||Complete|| I Can Do It [MM...

By da_coolest_icekun

696K 99.6K 10.7K

တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... More

Description
Translator's Note
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀

အပိုင်း(၄၁)

5.3K 816 111
By da_coolest_icekun


[Unicode]

....စကား​ပြောတဲ့ပုံကိုကရွံစရာကြီး လစ်လိုက်​တော့

နောက်တစ်​နေ့၏​နေ့လည်ခင်း၊ ကျန်းရုန်အိပ်ရာနိုးချိန်၌ တင်း​ကောဆီမှ သူ့ဆီခဏလာရန်​ပြောထားသည့် မက်​ဆေ့ချ်တစ်​စောင် ​ဝင်လာ​လေသည်။

သူ​ရောက်သွား​တော့ တင်း​ကောကသူ့မျက်နှာအား ခဏ​လောက်စိုက်ကြည့်​လိုက်ပြီးမှ ပြောလာသည်။ "မင်းညက​စော​​စောမအိပ်ဘူးလား?"

ကျန်းရုန်ရဲ့အသားအရည်က ဖြူဥ​နေတာ​ကြောင့် သူ့ရဲ့မျက်လုံးတစ်ဝိုက်က အမဲ​ရောင်အကွက်ကြီးနှစ်ကွက်က အလွန်အမင်းကို ထင်ရှား​နေသည်။

ကျန်းရုန် မ​နေ့ညက သန်း​ခေါင်​ကျော်သည်အထိ ဖုန်းကိုကိုင်ရင်း အလုပ်များ​နေခဲ့သည့် ကိုယ့်ပုံကိုယ်ပြန်မြင်​ယောင်လာပြီး မျက်လုံး​ကိုပွတ်လိုက်မိသည်။ "အိမ်မက်ဆိုးမက်​နေတာနဲ့ အိပ်မ​ပျော်ဖြစ်သွားတာ။ စိတ်မပူပါနဲ့ ကျွန်​တော့်လေကျင့်​ရေးကိုမထိခိုက်ပါဘူး"

"ကိုယ့်ကိုကိုယ်ငယ်​သေးတယ်ဆိုပြီး ကိုယ့်ခန္ဓါကိုယ်ကို ဖျက်ဆီးမ​နေနဲ့ဦး။ မင်းတို့ကို အိပ်ချိန်အပြည့်​ပေးထားတယ်ဆိုတာ အိပ်​ရေးဝ​စေချင်လို့၊ ဥာဥ့်နက်တဲ့အထိ ​နေ​စေချင်လို့မဟုတ်ဘူး" တင်း​ကောကသူ့အား နည်းနည်းဆူလိုက်ပြီးမှ အဓိကအ​ကြောင်းကို ​ပြောလာသည်။ "နှစ်ကူးပြီးတာနဲ့ မင်း​မွေး​နေ့​​ရောက်​​တော့မှာမလား။ အသက်၁၈နှစ်ဆိုတာလည်း ဘဝနဲ့မှတ်တိုင်တစ်ခုပဲ။ မင်းလုပ်ချင်တာမျိုးရှိလား?"

"မရှိဘူး" ကျန်းရုန်က​ပြောလာသည်။ "ဒါဆိုကျွန်​တော်Livestreamပြန်လွှင့်လို့ရပြီ​​ပေါ့?"

ကျန်းရုန်ဘက်က ဒီလိုအ​ကြောင်းအရာမျိုးကို ​ပြောလာမည်ဟု မထင်ထားသည့်အတွက် တင်း​ကောမှာ အချိန်ခဏ​လောက် မှင်သက်သွားသည်။

သူကအမြဲလို "က​လေး​တွေစိတ်ထဲ​ပျော်ဖို့ပဲသိတယ်"ဆိုတဲ့ ထင်မြင်ချက်မျိုးကို စွဲကိုင်ထားတာ​ကြောင့် ကျန်းရုန်က ​မွေး​နေ့ပွဲ ဒါမှမဟုတ် တစ်ခုခုကို ​တောင်းဆိုလာမည်ဟု ​မျှော်မှန်းထားသည်ပင်။

"အွန်း၊ ငါလည်းအဲ့ကိစ္စ​ပြောဖို့လုပ်​နေတာ" တင်း​ကောက​ချောင်းဟမ့်လိုက်ရင်း "ငါကြည့်ကြည့်လိုက်​တော့ မင်း​​မွေးနေ့ကစ​နေ​နေ့သွားကျတယ်။ တကယ်လို့ မင်းStreamချင်ရင် ညပိုင်းမှာ​တော့ Streamလို့ရတယ် ​နေ့လည်မှာက ​လေ့ကျင့်​ရေး​တွေရှိ​နေ​တော့​လေ။ ဒါ​ပေမယ့် မင်း​မွေး​နေ့ပွဲကျင်းပဖို့ အချိန်မ​လောက်​တော့မှာစိုးတာ....."

"မလိုပါဘူး" ကျန်းရုန်က ဂရုမစိုက်ဟန်နှင့် ​ပြောလာသည်။ "ကျွန်​တော်​မွေး​နေ့ပွဲ​တွေဘာ​တွေမလုပ်ဘူး"

တင်း​ကောအံ့သြသွားတာ​ကြောင့် မျက်ခုံးပင့်လိုက်မိသည်။ "​ကောင်းပြီ​လေ၊ ​အော် ပြီး​တော့ Streamလွှင့်မယ့်​နေ့အတွက် ငါတို့မှာစီစဥ်စရာ​လေး​​တွေရှိ​သေးတယ်။ မင်းကခုမှပြန်စမှာဆို​တော့ water friend​တွေအတွက် တစ်ချို့benefits​တွေ​တော့​ပေးရမှာပဲ။ မင်းမှာ​ရော​တွေးထားတာမျိုးရှိလား? ငါတို့မှာ​လည်း ​စဥ်းစားထားတာ​တွေရှိ​တော့ မင်းအဲ့ထဲက​​လည်းရွေးလို့ရတယ်"

ဘယ်လိုbenefitsမျိုး​တွေဖြစ်နိုင်ပါလိမ့်? သူကသာမန်ဂိမ်း​ဆော့ပြတဲ့ Streamerပါပဲ။ အလွန်ဆုံးရှိမှ မဲနှိုက်ပြီးမဲ​ပေါက်တဲ့water friend​တွေကို 5v5ချ​ပေးရရုံ​ပေါ့။

ကျန်းရုန်က တင်း​ကောပြလာတဲ့ဖိုင်ကိုပင် မကြည့်လိုက်​တော့ပဲ ပြောလိုက်သည်။ "နည်းပြတို့အဆင်​ပြေသလိုသာလုပ်"

တင်း​ကော : "ဒါဆိုဒီလိုလုပ်ရင်​ရော၊ မင်းLivestreamပြန်မလွှင့်ခင် တစ်ရက်အလိုမှာ ပရိတ်သတ်​တွေကို vote​ပေးပြီးဆုံးဖြတ်ခိုင်းလိုက်မယ်?"

ကျန်းရုန်​ခေါင်းငြိမ့်လိုက်ပြီး "ဒါလည်းဖြစ်တာပဲ"

​နောက်ထပ်ဆယ်မိနစ်​လောက်ထိ သူတို့နှစ်​ယောက်​ဆွေး​နွေးလိုက်ကြပြီးမှ စကားဝိုင်းကို အပြီးသတ်လိုက်ကြသည်။

ကျန်းရုန် အစည်းအ​ဝေးခန်းတံခါးကို ဖွင့်လိုက်ရုံရှိ​သေး၊ တင်း​ကောကသက်ပြင်းချလိုက်ပြီး ​ပြောလာသည်အား ကြားလိုက်ရသည်။ "ကျန်းရုန်၊ မင်း​လေ့ကျင့်​ရေးခန်းထဲ​ရောက်ရင် ​ရှောင်လုကို​ငါ​ခေါ်​နေတယ်လို့ ​ပြောပေးပါဦး။ ငါ့မှာသူနဲ့​ဆွေး​နွေးစရာရှိလို့"

ကျန်းရုန်ရဲ့​ခြေလှမ်း​တွေက တုံ့ခနဲရပ်သွားပြီး သူလွှတ်ခနဲ​ပြောချလိုက်မိသည်။ "ကိုယ့်ဘာသာသွား​ခေါ်ပါလားဗျာ"

တင်း​ကော : "?"

"....." ခဏ​လောက်တိတ်ဆိတ်သွားပြီးမှ ကျန်းရုန် တုံးတိပြန်​ပြောလိုက်သည်။ "သိပြီ"

လေ့ကျင့်​ရေးခန်းကို​ရောက်ခါနီး​လေ ကျန်းရုန်ရဲ့​ခြေလှမ်း​တွေက ပို​နှေးလာ​လေပင်။

သူအသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားဖို့ သူ့ကိုယ်သူ​ပြောလိုက်သည်။

Pro player​တွေက အမြဲ​လေ့ကျင့်​နေရတာ၊ သူတို့ရဲ့ main accountကိုသုံးပြီး Weiboသုံးဖို့ ဘယ်ကအား​တွေရှိမှာလဲ​နော်?

ထိုအ​တွေး​တွေ သူ့စိတ်ထဲ​ပေါ်လာသည်နှင့် တစ်ပြိုင်နက် ​နေ့တိုင်းMain accountကိုသုံးပြီး ပရိတ်သတ်​တွေနဲ့ဆက်သွယ်​နေတတ်သည့် သူ့​ဘေးနားမှာထိုင်တဲ့ရှောင်ပိုင်ကို သွားသတိရ​တော့သည်။

ပြီး​တော့ လု​ပေါ်ယွမ်ကိုယ်တိုင်လည်း ဟိုတစ်​ခေါက်တုန်းက သူ့Weibo post​အောက်မှာ ဟိုအရူးဖန်ကလပ်ကို စာပြန်ဖူးသည်လေ.....

မဟုတ်​သေးဘူး မဟုတ်​သေးဘူး မဟုတ်​သေးဘူး

တကယ်လို့ လု​ပေါ်ယွမ်Weiboကြည့်ခဲ့ရင်​တောင်မှ သူ​နေ့တိုင်း ​ထောင်နဲ့ချီတဲ့ပြန်စာ​တွေရ​နေတာ ဘယ်လိုလုပ် အရူးတစ်​ယောက်ရဲ့ကွန်မန့်ကို မြင်နိုင်မှာလဲ​နော်?

​လေ့ကျင့်​ရေးခန်းဆီ​ရောက်သည်အထိ လမ်းတစ်​လျှောက်လုံး ကျန်းရုန် ကိုယ့်ကိုကိုယ်နှစ်သိမ့်ပြီးတဲ့အခါမှာ​တော့ အနည်းငယ်စိတ်​အေးသွား​​တော့သည်။ သို့​သော်လည်း မှန်တံခါးက​နေတစ်ဆင့် ထိုင်ခုံမှာထိုင်ပြီး ဖုန်းကြည့်​နေတဲ့လု​ပေါ်ယွမ်ကို မြင်လိုက်ရချိန်မှာ​တော့ ကျန်းရုန်ရဲ့ပထမဆုံးအသိက​ ချက်ချင်းအခန်းဆီ​ပြေးပြီး အထုတ်ဆွဲကာ ဒီကလစ်ဖို့ပင်။

ကျန်းရုန် ​​ခြေတစ်လှမ်း​နောက်ဆုတ်လိုက်ပြီး သူ့နဖူးနဲ့နံရံကိုထိထားရင် စဥ်းစား​နေမိသည်။ တကယ်လို့ လု​ပေါ်ယွမ်​တွေ့သွားပြီပဲ ထားပါ​တော့....အဲ့တာဆိုသူဘာ​ပြောသင့်လဲ?

-ကျွန်​တော်​ဂေးမ​နေဘူး​နော်

-ကျွန်​တော့်ရဲ့အဲ့ဒီအရူးအုပ်စုကိုယ်စား ကျွန်​တော်ပဲ​တောင်းပန်ပါတယ်ဗျာ

-ကျွန်​တော်အသင်းကိုjoinခဲ့တာ ပြိုင်ပွဲ​တွေပြိုင်ချင်လို့ဗျ။ ​ခေါင်း​ဆောင်နဲ့အတူရှိချင်လို့မဟုတ်ဘူး​နော်

-ကျွန်​​တော်​ခေါင်း​ဆောင်ကို တစ်ဖတ်သတ်ချစ်မ​နေဘူးဗျ

"​ရှောင်ရုန်?"

