေးခန်းတွင်...

     စည်းကမ်းဥပဒေခန်းမခေါင်းဆောင်သည် ထိပ်ဆုံးတွင် ထိုင်နေပြီး သူ၏ ရှေ့တွင် အကြီးအကဲများထိုင်နေကြကာ လွန်ခဲ့သောလက အဖြစ်အပျက်များကို အစီရင်ခံနေကြသည်။
     ထိုအချိန်၌ ခန်းမအလယ်တွင် သေးငယ်သောပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

     အကြီးအကဲများ အလွန်အံ့အားသင့်သွားကြသည်။
     ဘယ်သူက အစည်းအဝေးခန်းထဲကို ကျူးကျော်လာရဲတာလဲ...

     စည်းကမ်းဥပဒေခန်းမခေါင်းဆောင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သို့သော်လည်း သေးငယ်သည့် ပုံရိပ်ကို မြင်လိုက်သည့်အချိန်၌ သူ၏မျက်နှာ တောင့်တင်းသွားကာ အတင်းကာရောကြိုးစားပြုံးလိုက်ပြီး
     “မင်း...မင်းသမီး...ဘာကြောင့်...ဘာ့ကြောင့် ဒီကို ရောက်လာတာလဲ"

     စည်းကမ်းဥပဒေခန်းမခေါင်းဆောင်၏ မျက်လုံးထဲတွင် မင်းသမီးမြောင်မြောင်သည် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။ သူမကို မတော်တဆလမ်း၌ တွေ့လျှင်ပင် ချက်ချင်းပင် ပြေးပုန်းကာ ရှောင်ကျဉ်လိမ့်မည်ဖြစ်သည်။
     အခြားအကြီးအကဲများသည်လည်း ထိုစကားကို ကြားပြီးနောက် သူတို့၏ အတွေးများကို ပြန်လည်စုစည်းလိုက်ကြသည်။ စိတ်ဝိညာဉ်ဂိုဏ်းတွင် မင်းသမီးဟု ခေါ်ဆိုရသော သူမှာ တစ်ဦးတည်းသာ ရှိပေသည်။
     ဂုဏ်ထူးဆောင် အကြီးအကဲ...

     အဆိုပါအတွေးသည် သူတို့အား ထိတ်လန့်စေခဲ့သည်။ မင်းသမီး သူတို့၏ စည်းကမ်းဥပဒေခန်းမကို လာခြင်းမှာ ကောင်းသော လာခြင်းမျိုး မဖြစ်နိုင်ပါ။

     “အိုး...လူတိုင်းက ဒီမှာပဲ...ကံကောင်းတယ်"
     မင်းသမီးသည် မှေးစင်းသော မျက်လုံးများဖြင့် ပြောလိုက်သည်။
     “မင်းသမီး ဒီကို လာရတာက ငါ့ရဲ့ကျွန် ချင်နန့်ကိုယ်စား စာလာပေးတာပဲ"

     ထိုစကားကြားပြီးနောက် အကြီးအကဲများ စိတ်ရှုပ်သွားကြသည်။
      ချင်နန်ကိုယ်စား စာလာပေးတယ်...

     မင်းသမီးတောင် လာပေးရအောင် ချင်နန် ရေးထားတဲ့စာက ဘာစာမို့လို့လဲ...

     မင်းသမီးမြောင်မြောင် လက်ဝှေ့ယမ်းလိုက်သည့်အချိန်တွင် များစွာသော စာများသည် အခန်းထဲကို လိပ်ပြာများ ဝဲပျံလာသကဲ့သို့ လူတိုင်း၏ လက်ထဲသို့ ရောက်ရှိသွားသည်။
     အကြီးအကဲများ ချက်ချင်းပင် သူတို့၏ လက်ထဲမှ စာများကို ဖွင့်ဖတ်လိုက်ကြသည့်အချိန်၌ သူတို့၏ မျက်နှာများ တောင့်တင်းသွားပြီး နှုတ်ခမ်းများ တွန့်လိမ်သွားကြသည်။
     ဆေးလုံးတွေ လာချေးတာလား...

     ချင်နန်က စာရေးပြီး သူတို့ဆီက ဆေးလုံးတွေ ချေးနေတာလား...

     အမွှေးတိုင်တစ်တိုင်ခန့် ကုန်ဆုံးသွားသည့်အချိန်တွင် မင်းသမီးမြောင်မြောင်သည် သိုင်းကျမ်းစာကြည့်တိုက်သို့ ရောက်ရှိလာခဲ့သည်။ နောက်ထပ် အမွှေးတိုင်တစ်တိုင်ခန့် ကုန်ဆုံးသွားသည့်အချိန်တွင် မင်းသမီးမြောင်မြောင်သည် ရတနာခန်းမသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ရတနာခန်းမ၊ ကျော်ကြားခြင်းခန်းမနှင့် သေခြင်းရှင်ခြင်းခန်းမ...

      တစ်နာရီအတောအတွင်းမှာပင် မင်းသမီးမြောင်မြောင်သည် စိတ်ဝိညာဉ်ဂိုဏ်း၏ အဓိကခန်းမခြောက်ခုအနက် ငါးခုကို ရောက်ရှိခဲ့ပြီးဖြစ်သည်။
     သူမ ရောက်ရှိခဲ့သည့် နေရာတိုင်းတွင် လုပ်ခဲ့သောအရာသည် ချင်နန်ကိုယ်စား စာများပေးခဲ့ခြင်းသာ ဖြစ်သည်။ ထိုအချိန်၌ ခန်းမများရှိလူတိုင်းမှာ အလွန်အံ့အားသင့်နေကြသည်။ နှစ်ပေါင်းများစွာ အတောအတွင်း သိုင်းဘိုးအေအဆင့် ကျွမ်းကျင်သူတစ်‌ယောက်ကို ဆေးလုံးများချေးယူရန်အတွက် အမိန့်ပေးခဲ့ခြင်းကို မြင်ဖူးသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်သာဖြစ်သည်။
      ထို့အပြင် ဆေးလုံးများကို ချေးခြင်းမှာလည်း လူတိုင်းထံမှ ဖြစ်သည်။

     ........

     ........

     ထိုစဉ်အတောအတွင်း အပြင်နယ်မြေတောင်၏ လေ့ကျင့်ရေးကွင်းတွင်...
 
     တပည့်များသည် တင်ပျဉ်ခွေထိုင်ကာ သိုင်းဝိညာဉ်များကို ထုတ်ဖော်၍ ချီစွမ်းအင်များကို စုပ်ယူနေကြသည်။
     ထိုတပည့်များထဲတွင် လူအနည်းငယ်သည် ချင်နန်နှင့် သိရှိပေသည်။ ရှောင်ယွန်းဟို၊လျိုကျင်းဟောင်၊ ၀မ့်ချူ စသည်တို့ဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် စိတ်ဝိညာဉ်ဂိုဏ်းတစ်ခုလုံးတွင်ကျော်ကြားသည့် ချင်နန်ကဲ့သို့ မဟုတ်ဘဲ အပြင်နယ်မြေတပည့်များသာ ဖြစ်နေကြသေးသည်။

     မင်းသမီးမြောင်မြောင်သည် အပြင်နယ်မြေတပည့်များ၏ ထိပ်တွင် ရောက်ရှိလာပြီး ‌ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။
    “တပည့်တွေ ငါ့စကားကို သေချာနားထောင်ချေ...ငါက စိတ်ဝိညာဉ်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲပဲ...ငါ အခုဒီကိုရောက်လာတာက ချင်နန့်ကိုယ်စား အရေးကြီးတဲ့ အရာတစ်ခုကိုပေးစရာရှိလို့ပဲ"

     ထိုစကားများသည် အပြင်နယ်မြေတပည့်တိုင်းကို အံ့ဩတုန်လှုပ်သွားစေသည်။
     အထူးသဖြင့် ရှောင်ယွန်းဟို၊ လျိုကျင်းဟောင်၊ ၀မ့်ချူနှင့် ဘက်စုံစစ်ဆေးမှုတွင် ပါ၀င်ခဲ့ကြသောသူများမှာ သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။
     အခြားအပြင်နယ်မြေ တပည့်များမှာ သတိပြန်၀င်လာပြီးနောက်  သူတို့၏ မျက်လုံးများထဲတွင် လေးစားသည့် အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။ သူတို့သည် ချင်နန်၏ အောင်မြင်မှုများကို ကြားသိရပြီးနောက် ချင်နန်ကို အလွန်အထင်ကြီးခဲ့ကြသည်။
     သူတို့နဲ့ အဆင့်အရမ်းကွာခြားတဲ့ ချင်နန်က သူတို့ကို ဘာပေးစရာရှိလို့လဲ...

     မင်းသမီးမြောင်မြောင် ပြောလိုက်သည်။
     “ဒီမှာ လူတိုင်းအတွက် ချင်နန်ပေးလိုက်တဲ့ စာတွေပဲ...ဖတ်ကြည့်ကြချေ"

     ထိုစကားများပြောပြီးသည်နှင့် မင်းသမီးမြောင်မြောင်သည် သူမ၏ လက်ကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော စာများသည် မိုးများရွာသွန်းလာသည့်အလား ကောင်းကင်ထက်မှ ကျဆင်းလာသည်။
   
     အပြင်နယ်မြေတပည့်များ အံ့ဩသွားကြသည်။ ထို့နောက် သူတို့ ဖွင့်ဖတ်လိုက်ကြသည့်အချိန်တွင် သူတို့ကြက်သေ သေသွားကြသည်။
     ဒါက ဘာလားဟ...

     ဂုဏ်ထူးဆောင် အကြီးအကဲလာပေးတဲ့ ချင်နန်ရဲ့ စာက ငါတို့ဆီက ဆေးလုံးတွေကို ချေးဖို့လား...

     ........

     ........

     အတွင်းနယ်နိမိတ်တောင်...

     ချင်နန် အတွင်းနယ်နိမိတ်တောင်ကို ရောက်ရှိလာကတည်းက လူတိုင်းသည်ဖိအားများခံစားရပြီး ကျင့်ကြံမှုကို ကြိုးကြိုးစားစားအားထုတ်နေကြသည်။

     အမှတ်ခြောက်ရာ့နှစ်ဆယ့်ခုနှစ်နေအိမ်တွင် သဟူသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။
     သိုင်းကံကြမ္မာနန်းဆောင်ပြိုင်ပွဲတွင် ချင်နန်သည် သူ၏ ပြိုင်ဘက်များကို ဖိနှိပ်ခဲ့ကာ ချင်နန်၏စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်ကို မြင်ရပြီးနောက် ၎င်းသည် သဟူအတွက် တွန်းအားတစ်ခု ဖြစ်ခဲ့သည်။ ထို့နောက် အဆုံးတွင် သူသည် ရှင်တန်အဆင့်သို့ ရောက်ရှိခဲ့ပြီး အတွင်းနယ်နိမိတ်တပည့်တစ်ယောက်ဖြစ်လာခဲ့သည်။
     ယခု သဟူသည် ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်နေသည်။ သူသည် ချင်နန်ကို အမှီလိုက်ရန်မဖြစ်နိုင်သော်လည်း သူတတ်နိုင်သမျှ ကြိုးစားနေသည်။

     သို့သော်လည်း ထိုအချိန်တွင် သူ၏ နေအိမ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
     “မင်္ဂလာပါ...ဒီမှာ မင်းအတွက် စာပါ"

     တစ်ခဏအကြာတွင် အမှတ်ငါးရာရှစ်ဆယ့်သုံးနေအိမ်၌ မို့ဇူရှန်၊  ရွှီးရုန်နှင့် ဟောင်လုံတို့သည် ရှင်တန်အဆင့်အော်ရာများ ထုတ်ဖော်ကာ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ရန် ပြင်နေကြသည်။
     သူတို့သည် သိုင်းကံကြမ္မာနန်းဆောင်မှ ပြန်ရောက်လာသောအခါ သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။ ယနေ့စုရုံးရောက်ရှိနေကြခြင်းမှာ သိုင်းပညာ ဖလှယ်ကြရန်ဖြစ်သည်။

     သို့‌သော်လည်း သူတို့ တိုက်ပွဲမစမီတွင် ချိုသာသော အသံတစ်သံကို ကြားလိုက်ရသည်။
     “မင်္ဂလာပါ...ချင်နန်က မင်းတို့ကို စာပေးလိုက်တယ်...ကျေးဇူးပြုပြီး လက်ခံပေးပါ"

     ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် မို့ဇူရှန်၊ ရွှီးရုန်နှင့် ဟောင်လုံတို့ လန့်ဖျပ်သွားကြပြီး သူတို့၏ ချီစွမ်းအင်များပင် ၀ရုန်းသုန်းကား ဖြစ်သွားကြသည်။

     ........

