ဘာသာပြန်သူ JustCBond
အပိုင်း(၁၂) ချင်မော့ရဲ့အထိမခံနေရာအား ဖူကျို့ထိလိုက်မိခြင်း
အရာအားလုံးက ဖြစ်ပျက်တာမြန်လွန်းလှသဖြင့် ဘော်ဒီဂတ်တွေဟာ ဒီကိစ္စကို မကိုင်တွယ်နိုင်ခဲ့လေဘူး။
ချင်မော့တစ်ယောက်သာလျှင် သူ့လက်မောင်းအတွင်းသို့ တစ်စုံတစ်ခု ပစ်လဲကျလာတာကို ခံစားလိုက်ရလေသည်။ သူ၏ဘယ်ဘက်ခြေလှမ်းကို ပြန်ဆုတ်လိုက်ပြီး သူ့မည်းနက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ထိုအရာအား စိုက်ကြည့်လိုက်သည်။
"သခင်လေးချင်"
ချင်မော့၏အတွင်းရေးမှူးက စိတ်လောကာ အသံပြဲကြီးနှင့် အော်ဟစ်တော့သည်။ သူ့၏သခင်လေးကို လှမ်းဆွဲရန် လုပ်နေစဉ်ဖူကျို့က သူ့သခင်လေးရင်ခွင်သို့ ရောက်နှင့်နေပြီးသားဖြစ်လေသည်။ အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။
ဖူကျို့က သူမ၏ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်လိုက်တာကြောင့် မျက်မှောင်ကြုံ့လိုက်ပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမ ဘာဆိုလို့ဘာတစ်ခုမှတောင် မလုပ်လိုက်ခင်မှာပဲ အရာအားလုံးဟာ အပ်ကျသံတောင်မကြားရလောက်အောင်အထိ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ သူမ အမြင်မှားတာများလား။ ဘာလို့ သူမရဲ့ လည်ပင်းအနောက်လေးမှာ အေးစိမ့်စိမ့် အငွေ့အသက်လေးရနေတာပါလိမ့်၊ ဆန့်ကျင်ဘက်အနေနဲ့ သူမရဲ့လက်ဖဝါးအောက်ကနေ အနွေးဓာတ်လေးကိုသူ မ ခံစားမိလိုက်တယ်၊ အဲဒါက တောင့်တောင့်ကြီးဖြစ်နေပေမဲ့ အထိအတွေ့ကတော့ ခံစားလို့ကောင်းသားပဲ။
ဖူကျို့က အငြိမ်မနေဘဲ သူမ၏လက်ကို နှစ်ကြိမ်တိတိ လှုပ်ရှားလိုက်သေးတာကို ကျောင်း၏ အကြီးအကဲများ အကုန်မြင်လိုက်သည်။ သူတို့က အတော်လေးကို ကြောက်လန့်နေကြပြီးတော့ သူတို့၏မျက်နှာ၌ သွေးမရှိလောက်တော့သလို ဖြူရော်နေပေတော့သည်။
"ဖူကျို့"
ကျောင်း၏ဒါရိုက်တာက သူမကို ရိုးရိုးရှင်းရှင်း ဆွဲထူလိုက်ပြီးတော့ အဝေးကို တွန်းထုတ်လိုက်ချင်သော်ငြား ယခုတော့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဒီကောင်စုတ်လေးက ဒီလိုနေရာမှာ ဒီအရှက်မဲ့တဲ့အပြုအမူနဲ့ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒီကောင်စုတ်လေးကို ဒီနေရာကို မလာစေဖို့ သူ မပြောမိခဲ့လို့များလား။
ထိုသို့အနေရခက်သည့် အခြေအနေသို့ ဖူကျို့ရောက်နေသည်ကို မြင်လိုက်ရတော့ ဟော်စီယွီက ပျော်ပျော်ကြီးထရယ်ပေသည်။