တံခါးအပြင်ဘက်၌ ကျန်းရုန်တစ်​ယောက် အ​ကြောင်သားရပ်​နေသည်မှာ အ​တော်ကြာပြီမို့ ​နောက်ဆုံးတွင်​တော့ အခန်းထဲက​နေ ကြည့်မ​နေနိုင်​တော့တဲ့ ယွမ်ချန်းက တံခါးကိုခပ်ဟဟဖွင့်လာပြီး သူ့ရဲ့ဇ​ဝေဇဝါဖြစ်​နေတဲ့အသံက အထဲက​နေပျံ့လွင့်လာသည်။ "မင်းဘာ​လုပ်​နေတာလဲ အပြင်မှာရပ်​နေတာဒီ​လောက်​တောင်ကြာ​နေပြီ....မနက်စာစားတာတအားများသွားလို့ အစာ​ကြေ​​အောင် လမ်း​လျှောက်​နေတာလား?"

ကျန်းရုန် ​ခေါင်းလှည့်လာတဲ့အချိန်မှာ​တော့ သူ့ရဲ့နဂိုမျက်နှာအမူအရာအတိုင်း ပြန်ဖြစ်​နေပြီပင်။ သူကတံခါးကိုတွန်းလိုက်ပြီး အထဲကိုဝင်လာသည်။ "အွန်း"

ကျန်းရုန် လု​ပေါ်ယွမ်အ​နောက်ကို ခပ်​နှေး​နှေး​လျှောက်သွားလိုက်သည်။ ပုံမှန်ဆိုရင်​တော့ သူကအခြားသူ​တွေရဲ့ကိစ္စ​တွေကို စိတ်မဝင်စားတတ်​ပေမယ့် အခု​လော​လောဆယ်မှာ​တော့ သူ့မျက်လုံးကိုပါ လု​ပေါ်ယွမ်ရဲ့ဖုန်းဆီ ​ကော်လိုကပ်ထားနိုင်ဖို့ ဆု​တောင်း​နေမိ​လေသည်။ လု​ပေါ်ယွမ်ဘာ​​တွေကြည့်​နေတယ်ဆိုတာ သိချင်​သော​ကြောင့်ပင်။

လု​ပေါ်ယွမ်က နားကြပ်တပ်ထားကာ သူ့ရဲ့ဖုန်းမှာ​တော့ အမည်မသိအသင်းနှစ်သင်းရဲ့ ပြိုင်ပွဲဗီဒီယိုက ပြသ​နေသည်။

ဖုန်းစခရင်​ပေါ်မှာ ဘာရှိ​နေတယ်ဆိုတာ မြင်လိုက်ရ​တော့မှ ကျန်းရုန်သက်ပြင်းချနိုင်​တော့သည်။ ထိုအချိန်၌ လု​ပေါ်ယွမ်ကလည်း ​မော့ကြည့်လာသည်​။

အိပ်ရာနိုးနိုးချင်းအချိန်​တွေ၌ လု​ပေါ်ယွမ်ရဲ့မျက်ရစ်​​တွေက တစ်ထပ်တည်းအဖြစ်သို့ ​ပြောင်းသွားတတ်သည့်အတွက် သူ့ရဲ့ပုံစံက ပုံမှန်အချိန်​တွေထက်ပင် ​အေးစကစက်နိုင်​နေ​သည်။ "ဘာဖြစ်လို့လဲ"

ကျန်းရုန်နှုတ်ခမ်းကို​စေ့လိုက်ရင်း "တင်း​ကော​ခေါ်​နေတယ်"

လု​ပေါ်ယွမ်က နားလည်​ကြောင်းအသံပြုလာသည်။ သူဖုန်းပိတ်လိုက်သည့်ခဏ ဂိမ်း​ဆော့​နေတဲ့​ရှောင်ပိုင်က ရုတ်တရက်ကြီး ထ​မေးလာသည်။ "​ကော၊ ဒီ​နေ့Weiboကြည့်ပြီးပြီလား?"

လု​ပေါ်ယွမ်က သူ့နားကြပ်​တွေကို သာမန်ကာလျှံကာပင် ​ဘောပင်ဘူးထဲထည့်လိုက်သည်။ "မကြည့်ရ​သေးဘူး"

"မ​နေ့ညက ​နောက်ဆုံးteam fight battleက ကျွန်​တော့်ရဲ့Flashနဲ့ultနဲ့က hot searchဝင်​နေတယ်ဗျ! ဟဟဟ!" ​ရှောင်ပိုင်ကရယ်ရယ်​မော​မောနှင့် သူ့ကိုယ်သူအလွန်တရာကို ​ကျေနပ်​နေ​လေသည်။

Pine : "တင်း​ကောဝယ်ထားတာ​နေမှာ​ပေါ့"

​ရှောင်ပိုင်တစ်​ယောက် ချက်ချင်း​ဒေါသထွက်လာ​တော့သည်။ "သူဝယ်​ရောဘာဖြစ်လဲ! သူဝယ်ခဲ့ရင်​တောင်မှ ငါကစားတာ​တော်လို့​လေ! Hot search​ပေါ်​​ရောက်တယ်ဆိုတာ ငါ​​သောက်ရမ်းအံ့သြစရာ​ကောင်းတယ်လို့ ဆိုလိုတာကွ!!"

ကျန်းရုန်မှာ​တော့ သူ့ကိုစိတ်ရှုပ်​အောင်လုပ်ဖို့များ ​ကောင်းကင်ဘုံက ကျွမ့်ရိပိုင်ကိုလွှတ်လိုက်​လေသလားဟု သံသယပင်ဝင်လာတော့သည်။

သူ့ရဲ့Diamond 1 promo seriesအတွက် ​နောက်ဆုံးသ​ရေမှတ်ပွဲကို ကစားခဲ့စဥ်ကပင် ဒီ​လောက်ထိ​နေမထိထိုင်မသာဖြစ်မ​နေခဲ့​ချေ။

ထို့​နောက် ခုံ​ရွှေ့လိုက်ခြင်း​ကြောင့် ကြမ်းပြင်နဲ့ပွတ်တိုက်သွားသံတစ်ခုက သူ့အ​ရှေ့က​နေ ထွက်​ပေါ်လာသည်။

လု​ပေါ်ယွမ် မတ်တပ်ထရပ်လိုက်သည့်အခါ သူနှင့်ကျန်းရုန်ကြား၌ လူ့ကိုယ်တစ်ဝက်စာ​လောက်သာ ​ဝေး​တော့သည်။ တစ်ညလုံးကြာသွားတာ​တောင် ကျန်းရုန်ဆီမှ ​ရေချိုးဆပ်ပြာအနံ့ နို့နံ့​လေးကသင်း​နေ​​သေးသည်ပင်။

လု​ပေါ်ယွမ် ​ရှေ့ကိုတစ်လှမ်း၊နှစ်လှမ်း​လောက် ​လျှောက်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာသည်။ "မ​နေ့ညက အဲ့ဒီ​ ဝေ..."

ကျန်းရုန်လွှတ်ခနဲထွက်သွားသည်။ "ကျွန်​တော်​ဂေးမဟုတ်ဘူး"

မျက်စိတစ်မှိတ်အတွင်း ​လေ့ကျင့်​ရေးအခန်းက ငြိမ်သက်သွား​တော့သည်။ ​ရှောင်ပိုင်နှင့်Pineတို့က အသဲအသန်team fight​နေစဥ် သူတို့အမှားလုပ်လိုက်မိပြီး တစ်ဖက်အသင်းက ​အောင်​အောင်မြင်မြင် counter-killနိုင်ဖို့ အခွင့်အ​​ရေးရသွား​လေသည်။

လု​ပေါ်ယွမ် မျက်ခုံးပင့်လိုက်ပြီး အ​တော်ကြာသည်အထိ တိတ်ဆိတ်သွားပြီး​တော့မှ သူ့စကားကိုပြီး​အောင်​ပြောလာသည်။ "မ​နေ့ညက အဲ့ဒီ​မာဖလာ*ကိုပြန်ပို့ဖို့ တင်း​ကောကို​ပြောလိုက်ဦး"

(T/N : မာဖလာက တရုတ်လို ​ဝေကျင်းလို့​ခေါ်ပါတယ်။ Weiboက​Weiက first tone​ပေမယ့် အမြန်​ပြောရင် အသံသိပ်မကွဲတာမို့ သားသားက ​ဝေး​ပေါ်အ​ကြောင်း​ပြော​တော့မယ်ထင်သွားတာ။ ကိုကို အစကဘာအ​ကြောင်း​ပြောမလို့လဲဆိုတာ​တော့ ဘယ်သူမှ​မသိဘူး​လေ​နော့)

"........." ကျန်းရုန်မှာ ၂စက္ကန့်​လောက် စွံ့အသွား​လေသည်။ "မာဖလာ?"

"ဘာရှိ​သေးလို့လဲ?" လု​ပေါ်ယွမ်က သ​ဘောတကျ ​မေးလာသည်။ သို့​သော်လည်း ကျန်းရုန်ကပြန်​မဖြေလာ​တော့ သူကထပ်​ပြောလာသည်။ "ဒီလိုလက်​ဆောင်မျိုးက လက်မခံတာ​တော့ အ​ကောင်းဆုံးပဲ။ ဒါ​ပေမယ့် မင်းကြိုက်တယ်ဆိုလည်း သိမ်းထားလို့​တော့ရတယ်"

သူခုဏက​ပြောလိုက်မိသည့်စကားအား ပြန်​တွေးလိုက်မိချိန်မှာ​တော့ ကျန်းရုန်မှာ​ ​မြေကြီးထဲတွင်းတူးပြီး ပုန်း​နေချင်​သည့်စိတ်ကို ချိုးနှိမ်လိုက်ရင်း ခပ်တည်တည်နဲ့ ပြန်​ပြောလိုက်သည်။ "ဟင့်အင်း မကြိုက်ပါဘူး....ခဏ​နေကျရင် တင်း​ကောကိုပြန်ပို့​ပေးဖို့ သွား​ပြောလိုက်မယ်"

လု​ပေါ်ယွမ် အခန်းထဲကထွက်သွားပြီးတဲ့​နောက် ကျန်းရုန် သူ့ခုံမှာထိုင်လိုက်ပြီး စူပုပ်ပုပ်နှင့် သူ့ကွန်ပျူတာကိုဖွင့်​နေလိုက်သည်။

ထိုအခိုက် ​ရှောင်ပိုင်ကသူ့အနားကို လှစ်ခနဲ​ရောက်လာပြီး လည်​ချောင်းရှင်းလိုက်​သေးသည်။ "ဟိုဟာ​လေ ကျန်းရုန်၊ မင်းကအခုတအား​ဖြောင့်တာဆို​တော့​လေ မ​နေ့ညက ငါစတာတအားလွန်သွား​လား?"

"....ငါကအမြဲတမ်းအ​ဖြောင့်​" ကျန်းရုန်က နွမ်းနွမ်းလျလျ​လေးဆိုလာသည်။ "မလွန်ပါဘူး ငါစိတ်မဆိုးဘူး"

​ရှောင်ပိုင်က "အို့"ဟု​ပြောလိုက်ကာ "ဒါဆို​ကောင်းတာ​ပေါ့။ မ​နေ့ညက​တော့ မင်းပုံစံက ငါ့ကိုလည်ပင်းထညှစ်ချင်​နေတဲ့ပုံနဲ့"

ဒါကိုလည်းသိတာပဲလား?

ကျန်းရုန် game clientကိုဖွင့်လိုက်ပြီး ဘာမှထပ်မ​ပြော​တော့။

စက္ကန့်အနည်းငယ်အကြာမှာ​တော့ ​ရှောင်ပိုင်က ​နောက်ထပ်စကားလမ်း​ကြောင်းတစ်ခု ရှာ​တွေ့သွားပြန်သည်။ "ဒါဆို မင်း ငါနဲ့Pineကို​တော့ အထင်မ​သေးဘူးမလား?"

ကျန်းရုန် : "?"

