အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

134K 12.1K 108

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၆၁ မှ ၆၅

843 69 0
By Azure5549


အပိုင်း(၆၁) နဂါးချီ
 
     ရှောင်လန်အား အန္တရယ်ကင်းစေရန် ချင်နန်သည် သူ၏ လျှို့ဝှက်ဂူဆီကို ခေါ်ဆောင်လာခဲ့သည်။
     ရှောင်လန်အား ဂူအလယ်လောက်တွင် နေရာချပေးခဲ့သည်။ ထို့နောက်တွင် သူသည်အချိန်မဖြုန်းတော့ဘဲ ဂူအတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
     ရှောင်လန်သည် အံ့အားသင့်စွာဖြင့် ဂူအတွင်းပိုင်းထဲ ဝင်သွား‌သော ချင်နန်၏ နောက်ကျောအားကြည့်ကာ တစ်ကိုယ်တည်း တွေးတောနေသည်။

     “ ဒါ ငါ့ဘဝမှာ ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မှုရှိတဲ့ တစ်စုံတစ်ယောက်ကို တွေ့ဖူးတာပဲ၊ လင်းဇီရှောင်နဲ့ အကြီးအကဲငါးဦးတောင် သူ့ရဲ့အာရုံစိုက်မှုနဲ့မထိုက်တန်ဘူးဆိုပဲ "
     ရှောင်လန်သည် ထိုအတွေးနှင့်အတူ မသက်မသာပြုံးကာ ခေါင်းခါရမ်းလိုက်သည်။
    
     ချင်နန်သည် ဝမ်းမန်နှင့် သူ၏အဖွဲ့ကို သတ်ဖြတ်လိုက်စဉ်အခါက ဒီချင်နန်သည် အနာဂတ်တွင် အောင်မြင်မှုကြီးကြီးမားမားရရှိလာမည်ကို  ရှောင်လန်နားလည်ခဲ့သည်။ ထို့ကြောင့် နှိမ့်နှိမ့်ချချ နေရန်နှင့် မမောက်မာရန်အကြံပေးခဲ့သည်။
     သို့သော်လည်း ချင်နန်သည် သူ့အား ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည့်အပြင် လင်းဇီရှောင်နှင့် အကြီးအကဲငါးဦးလုံးကို သူ့မျက်စိထဲတောင် မထည့်ထားဘူးဟုပင် ပြန်လည်ပြောဆိုခဲ့သေးသည်။
    
     လင်းဇီရှောင်က ဘယ်သူလဲ၊ ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်ပိုင်ဆိုင်ထားသည့် ထိပ်တန်းဂျီးနီးယပ် တစ်ယောက်ဖြစ်ပြီး အနာဂတ်တွင် အကန့်အသတ်မဲ့ အလားအလာနှင့်သူဖြစ်သည်။

     အကြီးအကဲ ငါးယောက်ကကော ဘယ်သူတွေလဲ၊ စိတ်ဝိညာဉ်ကျောင်း၏ အဓိကကျသော အခန်းဏ္ဌတွင် ပါဝင်ပြီး  မြင့်မားသောရာထူးနှင့်အတူ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။
    
     ချင်နန်သည် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်သာ ပိုင်ဆိုင်ထားသည်။ သူသည် အဘယ့်ကြောင့် လင်းဇီရှောင်နှင့် အကြီးအကဲငါးဦးအား လေးစားမှုမရှိရသနည်း...
    
     “ ဟူး......ချင်နန်က ငယ်သေးတယ်၊ လင်းဇီရှောင်နဲ့ အကြီးအကဲငါးဦးက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သူမသိဘူး၊ အချိန်တန်တဲ့အခါကျရင် သူနားလည်သွားပါလိမ့်မယ်လေ  "
     ရှောင်လန်သည် ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။ ထို့နောက်တွင် သူသည် ခြေနှစ်ဖက်ကို ဖြတ်ထိုင်ချလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
    
     ချင်နန်သည် ရှောင်လန်မည်သည့်အ‌ကြောင်းအရာကို တွေးတောနေသည်ကို မသိရှိပေ။ သူသည် ယခု ဂူအတွင်းပိုင်းသို့ရောက်ရှိနေပြီး ခြေနှစ်ဖက်ချိတ်ထိုင်လျက် နတ်ဘုရားသိုင်းဝိညာဉ်ကို ထုတ်ဖော်ထားသည်။
    
     “ ဒီရှန်းရွှင်ဆေးငါးဆယ်က နောက်တစ်ဆင့် ရောက်နိုင်မလားဆိုတာ ကြည့်ရမယ် "

     ချင်နန်သည် ရှန်းရွှင်ဆေးလုံးငါးဆယ်ကို ချက်ချင်းပင် သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
     ထုံစံအတိုင်းပင် နတ်ဘုရားသိုင်းဝိညာဉ်သည် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ရပ်ဖြင့် ဆေးလုံးထဲမှ ချီစွမ်းအင်များကို စုပ်ယူလိုက်သည်။
     မှုန်ဝါးဝါးလူပုံသဏ္ဌာန် နတ်ဘုရားသိုင်းဝိညာဉ်သည် ချင်နန်၏ မျှော်လင့်ချက်အကြည့်များအာက်၌ မတုန်မလှုပ်ပင် ရှိနေသည်။
    
     “ ဒါက မလုံလောက် သေးဘူးပေါ့ "
     ချင်နန်သည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် အံကြိတ်လိုက်ပြီး
     “ ဒါက နောက်ထပ် ရှန်းရွှင်ဆေးလုံးငါးဆယ်ပဲ "
    
     ထိုသို့ပြောပြီးသည်နှင့် သူသည် ကျန်ရှိနေသော ဆေးလုံးငါးဆယ်ကို တစ်ပြိုင်တည်း မျိုချလိုက်သည်။
      ဆေးလုံးငါးဆယ်ကို နတ်ဘုရားသိုင်းဝိညာဉ်က စုပ်ယူသွာသောအခါ ချင်နန်သည် စိတ်လှုပ်ရှားနေမှုကြောင့်သူ၏နှလုံးသည် အလွန်ခုန်နေပြီး အချိန်မရွေး လည်ချောင်းထဲမှ ခုန်ထွက်သွားတော့မလို ခံစားနေရသည်။
     
    ဒီဆေးလုံးတစ်ရာ အပါအဝင်ဆိုပါက ချင်နန်သည် ရှန်းရွှင်ဆေးလုံးပေါင်း တစ်ရာ့ခုနှစ်ဆယ် သုံးစွဲခဲ့ပြီးဖြစ်သည်။ ၎င်းသည် သန့်စင်ခြင်းဆေးလုံး တစ်သိန်းခုနှစ်သောင်းနှင့်ညီမျှပေသည်။ ထိုပမာဏသည် အလွန်များပြားလှသည်။
    
     အကယ်၍ ဤပမာဏသည်သာ နောက်တစ်ဆင့်တက်ရန် မလုံလောက်သေးပါက ၎င်းသည် ရှန်အဆင့် သို့မဟုတ် ဒဏ္ဍာရီ တျန်အဆင့်ရောက်ရန် ဆေးလုံးမည်မျှလိုအပ်ပါမည်နည်း...
   
      သို့သော်လည်း ဒီတစ်ကြိမ်တွင် နတ်ဘုရားသိုင်းဝိညာဉ်သည် ချင်နန်အား စိတ်မပျက်စေခဲ့ပါ။
    
     ရှေးကျပြီး အစွမ်းထက်သော အော်ရာတစ်ခု နတ်ဘုရားသိုင်းဝိညာဉ်မှထွက်ပေါ်လာ ဩဇာကြီးမားသောအငွေ့အသက်များ ဖုံးလွှမ်းနေသည်။
     ထိုအချိန်တွင် နတ်ဘုရားသိုင်းဝိညာဉ်၏ အဝါရောင်ရောင်ခြည်ရှစ်ခုသည် အဝါရောင်ရောင်ခြည်ကိုးခုအဖြစ်ပြောင်းလဲသွားသည်။
     နောက်ဆုံးတွင် နတ်ဘုရားသိုင်းဝိညာဉ်သည် ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်ဖြစ်သွားပြီဖြစ်သည်။
    
     “ နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ "
      သူသည် နတ်ဘုရားသိုင်းဝိညာဉ်မှ ထုတ်လွှတ်နေသော  အစွမ်းထက်သည့်အော်ရာကို မြင်တွေ့ရပြီးနောက် အလွန်ပျော်ရွင်နေသည်။
     စိတ်ဝိညာဉ်ကျောင်းတွင် ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်ဖြင့် တစ်စုံတစ်ယောက်ကို ထိပ်တန်းဂျီးဂျီးနီးယပ်အဖြစ်သတ်မှတ်ပေသည်။
     စိတ်ဝိညာဉ်ကျောင်းမှ စုဆောင်းထားသည့် တပည့်သစ်သုံးရာကျော်အနက် လင်းဇီရှောင်နှင် ဟောင်လုံသာ ဟွှာအဆင့်ကိုးသိုင်းဝိညာဉ် ပိုင်ဆိုင်ပေသည်။
     ဤအချက်ကိုအ‌ခြေခံ၍ ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်ရှိသူသည် မည်မျှအစွမ်းထက်ပြီး မည်မျှအဖိုးတန်သည်ကို သိရှိနိုင်ပေသည်။
    
     “ စိတ်လျော့...စိတ်လျော့...ငါ စိတ်အေးအေးထားရမယ် "
     ချင်နန်သည် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏ စိတ်လှုပ်ရှာနေမှုများကို ထိန်းချုပ်လိုက်သည်။

     “ အခု ငါ့ရဲ့သိုင်းဝိညာဉ်က ဟွှာအဆင့်ကိုးဖြစ်သွားပြီဆိုတော့ ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်ရဲ့ ကျင့်ကြံမှုနှုန်းက ဘယ်လောက်မြန်ဆန်လဲဆိုတာ စမ်းသပ်ကြည့်ရမယ် "

     ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် ချင်နန်သည် သူ၏မျက်လုံးကိုပိတ်ကာ ပတ်ဝန်းကျင်မှ ချီစွမ်းအင်များကို စုပ်ယူလိုက်သည်။
     ထိုအချိန်တွင် အံ့အားသင့်စရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။
     နတ်ဘုရားသိုင်းဝိညာဉ်မှ ကြောက်မက်ဖွယ်ရာ စုပ်ယူအားတစ်ခု ဖြစ်ပေါ်လာပြီး နေရာပေါင်းစုံမှ ချီစီးကြောင်းများ ချင်နန်ဆီသို့ စီးဝင်လာသည်။ 
     ဒီချီစီးကြောင်းများသည် နဂါးများနှင့်ဆင်တူပြီး ချင်နန်၏ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်မှီ ပတ်ပတ်လည် တွန့်လိမ်ကခုန်နေကြသည်။ ၎င်း၏ ပုံစံမှာ ချင်နန်၏ ပတ်လည်တွင် နဂါးများဝန်းရံနေကြပြီး သူသည်နဂါးမင်းတစ်ပါးကဲ့သို့ဖြစ်နေသည်။
    
     ချင်နန်ပင် အလွန်အံ့အားသင့်နေသည်။
     “ နဂါးချီလား ....ဒါက နဂါးချီဖြစ်လောက်တယ် "
     အားလုံးသိကြသည့်အတိုင်းပင် ချီစွမ်းအင်ဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးကြားထဲတွင် တည်ရှိနေသောစွမ်းအင်များ ဖြစ်ကြသည်။ သိုင်းဝိညာဉ်ဖြင့်သာ  သဘာဝတရားကြီးထဲတွင် နစ်မြုပ်ပြီး ချီစွမ်းအင်များ စုပ်ယူနိုင်သည်။ ချီစွမ်းအင်များ ထူထပ်လာသောအခါ ကောင်းကင်သားရဲပုံဏ္ဍာန် ချီစီးကြောင်းများ ဖြစ်ပေါ်လာသည်။
     ဥပမာအနေဖြင့် ချင်နန် နဂါးချီကို စုပ်ယူခြင်းသည် သူ ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်ဖြင့် တစ်နေ့တာ ကျင့်ကြံမှုနှင့် ညီမျှပေသည်။
     ထို့ကြောင့် အဆင့်နှစ်ဆင့်ကြား ကျင့်ကြံမှုနှုန်းသည် ကြီးမားစွာခြားနားပေသည်။
    
