အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.6K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၈၆ မှ ၉၀

599 64 0
By Azure5549


အပိုင်း(၈၆) တိုက်ပွဲစတင်ခြင်း

     အတွင်းစည်းတပည့်ဖြစ်သည့် ရွှီချန်သည်ပင် ချင်နန်၏ စကားကြောင့် အံ့အားသင့်သွားခဲ့သည်။
      ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်နှင့် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်သာ ရှိသူက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်နှင့် ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်ရှိသူကို  စတင်ပြီးစိန်ခေါ်သည့် မြင်ကွင်းကို  ရွှီချန် ပထမဦးဆုံးမြင်ဖူးခြင်းပင်ဖြစ်သည်။

     သူ၏ လက်ရှိ‌အခြေအနေသည် မိမိကိုယ်ကို သတ်သေနေတာနှင့် ထူးမခြားနားပင် မဟုတ်ပါလား...

     နေ‌ရာတစ်ခုလုံး ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်တွင် တီးတိုးဝေဖန်ပြောဆိုသံများဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်လာခဲ့သည်။

    “အို ဘုရားရေ၊ လင်းဇီရှောင်ကို ဒဲ့စိန်ခေါ်တာပဲ၊ ချင်နန်ရူးနေတာလား..."

     “ဟန့်... ငါ ဒီနေ့ မာနထောင်လွှားခြင်း၊ ရူးသွပ်ခြင်းနဲ့ ပတ်သက်ပြီး သင်ခန်းစာကောင်းကောင်းရလိုက်ပြီ၊ ချင်နန်က ဥပမာကောင်းပဲ"

    “သောက်တလွဲပါကွာ၊ ချင်နန်က သူ့အသက်ကိုသူ မနှမြောဘူးလား၊ သူနဲ့ လင်းဇီရှောင်က တခြားစီပဲကို၊ သူဘာလို့များ ဒီလို စိန်ခေါ်ရတာလဲ"

    “ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရှိတဲ့ ဂျီးနီးယပ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိတဲ့ ထိပ်တန်းဂျီးနီးယပ်၊ ဒီလောက် ကွာခြားတာကို၊ ကိုယ့်ကိုယ်ကို သတ်သေနေတာပါကွာ"

    “.... "

     တပည့်သစ်များသာမက ရှောင်လန်၊ ချူးယွင် နှင့် ဟောင်လုံတို့သည်ပင် အံ့အားသင့်၍ မဆုံး ဖြစ်နေကြသည်။
    ချူယွင်က ဦးစွာ ရုတ်တရက် စကားတစ်ခွန်းကို လွှတ်ခနဲ ပြောလိုက်သည်။
     “ဂျူနီယာမောင်လေး ချင်နန်၊ မဆင်မခြင် မလုပ်နဲ့"

     သူမသည် ထိုသို့ပြောလိုက်ပြီးနောက် စကားကိုရပ်လိုက်ကာ ရှောင်လန်နှင့် ဟောင်လုံသို့ဖက်သို့ လှည့်ကြည့်လိုက်သည်။ သူမ မျက်လုံးအတွင်း၌ ကူရာမဲ့ဖြစ်နေပြီး အကူညီတောင်းသည့် အရိပ်ယောင်များ ရစ်သိုင်းလို့နေသည်။
    သူတို့သည် ချင်နန်နှင့် သိပ်မကြာခင်အချိန်ကမှ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သော်လည်း သူ့၏ ဆုံးဖြတ်ချက်ကိုတော့ မည်သူကမျှ ပြန်ပြင်စေဖို့ မတတ်နိုင်ကြမှန်း သူတို့ကောင်းကောင်းသိကြသည်။
    သူတို့သုံးယောက်သည် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး မှားယွင်းချွတ်ချော်မှု တစ်ခုခုဖြစ်၍ ချင်နန် အသတ်ခံရမလို ဖြစ်လာခဲ့ပါက ချက်ချင်းဝင်ရောက်တိုက်ခိုက်ရန် သူတို့၏ စိတ်ထဲ၌ ဆုံးဖြတ်ထားကြလေသည်။

    တစ်ချိန်တည်းမှာလည်း လင်းဇီရှောင်သည် ချင်နန်က သူ့ကို တိုက်ရိုက် စိန်ခေါ်ခြင်း ခံလိုက်ရသည့်အတွက် သူ၏ မျက်နှာအမူအရာက ခံစားချက်မဲ့၍သွားပြီး မတ်တပ်အနေအထားဖြင့် ရပ်တန့်၍နေလေသည်။
     သူ၏ ရင်ထဲမှ အမုန်းတရားသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိလာခဲ့ပြီး သူ၏ ချင်နန့်ကို သတ်ဖြတ်ချင်စိတ်ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူ့ကို ချင်နန်က စတင်စိန်ခေါ်လိမ့်မည်ဟု သူ မထင်မိခဲ့။
    ဒီကောင်က င့ါကို စိန်ခေါ်ရဲတဲ့သတ္တိ ဘယ်ကများ ရတာလဲ...

      “ငါက ဘာလို့ မင်းနဲ့ တစ်ယောက်ချင်း တိုက်ရမှာလဲ"
     လင်းဇီရှောင်သည် ပင့်သက်ရှိုက်ချလိုက်ပြီးနောက် အေးစက်စွာဖြင့်
   “အခု ငါ့မှာ ဂျီးနီးယပ် အယောက်ငါးဆယ်ကျော်ရှိတယ်၊ မင်းတို့က လေးယောက်ထဲ(တည်း)၊ တိုက်ခိုက်ကြရင် မင်းတို့ကောင်တွေ အကုန်သေမှာ အသေအချာပဲ၊ ငါမင်းနဲ့ တစ်ယောက်ချင်းမတိုက်ချင်ဘူး၊ ငါ့ရဲ့ အစီအစဉ်က မင်းတို့အားလုံးကို သတ်ဖို့ပဲ"

    ဤအချိန်တွင် လင်းဇီရှောင်က ချင်နန်၏ စိန်ခေါ်မှုကို ငြင်းပယ်လိုက်ပြီပင်ဖြစ်သည်။
    သူသည် ချင်နန်ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သည်။ အကြိမ်တိုင်းတွင် သူ့ကိုယ်သူ အောင်နိုင်သူအဖြစ် ထင်မြင်မိခဲ့သည်။ သို့သော် အရှုံးသမားချည်း ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူ အနည်းငယ် စိုးထိတ်နေမိသည်။
    
     လင်းဇီရှောင်၏ စကားလုံးများသည် လူအားလုံးကို ကြက်သေ သေသွားစေခဲ့သည်။
     လင်းဇီရှောင်သည် ချင်နန်၏ စိန်ခေါ်မှုကို အထူးသတိထားစဉ်းစားပြီး ငြင်းပယ်လိမ့်မည်ဟု သူတို့မထင်ခဲ့ကြပေ။
    
     တစ်ဖက်မှာတော့ ချင်နန်က ထိုစကားကို ကြားသည့်အခါ ပြုံးလိုက်ပြီး
    “မင်းက ငါ့ရဲ့စိန်ခေါ်မှုကို ငြင်းပယ်လိမ့်မယ်လို့ မထင်မိဘူး၊  သိုင်းပညာပါရမီ နဲ့ သိုင်းပညာနှလုံးသား ယှဉ်ပြိုင်မှုတွေမှာ မင်းက ရှုံးနိမ့်ခဲ့တာကိုး၊ ဒီ‌အကြောင်းကြောင့် မင်းက ဒီနှစ်ယောက်ကြားတိုက်ပွဲမှာ ထပ်ရှုံးမှာ ကြောက်နေတာပဲ"

     ထိုစကားများသည် လင်းဇီရှောင်၏ စိတ်ကို ဆွနေမှန်း အသိသာကြီးပင် ဖြစ်သည်။

     ထိုအခိုက်တွင် လင်းဇီရှောင်၏ မျက်နှာ ပုပ်သိုးသွားသည်ကို လူများအားလုံးက မြင်လိုက်ကြရသည်။
      ထိုစကားလုံးတွေက အနာဟောင်း တုတ်ဖြင့်လာဆွနေသကဲ့ပင်။

      “ကောင်းပြီ... ကောင်းပြီ ကောင်းပြီ"
      လင်းဇီရှောင်သည် ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်ပြီးနောက် သူ၏ မျက်လုံးအတွင်း ရက်စက်ခြင်း အရိပ်ယောင်များ အပြည့် ဖုံးလွှမ်းလာကာ
      “ချင်နန်..... .....  မင်းက ငါ့ကို လှောင်ရဲတယ်ပေါ့၊  မင်းရဲ့ ဆန္ဒကို ဖြည့်ပေးမယ်၊ မင်းရဲ့ သောက်သုံးမကျတဲ့ ကျင့်ကြံမှုအဆင့်နဲ့ ငါ့ကို ဘယ်လို အနိုင်ယူမလဲ ကြည့်ကြသေးတာပေါ့"

     ထိုသိုပြောပြီးနောက် လင်းဇီရှောင်သည် လူအုပ်ကြီး၏ ရှေ့မှ ခုန်ထွက်လာပြီး သူ၏ ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်နှင့်အတူ ပြင်းထန်သည့် အော်ရာများကို ထုတ်လွှတ်လိုက်သည်။
    
     ထိုအချင်းအရာကို မြင်တွေ့လိုက်ရသည့် တပည့်များအဖို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
    
     လင်းဇီရှောင်သည် ချင်နန်နှင့် တစ်ယောက်ချင်းတိုက်ရန် စိန်ခေါ်သည်ကို ငြင်းဆိုလိုက်ပြီးနောက် ချင်နန်က အနာကို တုတ်ဖြင့် မရမကဆွခဲ့သည်။ ထိုအရာသည် သူ့သေတွင်းသူ တူးနေတာမဟုတ်ပါလော။
     ချင်နန်က ရှေးဟောင်းစိတ်ညှို့ဝါးတောကို ခြေလှမ်းပေါင်းတစ်ထောင် လျှောက်လှမ်းနိုင်ပြီး သမိုင်းသစ်ကို ရေးထိုးနိုင်တာနဲ့ပဲ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသွားပြီ ထင်နေတာလား

       သိုင်းပညာနှလုံသားနှင့် ကျင့်ကြံမှုသည် သဘောတရားချင်း မတူညီပေ....

