||Complete|| I Can Do It [MM...

By da_coolest_icekun

696K 99.6K 10.7K

တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... More

Description
Translator's Note
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀

အပိုင်း(၅၀)

5.5K 847 143
By da_coolest_icekun


(Unicode)

"ငါချွဲပြီးသွားပြီမဟုတ်ဘူးလား? သူ့အင်္ကျီ​တောင်ဝတ်ထားပြီးသွားပြီ​လေ...."

လေ့ကျင့်ရေးခန်းထဲမှ လုပေါ်ယွမ်ထွက်သွားပြီး မိနစ်ဝက်လောက်ကြာသည်အထိ ကျန်းရုန်မှာ သူ့စကတ်ကိုငုံ့ကြည့်နေဆဲပင်ဖြစ်သည်။

ဒီစကတ်က…..အဲ့လောက်တော့မဆိုးသွားလောက်ဘူးလားလို့?

အစတုန်းကဆိုလျှင် တင်းကောတစ်ယောက် ပြန်လာပြီး ဒီ“သင်္ဘောသားဝတ်စုံ”ကို မပြသေးသရွေ့ ကျန်းရုန်က အတိုက်အခံလုပ်နေဆဲ။ သို့သော်လည်း ဝတ်စုံကိုမြင်ပြီးသွားချိန်မှာတော့ ကျန်းရုန်၏အမြင်တွင် ထိုဝတ်စုံက သာမန်အဖြူရောင်ရှပ်လက်တိုနှင့် ဒူးထိရှည်သောစကတ်သာဖြစ်သည်။  ထိုစကတ်သည် နွေရာသီ၌ သူဝတ်လေ့ရှိသည့် ဘောင်းဘီတိုတွေထက်ပင် ပိုရှည်သေးသည်။

မိတ်ကပ်လိမ်းသည့်နေရာတွင်သာ သူကယားတတ်သည့်အခံရှိတာမို့ အဆင်မပြေဖြစ်ခဲ့သည်ပင်။ Eyelinerဆွဲနေတုန်းကတော့ သူ့မှာ ထထွက်ပြေးစိတ်တွေပေါက်သည့် အချိန်အခိုက်အတန့်တွေ မနည်းမနောရှိခဲ့လေသည်။

စက္ကန့်အနည်းငယ်အကြာတွင် ကျန်းရုန် စကတ်အစွန်းကိုလှန်လိုက်ပြီး အစောပိုင်းက လုပေါ်ယွမ်၏လက်ထိပ်ဖျားတို့နှင့် ထိမိသွားသည့်နေရာကို ကြည့်လိုက်၏။

ထိုနေရာက အတော်ကြာ စပ်ဖျဥ်းဖျဥ်းဖြစ်နေသည်မို့ သူထင်လိုက်သည်က အရေပြားပွန်းသွားသည်ဟုပင်။ သို့သော်လည်း တကယ်တော့ အနီရောင်အရာပင်ကျန်မနေခဲ့ချေ။

Webcamက သူ့အပေါ်ပိုင်းကိုသာ ရိုက်ပြနေသည်ဖြစ်သော်လည်း သူ့ရဲ့လက်လှုပ်ရှားမှုနှင့်တင် သူဘာလုပ်နေသည်ဆိုတာ ပုံဖော်ကြည့်နိုင်ဖို့ လုံလောက်လေသည်။

[ယီး မင်းကနှာဘူးလား? ဘာကိစ္စ စကတ်အောက်ကိုပဲ ငုံ့ကြည့်နေတာလဲလို့!!]

ကျန်းရုန် စကတ်၏အစွန်းကိုပြန်ဖြန့်လိုက်ပြီး သေချာလေးပြန်ထိုင်လိုက်၏။ “ကိုယ့်ဟာကိုယ်ကြည့်တာ ဘယ်လိုလုပ်နှာဘူးဖြစ်မှာလဲ? မင်းတို့ပုံမှန်ဆိုရေမချိုးကြဘူးလား?”

[???]

[အမေ့လည်းပြပါဆိုသားရယ် အမေဒါကြီးပဲပြောရတာမောနေပြီ]

[ငါတို့လိုလက်ဆောင်တွေပို့ပေးနေတဲ့ မင်းအဖေတွေတောင် ကြည့်လို့မရတာ အဲ့မှာဘာတွေရှိနေလို့လဲ??]

[နတ်ဘုရားလုက ကိုယ့်ဟာကိုယ်သာမStreamတာ Softနဲ့ကျduo queueနေတယ်နော်? ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုလုံးက ဂိမ်းဆော့ရမှာပဲကို ကိုယ့်livestreamပဲကိုယ်လွှင့်ပါလား!]

[newfeedကအကြံပြုချက်စာရင်းထဲမှာတွေ့လို့ ခဏဝင်ကြည့်တာ….ဘာဖြစ်လို့ ဒီStreamerကောင်မလေးကို လူတွေအများကြီးဝင်ကြည့်နေကြတာလဲ? သူ့ရင်ဘတ်ကလည်းပြားလိုက်တာ ညှပ်ရိုးလေးကတော့ အတော်လှသားဟ။ ကောင်မလေး ကော်လာလေးနည်းနည်းဆွဲချလိုက်ပါလား?]

[မင်းအမေကြီးကိုဆွဲချခိုင်းလေ စောက်ရူး တဏှာရူးကောင် အခုချက်ချင်းထွက်သွားတော့]

[အချိန်ဖြုန်းမနေပဲ မြန်မြန်ချွဲပြတော့လေ]

[ဟုတ်သားပဲ သဘောတူထားတာက ချွဲပြဖို့နော်။ ကောင်စုတ်လေး ရောက်ရောက်ချင်း သူ့ကိုယ်သူအဖေလို့ခေါ်လိုက်သေးတယ်]

[ဒါကြီးက ရာဇဝင်ပါတွင်လောက်မယ့် အဖေစတိုင်လ်နဲ့လိုလီကြီးလားဟ?]

(T/N : Loli-ငယ်ငယ်ရွယ်ရွယ် ချစ်စရာကောင်မလေးတွေကို ပြောတာပါ။ အထူးသဖြင့် animeထဲက ဆယ်ကျော်သက်ကာရိုက်တာလေးတွေ)

ကျန်းရုန်၌ သူ့water friendတွေနှင့် စကားစမည်ပြောနေစဥ်အတွင်း ခြေချိတ်ထိုင်တတ်သည့် အလေ့အကျင့် ရှိလေသည်။ အမှုမဲ့အမှတ်မဲ့နှင့် ခြေထောက်မြှောက်ပြီးရုံရှိသေး၊ လုပေါ်ယွမ်ပြောသွားသည့်စကားကို ပြန်မှတ်မိလာကာ…….တိတ်တိတ်ကလေး ခြေထောက်ကိုပြန်ချလိုက်၏။
“ချွဲရမှာ? ဘယ်သူပြောလဲ ငါမင်းတို့နဲ့ချွဲပြမယ်လို့?”

[ချီးဟေ့ မွေးရကျိုးမနပ်တဲ့သမီးကတော့ ပြောထားတာတွေ ပြန်ရုတ်သိမ်းနေပြီ!]

[ဘယ်နေရာမှာတိုင်ချက်ဖွင့်လို့ရလဲ? TTCရဲ့အုပ်ချုပ်ရေးပိုင်းကလူတွေ ဒါကိုလာဖြေရှင်းပါဦးလား?!]

[အပေါ်ထပ်က Softရဲ့အဖေရေ၊ သူတင်ထားတဲ့မားကတ်တင်းပိုစ့်ကို မတွေ့သေးဖူးလား? ဒီအရူးကောင်က တကယ်ကြီး ငါတို့နဲ့ချွဲတော့မှာမဟုတ်ဘူးလေ :)]

[အဲ့လိုဟာမျိုးကိုဘယ်သူကြည့်မှာလဲ။ အကောင့်တုတွေ အသက်ထက်ကျော်အောင်ဖွင့်ပြီး Voteခဲ့ရတာ နောက်ဆုံးတော့ ငါပြန်ရလိုက်တာ ဒါပေါ့လေ အဟက်]

Water friendတွေကိုမဆိုထားနှင့်၊ ကျန်းရုန်ကိုယ်တိုင်ပင် အဲ့ဒီမားကတ်တင်းပိုစ့်ကို မတွေ့ရသေးပေ။  သူနိုးနိုးလာချင်းမှာပဲ တင်းကောက မိတ်ကပ်လိမ်းဖို့နဲ့ အဝတ်အစားစမ်းဝတ်ကြည့်ဖို့ သူ့ကိုဆွဲခေါ်သွားခဲ့သည်​လေ။ ထိုပိုစ့်​တွေကိုတင်သည့်သူက​တော့ တင်း​ကောဆိုသည့်တစ်​ယောက်သာ ဖြစ်သည်။

ကျန်းရုန် သူ့ရဲ့နွားနို့ဘူးပိုက်ကိုစုပ်လိုက်ကာ လွယ်လွယ်ကူကူပဲ Weiboကိုသွားကြည့်လိုက်၏။

[TTC°Soft : အားလုံးမင်္ဂလာပါ။ ကျွန်တော်က TTCရဲ့mid laner Softပါဗျ [ချစ်ဖို့ကောင်းသောအီမိုဂျီ]! ဒီနှစ်ရက်အတွင်း အင်တိုက်အားတိုက် voteပေးခဲ့ကြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်​နော်။ Feb 15 ညနေ(၃)နာရီကစပြီး StarTVမှာ ကျွန်တော် Crossdessရင်း Livestreamလွှင့်ပါမယ်။ @TTC°Road ခေါင်းဆောင်ရော ကျွန်တော်ချွဲပြတာတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား TAT။ Livestream link : ……….]

ကျန်းရုန်မှာ ပါးစပ်ထဲကနွားနို့တွေကိုပါ ​ဖူးခနဲ ထွေးထုတ်မိလုနီးပါးဖြစ်သွား၏။

[hahahaha ဘယ်လိုဟာကြီးလဲ]

[??? နင်ကဘယ်လိုကောင်လဲဟ? Roadဘက်က နင့်ကို အတူduo qပေးပြီး မားကတ်တင်းဆင်းပေးတာနဲ့တင် တော်တော်မျက်နှာသာပေးထားပြီးပြီလေ OK? ဒါတောင် ဒီလောက်နဲ့မကျေနပ်နိုင်သေးပဲ ထပ်ထပ်လိုချင်နေသေးတာကတော့ တအားများသွားပြီမဟုတ်ဖူးလား?]

[နတ်ဘုရားလုပရိသတ်ပြောတာ မှန်တယ်လို့ အဖေထင်တယ်။ သားလေး နတ်ဘုရားလုကို တွယ်ကပ်မနေနဲ့တော့ကွာ။ မင်းအဲ့လိုလျှောက်လုပ်နေတာ အဖေတို့လည်း မျက်နှာပျက်ရတယ်ကွ]

[ချီးပဲ သေရော။ သမီးလေးတစ်ယောက်ကို ဒီလောက်အကြာကြီး ပြုစုပျိုးထောင်လာတာ အခုကျတော့ သူကအခြားတစ်ယောက်ကို ချွဲပြတော့မယ်တဲ့? ဒါပေမယ့် ဘာတွေဖြစ်လာမလဲ နည်းနည်းတော့ စိတ်ဝင်စားနေသေးတယ်……]

ကျန်းရုန် သူတို့အားလုံးကို လစ်လျူရှုလိုက်ပြီး တင်းကောဆီသာ တိုက်ရိုက်ဖုန်းခေါ်လိုက်၏။ လတ်တလော၌ တင်းကောကလည်း laptopလေးပိုက်ရင်း ရင်တမမနဲ့ Livestreamကို ဧည့်ခန်းထဲကနေ ကြည့်နေတာမို့ အလွန်အမင်းကို မြန်မြန်ဆန်ဆန် ဖုန်းပြန်ဖြေလေသည်။

ကျန်းရုန်အံကြိတ်ထားရင်း “နည်းပြတင်ထားတဲ့ပိုစ့်က…..ဘာလို့အဲ့လိုကြီးလဲ?!”

