[Unicode]
ယောကျာ်းတစ်ယောက်ကလည်း အခြားယောကျာ်းတစ်ယောက်နဲ့ ချိန်းတွေ့လို့ရတယ်
ပြိုင်ပွဲနေ့သို့အရောက်တွင် ရှန်ဟိုင်း၌ အပူချိန်ထိုးကျသွားသည်။ ကျန်းရုန်ကတော့ ဘတ်စ်ကားပေါ်တွင်လည်း အပူပေးစက်ရှိပြီး အားကစားရုံထဲမှာလည်း နွေးနေမည့်အကြောင်း စဥ်းစားလိုက်မိတော့ အသင်းယူနီဖောင်းတစ်ထည်တည်းသာဝတ်ပြီး အောက်ထပ်ဆင်းလာခဲ့သည်။ အဆုံးမှာတော့ ကျန်းရုန်မှာတင်းကောဆီကနေ နောက်ထပ်ကုတ်တစ်ထပ်သွားဝတ်ဖို့ တွန်းအားပေးခံလိုက်ရလေသည်။
သူ့အခန်းထဲကမထွက်ခင် အချိန်အတော်ကြာသည်အထိ ကျန်းရုန် ချီတုံချတုံဖြစ်နေပြီးမှ နောက်ဆုံးတွင်တော့ နံရံပေါ်တွင်ချိတ်ထားသည့် တစ်ခုတည်းသောမာဖလာကို လည်ပင်းတွင်ပတ်လိုက်တော့သည်။
"အဲ့ဒီမာဖလာကိုတကယ်ကြီးသုံးနေတာလား" သူကားပေါ်ကိုရောက်ရောက်ချင်း ရှောင်ပိုင်က ထိုမေးခွန်းအား အံ့သြသွားဟန်နှင့် မျက်လုံးပြူးကာမေးလာသည်။
လုပေါ်ယွမ်မော့ကြည့်လိုက်သည်။ ကျန်းရုန်က အဖြူရောင်ပါကာကုတ်အင်္ကျီကို ဝတ်ထားပြီး ခဲရောင်မာဖလာကို လည်ပင်းတွင်ပတ်ထားသည်။ သူကမာဖလာအား ဂရုတစိုက်မရှိ လျော့ရိလျော့ရဲပတ်ထားကာ မာဖလာက သူ့ရဲ့နှာခေါင်းနားထိ ဖုံးအုပ်ထားသည်ကြောင့် ကျန်းရုန်ရဲ့မျက်နှာအား နဂိုထက်ပင်ပိုသေးသယောင် ထင်ရစေသည်။
"စာလုံးတွေကို နောက်မှာထားတာတော့ မြင်ရမှာမဟုတ်ဘူး" အပြင်မှာအရမ်းကိုအေးလွန်းနေသည့်အတွက် စကားပြောလိုက်သည့်အခါ ကျန်းရုန်ပါးစပ်ထဲကနေ အဖြူရောင်မြူငွေ့တို့ ထွက်လာသည်။ "ဘယ်လိုပဲဖြစ်ဖြစ် အားကစားရုံရောက်ရင် ချွတ်ထားရမှာပဲလေ"
ရှောင်ပိုင် ကျန်းရုန်အား "အို့"ဟုပြန်ဖြေလိုက်ပြီးမှ လုပေါ်ယွမ်ကို လှည့်ကြည့်လိုက်သည်။ "ကော၊ ဘာလို့ ကောပရိတ်သတ်တွေပို့လိုက်တဲ့ မာဖလာဝတ်မလာတာလဲ? ကောရတဲ့မာဖလာတွေအားလုံးက အသေးစိတ်လုပ်ထားရတာတွေချည်းပဲ။ တစ်ထည်မှာဆို အသင်းတံဆိပ်သေးသေးလေးတောင် ပါသေးတယ်"
လုပေါ်ယွမ်က ခေါင်းငုံ့ကာဖုန်းသုံးနေရင်းမှ ပြန်ဖြေလာသည်။ "အရမ်းများနေလို့ မဝတ်တော့ဘူး"
ရှောင်ပိုင်နားမလည်ပေ။ သူမေးကြည့်ဖို့အလုပ် ဘေးကယွမ်ချန်းက အစားကူဖြေပေးလာသည်။ "မာဖလာတွေအများကြီးရထားတော့ သူတစ်ထည်ဝတ်လိုက်ရင် အခြားမာဖလာပို့ပေးထားတဲ့ ပရိတ်သတ်တွေကလည်း သူတို့ပေးတာဘာလို့မဝတ်လဲဆိုပြီး စောဒကတက်လာမယ်လေ။ အဲ့တော့ သူတို့ပေးတဲ့တစ်ခုမှမဝတ်တာ အကောင်းဆုံးပဲ"
ကျန်းရုန် သူ့ကိုယ်ပိုင်မာဖလာကို ငုံ့ကြည့်လိုက်ပြီး တွေးလိုက်သည်။ ဒီလောင်ကျစ်သာ နောင်ထပ်မာဖလာတစ်ထည်ထပ်ရလို့ကတော့ ဒီရုပ်ဆိုးဆိုးဟာကို ဖင်ထိုင်ခုလုပ်ပစ်လိုက်မယ် ဟူ၍။
သူထိုကဲ့သို့တွေးနေသည်ဖြစ်သော်ငြား မာဖလာကတော့ သူ့လည်ပင်းပေါ်ရောက်နေလေပြီ။ အချို့ပေါက်ကရစာလုံးတွေကို ဖယ်ထားလိုက်လျှင် မာဖလာကအရမ်းနွေးနေဆဲပင်။
နွေဦးရာသီပြိုင်ပွဲတွေ၌ တစ်နေ့လျှင် ပြိုင်ပွဲနှစ်ပွဲရှိသည်။ ဒီနေ့တွင် သူတို့ကဒုတိယပွဲမှာ ကစားရမည်ဖြစ်ပြီး ည၇နာရီတွင် စတင်မည်ဖြစ်သည်။ သူတို့ရဲ့ပြိုင်ဘက်အသင်းကတော့ LDLမှထွက်လာရုံရှိသေးသည့် အသင်းငယ်လေးပင်။ ပထမပြိုင်ပွဲကတော့ Squidနှင့်MFG ပြိုင်ရမည်ဖြစ်သည်။
Squidနှင့်နှစ်ခါဆက်တိုက် ထိပ်တိုက်တိုးပြီးသွားချိန်မှာတော့ တင်းကောတစ်ယောက် LPLကရည်ရွယ်ချက်ရှိရှိ လုပ်နေသည်လားဆိုတာ သံသယစဝင်လာလေပြီ။
"ကျန်းရုန်" သူတို့ကားပေါ်ကမဆင်းမီ တင်းကောကကျန်းရုန်အား တိတ်တိတ်လေးညွှန်ကြားနေသည်။ "Squidရဲ့နားနေခန်းက ငါတို့နဲ့ကပ်ရပ်မှာ။ တကယ်လို့ မင်းသူ့ကိုတွေ့ရင် လေလို့ပဲသဘောထားလိုက်နော်"
ကျန်းရုန်မာဖလာအောက်နေ ပြန်ဖြေပေးလိုက်သည်။ "အွန်း"
သို့သော်လည်း သူတို့အားကစားရုံကိုရောက်သည့်အချိန်၌ ပြိုင်ပွဲကပင်စနေချေပြီ။
သူတို့TVကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် Kongkongကသူတို့Junglerနှင့် ပူးပေါင်းကာ bot laneတွင် 4v2ချနေသည်အား တွေ့လိုက်ရသည်။ Doufuမှာ ချက်ချင်းဆိုသလို သုတ်သင်ခံလိုက်ရလေသည်။
"Doufuကစားတာ ဟိုတစ်ပတ်ကထက်တောင် ပိုဆိုးလာသေးတယ်" Pineက ဘယ်သူ့မှဂရုမစိုက်ဟန်ဖြင့် ကောက်ချက်ချသည်။
"ငါ့အထင် သူကအစကတည်းကသာမန်ပါပဲ။ အဓိကအချက်က သူကကြည့်ကောင်းတော့ မိန်းကလေးပရိတ်သတ်တွေ အများကြီးရှိလာတာ။ သူ့ပရိတ်သတ်တွေကလည်း နေရာတကာ သူကနံပါတ်တစ်ADCတို့ဘာတို့ လျှောက်ကြွားနေကြတာလေ၊ မြင်ပါများတော့ အားလုံးကလည်း ဟုတ်သလိုလိုဘာလိုလိုနဲ့ ယုံလိုက်ကြတော့တာပဲ" ယွမ်ချန်းက ခေါင်းကိုလက်နဲ့ထောက်လိုက်ပြီး ဆက်ပြောလာသည်။ "သူ့နေရာယူပုံကလည်း တအားကို့ရို့ကားရားနိုင်သေးတယ်။ ဒီတစ်ခေါက်မှာဆို သူကရန်သူရဲ့attack rageဆီ တည့်တည့်ကြီးပြေးဝင်သွားတာနော်။ ဒါလည်းskillတစ်ခုပဲ...."
"ဘာနံပါတ်တစ်ADCလဲ၊ အဲ့ကောင်က ကျွန်တော့်P-babyနဲ့ ယှဥ်နိုင်လို့လား?" ရှောင်ပိုင်Pineရဲ့ပုခုံးကို လှမ်းဖက်လိုက်သည်။ "ကျွန်တော့်P-babyက သူ့ထက်အရပ်ပိုရှည်တယ်၊ ပိုလည်းချောတယ်၊ ကစားတာလည်းသူ့ထက်ကောင်းတယ်!"
Pine : "မင်းလက်မောင်းကိုငါ့ပေါ်လာမတင်နဲ့"
သူကထိုသို့ပြောလိုက်သော်လည်း ရှောင်ပိုင့်လက်ကိုခါတော့မထုတ်လိုက်ပေ။ ရှောင်ပိုင် သူ့ဘေးမှာထိုင်နေတဲ့ကျန်းရုန်ကို မေးဆတ်ပြလိုက်ပြီး "ပြီးတော့ ပြီးခဲ့တဲ့အပတ်ကတင် သူကကျန်းရုန်ဆီကနေ ဆက်တိုက်killခံထားရသေးတယ်။ အခုထိတောင် နလန်ပြန်မထူနိုင်လောက်သေးဘူး"
ကျန်းရုန် သူ့ရဲ့ကုတ်အင်္ကျီနဲ့မာဖလာကို ချွတ်လိုက်ပြီး ခေါင်းငုံ့ကာ အသင်းယူနီဖောင်းဂျတ်ကတ်ကို ဇစ်တပ်လိုက်သည်။ "သူအသုံးမကျတာသူ့ကိစ္စ၊ငါနဲ့မဆိုင်ဘူး"
အိုး ငါ့ကောင်ရေ၊ တစ်ယောက်ချင်းစီက အရင်ကထက်တောင် ပိုစိတ်ကြီးဝင်လာကြပါလားနော်။ သူတို့ပြိုင်ရမည့်အချိန် မရောက်သေးသည့်အတွက် အခုလောလောဆယ်တွင် သူတို့အသင်းရဲ့ဓါတ်ပုံဆရာတွေကလွဲ၍ အပြင်လူမရှိပေ။ သို့သော်လည်း ကြိုတင်ကာကွယ်သည့်အနေနှင့် တံခါးကိုလော့ခ်ချထားရန် တင်းကောဆုံးဖြတ်လိုက်တော့သည်။
သူပြန်လှည့်လာသည့်အခါ လုပေါ်ယွမ်က အခုထိဖုန်းသုံးနေဆဲဆိုတာ သူတွေ့လိုက်ရသည်။ ဖုန်းမျက်နှာပြင်မှာတော့ Weiboရဲ့interfaceက ထင်ဟပ်နေသည်။ တင်းကောမျက်ခုံးပင့်လိုက်မိသည်။ "မင်းသွားပြိုင်ရတော့မှာလေ၊ ဘာလို့အခုထိဖုန်းသုံးနေသေးတာလဲ?"
