အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

110K 10.6K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၉၁ မှ ၉၅

606 66 0
By Azure5549


အပိုင်း(၉၁)ရူးလောက်ဖွယ်ရာ လောင်းကြေးများ

     ရှောင်ချင်းရွှဲ့ နှင့် ဂွန်ယောင်၏ အဆင့်မှာ လုံးဝခြားနားသည်။
     ဂွန်ယောင်သည် ထိပ်ဆုံးအတွင်းစည်းတပည့်ဆယ်ယောက်ထဲတွင် ဟွှာအဆင့်တစ်ဆယ်ရှိသည့် ထိပ်တန်းဂျီးနီးယပ်တစ်ယောက်ပင် ဖြစ်သည်။ သူ၏ အဆင့်သည် ဂိုငဏ်း၏ အဓိကတပည့်များထက် အနည်းငယ်သာ နိမ့်သည်။ သူသည် ကံကောင်းမှုတစ်ခု နှင့်သာ ကြုံကြိုက်ခဲ့ပါက အဆုံး၌ အဓိကတပည့်တစ်ယောက်ပင် ဖြစ်လာနိုင်လိမ့်မည် ဖြစ်သည်။
    
     အကြီးအကဲငါးယောက်သည် ရှောင်ချင်းရွှဲ့ကို ကြောက်ရွံ့ခြင်း မရှိသော်လည်း ဂွန်ယောင်ကိုတော့ ထိုသို့ မဆက်ဆံရဲကြချေ။
     မိုလီ၏ မျက်နှာ တောင့်တင်း၍သွားသည်။ ဂွန်ယောင်သည်လည်း ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူမထင်ခဲ့ပုံရသည်။ သူသည် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ၏မျက်နှာကို အားထည့်၍ ပြုံးလိုက်ကာ
     “စီနီယာအကို ဂွန်ယောင်၊ မင်းမှားနေမှာ ငါစိုးရိမ်တယ်၊ ငါတို့တွေ အချက်အလက်တွေအကြောင်း ဆွေးနွေးနေတာ"

     အဖြူရောင်ဆံပင်နှင့် အကြီးအကဲက ပြုံးလိုက်ပြီး
     “ဂျူးနီယာညီငယ် ဂွန်ယောင်၊ စိတ်တော့မဆိုးပါနဲ့၊ ငါတို့ရဲ့ စကားတွေက ကြမ်းတမ်းတယ် ဆိုပေမယ့်လည်း  ချင်နန် လက်တွေ့ကြုံနေရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ လုံးဝခက်ခဲတယ်"

     အခြားအကြီးအကဲ လေးယောက်သည်လည်း သူတို့၏‌ ခေါင်းကိုညိတ်လိုက်ပြီး နှစ်လိုဖွယ်အပြုံးနှင့် ထိုစကားကို ထောက်ခံကြ‌လေသည်။
    
     အကြီးအကဲငါးယောက်သည် သူတို့၏ စိတ်ထဲ၌ စိတ်ပျက်မှုကို ခံစားနေကြရသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ငါး နှင့် ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ် ပိုင်ဆိုင်သည့် ချင်နန်ကဲ့သို့သော ဘောင်မဝင်သည့် သူသည် ဂွန်ယောင်နှင့် ရင်းနှီးနေလိမ့်မည်ဟု သူတို့ မထင်မိခဲ့ကြချေ။

     ထိုအရာကို မြင်သည့်အခါ ရှောင်ချင်ရွှဲ့၏ ဒေါသ လျော့ကျ၍သွားသော်လည်း အေးစက်သော အသံဖြင့်
     “စီနီယာအကို ဂွန်ယောင်၊ ချင်နန် တစ်ခုခု ဖြစ်ခဲ့ရင် အဲဒါ မိုလီကြောင့်ပဲ"
    
     ထိုစကားကိုကြားတော့ မိုလီ လန့်ဖျန့်၍သွားပြီး ဂွန်ယောင်အား ကြည့်လိုက်သည်။ ဂွန်ယောင်၏ အမူအရာ အေးအေးဆေးဆေးပင် ရှိနေသည်ကို မြင်ရသည့် အခါမှသာ စိတ်သက်သာရာရလိုက်လေသည်။
     ချင်နန် တစ်ခုခုဖြစ်၍ ဂွန်ယောင်သာ သူ့ကို ဒေါသထွက်လာပါက ထိုအရာသည်  သူ့အတွက် ကြမ္မာဆိုးတစ်ခုပင် ဖြစ်လိမ့်မည်။

     “ဒိုဂျိုအဆာက်အဦးမှာ ဖြစ်ခဲ့တဲ့အရာ အကုန်လုံးကို ငါ သိပြီးပြီ"
    ဂွန်ယောင်က သူ၏ ခေါင်းကို ခတ်ဆတ်ဆတ်ညိတ်ကာ ဆက်၍ပြောသည်။
     “မင်းစိတ်ပူမနေပါနဲ့၊ ချင်နန်က လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး"

     သူ၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည့် စကားကြောင့် လူတိုင်းပင် အနည်းနှင့် အများ တုန်လှုပ်သွားကြသည်။
    ရှောင်ချင်းရွှဲ့သည်ပင် တအံ့တဩဖြစ်၍သွားသည်။ ဂွန်ယောင်သည် ချင်နန် နှင့် ဆုံဖူးသည်မှာ တစ်ရက်ပင်မကြာသော အချိန်တခဏအတွင်း၌ အဘယ်ကြောင့် ချင်နန်ကို ဤမျှထိယုံကြည်နေသည်ကို စဉ်းစား၍မရပေ။

      ထိုစကားကို ကြားလိုက်ရသည့်အခါ မိုလီ နှင့် အခြားတပည့်ငါးယောက်သည် ရယ်ချင်သလို ဖြစ်သွားကြသော်လည်း ဂွန်ယောင်က ပြောသည်ဖြစ်သောကြောင့် ရယ်ချင်စိတ်ကို ချုပ်တည်း၍ထားလိုက်ကြသည်။
     သူတို့သည် တိတ်တဆိတ်နေရန် ဆုံးဖြတ်ထားလိုက်သော်လည်း ဂွန်ယောင်က ဆက်၍ပြော‌လေသည်။
     “မင်းတို့တွေ အလောင်းအစား တစ်ခုအကြောင်းဆွေးနွေးနေတာ ငါကြားတယ်၊ငါကော ဝင်ပါလို့ရမလား"

     ထိုစကားကို ကြားသောအခါ အကြီးအကဲငါးယောက် နှင့် မိုလီတို့၏ ပုံစံမှာ လန့်သွားကြပုံပေါ်သည်။
     ဆံပင်အဖြူရောင်နှင့် လူကြီးသည် တခဏတုံဆိုင်းနေရာမှ ပြုံးလိုက်ပြီး
     “ဂျူနီယာညီငယ် ဂွန်ယောင်၊ ဒီအချိန်မှာ ငါတို့ရဲ့ အလောင်းအစားကိစ္စကို အသာထားလိုက်သင့်တယ်၊ ငါတို့ရဲ့စကားတွေက ဘောင်ကျော်သွားတာပါ၊ ချင်နန့်က သပ်ပါယကျွန်းမှာ ရှင်သန်နိုင်မယ့် အခွင့်အရေးတစ်ခုက‌တော့ ရှိပါတယ်"

     အကြီးအကဲငါးယောက်သည် ချင်နန် ဘက်စုံစစ်ဆေးမှု၌ ဧကန်သေဆုံးမည်ဟု ယုံကြည်ထားသော်လည်း၊ ပထမဦးဆုံးအနေဖြင့် ချင်နန်ကို မနှစ်မြို့သည်က တစ်ကြောင်း၊ ဒုတိယအနေဖြင့် ထိုသို့ပြောဆိုခြင်းဖြင့် ရှောင်ချင်းရွှဲ့အား သွယ်ဝိုက်သောနည်းဖြင့် လှောင်ပြောင်သည်က တစ်ကြောင်း စသည့်အကြောင်းကြောင့်သာ ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
     သို့သော်လည်း နေရာကူးလူးခြင်း ဝင်ပေါက်မှ နေရာအသီးသီးသို့ ပို့ဆောင်ပြီးသည့်နောက် လင်းဇီရှောင် နှင့် တကည့်သစ် နှစ်ရာကျော်၏ ပစ်မှတ်ဖြစ်ခဲ့သည့် ချင်နန်သည် သူ့အသက်လုံခြုံမှုရှိစေရန် နေရာကောင်းတစ်ခုကို ရှာ၍ တစ်လတာမျှ ပုံးအောင်းနေနိုင်လိမ့်မည်ကို သူတို့ ကောင်းစွာ သိထားကြသည်။
      အကြီးအကဲငါးယောက်သည် ဂွန်‌ယောင်ကို အမျက်မထွက် လိုသောကြောင့် သူ၏ အလောင်းအစားတွင် ပါဝင်မည့် တောင်းဆိုမှုကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
    
      ဂွန်ယောင်သည် သူတို့၏ အတွေးကိုသိနေသည့်အလား
     “ငါကတော့ လောင်းချင်တုန်းပဲ၊ ချင်နန်ရဲ့ အသက်ကိုလောင်းမှာတော့မဟုတ်ဘူး ချင်နန်ရဲ့ အောင်မြင်မှုကို လောင်းမှာ၊ ငါကတော့ သူ ဘက်စုံစစ်ဆေးမှုမှာ  အနည်းဆုံး ထိပ်ဆုံးငါးယောက်အဆင့်ဝင်မယ်လို့ လောင်းတယ်"
    
     ထိုစကားကို ကြားသည့် အခါ လူတိုင်းပင် ကြောင်တောင်တောင် ဖြစ်သွားကြသည်။
     
     ချင်နန်က အဆင့်ငါးအတွင်း ဝင်မယ်တဲ့လား...

     “စီနီယာအကို ဂွန်ယောင်"
     ရှောင်ချင်းရွှဲ့က ထအော်လိုက်သည်။ ချင်နန်သည် အဆင့်ငါးအတွင်း ဝင်မည်မဆိုထားနှင့်  အဆင့်တစ်ဆယ်အတွင်းဝင်မည်ဟုပင် သူမ မထင်မိပါ။ သူမသည် ချင်နန် အသက်ရှင်လျှက် လွတ်မြောက်လာမည်ဟုသာ ယုံကြည်ထားပြီး အဆင့်ငါးအတွင်းကိုတော့ မမျှော်လင့်ထားပေ။

     “အေးဆေးပါ၊ ငါ ဘာလုပ်‌နေတယ်ဆိုတာ  ငါသိပါတယ်"
     ဂွန်ယောင်က  ရှောင်ချင်းရွှဲ့၏ စကားကို ကြားဖြတ်ပြောလိုက်ပြီး မိုလီ နှင့် အကြီးအကဲငါးယောက်ကို စိုက်၍ ကြည့်လိုက်ပြီး ဆက်၍ ဖိအားပေးလေသည်။
     “ဒီတော့.. ငါ့အထင် မင်းတို့က သူ့ကို အထင်သေးနေကြတာပဲ၊ ဒါနဲ့များ ဘာလို့ ဒီ အလောင်းအစားကို လက်ခံဖို့ အဲ့လောက် ကြောက်လန့်နေရတာလဲ၊  တကယ်လို့ လောင်းကြေးကို မင်းလက်မခံရဲဘူးဆိုရင်တော့ မင်းတို့ပြောခဲ့တဲ့ စကားတွေအတွက် ချင်နန်ကို ပြန်တောင်းပန်ပါ"
 
     ထိုအချိန်တွင် ဂွန်ယောင်သည် ထိပ်ဆုံးဆယ်ယောက်အဆင့် အတွင်းစည်းတပည့်တစ်ယောက်၏ ဩဇာအရှိန်အဝါ နှင့်အော်ရာကို ထုတ်သုံးလိုက်လေသည်။
    
    မိုလီ နှင့် အကြီးအကဲ ငါးယောက်စလုံး၏ မျက်နှာများသည်  တပြိုင်တည်းမှာပင် အေးစက်မာကြော၍ သွားလေသည်။
     သူတို့သည် ဂွန်‌ယောင်အား ကန့်လန့်တိုက်ဖို့ ဆန္ဒမရှိခဲ့ပေ။ သို့သော်လည်း ဂွန်ယောင်သည် လေးစားမှုမရှိပဲ ချင်နန်အား တောင်းပန်ရမည်ဟု ပြောဆိုလာလိမ့်မည်ကို သူတို့ မထင်မိခဲ့ကြချေ။
    
    တောင်းပန်ရမှာလား...