Pine : "စိတ်မပူပါနဲ့၊ ငါတို့ကဒီတိုင်း အ​ပေါ်ယံမှာသာ သ​င်္ဘော​မောင်းပြ​နေတာ။ ငါတို့ဆက်ဆံ​ရေးက မင်းနဲ့ငါ့​ကောရဲ့ဆက်ဆံ​ရေးလိုပဲ။ မဟားတရားဖြူစင်တဲ့ အသင်း​ဖော်ဆက်ဆံ​ရေးပါပဲ.....ဟ Pine၊ Midဆီသွားမယ်ဆိုလည်း ငါ့ကိုပါ​ခေါ်​လေ!"

Pineကလှည့်ပင်ကြည့်မလာ။ "အရမ်းဆူလွန်းတယ်"

ကျန်းရုန်လည်း သူနဲ့ဆက်မ​ပြောချင်​တော့တာ​ကြောင့် custom gameတစ်ခုလုပ်လိုက်ပြီး မ​နေ့ညက လု​ပေါ်ယွမ်သူ့ကို ပိုပြီး​လေ့ကျင့်​စေချင်ခဲ့တဲ့ Azirကို​ရွေးလိုက်သည်။

အစည်းအ​ဝေးခန်းဆီသွား​နေရင်း လု​ပေါ်ယွမ် သူ့ဖုန်းရဲ့ background app​တွေအားလုံးကို ရှင်းလင်းလိုက်သည်။

​နောက်ဆုံးbg appက​တော့ Weiboပင်။ စခရင်က​တော့ တစ်ခု​သောcmt boxမှာရှိ​နေပြီး အ​ထဲတွင်​ရေးထားသည်များက​တော့—

[အားလုံးခဏ​နေကြဦး၊ @TTC°Road ကို​မေးကြည့်လိုက်ဦးမယ်]

[ဘာကိစ္စ @TTC°Road ကိုသွားရှုပ်မှာလဲ? @TTC°Road ကိုသွားပြီးမmentionသင့်ဘူးကွ၊ @TTC°Road ကအရမ်းအလုပ်များတာ မသိကြဘူးလား? သူ့မှာWeiboကြည့်ဖို့အချိန်​တောင်မရှိ​လောက်ဘူး]

[ခုဏကမှ @TTC°Road ရဲ့girlfriend fan​တွေဆီမှာ သူလျှိုဝင်လုပ်လာတာ၊ @TTC°Roadမှာလည်း ​ရည်းစားမရှိ​သေးဘူးတဲ့]

[@TTC°Soft ​ဟေး ငအ​လေး၊ ရှိ​နေလား? လာဖွင့်​ပြော​တော့​​လေ]

Appကိုပိတ်ပြီးသည်နှင့် လု​ပေါ်ယွမ် ဖုန်းအားအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး အစည်းအ​ဝေးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

သူ့ကိုမြင်လိုက်သည့်ခဏ တင်း​ကောမှာမျက်ခုံးပင်ပင့်လိုက်မိသည်။ "ဘာ​တွေရယ်​နေတာလဲ?"

လု​ပေါ်ယွမ်က ​တွေ့ရာခုံတစ်ခုံဆွဲထုတ်လိုက်ပြီး ဝင်ထိုင်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ကျွန်​တော့်ကိုရှာတယ်ဆို?"

တင်း​ကောကသူ့အား ကျန်းရုန်​မွေး​နေ့​ရောက်သည်နှင့် သူ့ရဲ့Livestreamပြန်စ​တော့မည်ဖြစ်​ကြောင်း​ ​ပြောပြလာကာ "....သူကအစကတည်းက နာမည်ကြီးပြီးသားဆို​ပေမယ့် ငါ့စိတ်ထဲ ငါတို့ဘက်ကတစ်ခုခုတော့ရှိုးလုပ်ဖို့ လိုသလားလို့။ ငါစီစဥ်ချင်တာက ဒီလိုမျိုးကွာ။ အဲ့ဒီညမှာ မင်း​​ရောသူ​ရောနှစ်ယောက်လုံးStreamလိုက် ပြီး​တော့ duo queueကြ​ပေါ့"

"ကျွန်​​တော်မStreamဘူး" လု​ပေါ်ယွမ်က​ပြောလာသည်။

ငြင်းလာသည်အား ကြားလိုက်ရ​တော့ တင်း​ကောနည်းနည်း​တော့ အံ့သြသွားသည်။ သူခဏ​လောက်​ကြောင်အမ်းသွားပြီးမှ ​ပြောလိုက်သည်​။ "ဒါဆိုလည်း...."

"သူStreamရင်ရပြီ။ ကျွန်​တော်ပါStreamရင် Site trafficကို ခွဲ​ပေး​နေရဦးမယ်" လု​ပေါ်ယွမ်က​ပြောလာသည်။ "ကျွန်​တော်သူနဲ့duo queueလိုက်မယ်"

တင်း​ကောက​ခေါင်းငြိမ့်လိုက်ရင်း မှတ်စုစာအုပ်ထဲ၌ တစ်ခုခုချမှတ်လိုက်သည်။ ထို့​နောက် သူက​ပြောလာ၏။ "မင်းကကျန်းရုန်အ​ပေါ်​​​တော်​တော်​ကောင်းတာ"

လု​ပေါ်ယွမ်က အ​မေးစကားနှင့် ပြန်​တုံ့ပြန်လာသည်။ "နည်းပြအ​ပေါ်​​ရောမ​ကောင်းလို့လား?"

"ယှဥ်လို့​တောင်ရမလားကွာ? ငါတို့သိလာတာ ဒီ​​လောက်နှစ်​တွေကြာလာပြီကို" တင်း​ကောကခဏတန့်သွား၏။ "ဒါ​ပေမယ့် ငါတို့စ​တွေ့ခါစကပုံစံနဲ့ဆိုရင်​တော့ မင်းအခုကျန်းရုန်ကိုဆက်ဆံ​နေတဲ့ပုံက မင်းရဲ့သား​လေးလိုပဲ။ ​ရှောင်ပိုင်နဲ့အခြားသူ​တွေကို စ​တွေ့တုန်းက မင်းပုံစံကိုငါမှတ်မိပါ​သေးတယ်။ duo queueဖို့အသာထား၊ အတူထိုင်​နေတာ​တောင် စကားတစ်ခွန်း​လောက်ပို​ပြောဖို့ကို​တောင် ဝန်​လေး​နေတတ်​သေးတာ"

တင်း​ကောကခဏ​လောက်​တွေးလိုက်ပြီး "မြင်မြင်ချင်းကံကြမ္မာလို့ပဲ​ပြောရမလား? သူ့Livestreamထဲမှာ သူ့ကိုမြင်မြင်ချင်း လုံးဝမင်းအကြိုက်လို့ ခံစားသွားရတာမျိုး​လေ?"

"သူကစားတဲ့ပုံကိုကြိုက်တာ" လု​ပေါ်ယွမ်က အချိန်ကိုကြည့်လိုက်ပြီး "အခြား​ပြောစရာကျန်​သေးလား? မရှိ​တော့ရင် ကျွန်​တော်သွား​တော့မယ်"

"မရှိ​တော့ဘူး......အာ ခဏ​လေး တစ်ခုရှိ​သေးတယ်" တင်း​ကောက ခဏ​လောက်တုံ့ဆိုင်းသွားပြီး ​နောက်ဆုံးတွင်​တော့ သူ​ပြောလာသည်။ "ခုဏက ကျန်းရုန်ငါ့ကို​ပြောသွားတယ်။ ဒီနှစ်,နှစ်ကူးပိတ်ရက်ကျရင် သူbaseမှာပဲ​နေမယ်တဲ့"

လု​ပေါ်ယွမ်က မျက်ခုံးပင့်လိုက်သည်။ "ခွင့်မပြုထားလို့လား?"

"ခွင့်ပြုထားတယ်​၊ မနှစ်က​ပိတ်ရက်တုန်းကလည်း ဟယ်ကျစ်ဒီမှာပဲ​နေသွားတာ​လေ" တင်း​ကောက​ပြောလာသည်။ "ဒါ​ပေမယ့် ကျန်းရုန်ကငယ်​သေးတယ်​လေကွာ၊ မင်း​တော့မိသားစုကလည်း ရှန်ဟိုင်းမှာပဲကို။ အဲ့တာနဲ့ ငါသူ့ကို​ ဘာလို့မိသားစုဆီမပြန်တာလဲလို့ ငါ​မေးကြည့်လိုက်​တော့......"

တင်း​ကောရဲ့မျက်နှာထားက တစ်ခုခုမှားယွင်း​နေ​ကြောင်း သတိပြုမိသည်မို့ လု​ပေါ်ယွမ် သူ​ပြောလို့ပြီးမှာကို ​စောင့်​နေလိုက်သည်။

"သူ​ပြောတာ သူ့မှာမိသားစုမရှိဘူးတဲ့" တင်း​ကောက ထိုစကားကို​ပြောပြီးပြီးချင်း သူ့နဖူးကိုလက်နဲ့ရိုက်လိုက်ရင်း "ငါကတကယ်တစ်ခုခုပဲ။ ဘာမှ​ပြောစရာမလိုတာကို လျှာကိုရှည်တာ။ ဘာကိစ္စ​မေးခွန်း​တွေအများကြီး ​လျှောက်​မေး​နေမှန်းကိုမသိဘူး.....မင်း​ရော ကျန်းရုန်က မိသားစုနဲ့ပြဿနာတက်ပြီး အိမ်ကထွက်လာတာလို့ထင်လား? ဒါမှမဟုတ်....တကယ်ကြီးမိသားစုတစ်​ယောက်မှမရှိတာ ဖြစ်​လောက်လား?"

လု​ပေါ်ယွမ်က အ​တော်ကြာတဲ့အထိ တိတ်ဆိတ်​နေပြီးမှ "ကျွန်​တော်မသိဘူး"

သူ့ကိုလာရှာတုန်းက ကျန်းရုန်ရဲ့အမူအရာကို ပြန်​တွေးကြည့်လိုက်​တော့ အရင်အတိုင်း ဘာမှကွဲပြားမ​နေ​ပေ။

လု​ပေါ်ယွမ်ရဲ့မျက်နှာတွင် ဘာကမှမ​ပြောင်းလဲသွား​ပေမယ့် အခန်းထဲကိုစဝင်လာခါစက သူ့မျက်ဝန်းထဲတွင်ရှိ​နေသည့် ရယ်မြူရိပ်တို့က​တော့ လုံးလုံးလျားလျားကို ​ပျောက်ကွယ်သွားပြီပင်။ ခဏအကြာမှ သူ​မေးကြည့်လိုက်သည်။ "သူ့ကိုအသင်းထဲ​ခေါ်တုန်းက မိသားစုအ​ခြေအ​နေကို ​သေချာမရှင်းထားဘူးလား?"

"သူ​ဖောင်တစ်ခု​တော့ဖြည့်ရတယ်။ ခုဏတုန်းက ငါလည်းသူ့ကို​မေးကြည့်တာပဲ။ သူဘာ​ပြောတယ်မှတ်လဲ ဒီတိုင်း​တွေ့ရာ​လျှောက်ဖြည့်ခဲ့တာတဲ့!" တင်း​ကောမှာ​တော့ ထိုအ​ကြောင်း​ကိုတွေး​လေ ​ဒေါသထွက်လာ​လေဖြစ်သည်။ "ငါလည်းဘယ်ထင်ထားပါ့မလဲ.....ဒီလို​ ဖောင်အတုဖြည့်ရဲတဲ့သူမျိုးနဲ့ကြုံရတာ ငါ့အတွက်လည်း ပထမဆုံးအကြိမ်​လေ။ ကံ​ကောင်းလို့ အဲ့ဒီ​ဖောင်က LPLကိုပြန်တင်ပြစရာမလိုပဲ အသင်းအတွက်ပဲမို့လို့​ပေါ့"

"ငါ​ပေါ့သွားတာလည်းပါတယ်။ ပြီး​တော့ ငါဟိုတ​လောကမှ တစ်ခုသိခဲ့​သေးတယ်....တကယ်​တော့ လွန်ခဲ့တဲ့နှစ်​တွေတုန်းကလည်း သူကငါတို့အသင်းဆီ သင်တန်းသားဖြစ်ခွင့် လာ​လျှောက်​သေးတယ်တဲ့။ ဒါ​ပေမယ့် ​လေ့ကျင့်​ရေးပထမ​နေ့မှာပဲ သူ့ဘက်ကပြန်cancelသွားပြီး Streamerသွားလုပ်တာတဲ့။ အရည်အချင်းစစ်တဲ့ဘက်က staffတစ်​ယောက်က သူ့ကိုအခုထိမှတ်မိ​နေတုန်း။ ဟိုရက်ပိုင်းက ငါနဲ့​တွေ့တုန်း သူ​ပြောပြသွားတာ"

လု​ပေါ်ယွမ်က ဘာမှ​ပြောမလာ​တော့ တင်း​ကောလည်း ချီတုံချတုံနှင့် ​မေးလာသည်။ "ငါတို့အသင်းရဲ့ဆရာဝန်နဲ့သူ့ကို စကား​ပြောခိုင်းလိုက်ရမလား?"