ဒီတစ်ခေါက်တော့ ဒီငတုံးကောင်က သေချာပေါက်ဒုက္ခရောက်ပြီပေါ့ ဟားဟားဟား။
"ဖူကျို့ အာ အဲဒါက သခင်လေးချင်ကိုလိုက်မယ်လို့ပြောတဲ့တစ်ယောက်မဟုတ်ဘူးလား"
"အမလေး သူတကယ့်ကို ဇွဲကောင်းတာပဲ သခင်လေးချင်ရဲ့လက်ချက်နဲ့ အသတ်ခံရမှာ မကြောက်ဘူးလား မသိဘူး"
"သူရူးနေတာပဲဖြစ်ရမယ် အဲဒါကိုပဲကြည့် ယောကျာ်းတွေများ အချစ်ကြောင့် စုံလုံးကန်းဆိုတာ အဲဒါပဲပေါ့ ဝမ်းနည်းစိတ်ပျက်ဖို့ကောင်း"
ထိုသို့ တီးတိုးပြောနေကြသည့် ပတ်ပတ်လည်၌ သူ့မျက်လုံးများကို အမှိတ်ထားချင်ဆုံး တစ်ယောက်ကတော့ ချင်ရှောင်တုံးပဲဖြစ်လေသည်။ သူ တစ်ချိန်လုံးစိုးရိမ်နေသည့်အရာက ယခုကဲ့သို့ လူအများကြီးအရှေ့၌ ဖြစ်လာလိမ့်မည်ဟု သူ မည်သည့်အခါကမျှ မတွေးခဲ့မိပေ။
သူ ထင်တာက သူ့သခင်လေးဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ပြောင်းလဲသွားပြီပေါ့၊ အဲဒါတွေက သူ့ရဲ့အတွင်းစိတ်ကိုဖုံးကွယ်ဖို့ လှည့်စားမှုတွေဖြစ်နေခဲ့မယ်လို့ မထင်ထားခဲ့ဘူး။
သူ အတန်းအေမှာ မတက်ခဲ့သင့်ဘူး၊ သူ အတန်းဒီမှာပဲ နေခဲ့ရမှာ၊ ဒီလိုဆိုရင် သခင်လေးက အသိစိတ်လွတ်ပြီး သခင်လေးချင်ကိုပြေးဖက်ရင်တောင်မှ အနည်းဆုံးတော့ သခင်လေးချင်ရဲ့ ခြေသလုံးကို ဖက်ထားလို့ရသေးတယ်လေဟာ အခုတော့။
သည်အချိန်၌ ဖူကျို့လည်း ပျော်ရွှင်နေသည်တော့ မဟုတ်ပေ။ သူမက မတရားခံရတဲ့သူလေ မဟုတ်ဘူးလား။ သို့သော်ငြားလည်း လူတိုင်း၏မျက်လုံးပေါ်က အကြည့်တွေကို ကြည့်လိုက်ခြင်းအားဖြင့် သည်အချိန်၌ သူမကိုဘယ်သူကမှ ယုံမှာမဟုတ်ဘူးဆိုတာကိုတော့ သူမကောင်းကောင်းသိလေသည်။
အဆုံးသတ်ဖို့ အချိန်ရောက်လာပြီဆိုတော့ကား ဒီအရာကို သူမစတင်ခဲ့တာမို့လို့ ဒီဟာကို သူမပဲအဆုံးသတ်ပေးမှာဖြစ်လေသည်။
အဆုံးသတ်ရန် အချိန်မရောက်သေးခင်၌ ဖူကျို့က သူမ၏နှုတ်ခမ်းလေးကို ကွေးညွတ်လိုက်ပြီးတော့ ပြုံးလိုက်လေသည်။ ရုတ်တရက်ကြီး ချင်မော့၏ကော်လံကိုဆွဲလိုက်ပြီး သူ၏ခံ့ညားပြီး အေးစက်နေသည့် မျက်နှာဆီသို့ တိုးသွားလိုက်လေသည်။ ထို့နောက်
"ခန္ဓာကိုယ် တောင့်တောင့်လေးပဲ ဘဒို"
ပြောရမယ်ဆိုရင် အဲဒါက မြူဆွယ်တာများလား။
ချင်ရှောင်တုံးက ကြောက်လွန်းလှ၍ ချွေးများ တပြိုက်ပြိုက်ကျလာလေတော့သည်။
သခင်လေးရူးသွားပြီ တကယ်ရူးသွားပြီ၊ မိန်းကလေးတွေနဲ့ အီစီကလီရိုက်တာက ရသေးတယ်၊ သခင်လေးချင်ကိုတောင်မှ အီစီကလီရိုက်လိုက်သေးတယ်တဲ့လား၊ သူကအကောင်ကြီးကြီးဆိုတာကို မသိလေရော့လား။
