အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

135K 12.1K 108

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၁ မှ ၅

3.2K 139 10
By Azure5549


အပိုင်း(၁) သိုင်းဝိညာဉ်နိုးထခြင်း

ကန်းလန်ကုန်းမြေတိုက်ကြီးတွင် တစ်စုံတစ်ယောက်သည် သိုင်းသမားတစ်ဦးဖြစ်ရန် ရည်ရွယ်ခဲ့ပါက သိုင်းဝိညာဉ် နိုးထရန် လိုအပ်သည်။ သိုင်းဝိညာဉ်နိုးထနိုင်သူတွေမှသာလျှင် ကောင်းကင် နှင့် မြေကြီးမှ ချီစွမ်းအင်ကို စုပ်ယူနိုင်ပြီး စွမ်းအင်ကျင့်ကြံနိုင်သည်။
     သိုင်းဝိညာဉ် အမျိုးအစားများမှာ မရေမတွက်နိုင်လောက်အောင် များပြားလှပါသည်။ သိုင်းဝိညာဉ်များကို ယေဘုယျအားဖြင့် အဆင့်ကြီးလေးဆင့် ခွဲခြားထားသည်။ ထျန်၊ ဒီ၊ ရှန်၊ ဟွှာ ဟူ၍ဖြစ်ပြီး အဆင့်ကြီး တစ်ခုစီတိုင်းတွင် အဆင့်ငယ် ဆယ်ခု ထပ်ခွဲထားသည်။
     သိုင်းဝိညာဉ်အဆင့်မြင့်မားမှုသည် သိုင်းသမားတစ်ယောက်ကို အနာဂါတ်တွင် ကျွမ်းကျင်သူဖြစ်ရန် အခွင့်အလမ်း ပိုများပေသည်။
     ယခုချိန်တွင် လျှိုမြစ်နိုင်ငံ လင်းရှုမြို့တော် ချင်ကလန်တွင်၊ သိုင်းဝိညာဉ်နိုးထခြင်းပွဲ ကျင်းပ နေသည်။
    ဂုဏ်ယူဝင့်ကြွားသည့် မျက်နှာဖြင့် လူငယ်လေး တစ်ဦးသည် အနက်ရောင်ပလ္လင်ပေါ်တွင် ခြေတစ်ဖက်နှင့် တစ်ဖက် ချိတ်၍ ထိုင်နေသည် (တင်ပျဉ်ခွေထိုင်နေတာပါ)။ သူကတော့ ချင်ကလန် အကြီးအကဲရဲ့ သား ချင်ချန်ခွန်ဖြစ်သည်။ ချင်ကလန်၏ ဂျီးနီယပ် ချင်နန်ပြီးရင် သူသည် ဒုတိယမြောက် ပါရမီရှင်ဖြစ်ပါသည်။
     ထို့ကြောင့် ကလန်သူ၊ ကလန်သားများနှင့် အကြီးအကဲများက သူ့အပေါ်ကို များစွာ မျှော်လင့်နေကြသည်။ ထိုအချိန်တွင် သူထိုင်နေသော အနက်ရောင်ပလ္လင်မှ အဖြူရောင် ရောင်ခြည်အလင်းတန်များ ထွက်ပေါ်လာသည်။ ချင်ချန်ခွန်ရဲ့ ခန္ဓာကိုယ်မှ အလင်းတန်းများဟာ အလွန်ထွန်းလင်းလျက်   သူ့ဝန်းကျင်တွင် လည်ပတ်နေသည်။
  
"ဟူး..........."
     ကြီးကျယ်ခမ်းနားသော သားရဲဟိန်းဟောက်သံကြီးဟာ ချင်ချန်ခွန်ထံမှ အဆက်မပြတ် ပဲ့တင်ထပ်လျှက် အဝါရောင် ရောင်ခြည်အလင်းတန်းကြီး ငါခု ထွက်ပါ်လာသည်။ ရမ်းစက်ကြမ်းကြုတ်သောအဖြူရောင် ကျားကြီးရဲ့ ပုံရိပ်နှင့် အတူ သားရဲတို့ရဲ့ ဘုရင်းကြီးဆင်းသက်လာ သကဲ့သို့ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး ပေါ်ထွက်လာသည်။
     အဲ့ဒီအချိန်မှာ အကြီးအကဲများနှင့် ကလန်သားတွေဟာ ကြီးမားတဲ့ အော်ရာရဲ့ ဖိအားဒဏ်ကို ခံစားနေရသည်။
 
   "ဒါက...ဒါက..." 
အခန်းအနား တာဝန်ခံ အကြီးအကဲဟာ ချက်ချင်း မကြေငြာနိုင်လောက်အောင်ကို အံဩသွားသည်။

"အဝါရောင် ရောင်ခြည်ငါးခု...
အဝါရောင် ရောင်ခြည်ငါးခု..."
သူသည် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။
  " ဒါဟာ ဟွှာအဆင့်ငါး သိုင်းဝိညာဉ် ဖြစ်ပါတယ်"
ထိုစကားဟာ မိုးကြိုးကြီးပစ်ချလိုက်သလိုပါပဲ အကြီးအကဲများ၊ကလန်သားများနှင့် လူတွေအားလုံးကို တုန်လှုပ်သွားစေသည်။
   "ဘာ... ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်"
  "ဘုရားရေ... ငါတို့ ကလန်‌တော့ဂျီးနီးယပ် တစ်ယောက် ထပ်ရပြီ"
ထိုအချင်းအရာကို မမျှော်လင့်ထားသော လူအများစုသည် မျက်နှာပျက်လျှက် ရှိနေကြသည်။
ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်သည် လန်ရှုးမြို့တစ်ခုလုံးတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ထားပြီး ထိုစွမ်းရည်သည် သုံးနှစ်မှ တစ်ကြိမ်သာလျှင် ပေါ်ထွက်လာတတ်သည်။ ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်ရှိသူသည် အဆင့်မြင့်မားပြီး အနာဂတ်တွင် ကြီးမားသည့်အောင်မြင်မှုကို ရရှိပေလိမ့်မည်။ ချင်းချန်ခွန်၏ သိုင်းဝိညာဉ်သည် အလွန်ဆုံး အဆင့်လေးလောက်သာ နိုးထနိုင်လိမ့်မည်ဟု ကနဦးက ယူဆထားကြသည်။
     ချင်ချန်းခွန်သည် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။ သူကိုယ်တိုင်ပင်လျှင် အဆင့်ငါး သိုင်းဝိညာဉ် နိုးထလာလိမ့်မည် မထင်ခဲ့ပေ။ ထို့နောက် သူသည် လူငယ်လေးတစ်ယောက်ကို အကြည့်ဖြင့်လှောင်ပြောင်လိုက်သည်။
ထိုလူငယ်‌လေးသည် ချင်ကလန်၏ ထိပ်တန်းပါရမီရှင်အဖြစ် လူသိများသည့်  ချင်နန်ဖြစ်သည်။

     "ကောင်းပြီ... နောက်တစ်ယောက် ချင်နန်"
အခန်းအနား တာဝန်ခံအကြီးအကဲက ကြေငြာလိုက်သည်။
ချင်နန်ကို ကြည့်နေသည့် တာဝန်ခံအကြီးအကဲ၏ အကြည့်သည် မျှော်လင့်ချက်တို့ပြည့်နှက်နေခဲ့သည်။
ချင်နန်သည် နံပါတ်တစ်ဂျီးနီးယပ်ဖြစ်သောကြောင့် သိုင်းဝိညာဉ်နိုးထသည့်အခါ ချင်ချန်ခွန်ထက် ပိုသာပေလိမ်မည်။ ဤသို့ ဖြစ်ခဲ့လျှင် ချင်ကလန်သည် ဂျီးနီးယပ် နှစ်ယောက်ကြောင့် အနာဂတ်တွင် ပိုမိုထင်ရှားကျော်ကြားလာပေလိမ့်မည်။
     မျှော်လင့်ထားသည့်အတိုင်း တာဝန်ခံအကြီးအကဲက နာမည်ကို ထုတ်ဖော်ကြေငြာပြီးသောအခါ ကလန်သားများအားလုံးရဲ့ အကြည့်သည် ချင်ချန်ခွန်ထံမှ ရုတ်သိမ်းလိုက်ကြပြီး ချင်နန်ထံသို့ ရောက်သွားကြသည်။
     ချင်နန့်ကိုကြည့်သည့် ကလန်သားများနှင့် ကလန်အကြီးအကဲတို့၏ မျက်လုံးများတွင် သူ့ကို ပိုမိုမျှော်လင့်သည့် အရပ်ယောင်များကို ပေါ်လွင်နေသည်။ ချင်နန်၏ ဒဏ္ဍာရီသည် ချင်ကလန်တွင်သာမက လန်ရှုးမြို့‌တော်တွင်လည်း ကျော်ကြားသည်။ ချင်နန်သည် ချင်ကလန် ခေါင်းဆောင်၏ သားဖြစ်သည်။
      သူသည် အသက်ခြောက်နှစ်ကပင် စာဖတ်‌တတ်ပြီး၊ အသက်ရှစ်နှစ် အရွယ်တွင် လက်ရေးလှ ရေးတတ်လာခဲ့ပြီး တစ်မြို့လုံးတွင် ကျော်ကြားလာခဲ့သည်။
အသက် ကိုးနှစ်အရွယ်ကပင် သိုင်းပညာ လမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့ပြီး ဆယ်နှစ်အရွယ်တွင် လက်သီးသိုင်းပညာကို လေ့ကျင့်ခဲ့သည်။
အသက် ဆယ့်တစ်နှစ်အရွယ် အရောက်တွင် လက်နှက်မဲ့ လက်ချည်းသက်သက်ဖြင့် ကျားတစ်ကောင်ကို အမဲလိုက်နိုင်နေပြီဖြစ်သည်။
ထို့နောက် ချင်နန်သည် အသက် ဆယ်နှစ်နှစ်အရွယ်တွင် ဆေဘာသိုင်းကို လေ့ကျင့်ခဲ့သည်။
အသက်ဆယ့်သုံးနှစ်အရွယ် အရောက်တွင် သူသည် သိုင်ပညာရပ် ဆယ်မျိုးတွင် ကျွမ်းကျင်နေပြီးဖြစ်သည်။
အသက် ဆယ်လေးနှစ်တွင် သူသည် မိုးကြီးလျှပ်စီး ထိမှန်ခဲ့ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးဒဏ်ရာ ရခဲ့သည်။
သူသည် အသက်ဆယ့်ခြောက်နှစ်တွင် ဆေဘာစွမ်းရည်တစ်ခုနှင့် အလယ်အလတ်အဆင့် သိုင်းစွမ်းရည်တစ်ခုကို ဖန်းတီးနိုင်ခဲ့ပြီး လန်ရှင်းတမြို့လုံးကို တုန်လှုပ်စေခဲ့သည်။
     တစ်ချိန်က သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ချင်နန်ရဲ့ အကြောင်းကို ကြားသိခဲ့ရတဲ့အခါ
"ဒီကလေးပြသခဲ့တဲ့ အရည်အချင်းဟာ အနာဂါတ်မှာ နိုးထလာမယ့် သူရဲ့သိုင်းဝိညာဉ်က အနိမ့်ဆုံး ဟွာအဆင့်ငါး သိုင်းဝိညာဉ် ဖြစ်လိမ့်မယ်"
"သူ့ရဲ့ အနာဂါတ်ဟာ အလွန်ထူးခြား‌ပေလိမ့်မယ်"
     သိုင်းဧကရာဇ်၏ စကားသည် တစ်မြို့လုံးသို့ ပျံနှံ့သွားပြီး ပွက်လောရိုက်သွားစေခဲ့သည်။
ထို့ကြောင့် ချင်နန်သည် သိုင်းဝိညာဉ် မနိုးထမှီကပင် လန်ရှုးမြို့၏ နံပါတ်တစ်ဂျီးနီးယပ် ဖြစ်ခဲ့သည်။

      ချင်နန်သည် ရှည်လျားသော အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ အသားရေသည် နာမကျန်းဖြစ်မှုမှ ပြန်လည်နလန်ထူလာ ရသောကြောင့် အနည်းငယ် ဖြူဖျော့နေသည်။ သူသည် လူအုပ်ကို တည်ငြိမ်စွာ ကြည့်ရင်း နိုးထခြင်းပလ္လင်သို့ ဖြေးဖြေးမှန်မှန် လျှောက်လာခဲ့သည်။
   "ဟူး...... နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီပဲ" ဟု တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး လူအုပ်ထံမှ အကြည့်‌ တွေကို လစ်လျှူရှုကာ ပလ္လင်ပေါ်သို့ ထိုင်လိုက်သည်။
     ထို့နောက် ပလ္လင်မှ အဖြူရောင် ရောင်ခြည်များထွက်ပေါ်လာပြီး ချင်နန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်လာခဲ့သည်။
     ထိုအချိန်တွင် ကလန်သားများနှင့် အကြီးအကဲများသည် ချင်နန်၏ နိုးထလာမည့် သိုင်းဝိညာဉ်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
        "ဂျီးနီးယပ် ချင်နန်ရဲ့ သိုင်းဝိညာဉ်ဟာ ထူးခြားဆန်းကြည်လိမ့်မယ်လို့ ကျွန်ဝောာ် အလိုလိုသိနေတယ်"
       "အင်း... ဒါပေါ့၊ ချင်ချန်ခွန်တောင်မှ ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်ဆိုတော့၊ ဂျီးနီးယပ် ချင်နန်ရဲ့ သိုင်းဝိညာဉ်က  ပိုပြီးတောင် အဆင့်မြင့်မှာပေါ့"ဟု ကလန်သားများက ပြောဆိုနေကြသည်။
       "ငါတို့ ချင်ကလန်မှာ ဟွှာ အဆင်းငါး သိုင်းဝိညာဉ်ထက် ကျော်လွန်တယ်ဆိုတာ မရှိခဲ့ဖူးသေးဘူး"
     "ဟေး...ပါးစပ်ပိတ်ထား...  ဂျီးနီးယပ် ချင်နန်ကို နှောက်ယှက်နေတာလား၊ တစ်ခုခု မှားယွင်းသွားခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်း တာဝန်ယူမှာလား"
       