     ထိုအရာကို မြင်သည့်အခါ ရှောင်းယွန်းဟို၊ သွမ့်မုရန်း နှင့် အခြားဂျီးနီးယပ်များသည်  သူတို့၏ အံ့အားသင့်မှုများကို ဖုံးကွယ်လိုက်ကြသည်။ ရှောင်ယွန်းဟိုသည် မျက်နှာပိုးသပ်လိုက်ပြီးနောက် လှောင်ပြောင်ရယ်မောကာ
     “ချင်နန်.... စီနီယာအကို လင်းဇီရှောင်ကို ဒီလို ရန်စရဲတဲ့သတ္တိမျိုး ကမ္ဘာပေါ်က ဘယ်သူက မင်းကို ပေးထားလို့ပါလိမ့်၊ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က ငါ့ရဲ ပြိုင်ဘက်ဝောင် မဖြစ်နိုင်ဘူး၊ စီနီယာအကို လင်းဇီရှောင်ကို စိန်ခေါ်ရဲတဲ့သတ္တိ ဘယ်ကရတာလဲ..."
    
     အခြားဂျီးနီးယပ်များ အားလုံးသည်လည်း သူတို့ထင်မြင်သလို လှောင်ပြောင်ပြောဆိုကြလေသည်။
   
     “သူရဲ့ ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ် မဖြစ်သလောက်လေးရယ်၊ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်အစုတ်ပလုတ်လေးရယ်နဲ့ သူ့ကိုယ်သူ အယုံလွန်ပြီး ရင်ဆိုင်ရဲတယ် ဟားဟားဟား"

     “ဟဟ.. ငါ့အထင် ချင်နန်က ခြေလှမ်းတစ်ထောင်လှမ်းနိုင်တယ်ဆိုပြီး သူ့ကိုယ်သူ ဂုဏ်မောက်နေတာပဲ"

     “ငါလောင်းရဲတယ် စီနီယာအကိုလင်းဇီရှောင်က ချင်နန့်ကို တိုက်ကွက် သုံးကွက်တည်းနဲ့ အနိုင်ယူလိမ့်မယ်"

     “... ... ..."

     ထိုသို့ ဂျီးနီးယပ်များ၏ လှောင်ပြောင်သံများကို ကြားရသည့်အခါ ချူးယွင်တို့ လူသုံး‌ယောက်သည် မကျေမချမ်း ဖြစ်၍လာပြီး အကူညီမဲ့၍ ထွက်ပေါက်ပိတ်သလို မွမ်းကြပ်မှုကို ခံစားလာကြရသည်။ သူတို့သည် ချင်နန်၏ စိတ်ကို ဘယ်လိုပြောင်းလဲအောင် ကြိုးစားရမှန်း ကြံရာမရ ဖြစ်နေကြသည်။
     သူတို့၏ ရှေ့မှ တိုက်ပွဲကိုသာ အပြည့်အဝ အာရုံစိုက်ထားရန်သာ ရှိတော့ပြီး၊ အမှားအယွင်း တစ်စုံတစ်ရာဖြစ်လာပါက ချင်နန်ကို အင်တိုက်အားတိုက်ဖြင့် ကယ်တင်ရန် ကြိုးစားရတော့မည်ပင် ဖြစ်သည်။

   
     ထိုအခိုက် ချင်နန်သည် လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းဇီရှောင်အား စိုက်ကြည့်လိုက်ကာ လှောင်ပြောင် ရယ်မောလေတော့သည်။
    “လင်းဇီရှောင်...  ငါမင့်ကို အစက အရှက်မရှိတဲ့‌ကောင်၊ ကြောင်သူတော်၊ လူယုတ်မာ၊ ဘဝင်မြင့်နေတဲ့ကောင်ပဲလို့ထင်ထားတာ၊ ဒါပေမယ့် မင်းရဲ့ လက်ရှိဆုံးဖြတ်ချက်ကြီးက အထင်ကြီးစရာပဲ ။ ကဲ အရေမရအဖတ်မရတွေ အသာထားလိုက်၊ အခု မင်းဘာလုပ်နိုင်လဲ ပြစမ်းပါ"

    ထိုသို့ပြောဆိုပြီးနောက် ချင်နန်သည် တိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်။ သူ၏ အမူအရာသည်လည်း သူ စိတ်လှုပ်ရှားလာကို ဖော်ပြနေပေသည်။

      နတ်ဘုရားသိုင်းဝိညာဉ်၏ လွှမ်းမိုးမှုအောက်တွင် ချင်နန်သည် သူ၏စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး သူ့ထက် အင်အားကြီးသည့် သူများကို ‌ဆန့်ကျင်တိုက်ခိုက်ရန် ပြင်းထန်သည့် တိုက်ပွဲဆန္ဒ ဖြစ်ပေါ်၍လာလေသည်။ သူသည် ကြောက်လန့်နေခြင်း မရှိဘဲ စိတ်လှုပ်ရှားမှုက ပြင်းထန်သည့် တိုက်ပွဲဆန္ဒကို ဖြစ်ပေါ်စေခဲ့သည်။

     “ဒါကို မြည်းကြစမ်း...."

      ချင်နန်၏ ပုံစံကို လင်းဇီရှောင်မြင်သည့်အခါ ဒေါသမီးများ တောက်လောင်လာခဲ့ပြီး သူ၏ ပုံရိပ်သည် ချက်ချင်းပင် အလင်း၏ အမြန်နှုန်းအတိုင်း ရှေ့သို့ပြေးထွက်၍သွားသည်။ ထို့နောက် ချင်နန်အနားရောက်သွားသည့်အခါ သူ၏ လက်သီးကိုဆုပ်လိုက်ပြီး ချင်နန်အား ထိုးနှက်လိုက်သည်။

     ထိုလက်သီးထိုးချက်တွင် အလွန်ကြောက်မက်ဖွယ် ပြင်းထန်လွန်းသည့် အင်အားများ ပါဝင်ပြီး တုန်လှုပ်ခြောက်ခြားသွားစေနိုင်‌လောက်သည်။
      ထိုစွမ်းအားသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ် စွမ်းအားများ ဖြစ်ပြီး လက်နက်နှင့်တစ်သားတည်း ကြီးမားသောအောင်မြင်မှုအဆင့်၏ စွမ်းအင်များ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

     ထိုအချိန်တွင် တပည့်သစ်များ အားလုံး၏ မျက်နှာ၌ အလွန် အံ့အားသင့်နေကြသည်။
     သူတို့သည် လင်းဇီရှောင်၏ စွမ်းအားအပြည့်ဖြင့် ဖြိုခွင်းလိုက်သည့် လက်သီးသည် တောင်တစ်လုံးကို ဖြိုခွဲ၍သွားသလို ခံစားလိုက်ကြရပြီး ထိုစွမ်းအားသည် သူတို့ထင်ထားသည်ထက်ပင် ကျော်လွန်၍ နေပေသည်။
     ပြင်းထန်စွာ ဖြိုခွင်းလိုက်သည့် လက်သီးချက်သည် သူတို့အားလုံးကို တုန်လှုပ်သွားစေနိုင်ခဲ့သည်။ အလွန်ကြောက်စရာကောင်းသော လက်သီးချက်ပင်ဖြစ်သည်။

      “အို ဘုရားရေ၊ အရမ်းကြောက်စရာကောင်းတာပဲ၊ ဒါက လင်းဇီရှောင်ရဲ့ စွမ်းရည်ပေါ့။

     “ငါသာ သူနဲ့ ရင်ဆိုင်ရရင် ပထမတစ်ချက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး"

     “အဟန့်... ပွဲကတော့ စပြီဟေ့...၊ လင်းဇီရှောင်ကတော့ အစကတည်းက ပြင်းပြင်းထန်ထန် တိုက်လိုက်ပြီ၊ဒီတစ်ကြိမ်တာ့ ချင်နန် အခွင့်အ‌ရေးမရှိတော့လောက်ဘူး၊  ငါတောင် ကြက်သီး‌တွေထတယ်..."

      “ဒါကို ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကိုးရှိတဲ့ ထိပ်တန်းဂျီးနီးယပ်တောင်  တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ သေချာတယ် ချင်နန်တော့ သေပြီ"

   “... ...  ..."

     လူတိုင်းသည် သူတို့၏ ခေါင်းများကို ‌ရမ်းခါနေကြပြီး ဆူဆူညံညံ ဖြစ်လာကြသည်။ သူတို့သည် လက်သီးချက်မှ ရင်ဆိုင်လွတ်မြောက်နိုင်မည် မဟုတ်ဟု ထင်မြင်ယူဆထားကြသည်။

     သို့သော်လည်း၊ ထိုအချိန်တွင် ချင်နန်သည် နောက်ဆုံး၌ လှုပ်ရှားလိုက်သည်။

🐱🐱🐱🐱🐱

အပိုင်း(၈၇) ဆေဘာစွမ်းအင် ထုတ်ဖော်ပြသခြင်း

     ချင်နန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သောဆေဘာစွမ်းအင်များထွက်ပေါ်လာပြီး ဆေဘာဓားတစ်လက်ပုံစံ ပြောင်းလဲသွားသည်။
     ထို့နောက် အေးစက်သော ဆေဘာစွမ်းအင်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆောင်းတွင်းရောက်သွားသည့်ပမာ ချမ်းစိမ့်သွားကြသည်။
     ထိုမြင်ကွင်းသည် လူတိုင်းအား အံ့ဩတုန်လှုပ်သွားစေသည်။

     ဒီစွမ်းအားက ဘာလဲ...

     ဘာ့ကြောင့် ဒီဆေဘာစွမ်းအင်က တအားကြောက်ဖို့ကောင်းနေတာလဲ...
    
     “ ဒါက.... "

     သတ်ဖြတ်ချင်စိတ်များဖြင့် အလွန်ပြင်းထန်စွာ တိုက်ခိုက်လိုက်သည့် လင်းဇီရှောင်၏ လက်သီးချက်ကိုပင် ဆေဘာစွမ်းအင်များက လွှမ်းမိုးသွားသဖြင့် သူ၏မျက်နှာ ပုပ်သိုးသွားသည်။

     “ ဝှစ် "

     ချင်နန် တစ်ချက်ဟစ်လိုက်ပြီးနောက် ဆေဘာဓားပုံရိပ်သည် ချက်ချင်းပင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လင်းဇီရှောင်ကို အပေါ်က ပိုင်းချသွားသည်။

     “ ဘန်း "
 
     လူအုပ်ကြီးသည် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးကိုသာ ကြားလိုက်ရသည်။ ထို့နောက်တွင် ဝန်းကျင်တစ်ခုလုံး လေပြင်းများ တိုက်ခတ်သွားသည်။
     လင်းဇီရှောင်သည် ခြေဆယ်လှမ်းခန့်ထိ လွင့်စင်သွားပြီး ပြင်းထန်သည့် အင်အားကြောင့် သူ လွင့်စင်သွားရာတစ်လျှောက်တွင် စွတ်ကြောင်းရာကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
    
     လူတိုင်း မည်သည့်စကားမျှ မပြောနိုင်ဘဲ ဖြစ်နေကြသည်။
     ခန္ဓာကိုယ်သန့်စင်ခြင်း အ‌ဆင့်တစ်ဆယ်ရှိပြီး  လက်နက်နှင့်တစ်သားတည်း ပြီးပြည့်စုံသောအဆင့်ကိုအောင်မြင်ထားသည့် လင်းဇီရှောင်သည် ချင်နန်၏ တိုက်ကွက်တစ်ခုတည်းဖြင့် လွင့်စင်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပါ။
    
     ချင်နန်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ပဲရှိတာကို  ဘယ်လိုလုပ် ဒီလိုကြောက်မက်ဖွယ်ရာစွမ်းအားမျိုး ရှိနေရတာလဲ...
    
