(Unicode)
ကျွန်တော်ကဒဏ်ငွေဆောင်ရတာကြိုက်ရုံပဲ
တကယ်တော့ ထိုနေ့ညက ကျန်းရုန် ရှာကြည့်သည့်အထဲ ထွေထွေထူးထူးရှာတွေ့ခဲ့သည်မျိုး မရှိပေ။
လုပေါ်ယွမ်က လျင်မြန်စွာ နာမည်တစ်ခုတည်ဆောက်နိုင်ခဲ့သည်။ သူအသင်းထဲဝင်လာသည့် ပထမနှစ်မှာပင် LSPL၏ချန်ပီယံဖြစ်လာခဲ့ပြီး ဒုတိယနှစ်မှာတော့ ကမ္ဘာ့ဖလားဆုကို အနိုင်ရခဲ့ကာ ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းတစ်ခုလုံး၏ အထင်ကရအဖြစ်ဆုံးသူ ဖြစ်လာခဲ့သည်။ ထိုအချိန်၌ လေ့ကျင့်ရေးစနစ်က အခုချိန်ကဲ့သို့ မဖွံ့ဖြိုးသေးပေ။ လုပေါ်ယွမ်ကိုရှာတွေ့ခဲ့သူက TTC၏သူဌေးဖြစ်ပြီး ကိုရီးယားဆာဗာ၌ တစ်ကိုယ်တော်ဘုရင်ကြီးဖြစ်နေခဲ့သည့် လုပေါ်ယွမ်ကို အသင်းထဲဝင်လာရန် စည်းရုံးခဲ့လေသည်။
ရှောင်ပိုင်နှင့်ယွမ်ချန်းနှစ်ယောက်လုံးတွင် သင်တန်းသားဘဝ သို့မဟုတ် ပြိုင်ပွဲတွေပြိုင်ခဲ့စဥ်က ဓါတ်ပုံတွေသာမက ဗီဒီယိုတွေပင်ရှိသော်ငြား လုပေါ်ယွမ်မှာတော့ တစ်ခုမှမရှိပေ။
သို့သော် သူရှာတွေ့ခဲ့သမျှက အလုံးစုံအချည်းနှီးဖြစ်သွားသည်တော့ မဟုတ်ချေ။
တစ်ခုသောTieba၌ လွန်ခဲ့သည့်နှစ်တွေမှ ပိုစ့်တစ်ခုကို သူရှာတွေ့ခဲ့သည်။ ကျန်းရုန်မှာ မူရင်းပိုစ့်တင်သူ၏ တင်ထားသည့်စာကို အကြိမ်အကြိမ်အခါခါ ဖတ်ကြည့်ပြီး နောက်ဆုံးမှ နားလည်သွားတော့သည်။
[@အင်တာနက်ကဖေးတစ်ခုမှာ Roadကိုတွေ့လာတယ်။ ဟိုကိုရီးယားဆာဗာက အရမ်းအရမ်းStrongတဲ့တျောက်လေ။ လူကလည်းရမ်းချောတာပဲ \(^O^)/ သူ့နောက်ကျောပုံကို တိတ်တိတ်လေးရိုက်လာခဲ့တယ်!]
ပြီးခဲ့သည့်နှစ်ကမှ ဒီပိုစ့်အား မူရင်းပိုစ့်တင်ခဲ့သူက ပြန်ရှာတွေ့ခဲ့ပုံပေါ်သည်။
[မင်းမေ ငါခုမှသတိထားမိတယ်။ ဒီRoadက အခုလက်ရှိRoadမဟုတ်လား??!]
ဓါတ်ပုံ၏အရည်အသွေးက အလွန်ကိုဆိုးဝါးကာ စစကြည့်မိချိန်တွင် မှုန်ဝါးဝါးဓါတ်ပုံတစ်ပုံဟုသာ ထင်ရသည်။ ဓါတ်ပုံထဲ၌ အမှန်တကယ်ကို သူ့နောက်ကျောဘက်သာပါပြီး နောက်ခံမြင်ကွင်းကတော့ တရားမဝင်အင်တာနက်ဆိုင်တစ်ဆိုင် ဖြစ်ပုံပေါ်သည်။
လုပေါ်ယွမ်က နားကြပ်တပ်ထားသော်ငြား မသန့်ရှင်းသောကြောင့် ဖြစ်နိုင်သည်၊ နားကြပ်နှင့် သူ့နားကြားထဲတွင် တစ်သျူးစတွေ ခံထားသည်။ သူ၏လက်ချောင်းကြားတွင်တော့ ဆေးလိပ်ကိုညှပ်ထားလျက် အစောဆုံးLPLပြိုင်ပွဲတွေထဲမှ ပြိုင်ပွဲတစ်ခုကို ကွန်ပျူတာတွင်ဖွင့်ကာ ကြည့်နေလေသည်။
ထို့အပြင် ကျန်းရုန်တစ်ယောက် LSPLဖိုင်နယ်ပွဲ၌ TTCအသင်းသားများ ဆုကိုင်ပြီးရိုက်ထားသည့် ဓါတ်ပုံကိုလည်း ရှာတွေ့ခဲ့သေးသည်။
ဓါတ်ပုံထဲ၌ ရှောင်ပိုင်က အခုအချိန်ထက် အနည်းဆုံး၁၂ကီလိုလောက် ပိုပိန်နေကာ ချူချာပြီး ကျပ်မပြည့်ပုံ ပေါ်နေသည်။ ယွမ်ချန်း၏ပုံသဏ္ဍာန်ကတော့ မပြောင်းမလဲပင်ဖြစ်ပြီး အရပ်ရှည်ပြီး ကြံ့ခိုင်ကာ သူ့မျက်နှာပေါ်၌ ဝက်ခြံအနည်းငယ်ပင် ရှိနေလေသည်။ Pineကတော့ အသင်းဆီမရောက်သေးသဖြင့် ဓါတ်ပုံထဲတွင်မပါချေ။
လုပေါ်ယွမ်က အလယ်တွင်ရပ်နေကာ သူ့ရှေ့ဆံမြိတ်က ရှည်လွန်းသဖြင့် သူ့မျက်လုံးတွေကိုပင် အနည်းငယ်အနှောင့်အယှက်ပေးနေလေသည်။ မည်သည်ကိုမှ ဂရုမစိုက်ဟန် မျက်နှာအမူအရာနှင့် သူက သူ့ဘေးရှိလူတွေ၏ ရွှင်ပြပြအပြုံးတွေနှင့်ယှဥ်လျှင် အလွန်အမင်းကို ကွဲထွက်နေတော့သည်။
ဒီဓါတ်ပုံက ကျန်းရုန်မှတ်မိထားသည်နှင့် အနည်းငယ်ကွဲပြားနေသည်။ သို့သော် အဆုံးမှာတော့ နှစ်တွေမနည်းကြာသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တုန်းက ကျန်းရုန်မှာ အသက်၁၃နှစ်ပင်မပြည့်သေးကာ သူ အလုံးစုံမှတ်မိနေမည်ဆိုမှသာ အနည်းငယ်ထူးဆန်းနေပေလိမ့်မည်။
အခုခေတ်အရကြည့်မည်ဆိုလျှင် လုပေါ်ယွမ်၏ဆံပင်ပုံစံက ခေတ်နောက်ကျနေပြီဆိုသော်ငြား ကျန်းရုန်အတွက်တော့ အလွန်အမင်းကြည့်ကောင်းနေဆဲပင် ဖြစ်သည်။
ဓါတ်ပုံနှစ်ပုံလုံးက မှုန်ဝါးနေသော်လည်း ကျန်းရုန် သိမ်းထားမိဆဲပင်။
လေ့ကျင့်ရေးခန်းဆီမှထွက်မသွားမီ လုပေါ်ယွမ်က ကျန်းရုန်ဝတ်ထားသည့် ရှပ်လက်တိုအင်္ကျီကို ကြည့်လိုက်ပြီး ထို့နောက် အနည်းငယ်ဖွင့်ထားသည့်ပြတင်းပေါက်ကို ကြည့်လိုက်ပြန်သည်။
ကျန်းရုန်က ပြိုင်ပွဲတစ်ပွဲဆီ ဝင်သွားပြီးပြီဖြစ်ပြီး လက်တလော၌ Pick&Banအဆင့်တွင် ဖြစ်သည်။ လုပေါ်ယွမ် သူ့ဂျက်ကတ်ကိုချွတ်လိုက်ပြီး ကျန်းရုန်၏ခြေထောက်ပေါ် လွှမ်းခြုံပေးလိုက်သည်။
"ဒီတစ်ပွဲပြီးရင်အိပ်တော့"
ကျန်းရုန်မှာ မသိစိတ်အရ ဂျက်ကတ်ကို ရင်ခွင်ထဲပိုက်ထားမိပြီး 'ဟုတ်'ဟု ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
လုပေါ်ယွမ်ထွက်သွားပြီး မိနစ်အနည်းငယ်ကြာသည်အထိ ကျန်းရုန်မှာ ဂျက်ကတ်အင်္ကျီကို ဆက်ပိုက်ထားမိဆဲ။ ဂိမ်းထဲဆီရောက်သွားပြီးမှ ကောက်ကိုင်လိုက်ပြီး ပုခုံးပေါ်ခြုံထားလိုက်သည်။
တကယ်တော့ သူအေးမနေပေ။ သို့သော် ပြောင်းပြန်အနေနှင့် သူ့မျက်နှာတစ်ခုလုံး နီရဲလာလေသည်။ သို့ရာတွင် ဂျက်ကတ်အင်္ကျီကို သူခြုံထားချင်သေးသည်။
ခဏအကြာ၌ ပုခုံးပေါ်တွင် ဂျက်ကတ်ကိုလွှမ်းခြုံထားလျက် ကျန်းရုန်ထရပ်လိုက်ပြီး ပြတင်းပေါက်ကို ပိုပြီးကျယ်အောင် ဖွင့်လိုက်သည်။