လူတွေဟာ ဖူကျို့ဆီက ဒီစကား ထွက်လာမယ်လို့မမျှော်လင့်ထားခဲ့ဘူး။
အခြားတစ်ဖက်၌ ကြောင်ပေါက်စနှင့်တူသည့်လူက လုံးဝကိုဆွံ့အသွားပြီး ယုန်အရုပ်နားရွက်ကို ကိုက်မိလုနီးပါးအထိကို ကြောင်အမ်းသွားလေတော့သည်။
အခြားတစ်ဖက်၌ ကျောင်း၏အကြီးအကဲတွေက ဖူကျို့ကို စိစိညက်ညက်ဖြစ်အောင် အမှုန့်ကြိတ်ခြေပစ်ချင်နေကြပေ၏။ ချင်မော့၏မျက်လုံးများက လုံးဝကို အနှုတ်မှတ်ပြသည်အထိ အေးစက်သွားလေတော့သည်။ သူ့၏အေးစက်နေသည့် အငွေ့အသက်တွေဟာ ဘေးပတ်ဝန်းကျင်က လူများကို အကြောက်တရားပေးနိုင်စွမ်းရှိသည်အထိကို ကျောချမ်းဖွယ်ကောင်းလွန်းလှသည်။ လူတွေက သူ့ကို ဘာလုပ်မှာလဲဆိုသည်ကို စောင့်ကြည့်နေကြပြီး သူ၏လူသတ်ချင်သည့် အငွေ့အသက်များက လူတွေ၏အသည်းနှလုံးအတွင်းအထိကို
အကြောက်တရား ပေးနိုင်စွမ်းရှိလေသည်။
ချင်မော့က သူ၏အထက်စီးဆန်ဆန်အပြုအမူတွေဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်လေသည်။
ဖူကျို့က ယခုတော့ ချန်ရှောင်တုံး၏စကားကိုယုံသွားလေတော့သည်။ ထိုချင်မော့က သွားရှုပ်လို့ကောင်းတဲ့လူမျိုးမဟုတ်ဘူးဆိုတာကို အခုမှနားလည်သဘောပေါက်သွားလေတော့၏။
စက္ကန့်အနည်းငယ်အတွင်း၌ ချင်မော့၏မျက်နှာဟာ နီးသည်ထက်နီးလာလေသည်။ သူ၏ခံ့ညားချောမောမှုများက ရုတ်တရက်ကြီးကွယ်ပျောက်သွားပြီးတော့ နောက်ဆုံးကျန်ခဲ့သည်က နေရခက်သည့် လေထုတစ်ခုသာ ကျန်ရှိလေတော့သည်။
ချင်မော့က နီးသည်ထက် နီးကပ်လာပြီးတော့ သူ့၏အသက်ရှုသံနွေးနွေးဟာ သူမ၏ နားအနောက်ဘက်ထိကို ရိုက်ခတ်လာလေတော့သည်။
"မင်းကဖူကျို့မလား အိမ်ကိုပြန်ရင် သေချာဂရုစိုက်ပြန် ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်ရဲ့ ညာဘက်လက်လေးဟာ မကြာခင်ကျိုးတော့မှာမို့လို့ပဲ"
ချင်မော့က ဤစကားကို ဘာမှမဟုတ်သလိုလေးပဲ ပြောလိုက်ပြီးတော့ သူ့၏အသံဟာ တိုးလွန်းလှသဖြင့် နှစ်ကိုယ်ကြားပဲကြားနိုင်လောက်သည့်အနေအထား၌ ရှိနေပေ၏။
သို့ပေမည့် ဖူကျို့က ထိုစကား၏နောက်ကွယ်က အဓိပ္ပာယ်ကို သေချာပေါက်နားလည်လေသည်။
သူမကသူ့ရဲရင်ဘတ်ကို ညာဘက်လက်နဲ့ထိလိုက်မိတာပဲ ၊ ပြောရမယ်ဆိုရင် သခင်လေးချင်ရဲ့ အထိမခံနိုင်တဲ့ ရင်ဘတ်ကို ထိလိုက်မိရုံလေးနဲ့ သူမရဲ့ညာဘက်လက်ကို တကယ်ကြီး ချိုးပစ်တော့မှာလားလို့။
...