လုပေါ်ယွမ်ကမော့ကြည့်မလာခဲ့ပေ။ သူ့အသံကတော့ ထုံးစံအတိုင်း ပူပင်ကြောင့်ကြမှုတို့မရှိ။
"HTကMid Lanerရဲ့အင်တာဗျူးအသစ်ကို ကျွန်တော့်ဆီXIUပို့လာတယ်"
ထိုအခါမှာတော့ လူတိုင်းရင်ထဲထိတ်သွားကြသည်။
LCK၏နံပါတ်တစ်အသင်းအနေဖြင့် HTအသင်းသားတွေရဲ့အင်အားက ငြင်းမရအောင်သန်မာလေသည်။ သူတို့ရဲ့အောက်လမ်းသွားduoအသစ်က အင်အားကြီးကစားသမားနှစ်ယောက်နှင့် ဖွဲ့စည်းထားပြီး သူတို့နှစ်ယောက်က ဒုတိယအသင်းကနေ တိုးမြှင့်ခံလိုက်ရသူတွေပင်။ အများအမြင်၌ HTထဲတွင်အသန်မာဆုံးဆိုသည့်တစ်ယောက်က သူတို့ရဲ့Mid Lanerဖြစ်သည့် Masterဖြစ်သည်။ သူ့ရဲ့Championရေကန်ကြီးကနက်ရှိုင်းကာ သူကEarly gameရော Late gameရော ကောင်းကောင်းမွန်မွန်ကစားနိုင်သူပင်။ သူ့တွင် အားနည်းချက်ဆိုသည်မှာ မရှိသလောက်ရှားသည်။
ပြိုင်ပွဲနယ်ပယ်၌ ယခုနှစ်နှစ်အတွင်း လမ်းရှင်းရာတွင် HT၏Mid Lanerအား ယှဥ်နိုင်သည့်သူမရှိသေးပေ။ ပြိုင်ပွဲတွေအတွင်း Kanတစ်ယောက် Masterဆီကနေ killခံရသည်မှာ ရင်းနှီးနေသည့်မြင်ကွင်းပင် ဖြစ်နေချေပြီ။
"သူဘာတွေပြောသွားလဲ" ရှောင်ပိုင်ကိုယ်ကိုမတ်လိုက်ပြီး မေးကြည့်လိုက်သည်။
လုပေါ်ယွမ် : "တအားရှည်တယ် ကိုယ့်ဘာသာကြည့်ကြည့်"
ကျန်းရုန် သိချင်စိတ်ကြောင့် ဖုန်းကိုချက်ချင်းထုတ်ကြည့်လိုက်သည်။ သူ့ရဲ့Side Accountဆီဝင်လိုက်သည့်ခဏ တစ်ပြိုင်နက်တည်းဆိုသလို ထိုအင်တာဗျူးက သူ့newsfeedတွင်ပေါ်လာလေသည်။
အင်တာဗျူး၏ပထမတစ်ဝက်က အဆင်ပြေနေသေးသလို မေးခွန်းတွေကလည်း ဂိမ်းနဲ့သက်ဆိုင်သည်များသာ။ သို့သော်လည်း နောက်တစ်ဝက်မှာတော့ သတင်းထောက်ကသူ့အား ဒီနှစ်ကမ္ဘာ့ဖလားပွဲတွင် ဘယ်အသင်းကိုမှတ်မှတ်ရရ,ရှိလဲဟူ၍ မေးလာသည်။
Masterက အတော်ကြာသည်အထိ အဖြေကိုစဥ်းစားနေသည်။ ထိုကဲ့သို့မေးခွန်းမျိုးတွင် ဒီလိုတိတ်ဆိတ်နေသည်ကပင် တစ်ဖက်လူတွေကို လှောင်ပြောင်သရော်နေသည်ဟု သတ်မှတ်လို့ရနေပြီပင်။ အတော်လေးကြာသွားတော့မှ သူကLECကM7အသင်းဟူ၍ ပြန်ဖြေလာသည်။
သတင်းထောက်က တအံ့တသြဖြစ်သွားသည်ကြောင့် မျက်ခုံးပင့်လိုက်ပြီး မေးခွန်းထုတ်လာသည် : ပြီးခဲ့တဲ့ရာသီမှာ semifinalရော finalမှာရော မင်းတို့နဲ့ပြိုင်ခဲ့တာ LPLအသင်းတွေမဟုတ်ဘူးလား? LECအစား LPLကအသင်းတွေကို မှတ်မှတ်ရရ,ရှိသင့်တယ်မဟုတ်ဘူးလားဗျ?
Masterကခေါင်းတစ်ငြိမ့်ငြိမ့်နှင့် ပြောလာသည် : LPLအသင်းတွေနဲ့ကစားရတာက LCKအသင်းတွေနဲ့ကစားနေရသလိုပဲဆိုတော့ အခြားဘာမှတောင်မခံစားမိဘူး။
သတင်းထောက် : ဘာလို့အဲ့လိုတွေးတာလဲ?
Masterကတစ်ခစ်ခစ်ရယ်လျက် ဆိုလာသည် : အာ တောင်းပန်တယ်နော် ဖြစ်နိုင်တာ အဲ့ဒီအင်အားကြီးတယ်ဆိုတဲ့အသင်းထဲ LCKကနေအထုတ်ခံလိုက်ရတဲ့ ကိုရီးယားplayerတွေက သုံးယောက်တောင်လေ။ အသင်းတစ်ခုလုံးကလည်း ကိုရီးယားတွေနဲ့ပြည့်နေတာဆိုတော့ ကျွန်တော့်စိတ်ထဲ ကိုယ့်regionကအသင်းနဲ့ ပြိုင်နေရသလို ခံစားသွားရလို့။
"ငလူး...."
ရှောင်ပိုင်ကြည့်နေသည်မှာ ဘယ်အပိုင်းလဲဆိုတာ မသဲကွဲပေမယ့် သူထိန်းမထားနိုင်တော့ပဲ ဆဲလိုက်မိတော့သည်။
ကျန်းရုန်က နားကြပ်ကိုနားတစ်ဖက်မှာပဲတပ်ထားပြီး အေးစက်စက်အမူအရာနှင့် အင်တာဗျူးကိုဆက်ကြည့်နေသည်။
သတင်းထောက် : ဒါလည်းမှန်တာပဲ၊ ဒီနှစ်တွေအတွင်း LPLကတိုးတက်လာပြီဆိုပေမယ့် ငါတို့နိုင်ငံကplayerတွေကို လိုချင်နေကြတုန်းပဲ။ ဒါဆိုTTCကျတော့ရော? သူတို့အသင်းကတရုတ်တွေချည်းပဲလေ။
Masterကချက်ချင်းပြန်ဖြေသည် : သူတို့လည်းအရမ်းမကောင်းပါဘူး၊ အသင်းတစ်ခုလုံးက Roadကိုမှီခိုနေရတာ။ ဒါပေမယ့် အခုနောက်ပိုင်း Roadကလည်း ကောင်းကောင်းမကစားနိုင်တော့ဘူးလေ။ Semifinalတုန်းကဆို သူတို့Subကိုလွှတ်လိုက်တော့ သူတို့နဲ့ပြိုင်ခဲ့ရတာ တအားပျင်းဖို့ကောင်းလွန်းတယ်။
ထိုအခိုက်မှာတော့ ကျန်းရုန်ဖုန်းကိုပိတ်လိုက်ပြီး ဆိုဖာပေါ်ပစ်တင်လိုက်သည်။
"ငလူး" ရှောင်ပိုင်ကတော့ နောက်တစ်ကြိမ် ဆဲလိုက်မိပြန်သည်။ "ဘယ်သူက ကောင်းကောင်းမကစားတာလဲ? သူသာကောင်းကောင်းမကစားတာ သူဒီလိုစိတ်ကြီးဝင်တဲ့စိတ်တွေ ဘာနေရာကရလာလဲမသိဘူး"
ရှောင်ပိုင်မှာMasterကို ဆဲဆိုနေသည်ဖြစ်ကာမူ သူ့စကားလုံးတွေအပေါ် ယုံကြည်ချက်တော့သိပ်မရှိချေ။ အဘယ်ကြောင့်ဆို semifinalအတွင်း KanကMasterဆီကနေ လုံးလုံးလျားလျား အဖိနှိပ်ခံခဲ့ရသလို သူတို့တစ်ယောက်ချင်းစီကလည်း အကြောင်းပြချက်အမျိုးမျိုးကြောင့် သေချာမကစားနိုင်ခဲ့။ အဆုံးမှာတော့ HTက သူတို့အားသူတို့၏ကိုယ်ပိုင်Nexusမှာပင် တစ်စစီဖျက်ဆီးသွားခဲ့လေသည်။
ကျန်းရုန်မထိန်းနိုင်တော့ပဲ လုပေါ်ယွမ်ကိုကြည့်လိုက်မိသည်။
လုပေါ်ယွမ်က ဗီဒီယိုအား အစအဆုံး ကြည့်ပြီးသွားပြီဖြစ်သည်။ သူ့ရဲ့အမူအရာကတော့ နဂိုအတိုင်းတည်ငြိမ်နေဆဲ၊ လတ်တလောတွင် သူကမက်ဆေ့ချ်ကို စာပြန်နေသည်။
[PUD,XIU : သူကငါတို့Mid Lanerကို "LCKကနေအထုတ်ခံလိုက်ရတဲ့player"လို့ ခေါ်လိုက်တာလေ။ အခုတော့ ငါတို့Midက မျက်လုံးနီနီကြီးနဲ့ Platinumမှာငါးကြော်ဖြစ်နေပြီ]
[R : အဲ့ဒီလိုဆိုရင် သူ့ကိုဒူပေဒါပေခံနိုင်ဖို့ လေ့ကျင့်ပေးဖို့လိုသေးတာပဲ]
[PUD,XIU : ?]
[PUD,XIU : အေးပါအေးပါအေးပါ မင်းရဲ့Mid Lanerကတော့ အရမ်းဒူပေဒါပေခံနိုင်တာနော်။ တကယ်လို့ Masterသရော်လိုက်တာ Softသာဖြစ်ကြည့်ပါလား သူချက်ချင်းကိုရီယားဆီသွားဖို့ လေယာဥ်လက်မှတ်သွားဖြတ်လိမ့်မယ်]
ကျန်းရုန် အတွေးယာဥ်ကြောထဲစီးမြောနေရင်း လုပေါ်ယွမ်ကိုငေးကြည့်နေမိသည်။ ထိုအချိန်တွင် တစ်ဖက်လူက ရုတ်တရက်လှည့်လာသည့်အခါ သူ့အကြည့်တွေနှင့် သွားဆုံတော့သည်။
"...." ခိုးကြည့်နေသည်ကို လက်ပူးလက်ကြပ်မိသွားတာကြောင့် မတော်တဆလိုလိုထင်သွားစေရန် ကျန်းရုန် ချက်ချင်းဆိုသလို အကြည့်လွှဲလိုက်မိသည်။
"မင်းMasterနဲ့ပြိုင်ဖူးလား" ရုတ်တရက်ကြီး လုပေါ်ယွမ်ကမေးလာသည်။
လှည့်မကြည့်ခင် ကျန်းရုန်ခဏတန့်သွားပြီးမှ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "လွန်ခဲ့တစ်နှစ်လောက်တုန်းကတော့ ကိုရီးယားဆာဗာမှာ တစ်ခါတိုးဖူးတယ်။ ဒါပေမယ့် ကျွန်တော်မနိုင်ခဲ့ဘူး"
လုပေါ်ယွမ်က ခေါင်းအသာငြိမ့်ပြလာကာ နောက်ထပ်တစ်ခုခုပြောချင်နေပုံပေါ်သည်။
"သူကျွန်တော့်ကို တစ်ခါsolo killဖူးပေမယ့် ကိစ္စတော့မရှိပါဘူး" ကျန်းရုန်ဆက်ပြောလိုက်သည်။ "နောက်တစ်ကြိမ်အဲ့လိုထပ်ဖြစ်မှာမဟုတ်တော့ဘူး။ နောက်တစ်ခေါက်ကျရင် ကျွန်တော်ထပ်ပြီးSolo killမခံရအောင် ကြိုးစားမယ်။ အဲ့တစ်ခေါက်ပြီးရင်တော့ Solo killမယ့်သူက ကျွန်တော်ဖြစ်အောင်ကြိုးစားမယ်"
သူထိုကဲ့သို့ပြောပြီးပြီးချင်းမှာပဲ ရှောင်ပိုင်ရဲ့အခြားလက်တစ်ဖက်က သူ့ပုခုံးပေါ်ရောက်လာသည်။ "ကြမ်းချက်ပဲ! ငါမင်းကိုယုံတယ်! မင်းသေချာပေါက်လုပ်နိုင်တယ်!"
"သေချာပေါက်ငါလုပ်နိုင်တာပေါ့" ကျန်းရုန်ကပြောလာသည်။ "မင်းလက်ငါ့ပေါ်ကဖယ်ဦး"
လုပေါ်ယွမ်ကသူ့အား စက္ကန့်အနည်းငယ်လောက် ငေးကြည့်နေသည်။ သူ့မျက်ဝန်းတွေထဲကအဓိပ္ပါယ်ကို ကျန်းရုန်နားမလည်နိုင်ပေ။
ကျန်းရုန်Masterဆီကနေ Solo killခံလိုက်ရတယ်ဆိုတဲ့အချက်ကိုများ မကြိုက်လို့လား?