        ကလန်သားများနှင့် အကြီးအကဲများ၏ ချင်နန်အပေါ်ကို မျှော်လင့်ချက်များဖြင့် ချီးမွမ်း ပြောဆိုသံများ ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။.
ထိုအခါ ချင်ချန်ခွန်သည် လူအုပ်ကြီး၏ ချင်နန့်အပေါ် ချီးမွမ်းမှုကိုကြားရသည့်အခါ ဟွှာအဆင့် ငါးရသည့် အပျော်များပင် ပျောက်ကွယ်ကာ မျက်နှာရှုံ့မဲ့လာသည်။
     
      "ဟမ့်.... လူတစ်ယောက်ရဲ့ သိုင်းဝိညာဉ်ဆိုတာကောင်းကင်ရဲ့ အလိုအရပဲ၊ ကျန်တာ ဘာနဲ့မှ မတိုင်းတာနိုင်ဘူး
"ဟွှာအဆင့်ငါး သိုင်းဝိညာဉ် ရဖို့ကို လွယ်တယ်များ ထင်နေလား
"မင်းတို့ ချင်နန်ရဲ့ သိုင်းဝိညာဉ်က ဒုတိယအဆင့် သိုင်းဝိညာဉ်လောက်ပဲဖြစ်မှာ
"စောင့်ကြည့်လိုက်"
      ချင်ချန်ခွန်သည် ထိုစကားပြောပြီးချိန်၌ ကလန်သားများနှင့် အကြီးအကဲများက သူ့ကို အထင်အမြင်သေးစွာ ကြည့်ရှုကြသည်။
      သိုသော် ဘာမှ‌တော့မပြော ကြပေ။
      ချင်ချန်ခွန်သည် ဟွှာ အဆင့်ငါး သိုင်းဝိညာဉ် နိုးထပြီးနောက် မျိုးနွယ်စုတွင် သူ၏ အဆင့်အတန်းသည် ယခင်ကနှင့် မတူတော့ပေ။ ချင်ချန်ခွန်သည် လူတိုင်းက သူ့ကို ရွံမုန်းသည့် အကြည့်များဖြင့် ကြည့်နေသော်လည်း တည်ငြိမ်စွာ ဟန်၊ မာန်မပျက်‌ နေလိုက်သည်။
      'ချင်နန်၏ ပင်ကိုစွမ်းရည်သည် ငယ်စဉ်ကတည်းက သိသာထင်ရှားတယ်၊ သိုင်းဧကရာဇ် တစ်ယောက်ရဲ့ အထင်ကြီးလေးစားမှုကိုပင် ခံရ‌တော့ အဆင့်နှစ်သိုင်းဝိညာဉ် နိုးထမယ်ဆိုတာ ဖြစ်တော့ မဖြစ်နိုင်ဘူး'
       ဤသို့ တွေးတောပြီးနောက် ချင်ချန်ခွန်သည် ပလ္လင်ဖက်သို ကြည့်လိုက်သည်။
      "ချင်နန် မင်းရဲ့ သိုင်းဝိညာဉ်က ဟွှာ အဆင့်ငါးထက် နိမ့်နေသင့်တယ်၊ ဟွှာ အဆင့်ငါးထက်တော့ မကျော်သင့်ဘူး" လို့ ချင်ချန်ခွန်က ချင်နန် အဆင့်မြင့် သိုင်းဝိညာဉ် မနိုးထဖို့ ကျိန်ဆိုနေခဲ့သည်။
       အဲဒီအချိန်မှာ ပလ္လင်မှ ထွက်ပေါ်လာတဲ့ အဖြူရောင် ရောင်ခြည်အလင်းတန်းများသည် အလက်လက်ဖြင့် တောက်ပလာသည်။
ချင်နန်ရဲ့ မျက်နှာမှစ၍ သူ၏ အားနည်းနေသော ခန္ဓာကိုယ် တစ်ခုလုံး အနည်းငယ် နီမြန်းလာကာ စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲ တစ်‌ကောင်၏ ဟိန်းဟောက်သံသည် ပဲ့တင်ထပ်ကာ ပေါ်ထွက်လာသည်။
လူအုပ်ကြီးတစ်ခုလုံး ထိုဟိန်းဟောက်သံကို ကြားရသည့်အခါ အသက်ရှုသံများပင် ရပ်တန့်ကာ ငေးမော ကြည့်ရှုနေကြသည်။
   ပေါက်ကွဲသံ တစ်သံပေါ်ထွက်လာပြီး ချင်နန်၏ ကိုယ်မှာ အဝါရောင် ရောင်ခြည်တစ်ခုသာ ပေါ်ထွက်လာသည်။
    ကလန်သားတွေနဲ့ အကြီးအကဲများသည် လွန်စွာထိတ်လန့် တုန်လှုပ်သွားကြသည်။
     "ဟင်... အဝါရောင် ရောင်ခြည်တစ်ခု "
     ဟွှာ အဆင့်တစ် သိုင်းဝိညာဉ်သည် အဆင့်အနိမ့်ဆုံး သိုင်းဝိညာဉ်ဖြစ်သည်။
      "လခွမ်း ဒါ ဘယ်လိုဖြစ်တာလဲဟ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
   "သူက နံပါတ်တစ်ဂျီးနီးယပ်တစ်ယောက်လေ၊ သူနိုးထတဲ့ သိုင်းဝိညာဉ်က...."
      
      စိတ်ထဲမှကျိန်ဆဲနေသည့် ချင်ချန်ခွန်ပင်လျှင် အလွန်အံ့အားသင့်သွားသည်။ လန်ရှုးမြို့၏ နံပါတ်တစ်ဂျီးနီယပ်သည် ဟွှာအဆင့်တစ် သိုင်းဝိညာဉ်သာ နိုးထလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
       ချင်နန်သည် တဖြေးဖြေး မျက်စိကို ဖွင့်ကြည့်လိုက်ပြီးနောက် လူအုပ်၏ အံ့အားသင့်နေသော အကြည့်များနှင့်သာ ရင်ဆိုင်လိုက်ရသည်။
အနီရောင်မီးတောက် ဆေဘာသိုင်းဝိညာဉ်သည် ဟွှာအဆင့်တစ် သိုင်းဝိညာဉ်သာဖြစ်သည်။
ချင်နန်သည် သူ၏ အနီရောင်မီးတောက် ဆေဘာသိုင်ဝိညာဉ်ကို အတွေးတစ်ချက်ဖြင့် သူ့ခန္ဓာကိုယ်တွင်းသို့ ပြန်သွင်းလိုက်သည်။ ဤရလဒ်‌ကို သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ပေ။ သူ၏ မျက်လုံးများသည် အနည်းငယ် ညှိုးငယ်သွားသော်လည်း ချက်ချင်းဆိုသလို ပြန်လည်ဖုံးကွယ်ထားလိုက်သည်။

🐱🐱🐱🐱🐱

အပိုင်း(၂)  အံ့ဖွယ်သိုင်းဝိညာဉ်

     လူအုပ်ကြီးသည် တခဏကြာ တိတ်ဆိတ်သွားသည်။
ချင်ချန်ခွန်သည် ရုတ်တရက် ‌ အားရပါးရ ရယ်မောလိုက်ပြီး
  
"ချင်နန်.... မင်းလို ဂျီးနီးယပ်တစ်ယောက်က ဟွှာအဆင့်တစ်သိုင်းဝိညာဉ် နိုးထလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ
   
"မင်းက ပါရမီရှင် မဟုတ်ဘူး
    
  "မင်းက အမှိုက်ကောင်ပဲ
    
  "တကယ်တော့ ငါကသာ ချင်ကလန်ရဲ့ နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ကွ"
    
    ဟွှာအဆင့်တစ် နိုးထသူဟာ ချင်ကလန်ထဲမှာပင် အနည်းငယ်သာရှိသည်။ အများစုမှာ ဟွှာအဆင့်နှစ် သိုင်းဝိညာဉ် နိုးထနိုင်ကြသည်။
       ချင်ချန်ခွန်၏ ကျယ်လောင်စွာ ရယ်မောပြောဆိုသံကို ကြားရသည့်အခါ လူအုပ်ကြီး သတိပြန်ဝင်လာခဲ့သည်။

     ရုတ်တရက် ချက်ချင်းဆိုသလိုပင် ကလန်သားများနှင့် ကလန်အကြီးအကဲများ၏ ချင်နန့်အပေါ် မျှော်လင့်ခြင်းများနှင့် ကြည့်နေသော အကြည့်များသည် အထင်အမြင် သေးခြင်း၊ စက်ဆုပ်ခြင်းတို့ အဖြစ် ပြောင်းလဲသွားသည်။
   
      "ဟွှာ အဆင့်တစ် သိုင်းဝိညာဉ်
    "ဘုရားရေ  ဒီကောင်က အမှိုက်ကောင်ပဲ....
    "လခွမ်း ငါ့ အထင် မှားယွင်းခဲ့တာပဲ ဒီအမှိုက်ကောင်ကို
     "သုံးစားမရတဲ့ ဟွှာ အဆင့်တစ်ပဲ နိုးထခဲ့တဲ့ ဂျီးနီးယပ် အမှိုက်ပဲ"
  
         "ဟုတ်တယ် အကို ချင်ချန်ခွန်ကသာ အစစ်အမှန် ဂျီးနီးယပ်တစ်ယောက်သာ ဖြစ်တယ်
       "ဒီ ချင်နန်က ချင်ကလန်ရဲ့ ထိပ်တန်းအမှိုက်ကြီးပဲ
     
      သိုင်းဝိညာဉ် ကမ္ဘာကြီးတွင် အင်အားကြီးမားသူများသာ လူတို့၏ ချစ်‌၊ ကြောက်၊ ရိုသေလေးစားမှုကို ရရှိနိုင်သည်။
       ချင်နန်၏ ကြောက်မက်ဖွယ်ကောင်းလောက်သည့် ပင်ကိုယ်ပါရမီကို ထုတ်ပြခဲ့သောကြောင့် ကလန်သားများနှင့် အကြီးအကဲများသည် သူ့အပေါ် အမျှော်ကြီး မျှော်လင့်ထားခဲ့သော်လည်း ထင်သလိုဖြစ်မလာသည့်အခါ .... အချစ်ကြီးရင် အမျက်ကြီးတယ် ဆိုသည့်အတိုင်း အလွန်စက်ဆုပ်ရွံရှာကာ အထင်မြင်သေးလာကြသည်။
        ချင်ချန်ခွန်သည် အလွန်စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးလားပြီး သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားသည့် မျက်ဖြင့် ချင်နန်ကို ကြည့်ကာပြောလိုက်သည်-
     
      "မင်မြင်ပြီမလား... သိုင်းဝိညာဉ်ဆိုတာ ကောင်းကင်ရဲ့ အလိုအရပဲ
      "မင်းဟာမင်း ပင်ကိုယ်ပါရမီ ဘယ်လောက်ရှိရှိ
     " အခုတော့ မင်းက အမှိုက်တစ်စ သာသာပဲ "
     
     ချင်နန်သည် သူ့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘာစကားမှပြန်မပြောပဲ လျှစ်လျူရှုကာ ထွက်ခွာလာခဲ့သည်။
    ပုံမှန်တိုင်းသာဆိုလျှင် ကလန်သားများနှင့် အကြီးအကဲများသည် ချင်နန့်နောက်ကိုလိုက်ပါလာကြမည် ဖြစ်သော်လည်း ယခုအချိန်တွင် သူ့နောက်ကို လိုက်ပါဖို့ မည်သူမှ ဆန္ဒမရှိတော့ပေ။
      ချင်နန်ထွက်ခွာသွားပြီးနောက် ကလန်သားများသည် ချင်ချန်ခွန်အနား ဝန်းရံသွားကြပြီး မျက်နှာချိုသွေးနေကြသည့် သူတို့မျက်နှာတွင် ကပ်ဖားယပ်ဖားအသွင်များ ဆောင်ကျဉ်းလာခဲ့သည်။
      
    "ဝေါင်း..... ဝေါင်း..... ဝေါင်း..... အကို ချင်ချန်ခွန်
    "အကိုက သိပ်ကို ပြောင်မြောက်တဲ့စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတာပဲ
    "ကျွန်တော်တို့ အကို့ကို တကယ်ကို သတိရနေတာဗျ
    "တကယ်တော့ ချင်ကလန်ရဲ့ ဂျီးနီးယပ်ဆိုတဲ့ ဂုဏ်ပုဒ်က အကို ချင်ချန်ခွန်နဲ့သာ ပိုပြီးထိုက်တန်တာ၊ ပိုပြီးလည်း လိုက်ဖက်တာဗျ
     "ဟိုအမှိုက်ကောင်နဲ့တော့ ဘယ်လိုမှ မလိုက်ဖက်၊ မသင့်တော်တဲ့ ဂုဏ်ပုဒ်ပဲလေ
      "ဒီနေ့ကစပြီး အကို့ရဲ့ နောက်လိုက်အဖြစ် ကျွန်တော်နေမယ်
      "အကိုအရှေ့ကိုသာသွားခိုင်းရင် ကျွန်တော်အနောက်ကို ဘယ်တော့မှမသွားဘူး"
     
      သိုင်းဝိညာဉ် နိုးထခြင်းပွဲ ပြီးဆုံးသွားနောက် သိပ်မကြာခင်မှာပင် ထိုပွဲ၏ ရလဒ်သည် လန်ရှုးတစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုရလဒ်နဲ့ပက်သက်ပြီး ချင်ကလန်သားများသာမက လန်ရှုး မြိုသူမြိုသားများအားလုံး အလွန်ပင် အံ့အားသင့်၍မဆုံး ရှိနေကြသည်။
       လန်ရှုးမြို့ရဲ့ နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်သည့် ချင်နန်သည် ဟွှာ အဆင့်တစ် သိုင်းဝိညာဉ်သာ နိုးထနိုင်ခဲ့ ခြင်းအပေါ် သူတို့က မည်သို့မျှ မယုံကြည်နိုင်ကြပေ။
       ချင်နန်နဲ့ပက်သက်၍ အံ့အားသင့်ခဲ့သော်လည်း မကြာမီပင် သူတို့၏ အာရုံစိုက်မှုသည် ချင်ချန်ခွန်ပေါ်သို့ ရောက်ရှိသွားကြသည်။
       ချင်ချန်ခွန်၏ ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်သည် လန်ရှုးမြို့တွင် ထိပ်တန်းအဆင့် တည်ရှိမှုဖြစ်ပါသည်။
       