     ........

     ယနေ့သည် စိတ်ဝိညာဉ်ဂိုဏ်းတစ်ခုလုံးအတွက် အေးဆေးငြိမ်သက်သောနေ့တစ်နေ့ မဟုတ်ခဲ့ပါ။
     ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်သော မိန်းကလေးသည် ချင်နန်ဆီမှ စာများကို ယူဆောင်လာကာ အပြင်နယ်မြေနှင့် အတွင်းနယ်နိမိတ်တွင်ရှိသော လူတိုင်းကို ပေးပို့ခဲ့သည်။ အကြီးအကဲများနှင့် အတွင်းနယ်နိမိတ်တပည့်များ အပါအ၀င် လူတိုင်းသည် သူမထံမှ စာတစ်စောင်ကို ရရှိခဲ့သည်။
     သင်သည် အရေးမပါသည့် တပည့်တစ်ဦးဖြစ်စေ၊ ကျော်ကြားသည့် ဂျီးနီးယပ်တစ်ယောက်ဖြစ်စေ၊ ရာထူးမြင့်မားသည့် အကြီးအကဲတစ်ယောက်ဖြစ်စေ အရေးမကြီးပါ။
    သူတို့အားလုံးသည် ချင်နန်ရေးသားထားသော စာတစ်စောင်ကိုရရှိခဲ့သည်။

    စာထဲတွင် စကားလုံးငါးလုံးသာ ပါ၀င်ပေသည်။

     ဆေးလုံးတွေချေးပါ

      နောက်ဆုံးတွင် လုံဟွာနိုင်ငံ၏ ထိပ်ဆုံးဂိုဏ်းကြီးလေးဂိုဏ်းအနက်တစ်ခုဖြစ်သော စိတ်ဝိညာဉ်ဂိုဏ်းသည် စာတစ်စောင်ကြောင့် ဂိုဏ်းတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၁၇၇) များပြားလှသောပမာဏ

     စိတ်ဝိညာဉ်ဂိုဏ်း၏ အပြင်နယ်မြေတပည့်များနှင့် အတွင်းနယ်နိမိတ်တပည့်များ ကြားထဲတွင်...

    
     “ကမ္ဘာပေါ်မှာ ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်မျိုးကို ငါပထမဆုံးကြုံဖူးတာပဲ"

     “မင်းက သူ့ကို ဆေး‌လုံးတွေချေးမှာလား...ချင်နန်က ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ရှိ‌တဲ့ လူတွေဆီက ချေးတာဆိုတော့ ပြန်ဆပ်လောက်မှာ မဟုတ်ဘူး"

     “ငါသူ့ကို ရှန်းရွှင်ဆေးလုံး တစ်ထောင် နှစ်ထောင်လောက်တော့ ချေးလိုက်မယ်ကွာ မဟုတ်ရင် ချင်နန်က ငါ့ကို ငြိုငြင်နေလိမ့်မယ်"

     “ကောင်းပြီ...ငါလည်း သူ့ကို နည်းနည်းလောက်ချေးလိုက်မယ်...ဒါပေမယ့် ပြန်ရဖို့တော့ မျှော်လင့်မထားပါဘူးကွာ"

     “........"

     စိတ်ဝိညာဉ်ဂိုဏ်း၏ အတွင်းစည်းတပည့်များ...

     “ဒါက ဘာလားကွာ"

     “ဟား...ဟား...ဟား...ဒီချင်နန်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...သူက ဂိုဏ်းထဲမှာရှိတဲ့ လူအားလုံးဆီက ဆေးလုံးတွေချေးရဲတယ်...ငါ သူ့ရဲ့သတ္တိကို ကြိုက်လို့ ရှန်းရွှင်ဆေးလုံးတစ်ထောင်လောက်တော့ ချေးလိုက်မယ်"

     “ငါလည်း သူ့ရဲ့ နောက်ခံကြောင့် ရှန်းရွှင်ဆေးလုံး တစ်ရာနှစ်ရာလောက်တော့ ချေးလိုက်မယ်"

     “ဒီချင်နန်က ဂျီးနီးယပ်တစ်ယောက်ပဲ...သူဆေးလုံးတွေ ပြန်မဆပ်ရင်တောင်မှ ဘယ်သူမှ ဘာမှပြောရဲမှာ မဟုတ်ဘူး"

     “........"

     ဂွန်ယောင်သည် သူ၏ ပတ်ဝန်းကျင်မှ ဆူညံနေကြသည့် တပည့်များကို ကြည့်ပြီးနောက် သူ၏ လက်ထဲမှစာကို အံ့အားသင့်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

     ဤအတောအတွင်း စိတ်ဝိညာဉ်ဂိုဏ်းရှိအကြီးအကဲများသည် ဆွေးနွေးမှုတစ်ခု ပြုလုပ်နေကြသည်။
     “ဒုတိယအကြီးအကဲ မင်းသူ့ကို ဆေးလုံးတွေချေးမှာလား"

     “မင်းမေဘိုး ချေးပါလား...သူက လူငယ်မာစတာကျင်းရဲ့ ရန်ဘက်ပဲ..ငါသူ့ကို ဆေးလုံးတွေမချေးရဲဘူး"

     “ဒီလူငယ်လေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...ငါသူ့ကို အင်ပါယာဆေးလုံးတစ်ချို့ချေးလိုက်မယ်"

     “ငါလည်း သူ့ကို ရင်းနှီးမှုပြတဲ့အနေနဲ့ ဆေးလုံးတစ်ချို့ချေးလိုက်မယ်"

     “........"

    အကြီးအကဲများကြားထဲတွင် အတွင်းစည်းတတိယအကြီးအကဲသည် ရှုံ့မဲ့သော မျက်နှာဖြင့် စာရွက်ကို ကိုင်ထားသည်။
    ချင်နန်သည် အလွန်အရှက်မဲ့စွာဖြင့် သူ့ဆီကဆေးလုံးများ ချေးရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

    
     ထို့နောက် အချိန်တစ်ခဏအကြာတွင် ဆေးလုံးချေးယူခြင်း၏ အဓိကဇာတ်ဆောင်ချင်နန်သည် သူ၏ အမှတ်သုံးနေအိမ်တွင် ထိုင်နေကာ မင်းသမီးမြောင်မြောင်ကို ကြည့်နေသည်။

    မင်းသမီးမြောင်မြောင်သည် မှေးစင်းသော မျက်လုံးများဖြင့်
     “အံ့အားသင့်စရာကောင်းလောက်အောင် ငါ့ကျွန်ကအရမ်းကျော်ကြားတာပဲ...ငါဆေးလုံးတွေ အများကြီးရခဲ့တယ်"

     “ဘယ်လောက်လဲ"
     ချင်နန် အသက်ရှူတန့်သွားသည်။ သူသည် မင်းသမီးမြောင်မြောင်၏ အစီအစဉ်ကို မကြိုက်သော်လည်း သူ၏ကျပ်တည်းလှသော အခြေအနေကြောင့် အခြားသူများထံမှ ဆေးလုံးများချေးယူခြင်း အစီအစဉ်ကိုသာ လက်ခံခဲ့ရသည်။ သို့မှသာ သူ၏ နတ်ဘုရားသိုင်းဝိညာဉ်ကို ရှန်အဆင့်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။
     သို့သော်ငြားလည်း ချင်နန်သည် ဆေးလုံးများအားလုံးကို ပြန်ပေးမည်ဟု သူ၏ စိတ်ထဲတွင် ကျိမ်ဆိုထားသည်။
     သူသည် အခြားသူများထံမှ မည်သူ့ကျေးဇူးကြွေးမှ အတင်မခံလိုပါ။

     “စုစုပေါင်း အင်ပါယာဆေးလုံးငါးသိန်း"
     မင်းသမီးမြောင်မြောင်သည် ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

     “ဘာ..အင်ပါယာဆေးလုံးငါးသိန်း"
     ချင်နန်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။
     “ဘယ်လိုလုပ် ဒီလောက်အများကြီး ရလာတာလဲ...တပည့်တွေဆီက ဒီလောက်အများကြီး ရနိုင်လို့လား"

      မင်းသမီးမြောင်မြောင်သည် ချင်နန်ကို ကျေနပ်အားရစွာ ကြည့်လိုက်ပြီး
     “ငါ လူအိုကြီးရှန်ဆီက တစ်သိန်းချေးခဲ့တယ်...ပြီးတော့ ခန်းမခေါင်းဆောင်တွေဆီက တစ်ယောက်နှစ်သောင်းရခဲ့တယ်..ဒ့ါအပြင် ငါ့ရဲ့ ကျက်သရေရှိမှုကြောင့် အတွင်းစည်းတပည့်တွေနဲ့ အပြင်စည်းတပည့်တွေဆီကလည်း စုစုပေါင်း တစ်သိန်းလောက်ရရှိခဲ့သေးတယ်...ပြီးတော့ ကျန်းထိုင်ရီး၊ ဂွန်ယောင်....."
     “အပိုဆောင်းအနေနဲ့ ငါမင်းအတွက် ရှန်းရွှင်ဆေးလုံးတွေကို အင်ပါယာဆေးလုံးတွေနဲ့တောင် လဲလှယ်ခဲ့ပေးသေးတယ်"

     ချင်နန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။
     မင်းသမီးမြောင်မြောင်နှင့် အစကဆွေးနွေးခဲ့သည့်အစီအစဉ်အရ အတွင်းနယ်နိမိတ်တပည့်များနှင့် အတွင်းနယ်နိမိတ်အကြီးအကဲများထံမှသာ ဆေးလုံးအနည်းငယ်ချေးယူရန် စီစဉ်ထားခဲ့သည်။
     သို့သော်လည်း မင်းသမီးမြောင်မြောင်သည် အစီအစဉ်အတိုင်းမလုပ်ဘဲ လူအိုကြီးရှန်၊ ခန်းမခေါင်းဆောင်များနှင့် အတွင်းစည်းအကြီးအကဲများ...စသည်တို့ထံမှ ဆေးလုံးများ ချေးယူခဲ့သည်။

     “မင်း"
     ချင်နန်သည် ဒေါသကြောင့် သွေးအန်ချင်သလိုပင်ဖြစ်သွားကာ စကားပင် ဆက်မပြောနိုင်တော့ချေ။
     မင်းသမီးမြောင်မြောင်ရဲ့ လုပ်ရပ်ကြောင့် လူအိုကြီးရှန်၊ ခန်းမခေါင်းဆောင်များနှင့် အကြီးအကဲများ သူ့ကို မည်သို့ ထင်သွားပါမည်နည်း။

     “ဘာလဲ"
     မင်းသမီးမြောင်မြောင်သည် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
     “မင်းသမီးမှာ ဘယ်လိုလုပ် ဒီလိုဉာဏ်တုံးတဲ့ ကျွန်တစ်ယောက်ရှိနေရတာလဲ...ငါရဲ့ အဖိုးတန်တဲ့အချိန်တွေဖြုန်းပြီး မင်းအတွက် ဆေးလုံးတွေချေးပေးတာတောင် မင်းက ငါ့ကို အပြစ်တင်ချင်နေတာလား...မင်းသုံးလိုက်လို့ ဆေးလုံးတွေပိုနေရင် ပြန်ပေးလို့ရတာကို မင်းမသိဘူးလား"