     “ သိမ်မွေ့နက်နဲအဆင့်...ချင်နန်...မင်းက သိမ်မွေ့နက်နဲ့အဆင့်ရဲ့ သေးငယ်သောအောင်မြင်မှုအဆင့်ကို ရောက်ရှိခဲ့ပြီပေါ့ "
     ရွှီချန်သည် သိုင်းဧကရာဇ်တစ်ယောက်ဖြစ်သည့်အားလျော်စွာ နောက်ကွယ်ကအကြောင်းပြချက်ကို သတိထားမိသွားပြီး သတိလက်လွတ် အော်လိုက်သည်။
     “ သိမ်မွေ့နက်နဲအဆင့်ကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှစ်လေးနဲ့ အောင်မြင်ခဲ့တယ် "

     ရွှီချန်သည်ပင် ယခုအချိန်၌ အလွန်အံ့အားသင့်နေသည်။
     အားလုံးသိကြသည့်အတိုင်း လက်နက်နှင့်တစ်သားတည်းအဆင့်၏ အထက်ကအဆင့်သည် သိမ်မွေ့နက်နဲအဆင့် ဖြစ်သည်။
     သိမ်မွေ့နက်နဲအဆင့်ကို ရောက်ရှိခြင်းသည် သိပ်အံ့အားသင့်စရာ မဟုတ်ပေ။ ပြဿနာမှာ ရွှီချန်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှစ်ဖြင့် သိမ်မွေ့နက်နဲအဆင့်ကိုရောက်ရှိထားသည့် မည်သည့်တပည့်ကိုမျှ မမြင်တွေ့ဖူးသောကြောင့် ဖြစ်သည်။   
     စိတ်ဝိညာဉ်ကျောင်းမှ ထိပ်တန်းဂျီးနီးယပ်များပင် ရှင်တန်အဆင့်ရောက်မှသာ သိမ်မွေ့နက်နဲအဆင့်ကို နားလည်သဘောပေါက် အောင်မြင်နိုင်ကြသည်။

     လူအုပ်ကြီးသည် ထိုစကားများကြားခါမှသာ သတိပြန်ဝင်လာပြီး သက်ပြင်းရှည်ကြီးတစ်ခါ ချလိုက်သည်။
    
     “ သိမ်မွေ့နက်နဲအဆင့်ရဲ့ သေးငယ်သောအောင်မြင်မှုအဆင့်.... ချင်နန်က အဲ့ဒီ အဆင့်ကိုရောက်ရှိခဲ့တာပေါ့ "

     “  သူက လင်း‌ဇီရှောင်ကို စိန်ခေါ်ရဲတာ မထူးဆန်းတော့ပါဘူး၊ သူက သိမ်မွေ့နက်နဲအဆင့်ကိုရောက်ရှိထားတာကိုး "
     “ ဒါက ထိတ်လန့်စရာပဲ...သူက ‌သိမ်မွေ့နက်နဲအဆင့်ကိုရောက်ရှိထားမှတော့ သူ့ထက်ကျင့်ကြံမှု အဆင့်မြင့်သူတွေကို အနိုင်ယူနိုင်လိမ့်တယ် "
    
     “ ဒီချင်နန်ရဲ့ သိုင်းပညာပါရမီက တော်တော့်ကိုကြောက်ဖို့ကောင်းတာပဲ..... လင်းဇီရှောင်တောင်မှ လက်နက်နှင့်တစ်သားတည်း ပြီးပြည့်စုံသော‌အဆင့်ပဲ ရှိသေးတာကို သူက သိမ်မွေ့နက်နဲအဆင့်ကို ရောက်ရှိနေပြီ "

     ..............

     ယခုအချိန်တွင် တပည့်များသည် ထိတ်လန့်တုန်လှုပ်နေကြပြီး ချင်နန်ကို လေးစားမှုအပြည့်နှင့် ကြည့်နေကြသည်။

     ချင်နန်သည် လင်းဇီရှောင်ကို တစ်ချက်တည်းဖြင့် လွင့်စင်သွားစေခြင်းကိုကြည့်၍ သူသည် သာမန်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိသူကို အလွယ်တကူသတ်ပစ်နိုင်ကြောင်းကို လူတိုင်းနားလည်သွားကြလေသည်။

     ချူးယွင်၊ ရှောင်လန်နှင့် ဟောင်လုံတို့ စိတ်သက်သာရာရသွားပြီးနောက် တစ်ချိန်တည်းမှာပင် သူတို့၏မျက်လုံးထဲတွင် ပျော်ရွှင်သည့်အရိပ်ယောင်များ ထွက်ပေါ်လာသည်။
     ချင်နန် သိမ်မွေ့နက်နဲအဆင့်ကို ရောက်ရှိသွားခြင်း၏  အရေးပါပုံကို သူတို့အားလုံး နားလည်ထားကြသည်။
     လင်းဇီရှောင်လို ထိပ်တန်းဂျီးနီးယပ်တစ်ယောက်ပင် ချင်နန်ကို အနိုင်ယူရန် ခက်ခက်ခဲခဲ ကြိုးစားရပေလိမ့်မည်။
    
     ရှောင်ယွန်းဟို၊ သွမ့်မုရန်းနှင့်အခြားဂျီးနီးယပ်များ၏မျက်နှာသည် ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။ ‌ချင်နန်သည် သိမ်မွေ့နက်နဲအဆင့်ကို အောင်မြင်ထားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပါ။
     အကယ်၍ သူတို့သာ ယခု ချင်နန်နှင့် တိုက်ခိုက်မည်ဆိုပါက သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။
     အကြောင်းမှာ သိမ်မွေ့နက်နဲအဆင့်နှင့် လက်နက်နှင့်တစ်သားတည်းအဆင့်ကြား ခြားနားချက်သည် မယုံနိုင်လောက်အောင် ကြီးမားသောကြောင့် ဖြစ်သည်။

     ထိုအချိန်တွင် ချင်နန်၏ တိုက်ခိုက်မှုကြောင့်လွင့်စင်သွားသော လင်းဇီရှောင်ထံမှ အေးစက်စက်စကားသံ ထွက်ပေါ်လာသည်။
     “ ချင်နန်.... မင်းငါ့ကို စိန်ခေါ်ရဲကတည်းက မင်းမှာဝှက်ဖဲတစ်ခုခုရှိလိမ့်မယ်ဆိုတာ ငါ‌တွေးခဲ့မိတယ်၊ ငါ့အထင်က မှန်ခဲ့တာပဲ၊ ဒါပေမယ့် မင်း သိမ်မွေ့နက်နဲ အဆင့်ကိုရောက်ရှိနေလိမ့်မယ်လို့တော့ ဘယ်သူထင်ထားမိမှာလဲ "
    
     ချင်နန်၏ မျက်နှာသည် တည်ငြိမ်စွာပင် ရှိနေပြီး
     “ တိုက်ပွဲက အခုမှ အစပဲရှိသေးတယ်...မင်းကကြောက်နေပြီလား "
    
     “ ကြောက်တယ်....ဟုတ်လား "
     လင်းဇီရှောင်သည် သူ၏ဘဝတစ်လျှောက်လုံးတွင် အရယ်ရဆုံး ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ရယ်ချလိုက်သည်။
     “ ဟား...ဟား...ဟား... ချင်နန်....မင်းက ကိုယ့်ကိုယ်ကို  အရမ်းအထင်ကြီးလွန်းနေတာပဲ၊ မင်းက သိမ်မွေ့‌နက်နဲအဆင့်ကိုရောက်တာနဲ့ပဲ ငါ့ကိုအနိုင်ယူနိုင်မယ် ထင်နေတာလား၊ မင်းနားလည်ထားရမှာက ငါကလည်းလက်နက်နှင့်တစ်သားတည်း ပြီးပြည့်စုံမှုအဆင့်ကို အောင်မြင်ထားပြီး  ငါ့ရဲ့ကျင်ကြံမှုအဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တစ်ဆယ်.... မင်းထက်နှစ်ဆင့်မြင့်တယ်၊ မင်းက သိမ်မွေ့နက်နဲ့အဆင့်ကို ရောက်နေရင်တောင် ငါ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး "

     ထိုသို့ပြောပြီးသည်နှင့် လင်းဇီရှောင်သည် နားအူမတတ်အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သောစွမ်းအားများထွက်ပေါ်လာကာ ချင်နန်ဆီသို့ပြေးဝင်သွားသည်။

     ယခုအချိန်တွင် လင်းဇီရှောင်သည် သူ၏အင်အားများကို မဖုံးကွယ်ထားတော့ဘဲ လက်သီးသိုင်းပညာတစ်ခုကို အသုံးပြုလိုက်သည်။ ရုတ်ရက် တောင်တစ်ခုလုံးကို ဖျက်စီးနိုင်သည်ဟုထင်ရသည့် လက်သီးစွမ်းအင်များ ထွက်ပေါ်လာသည်။
     ထိုလက်သီးသိုင်းပညာသည် လင်းဇီရှောင်ကျွမ်းကျင်သည့် တောင်တစ်ထောင်လက်သီး ဖြစ်သည်။

     “ ယူလိုက်တော့ "

     ချင်နန်သည်လည်း ကြွေးကြော်လိုက်ပြီး အစွမ်းထက်သော ဆေဘာစွမ်းအင်များကို ထုတ်ဖော်ကာ လင်းဇီရှောင်ကို ပိုင်းချလိုက်သည်။

     ဗုန်း..ဗုန်း..ဗုန်း..ဗုန်း...