လု​ပေါ်ယွမ် သူ့အ​တွေး​တွေကိုပြန်သိမ်းလိုက်ပြီး ​ခေါင်းခါပြလိုက်သည်။ "အခုအတွက်​တော့ မလို​သေးဘူး"

သူ​လေ့ကျင့်​​​ရေးခန်းဆီပြန်​ရောက်လာ​တော့ ကျန်းရုန်ကနားကြပ်တပ်ထားကာ တစ်​ယောက်​ယောက်နှင့် စကား​ပြော​နေသည်။

လု​ပေါ်ယွမ် သူ့စခရင်ကိုလှမ်းကြည့်လိုက်သည်။ "Shiliu"ဆိုသည့်နာမည်က Chat၏ထိပ်ဆုံးတွင် ​နေရာယူထား​လေသည်။

"Duo queueလား? အခု? .....အခု​​တော့မရဘူး။ ငါမင်းကိုမ​ရှောင်ပါဘူး" ​ဘေးမှာတစ်​ယောက်ရှိ​နေတာကို ကျန်းရုန် အာရုံခံမိလိုက်​တော့ ​ခေါင်း​စောင်းကြည့်လိုက်ကာ နားကြပ်ကိုချွတ်လိုက်ပြီး ​မေးကြည့်လိုက်သည်။ "​ခေါင်း​ဆောင်၊ duo queueချင်လား? ကျွန်​တော်Azirကို​လေ့ကျင့်မလို့"

လု​ပေါ်ယွမ် သူ့​ရဲ့မျက်လုံးကို အောက်ကိုနှိမ့်ကြည့်လိုက်​တော့ ကျန်းရုန်ရဲ့အကြည့်​နှင့် ဖြတ်ခနဲ သွားဆုံသည်။ "ဒီ​နေ့​​တော့မရဘူး။ ကိုယ့်ဘာသာ​လေ့ကျင့်လိုက်ဦး"

ကျန်းရုန် "အို့"ဟု​ပြောလိုက်ပြီး လု​ပေါ်ယွမ်ကို ထပ်ပြီးလက်အဆင်မ​ပြေဖြစ်​နေတာလားဟု ​မေးလိုက်ချင်​သော်ငြား လု​ပေါ်ယွမ်က​တော့ သူ့​နေရာဆီ ​လျှောက်သွားပြီး​နေ​ချေပြီ။

လု​ပေါ်ယွမ်က သူ့ကွန်ပျူတာကို တစ်ချက်မှမထိ​ပေ။ ထိုင်ပြီးသွားသည့်​နောက် သူကနားကြပ်ကိုတပ်လိုက်ပြီး သူ့ဖုန်းထဲက တစ်ခု​သောvideo appကိုဖွင့်လိုက်သည်။

StarTV၌ အမြတ်​ငွေ​တွေအများကြီးရှိ​သော်ငြား Streamerတစ်​ယောက်ချင်းစီရဲ့ Livestreamတိုင်းကို​တော့ သိမ်းမထား​ပေ။ ထို့​ကြောင့် ထိုဗီဒီယို​တွေကိုကြည့်လိုလျှင် အခြားVideo platform​တွေဆီ ကံစမ်းသည့်သ​ဘောဖြင့် သွားရှာကြည့်ရသည်။

လု​ပေါ်ယွမ် "Soft Livestream video"ဟု ရိုက်ရှာလိုက်ပြီး ထွက်​ပေါ်လာသည့်ဗီဒီယိုများထဲမှာ ​စောနိုင်သမျှ​စောသည့်ဗီဒီယို​တွေကို ရှာကြည့်လိုက်သည်။ အကြာကြီး​နေ​တေ့ာမှ လွန်ခဲ့သည့်၂နှစ်က ဗီဒီယိုတစ်ခုအား သူသွား​တွေ့​လေသည်။

သူအသံကိုမြှင့်လိုက်ပြီး ထိုဗီဒီယိုအား ဖွင့်ကြည့်လိုက်သည်။

ထိုအချိန်တုန်းက ကျန်းရုန်မှာ Beauty Categoryထဲသို့မ​​ရောက်သေး​ပေ။ သူ့ရဲ့ဆံပင်က အမည်း​ရောင်ဖြစ်​နေဆဲဖြစ်ကာ သူ့ရဲ့မျက်နှာကလည်း အခုထက်ပိုငယ်ပြီးပိုနူးညံ့​နေသည်။ သူက အ​တွေ့အကြုံမရှိ၊မရင့်ကျက်​သေးသည့် က​လေး​လေးတစ်​ယောက်ပုံစံမျိုးနှင့်။ တစ်ခုတည်း​သောကွာခြားချက်က​တော့ သူကသူ့အရွယ်အခြားသူများထက် အများကြီးပိုချစ်စရာ​ကောင်းသည်ပင်။

သူဘာဖြစ်ထားသည်ဆိုတာ မ​သေချာ​ပေမယ့် ထိုအချိန်၌ သူ့ရဲ့မျက်လုံး​တွေက အနည်းငယ်နီရဲ​နေကာ ဂိမ်းကစား​နေတုန်း သူကနှုတ်ခမ်း​တွေကိုလည်း ခပ်တင်းတင်း​​စေ့ထားသည်။

ထိုအချိန်တုန်းက ကျန်းရုန်ရဲ့Livestream​တွေမှာ ပရိတ်သတ်သိပ်မရှိ​သေး​ပေ။ လု​ပေါ်ယွမ် ထိုဗီဒီယိုအားကြည့်​နေပြီး အ​တော်ကြာသည်အခါမှ ကွန်မန့်တစ်ချို့​ပေါ်လာသည်။ ထိုကွန်မန့်​တွေအားလုံးက လူတစ်​ယောက်တည်းဆီကပင်—

[က​​လေး​လေး ဘာလို့ငို​နေတာတုန်း? ဦးကို​ပြော​လေ ဦးမင်းကိုနှစ်သိမ့်​ပေးမယ်]

[မင်းအိမ်ကဘယ်နားမှာလဲ? ဘာစားချင်လဲဟင်? ဦးအဲ့ဆီလာ​​ပေးရမလား? ဦးကိုQQမှာaddလိုက်​လေ ဦးတို့​အဲ့အ​ကြောင်းဆွေး​နွေးကြမယ်]

[မင်းကစားတာအရမ်း​ကောင်းတာပဲကွာ။ လည်တိုင်​လေးကလည်းလှချက်]

၁၅နှစ်အရွယ်ကျန်းရုန်ကလည်း ထိုကွန်မန့်​တွေကိုမြင်သည်မှာ အထင်အရှားပင်။ သူကမျက်​မှောင်ကျုံ့သွားကာ ဒီနှာဘူးဘာ​တွေ​ပြော​နေသည်ဆိုတာ တကယ်နားမလည်သည့်ပုံနှင့်။

ထို"ဦး"ဆိုသည့်လူက ​နောက်ထပ်​နှောင့်ယှက်သည့် ​လေးကြိမ်​မြောက်ကွန်မန့်ကို မပို့လာခင် ကျန်းရုန်အ​သေးစား​လေးက သူ့ရဲ့လက်​မောင်းကိုမ,တင်လိုက်ပြီး သူ့ရဲ့မျက်ရည်​တွေကို သုတ်ပစ်လိုက်သည်။

"....စကား​​ပြောတဲ့ပုံကိုက ရွံစရာကြီး" သူစကား​ပြောသည့်အခါမှာ​တော့ ငိုထားသည်​ကြောင့် သူ့​လေသံကအနည်းငယ် နှာသံ​ပေါက်​နေသည်။ ထိုအချိန်၌ သူကငယ်​သေးကာ အသံလည်းမ​ပြောင်း​သေးသည့်အတွက် သူ့ရဲ့အသံက အခုနှင့်ယှဥ်လျှင် ပိုပြီးနူးညံ့​လေသည်။ သူထိုသို့​ပြောပြီးသည့်​နောက် သူကနှာ​ခေါင်းကိုပွတ်လိုက်ကာ "လစ်လိုက်​တော့"

စကား​ပြောလို့ပြီးသွားသည်နှင့် ကျန်းရုန်အ​သေးစား​လေးက လက်ကိုလှုပ်လိုက်ပြီး သူ့Livestreamထဲမှာရှိ​နေသည့် ပရိတ်သတ်အ​ယောက်သုံးဆယ်ထဲကမှ ထိုနှာဘူးရဲ့IDကိုရှာလိုက်ပြီး ကန်ထုတ်လိုက်​လေသည်။

လု​ပေါ်ယွမ်မှာ ထိန်းမထားနိုင်​တော့ပဲ ရယ်လိုက်မိ​တော့သည်။

ခဏအကြာမှ၊ လွန်ခဲ့တဲ့မိနစ်ဝက်​လောက်ဆီ ဗီဒီယိုကို​နောက်ပြန်ရစ်လိုက်သည်။ ထို့​နောက် ကျန်းရုန် မျက်ရည်ကိုသုတ်လိုက်ပြီး ​မှောင်မိုက်​နေသည့်မျက်နှာထားနှင့် သူ့နှာ​ခေါင်းကိုပွတ်လိုက်သည်အား နောက်တစ်​ခေါက်ပြန်ကြည့်​​​လိုက်မိသည်။

[Zawgyi]

....စကား​ေျပာတဲ့ပုံကိုကရြံစရာႀကီး လစ္လိုက္​ေတာ့

ေနာက္တစ္​ေန႔၏​ေန႔လည္ခင္း၊ က်န္း႐ုန္အိပ္ရာနိုးခ်ိန္၌ တင္း​ေကာဆီမွ သူ႔ဆီခဏလာရန္​ေျပာထားသည့္ မက္​ေဆ့ခ်္တစ္​ေစာင္ ​ဝင္လာ​ေလသည္။

သူ​ေရာက္သြား​ေတာ့ တင္း​ေကာကသူ႔မ်က္ႏွာအား ခဏ​ေလာက္စိုက္ၾကည့္​လိုက္ၿပီးမွ ေျပာလာသည္။ "မင္းညက​ေစာ​​ေစာမအိပ္ဘူးလား?"

က်န္း႐ုန္ရဲ့အသားအရည္က ျဖဴဥ​ေနတာ​ေၾကာင့္ သူ႔ရဲ့မ်က္လုံးတစ္ဝိုက္က အမဲ​ေရာင္အကြက္ႀကီးႏွစ္ကြက္က အလြန္အမင္းကို ထင္ရွား​ေနသည္။

က်န္း႐ုန္ မ​ေန႔ညက သန္း​ေခါင္​ေက်ာ္သည္အထိ ဖုန္းကိုကိုင္ရင္း အလုပ္မ်ား​ေနခဲ့သည့္ ကိုယ့္ပုံကိုယ္ျပန္ျမင္​ေယာင္လာၿပီး မ်က္လုံး​ကိုပြတ္လိုက္မိသည္။ "အိမ္မက္ဆိုးမက္​ေနတာနဲ႔ အိပ္မ​ေပ်ာ္ျဖစ္သြားတာ။ စိတ္မပူပါနဲ႔ ကၽြန္​ေတာ့္ေလက်င့္​ေရးကိုမထိခိုက္ပါဘူး"

"ကိုယ့္ကိုကိုယ္ငယ္​ေသးတယ္ဆိုၿပီး ကိုယ့္ခႏၶါကိုယ္ကို ဖ်က္ဆီးမ​ေနနဲ႔ဦး။ မင္းတို႔ကို အိပ္ခ်ိန္အျပည့္​ေပးထားတယ္ဆိုတာ အိပ္​ေရးဝ​ေစခ်င္လို႔၊ ဥာဥ့္နက္တဲ့အထိ ​ေန​ေစခ်င္လို႔မဟုတ္ဘူး" တင္း​ေကာကသူ႔အား နည္းနည္းဆူလိုက္ၿပီးမွ အဓိကအ​ေၾကာင္းကို ​ေျပာလာသည္။ "ႏွစ္ကူးၿပီးတာနဲ႔ မင္း​ေမြး​ေန႔​​ေရာက္​​ေတာ့မွာမလား။ အသက္၁၈ႏွစ္ဆိုတာလည္း ဘဝနဲ႔မွတ္တိုင္တစ္ခုပဲ။ မင္းလုပ္ခ်င္တာမ်ိဳးရွိလား?"

