ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

327K 45.6K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/47/

2.4K 363 8
By LEAF277

ဤသည်က ခန့်ညားသော အမျိုးသားများ၏ ခမ်းနားကြီးကျယ်သော အခမ်းအနားပွဲတစ်ခုဖြစ်သည်။

ထိုအမျိုးသားများအားလုံးမှာ ဇွန်ဘီ များဖြစ်ကြပြီး အကုန်လုံးချောမော ကြည့်ကောင်းကြသည်။

အရပ်မြင့်မြင့်၊ ခြေတံရှည်ရှည်၊ abs ရှစ်ခုဖြင့် ပထမဆုံးအကြည့်တစ်ချက်နဲ့တင် ကြည့်ကောင်းသည်ဟု ထင်ရသည်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် စုရွမ်ရွမ်ဟာလည်း အမျိုးမျိုးသော စိတ်ကူးများ ယဉ်မိလိုက်၏။

" ကြည့်ကောင်းလား"

" ကြည့်ကောင်းတယ်"

ဟီး ဟီး ဟီး

စုရွမ်ရွမ် ပြုံးဖြဲဖြဲဖြင့် ခေါင်းညိတ်လိုက်ပြီးနောက်မှ တစ်ခုခုမှားနေကြောင်း ရှာတွေ့လိုက်သည်။

သူမရဲ့အေးစက်စက်လည်ပင်းလေးကို ထိကိုင်ကာ ဘေးကို လှည့်ကြည့်လိုက်တော့ သူမကို မှုန်ကုပ်ကုပ် စိုက်ကြည့်နေသည့် သူမ၏ ကိုယ်ဝန်သည်ခင်ပွန်းကို မြင်လိုက်ရသည်။

စုရွမ်ရွမ်သည် သူမရဲ့ လည်ချောင်းလေးထဲ တံတွေးဂလုကနဲ မျိုချလိုက်ပြီး အမျိုးသားရဲ့မှုန်ကုပ်ကုပ် အကြည့်အောက်မှာပဲ ချက်ချင်း မတ်မတ်ရပ်လိုက်သည်။"အဲ့ ပေါပေါပဲပဲ လူတွေက ဘယ်လိုလုပ် ရှင်နဲ့ ယှဉ်လို့ရပါ့မလဲ။"

စုရွမ်ရွမ်သည် သူမ ဘာပြောပြော မတုန်လှုပ်သွားသည့်အပြင် ဟမ့်ကနဲ တောင်နှာမှုတ်လိုက်သေးသည့် အမျိုးသားနဲ့ ရင်ဆိုင်လိုက်ရသည်။

ထိုကဲ့သို့ မှုန်ကုပ်ကုပ် အမူအရာနဲ့တောင် သူက အရမ်းကြည့်ကောင်းနေသည်။

အရင်က ကျောချမ်းဖွယ်ရာ ကြင်နာသိမ်မွေ့မှုနှင့် နှိုင်းစာလျှင် ယခုလုရှီမင်ကမှ တကယ့်လုရှီမင်အစစ်ဖြစ်သည်။

အဆုံးမှာတော့ သူက နဂိုတည်းက အေးတိအေးစက် လူတစ်ယောက် ဖြစ်သည်လေ။

ထိုကဲ့သို့ ဖောက်လွဲဖောက်ပြန် အပြုံးမျိုးက စုရွမ်ရွမ် နှလုံးသားလေးကို ထုရိုက်နေ၏။

အလိုလေး။ ဒီလိုအလှလေးကို ဘယ်သူကများ သူမချစ်သူဖြစ်လာစေပါလိမ့်။

သူက ဘယ်လိုပင် ပုံမှန်မဟုတ်တဲ့သူ ဖြစ်ပါစေ ဘာမှလုပ်လို့လည်း မရမှတော့ သူမဘက်ကပဲ အလိုလိုက်ဖို့သာ တက်နိုင်တော့သည်။

စုရွမ်ရွမ်သည် သူမဘေးက အမျိုးသားဇွန်ဘီ အုပ်ကို လက်ညိုးထိုးကာ ဆိုလိုက်၏။"စိတ်မပူပါနဲ့။ သူတို့က ရှင့်ရဲ့လက်တစ်ချောင်းနဲ့ တောင်မှ မယှဉ်နိုင်ပါဘူး။"