     သူတို့၏ ရှေ့တွင် အဆက်မပြတ် ပေါက်ကွဲသံများ ကြားနေရသည်။
     ပတ်ဝန်းကျင်တွင် လေမုန်တိုင်းများ တိုက်ခတ်နေသကဲ့သို့ဖြစ်နေပြီး ဓားလှိုင်းများ‌ကြောင့် အနီးနားတွင်ရှိသော ရှေးဟောင်းသစ်ပင်များ ပျက်စီးသွားသည်။
    
     ထိုအချိန်၌ တပည့်များအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့၏ရှေ့မှမြင်ကွင်းသည် လူသားအသွင်ဖြင့် သားရဲနှစ်ကောင် တိုက်ခိုက်နေသကဲ့သို့ အလွန်ပြင်းထန်လှသည်။ တိုက်ပွဲအတွင်းမှ ထွက်ပေါ်လာသည့် အင်အားအနည်းငယ်သည်ပင် သူတို့အား နှလုံးခုန်မြန်စေပေသည်။
     တိုက်ပွဲ၏ ပြင်းထန်မှုသည် သူတို့ မှန်းထားသည်ထက် ကျော်လွန်နေလေသည်။

     နောက်ဆုံးတွင် ချင်နန်သည် သိမ်မွေ့နက်နဲအဆင့်၏ စွမ်းအားကို ဤတိုက်ပွဲတွင် ပြသခဲ့သည်။

     ချင်နန်သည် သူ၏အစွမ်းထက်လှသောဆေဘာစွမ်းအင်များကိုသာပြသခြင်းမဟုတ်ပဲ နတ်အရိပ်ခြေရှစ်လှမ်းသိုင်း၊ မိုးကြိုးဆေဘာဓားသိုင်းတို့သည်လည်း အလွန်အထင်ကြီးစရာ ကောင်းပေသည်။ ချင်နန်သည် သူ၏သိုင်းပညာကျွမ်းကျင်မှုများကို ထုတ်ဖော်ကာ လင်းဇီရှောင်ကိုဖိအားပေးထားနိုင်ခဲ့သည်။
   
     ထို့ကြောင့် ချင်နန်၏ပုံရိပ်သည် ဝေဝါးနေပြီး  သူ၏လှုပ်ရှားမှုများကိုလည်း ကြိုတင်မခန့်မှန်းနိုင်ချေ။

     ထိုမြင်ကွင်းကိုကြည့်ကာ ရှောင်ယွန်းဟို၊ သွမ့်မုရန်းနှင့် အခြားဂျီးနီးယပ်များ၏မျက်နှာ ရှုံ့တွနေသည်။ ချင်နန်လို ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှစ်သာရှိသောသူသည် လင်းဇီရှောင်ကို တစ် လျှောက်လုံး ဖိအားပေးထားနိုင်လိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပါ။

     လူတိုင်း ထိုမြင်ကွင်းကိုကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်ကြသည်။ သိမ်မွေ့နက်နဲအဆင့်သည် မည်မျှကြောက်စရာကောင်းသည်ကို သူတို့နားလည်သွားခဲ့ပြီဖြစ်သည်။

     ရုတ်တရက် ဒေါသတကြီး အော်သံတစ်သံ ကြားလိုက်ရသည်။
     “ ချင်နန်.... ငါမင်းကို သတ်မယ် "

     အခြားသူမဟုတ်... လင်းဇီရှောင်ပင်....

     ချင်နန်၏ အဆက်မပြတ်ဖိအားပေးမှုကို ခံခဲ့ရပြီးနောက်  လင်းဇီရှောင်၏ စိတ်ရှည်မှုများ ကုန်ဆုံးသွားကာ စိတ်လွတ်သွားသည်။ သူသည် လေထဲသို့ တစ်ချက်ခုန်တက်လိုက်သည်။ သူ၏နောက်ဘက်တွင်မူ မီးတောက်ပလွေတစ်ချောင်းသည် အဆုံးမဲ့မီးတောက်များနှင့်အတူ အလွန်ကျယ်လောင်သောတေးသွားများထုတ်ဖော်နေသည်။

     လင်းဇီရှောင်သည် သူ၏အပြင်းထန်ဆုံး တိုက်ခိုက်မှုကို  အသုံးပြုလိုက်ပြီဖြစ်သည်။

🐱🐱🐱🐱🐱

အပိုင်း(၈၈)လင်းဇီရှောင်ကို အနိုင်ယူခြင်း

     လင်းဇီရှောင်၏ သိုင်းဝိညာဉ်မှ အလွန်ကြီးမားပြီး လွှမ်းမိုးနိုင်သည့်အင်အားကြောင့် လူတိုင်းဖိအားတစ်ခုခံစားလိုက်ရပြီး အသက်ရှုရ ကြပ်သွားကြသည်။
    
     “ ပြသာဒ်ကိုးဆင့် နတ်ဆိုးဖိနှိပ်ခြင်းတေးသွား "
    
     လင်းဇီရှောင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ နောက်မှ မီးတောက်ပလွေသိုင်းဝိညာဉ်သည် အလွန်စူးရှတောက်ပလာပြီး မီးတောက်များနှင့် တေးသွားများ ထုတ်လွင့်လာသည်။
     သတ်ဖြတ်ခြင်းအော်ရာအပြည့်နှင့် မီးတောက်များသည်  တဖြည်းဖြည်းနှင့် ဘုံကိုးဆင့်ပြသာဒ်တစ်ခုအဖြစ် ပြောင်းလဲလာသည်။ သွေးဆာနေသည့် အဆုံးမဲ့တေးသွားများသည် မီးတောက်နေသော ဘုံကိုးဆင့်ပြသာဒ်တစ်ဝိုက်တွင် ကခုန်နေသည်။

     ထိုအချိန်တွင် ပြင်းထန်သောအော်ရာကြောင့် လူတိုင်းသည် မျက်နှာရှုံ့မဲ့သွားကြပြီး သက်ပြင်း လေးလေးပင်ပင် ချမိလိုက်ကြ၏။
    
     “ ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်က ထင်ထားတဲ့အတိုင်း အရမ်းကြောက်ဖို့ကောင်းတာပဲ....ဒီစွမ်းအားက ရှင်တန်တစ်ဝက်အဆင့်နဲ့တောင် ညီမျှနေပြီ "
    
     “ ငါသာဆို ဒီတိုက်ခိုက်မှုကို ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး "

     “ မင်းကများ ပြောရဲသေးတယ်....အဲ့ဒီတိုက်ခိုက်မှုနဲ့ဆို ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိတဲ့သူတောင်  ချက်ချင်းသေသွားမှာပဲ "

     ..........

     တပည့်များသာမက ရှောင်လန်နှင့် ချူးယွင်တို့သည်လည်း အလွန်အံ့အားသင့်နေ၏။ ဟောင်လုံ၏ မျက်နှာသည်ပင် ထိုမြင်ကွင်းကိုမြင်ပြီးနောက် လေးနက်တည်ကြည်သွားသည်။
     သုံးယောက်လုံး အသက်ရှုခြင်း ရပ်တန့်လိုက်ပြီး လက်သီးဆုပ်ကာ ခွန်အားများစုစည်းလိုက်ပြီး သူတို့၏ အပြင်းထန်ဆုံးတိုက်ကွက်များ ထုတ်ဖော်ရန် ပြင်ဆင်ထားကြသည်။

     တစ်ချိန်တည်းမှာပင် လင်းဇီရှောင်၏ပြသာဒ်ကိုးဆင့်နတ်ဆိုးဖိနှိပ်ခြင်းတေသွားနှင့်အတူ မီးတောက်ပလွေသိုင်းဝိညာဉ်မှ ထုတ်ဖော်နေသည့်အော်ရာသည် ချင်နန်၏သိမ်မွေ့နက်နဲအဆင့် ဆေဘာစွမ်းအင်များထက်ကို ပို၍ပြင်းထန်သွားသည်။

     သူတို့နှစ်ယောက်ကြား စွမ်းအားကွာခြားချက်သည် သိသာထင်ရှားပေသည်။

     ရှောင်ယွန်းဟို၊ သွမ့်မုရန်းနှင့် အခြားဂျီးနီးယပ်များ၏ ယခင်က ရှုံ့မဲ့နေသောမျက်နှာသည် ထိုမြင်ကွင်းကိုမြင်သည့်အခါ တစ်ဖန် ပြန်လည်စိတ်လှုပ်ရှားလာပြီး ချင်နန်အား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
    
     “ ဟား...ဟား...ဟား... အပြင်းထန်ဆုံးတိုက်ခိုက်မှု....စီနီယာအကိုလင်းဇီရှောင်ရဲ့ အပြင်းထန်ဆုံးတိုက်ခိုက်မှု....ချင်နန်...မင်းအခု မောက်မာနိုင်သေးလား "
    
     “ ဟန့်... မင်းက သိမ်မွေ့နက်နဲအဆင့်ကိုရောက်တာနဲ့ပဲ မင်းကိုဘယ်သူမှ မယှဉ်နိုင်တော့ဘူး ထင်နေတာလား၊ မင်းက အစွမ်းထက်တာတော့ ငါလက်ခံပါတယ်၊ ဒါပေမယ့်စီနီယာအကို လင်းဇီရှောင်ရှေ့မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ "
    
     “ ဟီး..ဟီး....မင်းလိုစောက်ရမ်း ဘဝင်မြင့်နေတဲ့ကောင်က ဒီအချိန်မှာ မောက်မာနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့ "

     ..........

     ဂျီးနီးယပ်များ၏ မှတ်ချက်များနှင့် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ တပည့်များသည် ချင်နန်ကို သနားစွာကြည့်လိုက်ကြသည်။

     “ ဟူး.... ချင်နန်လို အံ့ဩစရာပါရမီနဲ့လူက ဒီမှာသေမှာ သေချာသွားပြီ "
   
     “ ဟုတ်တယ်....သူ့ရဲ့ပါရမီက ရှောင်ယွန်းဟိုထက်တောင်သာလွန်တယ် "

     “ သူကသာ ဘဝင်အရမ်းမမြင့်ဘူးဆိုရင် လင်းဇီရှောင်နဲ့ ဟောင်လုံထက်အားနည်းတယ်ဆိုပေမယ့် ထိပ်ဆုံးဂျီးနီးယပ်ထဲမှာ အဆင့်တစ်ဖြစ်နိုင်တယ် "

     “ မတတ်နိုင်ဘူးလေ...ဒါတွေအားလုံးက သူအရမ်းဘဝင်မြင့်နေလို့ပဲ၊ သူက ကိုယ့်ကိုကိုယ် နှိမ့်ချမှ မနေတတ်တာ၊ ဒါတွေအားလုံးက သူ့အပြစ်တွေပဲ "

     ..........