နောက်ဆုံးပွဲကို ကစားပြီးသည့်နောက် ကျန်းရုန် သူ့အခန်းဆီ ပြန်လာခဲ့သည်။ သို့သော် သူမအိပ်သေးပေ။ ရေချိုးပြီးသည့်နောက် ကုတင်ပေါ်လှဲနေရင်း မနေနိုင်သည့်အဆုံး ဖုန်းကိုထုတ်ကာ သူသိမ်းထားခဲ့သည့်ဓါတ်ပုံနှစ်ပုံကို အကျယ်ချဲ့ကာ ထပ်ကြည့်မိပြန်သည်။
ထိုအခိုက် လုပေါ်ယွမ်ပြောခဲ့သည့် "ကိုယ်က မင်းထင်ထားသလောက် ကောင်းတဲ့သူမဟုတ်ဘူး" ဆိုသည့်စကားကို ပြန်အမှတ်ရလိုက်သည်။
အိပ်ပျော်မသွားခင် အတော်ကြာသည်အထိ ကျန်းရုန် မျက်နှာကြက်ကိုငေးကာ တွေးတောကြည့်သော်လည်း လုပေါ်ယွမ်၏မကောင်းသည့်အချက်ကို တစ်ခုတစ်လေပင် စဥ်းစား၍မရပါချေ။
နောက်တစ်နေ့ မနက်ခင်း(၉)နာရီ၌ ကျန်းရုန် စောစောစီးစီး နိုးလာခဲ့သည်။ ဒီလိုအချိန်မျိုး၌ TTC၏အခြေစိုက်စခန်းတစ်ခုလုံးက ဗလာကျင်းနေသည့်အဆောက်အအုံအလား။ တံခါးနှစ်ခုပင် တားဆီးမထားနိုင်သည့် ရံဖန်ရံခါထွက်ပေါ်လာသော ဟောက်သံမှအပ အခြားအသံဆိုသည်မှာ လုံးဝမရှိ။
ကျန်းရုန် ပြန်အိပ်မပျော်တော့သည့်အတွက် အိပ်ရာထကာ Rankကစားရန် ဆုံးဖြတ်လိုက်တော့သည်။
ဆေးကြောပြီးသည့်နောက် ကုလားထိုင်ပေါ်တွင် တွဲလွဲကျနေသည့် ဂျက်ကတ်အင်္ကျီဆီ အကြည့်ရောက်သွားသည်။
ဒီလိုအချိန်ကြီး Baseရှိဘယ်သူမှ နိုးကြဦးမည်မဟုတ်သေးသဖြင့်......မနက်ပိုင်းခဏ သူဂိမ်းကစားနေရင်း ဝတ်ထားပြီး နေ့လည်ကျ ချွတ်လိုက်မည်ဆိုလျှင် ဘယ်သူမှမသိလိုက်ပဲ အဆင်ပြေလောက်သည်။
ပြီးလျှင် အခုအချိန်က မနက်စောစောစီးစီဖြစ်သည်ကြောင့် ကွန်ပျူတာတွေရှိသည့်နေရာတွင် အနည်းငယ်အေးနေသေးသည်။
သူ့ကိုယ်သူဖျောင်းဖျပြီးသည့်နောက် ကျန်းရုန် မနက်စာအဖြစ် ပေါင်မုန့်နှစ်ထုပ်နှင့် ကော်ဖီတစ်ခွက်ကို ကောက်ယူလိုက်သည်။ ထို့နောက် ပုခုံးပေါ်တွင် ဂျက်ကတ်ကိုလွှားလျက် လေ့ကျင့်ရေးအခန်းဆီ လျှောက်လာခဲ့တော့သည်။ လေ့ကျင့်ရေးအခန်းထဲရှိ အခြေအနေကိုမြင်ပြီးချိန်မှာတော့ ကျန်းရုန်တစ်ယောက် နေရာမှာတင် အေးခဲသွားတော့သည်။
လေ့ကျင့်ရေးအခန်းထဲ၌ လူတွေနှင့် ပြည့်နေလေသည်။ လုပေါ်ယွမ်မှလွဲ၍ အားလုံးရှိနေကြပြီး ဂိမ်းကစားနေကြသည်။
စက္ကန့်ဝက်လောက် ကျန်းရုန်မှာ သူ့ဖုန်းနာရီများ ပျက်နေသလားဟုပင် တွေးမိသွားသည်။
"ရှောင်ရုန်"
သူ့ကို ပထမဆုံးသတိထားမိသူက ယွမ်ချန်းဖြစ်သည်။ သူက ငိုက်မျည်းလျက် နှုတ်ဆက်လာသည်။
"မင်းနိုးလာပြီလား?"
လေ့ကျင့်ရေးအခန်း၏တံခါးက တစ်ဝက်ပိတ်ထားခြင်းဖြစ်သည်။ ကျန်းရုန် မှိန်သက်နေရာမှ ပြန်သတိဝင်လာပြီး အခန်းထဲကို ဝင်လာလိုက်သည်။
"အွန်း ဘာလို့အစောကြီးနိုးနေကြတာလဲ?"
"ဘာရှိဦးမလဲ...."
ယွမ်ချန်းက သက်ပြင်းချသည်။
"လကုန်တော့မယ်လေ Livestreamလွှင့်ချိန်ပမာဏပြည့်အောင် ကြိုးစားနေရတာ"
လုပေါ်ယွမ်ကိုဖယ်ပြီး အခြားအသင်းသားတွေက လတိုင်းတွင် Livestreamလွှင့်ရမည့် သတ်မှတ်အချိန်ပမာဏကို ဖြည့်ပေးရသည်။ အချိန်မပြည့်ပါက ပိုက်ဆံဖြတ်ခံရမည်ဖြစ်သည်။ ကျန်းရုန်ကတော့ သတ်မှတ်ချိန်ပြည့်သွားတာ ကြာပြီဖြစ်သဖြင့် စိတ်ပူနေရန်မလိုပေ။
ပြီးခဲ့သည့်တစ်လလုံးတွင် ယွမ်ချန်းတစ်ယောက် သူ့အရံအကောင့်၌ ချန်ပီယံအမျိုးမျိုးကို လေ့ကျင့်နေလေရာ Livestreamအား သိပ်မလွှင့်ဖြစ်ပေ။ ထို့ကြောင့် အခုမှာ လကုန်ရက်ပင်ဖြစ်နေသော်လည်း သတ်မှတ်ချိန်ပြည့်ရန် (၇)နာရီလိုနေသေးသည်။
ကျန်းရုန်က သူ့ရဲ့မနက်စာကို စားပွဲပေါ်ချလိုက်ပြီး သူ့ဘေးရှိလူကို လှမ်းမေးလိုက်သည်။
"မင်းလည်း သတ်မှတ်ချိန်မပြည့်သေးတာလား?"
"မဖြစ်နိုင်တာ! ငါက တစ်လကိုနာရီရှစ်ရာလောက် Streamနိုင်တဲ့ကောင်ပါဟ!"
ရှောင်ပိုင်က ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ပြီး တစ်ဝါးဝါးသမ်းပြလာသည်။
"ငါက Pပေါင် အချိန်ဖြည့်နေတုန်း အဖော်လုပ်ပေးနေတာ။ သူကအရမ်းပျင်းတာလေ။ ဒီနေ့တောင် (၃၀)ရက်နေ့ဖြစ်နေပြီကို (၁၆)နာရီလိုနေသေးတယ်.....မနက်ဖြန်ကျရင်လည်း သူStreamရဦးမှာ"
Pineကမျက်မှောင်ကျုံ့လျက်။
"ငါမင်းကို မနက်အစောကြီးထပြီး ငါ့ကိုအဖော်လုပ်ပေးဖို့ ပြောမိလို့လား"
"ငါကနိုးသွားပြီလေ။ ဒီအချိန်မျိုးမှာ "ငါ့Supportလေးကို ကျေးဇူးတင်လိုက်တာ" ဆိုတဲ့စကား မပြောဘူးဆိုရင် ဒီတိုင်း ပါးစပ်သာပိတ်ထားလိုက်တော့"
ဂိမ်းထဲတွင် BaseကိုRecallခေါ်နေတုန်း ရှောင်ပိုင်က ကျန်းရုန်ကို လှည့်ကြည့်လာသည်။
"မင်းကရော ဘာလို့အစောကြီးထလာတာလဲ မင်းမှာအချိန်ဖြည့်စရာမှမလို....."
ရှောင်ပိုင်က ပြောနေရင်းမှရပ်သွားကာ ကျန်းရုန်ကို စိုက်ကြည့်လာလေသည်။
ကျန်းရုန်က သူ့ရဲ့အကြည့်ကို သတိမထားမိကာ ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး ကွန်ပျူတာကိုဖွင့် ပေါင်မုန့်ကိုစားနေရင်းမှ လိုရင်းတိုရှင်း ပြန်ဖြေပေးလိုက်သည်။
"လေ့ကျင့်မလို့"
နားကြပ်ကို အကြာကြီးတပ်ထားရသည်ကြောင့် နားနာလာသည်မို့ ရှောင်ပိုင်က နားကြပ်ကိုချွတ်ကာ သူ့ရဲ့လည်ပင်းတွင် ပြောင်းချိတ်ထားလေသည်။
ရှောင်ပိုင်ကမေးလာသည်။
"မင်းက ဘာကိစ္စ ငါ့ကောရဲ့အင်္ကျီကို ယူဝတ်ထားပြန်တာတုန်း?"
"......."
ကျန်းရုန်က ပေါင်မုန့်ကို ပါးစပ်အပြည့်သွပ်ပြီးဝါးနေသည်မို့ ပါးနှစ်ဖက်ကဖောင်းကားနေလေသည်။ သူက ရှောင်ပိုင်၏ကွန်ပျူတာကို လှမ်းကြည့်လိုက်သည်။
"မင်းသေပြီ"
ရှောင်ပိုင်တစ်ယောက် ရှော့ခ်ရသွားလေသည်။
"ငါကမင်းကိုမေးရုံလေးမေးကြည့်တာကို ငါ့ကိုထပ်ဆဲပြန်တယ်လား??"