    လဲသေလိုက်လေ...

     အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး
    “ဂျူနီယာညီငယ်ဂွန်ယောင်က ဒီလိုဆိုတော့လည်း လောင်းကြသေး‌တာပေါ့၊ ငါအင်ပါယာဆေးလုံးတစ်သောင်းလောင်းတယ်"

     မိုလီကလည်း  ပျော်ပျော်ပါးပါး မော်ကြွားကာ ဟားတိုက်ပြီးနောက်
     “ငါက မချမ်းသာတော့ အင်ပါယာဆေးလုံး ငါးထောင်ပဲလောင်းမယ်"
  
     အခြား အကြီးအကဲများကလည်း အသီးသီးလောင်းကြေးထပ်ကြလေသည်။
    
    “ဒီလိုဟာဆိုရင် အင်ပါယာ‌ဆေးလုံး အလုံးတစ်သောင်းလောင်းတယ်ကွာ"

    “ငါကောပဲ တစ်သောင်းဟေ့...  ဟဟား...."
 
    “... ... ..."

    ရှောင်ချင်းရွှဲ့နှင့် အခြားတပည့်များကတော့ ထိုမြင်ကွင်းကို ကြည့်ကာ အလွန် အံ့အားသင့်နေကြသည်။
  
     အင်ပါယာဆေးလုံးသည် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးနှင့် ရှန်းရွှင်ဆေးလုံးများ ကဲ့သို့ ဆေးလုံးများ ဖြစ်ပြီး သိုင်းဧကရာဇ်များက သူတို့၏ ကျင့်ကြံမှုကို တိုးတက်စေရန် အသုံးပြုသည့် ဆေးလုံးများ ဖြစ်သည်။

     အကြီးအကဲငါးယောက် နှင့် မိုလီတို့ ၏ စုစုပေါင်း လောင်းကြေးမှာ အင်ပါယာဆေးလုံးပေါင်း ခြောက်သောင်းငါးထောင်ထိ ဖြစ်ပြီး ရူးစေနိုင်လောက်သည့် ပမာဏပင် ဖြစ်သည်။  ထိုပမာဏသည် ရှန်းရွှင်ဆေးလုံးပေါင်း ခြောက်သန်းခွဲနှင့် ညီမျှပြီး ကြောက်ခမန်းလိလိပင် ဖြစ်သည်။
    
     ဂွန်ယောင်သည် မျက်နှာ တစ်ချက်ပျက်မသွားပဲ ရှောင်ချင်းရွှဲကို ကြည့်လိုက်ပြီး လူကြီးလူကောင်းလေသံမျိုးဖြင့်
     “ဂျူနီယာညီမ ချင်းရွှဲ့ ဝင်ပါဦးမလား...  အင်ပါယာဆေးလုံးတွေရမယ့် အခွင့်အရေးတစ်ခုဆိုတာ ရခဲတယ်"
    
     ထိုစကားကိုကြားသည့်အခါ အကြီးအကဲငါးယောက် နှင့် မိုလီတို့သည် ဝါးလုံးကွဲ ရယ်ကြလေတော့သည်။

      အင်ပါယာဆေးလုံးတွေ ရမယ်တဲ့လား...
      အလောင်းအစား ရှုံးဖို့သာ ပြင်ထားပေတော့...
  
     ရှောင်ချင်းရွှဲ့သည် အံကိုခဲလိုက်ပြီး
    “ငါ သူ့ကိုယုံကြည်တယ်၊ ငါ ‌အင်ပါယာဆေးလုံး လေးထောင်လောင်းတယ်"

     အင်ပါယာဆေးလုံး လေးထောင်သည် သူမ ပိုင်ဆိုင်သမျှ ဆေးလုံး အကုန်ပင် ဖြစ်လေသည်။
    
     ထိုအချိန်တွင် ထိုသို့လောင်းစားနေသည်ကို မြင်နေကြရသည့် အတွင်းစည်းတပည့်များသည် အလွန်စိတ်လှုပ်ရှားလာကြပြီး သူတို့၏ နှလုံးခုန်သံတွေ မြန်လာကာ သွေးဆူလာကြသည်။  သူတို့ထဲမှ တစ်ယောက်သည် စိတ်ထဲ ထိန်းမထားနိုင်တော့ပဲ လှမ်းမေးလိုက်သည်။
    “စီနီယာအကို ဂွန်ယောင် ... ငါတို့ကော ပါလို့ရလား"

    “သိပ်ရတာပေါ့"
    ဂွန်ယောင်က ပြုံးပြီးပြောလိုက်သည်။
    “မင်းတို့အားလုံး ဝင်ပါချင်ရင် ကြိုဆိုလျက်ပဲ"
   
    ထိုစကားကို ကြားလျှင် ကြားချင်း အတွင်းစည်းတပည့်များသည် ချက်ချင်းပင် လောင်းကြေးထပ်ကြလေသည်။
   
     “ငါကတော့ ချင်နန် ထိပ်ဆုံးငါးယောက်အတွင်း မဝင်နိုင်ဘူးလို့ ‌အင်ပါယာဆေးလုံးတစ်ထောင် လောင်းတယ်"

     “ငါက အင်ပါယာဆေးလုံး နှစ်ထောင် ချင်နန် ရှုံးနိမ့်လိမ့်မယ်"

     “အင်ပါယာဆေးလုံး နှစ်ထောင်က ငါလောင်းတာနော်"

    “ငါ လာတုန်းက ဆေးလုံးအများကြီး မယူလာမိတာနာတယ်၊ အင်ပါယာဆေးလုံးတွေ အလကားရမယ့်အခွင့်အရေးကို...  ငါဆေးလုံး ငါးရာပဲလောင်းမယ်.."

     အချိန်တိုလေး အတွင်းမှာပင် ချင်နန် ထိပ်ဆုံးငါးယောက်အဆင့်မဝင်နိုင်ဟု အလောင်းပစား၏ လောင်းကြေးပမာဏသည် အင်ပါယာဆေးလုံးပေါင်း ခုနှစ်သောင်း ငါးထောင်ထိ ရောက်ရှိလာခဲ့သည်။

     အမှားအယွင်းတစ်ခု ဖြစ်ခဲ့သည်မှာ အတွင်းစည်းတပည့်တစ်ယောက်သည် ချင်နန် ထိပ်ဆုံးငါးယောက်အဆင့် ရရှိနိုင်မည်ဟု အင်ပါယာဆေးလုံးငါးရာ လောင်ကြေးထပ်မိလိုက်သည်။ သူပြန်၍ သတိထားမိလိုက်သော်လည်း လူအုပ်ကြီးရှေ့၌ သူ၏ ‌အလောင်းအစားကို ပြန်ပြင်ဖို့ရာ မဖြစ်နိုင်တော့ပေ။
    
     “ကဲ ဒီတော့.... ဒီဘက်မှာ အင်ပါယာဆေးလုံး ခုနှစ်သောင်းငါးထောင်"
     ဂွန်ယောင်က အေးအေးဆေးဆေးပင် ဆက်၍ ပြောသည်။
     “ငါက ဒီအလောင်းအစားကို စတင်တဲ့သူဆိုတော့ ငါက ဒီဘက်မှာ အင်ပါယာဆေးလုံး ခုနှစ်‌သောင်းငါးထောင်ပြည့်အောင် ဒီဘက်မှာ ထည့်ပေါင်းမယ်"

     ထိုစကားကိုကြားသည့်အခါ မည်သူမျှ တည်တည်ငြိမ်ငြိမ် မနေနိုင်ကြတော့ချေ။
     အတွင်းစည်းတပည့်များအတွက် တစ်ယောက်လျှင် အင်ပါယာဆေးလုံး တစ်သောင်းမှ နှစ်သောင်းကြား ရနိုင်မည့်အခြေအနေမှာ လုံးဝ ကံကောင်းခြင်းပင် ဖြစ်ပြီး၊ အကြီးအကဲ ငါးယောက်သည်ပင် တစ်‌ယောက်လျှင်  ဆေးလုံးတစ်သောင်း နှင့်အထက် ပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။
     တစ်ဖက်တွင် ဂွန်ယောင်မှာ ဆေးလုံး ခုနှစ်သောင်းနှင့်အထက် လောင်းကြေးထပ်လိုက်ပြီ ဖြစ်သည်။
    
     သို့သော်လည်း ထိုအချိန်တွင် ဒိုဂျိုအဆောက်အဦး အတွင်း၌ မျက်စိစူးလောက်သည်ထိ တောက်ပသည့် အလင်းရောင်များ ပေါ်ထွက်လာသည်။ အလယ်၌ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများနှင့် အစီအရင်တစ်ခု ဖြစ်ပေါ်၍လာလေသည်။
   
     လူတိုင်း၏ စိတ်အာရုံသည် ထိုအရာဆီသို့ ရောက်ရှိသွားကြသည်။

🐱🐱🐱🐱🐱

အပိုင်း(၉၂) အကြီးအကဲများ၏ အလွန်အမင်းအံ့အားသင့်မှု

     ကြီးမားသည့် အစီအရင်ကြီးသည် လျို့ဝှက်ဆန်းကြယ်သောစွမ်းအားများနှင့်အတူ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။
     ထိုမြင်ကွင်းကိုကြည့်ကာ မိုလီသည် ရယ်မောလိုက်ပြီး
     “ စီနီယာအကိုဂွန်ယောင်...မင်းဘာလို့ ချင်နန့်အပေါ်  ဒီလောက်ယုံကြည်မှုရှိနေလဲဆိုတာ ငါစဉ်းစားလို့မရဘူး.... ငါ အင်ပါယာဆေးလုံးငါးထောင် အလကားရတော့မယ်နဲ့တူတယ်.... ကောင်းပြီ...စီနီယာအကိုဂွန်ယောင်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ် "

     မိုလီ၏ စကားကိုကြားပြီးနောက် အကြီးအကဲငါးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကျေနပ်စွာကြည့်ကာ ပြောလိုက်ကြသည်။
    
     “ ဟုတ်တယ်...ဂွန်ယောင်....ငါတို့ဒီနေ့ကံကောင်းတယ် "
    
     “ ဟီး..ဟီး..ငါအင်ပါယာဆေးတစ်သောင်းပိုင်ဆိုင်ရမှာတွေးလိုက်မိတိုင်း နှလုံးခုန်နှုန်းတွေပါ မြန်လာတယ် "

     “ ချင်နန်သာ အဆင့်ငါးအတွင်း ဝင်သွားလို့ကတော့ ငါရဲ့ဆေးတွေအားလုံးကုန်ပါပြီ "
    
     ............