     ဂျီးနီးယပ်များကဲ့သို တပည့်များသည် ချင်နန်ကိုမလှောင်ပြောင်ကြပေ။ ယခင်က ချင်နန်ထုတ်ဖော်ပြသခဲ့သည့် စွမ်းအားကြောင့် တပည့်များသည် ချင်နန်ကို လေးစားနေကြသည်။ ထို့ကြောင့် ချင်နန်လို ဂျီးနီးယပ်တစ်ယောက် ဒီနေရာတွင် သေဆုံးသွားမည်ကို စိတ်မကောင်းဖြစ်နေမိသည်။

     ရွှီချန်သည်ပင် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည်။
     သိုင်းဧကရာဇ်တစ်ယောက်အနေဖြင့် လင်းဇီရှောင်၏ တိုက်ခိုက်မှုသည် မည်မျှအစွမ်းထက်ကြောင်းကို သူ လွယ်လွယ်ကူကူ ပြောပြနိုင်ပေသည်။ ထို့ကြောင့် ချင်နန်သေဆုံးမည်မှာ သေချာပေသည်။ ချင်နန်သည် တိုက်ပွဲရလဒ်ကိုပြောင်းလဲရန် မည်သည့်အခွင့်အရေးမျှ မရှိချေ။

     “ ဟား...ဟား...ဟား...ချင်နန် မင်းမြင်ပြီလား "
     လင်းဇီရှောင်သည် လူအုပ်ကြီးထံမှ မှတ်ချက်များကိုကြားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
     “ မင်းရဲ့ သိုင်းပညာနှလုံးသားနဲ့ မင်းရဲ့ သိုင်းပညာပါရမီက ငါ့ထက်သာနေရင်တောင် မင်းနဲ့ငါနဲ့ကြားက ခြားနားချက်အကြီးကြီး ရှိသေးတယ်၊ မင်းလို ဟွှာအဆင့်ရှစ်နဲ့ကောင်က ဟွှာအဆင့်ကိုး ဂျီးနီးယပ်တစ်ယောက်ကိုများ စော်ကားရဲသေးတယ်....အခုသေလိုက်တော့.... "

     လင်းဇီရှောင်သည် နောက်ဆုံးစကားကို အားကုန်အော်ဟစ်လိုက်သည်ဟု ထင်ရပေသည်။ လေထဲတွင် မျောလွင့်နေသော ပြသာဒ်ကိုးဆင့် နတ်ဆိုးဖိနှိပ်ခြင်းတေးသွားကြီးသည် ချက်ချင်းပင် ချင်နန်ပေါ်သို့ ထိုးကျသွားသည်။
     ကြီးမားသော တောင်ကြီးတစ်လုံးသည်  ပုရွက်ဆိတ်တစ်ကောင်ပေါ် ကျရောက်သွားသကဲ့သို့ပင်....

     သို့သော်ငြားလည်း ချင်နန်သည် ရုတ်တရက် ရယ်မောလိုက်၏။ သူ၏ ရယ်သံတွင် တိုက်ပွဲဆာလောင်သည့် အရိပ်အငွေ့များ ပြည့်နှက်နေသည်။
     “ အရမ်းအထင်ကြီးဖို့ကောင်းတယ်...ဒါက တကယ့်ကို ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်ရဲ့ အပြင်းထန်ဆုံးတိုက်ခိုက်မှုပဲ၊ မင်းရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုက ဒီစွမ်းရည်ကို ထုတ်သုံးဖို့ထိုက်တန်တယ် "

     ချင်နန်၏‌ရယ်သံနှင့်အတူ သူ၏အော်ရာများအားလုံးစုစည်းလာပြီး ကောင်းကင်သို့ လက်ညိုးညွှန်လိုက်သည်။

     “ ကောင်းကင်ဘုံ စုဆောင်းတိုက်ကွက် "

      ချင်နန်သည် ကျယ်လောင်စွာတစ်ချက် အော်လိုက်သည်။ ထို့နောက် သူ၏လက်ညှိုးထိပ်တွင် လျှို့ဝှက်နက်နဲသည့် စုပ်ယူအားတစ်ခုဖြစ်ပေါ်လာကာ ချင်နန်၏ဆေဘာစွမ်းအင်များအားလုံးစုဝေး‌လာပြီး လက်မအရွယ်အလင်းစက်လေးအဖြစ် ပြောင်းလဲသွားသည်။
    
     “ ဒီ့ထက် လိုအပ်သေးတယ် "

     ချင်နန်၏ ကြွေးကြော်သံနှင့်အတူ သူ၏ဆံပင်များ စတင်လွင့်မျောလာသည်။ လက်မအရွယ် အလင်းစက်လေးသည် သူ၏ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှစ်စွမ်းအင်များ၊ သိမ်မွေ့နက်နဲအဆင့်စွမ်းအင်များနှင့် သူ၏ ခွန်အားများအားလုံးကိုစုပ်ယူလိုက်သည်။
     
     ထိုအချိန်၌ လူတိုင်းသည် အလွန်အံ့အားသင့်စွာ မိန်းမောတွေဝေနေကြပြီး အကြောအခြင်များ တောင့်တင်းနေကြသည်။
     သူတို့ပြောနိုင်သည်မှာ ချင်နန်၏ လက်ထိပ်မှ အလင်းစက်လေးသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။ ထူးခြားမှုမတွေ့ရသော်လည်း ၎င်းအလင်းစက်လေးမှ ထုတ်လွှတ်နေသောစွမ်းအားသည် လင်းဇီရှောင်၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ဖိနှိပ်နိုင်ပေသည်။
    
     လင်းဇီရှောင်၏မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားပြီး သွေးပျက်ခြောက်ခြားစွာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
     “ မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....ဘယ်လိုသိုင်းပညာမျိုးအသုံးပြုလို့ ငါ့ရဲ့အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို ဖိနှိပ်နိုင်ရတာလဲ ...ဒါက... "

     လင်းဇီရှောင် သူ၏စကားမပြီးဆုံးခင်မှာပင် သေခြင်းတရားအငွေ့အသက်ကို ခံစားမိလိုက်ပြီး သူ၏မျက်လုံးထဲတွင် အကြောက်တရားများကြီးစိုးသွားကာ အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်။
    
    လူတိုင်း၏ အကြည့်အောက်တွင်ပင် ‌သေးငယ်သောအလင်းစက်လေး ပျံ့လွင့်သွားသည်။

     ဘန်း..

     အလင်းစက်လေး ပစ်ခတ်လိုက်သည့်အချိန်တွင် အလွန်ပြင်းထန်သည့်ပေါက်ကွဲမှုကြီးသည် ပင်လယ်လှိုင်းလုံးကြီးပမာ ချက်ချင်းပင် လင်းဇီရှောင်ကိုဖုံးလွှမ်းသွားသည်။

     ထို့နောက် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်သကဲ့သို အရပ်မျက်နှာအားလုံးကို လေရှိန်များဟပ်သွားပြီး လူတိုင်း၏ ဆံပင်များ လေထဲတွင် ကခုန်သွား၏။

🐱🐱🐱🐱🐱

အပိုင်း(၈၉)အားလုံးကို အောင်နိုင်ခြင်း

      ထိုမြင်ကွင်းသည် ပြန်လည် ငြိမ်သက်သွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း လုံးဝတိတ်ဆိတ်၍ နေသည်။
     လူတိုင်းသည် မျက်လုံးများ ပြူးကျယ်လျက်ရှိပြီး အလွန်ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်ယောင်များ သူတို့၏ မျက်နှာပေါ် ဖြစ်ပေါ်လျှက်ရှိသည်။
     ရွှီချန်၊ ချူးယွင်၊ ရှောင်လန်၊ ဟောင်လုံ နှင့် ရှောင်ယွန်းဟို အပါအဝင် အခြားဂျီးနီးယပ်များသည်လည်း  အမှန်ပင်သေဆုံးလိမ့်မည်ဟု တွေးထင်ခဲ့သည့် ချင်နန်သည် ဤမျှကြောက်စရာကောင်းသော တိုက်ခိုက်မှုကြီးကို ပြုလုပ်လာနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်မိခဲ့ကြပေ။ လင်းဇီရှောင်ကဲ့သို့ ထိပ်တန်းဂျီးနီးယပ်သည်ပင် ခုခံနိုင်စွမ်းမရှိဘဲ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

    ထိုမြင်ကွင်းသည် သူတို့၏ စိတ်ဝိညာဉ်၌ ပြင်းထန်သောဗုံးပေါက်ကွဲမှုကြီး ‌ဖြစ်ပေါ်သွားသလို ခံစားမှုများဖြင့် ပြည့်နှက်လျှက်ရှိသည်။
     အချိန်အတော်ကြာပြီးနောက် တပည့်တစ်ယောက်သည် သူ၏ ဘေးနားက အခြားတပည့်အား အားမရှိသည့်လေသံဖြင့်
     “ငါ့ကို ပြောပါဦး.... ငါ အိပ်မက်များ မက်နေတာလား”

     ထိုစကားကို ကြားသည့်အခါ လူတိုင်း သတိပြန်ဝင်လာကြပြီး တိတ်ဆိတ်နေသော လူအုပ်ကြီးမှ ဆူညံပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

     “လင်းဇီရှောင် ရှုံးသွားတယ်... ငါ ဒါကို ဘယ်လိုမှ မယုံနိုင်ဘူး"

     “ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရှိတဲ့သူက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိတဲ့ ထိပ်တန်းဂျီးနီးယပ်ကို သတ်ပစ်တယ်..... သူရဲ့ ကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ပဲရှိတာလေ..."

     “ချင်နန့်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ရူးဖို့ကောင်းလိုက်လဲ"

     “မဖြစ်နိုင်ဘူး၊ ယုံလည်းမယုံကြည်နိုင်ဘူး၊ ငါတော့ ဒါ အိပ်မက်တစ်ခုလို့ပဲ ခံစားနေရတယ်"

     “... ... ..."

     တပည့်များအားလုံးသည် ထိုသို့သော စကားများကိုသာ ထပ်ခါတလဲ ပြောဆိုနေကြလျက်ရှိပြီး ထိတ်လန့် တုန်လှုပ်ပြီး အံ့အားသင့်နေသည့် သူတို့၏ အမူအရာများသည် အသက်မဲ့သယောင် ဖြစ်နေကြသည်။
     လင်းဇီရှောင်လို ထိပ်တန်းဂျီးနီယပ်က ပုရွက်ဆိတ်တစ်ကောင်လို အလွယ်တကူ ရှုံးနိမ့်သွားသည်ကို သူတို့ ဘယ်လိုမှ စဉ်းစား၍ မရ ဖြစ်နေကြသည်။
   
    ရှောင်လန်၊ ချူးယွင် နှင့် ဟောင်လုံတို့သည်လည်း ဘာပြောရမှန်းမသိ၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်နေကြရင်း စိတ်လှုပ်ရှားနေကြကာ သူတို့၏ မျက်လုံးများ၌ အံ့အားသင့်တုန်လှုပ်နေမှုများ အထင်သား ပေါ်လွင်နေပေသည်။
     လင်းဇီရှောင်ကဲ့သို့သော ထိပ်တန်းဂျီးနီးယပ်ကို ချင်နန်က ဤသို့ အနိုင်ရလိမ့်မည်ဟု သူတို့ မထင်မိခဲ့ကြပေ။

    ဒီတော့ ချင်နန်ရဲ့ စွမ်းအားကို ဘယ်လိုအဆင့်သတ်မှတ်ထားတာလဲ...