"မရွိဘူး" က်န္း႐ုန္က​ေျပာလာသည္။ "ဒါဆိုကၽြန္​ေတာ္Livestreamျပန္လႊင့္လို႔ရၿပီ​​ေပါ့?"

က်န္း႐ုန္ဘက္က ဒီလိုအ​ေၾကာင္းအရာမ်ိဳးကို ​ေျပာလာမည္ဟု မထင္ထားသည့္အတြက္ တင္း​ေကာမွာ အခ်ိန္ခဏ​ေလာက္ မွင္သက္သြားသည္။

သူကအျမဲလို "က​ေလး​ေတြစိတ္ထဲ​ေပ်ာ္ဖို႔ပဲသိတယ္"ဆိုတဲ့ ထင္ျမင္ခ်က္မ်ိဳးကို စြဲကိုင္ထားတာ​ေၾကာင့္ က်န္း႐ုန္က ​ေမြး​ေန႔ပြဲ ဒါမွမဟုတ္ တစ္ခုခုကို ​ေတာင္းဆိုလာမည္ဟု ​ေမၽွာ္မွန္းထားသည္ပင္။

"အြန္း၊ ငါလည္းအဲ့ကိစၥ​ေျပာဖို႔လုပ္​ေနတာ" တင္း​ေကာက​ေခ်ာင္းဟမ့္လိုက္ရင္း "ငါၾကည့္ၾကည့္လိုက္​ေတာ့ မင္း​​ေမြးေန႔ကစ​ေန​ေန႔သြားက်တယ္။ တကယ္လို႔ မင္းStreamခ်င္ရင္ ညပိုင္းမွာ​ေတာ့ Streamလို႔ရတယ္ ​ေန႔လည္မွာက ​ေလ့က်င့္​ေရး​ေတြရွိ​ေန​ေတာ့​ေလ။ ဒါ​ေပမယ့္ မင္း​ေမြး​ေန႔ပြဲက်င္းပဖို႔ အခ်ိန္မ​ေလာက္​ေတာ့မွာစိုးတာ....."

"မလိုပါဘူး" က်န္း႐ုန္က ဂ႐ုမစိုက္ဟန္ႏွင့္ ​ေျပာလာသည္။ "ကၽြန္​ေတာ္​ေမြး​ေန႔ပြဲ​ေတြဘာ​ေတြမလုပ္ဘူး"

တင္း​ေကာအံ့ၾသသြားတာ​ေၾကာင့္ မ်က္ခုံးပင့္လိုက္မိသည္။ "​ေကာင္းၿပီ​ေလ၊ ​ေအာ္ ၿပီး​ေတာ့ Streamလႊင့္မယ့္​ေန႔အတြက္ ငါတို႔မွာစီစဥ္စရာ​ေလး​​ေတြရွိ​ေသးတယ္။ မင္းကခုမွျပန္စမွာဆို​ေတာ့ water friend​ေတြအတြက္ တစ္ခ်ိဳ႕benefits​ေတြ​ေတာ့​ေပးရမွာပဲ။ မင္းမွာ​ေရာ​ေတြးထားတာမ်ိဳးရွိလား? ငါတို႔မွာ​လည္း ​စဥ္းစားထားတာ​ေတြရွိ​ေတာ့ မင္းအဲ့ထဲက​​လည္းေရြးလို႔ရတယ္"

ဘယ္လိုbenefitsမ်ိဳး​ေတြျဖစ္နိုင္ပါလိမ့္? သူကသာမန္ဂိမ္း​ေဆာ့ျပတဲ့ Streamerပါပဲ။ အလြန္ဆုံးရွိမွ မဲႏွိုက္ၿပီးမဲ​ေပါက္တဲ့water friend​ေတြကို 5v5ခ်​ေပးရ႐ုံ​ေပါ့။

က်န္း႐ုန္က တင္း​ေကာျပလာတဲ့ဖိုင္ကိုပင္ မၾကည့္လိုက္​ေတာ့ပဲ ေျပာလိုက္သည္။ "နည္းျပတို႔အဆင္​ေျပသလိုသာလုပ္"

တင္း​ေကာ : "ဒါဆိုဒီလိုလုပ္ရင္​ေရာ၊ မင္းLivestreamျပန္မလႊင့္ခင္ တစ္ရက္အလိုမွာ ပရိတ္သတ္​ေတြကို vote​ေပးၿပီးဆုံးျဖတ္ခိုင္းလိုက္မယ္?"

က်န္း႐ုန္​ေခါင္းၿငိမ့္လိုက္ၿပီး "ဒါလည္းျဖစ္တာပဲ"

​ေနာက္ထပ္ဆယ္မိနစ္​ေလာက္ထိ သူတို႔ႏွစ္​ေယာက္​ေဆြး​ေႏြးလိုက္ၾကၿပီးမွ စကားဝိုင္းကို အၿပီးသတ္လိုက္ၾကသည္။

က်န္း႐ုန္ အစည္းအ​ေဝးခန္းတံခါးကို ဖြင့္လိုက္႐ုံရွိ​ေသး၊ တင္း​ေကာကသက္ျပင္းခ်လိုက္ၿပီး ​ေျပာလာသည္အား ၾကားလိုက္ရသည္။ "က်န္း႐ုန္၊ မင္း​ေလ့က်င့္​ေရးခန္းထဲ​ေရာက္ရင္ ​ေရွာင္လုကို​ငါ​ေခၚ​ေနတယ္လို႔ ​ေျပာေပးပါဦး။ ငါ့မွာသူနဲ႔​ေဆြး​ေႏြးစရာရွိလို႔"

က်န္း႐ုန္ရဲ့​ေျခလွမ္း​ေတြက တုံ႔ခနဲရပ္သြားၿပီး သူလႊတ္ခနဲ​ေျပာခ်လိုက္မိသည္။ "ကိုယ့္ဘာသာသြား​ေခၚပါလားဗ်ာ"

တင္း​ေကာ : "?"

"....." ခဏ​ေလာက္တိတ္ဆိတ္သြားၿပီးမွ က်န္း႐ုန္ တုံးတိျပန္​ေျပာလိုက္သည္။ "သိၿပီ"

ေလ့က်င့္​ေရးခန္းကို​ေရာက္ခါနီး​ေလ က်န္း႐ုန္ရဲ့​ေျခလွမ္း​ေတြက ပို​ေႏွးလာ​ေလပင္။

သူအသက္ကို ခပ္ျပင္းျပင္းရႉသြင္းလိုက္ၿပီး စိတ္ကိုတည္တည္ၿငိမ္ၿငိမ္ထားဖို႔ သူ႔ကိုယ္သူ​ေျပာလိုက္သည္။

Pro player​ေတြက အျမဲ​ေလ့က်င့္​ေနရတာ၊ သူတို႔ရဲ့ main accountကိုသုံးၿပီး Weiboသုံးဖို႔ ဘယ္ကအား​ေတြရွိမွာလဲ​ေနာ္?

ထိုအ​ေတြး​ေတြ သူ႔စိတ္ထဲ​ေပၚလာသည္ႏွင့္ တစ္ၿပိဳင္နက္ ​ေန႔တိုင္းMain accountကိုသုံးၿပီး ပရိတ္သတ္​ေတြနဲ႔ဆက္သြယ္​ေနတတ္သည့္ သူ႔​ေဘးနားမွာထိုင္တဲ့ေရွာင္ပိုင္ကို သြားသတိရ​ေတာ့သည္။

ၿပီး​ေတာ့ လု​ေပၚယြမ္ကိုယ္တိုင္လည္း ဟိုတစ္​ေခါက္တုန္းက သူ႔Weibo post​ေအာက္မွာ ဟိုအ႐ူးဖန္ကလပ္ကို စာျပန္ဖူးသည္ေလ.....

မဟုတ္​ေသးဘူး မဟုတ္​ေသးဘူး မဟုတ္​ေသးဘူး

တကယ္လို႔ လု​ေပၚယြမ္Weiboၾကည့္ခဲ့ရင္​ေတာင္မွ သူ​ေန႔တိုင္း ​ေထာင္နဲ႔ခ်ီတဲ့ျပန္စာ​ေတြရ​ေနတာ ဘယ္လိုလုပ္ အ႐ူးတစ္​ေယာက္ရဲ့ကြန္မန္႔ကို ျမင္နိုင္မွာလဲ​ေနာ္?

​ေလ့က်င့္​ေရးခန္းဆီ​ေရာက္သည္အထိ လမ္းတစ္​ေလၽွာက္လုံး က်န္း႐ုန္ ကိုယ့္ကိုကိုယ္ႏွစ္သိမ့္ၿပီးတဲ့အခါမွာ​ေတာ့ အနည္းငယ္စိတ္​ေအးသြား​​ေတာ့သည္။ သို႔​ေသာ္လည္း မွန္တံခါးက​ေနတစ္ဆင့္ ထိုင္ခုံမွာထိုင္ၿပီး ဖုန္းၾကည့္​ေနတဲ့လု​ေပၚယြမ္ကို ျမင္လိုက္ရခ်ိန္မွာ​ေတာ့ က်န္း႐ုန္ရဲ့ပထမဆုံးအသိက​ ခ်က္ခ်င္းအခန္းဆီ​ေျပးၿပီး အထုတ္ဆြဲကာ ဒီကလစ္ဖို႔ပင္။

က်န္း႐ုန္ ​​ေျခတစ္လွမ္း​ေနာက္ဆုတ္လိုက္ၿပီး သူ႔နဖူးနဲ႔နံရံကိုထိထားရင္ စဥ္းစား​ေနမိသည္။ တကယ္လို႔ လု​ေပၚယြမ္​ေတြ႕သြားၿပီပဲ ထားပါ​ေတာ့....အဲ့တာဆိုသူဘာ​ေျပာသင့္လဲ?

-ကၽြန္​ေတာ္​ေဂးမ​ေနဘူး​ေနာ္

-ကၽြန္​ေတာ့္ရဲ့အဲ့ဒီအ႐ူးအုပ္စုကိုယ္စား ကၽြန္​ေတာ္ပဲ​ေတာင္းပန္ပါတယ္ဗ်ာ

-ကၽြန္​ေတာ္အသင္းကိုjoinခဲ့တာ ၿပိဳင္ပြဲ​ေတြၿပိဳင္ခ်င္လို႔ဗ်။ ​ေခါင္း​ေဆာင္နဲ႔အတူရွိခ်င္လို႔မဟုတ္ဘူး​ေနာ္

-ကၽြန္​​ေတာ္​ေခါင္း​ေဆာင္ကို တစ္ဖတ္သတ္ခ်စ္မ​ေနဘူးဗ်

"​ေရွာင္႐ုန္?"

တံခါးအျပင္ဘက္၌ က်န္း႐ုန္တစ္​ေယာက္ အ​ေၾကာင္သားရပ္​ေနသည္မွာ အ​ေတာ္ၾကာၿပီမို႔ ​ေနာက္ဆုံးတြင္​ေတာ့ အခန္းထဲက​ေန ၾကည့္မ​ေနနိုင္​ေတာ့တဲ့ ယြမ္ခ်န္းက တံခါးကိုခပ္ဟဟဖြင့္လာၿပီး သူ႔ရဲ့ဇ​ေဝဇဝါျဖစ္​ေနတဲ့အသံက အထဲက​ေနပ်ံ႕လြင့္လာသည္။ "မင္းဘာ​လုပ္​ေနတာလဲ အျပင္မွာရပ္​ေနတာဒီ​ေလာက္​ေတာင္ၾကာ​ေနၿပီ....မနက္စာစားတာတအားမ်ားသြားလို႔ အစာ​ေၾက​​ေအာင္ လမ္း​ေလၽွာက္​ေနတာလား?"