     “အာ..."
     ချင်နန် ကြက်သေ သေသွားသည်။ မင်းသမီးမြောင်မြောင်ပြောသည်မှာ မှန်ပေသည်။ အင်ပါယာဆေးလုံးငါးသောင်းလောက်ဖြင့် သူ၏ နတ်ဘုရားသိုင်းဝိညာဉ် အဆင့်တက်သွားပါက ပိုလျှံနေသည့် ဆေးလုံးများကို သူပြန်ပေးနိုင်ပေးသည်။

     “ငါတောင်းပန်ပါတယ်...ငါမင်းကို နားလည်မှု လွဲသွားတယ်"
     ချင်နန်သည် ရိုးသားစွာပင် တောင်းပန်လိုက်သည်။
     မင်းသမီးမြောင်မြောင်သည် ဆေးလုံးအများအပြားရရှိဖို့ သူ့ကို ကူညီခဲ့သည်။

     “ဟန့်....မင်းသဘောပေါက် လွဲသားပဲ"
     ထိုစကားပြောပြီးနောက် မင်းသမီးမြောင်မြောင်၏ မျက်လုံးများ အရောင်လက်သွားပြီး
     “ချင်နန်...ငါမင်းကို ဆေးလုံးတွေရရှိဖို့အတွက် အပင်ပန်းခံပြီး ကူညီပေးခဲ့တယ်...အခု ငါ့မှာ တောင်းဆိုမှု သေးသေးလေးတစ်ခုရှိတယ်...မင်းလိုက်လျောပေးမှာလား"

     ချင်နန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး
     “မရဘူး...ဒီချေးထားတဲ့ ဆေးလုံးငါးသိန်းက ပြီးရင် ပြန်ဆပ်ရမှာ...မင်းကို မခွဲပေးနိုင်ဘူး"

     မင်းသမီးမြောင်မြောင်သည် ချင်နန်၏ အသည်းအသန်ဖြစ်နေသည့်ပုံစံကို မြင်တွေ့ပြီးနောက် မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။
     “ငါက မင်းရဲ့ ဆေးလုံးတွေ ဘာလို့ လိုချင်ရမှာလဲ"

     ချင်နန်သည် သတိကြီးစွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။
     “ဒါဆို မင်းက ဘာလိုချင်တာလဲ"

     “တောင်းဆိုမှုက အရမ်းကို ရိုးရှင်းပါတယ်..."
     မင်းသမီးမြောင်မြောင်သည် ချင်နန်ကို သေချာစူးစိုက်ကြည့်လိုက်ပြီးနောက်
     “အကယ်၍ ငါထင်တာမှန်ရင် ဆေးလုံးတွေ လိုအပ်နေတာက မင်းရဲ့ သိုင်းဝိညာဉ်အတွက်ကြောင့်ပဲ...မင်းလိန်ဖန်းရဲ့ စိန်ခေါ်မှုကို လက်ခံရဲခဲ့တာ မင်းရဲ့ သိုင်းဝိညာဉ်ကြောင့်မလား...ဒါကြောင့် ငါ့ရဲ့ရိုးရှင်းတဲ့ တောင်းဆိုမှုက ဒီဆေးလုံးတွေနဲ့ မင်းရဲ့ သိုင်းဝိညာဉ်ကို ဘာလုပ်လဲဆိုတာ ကြည့်ချင်တယ်"

     ၎င်းသည် ချင်နန်ကို တစ်လျှောက်လုံး ကူညီပေးခဲ့သည့် မင်းသမီးမြောင်မြောင်၏ ရည်ရွယ်ချက်ဖြစ်သည်။
     သူမ ၏လူသားပုံစံပြန်မရခင်က သူမသည် ချင်နန်၏ ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသည့် သိုင်းဝိညာဉ်၏ တည်ရှိမှုကို ခံစားနိုင်ခဲ့သည်။ သူမ၏ လူသားပုံသဏ္ဌာန်ကို ပြန်လည်ရရှိပြီးနောက် ထိုသိုင်းဝိညာဉ်နှင့် ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ချင်နန်၏ ခန္ဓာကိုယ်ထဲမှ လူသားပုံစံသိုင်းဝိညာဉ်သည် သူမ မျှော်လင့်ထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်ခဲ့သည်။
     ထို့ကြောင့် မင်းသမီးမြောင်မြောင်သည် ချင်နန်ဆေးလုံးများစွာဖြင့် သူ၏ သိုင်းဝိညာဉ်ကို ဘာလုပ်သလဲဆိုတာကို သိချင်ခဲ့သည်။

      ထိုစကားများကြားပြီးနောက် ချက်ချင်းပင် ချင်နန်၏ မျက်နှာတင်းမာသွားပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်။
     “ဒါမဖြစ်နိုင်ဘူး...မင်းငါ့ကို ဆေးလုံးတွေ မပေးရင်တောင် မင်းရဲ့ တောင်းဆိုမှုကို ငါဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး"

     အကယ်၍ ၎င်းသည် အခြားအရာတစ်ခုဖြစ်ပါက ချင်နန်သည် စဉ်းစားဦးမည်ဖြစ်သော်လည်း မင်းသမီးမြောင်မြောင်၏ ထိုတောင်းဆိုမှုကိုတော့ သူဘယ်တော့မှ လက်ခံလိမ့်မည်မဟုတ်ပါ။
     နတ်ဘုရားသိုင်းဝိညာဉ်သည် သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သည်။ အထူးသဖြင့် ဆေးလုံးများစားသုံးခြင်းဖြင့် အဆင့်မြှင့်တင်နိုင်ခြင်း ဖြစ်သည်။
     သူနှင့် မင်းသမီးမြောင်မြောင်သည် အကောင်းဆုံးမိတ်ဆွေများဖြစ်လျှင်ပင် နတ်ဘုရားသိုင်းဝိညာဉ်၏ အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်ကို ပြောပြလိမ့်မည် မဟုတ်ပေ။

     “မင်း..."
     မင်းသမီးမြောင်မြောင်သည် ချင်နန်၏ ပြတ်သားသည့် သဘောထားကို တွေ့မြင်ရပြီးနောက် ဒေါသထွက်သွားသည်။
     “မင်းသဘောမတူတာကို ဘယ်သူက ဂရုစိုက်လို့လဲ...ကပ်စေးနှဲ"

      သူမသည် ချင်နန်ကို သင်ခန်းစာပေးရန် စီစဉ်လိုက်သော်လည်း ချင်နန်၏ တည်တည်တံ့တံ့ပုံစံကို တွေ့မြင်ရပြီးနောက် သိုလှောင်အိတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ ဒေါသများဖြင့် ထွက်ခွာသွားသည်။

     ချင်နန် အံ့အားသင့်သွားသည်။ သူ၏ ငြင်းဆိုမှုကြောင့် မင်းသမီးမြောင်မြောင် ဒေါသထွက်ပြီး ဆေးလုံးများကို ယူဆောင်ကာ ထွက်သွားလိမ့်မည်ဟု သူထင်ထားခဲ့သည်။

     “ကျေးဇူးတင်ပါတယ်"
     ချင်နန် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူသိုလှောင်အိတ်ကို သွားကောက်လိုက်သည်။

     “အင်ပါယာဆေးလုံးငါးသိန်း...ကျေးဇူးပြုပြီး ငါ့ကို စိတ်မပျက်ပါစေနဲ့"
     ချင်နန်သည် သူ့ကို ကင်းထောက်နေသည့်လူ ရှိမရှိ သေချာသွားအောင် နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများဖြင့် ပတ်ဝန်းကျင်အား တစ်ချက်စစ်ဆေးလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သိုလှောင်အိတ်ထဲမှ ဆေးလုံးများအားလုံးကို သွန်ချလိုက်သည်။
     ထိုအချိန်တွင် အမှတ်သုံးနေအိမ်ထဲ၌ ရွှေရောင်အလင်းတန်းများနှင့်အတူ ပေါကြွယ်ဝသည့် ချီစွမ်းအင်များ ဖုံးလွှမ်းသွားသည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၁၇၈) ချင်နန်၏ စာ

     အင်ပါယာဆေးလုံးငါးသိန်းသည် ချင်နန်၏ ရှေ့တွင် တောင်ငယ်တစ်ခုကဲ့သို့ စုပုံနေပြီး တောက်ပသည့်အရောင်များ ထွက်ပေါ်နေသည်။
     ချင်နန်သည် နတ်ဘုရားသိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်ပြီး အင်ပါယာဆေးလုံးများကို သူ၏ အမြန်ဆုံးနှုန်းထားဖြင့် လက်တစ်ဆုပ် ဆုပ်လိုက်ကာ သူ၏ ပါးစပ်ထဲ သွတ်သွင်းလိုက်သည်။ သူ၏ လက်များသည် အလွန်လျင်မြန်နေကာ မှုန်ဝါးဝါးသာ မြင်နေရသည်။

     အင်ပါယာဆေးလုံးတစ်ထောင်...
     အင်ပါယာဆေးလုံးသုံးထောင်...
     အင်ပါယာဆေးလုံးရှစ်ထောင်...

     အမွှေးတိုင်တစ်တိုင်ကုန်စာ အတောအတွင်းမှာပင် ချင်နန်သည် အင်ပါယာဆေးလုံးနှစ်သောင်း စားခဲ့ပြီးသွားပြီ ဖြစ်သည်။ သို့သော်လည်း နတ်ဘုရားသိုင်းဝိညာဉ်သည် တုတ်တုတ်မျှမလှုပ်သေးသောကြောင့် ချင်နန်၏ နှလုံးသား နာကျင်သွားသည်။

     “ဆက်လုပ်ပါ...ဆက်လုပ်ပါ"
     ချင်နန်သည် ရူးသွပ်နေသည့်အလား သူ၏ ပါးစပ်ကို ကျယ်လောင်စွာ ဟထားကာ ဆေးလုံးများကို လက်တစ်ဆုပ်ပြီး တစ်ဆုပ် သွတ်သွင်းနေသည်။

     အင်ပါယာဆေးလုံးသုံးသောင်း...
     အင်ပါယာဆေးလုံးငါးသောင်း...
     အင်ပါယာဆေးလုံးခုနှစ်သောင်း...

     အင်ပါယာဆေးလုံးတစ်သိန်း စားသုံးခဲ့ပြီးသွားသည့်အချိန်တွင် ချင်နန်၏ ပါးစပ်ပင် ထုံနေပြီး သူ၏ ညာဘက်လက်သည်လည်း နာကျင်နေသည်။

     “အင်ပါယာဆေးလုံးတစ်သိန်းစားခဲ့ပြီးတာတောင် နတ်ဘုရားသိုင်းဝိညာဉ်က အဆင့်မတက်သေးပါလား"

     ချင်နန် ပထမဆုံးအကြိမ်ရပ်တန့်လိုက်သည်။ သူ၏ မျက်နှာသည် စိတ်ပျက်နာကျင်နေသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။
     အင်ပါယာဆေးလုံးတစ်သိန်းကိုသာ ရှန်းရွှင်ဆေးလုံးများနှင့် လဲလှယ်လိုက်မည်ဆိုပါက ရှန်းရွှင်ဆေးလုံးဆယ်သန်းရရှိလိမ့်မည်ဖြစ်သည်။ ဤမျှ ရူးလောက်ဖွယ်ရာပမာဏကို သုံးစွဲခဲ့ပြီးသော်လည်း နတ်ဘုရားသိုင်းဝိညာဉ်သည် အဆင့်မတက်သေးပါ။

     “ဒီနေ့ နတ်ဘုရားသိုင်းဝိညာဉ် ရှန်အဆင့်တက်ဖို့ ဆေးလုံးဘယ်လောက်လိုမလဲဆိုတာ ငါကြည့်ချင်တယ်"
     ချင်နန်သည် အံကို တင်းတင်းကြိတ်လိုက်သည်။
     ထို့နောက် အင်ပါယာဆေးလုံးများကို အလွန်လျှင်မြန်စွာဖြင့် သူ၏ ပါးစပ်ထဲသို့ ဆက်တိုက်သွတ်သွင်းနေပြန်သည်။
     အင်ပါယာဆေးလုံးတစ်သိန်းသုံးသောင်း...
     အင်ပါယာဆေးလုံးတစ်သိန်းခြောက်သောင်း...
     အင်ပါယာဆေးလုံးနှစ်သိန်း...