တင်းကောက စကားမပြောခင် အရင်ဆုံး လည်ချောင်းရှင်း၏။ “အဟမ်း အစကတော့ မင်းပုံစံကို အတုခိုးပြီး ရေးမလို့လုပ်သေးတယ် ဒါပေမယ့် မင်းစတိုင်လ်က အဲ့လောက်အလွယ်တကူ ကူးချလို့ရတာမဟုတ်တော့​လေ…….အဲ့တာနဲ့ လက်လျှော့လိုက်ရတာပဲ။ စိတ်ပူမနေနဲ့ တစ်ချက်ကြည့်ရုံနဲ့တင် အဲ့ပိုစ့်က မင်းတင်တာမဟုတ်မှန်း မင်းပရိသတ်တွေသိပါတယ်ကွာ”

နားကြပ်တပ်ထားသည်ကြောင့် ကျန်းရုန်က ဖုန်းကိုစပီကာဖွင့်ထားတာဖြစ်သည်။

[ရှင်းရှင်းလင်းလင်းလုပ်စရာရှိလို့ သူ့မှာပရိသတ်ဆိုတာမရှိဘူးနော် ဒီမှာရောက်နေသမျှအားလုံးက သူ့အဖေတွေချည်းပဲ။ သဘောတူတဲ့သူတွေ မှန်ပါတယ်လို့ပြောကြ]

[မှန်ပါတယ်]

[မှန်ပါတယ်]

[Roadပရိသတ်တွေ မလောကြစမ်းနဲ့။ ဘယ်အရာမဆို ဦးတဲ့သူအရင်ပဲ။ မင်းတို့က နတ်ဘုရားလုရောက်လာပြီး သူချွဲတော့မှ စဆဲလို့ရမှာ ဟုတ်ပြီလား?]

တင်းကောက ထပ်ပေါင်းပြောလာသည်။ “ပြီးတော့ Streamမယ့်အကြောင်းက ငါရှောင်လုကိုပြောပြီးသွားပြီ။ သူကမင်းနဲ့ပူးပေါင်းပေးဖို့ သဘောတူထားတယ်။ အဲ့တော့ မင်းကြိုက်သလိုသာStreamလိုက် ”

“….သိပြီ”

ဖုန်းချပြီးသည့်နောက် ကျန်းရုန် ဆံပင်သပ်ဖို့လုပ်လိုက်သည့်အခါ သူ့ခေါင်းပေါ်က ခပ်အိအိယုန်နားရွက်ကို ကိုင်မိသည်နှင့်သာ အဆုံးသတ်သွားလေသည်။

“…….”

သူလက်ပြန်ရုတ်လိုက်ပြီး ဂိမ်းကိုဖွင့်ကာ အကြောင်းအရာတစ်ခုဆီ အလျင်အမြန်ပြောင်းလိုက်တော့သည်။

“Dumbass 215 happy birthdayကို ကြယ်ပင်လယ်တွေအတွက် ကျေးဇူးတင်ပါတယ်။ “Xiao Bai(duo qရင်Carryပေးပါလား?)ကိုလည်း ကြယ်ပင်လယ်တွေအတွက် ကျေးဇူးပါ။ ဆောရီးပဲ Carryမပေးနိုင်ဘူး။ “TTC°Box”ကိုလည်း လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ထပ်မပို့နဲ့တော့ မင်းရဲ့လစာကနည်းနည်းလေးကို။ နောက်ထပ် “YY-Doufu…..” ဒီတစ်ခုကိုပြန်ပေးမယ် လက်မခံနိုင်ဘူး “

[TTC°​ရှောင်ပိုင်(duo qရင်Carryပေးပါလား?) : အို့ :(]

[TTC°Box : …..]

[YY-Doufu : ?]

[hahahaha ဘယ်မလဲ အသင်းတွေကြားက သူငယ်ချင်းဆက်ဆံရေး? ဘယ်မလဲ အသင်းသားတွေကြားက သူငယ်ချင်းဆက်ဆံရေး??]

လက်ဆောင်တွေအတွက် ငါးမိနစ်လောက်အချိန်ယူပြီး ကျန်းရုန်မှာ ကျေးဇူးတင်လိုက်ရသည်။ အာပါခြောက်လာသည်ကြောင့် ရေတစ်ငုံ၊နှစ်ခုံပါ သောက်လိုက်ရလေသည်။
“အသင်းသားတွေကြားက သူငယ်ချင်းဆက်ဆံရေးက သိပ်မတည်ငြိမ်ဘူး။ အသင်းတွေကြားက သူငယ်ချင်းဆက်ဆံရေးကတော့ မင်းတို့အားလုံးကို လှည့်စားဖို့လေ။ တို့ဖူးကငါ့ကိုဘာလို့လက်ဆောင်ပို့တာလဲ? ဘယ်သိပါ့မလဲ? ငါသူ့ကိုStreamထဲက ကန်ထုတ်ထားတာမှမဟုတ်တာ သူ့ကိုကိုယ့်ဘာသာမေးကြ”

ပြီးခဲ့တဲ့တစ်ခေါက်က တို့ဖူးရဲ့Livestreamမှာ ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုခံခဲ့ရတာနဲ့ ပတ်သတ်ပြီး ပြန်လက်စားချေပြီးနောက် နာမည်ကြီးVideo streaming websiteတစ်ခုကို ဖွင့်လိုက်သည်။

(T/N : Youtubeလိုမျိူး)

[ဘာလဲ? အချောင်ခိုနေတာလား? ရီပို့ထုမှာနော်]

ကျန်းရုန် barrageထဲမှ ရီပို့ထုမည်ဟူသော ချိန်းခြောက်စာတွေကို လစ်လျူရှုလိုက်ရင်း search barမှာ ရိုက်ထည့်လိုက်၏ : [LPL Crossdressing]

ချက်ချင်းဆိုသလိုပဲ ရှာဖွေမှုရလဒ်တွေက စခရင်အပြည့်ပေါ်လာတော့သည်။

Livestreamလွှင့်ရင်း Crossdressတာက ရှားပါးသည့်အရာမဟုတ်ပေ။ တစ်ဝက်မဟုတ်ရင်တောင် pro playerတွေထဲ သုံးပုံတစ်ပုံလောက်က စကတ်ဝတ်ဖူးသည့်သူချည်းပင်။

ရုတ်ချည်း မရေမတွက်နိုင်တဲ့ ”?”ပေါင်းသောင်းခြောက်ထောင်က barrageထဲမှာပျံ့လွင့်လာပြီး Crossdressရာတွင် ပါဝင်ပတ်သက်ဖူးသည့် ကစားသမားအချို့ဆီမှ “ချီးပဲ”ဆိုသည့် ကွန်မန့်တို့လည်း အပါအဝင်ပင်။

Modတွေခမျာလည်း pro playerတွေကို blacklistမတင်ရဲတာကြောင့် ကျန်းရုန်ကပဲ ညစ်ညစ်ညမ်းညမ်းတွေ ပြောဆိုနေသည့် ထိုလူများအား ကြီးကျယ်ခမ်းနားလှပါသည့် “ငါးမိနစ်စကားပြောခွင့်ပိတ်”ဆိုသော ဂုဏ်ပြုပန်းစည်းအား ချီးမြှင့်လိုက်ရသည်။ ပြီးတဲ့နောက်မှာတော့ ကျန်းရုန်မှာ ဗီဒီယိုတစ်ခုချင်းစီအား စိမ်​ပြေန​ပြေ ဝင်ကြည့်တော့သည်။ “ငါကအချောင်ခိုနေတာမဟုတ်ဘူးလေ။ မင်းတို့ပဲငါချွဲတာကြည့်ချင်တယ်ဆို? ဒီအဖေက ဘယ်လိုလုပ်ရမလဲမသိတော့ အခြားသူတွေရဲ့အတွေ့အကြုံကနေပဲ သင်ယူရတော့တာပေါ့……အို့ ခဏလေး၊ ငါ့ရဲ့voteပေးခိုင်းတဲ့ပိုစ့်ကို ဘယ်သူတွေရှဲလ်သွားလဲကြည့်ရအောင်”

စာရင်း၏ထိပ်ဆုံးတစ်ယောက်ကတော့ တစ်မိုးအောက် ရှောင်ပိုင်ပင်ဖြစ်သည်။

ဗီဒီယိုစစချင်းမှာပဲ လက်တစ်လုံးကြိုးနဲ့ အမဲရောင်ဇာဂါဝန်ကို ဝတ်ထားသည့်ရှောင်ပိုင်က ကင်မရာကိုကြည့်ကာ ဆက်တိုက်ကို မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။ သူက အသံကိုမြှင့်ကာ ပြောလာသည်။ “ကောကောလို့ခေါ်ရင် ကြယ်သေးသေးလေး ပို့လာပေးမှာလားဟင်? ကောကော~ ကောကော~ ဒီက ကြယ်သေးသေးလေး လိုချင်တယ်လို့~~”

ဒီတစ်ကြိမ်ဟာ ကျန်းရုန်အတွက် ထိုကဲ့သို့မြင်ကွင်းမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ Pineက သူ့အား ကြယ်ပင်လယ်နှစ်ခု ပို့လာတော့မှပင် သူ့မှာပြန်အသိဝင်တော့သည်။

“ငါ့အမှားပါ စိတ်အနှောင့်အယှက်ဖြစ်သွားဖို့ မရည်ရွယ်ပါဘူး” ကျန်းရုန်ဗီဒီယိုကိုပိတ်လိုက်၏။ “ငါ့ကိုရီပို့မထုနဲ့နော်။ အဲ့ဗီဒီယိုထဲကလူမှာ သူ့ကိုယ်ပိုင်Livestream roomရှိတယ်။ အဲ့သာသွားပြီးရီပို့ထုကြ”

နောက်ထပ်တစ်ယောက်က ခုန်းခုန်းဖြစ်သည်။

ခုန်းခုန်းသည်လည်း သူ့လို သင်္ဘောသားဝတ်စုံဝတ်ထား၏။ သို့သော် သူ့ခေါင်းပေါ်မှာတော့ ကြောင်နားရွက်တွေဖြစ်သည်။ ဗီဒီယိုအစပိုင်းတွင် သူက လက်ကိုမျက်နှာနားမှာထားပြီး ကြောင်သံကိုတု၍ “မြောင်”ခနဲလုပ်လိုက်၏။ ဂိမ်းကစားနေတဲ့တစ်လျှောက်လုံး ခုန်းခုန်းက သူ့အသင်းသားတွေအား “ကောကော ကစားတာအရမ်းကောင်းတာပဲ”၊ “ကောကော အားတင်းထားနော်”၊ “ဝါး ကောကောက blue buffလေးပေးတာပဲ~” စသဖြင့် မက်ဆေ့ချ်တွေပို့ကာ အားပေးနေလေသည်။