က်န္း႐ုန္ ​ေခါင္းလွည့္လာတဲ့အခ်ိန္မွာ​ေတာ့ သူ႔ရဲ့နဂိုမ်က္ႏွာအမူအရာအတိုင္း ျပန္ျဖစ္​ေနၿပီပင္။ သူကတံခါးကိုတြန္းလိုက္ၿပီး အထဲကိုဝင္လာသည္။ "အြန္း"

က်န္း႐ုန္ လု​ေပၚယြမ္အ​ေနာက္ကို ခပ္​ေႏွး​ေႏွး​ေလၽွာက္သြားလိုက္သည္။ ပုံမွန္ဆိုရင္​ေတာ့ သူကအျခားသူ​ေတြရဲ့ကိစၥ​ေတြကို စိတ္မဝင္စားတတ္​ေပမယ့္ အခု​ေလာ​ေလာဆယ္မွာ​ေတာ့ သူ႔မ်က္လုံးကိုပါ လု​ေပၚယြမ္ရဲ့ဖုန္းဆီ ​ေကာ္လိုကပ္ထားနိုင္ဖို႔ ဆု​ေတာင္း​ေနမိ​ေလသည္။ လု​ေပၚယြမ္ဘာ​​ေတြၾကည့္​ေနတယ္ဆိုတာ သိခ်င္​ေသာ​ေၾကာင့္ပင္။

လု​ေပၚယြမ္က နားၾကပ္တပ္ထားကာ သူ႔ရဲ့ဖုန္းမွာ​ေတာ့ အမည္မသိအသင္းႏွစ္သင္းရဲ့ ၿပိဳင္ပြဲဗီဒီယိုက ျပသ​ေနသည္။

ဖုန္းစခရင္​ေပၚမွာ ဘာရွိ​ေနတယ္ဆိုတာ ျမင္လိုက္ရ​ေတာ့မွ က်န္း႐ုန္သက္ျပင္းခ်နိုင္​ေတာ့သည္။ ထိုအခ်ိန္၌ လု​ေပၚယြမ္ကလည္း ​ေမာ့ၾကည့္လာသည္​။

အိပ္ရာနိုးနိုးခ်င္းအခ်ိန္​ေတြ၌ လု​ေပၚယြမ္ရဲ့မ်က္ရစ္​​ေတြက တစ္ထပ္တည္းအျဖစ္သို႔ ​ေျပာင္းသြားတတ္သည့္အတြက္ သူ႔ရဲ့ပုံစံက ပုံမွန္အခ်ိန္​ေတြထက္ပင္ ​ေအးစကစက္နိုင္​ေန​သည္။ "ဘာျဖစ္လို႔လဲ"

က်န္း႐ုန္ႏႈတ္ခမ္းကို​ေစ့လိုက္ရင္း "တင္း​ေကာ​ေခၚ​ေနတယ္"

လု​ေပၚယြမ္က နားလည္​ေၾကာင္းအသံျပဳလာသည္။ သူဖုန္းပိတ္လိုက္သည့္ခဏ ဂိမ္း​ေဆာ့​ေနတဲ့​ေရွာင္ပိုင္က ႐ုတ္တရက္ႀကီး ထ​ေမးလာသည္။ "​ေကာ၊ ဒီ​ေန႔Weiboၾကည့္ၿပီးၿပီလား?"

လု​ေပၚယြမ္က သူ႔နားၾကပ္​ေတြကို သာမန္ကာလၽွံကာပင္ ​ေဘာပင္ဘူးထဲထည့္လိုက္သည္။ "မၾကည့္ရ​ေသးဘူး"

"မ​ေန႔ညက ​ေနာက္ဆုံးteam fight battleက ကၽြန္​ေတာ့္ရဲ့Flashနဲ႔ultနဲ႔က hot searchဝင္​ေနတယ္ဗ်! ဟဟဟ!" ​ေရွာင္ပိုင္ကရယ္ရယ္​ေမာ​ေမာႏွင့္ သူ႔ကိုယ္သူအလြန္တရာကို ​ေက်နပ္​ေန​ေလသည္။

Pine : "တင္း​ေကာဝယ္ထားတာ​ေနမွာ​ေပါ့"

​ေရွာင္ပိုင္တစ္​ေယာက္ ခ်က္ခ်င္း​ေဒါသထြက္လာ​ေတာ့သည္။ "သူဝယ္​ေရာဘာျဖစ္လဲ! သူဝယ္ခဲ့ရင္​ေတာင္မွ ငါကစားတာ​ေတာ္လို႔​ေလ! Hot search​ေပၚ​​ေရာက္တယ္ဆိုတာ ငါ​​ေသာက္ရမ္းအံ့ၾသစရာ​ေကာင္းတယ္လို႔ ဆိုလိုတာကြ!!"

က်န္း႐ုန္မွာ​ေတာ့ သူ႔ကိုစိတ္ရႈပ္​ေအာင္လုပ္ဖို႔မ်ား ​ေကာင္းကင္ဘုံက ကၽြမ့္ရိပိုင္ကိုလႊတ္လိုက္​ေလသလားဟု သံသယပင္ဝင္လာေတာ့သည္။

သူ႔ရဲ့Diamond 1 promo seriesအတြက္ ​ေနာက္ဆုံးသ​ေရမွတ္ပြဲကို ကစားခဲ့စဥ္ကပင္ ဒီ​ေလာက္ထိ​ေနမထိထိုင္မသာျဖစ္မ​ေနခဲ့​ေခ်။

ထို႔​ေနာက္ ခုံ​ေရႊ႕လိုက္ျခင္း​ေၾကာင့္ ၾကမ္းျပင္နဲ႔ပြတ္တိုက္သြားသံတစ္ခုက သူ႔အ​ေရွ႕က​ေန ထြက္​ေပၚလာသည္။

လု​ေပၚယြမ္ မတ္တပ္ထရပ္လိုက္သည့္အခါ သူႏွင့္က်န္း႐ုန္ၾကား၌ လူ႔ကိုယ္တစ္ဝက္စာ​ေလာက္သာ ​ေဝး​ေတာ့သည္။ တစ္ညလုံးၾကာသြားတာ​ေတာင္ က်န္း႐ုန္ဆီမွ ​ေရခ်ိဳးဆပ္ျပာအနံ့ နို႔နံ့​ေလးကသင္း​ေန​​ေသးသည္ပင္။

လု​ေပၚယြမ္ ​ေရွ႕ကိုတစ္လွမ္း၊ႏွစ္လွမ္း​ေလာက္ ​ေလၽွာက္သြားၿပီးမွ ႐ုတ္တရက္ ျပန္လွည့္လာသည္။ "မ​ေန႔ညက အဲ့ဒီ​ ေဝ..."

က်န္း႐ုန္လႊတ္ခနဲထြက္သြားသည္။ "ကၽြန္​ေတာ္​ေဂးမဟုတ္ဘူး"

မ်က္စိတစ္မွိတ္အတြင္း ​ေလ့က်င့္​ေရးအခန္းက ၿငိမ္သက္သြား​ေတာ့သည္။ ​ေရွာင္ပိုင္ႏွင့္Pineတို႔က အသဲအသန္team fight​ေနစဥ္ သူတို႔အမွားလုပ္လိုက္မိၿပီး တစ္ဖက္အသင္းက ​ေအာင္​ေအာင္ျမင္ျမင္ counter-killနိုင္ဖို႔ အခြင့္အ​​ေရးရသြား​ေလသည္။

လု​ေပၚယြမ္ မ်က္ခုံးပင့္လိုက္ၿပီး အ​ေတာ္ၾကာသည္အထိ တိတ္ဆိတ္သြားၿပီး​ေတာ့မွ သူ႔စကားကိုၿပီး​ေအာင္​ေျပာလာသည္။ "မ​ေန႔ညက အဲ့ဒီ​မာဖလာ*ကိုျပန္ပို႔ဖို႔ တင္း​ေကာကို​ေျပာလိုက္ဦး"

(T/N : မာဖလာက တ႐ုတ္လို ​ေဝက်င္းလို႔​ေခၚပါတယ္။ Weiboက​Weiက first tone​ေပမယ့္ အျမန္​ေျပာရင္ အသံသိပ္မကြဲတာမို႔ သားသားက ​ေဝး​ေပၚအ​ေၾကာင္း​ေျပာ​ေတာ့မယ္ထင္သြားတာ။ ကိုကို အစကဘာအ​ေၾကာင္း​ေျပာမလို႔လဲဆိုတာ​ေတာ့ ဘယ္သူမွ​မသိဘူး​ေလ​ေနာ့)

"........." က်န္း႐ုန္မွာ ၂စကၠန္႔​ေလာက္ စြံ့အသြား​ေလသည္။ "မာဖလာ?"

"ဘာရွိ​ေသးလို႔လဲ?" လု​ေပၚယြမ္က သ​ေဘာတက် ​ေမးလာသည္။ သို႔​ေသာ္လည္း က်န္း႐ုန္ကျပန္​မေျဖလာ​ေတာ့ သူကထပ္​ေျပာလာသည္။ "ဒီလိုလက္​ေဆာင္မ်ိဳးက လက္မခံတာ​ေတာ့ အ​ေကာင္းဆုံးပဲ။ ဒါ​ေပမယ့္ မင္းႀကိဳက္တယ္ဆိုလည္း သိမ္းထားလို႔​ေတာ့ရတယ္"

သူခုဏက​ေျပာလိုက္မိသည့္စကားအား ျပန္​ေတြးလိုက္မိခ်ိန္မွာ​ေတာ့ က်န္း႐ုန္မွာ​ ​ေျမႀကီးထဲတြင္းတူးၿပီး ပုန္း​ေနခ်င္​သည့္စိတ္ကို ခ်ိဳးႏွိမ္လိုက္ရင္း ခပ္တည္တည္နဲ႔ ျပန္​ေျပာလိုက္သည္။ "ဟင့္အင္း မႀကိဳက္ပါဘူး....ခဏ​ေနက်ရင္ တင္း​ေကာကိုျပန္ပို႔​ေပးဖို႔ သြား​ေျပာလိုက္မယ္"

လု​ေပၚယြမ္ အခန္းထဲကထြက္သြားၿပီးတဲ့​ေနာက္ က်န္း႐ုန္ သူ႔ခုံမွာထိုင္လိုက္ၿပီး စူပုပ္ပုပ္ႏွင့္ သူ႔ကြန္ပ်ဴတာကိုဖြင့္​ေနလိုက္သည္။

ထိုအခိုက္ ​ေရွာင္ပိုင္ကသူ႔အနားကို လွစ္ခနဲ​ေရာက္လာၿပီး လည္​ေခ်ာင္းရွင္းလိုက္​ေသးသည္။ "ဟိုဟာ​ေလ က်န္း႐ုန္၊ မင္းကအခုတအား​ေျဖာင့္တာဆို​ေတာ့​ေလ မ​ေန႔ညက ငါစတာတအားလြန္သြား​လား?"

"....ငါကအျမဲတမ္းအ​ေျဖာင့္​" က်န္း႐ုန္က ႏြမ္းႏြမ္းလ်လ်​ေလးဆိုလာသည္။ "မလြန္ပါဘူး ငါစိတ္မဆိုးဘူး"

​ေရွာင္ပိုင္က "အို႔"ဟု​ေျပာလိုက္ကာ "ဒါဆို​ေကာင္းတာ​ေပါ့။ မ​ေန႔ညက​ေတာ့ မင္းပုံစံက ငါ့ကိုလည္ပင္းထညႇစ္ခ်င္​ေနတဲ့ပုံနဲ႔"

ဒါကိုလည္းသိတာပဲလား?

က်န္း႐ုန္ game clientကိုဖြင့္လိုက္ၿပီး ဘာမွထပ္မ​ေျပာ​ေတာ့။

စကၠန္႔အနည္းငယ္အၾကာမွာ​ေတာ့ ​ေရွာင္ပိုင္က ​ေနာက္ထပ္စကားလမ္း​ေၾကာင္းတစ္ခု ရွာ​ေတြ႕သြားျပန္သည္။ "ဒါဆို မင္း ငါနဲ႔Pineကို​ေတာ့ အထင္မ​ေသးဘူးမလား?"

က်န္း႐ုန္ : "?"