        ချင်နန်သည် အခန်းအနားမှ ထွက်လာပြီးနောက်  သူ၏ နေရာသို့ ပြန်လာခဲ့သည်။ သူ့မျက်နှာအမူအရာမှာ အနည်းမျှပင် မဲ့ရွဲ့မှု၊ စိတ်ပျက်အားလျော့မှုတို့ မရှိပဲ အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့သည်။
     ဒီကမ္ဘာမှာတော့ စွမ်းအားကြီးမားသူသာ ရိုသေလေးမြတ်မှုကို ရရှိမည်သာဖြစ်သည်။ ထိုအရာကို သူသိသော်လည်း ကလန်သားများနှင့် ကလန်အကြီးအကဲတို့၏ သူ့အပေါ် တုံ့ပြန်သဘောထားမှုနှင့် ပက်သက်၍ အနည်းငယ် စိတ်ပျက်မိတာတော့ အမှန်ပင်။
    
     "အင်း.... ဘာပဲဖြစ်ဖြစ်ပါ သူတို့ရဲ့ အပြုအမူတွေနဲ့ပက်သက်ပြီး ငါ့စိတ်ကို အနှောက်ယှက်‌ဖြစ်နေစရာမလိုဘူး
"ငါ့ သိုင်းဝိညာဉ်ကို စမ်းကြည့်မယ်"
     ချင်နန်သည် သူ၏အတွေးများကို ရပ်တန့်လိုက်ပြီး အသာထိုင်ချလိုက်ကာ သိုင်းဝိညာဉ်အား အတွေးတစ်ချက်ဖြင့်ဖော်ထုတ်လိုက်သည်။ မီးတောက်နီဆေဘာသည် သူ၏‌ ကျောဖက်မှ တဖြည်းဖြည်းချင်း ပျံ့ကားလျက် မီးတောက်အပူလှိုင်းရောင်ခြည်များ ထုတ်လွှတ်ကာ ပေါ်ထွက်လာသည်။
      မီးတောက်နီဆေဘာသည် ပြင်းထန်သောလှိုင်းငွေ့ဆွဲအားများနှင့် ပြင်းထန်စွာ လည်ပတ်လျက် ကောင်းကင်နှင့် ‌ကမ္ဘာမြေမှ ချီစွမ်းအင်များကို စုပ်ယူနေသည်။
     ချီစွမ်းအင်များ ကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ  ချင်နန်၏ အနေအထားမှာ ပုံမှန်မဟုတ်တော့ပဲ အနည်းငယ် တုန်လှုပ်လာပြီး သူ၏ ဖြူဖျော့နေသော မျက်နှာမှာ ရဲစပ်စပ်ဖြစ်လာသည်။ (အရက်သမား ဘီယာသမား မျက်နှာလိုမျိုးဗျာ သိတယ်မလား)
       ကျင်ကြံခြင်းကို နယ်မြေကြီး ဆယ်ခု ခွဲခြားထားသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သည် ပထမအဆင့်ဖြစ်သည်။
      ခန္ဓာကိုယ်သန့်စင်ခြင်းဆိုသည်မှာ ချီစွမ်းအင်ဖြင့် ခန္ဓာကိုယ် သန့်စင်ရခြင်းဖြစ်သည်။
      ထို့ကြောင့် ချင်နန်သည် ချီစွမ်းအင်ကို သူ၏ ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူလိုက်ပြီး၊ မရီဒန်များနှင့် အရိုးများကို သန့်စင်လိုက်သည်။
      အချိန်သည် တဖြေးဖြေး ရွေ့လျားလာပြီး သုံးနာရီကျော် ကုန်လွန်လာခဲ့သည်။ ထိုနောက် မျက်လုံးများပွင့်လာပြီး သူ၏ နဖူးတွင်လည်းချွေးစီးများကျနေသည်။
     "ဟူး...... သိုင်းဝိညာဉ်ရဲ့ အဆင့်အတန်းက လူတစ်ယောက်အတွက် အတော်အရေးပါတာပဲ" ဟု သူ ရေရွှတ်လိုက်သည်။
      ထို့နောက် သူ၏ သိုင်းဝိညာဉ် မီးတောက်နီဆေဘာဓားကို လက်တွင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး မခိုးမခန့် ရယ်မောလိုက်သည်။
      ယခုအခါတွင် သိုင်းဝိညာဉ်အဆင့်သည် လူတစ်ယောက်အတွက် မည်မျှအထိ အရေးပါသည်ကို သူနားလည်လိုက်ပြီ ဖြစ်သည်။
     ဥပမာအားဖြင့် သူသည် သုံးနာရီကြာ ကျင့်ကြံခဲ့သော်လည်း ဘာမှ မတိုးတက်လာခဲ့ပေ။ အကယ်၍ ချင်ချန်ခွန်သာ သုံးနားရီမျှ ကျင့်ကြံလိုက်လျှင် ခန္ဓာကိုယ် သန့်စင်ခြင်း ပထမအဆင့်ကိုပင် ချိုးဖျက်နိုင်လောက်ပေမည်။။
     "ဘာပဲဖြစ်ဖြစ်ပါ ဟွှာ အဆင့်တစ်သိုင်းဝိညာဉ်ပဲ နိုးထခဲ့တာလည်း တစ်မျိုးကောင်းတယ်
   "မဟုတ်ရင် ငါ ချီတုံချတုံ ဖြစ်နေလိမ့်မယ်"
    
     ချင်နန်၏ နှုတ်ခမ်းမှ ခန့်မှန်းရခက်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး အတွေးတစ်ချက်ဖြင့် သူ၏ ဒန်တျန်ကို အာရုံစူးစိုက်လိုက်သည်။
      ချင်နန်၏ ဒန်တျန်ထဲတွင် လက်သီးဆုပ်အရွယ်ခန့် အနီရောင်လျှပ်စီးတစ်ခုသည် အထက်အောက်လွင့်မြောနေသည်။ လျှို့ဝှက် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း အော်ရာသည် ထိုလျှပ်စီးအတွင်းမှ ထွက်ပေါ်လာသည်။
       ထိုအရာသည် ချင်နန်၏ အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးဖြစ်ပြီး သူ၏အဖေကိုပင် ပြောပြထားခြင်းမျိုး မရှိခဲ့ပေ။
      သူ အသက်(၁၄)နှစ်အရွယ် လောင်ဂူးတောင်တန်းတွင် သိုင်းကျင့်နေစဉ် မိုးသက်မုန်တိုင်းကျလာပြီး နားခိုရာနေရာ ရှာနေခိုက် ထိုအနီရောင်လျှပ်စီး လာရောက်ထိမှန်သည်ကို ခံခဲ့ရခြင်းဖြစ်သည်။
      ထိုဖြစ်ရပ်ကို လန်ရှုးတစ်မြို့လုံး သိရှိခဲ့ကြသော်လည်း သာမန် မိုးကြိုးပစ်ခံရခြင်းဟူ၍သာ ယူဆခဲ့ကြသည်။ လျှပ်စီးထိမှန်ပြီးနောက်တွင် ချင်နန့်စိတ်ထဲတွင် ရှေးဟောင်းမှတ်ဉာဏ်အပိုင်းအစများ ပေါ်ထွက်လာခဲ့သည်။
      မှတ်ဉာဏ်အပိုင်းအစများအရ အနီရောင်လျှပ်စီးသည် နတ်ဘုရားသိုင်းဝိညာဉ်ဖြစ်သည်ကို သူသိရှိခဲ့ရသည်။
       ထိုနတ်ဘုရားသိုင်းဝိညာဉ်ကို ပိုင်ဆိုင်လိုပါက ကိုယ်ပိုင်သိုင်းဝိညာဉ်ကို ဖျက်စီးပစ်ရန်လိုအပ်သည်။
    လူတစ်ဦးသည် သိုင်းဝိညာဉ် အဆင့်မြင့်လေ နတ်ဘုရားသိုင်းဝိညာဉ် နိုးထနိုင်ရန် အခွင့်အလမ်း နည်းလေဖြစ်ပြီး ဟွှာ အဆင့်တစ်သိုင်းဝိညာဉ်ဖြစ်ပါက နိုးထနိုင်ရန် အခွင့်အရေး ပိုမိုများမည်ဖြစ်သည်။
     ထို့နောက် ချင်နန်၏ မျက်နှာမှ အပြုံးသည် ပို၍ပီပြင်လာသည်။ ဤသည်မှာ သိုင်းဝိညာဉ်နိုးထခြင်းပွဲတွင် သူသည် ဟွှာ အဆင့်တစ်သိုင်းဝိညာဉ်သာ နိုးထနိုင်ခဲ့သော်လည်း မျက်နှာမပျက်ခဲ့ရသည့် အကြောင်းပြချက်ပင်ဖြစ်သည်။
       အကယ်၍သာ သူသည် ဟွှာ အဆင့်ငါးသိုင်းဝိညာဉ် နိုးထခဲ့ပါက ထိုဆန်းကြယ်သော နတ်ဘုရားသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ရန် သတ္တိ ရှိချင်မှသာရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသိုင်းဝိညာဉ်ကို ပိုင်ဆိုင်လိုပါက ဟွှာ အဆင့်ငါးသိုင်းဝိညာဉ်ကို ဖျက်စီးပစ်ရန်လို၍ ဖြစ်သည်။
      ယခုအချိန်တွင်မူ ချင်နန်သည် ဟွှာ အဆင့်တစ်သိုင်းဝိညာဉ်သာ နိုးထနိုင်ခဲ့၍ နတ်ဘုရားသိုင်းဝိညာဉ် နိုးထနိုင်ဖို့ အခွင့်အရေးပိုများမည် ဖြစ်သည်။
      ချင်နန်၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းဆိုသလိုပင် ပျောက်ရှသွားပြီး မီးတောက်နီဆေဘာဓားကို
ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းတစ်ချက် ပင့်သက်ရှိုက်လိုက်ပြီး
      
       "အခု ... ငါ ဒီဓားကို ဖျက်ဆီးပစ်ဖို့ အချိန်တန်ပြီ..."

      ချင်နန်၏ မျက်နှာမှာ တင်းမာနေပြီး ရှေးဟောင်းမန္တန်ကို နှုတ်မှ ရွတ်ဆိုနေလေသည်။
       ထိုမန္တန်ကို ဝိညာဉ်စွန့်လွှတ်ခြင်းကျင့်စဉ်ဟုခေါ်သည်။  ထိုကျင့်စဉ်သည် အနီရောင်လျှပ်စီးမှ ရရှိထားသည့် မှတ်ဉာဏ် အပိုင်းအစများထဲမှ ဖြစ်သည်။
        ဝိညာဉ်စွန့်လွှတ်ခြင်း ကျင့်စဉ်သည် ကိုယ်ပိုင်သိုင်းဝိညာဉ်ကိုစွန့်လွှတ်ရန်အတွက် ကျင့်ကြံရခြင်း ဖြစ်သည်။
       ထိုကျင့်စဉ်သည် ချီစွမ်းအားကို မလိုအပ်ပေ။ ကျင့်စဉ်သည် အလွန်ထူးခြားနေပြီး မယုံကြည်နိုင်လောက်အောင်ပင် ဆန်းကြယ်လွန်းပေသည်။
       ကျင့်စဉ်မန္တန်ကို ရွတ်ဆိုနေစဉ် ချင်နန်၏ လက်ဖဝါးနှစ်ဖက်တွင် အဖြူရောင် ရောင်ခြည်အလင်းများ တဖြည်းဖြည်း တောက်ပစွာ ပေါ်ထွက်လာသည်။ ထို့နောက်ပြန်လည် ငြိမ်သက်သွားသည်။
       ချင်နန်၏ မျက်နှာသည် ချက်ချင်း တည်ငြိမ်လာသည်။  မီးတောက်နီဆေဘာဓား၏ ရှေ့မျက်နှာပြင်ကို သူကိုင်လိုက်ရာတွင် ထိတ်လန့်ဖွယ် အဖြစ်အပျက် ဖြစ်ပေါ်လာသည်။ မီးတောက်နီဆေဘာဓား အတွင်းမှ အဖျက်စွမ်းအားတစ်ခု ပေ့ါက်ကွဲထွက်လာပြီး  အပိုင်းပိုင်းကွဲထွက်သွားသည်။
       မီးတောက်နီဆေဘာဓား ပေါက်ကွဲသွားပြီးနောက် အနီရောင်အမှုန် အပိုင်းအစများ ကောင်းကင်ယံအပြည့် ဖုံးလွှမ်းသွားသည်။
      ချင်နန်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားသည်။ မီးတောက်နီဆေဘာဓား ပေါက်ကွဲသွားစဉ်၌ပင် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်လိုက်သလို ခံစားလိုက်ရသည်။
      သိုင်းဝိညာဉ်သည် မွေးဖွားလာကတည်းက ပါလာသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သိုင်းဝိညာဉ် ပေါက်ကွဲသွားသည့်အခါ သူ၏ ခန္ဓာကိုယ်သည်လည်း ထပ်တူခံစားလိုက်ရခြင်းဖြစ်သည်။
      ချင်နန်သည် သူ၏ နာကျင်မှုကို အံကြိတ်ကာ သည်းခံနေလိုက်သည်။
      ထို့နောက် ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသော အနီရောင်အမှုန် အပိုင်းအစများအားလုံးကို သူ၏ ဒန်တျန်ထဲမှ လျှပ်စီးသည် စုပ်ယူလိုက်သည်။
      ထို့နောက် လျှပ်စီးသည် တခဏတာမျှ အေးခဲသွားပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
      
      "ကောင်းကင်ကို စစ်ခင်းပြီး ကုန်‌ပြင်ကို မြေလှန်ပစ်မယ်
     "ဗုဒ္ဓပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ငါ့ကို ဘယ်သူမှ မဆန့်ကျင်နိုင်စေရဘူး"
ဟူ၍ နတ်ဘုရားသိုင်းဝိညာဉ်မှ ကြောက်မက်ဖွယ်ရာ ရှေးဟောင်းစကားသံကြီး ချင်နန်၏ ဒန်တျန်ထဲမှ ပေါ်ထွက်လာသည်။
      "အ... "
      ချင်နန်၏ မျက်လုံးများသည် နီရဲလာကာ ပြင်းထန်သောဝေဒနာကို ခံစားလိုက်ရပြီး သူသတိလစ်သွားသည်။