    ထိုစဉ် ရွှီချန်သည် သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်ပြီးနောက် အံ့အားသင့်နေသောမျက်လုံးအစုံဖြင့်
    “ချင်နန် မင်းခုနက သုံးလိုက်တဲ့ တိုက်ကွက်၊  အဲ့ဒါ ဘာလဲ"

     သိုင်းဧကရာဇ်တစ်‌ယောက်ဖြစ်သည့် ရွှီချန်သည် သိုင်ပညာအမျိုးအစား တော်တော်များများကို သိသည်။ ထိုကြောင့် သူမြင်လိုက်ရသည့် မြင်ကွင်း၏ နောက်ကွယ်မှ နက်နဲမှုကို သူသိလိုက်သည်။
     သို့ပေမယ့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူက ဘယ်လိုလုပ် ဒီလိုစွမ်းအားမျိုး ထုတ်ဖော်နိုင်တာလဲ...

     ရွှီချန်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးသည် တိတ်ဆိတ်၍သွားပြီး သူတို့အားလုံး၏ အကြည့်သည် ချင်နန်ထံသို့ ရောက်ရှိသွားသည်။
     ရွှီချန်၏ အမေးသည် သူတို့အားလုံး၏ စိတ်ထဲမှာ ရှိနေသည့် အတွေးနှင့် ထပ်တူပင်ဖြစ်သည်မှာ သံသယဝင်စရာပင် မရှိပေ။
     ချင်နန်က ဤသို့သော စွမ်းအားမျိုးကို အဘယ်သို့ပိုင်ဆိုင်ခဲ့သည်၊ အဘယ်သို့လေ့လာသင်ယူခဲ့သည်ကို သူတို့အားလုံး သိလိုစိတ်ပြင်းပြနေကြသည်။

     လူအုပ်ကြီး၏ အကြည့်များအောက်၌ ချင်နန်၏ မျက်နှာမှာ ဖြူလျော်နေပြီး သူ၏ အော်ရာများသည်လည်း အလွန်အားနည်းနေသည်မှာ လေပြေတစ်ချက်အဝှေ့မှာတင် သူ လဲပြိုကျသွားနိုင်‌လောက်သည်။
     အကြောင်းမှာ ချင်နန်သင်ယူခဲ့သည် ကောင်းကင်ဘုံ စုဆောင်းတိုက်ကွက်မှာ အပြည့်အစုံမဟုတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူသည် ထိုတိုက်ကွက်၏ အခြေခံကိုသာ ‌တတ်မြောက်သေးသည်။ ရလဒ်အနေဖြင့် သူသည် ကမ္ဘာမြေကြီး နှင့် သဘာဝမှ စွမ်းအင်များကို မစုဆောင်းနိုင်ခဲ့ပေ၊ သို့သော်လည်း သူ၏ဆေဘာစွမ်းအင်၊  သူ၏ သိမ်မွေ့နက်နဲအဆင့် စွမ်းအင်များနှင့် သူ၏ အားအင်များကို စုစည်းပြီး  ထိုသို့ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်ရန် အားကုန်သုံးလိုက်ရလေသည်။

     လက်ရှိအချိန်တွင်  ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ရှိသူကပင် သူ့အား တိုက်ခိုက်လာပါက တစ်ချက်တည်းနှင့်ပင် ရှုံးနိမ့်သွားနိုင်လောက်ပေသည်။
     ကောင်ကင်ဘုံ စုဆောင်းတိုက်ကွက်ကို အသုံးပြုလိုက်ခြင်းကြောင့် သူသည် အချိန်တိုအတွင်း နဂိုအတိုင်းပြန်ဖြစ်လာနိုင်မည် မဟုတ်ပေ။
    
    ချင်နန်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ကိုယ်ကို မတ်မတ်ရပ်နိုင်ရန် ကြိုးစားလိုက်သည်။ သူသည် ရွှီချန်၏ အမေးကို ပြန်ဖြေခြင်း မရှိပဲ၊ ရှောင်ယွန်းဟို နှင့် အခြားဂျီးနီးယပ်များကို စိုက်၍ ကြည့်လိုက်သည်။
    ထိုသို့ ချင်နန်က စိုက်ကြည့်လိုက်ရာ ရှောင်ယွန်းဟို နှင့် အခြားဂျီးနီးယပ်များသည် အလွန်‌တုန်လှုပ်ချောက်ခြားသွားကြပြီး၊ သူတို့၏ မျက်နှာများသည် ကြောက်ရွံ့ထိတ်လန့်နေကြသည့် အရိပ်ယောင်များ ဖြစ်ပေါ်လာသည်။

     ချင်နန်က စကားကို ဖြည်းညှင်းစွာဖြင့်
    “ရှောင်ယွန်းဟို မင်းငါ့ကို သတ်ချင်နေတုန်းလား"

    ထိုစကားသည်  လူအုပ်ကြီး၏ ရှေ့၌ ရပ်နေသည့် ရှောင်ယွန်းဟိုကို ဓာတ်လိုက်သလို ဖြစ်သွားစေပြီး သူ၏တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါလာသည်။ စကားတစ်ခွန်းမျှပင် ပြန်၍ မပြောနိုင်တော့ပေ။

     ချင်နန်က စကားကို ဆက်၍ပြောသည်..
    “သွမ့်မုရန်း မင်းလည်း ငါ့ကို သတ်ချင်နေတုန်းလား"

     ထိုစကားကို ကြားသည့်အခါ သွမ့်မုရန်း၏မျက်နှာ ဖြူဖျော့၍သွားပြီး နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်၍ သွားလေသည်။
     ချင်နန်က သူ့ကို ဂရုစိုက်မနေပဲ တတိယမြောက်တစ်ယောက်ကို ဆက်၍ ပြောလိုက်သည်။
    “ဝမ့်ချူ မင်းကကော ဘယ်လိုလဲ"

     ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက်ထဲက အဆင့်ခြောက်ဂျီးနီးယပ်သည်လည်း ခေါင်းကို ခါရမ်းလိုက်သည်။
    ချင်နန်က စတုတ္ထမြောက် လူကိုကြည့်လိုက်ပြီး
    “လျှိုကျင်းဟောင် မင်းကော ငါ့ကို သတ်ချင်နေတုန်းလား"

    လျှိုကျင်းဟောင်သည် အသက်ရှုပင် ရပ်တန့်၍သွားပြီး ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။ သူ၏ နဖူးတွင် ဇော‌ချွေးများ သီးထနေပြီး၊ သူ၏မျက်နှာ အမူအရာမှာလည်း အလွန်ကြောက်လန့်နေပုံရသည်။
    ချင်နန်သည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး တပည့်သစ်ငါးဆယ်ကျော်နှင့် ထိုလေးယောက်အား အေးဆေးသော လေသံဖြင့်
     “ရှင်းရှင်းပဲပြောမယ် မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ကို အခုတိုက်ခိုက်မယ်ဆိုရင် တစ်ချက်တည်းနဲ့ ငါ့ကို အဆုံးသတ်ပစ်လို့ရတယ်၊ ငါအခု ချောက်ကမ်းပါးရဲ့ အစွန်းကို ရောက်နေတာပဲ၊ အဲဒါကြောင့် ငါ မင်းတို့ကို ထပ်မေးမယ်၊ မင်းတို့တွေ ငါ့ကို သတ်ချင်နေတုန်းပဲလား၊ ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်မခံကြနဲ့လေ"

     ဂျီးနီးယပ် အယောက်ငါးဆယ်ကျော် ပါဝင်သည့် လူအုပ်ကြီးသည် တိတ်ဆိတ်နေလေသည်။ တစ်စက်မျှပင် မလှုပ်၊ တစ်သံမျှပင် ထွက်မလာကြချေ။ လူတိုင်း၏ မျက်နှာသည် စက္ကူတစ်စအလား ဖြူဖျော့နေကြသည်။
 
      ချင်နန်သည် သူ၏ ခန္ဓာကိုယ်ကို အင်ပြည့်အားပြည့်ဖြင့် မားမားရပ်လိုက်ပြီး  တပည့်သစ်များအားလုံးကို လှည့်ပတ်ကြည့်ပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ
     “မင်းရယ်၊ မင်းရယ်၊ ပြီးတော့ မင်းကော၊ ဟိုကောင်လည်းပါတယ်၊ ဒီနေရာမှာရှိတဲ့ မင်းတို့တွေအကုန်လုံးပဲ"

      ချင်နန်သည် လူပေါင်း အယောက်တစ်ရာကို လက်ညှိုးညွှန်ပြလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
     “ငါမှတ်မိတယ်၊ သပ်ပါယကျွန်းမှာ ငါ့ကို သတ်ဖြတ်ဖို့ လင်းဇီရှောင်ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တယ်ကောင်တွေ၊ ကဲ အခု လင်းဇီရှောင်တော့ သွားပြီ၊ ဒီတော့ ငါမေးမယ်၊ မင်းတို့ကော ငါ့ကို သတ်ချင်နေသေးလား"

     တပည့်များသည် ထိုစကားကို ကြားသည့်အခါ လန့်ဖြန့်ကုန်ကြသည်။ 
     တပည့်များ၊ ထိပ်ဆုံးဂျီးနီးယပ်လေးယောက်နှင့် အခြားဂျီးနီးယပ် အယောက်ငါးဆယ်ကျော်တို့အားလုံးတုန်လှုပ်သွားကြသည်။
     သာမာန်ခံစားမှုမျိုးမဟုတ်တော့ပဲ သူတို့သည် အလွန်ကြောက်ရွံ့နေကြပြီး ချင်နန်နှင့် မျက်နှာချင်း မဆိုင်နိုင်ရဲ‌‌အောင်ပင် ဖြစ်နေကြသည်။
    သို့သော်လည်း ဖြစ်ပျက်ခဲ့သည့် ခရီးစဉ်တစ်လျောက်လုံးသည်လည်း သူတို့ မျက်မြင်ကိုယ်တွေ့ပင်။
   
    စိတ်ဝိညာဉ်ဂိုဏ်း၌ ရှိစဉ်က ချင်နန်သည် လင်းဇီရှောင်အား သူ၏ သိုင်းပညာပါရမီဖြင့် အနိုင်ပိုင်းခဲ့သည်။
    ရှေးဟောင်းစိတ်ညှို့ဝါးတောတွင်လည်း ချင်နန်က စိတ်ဝိညာဉ်ဂိုဏ်း၏ စံချိန်ကို ချိုးဖျက်ပြီး ခြေလှမ်းပေါင်းတစ်ထောင်ကို သူ၏ သိုင်ပညာနှလုံးသား ကြံ့ခိုင်မှုစွမ်းရည်ဖြင့် အောင်မြင်နိုင်ခဲ့သည်။
     လင်းဇီရှောင်နှင့် တိုက်ခိုက်ရာတွင်လည်း သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှစ်ဖြင့်၊ ဟွှာအဆင့်ကိုး သိုင်းဝိညာဉ် နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိသည့် လင်းဇီရှောင်ကို သတ်ဖြတ်ခဲ့သည်။
     ထိုသို့ သမိုင်းသစ်ကို ရေးထိုးပြီး ထိပ်တန်းဂျီးနီယပ်တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့သူကို ဘယ်သို့ပြု၍ သတ်ဖို့ ကြိုးစားရဲပါမည်နည်း။