      ချင်နန်သည် အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီး
     “ အကြီးအကဲတွေက လင်းဇီရှောင်နဲ့ ဟောင်လုံတို့အပေါ်မှာ  မျှော်လင့်ချက် ကြီးကြီးမားမားထားတာ  အံ့ဩစရာမဟုတ်တော့ဘူးပဲ၊ ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်နဲ့ ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်က အဆင့်တစ်ဆင့်ပဲ ကွာခြားတယ်ဆိုပေမဲ့ ကျင့်ကြံမှုနှုန်းကတော့ အလွန်ခြားနားတာပဲ ၊ ဒီလိုဆိုရင် လင်းဇီ‌ရှောင် တစ်ရက်ကျင့်ကြံတာက ငါဆယ်ရက် ကျင့်ကြံတာနဲ့ ညီမျှတယ်ပေါ့ "
    
      ဒီအချိန်တွင် ချင်နန်သည် လူတစ်ယောက်၏ သိုင်းဝိညာဉ်က အဆင့်တစ်ဆင့်ခြားလျှင်ပင် မည်မျှအရေးပါကြောင်းကို ထပ်မံသဘောပေါက်နားလည်သွားသည်။
    
     “ ငါ နောက်ထပ် တွေးတောနေဖို့ အချိန်မရှိတော့ဘူး၊ ဘက်စုံစစ်ဆေးမှုက တစ်လတည်းရယ်၊ ငါ အချိန်မဖြုန်းဘဲ ကျင့်ကြံရမယ် "
     ချင်နန်သည် သူ၏အတွေးများကို ရုပ်သိမ်းလိုက်ပြီး နတ်ဘုရားသိုင်းဝိညာဉ်ဖြင့် နဂါးချီများကို စုပ်ယူလိုက်သည်။
     အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသွားသည်။ ချင်နန်၏  ကျင့်ကြံမှုသည်လည်း ငါးရက်ကုန်ဆုံးသွားသည်။
      ချင်နန်သည် တည်ငြိမ်စွာဖြင့်ပင် နဂါးချီများကို  ဆက်လက်စုပ်ယူနေသကဲ့သို့ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့်အော်ရာမှာလည်း ကြီးထွားလာသည်။
     အော်ရာအရှိန်အဝါမှာ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခြောက်ရှိသူထက် ပိုမိုအားကောင်းနေပေသည်။
     ထိုအချိန်တွင် ရုတ်တရက် ပြင်းထန်သောစုပ်ယူမှု့အားတစ်ရပ်သည် ချင်နန်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး သူ၏ပတ်ဝန်းကျင်တွင် ဝဲပျံနေသော နဂါးချီဆယ်ကောင်ကို စုပ်ယူသွားသည်။

      တခဏအကြာတွင် ချင်နန်၏ ခန္ဓာကိုယ်အတွင်းမှ  တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာသည်။
     အချိန်အနည်းငယ်ကြာပြီးနောက် ချင်နန်၏ ခန္ဓာကိုယ်သည် ပြန်လည်တည်ငြိမ်သွားပြီး သူ၏နောက်မှ နတ်ဘုရားသိုင်းဝိညာဉ်သည်လည်း ပျောက်ကွယ်သွားသည်။
    
     “ ငါးရက်ကြာ ကျင့်ကြံပြီးတဲ့နောက် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်ခုနှစ်ကို ရောက်ရှိခဲ့ပြီပဲ "

     ချင်နန်သည် ပျော်ရွှင်မှု အရိပ်ယောင်တစ်ချို့နှင့်  ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။
     သူ၏ ကြွက်သားများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများသည် သဲခဲမှ သတ္ထုပြားအဖြစ် ပြောင်းလဲသွားသလိုသန်မာလာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့သော အင်အားတစ်ရပ် စီးဆင်းနေသလို ခံစားနေရသည်။
    ချင်နန်သည် ဝမ်းမန်နှင့် ယခုတိုက်ခိုက်ရမည်ဆိုပါက ဝမ်းမန်အား သာမန်တိုက်ခိုက်မှုတစ်ခုနှင့်ပင် သတ်ဖြတ်ပစ်နိုင်သည်။ ချင်နန်အနေဖြင့် ထိပ်ဆုံးဂျီးနီးယပ်ထဲမှ ကျင့်ကြံမှု ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရှိသောသူ မည်သူနှင့်တိုက်ခိုက်ရပါစေ အခက်အခဲမရှိ သတ်ဖြတ်ပစ်နိုင်သည်။

     “ ကောင်းပြီ....ငါအခု အပြင်ထွက်ပြီး ရွှေပွင့်ဖတ်သုံးခုပင်ကို ရှာရမယ့်အချိန်ပဲ "
     ချင်နန်သည် အေးဆေးတည်ငိမ်စွာဖြင့် ဂူဝင်ပေါက်ဆီသို့ ထွက်ခွာလာခဲ့သည်။
     ရှောင်လန်သည် ဂူအပြင်ပိုင်း၌ ‌ခြေနှစ်ဖက်ချိတ်ထိုင်နေသည်။ သူသည် သိုင်းဝိညာဉ် ထုတ်လွှင့်ပြီး ကျင့်ကြံနေဆဲပင် ရှိသေးသည်။
     ရှောင်လန်၏ကျင့်ကြံမှုသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခုနှစ်ဖြစ်သည်။ သူသည် ဒီငါးရက်ကျင့်ကြံပြီးနောက် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှစ်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
     ရှောင်လန်သည် ဂူအတွင်းပိုင်းမှ ခြေသံကို ကြားလိုက်ပြီးနောက် သူ၏သိုင်းဝိညာဉ်ကို ရုပ်သိမ်းလိုက်ပြီး ဖြည်းညှင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
    
     “ ချင်နန်....မင်းက.... "

     ရှောင်လန်သည် ချင်နန်အားကြည့်ကာ အလွန်အမင်းအံ့အားသင့် ထိတ်လန့်တုန်လှုပ်နေသည်။
    
     ဒီငါးရက်အတွင်း ချင်နန့်ရဲ့ ကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခုနှစ်ကို ရောက်သွားပြီပေါ့

      ဒီအချက်သည် သူ့အား အလွန်အံ့အားသင့်တုန်လှုပ်မသွား‌စေပါ။ အဓိက အချက်မှာ ချင်နန်ထံမှ မမြင်ရသည့် အင်အားကြီးမားသော‌ အော်ရာကိုခံစားနေရသောကြောင့်ဖြစ်သည်။ ထိုအော်ရာသည် သူ့လိုဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်ဖြင့် သူကိုပင် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်စေပြီး အစေခံတစ်ယောက်က သူ၏ဘုရင်ရှေ့သို့ ရောက်နေသကဲ့သို့ ဖြစ်နေသည်။
     ရှောင်လန်သည် ထိုကဲ့သို့အော်ရာကို လင်းဇီရှောင်နှင့် ဟောင်လုံတို့ထံမှသာ ခံစားဖူးသည်။

     ငါဘာလို့ ဒီလိုတူညီတဲ့ဖိအားကို‌ ချင်နန့်ဆီက ခံစားနေရတာလဲ
     ချင်နန့်ရဲ့သိုင်းဝိညာဉ်က ဟွှာအဆင့်ရှစ် မဟုတ်ဘူးလား
     ဘာလို့ ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်ရဲ့ ဖိအားရှိနေရတာလဲ
     “ ဘာ.....ဘာတွေဖြစ်နေတာလဲ "
     ရှောင်လန်သည် လုံးဝစိတ်ရှုပ်ထွေးနေလေ၏။

🐱🐱🐱🐱🐱

အပိုင်း(၆၂) ချူးယွင်

      ချင်နန်က ရှောင်လန်ကို ခပ်အေးအေးပင်ကြည့်လိုက်သည်။ ရှောင်လန်သည်  ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်၏ဖိအားကြောင့် တအံ့တဩဖြစ်၍နေမည်ကို ချင်နန်သိသည်။
    ထို့နောက် ‌ချင်နန်က
    “သိပ်လည်းတွေးမနေနဲ့၊ လာ .. သွားကြရအောင်၊ ပွင့်ဖတ်သုံးခုနဲ့ ရွှေလီလီပန်းကို သွားရှာကြမယ်"

     ချင်နန်၏ စကားကိုကြားလိုက်ရသည့်အခါ ရှောင်လန်၏ အတွေးတွေရပ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော် သူ၏မျက်လုံးထဲတွင်တော့ ရီဝေရစ်သိုင်းနေဆဲပင်။
     “ဒီကောင်က မြင်ရတဲ့အတိုင်းသာဆို ဝှက်ဖဲအမြဲရှိနေတာပဲ၊ သူအမှန်ပြောတာ ဖြစ်နိုင်တယ်၊ လင်းဇီရှောင်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအား သူ့မှာ ရှိလောက်တယ်"
     ရှောင်လန်သည် ချင်နန်၏ နောက်မှ လိုက်လာရင်း ထိုသို့ တစ်ကိုယ်တည်း တွေးတော၍ နေလေသည်။ သူ၏ အတွေးတွေကို ရပ်တန့်လိုက်ပြီးနောက် လှုပ်ရှားမှုသိုင်းပညာကို အသုံးပြုပြီး ချင်နန်နောက်သို့ အမှီလိုက်ခဲ့လိုက်သည်။
     မြေပုံထဲက တည်နေရာကို ချင်နန်မှ ဦးဆောင်ပြီး သစ်ပင်များအကြား သူတို့နှစ်ယောက်သား အပြေးအလွှား ခရီးနှင်နေကြသည်။

     ထိုသို့ သွားနေရင်း အမွှေးတိုင်သုံးတိုင်ခန့် ကုန်သည့်အချိန်ခန့်တွင် ချင်နန်မှ ရုတ်တရက် ရပ်တန့်သွားပြီး မြေပုံကို ပြန်စစ်ဆေးလိုက်ပြီးနောက်
     “ငါတို့အရှေ့တည့်တည့်မှာပဲ နေရာက၊ ရှောင်လန်  အမြန်လာ"

    ထိုသို့ပြောပြီးနောက် ချင်နန်သည် နတ်အရိပ်ခြေရှစ်လှမ်းကို အသုံးပြုပြီး သစ်ပင်တွေအကြား သူ၏ပုံရိပ်သည် လျှပ်စီးပမာ အလင်းအရိပ်များအဖြစ်သာ ကျန်ခဲ့ပြီး လျှင်မြန်စွာ ပြေးလွှားသွားလေသည်။

     ရှောင်လန်၏ မျက်စိထဲ တအံတဩဖြင့်သည့် အရိပ်ယောင်များဖြစ်ပေါ်နေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်သူသည်ပင် သူ၏ အစွမ်းထက်သောရွှေ့လျားမှုသိုင်းပညာမရှိပါက လိုက်မှီနိုင်မည် မဟုတ်မှန်း သူမှန်းဆမိလိုက်သည်။
     ရှောင်လန် တစ်ချက်ပြုံးလိုက်ပြီး အံကိုကြိတ်ကာ အားကုန်သုံးပြီး အမှီပြေးလိုက်လေသည်။

    အသက်ဆက်ရှိုက်ခန့် အကြာတွင် သစ်ပင်များ ရှင်းလင်းနေသည့် နေရာသို့ ရောက်လာခဲ့သည်။ ချင်နန်သည် တစ်ကိုယ်တည်း တွေးတောမိလိုက်ပြီး သူ၏မျက်လုံးများ အရောင်လက်၍သွားသည်။
     “ဒီနေရာပဲဖြစ်လိမ့်မယ်"

     ထို့နောက်ချင်နန်သည် သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ထိုနေရာကို ကြည့်ရှုလိုက်သည်။