🐱🐱🐱🐱🐱🐱🐱🐱

အပိုင်း (၃) ရန်လိုခြင်း

       နောက်တစ်နေ့ နံနက်ခင်း ခပ်စောစောအချိန်တွင် ချင်နန်သည် တဖြေးဖြေး သတိရလာသည်။
    သူသည် ပြင်းပြင်းပြပြ အသက်ကို ရှုရှိက်နေရင်း‌ကပင် ထထိုင်ဖို့ကြိုးစားလိုက်သည်။ ရုတ်တရက် ခေါင်းထဲတွင် ဆိုးရွားသော နာကျင်ကိုက်ခဲမှုဒဏ်ကို ခံစားလိုက်ရသည်။  မနေ့က ပေါက်ကွဲထွက်မှုသည် သူ၏ ခေါင်းတစ်ခုလုံးကို ‌ကြေမွလွင့်စင်သွားစေသလို ဖြစ်ခဲ့သည်။
    
     "တော်တော်ကြောက်စရာကောင်းတဲ့ ရှေးဟောင်း စကားသံပဲ"

      ချင်နန်၏ အသားရေသည် ဖြူ‌ဖျော့နေ‌ပေသည်။  မနေ့က သူကြားရသည့် ရှေးဟောင်းစကားသံကြီးသည် သူ၏ ဝိညာဉ်ထဲသို့ ပူးကပ်ကာ ဝင်ရောက်နေသလို ခံစားနေရသည်။ ထိုအသံကြီးသည် သူ၏ အတွေးထဲတွင် အကြိမ်ကြိမ် အထပ်ထပ် လှိုင်းသံများပြုကာ ဆက်တိုက် မြည်ဟည်းနေသလိုဖြစ်ပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းနေပေသည်။
     
       "တော်တော်ကိုထူးဆန်းတဲ့ နတ်ဘုရားသိုင်းဝိညာဉ်ပဲ
       "ငါ စမ်းကြည့်ရမယ်"
       
       ချင်နန်သည် ခက်သွက်သွက် လျှောက်ကာ သူ၏နေရာသို့ ပြန်လာခဲ့လိုက်သည်။ ရောက်သော် ထိုင်လိုက်ကာ သိုင်းဝိညာဉ်အား စမ်းသပ်ရန် ဟန်ပြင်လိုက်သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားသည့် အရိပ်ယောင်များ အထင်းသား ပေါ်ထွက်နေသည်။ ပဟေဠိဆန်လွန်းပြီး ထူးခြားဆန်းကျယ်လွန်းသည့် သိုင်းဝိညာဉ်သည် မည်သို့မည်ပုံ ဖြစ်မည်ကို သူမသေချာ၍ ဖြစ်သည်။ (သူ ရ မရ စိတ်လှုပ်ရှားနေခြင်း)
        ချင်နန် သက်ပြင်းတစ်ချက် ရှုချလိုက်ပြီး မျက်စိကို အသာမှိတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တွင်းမှ သိုင်းဝိညာဉ်ကို အာရုံစူးစိုက်လိုက်သည်။
       ချင်နန်၏ ရှေ့မှ ရွှေဝါရောင်ဖိတ်ဖိတ်တောက်နေသော အဝါရောင် ရောင်ခြည်တန်းများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီးနောက် အဝါရောင် ရောင်ခြည်တန်းကြီး ခြောက်ခုအဖြစ် ရောက်ရှိလာခဲ့သည်။
      အဝါရောင် ရောင်ခြည်အလင်းတန်းများသည် သက်ဝင်လှုပ်ရှားနေသည့်အလား ပြန့်ကားကျယ်ပြန့်စွာ ဝေ့ဝိုက် ပျံသန်း လည်ပတ်ကာ ပေါ်ထွက်နေသည်။ (လုံးဝကို ခမ်းနားလွန်းတယ်)
      နတ်ဘုရားသိုင်းဝိညာဉ်သည် အရှိန်အဝါပြင်းစွာ ကျက်သရေဆောင်လျက် ဦးခေါင်းထက်သို့ပင် ဆင်းသက်လာဟန် ရှိနေလေတော့သည်။
      ချင်နန်၏ အသားရေသည် ရုတ်ချည်းပြောင်းလဲလာသည်ကို သူမြင်နေရသည်။
    "ဘုရားရေ တကယ်ကို အံ့ဖွယ်သိုင်းဝိညာဉ်ပဲ"
    ချင်နန်မျက်နှာ ရွှင်ပြလန်းဆန်းသွားသည်။
    
      အံ့ဖွယ်သိုင်းဝိညာဉ်သည် သူ့ကို ထိခိုက်ပျက်စီး ဆုံးရှုံးစေခြင်းမရှိပဲ ‌ရွှေတောက်ရောင်ခြည် ခြောက်ဖြာမြူးသည့် ဟွှာ အဆင့်ခြောက် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်စေခဲ့သည်။
       ထိုသိုင်းဝိညာဉ်သည် ကနဦး သူမျှော်လင့်ထားသည်ထက် နည်းလွန်း‌သော်လည်း အံ့ဖွယ်သိုင်းဝိညာဉ်မှ ပေါ်ထွက်လာသည့် အကန့်အသတ်မရှိ ရှေးကျပြီး ဆန်းကြယ်သော အော်ရာစွမ်းအင်းများသည် သူထင်မှတ်ထားသည်ထက်တော့ သာလွန်နေခဲ့သည်။
    
      "ဟူး..... နတ်ဘုရားသိုင်းဝိညာဉ် မှာ ဘယ်လိုစွမ်းအင်မျိုးတွေထိ ရှိမလဲဆိုတာ ငါမသိသေးဘူး"
    ထို့နောက် သူ၏ ရွှင်ပြနေသော စိတ်ကို ရပ်တန့်လိုက်ပြီး သူ၏ အတွေးတွေကိုလည်း ငြိမ်‌သက်စေခဲ့သည်။

       ထို့နောက် ရုတ်တရက် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းတစ်ခုပေါ်ထွက်လာသည်။ နတ်ဘုရားသိုင်းဝိညာဉ် သည်  ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ချီစွမ်းအင်များကို စုပ်ယူပြီး သူ၏ ပတ်ပတ်လည်တွင် ဝေ့ဝိုက်ကာ လှည့်ပတ်လျှက်ပေါ်ထွက်လာသည်။
    
  "ဒါ.... "

      ချင်နန် အလွန် အံ့အားသင့်သွားသည်။ ဟွာ အဆင့်ခြောက် သိုင်းဝိညာဉ် ၏ချီစုပ်ယူမှု နှုန်းသည် ယခင်ကထက် ဆယ်ဆမက အားကောင်းလာသည်
     ထိုစွမ်းအင်များကို နတ်ဘုရားသိုင်းဝိညာဉ်က ချင်နန့်ထံ ဆောင်ကျဉ်းလာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ချီစွမ်းအင်များသည် ရေ စီးဆင်းနေသော ရေတံခွန်စီးကြောင်းပမာ ခန္ဓာကိုယ်တွင်းသို့ စီးဝင်လာသည်။
      ထို့နောက် အချိန်သည် တဖြေးဖြေးကုန်လွန်လာပြီး ခြောက်နာရီမျှ ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ချင်နန်သည် မျက်လုံးကို ဖြည်ညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲသံ သဲ့သဲ့လေး ကြားနေရသေးသည်။ (ပေါက်ပေါက် ဖောက်သံလောက်ပဲ)
     
       သူသည် ‌ခြောက်နာရီကြာမျှ ကျင့်ကြံလိုက်ပြီးနောက်တွင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင်တစ်သို့ ရောက်ရှိခဲ့သည်။

    "နတ်ဘုရားသိုင်းဝိညာဉ်နဲ့သာဆို ငါ့ရဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးတွေ မကြာမီ ဖြစ်လာနိုင်လိမ့်မယ်"
       ထို့နောက် ချင်နန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ၏ မျက်လုံးများသည်လည်း သိုင်းဝိညာဉ်ရရှိခြင်းအတွက် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။
     
       လန်ရှုးမြိုတော်သာမက လျှူမြစ်ဘုရင့်နိုင်ငံတော်ကြီး အပါအဝင် အလွန်ကျယ်ပြောလှသော ကန်းလန်ကုန်းမြေတိုက်ကြီးသည် တကယ်တော့ အဆုံးမရှိသမုဒ္ဒရာကြီးထဲမှ အစက်ကလေးသာသာမျှ ဖြစ်သည်။
      
    .    .    .    .   .    .   .  .  . . . ..

       ချင်နန်သည် သူ၏ မြင့်မားသည့် စွမ်းရည်များကို ဖော်ထုတ်ပြသခြင်းဖြင့် လန်ရှုးမြို့၏ နံပါတ်တစ် ဂျီနီးယပ်တစ်ယောက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူသည် သာမာန်လွတ်လပ်‌သော ဘဝနေထိုင်မှုဖြင့်သာ ဝိုင်ယမကာလေးသောက်ရင်း၊ ဆေဘာသိုင်းကို ကျင့်ကြံရင်းဖြင့်သာ သိုင်းဝိညာဉ်အဆင့်အတိုင်းအတာတစ်ခုရောက်သည်ထိသာ နေလိုခဲ့သည်။
    ယခုချိန်တွင် အရာရာအားလုံးကို တွေးတောဆင်ခြင်လိုက်ပြီး ရှိခဲ့ဖူးသောကျေးဇူးတရားများဖြင့် သူ၏ ကလန်‌အပေါ် မ‌ကျေနပ်မှုများကို ချေပ ရှင်းလင်းပစ်လိုက်သည်။
      ထိုအချိန်တွင် တံခါပေါက်မှ အသံတစ်သံထွက်ပေါ်လာသည်။
     "သခင်လေး ဒီလအတွက် ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရပါပြီ"
    
       အသံ၏လားရာကို လှမ်းကြည့်လိုက်သည့်အခါ လင်ဗန်းတစ်ချပ်ကိုကိုင်၍ ဝင်လာသော အစေခံတစ်ယောက်ကို မြင်လိုက်ရသည်။ လင်ဗန်းပေါ်တွင် ချီစွမ်းအင် အငွေ့အသက် ထွက်ပေါ်နေသော ကျောက်စိမ်းပုလင်းကိုလည်း တွေ့လိုက်သည်။
      သူသည် ခဏတာမျှ ‌အကြောင်ရိုက်သွားပြီးနောက် ယနေ့သည် ချင်ကလန်၏ ကျင့်ကြခြင်း အရင်းအမြစ်တွေကို ဝေငှသည့်‌နေ့ဆိုတာ သူသတိပြန်ရလိုက်သည်။
      ချင်ကလန်သည် လန်ရှုးမြို့ရှိ ကလန်ကြီးနှစ်ခုအနက် တစ်ခုဖြစ်သည့်အလျောက် ကျင့်ကြံခြင်း လမ်းကြောင်းသည် အလွန်အရေးပါသည်။ ထို့ကြောင့် လစဉ် ဤ နေ့ရက်တိုင်းတွင် ကလန်သားများကို ကျင့်ကြံခြင်းအရင်းအမြစ်များ ဝေမျှလေ့ရှိသည်။
     ချင်နန်သည် ထိုကျောက်စိမ်းပုလင်းကို လက်ခံလိုက်ပြီး အစေခံသည်လည်း ပြန်လည်ထွက်ခွာသွားသည်။
      ထို့နောက်ပုလင်းကို ဖွင့်ကြည့်လိုက်ရာ သူအံဩသွားသည်။ ပုလင်းထဲတွင် အစိမ်းရောင်အစင်းများနှင့် စိမ်းပုပ်ရောင်ဆေးလုံး ဆယ်လုံးကိုတွေ့လိုက်ရသည်။ ထိုဆေးလုံးများတွင် ချီစွမ်းအင်များ သိပ်သည်းများကြားစွာ ပေါ်ထွက်၍နေသည်။
       ဆေးလုံးများသည် သူမြင်တွေဖူးနေကျ ဆေးလုံးများပင်ဖြစ်ပြီး ထိုဆေးလုံးများသည် ကျင့်ကြံခြင်းအတွက် အရေးပါပေသည်။
       ချင်ကလန်မှ သာမာန်ကလန်သားတစ်ဦးသည် သန့်စင်ခြင်းဆေးလုံးကို တစ်လုံးသာ ရသော်လည်း ချင်နန်သည် ဆယ်လုံးထိရရှိသည်။
      
      "အဖေ.... " ချင်နန်သည် စိတ်ထိခိုက်ပြီး အနည်းငယ် ဆို့နင့်သွားသည်။ 
    ဟွှာ အဆင့်တစ် သိုင်းဝိညာဉ်သာ နိုးထနိုင်ခဲ့၍ ပါရမီရှင် ဂျီးနီးယပ်အဆင့်မှ အမှိုက်အဆင့်သာသာ ရောက်ရှိသွားသည်ကို လန်ရှုးတစ်မြို့လုံးပင် သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ကလန်အကဲများသည် ယခုကဲ့သို့ ဆေးလုံးများကို သူ့လိုအမှိုက်ဟု သတ်မှတ်ထားသောသူကို ပေးမည်မှာ မဖြစ်နိုင်ပေ။
       တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့ဖခင်သာ သူ့အတွက် အခွင့်အာဏာကို အသုံးပြုကာ သူ့ကိုပေးခြင်သာဖြစ်လိမ့်မည်။
    ချင်နန်၏ဖခင် ချင်တျန်သည် ချင်ကလန်၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ချင်နန့်အား သန့်စင်ခြင်း ဆေးလုံး ဆယ်လုံးပေးမည့် သူ၏ဆုံးဖြတ်ချက်ကို မည်သူမျှ မကန့်ကွက်နိုင်ကြခြင်းဖြစ်သည်။ ချင်တျန်သည် ချင်နန် အမှိုက်ကောင်တစ်ကောင် ဖြစ်သွားသော်လည်း သန့်စင်ခြင်းဆေးလုံး ဆယ်လုံးပေးခဲ့ခြင်းဖြစ်သည်။ 
      ဤအချက်ကို ကြည့်ခြင်းဖြင့် ချင်တျန်သည် သူ့၏သားအပေါ် မည်မျှချစ်မြတ်နိုးသည်မှာ ပေါ်လွင်နေသည်။
    