ကျန်းရုန်မှာလည်း ပြောစရာစကားမဲ့သွားရသည်။
"ငါပြောတာ မင်းဂိမ်းထဲမှာသေသွားပြီလို့"
ထိုအခါမှ ရှောင်ပိုင်က ကပျာကယာပြန်လှည့်သွားပြီး သူ့ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ဒဏ်ရာရနေသည့်ပုံရိပ်ပေါ်မှ ထွက်ပေါ်နေသည့်Special effectsတွေကို မြင်သွားပြီး ငိုချင်းချတော့သည်။
"အားးးးး ခွေးသားလေးခုန်းခုန်း ငါ့ကိုချောင်းပစ်သွားတယ်!!!!"
အဲဒီတော့မှ ရှောင်ပိုင့်ကို Jungle(တော)ထဲမှာဖမ်းမိသွားသူက ခုန်းခုန်းမှန်း ကျန်းရုန်သိလိုက်ရသည်။ ထိုမျှသာမက ရှောင်ပိုင်မှ ရလဒ်ဘုတ်ကိုဖွင့်လိုက်သည့်အခါ ကစားသမားဆယ်ယောက်ထဲမှာ ခုနစ်ယောက်က ကျွမ်းကျင်ကစားသမားတွေ ဖြစ်နေလေသည်။
Barrageထဲမှာတော့ မေးနေသည်။
[လုံးဝကိုဖြူဖြူစင်စင်ဖြတ်လျှောက်တစ်ယောက်ပါ။ မေးချင်တာလေးရှိလို့။ ဒါက ပုံမှန်ရာသီပြိုင်ပွဲက တိုက်ရိုက်ထုတ်လွှင့်မှုလားဟင်]
ရှောင်ပိုင်ကတော့ မထူးဆန်းတော့သည့်အလား အေးဆေးပင်ပြန်တုံ့ပြန်လာသည်။
"ငါတို့အသင်းကလူတွေပဲ သတ်မှတ်ချိန်ဖြည့်ရတယ်ထင်လို့လား? ဒီလိုလကုန်ရက်ဆို ဘယ်ကောင်မှအေးဆေးမနေနိုင်တော့ဘူး"
ကျန်းရုန် : "......."
မနက်စာစားပြီးသည့်နောက် ကျန်းရုန် ဂိမ်းထဲသို့ဝင်လိုက်ပြီး တစ်ကိုယ်တော်ပွဲနွှဲမည့်အချိန် လေ့ကျင့်ရေးအခန်းတံခါးက ပွင့်လာသည်။
ဒီရက်ပိုင်းအတွင်း အသင်းသားတွေ အိပ်ရာစောစောထကြမည်ကို တင်းကောကြိုသိတာကြောင့် အခန်းထဲသို့ အိတ်နှစ်အိတ်လက်ကဆွဲပြီး ဝင်လာလေသည်။
"မနက်စာစားပြီးကြပြီလား? ငါဆန်ပြုတ်နဲ့ပဲနို့တွေဝယ်လာတယ် မင်းတို့တွေ...."
တင်းကောက စကားပြောနေရင်း ရုတ်တရက် အသံတိတ်သွားသည်။ သူနှာခေါင်းကို အကြိမ်အနည်းငယ်လောက် သဲကြီးမဲကြီး အနံ့ခံပြီးသည့်နောက် မယုံကြည်နိုင်စွာနှင့် အလွန်အမင်း မကျေမချမ်းဖြစ်နေသည့်မျက်နှာထားနှင့်အတူ သူတို့၏Mid Lanerအသစ်လေးဆီ တစ်ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်သည်။
လုပေါ်ယွမ် နိုးလာသည့်အချိန်တွင် သူ့ဖုန်းထဲသို့ မက်ဆေ့ချ်အများအပြားရောက်နေလေသည်။
အားလုံးက XIUဆီကပင်။ ဒီကောင် မနေ့ညကသောက်ခဲ့တဲ့အရက်တွေ ခေါင်းထဲများဝင်သွားတာလားမသိပေမယ့် သူBaseဆီပြန်ရောက်သည့်အချိန် အရှက်မရှိ မျက်နှာပြောင်သည့်စာတွေ အတောမသတ်နိုင်အောင် ပို့ထားလေသည်။
[PUD,XIU : ငါဆုံးဖြတ်ပြီးသွားပြီ။ ဒီပင်လယ်သမုဒ္ဒရာထဲက 'လှိုင်းအသစ်'လေးကို ရှေ့ကနေငါကပိတ်ထားမှာ]
(T/N : သူ့အသင်းက အစားထိုးJunglerကို အခွင့်အရေးမပေးဘူးလို့ ပြောတာပါ)
[PUD,XIU : ဒီလောင်ကျစ်က တစ်ညလုံး လေ့ကျင့်ပြလိုက်ဦးမယ်]
[PUD,XIU : ထားလိုက်ပါတော့ နှစ်ပွဲရှုံးပြီဆိုတော့ သွားပဲအိပ်လိုက်တော့မယ်]
[PUD,XIU : ကြိုတောင်းပန်ထားတယ် ညိုကီရေ။ ဒီနှစ် နွေဦးပြိုင်ပွဲရဲ့ချန်ပီယံကတော့ ငါ့အတွက်ပဲ]
[PUD,XIU : ခုဏကလေးတင် ရေချိုးရင်းတွေးမိသွားတာ။ မင်းနဲ့Softသာ တကယ်တွဲကြပြီဆို ဒီအသိုင်းအဝိုင်းကြီးတစ်ခုလုံး ပေါက်ကွဲမသွားလောက်ဘူးလား?]
[PUD,XIU : ခဏလေး ဒါဆိုမင်းကဂေးလား?!]
အကင်ဆိုင်ကိုသူမရောက်ခင် ဒီလူဘယ်လောက်တောင်သောက်ထားပြီးပြီလဲ လုပေါ်ယွမ် မေးခွန်းထုတ်မိတော့သည်။
[R : စဥ်းစားတာတော့မဆိုးပါဘူး။ ဒါပေမယ့် ချန်ပီယံက မင်းနဲ့မဆိုင်ဘူး]
လုပေါ်ယွမ် စာပို့ပြီးသည့်နောက် ဖုန်းကို အင်္ကျီအိတ်ထဲသို့ ထိုးထည့်လိုက်သည်။
လုပေါ်ယွမ် အောက်ထပ်သို့ဆင်းလာရာ၌ လေ့ကျင့်ရေးအခန်းအပြင်ဘက်တွင် လူနှစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရသည်။ တင်းကောက ကျန်းရုန်ရဲ့လက်မောင်းကိုကိုင်ထားရင်း အင်္ကျီလက်ကို အနံ့ခံနေလေသည်။
ကျန်းရုန်ကလည်း ပြန်မခုခံပေ။ သူက လှေကားထစ်ရဲ့အဝေးကိုကြည့်နေကာ နောက်ထပ်လက်တစ်ဖက်ကိုတော့ အင်္ကျီအိတ်ကပ်ထဲထည့်ထားသည်။ နောက်ကျောအရတော့ လုံးဝတက်ကြွမနေပေ။
"မှန်မှန်ဖြေ"
တင်းကောက သူ့ရဲ့လက်ကိုလွှတ်ပေးလိုက်သည်။
"ဆေးလိပ်သောက်ထားတာလား?"
လုပေါ်ယွမ်က လှေကားထစ်ကိုဆင်းနေရင်းမှ မသိမသာရပ်သွားကာ အလွန်ညင်သာစွာနဲ့ စုတ်သပ်လိုက်မိသည်။
တစ်ညတောင်ကြာသွားပြီကို ခွေးတောင်ဒီလောက်နှာခေါင်းမကောင်းဘူး....
လေ့ကျင့်ရေးအခန်းတံခါးက အနည်းငယ်ပွင့်ဟနေဆဲ။ ရန်သူဆီမှအသတ်ခံလိုက်ရသည့် ရှောင်ပိုင်၏ငိုချင်းချသံက တော်တော်ကျယ်သည်ကြောင့် ကျန်းရုန်မှာ သူ့နောက်ကလှုပ်ရှားသံကို မကြားလိုက်ပေ။
"အင်း" သူပြောလိုက်သည်။
တင်းကောကတော့ လှေကားမှဆင်းလာသူကိုမြင်သော်လည်း လှမ်းမနှုတ်ဆက်အားသေးပေ။ တင်းကောက နှုတ်ခမ်းပေါ်လက်တင်လိုက်ရင်း စဥ်းစားရကျပ်နေသည့်အမူအရာနှင့် ပြောလာသည်။
"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဆေးလိပ်ထသောက်နေတာလဲ? ဆေးလိပ်ဘယ်လိုသောက်ရလဲသိလို့လား?"
ကျန်းရုန် ပေါ်တင်ပင် လိမ်လိုက်သည်။
"ကျွန်တော့်မှာဖိအားတွေအရမ်းများနေလို့"
"မင်းမှာဘာဖိအားတွေများရှိလို့လဲ?"
တင်းကောကမျက်မှောင်ကျုံ့လျက်။
"မင်းမှာ ပိုက်ဆံလည်းမပြတ်ဘူး။ ပြိုင်ပွဲလည်းတစ်ပွဲမှမရှုံးဘူး။ မင်းLivestreamထဲက wfတွေဆိုလည်း မင်းနဲ့အပြိုင်ဆဲနိုင်တာမှမဟုတ်တာ"
"ကျွန်တော်..."
ကျန်းရုန် နှစ်စက္ကန့်လောက် အသံတိတ်သွားလေသည်။
"ကျွန်တော် ဓါးထိုးခံရတော့မလို့လေ။ အဲ့တာကြောင့် နည်းနည်းအကြောက်ပြေသွားအောင် ဆေးလိပ်သောက်ချင်လာလို့"
တင်းကော : "....."
"ဆေးလိပ်သောက်တာအတွက် ပြစ်ဒဏ်ရှိတယ်မလား?"