“……ငါတို့အဝတ်အစားတွေကတူ​တော့ ဒီတစ်ခုမဆိုးဘူး အနည်းဆုံးတော့ သူကစာပဲရေးတာ ရှောင်ပိုင့်လိုရွံစရာမကောင်းဘူး” ကျန်းရုန်ကဂရုမစိုက်ဟန်ဖြင့်ဆိုလာသည်။ “အိမ်မက်မက်မနေနဲ့ ငါ့အသံကိုအဲ့လိုလုံးဝမလုပ်နိုင်ဘူး”

​နောက်ဆုံးတစ်​ယောက်က​တော့ တို့ဖူးအလှည့်ပင်။

တို့ဖူးက ရင်ဘတ်အနည်းငယ်ဖော်ထားသည့် Leblancဝတ်စုံကို Cosplayလုပ်ထားတာဖြစ်ပြီး သူကရင်သားအတုပင် ထည့်ထားသေးသည်။ သူက မေးထောက်လျက် ကင်မရာကိုကြည့်နေကာ  မျက်စိမှိတ်ပြရင်း နှုတ်ခမ်းကိုလျှာဖြင့်သပ်ပြလိုက်တာကြောင့် သူ့ရဲ့အမျိုးသမီးပရိသတ်တွေမှာ အော်ဟစ်ကုန်ကြပြီး ကွန်မန့်တွေနဲ့ ဂယက်ထကုန်တော့သည်။

“ဒီလိုဟာမျိုးတောင်Streamလို့ရတာလား?” ကျန်းရုန်ကမျက်မှောင်ကျုံ့ထားလျက် “အဲ့အချိန်တုန်းက ငါလွဲသွားပေမယ့် အခုထိရီပို့ထုရသေးလို့ တော်သေးတယ်”

လေ့ကျင့်ရေးအခန်းတံခါးက တွန်းဖွင့်ခံလိုက်ရချိန် ကျန်းရုန်က WZWZမှMini Croptopဝတ်ရင်း ကနေသည့်ဗီဒီယိုကို ကြည့်နေရင်းတန်းလန်းဖြစ်သည်။ အဖြောင့်တစ်ယောက်အနေနှင့် Miniမှာ ထိန်းမရသိမ်းမရဖြစ်လာပုံပေါက်၏၊ သူ့ရဲ့တင်တွေရင်တွေကို အသားကုန်ခါရမ်းနေလေသည်။

တံခါးဖွင့်သံကြားလိုက်ရတာကြောင့် ကျန်းရုန်မှာ ဆတ်ခနဲတုန်သွားပြီး အလင်းလိုအလျင်နှင့် webpageထဲမှထွက်လိုက်၏။ Streaming windowဆီမှသာ ထွက်လိုက်တာဖြစ်ပြီး နောက်မှာတော့ LOL clientက desktopရဲ့မျက်နှာပြင်ပေါ်မှာ ကျန်ခဲ့လေသည်။

[စာသင်နေချိန် ဟိုငေးဒီဆွေးလုပ်နေတုန်း ဆရာမိသွားတဲ့ ငါ့လိုပဲ]

[အပြာကားကြည့်နေတုန်း ရုတ်တရက် အခန်းထဲလူဝင်လာလို့ ပြာယာခတ်သွားတဲ့ ငါကျနေတာပဲ]

ပထမဆုံးအနေနဲ့ ကျန်းရုန်မှာ ပူရှိန်းသွားတိုက်ဆေးနံ့ ခပ်သင်းသင်းလေးရလိုက်ပြီး ထို့နောက်မှာတော့ ကော်လာနှင့် ရေညှိစိမ်းရောင်ချည်သားဂျက်ကတ်တစ်ထည်က သူ့ပေါင်ပေါ်ကို ရောက်လာလေသည်။

လုပေါ်ယွမ်က လက်ရှည်အင်္ကျီပြောင်းဝတ်လိုက်ပြီဖြစ်ကာ သူ့လက်ထဲ၌ ကော်ဖီခွက်နှင့်ပေါင်မုန့်ကို ကိုင်ထား၏။ “ဝတ်လိုက်”

Question markအပြုံလိုက်ကြီးက barrageတစ်ခွင် ပေါလောပေါ်လျက်ရှိကာ “အရှက်မဲ့လိုက်တာ”၊ “မဝတ်လိုက်နဲ့” ဆိုတဲ့ကွန်မန့်တွေကလည်း နောက်ကလိုက်ပါနေသည်။

လုပေါ်ယွမ်က barrageကို ဖျတ်ခနဲလှမ်းကြည့်လိုက်သည်။ “ဂျတ်ကတ်မဝတ်ရဘူးလို့ မပြောထားဘူးလေ ပြောထားမိလို့လား?”

[ဘာလို့လဲ! Baseမှာအပူပေးစက်ရှိတယ်လေ! ဘာလို့ဂျတ်ကတ်ဝတ်တာလဲလို့!!]

အပူပေးစက်ရှိတာ အမှန်ပင်။ သို့သော်လည်း လေ့ကျင့်နေစဥ်အတွင်း ကျန်းရုန်မှာ အကျင့်ဆိုးတစ်ခုရှိ၏။ ခေါင်းရှင်းရှင်းထားနိုင်ဖို့ဆိုပြီး သူ့ကွန်ပျူတာရှေ့က ပြတင်းပေါက်ကို အမြဲတမ်း တစ်ဝက်ဖွင့်ထားခြင်းပင်။ တစ်ခါတစ်လေ ရှောင်ပိုင်ချမ်းလာမှသာ သူကကျန်းရုန်ကိုပိတ်ခိုင်းတတ်သည်။ သို့သော်လည်း လောလောဆယ် baseတွင်ရှောင်ပိုင်မရှိသည်ကြောင့် ကျန်းရုန်မှာ တစ်နေကုန်လုံး ပြတင်းပေါက်ကို ဖွင့်ထားတော့သည်။

လုပေါ်ယွမ် : “မင်းဝတ်မှာလား?”

ကျန်းရုန်ဝတ်လိုက်ပါသည်။

ဒီဂျတ်ကတ်က လုပေါ်ယွမ် baseမှာ မကြာခဏ ဝတ်နေကျဖြစ်သည်။ ကျန်းရုန်ရဲ့ခန္ဓါကိုယ်တည်ဆောက်ပုံက သူနဲ့အများကြီးကွာခြားတာကြောင့် ဂျတ်ကတ်က သူ့ကိုယ်ပေါ်မှာ အရမ်းကြီးနေကာ အထူးသဖြင့် လက်တွေကအရမ်းကိုရှည်နေသည်မို့ ကျန်းရုန်မှာ ခေါက်တင်ထားရသည်။

[ချွဲလည်းမချွဲတော့ဘူး Crossdressကလည်း တစ်ဝက်အဖုံးခံလိုက်ရပြီ ဒါကြီးက wfတွေရဲ့benefitဆိုတာရော သေချာရဲ့လား? ပြီးတော့…….နတ်ဘုရားလုရေ ဂျက်ကတ်ကိုဘယ်ကဝယ်ထားတာလဲ linkလေးမျှပေးပါလား?]

[ဂျက်ကတ်ပေါ်က တံဆိပ်ကိုမမြင်ဘူးလား? သူ့ရဲ့official websiteမှာသွားရှာလေ စျေးကိုတော့မမှတ်မိတော့ပေမယ့် သေချာတာကတော့ သုညငါးလုံးအောက်မလျော့ဘူး]

(T/N : သိန်းဂဏန်းအောက်မလျော့ဘူးလို့ပြောတာပါ)

[ငါ့ရဲ့မိုက်မဲမှုတွေပါပဲလေ]

[အားးးး! သားလေးကပိစိလေး!!]

[ဘယ်လိုဖြစ်လို့ သူအဲ့ဂျက်ကတ်ဝတ်လိုက်ပြီးမှ စိတ်လှုပ်ရှားဖို့ ပိုကောင်းလာတယ်လို့ ခံစားမိနေလဲမသိဘူး]

[……ချစ်သူကောင်လေးရဲ့ အင်္ကျီကိုယူဝတ်ထားသလိုပုံစံမျိုးနဲ့ အလစ်တဲလေးတူတယ်နော် (လုဖန်တွေငါ့ကိုလာမရိုက်နဲ့ ငါ့ဟာငါသုံးချက်ရိုက်ပြီး အပြစ်ပေးလိုက်ပါ့မယ်)]

[မျက်နှာရဲရဲနဲ့ပဲ ပြောဦးမယ် “Crossdressingဂိမ်းလေးကစားပြီးသွားတဲ့အခါ နတ်ဘုရားလုက ကျန်းရုန်ကို အနားတောင်မပေးပဲ သူ့ဂျက်ကတ်ကိုအတင်းဝတ်ခိုင်းကာ Streamစလွှင့်တော့သည်” ဆိုတဲ့ deja vuခံစားချက်ကြီး ရနေတယ်ရော်]

[အပေါ်ထပ်ကတစ်ယောက်က ဘာတွေပြောနေတာလဲ? လောင်ကျစ်နားမလည်တော့ဘူး]

ကျန်းရုန်လည်းနားမလည်ပါချေ။

တစ်ချက်လှမ်းကြည့်ပြီးသည့်နောက်  ထိုကွန်မန့်က ကောင်းရာကောင်းကြောင်း ပြောဆိုနေတာမဟုတ်ဘူးဟု ခံစားလိုက်ရပြီး သူ့လက်ချောင်းတို့ကိုကစားလိုက်ကာ မန့်ပိုင်ရှင်အား blockလိုက်တော့သည်။

လုပေါ်ယွမ် ဂိမ်းထဲသို့ loginဝင်လိုက်ပြီး “ကိုယ့်ကိုinviteလိုက်”

ကျန်းရုန် လှည့်ကြည့်လိုက်တော့ လုပေါ်ယွမ်၏ခုံပေါ်က မဖောက်ရသေးသည့် ပေါင်မုန့်ထုတ်ကို တွေ့လိုက်ရသည်။ “….မနက်စာမစားဘူးလား?”

“ကစားရင်းစားမယ်လေ စိတ်ချပါ ဂိမ်းအပေါ်မထိခိုက်ဘူး” လုပေါ်ယွမ် Streaming platformကိုဖွင့်လိုက်ပြီး သူ့ရဲ့ကိုယ်ပိုင်အကောင့်ကို ကျန်းရုန်၏livestreamထဲတွင် အခြေချလိုက်၏။

ကျန်းရုန် ခဏလောက် တုံ့ဆိုင်းသွားကာ လုပေါ်ယွမ်အား မနက်စာအရင်စားဖို့ရယ် သူစားနေတုန်း ကိုယ့်ဘာသာsolo queueလိုက်မည်ဟု အကြံပေးဖို့ ကြံစည်နေတုန်း လုပေါ်ယွမ်၏ဖိတ်ခေါ်စာက ပေါ်လာခဲ့သည်။

ကျန်းရုန် ချက်ချင်းပဲလက်ခံလိုက်၏။ သူကစားချင်သည့်Roleကို ရွေးချယ်ပြီးနောက် အရင်တစ်ခေါက်တုန်းက သဘောတူထားသည့်အတိုင်း သူ့ရဲ့Livestream roomတွင် လုပေါ်ယွမ်အား Adminနေရာပေးလိုက်သည်။

[အမယ် ငါ့သား မင်းကတကယ်ဖော်လံဖားလေးနော်။ နတ်ဘုရားလုကဖြင့် မင်းကိုAdminနေရာတောင်မပေးဖူး​သေးပဲ~]

[TTC°ရှောင်ပိုင်(လူကြမ်းဖြစ်ခါနီးတစ်ဝက်အလို) : ငါလည်းAdminနေရာလေးလိုချင်တယ်လေ~]

(T/N : ကွင်းထဲကစာသားလေးက(黑化中)လို့ရေးထားတာ။ အိုင်သွားရှာကြည့်တော့ 黑化က ရုပ်ရှင်၊ဝတ္ထု​တွေထဲမှာ ဆိုးသွမ်းလာတာကို​ပြောတာတဲ့။ 中က​တော့ တစ်ဝက်၊အလယ်ဆိုတာမျိုး။ ဘယ်လိုပြန်ရမှန်းမသိလို့ အဲ့လို​လေးပဲထားလိုက်ပါ​တော့တယ်။ မှားတာရှိလာ​ပြောပါဦး -3-)

ကျန်းရုန် နည်းနည်းလေးတောင် စဥ်းစားမပေးလိုက်။ “မင်းအတွက်မဟုတ်ဘူး”

[TTC°ရှောင်ပိုင်(လူကြမ်းဖြစ်ခါနီးတစ်ဝက်အလို) : ငါ့ကောက ဒီနေ့ လက်ဆောင်တစ်ခုတောင်မပေးပေမယ့် Adminနေရာရသွားသေးတယ်။ ငါကျ ကြယ်ပင်လယ်ဆယ်ခုတောင် ပေးထားတာလေ! စည်းမျဥ်းတွေအရဆို မင်းပေးရမယ့်သူက ငါပဲ!!”