     ထိုသို့ ကြည့်ရှုလိုက်ပြီးနောက် ချင်နန် မျက်မှောင် ကြုတ်၍ သွားသည်။
      သူ၏ ရှေ့တွင် အဖြူရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့်  ရေကန်ကြီး တစ်ကန် ရှိလေသည်။ ထိုမြူခိုးများသည် စိတ်ခြောက်ခြားမှုကို  ခံစားရပြီး မြူခိုးများအကြား သွေးရောင်သန်းသော အရာတစ်ခု ရှိနေသည်။ ထိုအရာသည် သေချာဂရုစိုက်၍ ကြည့်လျှင်ပင်  ခပ်‌ရေးရေးသာ မြင်ရသည်။
     မြူခိုးသည် ထူးထပ်လွန်းနေပြီး ကန်အတွင်းမှ အရာများအားလုံးကို ဖုံးကွယ်၍ ထားလေသည်။

     ချင်နန်သည် သည် မျက်မှောင်ကြုတ်၍ ကြည့်‌နေရင်း ထိုရေကန်၏ဘေးပတ်လည်တွင် များစွာသော လူရိပ်များကို မြင်တွေ့နေရသည်။ သူတို့ အားလုံးသည် သပ်ပါယကျွန်း၌ ‌လက်တွေ့ လေ့ကျင့်ကြသည့် တပည့်သစ်များကလွဲ၍ အခြားမဖြစ်နိုင်ပေ။
    ချင်နန်သည် တပည့်တချို့ကို အသေအချာပင်သိသည်။ သူတို့သည် လင်းဇီရှောင်ဘက်က တပည့်သစ်နှစ်ရာ့နှစ်ဆယ်ထဲမှဖြစ်သည်။
    
      နောက်ဆုံးတွင် ရှောင်လန်သည် ချင်နန်ကို မှီလာခဲ့ပြီ ဖြစ်သည်။ ချင်နန်သည် မျက်မှောက်ကြုတ်၍ စိုက်ကြည့်နေသည့် နေရာ ရှောင်လန်လည်း ကြည့်လိုက်သည့်။  ရှောင်လန်၏ မျက်နှာ ထိတ်လန့်တုန်လှုပ်သွားပုံရပြီး သူက
     “သွေမြူအတားအဆီး မဟုတ်လား"

      “သွေးမြူအတားအဆီးတဲ့လား"
     ချင်နန်က သိချင်စိတ်ပြင်းပြစွာဖြင့် ရှောင်လန်ကို ကြည့်လိုက်သည်။
   
      ရှောင်လန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး
     “ဒီ‌သွေးမြူအတားအဆီးက မြူတွေကနေပဲ သဘာဝအလျောက်ဖွဲ့စည်း ဖြစ်တည်လာတဲ့အရာပဲ၊ အဲဒါက အရမ်းအဆိပ်ပြင်းတယ်၊ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိတဲ့သူဆိုရင်တောက် အဲဒီထဲရောက်ရင် ချက်ချင်းသေသွားနိုင်တယ်၊ နောက်ပြီး ခန္ဓာကိုယ်ကလည်း မြူတွေရဲ့တိုက်စားမှုတွေကြောင့် တစ်စစီ စုတ်ပြတ်ပြီး ပျောက်ကွယ်သွားလိမ့်မယ်၊ အတော့်ကို ကြောက်စရာကောင်းတယ်"

     ထိုသို့ပြောပြီး ရေကန်ဘေးပတ်လည်မှ လူများကို မြင်လိုက်ရသည့်အခါ ရှောင်လန် ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။
   “ ဘာဖြစ်နေတာလဲ၊ ဘာလို့ တပည့်တွေအများကြီး ဒီနေရာမှာ ရှိနေတာလဲ၊ သူတို့အကုန်လုံး ရွှေရောင်လီလီပန်းအတွက် ရောက်နေကြတာလား"
     ရှောင်လန်က မျက်စိပျက်မျက်နှာပျက်ဖြင့် မေးခွန်းသုံးခုကို ဆက်တိုက်ရေရွတ်လိုက်သည်။
   
     “ငါလည်းမသိဘူး"
     ချင်နန်က ခေါင်းကို ခါရမ်းလိုက်ပြီး
     “သူတို့တွေ ဘယ်မှမသွားပဲ ကန်ဘေးပတ်လည်မှာပဲ ရှိနေကြတာကို ကြည့်ရရင် ပွင့်ဖတ်သုံးခုနဲ့ ရွှေလီလီပန်းက ဒီထဲမှာပဲ ရှိလို့ပဲဖြစ်မယ်"
     ထို့အချိန် ချင်နန်၏ ခေါင်းထဲ ရှုပ်ထွေး၍နေသည်။
     တကယ်တော့ ဒီနေရာကို ဝမ်းမန်ဆီက မြေပုံရရှိခဲ့သည့် သူနှင့် ရှောင်လန်တို့သာ သိသောနေရာပင် မဟုတ်ပါလား။
     အခြားတပည့်သစ်တွေက ဒီနေရာကို ဘယ်လို‌ရောက်လာကြတာလဲ... ၊ ဒီနေရာမှာ ပွင့်ဖတ်သုံးခုနဲ့ ရွှေလီလီပန်းရှိတာကော ဘယ်လိုသိကြတာလဲ..

    ချင်နန်သည် သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး သူ၏စိတ်ထဲမှ မေးခွန်းပေါင်းများစွာကို ထုတ်ပယ်ပစ်လိုက်ကာ  သူ၏ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးကို အသုံးပြု၍ ရေကန်ကို စစ်ဆေးကြည့်လိုက်သည်။
    မြင်တွေ့ရသည့်အတိုင်းဆိုရလျှင် ရေကန်တစ်ခုလုံးကို သွေးမြူအတားအဆီးများက ဖုံးလွှမ်းထားပြီး ထိုအရာသည် ကန်အတွင်း၌ ရှိသည့်အရာကို မမြင်တွေ့နိုင်သည်အထိ ကာကွယ်၍ ထားလေသည်။ ချင်နန်၏ စစ်ဆေးနေစဉ် သွေးမြူများသည် တဖြည်းဖြည်းအင်အားနည်းပါးလာသည်ကို  သတိထားမိသည်။
    ချင်နန်က တခဏမျှ စဉ်းစားလိုက်ပြီး
    “ဒီ သွေးမြူအတားအဆီးက နောက်နှစ်ရက်နေရင် ပျောက်ကွယ်သွားလိမ့်မယ်၊  ဒီအချိန်အတောတွင်းမှာ ငါတို့ ပုန်းနေကြပြီး တပည့်သစ်တွေ ဒီပွင့်ဖတ်သုံးခု ရွှေလီလီအကြောင်းကို ဘယ်လိုသိကြလဲဆိုတာကို စူးစမ်းရမယ်"
    
     ထိုနေရာတွင် တပည့်သစ်များသွာ ရောက်ရှိနေခြင်းက ချင်နန်ကို နိုးနိုးကြားကြားဖြစ်သွားစေသည်။ သူသည် ပုန်းကွယ်၍ နေရန်သာ ဆုံးဖြတ်လိုက်သည်။
     သူ၏ လက်ရှိအင်အားဖြင့် တပည့်သစ်အားလုံးကို ဖယ်ရှားပစ်ရန်မှာ မဖြစ်နိုင်သေးပေ။
    
    
     “ကောင်းပြီ"
     ရှောင်လန် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် လူအုပ်ကြီး၏ အမြင်မှ ပုန်းကွယ်နေခြင်းသည် အကောင်းဆုံး အနေအထားပင်ဖြစ်သည်။
     ထိုစဉ် တပည့်သစ်ရှစ်ယောက်သည် သစ်ပင်တွေကြားထဲမှ ရေကန်အနားသို့ ခုန်လွှား၍ ထွက်လာကြသည်။ သူတို့သည် ပုန်းကွယ်နေဖို့ စိတ်ကူးရှိဟန်မတူပေ။
      ရုတ်တရက်ဆိုသလို ပေါ်ထွက်လာသည် ထိုတပည့်ရှစ်ယောက်ကို  အခြားတပည့်သစ်များအားလုံးက သတိထားမိကြသည်။
    
     ”ဒီနေရာက ဘာဖြစ်နေတာလဲ...၊ မြူတွေကကော ဘယ်လိုမြူတွေလဲ...“
     ကနဦးက ရွှင်ရွှင်ပြပြနှင့် တပည့်သစ်ရှစ်ယောက်၏ မျက်နှာထားသည် ထူးခြားသော မြူခိုးများကို မြင်တွေ့လိုက်ရသည့် အခါ မျက်နှာပျက်သွားကြသည်။ ထို့နောက် ကန်ဘေးပတ်လည်မှ အခြားတပည့်သစ်များကို ကြည့်၍
     “ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ၊ မင်းတို့တွေအားလုံးကကော ဘာလို့ ဒီနေရာကို ရောက်နေကြတာလဲ"

     ကန်ဘေးပတ်လည်ရှိ တပည့်သစ်များအားလုံး ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးသူတို့ထဲမှ တစ်ယောက်က
      “ရိုးရိုးသားသားပြောရရင် ငါတို့ မြေပုံထဲမှာ ပွင့်ဖတ်သုံးခုနဲ့ ရွှေရောင်လီလီပန်းကို တွေ့ခဲ့တယ်၊ အဲဒီဟာက ဒီနေရာကို ညွှန်ပြနေတာပဲ၊ သိရသလောက်ကဝောာ့ ကျောင်းက ဒီမြေပုံပေါင်း တစ်ရာကို သပ်ပါယကျွန်း တစ်ကျွန်းလုံးအနှံ့မှာ ဖြန့်ကျက်ထားပုံရတယ်"

      “အခုတစ်ရာတဲ့လား"
     ထိုစကားကို ကြားပြီး တပည့်သစ်ရှစ်ယောက်၏ မျက်နှာအမူအရာများ တောင့်တင်း၍ ရပ်တန့်သွားသည်။

     သစ်ပင်ပေါ်တွင် ပုန်းကွယ်နေသည့် ချင်နန်နှင့် ‌ရှောင်လန်တို့သည့် ထိတ်လန့်အံ့ဩသည့် မျက်နှာဖြင့် ‌တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ဦး၏မျက်နှာ အပြုံးတွေဖြင့် ဖုံးလွှမ်း၍ သွားသည်။
    
     စိတ်ဝိညာဉ်ကျောင်းသည် ဤမျှ ဉာဏ်နီဉာဏ်နက်များပြီး၊ ပညာသားပါပါ ဆောင်ရွက်ထားလိမ့်မည်ဟု သူတို့ မထင်မိကြပေ။
     ထိုစကားလုံးများသည် မှန်၏ မမှန်၏ ‌မသေချာသေးသော်လည်း လက်ရှိ မျက်မြင်အခြေအနေအရ စိတ်ဝိညာဉ်ကျောင်းသည် ပွင့်ဖတ်သုံးခုနှင့် ရွှေလီလီပန်း၏ တည်နေရာကို ညွှန်ပြထားသည့် မြေပုံများကို ဖြန့်ကြဲထားပြီး တပည့်သစ်များအား ဤနေရာတွင် စုစည်းမိအောင် တမင် ဖန်တီးထားခြင်း ဖြစ်နိုင်သည်။