ကျန်းရုန်က အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး။
"Alipayပြော"
တစ်ခါတစ်ရံ တင်းကောမှာ အမှန်ပင် သံသယဝင်မိသည်။ ကျန်းရုန် ဒီပြိုင်ပွဲနယ်ပယ်ထဲဝင်လာတာ တကယ်ကြီး ပိုက်ဆံကြောင့်ရောဟုတ်ရဲ့လား?
ဘယ်လိုဖြစ်လို့ ဒဏ်ငွေဆောင်ရတာတောင် မျက်တောင်တစ်ချက်မခတ်တာလဲ? ပိုက်ဆံလွှဲတာတောင် လူတိုင်းထက် တည့်တိုးဆန်သေးတယ်။ မသိရင် ယွမ်100000သွင်းရင် ယွမ်113000ပြန်ရတဲ့အစီအစဥ်မှာ စပွန်ဆာပေးနေသလိုပဲ။
သို့သော် စည်းမျဥ်းကစည်းမျဥ်းပင်။ ကျန်းရုန်အတွက် ပထမဆုံးအကြိမ်ဖြစ်လျှင်တောင်မှ ဒဏ်ငွေဆောင်ရဦးမည်ဖြစ်သည်။ ပြီးလျှင် တင်းကောအနေနဲ့ ကျန်းရုန်ကို ဒီအလေ့အကျင့်ကြီး စွဲမသွားစေချင်ပေ။ ဆေးလိပ်သောက်သည်က အဆုတ်ကိုထိခိုက်စေသည်။ ဒီတစ်ကြိမ်ကို သင်ခန်းစာအနေနဲ့ မှတ်မိသွားလျှင် အဆင်ပြေသည်။
"Wechatဆီပဲလွှဲလိုက်"
တင်းကောကပြောသည်။
"မင်းပို့လိုက်တဲ့ပိုက်ဆံကို ညလယ်စာအဆာပြေမုန့်တွေဝယ်တဲ့အခါသုံးမှာ။ ကျန်တဲ့သူတွေ ဒဏ်ငွေဆောင်ရလည်းအဲ့လိုပဲ စိတ်မဆိုးဘူးမလား?"
ကျန်းရုန်ခေါင်းခါပြလိုက်သည်။
သူWechatဆီဝင်လိုက်သည့်အချိန် တစ်စုံတစ်ယောက်က သူ့ဖုန်းကိုဆွဲယူသွားလေသည်။
"မင်း တင်းကောဆီ ဒဏ်ငွေဆောင်ရတာကို စွဲလန်းနေတာလား?"
လုပေါ်ယွမ်က ကျန်းရုန်ရဲ့ဖုန်းကို ပိတ်ပေးလိုက်သည်။
ကျန်းရုန်ကတော့ လန့်သွားပြီး ဖုန်းကိုင်ထားလျက်သားပုံစံနှင့် တောင့်ခဲသွားလေသည်။
တင်းကောကလည်း ငေးကြောင်ကြောင် စိုက်ကြည့်လာသည်။
"ငါကရောသူ့ကိုအပြစ်ပေးချင်တယ်များထင်နေလား? သူ့အနေအထိုင်တွေပိုကောင်းသွားအောင် အခွင့်အရေးပေးနေတာ"
လုပေါ်ယွမ်ကပြောသည်။
"ဒါပေမယ့်လည်း အပြစ်ပေးခံရသင့်တဲ့သူက သူမဟုတ်ဘူး"
တင်းကောက နားမလည်ဟန်နှင့် မျက်တောင်ခတ်လိုက်ရင်း။
"အဲ့တာဘာပြောတာလဲ?"
လုပေါ်ယွမ်က လက်မြှောက်လိုက်ပြီး ကျန်းရုန်၏ဂျက်ကတ်အင်္ကျီရဲ့ကော်လာကို ထုတ်လိုက်သည်။ သူ့ရဲ့လှုပ်ရှားမှုက ကျန်းရုန်၏လည်တိုင်ကို လက်ချောင်းတွေနှင့် ဖြတ်တိုက်သွားမိစေပြီး ဖိန်းတိန်းတိန်းခံစားချက်ကို ထားခဲ့လေသည်။
ကော်လာ၏အောက်ဘက်မှာတော့ 'R'ဆိုသည့်စာလုံးက ရှိနေလေသည်။
"ဒါကကျွန်တော့်အင်္ကျီ"
လုပေါ်ယွမ်၏အသံက အိပ်ရာမှနိုးစမို့ သြရှရှဖြစ်နေလျက် သူကပျင်းပျင်းရိရိနှင့် ရှင်းပြလာသည်။
"ဒီအင်္ကျီပေါ်ကဆေးလိပ်အနံ့က ကျွန်တော့်ကြောင့်စွဲကျန်ခဲ့တာ"
တင်းကောမှာ ကြောင်အမ်းနေပြီးမှ ကျန်းရုန်ဝတ်ထားသည့်အင်္ကျီကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည့်အခါ တကယ်ကို လုပေါ်ယွမ်၏အင်္ကျီဖြစ်နေသည်။
"မင်းဆေးလိပ်သောက်နေပြန်ပြီ။ မနေ့က XIUနဲ့သောက်လာတာမလား? ကောင်းပြီ PUDရဲ့နည်းပြကိုလည်း ခဏနေကျရင် မက်ဆေ့ချ်ပို့လိုက်ဦးမယ်"
တင်းကောက ထိုသို့ပြောပြီးမှ ကျန်းရုန်အား မယုံသင်္ကာအကြည့်နှင့် ပြန်ကြည့်လာသည်။
"ဆေးလိပ်သောက်တာ မင်းမဟုတ်ဘူးဆိုမှတော့ ဘာလို့အပြစ်ခေါင်းခံနေသေးလဲ? မဟုတ်ကြောင်းပြောပြရမှာပေါ့"
လုပေါ်ယွမ် တစ်စုံတစ်ရာကို သတိပြုမိလိုက်သည် : ကျန်းရုန်က သူစိတ်လှုပ်ရှားသည့်အခါ ဒါမှမဟုတ် ဘာပြောရမှန်းမသိသည့်အခါ ဆံပင်တွေကိုဖွနေတတ်လေသည်။
လုပေါ်ယွမ်၏အကြည့်ကို အာရုံပြုမိသည်ကြောင့် ကျန်းရုန်အံကြိတ်လိုက်ပြီး အကြာကြီးတိတ်ဆိတ်နေပြီးသည့်နောက် အားတင်းကာပြောလိုက်သည်။
"ကျွန်တော့်မှာပိုက်ဆံတွေအများကြီးရှိတယ်"
တင်းကော : "?"
"ကျွန်တော်ကဒဏ်ငွေဆောင်ရတာကြိုက်ရုံပဲ"
တင်းကောမှာ ကြားကြားချင်း ကြောင်ကြည့်နေမိသည်။
လုပေါ်ယွမ်ကတော့ ကျန်းရုန်၏ကျောကုန်းကို ပုတ်ပေးလာသည်။ လေသံထဲမှာတော့ ရယ်သံစွက်နေလျက် ပြောလာ၏။
"မင်းချမ်းသာမှန်း ကိုယ်တို့သိပါပြီ...အရင်သွားနှင့်လိုက်ဦး တင်းကောနဲ့ပြောစရာရှိလို့"
ကျန်းရုန် ခပ်တောင့်တောင့်နှင့်ပင် လေ့ကျင့်ရေးအခန်းတံခါးကို ဖွင့်လိုက်ပြီးမှ ရုတ်တရက် သတိရသွားသည်။
"အင်္ကျီပြန်ပေးမလို့...."
"မလိုပါဘူး"
လုပေါ်ယွမ်ကသူ့ကိုကြည့်လျက်ပြောလာသည်။
"မင်းကြိုက်ရင်ဆက်ဝတ်ထားလိုက်လေ"
______
T/N :
ဟဲဟဲ အိုက်ခွင်ပျံလာခဲ့ပါပြီ အိုင်အမ်ဖလိုင်းယင်း><
(Zawgyi)
ကြၽန္ေတာ္ကဒဏ္ေငြေဆာင္ရတာႀကိဳက္႐ုံပဲ
တကယ္ေတာ့ ထိုေန႔ညက က်န္း႐ုန္ ရွာၾကည့္သည့္အထဲ ေထြေထြထူးထူးရွာေတြ႕ခဲ့သည္မ်ိဳး မရွိေပ။
လုေပၚယြမ္က လ်င္ျမန္စြာ နာမည္တစ္ခုတည္ေဆာက္ႏိုင္ခဲ့သည္။ သူအသင္းထဲဝင္လာသည့္ ပထမႏွစ္မွာပင္ LSPL၏ခ်န္ပီယံျဖစ္လာခဲ့ၿပီး ဒုတိယႏွစ္မွာေတာ့ ကမာၻ႔ဖလားဆုကို အႏိုင္ရခဲ့ကာ ပေရာ္ဖက္ရွင္နယ္အဖြဲ႕အစည္းတစ္ခုလုံး၏ အထင္ကရအျဖစ္ဆုံးသူ ျဖစ္လာခဲ့သည္။ ထိုအခ်ိန္၌ ေလ့က်င့္ေရးစနစ္က အခုခ်ိန္ကဲ့သို႔ မဖြံ႕ၿဖိဳးေသးေပ။ လုေပၚယြမ္ကိုရွာေတြ႕ခဲ့သူက TTC၏သူေဌးျဖစ္ၿပီး ကိုရီးယားဆာဗာ၌ တစ္ကိုယ္ေတာ္ဘုရင္ႀကီးျဖစ္ေနခဲ့သည့္ လုေပၚယြမ္ကို အသင္းထဲဝင္လာရန္ စည္း႐ုံးခဲ့ေလသည္။
ေရွာင္ပိုင္ႏွင့္ယြမ္ခ်န္းႏွစ္ေယာက္လုံးတြင္ သင္တန္းသားဘဝ သို႔မဟုတ္ ၿပိဳင္ပြဲေတြၿပိဳင္ခဲ့စဥ္က ဓါတ္ပုံေတြသာမက ဗီဒီယိုေတြပင္ရွိေသာ္ျငား လုေပၚယြမ္မွာေတာ့ တစ္ခုမွမရွိေပ။
သို႔ေသာ္ သူရွာေတြ႕ခဲ့သမွ်က အလုံးစုံအခ်ည္းႏွီးျဖစ္သြားသည္ေတာ့ မဟုတ္ေခ်။
တစ္ခုေသာTieba၌ လြန္ခဲ့သည့္ႏွစ္ေတြမွ ပိုစ့္တစ္ခုကို သူရွာေတြ႕ခဲ့သည္။ က်န္း႐ုန္မွာ မူရင္းပိုစ့္တင္သူ၏ တင္ထားသည့္စာကို အႀကိမ္အႀကိမ္အခါခါ ဖတ္ၾကည့္ၿပီး ေနာက္ဆုံးမွ နားလည္သြားေတာ့သည္။
[@အင္တာနက္ကေဖးတစ္ခုမွာ Roadကိုေတြ႕လာတယ္။ ဟိုကိုရီးယားဆာဗာက အရမ္းအရမ္းStrongတဲ့ေတ်ာက္ေလ။ လူကလည္းရမ္းေခ်ာတာပဲ \(^O^)/ သူ႔ေနာက္ေက်ာပုံကို တိတ္တိတ္ေလး႐ိုက္လာခဲ့တယ္!]