      "အဖေ သားကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး
     "အခု ဒီဆေးတွေကိုသုံးပြီး ခန္ဓာကိုသန့်စင်ခြင်း အဆင့်နှစ်အထိရောက်အောင် လုပ်မယ်"
      ချင်နန်သည်  ဆေးလုံးတစ်လုံးကို မြိုချကာ ထိုင်ချလိုက်ပြီး ဆေးလုံးမှ ချီစွမ်းအင်ကို စုပ်ယူရန် ကြိုးစားလိုက်သည်။
      ထိုအချိန်တွင် အဖြစ်အပျက်တစ်ခု ထူးထူးဆန်းဆန်း ဖြစ်လာခဲ့သည်။ ဆေးလုံးကို မြိုချလိုက်ပြီး ချီစွမ်းအင်ကို သူ မစုပ်ယူရသေးခင်မှာပင် အခြားအရာတစ်ခုခုက စုပ်ယူသွားလေသည်။
     "ဟမျ ဘာလားဟ "
    
     နောက်ထပ်ဆေးလုံးကို ချက်ချင်းမြိုချလိုက်ပြီး ချီစွမ်းအင်ကို စုပ်ယူ သန့်စင်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် အခြားအရာ တစ်ခုကပင် စုပ်ယူသွားပြန်သည်။
     "ဒါက နတ်ဘုရားသိုင်းဝိညာဉ် များလား ဘာလား"

     ချင်နန်က အချိန်တော်ကြာ စဉ်းစားပြီးနောက် သူသည် နတ်ဘုရားသိုင်းဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။ နတ်ဘုရားသိုင်းဝိညာဉ်ကို ဆင့်ခေါ်ပြီးနောက် နောက်ထပ်ဆေးလုံး တစ်လုံးကို ထပ်၍မြိုချလိုက်သည်။
  သူမျှော်လင့်ထားသည့် အတိုင်းပင် ချီစွမ်းအင်ကို စုပ်‌ယူနေသည်မှာ နတ်ဘုရားသိုင်းဝိညာဉ်ပင် ဖြစ်သည်။
    
      "နတ်ဘုရားသိုင်းဝိညာဉ်က ဆေးလုံးထဲက ချီစွမ်းအင်တွေကို စုပ်ယူနိုင်ဟ ...."
      သူအလွန်အံ့အားသင့်သွားသည်။
      
     သိုင်းဝိညာဉ်သည် ဆေးလုံးတွင်းမှ စွမ်းအင်တွေကို စုပ်ယူနိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးတောခဲ့ဖူးချေ။
     
      "ကဲ... ဒါဆိုလည်း ဘာဆက်ဖြစ်မလဲသိရအောင်
     "ဆက်စမ်းကြည့်မယ်"
     
      နတ်ဘုရားသိုင်းဝိညာဉ်၏ ချီစွမ်းအင်စုပ်ယူမှုနှုန်း အားကောင်းသောကြောင့် ဆေးလုံးများ များစွာမှီခိုရန် မလိုအပ်ပေ။ ထို့ကြောင့် ကျန်ရှိနေသော ဆေးလုံးများအားလုံးကို မြိုချလိုက်ပြီးနောက် အလွန်ထူးဆန်းသော အဖြစ်အပျက်တစ်ခု ‌ဖြစ်ပေါ်လာသည်။ ချင်နန်အံ့ဩသွားသည်။
       ရုတ်တရက် နတ်ဘုရားသိုင်းဝိညာဉ်မှ ခုနှစ်ခုမြောက် အဝါရောင် ရောင်ခြည် ထွက်ပေါ်လာပြီး အော်ရာအရှိန်အဝါမှာလည်း အလွန်ပြင်းထန်လာသည်။

        "ဒါက .... "
     ချင်နန်၏မျက်နှာတွင် အံ့ဩတုန်လှုပ်ခြင်း အရိပ်ယောင်များ အထင်းသား ပေါ်ထွက်နေပေသည်။
     အဝါရောင် ရောင်ခြည်ခုနှစ်ခုဆိုသည်မှာ တစ်နည်းအားဖြင့် သိုင်းဝိညာဉ် အဆင့်တစ်ခု တိုးလာခြင်းဖြစ်သည်။
       "ဒါဆို.... နတ်ဘုရားသိုင်းဝိညာဉ်က ဆေးလုံးများကို စားပြီး အဆင့်တက်နိုင်တာပေါ့"
      ချင်နန့်၏ ထိတ့်လန့်တုန်လှုပ်နေမှုသည် စကားလုံးများဖြင့် နှိုင်းဆပြ၍ မရနိုင်လောက်ပင်ရှိနေသည်။ နတ်ဘုရားသိုင်းဝိညာဉ်သည် သူစိတ်ကူးထားနိုင်သည်ထက်ပင် သာလွန်နေသည်။
      သိုင်းဝိညာဉ်သည် ကောင်းကင်၏ အလိုအရဖြစ်သည်။ လူတစ်ဦးသည် သိုင်းဝိညာနိုးထလာသည့်အခါ ထိုသိုင်းဝိညာဉ်သည် သူ၏ဘဝ တစ်လျောက်လုံးတွင် လိုက်ပါလာလိမ့်မည်ဖြစ်သည်။ သိုင်းဝိညာဉ်သည် အဆင့်တက်နိုင်သည်ဟု သူတစ်ခါမျှ မကြားဖူးခဲချေ။
     အကယ်၍ ဆေးလုံးများသာ အလုံအလောက်ရှိလျှင် နတ်ဘုရားသိုင်းဝိညာဉ်သည် ရှန်အဆင့်၊ ဒီအဆင့် သို့မဟုတ် ဒဏ္ဍာရီတျန်အဆင့်သို့ကင် ရောက်နိုင်ပေ လိမ့်မည်။
      "တျန်အဆင့် ...... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ
     "ဟူး.....စိတ်အေးအေးထား.... ငါတည်ငြိမ်ဖို့လိုတယ်"
      ချင်နန်သည် သူ၏စိတ်လှုပ်ရှား ပျော်ရွှင်မှုကို ထိန်းချုပ်ရန် သက်ပြင်းရှိုက်လိုက်ပြီး သူ၏ အတွေးများကို ငြိမ်သက်စေခဲ့သည်။ သို့သော်သူ၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် အရောင်တောက်နေသည်။
      နတ်ဘုရားသိုင်းဝိညာဉ် နိုးထလာသောအခါ သူ၏အဆင့်သည် ဟွှာအဆင့်ခြောက် သိုင်းဝိညာဉ် ဖြစ်သော်လည်း  ဟွှာအဆင့်ခြောက်ထက်ပင် ပိုမိုသာလွန်နေသည်ကို ခံစားမိခဲ့ရခြင်းနှင့် ပတ်သက်၍ ယခု နတ်ဘုရားသိုင်းဝိညာဉ်သည် အဆင့်တစ်ဆင့် တိုးလာသည့်အခါ သူနားလည်လိုက်ပြီဖြစ်သည်။
      ချင်နန်တွေးတောနေစဉ်၌ သူ၏တံခါးဝမှ ပေါက်ကွဲသံနှင့်အတူ စကားသံတစ်သံပါ လိုက်ပါလာသည်။
      "ချင်နန် မင်းအခုချက်ချင်း အပြင်ကိုထွက်ခဲ့
     "မဟုတ်ရင် ငါတို့နှစ်ယောက်ကြားက သံယောဇဉ်ကိုတောင် မထောက်ထားဘူးဆိုပြီး လာအပြစ်မတင်နဲ့ "
     ထိုသူသည် ခန့်ညားထည်ဝါသော အဝတ်စားကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာတွင်လည်း မောက်မာသော အငွေ့အသက်တို့ ပြည့်နေသည်။
သူ၏နောက်တွင် အဝါရောင် ရောင်ခြည်သုံးခု ထွက်ပါ်နေပြီး ရေခဲမှုန်အော်ရာများ လှည့်ပတ်နေသည့် ငါးပေအရှည်ဓားတစ်လက် လွှင့်မျောပါလာသည်။
     ထို့နောက်တွင် ချင်နန့်၏ မျက်နှာသည်‌ အေးစက်လာပြီး  "ချင်ရှောင် မင်း ဒီကို ဘာလာလုပ်တာလဲ"

🐱🐱🐱🐱🐱🐱🐱

အပိုင်း (၄)  သိုင်းကျမ်းဆောင်

      ချင်နန်သည် ချင်ရှောင်က ဘယ်သူလဲဆိုတာ သိနေသည်။ သူတို့အလွန်ပင် ရင်းနှီးခဲ့ကြဖူးသည်။ ချင်ကလန်တွင် ချင်နန် နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်အဖြစ်ကျော်ကြားခဲ့စဉ် အခါက သူ့အပေါ် အလွန်အမင်း ဖော်လော်ဖားယားခဲ့သူ ဖြစ်သည်။ ထိုအချိန်တွင် ချင်ရှောင်သည် သူ့အပေါ် အလွန်ရိုသေကာ အကိုတစ်ယောက်အဖြစ်ပင် မှတ်ယူခဲ့သည်။
      ချင်‌ရှောင်သည် သူ့ကို ရိုင်းပြစွာ ပြောဆိုဆက်ဆံပြီး တံခါးကိုပင် ဖျက်စီးပစ်မည့်နေ့မျိုး ရောက်လာခဲ့လိမ့်မည်ဟု သူမထင်မိခဲ့ချေ။
      ချင်နန် အမှိုက်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက်  ချင်ရှောင်သည် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖြတ်တောက်ရုံသာမက သူ့ကိုပါဆန့်ကျင်လာသည်ကို ချင်နန် သ‌ဘောပေါက်လိုက်သည်။
     ချင်ရှောင်သည် ခေါင်းမော့ရင်ကော့လျှက် မောက်မာသောဟန်ဖြင့်
      " ငါမင်းကို အရှင်းဆုံးပဲပြောမယ်
      "ငါ မင်းဆီကိုလာလည်တာမဟုတ်ဘူး
      "မင်းဆီက သန့်စင်ခြင်းဆေးလုံးတွေ ငါ့ကိုပေး
      "လာလိမ်ဖို့တော့ မကြိုးစားနဲ့
      "မင်း သန့်စင်ခြင်းဆေးလုံး ဆယ်လုံးရထားတယ်ဆိုတဲ့ သတင်း ငါအတိအကျ သိထားတယ်"
      
       ထို့နောက် အထင်အမြင်သေးသည့် မျက်လုံးများဖြင့်ကြည့်ပြီး
       "ချင်နန် ... မင်းငါ့ကို ညှာတာစိတ်မရှိတဲ့ကောင်လို့တော့ အပစ်မတင်နဲ့
       "မင်းလို အမှိုက်ကောင် တစ်ကောင်အတွက် ဆေးလုံးတွေက ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး
       "ငါ့ကိုပဲ ပေးလိုက်"
    
       ချင်နန်သည် ရွဲ့ပြုံး ပြုံးလိုက်ပြီး
        "မပေးဘူးဆိုရင်ကော..."

       ချင်‌ရှောင်၏ မျက်နှာ ပို၍ပို၍ပင် တင်းမာခက်ထန်လာပြီး
       "ဒါဆိုရင်တော့ ငါမင်းကို ကောင်းကောင်းဆက်ဆံနေစရာ မလိုတော့ဘူးပေါ့" (စလာကတည်းက ကောင်းကောင်းဆက်ဆံတာကျလို့ 🙄)
   
       ထို့နောက် ချင်ရှောင် နောက်မှ အဝါရောင် ရောင်ခြည်သုံးခုနှင့်အတူ ဓားရှည်တစ်လက်မှ အေးစက်သော အော်ရာများ ပေါ်ထွက်လာသည်။
      
        "ချင်ရှောင် မင်း ကိုယ့်ကိုယ်ကို အတော် အထင်ကြီးတာပဲ"
        ချင်နန်၏ မျက်နှာ အေးဆေးတည်ငြိမ်နေသည်။ ချင်ရှောင်၏ သိုင်းဝိညာဉ်ကို မြင်‌တွေ့ရသော်ငြား ကြောက်ရွံ့မှုကို စိုးစိမျှ မခံစားရပေ။
     
         "ငါ ဆေးလုံးတွေ အကုန်လုံး သုံးပြီးသွားပြီ
        "မင်းထွက်သွားတာ ပိုကောင်းလိမ့်မယ်"
        ထို့နောက် ချင်နန်သည် သက်ပြင်း မျှင်းမျှင်းချကာ မျက်စိကို အသာမှိတ်ထားလိုက်သည်။
       
        ချင်နန်သည် ချင်ရှောင်၏ စက်ဆုပ်စရာကောင်းသည့် လုပ်ရပ်အပေါ် အလွန်ဒေါသဖြစ်မိသည်။ ချင်ရှောင့်နေရာတွင် အခြားတစ်ယောက်သာဆိုလျှင် အဖေ၊ အမေ မမှတ်မိလို့ ဆွေမျိုးပါမေ့သည်ထိ ဆော်ပလော်တီးမိမှာ အမှန်ပင်။ သို့သော် ယခင်က သူတို့၏ ဆက်ဆံရေးကောင်း ရှိခဲ့သည်ကို ထောက်ထားပြီး ချင်ရှောင့်ကို ထွက်သွားခိုင်းခြင်း ဖြစ်သည်။
       
      ချင်ရှောင်၏ ကိုယ်မှ သတ်ဖြတ်ချင်သော အော်ရာများ ထွက်ပေါ်လာပြီး
       " ချင်နန် ငါမင်းကို အခွင့်အရေးပေးခဲ့တယ်နော်
       "မင်းက လက်မခံဘူး အေး ရတယ်
       "ဟွှာ အဆင့်သုံး သိုင်းဝိညာဉ်နဲ့ ဟွှာ အဆင့်တစ်သိုင်းဝိညာဉ် ဘယ်လောက်ခြားနားတယ်ဆိုတာ ငါမင်းကိုပြမယ်"
      
     ထိုသို့ပြောပြီး ချင်ရှောင်၏နောက်မှ ဓားရှည်သည် ဝီခေါ်သံများပြုလျှက် ချင်‌နန့်ကို စတင်တိုက်ခိုက်လေသည်။
      ချင်နန့်ထံမှ ဆေးလုံးယူရန်သာဖြစ်ပြီး ယခုလိုတိုက်ခိုက်ဖို့ထိ သူ မရည်ရွယ်ခဲ့ချေ။ သူတို့နှစ်ယောက်ကြားရှိခဲ့သည့် ဆက်ဆံရေး‌ကြောင့်တော့မဟုတ်၊ ချင်နန်အဖေ ကလန်ခေါင်းဆောင်ကို ကြောက်ရွံ့၍သာဖြစ်သည်။ သည့်နောက် ချင်နန့်လို အမှိုက်ကောင်က သူ့ကို ယခုလို ဆက်ဆံရဲလိမ့်မည်ဟု မထင်မိခဲ့၍လည်းဖြစ်သည်။
  