Zawgyi
ဘာသာျပန္သူ JustCBond
အပိုင္း(၁၂) ခ်င္ေမာ့ရဲ႕အထိမခံေနရာအား ဖူက်ိဳ႕ထိလိုက္မိျခင္း
အရာအားလုံးက ျဖစ္ပ်က္တာျမန္လြန္းလွသျဖင့္ ေဘာ္ဒီဂတ္ေတြဟာ ဒီကိစၥကို မကိုင္တြယ္နိုင္ခဲ့ေလဘူး။
ခ်င္ေမာ့တစ္ေယာက္သာလွ်င္ သူ႕လက္ေမာင္းအတြင္းသို႔ တစ္စုံတစ္ခု ပစ္လဲက်လာတာကို ခံစားလိုက္ရေလသည္။ သူ၏ဘယ္ဘက္ေျခလွမ္းကို ျပန္ဆုတ္လိုက္ၿပီး သူ႕မည္းနက္ေနသည့္ မ်က္ဝန္းတစ္စုံျဖင့္ ထိုအရာအား စိုက္ၾကည့္လိုက္သည္။
"သခင္ေလးခ်င္"
ခ်င္ေမာ့၏အတြင္းေရးမႉးက စိတ္ေလာကာ အသံၿပဲႀကီးႏွင့္ ေအာ္ဟစ္ေတာ့သည္။ သူ႕၏သခင္ေလးကို လွမ္းဆြဲရန္ လုပ္ေနစဥ္ဖူက်ိဳ႕က သူ႕သခင္ေလးရင္ခြင္သို႔ ေရာက္ႏွင့္ေနၿပီးသားျဖစ္ေလသည္။ အရာအားလုံးက ေနာက္က်သြားခဲ့ေခ်ၿပီ။
ဖူက်ိဳ႕က သူမ၏ခႏၶာကိုယ္ဟန္ခ်က္ကို မထိန္းနိုင္လိုက္တာေၾကာင့္ မ်က္ေမွာင္ႀကဳံ႕လိုက္ေပသည္။
ဘယ္လိုပဲျဖစ္ျဖစ္ သူမ ဘာဆိုလို႔ဘာတစ္ခုမွေတာင္ မလုပ္လိုက္ခင္မွာပဲ အရာအားလုံးဟာ အပ္က်သံေတာင္မၾကားရေလာက္ေအာင္အထိ တိတ္ဆိတ္ၿငိမ္သက္သြားတယ္။ သူမ အျမင္မွားတာမ်ားလား။ ဘာလို႔ သူမရဲ႕ လည္ပင္းအေနာက္ေလးမွာ ေအးစိမ့္စိမ့္ အေငြ႕အသက္ေလးရေနတာပါလိမ့္၊ ဆန႔္က်င္ဘက္အေနနဲ႕ သူမရဲ႕လက္ဖဝါးေအာက္ကေန အေႏြးဓာတ္ေလးကိုသူ မ ခံစားမိလိုက္တယ္၊ အဲဒါက ေတာင့္ေတာင့္ႀကီးျဖစ္ေနေပမဲ့ အထိအေတြ႕ကေတာ့ ခံစားလို႔ေကာင္းသားပဲ။
ဖူက်ိဳ႕က အၿငိမ္မေနဘဲ သူမ၏လက္ကို ႏွစ္ႀကိမ္တိတိ လႈပ္ရွားလိုက္ေသးတာကို ေက်ာင္း၏ အႀကီးအကဲမ်ား အကုန္ျမင္လိုက္သည္။ သူတို႔က အေတာ္ေလးကို ေၾကာက္လန႔္ေနၾကၿပီးေတာ့ သူတို႔၏မ်က္ႏွာ၌ ေသြးမရွိေလာက္ေတာ့သလို ျဖဴေရာ္ေနေပေတာ့သည္။
"ဖူက်ိဳ႕"