အစောပိုင်းတုန်းက ကျန်းရုန် အဲ့ဒီထက်ပိုမိုက်အောင် ပြောခဲ့သင့်ပုံပေါ်သည် : နောက်တစ်ကြိမ်ကျရင်တော့ ကျွန်တော်MasterကိုSolo killပြမယ် ဟူ၍ဖြစ်သင့်သည်ပင်။
သူ့စကားကိုအမှန်ပြင်မည်အချိန် လုပေါ်ယွမ်ကတော့ အကြည့်လွှဲပြီးသွားပြီဖြစ်ကာ တင်းကောနှင့် လာမည့်ပြိုင်ပွဲအတွက် banရမည့်အကြောင်းအား ဆွေးနွေးနေသည်။
သိပ်မကြာခင်မှာပဲ MFGကSquidအား 2:0ရလဒ်ဖြင့် ရိုက်ချလိုက်ပြီး ဝန်ထမ်းတစ်ယောက်ကလည်း သူတို့အခန်းတံခါးအားလာခေါက်ကာ စင်ပေါ်တက်ရန်ပြင်ဆင်ထားဖို့ လာအသိပေးသွားသည်။
ကျန်းရုန် နားနေခန်းထဲကထွက်သည့်အချိန်၌ Baseပြန်ဖို့လုပ်နေသည့်Squidနှင့် ထိပ်တိုက်တိုးလေသည်။
Doufuကဖုန်းကြည့်နေကာ သူ့မျက်နှာကပုပ်သိုးနေသည်။ သူကနားကြပ်မတပ်ထားသည့်အတွက် အသံကအကျယ်ကြီးထွက်နေကာ နားထောင်ကြည့်ရုံနှင့်တင် Master၏အင်တာဗျူးကိုကြည့်နေမှန်း သိသာလေသည်။
ဗီဒီယိုတစ်ဝက်ကိုရောက်သည့်အခါ ဖုန်းမျက်နှာပြင်ပေါ်ကလူကို Doufuဆဲတော့သည်။ "စောက်ရူး..."
တင်းကောခမျာတော့ သောက်ရမ်းကံဆိုးတာပဲဟု တွေးလိုက်မိတော့သည်။ သူချက်ချင်းကျန်းရုန်ရဲ့ဘယ်ဘက်မှာ ရပ်လိုက်ပြီး ဒီလူနှစ်ယောက်ကြားမှာ ဘာကိစ္စမှရှိမလာစေရန် ကာကွယ်ဖို့ကြံစည်နေရသည်။
သူတို့တစ်ယောက်နဲ့တစ်ယောက်ဖြတ်သွားတော့ ကျန်းရုန်တို့ဖူးဆီသို့ အေးစက်စက်အကြည့်တစ်ချက် ပစ်သွင်းလိုက်သည်။
တို့ဖူးကလည်း ထိုအကြည့်ကိုဖမ်းမိသည်။ သူတစ်ချက်လှမ်းရှိုးလိုက်တော့ လုပေါ်ယွမ်က ခပ်လှမ်းလှမ်းကိုရောက်သွားပြီဆိုတာ တွေ့လိုက်ရသည်နှင့် သူချက်ချင်းရပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးနှင့်မေးလိုက်သည်။ "ဘာတွေလာကြည့်နေတာလဲ??"
တင်းကော : "သူ...."
"ဘာရယ်မဟုတ်ပါဘူး" ကျန်းရုန်လိုရင်းတိုရှင်းပြန်ပြောပေးလိုက်သည်။ "မင်းလည်းလူစကားပြောတတ်ပါလားဆိုတာသိလိုက်ရတော့ အံ့သြသွားလို့"
တို့ဖူး : "........"
__
အားလုံးမျှော်မှန်းထားသည့်အတိုင်း TTCက2:0ရလဒ်နှင့်အတူ ဒုတိယပြိုင်ပွဲကို အနိုင်ရလိုက်သည်။
ဒီတစ်ကြိမ်မှာတော့ MVPကလုပေါ်ယွမ်ဖြစ်သွားပြီး အင်တာဗျူးအတွက်hostကတော့ အရင်အတိုင်းထန်ချင်းပင်။
ဒီနေ့မှာ ထန်ချင်းက အဖြူရောင်လက်ပြတ်ဂါဝန်အရှည်ကို ဝတ်ထားကာ ကျန်းရုန်မှာတော့ သူ(မ)ရဲ့လက်မောင်းတွေကို ကြည့်လိုက်ရုံနှင့်တင် သူ့အစားချမ်းနေလေပြီ။
"ထန်ချင်းကျဲကကြည့်လို့ကောင်းလိုက်တာ အရပ်လည်းရှည်ပြီးပိန်လည်းပိန်သေး" ရှောင်ပိုင်ကဆိုဖာကိုမှီကာ ပြောနေခြင်းဖြစ်ပြီး သူ့ရဲ့အရံပစ္စည်းလွယ်အိတ်ကိုလည်း ပိုက်ထားသေးသည်။
ပဟေဠိဂိမ်းတစ်ခုကိုကစားနေရင်း Pineကပြောလာသည်။ "မင်းလည်းတစ်ပတ်လောက် ဘာမှမစားပဲနေရင် သူ့လိုဖြစ်သွားလိမ့်မယ်"
"ကိုယ့်ဂိမ်းကိုယ်ကစားနေ!"
ကျန်းရုန်မေးထောက်လိုက်ပြီး TVမှာပြသနေတဲ့အင်တာဗျူးကို ငြိမ်ငြိမ်လေးကြည့်နေလိုက်သည်။
အချို့လူတွေက အပြင်မှာကြည့်ကောင်းကြပေမယ့် Cameraထဲမှာဆိုလျှင် ကြည့်ရဆိုးသွားတတ်ကြသည်။ သို့သော်ငြား လုပေါ်ယွမ်ကတော့ အပြင်မှာရောဖန်သားပြင်ပေါ်မှာပါ ကြည့်ကောင်းသည့်သူပင်။
သူကပေါ့ပေါ့ပါးပါးရပ်နေသည်ဆိုပေမယ့် သူ့ရဲ့ကျောရိုးကရော၊ လည်ပင်းကပါ ဖြောင့်မတ်နေသည်။ အကယ်၍ ဝတ်စုံပြည့်သာဝတ်လိုက်ပါက Red Carpetအင်တာဗျူးနှင့်ပင် အထင်မှားသွားလောက်သည်။
ထန်ချင်းကအပြုံးချိုချိုလေးနှင့်ပင်။ အစကတော့ သူ(မ)နှင့်လုပေါ်ယွမ်ကြားတွင် လူတစ်ယောက်စာလောက် ခြားနေသည်ဆိုပေမယ့် သူတို့စကားပြောကြသည့်အခါ သူ(မ)ကလုပေါ်ယွမ်နားကို တစ်ဖြေးဖြေးကပ်ကပ်သွားသည်။
ကျန်းရုန်မျက်ခုံးတို့တွန့်ချိုးသွားလေသည်။
အင်တာဗျူးဖြေတာဒီလောက်ကပ်စရာလိုလား? ဒီလိုရပ်နေမှတော့ ကြပ်ညပ်မနေဘူးလား?
သူဒီလိုတွေးလိုက်ရုံရှိသေး၊ လုပေါ်ယွမ်က မေးခွန်းကိုဖြေပြီးသည့်အခါ ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက်မှာတော့ သူကညာဘက်ကိုနည်းနည်းရွှေ့သွားလေသည်။
သူ့ကောင်မလေးကို စာပြန်ပြီးသည်နှင့် ယွမ်ချန်းကခေါင်းမော့လာပြီး ဝမ်းပန်းတနည်းသက်ပြင်းချသည်။ "ခေါင်းဆောင်သာ ငါ့ကိုသူ့ချောမောမှုတွေ တစ်ဝက်လောက်ခွဲပေးရင်ကွာ"
"ကောမှာကောင်မလေးတောင်ရှိနေပြီဟာကို၊ ပြီးတော့ ကောလည်းချောပါတယ်" ရှောင်ပိုင်ခဏတန့်လိုက်ပြီးမှ "ဒီလိုအတူရပ်နေတော့ ငါ့ကောနဲ့ထန်ချင်းကျဲနဲ့ အရမ်းလိုက်ဖက်တယ်လို့ မထင်ကြဘူးလား? မင်္ဂလာဆောင်နဲ့တောင်တူ...."
"မထင်ပါဘူး" ကျန်းရုန် အေးစက်စက် သူ့ကိုဖြတ်ပြောလိုက်သည်။ "တစ်စက်မှမလိုက်ဖက်ဘူး"
ရှောင်ပိုင်မှာကြောင်အမ်းသွားလေသည်။ ပြီးတော့မှ ချက်ချင်းဆိုသလို သဘောပေါက်သည့်အထာနှင့် ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ပြလိုက်သည်။ "အာ မင်းကငါ့ကောရဲ့ပရိတ်သတ်ဆိုတော့ ငါ့ကောရဲ့တွဲဘက်အတွက် ခပ်မြင့်မြင့်မျှော်မှန်းထားတာ ပုံမှန်ပါပဲ။ မလိုက်ဖက်ဘူး မလိုက်ဖက်ဘူး ဒီလောကကြီးထဲမှာ ဘယ်သူမှငါ့ကောနဲ့လိုက်ဖက်ဖို့ မထိုက်တန်ဘူး"
ကျန်းရုန် : "...."
ကျန်းရုန်သူနဲ့စကားပြောနေရသည်အား လုံးဝသဘောမကျတော့ပေ။
လုပေါ်ယွမ် နားနေခန်းဆီပြန်ရောက်လာသည့်အခါ အားလုံးကသူတို့ပစ္စည်းတွေကို သိမ်းဆည်းလိုက်ပြီး အနောက်ထွက်ပေါက်နေ ထွက်လာခဲ့ကြသည်။
ကားကတံခါးရှေ့တွင်စောင့်နေသည်။ ကျန်းရုန်ကတော့ သူ့ရဲ့ဆောင်းတွင်းဝတ်ပစ္စည်းတွေကို ပြန်ဝတ်ဖို့အတော်လေးပျင်းသွားပြီမို့ ကျောပိုးအိတ်ထဲသာ မာဖလာကိုထိုးထည့်လိုက်ပြီး လက်ထဲမှာတော့ ကုတ်အင်္ကျီကိုကိုင်ထားရင်း အပြင်ကိုလျှောက်လာခဲ့သည်။
ဒီနေ့မှာ သူတို့ကဒုတိယပွဲတွင်ကစားရမည့်အတွက် သူတို့ဘယ်အချိန်အားကစားရုံ၌ ပေါ်လာမည်ဆိုတာ မတိကျသည်ကြောင့် သူတို့ရောက်သည့်အချိန်တွင် စောင့်နေသည့်သူ များများစားစားမရှိချေ။ သို့သော် သူတို့ပြန်သည့်အချိန်မှာတော့ ပရိတ်သတ်တော်တော်များများက အနောက်ဘက်ဂိတ်တွင် စောင့်နေကြသည်။
ဒီတစ်ခေါက်က ကျန်းရုန် ပထမဆုံးအကြိမ် ပြိုင်ပွဲပြီးတဲ့နောက် ပရိတ်သတ်တွေလိုက်ပို့ခြင်းခံရသည်ပင်။
ပရိတ်သတ်တွေက သူတို့ကားဆီရောက်သည်အထိ တစ်လျှောက်လုံး အလွန်ကျယ်ကျယ်လောင်လောင် အားပေးနေကြပြီး အားလုံးနီးပါးက လုပေါ်ယွမ်၏နာမည်ကို အော်ဟစ်နေကြခြင်းသာ။
ကျန်းရုန် ခပ်မြန်မြန်လျှောက်သွားလိုက်သည်။ သူကားပေါ်တက်တော့မည့်ခဏ :
"Soft—" ယောကျာ်းတစ်ယောက်၏အသံက ဘေးဘက်ကနေထွက်ပေါ်လာသည်။ "မင်းဘာလို့ငါပေးတဲ့မာဖလာကိုမဝတ်ထားတာလဲ!!!!"
ကျန်းရုန် : "...."