ကျန်းရုန် ခေါင်းတစ်ညိမ့်ညိမ့်လုပ်လိုက်ရင်း “နောက်ထပ်ဆယ်ခုထပ်ပေးလေ ဒါဆိုမင်းကိုပေးမယ်”

[TTC°ရှောင်ပိုင်(လူကြမ်းဖြစ်သွားပါပြီ) : ကုပေ့ရုန် မင်းကဘယ်လိုတောင်နှလုံးသားမဲ့တာလဲ]

(T/N : အဲ့တာကmemeပါ။ မူရင်းဒိုင်ယာလော့က “ကုပေ့ချန် ရှင်ဘယ်လိုတောင်နှလုံးသားမဲ့တာလဲ” ဆိုတဲ့ဟာ။ အဲ့တာကိုပေ့ပေ့က ချန် နေရာကို ရုန် ပြောင်းပစ်လိုက်တာ။ အဲ့memeက ဘယ်ကစတာလဲဆိုတော့ သူလည်းဝတ္ထုပဲ။ ကုပေ့ချန်ဆိုတဲ့ Male leadက female leadကို အတင်းကလေးဖျက်ချခိုင်းတဲ့နေရာမှာ ကောင်မလေးက အဲ့စကားကိုပြောတာ။ သောက်ရမ်းမယ်ရီစူးဆန်လို့ သရော်ရင်းဝေဘင်ရင်းနဲ့ နာမည်ကြီးလာတာတဲ့ အဲ့စာသားက)

ကုပေ့ရုန်ကတော့ သူ့ကိုနောက်ထပ်အာရုံမစိုက်တော့ပေ။

သိပ်မကြာခင်မှာပဲ ပြိုင်ပွဲတစ်ခုဆီ သူတို့ဝင်သွားခဲ့သည်။

လုပေါ်ယွမ်က အစားစားရင်း စကားပြောရသည်ကိုမကြိုက်ပေ။ သူ့အစာအိမ်ကိုဖြည့်ရန် ပေါင်မုန့်ကိုနှစ်ကိုက်လောက် ကိုက်လိုက်ပြီးနောက် တစ်ဖက်အသင်းက banထားသည့်Champတွေကို ကြည့်ကြည့်လိုက်သည်။

Lee Sin ၊ Nidalee ၊  Graves ၊  Leblanc ၊ Zed ။

ထိုChampတွေအားလုံးက သူနှင့်ကျန်းရုန်တို့ ကစားလေ့ရှိသည့် Champတွေပင်။

ကျန်းရုန်လည်းသဘောပေါက်လိုက်၏(တစ်ဖက်ကလူ​တွေက သူတို့ကိုသိတဲ့သူ​တွေဖြစ်​ကြောင်း)။ သူတစ်ခုပြောတော့မည့်အချိန်မှာပဲ  မကျေမချမ်းဖြစ်နေသည့် barrageကို တွေ့လိုက်ရလေသည်။

[ကတိပေးထားတဲ့ ချွဲပြတယ်ဆိုတာကရော ဘယ်ချောင်ရောက်သွားပြီလဲ? ပြောပြီးသားစကားကို တကယ်ကြီး ပြန်ရုတ်သိမ်းတော့မယ်ပေါ့??]

[ဒီအဖေ အကောင့်တု၂၀ကျော်လောက် ဖွင့်လိုက်ရတာ ဒီလိုဘာမဟုတ်တာလေးအတွက်လို့ ဆိုလိုချင်တာလား?]

[ပါးစပ်နဲ့အလုပ်နဲ့မညီလိုက်တာ ဒီတစ်ခါတော့ အဖေတကယ်မင်းကိုအထင်သေးသွားပြီ]

“ငါ…..” in-game chatကို သုံးနေတာမဟုတ်တဲ့အတွက်ကြောင့် ကျန်းရုန် အသံတိုးလိုက်ပြီး ဒေါသတကြီးပြောလိုက်၏။ “ငါချွဲပြီးသွားပြီမဟုတ်ဘူးလား? သူ့အင်္ကျီတောင်ဝတ်ထားတာလေ……”

[???]

[ပြန်ပြောကြည့်စမ်းပါ? ဘယ်ဟာကိုချွဲပြီးသွားပြီပြောနေတာတုန်း?]

[အဲ့တော့ ဆိုလိုတာက ခုဏက ဗီဒီယိုပေါင်းသောင်းခြောက်ထောင် ဖွင့်ပြနေတာ လောင်ကျစ်တို့ကို ကြည့်ခိုင်းရုံသက်သက်လား? သူတို့ဆီက သင်လိုက်ရတာ တစ်ခုမှမရှိဘူးလား?]

[မဖြစ်နိုင်တာ မဖြစ်နိုင်တာ။ ငါတို့ကိုbenefitမပေးချင်တာနဲ့ပဲ ဘူးခံငြင်းပြီး မသိချင်မတတ်ချင်ယောင်ဆောင်နေတဲ့ လူမျိုးတကယ်ကြီးရှိသေးတယ်ပေါ့?]

ကျန်းရုန်မှာ နောက်ဆုံးကတစ်ယောက်ကို အမှုန့်ကြိတ်ချင်နေပြီဖြစ်သည်။

လုပေါ်ယွမ်က ပေါင်မုန့်ထုတ်ကို ပြန်ပိတ်နေရသောကြောင့် livestream interfaceကို ကြည့်မနေပေ။
“သူတို့….”

“….ကောကော”

ကျန်းရုန်က ရုတ်တရက်ကြီး စကားထပြောကာ သူ့စကားစကိုဖြတ်လိုက်လေသည်။ သူ့အသံက အရမ်းကိုတိုးလွန်းတာမို့ နောက်ထပ်ပင် အသံကိုထပ်တိုးလို့မရတော့သယောင် ခံစားရစေသည်။ ဒေါသတွေကို ချုပ်တည်းထားရင်း ခေါ်လိုက်ရသည့်လေသံမျိုးနှင့် သူက အလွန်အမင်းကို မြန်မြန်ပြောလာသည်။

Champတွေကိုရွေးနေသည့် mouseကတုံ့ခနဲရပ်သွားကာ လုပေါ်ယွမ်မှာ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားလေသည်။ “အွန်း”

“ကျွန်တော်တို့ အသိတွေနဲ့ ကားချင်းတိုက်မိတယ်ထင်တယ်၊ တစ်ဖက်က ကျွန်တော်တို့Champတွေအားလုံးကို banသွားတယ်…..” ကျန်းရုန်မှာ သူ့ရဲ့မျက်နှာကိုဖုံးထားရင်း နားဖျားလေးတွေကလည်း တွတ်တွတ်ရဲနေကာ နောက်ပင်လှည့်မကြည့်ရဲတော့။ အကြာကြီး အကြာကြီးကြာသွားတော့မှ barrageထဲမှ အရူးအုပ်စု အမိအရတိုက်တွန်းနေကြသည့် အဆုံးသတ်စကားလုံးကို ထည့်ပြောလိုက်၏။ “သိလားလို့~”

သူအားစိုက်ထုတ်ထားရသည့် အမြင့်သံက ချွဲနေသည့်ပုံ မပေါက်သွားပဲ ထိုအစား လည်ပင်းအညှစ်ခံထားရသည့်ပုံသာ ပေါက်သွားလေသည်။

_______

စပရိုက်!!!! လူအိပ်ချိန်ကြီးမှတိုက်တဲ့စပရိုက်ပါ><
အိုက်ခွင်တို့လို ဇီးကွက်​လေး​တွေပဲ ချက်ချင်း​သောက်ရပါမယ် ဟဲဟဲ

(Zawgyi)

"ငါခြၽဲၿပီးသြားၿပီမဟုတ္ဘူးလား? သူ႔အက်ႌ​ေတာင္ဝတ္ထားၿပီးသြားၿပီ​ေလ...."

ေလ့က်င့္ေရးခန္းထဲမွ လုေပၚယြမ္ထြက္သြားၿပီး မိနစ္ဝက္ေလာက္ၾကာသည္အထိ က်န္း႐ုန္မွာ သူ႔စကတ္ကိုငုံ႔ၾကည့္ေနဆဲပင္ျဖစ္သည္။

ဒီစကတ္က…..အဲ့ေလာက္ေတာ့မဆိုးသြားေလာက္ဘူးလားလို႔?

အစတုန္းကဆိုလွ်င္ တင္းေကာတစ္ေယာက္ ျပန္လာၿပီး ဒီ“သေဘၤာသားဝတ္စုံ”ကို မျပေသးသေ႐ြ႕ က်န္း႐ုန္က အတိုက္အခံလုပ္ေနဆဲ။ သို႔ေသာ္လည္း ဝတ္စုံကိုျမင္ၿပီးသြားခ်ိန္မွာေတာ့ က်န္း႐ုန္၏အျမင္တြင္ ထိုဝတ္စုံက သာမန္အျဖဴေရာင္ရွပ္လက္တိုႏွင့္ ဒူးထိရွည္ေသာစကတ္သာျဖစ္သည္။  ထိုစကတ္သည္ ေႏြရာသီ၌ သူဝတ္ေလ့ရွိသည့္ ေဘာင္းဘီတိုေတြထက္ပင္ ပိုရွည္ေသးသည္။

မိတ္ကပ္လိမ္းသည့္ေနရာတြင္သာ သူကယားတတ္သည့္အခံရွိတာမို႔ အဆင္မေျပျဖစ္ခဲ့သည္ပင္။ Eyelinerဆြဲေနတုန္းကေတာ့ သူ႔မွာ ထထြက္ေျပးစိတ္ေတြေပါက္သည့္ အခ်ိန္အခိုက္အတန္႔ေတြ မနည္းမေနာရွိခဲ့ေလသည္။

စကၠန္႔အနည္းငယ္အၾကာတြင္ က်န္း႐ုန္ စကတ္အစြန္းကိုလွန္လိုက္ၿပီး အေစာပိုင္းက လုေပၚယြမ္၏လက္ထိပ္ဖ်ားတို႔ႏွင့္ ထိမိသြားသည့္ေနရာကို ၾကည့္လိုက္၏။

ထိုေနရာက အေတာ္ၾကာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေနသည္မို႔ သူထင္လိုက္သည္က အေရျပားပြန္းသြားသည္ဟုပင္။ သို႔ေသာ္လည္း တကယ္ေတာ့ အနီေရာင္အရာပင္က်န္မေနခဲ့ေခ်။

Webcamက သူ႔အေပၚပိုင္းကိုသာ ႐ိုက္ျပေနသည္ျဖစ္ေသာ္လည္း သူ႔ရဲ႕လက္လႈပ္ရွားမႈႏွင့္တင္ သူဘာလုပ္ေနသည္ဆိုတာ ပုံေဖာ္ၾကည့္ႏိုင္ဖို႔ လုံေလာက္ေလသည္။

[ယီး မင္းကႏွာဘူးလား? ဘာကိစၥ စကတ္ေအာက္ကိုပဲ ငုံ႔ၾကည့္ေနတာလဲလို႔!!]