ေက်ာင္း၏ဒါရိုက္တာက သူမကို ရိုးရိုးရွင္းရွင္း ဆြဲထူလိုက္ၿပီးေတာ့ အေဝးကို တြန္းထုတ္လိုက္ခ်င္ေသာ္ျငား ယခုေတာ့ ေနာက္က်သြားခဲ့ၿပီ ျဖစ္သည္။
ဒီေကာင္စုတ္ေလးက ဒီလိုေနရာမွာ ဒီအရွက္မဲ့တဲ့အျပဳအမူနဲ႕ေပၚလာလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး၊ ဒီေကာင္စုတ္ေလးကို ဒီေနရာကို မလာေစဖို႔ သူ မေျပာမိခဲ့လို႔မ်ားလား။
ထိုသို႔အေနရခက္သည့္ အေျခအေနသို႔ ဖူက်ိဳ႕ေရာက္ေနသည္ကို ျမင္လိုက္ရေတာ့ ေဟာ္စီယြီက ေပ်ာ္ေပ်ာ္ႀကီးထရယ္ေပသည္။
ဒီတစ္ေခါက္ေတာ့ ဒီငတုံးေကာင္က ေသခ်ာေပါက္ဒုကၡေရာက္ၿပီေပါ့ ဟားဟားဟား။
"ဖူက်ိဳ႕ အာ အဲဒါက သခင္ေလးခ်င္ကိုလိုက္မယ္လို႔ေျပာတဲ့တစ္ေယာက္မဟုတ္ဘူးလား"
"အမေလး သူတကယ့္ကို ဇြဲေကာင္းတာပဲ သခင္ေလးခ်င္ရဲ႕လက္ခ်က္နဲ႕ အသတ္ခံရမွာ မေၾကာက္ဘူးလား မသိဘူး"
"သူ႐ူးေနတာပဲျဖစ္ရမယ္ အဲဒါကိုပဲၾကည့္ ေယာက်ာ္းေတြမ်ား အခ်စ္ေၾကာင့္ စုံလုံးကန္းဆိုတာ အဲဒါပဲေပါ့ ဝမ္းနည္းစိတ္ပ်က္ဖို႔ေကာင္း"
ထိုသို႔ တီးတိုးေျပာေနၾကသည့္ ပတ္ပတ္လည္၌ သူ႕မ်က္လုံးမ်ားကို အမွိတ္ထားခ်င္ဆုံး တစ္ေယာက္ကေတာ့ ခ်င္ေရွာင္တုံးပဲျဖစ္ေလသည္။ သူ တစ္ခ်ိန္လုံးစိုးရိမ္ေနသည့္အရာက ယခုကဲ့သို႔ လူအမ်ားႀကီးအေရွ႕၌ ျဖစ္လာလိမ့္မည္ဟု သူ မည္သည့္အခါကမွ် မေတြးခဲ့မိေပ။
သူ ထင္တာက သူ႕သခင္ေလးဟာ လြန္ခဲ့တဲ့ရက္အနည္းငယ္ကတည္းက ေျပာင္းလဲသြားၿပီေပါ့၊ အဲဒါေတြက သူ႕ရဲ႕အတြင္းစိတ္ကိုဖုံးကြယ္ဖို႔ လွည့္စားမႈေတြျဖစ္ေနခဲ့မယ္လို႔ မထင္ထားခဲ့ဘူး။
သူ အတန္းေအမွာ မတက္ခဲ့သင့္ဘူး၊ သူ အတန္းဒီမွာပဲ ေနခဲ့ရမွာ၊ ဒီလိုဆိုရင္ သခင္ေလးက အသိစိတ္လြတ္ၿပီး သခင္ေလးခ်င္ကိုေျပးဖက္ရင္ေတာင္မွ အနည္းဆုံးေတာ့ သခင္ေလးခ်င္ရဲ႕ ေျခသလုံးကို ဖက္ထားလို႔ရေသးတယ္ေလဟာ အခုေတာ့။