သူ့ခြေလှမ်းတွေတောင့်ခဲသွားပြီး အသံလာရာဆီ လှည့်ကြည့်လိုက်မိသည်။
ထိုယောကျာ်းက အမဲရောင်ပါကာကုတ်ကို ဝတ်ထားပြီး အမဲရောင်Maskကိုလည်း တပ်ထားသည်။ သူကခပ်ငယ်ငယ်သာဖြစ်ပြီး ဖုံးကွယ်ထားခြင်းမရှိတဲ့ မျက်ဝန်းတွေက အလွန်အမင်းကိုကြည့်ကောင်းလှသည်။
သို့သော်လည်း ဒါကအရေးကြီးတဲ့အချက်မဟုတ်။
ကျန်းရုန် တစ်ချက်မှတုံ့ဆိုင်းမနေပဲ ချက်ချင်းထိုလူ့ဆီလျှောက်သွားလိုက်သည်။
အော်သံတွေအလယ်တွင် ကျန်းရုန်ရပ်လိုက်ပြီး မျက်လုံးတွေကိုမှေးကာ မေးလိုက်သည်။ "အဲ့ဒီမာဖလာကခင်များပို့တာလား?"
ထိုလူ : "ဟုတ်တယ်လေ ငါကိုယ်တိုင်ထိုးထားတာ"
"ကိုယ်တိုင်ထိုးတယ်......ခင်များမှာအဲ့လောက်အချိန်တွေပေါနေရင်လည်း ဂိမ်းဆော့ဖို့သုံးပါလား" ကျန်းရုန်ထိုလူအား သံသယဖြစ်စွာနဲ့ကြည့်လိုက်ပြီး သေချာအောင်ထပ်မေးကြည့်လိုက်သည်။ "အဲ့ဒီပေါ်မှာဘာစာလုံးတွေထိုးထားလဲ?"
"LPLရဲ့နံပါတ်တစ်....."
"ရပြီ" ကျန်းရုန်မျက်မှောင်ကျုံ့ကာ သူ့စကားကိုကြားဖြတ်လိုက်ပြီး ဇဝေဇဝါဖြစ်နေသည်ကြောင့် မေးကြည့်လိုက်သည်။ "ဘာလို့ ခင်များလိုအရွယ်ရောက်ပြီးသားယောကျာ်းကြီးက ငါ့ဆီမာဖလာပို့တာလဲ? အရမ်းရိုးမနေဘူးလား?"
ထိုအခါမှာတော့ ထိုလူမှာ ခဏလောက် ကြောင်အမ်းသွားလေသည်။ ပြီးတော့မှ သူကအလွန်သဘာဝကျကျပြောလာသည်။ "ဘာလို့ဆို ငါမင်းကိုသဘောကျလို့လေ"
"ငါ့ကိုသဘောကျရင် ပြိုင်ပွဲတွေသွားကြည့်။ ဒီလိုမျိုးအသုံးမဝင်တာတွေ မပို့နဲ့တော့" ကျန်းရုန်ပြောလိုက်သည်။
"အဲ့လိုမဟုတ်ဘူး" ထိုလူကပြုံးလိုက်သည်။ "ငါမင်းကိုသဘောကျတဲ့ပုံစံက မင်းအတွက်မာဖလာတွေထိုးပေးချင်တာမျိုး"
သူကြားလိုက်ရသည်ကို ကျန်းရုန်နားမလည်ချေ။ သူ့အသင်းသားတွေ ကားပေါ်ရောက်သွားကြပြီဆိုတာကို ကျန်းရုန်သိလိုက်တော့ သူ့မျက်ခုံးစွန်းတို့ အတူတွန့်ချိုးသွားတော့သည်။ "ဝေ့လည်ကြောင်ပတ်လုပ်နေတာရပ်လိုက်တော့"
ထိုလူကနည်းနည်းစဥ်းစားနေပုံပင်။ "ငါမင်းကိုသဘောကျတာမျိုးက မင်းနဲ့နက်နက်ရှိုင်းရှိုင်းဆက်ဆံချင်လာစေတယ်"
"နက်နက်ရှိုင်းရှိုင်း—" ကျန်းရုန်လန့်သွားပြီး သူနားကြားလွဲသွားသည်ဟုပင် တွေးလိုက်မိသည်။ "...ဘာကြီး? နောက်တစ်ခေါက်ထပ်ပြောပါဦး??"
လုံခြုံရေးဝန်ထမ်းတွေကလည်း သူတို့နားဆီချဥ်းကပ်လာပြီဖြစ်တာကြောင့် ထိုလူကကပျာကယာဆိုလာသည်။ "အရူးလေး ငါ့ကိုWechatမှာaddပါလား?"
ကျန်းရုန်မှာ ထိုလူရဲ့စကားလုံးတွေကို စဥ်းစားနေတုန်း တစ်စုံတစ်ယောက်က သူ့ကျောပိုးအိတ်ကိုဆွဲလာသည်။
ကျန်းရုန် နောက်နည်းနည်းလောက် ဆုတ်လိုက်မိတော့ သူ့ရဲ့ဘယ်ဘက်ပုခုံးက သူ့နောက်မှာရပ်နေသည့်သူနဲ့ သွားထိမိတော့သည်။
"ကားပေါ်တက်ချိန်ရောက်ပြီ" လုပေါ်ယွမ်ရဲ့အသံက ပျော့ပြောင်းပြီးတော့သြရှသည်။
ကျန်းရုန် သူ့ရဲ့အတွေးတွေကိုပြန်စုဆောင်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ "အို့"
"ခဏလေး" ထိုယောကျာ်းလေးပရိတ်သတ်က သူ့ကိုအော်ခေါ်လာပြန်သည်။ "ငါ့ကိုWechatမှာaddပါဆို"
လုပေါ်ယွမ်က ကျန်းရုန်ရဲ့အိတ်ကိုကိုင်ထားဆဲဖြစ်ပြီး ထိုလူကို ခပ်ယဲ့ယဲ့ တစ်ချက်ကြည့်လိုက်သည်။ "သူaddမှာမဟုတ်ဘူး"
ထိုလူ : "နတ်ဘုရားလု ဒါမင်းဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်....."
"ဒါသူဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ရင် ဘယ်သူဆုံးဖြတ်ရမှာလဲ?" ကျန်းရုန်ပြန်တည်ငြိမ်သွားပြီး နဂိုအမူအရာအတိုင်းပြန်ဖြစ်သွားလေပြီ။ သူကအမေးစကားနှင့် ပြန်ဖြေလိုက်သည်။ "မင်းများလား?"
ထိုလူ : "...."
သူတို့ကားထဲကိုရောက်သည့်အချိန် နောက်တန်းက ကပ်ရပ်ခုံနှစ်ခုံသာ ကျန်တော့သည်။ ကျန်တဲ့ခုံတွေအားလုံးက ပြည့်နေလေပြီ။
ကျန်းရုန်က လုပေါ်ယွမ်ရဲ့ဘေးမှာထိုင်ပြီး သူတို့ပုခုံးတွေက ထိမိနေကြသည်။ ကားစထွက်သည်ဆိုကတည်းက သူပြတင်းပေါက်အပြင်ကို ငေးကြည့်နေမိသည်။
"ကိုယ်တို့ပြန်ရောက်တဲ့အခါ Azirကိုလေ့ကျင့်ဖို့ မင်းဆုံးဖြတ်လို့ရတယ်"
အတော်ကြာတဲ့အထိ ပြန်ဖြေလာသံမကြားရတော့ လုပေါ်ယွမ် ခေါင်းစောင်းကြည့်လိုက်သည်။ "ကျန်းရုန်"
ကျန်းရုန်ကတစ်ဖြေးဖြေးမော့ကြည့်လာသည်။ "အမ်"
လုပေါ်ယွမ်သူ့မျက်ဝန်းတွေကိုနှိမ့်လိုက်တော့ ကျန်းရုန်ရဲ့အကြည့်နှင့် ဖျတ်ခနဲသွားဆုံသည်။ "ဘာတွေတွေးနေတာလဲ"
"ကျွန်တော်တွေးနေတာ" စိတ်ရှုပ်နေသည့်အမူအရာနှင့် ကျန်းရုန်မေးကြည့်လိုက်သည်။ "ခုဏကတစ်ယောက်က ယောကျာ်းလေးမလား?"
လုပေါ်ယွမ် : "အွန်း"
ကျန်းရုန် : "ကျွန်တော်လည်းယောကျာ်းပဲ"
လုပေါ်ယွမ် : "အွန်း"
"သူကျွန်တော့်ကိုလှောင်သွားတာလား?" ကျန်းရုန် ခဏလောက်ချီတုံချတုံဖြစ်ပြီးမှ မသေမချာနှင့်မေးကြည်ြလိုက်သည်။ "ကျွန်တော်ကမိန်းကလေးနဲ့တူတယ်ဆိုပြီး?"
လုပေါ်ယွမ်က သူ့ကိုနှစ်စက္ကန့်လောက် ငေးကြည့်နေပြီးမှ ခေါင်းကိုအခြားဘက်သို့စောင်းကာ ရယ်တော့သည်။
ကျန်းရုန်မှာ အူတူတူအတတလေးနှင့် လုပေါ်ယွမ်ရယ်လို့ပြီးကာ သူ့ကိုပြန်လှည့်ကြည့်လာသည်အထိ စောင့်နေမိသည်။ လမ်းမီးရောင်တွေက လုပေါ်ယွမ်ရဲ့မျက်နှာပေါ် ဖြာကျနေကာ သူ့ရဲ့ကြည့်ကောင်းလှတဲ့ မျက်နှာအစိတ်အပိုင်းတွေကို ဝေဝေဝါးဝါးအလင်းရောင်နှင့်အရိပ်တစ်လွှာက ဖုံးကာထားသည်။ ကျန်းရုန်ရဲ့ပုံရိပ်ကတော့ လုပေါ်ယွမ်ရဲ့မျက်ဝန်းတွေထဲမှာ ထင်ဟပ်နေလေသည်။
"....ဒီလိုအရာတွေသင်ပေးဖို့ မင်းကငယ်သေးတယ်ဆိုပေမယ့်" လုပေါ်ယွမ်က သူ့အသံကိုတိုးလိုက်သည်ကြောင့် စကားလုံးတစ်လုံးစီတိုင်းက ကျန်းရုန်ရဲ့နားထဲကို တူသေးသေးလေးနှင့် ထုနေသလိုပင်။ "ကျန်းရုန် တစ်ယောက်နဲ့တစ်ယောက်သာ သဘောကျနေသရွေ့ ယောကျာ်းတစ်ယောက်ကလည်း အခြားယောကျာ်းတစ်ယောက်နဲ့ ချိန်းတွေ့လို့ရတယ်"
___
[Zawgyi]
ေယာက်ာ္းတစ္ေယာက္ကလည္း အျခားေယာက်ာ္းတစ္ေယာက္နဲ႔ ခ်ိန္းေတြ႕လို႔ရတယ္