     "ချင်နန် ဒါမင်းရွေးတဲ့လမ်းပဲ
     "အပစ်တင်ချင်ရင် မင်းကိုမင်းသာ တင်လိုက်တော့"
     ချင်ရှောင်သည် ယခင်က ဂျီးနီးယပ်တစ်ယောက်ဖြစ်ခဲ့သူဟာ ယခု သူ့ရှေ့ဒူးထောက်နေသည့် မြင်ကွင်းမျိုးကို စိတ်ကူးကြည့်လိုက်ပြီး  လှောင်သလို မရယ်ပြုံး ပြုံးလိုက်သည်။
      
     ချင်နန်၏ သည်ခံနိုင်စွမ်းတွေ ကုန်ဆုံးသွားပြီး ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ ရှေ့သိုတစ်လှမ်းတိုးလိုက်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်စွမ်းအားဖြင့် ဓါးကို ထိုးချလိုက်သည်။
       " အဆင့်နိမ့် သိုင်းပညာပြိုကွဲ လက်သီး ... "
      
        ချင်ရှောင် ရုတ်တရက် မင်သက်သွားပြီး ရေရွတ်လိုက်သည် - "မင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်တောင် ရောက်သွားပြီပေါ့"
      ထို့နောက် ပေါက်ကွဲသံနှင့်အတူ ဓားရှည်သည် ချင်နန်၏ လက်သီးဒဏ်ကို ခံနိုင်ရည်မရှိပဲ လွင့်စင်ထွက်သွားသည်။ ဓားရှည်၏ အော်ရာမှာလည်း မှိန်ဖျော့သွားသည်။
     
      "အ... " ချင်ရှောင် အားအင်ချည့်နဲ့စွာဖြင့် ညည်းတွားလိုက်သည်။
       သူ၏ သိုင်းဝိညာဉ် ထိခိုက်သွားသောကြောင့် သူလည်း အနာတရဖြစ်သွားခဲ့သည်။
     ချင်နန်သည် အေးစက်တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး
    
       "ပြောစမ်းပါဦး အခုဘယ်သူက အမှိုက်ကောင်လဲ"
     
       "မင်း ... မင်း ... မင်း"
     
      ချင်ရှောင် ရင်ဘတ်ကို အသာဖိထားလိုက်သည်။ မျက်နှာသည်လည်း ဖြူဖျော့လာသည်။ ချင်ရှောင်သည် ထိတ်လန့်ကြောက်ရွံသော မျက်လုံးအစုံဖြင့် ချင်နန့်ကို ကြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူ၏ မျက်နှာတွင် တင်းမာခက်ထန်မှုတို့ ပျောက်ရှကုန်လေပြီ ဖြစ်သည်။
     " မင်း ... ဘယ်လိုလုပ် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ကို ချိုးဖျက်နိုင်ခဲ့တာလည်း
     "ငါ ဟွှာအဆင့်သုံးတောင် မချိုးဖျက်နိုင်သေးဘူး
     "မင်းက ဘယ်လိုလုပ် ... "
    
      ချင်ရှောင် ယုံရခက်နေသည်။ သူသည် ဟွှာအဆင့်သုံး သိုင်းဝိညာဉ် နိုးထခဲ့ပြီးနောက် သန့်စင်ခြင်းဆေးလုံးများ အသုံးပြုပြီး ကြိုးစားကျင့်ကြံခဲ့သော်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တစ်ကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိသေးပါ။
     
      "ငါ သန့်စင်ခြင်းဆေးလုံး အကုန်လုံး သုံးပြီးသွားပြီလို့ ပြောခဲ့သားပဲ"
     ချင်နန်သည် ချင်ရှောင့်ကို ကျောပေးလိုက်ပြီး
       "မင်း သွားတော့"
      ထိုစကားသည် ချင်ရှောင့်ကို ပြေးပေါက်ပေးလိုက်သလိုပင် ဖြစ်သည်။
       ထို့နောက် ချင်ရှောင်သည် ဝေဒနာကို မျိုသိပ်လျက် ကမန်းကတမ်း ထွက်ခွာခဲ့သည်။ သူသည် မူလက ဟွှာ အဆင့်သုံး သိုင်းဝိညာဉ်ဖြင့် ချင်နန်အား အနိုင်ကျင့်ရန် စဉ်စားထားခဲ့ခြင်းဖြစ်သည်။ သို့သော် ချင်နန်သည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တစ်ကို ချိုးဖျက်ထားနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
       ယခု သူသည် ဆက်နေရန် မဝံ့တော့၊ အကယ်၍ ဆက်ရှိနေလျှင် ချင်နန် သူ့ကို မည်သို့ပြုမည်ကိုပင် မစဉ်းစားရဲတော့ပြီ။
      ချင်ရှောင် ထွက်ခွာသွားပြီးနောက် နေအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
       နောက်များမကြာမီ ချင်နန်၏ မျက်နှာသည်လည်း ပြန်လည် အေးဆေးတည်ငြိမ်သွားသည်။ ချင်နန့်၏ အမူအကျင့်အရ မိမိကိုယ် လေးစားသူကိုသာ တလေးတစား ပြန်လည်ဆက်ဆံမည်သာဖြစ်သည်။
       ချင်ရှောင့်ကဲ့သို့ အစာ‌ကြွေးသောလက်ကို ပြန်ကိုက်တတ်သူကို သနားကြင်နာနေမည် မဟုတ်ပေ။ ‌သူ့ကို ညီအကို အဖြစ်လည်း မသတ်မှတ်တော့ပြီ။
       နောက်တစ်ကြိမ် ပြန်တွေ့သည့်တိုင် ချင်ရှောင်သည် နောင်တမရသေးလျှင် ချင်နန်သည်လည်း လုံးဝညှာ‌နေတော့မည်မဟုတ်ပေ။
     
      "ငါ ဒီနေ့တော့ ဆက်ပြီး ကျင့်ကြံလို့ရမယ် မထင်ဘူး"
      ချင်နန်သည် တံခါးအကျိုးအပျက်များကို ကြည့်ကာ ခေါင်းခါလိုက်ပြီး ခါးသက်သက်အပြုံး ပြုံးလိုက်သည်။
သူ၏ သိုင်းဝိညာဉ်နှင့် ပက်သက်ပြီး အခြားမည်သူ့ကိုမျှ မမြင်စေလိုသေးပေ။
       ယခုချိန်သည် သူ၏ နတ်ဘုရားသိုင်းဝိညာဉ်ကို အသိပေးရန် အချိန်မဟုတ်သေးပြီ။
       "ကဲ ငါအခု သိုင်းကျမ်းဆောင်ကိုသွားမယ်
       " ငါ အခုဆို ဒုတိယထပ်ကို ဝင်လို့ရပြီ"

       ချင်နန့်၏ မျက်ဝန်းအစုံ စိတ်လှုပ်ရှားမှုတို့ဖြင့် အရောင်လက်နေသည်။ သူသည် ငယ်စဉ်ကတည်းက သိုင်းပညာများကို အလွန်စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့်ပင် သူအသက် ဆယ့်သုံးနှစ်အရွယ်ကတည်းက သိုင်းပညာဆယ်မျိုးကို ကျွမ်းကျင်လာခဲ့ခြင်းဖြစ်သည်။
      သူယနေ့အသုံးပြုခဲ့သော ပြိုကွဲလက်သီးသည် သူလေ့ကျင့်ခဲ့သော သိုင်းပညာဆယ်မျိုးထဲမှ တစ်ခုဖြစ်သည်။ ယခင်က ချင်နန်သည် သိုင်းဝိညာဉ် မနိုးထနိုင်သေးသည့်အတွက် သိုင်းကျမ်းဆောင် ပထမထပ်မှ သိုင်းပညာရပ်များကိုသာ လေ့လာခွင့်ရခဲ့သည်။
     ယခု သူသည် သိုင်းဝိညာဉ်နိုးထပြီး ဖြစ်သလို ခန္ဓာကိုယ် သန့်စင်ခြင်း ပထမအဆင့်သို့ ရောက်နေပြီးဖြစ်၍ သိုင်းကျမ်းဆောင် ဒုတိယ အထပ်သို့ ဝင်နိုင်ပြီ ဖြစ်သည်။ ထို့နောက်သူသည် စိတ်လှုပ်ရှားနေမှုကို မမျိုသိပ်နိုင်တော့ပဲ သိုင်းကျမ်းဆောင်သို့ အလျှင်အမြန် ထွက်ခွာလာခဲ့သည်။
     သိုင်းကျမ်းဆောင်သည် ချင်ကလန်၏ တားမြစ်နေရာဖြစ်သည်။ သိုင်းကျမ်းဆောင်အတွင်းတွင် ဆူပူအချင်းများခြင်း၊ ရန်ဆောင်သည့်သ‌ဘောပြုမှုခြင်းတို့ကို တားမြစ်ထားသည်။ စည်းမျဉ်းများကို ဖောက်ဖျက်သူ မည်သူမဆို ထိုသိုင်းကျမ်းဆောင်သို့ ဝင်ထွက်ခွင့်ကို တစ်သက်စာ ပိတ်ပင်ခံရမည်ဖြစ်သည်။
      သိုင်းကျမ်းဆောင်ကို အထပ်လေးထပ် ခွဲခြားထားသည်။
ပထမထပ်သည် အဆင့်နိမ့်သိုင်းကျမ်းများ ထားရှိရာနေရာဖြစ်သည်။
ဒုတိယထပ်တွင် အလယ်အလတ်သိုင်းကျမ်းများ ထားရှိပြီး တတိယထပ်တွင် အဆင့်မြင့်သိုင်းကျမ်းများ ထားရှိသည်။
ကောလဟာလများအရ စတုတ္ထထပ်တွင် အဆင့်လွန်သိုင်းကျမ်းများထားရှိသည်ဟုသိထားကြသည်။ ၎င်း စတုတ္ထထပ်သည် ချင်ကလန်၏ အမွေအနှစ်နေရာတစ်ခုဖြစ်သည်။
     ချင်ကလန်၏ လက်ရှိထိပ်တန်းဂျီးနီးယပ်တစ်ယောက်ဖြစ်သည့် ချင်ချန်ခွန်ပင် ထိုအထပ်သို့ ဝင်ခွင့်မရှိပေ။ ထိုနေရာနှင့် ပက်သက်၍လည်း ကောလဟာလလော၊ အမှန်လော မည်သူမျှ မသိချေ။
     ချင်နန်သည် သိုင်းကျမ်းဆောင်သို့ ရောက်သွားသည့်အခါ မည်သူ့ကိုမျှ မတွေ့ရ၊ ယခင်က လှုပ်လှုပ်ရှားရှားဖြင့် သက်ဝင်ခဲ့သည့် နေရာသည် တိတ်ဆိတ်ငြိမ်သက်၍ နေပေသည်။
      ထိုအရာသည် သူမျှော်လင့်ထားသလိုပင် ဖြစ်သည်။ သုံးသပ်ရသော် သိုင်းကျမ်းဆောင် ဒုတိယအထပ်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်သို့ ရောက်ရှိနေသော သူများသာ ဝင်ရောက်နိုင်ခြင်း‌ကြောင့်ဖြစ်သည်။
    သိုင်းဝိညာဉ် နိုးထခြင်းပွဲပြီးသည်မှာ ရက်အနည်းငယ်သာလျှင် ရှိပါသေးသည်။ ထိုရက် အနည်းငယ်အတွင်း  ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်သို့ ရောက်နိုင်သည့် အရေအတွက်မှာ လက်ချိုးရေလို့ပင် ရနိုင်သေးသည်။
    သိုင်းကျမ်းဆောင်မှ မုတ်ဆိတ်ဖြူဖြူ၊ ဆံမွှေးဖြူဖြူနှင့် အဘိုးအိုသည် ချင်နန့်ကို မြင်သည့်အခါ အံ့ဩသွားပြီး "ချင်နန် ... မင်းဒီကို လာတယ်"
     ချင်နန်သည် ထိုအဘိုးအိုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ချင်နန်သည် ချက်ချင်းပင် အရိုအသေပေး နှုတ်ဆက်လိုက်ပြီး
      "အကြီးအကဲယင်း ကျွန်တော်ဒီကိုလာတာ ဒုတိယထပ်ကို ဝင်မလို့ပါ"
   
      "ဒုတိယထပ် ... " အကြီးအကဲယင်း၏ မျက်နှာသည် မအီမသာဖြစ်သွားပြီး
    "ချင်နန် ...  ငါတို့ရဲ့ ခင်မင်မှုကြောင့်နဲ့တော့ မင်းကို ဒုတိယထပ်ကို ပေးဝင်လို့မရဘူး
     "မင်း ဝင်ချင်ရင် မင်းခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ကို ရောက်ဖို့ လိုလိမ့်မယ်"

      ထို့နောက် အကြီးအကဲယင်းသည် ပါရမီရှင်အဖြစ်မှ အမှိုက်တစ်စအဖြစ် ပြောင်းလဲသွားသည့်ချင်နန်ကို အားပေးစကားပြောလိုပ်သည်။
      "ချင်နန် မင်းပထမအဆင့် သိုင်းဝိညာဉ်ပဲနိုးထခဲ့ ပေမယ် စိတ်ဓာတ်မကျပါနဲ့
       "မင်းသာ ကြိုးစားနေရင် ကြိုးစားသလောက်ကို မင်းပြန်ရမှာပါ"
     ချင်နန် ထိုအားပေးစကားကို ကြားရသည့်အခါ ရယ်ရလို ငိုရမလို ဖြစ်သွားသည်။ ထို့နောက် ချင်နန်သည် အနီးနားရှိ စားပွဲကိုလက်နှင့် ဖိသပ်ကာ စားပွဲတွင် လက်ငါးချောင်းရာ ထင်ကျန်စေလိုက်သည်။

      "မင်း ... "
အကြီးအကဲယင်း အံ့ဩသွားသည်။

     "မင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ကိုတောင် ရောက်နေပြီပေါ့"