က်န္း႐ုန္ စကတ္၏အစြန္းကိုျပန္ျဖန္႔လိုက္ၿပီး ေသခ်ာေလးျပန္ထိုင္လိုက္၏။ “ကိုယ့္ဟာကိုယ္ၾကည့္တာ ဘယ္လိုလုပ္ႏွာဘူးျဖစ္မွာလဲ? မင္းတို႔ပုံမွန္ဆိုေရမခ်ိဳးၾကဘူးလား?”

[???]

[အေမ့လည္းျပပါဆိုသားရယ္ အေမဒါႀကီးပဲေျပာရတာေမာေနၿပီ]

[ငါတို႔လိုလက္ေဆာင္ေတြပို႔ေပးေနတဲ့ မင္းအေဖေတြေတာင္ ၾကည့္လို႔မရတာ အဲ့မွာဘာေတြရွိေနလို႔လဲ??]

[နတ္ဘုရားလုက ကိုယ့္ဟာကိုယ္သာမStreamတာ Softနဲ႔က်duo queueေနတယ္ေနာ္? ဘယ္လိုပဲျဖစ္ျဖစ္ ႏွစ္ခုလုံးက ဂိမ္းေဆာ့ရမွာပဲကို ကိုယ့္livestreamပဲကိုယ္လႊင့္ပါလား!]

[newfeedကအႀကံျပဳခ်က္စာရင္းထဲမွာေတြ႕လို႔ ခဏဝင္ၾကည့္တာ….ဘာျဖစ္လို႔ ဒီStreamerေကာင္မေလးကို လူေတြအမ်ားႀကီးဝင္ၾကည့္ေနၾကတာလဲ? သူ႔ရင္ဘတ္ကလည္းျပားလိုက္တာ ညႇပ္႐ိုးေလးကေတာ့ အေတာ္လွသားဟ။ ေကာင္မေလး ေကာ္လာေလးနည္းနည္းဆြဲခ်လိုက္ပါလား?]

[မင္းအေမႀကီးကိုဆြဲခ်ခိုင္းေလ ေစာက္႐ူး တဏွာ႐ူးေကာင္ အခုခ်က္ခ်င္းထြက္သြားေတာ့]

[အခ်ိန္ျဖဳန္းမေနပဲ ျမန္ျမန္ခြၽဲျပေတာ့ေလ]

[ဟုတ္သားပဲ သေဘာတူထားတာက ခြၽဲျပဖို႔ေနာ္။ ေကာင္စုတ္ေလး ေရာက္ေရာက္ခ်င္း သူ႔ကိုယ္သူအေဖလို႔ေခၚလိုက္ေသးတယ္]

[ဒါႀကီးက ရာဇဝင္ပါတြင္ေလာက္မယ့္ အေဖစတိုင္လ္နဲ႔လိုလီႀကီးလားဟ?]

(T/N : Loli-ငယ္ငယ္႐ြယ္႐ြယ္ ခ်စ္စရာေကာင္မေလးေတြကို ေျပာတာပါ။ အထူးသျဖင့္ animeထဲက ဆယ္ေက်ာ္သက္ကာ႐ိုက္တာေလးေတြ)

က်န္း႐ုန္၌ သူ႔water friendေတြႏွင့္ စကားစမည္ေျပာေနစဥ္အတြင္း ေျခခ်ိတ္ထိုင္တတ္သည့္ အေလ့အက်င့္ ရွိေလသည္။ အမႈမဲ့အမွတ္မဲ့ႏွင့္ ေျခေထာက္ေျမႇာက္ၿပီး႐ုံရွိေသး၊ လုေပၚယြမ္ေျပာသြားသည့္စကားကို ျပန္မွတ္မိလာကာ…….တိတ္တိတ္ကေလး ေျခေထာက္ကိုျပန္ခ်လိုက္၏။
“ခြၽဲရမွာ? ဘယ္သူေျပာလဲ ငါမင္းတို႔နဲ႔ခြၽဲျပမယ္လို႔?”

[ခ်ီးေဟ့ ေမြးရက်ိဳးမနပ္တဲ့သမီးကေတာ့ ေျပာထားတာေတြ ျပန္႐ုတ္သိမ္းေနၿပီ!]

[ဘယ္ေနရာမွာတိုင္ခ်က္ဖြင့္လို႔ရလဲ? TTCရဲ႕အုပ္ခ်ဳပ္ေရးပိုင္းကလူေတြ ဒါကိုလာေျဖရွင္းပါဦးလား?!]

[အေပၚထပ္က Softရဲ႕အေဖေရ၊ သူတင္ထားတဲ့မားကတ္တင္းပိုစ့္ကို မေတြ႕ေသးဖူးလား? ဒီအ႐ူးေကာင္က တကယ္ႀကီး ငါတို႔နဲ႔ခြၽဲေတာ့မွာမဟုတ္ဘူးေလ :)]

[အဲ့လိုဟာမ်ိဳးကိုဘယ္သူၾကည့္မွာလဲ။ အေကာင့္တုေတြ အသက္ထက္ေက်ာ္ေအာင္ဖြင့္ၿပီး Voteခဲ့ရတာ ေနာက္ဆုံးေတာ့ ငါျပန္ရလိုက္တာ ဒါေပါ့ေလ အဟက္]

Water friendေတြကိုမဆိုထားႏွင့္၊ က်န္း႐ုန္ကိုယ္တိုင္ပင္ အဲ့ဒီမားကတ္တင္းပိုစ့္ကို မေတြ႕ရေသးေပ။  သူႏိုးႏိုးလာခ်င္းမွာပဲ တင္းေကာက မိတ္ကပ္လိမ္းဖို႔နဲ႔ အဝတ္အစားစမ္းဝတ္ၾကည့္ဖို႔ သူ႔ကိုဆြဲေခၚသြားခဲ့သည္​ေလ။ ထိုပိုစ့္​ေတြကိုတင္သည့္သူက​ေတာ့ တင္း​ေကာဆိုသည့္တစ္​ေယာက္သာ ျဖစ္သည္။

က်န္း႐ုန္ သူ႔ရဲ႕ႏြားႏို႔ဘူးပိုက္ကိုစုပ္လိုက္ကာ လြယ္လြယ္ကူကူပဲ Weiboကိုသြားၾကည့္လိုက္၏။

[TTC°Soft : အားလုံးမဂၤလာပါ။ ကြၽန္ေတာ္က TTCရဲ႕mid laner Softပါဗ် [ခ်စ္ဖို႔ေကာင္းေသာအီမိုဂ်ီ]! ဒီႏွစ္ရက္အတြင္း အင္တိုက္အားတိုက္ voteေပးခဲ့ၾကတဲ့ လူေတြအားလုံးကို ေက်းဇူးတင္ပါတယ္​ေနာ္။ Feb 15 ညေန(၃)နာရီကစၿပီး StarTVမွာ ကြၽန္ေတာ္ Crossdessရင္း Livestreamလႊင့္ပါမယ္။ @TTC°Road ေခါင္းေဆာင္ေရာ ကြၽန္ေတာ္ခြၽဲျပတာေတြကို လက္ခံဖို႔ အဆင္သင့္ျဖစ္ၿပီလား TAT။ Livestream link : ……….]

က်န္း႐ုန္မွာ ပါးစပ္ထဲကႏြားႏို႔ေတြကိုပါ ​ဖူးခနဲ ေထြးထုတ္မိလုနီးပါးျဖစ္သြား၏။

[hahahaha ဘယ္လိုဟာႀကီးလဲ]

[??? နင္ကဘယ္လိုေကာင္လဲဟ? Roadဘက္က နင့္ကို အတူduo qေပးၿပီး မားကတ္တင္းဆင္းေပးတာနဲ႔တင္ ေတာ္ေတာ္မ်က္ႏွာသာေပးထားၿပီးၿပီေလ OK? ဒါေတာင္ ဒီေလာက္နဲ႔မေက်နပ္ႏိုင္ေသးပဲ ထပ္ထပ္လိုခ်င္ေနေသးတာကေတာ့ တအားမ်ားသြားၿပီမဟုတ္ဖူးလား?]

[နတ္ဘုရားလုပရိသတ္ေျပာတာ မွန္တယ္လို႔ အေဖထင္တယ္။ သားေလး နတ္ဘုရားလုကို တြယ္ကပ္မေနနဲ႔ေတာ့ကြာ။ မင္းအဲ့လိုေလွ်ာက္လုပ္ေနတာ အေဖတို႔လည္း မ်က္ႏွာပ်က္ရတယ္ကြ]

[ခ်ီးပဲ ေသေရာ။ သမီးေလးတစ္ေယာက္ကို ဒီေလာက္အၾကာႀကီး ျပဳစုပ်ိဳးေထာင္လာတာ အခုက်ေတာ့ သူကအျခားတစ္ေယာက္ကို ခြၽဲျပေတာ့မယ္တဲ့? ဒါေပမယ့္ ဘာေတြျဖစ္လာမလဲ နည္းနည္းေတာ့ စိတ္ဝင္စားေနေသးတယ္……]

က်န္း႐ုန္ သူတို႔အားလုံးကို လစ္လ်ဴရႈလိုက္ၿပီး တင္းေကာဆီသာ တိုက္႐ိုက္ဖုန္းေခၚလိုက္၏။ လတ္တေလာ၌ တင္းေကာကလည္း laptopေလးပိုက္ရင္း ရင္တမမနဲ႔ Livestreamကို ဧည့္ခန္းထဲကေန ၾကည့္ေနတာမို႔ အလြန္အမင္းကို ျမန္ျမန္ဆန္ဆန္ ဖုန္းျပန္ေျဖေလသည္။

က်န္း႐ုန္အံႀကိတ္ထားရင္း “နည္းျပတင္ထားတဲ့ပိုစ့္က…..ဘာလို႔အဲ့လိုႀကီးလဲ?!”