ၿပိဳင္ပြဲေန႔သို႔အေရာက္တြင္ ရွန္ဟိုင္း၌ အပူခ်ိန္ထိုးက်သြားသည္။ က်န္း႐ုန္ကေတာ့ ဘတ္စ္ကားေပၚတြင္လည္း အပူေပးစက္ရွိၿပီး အားကစား႐ုံထဲမွာလည္း ေႏြးေနမည့္အေၾကာင္း စဥ္းစားလိုက္မိေတာ့ အသင္းယူနီေဖာင္းတစ္ထည္တည္းသာဝတ္ၿပီး ေအာက္ထပ္ဆင္းလာခဲ့သည္။ အဆုံးမွာေတာ့ က်န္း႐ုန္မွာတင္းေကာဆီကေန ေနာက္ထပ္ကုတ္တစ္ထပ္သြားဝတ္ဖို႔ တြန္းအားေပးခံလိုက္ရေလသည္။
သူ႔အခန္းထဲကမထြက္ခင္ အခ်ိန္အေတာ္ၾကာသည္အထိ က်န္း႐ုန္ ခ်ီတုံခ်တုံျဖစ္ေနၿပီးမွ ေနာက္ဆုံးတြင္ေတာ့ နံရံေပၚတြင္ခ်ိတ္ထားသည့္ တစ္ခုတည္းေသာမာဖလာကို လည္ပင္းတြင္ပတ္လိုက္ေတာ့သည္။
"အဲ့ဒီမာဖလာကိုတကယ္ႀကီးသုံးေနတာလား" သူကားေပၚကိုေရာက္ေရာက္ခ်င္း ေရွာင္ပိုင္က ထိုေမးခြန္းအား အံ့ၾသသြားဟန္ႏွင့္ မ်က္လုံးျပဴးကာေမးလာသည္။
လုေပၚယြမ္ေမာ့ၾကည့္လိုက္သည္။ က်န္း႐ုန္က အျဖဴေရာင္ပါကာကုတ္အကၤ်ီကို ဝတ္ထားၿပီး ခဲေရာင္မာဖလာကို လည္ပင္းတြင္ပတ္ထားသည္။ သူကမာဖလာအား ဂ႐ုတစိုက္မရွိ ေလ်ာ့ရိေလ်ာ့ရဲပတ္ထားကာ မာဖလာက သူ႔ရဲ့ႏွာေခါင္းနားထိ ဖုံးအုပ္ထားသည္ေၾကာင့္ က်န္း႐ုန္ရဲ့မ်က္ႏွာအား နဂိုထက္ပင္ပိုေသးသေယာင္ ထင္ရေစသည္။
"စာလုံးေတြကို ေနာက္မွာထားတာေတာ့ ျမင္ရမွာမဟုတ္ဘူး" အျပင္မွာအရမ္းကိုေအးလြန္းေနသည့္အတြက္ စကားေျပာလိုက္သည့္အခါ က်န္း႐ုန္ပါးစပ္ထဲကေန အျဖဴေရာင္ျမဴေငြ႕တို႔ ထြက္လာသည္။ "ဘယ္လိုပဲျဖစ္ျဖစ္ အားကစား႐ုံေရာက္ရင္ ခၽြတ္ထားရမွာပဲေလ"
ေရွာင္ပိုင္ က်န္း႐ုန္အား "အို႔"ဟုျပန္ေျဖလိုက္ၿပီးမွ လုေပၚယြမ္ကို လွည့္ၾကည့္လိုက္သည္။ "ေကာ၊ ဘာလို႔ ေကာပရိတ္သတ္ေတြပို႔လိုက္တဲ့ မာဖလာဝတ္မလာတာလဲ? ေကာရတဲ့မာဖလာေတြအားလုံးက အေသးစိတ္လုပ္ထားရတာေတြခ်ည္းပဲ။ တစ္ထည္မွာဆို အသင္းတံဆိပ္ေသးေသးေလးေတာင္ ပါေသးတယ္"
လုေပၚယြမ္က ေခါင္းငုံ႔ကာဖုန္းသုံးေနရင္းမွ ျပန္ေျဖလာသည္။ "အရမ္းမ်ားေနလို႔ မဝတ္ေတာ့ဘူး"
ေရွာင္ပိုင္နားမလည္ေပ။ သူေမးၾကည့္ဖို႔အလုပ္ ေဘးကယြမ္ခ်န္းက အစားကူေျဖေပးလာသည္။ "မာဖလာေတြအမ်ားႀကီးရထားေတာ့ သူတစ္ထည္ဝတ္လိုက္ရင္ အျခားမာဖလာပို႔ေပးထားတဲ့ ပရိတ္သတ္ေတြကလည္း သူတို႔ေပးတာဘာလို႔မဝတ္လဲဆိုၿပီး ေစာဒကတက္လာမယ္ေလ။ အဲ့ေတာ့ သူတို႔ေပးတဲ့တစ္ခုမွမဝတ္တာ အေကာင္းဆုံးပဲ"
က်န္း႐ုန္ သူ႔ကိုယ္ပိုင္မာဖလာကို ငုံ႔ၾကည့္လိုက္ၿပီး ေတြးလိုက္သည္။ ဒီေလာင္က်စ္သာ ေနာင္ထပ္မာဖလာတစ္ထည္ထပ္ရလို႔ကေတာ့ ဒီ႐ုပ္ဆိုးဆိုးဟာကို ဖင္ထိုင္ခုလုပ္ပစ္လိုက္မယ္ ဟူ၍။
သူထိုကဲ့သို႔ေတြးေနသည္ျဖစ္ေသာ္ျငား မာဖလာကေတာ့ သူ႔လည္ပင္းေပၚေရာက္ေနေလၿပီ။ အခ်ိဳ႕ေပါက္ကရစာလုံးေတြကို ဖယ္ထားလိုက္လၽွင္ မာဖလာကအရမ္းေႏြးေနဆဲပင္။
ေႏြဦးရာသီၿပိဳင္ပြဲေတြ၌ တစ္ေန႔လၽွင္ ၿပိဳင္ပြဲႏွစ္ပြဲရွိသည္။ ဒီေန႔တြင္ သူတို႔ကဒုတိယပြဲမွာ ကစားရမည္ျဖစ္ၿပီး ည၇နာရီတြင္ စတင္မည္ျဖစ္သည္။ သူတို႔ရဲ့ၿပိဳင္ဘက္အသင္းကေတာ့ LDLမွထြက္လာ႐ုံရွိေသးသည့္ အသင္းငယ္ေလးပင္။ ပထမၿပိဳင္ပြဲကေတာ့ Squidႏွင့္MFG ၿပိဳင္ရမည္ျဖစ္သည္။
Squidႏွင့္ႏွစ္ခါဆက္တိုက္ ထိပ္တိုက္တိုးၿပီးသြားခ်ိန္မွာေတာ့ တင္းေကာတစ္ေယာက္ LPLကရည္ရြယ္ခ်က္ရွိရွိ လုပ္ေနသည္လားဆိုတာ သံသယစဝင္လာေလၿပီ။
"က်န္း႐ုန္" သူတို႔ကားေပၚကမဆင္းမီ တင္းေကာကက်န္း႐ုန္အား တိတ္တိတ္ေလးညႊန္ၾကားေနသည္။ "Squidရဲ့နားေနခန္းက ငါတို႔နဲ႔ကပ္ရပ္မွာ။ တကယ္လို႔ မင္းသူ႔ကိုေတြ႕ရင္ ေလလို႔ပဲသေဘာထားလိုက္ေနာ္"
က်န္း႐ုန္မာဖလာေအာက္ေန ျပန္ေျဖေပးလိုက္သည္။ "အြန္း"
သို႔ေသာ္လည္း သူတို႔အားကစား႐ုံကိုေရာက္သည့္အခ်ိန္၌ ၿပိဳင္ပြဲကပင္စေနေခ်ၿပီ။
သူတို႔TVကိုဖြင့္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ Kongkongကသူတို႔Junglerႏွင့္ ပူးေပါင္းကာ bot laneတြင္ 4v2ခ်ေနသည္အား ေတြ႕လိုက္ရသည္။ Doufuမွာ ခ်က္ခ်င္းဆိုသလို သုတ္သင္ခံလိုက္ရေလသည္။
"Doufuကစားတာ ဟိုတစ္ပတ္ကထက္ေတာင္ ပိုဆိုးလာေသးတယ္" Pineက ဘယ္သူ႔မွဂ႐ုမစိုက္ဟန္ျဖင့္ ေကာက္ခ်က္ခ်သည္။
"ငါ့အထင္ သူကအစကတည္းကသာမန္ပါပဲ။ အဓိကအခ်က္က သူကၾကည့္ေကာင္းေတာ့ မိန္းကေလးပရိတ္သတ္ေတြ အမ်ားႀကီးရွိလာတာ။ သူ႔ပရိတ္သတ္ေတြကလည္း ေနရာတကာ သူကနံပါတ္တစ္ADCတို႔ဘာတို႔ ေလၽွာက္ႂကြားေနၾကတာေလ၊ ျမင္ပါမ်ားေတာ့ အားလုံးကလည္း ဟုတ္သလိုလိုဘာလိုလိုနဲ႔ ယုံလိုက္ၾကေတာ့တာပဲ" ယြမ္ခ်န္းက ေခါင္းကိုလက္နဲ႔ေထာက္လိုက္ၿပီး ဆက္ေျပာလာသည္။ "သူ႔ေနရာယူပုံကလည္း တအားကို႔ရို႔ကားရားနိုင္ေသးတယ္။ ဒီတစ္ေခါက္မွာဆို သူကရန္သူရဲ့attack rageဆီ တည့္တည့္ႀကီးေျပးဝင္သြားတာေနာ္။ ဒါလည္းskillတစ္ခုပဲ...."
"ဘာနံပါတ္တစ္ADCလဲ၊ အဲ့ေကာင္က ကၽြန္ေတာ့္P-babyနဲ႔ ယွဥ္နိုင္လို႔လား?" ေရွာင္ပိုင္Pineရဲ့ပုခုံးကို လွမ္းဖက္လိုက္သည္။ "ကၽြန္ေတာ့္P-babyက သူ႔ထက္အရပ္ပိုရွည္တယ္၊ ပိုလည္းေခ်ာတယ္၊ ကစားတာလည္းသူ႔ထက္ေကာင္းတယ္!"
Pine : "မင္းလက္ေမာင္းကိုငါ့ေပၚလာမတင္နဲ႔"
သူကထိုသို႔ေျပာလိုက္ေသာ္လည္း ေရွာင္ပိုင့္လက္ကိုခါေတာ့မထုတ္လိုက္ေပ။ ေရွာင္ပိုင္ သူ႔ေဘးမွာထိုင္ေနတဲ့က်န္း႐ုန္ကို ေမးဆတ္ျပလိုက္ၿပီး "ၿပီးေတာ့ ၿပီးခဲ့တဲ့အပတ္ကတင္ သူကက်န္း႐ုန္ဆီကေန ဆက္တိုက္killခံထားရေသးတယ္။ အခုထိေတာင္ နလန္ျပန္မထူနိုင္ေလာက္ေသးဘူး"
က်န္း႐ုန္ သူ႔ရဲ့ကုတ္အကၤ်ီနဲ႔မာဖလာကို ခၽြတ္လိုက္ၿပီး ေခါင္းငုံ႔ကာ အသင္းယူနီေဖာင္းဂ်တ္ကတ္ကို ဇစ္တပ္လိုက္သည္။ "သူအသုံးမက်တာသူ႔ကိစၥ၊ငါနဲ႔မဆိုင္ဘူး"
အိုး ငါ့ေကာင္ေရ၊ တစ္ေယာက္ခ်င္းစီက အရင္ကထက္ေတာင္ ပိုစိတ္ႀကီးဝင္လာၾကပါလားေနာ္။ သူတို႔ၿပိဳင္ရမည့္အခ်ိန္ မေရာက္ေသးသည့္အတြက္ အခုေလာေလာဆယ္တြင္ သူတို႔အသင္းရဲ့ဓါတ္ပုံဆရာေတြကလြဲ၍ အျပင္လူမရွိေပ။ သို႔ေသာ္လည္း ႀကိဳတင္ကာကြယ္သည့္အေနႏွင့္ တံခါးကိုေလာ့ခ္ခ်ထားရန္ တင္းေကာဆုံးျဖတ္လိုက္ေတာ့သည္။
သူျပန္လွည့္လာသည့္အခါ လုေပၚယြမ္က အခုထိဖုန္းသုံးေနဆဲဆိုတာ သူေတြ႕လိုက္ရသည္။ ဖုန္းမ်က္ႏွာျပင္မွာေတာ့ Weiboရဲ့interfaceက ထင္ဟပ္ေနသည္။ တင္းေကာမ်က္ခုံးပင့္လိုက္မိသည္။ "မင္းသြားၿပိဳင္ရေတာ့မွာေလ၊ ဘာလို႔အခုထိဖုန္းသုံးေနေသးတာလဲ?"