     နတ်ဘုရားသိုင်းဝိညာဉ်သည် မလှုပ်မယှက်ပင်ရှိနေသောကြောင့် ချင်နန်‌ဆေးလုံးများကို ဆက်လက်စားသုံးလိုက်သည်။
 
     အင်ပါယာဆေးလုံးနှစ်သိန်းငါးသောင်း...
     အင်ပါယာဆေးလုံးနှစ်သိန်းကိုးသောင်း...
     အင်ပါယာဆေးလုံးသုံးသိန်းခြောက်သောင်း...
     အင်ပါယာဆေးလုံးလေးသိန်း...

     ချင်နန် အင်ပါယာဆေးလုံးလေးသိန်းငါးသောင်း စားသုံးပြီးသည့်အချိန်တွင် နတ်ဘုရားသိုင်းဝိညာဉ်သည် ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် အဝါရောင် ရောင်ခြည်တစ်ဆယ်ခုသည် အလွန်တောက်ပလာသည်။
     ချင်နန်၏ နှလုံးခုန်နှုန်းမြန်သွားသည်။ နတ်ဘုရားသိုင်းဝိညာဉ်သည် ရှန်အဆင့်တက်တော့မည့်ပုံရသည်။ သို့သော်လည်း နတ်ဘုရားသိုင်းဝိညာဉ်သည် အချိန်တစ်ခဏမျှ တုန်ခါပြီးနောက် မည်သည့်ပြောင်းလဲမှုမှ မရှိဘဲ ပြန်လည်တည်ငြိမ်သွားသည်။

     “အခုထိ အဆင့်မတက်သေးဘူးလား"
     ချင်နန် အလွန်အံ့အားသင့်သွားပြီး သူ၏ နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။
     ၎င်းသည် အင်ပါယာဆေးလုံး လေးသိန်းငါးသောင်းဖြစ်သည်။ အင်ပါယာဆေးလုံးလေးသိန်းငါးသောင်းသည် ရှန်းရွှင်ဆေးလုံး လေးဆယ့်ငါးသန်းနှင့် ညီမျှသည်။
     ဒီလောက်အများကြီးစားသုံးခဲ့တာတောင် အခုထိ အဆင့်မတက်သေးဘူးလား...

     ယခင်ဟွှာအဆင့်ငါးသိုင်းဝိညာဉ်မှ ဟွှာအဆင့်ခြောက်သိုင်းဝိညာဉ်အဖြစ် ပြောင်းလဲလာစဉ်က ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး တစ်ဆယ်လုံးသာ လိုအပ်ခဲ့သည်။ သို့သော်လည်း ယခုအကြိမ်တွင် အင်ပါယာဆေးလုံး လေးသိန်းငါးသောင်း သုံးစွဲခဲ့တာတောင် နောက်တစ်ဆင့်မတက်သေးချေ။

     “ဒါနောက်ဆုံး အင်ပါယာဆေးလုံး ငါးသောင်းပဲ...ဒီတစ်ကြိမ်တော့ အောင်မြင်မှာပါ"
      ချင်နန်သည် သူ့ကိုယ်သူ အားပေးလိုက်ပြီးနောက် တစ်ခဏမျှ နားလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး ဆေးလုံးများကို ဆုပ်ယူကာ သူ၏ ပါးစပ်ထဲသို့ သွတ်သွင်းလိုက်သည်။
    
     အင်ပါယာဆေးလုံးလေးသိန်းခြောက်သောင်း...
     အင်ပါယာဆေးလုံးလေးသိန်းခုနှစ်သောင်း...
     အင်ပါယာဆေးလုံးလေးသိန်းကိုးသောင်း...
     အင်ပါယာဆေးလုံး‌လေးသိန်းကိုးသောင်းကိုးထောင့်ကိုးရာ...

     ချင်နန်၏ နဖူးထက်တွင် ချွေးအလွှာတစ်ခု ဖြစ်ပေါ်နေပြီး ကျန်ရှိနေသော အင်ပါယာဆေးလုံးတစ်ရာကို တုန်တုန်ရီရီဖြင့် ဆုပ်ကိုင်ထားသည်။ ထို့နောက် အံကြိတ်လိုက်ပြီး ကျန်ရှိနေသော ဆေးလုံးတစ်ရာကို တစ်ပြိုက်တည်း စားသုံးလိုက်သည်။

     ထိုအချိန်တွင် နတ်ဘုရားသိုင်းဝိညာဉ်သည် အဝါရောင် ရောင်ခြည်များ တောက်ပလာပြီး ဖိနှိပ်နိုင်စွမ်းကြီးမားသော အော်ရာမှာလည်း မြင့်တက်လာသည်။

     “နောက်ဆုံးတော့ အဆင့်တက်ပြီပဲ"
     ချင်နန်သည် ယခုမှပင် စိတ်သက်သာရာ ရသွားပြီး သူ၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
     သို့သော် နတ်ဘုရားသိုင်းဝိညာဉ်၏ ရှားပါးသော တုံ့ပြန်မှုသည် အချိန်ခဏကြာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်။

     “ဘယ်လို...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
     ချင်နန်၏ အကြောအခြင်များ တောင့်တင်းသွားသည်။
     ရှန်းရွှင်ဆေးလုံးသန်းငါးဆယ်နဲ့ ညီမျှတဲ့ အင်ပါယာဆေးလုံးငါးသိန်းက နတ်ဘုရားသိုင်းဝိညာဉ်ကို အဆင့်တက်ဖို့ မလုံလောက်ဘူးလား...
     နတ်ဘုရားသိုင်းဝိညာဉ်က ရှန်အဆင့်ကို မတက်နိုင်ဘူးလား...

     “ဘယ်လိုဖြစ်နိုင်မှာလဲ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
     ချင်နန်သည် ကယောင်ကတမ်းဖြင့် ဗလုံးဗထွေးရေရွတ်လိုက်သည်။ ထို့နောက် သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး
     “မဖြစ်နိုင်ဘူး...နတ်ဘရားသိုင်းဝိညာဉ်က မယုံနိုင်လောက်အောင်ထူးခြားတယ်...ရှန်အဆင့်ကို မတက်နိုင်ဘူးဆိုတာ လုံး၀မဖြစ်နိုင်ဘူး...တစ်ခုတည်းသော အဖြေက အင်ပါယာဆေးလုံးငါးသိန်းက နတ်ဘုရားသိုင်းဝိညာဉ် ရှန်အဆင့်တက်ဖို့ မလုံလောက်သေးလို့ပဲ"

     ချင်နန်၏ နှလုံးသားထဲတွင် နတ်ဘုရားသိုင်းဝိညာဉ်သည် ရှန်အဆင့်တက်နိုင်ကြောင်းကို လုံး၀ဥဿုံ ယုံကြည်ပေသည်။ သို့တည်းသာမက နတ်ဘုရားသိုင်းဝိညာဉ်သည် ဒဏ္ဍာရီတျန်အဆင့်            သို့မဟုတ် ထိုထက်မြင့်သည့် အဆင့်သို့ တက်လှမ်းနိုင်ပေသည်။
     တစ်ခုတည်းသော ပြဿနာက အင်ပါယာဆေးလုံးငါးသိန်းလေးထောင်တောင် မလုံလောက်သေးတာပဲ...
     နတ်ဘုရားသိုင်းဝိညာဉ် ရှန်အဆင့်တက်ဖို့ ဆေးလုံးဘယ်နှစ်လုံးလိုအပ်တာလဲ...
    
     “နတ်ဘုရားသိုင်းဝိညာဉ်က မယုံနိုင်လောက်နိုင်အောင် အစွမ်းထက်ပေမယ့် အဆင့်တက်ဖို့ လိုအပ်တဲ့ ဆေးလုံးပမာဏက ရူးချင်စရာပဲ"
     ချင်နန် မချိပြုံး ပြုံးလိုက်သည်။
     သူသည် စိတ်ဝိညာဉ်ဂိုဏ်းအတွင်းရှိ လူတိုင်းထံမှ ချေးခြင်းဖြင့် အင်ပါယာဆေးလုံးငါးသိန်း ရရှိခဲ့သည်။ နောက်ထပ်အင်ပါယာဆေးလုံးငါးသိန်းကို မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။

     “ငါနတ်ဘုရားသိုင်းဝိညာဉ်ကို ရှန်အဆင့် မြှင့်ရမယ်...ငါဆေးလုံးအချို့ရဖို့ နည်းလမ်းတစ်ခုခုရှာရမယ်"
     ချင်နန် မျက်မှောင်ကြုတ်ကာ ဆေးလုံးများရရှိနိုင်မည့်နည်းလမ်းကို စဉ်းစားနေသည်။
    သို့သော်လည်း သူအတော်ကြာ စဉ်းစားသည့်တိုင် စီးပွားရေးလုပ်ငန်း လုပ်ရန် အရည်အချင်း မရှိသောကြောင့် မည်သည့်အစီအစဉ်မှ ထွက်မလာပေ။
    အရိုးရှင်းဆုံးနည်းလမ်းမှာ အခြားသူများထံမှ ဆေးလုံးများ ချေးယူရန်သာဖြစ်သည်။ ဥပမာအနေဖြင့် လူအိုကြီးရှန် သို့မဟုတ် ဂွန်ယောင်တို့ထံမှ ဖြစ်သည်။ သို့သော်လည်း ချင်နန် ထိုသို့လုပ်ရန် ဆန္ဒမရှိပါ။

     “ဟူး...အခြားနည်းလမ်းမရှိမှတော့ ငါလူအိုကြီးရှန်ဆီကပဲ ချေးတော့မယ်...အခွင့်အရေးရှိတဲ့အချိန်ကြရင် ငါသူ့ကိုပြန်ဆပ်မယ်"
     ချင်နန်သည် သူ၏ ခေါင်းကို ခါယမ်းလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။ သို့သော်လည်း သူ၏ခေါင်းထဲ ရုတ်တရက် အတွေးတစ်ခု ၀င်ရောက်လာပြီး တစ်ယောက်တည်း ပြောဆိုလိုက်သည်။
     “အရင်တုန်းက အိုးရန်ကျင်းက ငါ့ကို စော်ကားမော်ကားပြောခဲ့တယ်...ငါသူ့ကို ပြန်ပေးဆပ်ခိုင်းရမယ်"

     ချင်နန် ပြုံးဖြဲဖြဲ လုပ်လိုက်သည်။ သူသည် ကြက်ခေါင်းဆိတ်မခံသည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် အိုးရန်ကျင်းကို စိတ်အနှောင်အယှက်ဖြစ်စေမည့် အစီအစဉ်ကို သူပြုလုပ်ခဲ့သည်။

     ........

     ........