Pine : "စိတ္မပူပါနဲ႔၊ ငါတို႔ကဒီတိုင္း အ​ေပၚယံမွာသာ သ​ေဘၤာ​ေမာင္းျပ​ေနတာ။ ငါတို႔ဆက္ဆံ​ေရးက မင္းနဲ႔ငါ့​ေကာရဲ့ဆက္ဆံ​ေရးလိုပဲ။ မဟားတရားျဖဴစင္တဲ့ အသင္း​ေဖာ္ဆက္ဆံ​ေရးပါပဲ.....ဟ Pine၊ Midဆီသြားမယ္ဆိုလည္း ငါ့ကိုပါ​ေခၚ​ေလ!"

Pineကလွည့္ပင္ၾကည့္မလာ။ "အရမ္းဆူလြန္းတယ္"

က်န္း႐ုန္လည္း သူနဲ႔ဆက္မ​ေျပာခ်င္​ေတာ့တာ​ေၾကာင့္ custom gameတစ္ခုလုပ္လိုက္ၿပီး မ​ေန႔ညက လု​ေပၚယြမ္သူ႔ကို ပိုၿပီး​ေလ့က်င့္​ေစခ်င္ခဲ့တဲ့ Azirကို​ေရြးလိုက္သည္။

အစည္းအ​ေဝးခန္းဆီသြား​ေနရင္း လု​ေပၚယြမ္ သူ႔ဖုန္းရဲ့ background app​ေတြအားလုံးကို ရွင္းလင္းလိုက္သည္။

​ေနာက္ဆုံးbg appက​ေတာ့ Weiboပင္။ စခရင္က​ေတာ့ တစ္ခု​ေသာcmt boxမွာရွိ​ေနၿပီး အ​ထဲတြင္​ေရးထားသည္မ်ားက​ေတာ့—

[အားလုံးခဏ​ေနၾကဦး၊ @TTC°Road ကို​ေမးၾကည့္လိုက္ဦးမယ္]

[ဘာကိစၥ @TTC°Road ကိုသြားရႈပ္မွာလဲ? @TTC°Road ကိုသြားၿပီးမmentionသင့္ဘူးကြ၊ @TTC°Road ကအရမ္းအလုပ္မ်ားတာ မသိၾကဘူးလား? သူ႔မွာWeiboၾကည့္ဖို႔အခ်ိန္​ေတာင္မရွိ​ေလာက္ဘူး]

[ခုဏကမွ @TTC°Road ရဲ့girlfriend fan​ေတြဆီမွာ သူလၽွိုဝင္လုပ္လာတာ၊ @TTC°Roadမွာလည္း ​ရည္းစားမရွိ​ေသးဘူးတဲ့]

[@TTC°Soft ​ေဟး ငအ​ေလး၊ ရွိ​ေနလား? လာဖြင့္​ေျပာ​ေတာ့​​ေလ]

Appကိုပိတ္ၿပီးသည္ႏွင့္ လု​ေပၚယြမ္ ဖုန္းအားအိတ္ကပ္ထဲသို႔ ထည့္လိုက္ၿပီး အစည္းအ​ေဝးခန္းတံခါးကို ဆြဲဖြင့္လိုက္သည္။

သူ႔ကိုျမင္လိုက္သည့္ခဏ တင္း​ေကာမွာမ်က္ခုံးပင္ပင့္လိုက္မိသည္။ "ဘာ​ေတြရယ္​ေနတာလဲ?"

လု​ေပၚယြမ္က ​ေတြ႕ရာခုံတစ္ခုံဆြဲထုတ္လိုက္ၿပီး ဝင္ထိုင္လိုက္သည္။ "ဘာမွမဟုတ္ပါဘူး။ ကၽြန္​ေတာ့္ကိုရွာတယ္ဆို?"

တင္း​ေကာကသူ႔အား က်န္း႐ုန္​ေမြး​ေန႔​ေရာက္သည္ႏွင့္ သူ႔ရဲ့Livestreamျပန္စ​ေတာ့မည္ျဖစ္​ေၾကာင္း​ ​ေျပာျပလာကာ "....သူကအစကတည္းက နာမည္ႀကီးၿပီးသားဆို​ေပမယ့္ ငါ့စိတ္ထဲ ငါတို႔ဘက္ကတစ္ခုခုေတာ့ရွိုးလုပ္ဖို႔ လိုသလားလို႔။ ငါစီစဥ္ခ်င္တာက ဒီလိုမ်ိဳးကြာ။ အဲ့ဒီညမွာ မင္း​​ေရာသူ​ေရာႏွစ္ေယာက္လုံးStreamလိုက္ ၿပီး​ေတာ့ duo queueၾက​ေပါ့"

"ကၽြန္​​ေတာ္မStreamဘူး" လု​ေပၚယြမ္က​ေျပာလာသည္။

ျငင္းလာသည္အား ၾကားလိုက္ရ​ေတာ့ တင္း​ေကာနည္းနည္း​ေတာ့ အံ့ၾသသြားသည္။ သူခဏ​ေလာက္​ေၾကာင္အမ္းသြားၿပီးမွ ​ေျပာလိုက္သည္​။ "ဒါဆိုလည္း...."

"သူStreamရင္ရၿပီ။ ကၽြန္​ေတာ္ပါStreamရင္ Site trafficကို ခြဲ​ေပး​ေနရဦးမယ္" လု​ေပၚယြမ္က​ေျပာလာသည္။ "ကၽြန္​ေတာ္သူနဲ႔duo queueလိုက္မယ္"

တင္း​ေကာက​ေခါင္းၿငိမ့္လိုက္ရင္း မွတ္စုစာအုပ္ထဲ၌ တစ္ခုခုခ်မွတ္လိုက္သည္။ ထို႔​ေနာက္ သူက​ေျပာလာ၏။ "မင္းကက်န္း႐ုန္အ​ေပၚ​​​ေတာ္​ေတာ္​ေကာင္းတာ"

လု​ေပၚယြမ္က အ​ေမးစကားႏွင့္ ျပန္​တုံ႔ျပန္လာသည္။ "နည္းျပအ​ေပၚ​​ေရာမ​ေကာင္းလို႔လား?"

"ယွဥ္လို႔​ေတာင္ရမလားကြာ? ငါတို႔သိလာတာ ဒီ​​ေလာက္ႏွစ္​ေတြၾကာလာၿပီကို" တင္း​ေကာကခဏတန္႔သြား၏။ "ဒါ​ေပမယ့္ ငါတို႔စ​ေတြ႕ခါစကပုံစံနဲ႔ဆိုရင္​ေတာ့ မင္းအခုက်န္း႐ုန္ကိုဆက္ဆံ​ေနတဲ့ပုံက မင္းရဲ့သား​ေလးလိုပဲ။ ​ေရွာင္ပိုင္နဲ႔အျခားသူ​ေတြကို စ​ေတြ႕တုန္းက မင္းပုံစံကိုငါမွတ္မိပါ​ေသးတယ္။ duo queueဖို႔အသာထား၊ အတူထိုင္​ေနတာ​ေတာင္ စကားတစ္ခြန္း​ေလာက္ပို​ေျပာဖို႔ကို​ေတာင္ ဝန္​ေလး​ေနတတ္​ေသးတာ"

တင္း​ေကာကခဏ​ေလာက္​ေတြးလိုက္ၿပီး "ျမင္ျမင္ခ်င္းကံၾကမၼာလို႔ပဲ​ေျပာရမလား? သူ႔Livestreamထဲမွာ သူ႔ကိုျမင္ျမင္ခ်င္း လုံးဝမင္းအႀကိဳက္လို႔ ခံစားသြားရတာမ်ိဳး​ေလ?"

"သူကစားတဲ့ပုံကိုႀကိဳက္တာ" လု​ေပၚယြမ္က အခ်ိန္ကိုၾကည့္လိုက္ၿပီး "အျခား​ေျပာစရာက်န္​ေသးလား? မရွိ​ေတာ့ရင္ ကၽြန္​ေတာ္သြား​ေတာ့မယ္"

"မရွိ​ေတာ့ဘူး......အာ ခဏ​ေလး တစ္ခုရွိ​ေသးတယ္" တင္း​ေကာက ခဏ​ေလာက္တုံ႔ဆိုင္းသြားၿပီး ​ေနာက္ဆုံးတြင္​ေတာ့ သူ​ေျပာလာသည္။ "ခုဏက က်န္း႐ုန္ငါ့ကို​ေျပာသြားတယ္။ ဒီႏွစ္,ႏွစ္ကူးပိတ္ရက္က်ရင္ သူbaseမွာပဲ​ေနမယ္တဲ့"

လု​ေပၚယြမ္က မ်က္ခုံးပင့္လိုက္သည္။ "ခြင့္မျပဳထားလို႔လား?"

"ခြင့္ျပဳထားတယ္​၊ မႏွစ္က​ပိတ္ရက္တုန္းကလည္း ဟယ္က်စ္ဒီမွာပဲ​ေနသြားတာ​ေလ" တင္း​ေကာက​ေျပာလာသည္။ "ဒါ​ေပမယ့္ က်န္း႐ုန္ကငယ္​ေသးတယ္​ေလကြာ၊ မင္း​ေတာ့မိသားစုကလည္း ရွန္ဟိုင္းမွာပဲကို။ အဲ့တာနဲ႔ ငါသူ႔ကို​ ဘာလို႔မိသားစုဆီမျပန္တာလဲလို႔ ငါ​ေမးၾကည့္လိုက္​ေတာ့......"

တင္း​ေကာရဲ့မ်က္ႏွာထားက တစ္ခုခုမွားယြင္း​ေန​ေၾကာင္း သတိျပဳမိသည္မို႔ လု​ေပၚယြမ္ သူ​ေျပာလို႔ၿပီးမွာကို ​ေစာင့္​ေနလိုက္သည္။

"သူ​ေျပာတာ သူ႔မွာမိသားစုမရွိဘူးတဲ့" တင္း​ေကာက ထိုစကားကို​ေျပာၿပီးၿပီးခ်င္း သူ႔နဖူးကိုလက္နဲ႔ရိုက္လိုက္ရင္း "ငါကတကယ္တစ္ခုခုပဲ။ ဘာမွ​ေျပာစရာမလိုတာကို လၽွာကိုရွည္တာ။ ဘာကိစၥ​ေမးခြန္း​ေတြအမ်ားႀကီး ​ေလၽွာက္​ေမး​ေနမွန္းကိုမသိဘူး.....မင္း​ေရာ က်န္း႐ုန္က မိသားစုနဲ႔ျပႆနာတက္ၿပီး အိမ္ကထြက္လာတာလို႔ထင္လား? ဒါမွမဟုတ္....တကယ္ႀကီးမိသားစုတစ္​ေယာက္မွမရွိတာ ျဖစ္​ေလာက္လား?"

လု​ေပၚယြမ္က အ​ေတာ္ၾကာတဲ့အထိ တိတ္ဆိတ္​ေနၿပီးမွ "ကၽြန္​ေတာ္မသိဘူး"

သူ႔ကိုလာရွာတုန္းက က်န္း႐ုန္ရဲ့အမူအရာကို ျပန္​ေတြးၾကည့္လိုက္​ေတာ့ အရင္အတိုင္း ဘာမွကြဲျပားမ​ေန​ေပ။

လု​ေပၚယြမ္ရဲ့မ်က္ႏွာတြင္ ဘာကမွမ​ေျပာင္းလဲသြား​ေပမယ့္ အခန္းထဲကိုစဝင္လာခါစက သူ႔မ်က္ဝန္းထဲတြင္ရွိ​ေနသည့္ ရယ္ျမဴရိပ္တို႔က​ေတာ့ လုံးလုံးလ်ားလ်ားကို ​ေပ်ာက္ကြယ္သြားၿပီပင္။ ခဏအၾကာမွ သူ​ေမးၾကည့္လိုက္သည္။ "သူ႔ကိုအသင္းထဲ​ေခၚတုန္းက မိသားစုအ​ေျခအ​ေနကို ​ေသခ်ာမရွင္းထားဘူးလား?"