လုေပၚယြမ္ကေမာ့ၾကည့္မလာခဲ့ေပ။ သူ႔အသံကေတာ့ ထုံးစံအတိုင္း ပူပင္ေၾကာင့္ၾကမႈတို႔မရွိ။
"HTကMid Lanerရဲ့အင္တာဗ်ဴးအသစ္ကို ကၽြန္ေတာ့္ဆီXIUပို႔လာတယ္"
ထိုအခါမွာေတာ့ လူတိုင္းရင္ထဲထိတ္သြားၾကသည္။
LCK၏နံပါတ္တစ္အသင္းအေနျဖင့္ HTအသင္းသားေတြရဲ့အင္အားက ျငင္းမရေအာင္သန္မာေလသည္။ သူတို႔ရဲ့ေအာက္လမ္းသြားduoအသစ္က အင္အားႀကီးကစားသမားႏွစ္ေယာက္ႏွင့္ ဖြဲ႕စည္းထားၿပီး သူတို႔ႏွစ္ေယာက္က ဒုတိယအသင္းကေန တိုးျမႇင့္ခံလိုက္ရသူေတြပင္။ အမ်ားအျမင္၌ HTထဲတြင္အသန္မာဆုံးဆိုသည့္တစ္ေယာက္က သူတို႔ရဲ့Mid Lanerျဖစ္သည့္ Masterျဖစ္သည္။ သူ႔ရဲ့Championေရကန္ႀကီးကနက္ရွိုင္းကာ သူကEarly gameေရာ Late gameေရာ ေကာင္းေကာင္းမြန္မြန္ကစားနိုင္သူပင္။ သူ႔တြင္ အားနည္းခ်က္ဆိုသည္မွာ မရွိသေလာက္ရွားသည္။
ၿပိဳင္ပြဲနယ္ပယ္၌ ယခုႏွစ္ႏွစ္အတြင္း လမ္းရွင္းရာတြင္ HT၏Mid Lanerအား ယွဥ္နိုင္သည့္သူမရွိေသးေပ။ ၿပိဳင္ပြဲေတြအတြင္း Kanတစ္ေယာက္ Masterဆီကေန killခံရသည္မွာ ရင္းႏွီးေနသည့္ျမင္ကြင္းပင္ ျဖစ္ေနေခ်ၿပီ။
"သူဘာေတြေျပာသြားလဲ" ေရွာင္ပိုင္ကိုယ္ကိုမတ္လိုက္ၿပီး ေမးၾကည့္လိုက္သည္။
လုေပၚယြမ္ : "တအားရွည္တယ္ ကိုယ့္ဘာသာၾကည့္ၾကည့္"
က်န္း႐ုန္ သိခ်င္စိတ္ေၾကာင့္ ဖုန္းကိုခ်က္ခ်င္းထုတ္ၾကည့္လိုက္သည္။ သူ႔ရဲ့Side Accountဆီဝင္လိုက္သည့္ခဏ တစ္ၿပိဳင္နက္တည္းဆိုသလို ထိုအင္တာဗ်ဴးက သူ႔newsfeedတြင္ေပၚလာေလသည္။
အင္တာဗ်ဴး၏ပထမတစ္ဝက္က အဆင္ေျပေနေသးသလို ေမးခြန္းေတြကလည္း ဂိမ္းနဲ႔သက္ဆိုင္သည္မ်ားသာ။ သို႔ေသာ္လည္း ေနာက္တစ္ဝက္မွာေတာ့ သတင္းေထာက္ကသူ႔အား ဒီႏွစ္ကမၻာ့ဖလားပြဲတြင္ ဘယ္အသင္းကိုမွတ္မွတ္ရရ,ရွိလဲဟူ၍ ေမးလာသည္။
Masterက အေတာ္ၾကာသည္အထိ အေျဖကိုစဥ္းစားေနသည္။ ထိုကဲ့သို႔ေမးခြန္းမ်ိဳးတြင္ ဒီလိုတိတ္ဆိတ္ေနသည္ကပင္ တစ္ဖက္လူေတြကို ေလွာင္ေျပာင္သေရာ္ေနသည္ဟု သတ္မွတ္လို႔ရေနၿပီပင္။ အေတာ္ေလးၾကာသြားေတာ့မွ သူကLECကM7အသင္းဟူ၍ ျပန္ေျဖလာသည္။
သတင္းေထာက္က တအံ့တၾသျဖစ္သြားသည္ေၾကာင့္ မ်က္ခုံးပင့္လိုက္ၿပီး ေမးခြန္းထုတ္လာသည္ : ၿပီးခဲ့တဲ့ရာသီမွာ semifinalေရာ finalမွာေရာ မင္းတို႔နဲ႔ၿပိဳင္ခဲ့တာ LPLအသင္းေတြမဟုတ္ဘူးလား? LECအစား LPLကအသင္းေတြကို မွတ္မွတ္ရရ,ရွိသင့္တယ္မဟုတ္ဘူးလားဗ်?
Masterကေခါင္းတစ္ၿငိမ့္ၿငိမ့္ႏွင့္ ေျပာလာသည္ : LPLအသင္းေတြနဲ႔ကစားရတာက LCKအသင္းေတြနဲ႔ကစားေနရသလိုပဲဆိုေတာ့ အျခားဘာမွေတာင္မခံစားမိဘူး။
သတင္းေထာက္ : ဘာလို႔အဲ့လိုေတြးတာလဲ?
Masterကတစ္ခစ္ခစ္ရယ္လ်က္ ဆိုလာသည္ : အာ ေတာင္းပန္တယ္ေနာ္ ျဖစ္နိုင္တာ အဲ့ဒီအင္အားႀကီးတယ္ဆိုတဲ့အသင္းထဲ LCKကေနအထုတ္ခံလိုက္ရတဲ့ ကိုရီးယားplayerေတြက သုံးေယာက္ေတာင္ေလ။ အသင္းတစ္ခုလုံးကလည္း ကိုရီးယားေတြနဲ႔ျပည့္ေနတာဆိုေတာ့ ကၽြန္ေတာ့္စိတ္ထဲ ကိုယ့္regionကအသင္းနဲ႔ ၿပိဳင္ေနရသလို ခံစားသြားရလို႔။
"ငလူး...."
ေရွာင္ပိုင္ၾကည့္ေနသည္မွာ ဘယ္အပိုင္းလဲဆိုတာ မသဲကြဲေပမယ့္ သူထိန္းမထားနိုင္ေတာ့ပဲ ဆဲလိုက္မိေတာ့သည္။
က်န္း႐ုန္က နားၾကပ္ကိုနားတစ္ဖက္မွာပဲတပ္ထားၿပီး ေအးစက္စက္အမူအရာႏွင့္ အင္တာဗ်ဴးကိုဆက္ၾကည့္ေနသည္။
သတင္းေထာက္ : ဒါလည္းမွန္တာပဲ၊ ဒီႏွစ္ေတြအတြင္း LPLကတိုးတက္လာၿပီဆိုေပမယ့္ ငါတို႔နိုင္ငံကplayerေတြကို လိုခ်င္ေနၾကတုန္းပဲ။ ဒါဆိုTTCက်ေတာ့ေရာ? သူတို႔အသင္းကတ႐ုတ္ေတြခ်ည္းပဲေလ။
Masterကခ်က္ခ်င္းျပန္ေျဖသည္ : သူတို႔လည္းအရမ္းမေကာင္းပါဘူး၊ အသင္းတစ္ခုလုံးက Roadကိုမွီခိုေနရတာ။ ဒါေပမယ့္ အခုေနာက္ပိုင္း Roadကလည္း ေကာင္းေကာင္းမကစားနိုင္ေတာ့ဘူးေလ။ Semifinalတုန္းကဆို သူတို႔Subကိုလႊတ္လိုက္ေတာ့ သူတို႔နဲ႔ၿပိဳင္ခဲ့ရတာ တအားပ်င္းဖို႔ေကာင္းလြန္းတယ္။
ထိုအခိုက္မွာေတာ့ က်န္း႐ုန္ဖုန္းကိုပိတ္လိုက္ၿပီး ဆိုဖာေပၚပစ္တင္လိုက္သည္။
"ငလူး" ေရွာင္ပိုင္ကေတာ့ ေနာက္တစ္ႀကိမ္ ဆဲလိုက္မိျပန္သည္။ "ဘယ္သူက ေကာင္းေကာင္းမကစားတာလဲ? သူသာေကာင္းေကာင္းမကစားတာ သူဒီလိုစိတ္ႀကီးဝင္တဲ့စိတ္ေတြ ဘာေနရာကရလာလဲမသိဘူး"
ေရွာင္ပိုင္မွာMasterကို ဆဲဆိုေနသည္ျဖစ္ကာမူ သူ႔စကားလုံးေတြအေပၚ ယုံၾကည္ခ်က္ေတာ့သိပ္မရွိေခ်။ အဘယ္ေၾကာင့္ဆို semifinalအတြင္း KanကMasterဆီကေန လုံးလုံးလ်ားလ်ား အဖိႏွိပ္ခံခဲ့ရသလို သူတို႔တစ္ေယာက္ခ်င္းစီကလည္း အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေၾကာင့္ ေသခ်ာမကစားနိုင္ခဲ့။ အဆုံးမွာေတာ့ HTက သူတို႔အားသူတို႔၏ကိုယ္ပိုင္Nexusမွာပင္ တစ္စစီဖ်က္ဆီးသြားခဲ့ေလသည္။
က်န္း႐ုန္မထိန္းနိုင္ေတာ့ပဲ လုေပၚယြမ္ကိုၾကည့္လိုက္မိသည္။
လုေပၚယြမ္က ဗီဒီယိုအား အစအဆုံး ၾကည့္ၿပီးသြားၿပီျဖစ္သည္။ သူ႔ရဲ့အမူအရာကေတာ့ နဂိုအတိုင္းတည္ၿငိမ္ေနဆဲ၊ လတ္တေလာတြင္ သူကမက္ေဆ့ခ်္ကို စာျပန္ေနသည္။
[PUD,XIU : သူကငါတို႔Mid Lanerကို "LCKကေနအထုတ္ခံလိုက္ရတဲ့player"လို႔ ေခၚလိုက္တာေလ။ အခုေတာ့ ငါတို႔Midက မ်က္လုံးနီနီႀကီးနဲ႔ Platinumမွာငါးေၾကာ္ျဖစ္ေနၿပီ]
[R : အဲ့ဒီလိုဆိုရင္ သူ႔ကိုဒူေပဒါေပခံနိုင္ဖို႔ ေလ့က်င့္ေပးဖို႔လိုေသးတာပဲ]
[PUD,XIU : ?]
[PUD,XIU : ေအးပါေအးပါေအးပါ မင္းရဲ့Mid Lanerကေတာ့ အရမ္းဒူေပဒါေပခံနိုင္တာေနာ္။ တကယ္လို႔ Masterသေရာ္လိုက္တာ Softသာျဖစ္ၾကည့္ပါလား သူခ်က္ခ်င္းကိုရီယားဆီသြားဖို႔ ေလယာဥ္လက္မွတ္သြားျဖတ္လိမ့္မယ္]
က်န္း႐ုန္ အေတြးယာဥ္ေၾကာထဲစီးေျမာေနရင္း လုေပၚယြမ္ကိုေငးၾကည့္ေနမိသည္။ ထိုအခ်ိန္တြင္ တစ္ဖက္လူက ႐ုတ္တရက္လွည့္လာသည့္အခါ သူ႔အၾကည့္ေတြႏွင့္ သြားဆုံေတာ့သည္။
"...." ခိုးၾကည့္ေနသည္ကို လက္ပူးလက္ၾကပ္မိသြားတာေၾကာင့္ မေတာ္တဆလိုလိုထင္သြားေစရန္ က်န္း႐ုန္ ခ်က္ခ်င္းဆိုသလို အၾကည့္လႊဲလိုက္မိသည္။
"မင္းMasterနဲ႔ၿပိဳင္ဖူးလား" ႐ုတ္တရက္ႀကီး လုေပၚယြမ္ကေမးလာသည္။
လွည့္မၾကည့္ခင္ က်န္း႐ုန္ခဏတန္႔သြားၿပီးမွ အမွန္အတိုင္း ျပန္ေျဖလိုက္သည္။ "လြန္ခဲ့တစ္ႏွစ္ေလာက္တုန္းကေတာ့ ကိုရီးယားဆာဗာမွာ တစ္ခါတိုးဖူးတယ္။ ဒါေပမယ့္ ကၽြန္ေတာ္မနိုင္ခဲ့ဘူး"
လုေပၚယြမ္က ေခါင္းအသာၿငိမ့္ျပလာကာ ေနာက္ထပ္တစ္ခုခုေျပာခ်င္ေနပုံေပၚသည္။
"သူကၽြန္ေတာ့္ကို တစ္ခါsolo killဖူးေပမယ့္ ကိစၥေတာ့မရွိပါဘူး" က်န္း႐ုန္ဆက္ေျပာလိုက္သည္။ "ေနာက္တစ္ႀကိမ္အဲ့လိုထပ္ျဖစ္မွာမဟုတ္ေတာ့ဘူး။ ေနာက္တစ္ေခါက္က်ရင္ ကၽြန္ေတာ္ထပ္ၿပီးSolo killမခံရေအာင္ ႀကိဳးစားမယ္။ အဲ့တစ္ေခါက္ၿပီးရင္ေတာ့ Solo killမယ့္သူက ကၽြန္ေတာ္ျဖစ္ေအာင္ႀကိဳးစားမယ္"
သူထိုကဲ့သို႔ေျပာၿပီးၿပီးခ်င္းမွာပဲ ေရွာင္ပိုင္ရဲ့အျခားလက္တစ္ဖက္က သူ႔ပုခုံးေပၚေရာက္လာသည္။ "ၾကမ္းခ်က္ပဲ! ငါမင္းကိုယုံတယ္! မင္းေသခ်ာေပါက္လုပ္နိုင္တယ္!"
"ေသခ်ာေပါက္ငါလုပ္နိုင္တာေပါ့" က်န္း႐ုန္ကေျပာလာသည္။ "မင္းလက္ငါ့ေပၚကဖယ္ဦး"
လုေပၚယြမ္ကသူ႔အား စကၠန္႔အနည္းငယ္ေလာက္ ေငးၾကည့္ေနသည္။ သူ႔မ်က္ဝန္းေတြထဲကအဓိပၸါယ္ကို က်န္း႐ုန္နားမလည္နိုင္ေပ။
က်န္း႐ုန္Masterဆီကေန Solo killခံလိုက္ရတယ္ဆိုတဲ့အခ်က္ကိုမ်ား မႀကိဳက္လို႔လား?