     ချင်နန်သည် လက်ရှိအချိန်တွင် အားနည်းနေသည့်အတွက် တစ်ချက်တည်းဖြင့် သတ်ပစ်၍ ရနိုင်သည်ကို သူတို့အားလုံး သိကြသော်လည်း တစ်ယောက်မျှ မလှုပ်ရဲကြချေ။
      ဤအရာသည် သူ၏ ဂုဏ်သိက္ခာတရားနှင့် ကြီးမြတ်မှုကြောင့်ပင် ဖြစ်သည်။
     ရှေးဟောင်းစိတ်ညှို့ဝါးတောအတွင်း ခြေလှမ်းပေါင်းတစ်ထောင် နှင့် လင်းဇီရှောင်၏ သွေးစိမ်းရှင်ရှင်တို့သည်က သူ၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှုတို့ပင် ဖြစ်သည်။
    
    “ဟား..ဟား.. ဟား..ဟား"
    ထိုအရာကိုကြည့်ပြီး ချင်နန်သည် ကျယ်လောင်စွာ ရယ်မောချလိုက်သည်။
     ယခင်အချိန်က ဒိုဂျိုအဆောက်အဦးအတွင်း၌ သူသည်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ငါး၌ရှိစဉ်က လူတိုင်းသည် သူ့ကို အမှိုက်တစ်စလို ရှုမြင်ကြပြီး လင်းဇီရှောင်လို ထိပ်တန်းဂျီးနီးယပ်ကပင် အညှိုးထားခံရကာ တပည့်သစ်နှစ်ရာကျော်က သတ်ဖြတ်မည့်ဟု ကြိမ်းဝါးခံထားခဲ့ရသည်။ ဆက်တိုက်ဆိုသလို ပြောဆိုလှောင်ပြောင်ကြပြီး၊ လူသေကောင်လို အမြဲတောက်လျောက် ဆက်ဆံခံခဲ့ရသည်။
   
    အခုတော့...

    ဘယ်သူမျှ စကား‌တောင် မပြောရဲကြပေ။

🐱🐱🐱🐱🐱🐱

အပိုင်း(၉၀) အထင်သေးသည့်မှတ်ချက်များ

     (စိတ်ဝိညာဉ်ကျောင်းကို ဂိုဏ်းလို့ ပြောင်းသုံးသွားပါမယ်ခင်ဗျ)သပ်ပါယကျွန်းတွင် ကျန်ရှိသည့်အချိန်များ၌ နောက်ထပ် တိုက်ခိုက်မှုမျိုး မရှိတော့ပေ။
     ကောင်ကင်ဘုံစုဆောင်းတိုက်ကွက်ကို အသုံးပြုခဲ့သောကြောင့် အားနည်းနေသည့် ချင်နန်သည်  သူ၏ ကျန်အချိန်များကို အနားယူခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
    
    အခြားသော တပည့်များအနေဖြင့်လည်း ရလဒ်ထွက် ပေါ်သွားပြီဖြစ်၍ သူတို့သည် မြေပေါ်သို့ထိုင်ချကာ ကျင့်ကြံမှု၌သာ အားထုတ်နေကြရင်း ဘက်စုံစစ်ဆေးမှု ပြီးဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြလေသည်။
     
     အချိန်သည် သုံးရက်တာမျှ ကုန်လွန်သွားခဲ့ပြီးသည့်နောက်တွင် သပ်ပါယကျွန်း၌ အလွန်ကြီးမားသော အစီအရင်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုအခြေအနေသည် လူတိုင်းအတွက် အမှတ်ရစရာ အခိုက်အတန့်တစ်ခု ဖြစ်စေခဲ့သည်။
   
    ....

    ....

   ထျဲန်ဖှောင်းတောင်၊ စိတ်ဝိညာဉ်ဂိုဏ်း...

    ဟူး..... ဟူး.. ဟူး..
     လေပြင်းတိုက်သံများနှင့်အတူ ဘက်စုံစစ်ဆေးမှု၏ တာဝန်ခံအကြီးအကဲငါးယောက် ထွက်ပေါ်လာသည်။
    အကြီးအကဲငါးယောက် ရောက်ရှိလာပြီးနောက် မရေမတွက်နိုင်သော သိုင်းဧကရာဇ်အော်ရာများနှင့်အတူ အတွင်းစည်းတပည့်များအားလုံး ရောက်ရှိလာကြသည်။  ထိုလူအုပ်ကို ဦးဆောင်၍ လာသူမှာ ရှောင်ချင်းရွှဲ့ နှင့် မိုလီတို့ပင် ဖြစ်သည်။
    
     သူတို့အားလုံး အတူစုရုံးရောက်ရှိလာကြခြင်းမှာ ဘက်စုံစစ်ဆေးမှု ပြီးဆုံးသွားခဲ့‌သောကြောင့်ဖြစ်သည်။
   
     မိုလီသည် ရောက်လာလျှင် ရောက်လာခြင်း ရှောင်ချင်းရွှဲ့ကို ကြည့်၍ ကျယ်လောင်စွာရယ်မောလိုက်ပြီး
     “ချင်းရွှဲ့၊ နင် ဒီနေရာမှာ ရှိလိမ့်မယ်လို့ ငါမထင်မိဘူး၊ အချိန်ကောင်းပဲ ငါနင့်ကို မေးစမ်းပါရစေဦး၊ ဂျူနီယာညီငယ် ချင်နန်က ဒီဘက်စုံစစ်ဆေးမှုမှာ အသက်ရှင်နိုင်လိမ့်မယ်လို့ ထင်လား"

     ထိုစကားကို ကြားရသည့်အခါ ရှောင်ချင်းရွှဲ့၏ လှပသော မျက်နှာလေးသည် ချက်ချင်းအေးစက်၍သွားသည်။ 
     ဘက်စုံစစ်ဆေးမှု စတင်ခါစတွင် မိုလီ နှင့် လင်းဇီရှောင်တို့သည် ယုတ်မာသောအကြံအစည်ဖြင့် သပ်ပါယကျွန်း၌ ချင်နန့်အား သတ်ပစ်ရန် တပည့်ပေါင်း နှစ်ရာ့နှစ်ဆယ်ကို စည်းရုံးသိမ်းသွင်းခဲ့ကြသည်။

    
     သူမသည် ထိုသတင်းကို ကြားခဲ့စဉ်က အလွန်ဒေါသထွက်ခဲ့ရသော်လည်း ဘာမျှမတတ်နိုင်တော့ပေ။ ထိုအရာသည် ဖြစ်ပျက်ပြီးသွားခဲ့ပြီဖြစ်ပြီး အတွင်းစည်းတပည့်တစ်ယောက်အနေဖြင့်လည်း သပ်ပါယကျွန်းကိစ္စတွင် ဝင်စွက်ဖက်၍ မရတော့ပေ။
    ထို့ကြောင့် သူမ နေ့တိုင်း စိတ်ပူပင်ခဲ့ရသည်။ သူမသည် သပ်ပါယကျွန်းတွင်  ချင်နန် အသက်အန္တရာယ်ကင်းဖို့ မျှော်လင့်ရင်း အမြဲဆုတောင်း၍သာ နေရလေသည်။

     ရှောင်ချင်းရွှဲ့ ဘာမျှမပြောလိုက်ခင်၌ပင် အကြီးအကဲ လေးဦးကို ဦးဆောင်လာသူ အဖြူရောင်ဆံပင်နှင့်အကြီးအကဲက အေးဆေးသော လေသံဖြင့်
     “မိုလီ.. အကြီးအကဲရဲ့ သားတစ်ယောက်က အဲ့ဒီလို ပညာမဲ့တဲ့စကားမျိုး မပြောရဘူး၊ ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ်ပဲ ပိုင်ဆိုင်တဲ့ ချင်နန်က လင်းဇီရှောင်လို ထိပ်တန်းဂျီးနီးယပ်ကို စိန်ခေါ်ရဲခဲ့တာပဲ၊ ဒါကြောင့် ဘက်စုံစစ်ဆေးမှုမှာ ဘယ်လိုမှ အသက်ရှင်နိုင်ခြေမရှိဘူး၊ ဒါကြောင့်မလို့ မင်းရဲ့ စကားကိုတွေကို အလကား အချိန်ကုန်ခံပြီး ပြောမနေနဲ့"

     အခြားအကြီးအကဲလေးယောက် နှင့် တပည့်သစ်များ ပြန်ရောက်အလာကို ကြိုဆိုရန် ရောက်ရှိလာကြသည့် အတွင်းစည်းတပည့်များသည်လည်း ထိုစကားကို ကြားသည့်အခါ ရယ်မောလိုက်ကြသည်။
     ယခင်က ဒိုဂျိုအဆောက်အဦးအတွင်း ဖြစ်ပျက်ခဲ့သည်များကို သူတို့အားလုံး ‌သေသေချာချာကို သိကြပြီးဖြစ်သည်။
    
     သူတို့၏ အမြင်အရ ချင်နန်သည် လင်းဇီရှောင်အား စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် ချင်နန်၏ သိုင်းဝိညာဉ်သည် ဟွှာအဆင့်ရှစ်ဖြစ်နေပါစေ လင်းဇီရှောင်နှင့် တပည့် နှစ်ရာ့နှစ်ဆယ်၏လက်မှ လွတ်မြောက်နိုင်ရန်မဖြစ်နိုင်ပေ။
    ထိုစကားကို ကြားသည့်အခါ မိုးလီသည် ပြုံးစိစိဖြစ်သွားပြီး
     “အကြီးအကဲရောင်၊ မင်းတစ်ခုခုကို မသိသေးဘူးနဲ့တူတယ်၊ ဂျူနီယာ ညီငယ် ချင်နန်က ရှောင်ချင်းရွှဲ့ရှာတွေ့ခဲ့တဲ့ ဂျီးနီးယပ်ပဲ၊ ဒီတော့ သူမစိတ်ပူနေတာကလည်း ဖြစ်သင့်တာပဲလေ၊ အဲ့ဒါကြောင့်မလို့ ငါက ရှောင်ချင်းရွှဲ့ကိုမေးနေတာပေါ့"