အမျိုးသားက ဆက်လက်၍ ဟမ့်ကနဲ အသံပြုလိုက်ပြန်၏။

ရလဒ်အနေနဲ့ကတော့ စုရွမ်ရွမ်မှာ ကျန်ရှိနေတဲ့ "ရှင့် ဆံချည်တစ်မျှင်နဲ့ တောင်မှ မယှဉ်နိုင်ပါဘူး" ဆိုတဲ့ စကားစုကို မျိုချလိုက်တော့သည်။

အိုး ရှင်ကသာ အချောဆုံး၊ ရှင်ကသာ အားအကြီးဆုံး ၊ ရှင်ကသာ ပုံမှန်မဟုတ်ဆုံးပဲ။

"စုရွမ်ရွမ်၊ လုရှီမင်ကို ဟိုမှာနေဖို့ ခေါ်သွား"

စုရွမ်ရွမ်က အားနည်းလွန်းသောကြောင့် ဘေး၌ စောင့်ကြည့်ခြင်းကိုသာ တာဝန်ယူသည်။

လုရှီမင်ကတော့ "ကိုယ်ဝန်ဆောင် "ထားသောကြောင့် သူလည်း ကင်းစောင့် တာဝန်ကိုသာ ယူသည်။

ဆီပုလင်း နှစ်ပုလင်းမှာ လက်ရှိနေရာနဲ့ ဆန့်ကျင်ဘက်ကို လျှောက်သွားကြပြီး စင်္ကြန် ထောင့်တွင် ရပ်ကာ ပက်ဝန်းကျင်ကို စောင့်ကြည့်နေကြတော့သည်။

စုရွမ်ရွမ်က မီးခိုးရောင်ကောင်းကင်ကို ကြည့်ကာ၊ နီးယန်ကို လှမ်းဆွဲလိုက်သည်။

ဇွန်ဘီ ဘုရင်မနှင့် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့ နီးယန်မှာ ဒယီးဒယိုင်ဖြစ်သွားရ၏။ "နင် ဘာလုပ်နေတာလဲ"

စုရွမ်ရွမ်က ညင်ညင်သာသာ ပြောလိုက်သည်။"အပြင်သွားရင် ထီးယူသွားဖို့ မမေ့နဲ့ လေ"

နီးယန် : ... ငါက သောက်တိုက်ပွဲတိုက်ဖို့ သွားမှာ။ နင်က ငါ့ကိုထီးယူသွားစေချင်တာလား။

နီးယန်သည် စုရွမ်ရွမ်ရဲ့ ထီးကို ဆွဲယူပြီး ခါးကြားထိုးလိုက်၏။

ဇွန်ဘီဘုရင်မ ဘေးက အဆင့်မြင့် ဇွန်ဘီတွေကို စောင့်ကြည့်နေသည့် ရှောင်ယွီ ဆီ မြှားတစ်စင်းလို ပြေးသွားတော့သည်။

စုရွမ်ရွမ်သည် သူမရဲ့ ပန်းပွင့် ထီးလေးကို ဆွဲထုတ်ကာ တံစက်မြိတ်အောက် ရပ်နေသည့် သူမနဲ့ လုရှီမင်ပေါ် အုပ်မိုး လိုက်သည်။

အမျိုးသားက စုရွမ်ရွမ်ဘေးမှာ ရပ်နေပြီး၊ သူက အရပ်မြင့်တာကြောင့် ရောင်စုံထီးလေးရဲ့ အပြင်ဘက်ကို ခုံးထွက်နေ၏။

လုရှီမင်"...နိမ့်လွန်းတယ်"

"အိုး"

စုရွမ်ရွမ်သည် မြင့်မြင့်မြှောက်ဖို့ ရုန်းကန်လှုပ်ရှားလိုက်ရင်း အလုပ်ကြိုးစားကာ သူမရဲ့ကိုယ်ဝန်သည် ယောက်ျားအား လုံ့လဝီရိယရှိရှိဖြင့် ဝန်ဆောင်မှုပေးနေသည်။