     မိုလီနှင့် အကြီးအကဲငါးယောက်သည် ဂွန်ယောင်အား ထေ့ငေါ့လှောင်ပြောင်နေကြသည်။
     ဂွန်ယောင်သည် အဘယ့်ကြောင့် ချင်နန်အား အဆင့်ငါးအတွင်းဝင်မည်ဟု ယုံကြည်ချက်ရှိစွာဖြင့် အင်ပါယာဆေးလုံးခုနှစ်သောင်းကျော် လောင်းကြေးထပ်ရဲမှန်းမသိသော်လည်း သူတို့၏တွေ့ရှိချက်အရ ချင်နန်၏ ကျင့်ကြံမှုသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ငါးအမှိုက်သာဖြစ်ပြီး  လင်းဇီရှောင်နှင့် တပည့်နှစ်ရာ့နှစ်ဆယ်ကျော်ကို ဆန့်ကျင်ထားသူဖြစ်သည်။
    
     ချင်နန်ကို ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်ဖြင့် ဂျီးနီးယပ်တစ်ယောက်အဖြစ် မှတ်ယူနိုင်သော်လည်း ဘက်စုံစစ်ဆေးမှုတွင် အသက်မသေအောင် နေနိုင်လျှင်ပင် အထင်ကြီးဖို့ လုံလောက်နေပြီဖြစ်သည်။
    
     အခြားအတွင်းစည်းတပည့်များသည်လည်း အချင်းချင်း စကားပြောလာကြသည်။
    
     “ စီနီယာအကိုဂွန်ယောင်က သူရှုံးမှာသိသိကြီးနဲ့ ဘယ်လို‌ တွေများတွေးပြီး လောင်းလိုက်တာလဲမသိဘူး "
    
     “ အဲ့ဒါတွေတွေးမနေနဲ့ ဒါကအင်ပါယာဆေးလုံးတွေအလကားရဖို့အခွင့်အရေးပဲဟ"

     “စိတ်ပျက်လိုက်တာ ငါ ချင်နန့်ဘက်ကို ဆေးလုံးငါးရာ လောင်းလိုက်မိတယ်"

    “ဟား ဟားဟား..  မင်းက ရူးသွားတာလား... ချင်နန် အဆင့်ငါးအတွင်း ဝင်မယ်လို့ လောင်းလိုက်တယ်ပေါ့ ဟုတ်လား...၊ စိုးရိမ်မ‌နေနဲ့တော့... မင်းရဲ့ ဆေးလုံး ငါးရာ ကုန်ပြီလို့သာ မှတ်ထားလိုက်တော့"

     “... ... ...”

     ဂွန်ယောင်သည် ထိုစကားများကို ကြားသည့်အခါ စိတ်မဝင်စားသလို ပုခုံးတွန့်သွားပြီး ပြုံးလိုက်သည်။
    လူတိုင်း၏ အမြင်တွင် ဂွန်ယောင် ဤသို့ အလောင်းအစားလုပ်သည်မှာ စိတ်ရူးပေါက်လို့သာဖြစ်နိုင်သည်ဟု တွေးထင်ကြသည်။ သို့သော် အမှန်တရားက အခြားတစ်ခု ဖြစ်နေလေသည်။
     ယခင်က  လင်းဇီရှောင် နှင့် တပည့်သစ်နှစ်ရာကျော်တို့က ချင်နန့်အား သတ်ဖြတ်မည်ဟု ကြားသိသောအခါ ဂွန်ယောင်သည် အံ့အားသင့်သွားခဲ့ပြီး အလွန်ပင်ဒေါသထွက်ခဲ့သည်။ သို့သော်လည်း ချင်နန်တွင် ကြီးမြတ်သောအကြီးအကဲ၏တံဆိပ် ရှိနေသည်ကို သူသိခဲ့ပြီး ဖြစ်သည်။
     ထို့နောက်တွင် ဂွန်ယောင်သည် ချင်နန်၏ နောက်ခံကို စုံစမ်းလိုက်သည့်အခါ လန်ရှုးမြိုတော်က လာမှန်း သိလိုက်ရသည်။  ထိုအရာသည် သူ၏ ခရီးစဉ်တစ်လျောက်အတွက် ကြီးကြီးမားမား အထောက်အပံ့ မဖြစ်နိုင်ပါ။ ထို့ကြောင့် စိတ်ဝိညာဉ်ဂိုဏ်းမှ ကြီးမြတ်သောအကြီးအကဲနှင့်  မည်သည့်ပတ်သက်မှုမျှ ရှိနိုင်မည် မဟုတ်ပါ။
     ထို့ကြောင့် ဖြစ်ပေါ်လာသည့် မေးခွန်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ငါး နှင့် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်သာ ပိုင်ဆိုင်ထားခဲ့သည့် ချင်နန်တွင် အဘယ်ကြောင့် ကြီးမြတ်သော အကြီးအကဲ၏တံဆိပ် ရှိနေရသနည်း။
      တစ်ခုတည်းသော အဖြေမှာ ချင်နန်သည် ကြီးမြတ်သော အကြီးအကဲ၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားပြီး၊ သူနှင့်ပက်သက်သည့် လူအများမသိသေးသော လျှို့ဝှက်ချက်အချို့ ဖုံးကွယ်ထားခြင်းသာဖြစ်နိုင်ပေသည်။
     ထို့ကြောင့် ဂွန်‌ယောင်သည် ချင်နန်၏ အကြောင်းကို ကောင်းကောင်းနားလည်လိုက်သည့်အတွက် ချင်နန်အပေါ်ကို ယုံကြည်မှု ရှိခဲ့လေသည်။
    
     နောက်ဆုံးတွင် အတွင်းစည်းတပည့်တစ်ယောက် လေသံကို နှိမ့်၍ ပြော‌ဆိုသံ ထွက်လာသည်။
    “သူတို့တွေ လာပြီ"

    အဖြူရောင် ဒိုဂျိုအဆောက်အဦးအတွင်းရှိ အစီအရင်၏ အလယ်တွင် မရေမတွက်နိုင်သော လှုပ်ခါမှုများ ဖြစ်ပေါ်နေသည်ကို ခံစားမိလာကြပြီး လူအယောက်တစ်ရာကျော်၏ ပုံရိပ်သည် မြင်ကွင်းအတွင်း တဖြည်းဖြည်း ပေါ်လွင်လာသည်။
     လူရိပ်များ ထွက်ပေါ်လာပြီးနောက် အစီအရင်သည် ပျောက်ကွယ်လုနီးပါးပြန်သွားပြီး ထိုနေရာသည်လည်း ပြန်လည် ငြိမ်သာ၍လာခဲ့သည်။
     
     ထိုအချိန်တွင် အကြီးအကဲ ငါးယောက်၊ ဂွန်ယောင် ရှောင်ချင်းရွှဲ့ နှင့် မိုလီ တို့သည် မလှုပ်မယှက်ပဲ လူအုပ်ကြီးကို စစ်ဆေးကြည့်ရှုနေကြသည်။
     သူတို့သည် ပုံမှန်တိုင်းသာ ဆိုလျှင် စိတ်ရှည်လက်ရှည်ဖြင့် စစ်ဆေးကြည့်ရှုကြသည်။ သို့သော် ဤအချိန်တွင် ကြီးမားလှသော အလောင်းအစား ရှိနေသည့်အတွက် သူတို့နှလုံးခုန်သံများ အပြိုင်ကြဲနေကြပြီး ရလဒ်အဖြေကို မစောင့်နိုင် မအောင့်နိုင် ဖြစ်နေကြသည်။
  
     “ချင်နန်"

     လူအုပ်ကြီးကို လျှင်လျှင်မြန်မြန် တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ချင်းရွှဲ့သည် ချင်နန်ကို နောက်ဆုံးတော့ ရှာတွေ့သွားခဲ့သည်။ သူမ၏ လှပသောမျက်နှာလေးသည် ချက်ချင်းပင် ဝင်းပသွားပြီး အသက်ရှုပင်မှားကာ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးပင် ယိမ်းယိုင်မလို ဖြစ်၍သွားသည်။

     အခြားသော သိုင်းဧကရာဇ်တပည့်များသည် ထိုအရာကိုမြင်သည့်အခါ မနာလိုပင် ဖြစ်သွားကြသည်။  
      ဘယ်လောက်ကံကောင်းလိုက်တဲ့ ချင်နန်လဲ... ဂွန်ယောင်က ညီအကိုအဖြစ်သတ်မှတ်ခြင်းလည်း ခံရတယ်...ရှောင်ချင်းရွှဲ့နဲ့လည်း ဆက်ဆံရေးကောင်း ရှိတယ်...

     အကြီးအကဲ ငါးဦး နှင့် မိုလီတို့သည် ထိုစကားကို ကြားသည့် အခါ အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။
      သူတို့က ချင်နန်အသက်ရှင်ခဲ့နိုင်မည်ဟု မထင်ခဲ့ရိုးအမှန်ပင်။
      ထို့နောက် သူတို့သည် အေးတိအေးစက်ဖြင့် မဲ့ရွဲ့ကာပြုံးလိုက်ကြသည်။
     ချင်နန်ရောက်ရှိလာသော်လည်း သူတို့အတွက် ကိစ္စမရှိ၊ ချင်နန် ထိပ်ဆုံး အယောက်ငါး‌ယောက်အဆင့် မဝင်နိုင်ဟု မှတ်ယူထားကြဆဲပင်။

     ”ဟမ်... ”
     မိုလီသည် လူအုပ်ကြီးကို စစ်ဆေးလိုက်ပြီးနောက် လင်းဇီရှောင်အား မတွေ့လိုက်သည့်အခါ မျက်မှောင်ကြုတ်၍သွားသည်။
     အကြီးအကဲငါးယောက်သည်လည်း မျက်မှောင်ကြုတ်၍သွားသည်။ တပည့်သစ်သုံးရာကြားထဲတွင် လင်းဇီရှောင်၏ အရိပ်ယောင် အဘယ်ကြောင့်မတွေ့ရသနည်း။

    ထိုအခါ အကြီးအကဲငါးယောက် နှင့် မိုလီတို့သည် ရင်နင့်သွားပြီး သူတို့၏ စိတ်ထဲတွင်လည်း ရှုပ်ထွေး မွန်းကြပ်၍သွားလေသည်။
     မိုလီသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏အကြည့်သည် ရှောင်ယွန်းဟို နှင့် သူ၏လူစုထံသို့ ရောက်ရှိသွားသည်။ မိုလီသည် ရှောင်ယွန်းဟိုကို ကောင်းကောင်းသိသည်။ သူသည် လင်းဇီရှောင်က ချင်နန်ကိုသတ်မည့်အကြံအစည်ဖြင့် လူများကို စည်းရုံးစဉ်၌ လင်းဇီရှောင်နှင့် ပထမဦးဆုံး ပူးပေါင်းခဲ့သူပင် ဖြစ်သည်။

     မိုလီသည် ထပ်ပြီး တုံ့ဆိုင်းမနေတော့ဘဲ  ရှေ့သို့လျှောက်သွားကာ အော်မေးလိုက်သည်။
     “ရှောင်ယွန်းဟို .. ဘာဖြစ်တာလဲ.. လင်းဇီရှောင်ကော ဘယ်မှာလဲ... သူဘာလို့ ဒီမှာ မရှိရတာလဲ"

     စိတ်ဝိညာဉ်ဂိုဏ်းသို့ ရောက်ရှိလာသည် တပည့်သုံးရာကျော်လုံးသည် ဘာမျှပြန်လည် တုံ့ပြန်ခြင်းမရှိဘဲ၊ သူတို့အားလုံးသည် ဟိုဟိုဒီဒီ လျှောက်ကြည့်နေကြသည်။
     ရှောင်ယွန်းဟိုကမူ မိုလီ၏ မေးခွန်းများကို ကြားသည့်အခါ ရုတ်တရက် ကြောင်အ၍သွားသည်။ တခဏအကြာမှသာ  အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး သူ၏ နှုတ်ခမ်းမှာ အနည်းငယ်မျှ လှုပ်သွားသော်လည်း မည်သည့်စကားသံမျှ ထွက်မလာခဲ့ချေ။