     အတွင်းနယ်နိမိတ်တောင်၏ အမှတ်တစ်နေအိမ်ထဲတွင် အိုးရန်ကျင်းသည် ထိပ်ပိုင်းတွင် ထိုင်နေပြီး လိန်ဖန်းက သူ၏ရှေ့တွင် ထိုင်နေသည်။

     “မကြာသေးခင်ကပဲ ဂုဏ်ထူးဆောင်အကြီးအကဲက ချင်နန့်ကိုယ်စား ဂိုဏ်းတစ်ခုလုံးဆီက ဆေးလုံးတွေ ချေးခဲ့တယ်...သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
     လိန်ဖန်း မျက်မှောင်ကြုတ်နေသည်။
     “ဆေးလုံးပမာဏ အများကြီး လိုအပ်တဲ့ ကြောက်မက်ဖွယ်ရာ ပညာရပ်တစ်ခုကို သူ လေ့ကျင့်နေတာလား"
     လိန်ဖန်းသည် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဟု လူအများက သိရှိထားသော်လည်း သူသည် အလွန်သတိကြီးသူတစ်ယောက်ဖြစ်သည်။
     ချင်နန်ကို သူ၏ ရှေ့မှာပင် အဆိပ်ငါးစာဖြင့် မျှား‌ခဲ့သော်လည်း ချင်နန်သည် သိသိလျှက်နဲ့ ဟပ်ကာ တိုက်ပွဲကို လက်ခံခဲ့သည်။ ၎င်းသည် လိန်ဖန်းကို အလွန်သံသယ ဖြစ်စေသည်။
     ချင်နန်သည် ငတုံးတစ်ယောက် မဖြစ်နိုင်ပေ။ သူ၏ စိန်ခေါ်မှုကို လက်ခံရဲသည်မှာ ချင်နန်တွင် ဝှက်ဖဲတစ်ခုခုရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

     အိုးရန်ကျင်းသည် လိန်ဖန်းကို ကြည့်လိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
     “မင်းက ဘာကို စိုးရိမ်နေတာလဲ...စိုးရိမ်မနေနဲ့...ငါသိုင်းကျမ်းစာကြည့်တိုက်ခေါင်းဆောင်ကို ပြောပြီးပြီ...ဒီနှစ်လအတွင်းမှာ မင်းငါနဲ့အတူ ကောင်းကင်အခန်းမှာ ကျင့်ကြံနိုင်တယ်...ဒါ့အပြင် အဖိုးတန်ဆေးပင် တစ်ချို့နဲ့ဆိုရင် မင်းက သိုင်းဧကရာဇ်တစ်၀က်အဆင့်ကို မရောက်နိုင်ရင်တောင် ရှင်တန်အဆင့်ကိုးကို ရောက်လိမ့်မယ်"

     “ကောင်းကင်အခန်း"
     လိန်ဖန်းသည် ထိုစကားကြားပြီးနောက် ပျော်ရွှင်သွားကာ သူ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများသည်လည်း ပျောက်ကွယ်သွားသည်။ ထို့နောက် လက်သီးကိုစုကာ
     “ကျေးဇူးတင်ပါတယ်...လူငယ်မာစတာအိုး..."

     သူ၏ စကားမဆုံးမီမှာပင် နေအိမ်ထဲသို့ ‌လေတိုးသံတစ်သံနှင့်အတူ အလွန်လျင်မြန်စွာဖြင့် စာလိပ်တစ်ခု ပျံ့လွင့်လာသည်။

     “ဘယ်လို ရဲရင့်တာလဲ"
     အိုးရန်ကျင်း ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏ ထိုင်ခုံမှ ထကာ စာလိပ်ကို ဖမ်းယူလိုက်သည်။ သူ၏ မျက်လုံးထဲတွင်သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
     သူ၏ နောက်ခံနှင့် ပါရမီကြောင့် အမြဲတမ်း လေးလေးစားစား သာ ဆက်ဆံခံခဲ့ရသည်။ အတွင်းနယ်နိမိတ်တပည့်များ ကြားထဲတွင်အဆင့်တစ်လည်း ဖြစ်သည့်အပြင် ဂိုဏ်းချုပ်၏ သားလည်းဖြစ်သောကြောင့် သူ့ကို မည်သူမျှ ဒီလို မလေးမစား မဆက်ဆံရဲကြပါ။
     စာများပို့သည့်အခါ အကြီးအကဲများပင် သူ့ကို လေးစားသည့် အပြုအမူဖြင့် ပေးရသည်။

     လိန်ဖန်းသည်လည်း အံ့ဩတုန်လှုပ်နေသည်။ ဒီလိုရဲ့ရင့်‌သောသူတစ်ယောက်ကို မြင်ဖူးခြင်းမှာ သူ၏ ပထမဦးဆုံးအကြိမ်သာဖြစ်သည်။

     “လိန်ဖန်း...ဒီကောင့်ကို သတ်ဖို့ ပြင်ထားလိုက်"
     အိုးရန်ကျင်းသည် သူ၏ ဒေါသများကို ချုပ်တည်းလိုက်ပြီး စာကို ဖွင့်ဖတ်လိုက်သည်။
     သူ့ကို ဒီလို မရို‌မသေဆက်ဆံရဲသူသည် မည်သူဖြစ်ကြောင်းကို သူသိလိုပေသည်။ သို့သော်လည်း စာကို ဖတ်ပြီးသည့်အချိန်၌ အိုးရန်ကျင်း ကြက်သေ သေသွားသည်။

     ရေးသားထားသည့်စာများမှာ -

     အိုးရန်ကျင်း...လိန်ဖန်း...ရိုးရိုးသားသားပြောရရင် ငါ့မှာ ဆေးလုံးတွေ ရှားပါးနေတယ်...မင်းတို့ဂျီးနီးယပ်နှစ်ယောက်က ငါ့ကို ဆေးလုံးအချို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်....မင်းတို့နှစ်ယောက်လုံးက ဂျီးနီးယပ်တွေဆိုတာ ငါသိတယ်...အိုးရန်ကျင်းက ဂိုဏ်းချုပ်ရဲ့သားဖြစ်တယ်....အဲ့ဒါကြောင့် မင်းတို့ကောင်တွေက ချမ်းသာတယ်...မင်းတို့နှစ်ယောက်အတွက် ငါ့ကို အင်ပါယာဆေးလုံးတစ်သိန်းချေးတာက ပြဿနာမဟုတ်ပါဘူး...မင်းတို့ ငါ့ကို အင်ပါယာဆေးလုံး တစ်သိန်းလောက်တောင် မချေးနိုင်ရင် ငါအရမ်းစိတ်ပျက်မိမှာပါ...စူပါဂျီးနီးယပ် လိန်ဖန်းနဲ့ ဂိုဏ်းချုပ်ရဲ့သား စူပါဂျီးနီးယပ် အိုးရန်ကျင်းတို့က အလွန်ဆင်းရဲမယ်လို့ ငါမထင်ထားပါဘူး...မဟုတ်ရင် မင်းတို့က သနားစရာကောင်းသွားလိမ့်မယ်
     ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့...နောင်တစ်ချိန် ငါ့မှာ ဆေးလုံးတွေရှိရင် မင်းတို့တွေကို ပြန်ဆပ်မှာပါ

     ဆေးလုံးချေးသူ - ချင်နန်

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၁၇၉) ရှန်အဆင့်သိုင်းဝိညာဉ်

     “ဟာသပဲ...ဒါက ဟာသပဲ"

     စာကို ဖတ်ပြီးနောက် ဒေါသကြောင့် အိုးရန်ကျင်း၏ နဖူးတွင်သွေးကြောများ ထောင်ထလာသည်။
     ဒီချင်နန်က ဘာဖြစ်ချင်နေတာလဲ
    သူက အင်ပါယာဆေးလုံးတစ်သိန်းကို ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးတစ်သိန်းလို့ ထင်နေတာလား

     ဂိုဏ်းချုပ်၏ သားဖြစ်သူ အိုးရန်ကျင်းပင် အင်ပါယာဆေးလုံးများကို အကန့်အသတ်ဖြင့်သာ ရရှိသည်။
     အင်ပါယာဆေးလုံးတစ်သိန်း‌ ပေးရခြင်းသည် သူ့အတွက် အလွန်နာကျင်ဖွယ်ရာဖြစ်သည်။

     လိန်ဖန်းသည် စာတွင်ပါသည့် အရာများကို ဖတ်ပြီးနောက် သူ၏မျက်လုံးများ အေးစက်သွားကာ
     “စီနီယာအစ်ကိုအိုးရန်...ဒေါသမထွက်ပါနဲ့...ဒီကောင်က မင်းဒေါသထွက်အောင် ရည်ရွယ်ချက်ရှိရှိ ရေးခဲ့တာပဲ"

     “ဟန့်"
     အိုးရန်ကျင်း၏ မျက်နှာသည် အေးစက်သွားပြီး သူ၏ လက်ထဲမှ စာလွှာကို အမှုန့်ဖြစ်သွားအောင် ချေမွှလိုက်သည်။ ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
     “ဟား...ဟား...ဟား...ဟုတ်တာပေါ့ ဒီကောင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"

     “မင်းသူ့ကို အင်ပါယာဆေးလုံးတွေ ပေးမလို့လား...အင်ပါယာဆေးလုံးတစ်သိန်းလေ"
     အိုးရန်ကျင်း၏ စကားကို ကြားပြီးနောက် လိန်ဖန်း အလန့်တကြားပြန်မေးလိုက်သည်။

     အိုးရန်ကျင်းသည် မချဉ်ပြုံး ပြုံးလိုက်သည်။
     “ငါ သူ့ကို အင်ပါယာဆေးလုံးတွေ ပေးမယ်လို့ မင်းထင်နေတာလား...ဒီကောင် အိပ်မက်ထဲမှာပဲ ရလိမ့်မယ်"

     ........

     ........

     ချင်နန် စာလွှာပေးကာ အိမ်သို့ပြန်လာပြီးနောက် သိပ်မကြာမီတွင် လေးတိုးသံတစ်သံနှင့်အတူ သူ့အိမ်ထဲသို့ ကျောက်စိမ်းပုလင်း တစ်လုံး ပျံ့လွင့်လာသည်။
     “အမ်...ဆေးလုံးတွေလား...ဒီအိုးရန်ကျင်းက ငါ့ကို ဆေးလုံးတွေ ပေးလိုက်တာလား"
     ချင်နန်သည် ပုလင်းကို မဖမ်းမီတွင် တစ်ချက်စစ်ဆေးလိုက်သည်။
     အကြည့်တစ်ချက်နှင့်ပင် ချင်နန် ကျောက်စိမ်းပုလင်းအတွင်းမှ ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။

     “ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး တစ်လုံးပေးပြီး ငါ့ကိုအရှက်ခွဲချင်တာလား...ဟီး..ဟီး...ဒါပေမယ့် ဒါက  ဘယ်လိုမှ ငါ့ကို စိတ်အနှောက်အယှက်မဖြစ်စေဘူး...ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးကလည်း တန်ကြေးရှိတာပဲ"
     ချင်နန်သည် ရယ်မောလိုက်ပြီးနောက် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးကို သူ၏ ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။ သူသည် နတ်ဘုရားသိုင်းဝိညာဉ်ကို စတင်ပိုင်ဆိုင်ကတည်းက မည်သည့်ဆေးလုံးကိုမှ အလဟသအဖြစ်မခံခဲ့ပါ။
     နတ်ဘုရားသိုင်းဝိညာဉ်သည် ဆေးလုံးထဲမှ ချီစွမ်းအင်ကို စုပ်ယူလိုက်သည်။
    ထို့နောက် ချင်နန်သည် နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်ရန်အတွက် လူအိုကြီးရှန်ထံမှ ဆေးလုံးများ ချေးယူရန် ဆုံးဖြတ်လိုက်သည်။
     သို့သော်လည်း ထိုအချိန်တွင် ချင်နန် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်လာသည်။
     နတ်ဘုရားသိုင်းဝိညာဉ်သည် ရုတ်တရက်စူးရှသော ရောင်ခြည်တန်းဆယ်ခုနှင့်အတူ အလိုအလျောက် ထွက်ပေါ်လာသည်။

     “ဒါ..."
     ချင်နန် ကြက်သေ သေသွားသည်။

    ရောင်ခြည်တန်းတစ်ဆယ်ခုသည် အလွန်စူးရှလာသကဲ့သို့ နတ်ဘုရားသိုင်းဝိညာဉ်၏ ဖိအားအော်ရာမှာလည်း လှိုင်းလုံးကြီးများအလား တရွေ့ရွေ့တိုးမြှင့်လာသည်။