အလိုလေး၊ ဒီကမ္ဘာကြီးထဲမှာ မိန်းမတစ်ယောက်ဖြစ်ရတာ တကယ်ခက်ခဲတာပဲ။

❁❁❁                      

တစ်ဖက်၌ ဇွန်ဘီဘုရင်မမှာ ရုပ်ရည်ကြည့်ကောင်းသော အမျိုးသားများကို ရွေးချယ်နေ၏။ပြီးနောက်"နင့်ကိုစိုက်ကြည့်ပြီး ကိုယ်ဝန်ရစေရမယ်"ဆိုတဲ့ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်နေရင်းဖြင့် နီးယန်ရှိရာသို့ ရောက်လာနေပြီ ဖြစ်သည်။ ရှောင်ယွီက အဆင့်မြင့်ဇွန်ဘီများစွာကို အဝေးသို့ ပ,ထုတ်သွားသော်လည်း ဇွန်ဘီဘုရင်မကိုစောင့်ကြပ်နေတဲ့ ဇွန်ဘီများစွာ ကျန်ရှိနေသေးသည်။

သူတို့က ဇွန်ဘီဘုရင်မ တိုက်ခိုက်ခံရတာကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြတော့သည်။

နီးယန်ရှေ့တွင် ရှိနေသည်မှာ အဆင့်မြင့် ဇွန်ဘီများ မဟုတ်ကြသော်လည်း ဆိုရိုးစကားအတိုင်း ခေါင်းသုံးလုံးက ခေါင်းတစ်လုံးထက်တော့ ပိုကောင်းသည်လေ။

စွမ်းအားရှင်ဇွန်ဘီများမှာ အများအပြားစုပြုံလာကြပြီး ခဏအကြာမှာဘဲ နီးယန် သူတို့ကို မရှောင်ရှား နိုင်တော့ပေ။

"နီးယန်"

"ငါ မထိန်းထားနိုင်တော့ဘူးနော်"

ရှောင်ယွီနဲ့ ကျောက်ခဲဇွန်ဘီက အဆင့်မြင့်ဇွန်ဘီများကို တက်နိုင်သမျှ ဝေးသည်ထက် အဝေးကို ပ,ထုတ်ဖို့ ပြေးသွား‌ကြသည်။

ရှောင်ယွီနှင့်ကျောက်ခဲဇွန်ဘီမှာ သူတို့ခေါင်းများ မကွဲကြေသ၍ အသက်ရှင်နေနိုင်ကြသော်လည်း ဒီစစ်စင်ရေးမှာ အဆင့်မြင့်ဇွန်ဘီ သုံးကောင် ဝန်းရံတာခံရတော့ နည်းနည်းတော့ ခက်ခဲနေသေးသည်။

လျှပ်စီးမိုးကြိုးအား သူမရှေ့က ဇွန်ဘီတွေဆီ ပို့လွှတ်လိုက်သည်။

သို့သော်လည်း သူမက ဇွန်ဘီဘုရင်မကို ဝိုင်းအုံထားသည့် အုပ်ထဲ သွားဖို့ပြင်ရုံရှိသေး ရုတ်တရက် ဇွန်ဘီလေးများက အကြောင်းပြချက်မရှိ ဇွန်ဘီဘုရင်မဘေးမှ တလှိမ့်တလှိမ့် ထွက်လာကြသည်။

ဇွန်ဘီပေါက်လေးများတွင် စွမ်းရည်မရှိသော်‌လည်း သူတို့က သေရမှာ လုံးဝ မကြောက်ကြပေ။

ပြီးတော့ လှုပ်ရှားမှုကလည်း တက်ကြွဖျက်လတ် မြန်ဆန်နေ၏။

သူတို့က ဇွန်ဘီဘုရင်မကို ကာကွယ်စောင့်ကြပ်ကာ နီးယန်ကို တိုက်ခိုက်ကြသည်။

နီးယန်သည် ဘယ်မှညာ ရှောင်တိမ်းနေပြီး လျှပ်စီးစွမ်းရည်က ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း ဇွန်ဘီဘုရင်မကိုတော့ တိုက်ခိုက်လို့ မရခဲ့ပေ။