    မိုလီမျက်နှာ မည်းမှောင်ကျသွားပြီး သူ၏ စကားများတွင် ဩဇာအာဏာဖြင့် အသေအချာ စစ်မေးသည့် သဘောထားများပါဝင်လာလေသည်။
    “ပြောစမ်း၊ ဘာဖြစ်တာလဲဆိုတာ၊ လင်းဇီရှောင် ဘယ်မှာလဲ"

      အကြီးအကဲ ငါးဦးသည် ကြောက်ရွံ့လာကြသည်။ လင်းဇီရှောင်သည် ဟွှာအဆင့်ကိုး သိုင်းဝိညာဉ် နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ် ရှိသူပင် ဖြစ်ကာ စိတ်ဝိညာဉ်ဂိုဏ်း၏ အာရုံစိုက်ခြင်း ခံရသူပင် ဖြစ်သည်။ လေ့ကျင့်ခြင်း၌ လင်းဇီရှောင်သာ တစ်ခုခုဖြစ်ခဲ့ပါက တာဝန်ရှိသူမှာ သူတို့ပင် ဖြစ်လေသည်။

     ရှောင်ယွန်းဟိုသည် မျက်လွှာချထားပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ စိတ်သောကရောက်နေသော လေသံဖြင့်
     “စီနီယာအကို လင်းဇီရှောင်က.. သူ...သူ... သူသေပြီ"

     “ဘာ"

    ထိုစကားကိုကြားလိုက်ရသည့် အခါတွင် မိုလီ နှင့် အကြီးအကဲငါးယောက်သည် မိုးကြိုးပစ်ခံလိုက်ရသလို့ သူတို့၏ မျက်နှာများ ပုံပျက်ပမ်းပျက်ဖြစ်သွားကြသည်။
     သူတို့တင်သာမက ဂွန်ယောင် နှင့် ရှောင်ချင်းရွှဲ့အပါအဝင် အခြားသောအတွင်းစည်း တပည့်များသည်လည်း  အလွန်အံ့အားသင်ကုန်ကြသည်။ 
    
     လင်းဇီရှောင် သေပြီလား...
   
     လင်းဇီရှောင် ဘယ်လိုသေသွားတာလည်း...

     လင်းဇီရှောင်သည်  ဘက်စုံစစ်ဆေးမှုမတိုင်မှီက သူ၏ ကျင့်ကြံမှုအဆင့်သည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကိုးသို့ ရောက်ရှိနေပြီး ဖြစ်ပြီး သပ်ပါယကျွန်း၌လည်း အမှန်တကယ်ပင် တိုးတက်လာဦးမည် ဖြစ်သည်။ သူ၏ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်ဖြင့်သာဆိုလျှင် တပည့်သစ်များအကြားမှ မည်သူမဆို သူအားသတ်ဖြတ်နိုင်ဖို့ အလွန်ခဲယဉ်းမည် ဖြစ်သည်။
    
      မိုလီ နှင့် အကြီးအကဲ ငါးယောက်သည် သူတို့၏ အံ့အားသင့်မှုများကို ပြန်လည် ချုပ်တည်းလိုက်ပြီး သူတို့၏မျက်နှာများသည်လည်း ချက်ချင်းပင် အေးစက်ခက်ထန်လာကာ ပြင်းထန်သည့်အော်ရာများလည်း ထွက်ပေါ်လာလေသည်။
      မိုလီ အလွန်ဒေါသထွက်၍နေသည်။ လင်းဇီရှောင်သည် သူရှာတွေ့ခဲ့သည့် ဂျီးနီးယပ် ဖြစ်ပြီး သူ၏လက်အောက်ကို သိမ်းသွင်းရန် လေ့ကျင့်ပေးမည့်သူ ဖြစ်သည်။
     လင်းဇီရှောင် အသတ်ခံရသည်ကို အဘယ်ကြောင့် သူ ဒေါသမထွက်ပဲ နေနိုင်မည်နည်း။
   
       မိုလီသည် ထိုအတွေးများနှင့်အတူ သူ၏ စိတ်ကို ဆက်ပြီးထိန်းထားနိုင်စွမ်း မရှိတော့သည်အထိ ဖြစ်လာသည်။ သိုင်းဧကရာဇ် ‌အော်ရာများ ‌ထကြွလောင်ကျွမ်းလာပြီး သူသည် ဟောင်လုံကို စိုက်ပြီး ကြည့်လိုက်သည်။
     ထို့နောက် အေးစက်တင်းမာသော လေသံဖြင့်
     “ဟောင်လုံ...  မင်းဘာလို့ လင်းဇီရှောင်ကို သတ်တာလဲ၊ ဒါက တပည့်အသစ်‌တွေအကြားက စမ်းသပ်မှုတစ်ခုပဲ၊ လင်းဇီရှောင်က တောက်ပတဲ့အနာဂတ်ရှိတဲ့ ထိပ်တန်းဂျီးနီးယပ်တစ်ယောက်ပဲ၊ မင်းက ဘာလို့ သတ်ပစ်လိုက်တာလဲ"
  
🐱🐱🐱🐱🐱

အပိုင်း(၉၃)အကြီးအကဲများ ကြက်သေသေသွားခြင်း
  
     အကြီးအကဲငါးယောက် နှင့် အတွင်းစည်းတပည့်များ၏ အကြည့်များသည် ဟောင်လုံထံသို့ ရောက်ရှိသွားသည်။
    
     ဟောင်လုံသည် တပည့်သစ်မျာအကြား လင်းဇီရှောင်ကို သတ်ပစ်နိုင်လောက်သည့် တစ်ဦးတည်းသောသူပင် ဖြစ်သည်။
     မိုလီ၏ မေးမြန်းပြောဆိုခြင်းကို ဟောင်လုံသည် နည်းနည်းလေးမျှ တုန်လှုပ်ဟန်မရှိပေ။ သူသည် မိုလီ မေးခွန်းကို ပြန်ဖြေခြင်း မရှိပဲ အပြုံးတစ်ခုသာ သူ၏မျက်နှာ၌ ပေါ်ထွက်လာသည်။
     ထိုမျှသာမကသေး.. မိုလီ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ အခြားတပည့်သစ်သုံးရာကျော်တို့သည် လည်း သူတို့၏ အတွေးများကို ပြန်လည်စုလိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများသည် တစ်ခုခုထူးခြားနေကြသည်။
     ဟောင်လုံ၏ လျစ်လျူရှုသလို အပြုအမူကို မြင်ရသည့်အခါ မိုလီသည် ဆက်၍မချုပ်တည်းနိုင်တော့ဘဲ ဒေါသမီး အကြီးအကျယ် တောက်လောင်လာသည်။ သူသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအား များကို ထုတ်ဖော်လိုက်သည်။
    
     ထိုအချိန်တွင် ဂွန်ယောင်က အေးဆေးစွာပင် စကားစပြောလိုက်သည်။
     “ဂျူနီယာမိုလီ... ကြောင်တောင်တောင် မလုပ်စမ်းပါနဲ့၊ ဂျီးနီးယပ်တစ်ယောက် ဘက်စုံစစ်ဆေးမှုမှာသေတာ ပုံမှန်ပါပဲ၊  စည်းမျဉ်းစည်းကမ်းတွေအရလည်း လက်ခံရမှာပဲ၊ ဒါကိုအသာထားလိုက်ပါ၊ အခု  ငါတို့ရဲ့ ‌အလောင်းအစားကိုပဲ ဦးဆုံး အာရုံစိုက်လိုက်ရအောင်၊ ချင်နန် ဘက်စုံစစ်ဆေးမှုမှာ အဆင့်ငါးအတွင်းဝင်နိုင်ခဲ့လားဆိုတာပဲ ကြည့်သင့်တယ်"
   
     အကြီးအကဲငါးယောက် နှင့် အခြားအတွင်းစည်းတပည့်များသည်လည်း ထိုစကားကို ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ လက်ရှိ သူတို့၏ အမှုထားရမည့်ကိစ္စသည် အလောင်းအစားကိစ္စပင် ဖြစ်သည်။
     ဂွန်ယောင်၏ စကားကို ကြားတော့ တပည့်သစ်များအားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။
    လောင်းထားကြတာလား...
    ချင်နန် ထိပ်ဆုံးအဆင့်ငါးအတွင်း ဝင်မယ်လို့ လောင်းထားကြတာလား...

    မိုလီသည် အလွန်ဒေါသထွက်၍နေသော်လည်း သူ၏စိတ် လွတ်ထွက်မသွားခဲ့ပါ။ ဟောင်လုံသည် လင်းဇီရှောင်ကို သတ်ဖြတ်ခဲ့‌သည် ဆိုသော်လည်း လက်ရှိအချိန်သည် သူရူးမိုက်စွာ ပြုရမည့်အချိန် မဟုတ်သေးပေ။ မိုလီသည် ဂွန်ယောင်၏စကားကို ဆိုးရွားစွာ တုံ့ပြန်ရယ်မောလိုက်သည်။
     “ဘာကို  အလောင်းအစားလဲ...၊ ချင်နန်လို အမှိုက်က ထိပ်ဆုံးငါးယောက်အဆင့် ဝင်မယ်ဆိုတာကိုလား၊  လုံးဝရယ်စရာပဲ"

     အကြီးအကဲငါးယောက် နှင့် အတွင်းစည်းတပည့်များအားလုံး စိတ်လှုပ်ရှားလာကြသည်။
     လင်းဇီရှောင်သည်ပင် သူတို့မျှော်လင့်ထားသလို ဖြစ်မလာပဲ အသတ်ခံခဲ့ရသည့်အတွက် သူတို့သည် ဆေးလုံးများကို အနိုင်ရရှိမည် ဖြစ်သော်လည်း ဘယ်‌လို‌ပျော်ရွှင်လိုက်ရပါမည်နည်း။

     ရှောင်ချင်းရွှဲ့အတွက်တော့ ချင်နန်သည် ထိပ်ဆုံးငါးယောက်အဆင့်ထိ ဝင်လိမ့်မည်ဟု မမျှော်မှန်းခဲ့ပေ။ သူမသည် ချင်နန်ကို ကြည့်ရှုလိုက်ရာတွင် ချင်နန်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ထိ တိုးတက်လာခဲ့သည်ကို မြင်တွေ့ရသည့်အတွက် အလွန်အားရကျေနပ်၍သွားလေသည်။  သူမ၏ အင်ပါယာဆေးလုံး လေးထောင်ဆုံးရှုံးသွားခဲ့လျှင်တောင် သူမ မမှုတော့ပါ။
    
      အဖြူရောင်ဆံပင် နှင့် လူကြီးသည် အလွန်စိတ်လှုပ်ရှားနေမှုကို မထိန်းထားနိုင်တော့ပဲ လူအုပ်ကြီးဘက်သို့ လှည့်ကာ ကျယ်လောင်သောအသံဖြင့်
     “ရွှီချန်... ဒီကို အခုပဲလာပြီး ထိပ်ဆုံးဆယ်ယောက်စာရင်းမှာ ပါဝင်တဲ့သူတွေကို ကြေငြာပါ"

     ထိုစကားကို ကြားသည့်အခါ ရွှီချန်သည် ချက်ချင်း‌ ရှေ့သို့ ထွက်လာပြီး  တုံ့ဆိုင်းနေသည့် လေသံဖြင့်
    “အကြီးအကဲ... ဘက်စုံစစ်ဆေးမှုကလေ ဒီအချိန်မှာ..."