    
    ထိုအချိန်တွင် သစ်တောထဲမှ လူတစ်ယောက်ခုန်လွှား၍ ထွက်ပေါ်လာသည်။ တပည့်သစ်ရှစ်ယောက်သည် သူတို့၏ အထိတ်တလန့်ဖြစ်သွားသည်ကို ပြန်လည်၍ ထိန်းချုပ်လိုက်သည်။
      ထိုသို့ ထွက်ပေါ်လာသည်က မိန်းမပျိုလေးတစ်ယောက်ပင် ဖြစ်သည်။
     ထိုမိန်းမပျိုလေးတွင် ဂုတ်ပေါ်သို့ ဝဲကျနေသည့် ပိတုံးရောင်ကေသာကို ပိုင်ဆိုင်ထားပြီး ရွှေရောင်အနားကွပ်ထားသည့် အနက်ရောင် ဝတ်ရုံကို ဆင်မြန်း၍ထားလေသည်။ အသားအရေသည် သူမ၏ ဝတ်ရုံနှင့် ဆန်ကျင့်ဘက်အနေအထားပင်ဖြစ်ပြီး ညှို့အားပြင်းသည့် ခန္ဓာကိုယ် အချိုးအစားကိုလည်း သူမက ပိုင်ဆိုင်၍ ထားသည်။
     သူမ၏ လှပသည့် မျက်နှာ၊ တောက်ပရွှန်းစိုသည့် မျက်ဝန်းနှင့် သူမ၏အမူအရာကို မြင်တွေ့ရသူတစ်ယောက်အဖို့ ရင်ကို လှိုက်ဖို၍သွားစေမည်မှာ မလွဲပင် ဖြစ်သည်။ (ကိုယ်တွေမေဂျာကဟာတွေနဲ့ တခြားစီ)
       ထိုသို့ ထူးကဲသောအလှတရားနှင့် ညှို့အားပြင်းပြင်းဖြင့် ဖမ်းစားထားသည့် သူမ၏အလှတရားတွင် လူများအားလုံး၏ အာရုံများစီးမြော၍ နေကြသည်။

     တပည့်သစ်များထဲမှ တစ်ယောက်သည် သူ၏ စိတ်ကူးကို ဖြတ်ချလိုက်ပြီး
     “ချူးယွင်.... စီနီယာအမချူးယွင် နင်ကော ရွှေလီလီပန်းပါတဲ့ မြေပုံကို ရလာတာပဲလား"

     ထိုစကားကို ကြားသည့်အခါမှသာ အခြားတပည့်များသည်လည်း ချူးယွင်၏အလှတရား၌ မေ့မြော‌နေရာမှ ပြန်လည် နိုးထလာခဲ့ပြီး ရိုသေလေးစားသည့် အမူအရာများသို့ ပြောင်းလဲသွားကြသည်။
    
     “ကောလဟာလအရတော့ ချူးယွင်က ဆွဲဆောင်မှု ရှိရုံတင်မကဘူး သူ့ရဲ့ကျင့်ကြံမှုအဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရောက်ပြီ၊ နောက်ပြီး သူမက ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက်ထဲက အဆင့်ငါးဂျီးနီးယပ်တစ်ယောက်ပဲ"
    
    “စီနီယာအမ ချူးယွင်ကပါ ဒီမှာဆိုတော့၊ သွေးမြူအတားအဆီး ပျက်ပြယ်သွားရင် ပွင့်ဖတ်သုံးခု ရွှေလီလီပန်းကိုရဖို့ ဘယ်သူက သူမနဲ့ယှဉ်ပြီးနိုင်တော့မှာလဲ"

    “ကြည့်ရတာတော့ ကံမကောင်းတော့ပါဘူး၊ စီနီယာအမရှောင်ကပါ ဒီကိုရောက်လာတယ်ဆိုတော့..."

     “... ... ..."

    မကြာမီအချိန်ကပင် ရောက်ရှိနေသည့် တပည့်သစ်ရှစ်ယောက်သည်လည်း ချူးယွင်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်သည့်အခါ ပြုံးစိစိဖြစ်သွားကြသည်။ ချူးယွင်သည်လည်း ဤနေရာသို့ ရောက်ရှိလာပြီး ဖြစ်၍ စိတ်ဝိညာဉ်ကျောင်းသည် မြေပုံတစ်ရာကို ဖန်းတီးပြီး သပ်ပါယကျွန်းအနှံ့ဖြန့်ကျက်၍ထားသည်မှာ သေချာနေပြီပင် ဖြစ်သည်ဟု ယုံကြည်သွားကြသည်။
     များစွာသောတပည့်သစ်များနှင့် ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက်ထဲမှ အဆင့်ငါးဂျီးနီးယပ်သည်ပင် ထိုနေရာတွင်ရှိနေရခြင်းက တစ်ခုတည်းသော သက်သေပင်ဖြစ်သည်။

    ချူးယွင်သည် တပည့်သစ်များ၏ ဆွေးနွေးပြောဆိုသံများကို မကြားရသည့်အလား တိတ်တဆိတ်ပင် ရှိနေသည်။ သူမသည် သွေးမြူအတားအဆီးကို ငေးစိုက်ကြည့်နေရာမှ ချင်နန်နှင့် ရှောင်လန်တို့ရှိသည့် နေရာသို့ လှည့်ကြည့်လိုက်ပြီး
     “ဟို တောထဲကနှစ်ယောက်၊ နင်တို့နှစ်ယောက် ဘယ်လောက်ကြာကြာထိ ပုန်းနေဖို့ စီစဉ်ထားတာလဲ"

     ချူးယွင်၏ နူးညံ့သိမ်မွေ့သည့် သာယာသောအသံပေါ်ထွက်လာခဲ့ပြီး ထိုအသံသည် တပည့်သစ်များအကြား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည့် အလားပင်။
     လူတိုင်း၏အကြည့်သည် အပြည့်အဝပုန်းကွယ်ပြီး စောင့်ကြည့်နေသည့် ချင်နန်နှင့် ရှောင်လန်တို့ဆီ ရောက်ရှိ၍သွားသည်။

     အမှောင်ထုထဲ ပုန်းကွယ်နေသည့် ရန်သူသည် ပွင့်လင်းစွာတိုက်ခိုက်လာမည့် ရန်သူထက် ပို၍ပင် ကြောက်စရာကောင်းသည်။

     ချူးယွင်သာ ထိုသို့ မပြောခဲ့ပါလျှင် အမှောင်ထဲမှနေ၍ သူတို့ကို အသေအချာစောင့်ကြည့်နေသူ ရှိလိမ့်မည်ကို သတိထားမိနိုင်မည် မဟုတ်ပေ။

    
     ချင်နန်သည် ချူးယွင်က သူတို့၏ နေရာကို သိသွားသည့် အတွက် အနည်ငယ် စိတ်ပျက်သွားပြီး မဲ့ပြုံးပြုံးလိုက်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရှိသူတစ်‌ ယောက်သည် သူတို့ရှိသည့် နေရာကို ရှာတွေ့နိုင်ဖို့ရာမဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုမိန်းမပျိုလေးသည် သာမာန်အဆင့်မဟုတ်မှန်းကို သူ သဘောပေါက်လိုက်သည်။
    
     “အခုဘာလုပ်မှာလဲ"
     ရှောင်လန်က သူ၏ လေသံကို နှိမ့်၍ ပြောလိုက်သည်။
 
     ချင်နန်သည် ခါးကို ဆန့်လိုက်ပြီး
    “ငါတို့ ဘာလုပ်ရတော့မလဲ...၊ သူတို့က မြင်သွားပြီဆိုတော့ အောက်ကိုပဲ ဆင်းကြတာပေါ့"
    ချင်နန်က ခက်ထန်သောအကြည့်ဖြင့် ကြည့်နေရင်းက အောက်သို့ ခုန်ဆင်းသွားသည်။
   
     ချင်နန် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အားလုံးတိတ်ဆိတ်နေကြပြီး တပည့်သစ်များသည်လည်း မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြသည်။
   
     ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက်ထဲမှ အဆင့်ငါးဂျီးနီးယပ်ဖြစ်သည့် ချူးယွင်သည်ပင် ချင်နန်၏ မျက်နှာကို မြင်သည့်အခါ တအံ့တဩဖြစ်၍သွားသည်။

     အမှောင်ထဲမှာ ပုန်းနေတဲ့တစ်ယောက်က ချင်နန်လား....

🐱🐱🐱🐱🐱

အပိုင်း(၆၃) ကြီးထွားလာသောလူစု
 
     ချင်နန်၏ ဂုဏ်သတင်းသည် ထိပ်တန်းဂျီးနီးယပ်များဖြစ်ကြသည့် လင်းဇီရှောင်နှင့် ဟောင်လုံကဲ့သို့ ကျော်ကြားလှပြီး တပည့်သစ်များကြားတွင် သူ့အားမသိသူမရှိချေ။
     ချင်နန် သူ့ကိုယ်သူ ပြလိုက်ပြီးနောက် နေရာတစ်ခုလုံးသည် အသက်ဆယ်ကြိမ်ရှုစာလောက် တိတ်ဆိတ်သွားပြီးနောက် ပွက်လောရိုက်သွားသည်။
    
     “ ဒါက ချင်နန်ပဲ....သူလည်းဒီမှာရှိတယ်ပေါ့ "

     “ ငါသူ့ကိုသတ်လိုက်ရင် အကျိုးကျေးဇူးရမယ့်အပြင် စီနီယာအကို လင်းဇီရှောင်ရဲ့ သဘောကျမှုလည်း ရရှိဦးမယ် "

     “ ဟန့်.... ဒီချင်နန်က အရမ်းမောက်မာတယ်၊ ငါက သူ့ကို အရင်ကတည်းက သတ်ချင်နေတာ၊ ဘယ်သူငါနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလဲ ၊ သူကိုသတ်ပြီး ရတဲ့အကျိုးကျေးဇူးကို ငါတို့ခွဲဝေယူနိုင်တယ် "
    
     “ ငါပါမယ်....ငါလည်း သူ့ကို သတ်ချင်တယ် "

     “ .......... "

     “ ........... "
  
      အချိန်အနည်းငယ်အတွင်းမှာပင် များစွာသော တပည့်သစ်များသည် သတ်ဖြတ်ချင်စိတ်များ ထုတ်ဖော်လာကြသည်။ အချို့ဆိုလျှင် တိုက်ခိုက်ရန်ပင် ပြင်ဆင်ထားကြသည်။
     ထိုမြင်ကွင်းအား မည်သူမျှ အံ့အားမသင့်ကြပေ။
     ယခင်က ဒိုဂျိုအဆောက်အဦးတွင် တပည့်သစ်နှစ်ရာ့နှစ်ဆယ်သည် ချင်နန်အား သတ်ဖြတ်ပါမည်ဟု လင်းဇီရှောင်အား ကတိပေးခဲ့သည်။ ချင်နန်သည် သူ၏ဒေါသကိုထုတ်ဖော်ပြီး ဒိုဂျိုအဆောက်အဦး၌ပင် တပည့်သစ်နှစ်ရာ့နှစ်ဆယ်အား ဝေဖန်ကဲ့ရဲ့ ခြိမ်းခြောက်ခဲ့သည်။

      “ ဟဟ...မင်းတို့ကောင်တွေက စီနီယာအကို ချင်နန်နဲ့ ယှဉ်နိုင်မယ်ထင်နေတာလား "
      ထိုအချိန်တွင် အေးစက်သောစကားသံနှင့်အတူ တောအုပ်ထဲမှဖြည်းညှင်းစွာထွက်ပေါ်လာပြီး တပည့်များအား ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေသောရှောင်လန်အား တွေ့လိုက်ရသည်။

      “ တစ်စုံတစ်ယောက်က သူ့ကိုတိုက်ခိုက်ရဲရင် ငါလုံးဝသနားနေမှာမဟုတ်ဘူး "
     ရှောင်လန်အား မြင်တွေ့လိုက်ရသောအခါ တပည့်တစ်ယောက်သည် အံ့အားသင့်စွာဖြင့်
     “ ရှောင်လန်.....သူက ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက်ထဲက နံပါတ်တစ်ဆယ်မလား "

     ထိုစကားကိုကြားပြီးနောက် ချင်နန်ကို သတ်ဖြတ်ရန်ကြံရွယ်ထားသူများ တုန်လှုပ်သွားကြသည်။

      “ ဘာ.....ရှောင်လန်က ချင်နန်နဲ့အဖွဲ့ဖွဲ့ထားတာလား "

      “ ဘောပဲ...ချင်နန်က အခု ရှောင်လန်ရဲ့ကာကွယ်မှုအောက်မှာဆိုတော့ အခြေအနေတွေက ရှုပ်ထွေးကုန်ပြီ "

      “ မင်းတို့မသိဘူးလား၊ ရှောင်‌လန်က ရှောင်ချင်းရွှဲ့ရဲ့မောင်လေ၊ အဲ့ဒီတော့ သူက ချင်နန့်ကိုကူညီမှာပေါ့ "