ရုတ်တရက် နီးယန်ရဲ့ ပတ်ဝန်းကျင်မှာ သေနတ်ပစ်သံတစ်ချက် ထွက်ပေါ်လာသည်။

သူမလှည့်ကြည့်လိုက်တော့ သေနတ်ကို ကိုင်ကာ သူမဘေးက ဇွန်ဘီလေးတွေကို ပစ်နေတဲ့ လုရှီမင်ကို မြင်လိုက်ရ၏။

စုရွမ်ရွမ်က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ရှင် ဇွန်ဘီဘုရင်မကို ဘာကြောင့် မတိုက်ခိုက်ချင်တာလဲ"

လုရှီမင်က ခေါင်းစောင်းကာ စုရွမ်ရွမ်အား လှည့်ကြည့်လာ၏။

လုရှီမင်း၏ ထောက်ပံ့မှုနှင့်အတူ နီးယန်မှာ နောက်ဆုံးတော့ ဇွန်ဘီဘုရင်မနား ချဉ်းကပ်သွားခဲ့သည်။

နီးယန်ရဲ့ ရင်ဆိုင်တိုက်ခိုက်မှုနဲ့ ဆုံနေရတဲ့ ဇွန်ဘီဘုရင်မရဲ့ မျက်နှာမှာ မည်သည့် အမူအရာမှ မရှိခဲ့ပေ။ သို့သော်လည်း ဇွန်ဘီ ပေါက်လေးတွေ အားလုံး အသတ်ခံလိုက်ရတာကို မြင်သောအခါ သူမမျက်နှာဟာ ရုတ်ခြည်း စတင်ပြောင်းလဲလာပြီး သူမလည်ချောင်းထဲမှ ကျယ်လောင် စူးရှသော အော်သံကြီး ထွက်လာသည်။

အဝေးမှ အဆင့်မြင့်ဇွန်ဘီများ၊ စွမ်းရည်ရှိ ဇွန်ဘီများနှင့် သာမန် ဇွန်ဘီများအားလုံးမှာ ဆင့်ခေါ်ခံလိုက်ရရာ သူမကို ဝိုင်းရံ စုပြုံလာကြသည်။

ရှောင်ယွီနှင့် ကျောက်ခဲဇွန်ဘီက သူတို့အား ဘယ်လိုပင် မျှားခေါ်သွားပါစေ ထိုအဆင့်မြင့် ဇွန်ဘီများမှာ သူတို့ကို မသိကျိုးနွံသာ ပြုထားပြီး ဇွန်ဘီဘုရင်မဆီသို့သာ ပြန်သွားချင်နေကြတော့သည်။

နီးယန်ရဲ့အခြေအနေမှာ ရုတ်တရက် အလွန်ပင် ခက်ခဲလာပြီး အဆိုးဝါးဆုံး အခြေအနေဖြစ်လာသည်။

"အုန်း!"

ကြီးမားသော မိုးကြိုးကြောင်းကြီးတစ်ခု ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။

စုရွမ်ရွမ်သည် ကောင်းကင်ကို မော့ကြည့်ပြီး တိုးတိုး ပြောလိုက်သည်။"မိုးရွာနေပြီ..."

နီးယန်သည် ထိုမိုးကြိုးသံကို သေချာကြားလိုက်ပါသည်။

သူမခေါင်းမော့လိုက်တော့ သူမနှာခေါင်းထိပ်သို့ မိုးရေစက် တစ်စက်ကျလာသည်။

နီးယန်ရဲ့ အမူအရာက ရုတ်ခြည်း ပြောင်းလဲသွား၏။

အကယ်၍ သူမ အရေပြားအား မိုးရေစိုသွားမည်ဆိုလျှင် သူမကိုယ်ပေါ်က ဇွန်ဘီဖျန်းဆေးဟာ အကျိုးသက်ရောက်တော့မည် မဟုတ်ဘဲ ပြီးလျှင်တော့ သူတို့မှာ ဇွန်ဘီမြို့တော် တစ်ခုလုံး၏ ပစ်မှတ်ဖြစ်လာလိမ့်မည်။