    “အဲဒါ ဘာဖြစ်လဲဟ"
     အကြီးအကဲ ငါးယောက်သည် စိတ်ကသိကအောက် ဖြစ်နေပြီး ရွှီချန်ကို ဝါးစားတော့မလို ကြည့်လိုက်ပြီး
     “ရွှီချန် မင်းက အချိန်ဆွဲနေတဲ့ စောက်ကျင့်က ရှိနေတုန်းလား... ရလဒ်ကို ငါ့တို့ကို မြန်မြန် ပြောစမ်းပါ"

     ထိုအခိုက် မိုလီသည်လည်း ဒေါသကြီးဖြင့်
     “ရွှီချန် ... ချင်နန် အဆင့်ငါး အတွင်း ဝင်မဝင်သာ ငါတို့ကို ပြောစမ်းပါ၊ ခုနကတင်ပဲ စီနီယာအကို ဂွန်ယောင်နဲ့ ငါတို့တွေ.. ချင်နန် စစ်ဆေးမှုမှာ အဆင့်ငါးအတွင်း ဝင်မဝင်ကို အင်ပါယာဆေးလုံး ခုနှစ်သောင်းငါးထောင်အထိ အလောင်းအစား လုပ်ထားကြတယ်"
    
     “ဟမ်"
     ရွှီချန် အံ့အားသင့်၍သွားသည်။
    အင်ပါယာဆေးလုံး ခုနှစ်သောင်းငါးထောင်တဲ့လား...

    ရွှီချန်သာမက အခြားသော တပည့်သစ်များသည်လည်း အံ့အားသင့်၍သွားကြသည်။
     စုစုပေါင်း အင်ပါယာဆေးလုံး ခုနှစ်သောင်း.. ငါးထောင်..

     ထိုအချိန်တွင် အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် ကျေးနပ်အားရစွာဖြင့် ပြုံးလိုက်ပြီး..
     “ဟုတ်တယ် အမှန်ပဲ၊ ငါတို့အကြီးအကဲ ငါးယောက်နဲ့ အခြားအတွင်းစည်း တပည့်တွေကော အားလုံးပေါင်း အင်ပါယာဆေး ခုနှစ်သောင်းခွဲထိ ချင်နန် ဘက်စုံစစ်ဆေးမှုမှာ အဆင့်ငါးအတွင်း မဝင်ဘူးလို့ လောင်းထားကြတယ်၊ ရလဒ်ကို မြန်မြန်ကြေငြာစမ်းပါ၊ ဒီအချိန်မှာ ဂွန်ယောင်နဲ့ လောင်းထားတာ ငါတို့နိုင်မှာမလို့ စိတ်လှုပ်ရှားနေမိတယ်"
    
    ထိုစကားကို ကြားသည့်အခါ ရွှီချန်သည် သူ၏အံ့အားသင့်မှုကို ပြန်ချုပ်တည်းလိုက်သည်။ သူ၏ မျက်နှာအမူအရာသည် ထူးထူးဆန်းဆန်းဖြစ်လာသည်။

     တစ်ချိန်တည်းမှာပင် အခြားတပည့်သစ်များ၏ မျက်နှာအမူအရာများသည်လည်း ထူထူးခြားခြား ပြောင်းလဲ သွားကြသည်။
    
     ရွှီချန်သည် စိတ်ပူလောင်ပြင်းစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ချောင်းဟန့်လိုက်ကာ
     “အကြီးအကဲ  ကျွန်တော့်မှာ ပြောစရာရှိတယ်၊ ဘက်စုံစစ်ဆေးမှုမှာ အပြာရောင်နဂါးတံဆိပ် ရယူနိုင်တဲ့သူ လေးယောက်ပဲ ရှိတယ်"

     “အို့.."
     အဖြူရောင်ဆံပင်နှင့်  အကြီးအကဲသည် မျက်ခုံးကို ပင့်လိုက်ပြီး၊ အထူးအဆန်းမဟုတ်၍ မအံ့ဩသည့် သဘောဖြင့်
    “အပြာရောင် နဂါးတံဆိပ်တွေကို ရယူနိုင်တဲ့သူ လေးဦးပဲရှိတာ ဒါ ဖြစ်တတ်ပါတယ်၊ အရင်လည်း ဒါမျိုးတွေ ဖြစ်ဖူးတာပဲ၊ တကယ်လို့ ဒီလိုဖြစ်လာတော့လဲ အရင်တုန်းက လုပ်ခဲ့တဲ့အတိုင်းပဲ ကျန်တဲ့ နေရာခြောက်ခုစာ ဆုကြေးတွေကို ဒီလေးယောက်ကိုပဲ ပေးရလိမ့်မယ်"
   
     တပည့်သစ်များသည် ရယ်ချင်သလို ဖြစ်လာကြသည်။ သို့သော်လည်း ထိုသို့မပြုမူရဲကြပေ။ ထို့ကြောင့် အချို့ဆိုလျှင် မျက်နှာများပင် ရဲရဲနီနေကြသည်။
   
     လူအုပ်ကြီး၏ ဖြစ်အင်ကို မြင်ရသည့်အခါ ဂွန်ယောင်က
    “ရွှီချန် အခုပဲ ရလဒ်တွေကို ပြောပါ"

     “ကောင်းပြီ"
     ရှီချန်သည် အကြီးအကဲငါးယောက်နှင့် မိုလီကို သေချာ စိုက်ကြည့်လိုက်ပြီး ရလဒ်ကို ကျယ်လောင်စွာ အော်ဖတ်ပြလိုက်သည်။
     “ငါသည် ဘက်စုံစစ်ဆေးမှုမှာ တပည့်သစ်များ၏ လေ့ကျင့်မှုများကို စစ်ဆေးအကဲဖြတ်ရန် ဂိုဏ်းမှ စေလွှတ်လိုက်ခြင်းခံရသူ ဖြစ်သည်၊ ဤတစ်လအတွင်း၌ ရှောင်လန်သည် အပြာရောင်နဂါးတံဆိပ်တစ်ခုကို ရယူနိုင်ခဲ့ပြီး သူသည် အဆင့်လေးဖြစ်သည်၊ ချူးယွင်သည် အပြာရောင်နဂါးတံဆိပ် နှစ်ခုကို ရယူနိုင်ခဲ့ပြီး  သူမသည် အဆင့်သုံးဖြစ်သည်၊ ဟောင်လုံသည် အပြာရောင်နဂါးတံဆိပ် သုံးခုကို ရယူနိုင်ခဲ့ပြီး သူသည် အဆင့်နှစ်ဖြစ်သည်၊ ဘက်စုံစစ်ဆေးမှုတွင် အဆင့်တစ်ရရှိသူကတော့... "

     ထိုသို့ပြောပြီးနောက် ရွှီချန် ခေတ္တမျှ တုံ့ဆိုင်း၍နေလေသည်။
    ထိုအချိန်တွင် သူ၏စကားများသည် အကြီးအကဲငါးယောက် နှင့် မိုလီအပါအဝင် အခြားအတွင်းစည်းတပည့်များအားလုံးကိုလည်း ဆွဲဆောင်ထားနိုင်ခဲ့သည်။
    ဟောင်လုံ‌က အဆင့်နှစ်ပဲရတယ်... ဒါဆို အဆင့်တစ်က ဘယ်သူလဲ...

    ထိုအခိုက်မှာပင် အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် စိတ်ထဲတွင်အလွန်ရှုပ်ထွေးလာပြီး နှုတ်မှ ရုတ်တရက် လွှတ်ခနဲ ထပြောလိုက်သည်။
     “ဘယ်သူ ပထမလဲ.. ဘယ်သူ ပထမလဲ.. စောက်ရေးထဲမှ... ‌ငါတိုကို ပြောစမ်းပါဟ"

     ရွှီချန်သည် သနားကမားအမူအရာဖြင့် စကားကိုဖြည်းဖြည်းချင်းပြောလိုက်လေသည်။
     “ပထမအဆင့်က ချင်နန်...  သူက အပြာရောင်နဂါးတံဆိပ် နှစ်ဆယ့်လေးခု ရခဲ့တယ်" (ချင်နန်က လင်းဇီရှောင်သေသွားတော့ သူ့ဆီက နှစ်ခုယူလိုက်တာပါ )

     ထိုစကားကို ကြားသည့်အခါ အကြီးအကဲငါးယောက်၊ မိုလီ နှင့် အတွင်းစည်းတပည့်သစ်များ အားလုံးသည် အလွန်အံ့အားသင့်သွားကြသည်။
    အကြီးအကဲတစ်ယောက်သည် မယုံကြည်နိုင်သည့်သဘောဖြင့်
    “ဘာ... မင်း ဘာပြောလိုက်တာ.. ရွှီချန်.. မင်းဟာက သေချာလို့လား..."

     “ကျွန်တော် အသေအချာကို အာမခံပါတယ်"
     ရွှီချန်သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစွာဖြင့်

     “ဘက်စုံစစ်ဆေးမှုမှာ အဆင့်တစ်က ချင်နန်ပဲ ဖြစ်ပါတယ်"

     ရွှီချန်၏ နောက်ထပ်တစ်ကြိမ် ထပ်၍ပြောဆိုသည်ကို ကြားရသည့်အခါ အကြီးအကဲ ငါးယောက်၊ မိုလီနှင့် အတွင်းစည်းတပည့်များ အားလုံးသည် ရုတ်တရက် သူတို့၏ စိတ်ထဲတွင် ပေါက်ကွဲသွားသလို ခံစားလိုက်ကြရပြီး အံ့ဩတုန်လှုပ်သွားကြလေသည်။

🐱🐱🐱🐱🐱

အပိုင်း(၉၄)စိန်တစ်ပွင့်ကဲ့သို့ တောက်ပမှု

     ထိုအချိန်တွင် အကြီးအကဲငါးယောက် နှင့် မိုလီတို့သာ အံ့အားသင့်သွားကြသည်မဟုတ်ဘဲ ဂွန်ယောင်၊ ရှောင်ချင်းရွှဲ့နှင့် အတွင်းစည်းတပည့်များအားလုံးသည်ပင် လုံးဝပင် အကြီးအကျယ် အံ့အားသင့်သွားခဲ့ကြသည်။
    
     ချင်နန်အပေါ် ယုံကြည်ချက် ကြီးကြီးမားမား ရှိနေသည့် ဂွန်ယောင်သည်ပင် ထိုမျှလောက်ထိ မမျှော်လင့်မိခဲ့ချေ။
     ချင်နန်က တကယ်ပဲ အဆင့်တစ်ရခဲ့တာလား...

     ထိပ်ဆုံးအဆင့်တစ် နှင့် အဆင့်ငါး လုံးဝပင်ခြားနားသည်မှာ အားလုံးအသိပင် ဖြစ်သည်။
     အဓိကကျသည်မှာ ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ်သာ ပိုင်ဆိုင်ထားသည့် ချင်နန်သည် ထိပ်တန်းဂျီးနီးယပ်နှစ်ယောက်ဖြစ်သည့် လင်းဇီရှောင် နှင့် ဟောင်လုံတို့ဖြင့် နှိုင်းယှဉ်ဖို့မဆိုထားနှင့် ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက် နေရာနှင့်ပင် လားလား မှ မသက်ဆိုင်ပေ။
    
     ထိုသို့သော အခြေအနေမျိုးတွင် ချင်နန်သည် အဘယ်သို့ အဆင့်တစ် ရခဲ့ပါသနည်း။
     
     ရွှီချန်သည် အကြီးအကဲငါးဦးကို သနားစဖွယ်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူက ဆက်လက်၍ ကျယ်လောင်စွာအော်ပြောလိုက်လေသည်။
     “ဘက်စုံစစ်ဆေးမှု၊ ရှေးဟောင်းစိတ်ညှို့ဝါးတောအတွင်း စမ်းသပ်မှုတွင် ချင်နန်သည် ခြေလှမ်းတစ်ထောင် အောင်မြင်ခဲ့သည်"
    
     ဘန်း.... (ဝုန်း)

     အကြီးအကဲငါးယောက်၊ မိုလီ၊ ဂွန်ယောင် နှင့် ရှောင်ချင်းရွှဲ့တို့၏ မျက်နှာအမူအရာများ လုံးဝပင်အံ့အားသင့်၍ မဆုံးဖြစ်နေကြသည်။
    
     ရှေးဟောင်းစိတ်ညှို့ဝါးတောမှာ ခြေလှမ်းတစ်ထောင်ကို ရောက်ရှိခဲ့တာလား...