     ဘန်း
     အမှတ်သုံးနေအိမ်တစ်ခုလုံး ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ဖုံးလွှမ်းသွားသည်။
     နတ်ဘုရားသိုင်းဝိညာဉ်၏ လူသားပုံရိပ်ကြီးမှ ထုတ်လွှင့်နေသော ရှေးကျသည့် ခပ်မှိန်မှိန် အပြာရောင်အလင်းတစ်ခုကို မြင်နေရသည်။ ထို့နောက် စူးရှသည့် အဝါရောင်ရောင်ခြည် တစ်ဆယ်ခုမှာ ချက်ချင်းပင် ပြိုကွဲသွားပြီး မှိန်‌ဖျော့ဖျော့ အပြာရောင် ရောင်ခြည်တန်းတစ်ခု ဖြစ်လာသည်။

     “ဒါ...ဒါက...ရှန်အဆင့်သိုင်းဝိညာဉ်လား"
     ချင်နန် အလွန်အံ့အားသင့်နေသည်။ နတ်ဘုရားသိုင်းဝိညာဉ်သည် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး တစ်လုံးစားသုံးပြီးနောက် အဆင့်တက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
     ချင်နန် နားမလည်ခဲ့သည့်အရာမှာ သူအင်ပါယာဆေးလုံးငါးသိန်းစားသုံးခဲ့သည့်အချိန်တွင် ထူးဆန်းသည့်တုံ့ပြန်မှု နှစ်ခါပြသခဲ့သည်။ ပထမတစ်ခါမှာ လိုအပ်သည့်ဆေးလုံးပမာဏ ငါးဆယ်ရာခိုင်နှုန်းရောက်သည့်အခါတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
     ဒုတိယတစ်ခါမှာ နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်ဖို့ ဆံခြည်တစ်ထောက်စာသာ လိုတော့သည့် အချိန်တွင် ပြသခဲ့ခြင်းဖြစ်သည်။
     ထို့ကြောင့် ချင်နန် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးတစ်လုံး စားသုံးပြီးသည့်နောက်တွင် နတ်ဘုရားသိုင်းဝိညာဉ် အဆင့်တက်ခဲ့ခြင်းဖြစ်သည်။

     ဘန်း...ဘန်း...ဘန်း...

     နေသာ‌သောနေ့တစ်နေ့တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ပေါက်ကွဲသံ တစ်ဆယ်သံကျော်ကို ကြားလိုက်ရသည်။
     နတ်ဘုရားသိုင်းဝိညာဉ်မှ ထုတ်လွှင့်နေသော အပြာရောင်အလင်းသည် အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ပြည့်နှက်နေသကဲ့သို့ ချက်ချင်းပင် ပြန့်ကားသွားသည်။ နတ်ဘုရားသိုင်းဝိညာဉ်သည် အမြင့်ကိုးပေမှ အမြင့်တစ်ဆယ့်ရှစ်ပေအထိ ကြီးထွားလာသည်။
     အဝေးမှ ကြည့်ပါက နတ်ဘုရားသိုင်းဝိညာဉ်သည် တောင်ပုတစ်လုံးနှင့် တူညီပေသည်။

     “ဒါ..."
     ချင်နန်သည် နတ်ဘုရားသိုင်းဝိညာဉ်၏ ကြီးထွားလာမှုကို လျစ်လျူရှု့လိုက်သည်။ သူ၏ အကြည့်သည် ၎င်း၏ ဦးခေါင်းတွင်သာရှိနေသည်။
     ထိုအချိန်တွင် နတ်ဘုရားသိုင်းဝိညာဉ်သည် မှုန်ဝါးသည့် အပြာရောင်လူသန်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် နတ်ဘုရားသိုင်းဝိညာဉ်၏ ဦးခေါင်းထိပ်မှ ပင်မအပြာရောင်အလင်းသည် နတ်ဘုရားသိုင်းဝိညာဉ်ကို ထပ်မံဖုံးလွှမ်းသွားသည်။

     ဘန်း...

     ဤအကြိမ်တွင် ချင်နန်၏ စိတ်ထဲ၌ ပေါက်ကွဲသွားခြင်းဖြစ်ပြီး တစ်ဆက်တည်းမှာပင် စိတ်ထဲ၌ ရှေးဟောင်းမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
     ရှေးဟောင်းမြင်ကွင်းထဲတွင် ကောင်းကင်ကြီးသည် မရေမတွက်နိုင်သော အနက်ရောင်တွင်းပေါက်များအဖြစ် ပြိုကွဲသွားခြင်းကိုသာ မြင်နေရပြီး နယ်မြေကြီးသည်လည်း အဆုံးအစမရှိ ကျယ်ပြန့်သည်။ ကောင်းကင်မှ ပစ်လွှတ်နေသည့် အစွမ်းထက်သောအော်ရာများကို ခံစားနေရပြီး ကမ္ဘာကြီးကို တုန်လှုပ်စေသည့် စစ်ပွဲတစ်ခု ဖြစ်ပွားနေသည်။
     နောက်ဆုံးတွင် ကပ်ဘေးကြီး၏အလယ်တွင် ရုတ်တရက် အလင်းတန်းတစ်ခု ရောက်ရှိလာသည်။
     အလင်းတန်း၏ သွင်ပြင်ကို ဖော်ပြဖို့ရာမဖြစ်နိုင်ပါ။ အရာအားလုံးကို ထိုးဖောက်မည့် အဆုံးအစမဲ့ အမှောင်ထုထဲမှ အလင်းတန်းတစ်ခုဟု ခံစားရပေသည်။ ကြောက်မက်ဖွယ်ရာစွမ်းအားများနှင့် အစွမ်းထက်သည့် ရှေးဟောင်းအော်ရာများမှာ ထိုအလင်းတန်း၏ လွှမ်းမိုးမှုအောက်တွင် ပျောက်ကွယ်သွားသည်။
    ထိုအလင်းတန်းမှာ လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာမှာ ဝေဝါးနေသည်။
 
     “သူက..."
     ချင်နန်သည် ပြူးကျယ်သောမျက်လုံးများဖြင့် ငေးကြည့်နေမိသည်။ ထို့နောက် အဘယ်ကြောင့်မှန်းမသိ မျက်ရည်များစီးကျလာသည်။ သူ၏ စိတ်ထဲမှ လူပုံရိပ်သည် ပျောက်ကွယ်သွားပြီး သတိပြန်၀င်လာခဲ့သည်။

     ဘုန်း...

     ချင်နန်၏ စွမ်းအားများအားလုံး ကုန်ဆုံးသွားပြီး ချာချာလည်ကာ သတိလစ်သွားသည်။

    သုံးနာရီခန့်အကြာတွင် သူ သတိပြန်ရလာခဲ့သည်။

    “ဘယ်လိုစစ်ပွဲမျိုးကို ငါမြင်ခဲ့ရတာလဲ...ဘာကြောင့် ငါ မျက်ရည်ကျတာလဲ"
     ချင်နန် တဒင်္ဂမျှ အသက်ပြင်းပြင်းရှူရင်း သူ၏စိတ်ထဲတွင် ယခင်က သူမြင်တွေ့ခဲ့ရသည့် အလွန်ကြီးမားသည့် ခန္ဓာကိုယ်ကြီး ကြောက်မက်ဖွယ်ရာစစ်ပွဲနှင့် အဆုံးသတ်တွင် ထွက်ပေါ်လာသည့်လူ စသည်တို့နှင့် ရှုပ်ယှက်ခတ်နေသည်။
     ယခုအခြေအနေနှင့် ထိုအဖြစ်အပျက်များကို နားလည်ရန်မှာ မဖြစ်နိုင်ပါ။

     “ဒီကိစ္စတွေက နတ်ဘုရားသိုင်းဝိညာဉ်နဲ့ တစ်နည်းနည်းဆက်စပ်နေတယ်...ငါ့ရဲ့ ကျင့်ကြံမှု လုံလောက်အောင် သန်မာလာမှသာ ဒီလျှို့ဝှက်ချက်တွေကို ငါနားလည်နိုင်မယ်"
     ချင်နန်သည် သူ၏ အတွေးများကို ဖြေရှင်းလိုက်ကာ တစ်ကိုယ်တည်း ပြောလိုက်သည်။
     “အခုအရေးကြီးဆုံးကတော့ ရှန်အဆင့်နတ်ဘုရားသိုင်းဝိညာဉ်ကို ကြည့်ဖို့ပဲ"

     ထို့နောက် ချင်နန်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

     ရှန်အဆင့်သိုင်းဝိညာဉ်က ဘယ်လောက်အရေးပါလဲ...

     လုံဟွာတစ်နိုင်ငံလုံးပင် လူငယ်မျိုးဆက်များကြားမှ ရှန်အဆင့်သိုင်းဝိညာဉ် ပိုင်ဆိုင်သူမှာ လူငယ်လေးယောက်သာ ရှိပေသည်။
     ထိုလူငယ်လေးယောက်မှာလည်း စိတ်ဝိညာဉ်ဂိုဏ်းမှ အဓိကတပည့်၊ မီးတောက်ဂိုဏ်းမှ အဓိကတပည့်၊ ပျံဓားဂိုဏ်းမှ အဓိကတပည့်နှင့် ချင်းနူဂိုဏ်းမှ အဓိကတပည့်တို့ဖြစ်ကြသည်။ ရှန်အဆင့်တစ်သိုင်းဝိညာဉ်ပိုင်ဆိုင်သော ထိုလေးယောက်သာ လုံဟွှာတစ်နိုင်ငံလုံး၏ စူပါဂျီးနီးယပ်များ ဖြစ်ကြသည်။

     ယခု ချင်နန်သည်လည်း ရှန်အဆင့်တစ်သိုင်းဝိညာဉ်ပိုင်ဆိုင်ပြီဖြစ်သောကြောင့် လုံဟွာတစ်နိုင်ငံလုံး၏ စူပါဂျီးနီးယပ် ငါးယောက်အနက် တစ်ယောက်ဖြစ်သွားပြီ ဖြစ်သည်။

     အဓိကအချက်အနေဖြင့် ဝေဟောင်း၏ ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်နှင့် သူ၏ နောက်ခံကြောင့် သိုင်းသခင်အဆင့်သို့ ရောက်ရန် အခွင့်အရေးတစ်ခုရှိခဲ့သည်။ သို့သော်လည်း ရှန်အဆင့်သိုင်းဝိညာဉ်ဖြင့်ဆိုပါက သေချာပေါက် သိုင်းသခင်အဆင့်ကို ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။
    ၎င်းကို ကြည့်ပါက ရှန်အဆင့်သိုင်းဝိညာဉ်သည် မည်မျှအစွမ်းထက်ကြောင်းကို သိနိုင်ပေသည်။

    ချင်နန် အသက်ပြင်းပြင်းရှူကာ နတ်ဘုရားသိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။
   သူ၏ နောက်တွင် အလွန်စူးရှသည့် အပြာရောင် ရောင်ခြည်တန်းတစ်ခုနှင့်အတူ တစ်ဆယ့်ရှစ်ပေမြင့်သည့် နတ်ဘုရားသိုင်းဝိညာဉ်သည် လေထဲ၌ မြဲမြံစွာရှိနေသည်။ ၎င်း၏ အဖြုရောင်မျက်လုံးအစုံသည် ရှေ့သို့ ကြည့်နေပြီး မမြင်ရသော ဖိနှိပ်ခြင်းအော်ရာတစ်ခုကို ထုတ်လွှင့်နေသည်။
    ယခင် ဟွှာအဆင့်နှင့် နှိုင်းယှဉ်ရမည်ဆိုပါက မိုးနှင့် မြေပမာ ကွာခြားသွားပြီ ဖြစ်သည်။
     ၎င်းသည် ရှန်အဆင့်တစ်သိုင်းဝိညာဉ်ဖြစ်သည်။

     “ဟူး...ငါကျင့်ကြံသင့်ပြီ..."
     ချင်နန်သည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ နတ်ဘုရားသိုင်းဝိညာဉ်နှင့် စတင်ကျင့်ကြံလိုက်သည်။

     ထိုအချိန်တွင် အမှတ်သုံးနေအိမ်ထဲ၌ အံ့သြတုန်လှုပ်စရာမြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၁၈၀) သုံးရက်အတွင်း အဆင့်တက်ခြင်း

     အမှတ်သုံးနေအိမ်ရှိ ချီစွမ်းအင်များအားလုံးသည် ကြောက်မက်ဖွယ်ရာ စုပ်ယူမှုအားကြောင့် ချင်နန်ထံသို့ အလွန်လျင်မြန်စွာ တိုး၀င်လာသည်။ တကယ်ကို ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းတစ်ခုပင်...