     ထိုစကားကို ကြားသည့်အခါ အကြီးအကဲငါးယောက်နှင့် အတွင်းစည်းတပည့်များ အားလုံး အံ့အားသင့်သွားကြသည်။
     ယခင်ဒိုဂျိုအဆောက်အဦးအတွင်း ဂျီးနီးယပ်လင်းဇီရှောင်ကို စိတ်အနှောက်အယှက်ပေးပြီး အခြား တပည့်သစ်များကို ဟိန်းလားဟောက်လားဖြင့် မာန်တက်နေသည့် ချင်နန်သည် ရှောင်ချင်းရွှဲ့က  ရှာဖွေ‌တွေ့ရှိခဲ့သောသူ ဖြစ်လိမ့်မည်ဟု သူတို့ မထင်မိခဲ့ကြပေ။
     အဖြူရောင်ဆံပင်နှင့် အကြိးအကဲသည်  မျက်မှောင်ကြုတ်၍သွားပြီး ဖြေသိမ့်နေသလို လေသံနှင့်
      “ချင်းရွှဲ့.. ချင်နန်က ထိပ်တန်းပါရမီရှင် လင်းဇီရှောင်ကို တစ်သက်လုံး သိုင်းကျမ်းစာကြည့်တိုက်ကို ဝင်လို့မရအောင်လုပ်ပစ်လိုက်ရုံတင်မကဘူး ဟိန်းလားဟောက်လားနဲ့ လင်းဇီရှောင်ကို ဒေါသထွက်လာအောင် လုပ်ခဲ့သေးတယ်၊ သူ့ပုံစံက  ကိုင်းညွတ်မှု၊ လေးစားမှု လုံးဝကိုမရှိဘူး၊ သူ့မှာ ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ်နဲ့ သိုင်းပညာပါရမီကောင်းရှိလည်း သေဖို့က သေချာသလောက်ပဲ၊ ဒီတော့ အဲဒီအတွက် စိတ်ပူမနေပါတော့နဲ့"
    
     အခြားအကြီးအကဲများအားလုံးသည်လည်း ရှောင်ချင်းရွှဲ့ကို နှစ်သိမ့်ပြောဆိုကြလေသည်။
    အကြီးအကဲငါးယောက်စလုံးသည် ချင်နန်ကို ဂရုမစိုက်ကြသော်လည်း ရှောင်ချင်းရွှဲ့ကိုတော့ ဂရုတစိုက်ဆက်ဆံကြသေးသည်။
     
     အကြီးအကဲငါးယောက်၏ စကားကိုကြားသည့်အခါ ရှောင်ချင်းရွှဲ့၏ လှပသောမျက်နှာသည် တင်းမာ၍သွားပြီး သူမ၏ မျက်လုံးတွင်း၌လည်း ဒေါသအရိပ်အခိုးများဖြင့် ပြည့်လျှံ၍လာလေသည်။
     “အကြီးအကဲများ.. ကျေးဇူးပြုပြီး ဒီလို အကျိုးမရှိတဲ့စကားတွေကို ကိုယ့်စိတ်ထဲမှာပဲ သိမ်းထားကြပါ"
      ရှောင်ချင်းရွှဲ့၏ အမူအရာသည် အေးစက်လာပြီး  မို့လီအား စိုက်ကြည့်လိုက်ကာ အေးစက်သောလေသံဖြင့်
     “ချင်နန် တစ်ခုခုဖြစ်လို့ကတော့ ငါ နင့်ကို လွယ်လွယ်နဲ့ အလွတ်မပေးဘူး"

     ထိုစကားကို ကြားလိုက်ရသည့်အတွက် အကြီးအကဲငါးယောက်လုံး မျက်နှာပျက်သွားကြသည်။
     ရှောင်ချင်းရွှဲ့သည် မဖြစ်စလောက်ကောင်ချင်နန်ကို ထောက်ခံပြီး သူတို့ကို ရိုသေလေးစားမှုမရှိ ပြန်‌ပြောလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
    
     သို့သော်လည်း သူတို့သည် ရှောင်ချင်းရွှဲ့၏နောက်ခံကြောင့် မကျေနပ်ချက်များကို သိမ်းဆည်းထားလိုက်သည်။
     
     မိုလီသည် ရှောင်ချင်းရွှဲ့၏ စကားကို အရေးတယူပြုမနေပဲ အကြီးအကဲ ငါးယောက်ဘက်သို့ လှည့်ကာ
     “အကြီးအကဲများ... အခုက သူတို့ပြန်ရောက်လာဖို့  အချိန်နည်းနည်း လိုသေးတယ်၊ ဒီတော့ ကျုပ်တို့  အလောင်းအစားလုပ်ကြမလား၊ ချင်နန် သေမှာလား၊ မသေဘူးလား"

      မိုလီပြောလိုက်သည့် စကားသည် အကြီးအကဲငါးယောက်၏ အကြိုက် ဖြစ်၍သွားသည်။
    
     သူတို့သည် ရှောင်ချင်းရွှဲ့ကို အခြေအတင်မဖြစ်ချင်သည်မှာ သူမကို‌နောက်ခံကို တအားကြောက်ရွံ့နေကြ၍တော့ မဟုတ်ပေ။
      ဆံပင်ဖြူနှင့် အကြီးအကဲသည် ရှောင်ချင်းရွှဲ့အား ပြုံး၍ ကြည့်လိုက်ပြီး
     “‌‌ သေချာတာ‌ပေါ့ ...ငါလောင်းမယ်၊ ဒါပေမယ့် ချင်နန် သေမလား၊ ရှင်မလားဆိုတာကို လောင်းရမှာက စိတ်ဝင်စားဖို့မကောင်းဘူး၊ ချင်နန်က ‌သေကိုသေမှာ၊ ဒီတော့ ‌‌အခု ငါ့တို့လောင်းမှာက ချင်နန်သတ်ဖို့ အင်အား ဘယ်လောက်သုံးရမလဲ၊ ဒါမှမဟုတ် လူဘယ်နှစ်ယောက် လိုမလဲ၊ ဒါကမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ"
      
     အခြားအကြီးအကဲများသည်လည်း  ချက်ချင်းပင် ကောက်ချက်ချ‌ ပြောဆိုလာကြသည်။

     “စိတ်ဝင်စားစရာပဲ...၊ ဒီချင်နန်က ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ငါးနဲ့ ဟွှာအဆင့်ရှစ် သိုင်ဝိညာဉ်ပဲ ရှိတာဆိုတော့ .. သာမာန် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ် ရှိသူကတောင် အလွယ်တကူ အဆုံးသတ်ပေးနိုင်လောက်တယ်၊ ဒီတော့ လူတစ်ယောက်တည်းပဲ သူ့ကို သုံးချက်တိုက်ခိုက်ပြီး သတ်ပစ်လိမ့်မယ်လို့ ငါလောင်းတယ်
    
     “အဟက် ငါကတော့ လက်မခံဘူး သူ့ကို လူတစ်ယောက်တည်းက တစ်ချက်တည်းနဲ့ အသေသတ်လိုက်တာလို့ပဲ ငါလောင်းတယ်"

    “ဟားဟား... မင်းတို့က အဲ့ဒီလို ထင်မှတော့ ငါက လူတစ်စုက သူ့ကို သတ်လိုက်တာလို့ လောင်းတယ်ကွာ..."

    “... ... ..."

    ထိုအရာကို မြင်သည့်အခါ အတွင်းစည်းတပည့်များသည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်သာ ကြည့်နေလိုက်ကြပြီး တိတ်တဆိတ်ပင် နှုတ်ဆိတ်နေလိုက်ကြသည်။
      စိတ်ဝိညာဉ် ဂိုဏ်း၏ အတွင်းစည်းတပည့်များကို အဆင့်များ ထပ်၍ ခွဲထားသေးသည်။ သူတို့၏ အဆင့်သည် မိုလီ၊ ရှောင်ချင်းရွှဲ့တို့ နှင့် နှိုင်းယှဉ်ပါက အသေးအဖွဲမျှသာ ဖြစ်သည်။
     သို့သော်လည်း အကြီးအကဲငါးယောက် နှင့် မိုလီတို့၏  ထေ့ငေါ့ ပြောဆိုနေကြသည့် စကားများကို နားထောင်နေရင်းကပင် သူတို့စိတ်ထဲ အားရကျေနပ်လို့ နေကြသည်။ ရှောင်ချင်းရွှဲ့သည်  မဖြစ်စလောက်ကောင် ချင်နန်ဘက်ကိုလိုက်ပြီး အကြီးအကဲငါးယောက်ကို ဆန့်ကျင်ပြောဆိုနေသည်မှာ ပညာမဲ့ရာရောက်သည်ဟု သူတို့က ထင်မြင်နေကြသည်။  
     အဘယ်သို့ပင် စဉ်းစားတွေးတောကြည့်ပါစေ ချင်နန်သေမည်မှာ အာမခံပေးစရာပင် မလိုတော့ပြီ မဟုတ်ပါလား..။
     သေလူ‌တစ်ယောက်အတွက် အကြီးအကဲငါးယောက်နှင့်  မိုလီကို မချေမငံဆက်ဆံသည်မှာ ကောင်းသော အရာ မဟုတ်ပေ။
     
     ထိုစကားကို ကြားသည့်အခါ ရှောင်ချင်းရွှဲ့၏ ကိုယ်မှာ တဆတ်ဆတ် တုန်ခါလာပြီး သူမ၏ နှလုံးသားမှ ပြင်းထန်သည့် ဒေါသမီးလျှံများ ကြီးထွား၍လာခဲ့သည်။ ယခုချိန်သည် သူမ၏ ဒေါသများ ပေါက်ကွဲရမည့်အချိန်မဟုတ်သေးဟု တွေးမိ၍သာ အသာနောက်ဆုတ်နေလိုက်သည်။
    
     သို့သော်လည်း ထိုအချိန်တွင် အေး‌‌ဆေးတည်ငြိမ်သော အသံ တစ်သံ ထွက်ပေါ်၍ လာလေသည်။
    “အကြီးအကဲများ၊ ဂျူနီယာညီငယ် မိုလီ... မင်းတို့ကောင်တွေ ဒီမှာ လာပြီး အပျော်ကြီး ပျော်နေကြပါလား၊  ချင်နန်က ငါ့ညီဆိုတာ မင်းတို့မသိသေးဘူးလား၊ မင်းတို့တွေက သူ့ကို လေးစားမှုမရှိပဲ ရယ်စရာတစ်ခုလို လှောင်ပြောင် ပြောဆိုနေတယ်ပေါ့"

     လူတိုင်းသည် အသံ၏လားရာကို လှမ်းကြည့်လိုက်ကြသည်။ အကြီးအကဲငါးယောက် နှင့် သူတို့အားလုံး မျက်စိမျက်နှာ ပျက်သွားကြသည်။
    
     နောက်ထပ် ရောက်ရှိလာသူက အခြားသူမဟုတ် ဂွန်ယောင်ပင် ဖြစ်သည်။

Continue Reading

You'll Also Like

581K 92.5K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
76.3K 6.9K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
2.3M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...