တင္းေကာက စကားမေျပာခင္ အရင္ဆုံး လည္ေခ်ာင္းရွင္း၏။ “အဟမ္း အစကေတာ့ မင္းပုံစံကို အတုခိုးၿပီး ေရးမလို႔လုပ္ေသးတယ္ ဒါေပမယ့္ မင္းစတိုင္လ္က အဲ့ေလာက္အလြယ္တကူ ကူးခ်လို႔ရတာမဟုတ္ေတာ့​ေလ…….အဲ့တာနဲ႔ လက္ေလွ်ာ့လိုက္ရတာပဲ။ စိတ္ပူမေနနဲ႔ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ အဲ့ပိုစ့္က မင္းတင္တာမဟုတ္မွန္း မင္းပရိသတ္ေတြသိပါတယ္ကြာ”

နားၾကပ္တပ္ထားသည္ေၾကာင့္ က်န္း႐ုန္က ဖုန္းကိုစပီကာဖြင့္ထားတာျဖစ္သည္။

[ရွင္းရွင္းလင္းလင္းလုပ္စရာရွိလို႔ သူ႔မွာပရိသတ္ဆိုတာမရွိဘူးေနာ္ ဒီမွာေရာက္ေနသမွ်အားလုံးက သူ႔အေဖေတြခ်ည္းပဲ။ သေဘာတူတဲ့သူေတြ မွန္ပါတယ္လို႔ေျပာၾက]

[မွန္ပါတယ္]

[မွန္ပါတယ္]

[Roadပရိသတ္ေတြ မေလာၾကစမ္းနဲ႔။ ဘယ္အရာမဆို ဦးတဲ့သူအရင္ပဲ။ မင္းတို႔က နတ္ဘုရားလုေရာက္လာၿပီး သူခြၽဲေတာ့မွ စဆဲလို႔ရမွာ ဟုတ္ၿပီလား?]

တင္းေကာက ထပ္ေပါင္းေျပာလာသည္။ “ၿပီးေတာ့ Streamမယ့္အေၾကာင္းက ငါေရွာင္လုကိုေျပာၿပီးသြားၿပီ။ သူကမင္းနဲ႔ပူးေပါင္းေပးဖို႔ သေဘာတူထားတယ္။ အဲ့ေတာ့ မင္းႀကိဳက္သလိုသာStreamလိုက္ ”

“….သိၿပီ”

ဖုန္းခ်ၿပီးသည့္ေနာက္ က်န္း႐ုန္ ဆံပင္သပ္ဖို႔လုပ္လိုက္သည့္အခါ သူ႔ေခါင္းေပၚက ခပ္အိအိယုန္နား႐ြက္ကို ကိုင္မိသည္ႏွင့္သာ အဆုံးသတ္သြားေလသည္။

“…….”

သူလက္ျပန္႐ုတ္လိုက္ၿပီး ဂိမ္းကိုဖြင့္ကာ အေၾကာင္းအရာတစ္ခုဆီ အလ်င္အျမန္ေျပာင္းလိုက္ေတာ့သည္။

“Dumbass 215 happy birthdayကို ၾကယ္ပင္လယ္ေတြအတြက္ ေက်းဇူးတင္ပါတယ္။ “Xiao Bai(duo qရင္Carryေပးပါလား?)ကိုလည္း ၾကယ္ပင္လယ္ေတြအတြက္ ေက်းဇူးပါ။ ေဆာရီးပဲ Carryမေပးႏိုင္ဘူး။ “TTC°Box”ကိုလည္း လက္ေဆာင္ေတြအတြက္ ေက်းဇူးတင္ပါတယ္။ ထပ္မပို႔နဲ႔ေတာ့ မင္းရဲ႕လစာကနည္းနည္းေလးကို။ ေနာက္ထပ္ “YY-Doufu…..” ဒီတစ္ခုကိုျပန္ေပးမယ္ လက္မခံႏိုင္ဘူး “

[TTC°​ေရွာင္ပိုင္(duo qရင္Carryေပးပါလား?) : အို႔ :(]

[TTC°Box : …..]

[YY-Doufu : ?]

[hahahaha ဘယ္မလဲ အသင္းေတြၾကားက သူငယ္ခ်င္းဆက္ဆံေရး? ဘယ္မလဲ အသင္းသားေတြၾကားက သူငယ္ခ်င္းဆက္ဆံေရး??]

လက္ေဆာင္ေတြအတြက္ ငါးမိနစ္ေလာက္အခ်ိန္ယူၿပီး က်န္း႐ုန္မွာ ေက်းဇူးတင္လိုက္ရသည္။ အာပါေျခာက္လာသည္ေၾကာင့္ ေရတစ္ငုံ၊ႏွစ္ခုံပါ ေသာက္လိုက္ရေလသည္။
“အသင္းသားေတြၾကားက သူငယ္ခ်င္းဆက္ဆံေရးက သိပ္မတည္ၿငိမ္ဘူး။ အသင္းေတြၾကားက သူငယ္ခ်င္းဆက္ဆံေရးကေတာ့ မင္းတို႔အားလုံးကို လွည့္စားဖို႔ေလ။ တို႔ဖူးကငါ့ကိုဘာလို႔လက္ေဆာင္ပို႔တာလဲ? ဘယ္သိပါ့မလဲ? ငါသူ႔ကိုStreamထဲက ကန္ထုတ္ထားတာမွမဟုတ္တာ သူ႔ကိုကိုယ့္ဘာသာေမးၾက”

ၿပီးခဲ့တဲ့တစ္ေခါက္က တို႔ဖူးရဲ႕Livestreamမွာ ရည္႐ြယ္ခ်က္ရွိရွိ လစ္လ်ဴရႈခံခဲ့ရတာနဲ႔ ပတ္သတ္ၿပီး ျပန္လက္စားေခ်ၿပီးေနာက္ နာမည္ႀကီးVideo streaming websiteတစ္ခုကို ဖြင့္လိုက္သည္။

(T/N : Youtubeလိုမ်ိဴး)

[ဘာလဲ? အေခ်ာင္ခိုေနတာလား? ရီပို႔ထုမွာေနာ္]

က်န္း႐ုန္ barrageထဲမွ ရီပို႔ထုမည္ဟူေသာ ခ်ိန္းေျခာက္စာေတြကို လစ္လ်ဴရႈလိုက္ရင္း search barမွာ ႐ိုက္ထည့္လိုက္၏ : [LPL Crossdressing]

ခ်က္ခ်င္းဆိုသလိုပဲ ရွာေဖြမႈရလဒ္ေတြက စခရင္အျပည့္ေပၚလာေတာ့သည္။

Livestreamလႊင့္ရင္း Crossdressတာက ရွားပါးသည့္အရာမဟုတ္ေပ။ တစ္ဝက္မဟုတ္ရင္ေတာင္ pro playerေတြထဲ သုံးပုံတစ္ပုံေလာက္က စကတ္ဝတ္ဖူးသည့္သူခ်ည္းပင္။

႐ုတ္ခ်ည္း မေရမတြက္ႏိုင္တဲ့ ”?”ေပါင္းေသာင္းေျခာက္ေထာင္က barrageထဲမွာပ်ံ႕လြင့္လာၿပီး Crossdressရာတြင္ ပါဝင္ပတ္သက္ဖူးသည့္ ကစားသမားအခ်ိဳ႕ဆီမွ “ခ်ီးပဲ”ဆိုသည့္ ကြန္မန္႔တို႔လည္း အပါအဝင္ပင္။

Modေတြခမ်ာလည္း pro playerေတြကို blacklistမတင္ရဲတာေၾကာင့္ က်န္း႐ုန္ကပဲ ညစ္ညစ္ညမ္းညမ္းေတြ ေျပာဆိုေနသည့္ ထိုလူမ်ားအား ႀကီးက်ယ္ခမ္းနားလွပါသည့္ “ငါးမိနစ္စကားေျပာခြင့္ပိတ္”ဆိုေသာ ဂုဏ္ျပဳပန္းစည္းအား ခ်ီးျမႇင့္လိုက္ရသည္။ ၿပီးတဲ့ေနာက္မွာေတာ့ က်န္း႐ုန္မွာ ဗီဒီယိုတစ္ခုခ်င္းစီအား စိမ္​ေျပန​ေျပ ဝင္ၾကည့္ေတာ့သည္။ “ငါကအေခ်ာင္ခိုေနတာမဟုတ္ဘူးေလ။ မင္းတို႔ပဲငါခြၽဲတာၾကည့္ခ်င္တယ္ဆို? ဒီအေဖက ဘယ္လိုလုပ္ရမလဲမသိေတာ့ အျခားသူေတြရဲ႕အေတြ႕အႀကဳံကေနပဲ သင္ယူရေတာ့တာေပါ့……အို႔ ခဏေလး၊ ငါ့ရဲ႕voteေပးခိုင္းတဲ့ပိုစ့္ကို ဘယ္သူေတြရွဲလ္သြားလဲၾကည့္ရေအာင္”

စာရင္း၏ထိပ္ဆုံးတစ္ေယာက္ကေတာ့ တစ္မိုးေအာက္ ေရွာင္ပိုင္ပင္ျဖစ္သည္။

ဗီဒီယိုစစခ်င္းမွာပဲ လက္တစ္လုံးႀကိဳးနဲ႔ အမဲေရာင္ဇာဂါဝန္ကို ဝတ္ထားသည့္ေရွာင္ပိုင္က ကင္မရာကိုၾကည့္ကာ ဆက္တိုက္ကို မ်က္ေတာင္ကိုပုတ္ခတ္ပုတ္ခတ္လုပ္ေန၏။ သူက အသံကိုျမႇင့္ကာ ေျပာလာသည္။ “ေကာေကာလို႔ေခၚရင္ ၾကယ္ေသးေသးေလး ပို႔လာေပးမွာလားဟင္? ေကာေကာ~ ေကာေကာ~ ဒီက ၾကယ္ေသးေသးေလး လိုခ်င္တယ္လို႔~~”

ဒီတစ္ႀကိမ္ဟာ က်န္း႐ုန္အတြက္ ထိုကဲ့သို႔ျမင္ကြင္းမ်ိဳးကို ပထမဆုံးျမင္ဖူးျခင္းျဖစ္သည္။ Pineက သူ႔အား ၾကယ္ပင္လယ္ႏွစ္ခု ပို႔လာေတာ့မွပင္ သူ႔မွာျပန္အသိဝင္ေတာ့သည္။

“ငါ့အမွားပါ စိတ္အေႏွာင့္အယွက္ျဖစ္သြားဖို႔ မရည္႐ြယ္ပါဘူး” က်န္း႐ုန္ဗီဒီယိုကိုပိတ္လိုက္၏။ “ငါ့ကိုရီပို႔မထုနဲ႔ေနာ္။ အဲ့ဗီဒီယိုထဲကလူမွာ သူ႔ကိုယ္ပိုင္Livestream roomရွိတယ္။ အဲ့သာသြားၿပီးရီပို႔ထုၾက”

ေနာက္ထပ္တစ္ေယာက္က ခုန္းခုန္းျဖစ္သည္။

ခုန္းခုန္းသည္လည္း သူ႔လို သေဘၤာသားဝတ္စုံဝတ္ထား၏။ သို႔ေသာ္ သူ႔ေခါင္းေပၚမွာေတာ့ ေၾကာင္နား႐ြက္ေတြျဖစ္သည္။ ဗီဒီယိုအစပိုင္းတြင္ သူက လက္ကိုမ်က္ႏွာနားမွာထားၿပီး ေၾကာင္သံကိုတု၍ “ေျမာင္”ခနဲလုပ္လိုက္၏။ ဂိမ္းကစားေနတဲ့တစ္ေလွ်ာက္လုံး ခုန္းခုန္းက သူ႔အသင္းသားေတြအား “ေကာေကာ ကစားတာအရမ္းေကာင္းတာပဲ”၊ “ေကာေကာ အားတင္းထားေနာ္”၊ “ဝါး ေကာေကာက blue buffေလးေပးတာပဲ~” စသျဖင့္ မက္ေဆ့ခ်္ေတြပို႔ကာ အားေပးေနေလသည္။