အေစာပိုင္းတုန္းက က်န္း႐ုန္ အဲ့ဒီထက္ပိုမိုက္ေအာင္ ေျပာခဲ့သင့္ပုံေပၚသည္ : ေနာက္တစ္ႀကိမ္က်ရင္ေတာ့ ကၽြန္ေတာ္MasterကိုSolo killျပမယ္ ဟူ၍ျဖစ္သင့္သည္ပင္။
သူ႔စကားကိုအမွန္ျပင္မည္အခ်ိန္ လုေပၚယြမ္ကေတာ့ အၾကည့္လႊဲၿပီးသြားၿပီျဖစ္ကာ တင္းေကာႏွင့္ လာမည့္ၿပိဳင္ပြဲအတြက္ banရမည့္အေၾကာင္းအား ေဆြးေႏြးေနသည္။
သိပ္မၾကာခင္မွာပဲ MFGကSquidအား 2:0ရလဒ္ျဖင့္ ရိုက္ခ်လိုက္ၿပီး ဝန္ထမ္းတစ္ေယာက္ကလည္း သူတို႔အခန္းတံခါးအားလာေခါက္ကာ စင္ေပၚတက္ရန္ျပင္ဆင္ထားဖို႔ လာအသိေပးသြားသည္။
က်န္း႐ုန္ နားေနခန္းထဲကထြက္သည့္အခ်ိန္၌ Baseျပန္ဖို႔လုပ္ေနသည့္Squidႏွင့္ ထိပ္တိုက္တိုးေလသည္။
Doufuကဖုန္းၾကည့္ေနကာ သူ႔မ်က္ႏွာကပုပ္သိုးေနသည္။ သူကနားၾကပ္မတပ္ထားသည့္အတြက္ အသံကအက်ယ္ႀကီးထြက္ေနကာ နားေထာင္ၾကည့္႐ုံႏွင့္တင္ Master၏အင္တာဗ်ဴးကိုၾကည့္ေနမွန္း သိသာေလသည္။
ဗီဒီယိုတစ္ဝက္ကိုေရာက္သည့္အခါ ဖုန္းမ်က္ႏွာျပင္ေပၚကလူကို Doufuဆဲေတာ့သည္။ "ေစာက္႐ူး..."
တင္းေကာခမ်ာေတာ့ ေသာက္ရမ္းကံဆိုးတာပဲဟု ေတြးလိုက္မိေတာ့သည္။ သူခ်က္ခ်င္းက်န္း႐ုန္ရဲ့ဘယ္ဘက္မွာ ရပ္လိုက္ၿပီး ဒီလူႏွစ္ေယာက္ၾကားမွာ ဘာကိစၥမွရွိမလာေစရန္ ကာကြယ္ဖို႔ႀကံစည္ေနရသည္။
သူတို႔တစ္ေယာက္နဲ႔တစ္ေယာက္ျဖတ္သြားေတာ့ က်န္း႐ုန္တို႔ဖူးဆီသို႔ ေအးစက္စက္အၾကည့္တစ္ခ်က္ ပစ္သြင္းလိုက္သည္။
တို႔ဖူးကလည္း ထိုအၾကည့္ကိုဖမ္းမိသည္။ သူတစ္ခ်က္လွမ္းရွိုးလိုက္ေတာ့ လုေပၚယြမ္က ခပ္လွမ္းလွမ္းကိုေရာက္သြားၿပီဆိုတာ ေတြ႕လိုက္ရသည္ႏွင့္ သူခ်က္ခ်င္းရပ္လိုက္ၿပီး စိတ္ဆိုးမာန္ဆိုးႏွင့္ေမးလိုက္သည္။ "ဘာေတြလာၾကည့္ေနတာလဲ??"
တင္းေကာ : "သူ...."
"ဘာရယ္မဟုတ္ပါဘူး" က်န္း႐ုန္လိုရင္းတိုရွင္းျပန္ေျပာေပးလိုက္သည္။ "မင္းလည္းလူစကားေျပာတတ္ပါလားဆိုတာသိလိုက္ရေတာ့ အံ့ၾသသြားလို႔"
တို႔ဖူး : "........"
__
အားလုံးေမၽွာ္မွန္းထားသည့္အတိုင္း TTCက2:0ရလဒ္ႏွင့္အတူ ဒုတိယၿပိဳင္ပြဲကို အနိုင္ရလိုက္သည္။
ဒီတစ္ႀကိမ္မွာေတာ့ MVPကလုေပၚယြမ္ျဖစ္သြားၿပီး အင္တာဗ်ဴးအတြက္hostကေတာ့ အရင္အတိုင္းထန္ခ်င္းပင္။
ဒီေန႔မွာ ထန္ခ်င္းက အျဖဴေရာင္လက္ျပတ္ဂါဝန္အရွည္ကို ဝတ္ထားကာ က်န္း႐ုန္မွာေတာ့ သူ(မ)ရဲ့လက္ေမာင္းေတြကို ၾကည့္လိုက္႐ုံႏွင့္တင္ သူ႔အစားခ်မ္းေနေလၿပီ။
"ထန္ခ်င္းက်ဲကၾကည့္လို႔ေကာင္းလိုက္တာ အရပ္လည္းရွည္ၿပီးပိန္လည္းပိန္ေသး" ေရွာင္ပိုင္ကဆိုဖာကိုမွီကာ ေျပာေနျခင္းျဖစ္ၿပီး သူ႔ရဲ့အရံပစၥည္းလြယ္အိတ္ကိုလည္း ပိုက္ထားေသးသည္။
ပေဟဠိဂိမ္းတစ္ခုကိုကစားေနရင္း Pineကေျပာလာသည္။ "မင္းလည္းတစ္ပတ္ေလာက္ ဘာမွမစားပဲေနရင္ သူ႔လိုျဖစ္သြားလိမ့္မယ္"
"ကိုယ့္ဂိမ္းကိုယ္ကစားေန!"
က်န္း႐ုန္ေမးေထာက္လိုက္ၿပီး TVမွာျပသေနတဲ့အင္တာဗ်ဴးကို ၿငိမ္ၿငိမ္ေလးၾကည့္ေနလိုက္သည္။
အခ်ိဳ႕လူေတြက အျပင္မွာၾကည့္ေကာင္းၾကေပမယ့္ Cameraထဲမွာဆိုလၽွင္ ၾကည့္ရဆိုးသြားတတ္ၾကသည္။ သို႔ေသာ္ျငား လုေပၚယြမ္ကေတာ့ အျပင္မွာေရာဖန္သားျပင္ေပၚမွာပါ ၾကည့္ေကာင္းသည့္သူပင္။
သူကေပါ့ေပါ့ပါးပါးရပ္ေနသည္ဆိုေပမယ့္ သူ႔ရဲ့ေက်ာရိုးကေရာ၊ လည္ပင္းကပါ ေျဖာင့္မတ္ေနသည္။ အကယ္၍ ဝတ္စုံျပည့္သာဝတ္လိုက္ပါက Red Carpetအင္တာဗ်ဴးႏွင့္ပင္ အထင္မွားသြားေလာက္သည္။
ထန္ခ်င္းကအျပဳံးခ်ိဳခ်ိဳေလးႏွင့္ပင္။ အစကေတာ့ သူ(မ)ႏွင့္လုေပၚယြမ္ၾကားတြင္ လူတစ္ေယာက္စာေလာက္ ျခားေနသည္ဆိုေပမယ့္ သူတို႔စကားေျပာၾကသည့္အခါ သူ(မ)ကလုေပၚယြမ္နားကို တစ္ေျဖးေျဖးကပ္ကပ္သြားသည္။
က်န္း႐ုန္မ်က္ခုံးတို႔တြန္႔ခ်ိဳးသြားေလသည္။
အင္တာဗ်ဴးေျဖတာဒီေလာက္ကပ္စရာလိုလား? ဒီလိုရပ္ေနမွေတာ့ ၾကပ္ညပ္မေနဘူးလား?
သူဒီလိုေတြးလိုက္႐ုံရွိေသး၊ လုေပၚယြမ္က ေမးခြန္းကိုေျဖၿပီးသည့္အခါ ခပ္ယဲ့ယဲ့ျပဳံးျပလိုက္သည္ကို ေတြ႕လိုက္ရသည္။ ထို႔ေနာက္မွာေတာ့ သူကညာဘက္ကိုနည္းနည္းေရႊ႕သြားေလသည္။
သူ႔ေကာင္မေလးကို စာျပန္ၿပီးသည္ႏွင့္ ယြမ္ခ်န္းကေခါင္းေမာ့လာၿပီး ဝမ္းပန္းတနည္းသက္ျပင္းခ်သည္။ "ေခါင္းေဆာင္သာ ငါ့ကိုသူ႔ေခ်ာေမာမႈေတြ တစ္ဝက္ေလာက္ခြဲေပးရင္ကြာ"
"ေကာမွာေကာင္မေလးေတာင္ရွိေနၿပီဟာကို၊ ၿပီးေတာ့ ေကာလည္းေခ်ာပါတယ္" ေရွာင္ပိုင္ခဏတန္႔လိုက္ၿပီးမွ "ဒီလိုအတူရပ္ေနေတာ့ ငါ့ေကာနဲ႔ထန္ခ်င္းက်ဲနဲ႔ အရမ္းလိုက္ဖက္တယ္လို႔ မထင္ၾကဘူးလား? မဂၤလာေဆာင္နဲ႔ေတာင္တူ...."
"မထင္ပါဘူး" က်န္း႐ုန္ ေအးစက္စက္ သူ႔ကိုျဖတ္ေျပာလိုက္သည္။ "တစ္စက္မွမလိုက္ဖက္ဘူး"
ေရွာင္ပိုင္မွာေၾကာင္အမ္းသြားေလသည္။ ၿပီးေတာ့မွ ခ်က္ခ်င္းဆိုသလို သေဘာေပါက္သည့္အထာႏွင့္ ေခါင္းတစ္ၿငိမ့္ၿငိမ့္လုပ္ျပလိုက္သည္။ "အာ မင္းကငါ့ေကာရဲ့ပရိတ္သတ္ဆိုေတာ့ ငါ့ေကာရဲ့တြဲဘက္အတြက္ ခပ္ျမင့္ျမင့္ေမၽွာ္မွန္းထားတာ ပုံမွန္ပါပဲ။ မလိုက္ဖက္ဘူး မလိုက္ဖက္ဘူး ဒီေလာကႀကီးထဲမွာ ဘယ္သူမွငါ့ေကာနဲ႔လိုက္ဖက္ဖို႔ မထိုက္တန္ဘူး"
က်န္း႐ုန္ : "...."
က်န္း႐ုန္သူနဲ႔စကားေျပာေနရသည္အား လုံးဝသေဘာမက်ေတာ့ေပ။
လုေပၚယြမ္ နားေနခန္းဆီျပန္ေရာက္လာသည့္အခါ အားလုံးကသူတို႔ပစၥည္းေတြကို သိမ္းဆည္းလိုက္ၿပီး အေနာက္ထြက္ေပါက္ေန ထြက္လာခဲ့ၾကသည္။
ကားကတံခါးေရွ႕တြင္ေစာင့္ေနသည္။ က်န္း႐ုန္ကေတာ့ သူ႔ရဲ့ေဆာင္းတြင္းဝတ္ပစၥည္းေတြကို ျပန္ဝတ္ဖို႔အေတာ္ေလးပ်င္းသြားၿပီမို႔ ေက်ာပိုးအိတ္ထဲသာ မာဖလာကိုထိုးထည့္လိုက္ၿပီး လက္ထဲမွာေတာ့ ကုတ္အကၤ်ီကိုကိုင္ထားရင္း အျပင္ကိုေလၽွာက္လာခဲ့သည္။
ဒီေန႔မွာ သူတို႔ကဒုတိယပြဲတြင္ကစားရမည့္အတြက္ သူတို႔ဘယ္အခ်ိန္အားကစား႐ုံ၌ ေပၚလာမည္ဆိုတာ မတိက်သည္ေၾကာင့္ သူတို႔ေရာက္သည့္အခ်ိန္တြင္ ေစာင့္ေနသည့္သူ မ်ားမ်ားစားစားမရွိေခ်။ သို႔ေသာ္ သူတို႔ျပန္သည့္အခ်ိန္မွာေတာ့ ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားက အေနာက္ဘက္ဂိတ္တြင္ ေစာင့္ေနၾကသည္။
ဒီတစ္ေခါက္က က်န္း႐ုန္ ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲၿပီးတဲ့ေနာက္ ပရိတ္သတ္ေတြလိုက္ပို႔ျခင္းခံရသည္ပင္။
ပရိတ္သတ္ေတြက သူတို႔ကားဆီေရာက္သည္အထိ တစ္ေလၽွာက္လုံး အလြန္က်ယ္က်ယ္ေလာင္ေလာင္ အားေပးေနၾကၿပီး အားလုံးနီးပါးက လုေပၚယြမ္၏နာမည္ကို ေအာ္ဟစ္ေနၾကျခင္းသာ။
က်န္း႐ုန္ ခပ္ျမန္ျမန္ေလၽွာက္သြားလိုက္သည္။ သူကားေပၚတက္ေတာ့မည့္ခဏ :
"Soft—" ေယာက်ာ္းတစ္ေယာက္၏အသံက ေဘးဘက္ကေနထြက္ေပၚလာသည္။ "မင္းဘာလို႔ငါေပးတဲ့မာဖလာကိုမဝတ္ထားတာလဲ!!!!"