ၿပီးခဲ့သည့္ႏွစ္ကမွ ဒီပိုစ့္အား မူရင္းပိုစ့္တင္ခဲ့သူက ျပန္ရွာေတြ႕ခဲ့ပုံေပၚသည္။
[မင္းေမ ငါခုမွသတိထားမိတယ္။ ဒီRoadက အခုလက္ရွိRoadမဟုတ္လား??!]
ဓါတ္ပုံ၏အရည္အေသြးက အလြန္ကိုဆိုးဝါးကာ စစၾကည့္မိခ်ိန္တြင္ မႈန္ဝါးဝါးဓါတ္ပုံတစ္ပုံဟုသာ ထင္ရသည္။ ဓါတ္ပုံထဲ၌ အမွန္တကယ္ကို သူ႔ေနာက္ေက်ာဘက္သာပါၿပီး ေနာက္ခံျမင္ကြင္းကေတာ့ တရားမဝင္အင္တာနက္ဆိုင္တစ္ဆိုင္ ျဖစ္ပုံေပၚသည္။
လုေပၚယြမ္က နားၾကပ္တပ္ထားေသာ္ျငား မသန္႔ရွင္းေသာေၾကာင့္ ျဖစ္ႏိုင္သည္၊ နားၾကပ္ႏွင့္ သူ႔နားၾကားထဲတြင္ တစ္သ်ဴးစေတြ ခံထားသည္။ သူ၏လက္ေခ်ာင္းၾကားတြင္ေတာ့ ေဆးလိပ္ကိုညႇပ္ထားလ်က္ အေစာဆုံးLPLၿပိဳင္ပြဲေတြထဲမွ ၿပိဳင္ပြဲတစ္ခုကို ကြန္ပ်ဴတာတြင္ဖြင့္ကာ ၾကည့္ေနေလသည္။
ထို႔အျပင္ က်န္း႐ုန္တစ္ေယာက္ LSPLဖိုင္နယ္ပြဲ၌ TTCအသင္းသားမ်ား ဆုကိုင္ၿပီး႐ိုက္ထားသည့္ ဓါတ္ပုံကိုလည္း ရွာေတြ႕ခဲ့ေသးသည္။
ဓါတ္ပုံထဲ၌ ေရွာင္ပိုင္က အခုအခ်ိန္ထက္ အနည္းဆုံး၁၂ကီလိုေလာက္ ပိုပိန္ေနကာ ခ်ဴခ်ာၿပီး က်ပ္မျပည့္ပုံ ေပၚေနသည္။ ယြမ္ခ်န္း၏ပုံသ႑ာန္ကေတာ့ မေျပာင္းမလဲပင္ျဖစ္ၿပီး အရပ္ရွည္ၿပီး ႀကံ့ခိုင္ကာ သူ႔မ်က္ႏွာေပၚ၌ ဝက္ၿခံအနည္းငယ္ပင္ ရွိေနေလသည္။ Pineကေတာ့ အသင္းဆီမေရာက္ေသးသျဖင့္ ဓါတ္ပုံထဲတြင္မပါေခ်။
လုေပၚယြမ္က အလယ္တြင္ရပ္ေနကာ သူ႔ေရွ႕ဆံၿမိတ္က ရွည္လြန္းသျဖင့္ သူ႔မ်က္လုံးေတြကိုပင္ အနည္းငယ္အေႏွာင့္အယွက္ေပးေနေလသည္။ မည္သည္ကိုမွ ဂ႐ုမစိုက္ဟန္ မ်က္ႏွာအမူအရာႏွင့္ သူက သူ႔ေဘးရွိလူေတြ၏ ႐ႊင္ျပျပအၿပဳံးေတြႏွင့္ယွဥ္လွ်င္ အလြန္အမင္းကို ကြဲထြက္ေနေတာ့သည္။
ဒီဓါတ္ပုံက က်န္း႐ုန္မွတ္မိထားသည္ႏွင့္ အနည္းငယ္ကြဲျပားေနသည္။ သို႔ေသာ္ အဆုံးမွာေတာ့ ႏွစ္ေတြမနည္းၾကာသြားခဲ့ၿပီျဖစ္သည္။ ထိုအခ်ိန္တုန္းက က်န္း႐ုန္မွာ အသက္၁၃ႏွစ္ပင္မျပည့္ေသးကာ သူ အလုံးစုံမွတ္မိေနမည္ဆိုမွသာ အနည္းငယ္ထူးဆန္းေနေပလိမ့္မည္။
အခုေခတ္အရၾကည့္မည္ဆိုလွ်င္ လုေပၚယြမ္၏ဆံပင္ပုံစံက ေခတ္ေနာက္က်ေနၿပီဆိုေသာ္ျငား က်န္း႐ုန္အတြက္ေတာ့ အလြန္အမင္းၾကည့္ေကာင္းေနဆဲပင္ ျဖစ္သည္။
ဓါတ္ပုံႏွစ္ပုံလုံးက မႈန္ဝါးေနေသာ္လည္း က်န္း႐ုန္ သိမ္းထားမိဆဲပင္။
ေလ့က်င့္ေရးခန္းဆီမွထြက္မသြားမီ လုေပၚယြမ္က က်န္း႐ုန္ဝတ္ထားသည့္ ရွပ္လက္တိုအက်ႌကို ၾကည့္လိုက္ၿပီး ထို႔ေနာက္ အနည္းငယ္ဖြင့္ထားသည့္ျပတင္းေပါက္ကို ၾကည့္လိုက္ျပန္သည္။
က်န္း႐ုန္က ၿပိဳင္ပြဲတစ္ပြဲဆီ ဝင္သြားၿပီးၿပီျဖစ္ၿပီး လက္တေလာ၌ Pick&Banအဆင့္တြင္ ျဖစ္သည္။ လုေပၚယြမ္ သူ႔ဂ်က္ကတ္ကိုခြၽတ္လိုက္ၿပီး က်န္း႐ုန္၏ေျခေထာက္ေပၚ လႊမ္းၿခဳံေပးလိုက္သည္။
"ဒီတစ္ပြဲၿပီးရင္အိပ္ေတာ့"
က်န္း႐ုန္မွာ မသိစိတ္အရ ဂ်က္ကတ္ကို ရင္ခြင္ထဲပိုက္ထားမိၿပီး 'ဟုတ္'ဟု ခပ္တိုးတိုးျပန္ေျဖလိုက္သည္။
လုေပၚယြမ္ထြက္သြားၿပီး မိနစ္အနည္းငယ္ၾကာသည္အထိ က်န္း႐ုန္မွာ ဂ်က္ကတ္အက်ႌကို ဆက္ပိုက္ထားမိဆဲ။ ဂိမ္းထဲဆီေရာက္သြားၿပီးမွ ေကာက္ကိုင္လိုက္ၿပီး ပုခုံးေပၚၿခဳံထားလိုက္သည္။
တကယ္ေတာ့ သူေအးမေနေပ။ သို႔ေသာ္ ေျပာင္းျပန္အေနႏွင့္ သူ႔မ်က္ႏွာတစ္ခုလုံး နီရဲလာေလသည္။ သို႔ရာတြင္ ဂ်က္ကတ္အက်ႌကို သူၿခဳံထားခ်င္ေသးသည္။
ခဏအၾကာ၌ ပုခုံးေပၚတြင္ ဂ်က္ကတ္ကိုလႊမ္းၿခဳံထားလ်က္ က်န္း႐ုန္ထရပ္လိုက္ၿပီး ျပတင္းေပါက္ကို ပိုၿပီးက်ယ္ေအာင္ ဖြင့္လိုက္သည္။
ေနာက္ဆုံးပြဲကို ကစားၿပီးသည့္ေနာက္ က်န္း႐ုန္ သူ႔အခန္းဆီ ျပန္လာခဲ့သည္။ သို႔ေသာ္ သူမအိပ္ေသးေပ။ ေရခ်ိဳးၿပီးသည့္ေနာက္ ကုတင္ေပၚလွဲေနရင္း မေနႏိုင္သည့္အဆုံး ဖုန္းကိုထုတ္ကာ သူသိမ္းထားခဲ့သည့္ဓါတ္ပုံႏွစ္ပုံကို အက်ယ္ခ်ဲ႕ကာ ထပ္ၾကည့္မိျပန္သည္။
ထိုအခိုက္ လုေပၚယြမ္ေျပာခဲ့သည့္ "ကိုယ္က မင္းထင္ထားသေလာက္ ေကာင္းတဲ့သူမဟုတ္ဘူး" ဆိုသည့္စကားကို ျပန္အမွတ္ရလိုက္သည္။
အိပ္ေပ်ာ္မသြားခင္ အေတာ္ၾကာသည္အထိ က်န္း႐ုန္ မ်က္ႏွာၾကက္ကိုေငးကာ ေတြးေတာၾကည့္ေသာ္လည္း လုေပၚယြမ္၏မေကာင္းသည့္အခ်က္ကို တစ္ခုတစ္ေလပင္ စဥ္းစား၍မရပါေခ်။
ေနာက္တစ္ေန႔ မနက္ခင္း(၉)နာရီ၌ က်န္း႐ုန္ ေစာေစာစီးစီး ႏိုးလာခဲ့သည္။ ဒီလိုအခ်ိန္မ်ိဳး၌ TTC၏အေျခစိုက္စခန္းတစ္ခုလုံးက ဗလာက်င္းေနသည့္အေဆာက္အအုံအလား။ တံခါးႏွစ္ခုပင္ တားဆီးမထားႏိုင္သည့္ ရံဖန္ရံခါထြက္ေပၚလာေသာ ေဟာက္သံမွအပ အျခားအသံဆိုသည္မွာ လုံးဝမရွိ။