“……ငါတို႔အဝတ္အစားေတြကတူ​ေတာ့ ဒီတစ္ခုမဆိုးဘူး အနည္းဆုံးေတာ့ သူကစာပဲေရးတာ ေရွာင္ပိုင့္လို႐ြံစရာမေကာင္းဘူး” က်န္း႐ုန္ကဂ႐ုမစိုက္ဟန္ျဖင့္ဆိုလာသည္။ “အိမ္မက္မက္မေနနဲ႔ ငါ့အသံကိုအဲ့လိုလုံးဝမလုပ္ႏိုင္ဘူး”

​ေနာက္ဆုံးတစ္​ေယာက္က​ေတာ့ တို႔ဖူးအလွည့္ပင္။

တို႔ဖူးက ရင္ဘတ္အနည္းငယ္ေဖာ္ထားသည့္ Leblancဝတ္စုံကို Cosplayလုပ္ထားတာျဖစ္ၿပီး သူကရင္သားအတုပင္ ထည့္ထားေသးသည္။ သူက ေမးေထာက္လ်က္ ကင္မရာကိုၾကည့္ေနကာ  မ်က္စိမွိတ္ျပရင္း ႏႈတ္ခမ္းကိုလွ်ာျဖင့္သပ္ျပလိုက္တာေၾကာင့္ သူ႔ရဲ႕အမ်ိဳးသမီးပရိသတ္ေတြမွာ ေအာ္ဟစ္ကုန္ၾကၿပီး ကြန္မန္႔ေတြနဲ႔ ဂယက္ထကုန္ေတာ့သည္။

“ဒီလိုဟာမ်ိဳးေတာင္Streamလို႔ရတာလား?” က်န္း႐ုန္ကမ်က္ေမွာင္က်ဳံ႕ထားလ်က္ “အဲ့အခ်ိန္တုန္းက ငါလြဲသြားေပမယ့္ အခုထိရီပို႔ထုရေသးလို႔ ေတာ္ေသးတယ္”

ေလ့က်င့္ေရးအခန္းတံခါးက တြန္းဖြင့္ခံလိုက္ရခ်ိန္ က်န္း႐ုန္က WZWZမွMini Croptopဝတ္ရင္း ကေနသည့္ဗီဒီယိုကို ၾကည့္ေနရင္းတန္းလန္းျဖစ္သည္။ အေျဖာင့္တစ္ေယာက္အေနႏွင့္ Miniမွာ ထိန္းမရသိမ္းမရျဖစ္လာပုံေပါက္၏၊ သူ႔ရဲ႕တင္ေတြရင္ေတြကို အသားကုန္ခါရမ္းေနေလသည္။

တံခါးဖြင့္သံၾကားလိုက္ရတာေၾကာင့္ က်န္း႐ုန္မွာ ဆတ္ခနဲတုန္သြားၿပီး အလင္းလိုအလ်င္ႏွင့္ webpageထဲမွထြက္လိုက္၏။ Streaming windowဆီမွသာ ထြက္လိုက္တာျဖစ္ၿပီး ေနာက္မွာေတာ့ LOL clientက desktopရဲ႕မ်က္ႏွာျပင္ေပၚမွာ က်န္ခဲ့ေလသည္။

[စာသင္ေနခ်ိန္ ဟိုေငးဒီေဆြးလုပ္ေနတုန္း ဆရာမိသြားတဲ့ ငါ့လိုပဲ]

[အျပာကားၾကည့္ေနတုန္း ႐ုတ္တရက္ အခန္းထဲလူဝင္လာလို႔ ျပာယာခတ္သြားတဲ့ ငါက်ေနတာပဲ]

ပထမဆုံးအေနနဲ႔ က်န္း႐ုန္မွာ ပူရွိန္းသြားတိုက္ေဆးနံ႔ ခပ္သင္းသင္းေလးရလိုက္ၿပီး ထို႔ေနာက္မွာေတာ့ ေကာ္လာႏွင့္ ေရညႇိစိမ္းေရာင္ခ်ည္သားဂ်က္ကတ္တစ္ထည္က သူ႔ေပါင္ေပၚကို ေရာက္လာေလသည္။

လုေပၚယြမ္က လက္ရွည္အက်ႌေျပာင္းဝတ္လိုက္ၿပီျဖစ္ကာ သူ႔လက္ထဲ၌ ေကာ္ဖီခြက္ႏွင့္ေပါင္မုန္႔ကို ကိုင္ထား၏။ “ဝတ္လိုက္”

Question markအၿပဳံလိုက္ႀကီးက barrageတစ္ခြင္ ေပါေလာေပၚလ်က္ရွိကာ “အရွက္မဲ့လိုက္တာ”၊ “မဝတ္လိုက္နဲ႔” ဆိုတဲ့ကြန္မန္႔ေတြကလည္း ေနာက္ကလိုက္ပါေနသည္။

လုေပၚယြမ္က barrageကို ဖ်တ္ခနဲလွမ္းၾကည့္လိုက္သည္။ “ဂ်တ္ကတ္မဝတ္ရဘူးလို႔ မေျပာထားဘူးေလ ေျပာထားမိလို႔လား?”

[ဘာလို႔လဲ! Baseမွာအပူေပးစက္ရွိတယ္ေလ! ဘာလို႔ဂ်တ္ကတ္ဝတ္တာလဲလို႔!!]

အပူေပးစက္ရွိတာ အမွန္ပင္။ သို႔ေသာ္လည္း ေလ့က်င့္ေနစဥ္အတြင္း က်န္း႐ုန္မွာ အက်င့္ဆိုးတစ္ခုရွိ၏။ ေခါင္းရွင္းရွင္းထားႏိုင္ဖို႔ဆိုၿပီး သူ႔ကြန္ပ်ဴတာေရွ႕က ျပတင္းေပါက္ကို အၿမဲတမ္း တစ္ဝက္ဖြင့္ထားျခင္းပင္။ တစ္ခါတစ္ေလ ေရွာင္ပိုင္ခ်မ္းလာမွသာ သူကက်န္း႐ုန္ကိုပိတ္ခိုင္းတတ္သည္။ သို႔ေသာ္လည္း ေလာေလာဆယ္ baseတြင္ေရွာင္ပိုင္မရွိသည္ေၾကာင့္ က်န္း႐ုန္မွာ တစ္ေနကုန္လုံး ျပတင္းေပါက္ကို ဖြင့္ထားေတာ့သည္။

လုေပၚယြမ္ : “မင္းဝတ္မွာလား?”

က်န္း႐ုန္ဝတ္လိုက္ပါသည္။

ဒီဂ်တ္ကတ္က လုေပၚယြမ္ baseမွာ မၾကာခဏ ဝတ္ေနက်ျဖစ္သည္။ က်န္း႐ုန္ရဲ႕ခႏၶါကိုယ္တည္ေဆာက္ပုံက သူနဲ႔အမ်ားႀကီးကြာျခားတာေၾကာင့္ ဂ်တ္ကတ္က သူ႔ကိုယ္ေပၚမွာ အရမ္းႀကီးေနကာ အထူးသျဖင့္ လက္ေတြကအရမ္းကိုရွည္ေနသည္မို႔ က်န္း႐ုန္မွာ ေခါက္တင္ထားရသည္။

[ခြၽဲလည္းမခြၽဲေတာ့ဘူး Crossdressကလည္း တစ္ဝက္အဖုံးခံလိုက္ရၿပီ ဒါႀကီးက wfေတြရဲ႕benefitဆိုတာေရာ ေသခ်ာရဲ႕လား? ၿပီးေတာ့…….နတ္ဘုရားလုေရ ဂ်က္ကတ္ကိုဘယ္ကဝယ္ထားတာလဲ linkေလးမွ်ေပးပါလား?]

[ဂ်က္ကတ္ေပၚက တံဆိပ္ကိုမျမင္ဘူးလား? သူ႔ရဲ႕official websiteမွာသြားရွာေလ ေစ်းကိုေတာ့မမွတ္မိေတာ့ေပမယ့္ ေသခ်ာတာကေတာ့ သုညငါးလုံးေအာက္မေလ်ာ့ဘူး]

(T/N : သိန္းဂဏန္းေအာက္မေလ်ာ့ဘူးလို႔ေျပာတာပါ)

[ငါ့ရဲ႕မိုက္မဲမႈေတြပါပဲေလ]

[အားးးး! သားေလးကပိစိေလး!!]

[ဘယ္လိုျဖစ္လို႔ သူအဲ့ဂ်က္ကတ္ဝတ္လိုက္ၿပီးမွ စိတ္လႈပ္ရွားဖို႔ ပိုေကာင္းလာတယ္လို႔ ခံစားမိေနလဲမသိဘူး]

[……ခ်စ္သူေကာင္ေလးရဲ႕ အက်ႌကိုယူဝတ္ထားသလိုပုံစံမ်ိဳးနဲ႔ အလစ္တဲေလးတူတယ္ေနာ္ (လုဖန္ေတြငါ့ကိုလာမ႐ိုက္နဲ႔ ငါ့ဟာငါသုံးခ်က္႐ိုက္ၿပီး အျပစ္ေပးလိုက္ပါ့မယ္)]

[မ်က္ႏွာရဲရဲနဲ႔ပဲ ေျပာဦးမယ္ “Crossdressingဂိမ္းေလးကစားၿပီးသြားတဲ့အခါ နတ္ဘုရားလုက က်န္း႐ုန္ကို အနားေတာင္မေပးပဲ သူ႔ဂ်က္ကတ္ကိုအတင္းဝတ္ခိုင္းကာ Streamစလႊင့္ေတာ့သည္” ဆိုတဲ့ deja vuခံစားခ်က္ႀကီး ရေနတယ္ေရာ္]

[အေပၚထပ္ကတစ္ေယာက္က ဘာေတြေျပာေနတာလဲ? ေလာင္က်စ္နားမလည္ေတာ့ဘူး]

က်န္း႐ုန္လည္းနားမလည္ပါေခ်။

တစ္ခ်က္လွမ္းၾကည့္ၿပီးသည့္ေနာက္  ထိုကြန္မန္႔က ေကာင္းရာေကာင္းေၾကာင္း ေျပာဆိုေနတာမဟုတ္ဘူးဟု ခံစားလိုက္ရၿပီး သူ႔လက္ေခ်ာင္းတို႔ကိုကစားလိုက္ကာ မန္႔ပိုင္ရွင္အား blockလိုက္ေတာ့သည္။

လုေပၚယြမ္ ဂိမ္းထဲသို႔ loginဝင္လိုက္ၿပီး “ကိုယ့္ကိုinviteလိုက္”

က်န္း႐ုန္ လွည့္ၾကည့္လိုက္ေတာ့ လုေပၚယြမ္၏ခုံေပၚက မေဖာက္ရေသးသည့္ ေပါင္မုန္႔ထုတ္ကို ေတြ႕လိုက္ရသည္။ “….မနက္စာမစားဘူးလား?”