     ချင်နန်သည် အကြီးအကဲယင်းအား  ဘာမျှပြန်မပြောပဲ အပြုံးဖြင့်သာ တုံ့ပြန်ခဲ့ပြီး ဒုတိယထပ်ကို တက်ရောက်သွားသည်။ အကြီးအကဲယင်းသည်လည်း တခဏကြာ ကြက်သေသေကာ ငေးမောကျန်ခဲ့သည်။
     ချင်နန်သည် ဒုတိယအထပ်သို့ရောက်သောအခါ တက်ကြွလာသည်။ ဒုတိယထပ်သည် အနီရောင် မနောကျောက်တိုင် ရှစ်တိုင်ဖြင့် ခန်းလုံးပြည့် ထောက်ခံထားပြီး အကာ‌ကျောက်အဖြူရောင်စားပွဲ အနည်းငယ်ပေါ်တွင် ရှေး‌ဟောင်းစာအုပ်များကို တင်ထားသည်ကို တွေ့ရသည်။ (အကာကျောက် =  ကျောက်စိမ်းတုံးအပြင်မှအကာ အစိမ်းရောင်မဟုတ်သည့် ကျောက်ဖြူ)
     ချင်နန်သည် စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်စဉ်
     "ချင်နန် ... " အံ့ဩစွာ ရေရွတ်လိုက်သည့်အသံကို သူကြားလိုက်ရသည်။
       ချင်နန်သည် အသံ၏လားရာကို လှည့်ကြည့်လိုက်ရာ ရွှေရောင်သိုင်းကြိုးများဖြင့် တန်ဆာဆင်ထားသော အဖြူရောင်အင်္ကျီကို ဆင်မြန်းထားသည့် လူငယ်တစ်ယောက်ကို ခမ်းလှမ်းလှမ်း၌ တွေ့မြင်လိုက်ရသည်။
    ထိုလူငယ်သည် ချင်နန့်အား အံ့အားသင့်သည့် မျက်လုံးအစုံဖြင့်ကြည့်နေသည်။ ချင်နန်သည်လည်း ထိုသူ့ကိုမြင်လိုက်သည့်အခါ အံ့အားသင့်သွားသည်။
   ထို့နောက် ချင်နန်သည် အေးဆေးတည်ငြိမ်သော လေသံဖြင့်
    " ငါမင်းကို ဒီမှာ တွေ့လိမ့်မယ်လို့ မထင်ထားမိဘူး"
   
     ချင်နန်သည် ထိုသူနှင့်လည်း အလွန်ရင်းနှီးခဲ့ဖူးသည်။ ထိုသူသည် ချင်ရှောင်၏အကို ချင်ယုပင်ဖြစ်သည်။ သူသည် ဟွှာအဆင့်လေး သိုင်းဝိညာဉ် နိုးထနိုင်ခဲ့သောကြောင့် ကလန်ထဲတွင် ပါရီမီရှင် တစ်ယောက်ပင်ဖြစ်သည်။
     ချင်နန်သည် ချင်ယု့၏အကို ကို  သမပြီးသည်ကဖြင့် မကြာသေး ယခု ချင်ယုအကို မြင်‌လိုက်ရသည့်အတွက် အံ့ဩသွားခြင်းဖြစ်သည်။
   
      ချင်ယုသည် လှောင်ပြောင်သည့်မျက်နှာထားဖြင့်
     "မင်းလို အမှိုက်အတွက်  ခေါင်းဆောင်ပေးတဲ့ ဆေးဆယ်လုံးက အတော်ကိုအသုံးဝင်တယ်နဲ့တူတယ်"
     ချင်ယုသည် ဆေးလုံးဆယ်လုံး ကိစ္စရပ်နှင့်ပက်သက်ပြီး သူ၏ စိတ်ထဲတွင် မနာလိုဖြစ်နေသည်။
     သူသည် ဟွှာအဆင့်လေး သိုင်းဝိညာဉ် နိုးထနိုင်ခဲ့သော်လည်း လစဉ် သန့်စင်ခြင်းဆေးလုံး သုံးလုံးသာရသည်။ ထိုပမာဏသည် ချင်နန်၏ ထက်ဝက်ပင် မရှိပါ။
ထိုကြောင့်သူသည် ချင်နန့်အား လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။
      ချင်နန်သည် သူ့အား အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ပြီး
       "ဟုတ်တယ် အဲဒါတွေက ငါ့အတွက် တော်တော် အသုံး ဝင်သွားတယ်
      "မင်းညီကိုတောင် ငါ ဆော်ပလော်တီးလိုက်သေးတယ်"
      ထိုစကား ကြားပြီးနောက် ချင်ယု၏မျက်နှာသည် တင်းမာခက်ထန်ပြီး အေးစက်မာကျောလာခဲ့သည်။

🐱🐱🐱🐱🐱🐱🐱🐱

အပိုင်း (၅) မိုးကြိုးဆေဘာဓားသိုင်း

     ယခင်က ချင်နန်နှင့် ချင်ယုတို့သည် မည်သည့် ပြဿနာမှ မဖြစ်ခဲ့ဖူးပါ။ ‌သို့သော်လည်း ချင်ယုသည် သူ့အားလှောင်ပြောင်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း ချင်ယုအား လေးလေးစားစား ဆက်ဆံရန် မလိုတော့ပေ။
    
      "မင်းက ငါ့ညီကို ရိုက်လိုက်တာပေါ့"
       ချင်ယုသည် မျက်နှာမဲနှင့်မေးလိုက်သည်။
  
     "အမှန်ပဲ "
    ချင်နန်သည် အေးဆေးတည်ငြိမ်စွာဖြင့်
     "မင်းညီက အရင်ကဆက်ဆံရေးကိုတောင် မထောက်ပဲ ငါ့ကိုစော်ကားတယ်
     "ငါ့ တံခါးကိုလည်း ဖျက်ဆီးတယ်
     "နောက်ပြီး ငါ့ဆီကဆေးလုံးကိုလုဖို့ ငါ့ကိုလာတိုက်ခိုက်လိုက်သေးတယ်
     "အဲ့တော့ ငါလည်း သင်ခန်းစာ ပေးတဲ့အနေနဲ့ နဲနဲသမပေးလိုက်တယ်"

     "ဘာ သူ့ကို မင်းက သင်ခန်းစာပေးတယ်"
   ချင်ယု‌ ဒေါသတကြီးဖြင့်
     "နေစမ်းပါဦး ချင်နန် သူမင်းဆီက ဆေးလုံတွေ လုယူဖို့ကြိုးစားတာ သူမှားလို့လား
     "အဲ့ဒီဆေးလုံးတွေက မင်းလို အမှိုက်ကောင် သုံးတာထက် ငါ့ညီသုံးလိုက်တာမှ ပိုအကျိုးရှိလေ့ဦးမယ်"
    
      ချင်နန်၏ မျက်နှာသည် ချက်ချင်းပင် အေးစက်သွားသည်။ ချင်ယုသည် ဤသို့ အရှက်သိက္ခာမဲ့သော စကားမျိုး ပြောထွက်လိမ့်မယ်ဟု သူထင်မှတ်မထားခဲ့ပေ။
      ချင်နန်သည် လေးစားမှုမရှိသော တစ်ဖက်လူ၏ အပြုအမူအပေါ် သူသည်လည်း လေးစားမှုမပြနိုင်တော့ပဲ -
       "မင်းတို့ညီအကိုက အတူတူပါပဲလား သောက်ရှက်လည်းမရှိကြဘူးပဲ" (သောက်ရှက် -စောက်ရှက်)
         
      "မင်း ဘာပြောလိုက်တယ်"
ချင်ယုသည် နှာမွှန်ပြီး ဒေါသထောင်းထောင်းထွက်လာသည်။ အမှိုက်ကောင်က သူ့ကို ယခုလို ပြန်ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။
      ချင်ယုသည် နှုမှုတ်ထိုးကာ ရှုးတူးရှဲတဲ ဖြစ်လျက် - "မင်းတော့ သေချင်နေပြီပဲ"
      ထိုစကားပြောပြီးလျှင် ပြီးချင်း ချင်ယုသည် ချင်နန့်အနား လျှောက်လာပြီး သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တစ် အော်ရာများ ထုတ်လွှတ်လိုက်သည်။ သူ၏ သိုင်းဝိညာဉ်စွမ်းအားဖြင့် ချင်နန့်အား ဖိနှိပ်ရန်ကြိုးပမ်းလိုက်သည်။
    
      ထိုအချိန်တွင် အကြီးအကဲယင်း၏ အသံထွက်ပေါ်လာသည်။
      "သိုင်းကျမ်းဆောင်မှာ ဘယ်သူမှ တိုက်ခိုက်ခွင့်မရှိဘူး
      "ချင်ယု မင်းစည်းကမ်း‌ ချိုးဖောက်ရင် သိုင်းကျမ်းဆောင်ကို နောက်ထပ် တစ်သက်လုံးဝင်ခွင့်ရတော့မှာ မဟုတ်ဘူး"
       အကြီးအကဲယင်း၏ စကားသံသည် ချင်ယုအားတန့်သွားစေသည်။
       " အကြီးအကဲယင်း ကျွန်တော် တောင်းပန်ပါတယ်
       " ကျွန်တော် သိုင်းကျမ်းဆောင်ရဲ့ စည်းကမ်းကို ချိုးဖောက်မှာ မဟုတ်ပါဘူး"
      ချင်ယုသည် သူ၏ အမျက်ဒေါသကို ဖိနှိပ်ကာ ခပ်သွက်သွက်ပင် ပြန်ပြောလိုက်သည်။
      အကြီးအကဲယင်း၏ စကားမှာ စနောက်နေခြင်းမဟုတ် အတည်ပေါက်မှန်းကိုလည်း သူသိသည်။ သူသည် ချင်ကလန်၏ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း အမှန်တကယ်ပင် အပစ်ပေးခံရမည်ဖြစ်သည်။ တသက်လုံးသာ သိုင်းကျမ်းဆောင်ထဲ ဝင်ခွင့်မရတော့ပါက သူ့အတွက် ဆုံးရှုံးမှုမှာ အလွန်ကြီးမားသွားမည်ဖြစ်သည်။

       ထို့နောက် ချင်ယုသည် ချင်နန့်ကို ကြည့်လိုက်ကာ
      "မင်းဒီနေ့ ကံကောင်းသွားတယ်မှတ်
      "နောက်တစ်ခါ မင်းငါနဲ့ မ‌တွေ့စေနဲ့
      "တွေ့လို့ကတော့ မင်းရဲ့ ခြေနဲ့လက်ကို ငါချိုးပြီး မင်းရဲ့ ဒန်တျန်ကိုလည်း ဖျက်စီးပစ်မယ်
      "မင်းလဲ အမှိုက်ကောင်တွေကြားထဲ အမှိုက်တစ်ကောင်ပဲ ဖြစ်သွားလိမ့်မယ်"

      " အိုး ... ဟဟ တကယ်လား"
ချင်နန်၏မျက်နှာ အေးစက်စက် အမူရာဖြင့်
      "မင်းလည်းအတူတူပဲ
      “နောက်တစ်ခါ ငါကို မတွေ့ပါစေနဲ့ပဲ ဆုတောင်းနေလိုက်
      “မဟုတ်ရင် မင်းငါ့ရှေ့ ခွင့်လွှတ်ဖို့ ဒူးထောက်တောင်းပန်နေရလိမ့်မယ်"
     
       “မင်း ... မင်း
    ချင်ယုသည် ချင်နန့်ကို လက်ညှိုးထိုးလျက် စကားလုံးများ နှုတ်မှ ဆက်ထွက်မလာ၊ ခန္ဓာကိုယ်မှာလည်း ဒေါသအရှိန်ကြောင့် တဆတ်ဆတ် တုန်ခါနေပြီး မျက်နှာမှာလည်း သွေးကြောများ ပေါက်ထွက်မတတ် နီရဲနေသည်။
     သူသည် ဟွှာအဆင့်လေး သိုင်းဝိညာဉ်နိုးထပြီးနောက်တွင် ကလန်သားများသာမက  ကလန်အကြီးအကဲများပင် သူ့အား မျက်နှာသာပေးကာ လေးလေးစားစား ဆက်ဆံခံခဲ့ရသည်။ သို့သော် ဤအမှိုက်ကောင်၏ အရှက်ခွဲမှုကို အကြိမ်ကြိမ် ခံနေရသည်။
     
     “မင်း စောင့်ကြည့်နေလိုက်"
    ချင်ယုသည် ဒေါသများကို ပွင့်ထွက်မတတ် တဆတ်ဆတ်နှင့် မနဲမျိုသိပ်ကာ သိုင်းကျမ်းဆောင်မှ ထွက်လာခဲ့သည်။ အမှိုက်ကောင်နှင့် အပြိုင်ကြဲပြီး ဖြဲနေပါက ဒေါသတွေ ပေါက်ပြီး စည်းကမ်းတွေ ဖောက်လာမိတော့မည်။
      ချင်နန်၏ မျက်နှာနှင့် အမူရာမှာ အေးဆေးစွာပင်ရှိနေပြီး ချင်ယု၏ ချိန်းခြောက်သည့်စကားသည် သူ့အတွက် စိုးရိမ်ကြီးဖို့ အနည်းငယ်မျှပင် မဖြစ်စေပါ။
    
     "ကဲ ... အရင်ဦးဆုံး သိုင်းစွမ်းအားကို လေ့လာကြည့်ရမယ်"

      ချင်နန်သည် စိတ်ထဲမှ ရှုပ်ရှုပ်ထွေးထွေး အတွေးတွေကို ရပ်တန့်ပစ်လိုက်ပြီး စားပွဲပေါ်မှ သိုင်းကျမ်းကို ယူဖတ်ကြည့်လိုက်သည်။
    