     “ ............... "

      ရှောင်လန်ရောက်ရှိလာမှုကြောင့်  တပည့်များသည် သူတို့၏ သတ်ဖြတ်ချင်စိတ်များ ပြန်လည်ဖုံးကွယ်လိုက်ကြသည်။
     ချင်နန်အား သူတို့မျက်လုံးထဲ မထည့်ထားသော်လည်း ထိပ်ဆုံးဂျီးနီးယပ်များထဲမှ တစ်ယောက်ဖြစ်သည့် ရှောင်လန်ကိုမူ မဆန့်ကျင်ရဲပေ။
     ဘေးဘက်တွင်ရပ်နေသော ချူးယွင်သည် ချင်နန်အားတောက်ပစွာကြည့်လိုက်ပြီး ညင်သာသည့်အသံဖြင့်
      “ ဂျူနီယာမောင်လေး ချင်နန်က ရက်အနည်းငယ်အတွင်းမှာပဲ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ငါးကနေ  ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်ထိ တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.....ငါအရမ်းသဘောကျသွားပြီ "
     ချူးယွင်၏ စကားလုံးများသည် တပည့်များကို အလွန်ကြောက်ရွံ့သွားစေခဲ့သည်။
    
      ချင်နန့်ရဲ့ ကျင့်ကြံမှုက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်ကို ရောက်ရှိသွားပြီပေါ့...
      ဟွှာအဆင့်ကိုးသိုင်းဝိညာဉ် ပိုင်ဆိုင်ထားသူများလျှင်ပင် ရက်အနည်းငယ်အတွင်း ကျင့်ကြံမှု နှစ်ဆင့်တက်ရန်မဖြစ်နိုင်ပါ။
      ချင်နန်က ဟွှာအဆင့်ကိုးသိုင်းဝိညာဉ် ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း ဂျီးနီးယပ်တွေတောင်မလုပ်နိုင်တဲ့ အရာတစ်ခုကို တကယ် လုပ်နိုင်တယ်ပေါ့
      တပည့်များအားလုံး တုန်လှုပ်နေကြသည်။
      သူတို့သည် စိတ်ရှုပ်ထွေးနေကြသေးသော်လည်း ချက်ချင်းပင် ကံကောင်းသည်ဟု ခံစားရပြီး ရှောင်လန်အား ကျေးဇူးတင်စွာကြည့်လိုက်ကြသည်။
      ချင်နန်တွင် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်ရှိသည်ဆိုတာ သူတို့အားလုံး သိထားပြီးသားဖြစ်သည်။ ယခု ချင်နန်၏ကျင့်ကြံမှုသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်ရောက်ရှိသွားသောအခါ သူတို့ထဲမှ မည်သူသည် ချင်နန့်အား ယှဉ်ပြိုင်နိုင်ပါမည်နည်း...

      ရှောင်လန်သာထွက်ပေါ်လာပြီး ချင်နန်အားတိုက်ခိုက်မည်ကိုမတားဆီးခဲ့ပါက သူတို့သည် အခုအချိန်တွင် သေလူဖြစ်နေပြီဖြစ်သည်။
      ချင်နန်သည် ထိုစကားကြားသောအခါ တည်ငြိမ်စွာပြုံးလိုက်ပြီး
      “ ငါရဲ့ ကျင့်ကြံမှုမြန်နှုန်းက စီနီယာအမချူးယွင်နဲ့တော့  မနှိုင်းယှဉ်နိုင်ပါဘူး၊ ဒီသပ်ပါယကျွန်းမှာ ငါကံကောင်းမှုအနည်းငယ် ကြုံတွေ့ခဲ့ရလို့ ဒီလိုနှစ်ဆင့် တက်လာတာပါ "

     “ ဂျူနီယာမောင်ငယ်ချင်နန် လူတိုင်းက ကံကောင်းမှုကြုံတွေ့ခဲ့ရရင်တောင် နှစ်ဆင့်တက်ဖို့ မဖြစ်နိင်ပါဘူး "
      ချူးယွင်သည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး
      “ ငါကတော့ ကံကောင်းမှုဆိုတာ ကိုယ်ရဲ့ကြိုးစားအားထုတ်မှုလို့ပဲ မှတ်ယူထားတယ် "

      ချင်နန်သည်သူမကို လှမ်းကြည့်လိုက်သည်။
      ဒီချူးယွင်သည် စကားပြောကျွမ်းကျင်လှသည်။
      ၎င်းသည် ချင်နန်အား သံသယဖြစ်စေသည်။
      တပည့်သစ်အားလုံးနီးပါးကို ငါဆန့်ကျင်ခဲ့သည်၊ ဒီချူးယွင်ကကော ရန်သူလား မိတ်ဆွေလား
   
      ချူးယွင်သည် ချင်နန်ဘာတွေးနေသည်ကို သိနေသည့်အလား ပြုံးလိုက်ပြီး
      “ ဂျူနီယာမောင်ငယ်ချင်နန်...မင်း စိုးရိမ်ပါနဲ့...လူတိုင်းက မင်းကိုသတ်ချင်နေရင်တောင် ငါမတိုက်ခိုက်ပါဘူး၊ ဘက်စုံစစ်ဆေးမှု မစတင်ခင်ကတည်းက စီနီယာအကိုဂွန်ယောင်က မင်းနဲ့မိတ်ဆွေဖွဲ့ဖို့ပြောခဲ့တယ် "
      ထိုစကားသည် လူတိုင်းအား နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားစေသည်။
     သူတို့သည် ဂွန်ယန် မည်သူမှန်း မသိရှိသော်လည်း သူမ၏စကားများအရ ချူးယွင်သည် ချင်နန်နှင့်တစ်ဖက်တည်းဖြစ်ပုံရသည်။
      ချင်နန် အနည်းငယ်အံ့အားသင့်သွားသည်။ ချူးယွင်သည် ဂွန်ယောင်နှင့်အဆက်အသွယ်ရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

      “ အကယ်၍ အခွင့်အရေးရရင် အကိုဂွန်ယောင်ကို ငါ့အစား ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး "
     ချင်နန်သည် လက်နှစ်ဖက်ဆုပ်ကာ ရိုးသားစွာ ပြောလိုက်သည်။
      သူသည်ဂွန်ယန်နှင့် မကြာသေးမှီကသာသိရှိခဲ့သော်လည်း ဂွန်ယန်သည် သူ့အား လျှို့ဝှက်စွာ ကူညီခဲ့သည်။
      ချင်နန်၏ နောက်တွင်ရပ်နေသော ရှောင်လန်သည် ဘာ‌တွေဖြစ်နေသည်ကို နားမလည်ပေ။
      ထိုအချိန်တွင် ‌ချင်နန်ကို့ကြည့်နေသည့် ချူးယွင်၏ မျက်လုံးထဲ၌ သိချင်စိတ်အရိပ်ယောင်များ ဖြစ်ပေါ်နေသည်။
     သူမသည် အတွင်းစည်းတပည့်များ၏ ထိပ်တန်းဆယ်ယောက်ထဲပါဝင်သည့် စီနီယာအကိုဂွန်ယန်အား ကောင်းမွန်စွာသိရှိပေသည်။ လင်းဇီရှောင်နှင့် ဟောင်လုံပင် သူနှင့် မနှိုင်းယှဉ်နိုင်ပါ။
      ချင်နန်သည် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခုနှစ်သာရှိသည်။

      စီနီယာ အကိုဂွန်ယောင်သည် ချင်နန့်အား အဘယ်ကြောင့် အလွန်သဘောကျနေရပါနည်း...

       ထို့အပြင် ချူးယွင်၏ လေ့လာတွေ့ရှိချက်အရ ရှောင်လန်သည် ချင်နန်အား အလွန်ရိုသေနေသည်။ ထိုအရာမှာ သူ့အမ ရှောင်ချင်းရွှဲ့ကြောင့်မဖြစ်နိုင်ပေ။

       ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက်ထဲက ဆယ်ယောက်မြောက်ဂျီးနီးယပ် ရှောင်လန်သည် အဘယ်ကြောင့် ချင်နန်အား အလွန်ရိုသေနေပါသနည်း...

       “ တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ "
       ချူးယွင်သည် တစ်ကိုယ်တည်းတွေးတောလိုက်သည်။
       ထိုအချိန်တွင် တပည့်များသည် တစ်ယောက်ကို ‌တစ်ယောက်ကြည့်နေကြသည်။
       ဒီနေရာတွင် ချင်နန်၊ ချူးယွင်၊ ရှောင်လန်တို့သည် ပွင့်ဖတ်သုံးခု ရွှေလီလီပန်းအတွက်ရောက်လာကြသောအခါ သူတို့ ဆက်နေသင့်ပါသေးလား...

       သူတို့၏ လက်ရှိခွန်အားဖြင့် ထိုသုံးယောက်ကို မဆန့်ကျင်နိုင်ပေ။
       ထို့သို့တွေးတောပြီးသည်နှင့် သူတို့သည် ဆန္ဒမရှိကြသော်လည်းထွက်ခွာရန်ဆုံးဖြတ်ချက် ချလိုက်သည်။
       သူတို့သည် ဒီနေရာတွင် အချိန်ဖြုန်းခဲ့ပါက ပွင့်ဖတ်သုံးခု ရွှေလီလီပန်းကို မရနိုင်သည့်အပြင် အသက်ပင်ဆုံးရှုံးနိုင်ပေသေးသည်။ သူတို့သည် ဤကျွန်းပေါ်တွင်ရှိသော တခြားကံကောင်းသည့်နေရာများကို ရှာဖွေခြင်းသည်  ပို၍ပညာရှိရာရောက်ပေသည်။
      သို့‌သော်လည်း ထိုအချိန်တွင် ရုတ်တရက် ဆိုးရွှားသောအသံတစ်သံ ထွက်ပေါ်လာသည်။
 
      “ ဒီမှာ ဘာလို့ လူတွေများနေတာလဲ၊ ချူးယွင်နဲ့ ရှောင်လန်တို့လို ထိပ်ဆုံးဂျီးနီးယပ်နှစ်ယောက်တောင် ရှိနေတယ်၊ ဒီနေရာမှာ ပွင့်ဖတ်သုံးခုရွှေလီလီပန်းရှိတာ လူတိုင်းသိနေပုံရတယ်၊ အမှိုက်ချင်နန်ကိုလည်း ဒီမှာ ငါတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒီနေ့ ငါတော်‌တော်ကံကောင်းပါလား..... "

       ထိုဆိုးရွားသောအသံနှင့်အတူ ပြင်းထန်သောအော်ရာထုတ်လွှင့်‌နေသည့် လူတစ်ယောက် တောအုပ်ထဲမှ ထွက်ပေါ်လာသည်။

🐱🐱🐱🐱🐱🐱

အပိုင်း(၆၄) အမှောင်ဒေါသကလေး

     ရုတ်တရက်ထွက်ပေါ်လာသော အသံသည် လူတိုင်းအာရုံကို ဖမ်းစား၍သွားခဲ့သည်။
    
     ရောက်ရှိလာသည့်လူသည် ပုကွလွန်းပြီး သာမာန်လူတစ်ယောက်၏အရပ်ထက် ထက်ဝက်ခန့်မျှသာ ရှိသည်။ သူ၏မျက်နှာသည်လည်း သွေးမရှိသည့်ပမာ အလွန်ဖြူဖျော့နေသည်။ သူ၏အသွင်ပြင်သည် ကျောချမ်းစရာကောင်းသောခံစားမှုကို ‌ပေးစွမ်းနေပြီး လူတစ်ယောက်ကို ကတုန်ကယင် ဖြစ်စေနိုင်လောက်သည်။

    နောက်ထပ်ရောက်ရှိလာသည့် သူကို မြင်သည့်အခါ ချူးယွင်၏မျက်နှာသည် မနှစ်မြို့သလိုအမူအရာ ဖြစ်သွားပြီး
    “အမှောင်ဒေါသကလေး.... မင်းကလည်း ဒီရောက်လာတယ်ပေါ့"

     ထိုစကားကို ကြားသည့်အခါ အခြားတပည့်သစ်များအားလုံး မျက်နှာပျက်သွားကြသည်။ သူတို့၏ အသက်ရှုသံများ ပြင်းထန်လာကြပြီး
      
      “အမှောင်ဒေါသကလေးဆိုတာ ဒါလား"

     “အဟမ်း"
     “အမှောင်ဒေါသကလေး... အဆင့်လေး ထိပ်ဆုံးဂျီးနီးယပ်တဲ့..၊ တော်တော်တော့ ကြောက်စရာကောင်းသား"

     “နောက်ပြီး သူက သူများတွေ ပြောပြောနေတဲ့ သတ်ဖြတ်ရတာကို သဘောကျတယ်တဲ့၊ သူ့ကို တည့်တည့်စိုက်ကြည့်ရဲတဲ့သူကို သူက ချက်ချင်းသတ်ပစ်လေ့ရှိတယ်၊ တစ်ခါကဆို.. သူ့ကို မချေမငံ ဆက်ဆံတဲ့ ဟွှာအဆင့်ခုနှစ်သိုင်းဝိညာဉ်ရှိတဲ့သူကို သူက သတ်ပစ်ခဲ့သေးတယ်"

     “အဟက်ဟက် တော်တော်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ"
    
     “... ... ..."