     ထိုခြေလှမ်းသည် သမိုင်းအစဉ်အဆက်တစ်လျှောက် မည်သည့်ဂျီးနီးယပ်မျှ အောင်မြင်ခဲ့ခြင်း မရှိသည့် အရာပင် ဖြစ်သော်လည်း ချင်နန်က ထိုအရာကို အောင်မြင်ခဲ့သည်။

    
     ထိုအချိန်မှာပင် သူတိုအားလုံးသည် တစ်ခုခုကို နားလည်သွားပြီး ချင်နန် အဘယ်ကြောင့်  ပထမရသည်ကို သဘောပေါက်သွားကြသည်။
     ရှေးဟောင်းစိတ်ညှို့ဝါးတောအတွင်း ခြေလှမ်းတစ်ထောင် အောင်နိုင်သူသည် အပြာရောင် နဂါးတံဆိပ် အခုနှစ်ဆယ်ရမည်ကို သူတို့အားလုံးသိကြပြီး ဖြစ်သည်။
     ဤအခိုက်တွင် ချင်နန် ပထမရရှိခြင်း အကြောင်းအရင်းကို သိရှိသွားကြပြီ ဖြစ်သည်။

     “ဟား ဟားဟား ဟား..."
     ဂွန်ယောင်က အတော်ကြာသည်အထိ အံ့အားသင့် ငေးမောနေရာမှ ဦးစွာပထမ အားရပါးရ ရယ်မောလိုက်ပြီး
    “ငါ့ညီငယ်၊ ခြေလှမ်း ပေါင်းတစ်ထောင်ကို လှမ်းနိုင်ခဲ့တဲ့ မင်းအတွက် ငါ အရမ်းဂုဏ်ယူဝမ်းမြောက်တယ်၊ အထင်ကြီးစရာပါ၊ အရမ်းကို အထင်ကြီးစရာပဲ"

     ထိုအချိန်မှာပဲ ရှောင်ချင်းရွှဲ့သည် လည်း သူမ၏ အတွေးများကို ပြန်လည် စုစည်းလိုက်ပြီး သူမ၏ ညှို့မျက်လုံးများသည် လူအုပ်ကြီးနောက်၌ရှိသည့် ချင်နန်ဆီသို့ စူးရှတောက်ပသော အကြည့်ဖြင့် ငေးစိုက်ကြည့်လိုက်လေသည်။
     ‌ ချင်နန်သည် ဘက်စုံစစ်ဆေးမှု၌ အဆင့်ငါးအတွင်း မဝင်နိုင်လောက်ဟု သူမယုံကြည်ထားခဲ့သည်။ လွန်ရောကျွံ့ရော အဆင့်တစ်ဆယ်အတွင်းပဲ ဝင်နိုင်လိမ့်မည်ဟု သူမခန့်မှန်းထားခဲ့သည်။ သို့သော်လည်း ချင်နန်သည် ခြေလှမ်းတစ်ထောင် သမိုင်းသစ်ကိုရေးထိုးပြီး ဘက်စုံစစ်ဆေးမှုတွင် အဆင့်တစ်ကို ရနိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်မိခဲ့ပေ။

     ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ်သာပိုင်ဆိုင်တဲ့ ဘယ်လိုလူက ဘက်စုံစစ်ဆေးမှုမှာ အဆင့်တစ်ရနိုင်မှာလဲ....

     ချင်နန်ကသာ...

     ဂွန်ယောင်သည် ထိုသို့ရယ်မောပြောဆိုပြီးနောက် အကြီးအကဲငါးယောက် နှင့် မိုလီတို့ဘက်သို့ လှည့်ကာ ဝါးလုံးကွဲသံဖြင့် ရယ်ချလိုက်ပြီး
     “အကြီးအကဲတွေနဲ့ ဂျူနီယာညီငယ် မိုလီတို့.. စိတ်မကောင်းဘူး..၊ မင်းတို့အားလုံးက ‌သေကိုသေမှာလို့ ထင်ထားတဲ့ သေးဆုတ်နုံဖျင်းတဲ့ အမှိုက်ဆိုတဲ့သူက အခု မင်းတို့ အမြင်ပဲလေ..၊ ထိပ်ဆုံး‌ငါးယောက်အတွင်း ဝင်ရုံတင်မကဘူး အဆင့်တစ်ပါရလာပြီး သမိုင်းသစ်ကိုလည်း ရေးထိုးလိုက်သေးတယ်၊ မင်းတို့တွေအားလုံး ငါ့ကို ‌အင်ပါယာဆေးလုံးတွေ ပေးရတော့မယ်..."

     အကြီးအကဲငါးယောက် နှင့် မိုလီတို့သည် ထိုစကားကို ကြားသည့်အခါမှ နိုးနိုးကြားကြား ဖြစ်သွားကြသည်။  သူတို့အားလုံး၏ မျက်နှာများ ရှုံ့မဲ့ကုန်ကြပြီး နှုတ်ခမ်းများကို တင်းတင်းစေ့၍ ထားကြကာ အကြီးအကျယ်စိတ်ထိခိုက်နေကြသည်။
     သူတို့သည် ပိုင်ဆိုင်သမျှကို လောင်းကြေးထပ်လိုက်ပြီး အင်ပါယာဆေးလုံး ခုနှစ်သောင်းငါးထောင်ဟူသော ပြဿနာရပ်ကို ဖန်းတီးမိလိုက်လေသည်။
     သူတို့သည် လက်ရှိအခြေအနေမျိုးသို့ ပြန်ရောက်ရန် အနည်းဆုံး တစ်နှစ်မှ နှစ်နှစ်ထိ ကြာနိုင်သည်။ သို့မဟုတ်ပါကလည်း အချို့သော ထူးထူးခြားခြား အခြေအနေများနှင့် ကြုံကြိုက်မိမှသာလျှင် ယခုဆုံရှုံးမှုကြီးကို ပြန်လည်အဖတ်ဆယ်နိုင်မည်ဖြစ်သည်။
     အဓိကအကျဆုံးသည် ဂွန်ယောင်ပြောခဲ့သည့် အတိုင်းပင်၊ သူတို့အားလုံးက အထင်သေးခဲ့သည့် ချင်နန်သည် အကြီးအကျယ်အံ့ဩသွားစေသည့် အောင်မြင်မှုကို ရရှိခဲ့ပေသည်။
     
      ထိုအရာသည် သူတို့မျက်နှာများအား အားကုန်ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်ပြီး မျက်နှာတစ်ခုလုံး ပူထူ ရဲရဲနီကာ အငွေ့တထောင်းထောင်း ထစေခဲ့သည်။

    တစ်ချိန်ချိန်တွင် ချင်နန်သည် သူတို့အားလုံးထက် သာလွန်မည်မှာ သိသာနေပေသည်။
    သူတို့သည် ချင်နန်ကို လှောင်ပြောင်ခြင်းမျိုး၊ အထင်အမြင်‌သေးခြင်းမျိုး ပြုရဲပါဦးမည်လော..
    
    “ငါနိုင်တယ်... ငါတကယ်နိုင်ပြီပဲ.."
    အတွင်းစည်းတပည့်များကြားထဲမှ ချင်နန်ဘက်ကို ‌လောင်းမိလိုက်သူတစ်ယောက်သည် အပျော်လွန်၍ပင် နေလေသည်။
    “ဟားဟား ဟား... ငါနိုင်ပြီကွ၊ ချင်နန် မင်းက တကယ်ကို အံ့ဩစရာပဲ၊ မင်းက ဆရာကြီးပဲ"

    သူသည် သူပိုင်ဆိုင်သည့် အင်ပါယာဆေးလုံး ငါးရာကို  ဆုံးရှုံးရတော့မည်ဟုသာ တွေးထင်ထားခဲ့မိသည်။
     ဘယ်သူက ထင်မှာလဲ သူ့အတွေးနဲ့ ရလဒ်က ဆန့်ကျင်ဖက် ဖြစ်နေမယ်ဆိုတာ...

     အခြားသောအတွင်းစည်းတပည့်များသည်လည်း သူ၏ အဖြစ်ကို မြင်ရသည့်အခါ အလွန်နောင်တရမိနေကြသည်။
     ငါတို့တော့ ဘာလို့များ ချင်နန့်ဘက်က မလောင်းမိလိုက်တာလဲ....

     သို့သော်လည်း ထိုအချိန်တွင် မိုလီ၏ စူးရှရှအသံ ထွက်ပေါ်လာသည်။
    “ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...၊ မင်းတို့တွေ ယီးမလို့ ငါ့ကို လာနောက်နေတာလား၊ လင်းဇီရှောင်ကို ဘယ်လိုလုပ်ပြီး ချင်နန်က ယှဉ်နိုင်ရမှာလဲ... ၊ ဒါဆို ငါ့ကိုပြောစမ်း ရွှီချန် လင်းဇီရှောင်ကို ဘယ်သူသတ်တာလဲ... ၊ ဟောင်လုံမလား"
  
     မိုလီ၏ စူးရှရှအသံသည် အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

     အကြီးအကဲငါးယောက်အပါအဝင် ဂွန်ယောင် နှင့် ရှောင်ချင်းရွှဲ့တိုသည်ပင် မျက်မှောင်ကြုတ်၍သွားပြီး စိတ်ရှုပ်သွားကြသည်။
     လင်းဇီရှောင်နှင့် သူ၏နောက်ပါများ ဖြစ်ကြသည့် တပည့်သစ်နှစ်ရာကျော်တို့သည် ချင်နန် ဘက်စုံစစ်ဆေးမှုတွင် အဆင့်တစ်ရသည်ကို ဒီတိုင်းထိုင်ကြည့်နေလိမ့်မည်မဟုတ်ပေ။
 
      ဘက်စုံစစ်ဆေးမှုမှာ ဘာဖြစ်ခဲ့တာလဲ..

     ရွှီချန်သည် မိုလီအား စိုက်ကြည့်လိုက်ပြီး
    “စီနီယာမိုလီက သိ‌ချင်နေမှတော့ ပြောပြမယ်၊ လင်းဇီရှောင်ကို သုတ်သင်ပစ်လိုက်တဲ့သူကလည်း ချင်နန်ပဲ..."

     “**ဘာ**"
     မိုလီ အထိတ်တလန် နှင့် ထအော်လိုက်ပြီး
    “မင်း ဘာပြောလိုက်တာ... နောက်တစ်ခေါက် ထပ်ပြောစမ်းပါဦး..."

      ဂွန်ယောင် နှင့် ရှောင်ချင်းရွှဲ့တို့ အပါအဝင် အကြီးအကဲငါးယောက်နှင့် အတွင်းစည်းတပည့်များ အားလုံး အံ့ဩတုန်လှုပ် သွားကြသည်။ ရွှီချန်၏ စကားသည် မှန်၏လောဟူ၍ပင် သံသယဖြစ်မိ‌ကြသည်။
      လင်းဇီရှောင်ကို သတ်လိုက်ခြင်း နှင့် ရှေးဟောင်းစိတ်ညှို့ဝါးတောအတွင်း ခြေလှမ်းတစ်ထောင် လှမ်းနိုင်ခြင်း စသည့် အရာနှစ်ခုသည် ခြားနားသော သဘောတရားရှိသည့် အရာများဖြစ်သည်။ (ခြေလှမ်းတစ်ထောင် လှမ်းနိုင်ရုံနှင့် လင်းဇီ‌ရှောင်ကို သတ်နိုင်ဖို့ရာ မဖြစ်နိုင်‌သေး)
     ရှေးဟောင်းစိတ်ညှို့ဝါးတောအတွင်း ခြေလှမ်းပေါင်း တစ်ထောင် လှမ်းနိုင်ခြင်း၏ သော့ချက်သည် ခိုင်မာသော သိုင်းပညာနှလုံးသားပင် ဖြစ်သည်။ ချင်နန်သည် ထိုသို့ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ခြင်းသည် လက်ခံနိုင်သော အတိုင်းအတာ ရှိသေးသည်။
    သို့သော်လည်း ချင်နန်က သူ၏ သေးနုပ်သော ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ဖြင့် လင်းဇီရှောင်ကို အဘယ်သို့ သတ်နိုင်ခဲ့ရနည်း။
  
      ရွှီချန်က ပြန်မဖြေမီမှာပင် အေးဆေးသော ‌အသံတစ်သံကို ကြားလိုက်ကြရသည်။
     “ထားလိုက်ပါ စီနီယာအကို ရွှီချန်... သူကို့ ကျွန်တော်ကိုယ်တိုင်ပဲ ပြောပါရစေ"

     ထိုသို့သောစကား ပြောထွက်လာသူမှာ အခြားသူမဟုတ်..
     ချင်နန်..