မိုးက လျှင်မြန်စွာ ရောက်လာခဲ့ပြီး မိုးရေစက်များ ကျဆင်းလာသည်။

နီးယန်သည် ခါးပေါ်ကထီးကို ချက်ချင်း ဆွဲထုတ်ကာ ဂျောက်ကနဲ အသံနဲ့ ထီးပွင့်လာခဲ့သည်။

နီးယန်သည် လက်တစ်ဖက်နဲ့ ထီးကို ကိုင်ထား၏။

အနက်ရောင် အော်တိုမက်တစ်ထီးသည် ကြီးမားပြီး သူမကို မိုးရေများဆီမှ ကာကွယ်ပေးထားသည်။ သူမက ပိုနီတေးလ် ဆံပင်ပုံစံ စည်းထားကာ ပြောက်ကျား ယူနီဖေါင်းဝတ်ထားပြီး ခမ်းနားကြီးကျယ်သောပုံစံဖြင့် ရပ်နေကာ သိပ်သည်းစွာ လွင့်မျှောနေသော မိုးရေနှင့် မီးခိုးများက သူမကို ဝန်းရံထားသည်။

မိုးစက်မိုးပေါက်ကြီးများက ထီးမျက်နှာပြင်ပေါ် ကျဆင်းနေသည်။ ဇွန်ဘီများစွာဆီမှ တိုက်ခိုက်ခြင်း ခံရသောကြောင့် နီးယန်မှာ အေးတိအေးစက်ပုံပေါ်နေသော်လည်း သူမမျက်နှာမှာ မပြောင်းလဲရှိနေသေးပြီး နှလုံးလည်း ခုန်နေသေးသည်။

စုရွမ်ရွမ် ညင်သာစွာ ပြောလိုက်၏။ :မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူမက အမျိုးသမီးသူရဲကောင်းတစ်ယောက်ပဲ။ကမ္ဘာကြီးသာ ပြိုလဲရင် ပြိုလဲသွားမယ်။ သူမ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။

"ဗုန်း" ဟူသော နောက်ထပ် မိုးကြိုးသံထွက်ပေါ်လာတော့ စုရွမ်ရွမ်ရဲ့ ပန်းပွင့် ထီးလေးမှာ ကောင်းကင်ထက်က မိုးရေစက်များအား မကာဆီးနိုင်လုနီးပါး ဖြစ်လာသည်။

နီးယန်သည် လျှပ်စီးများ တဖျပ်ဖျပ် လက်နေတဲ့ သူမလက်ကို မြှောက်လိုက်ပြီးနောက် ကောင်းကင်သို့ လက်ညိုးထိုးပြလိုက်သည်။

စုရွမ်ရွမ်သည် အသက်ရှူ အောင့်မိသွား၏။

နီးယန်က " ပြေးတော့!" ဟု အော်လိုက်ပြီးနောက် သူမက ဦးဆောင်က သူမထီးနှင့် အတူ တဟုန်ထိုးပြေးတော့သည်။

စုရွမ်ရွမ်: ... ရှင်က တကယ်ကို လူကောင်းတစ်ယောက်ပဲ။

❁❁❁                               

အခန်းထဲ၌။ အားလုံးမှာ သူတို့ရဲ့ အဝတ်အစား အစိုများကိုလဲ လိုက်ကြပြီး ဇွန်ဘီဖျန်းဆေး ထပ်ဖျန်းကာ အတူ စုဝေးကြလျက် သူတို့ရဲ့လက်များ၊ ခြေထောက်များကို စစ်လိုက်ကြသည်။

နီးယန် ပြောလိုက်၏။"အားလုံးပဲ ဒဏ်ရာမရကြဘူး မဟုတ်လား"

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

နီးယန်က စိတ်သက်သာရာ စွာ သက်ပြင်းချလိုက်ပြီး "စိမ်းလန်းသော တောင်တန်းတွေကို ချန်ထားလိုက်ပါ။ ထင်းမရှိမှာကို စိတ်မပူပါနဲ့။"ဆိုတဲ့ လူသိများသော ဆိုရိုးစကား တစ်ခုကို ပြောလာသည်။

သူမ ဒဏ်ရာကို ချည်နေရင်း နီးယန်က ဆိုလိုက်သည်။"ငါ အမြဲတွေးနေမိတာ...ဇွန်ဘီဘုရင်မက နည်းနည်းရင်းနှီးနေသလားလို့။"