သည္အခ်ိန္၌ ဖူက်ိဳ႕လည္း ေပ်ာ္႐ႊင္ေနသည္ေတာ့ မဟုတ္ေပ။ သူမက မတရားခံရတဲ့သူေလ မဟုတ္ဘူးလား။ သို႔ေသာ္ျငားလည္း လူတိုင္း၏မ်က္လုံးေပၚက အၾကည့္ေတြကို ၾကည့္လိုက္ျခင္းအားျဖင့္ သည္အခ်ိန္၌ သူမကိုဘယ္သူကမွ ယုံမွာမဟုတ္ဘူးဆိုတာကိုေတာ့ သူမေကာင္းေကာင္းသိေလသည္။
အဆုံးသတ္ဖို႔ အခ်ိန္ေရာက္လာၿပီဆိုေတာ့ကား ဒီအရာကို သူမစတင္ခဲ့တာမို႔လို႔ ဒီဟာကို သူမပဲအဆုံးသတ္ေပးမွာျဖစ္ေလသည္။
အဆုံးသတ္ရန္ အခ်ိန္မေရာက္ေသးခင္၌ ဖူက်ိဳ႕က သူမ၏ႏႈတ္ခမ္းေလးကို ေကြးၫြတ္လိုက္ၿပီးေတာ့ ၿပဳံးလိုက္ေလသည္။ ႐ုတ္တရက္ႀကီး ခ်င္ေမာ့၏ေကာ္လံကိုဆြဲလိုက္ၿပီး သူ၏ခံ့ညားၿပီး ေအးစက္ေနသည့္ မ်က္ႏွာဆီသို႔ တိုးသြားလိုက္ေလသည္။ ထို႔ေနာက္
"ခႏၶာကိုယ္ ေတာင့္ေတာင့္ေလးပဲ ဘဒို"
ေျပာရမယ္ဆိုရင္ အဲဒါက ျမဴဆြယ္တာမ်ားလား။
ခ်င္ေရွာင္တုံးက ေၾကာက္လြန္းလွ၍ ေခြၽးမ်ား တၿပိဳက္ၿပိဳက္က်လာေလေတာ့သည္။
သခင္ေလး႐ူးသြားၿပီ တကယ္႐ူးသြားၿပီ၊ မိန္းကေလးေတြနဲ႕ အီစီကလီရိုက္တာက ရေသးတယ္၊ သခင္ေလးခ်င္ကိုေတာင္မွ အီစီကလီရိုက္လိုက္ေသးတယ္တဲ့လား၊ သူကအေကာင္ႀကီးႀကီးဆိုတာကို မသိေလေရာ့လား။
လူေတြဟာ ဖူက်ိဳ႕ဆီက ဒီစကား ထြက္လာမယ္လို႔မေမွ်ာ္လင့္ထားခဲ့ဘူး။
အျခားတစ္ဖက္၌ ေၾကာင္ေပါက္စႏွင့္တူသည့္လူက လုံးဝကိုဆြံ႕အသြားၿပီး ယုန္အ႐ုပ္နား႐ြက္ကို ကိုက္မိလုနီးပါးအထိကို ေၾကာင္အမ္းသြားေလေတာ့သည္။