     ချင်နန်၏ ပုံရိပ်သည် အဖြူရောင်ဒိုဂျိုအဆောက်အဦးအတွင်း လူအုပ်ကြီးထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
     လူအုပ်ကြီး၏ကြားထဲတွင် တပည့်သစ်များသည် ရိုသေလေးစားမှုရှိစွာဖြင့် နေရာများကို ဖယ်ကျဲ၍ ချင်နန့်အား လမ်းဖယ်ပေးကြလေသည်။
    ချင်နန်သည် လျှောက်လှမ်းလာရင်း အကြီးအကဲငါးယောက်၏ရှေ့သို့ ရောက်ရှိလာပြီးနောက် မိုလီကို တည့်တည့်ကြည့်လိုက်ပြီး
     “ငါ စိတ်မကောင်းပါဘူး၊ မင်းရဲ့ မျက်စိထဲမှာ အမှိုက်လို့မြင်တဲ့သူက ဘက်စုံစစ်ဆေးမှုမှာ လင်းဇီရှောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီ"
  
     မိုလီသည် လုံးဝထိတ်လန့် တုန်လှုပ်၍ သွားသည်။ သူသည် ရှောက်ယွန်းဟို နှင့် သူ၏ အဖွဲ့လူစုကို လှမ်းကြည့်လိုက်သည့်အခါ သူတို့အားလုံးက ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရလေသည်။
  
    ဝုန်း... .. ...

    ထိုအခါတွင် မိုလီ၏ စိတ်ထဲ၌ အလင်းတစ်ချက်လက်ကာ ပေါက်ကွဲထွက်သွားပြီး သူ၏စိတ်ဝိညာဉ်ပါ စုတ်ပြဲ၍သွားသည်ဟု ခံစားလိုက်ရသည်။
   
    ဂွန်ယောင် နှင့် ရှောင်ချင်းရွှဲ့အပါအဝင် အခြားအကြီးအကဲများ နှင့် အတွင်းစည်းတပည့်သိုင်းဧကရာဇ်များသည်ပင် စိတ်အတွင်း၌ ဟာလာဟင်းလင်း ဖြစ်ကုန်ကြသည်။
  
    ချင်နန် တကယ်ပဲ လင်းဇီရှောင်ကို သတ်လိုက်တယ်ပေါ့...

    ဘယ်လို ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ်ပြီးတော့လဲ...

    သို့သော်လည်း တပည့်သစ်သုံးရာကျော်တို့သည် မယုံနိုင်စရာ အမှန်တရားအတွက် ဘာအကွန့်မှ မတက်ကြဘဲ တိတ်တဆိတ် ရှိနေကြလေသည်။
    ချင်နန်သည် ခြေလှမ်းအဆုံးထိ လျှောက်နိုင်ခဲ့ရုံသာမက ထိပ်တန်းဂျီးနီးယပ်ကိုပင် သတ်နိုင်ခဲ့ခြင်းသည် မယုံနိုင်စရာ အံ့ဖွယ်တစ်ခုပင် ဖြစ်သည်။

     ထိုအချိန်တွင် လူတိုင်း၏ အကြည့်သည် ချင်နန့်ထံသို့ ရောက်ရှိနေကြပြီး သူတို့၏ ရှေ့တွင် မြင့်မားသော တောင်ကြီးတစ်တောင် ထွန်းလင်းနေသည်ဟု ခံစားနေကြရသည်။
  
     တပည့်သစ်များအားလုံး နားလည်လိုက်ကြသည့်တစ်ခုတည်းသောအရာမှာ သပ်ပါယကျွန်း ဘက်စုံစစ်ဆေးမှု ပြီးဆုံးသည့်နောက် ချင်နန်သည် စိတ်ဝိညာဉ်ဂိုဏ်းအတွင်း စိန်ပွင့်ပမာ တောက်ပလာတော့မည်ကိုပင်....

🐱🐱🐱🐱🐱

အပိုင်း(၉၅) ကြီးမားသည့် ကံကြမ္မာ

    “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "
     မိုလီ၏ လုံးဝမျက်နှာပျက်၍သွားပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ စူးစူးဝါးဝါးအော်ဟစ်လေတော့သည်။
     “ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်နဲ့ မင်းက လင်းဇီရှောင်ကို သတ်တာတဲ့လား..၊ မင်း ငါ့ကို စောက်ရူးများ မှတ်နေလား"

     မိုလီသာမက အကြီးအကဲငါးယောက် နှင့်  အတွင်းစည်းတပည့်များသည်ပင် မယုံကြည်နိုင်ဖြစ်နေကြသည်ကို သူတို့၏ မျက်နှာအမူအရာများ၌ တွေ့မြင်ရနိုင်သည်။
    ချင်နန်က သူ၏ လက်ရှိကျင့်ကြံမှုဖြင့် လင်းဇီရှောင်ကို တစ်ချက်တည်း အပြတ်သုတ်သင်နိုင်သည်ဟုဆိုခြင်းသည် နတ်သမီးပုံပြင်ကို နားထောင်နေရသလိုပင်။
   
     “‌ဪ..ဟုတ်လား..."
    ချင်နန်က ပြုံးလိုက်ပြီး ဆေဘာစွမ်းအင်များကို သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ထုတ်ဖော်လိုက်လေသည်။

     ထိုအရာကို မြင်သည့်အခါ အကြီးအကဲငါးယောက်နှင့် အတွင်းစည်းတပည့်များအပြင် ဂွန်ယောင် နှင့် ရှောင်ချင်းရွှဲ့တို့သည်ပင် အတော်အတန် အံ့ဩသွားကြသည်။
    
     “ချင်နန် မင်း.. သိမ်မွေ့နက်နဲ့အဆင့်ရဲ့ သေးငယ်သောအောင်မြင်မှုအဆင့်ကို ရောက်နေပြီ‌ပေါ့..."
    ရှောင်ချင်းရွှဲ့၏ ညှို့မျက်လုံးအစုံသည် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ ချင်နန်၏ ထူးခြားလှသော သိုင်းပညာပါရမီနှင့် သိုင်းပညာနှလုံးသားတို့က သူမကို စိတ်လှုပ်ရှားစေပြီးသည့်နောက် ယခုအခါ ချင်နန်က သိမ်မွေ့နက်နဲအဆင့်၏ သေး‌ငယ်သောအောင်မြင်မှုအဆင့်ကိုပင် ကျွမ်းကျင်နေသည်ကို မြင်တွေ့ရပြန်လေသည်။
   
    အကြီးအကဲများ နှင့် အတွင်းစည်းတပည့်များသည် သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ ချင်နန်တွင် လင်းဇီရှောင်ကို သတ်နိုင်သည့် ခွန်အားရှိသည်ဟု အခိုင်အမာယုံကြည်သွားနိုင်ခဲ့ကြသည်။

     မိုလီသည် ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ၏ ရှုံမဲ့နေသည့်မျက်နှာ အမူအရာသည်လည်း အံ့ဩတုန်လှုပ်မှုများဖြင့် အစားထိုး၍သွားလေသည်။
     ဒီမှာ ဘာတွေဖြစ်နေတာလဲ... ချင်နန်လို အသေးအမွှားပုရွက်ဆိတ်ကောင်က..၊ အမှိုက်ကောင်က၊ အစုတ်ပလုတ်ကောင်က၊ ဘယ်လိုလုပ်ပြီး သိမ်မွေ့နက်နဲအဆင့်ကို ရောက်ရှိနေတာလဲ...

     ယခုမှသာ မိုလီသည် အမှန်တရားကို နားလည်သွားလေသည်။
    မိုလီသည် သက်ပြင်းကို နက်ရှိုင်းစွာ ရှိုက်ချလိုက်ပြီး ညှိုးငယ်သွားသော မျက်နှာအမူအရာဖြင့်
     “ချင်နန်.. ငါ မင်းကို အချိန်တိုင်းမှာ အထင်အမြင်သေးခဲ့မိတယ်၊ မင်းရဲ့ ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်လေးနဲ့  ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်ရှိသူကို ရင်ဆိုင်ဆန့်ကျင်နိုင်လိမ့်မယ်လို့ ငါ မထင်မိခဲ့ဘူး၊ ဒါပေမယ့် မင်းက လင်းဇီရှောင်ကို သတ်လိုက်ကတည်းက မင်းနဲ့ ငါက ရန်သူတွေ ဖြစ်သွားပြီ"

     ထိုသို့ပြောပြီးနောက် မိုလီသည် သွားကို တင်းတင်းစေ့ကာ ကျောက်စိမ်းပုလင်း‌ငါးလုံးကို မြေပေါ်သို့ ပစ်ချကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
   
      “ဒီမိုလီက လင်းဇီရှောင်ထက် ပိုသတိထားရမယ့် ရန်သူပဲ၊ အခုလို ဖြစ်ခဲ့တာတောင် သူက သူ့ကိုယ်သူ မာန်ရှိနေတုန်းပဲ၊ နောင်အခါကျ ငါ အခွင့်အရေးရလာတော့ သူ့ကို လွယ်လွယ်နဲ့ အလွတ်မပေးဘူး"
     ချင်နန်သည် ထိုသို့ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သူသည် မိုလီ၏ ထွက်သွားသည့်ပုံရိပ်ကို ကြည့်နေရာမှ  မြေပြင်ပေါ်မှ ကျောက်စိမ်းပုလင်းများ ဆီသို့ အာရုံရောက်သွားသည်။
    ချင်နန်သည် အင်ပါယာဆေးလုံးများကို တစ်ခါမှ မမြင်ဖူးပေ။ ထိုဆေးလုံးများတွင်  ရှန်းရွှင်ဆေးလုံးထက် ချီစွမ်းအင်များ အနည်းဆုံး အဆတစ်ရာခန့်ထိ သာလွန်လိမ့်မည်ဟု  ချင်နန်က ခံစားရသည့်အခါ နှုတ်ခမ်းကိုပင် လျှာနှင့်သပ်မိလိုက်လေသည်။

     ထိုအချိန်တွင် ဂွန်ယောင်သည် သူ၏ အံ့အားသင့်မှုကို ပြန်၍ ချုပ်တည်းလိုက်ပြီး ရှေ့သို့ ခုန်ထွက်လိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း
    “အကြီးအကဲ ငါးယောက် နဲ့ကျန်တဲ့သူတွေ၊ ငါ့ရဲ့ ချစ်လှစွာသော ဂျူနီယာညီငယ်ကတော့ ဆေးလုံးတွေ ငါ့ကို ပေးပြီးပြီ၊ အခု မင်းတို့အလှည့်ပဲ"