    အစက ထွက်သွားရန် ဟန်ပြင်နေသည့် လူများသည် အမှောင်ဒေါသကလေးကို မြင် တွေ့လိုက်ရပြီးနောက် သူတို့၏ ခြေလှမ်းများ ရပ်တန့်၍ သွားကြသည်။ သူတို့သည့် သရော်သည့်မျက်နှာထားဖြင့် ချင်နန့်ကို ကြည့်နေလိုက်ကြသည်။
     အမှောင်ဒေါသကလေး ပြောလိုက်သည့်စကားအရ သူသည် မကြာမီတွင် ချင်နန်ကို တိုက်ခိုက်တော့မည်ဟန်ရှိသည်။

     တပည့်သစ်များသည် ချင်နန်ကို ဆန့်ကျင်နိုင်ဖို့ မဖြစ်နိုင်သော်လည်း  အမှောင်ဒေါသကလေးသည်  အဆင့်လေးဂျီးနီးယပ်တစ်ယောက်ဖြစ်သည့်အတွက်  ချင်နန်ကို ရှောင်လန်က ကာကွယ်ပေးလျှင်တောင် အမှောင်ဒေါသကလေးကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။
    အမှောင်‌ဒေါသကလေးကို မြင်တွေ့ရပြီးနောက် ရှောင်လန်၏မျက်နှာ တောင့်တင်း၍သွားပြီး သူသည် လေသံကို နှိမ့်၍...
     “ချင်နန် .... စိတ်လိုက်မာန်ပါမလုပ်လိုက်နဲ့..၊ သူက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရှိပြီး ထူးဆန်းပြီးရက်စက်တဲ့သိုင်းကို ကျွမ်းကျင်တယ်လို့ ပြောကြတယ်၊ ချူးယွင်တောင်သူ့ကို  ဆန်ကျင်နိုင်ဖို့က ကွာခြားတယ် မဖြစ်နိုင်ဘူး"

     ချင်နန် ခေါင်းညိတ်ပြလိုက်သည်။  အမှောင်ဒေါသကလေး၏ သတ်ဖြတ်ချင်စိတ်များသည် သူ့ထံသို့ ရောက်ရှိနေသည်။ ထိုအရာနှင့်ပက်သက်၍ ချင်နန်တွင် စိုးရိမ်မှုမရှိ၊ မျက်နှာတစ်ချက်မပျက်ပဲ ဘာဖိအားမှ မရှိသလို အေးဆေးတည်ငြိမ်စွာပင်။

      အမှောင်ဒေါသကလေးသည် ချူးယွင်ကို ပြုံးပြလိုက်ပြီး
    “မင်းတို့တွေတောင် ဒီကို ရောက်လာနိုင်ကြတာပဲ ငါက  ဘာလို့မလာနိုင်ရမှာလဲ၊ နောက်ပြီး ကြည့်ရတာ ငါဒီလိုလာလိုက်တာ မှန်သွားပြီပဲ၊ အခု ငါ့ရဲ့သားကောင်ကို တွေ့ပြီ"
     ထို့နောက် သူသည် ချင်နန်ဘက်သို့ လှည့်လိုက်ပြီး... ခြောက်လန့်ပြောဆိုသည့် လေသံဖြင့်
     “ချင်နန် မင်းကို တစ်ကနေ သုံးထိ အချိန်ပေးမယ်၊ မင်းဒူးထောက်လိုက်ပါ၊ မင်းကို အသက်တစ်ချောင်း အပိုစောင်းပေးလိုက်မယ်၊ မင်း ငါ့ကို ဆန့်ကျင်ရဲတယ် ဆိုရင်တော့  သေချင်းတရားက ဘယ်လို‌လဲဆိုတာ သိသွားအောင် ငါပြပေးမယ်"

    ထိုစကားကို ကြားလိုက်ရသည့်အခါ အခြားတပည့်သစ်များသည် ချင်နန်အား အထင်မြင်သေးစွာကြည့်လိုက်ကြသည်။
     ထိုအဖြစ်ကို ကြည့်နေရင်း ဘာဆက်ဖြစ်လာလိမ့်မည်ကို အလွန်စိတ်ဝင်တစား ရှိနေကြသည်။ ချင်နန်သည် ယခင်က ဒိုဂျိုအဆောက်အဦးအတွင်း၌ တပည့်သစ်များများအား အော်ဟစ်ပြောဆိုပြီး ဆန့်ကျင်ခဲ့သည်။ ယခု အမှောင်ဒေါသကလေးနှင့် ရင်ဆိုင်ရချိန်၌ သူ ဆန့်ကျင်ရဲပါဦးမည်လော..။

     ရှောင်လန်၏ မျက်နှာ အေးစက်မာကြော၍သွားပြီး အမှတ်တမဲ့ဆိုသလို ဝင်ပြောလာသည်
     “အမှောင်ဒေါသကလေး...  စီနီယာအကိုချင်နန်က မင်းနဲ့ ပုဂ္ဂိုလ်‌ရေးအရ မပြေလည်မှုတွေ မရှိကြပဲ ဘာလို့ သူ့ကို သတ်ချင်နေရတာလဲ"
    
     “စီနီယာအကို"
     အမှောင်ဒေါသကလေးသည်  ရှောင်လန့်ကို စိုက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာဖြင့်
    ”ရှောင်လန် မင်း ဒီအမှိုက်ကို ဘယ်လိုသဘောရပြီး စီနီယာအကိုလို့ ခေါ်ရတာလဲ၊ ဒီတော့လည်း မင်းတို့နှစ်ယောက်စလုံး ငါ့ရှေ့မှာ ဒူး‌ထောက်ဖို့ အမိန့်ပေးတယ်၊ မလုပ်ဘူးဆိုရင်တော့ ငါ့ရဲ့ စွမ်းအားတွေကို မင်းတို့မြည်းကြည့်ကြပေါ့"
    အမှောင်ဒေါသကလေးသည်  ချင်နန်နှင့် ရှောင်လန်ကို သူ၏ မျက်စိထဲ မထည့်သည့်အလား အထက်စီးမှနေ၍ ဖိနှိပ်ပြောဆိုလိုက်သည်။
   
     ရှောင်လန်သည် ချက်ချင်းပင် မျက်နှာပျက်သွားကြပြီး မျက်နှာတပြင်လုံး နီမြန်း၍လာသည်။ အမှောင်ဒေါသကလေးသည် ဤမျှအထိ သွေးကြီးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

      ထိုအချိန်မှာပင် ယခင်တိတ်ဆိတ်နေသည့် ချင်နန်သည် နောက်ဆုံးတွင် ဒေါသထွက်နေသည့် လေသံဖြင့် ဝင်ပြောလေတော့သည်။
    “အမှောင်ဒေါသကလေးဆိုတာ မင်းလား..၊ မင်းက ပုကွလွန်းလို့ မင်းကိုမင်း ကလေးတစ်ယောက်လို့ ခေါ်တာလား၊ ငါတွေးမိတာတော့ ရှောင်လန်ပြောသလိုပဲ မင်းနဲ့ငါ ဘာပြဿနာမှလည်း မရှိပဲ မင်းက အရင်လာပြီး ဒူးထောက်ခိုင်းတယ်၊ နောက်ပြီး ငါ့ကို ဘယ်လိုသေရလဲဆိုတာတောင် ပြပေးမယ်လုပ်သေးတယ်၊ ဒီလိုဆိုတော့လဲ ပြစမ်းပါဦး မင်းအစွမ်းက ဘယ်လောက်ထက်လို့လဲ၊ မင်းလို စောက်ဂျပုက ..."

      ရှောင်လန်နှင့် ချူးယွင်အပါအဝင် လူများအားလုံး အံ့အားသင့်၍ သွားကြသည်။
    ချင်နန်သည် အကြင်နာကင်းမဲ့သည့် အမှောင်ဒေါသကလေးလို ဂျီးနီးအကြီးစားကို ရင်ဆိုင်လိမ့်မည်ဟု သူတို့ မထင်မိခဲ့ကြပေ။ ချင်နန်သည်  အမှောင်ဒေါသကလေး၏ အားနည်းချက်ကို ‌အခွင့်ယူပြီး ပြင်းပြင်းထန်ထန်တုံ့ပြန် ပြောဆိုလိုက်သည်။

      အမှောင်ဒေါသကလေး ဒေါသအိုးပေါက်ကွဲလာမှာကို ချင်နန်က မစိုးရိမ်ဘူးလား...

     ထိုစကားကိုကြားပြီးနောက် အမှောင်ဒေါသကလေးသည် တုံ့ခနဲဖြစ်သွားသည်။ ထို့နောက် သူ၏မျက်နှာ ရှုံ့တွ၍လာပြီး အကြည့်သည်လည်း နတ်ဆိုးတစ်ကောင်လိုကြောက်စရာကောင်း၍လာသည်။
     သူသည် ငယ်စဉ်က သူ၏သိုင်းဝိညာဉ်နှင့် ကျန်းမာရေးအခြေအနေကြောင့် သူ၏အရပ်အမောင်းတွင်အဟန့်အတား ဖြစ်လာခဲ့သည်။ ဒီနောက်တွင် ထိုအရာက သူ၏ အားနည်းချက်၊ ပျော့ကွက်ကြီးတစ်ခု ဖြစ်ခဲ့သည်။ တဦးတယောက်က သူ၏အရပ်အမောင်းနှင့်ပက်သက်ပြီး လှောင်ပြောင်ခဲ့ပါက ရက်ရက်စက်စက်တုံ့ပြန်၍ လက်စားချေလေ့ရှိပြီး လူတွေကို နှိပ်စက်ညှင်းပမ်းတာမျိုးလည်း ပြုလုပ်တတ်သေးသည်။

     ဒါကို အမှိုက်ချင်နန်က သူ့ကို ဂျပုလို့ ခေါ်ရဲတယ်ပေါ့...
    
     တကယ်လက်လန်တယ်...

     “ကောင်းပြီ.... ကောက်းပြီ ကောင်းပြီ"
     အမှောင်ဒေါသကလေးသည် မျက်နှာမဲကြီးဖြင့် ထိုစကားများကို အစ်၍ပြောလိုက်ပြီး သူ၏ သတ်ဖြတ်ချင်စိတ် အော်ရာများကို ထုတ်ဖော်လိုက်ကာ
     “ အမှိုက်စကများ ငါ့ကို ဂျပုတဲ့လား...၊ မင်းရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်နဲ့  ငါ့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်တယ်လို့များ  ထင်နေတာလား..၊ ငါ့ကို ဘာလို့ မဆန့်ကျင်သင့်လဲဆိုတာ မင်းကိုပြမယ်...."