“ကစားရင္းစားမယ္ေလ စိတ္ခ်ပါ ဂိမ္းအေပၚမထိခိုက္ဘူး” လုေပၚယြမ္ Streaming platformကိုဖြင့္လိုက္ၿပီး သူ႔ရဲ႕ကိုယ္ပိုင္အေကာင့္ကို က်န္း႐ုန္၏livestreamထဲတြင္ အေျခခ်လိုက္၏။

က်န္း႐ုန္ ခဏေလာက္ တုံ႔ဆိုင္းသြားကာ လုေပၚယြမ္အား မနက္စာအရင္စားဖို႔ရယ္ သူစားေနတုန္း ကိုယ့္ဘာသာsolo queueလိုက္မည္ဟု အႀကံေပးဖို႔ ႀကံစည္ေနတုန္း လုေပၚယြမ္၏ဖိတ္ေခၚစာက ေပၚလာခဲ့သည္။

က်န္း႐ုန္ ခ်က္ခ်င္းပဲလက္ခံလိုက္၏။ သူကစားခ်င္သည့္Roleကို ေ႐ြးခ်ယ္ၿပီးေနာက္ အရင္တစ္ေခါက္တုန္းက သေဘာတူထားသည့္အတိုင္း သူ႔ရဲ႕Livestream roomတြင္ လုေပၚယြမ္အား Adminေနရာေပးလိုက္သည္။

[အမယ္ ငါ့သား မင္းကတကယ္ေဖာ္လံဖားေလးေနာ္။ နတ္ဘုရားလုကျဖင့္ မင္းကိုAdminေနရာေတာင္မေပးဖူး​ေသးပဲ~]

[TTC°ေရွာင္ပိုင္(လူၾကမ္းျဖစ္ခါနီးတစ္ဝက္အလို) : ငါလည္းAdminေနရာေလးလိုခ်င္တယ္ေလ~]

(T/N : ကြင္းထဲကစာသားေလးက(黑化中)လို႔ေရးထားတာ။ အိုင္သြားရွာၾကည့္ေတာ့ 黑化က ႐ုပ္ရွင္၊ဝတၳဳ​ေတြထဲမွာ ဆိုးသြမ္းလာတာကို​ေျပာတာတဲ့။ 中က​ေတာ့ တစ္ဝက္၊အလယ္ဆိုတာမ်ိဳး။ ဘယ္လိုျပန္ရမွန္းမသိလို႔ အဲ့လို​ေလးပဲထားလိုက္ပါ​ေတာ့တယ္။ မွားတာရွိလာ​ေျပာပါဦး -3-)

က်န္း႐ုန္ နည္းနည္းေလးေတာင္ စဥ္းစားမေပးလိုက္။ “မင္းအတြက္မဟုတ္ဘူး”

[TTC°ေရွာင္ပိုင္(လူၾကမ္းျဖစ္ခါနီးတစ္ဝက္အလို) : ငါ့ေကာက ဒီေန႔ လက္ေဆာင္တစ္ခုေတာင္မေပးေပမယ့္ Adminေနရာရသြားေသးတယ္။ ငါက် ၾကယ္ပင္လယ္ဆယ္ခုေတာင္ ေပးထားတာေလ! စည္းမ်ဥ္းေတြအရဆို မင္းေပးရမယ့္သူက ငါပဲ!!”

က်န္း႐ုန္ ေခါင္းတစ္ညိမ့္ညိမ့္လုပ္လိုက္ရင္း “ေနာက္ထပ္ဆယ္ခုထပ္ေပးေလ ဒါဆိုမင္းကိုေပးမယ္”

[TTC°ေရွာင္ပိုင္(လူၾကမ္းျဖစ္သြားပါၿပီ) : ကုေပ့႐ုန္ မင္းကဘယ္လိုေတာင္ႏွလုံးသားမဲ့တာလဲ]

(T/N : အဲ့တာကmemeပါ။ မူရင္းဒိုင္ယာေလာ့က “ကုေပ့ခ်န္ ရွင္ဘယ္လိုေတာင္ႏွလုံးသားမဲ့တာလဲ” ဆိုတဲ့ဟာ။ အဲ့တာကိုေပ့ေပ့က ခ်န္ ေနရာကို ႐ုန္ ေျပာင္းပစ္လိုက္တာ။ အဲ့memeက ဘယ္ကစတာလဲဆိုေတာ့ သူလည္းဝတၳဳပဲ။ ကုေပ့ခ်န္ဆိုတဲ့ Male leadက female leadကို အတင္းကေလးဖ်က္ခ်ခိုင္းတဲ့ေနရာမွာ ေကာင္မေလးက အဲ့စကားကိုေျပာတာ။ ေသာက္ရမ္းမယ္ရီစူးဆန္လို႔ သေရာ္ရင္းေဝဘင္ရင္းနဲ႔ နာမည္ႀကီးလာတာတဲ့ အဲ့စာသားက)

ကုေပ့႐ုန္ကေတာ့ သူ႔ကိုေနာက္ထပ္အာ႐ုံမစိုက္ေတာ့ေပ။

သိပ္မၾကာခင္မွာပဲ ၿပိဳင္ပြဲတစ္ခုဆီ သူတို႔ဝင္သြားခဲ့သည္။

လုေပၚယြမ္က အစားစားရင္း စကားေျပာရသည္ကိုမႀကိဳက္ေပ။ သူ႔အစာအိမ္ကိုျဖည့္ရန္ ေပါင္မုန္႔ကိုႏွစ္ကိုက္ေလာက္ ကိုက္လိုက္ၿပီးေနာက္ တစ္ဖက္အသင္းက banထားသည့္Champေတြကို ၾကည့္ၾကည့္လိုက္သည္။

Lee Sin ၊ Nidalee ၊  Graves ၊  Leblanc ၊ Zed ။

ထိုChampေတြအားလုံးက သူႏွင့္က်န္း႐ုန္တို႔ ကစားေလ့ရွိသည့္ Champေတြပင္။

က်န္း႐ုန္လည္းသေဘာေပါက္လိုက္၏(တစ္ဖက္ကလူ​ေတြက သူတို႔ကိုသိတဲ့သူ​ေတြျဖစ္​ေၾကာင္း)။ သူတစ္ခုေျပာေတာ့မည့္အခ်ိန္မွာပဲ  မေက်မခ်မ္းျဖစ္ေနသည့္ barrageကို ေတြ႕လိုက္ရေလသည္။

[ကတိေပးထားတဲ့ ခြၽဲျပတယ္ဆိုတာကေရာ ဘယ္ေခ်ာင္ေရာက္သြားၿပီလဲ? ေျပာၿပီးသားစကားကို တကယ္ႀကီး ျပန္႐ုတ္သိမ္းေတာ့မယ္ေပါ့??]

[ဒီအေဖ အေကာင့္တု၂၀ေက်ာ္ေလာက္ ဖြင့္လိုက္ရတာ ဒီလိုဘာမဟုတ္တာေလးအတြက္လို႔ ဆိုလိုခ်င္တာလား?]

[ပါးစပ္နဲ႔အလုပ္နဲ႔မညီလိုက္တာ ဒီတစ္ခါေတာ့ အေဖတကယ္မင္းကိုအထင္ေသးသြားၿပီ]

“ငါ…..” in-game chatကို သုံးေနတာမဟုတ္တဲ့အတြက္ေၾကာင့္ က်န္း႐ုန္ အသံတိုးလိုက္ၿပီး ေဒါသတႀကီးေျပာလိုက္၏။ “ငါခြၽဲၿပီးသြားၿပီမဟုတ္ဘူးလား? သူ႔အက်ႌေတာင္ဝတ္ထားတာေလ……”

[???]

[ျပန္ေျပာၾကည့္စမ္းပါ? ဘယ္ဟာကိုခြၽဲၿပီးသြားၿပီေျပာေနတာတုန္း?]

[အဲ့ေတာ့ ဆိုလိုတာက ခုဏက ဗီဒီယိုေပါင္းေသာင္းေျခာက္ေထာင္ ဖြင့္ျပေနတာ ေလာင္က်စ္တို႔ကို ၾကည့္ခိုင္း႐ုံသက္သက္လား? သူတို႔ဆီက သင္လိုက္ရတာ တစ္ခုမွမရွိဘူးလား?]

[မျဖစ္ႏိုင္တာ မျဖစ္ႏိုင္တာ။ ငါတို႔ကိုbenefitမေပးခ်င္တာနဲ႔ပဲ ဘူးခံျငင္းၿပီး မသိခ်င္မတတ္ခ်င္ေယာင္ေဆာင္ေနတဲ့ လူမ်ိဳးတကယ္ႀကီးရွိေသးတယ္ေပါ့?]

က်န္း႐ုန္မွာ ေနာက္ဆုံးကတစ္ေယာက္ကို အမႈန္႔ႀကိတ္ခ်င္ေနၿပီျဖစ္သည္။

လုေပၚယြမ္က ေပါင္မုန္႔ထုတ္ကို ျပန္ပိတ္ေနရေသာေၾကာင့္ livestream interfaceကို ၾကည့္မေနေပ။
“သူတို႔….”

“….ေကာေကာ”

က်န္း႐ုန္က ႐ုတ္တရက္ႀကီး စကားထေျပာကာ သူ႔စကားစကိုျဖတ္လိုက္ေလသည္။ သူ႔အသံက အရမ္းကိုတိုးလြန္းတာမို႔ ေနာက္ထပ္ပင္ အသံကိုထပ္တိုးလို႔မရေတာ့သေယာင္ ခံစားရေစသည္။ ေဒါသေတြကို ခ်ဳပ္တည္းထားရင္း ေခၚလိုက္ရသည့္ေလသံမ်ိဳးႏွင့္ သူက အလြန္အမင္းကို ျမန္ျမန္ေျပာလာသည္။

Champေတြကိုေ႐ြးေနသည့္ mouseကတုံ႔ခနဲရပ္သြားကာ လုေပၚယြမ္မွာ စကၠန္႔အနည္းငယ္ၾကာ တိတ္ဆိတ္သြားေလသည္။ “အြန္း”

“ကြၽန္ေတာ္တို႔ အသိေတြနဲ႔ ကားခ်င္းတိုက္မိတယ္ထင္တယ္၊ တစ္ဖက္က ကြၽန္ေတာ္တို႔Champေတြအားလုံးကို banသြားတယ္…..” က်န္း႐ုန္မွာ သူ႔ရဲ႕မ်က္ႏွာကိုဖုံးထားရင္း နားဖ်ားေလးေတြကလည္း တြတ္တြတ္ရဲေနကာ ေနာက္ပင္လွည့္မၾကည့္ရဲေတာ့။ အၾကာႀကီး အၾကာႀကီးၾကာသြားေတာ့မွ barrageထဲမွ အ႐ူးအုပ္စု အမိအရတိုက္တြန္းေနၾကသည့္ အဆုံးသတ္စကားလုံးကို ထည့္ေျပာလိုက္၏။ “သိလားလို႔~”

သူအားစိုက္ထုတ္ထားရသည့္ အျမင့္သံက ခြၽဲေနသည့္ပုံ မေပါက္သြားပဲ ထိုအစား လည္ပင္းအညႇစ္ခံထားရသည့္ပုံသာ ေပါက္သြားေလသည္။

_______

စပ႐ိုက္!!!! လူအိပ္ခ်ိန္ႀကီးမွတိုက္တဲ့စပ႐ိုက္ပါ><
အိုက္ခြင္တို႔လို ဇီးကြက္​ေလး​ေတြပဲ ခ်က္ခ်င္း​ေသာက္ရပါမယ္ ဟဲဟဲ

Continue Reading

You'll Also Like

284K 48K 72
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန္ယင္းတစ္ေယာက္ မသိရသည္မွာဘာေၾကာင့္လူအုပ္ႀကီးတစ္အုပ္သူ႔ေနာက္လိုက္လာၿပီ...
255K 10K 29
ကြယ်နဲ့လက ဘယ်တော့မှမခွဲသလို မင်းနဲ့တို့လည်း...
472K 66.7K 54
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
130K 18.6K 43
Title ✿ He's Not My Shadow Guard, He's My Lover Original Author ✿ Luo Gu Eng Translator : Addis Status : 21 chapters (Complet...