အျခားတစ္ဖက္၌ ေက်ာင္း၏အႀကီးအကဲေတြက ဖူက်ိဳ႕ကို စိစိညက္ညက္ျဖစ္ေအာင္ အမႈန႔္ႀကိတ္ေျခပစ္ခ်င္ေနၾကေပ၏။ ခ်င္ေမာ့၏မ်က္လုံးမ်ားက လုံးဝကို အႏႈတ္မွတ္ျပသည္အထိ ေအးစက္သြားေလေတာ့သည္။ သူ႕၏ေအးစက္ေနသည့္ အေငြ႕အသက္ေတြဟာ ေဘးပတ္ဝန္းက်င္က လူမ်ားကို အေၾကာက္တရားေပးနိုင္စြမ္းရွိသည္အထိကို ေက်ာခ်မ္းဖြယ္ေကာင္းလြန္းလွသည္။ လူေတြက သူ႕ကို ဘာလုပ္မွာလဲဆိုသည္ကို ေစာင့္ၾကည့္ေနၾကၿပီး သူ၏လူသတ္ခ်င္သည့္ အေငြ႕အသက္မ်ားက လူေတြ၏အသည္းႏွလုံးအတြင္းအထိကို
အေၾကာက္တရား ေပးနိုင္စြမ္းရွိေလသည္။
ခ်င္ေမာ့က သူ၏အထက္စီးဆန္ဆန္အျပဳအမူေတြျဖင့္ ပတ္ဝန္းက်င္ကို ေဝ့ဝိုက္ၾကည့္လိုက္ေလသည္။
ဖူက်ိဳ႕က ယခုေတာ့ ခ်န္ေရွာင္တုံး၏စကားကိုယုံသြားေလေတာ့သည္။ ထိုခ်င္ေမာ့က သြားရႈပ္လို႔ေကာင္းတဲ့လူမ်ိဳးမဟုတ္ဘူးဆိုတာကို အခုမွနားလည္သေဘာေပါက္သြားေလေတာ့၏။
စကၠန႔္အနည္းငယ္အတြင္း၌ ခ်င္ေမာ့၏မ်က္ႏွာဟာ နီးသည္ထက္နီးလာေလသည္။ သူ၏ခံ့ညားေခ်ာေမာမႈမ်ားက ႐ုတ္တရက္ႀကီးကြယ္ေပ်ာက္သြားၿပီးေတာ့ ေနာက္ဆုံးက်န္ခဲ့သည္က ေနရခက္သည့္ ေလထုတစ္ခုသာ က်န္ရွိေလေတာ့သည္။
ခ်င္ေမာ့က နီးသည္ထက္ နီးကပ္လာၿပီးေတာ့ သူ႕၏အသက္ရႈသံေႏြးေႏြးဟာ သူမ၏ နားအေနာက္ဘက္ထိကို ရိုက္ခတ္လာေလေတာ့သည္။
"မင္းကဖူက်ိဳ႕မလား အိမ္ကိုျပန္ရင္ ေသခ်ာဂ႐ုစိုက္ျပန္ ဘာလို႔လဲဆိုေတာ့ တစ္စုံတစ္ေယာက္ရဲ႕ ညာဘက္လက္ေလးဟာ မၾကာခင္က်ိဳးေတာ့မွာမို႔လို႔ပဲ"
ခ်င္ေမာ့က ဤစကားကို ဘာမွမဟုတ္သလိုေလးပဲ ေျပာလိုက္ၿပီးေတာ့ သူ႕၏အသံဟာ တိုးလြန္းလွသျဖင့္ ႏွစ္ကိုယ္ၾကားပဲၾကားနိုင္ေလာက္သည့္အေနအထား၌ ရွိေနေပ၏။
သို႔ေပမည့္ ဖူက်ိဳ႕က ထိုစကား၏ေနာက္ကြယ္က အဓိပၸာယ္ကို ေသခ်ာေပါက္နားလည္ေလသည္။
သူမကသူ႕ရဲရင္ဘတ္ကို ညာဘက္လက္နဲ႕ထိလိုက္မိတာပဲ ၊ ေျပာရမယ္ဆိုရင္ သခင္ေလးခ်င္ရဲ႕ အထိမခံနိုင္တဲ့ ရင္ဘတ္ကို ထိလိုက္မိ႐ုံေလးနဲ႕ သူမရဲ႕ညာဘက္လက္ကို တကယ္ႀကီး ခ်ိဳးပစ္ေတာ့မွာလားလို႔။
...