      သူ၏စကားကို ရပ်လိုက်ပြီး စူးဝါးစွာအော်ဟစ်လိုက်ကာ သူ၏အရှိန်ကိုမြှင့်လိုက်ရာတွင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်အော်ရာများသည် သူ၏ ခန္ဓာကိုယ်မှ ပေါ်ထွက်၍လာသည်။
    
    အမှောင်ဒေါသကလေးသည် ဒေါသအိုးပေါက်ကွဲလာသည်ကို မြင်လိုက်ရသည့်အခါ တပည့်သစ်များအားလုံး တုန်လှုပ်ခြောက်ခြားသွားကြီး ချင်နန် နှင့် သူ့ကို တစ်လှည့်စီ အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။
    
     “ရပ်လိုက်စမ်း"
    
    ထိုအခိုက် ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရသည်။
     ချူးယွင်ဆီမှ ထွက်ပေါ်လာမှန်း သိလိုက်ရသည့်အခါ ချင်နန့်မျက်လုံးများ အရောင်လက်၍သွားသည်။ သူမ၏ လှပသော မျက်နှာလေးသည် အေးစက်မာကြော၍နေပြီး
     “အမှောင်ဒေါသကလေး.... ချင်နန်က ငါ့ရဲ့ မိတ်ဆွေပဲ၊ ဒီနေ့ မင်း ချင်နန့်ကို တိုက်ခိုက်ရင် ငါလည်း သူတို့နဲ့အတူ မင်းကို ပြန်တိုက်ခိုက်မယ်"

     ထိုသို့ပြောပြီးနောက် ချူးယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အော်ရာများ ထွက်ပေါ်၍လာသည်။

      ထိုအဖြစ်ကိုကြည့်၍ တပည့်သစ်များအားလုံး တအံ့တဩ ဖြစ်၍သွားကြသည်။ ချူးယွင်သည် ချင်နန်၏အကျိုးအတွက်နှင့် အမှောင်ဒေါသကလေးကို ဆန့်ကျင်လိမ့်မည်သူ သူတို့ မထင်မိခဲ့ပေ။
     ချင်နန်သည်ပင် ချူးယွင်က သူ့ကို ကာကွယ်လိမ့်မည်ဟု မထင်မိသောကြောင့် ကြောင်အန်းအန်းဖြစ်၍သွားလေသည်။
   
     ချူးယွင် တစ်ချက်ပြုံးလိုက်သည်။ သူမသည် အမှောင်ဒေါသကလေးကို သဘောမကျသော်လည်း သူ့ကို သတ်ပစ်ချင်လောက်သည့် ရန်သူအနေဖြင့်တော့ မသတ်မှတ်ထားပါ။ သို့သော်လည်း ဂွန်ယောင်က တောင်းဆိုထားသည်က တကြောင်း၊ သူမကိုယ်၌ကလည်း ချင်နန်နှင့်ပက်သက်၍ စိတ်ဝင်တစားရှိနေသည်က တကြောင်း စသည့် အကြောင်းကြောင်းကြောင့် ယခုရှေ့မှောက်၍ အမှောင်ဒေါသကလေး၏ လက်ထဲ သေကြေတော့မည့် ချင်နန်ကိုမြင်သည့်အခါ အသာဘေးရှောင်မနေဘဲ ဝင်ပါလာရခြင်းပင် ဖြစ်သည်။
     အကယ်၍ သူမသည် ချင်နန် မျက်စိရှေ့၌ပင် အန္တရာယ်ရှိနေသည်ကို မကူညီခဲ့ပါက ဒီ့ထက်ပိုပြီး စွမ်းအားကြီးသည့် ရန်သူနှင့် ရင်ဆိုင်ရနိုင်သည်ကို သူမ သိ၍နေသောကြောင့်လည်းပါ၏။
    ဒီကောင်လေးသည် ပြင်းထန်သည့် စကားများဖြင့် ပြန်မတိုက်ခိုက်ပဲ ပါးစပ်ကိုပိတ်၍ ဘယ်လိုနေရမည်ကို သိရှိခဲ့ပါက အမှောင်ဒေါသကလေးသည်လည်း အဘယ်သို့ ဒေါသထွက်လာပါမည်နည်း။
    
      အမှောင်‌ဒေါသကလေးသည်  အေးစက်‌စွာဖြင့် ချူးယွင်ကို မျက်စောင်းထိုး၍ကြည့်လိုက်ပြီး
     “ချူးယွင် ... နင် အဲဒီအမှိုက်ဘက်က ပါမှာ သေချာလား"

      ချူးယွင် သက်ပြင်းရှိုက်လိုက်ပြီး တည်ကြည်သောလေသံဖြင့်
     “အမှောင်ဒေါသကလေး... ချင်နန်ရဲ့ လေးစားမှုမရှိတဲ့စကားတွေအတွက် သူ့ကိုယ်စား ငါကပဲ တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်းက သူ့ကိုတိုက်ခိုက်မယ်ဆိုရင်တော့ သူ့ဘက်ကနေ ငါကာကွယ်ရလိမ့်မယ်၊ နောက်ပြီး...."

      ချူးယွင်၏ စကားမဆုံးခင်မှာပင် တစ်စုံတစ်ယောက်က စကားကိုကြားဖြတ် ဝင်ပြောလေသည်။
     ထိုသို့ စကားဖြတ်၍ပြောသည်က အခြားသူတော့မဟုတ် ချင်နန်ပင်။
    
     ချင်နန်က အေးတိအေးစက်ပင် ပြုံးလိုက်ပြီးနောက်
     “စီနီယာအမချူးယွင် မင်းရဲ့ အချိန်တွေက်ု အကုန်ခံနေစရာ မလိုပါဘူး၊ အမှောင်ဒေါသဂျပုက ငါ့ကို သတ်ချင်ရင်လည်း သူ့ကို ကြိုးစားခွင့်ပေးလိုက်ပါ၊ ဒီဂျပုက ငါ့ကို့ မ‌သတ်နိုင်လောက်ဘူးလို့ ငါယုံကြည်တယ်"

    ထိုစကားသံကိုကြားပြီးသည့်နောက် နေရာတစ်ခုလုံး တိတ်ဆိတ်၍သွားလေသည်။

🐱🐱🐱🐱🐱🐱

အပိုင်း(၆၅) အမှောင်ဒေါသက‌လေးငယ် ထွက်ပြေးခြင်း

     ချင်နန်၏စကားကြောင့် လူအုပ်ကြီးသည် အသက်ဆယ်ကြိမ်ရှုစာလောက်ထိ တိတ်ဆိတ်သွားပြီးနောက် ချင်နန်အား အထင်အမြင်သေးစွာ ကြည့်လာကြသည်။

     “ ဒီချင်နန်က အမှောင်ဒေါသကလေးငယ်ကို ဒေါသထွက်အောင် ရန်စနေတာပဲ "

      “ ချင်နန်က ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးလွန်းတယ်၊ စီနီယာအမချူးယွင်က သူ့ကိုနောက်ထပ်မကာကွယ်ပေးတော့မှာ ငါကြောက်တယ် "

      “ ဟန့်..... စီနီယာအမချူးယွင်ရဲ့ ကာကွယ်မှုသာမရှိရင် ချင်နန်က အမြန်သေမှာပဲ "

      “ ........... "
     
       တပည့်များသည် ချင်နန်အား အမျိုးမျိုးလှောင်ပြောင်နေကြသည်။
       ချူးယွင်၏မျက်နှာ မသာမယာဖြစ်သွားသည်။ သူမသည် ချင်နန်အား ကူညီရန် ကြိုးပမ်းခဲ့သော်လည်း ချင်နန်သည် အမှောင်ဒေါသကလေးငယ်အား စကားဖြင့် စော်ကားခဲ့သည်။

      ချူးယွင်သည် အေးစက်သောအသံဖြင့်
      “ ဟန့်..... ဂျူနီယာမောင်လေးချင်နန် မင်းက ကိုယ့်လမ်းကိုယ်လျှောက်မယ်ဆိုတော့လည်း ငါဘာမှမပြောတော့ဘူး၊ နင့်ဘာနင် အမှောင်ဒေါကလေးငယ်နဲ့တိုက်ခိုက်ချေ "
      ထိုသို့ပြောပြီးသည်နှင့် ချူးယွင်သည် ဆယ်မီတာအကွာအဝေးသို့ ခုန်သွားလိုက်ပြီး တည်ငြိမ်စွာ ကြည့်နေလိုက်သည်။
      စီနီယာအကိုဂွန်‌ယောင်သည် ချင်နန်အားကူညီရန်  တောင်းဆိုခဲ့သော်လည်း ချင်နန်သည် အလွန်ဘဝင်မြင့်နေသောကြောင့်  သင်ခန်းစာတစ်ခုပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူမသည် ချင်နန်အသက်အန္တရာယ်ရှိလာမှသာ  ဝင်ရောက်ကယ်တင်မည် ဖြစ်သည်။

      ရှောင်လန်သည်လည်း ကြောင်အနေရာမှ တိတ်ဆိတ်စွာပင် ဆုတ်ခွာခဲ့သည်။
      အမှောင်ဒေါသကလေးငယ်သည် သူထွက်ပေါ်မလာမီကတည်းကပင် ချင်နန်အား အမှိုက်ဟု လှောင်ပြောင်ခဲ့သည်။ ထို့ပြင် သူသည် ချင်နန်အား ဒူးထောက်ခိုင်းခဲ့သည်။ချင်နန်သည် အမှောင်ဒေါသကလေးငယ်အား လွယ်ကူစွာ ခွင့်လွှတ်မည် မဟုတ်ကြောင်း ရှောင်လန် အတတ်သိပေသည်။ သူ၏အမြင်အရ ချင်နန်တွင် ကိုယ်ပိုင်စည်းမျဉ်းများရှိပေသည်။ တစ်စုံတစ်ယောက်သည် သူ့အားကြင်နာစွာဆက်ဆံပါက သူသည်လည်း  ကောင်းမွန်စွာ ပြန်လည်ဆက်ဆံမည်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ့အားသတ်ချင်ပါက သူသည် ထိုသူအား အလွယ်တကူ ခွင့်မလွှတ်တတ်ပေ။

      အမှောင်ဒေါသကလေးငယ် အလွန်ဒေါသထွက်သွားသည်။
      ဒီလိုအမှိုက်ကောင်က ငါ့ကို အရှက်ခွဲရဲတယ်ပေါ့

     “ မင်းက ဒီလောက်သေချင်နေရင် ငါမင်းဆန္ဒကိုဖြည့်ဆည်းပေးမယ် "
     အမှောင်ဒေါသကလေးငယ်သည် ဒေါသထွက်စွာအော်ဟစ်လိုက်ပြီးနောက် သူ၏သေးငယ်သောခန္ဓာကိုယ်မှ မယုံနိုင်ဖွယ်ရာ အင်အားများ ထွက်ပေါ်လာသည်။ သူသည် လက်သည်းများဖြင့် ချင်နန်အားတိုက်ခိုက်လိုက်သည်။

     ထိုလက်သည်းတိုက်ခိုက်မှုသည် တပည့်များအားအံ့အားသင့်သွားစေသည်။
     အကယ်၍ ချင်နန်၏နေရာတွင် သူတို့ဆိုပါက ထိုတိုက်ခိုက်မှုအား ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
     ချင်နန်သည် တည်ငြိမ်စွာပင် နတ်အရိပ်ခြေရှစ်လှမ်းကို အသုံးပြုကာ ထိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအား အသာအယာ ရှောင်တိမ်းလိုက်သည်။

     ချူးယွင်အပါအဝင် လူတိုင်းအံ့အားသင့်သွားကြသည်။
     သူတို့၏ကျင့်ကြံမှုအဆင့်သည် အလွန်အားမနည်းသောကြောင့် ချင်နန်သည် အဆင့်မြင့်သော လှုပ်ရှားမှုသိုင်းပညာရပ်တစ်ခုအား အသုံးပြုသွားကြောင်း သိရှိပေသည်။ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရှိသူများသည် သူ၏အမြန်နှုန်းကို အမှီလိုက်ရန် အလွန်ခက်ခဲ‌ပေသည်။

     ကံဆိုးစွာပင် ချင်နန်၏ပြိုင်ဘက်သည် အမှောင်ဒေါသကလေးငယ် ဖြစ်နေသည်။

     အမှောင်ဒေါသကလေးငယ်သည် မည်သူဖြစ်ပါသနည်း...