     တစ်ခဏမျှ အချိန်အတောအတွင်းမှာပင် ချင်နန်သည် များပြားသော ချီစွမ်းအင်ပမာဏကို စုပ်ယူခဲ့ပြီး ယခင် ဟွှာအဆင့်တစ်ဆယ်ကထက် သုံးဆခန့် ပိုမြန်ပေသည်။

     “လေနှင့် မိုးကြိုးပေါင်းစပ်ခြင်း...တကယ်ကို အံ့အားသင့်စရာပဲ ...ရှန်အဆင့်သိုင်းဝိညာဉ်က အရမ်းကို အစွမ်းထက်လွန်းတာပဲ"
    ချင်နန် အလွန်အံ့ဩတုန်လှုပ်နေသည်။

    ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်သည် ချီစွမ်းအင်များကို နဂါးများ၊ ဖီးနစ်များပုံစံဖြင့် စုပ်ယူနိုင်ခဲ့သည်။ အခြားတစ်ဖက်တွင်မူ ရှန်အဆင့်သိုင်းဝိညာဉ်သည် ပို၍ပင် အစွမ်းထက်ကာ ကမ္ဘာကြီးကို မတည်ငြိမ်စေသည့် လေနှင့် မိုးကြိုးပေါင်းစပ်ခြင်းဖြင့် စုပ်ယူနိုင်ခဲ့သည်။
     ယခု နတ်ဘုရားသိုင်းဝိညာဉ်သည် ရှန်အဆင့်တစ်သာဖြစ်သည်။ အကယ်၍ ချင်နန်သာ ၎င်းကို ရှန်အဆင့်တစ်ဆယ်ထိ မြှင့်တင်နိုင်ခဲ့မည်ဆိုပါက ကျင့်ကြံနေချိန်၌ ပတ်၀န်းကျင်မှ ချီစွမ်းအင်များသည် 
တကယ့်လေပြင်း၊ မိုးကြိုး၊ မီးနှင့် လျှပ်စီးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

     “ရှန်အဆင့်သိုင်းဝိညာဉ်ရယ် အမှတ်သုံးနေအိမ်ရဲ့ ချီစွမ်းအင်ပေါကြွယ်၀မှုရယ်နဲ့ဆိုရင် မူလကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ငါကနောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ သိပ်ကြာမှာမဟုတ်ဘူး"
     ချင်နန်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်နေကာ အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
   
     ထိုအချိန်တွင် အမှတ်သုံးနေအိမ်တစ်ခုလုံးသည် လေတိုက်သံ၊ မိုးကြိုးပစ်သံတို့နှင့် ပြည့်နှက်နေသည်။ အကယ်၍ တားမြစ်အော်ရာများသာ မရှိပါက အတွင်းနယ်နိမိတ်တပည့်များ လန့်ဖျပ်တုန်လှုပ်သွားကြလိမ့်မည်ဖြစ်သည်။

     ........

     အချိန်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်ကုန်ဆုံးသွားခဲ့သည်။

     ထိုသုံးရက်အတွင်းတွင် ချင်နန်သည် ရုပ်ထုတစ်ခုကဲ့သို့ မလှုပ်မယှက်ဖြစ်နေပြီး နတ်ဘုရားသိုင်းဝိညာဉ်ဖြင့် ချီစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသည်။
     အကယ်၍ တစ်စုံတစ်ယောက်သာ သေချာကြည့်ရှု့မည်ဆိုပါက အမှတ်သုံးနေအိမ်၏ အထက်တွင် အလွန်းကြီးမားသည့် ချီစွမ်းအင် ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။
     လွန်ခဲ့သောသုံးရက်အတွင်း ချင်နန် ချီစွမ်းအင်ပမာဏများစွာ စုပ်ယူခဲ့ကြောင်းကို အလွယ်တကူ သိရှိနိုင်ပေသည်။

     နတ်ဘုရားသိုင်းဝိညာဉ်၏ စုပ်ယူမှုအား ရုတ်တရက်ရပ်တန့်သွားပြီး ချင်နန်၏ မျက်လုံးများပွင့်လာသည်။

     “ရှင်တန်အဆင့်သုံး"
     ချင်နန် ကျယ်လောင်စွာ တစ်ချက်အော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ မူလချီပမာဏ လျင်မြန်စွာ တိုးပွားလာသည်။
     ချင်နန်၏ အော်ရာသည် ယခု ရှင်တန်အဆင့်သုံးသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

     “သုံးရက်...ဒီသုံးရက်အတွင်းမှာပဲ ငါ့ရဲ့ ကျင့်ကြံမှုကို ရှင်တန်အဆင့်သုံးထိ မြှင့်တင်နိုင်ခဲ့တယ်...ဒီနှုန်းအတိုင်းဆိုရင် ကျန်တဲ့ ရက်ပေါင်း ငါးဆယ်ကျော်အတွင်းမှာ ငါ့ရဲ့ ကျင့်ကြံမှုက ရှင်တန်အဆင့်ငါးအထိ ရောက်ရှိနိုင်တယ်...ရှင်တန်အဆင့်ခြောက်ကိုတောင် ရောက်ဖို့ အခွင့်အရေးရှိတယ်"
     ချင်နန်၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင်မရှိပေ။ သည့်အစား အလွန်အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေသည်။
     လွန်ခဲ့သော သုံးရက်တာကာလအတွင်း သူသည် ရှန်အဆင့်သိုင်းဝိညာဉ်နှင့် ဟွှာအဆင့်သိုင်းဝိညာဉ်အကြား ခြားနားချက်ကို ထပ်မံသဘောပေါက်နားလည်ခဲ့သည်။ ကန်းလန်တိုက်ကြီးတွင် သိုင်းဝိညာဉ်အဆင့်သည် အဘယ့်ကြောင့် အလွန်အရေးပါကြောင်းကိုလည်း သူကောင်းကောင်း နားလည်သွားခဲ့သည်။
     တျန်အဆင့် သိုင်းဝိညာဉ်နဲ့ဆိုရင် တစ်နေ့တာ ကျင့်ကြံမှုက ဘယ်လောက်ရူးချင်စရာ ကောင်းမလဲ...
     လုံး၀မယုံနိုင်စရာဖြစ်လိမ့်မည်။

     “ဒါပေမယ့် ငါ့ရဲ့ နတ်ဘုရားသိုင်းဝိညာဉ်ကို အဆင့်မြှင့်ဖို့ အင်ပါယာဆေးလုံးငါးသိန်းကျော် လိုအပ်ခဲ့တယ်...အဲ့ဒါရဲ့ အကျိုးကျေးဇူးက ကျင့်ကြံမှုနှုန်းပဲ မြန်တာလား"
     ချင်နန် မျက်မှောင်ကြုတ်သွားသည်။
     ယခင်က သူသည် အင်ပါယာဆေးလုံးတစ်သိန်းလောက်နှင့်ပင် ခမ်းနားကြီးကျယ်သည့် နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများကို နိုးထနိုင်ခဲ့သည်။ ရှန်အဆင့်ကို မြှင့်လိုက်ခြင်းဖြင့် ကျင့်ကြံမှုတစ်ခုတည်းသာ မြန်လာခြင်းမှာ ထူးဆန်းနေသည်။

     “ဒါ..."
     သူသည် ရုတ်တရက် မှုန်ဝါးနေသော နတ်ဘုရားသိုင်းဝိညာဉ်၏ ကြည်လင်နေသည့် ဦးခေါင်းထဲမှ ခရမ်းရောင် အလင်းဖျော့ဖျော့ကို သတိထားမိလိုက်သည်။
     ခရမ်းရောင်အလင်းသည် အလွန်ပင် မှိန်ဖျော့လွန်းကာ သေချာသာ မကြည့်ရှု့ပါက သတိပြုမိလိမ့်မည်မဟုတ်ပေ။

     “ဒီခရမ်းရောင်အလင်းက ဘာလဲ"

     ချင်နန်သည် နက်နက်ရှိုင်းရှိုင်း တွေးတောနေသော်လည်း ဘာအဖြေမှ မထွက်လာပေ။ သို့သော်လည်း ဤခရမ်းရောင်အလင်းသည် နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်မှုနှင့် ဆက်စပ်နေကာ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများ နိုးထခဲ့သကဲ့သို့ စွမ်းရည်သစ်တစ်ခု ဖြစ်နိုင်ပေသည်။
     ရှန်အဆင့်သိုင်းဝိညာဉ်သည် မရိုးရှင်းနိုင်ပေ။

     “ကောင်းပြီ...အချိန်တန်ရင် သိလိမ့်မယ်...ငါအခု ဒါကို ဆက်စဉ်းစားနေဖို့ မလိုဘူး"
     ချင်နန် စိတ်ထဲတွင် ပြောလိုက်သည်။
     “အခု ရှင်တန်အဆင့်ရဲ့ အတားအဆီးဖြစ်တဲ့ ရှင်တန်အဆင့်သုံးကို ငါရောက်ရှိနေပြီ...ငါ ပိုပြီး အားထုတ်ကျင့်ကြံရမယ်"

     ရှင်တန်အဆင့်၏ အတားအဆီးသည် ရှင်တန်အဆင့်သုံးဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် လုံလောက်သည့် ချီစွမ်းအင်များရှိသည့်အခါ လျှို့ဝှက်ချက်များကို ရှာဖွေကာ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို အပြင်ဘက်သို့ ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းရသည်။
     လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို အပြင်ဘက်သို့ ထုတ်လွှတ်နိုင်ပါက ထိုချီစွမ်းအင်များဖြင့် ဓားများ၊ လှံများ၊ ပုဆိန်များ အစရှိသဖြင့် ပြောင်းလဲနိုင်ပေသည်။
     တစ်နည်းအားဖြင့်ဆိုရပါက ချီစွမ်းအင် ထုတ်လွှတ်ခြင်းအား ကျွမ်းကျင်သူများကိုသာ ရှင်တန်အဆင့်ကျွမ်းကျင်သူများဟုမှတ်ယူနိုင်ပေသည်။

    ယခု ချင်နန်သည် သူ၏ ချီစွမ်းအင်များကို ထုတ်လွှတ်ရန် နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။

     “ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေကို ဘယ်လိုထုတ်လွှတ်နိုင်မလဲ...ငါအထင်ကတော့ နည်းလမ်းနှစ်ခုရှိတယ်...ပထမတစ်ခုကတော့ မရီးဒန်တွေကတစ်ဆင့် ထုတ်လွှတ်နိုင်တယ်...ဒုတိယတစ်ခုကတော့ ငါ့ရဲ့ သွေးလည်ပတ်မှုကတစ်ဆင့် ထုတ်လွှတ်နိုင်တယ်"

     “ဟမ်...မဟုတ်သေးဘူး...ဒီနည်းလမ်းတွေနဲ့လည်း ချီစွမ်းအင်ထုတ်လွှတ်ဖို့ မဖြစ်နိုင်သေးဘူး"

    “........"