က်န္း႐ုန္ ျပန္အိပ္မေပ်ာ္ေတာ့သည့္အတြက္ အိပ္ရာထကာ Rankကစားရန္ ဆုံးျဖတ္လိုက္ေတာ့သည္။
ေဆးေၾကာၿပီးသည့္ေနာက္ ကုလားထိုင္ေပၚတြင္ တြဲလြဲက်ေနသည့္ ဂ်က္ကတ္အက်ႌဆီ အၾကည့္ေရာက္သြားသည္။
ဒီလိုအခ်ိန္ႀကီး Baseရွိဘယ္သူမွ ႏိုးၾကဦးမည္မဟုတ္ေသးသျဖင့္......မနက္ပိုင္းခဏ သူဂိမ္းကစားေနရင္း ဝတ္ထားၿပီး ေန႔လည္က် ခြၽတ္လိုက္မည္ဆိုလွ်င္ ဘယ္သူမွမသိလိုက္ပဲ အဆင္ေျပေလာက္သည္။
ၿပီးလွ်င္ အခုအခ်ိန္က မနက္ေစာေစာစီးစီျဖစ္သည္ေၾကာင့္ ကြန္ပ်ဴတာေတြရွိသည့္ေနရာတြင္ အနည္းငယ္ေအးေနေသးသည္။
သူ႔ကိုယ္သူေဖ်ာင္းဖ်ၿပီးသည့္ေနာက္ က်န္း႐ုန္ မနက္စာအျဖစ္ ေပါင္မုန္႔ႏွစ္ထုပ္ႏွင့္ ေကာ္ဖီတစ္ခြက္ကို ေကာက္ယူလိုက္သည္။ ထို႔ေနာက္ ပုခုံးေပၚတြင္ ဂ်က္ကတ္ကိုလႊားလ်က္ ေလ့က်င့္ေရးအခန္းဆီ ေလွ်ာက္လာခဲ့ေတာ့သည္။ ေလ့က်င့္ေရးအခန္းထဲရွိ အေျခအေနကိုျမင္ၿပီးခ်ိန္မွာေတာ့ က်န္း႐ုန္တစ္ေယာက္ ေနရာမွာတင္ ေအးခဲသြားေတာ့သည္။
ေလ့က်င့္ေရးအခန္းထဲ၌ လူေတြႏွင့္ ျပည့္ေနေလသည္။ လုေပၚယြမ္မွလြဲ၍ အားလုံးရွိေနၾကၿပီး ဂိမ္းကစားေနၾကသည္။
စကၠန္႔ဝက္ေလာက္ က်န္း႐ုန္မွာ သူ႔ဖုန္းနာရီမ်ား ပ်က္ေနသလားဟုပင္ ေတြးမိသြားသည္။
"ေရွာင္႐ုန္"
သူ႔ကို ပထမဆုံးသတိထားမိသူက ယြမ္ခ်န္းျဖစ္သည္။ သူက ငိုက္မ်ည္းလ်က္ ႏႈတ္ဆက္လာသည္။
"မင္းႏိုးလာၿပီလား?"
ေလ့က်င့္ေရးအခန္း၏တံခါးက တစ္ဝက္ပိတ္ထားျခင္းျဖစ္သည္။ က်န္း႐ုန္ မွိန္သက္ေနရာမွ ျပန္သတိဝင္လာၿပီး အခန္းထဲကို ဝင္လာလိုက္သည္။
"အြန္း ဘာလို႔အေစာႀကီးႏိုးေနၾကတာလဲ?"
"ဘာရွိဦးမလဲ...."
ယြမ္ခ်န္းက သက္ျပင္းခ်သည္။
"လကုန္ေတာ့မယ္ေလ Livestreamလႊင့္ခ်ိန္ပမာဏျပည့္ေအာင္ ႀကိဳးစားေနရတာ"
လုေပၚယြမ္ကိုဖယ္ၿပီး အျခားအသင္းသားေတြက လတိုင္းတြင္ Livestreamလႊင့္ရမည့္ သတ္မွတ္အခ်ိန္ပမာဏကို ျဖည့္ေပးရသည္။ အခ်ိန္မျပည့္ပါက ပိုက္ဆံျဖတ္ခံရမည္ျဖစ္သည္။ က်န္း႐ုန္ကေတာ့ သတ္မွတ္ခ်ိန္ျပည့္သြားတာ ၾကာၿပီျဖစ္သျဖင့္ စိတ္ပူေနရန္မလိုေပ။
ၿပီးခဲ့သည့္တစ္လလုံးတြင္ ယြမ္ခ်န္းတစ္ေယာက္ သူ႔အရံအေကာင့္၌ ခ်န္ပီယံအမ်ိဳးမ်ိဳးကို ေလ့က်င့္ေနေလရာ Livestreamအား သိပ္မလႊင့္ျဖစ္ေပ။ ထို႔ေၾကာင့္ အခုမွာ လကုန္ရက္ပင္ျဖစ္ေနေသာ္လည္း သတ္မွတ္ခ်ိန္ျပည့္ရန္ (၇)နာရီလိုေနေသးသည္။
က်န္း႐ုန္က သူ႔ရဲ႕မနက္စာကို စားပြဲေပၚခ်လိုက္ၿပီး သူ႔ေဘးရွိလူကို လွမ္းေမးလိုက္သည္။
"မင္းလည္း သတ္မွတ္ခ်ိန္မျပည့္ေသးတာလား?"
"မျဖစ္ႏိုင္တာ! ငါက တစ္လကိုနာရီရွစ္ရာေလာက္ Streamႏိုင္တဲ့ေကာင္ပါဟ!"
ေရွာင္ပိုင္က ပါးစပ္ကို လက္ဖဝါးနဲ႔အုပ္ၿပီး တစ္ဝါးဝါးသမ္းျပလာသည္။
"ငါက Pေပါင္ အခ်ိန္ျဖည့္ေနတုန္း အေဖာ္လုပ္ေပးေနတာ။ သူကအရမ္းပ်င္းတာေလ။ ဒီေန႔ေတာင္ (၃၀)ရက္ေန႔ျဖစ္ေနၿပီကို (၁၆)နာရီလိုေနေသးတယ္.....မနက္ျဖန္က်ရင္လည္း သူStreamရဦးမွာ"
Pineကမ်က္ေမွာင္က်ဳံ႕လ်က္။
"ငါမင္းကို မနက္အေစာႀကီးထၿပီး ငါ့ကိုအေဖာ္လုပ္ေပးဖို႔ ေျပာမိလို႔လား"
"ငါကႏိုးသြားၿပီေလ။ ဒီအခ်ိန္မ်ိဳးမွာ "ငါ့Supportေလးကို ေက်းဇူးတင္လိုက္တာ" ဆိုတဲ့စကား မေျပာဘူးဆိုရင္ ဒီတိုင္း ပါးစပ္သာပိတ္ထားလိုက္ေတာ့"
ဂိမ္းထဲတြင္ BaseကိုRecallေခၚေနတုန္း ေရွာင္ပိုင္က က်န္း႐ုန္ကို လွည့္ၾကည့္လာသည္။
"မင္းကေရာ ဘာလို႔အေစာႀကီးထလာတာလဲ မင္းမွာအခ်ိန္ျဖည့္စရာမွမလို....."
ေရွာင္ပိုင္က ေျပာေနရင္းမွရပ္သြားကာ က်န္း႐ုန္ကို စိုက္ၾကည့္လာေလသည္။
က်န္း႐ုန္က သူ႔ရဲ႕အၾကည့္ကို သတိမထားမိကာ ထိုင္ခုံေပၚထိုင္ခ်လိုက္ၿပီး ကြန္ပ်ဴတာကိုဖြင့္ ေပါင္မုန္႔ကိုစားေနရင္းမွ လိုရင္းတိုရွင္း ျပန္ေျဖေပးလိုက္သည္။
"ေလ့က်င့္မလို႔"
နားၾကပ္ကို အၾကာႀကီးတပ္ထားရသည္ေၾကာင့္ နားနာလာသည္မို႔ ေရွာင္ပိုင္က နားၾကပ္ကိုခြၽတ္ကာ သူ႔ရဲ႕လည္ပင္းတြင္ ေျပာင္းခ်ိတ္ထားေလသည္။
ေရွာင္ပိုင္ကေမးလာသည္။
"မင္းက ဘာကိစၥ ငါ့ေကာရဲ႕အက်ႌကို ယူဝတ္ထားျပန္တာတုန္း?"
"......."
က်န္း႐ုန္က ေပါင္မုန္႔ကို ပါးစပ္အျပည့္သြပ္ၿပီးဝါးေနသည္မို႔ ပါးႏွစ္ဖက္ကေဖာင္းကားေနေလသည္။ သူက ေရွာင္ပိုင္၏ကြန္ပ်ဴတာကို လွမ္းၾကည့္လိုက္သည္။
"မင္းေသၿပီ"
ေရွာင္ပိုင္တစ္ေယာက္ ေရွာ့ခ္ရသြားေလသည္။
"ငါကမင္းကိုေမး႐ုံေလးေမးၾကည့္တာကို ငါ့ကိုထပ္ဆဲျပန္တယ္လား??"