     သူသည်ထိပ်ဆုံးဂျီးနီးယပ်ဆယ်ယောက်တွင် အဆင့်လေးဖြစ်ပြီး ချင်နန်၏ အမြန်နှုန်းသည်အလွန်အံ့အားသင့်စရာကောင်းသော်လည်း အမှောင်ဒေါသကလေးငယ်၏ရှေ့၌ လုံးဝအသုံးမဝင်နိုင်ပေ။

     “ ချင်နန်.... ဒါက မင်းအစွမ်းအကုန်ဘဲလား၊ ဟန့်..... မင်းကလှုပ်ရှားမှုပညာရပ်တစ်ခုလောက် ကျွမ်းကျင်တာနဲ့ပဲ ငါ့ကိုယှဉ်နိုင်မယ် ထင်နေတာလား "
     ထိုအချိန်၌ အမှောင်ဒေါသကလေးငယ်သည် မိစ္ဆာဆန်ဆန်ပြုံးလိုက်ပြီး သူ၏အမြန်နှုန်းကို တိုးမြှင့်လိုက်သည့်အချိန်တွင် သူသည်လျှပ်စီးကဲ့သို့ လျှင်မြန်လာသည်။

      ထိုအချိန်တွင် တပည့်များထဲမှ ဗဟုသုတရှိသောသူတစ်ယောက်သည် အံ့အားသင့်စွာဖြင့်
      “ ဒါလျှပ်စီးလက်တဲ့ခြေလှမ်းများပဲ၊ တစ်စုံတစ်ယောက်ရဲ့ အမြန်နှုန်းကိုလျှပ်စီးလိုမြန်စေတယ် "

      အမှောင်ဒေါသကလေးငယ်သည် လျှပ်စီးလက်သည့်ခြေလှမ်းများသိုင်းပညာကို အသုံးပြုပြီးနောက် ချင်နန်နှင့်အမြန်နှုန်း တူညီလာခဲ့သည်။

      အမှောင်ဒေါသကလေးငယ်သည် မိစ္ဆာဆန်ဆန် ရယ်မောလိုက်ပြီး
      “ ချင်နန် မင်းအခု မောက်မာနိုင်သေးလား....မင်းကို ငါ့ရဲ့ ဝိညာဉ်သံကြိုး အစွမ်းကိုပြမယ် "

     ထို့နောက်တွင် အမှောင်ဒေါသကလေးငယ်သည် သူ၏ခါးမှ အနက်ရောင်သံကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် သူ၏အော်ရာမြင့်တက်လာပြီး သံကြိုးစွမ်းအင်များ ထွက်ပေါ်လာသည်။
     ၎င်းသည် တောအုပ်ထဲတွင် နှင်းမုန်တိုင်းတိုက်ခိုက်သွားသကဲ့သို့ ကျင့်ကြံမှုအဆင့်အားနည်းသူများအား ခိုက်ခိုက်တုန်သွားစေသည်။

     ထိုမြင်ကွင်းကိုမြင်ပြီးနောက် ချူးယွင်၏မျက်နှာသည်  အနည်းငယ် ပြောင်းလဲသွပြီး
      “ လက်နက်နှင့် တစ်သားတည်း ကြီးမားသောအောင်မြင်မှုအဆင့် "

      ထိုအချိန်တွင် တပည့်တိုင်း အံ့ဩသွားကြသည်။

      “ လက်နက်နှင့်တစ်သားတည်းကြီးမားသော အောင်မြင်မှုအဆင့်..... အမှောင်ဒေါသကလေးငယ်က တကယ်ကို ထူးချွန်တာပဲ "

      “ ဟား...ဟား...ဟား... ချင်နန်တော့ အသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့ဘူး.....ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကိုးရှိတဲ့သူတောင် လက်နက်နှင့်တစ်သားတည်း ကြီးမားသော အောင်မြင်မှုအဆင့်ကို ရောက်ရှိထားတဲ့ အမှောင်ကလေးငယ်ကို ယှဉ်ပြိုင်ရရင် သေလိမ့်မယ် "
    
     “ ကျွတ်ကျွတ်.....ငါ အစကတွေးထားတာ ချင်နန်ကိုတိုက်ခိုက်ဖို့ သုံးကွက်လောက် လိုမယ်ထင်ထားတာ၊ အခု ကြည့်ရတာတော့ ချင်နန်ကိုတိုက်ခိုက်ဖို့ တစ်ကွက်လောက်ပဲလိုလိမ့်မယ် "
     
     “............... "

      ချူးယွင် သက်ပြင်းရှိုက်လိုက်သည်။ သူမ၏ မျက်နှာသည် တည်ကြည်နေပြီး သူမ၏ခွန်အားများကိုစုစည်းထားကာ ချင်နန်အား အချိန်မရွေးကယ်တင်နိုင်ရန်အသင့်ပြင်ထားသည်။ ချင်နန်ကို မောက်မာသောကြောင့် သင်ခန်းစာပေးရန် ရည်ရွယ်ထားသော်လည်း စီနီယာအကိုဂွန်ယောင်၏ တောင်းဆိုမှုကြောင့် မသေစေချင်ပါ။
     ထို့ကြောင့် အချိန်ကျလာလျှင် သူမ၀ င်ရောက်ကယ်တင်မည် ဖြစ်သည်။

     တစ်ချိန်တည်းမှာပင် အမှောင်ဒေါသကလေးငယ်သည် လက်နက်နှင့်တစ်သားတည်း ကြီးမားသောအောင်မြင်မှုအဆင့်ကို ထုတ်ဖော်ပြီးနောက် သူ၏လက်ထဲမှ အနက်ရောင်သံကြိုးသည် ငရဲမှတက်လာသောမြွေတစ်ကောင်ကဲ့သို့ ချင်နန်၏ ဦးခေါင်းဆီသို့တိုးဝင်လာသည်။
      ထိုတိုက်ခိုက်မှုသည် အလွန်ရက်စက်လှပြီး နတ်ဆိုးတစ်ကောင်ထွက်‌ပေါ်လာပြီး ချင်နန်၏ စိတ်ဝိညာဉ်ကို အမဲလိုက်နေသကဲ့သို့ပင်။
      ထိုတိုက်ခိုက်မှုကိုကြည့်ကာ တပည့်များသည် ကြက်သီးဖြန်းဖြန်းထနေပြီး သူတို့၏နှလုံးသားထဲထိ အေးစက်မှုကိုခံစားနေရသည်။
     ချူးယွင်သည် ချင်နန်အားကယ်တင်ရန် အသင့်ပြင်လိုက်သည်။

     “ ဒီလောက်ပဲလား "
     ချင်နန်သည် အမှောင်ဒေါသကလေးငယ်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း သူသည် တည်ငြိမ်စွာပင်ရှိနေပြီး လှောင်ပြုံးတစ်ခုပြုံးလိုက်သည်။ ထိုနောက်တွင် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဆေဘာစွမ်းအင်များ ထွက်ပေါ်လာသည်။
     ထိုအချိန်တွင် အမှောင်ဒေါသကလေးငယ်၏ တိုက်ခိုက်မှုများကို ဆေဘာစွမ်းအင်များက လွှမ်းမိုးသွားသည်။
     ထိုအဖြစ်အပျက်သည် အမှောင်ဒေါသကလေးငယ်၏ မိစ္ဆာအပြုံးများအားပျောက်ကွယ်သွားစေပြီး သူ၏ မျက်နှာတွင် အလွန်အမင်းအံ့အားသင့်မှုများ ပြည့်နှက်နေသည်။

     အမှောင်ဒေါသကလေးငယ်သာမက ချူးယွင်နှင့်တပည့်များအားလုံး အလွန်အံ့အားသင့်နေပြီး အသက်ရှုဖို့မေ့နေကြသည်။

     ဒါက ပြီးပြည့်စုံသောအဆင့် ဆေဘာစွမ်းအင်တွေလား...

     ချင်နန်က ဆေဘာနှင့်တစ်သားတည်း ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်ကို ရောက်ရှိသွားပြီပေါ့...
    
     “ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ချင်နန်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခုနှစ်ပဲရှိသေးတာကို ဘယ်လိုလုပ် ဆေဘာနှင့် တစ်သားတည်း ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်ကို ရောက်ရှိနေတာလဲ၊ လင်းဇီရှောင်လို ထိပ်တန်းဂျီးနီးယပ်တောင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်တုန်းက လက်နက်နှင့်တစ်သားတည်း ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်ကို မရောက်သေးဘူး "
     ချူးယွင်၏ ဆွဲဆောင်မှုရှိသောမျက်လုံးလေးများတွင် မယုံကြည်နိုင်ဟန်များ အထင်းသား ပေါ်လွင်နေသည်။

     အမှောင်ဒေါသကလေးငယ်သည် ထိပ်ဆုံးဂျီးနီးယပ်တစ်ယောက်ပီသစွာ မကြာမီတွင် သူ့အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး စူးရှသောအသံဖြင့်
     “ ချင်နန်....မင်းလိုအမှိုက်ကောင်က ဆေဘာနှင့်တစ်သားတည်း ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်ကို ဘယ်လိုလုပ် ရောက်ရှိခဲ့တာလဲ "
     ထိုသို့ပြောပြီးသည်နှင့် အမှောင်ဒေါသကလေးငယ်သည် သူ၏တိုက်ခိုက်မှုကို ရုပ်သိမ်းလိုက်ပြီး လျှင်မြန်စွာနောက်ဆုတ်သွားသည်။
     သူသည် ချင်နန်နှင့် ယခုအချိန်တွင် တိုက်ခိုက်ပါက မည်သည့် အရေးသာမှုမျှမရှိနိုင်ကြောင်း ရှင်းလင်းစွာနားလည်သည်။ သူဘက်ကပင် အနည်းငယ်အားနည်းနိုင်ပေသေးသည်။
     ရှောင်လန်နှင့် ချူးယွင်သည် အချိန်မရွေး တိုက်ပွဲထဲပါဝင်လာနိုင်သည်။
     ရှောင်လန်နှင့် ချူးယွင်သည်သာ တိုက်ပွဲထဲ ပါဝင်လာပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ပါက သူ၏ အသက်အန္တရာယ် စိုးရိမ်ရပေသည်။
     သူသည် ချင်နန်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ရမည်ကို မကြောက်ရွံ့သော်လည်း သုံးယောက်တစ်ယောက်တော့ ရင်မဆိုင်ရဲပေ။
      ထို့ကြောင့် အမှောင်ဒေါသကလေးငယ်သည် ချင်နန်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်လို့မရနိုင်မှန်း နားလည်သွားပြီးနောက် ချက်ချင်းပင် သူ၏ တိုက်ခိုက်မှုကိုရုပ်သိမ်းပြီး ဆုတ်ခွာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

      သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ဒေါသများကို ချုပ်တည်းကာ မှင်သေသေမျက်နှာဖြင့်
     “ ချင်နန်.....မင်းဒီတစ်ကြိမ်ကံကောင်းသွားတယ်၊ နောက်တစ်ကြိမ် ထပ်တွေရင် ဒီလိုကံကောင်းနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့ "
     ထိုစကားလုံးများကို ပြောပြီးနောက် သူသည် လျှပ်စီးလက်တဲ့ခြေလှမ်းများ သိုင်းပညာကို အသုံးပြုကာ ချက်ချင်း ထွက်သွားသည်။
     လူတိုင်းအံ့အားသင့်တုန်လှုပ်နေကြသည်။
    
     ကျော်ကြားတဲ့ ‌အမှောင်ဒေါသကလေးငယ်က သေမှာကြောက်လို့ ထွက်ပြေးသွားတယ်ပေါ့...

Continue Reading

You'll Also Like

117K 15K 80
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
438K 62.1K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
223K 14.3K 55
Jeon Jungkook x Kim Taehyung