က်န္း႐ုန္ : "...."
သူ႔ေျခလွမ္းေတြေတာင့္ခဲသြားၿပီး အသံလာရာဆီ လွည့္ၾကည့္လိုက္မိသည္။
ထိုေယာက်ာ္းက အမဲေရာင္ပါကာကုတ္ကို ဝတ္ထားၿပီး အမဲေရာင္Maskကိုလည္း တပ္ထားသည္။ သူကခပ္ငယ္ငယ္သာျဖစ္ၿပီး ဖုံးကြယ္ထားျခင္းမရွိတဲ့ မ်က္ဝန္းေတြက အလြန္အမင္းကိုၾကည့္ေကာင္းလွသည္။
သို႔ေသာ္လည္း ဒါကအေရးႀကီးတဲ့အခ်က္မဟုတ္။
က်န္း႐ုန္ တစ္ခ်က္မွတုံ႔ဆိုင္းမေနပဲ ခ်က္ခ်င္းထိုလူ႔ဆီေလၽွာက္သြားလိုက္သည္။
ေအာ္သံေတြအလယ္တြင္ က်န္း႐ုန္ရပ္လိုက္ၿပီး မ်က္လုံးေတြကိုေမွးကာ ေမးလိုက္သည္။ "အဲ့ဒီမာဖလာကခင္မ်ားပို႔တာလား?"
ထိုလူ : "ဟုတ္တယ္ေလ ငါကိုယ္တိုင္ထိုးထားတာ"
"ကိုယ္တိုင္ထိုးတယ္......ခင္မ်ားမွာအဲ့ေလာက္အခ်ိန္ေတြေပါေနရင္လည္း ဂိမ္းေဆာ့ဖို႔သုံးပါလား" က်န္း႐ုန္ထိုလူအား သံသယျဖစ္စြာနဲ႔ၾကည့္လိုက္ၿပီး ေသခ်ာေအာင္ထပ္ေမးၾကည့္လိုက္သည္။ "အဲ့ဒီေပၚမွာဘာစာလုံးေတြထိုးထားလဲ?"
"LPLရဲ့နံပါတ္တစ္....."
"ရၿပီ" က်န္း႐ုန္မ်က္ေမွာင္က်ဳံ႕ကာ သူ႔စကားကိုၾကားျဖတ္လိုက္ၿပီး ဇေဝဇဝါျဖစ္ေနသည္ေၾကာင့္ ေမးၾကည့္လိုက္သည္။ "ဘာလို႔ ခင္မ်ားလိုအရြယ္ေရာက္ၿပီးသားေယာက်ာ္းႀကီးက ငါ့ဆီမာဖလာပို႔တာလဲ? အရမ္းရိုးမေနဘူးလား?"
ထိုအခါမွာေတာ့ ထိုလူမွာ ခဏေလာက္ ေၾကာင္အမ္းသြားေလသည္။ ၿပီးေတာ့မွ သူကအလြန္သဘာဝက်က်ေျပာလာသည္။ "ဘာလို႔ဆို ငါမင္းကိုသေဘာက်လို႔ေလ"
"ငါ့ကိုသေဘာက်ရင္ ၿပိဳင္ပြဲေတြသြားၾကည့္။ ဒီလိုမ်ိဳးအသုံးမဝင္တာေတြ မပို႔နဲ႔ေတာ့" က်န္း႐ုန္ေျပာလိုက္သည္။
"အဲ့လိုမဟုတ္ဘူး" ထိုလူကျပဳံးလိုက္သည္။ "ငါမင္းကိုသေဘာက်တဲ့ပုံစံက မင္းအတြက္မာဖလာေတြထိုးေပးခ်င္တာမ်ိဳး"
သူၾကားလိုက္ရသည္ကို က်န္း႐ုန္နားမလည္ေခ်။ သူ႔အသင္းသားေတြ ကားေပၚေရာက္သြားၾကၿပီဆိုတာကို က်န္း႐ုန္သိလိုက္ေတာ့ သူ႔မ်က္ခုံးစြန္းတို႔ အတူတြန္႔ခ်ိဳးသြားေတာ့သည္။ "ေဝ့လည္ေၾကာင္ပတ္လုပ္ေနတာရပ္လိုက္ေတာ့"
ထိုလူကနည္းနည္းစဥ္းစားေနပုံပင္။ "ငါမင္းကိုသေဘာက်တာမ်ိဳးက မင္းနဲ႔နက္နက္ရွိုင္းရွိုင္းဆက္ဆံခ်င္လာေစတယ္"
"နက္နက္ရွိုင္းရွိုင္း—" က်န္း႐ုန္လန္႔သြားၿပီး သူနားၾကားလြဲသြားသည္ဟုပင္ ေတြးလိုက္မိသည္။ "...ဘာႀကီး? ေနာက္တစ္ေခါက္ထပ္ေျပာပါဦး??"
လုံျခဳံေရးဝန္ထမ္းေတြကလည္း သူတို႔နားဆီခ်ဥ္းကပ္လာၿပီျဖစ္တာေၾကာင့္ ထိုလူကကပ်ာကယာဆိုလာသည္။ "အ႐ူးေလး ငါ့ကိုWechatမွာaddပါလား?"
က်န္း႐ုန္မွာ ထိုလူရဲ့စကားလုံးေတြကို စဥ္းစားေနတုန္း တစ္စုံတစ္ေယာက္က သူ႔ေက်ာပိုးအိတ္ကိုဆြဲလာသည္။
က်န္း႐ုန္ ေနာက္နည္းနည္းေလာက္ ဆုတ္လိုက္မိေတာ့ သူ႔ရဲ့ဘယ္ဘက္ပုခုံးက သူ႔ေနာက္မွာရပ္ေနသည့္သူနဲ႔ သြားထိမိေတာ့သည္။
"ကားေပၚတက္ခ်ိန္ေရာက္ၿပီ" လုေပၚယြမ္ရဲ့အသံက ေပ်ာ့ေျပာင္းၿပီးေတာ့ၾသရွသည္။
က်န္း႐ုန္ သူ႔ရဲ့အေတြးေတြကိုျပန္စုေဆာင္းလိုက္ၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။ "အို႔"
"ခဏေလး" ထိုေယာက်ာ္းေလးပရိတ္သတ္က သူ႔ကိုေအာ္ေခၚလာျပန္သည္။ "ငါ့ကိုWechatမွာaddပါဆို"
လုေပၚယြမ္က က်န္း႐ုန္ရဲ့အိတ္ကိုကိုင္ထားဆဲျဖစ္ၿပီး ထိုလူကို ခပ္ယဲ့ယဲ့ တစ္ခ်က္ၾကည့္လိုက္သည္။ "သူaddမွာမဟုတ္ဘူး"
ထိုလူ : "နတ္ဘုရားလု ဒါမင္းဆုံးျဖတ္ရမယ့္ကိစၥမဟုတ္....."
"ဒါသူဆုံးျဖတ္ရမယ့္ကိစၥမဟုတ္ရင္ ဘယ္သူဆုံးျဖတ္ရမွာလဲ?" က်န္း႐ုန္ျပန္တည္ၿငိမ္သြားၿပီး နဂိုအမူအရာအတိုင္းျပန္ျဖစ္သြားေလၿပီ။ သူကအေမးစကားႏွင့္ ျပန္ေျဖလိုက္သည္။ "မင္းမ်ားလား?"
ထိုလူ : "...."
သူတို႔ကားထဲကိုေရာက္သည့္အခ်ိန္ ေနာက္တန္းက ကပ္ရပ္ခုံႏွစ္ခုံသာ က်န္ေတာ့သည္။ က်န္တဲ့ခုံေတြအားလုံးက ျပည့္ေနေလၿပီ။
က်န္း႐ုန္က လုေပၚယြမ္ရဲ့ေဘးမွာထိုင္ၿပီး သူတို႔ပုခုံးေတြက ထိမိေနၾကသည္။ ကားစထြက္သည္ဆိုကတည္းက သူျပတင္းေပါက္အျပင္ကို ေငးၾကည့္ေနမိသည္။
"ကိုယ္တို႔ျပန္ေရာက္တဲ့အခါ Azirကိုေလ့က်င့္ဖို႔ မင္းဆုံးျဖတ္လို႔ရတယ္"
အေတာ္ၾကာတဲ့အထိ ျပန္ေျဖလာသံမၾကားရေတာ့ လုေပၚယြမ္ ေခါင္းေစာင္းၾကည့္လိုက္သည္။ "က်န္း႐ုန္"
က်န္း႐ုန္ကတစ္ေျဖးေျဖးေမာ့ၾကည့္လာသည္။ "အမ္"
လုေပၚယြမ္သူ႔မ်က္ဝန္းေတြကိုႏွိမ့္လိုက္ေတာ့ က်န္း႐ုန္ရဲ့အၾကည့္ႏွင့္ ဖ်တ္ခနဲသြားဆုံသည္။ "ဘာေတြေတြးေနတာလဲ"
"ကၽြန္ေတာ္ေတြးေနတာ" စိတ္ရႈပ္ေနသည့္အမူအရာႏွင့္ က်န္း႐ုန္ေမးၾကည့္လိုက္သည္။ "ခုဏကတစ္ေယာက္က ေယာက်ာ္းေလးမလား?"
လုေပၚယြမ္ : "အြန္း"
က်န္း႐ုန္ : "ကၽြန္ေတာ္လည္းေယာက်ာ္းပဲ"
လုေပၚယြမ္ : "အြန္း"
"သူကၽြန္ေတာ့္ကိုေလွာင္သြားတာလား?" က်န္း႐ုန္ ခဏေလာက္ခ်ီတုံခ်တုံျဖစ္ၿပီးမွ မေသမခ်ာႏွင့္ေမးၾကည္ႀလိုက္သည္။ "ကၽြန္ေတာ္ကမိန္းကေလးနဲ႔တူတယ္ဆိုၿပီး?"
လုေပၚယြမ္က သူ႔ကိုႏွစ္စကၠန္႔ေလာက္ ေငးၾကည့္ေနၿပီးမွ ေခါင္းကိုအျခားဘက္သို႔ေစာင္းကာ ရယ္ေတာ့သည္။
က်န္း႐ုန္မွာ အူတူတူအတတေလးႏွင့္ လုေပၚယြမ္ရယ္လို႔ၿပီးကာ သူ႔ကိုျပန္လွည့္ၾကည့္လာသည္အထိ ေစာင့္ေနမိသည္။ လမ္းမီးေရာင္ေတြက လုေပၚယြမ္ရဲ့မ်က္ႏွာေပၚ ျဖာက်ေနကာ သူ႔ရဲ့ၾကည့္ေကာင္းလွတဲ့ မ်က္ႏွာအစိတ္အပိုင္းေတြကို ေဝေဝဝါးဝါးအလင္းေရာင္ႏွင့္အရိပ္တစ္လႊာက ဖုံးကာထားသည္။ က်န္း႐ုန္ရဲ့ပုံရိပ္ကေတာ့ လုေပၚယြမ္ရဲ့မ်က္ဝန္းေတြထဲမွာ ထင္ဟပ္ေနေလသည္။
"....ဒီလိုအရာေတြသင္ေပးဖို႔ မင္းကငယ္ေသးတယ္ဆိုေပမယ့္" လုေပၚယြမ္က သူ႔အသံကိုတိုးလိုက္သည္ေၾကာင့္ စကားလုံးတစ္လုံးစီတိုင္းက က်န္း႐ုန္ရဲ့နားထဲကို တူေသးေသးေလးႏွင့္ ထုေနသလိုပင္။ "က်န္း႐ုန္ တစ္ေယာက္နဲ႔တစ္ေယာက္သာ သေဘာက်ေနသေရြ႕ ေယာက်ာ္းတစ္ေယာက္ကလည္း အျခားေယာက်ာ္းတစ္ေယာက္နဲ႔ ခ်ိန္းေတြ႕လို႔ရတယ္"
___