"သူ​ေဖာင္တစ္ခု​ေတာ့ျဖည့္ရတယ္။ ခုဏတုန္းက ငါလည္းသူ႔ကို​ေမးၾကည့္တာပဲ။ သူဘာ​ေျပာတယ္မွတ္လဲ ဒီတိုင္း​ေတြ႕ရာ​ေလၽွာက္ျဖည့္ခဲ့တာတဲ့!" တင္း​ေကာမွာ​ေတာ့ ထိုအ​ေၾကာင္း​ကိုေတြး​ေလ ​ေဒါသထြက္လာ​ေလျဖစ္သည္။ "ငါလည္းဘယ္ထင္ထားပါ့မလဲ.....ဒီလို​ ေဖာင္အတုျဖည့္ရဲတဲ့သူမ်ိဳးနဲ႔ၾကဳံရတာ ငါ့အတြက္လည္း ပထမဆုံးအႀကိမ္​ေလ။ ကံ​ေကာင္းလို႔ အဲ့ဒီ​ေဖာင္က LPLကိုျပန္တင္ျပစရာမလိုပဲ အသင္းအတြက္ပဲမို႔လို႔​ေပါ့"

"ငါ​ေပါ့သြားတာလည္းပါတယ္။ ၿပီး​ေတာ့ ငါဟိုတ​ေလာကမွ တစ္ခုသိခဲ့​ေသးတယ္....တကယ္​ေတာ့ လြန္ခဲ့တဲ့ႏွစ္​ေတြတုန္းကလည္း သူကငါတို႔အသင္းဆီ သင္တန္းသားျဖစ္ခြင့္ လာ​ေလၽွာက္​ေသးတယ္တဲ့။ ဒါ​ေပမယ့္ ​ေလ့က်င့္​ေရးပထမ​ေန႔မွာပဲ သူ႔ဘက္ကျပန္cancelသြားၿပီး Streamerသြားလုပ္တာတဲ့။ အရည္အခ်င္းစစ္တဲ့ဘက္က staffတစ္​ေယာက္က သူ႔ကိုအခုထိမွတ္မိ​ေနတုန္း။ ဟိုရက္ပိုင္းက ငါနဲ႔​ေတြ႕တုန္း သူ​ေျပာျပသြားတာ"

လု​ေပၚယြမ္က ဘာမွ​ေျပာမလာ​ေတာ့ တင္း​ေကာလည္း ခ်ီတုံခ်တုံႏွင့္ ​ေမးလာသည္။ "ငါတို႔အသင္းရဲ့ဆရာဝန္နဲ႔သူ႔ကို စကား​ေျပာခိုင္းလိုက္ရမလား?"

လု​ေပၚယြမ္ သူ႔အ​ေတြး​ေတြကိုျပန္သိမ္းလိုက္ၿပီး ​ေခါင္းခါျပလိုက္သည္။ "အခုအတြက္​ေတာ့ မလို​ေသးဘူး"

သူ​ေလ့က်င့္​​​ေရးခန္းဆီျပန္​ေရာက္လာ​ေတာ့ က်န္း႐ုန္ကနားၾကပ္တပ္ထားကာ တစ္​ေယာက္​ေယာက္ႏွင့္ စကား​ေျပာ​ေနသည္။

လု​ေပၚယြမ္ သူ႔စခရင္ကိုလွမ္းၾကည့္လိုက္သည္။ "Shiliu"ဆိုသည့္နာမည္က Chat၏ထိပ္ဆုံးတြင္ ​ေနရာယူထား​ေလသည္။

"Duo queueလား? အခု? .....အခု​​ေတာ့မရဘူး။ ငါမင္းကိုမ​ေရွာင္ပါဘူး" ​ေဘးမွာတစ္​ေယာက္ရွိ​ေနတာကို က်န္း႐ုန္ အာ႐ုံခံမိလိုက္​ေတာ့ ​ေခါင္း​ေစာင္းၾကည့္လိုက္ကာ နားၾကပ္ကိုခၽြတ္လိုက္ၿပီး ​ေမးၾကည့္လိုက္သည္။ "​ေခါင္း​ေဆာင္၊ duo queueခ်င္လား? ကၽြန္​ေတာ္Azirကို​ေလ့က်င့္မလို႔"

လု​ေပၚယြမ္ သူ႔​ရဲ့မ်က္လုံးကို ေအာက္ကိုႏွိမ့္ၾကည့္လိုက္​ေတာ့ က်န္း႐ုန္ရဲ့အၾကည့္​ႏွင့္ ျဖတ္ခနဲ သြားဆုံသည္။ "ဒီ​ေန႔​​ေတာ့မရဘူး။ ကိုယ့္ဘာသာ​ေလ့က်င့္လိုက္ဦး"

က်န္း႐ုန္ "အို႔"ဟု​ေျပာလိုက္ၿပီး လု​ေပၚယြမ္ကို ထပ္ၿပီးလက္အဆင္မ​ေျပျဖစ္​ေနတာလားဟု ​ေမးလိုက္ခ်င္​ေသာ္ျငား လု​ေပၚယြမ္က​ေတာ့ သူ႔​ေနရာဆီ ​ေလၽွာက္သြားၿပီး​ေန​ေခ်ၿပီ။

လု​ေပၚယြမ္က သူ႔ကြန္ပ်ဴတာကို တစ္ခ်က္မွမထိ​ေပ။ ထိုင္ၿပီးသြားသည့္​ေနာက္ သူကနားၾကပ္ကိုတပ္လိုက္ၿပီး သူ႔ဖုန္းထဲက တစ္ခု​ေသာvideo appကိုဖြင့္လိုက္သည္။

StarTV၌ အျမတ္​ေငြ​ေတြအမ်ားႀကီးရွိ​ေသာ္ျငား Streamerတစ္​ေယာက္ခ်င္းစီရဲ့ Livestreamတိုင္းကို​ေတာ့ သိမ္းမထား​ေပ။ ထို႔​ေၾကာင့္ ထိုဗီဒီယို​ေတြကိုၾကည့္လိုလၽွင္ အျခားVideo platform​ေတြဆီ ကံစမ္းသည့္သ​ေဘာျဖင့္ သြားရွာၾကည့္ရသည္။

လု​ေပၚယြမ္ "Soft Livestream video"ဟု ရိုက္ရွာလိုက္ၿပီး ထြက္​ေပၚလာသည့္ဗီဒီယိုမ်ားထဲမွာ ​ေစာနိုင္သမၽွ​ေစာသည့္ဗီဒီယို​ေတြကို ရွာၾကည့္လိုက္သည္။ အၾကာႀကီး​ေန​ေတ့ာမွ လြန္ခဲ့သည့္၂ႏွစ္က ဗီဒီယိုတစ္ခုအား သူသြား​ေတြ႕​ေလသည္။

သူအသံကိုျမႇင့္လိုက္ၿပီး ထိုဗီဒီယိုအား ဖြင့္ၾကည့္လိုက္သည္။

ထိုအခ်ိန္တုန္းက က်န္း႐ုန္မွာ Beauty Categoryထဲသို႔မ​​ေရာက္ေသး​ေပ။ သူ႔ရဲ့ဆံပင္က အမည္း​ေရာင္ျဖစ္​ေနဆဲျဖစ္ကာ သူ႔ရဲ့မ်က္ႏွာကလည္း အခုထက္ပိုငယ္ၿပီးပိုႏူးညံ့​ေနသည္။ သူက အ​ေတြ႕အၾကဳံမရွိ၊မရင့္က်က္​ေသးသည့္ က​ေလး​ေလးတစ္​ေယာက္ပုံစံမ်ိဳးႏွင့္။ တစ္ခုတည္း​ေသာကြာျခားခ်က္က​ေတာ့ သူကသူ႔အရြယ္အျခားသူမ်ားထက္ အမ်ားႀကီးပိုခ်စ္စရာ​ေကာင္းသည္ပင္။

သူဘာျဖစ္ထားသည္ဆိုတာ မ​ေသခ်ာ​ေပမယ့္ ထိုအခ်ိန္၌ သူ႔ရဲ့မ်က္လုံး​ေတြက အနည္းငယ္နီရဲ​ေနကာ ဂိမ္းကစား​ေနတုန္း သူကႏႈတ္ခမ္း​ေတြကိုလည္း ခပ္တင္းတင္း​​ေစ့ထားသည္။

ထိုအခ်ိန္တုန္းက က်န္း႐ုန္ရဲ့Livestream​ေတြမွာ ပရိတ္သတ္သိပ္မရွိ​ေသး​ေပ။ လု​ေပၚယြမ္ ထိုဗီဒီယိုအားၾကည့္​ေနၿပီး အ​ေတာ္ၾကာသည္အခါမွ ကြန္မန္႔တစ္ခ်ိဳ႕​ေပၚလာသည္။ ထိုကြန္မန္႔​ေတြအားလုံးက လူတစ္​ေယာက္တည္းဆီကပင္—

[က​​ေလး​ေလး ဘာလို႔ငို​ေနတာတုန္း? ဦးကို​ေျပာ​ေလ ဦးမင္းကိုႏွစ္သိမ့္​ေပးမယ္]

[မင္းအိမ္ကဘယ္နားမွာလဲ? ဘာစားခ်င္လဲဟင္? ဦးအဲ့ဆီလာ​​ေပးရမလား? ဦးကိုQQမွာaddလိုက္​ေလ ဦးတို႔​အဲ့အ​ေၾကာင္းေဆြး​ေႏြးၾကမယ္]

[မင္းကစားတာအရမ္း​ေကာင္းတာပဲကြာ။ လည္တိုင္​ေလးကလည္းလွခ်က္]

၁၅ႏွစ္အရြယ္က်န္း႐ုန္ကလည္း ထိုကြန္မန္႔​ေတြကိုျမင္သည္မွာ အထင္အရွားပင္။ သူကမ်က္​ေမွာင္က်ဳံ႕သြားကာ ဒီႏွာဘူးဘာ​ေတြ​ေျပာ​ေနသည္ဆိုတာ တကယ္နားမလည္သည့္ပုံႏွင့္။

ထို"ဦး"ဆိုသည့္လူက ​ေနာက္ထပ္​ေႏွာင့္ယွက္သည့္ ​ေလးႀကိမ္​ေျမာက္ကြန္မန္႔ကို မပို႔လာခင္ က်န္း႐ုန္အ​ေသးစား​ေလးက သူ႔ရဲ့လက္​ေမာင္းကိုမ,တင္လိုက္ၿပီး သူ႔ရဲ့မ်က္ရည္​ေတြကို သုတ္ပစ္လိုက္သည္။

"....စကား​​ေျပာတဲ့ပုံကိုက ရြံစရာႀကီး" သူစကား​ေျပာသည့္အခါမွာ​ေတာ့ ငိုထားသည္​ေၾကာင့္ သူ႔​ေလသံကအနည္းငယ္ ႏွာသံ​ေပါက္​ေနသည္။ ထိုအခ်ိန္၌ သူကငယ္​ေသးကာ အသံလည္းမ​ေျပာင္း​ေသးသည့္အတြက္ သူ႔ရဲ့အသံက အခုႏွင့္ယွဥ္လၽွင္ ပိုၿပီးႏူးညံ့​ေလသည္။ သူထိုသို႔​ေျပာၿပီးသည့္​ေနာက္ သူကႏွာ​ေခါင္းကိုပြတ္လိုက္ကာ "လစ္လိုက္​ေတာ့"

စကား​ေျပာလို႔ၿပီးသြားသည္ႏွင့္ က်န္း႐ုန္အ​ေသးစား​ေလးက လက္ကိုလႈပ္လိုက္ၿပီး သူ႔Livestreamထဲမွာရွိ​ေနသည့္ ပရိတ္သတ္အ​ေယာက္သုံးဆယ္ထဲကမွ ထိုႏွာဘူးရဲ့IDကိုရွာလိုက္ၿပီး ကန္ထုတ္လိုက္​ေလသည္။

လု​ေပၚယြမ္မွာ ထိန္းမထားနိုင္​ေတာ့ပဲ ရယ္လိုက္မိ​ေတာ့သည္။

ခဏအၾကာမွ၊ လြန္ခဲ့တဲ့မိနစ္ဝက္​ေလာက္ဆီ ဗီဒီယိုကို​ေနာက္ျပန္ရစ္လိုက္သည္။ ထို႔​ေနာက္ က်န္း႐ုန္ မ်က္ရည္ကိုသုတ္လိုက္ၿပီး ​ေမွာင္မိုက္​ေနသည့္မ်က္ႏွာထားႏွင့္ သူ႔ႏွာ​ေခါင္းကိုပြတ္လိုက္သည္အား ေနာက္တစ္​ေခါက္ျပန္ၾကည့္​​​လိုက္မိသည္။

Continue Reading

You'll Also Like

48.8K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...
255K 10K 29
ကြယ်နဲ့လက ဘယ်တော့မှမခွဲသလို မင်းနဲ့တို့လည်း...
791K 65.9K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
116K 10.6K 66
"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 ...