     ထိုစကားကို ကြားသည့် အခါ အကြီးအကဲငါးယောက် နှင့် အတွင်းစည်းတပည့်များ၏ မျက်နှာများ ချက်ချင်းပင် ရှုံ့မဲ့သွားကြသည်။
     သို့သော်လည်း သူတို့သည် အလောင်းအစားကိုတော့ လျစ်လျူမရှုဝံ့ကြပေ။  ထို့ကြောင့် သူတို့၏ နာကျင်နေသည့်နှလုံးသားကို သည်းခံမြိုသိပ်ကာ သူတို့၏ ဆေးလုံးများကို ထုတ်လိုက်ကြသည်။
   
     မျက်စိတမှိတ်အတွင်းမှာပင် ကျောက်စိမ်းပုလင်းပေါင်းများစွာသည် ဂွန်ယောင်၏ ရှေ့၌ စုပုံလာလေသည်။ ထိုအရာများမှ   ထွက်ပေါ်လာသည့် ချီစွမ်းအင်များသည် လူတိုင်းကို အံ့ဩသွားစေနိုင်လောက်သည်။
    
     “ကောင်းတယ်... ကောင်းတယ် ကောင်းတယ်၊ အလွန်များပြားလှသော အင်ပါယာဆေးလုံးများကို ကြည့်ရင်း ဂွန်ယောင်သည် ရင်ခုန်သံတွေ ထိန်းမရသိမ်းမရ ဖြစ်လာပြီး စိတ်လှုပ်ရှားနေသော လေသံဖြင့်
     “ချင်နန်...  မင်းကြောင့်သာမဟုတ်ရင် ငါဒီဆေးလုံးတွေ အများကြီးကို နိုင်မှာမဟုတ်ဘူး၊ အကြီးအကဲငါးဦးက မင်းကို ဆုလာဘ်တွေ ချီးမြှင့်ပြီးရင် အချို့တဝက်ကို မင်းကို ပေးပါမယ်"

     ထိုစကားကိုကြားသည့်အခါ ချင်နန်သည် ခေါင်းကိုမော့၍ အကြီးအကဲ ငါးယောက်ကို လှမ်းကြည့်လိုက်သည်။
     အဖြူရောင်ဆံပင်နှင့် အကြီးအကဲက ချင်နန်ကိုကြည့်ကာ အားထည့်၍ပြုံးလိုက်ပြီး
    “ဟုတ်ပြီ... ဘက်စုံစစ်ဆေးမှုအတွက် ဆုလာဘ်တွေ ပေးမယ်"

     ထိုသိုပြောပြီးနောက် အဖြူရောင်ဆံပင်နှင့် အကြီးအကဲ၏ လက်ချောင်းများမှ အလင်းတန်းတချို့ ထွက်ပေါ်လာပြီး ဟောင်လုံ၊ ရှောင်လန် နှင့် ချူးယွင်တို့၏ ကိုယ်ပေါ်သို့ ရောက်ရှိ၍သွားသည်။
     ထို့နောက် အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပုလင်း တစ်ခုကို ဖော်လိုက်သည်။ ထို့နောက် သူက ချင်နန့်ကို အကြံပေးလိုက်လေသည်။
     “ဒါက ရွှေကိုးပတ်ဆေးလုံး၊ မင်း ဒီဆေးလုံးကို  ရှင်တန်အဆင့်ရောက်မှာ သုံးစွဲရင် ပိုပြီး အကျိုးကျေးဇူးထိရောက်လိမ့်မယ်"

    “ဒါပေ့ါ"

     ချင်နန်သည် ခေါင်းကို ညိတ်လိုက်ပြီး ထိုကျောက်စိမ်းပုလင်းကို ရှည်ရှည်ဝေးဝေး စစ်ဆေးမနေပဲ လက်ခံရယူလိုက်သည်။ 
    
     “ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ခြေလှမ်းတစ်ထောင်နဲ့ သမိုင်းတင်နိုင်ခဲ့တဲ့ မင်းကို ဂိုဏ်းကနေ ဆုချီးမြှင့်မယ်"
     အဖြူရောင် ဆံပင်နှင့် အကြီးအကဲက ဆက်၍
    “ဂိုဏ်းရဲ့ကိုယ်စား အခု ငါမင်းကို  ရှန်းရွှင်ဆေးလုံးတစ်သိန်းနဲ့ သိုလှောင်အိတ်ကို ဆုချမယ်"

     ထိုသို့ပြောပြီးနောက် အဖြူရောင်ဆံပင် နှင့် အကြီးအကဲသည် သူ၏ ရင်ဘတ် အိတ်ကပ်မှ ခရမ်းရောင်ခပ်ဖျော့ဖျော့ အိတ်ကို ထုတ်၍ ချင်နန့်အား ပေးလိုက်သည်။
     ထိုအရာကို မြင်ရသည့်အခါ အတွင်းစည်းတပည့်များသည်ပင် အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာများတွင် မနာလိုမှုများဖြင့် ပြည့်နှက်၍လာလေသည်။
     ရှန်းရွှင်ဆေးလုံးတစ်သိန်းသည် အင်ပါယာ‌ဆေးလုံးတစ်ထောင် နှင့် ညီမျှပေသည်။ နောက်ထပ်အနေဖြင့် သိုလှောင်အိတ်သည် ပို၍တန်ဖိုးကြီးပြီး  အတွင်းစည်းတပည့်များ၌ပင် တစ်ယောက်တစ်အိတ် ပိုင်ဆိုင်ကြခြင်း မရှိပေ။
   
    “ရှန်းရွှင်ဆေးလုံးတစ်သိန်းအပြင် သိုလှောင်အိတ်ကောလား"
    ချင်နန်သည် အလန့်အကြားဖြင့် မယုံကြည်နိုင်လောက်အောင်ဖြစ်၍သွားသည်။ သူသည် ထိုသို့ တုန်လှုပ်ဖွယ်ရာ ဆုလာဘ်ကြီးကို ရရှိလာလိမ့်မည်ဟု မ‌ထင်မိခဲ့ပေ။
     ထိုအချိန်တွင် ချင်နန်သည် ခိုင်မာသော သိုင်းပညာနှလုံးသား ရှိသော်လည်း ထိုအဖြစ်ကို အိပ်မက်တစ်ခုလို ခံစားနေရသည်။
     ကံအားလျော်စွာဖြင့် ချင်နန်သည် လူအုပ်ကြီးထဲတွင် အားလုံး၏ အာရုံစိုက်ခံနေရသည်ကို သိခဲ့ရသည့်အတွက် သူ၏ ခံစားချက်ကို ချုပ်တည်းလိုက်သည်။ သူသည် ချက်ချင်းပင် စိတ်ကို လျော့ချလိုက်ပြီး သိုလှောင်အိတ်ကို မှင်သေသေ မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
   
      “ဒီမှာပဲ ဘက်စုံစစ်ဆေးမှုက ပြီးဆုံးပြီ၊ အပြင်စည်း အကြီးအကဲတွေ  လာပြီး မင်းကို အပြင်စည်း နယ်‌မြေကို ခေါ်သွားလိမ့်မယ်"
    ဆုလာဘ်များ ချီးမြှင့်ပြီးနောက် ဆံပင်အဖြူရောင်နှင့် အကြီးအကဲသည် ထပ်ပြီး အချိန်ကုန်မခံတော့ဘဲ အခြားအကြီးအ‌ကဲ လေးယောက်နှင့်အတူ ထွက်ခွာသွားလေသည်။
     အကြီးအကဲ ငါးယောက်သည် ချင်နန်အား ယခင်က လှောင်ပြောင်ခဲ့ပြီး ရိုင်းပြစွာ ဆက်ခံမိခဲ့သည့်အတွက် ထိုနေရာတွင် ဆက်၍ မနေလိုတော့ပေ။

     တစ်ချိန်တည်းမှာပင် လူများ အားလုံးနီးပါးသည်လည်း ချင်နန်အား အထင်မြင်သေးခဲ့မိသည့်အတွက် သူတို့ ပိုင်ဆိုင်သမျှ အရာ အားလုံးကို ဆုံးရှုံးခဲ့ရလေသည်။
     ထို့ကြောင့် ယခုအခါတွင် သူတို့သည် စိတ်ပျက်အားလျော့နေကြမည်မှာ အထင်အရှားပင်။

      အကြီးအကဲများသည် အလျှင်အမြန် ထွက်ခွာသွားသည့်အတွက် ချင်နန် အံ့အားသင့်၍ သွားသည်။ သူတို့သည် ယခင်က သူ့အား ‌ရိုင်းပြစွာ ဆက်ဆံခဲ့သည်ကို ချင်နန်က မှတ်မိနေဆဲပင် ထို့ကြောင့်လည်း ဤနေရာတွင် သူတို့အား ပြန်လည်ပေးဆပ်စေရန် စီစဉ်ခဲ့သည်။
    
     တပည့်များသည် ရရှိသည့် ဆုကြေးများကို မြင်ရသည့်အခါ မနာလိုဖြစ်ကြရုံမှတပါး အခြားဘာမျှ မစဉ်းစားရဲကြချေ။

     “ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး..."
     ‌ဂွန်ယောင်က ပြုံးလိုက်ပြီး
     “ချင်နန်၊ ရှောင်ချင်းရွှဲ့ ငါ့နောက်လိုက်ခဲ့"

     ချင်နန် နှင့် ရှောင်ချင်းရွှဲ့တို့၏ မျက်နှာများ တောက်ပ၍သွားပြီး တစ်ဦးနှင့် တစ်ဦးသည် ပျော်ရွှင်စွာပင် အကြည့်ချင်းဆုံလိုက်ကြသည်။ သူတို့နှစ်ယောက်သည် ဂွန်ယောင်၏ နောက်သို့ လိုက်လာခဲ့ပြီး လူအုပ်ကြီး၏ အမြင်မှ ပျောက်ကွယ်သွားခဲ့သည်။
    
     မကြာမီအချိန်မှာပင် စိတ်ဝိညာဉ်ဂိုဏ်းအတွင်း၌ ထိုသတင်း ပျံ့နှံ့သွားပြီး လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
    
      ဘက်စုံစစ်ဆေးမှုမှာ  ချင်နန်လို့ ခေါ်တဲ့ ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်သာရှိတဲ့ တပည့်တစ်ယောက်က ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိတဲ့ ထိပ်တန်းဂျီးနီးယပ်ကို သတ်ပစ်လိုက်တယ်တဲ့...

     အဲဒါတင် မကသေးဘူး ချင်နန်ဆိုတဲ့ အဲဒီသူက ရှေးဟောင်းစိတ်ညှို့ဝါးတောမှာ ခြေလှမ်းတစ်ထောင် အောင်နိုင်ခဲ့တဲ့ ပထမဆုံးသူတဲ့...

     ခြေလှမ်းတစ်ထောင်ဆိုတာ ဘာကို ဆိုလိုတာလဲ...
    စိတ်ဝိညာဉ်ကျောင်းရှိ ‌အကြီးအကဲများအပါအဝင် တပည့်များအားလုံးသည် ဘက်စုံစစ်ဆေးမှု၌ ပါဝင်ခဲ့ဖူးကြသည့်အတွက် ရှေးဟောင်းစိတ်ညှို့ဝါးတော၏ အခက်အခဲကို ကောင်း‌ကောင်း နားလည်သဘောပေါက်ကြလေသည်။
      ယခုအခါတွင် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်သာ ရှိသူသည် ခြေလှမ်းတစ်ထောင်ကို အောင်မြင်နိုင်ခဲ့ သောအခါ အဘယ်သို့ မအံဩဘဲ နေနိုင်ပါမည်နည်း။
   
     ထိုအခိုက်၌ စိတ်ဝိညာဉ်ဂိုဏ်းအတွင်းရှိ လူတိုင်း၏ နှုတ်ဖျားတွင် ချင်နန်၏ နာမည်သည် ချက်ချင်းပင် ဆိုစမတ်တွင်သွားလေသည်။

Continue Reading

You'll Also Like

557K 75.5K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
62.1K 6.2K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
32.7K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
46.4K 4.5K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...