     ချင်နန်သည် ဖြစ်နိုင်မည့်နည်းလမ်းပေါင်းများစွာကို စဉ်းစားကာအတွေးနွံထဲ နစ်မြုပ်နေသည်။
     နတ်ဘုရားသိုင်းဝိညာဉ် ရှန်အဆင့်တက်လာပြီးနောက် သူ၏ ကျင့်ကြံမှုသာ လျင်မြန်မှုလာသည်မဟုတ်ဘဲ သူ၏ နားလည်မှုစွမ်း သူ၏ တွက်ချက်နိုင်စွမ်းနှင့် အရာအားလုံးသည်လည်း တိုးတက်လာခဲ့သည်။
     ရှေးလူကြီးများ ပြောခဲ့သကဲ့သို့ “အဆင့်မြင့်သော သိုင်းဝိညာဉ်ရှိသူသည် အမှန်ပင် ပညာရှိတစ်ယောက်ဖြစ်သည်"
     ဆိုလိုသည်မှာ အဆင့်မြင့်သော သိုင်းဝိညာဉ်ရှိသူသည် သူ၏ နားလည်နိုင်စွမ်း၊ သူ၏ ပါရမီ၊ အခြားသော အရပ်ရပ်တို့၌ ထူးချွန်လိမ့်မည်ဖြစ်သည်။

     ........

     အချိန်စက်ဝိုင်းသည် ပုံမှန်အတိုင်းပင် လည်ပတ်နေပြီး တစ်ရက်
တာ ကုန်ဆုံးသွားသည်။
     ညရောက်လာသည့်တိုင်အောင် ချင်နန်သည် တွေးတောစဉ်းစားကာ အဖြေထုတ်နေဆဲပင် ဖြစ်သည်။

     “ချီစွမ်းအင်တွေကို အကျိတ်ကနေတဆင့် ထုတ်လွှတ်သင့်တယ်....အကျိတ်တွေက တဆင့်သာ ချီစွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်"

     “မဟုတ်ဘူး...မဟုတ်ဘူး...ဒါမှားနေတယ်...ငါ့ရဲ့ မရီးဒန်တွေ၊ သွေးလည်ပတ်မှု ဒါမှမဟုတ် အကျိတ်တွေက ချီစွမ်းအင်တွေရဲ့ ဖိအားဒဏ်ကို မခံနိုင်တာကြောင့် အဆုံးသတ်မှာ ပေါက်ကွဲသွားလိမ့်မယ်"

     “ဒီတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေကို ဘယ်လိုထုတ်လွှတ်ရမလဲ...ငါဘယ်လို ထုတ်လွှတ်ရမှာလဲကွာ"

     “........"

     ယခု ချင်နန်သည် တံခါးကြီးတစ်ခုရှေ့မှောက်တွင် ရောက်ရှိနေသည်။ သူ အစွမ်းကုန်ကြိုးစားသော်လည်း အမှန်တရားဟူသော သော့ကို ရှာမတွေ့သောကြောင့် တံခါးဖွင့်မရဖြစ်နေသည်။
     ၎င်းကို ကျင့်ကြံမှုအတားအဆီးနှင့် ကြုံတွေ့ရသည်ဟု လူသိများကြသည်။ သိုင်းပညာနှလုံးသားကသာ လုံလောက်အောင် မကြံ့ခိုင်ပါက ကျင့်ကြံမှုအတားအဆီးနှင့် ကြုံတွေ့ရသည့်အခါတွင် အလွယ်တကူ လက်လျှော့အရှုံးပေးလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း ချင်နန်တွင် ခိုင်ခံ့သော သိုင်းပညာနှလုံးသားရှိသဖြင့် ထိုကဲ့သို့ ပြဿနာမျိုးမရှိပါ။
     သူသည် နက်နဲသော စိတ်အခြေအနေကို ၀င်ရောက်ပြီး ဇွဲမလျှော့ဘဲ အမှန်တရားကို ဆက်လက်ရှာဖွေနေသည်။

     ထိုအချိန်တွင် အေးစက်သော အသံတစ်သံကို ကြားလိုက်ရသည်။
     “ချီစွမ်းအင်ကို ထုတ်လွှတ်ခြင်းက ပြင်းထန်တဲ့ အလုပ်တစ်ခုဘဲ...ဘယ်လိုလုပ် လူသားခန္တကိုယ်ကနေတစ်ဆင့် ထုတ်လွှတ်နိုင်မှာလဲ...ငါ့ရဲ့ ကျွန်က အရမ်းကို ဒုံးဝေးတာပဲ...ဒါလေးတောင် နားမလည်ဘူးလား"
     ထိုအသံပိုင်ရှင်မှာ အခြားသူမဟုတ် မင်းသမီးမြောင်မြောင်ပင်ဖြစ်သည်။
  
    ချင်နန်သည် သူမ ပြန်လာသည်ကို မသိရှိခဲ့ပါ။ ချင်နန်၏ အကျပ်ရိုက်နေသည့် ပုံစံနှင့် သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ရှင်တန်အဆင့်သုံး အော်ရာကို ခံစားရပြီးနောက် ချင်နန်၏ အခက်အခဲကို သဘောပေါက်သွားကာ သူမ အကြံဉာဏ်တစ်ချို့ ပေးလိုက်ခြင်းဖြစ်သည်။

     မင်းသမီးမြောင်မြောင်၏ စကားများကြားပြီးနောက် ချင်နန်၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါသွားသည်။
     “ချီစွမ်းအင်ထုတ်လွှတ်ခြင်းက ပြင်းထန်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ...ဒါကို ဘယ်လိုလုပ် ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နိုင်မှာလဲ"

     “ဒါမှန်တယ်...ဒါစောက်ရမ်းကို မှန်တယ်"

     “ငါ့ရဲ့ ခန္ဓာကိုယ်က ချီစွမ်းအင်တွေရဲ့ ဖိအားကို မခံနိုင်ဘူး...ဒါ့ကြောင့် ချီစွမ်းအင်တွေကို ငါ့ရဲ့ ခန္ဓာကိုယ်က မထုတ်လွှတ်နိုင်ဘူး"

     “ဒါဆို...တစ်ခြားနည်းလမ်း စဉ်းစားရမယ်...ချီစွမ်းအင်တွေက ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတာကြောင့် ငါ့စိတ်ကြိုက်ထိန်းချုပ်နိုင်တယ်...ဒါကြောင့် ငါ့ရဲ့ ဒန်တျန် ဒါမှမဟုတ် ငါ့ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုစည်းနိုင်တယ်"
     ချင်နန်၏ အတွေးများ ရှင်းလင်းသွားသည်။

     တစ်ချိန်တည်းမှာပင် ချင်နန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆူညံသံများ ထွက်ပေါ်လာပြီး သူ၏အရေပြားထက်တွင် ချီအလွှာတစ်ခု ဖြစ်ပေါ်လာသည်။

     ၎င်းသည် ချီစွမ်းအင်များ ထုတ်လွှတ်နေခြင်းဖြစ်သည်။ ချင်နန်၏ မျက်လုံးများ ဖြည်းညင်းစွာပွင့်လာသည်။
     “ဒါက ချီစွမ်းအင်ကို ဘယ်လိုထုတ်လွှတ်ရတယ်ဆိုတာပဲ...ရိုးရိုးရှင်းရှင်းပြောရရင်တော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန့်ကြဲနေတဲ့ ချီစွမ်းအင်တွေကို ငါ့ရဲ့ အသားပေါ်မှာ စုစည်းလိုက်တာပဲ"

     ချင်နန်၏ မျက်လုံးများအရောင်လက်သွားပြီး အတွေးတစ်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ်ပြင်ပမှ ချီစွမ်းအင်များသည် ဆေဘာဓားတစ်လက်အဖြစ်ပြောင်းလဲသွားကာ သူ၏ ရှေ့မှလေဟာနယ်ကို ပိုင်းလိုက်သည်။
     တိုက်ခိုက်မှု၏ စွမ်းအားသည် ရှင်တန်အဆင့်သုံးကျင့်ကြံသူ မည်သူကိုမဆို အနိုင်ယူနိုင်ပြီး သာမန် ရှင်တန်အဆင့်လေး ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည်။

     “ချီစွမ်းအင်တွေကို ထုတ်လွှတ်တာက တကယ်ကို အစွမ်းထက်တာပဲ"
     ချင်နန်၏ နှလုံးခုန်နှုန်း မြန်နေသော်လည်း မကြာမီတွင် ပြန်လည်တည်ငြိမ်သွားပြီး သူ၏ ခေါင်းကိုမော့လိုက်ကာ
     “မင်းသမီး...ငါ့ရဲ့ အရင်က မယဉ်ကျေးတဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်...မင်းငါ့ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

     ထိုစကားကြားသောအခါ မင်းသမီးမြောင်မြောင်၏ မကျေနပ်မှုများ ပျောက်ကွယ်သွားသော်လည်း လေသံမာမာဖြင့်သာ ပြောလိုက်သည်။
     “မင်းသမီးလို သဘောထားကြီးတဲ့ သူတစ်ယောက်မို့ အဲ့ဒီအပေါ်ဗွေမယူတာ မင်းကံကောင်းတယ်...ဒါနဲ့ မင်းကို ဒီလိုအကြံပေးတဲ့အတွက် ငါ့ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ...ငါအများကြီး မလိုအပ်ဘူး...အင်ပါယာဆေးလုံးတစ်သိန်းဆိုရပြီ"

     “........"

     ချင်နန်၏ မျက်နှာ မည်းမှောင်သွားသည်။ ယခု သူသည် သောက်ရမ်းဆင်းရဲနေပြီဖြစ်သည်။ ယခု ဆေးလုံးအများကြီးကို သူမည်ကဲ့သို့ ရှာဖွေနိုင်ပါမည်နည်း။
     ထို့ပြင် သူ၏ နတ်ဘုရားသိုင်းဝိညာဉ်သည် အိုးရန်ကျင်း၏ ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး းတစ်လုံး၏ အကူအညီဖြင့်သာ အဆင့်တက်လာခဲ့ခြင်းဖြစ်သည်။

     မင်းသမီးမြောင်မြောင်သည် ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ချင်နန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
     “မင်းရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့အော်ရာက အရင်ကထက်စာရင် ဆယ်ဆလောက် ပိုသန်မာလာတဲ့အပြင် ပိုပြီးတော့လည်း ထူးခြားဆန်းကြယ်လာတယ်...မင်းဘာတွေလုပ်နေတာလဲ"

     မင်းသမီး‌မြောင်မြောင်သည် ချင်နန်ကို အလေးမထားသလို ဆက်ဆံနေသော်လည်း သူမသည် ချင်နန်၏ ခန္ဓာကိုယ်ထဲမှ ဖုံးကွယ်နေသည့် လျှို့ဝှက်ဆန်းကြယ်သည့် ဖိအားကို ခံစားနိုင်သည်။
     သာမန်ကျင့်ကြံသူများမှာ ဒီလိုဖိအားကို ခံစားနိုင်ခြင်း မရှိသော်လည်း မင်းသမီးမြောင်မြောင်သည် သူမ၏ ထူးခြားသောစွမ်းရည်များကြောင့် ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။
  
     “မင်းသမီး...မင်းအချိန်ကျလာတဲ့အခါကျရင် သိပါလိမ့်မယ်"
     ချင်နန် ပြုံးလိုက်သည်။ ထို့နောက် သူ၏ စိတ်ထဲတွင်အတွေးတစ်ခု ၀င်ရောက်လာသည်။
     အခု နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်လာပြီဆိုတော့ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးတွေကကော ပြောင်းလဲမှု ရှိလောက်လား...

     ထိုအတွေးနှင့်အတူ ချင်နန်သည် နောက်ထပ်‌မစောင့်နိုင်တော့ဘဲ သူ၏ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများကို ထုတ်ဖော်ကာ မင်းသမီးမြောင်မြောင်ကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်အတူ သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။


Continue Reading

You'll Also Like

558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
62.6K 6.3K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
209K 14K 55
Jeon Jungkook x Kim Taehyung
172K 21.8K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...