က်န္း႐ုန္မွာလည္း ေျပာစရာစကားမဲ့သြားရသည္။
"ငါေျပာတာ မင္းဂိမ္းထဲမွာေသသြားၿပီလို႔"
ထိုအခါမွ ေရွာင္ပိုင္က ကပ်ာကယာျပန္လွည့္သြားၿပီး သူ႔ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚရွိ ဒဏ္ရာရေနသည့္ပုံရိပ္ေပၚမွ ထြက္ေပၚေနသည့္Special effectsေတြကို ျမင္သြားၿပီး ငိုခ်င္းခ်ေတာ့သည္။
"အားးးးး ေခြးသားေလးခုန္းခုန္း ငါ့ကိုေခ်ာင္းပစ္သြားတယ္!!!!"
အဲဒီေတာ့မွ ေရွာင္ပိုင့္ကို Jungle(ေတာ)ထဲမွာဖမ္းမိသြားသူက ခုန္းခုန္းမွန္း က်န္း႐ုန္သိလိုက္ရသည္။ ထိုမွ်သာမက ေရွာင္ပိုင္မွ ရလဒ္ဘုတ္ကိုဖြင့္လိုက္သည့္အခါ ကစားသမားဆယ္ေယာက္ထဲမွာ ခုနစ္ေယာက္က ကြၽမ္းက်င္ကစားသမားေတြ ျဖစ္ေနေလသည္။
Barrageထဲမွာေတာ့ ေမးေနသည္။
[လုံးဝကိုျဖဴျဖဴစင္စင္ျဖတ္ေလွ်ာက္တစ္ေယာက္ပါ။ ေမးခ်င္တာေလးရွိလို႔။ ဒါက ပုံမွန္ရာသီၿပိဳင္ပြဲက တိုက္႐ိုက္ထုတ္လႊင့္မႈလားဟင္]
ေရွာင္ပိုင္ကေတာ့ မထူးဆန္းေတာ့သည့္အလား ေအးေဆးပင္ျပန္တုံ႔ျပန္လာသည္။
"ငါတို႔အသင္းကလူေတြပဲ သတ္မွတ္ခ်ိန္ျဖည့္ရတယ္ထင္လို႔လား? ဒီလိုလကုန္ရက္ဆို ဘယ္ေကာင္မွေအးေဆးမေနႏိုင္ေတာ့ဘူး"
က်န္း႐ုန္ : "......."
မနက္စာစားၿပီးသည့္ေနာက္ က်န္း႐ုန္ ဂိမ္းထဲသို႔ဝင္လိုက္ၿပီး တစ္ကိုယ္ေတာ္ပြဲႏႊဲမည့္အခ်ိန္ ေလ့က်င့္ေရးအခန္းတံခါးက ပြင့္လာသည္။
ဒီရက္ပိုင္းအတြင္း အသင္းသားေတြ အိပ္ရာေစာေစာထၾကမည္ကို တင္းေကာႀကိဳသိတာေၾကာင့္ အခန္းထဲသို႔ အိတ္ႏွစ္အိတ္လက္ကဆြဲၿပီး ဝင္လာေလသည္။
"မနက္စာစားၿပီးၾကၿပီလား? ငါဆန္ျပဳတ္နဲ႔ပဲႏို႔ေတြဝယ္လာတယ္ မင္းတို႔ေတြ...."
တင္းေကာက စကားေျပာေနရင္း ႐ုတ္တရက္ အသံတိတ္သြားသည္။ သူႏွာေခါင္းကို အႀကိမ္အနည္းငယ္ေလာက္ သဲႀကီးမဲႀကီး အနံ႔ခံၿပီးသည့္ေနာက္ မယုံၾကည္ႏိုင္စြာႏွင့္ အလြန္အမင္း မေက်မခ်မ္းျဖစ္ေနသည့္မ်က္ႏွာထားႏွင့္အတူ သူတို႔၏Mid Lanerအသစ္ေလးဆီ တစ္ျဖည္းျဖည္းခ်င္း ေခါင္းလွည့္ၾကည့္လိုက္သည္။
လုေပၚယြမ္ ႏိုးလာသည့္အခ်ိန္တြင္ သူ႔ဖုန္းထဲသို႔ မက္ေဆ့ခ်္အမ်ားအျပားေရာက္ေနေလသည္။
အားလုံးက XIUဆီကပင္။ ဒီေကာင္ မေန႔ညကေသာက္ခဲ့တဲ့အရက္ေတြ ေခါင္းထဲမ်ားဝင္သြားတာလားမသိေပမယ့္ သူBaseဆီျပန္ေရာက္သည့္အခ်ိန္ အရွက္မရွိ မ်က္ႏွာေျပာင္သည့္စာေတြ အေတာမသတ္ႏိုင္ေအာင္ ပို႔ထားေလသည္။
[PUD,XIU : ငါဆုံးျဖတ္ၿပီးသြားၿပီ။ ဒီပင္လယ္သမုဒၵရာထဲက 'လႈိင္းအသစ္'ေလးကို ေရွ႕ကေနငါကပိတ္ထားမွာ]
(T/N : သူ႔အသင္းက အစားထိုးJunglerကို အခြင့္အေရးမေပးဘူးလို႔ ေျပာတာပါ)
[PUD,XIU : ဒီေလာင္က်စ္က တစ္ညလုံး ေလ့က်င့္ျပလိုက္ဦးမယ္]
[PUD,XIU : ထားလိုက္ပါေတာ့ ႏွစ္ပြဲရႈံးၿပီဆိုေတာ့ သြားပဲအိပ္လိုက္ေတာ့မယ္]
[PUD,XIU : ႀကိဳေတာင္းပန္ထားတယ္ ညိဳကီေရ။ ဒီႏွစ္ ေႏြဦးၿပိဳင္ပြဲရဲ႕ခ်န္ပီယံကေတာ့ ငါ့အတြက္ပဲ]
[PUD,XIU : ခုဏကေလးတင္ ေရခ်ိဳးရင္းေတြးမိသြားတာ။ မင္းနဲ႔Softသာ တကယ္တြဲၾကၿပီဆို ဒီအသိုင္းအဝိုင္းႀကီးတစ္ခုလုံး ေပါက္ကြဲမသြားေလာက္ဘူးလား?]
[PUD,XIU : ခဏေလး ဒါဆိုမင္းကေဂးလား?!]
အကင္ဆိုင္ကိုသူမေရာက္ခင္ ဒီလူဘယ္ေလာက္ေတာင္ေသာက္ထားၿပီးၿပီလဲ လုေပၚယြမ္ ေမးခြန္းထုတ္မိေတာ့သည္။
[R : စဥ္းစားတာေတာ့မဆိုးပါဘူး။ ဒါေပမယ့္ ခ်န္ပီယံက မင္းနဲ႔မဆိုင္ဘူး]
လုေပၚယြမ္ စာပို႔ၿပီးသည့္ေနာက္ ဖုန္းကို အက်ႌအိတ္ထဲသို႔ ထိုးထည့္လိုက္သည္။
လုေပၚယြမ္ ေအာက္ထပ္သို႔ဆင္းလာရာ၌ ေလ့က်င့္ေရးအခန္းအျပင္ဘက္တြင္ လူႏွစ္ေယာက္ရပ္ေနသည္ကို ျမင္လိုက္ရသည္။ တင္းေကာက က်န္း႐ုန္ရဲ႕လက္ေမာင္းကိုကိုင္ထားရင္း အက်ႌလက္ကို အနံ႔ခံေနေလသည္။
က်န္း႐ုန္ကလည္း ျပန္မခုခံေပ။ သူက ေလွကားထစ္ရဲ႕အေဝးကိုၾကည့္ေနကာ ေနာက္ထပ္လက္တစ္ဖက္ကိုေတာ့ အက်ႌအိတ္ကပ္ထဲထည့္ထားသည္။ ေနာက္ေက်ာအရေတာ့ လုံးဝတက္ႂကြမေနေပ။
"မွန္မွန္ေျဖ"
တင္းေကာက သူ႔ရဲ႕လက္ကိုလႊတ္ေပးလိုက္သည္။
"ေဆးလိပ္ေသာက္ထားတာလား?"
လုေပၚယြမ္က ေလွကားထစ္ကိုဆင္းေနရင္းမွ မသိမသာရပ္သြားကာ အလြန္ညင္သာစြာနဲ႔ စုတ္သပ္လိုက္မိသည္။
တစ္ညေတာင္ၾကာသြားၿပီကို ေခြးေတာင္ဒီေလာက္ႏွာေခါင္းမေကာင္းဘူး....
ေလ့က်င့္ေရးအခန္းတံခါးက အနည္းငယ္ပြင့္ဟေနဆဲ။ ရန္သူဆီမွအသတ္ခံလိုက္ရသည့္ ေရွာင္ပိုင္၏ငိုခ်င္းခ်သံက ေတာ္ေတာ္က်ယ္သည္ေၾကာင့္ က်န္း႐ုန္မွာ သူ႔ေနာက္ကလႈပ္ရွားသံကို မၾကားလိုက္ေပ။
"အင္း" သူေျပာလိုက္သည္။
တင္းေကာကေတာ့ ေလွကားမွဆင္းလာသူကိုျမင္ေသာ္လည္း လွမ္းမႏႈတ္ဆက္အားေသးေပ။ တင္းေကာက ႏႈတ္ခမ္းေပၚလက္တင္လိုက္ရင္း စဥ္းစားရက်ပ္ေနသည့္အမူအရာႏွင့္ ေျပာလာသည္။
"ဘယ္လိုျဖစ္လို႔ ႐ုတ္တရက္ႀကီး ေဆးလိပ္ထေသာက္ေနတာလဲ? ေဆးလိပ္ဘယ္လိုေသာက္ရလဲသိလို႔လား?"
က်န္း႐ုန္ ေပၚတင္ပင္ လိမ္လိုက္သည္။
"ကြၽန္ေတာ့္မွာဖိအားေတြအရမ္းမ်ားေနလို႔"
"မင္းမွာဘာဖိအားေတြမ်ားရွိလို႔လဲ?"