       "မျောလွင့်တိမ်ခြေလှမ်း ကြီးမားသောအောင်မြင်မှုအဆင့်သို့ ရောက်လျှင် ခန္ဓာကိုယ်သည် တိမ်လိုပေါ့ပါးသွားပြီး ဖမ်းမိနိုင်ရန် အလွန်ခက်ခဲသွား ...
    .  “ကျောက်စိမ်းခန္ဓာ ကြီးမားသောအောင်မြင်မှု အဆင့်သို့ရောက်လျှင် ခန္ဓာကိုသည် ရေမီးမတိုးသည့်အပြင် ဓားလှံပါ မတိုးနိုင်သည့် ကျောက်စိမ်းကဲ့သို့ ဖြစ်သွားမည်၊ နွားကိုးကောင်အားနှင့် ကျားနှစ်ကောင် ခွန်အားကို ရသွားမည်"
     "အထွတ်အထိပ် ပျံလွှားဓား
     “တောင်ပြိုကွဲလက်သီး"
   ချင်နန်သည် သိုင်းကျမ်းများအား တစ်ခုပြီးတစ်ခု အသေးစိပ် ‌စစ်ဆေးကြည့်နေခဲ့သည်။ ရလဒ်မှာ သူ့အား စိတ်မပျက်စေခဲ့ပါ။ အလယ်အလတ်သိုင်းကျမ်းများ၏ စွမ်းအားသည် အဆင့်နိမ့်သိုင်းကျမ်းများနှင့် အလွန်ပင် ကွာခြားသည်။
    ချင်နန်သည် ဆယ်အုပ်လောက်ဖတ်ပြီးသော်လည်း သူသဘောကျသည့် သိုင်းကျမ်းကို မတွေ့သေးပေ။

    “ဟမ် ... မိုးကြိုးဆေဘာဓားသိုင်း"
     ချင်နန့်၏ အကြည့်များသည် အဝါရောင်စာအုပ်သို့ ရောက်ရှိသွားသည်။ စာအုပ်၏ပုံစံသည် စိတ်ဝင်စားစရာပင်၊ စာအုပ်၏ ထိပ်တွင်လည်း ဆေဘာဓားပုံစံငယ်ပါ ထွင်းထုထားသည်ကို တွေ့ရသည်။
     ချင်နန်သည် ချင်ချင်းပင် စိတ်ဝင်စားသွားပြီး စာအုပ်ကို ကောက်ကိုင်လိုက်သည်။
      “မိုးကြိုးဆေဘာဓားသိုင်း မိုးကြိုးပစ်သကဲ့သို့ ပေါက်ကွဲခြင်း၊ အလင်းကဲ့သို့ လျှင်မြန်ခြင်း
      နာရီဝက်ခန့် ဖတ်ပြီးသည့်အခါ ချင်နန် သဘောကျစွာဖြင့် ခေါင်းကိုညိမ့်လိုက်သည်။
    
    "ဒီတစ်ခုပဲ"

      ချင်နန်သည်  ဆေဘာသိုင်းကို အလွန်စိတ်ဝင်စားခဲ့သည်။ သူ အသက်ဆယ့်ခြောက်နှစ်အရွယ်က ဆေဘာဓားသိုင်းတစ်ခုကို တီထွင်ခဲ့သော်လည်း ၎င်းသည် အဆင့်နိမ့်ဆေဘာသိုင်းသာဖြစ်ခဲ့သည်။ ယခု မိုးကြိုးဆေဘာဓားသိုင်းသည် သူအလိုရှိနေသော ဓားသိုင်းပင်ဖြစ်သည်။
     ထိုအချိန်တွင် လူတချို့ သိုင်းကျမ်းဆောင်သို့ ရောက်လာခဲ့သည်။ ထိုလူများသည် ချင်ကလန်၏ ပါရမီရှင်များပင်ဖြစ်သည်။ ထိုလူတို့သည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်သို့ရောက်ရှိပြီး၍ သိုင်းကျမ်းများရွေးချယ်ရန် သိုင်းကျမ်းဆောင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ချင်နန်သည် ကလန်သားများ၏ အလွန်အံ့ဩသော အကြည့်များကြားမှ သိုင်းကျမ်းစာအုပ် တစ်အုပ်ယူ၍ တည်တည်ငြိမ်ငြိမ်ဖြင့် သိုင်းကျမ်းဆောင်မှ ထွက်လာခဲ့သည်။
     ချင်နန် အိမ်သို့ပြန်ရောက်သောအခါ သူ၏ တံခါးမှာ ပြန်လည် ပြုပြင်နေပြီးဖြစ်သည်။ ထိုအချင်းအရာသည် သူ့အား မှင်သက်စေနိုင်ခဲ့သည်။ သူ့ကဲ့သို့ အမှိုက်ကောင်ကို မည်သူက ဂရုတစိုက်ရှိလိမ့်မည်နည်း။
     သူသည် သံသယများစွာဖြင့် တံခါးကို ဖွင့်လိုက်သည်။  ထို့နောက် ပြတ်သားခန့်ညားသော အသံတစ်သံ ထွက်ပေါ်လာသည်။
        “မင်း ပြန်လာပြီးလား"
    
     ချင်နန် ခေါင်းမော့ကြည့်လိုက်ရာ တောင့်တောင့်ဖြောင့်ဖြောင့် သတ်လတ်ပိုင်းအရွယ် လူကြီးသည်  သူ့အားကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူကြီးသည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့သော်လည်း သူ၏ အော်ရာအရှိန်အဝါမှာ လွန်စွာခမ်းနားလှသည်။
       ထိုသူသည် ရှင်တန်အဆင့်သို့ ရောက်နေသည့် ကလန်၏ခေါင်းဆောင် ချင်တျန်ပင်ဖြစ်သည်။ ချင်တျန်သည် ချင်နန့်၏ လက်ထဲမှ သိုင်းကျမ်းကို မြင်သည့်အခါ အလွန်အံ့ဩသွားသည်။
     သူသည် ချင်နန့်ကို တစ်ချက်ကြည့်လိုက်ပြီး
    “နန်အာ မင်းက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တစ်တောင် ရောက်နေပြီပေါ့"
    
      “ ဟုတ်ကဲ့ "
      ချင်နန်သည် ပြုံးလိုက်ပြီး 
      "ဆေးလုံးတွေ ပေးလို့ကျေးဇူးတင်ပါတယ် အဖေ"
     
       “ဘယ်လို ... "
      ချင်တျန် ခေါင်းရှုပ်နေဆဲပင်။
    ခန္ဓာကိုယ် သန့်စင်ခြင်းဆေးလုံးသည် များပြားသည်မှာ မှန်သော်လည်း ချင်နန်၏ သိုင်းဝိညာဉ်မှာ ဟွှာအဆင့်တစ်သာဖြစ်သည်။ သူသည် အဘယ်သို့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်ကို သူစဉ်းစားမရ ဖြစ်နေသည်။

     ချင်နန်သည် သူ့အဖေ သံသယ ဝင်သွားမည် စိုးရိမ်သောကြောင့် စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်။
     “ အဖေ ကျွန်တော့်ဆီ ဘာလို့လာတာလည်း"
    
     ချင်တျန်သည် ကလန်ခေါင်းဆောင်ဖြစ်သောကြောင့်
အမြဲတမ်း အလုပ်များနေခဲ့သဖြင့် ချင်နန်နှင့် အချိန်ဖြုန်းနိုင်သည်မှာ နည်းပါးလှသည်။ သို့သော်လည်း သူသည် နောက်ကွယ်မှ အမြဲပံ့ပိုးနေခဲ့သည်။
   
     “မင်းရဲ့ တံခါးကို တစ်ယောက်ယောက်က ဖျက်ဆီးလိုက်တာကို ငါ စိတ်မပူသင့်ဘူးလား"
     ချင်တျန်သည် ပူပင်ဒေါသဖြစ်စွာဖြင့်
     "နောက်တစ်ခါ ဒါမျိုးဖြစ်ရင် ငါ့ကို လာပြော 
     "ငါ့သားကို ဘယ်သူ့မှ ဒါမျိုး အနိုင်ကျင့်လို့ မရစေရဘူး"
    
     ချင်တျန်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်စိတ် အော်ရာများထွက်ပေါ်နေသည်။ ချင်နန်သည် သူ့အတွက်နှင့် ပက်သက်ပြီး ဒေါသထွက်နေသည့် သူ့အဖေ၏ သူ့အပေါ်ထားသော ချစ်ခင်နွေးထွေးမှုကို ခံစားမိနေသည်။
     “အဖေ ဒီ မဖြစ်သလောက်ကတော့ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်"
   
      ချင်တျန်သည်  သူ့အား ခေါင်းညိမ့်ပြလိုက်သည်။ ချင်နန်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ကို ရောက်နေပြီဖြစ်သဖြင့် အများစုသည် သူ့အား အနိုင်ကျင့်နိုင်တော့မည် မဟုတ်ပေ။
     
      “ နန်အာ ဒီနေ့ အဖေလာတာ မင်းစိတ်ဓာတ်မကျဖို့ သတိပေးမလို့လာတာ "
     ချင်တျန်၏ စကားလုံးများသည် ချစ်ခြင်းမေတ္တာတို့ဖြင့်ပြည့်နှက်နေသည်။
       "မင်းကျင့်ကြံဖို့ ဆေးလုံးတွေလိုရင် အဖေ့ကို ချက်ချင်းပြော
        “မင်း တစ်နေ့ကျရင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အဖေယုံတယ်"
       ချင်တျန်သည် အားမာန်အပြည့်ဖြင့် သူ့၏သားကို ပြောနေသည်။
      ချင်နန်သည် ဟွှာအဆင့်တစ် သိုင်းဝိညာဉ်သာနိုးထနိုင်ခဲ့သော်လည်း ချင်တျန်အတွက်  မမှုပေ၊ သူ့သားအတွက် သူအမြဲ ဂုဏ်ယူနေမည်သာဖြစ်သည်။
      ချင်နန်သည် ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်ပြီး သူ့၏ အဖေ၏ စကားများကိုလည်း နှလုံးသားထဲထိ တေးမှတ်ထားလိုက်သည် ။
      ချင်တျန်သည် ချင်နန့်၏ တုံ့ပြန်မှုကိုကြည့်၍ စိတ်သက်သာရာ ရခဲ့သည်။ ဒီကိုလာခဲ့ခြင်း၏ နောက်ထပ် ‌အကြောင်းအရာ တစ်ခုမှာ သူ့သား၏ အခြေအနေကိုလည်း သိလို၍ဖြစ်သည်။
      ပါရမီရှင်အများစုသည် ဂျီးနီးယပ်တစ်ယောက်အဖြစ်မှ အမှိုက်ကောင် အဖြစ်သို့ ရောက်ရှိသွားခြင်းမျိုးကို လက်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။  ချင်နန်၏ စိတ်ဓာတ်ကျနေခြင်းမရှိသည်ကို မြင်ရသည်မှာ သူအတွက် စိတ်သက်သာရာ ရခဲ့သည်။
      
       “အဖေ ... သားအဖေ့ကို တစ်ခုလောက် တောင်းဆိုချင်တယ် "
      
      ချင်တျန်သည်  အံ့အားသင့်သွားခဲ့ပြီး ခေါင်းတချက်ငြိမ့်လိုက်ပြီး
       “အင်း ... ဆက်ပြောပါဦး"
     
      “ဒီ တောင်းဆိုချက်က အရမ်းများနေမယ်ဆိုတာ သိပါတယ်
      “ ဒါ‌ပေမယ့် ကျွန်တော့်ကိုယုံပါ "
      ချင်နန်သည် တည်တည်ငြိမ်ငြိမ်ဖြင့်
      “ကျွန်‌တော့်ကို ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး တစ်ရာလောက် ပေးနိုင်မလား
      “ ဒါမှမဟုတ် နှစ်ရာ
      “ငါးရာဆို ပိုကောင်းတယ်"
     ချင်နန်သည် ချင်တျန့်မျက့်နှာကို အကဲခတ်ကြည့်လိုက်သည်။ သူ၏ တောင်းဆိုမှုသည် ‌ဖြစ်နိုင်ခြေနည်းရုံသာမက အလွန်များပြားလွန်းသော ပမာဏပင် ဖြစ်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် ချင်ကလန်သားတွေအတွက် လစဉ်ဖြန့်ဝေရသော ခန္ဓာကိုယ်သန့်စင်ဆေးလုံး၏ စုစုပေါင်းပမာဏမှာ အလုံးတစ်ရာသာ ရှိသောကြောင့်ဖြစ်သည်။
       ထို့အပြင် ချင်နန်သည် ယခုချိန်တွင် ချင်ကလန်၏ အမှိုက်ကောင်သာဖြစ်သည်။ အကယ်၍ ချင်တျန်သာ ချင်နန့်အား အလုံးတစ်ရာပေးခဲ့ပါလျှင် သူ့အတွက် ဖိအားတွေရှိလာနိုင်သည်။
      ချင်နန်သည် သူ၏ နတ်ဘုရားသိုင်းဝိညာဉ်အတွက် ဆေးလုံးများ လိုအပ်နေခြင်းဖြစ်သည်။ သိုင်းဝိညာဉ်သည် ဆေးလုံးများအား အသုံးပြု၍ အဆင့်တက်နိုင်သည်။
      ချင်နန်သည် ခန္ဓာကိုယ် သန့်စင်ခြင်းဆေးလုံးများ အများအပြား လိုက်လံစုဆောင်းဖို့ရာ မဖြစ်နိုင်သည့် အတွက် သူ၏အဖေအား တောင်ဆိုရခြင်းဖြစ်သည်။
      ချင်နန်သည် ဆေးလုံးများအားအသုံးပြု၍ သူ၏ သိုင်းဝိညာဉ်ကို အဆင့်မြှင့်ရန် လိုလားနေသည်။
      သူ၏ နတ်ဘုရားဘုရားသိုင်းဝိညာဉ်နှင့်ပက်သက်၍ အသိမပေးလိုသေးသည်မှာ သည့်အတွက်သူ့အ‌ဖေသည် ယုံကြည်ဖို့ရန် ခက်ခဲနိုင်သောကြောင့်ဖြစ်သည်။
      အကယ်၍ သူသည် နတ်ဘုရားသိုင်းဝိညာဉ် အ‌ကြောင်းသာ ပြောပြလိုက်လျှင် သူ၏ အဖေသည် ဆေးလုံးတစ်ထောင်မက တစ်သောင်းထိပင် ရရှိရန် အတတ်နိုင်ဆုံးကြိုးစားပေလိမ့်မည်။
    
      မျှော်လင့်ထားသည့်အတိုင်း ချင်တျန်သည် အလွန်အံ့ဩသွားသည်။ ချင်နန် ထိုသို့တောင်းဆိုလိမ့်မည်ဟု သူမထင်ခဲ့၊ တခဏကြာ စဉ်းစားပြီးနောက် -
      "အင်း သေချာတာပေါ့"

Continue Reading

You'll Also Like

250K 43.1K 78
ဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ
134K 26K 76
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
562K 76.6K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...