တင္းေကာကမ်က္ေမွာင္က်ဳံ႕လ်က္။
"မင္းမွာ ပိုက္ဆံလည္းမျပတ္ဘူး။ ၿပိဳင္ပြဲလည္းတစ္ပြဲမွမရႈံးဘူး။ မင္းLivestreamထဲက wfေတြဆိုလည္း မင္းနဲ႔အၿပိဳင္ဆဲႏိုင္တာမွမဟုတ္တာ"
"ကြၽန္ေတာ္..."
က်န္း႐ုန္ ႏွစ္စကၠန္႔ေလာက္ အသံတိတ္သြားေလသည္။
"ကြၽန္ေတာ္ ဓါးထိုးခံရေတာ့မလို႔ေလ။ အဲ့တာေၾကာင့္ နည္းနည္းအေၾကာက္ေျပသြားေအာင္ ေဆးလိပ္ေသာက္ခ်င္လာလို႔"
တင္းေကာ : "....."
"ေဆးလိပ္ေသာက္တာအတြက္ ျပစ္ဒဏ္ရွိတယ္မလား?"
က်န္း႐ုန္က အိတ္ကပ္ထဲမွ ဖုန္းကိုထုတ္လိုက္ၿပီး။
"Alipayေျပာ"
တစ္ခါတစ္ရံ တင္းေကာမွာ အမွန္ပင္ သံသယဝင္မိသည္။ က်န္း႐ုန္ ဒီၿပိဳင္ပြဲနယ္ပယ္ထဲဝင္လာတာ တကယ္ႀကီး ပိုက္ဆံေၾကာင့္ေရာဟုတ္ရဲ႕လား?
ဘယ္လိုျဖစ္လို႔ ဒဏ္ေငြေဆာင္ရတာေတာင္ မ်က္ေတာင္တစ္ခ်က္မခတ္တာလဲ? ပိုက္ဆံလႊဲတာေတာင္ လူတိုင္းထက္ တည့္တိုးဆန္ေသးတယ္။ မသိရင္ ယြမ္100000သြင္းရင္ ယြမ္113000ျပန္ရတဲ့အစီအစဥ္မွာ စပြန္ဆာေပးေနသလိုပဲ။
သို႔ေသာ္ စည္းမ်ဥ္းကစည္းမ်ဥ္းပင္။ က်န္း႐ုန္အတြက္ ပထမဆုံးအႀကိမ္ျဖစ္လွ်င္ေတာင္မွ ဒဏ္ေငြေဆာင္ရဦးမည္ျဖစ္သည္။ ၿပီးလွ်င္ တင္းေကာအေနနဲ႔ က်န္း႐ုန္ကို ဒီအေလ့အက်င့္ႀကီး စြဲမသြားေစခ်င္ေပ။ ေဆးလိပ္ေသာက္သည္က အဆုတ္ကိုထိခိုက္ေစသည္။ ဒီတစ္ႀကိမ္ကို သင္ခန္းစာအေနနဲ႔ မွတ္မိသြားလွ်င္ အဆင္ေျပသည္။
"Wechatဆီပဲလႊဲလိုက္"
တင္းေကာကေျပာသည္။
"မင္းပို႔လိုက္တဲ့ပိုက္ဆံကို ညလယ္စာအဆာေျပမုန္႔ေတြဝယ္တဲ့အခါသုံးမွာ။ က်န္တဲ့သူေတြ ဒဏ္ေငြေဆာင္ရလည္းအဲ့လိုပဲ စိတ္မဆိုးဘူးမလား?"
က်န္း႐ုန္ေခါင္းခါျပလိုက္သည္။
သူWechatဆီဝင္လိုက္သည့္အခ်ိန္ တစ္စုံတစ္ေယာက္က သူ႔ဖုန္းကိုဆြဲယူသြားေလသည္။
"မင္း တင္းေကာဆီ ဒဏ္ေငြေဆာင္ရတာကို စြဲလန္းေနတာလား?"
လုေပၚယြမ္က က်န္း႐ုန္ရဲ႕ဖုန္းကို ပိတ္ေပးလိုက္သည္။
က်န္း႐ုန္ကေတာ့ လန္႔သြားၿပီး ဖုန္းကိုင္ထားလ်က္သားပုံစံႏွင့္ ေတာင့္ခဲသြားေလသည္။
တင္းေကာကလည္း ေငးေၾကာင္ေၾကာင္ စိုက္ၾကည့္လာသည္။
"ငါကေရာသူ႔ကိုအျပစ္ေပးခ်င္တယ္မ်ားထင္ေနလား? သူ႔အေနအထိုင္ေတြပိုေကာင္းသြားေအာင္ အခြင့္အေရးေပးေနတာ"
လုေပၚယြမ္ကေျပာသည္။
"ဒါေပမယ့္လည္း အျပစ္ေပးခံရသင့္တဲ့သူက သူမဟုတ္ဘူး"
တင္းေကာက နားမလည္ဟန္ႏွင့္ မ်က္ေတာင္ခတ္လိုက္ရင္း။
"အဲ့တာဘာေျပာတာလဲ?"
လုေပၚယြမ္က လက္ေျမႇာက္လိုက္ၿပီး က်န္း႐ုန္၏ဂ်က္ကတ္အက်ႌရဲ႕ေကာ္လာကို ထုတ္လိုက္သည္။ သူ႔ရဲ႕လႈပ္ရွားမႈက က်န္း႐ုန္၏လည္တိုင္ကို လက္ေခ်ာင္းေတြႏွင့္ ျဖတ္တိုက္သြားမိေစၿပီး ဖိန္းတိန္းတိန္းခံစားခ်က္ကို ထားခဲ့ေလသည္။
ေကာ္လာ၏ေအာက္ဘက္မွာေတာ့ 'R'ဆိုသည့္စာလုံးက ရွိေနေလသည္။
"ဒါကကြၽန္ေတာ့္အက်ႌ"
လုေပၚယြမ္၏အသံက အိပ္ရာမွႏိုးစမို႔ ၾသရွရွျဖစ္ေနလ်က္ သူကပ်င္းပ်င္းရိရိႏွင့္ ရွင္းျပလာသည္။
"ဒီအက်ႌေပၚကေဆးလိပ္အနံ႔က ကြၽန္ေတာ့္ေၾကာင့္စြဲက်န္ခဲ့တာ"
တင္းေကာမွာ ေၾကာင္အမ္းေနၿပီးမွ က်န္း႐ုန္ဝတ္ထားသည့္အက်ႌကို ေသေသခ်ာခ်ာ စစ္ေဆးၾကည့္လိုက္သည့္အခါ တကယ္ကို လုေပၚယြမ္၏အက်ႌျဖစ္ေနသည္။
"မင္းေဆးလိပ္ေသာက္ေနျပန္ၿပီ။ မေန႔က XIUနဲ႔ေသာက္လာတာမလား? ေကာင္းၿပီ PUDရဲ႕နည္းျပကိုလည္း ခဏေနက်ရင္ မက္ေဆ့ခ်္ပို႔လိုက္ဦးမယ္"
တင္းေကာက ထိုသို႔ေျပာၿပီးမွ က်န္း႐ုန္အား မယုံသကၤာအၾကည့္ႏွင့္ ျပန္ၾကည့္လာသည္။
"ေဆးလိပ္ေသာက္တာ မင္းမဟုတ္ဘူးဆိုမွေတာ့ ဘာလို႔အျပစ္ေခါင္းခံေနေသးလဲ? မဟုတ္ေၾကာင္းေျပာျပရမွာေပါ့"
လုေပၚယြမ္ တစ္စုံတစ္ရာကို သတိျပဳမိလိုက္သည္ : က်န္း႐ုန္က သူစိတ္လႈပ္ရွားသည့္အခါ ဒါမွမဟုတ္ ဘာေျပာရမွန္းမသိသည့္အခါ ဆံပင္ေတြကိုဖြေနတတ္ေလသည္။
လုေပၚယြမ္၏အၾကည့္ကို အာ႐ုံျပဳမိသည္ေၾကာင့္ က်န္း႐ုန္အံႀကိတ္လိုက္ၿပီး အၾကာႀကီးတိတ္ဆိတ္ေနၿပီးသည့္ေနာက္ အားတင္းကာေျပာလိုက္သည္။
"ကြၽန္ေတာ့္မွာပိုက္ဆံေတြအမ်ားႀကီးရွိတယ္"
တင္းေကာ : "?"
"ကြၽန္ေတာ္ကဒဏ္ေငြေဆာင္ရတာႀကိဳက္႐ုံပဲ"
တင္းေကာမွာ ၾကားၾကားခ်င္း ေၾကာင္ၾကည့္ေနမိသည္။
လုေပၚယြမ္ကေတာ့ က်န္း႐ုန္၏ေက်ာကုန္းကို ပုတ္ေပးလာသည္။ ေလသံထဲမွာေတာ့ ရယ္သံစြက္ေနလ်က္ ေျပာလာ၏။
"မင္းခ်မ္းသာမွန္း ကိုယ္တို႔သိပါၿပီ...အရင္သြားႏွင့္လိုက္ဦး တင္းေကာနဲ႔ေျပာစရာရွိလို႔"
က်န္း႐ုန္ ခပ္ေတာင့္ေတာင့္ႏွင့္ပင္ ေလ့က်င့္ေရးအခန္းတံခါးကို ဖြင့္လိုက္ၿပီးမွ ႐ုတ္တရက္ သတိရသြားသည္။
"အက်ႌျပန္ေပးမလို႔...."
"မလိုပါဘူး"
လုေပၚယြမ္ကသူ႔ကိုၾကည့္လ်က္ေျပာလာသည္။
"မင္းႀကိဳက္ရင္ဆက္ဝတ္ထားလိုက္ေလ"
______
T/N :
ဟဲဟဲ အိုက္ခြင္ပ်ံလာခဲ့ပါၿပီ အိုင္အမ္ဖလိုင္းယင္း><