စုရွမ်ရွမ်ညင်သာစွာပြောလိုက်၏။"လူတွေကြားထဲ အများဆုံးတွေ့နေရတဲ့ မျက်နှာမျိုး ဖြစ်နေလို့ နေမှာပေါ့။"

အဆုံးမှာတော့ သူမဟာ အမြှောက်စာ ဇာတ်ကောင်လေးတစ်ယောက်သာ ဖြစ်သည်။

နီးယန်က ရုတ်တရက် ခေါင်းလှည့်ကာ စုရွမ်ရွမ်ရဲ့လှပသော မျက်နှာလေးကို ကြည့်လိုက်သည်။

ရုတ်တရက် လက်လှမ်းလာကာ သူမမျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။

စုရွမ်ရွမ်: ???

နီးယန် မျက်မှောင်ကြုတ်ပြီး " ခုနက ဇွန်ဘီ လေးတွေက ဇွန်ဘီအရုပ်လေးတွေနဲ့ တူပုံပဲနော်။"

စုရွမ်ရွမ်: ?? အဲ့ဒါ ကျွန်မ မျက်နှာကို ညှစ်တာနဲ့ ဘာဆိုင်လို့လဲ။

နူးညံ့ကာ ချစ်ဖို့ကောင်းသော မျက်နှာလေးအား ပွတ်သပ်နေပြီးနောက်မှာတော့ နီးယန် ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

သူမ လက်ချောင်းရာနှင့် နီရဲနေတဲ့ စုရွမ်ရွမ်ပါးကို လက်လွှတ်ပေးလိုက်တော့၏။

စုရွမ်ရွမ်သည် မိန်းမောနေတဲ့ မျက်နှာနဲ့ သူမရဲ့ နီရဲနေတဲ့ မျက်နှာလေးကို ကိုင်လိုက်၏။

သူမကိုယ်ထိလက်ရောက် စော်ကားခံလိုက်ရပြီ။ သူမ မသန့်ရှင်းတော့ဘူး။

ချစ်စရာလေးအား ကိုယ်ထိလက်ရောက် စော်ကားပြီးနောက် နီးယန် ပြတင်းပေါက်ဆီ လျှောက်သွားပြီး လမ်းပေါ်ကို ကြည့်လိုက်တော့ မူလက ပြေလျော့နေတဲ့ မျက်ခုံးများမှာ တဖန်ပြန်ကြုတ်သွားတော့သည်။

ကျယ်ပြန့်သော လမ်းပေါ်တွင် ဇွန်ဘီ ဘုရင်မက မြေပြင်ပေါ်ထိုင်ချရင်း ဇွန်ဘီပေါက်လေးများအား တစ်ကောင်ချင်း လိုက်ကောက်ယူနေသည်။

ထိုဇွန်ဘီပေါက်လေးများမှာ သေဆုံးသွားကြပြီ ဖြစ်၏။

ဇွန်ဘီ ဘုရင်မက ကျယ်လောင်စွာဖြင့် ဆွဲဆွဲငင်ငင် ငိုကြွေးမြည်တမ်း နေတော့သည်။

သူမ ပတ်ပတ်လည်က ဇွန်ဘီများမှာလည်း ငိုကြွေးမြည်တမ်း နေကြ၏။

ဝမ်းနည်းဖွယ်ရာ ကျယ်လောင်သော အသံများက လမ်းတစ်လျှောက် ပျံ့နှံ့နေတော့သည်။

မလှမ်းမကမ်းမှ ဗိုက်ကြီးနဲ့ အမျိုးသား ဇွန်ဘီတချို့မှာ ရုတ်တရက် မြေပြင်ပေါ် လဲကျသွားကြသည်။

သူတို့ ဗိုက်များမှာ ကြမ်းကြမ်းရမ်းရမ်း တွန့်လိမ်ကောက်ကွေးနေပြီး သူ့တို့ထဲက အရာများမှာ လွတ်လပ်ဖို့ စိတ်အားထက်သန်နေပုံရသည်။

ဇွန်ဘီဘုရင်မရဲ့ မပြောင်းလဲသော ငိုကြွေးမြည်တမ်းမှုကြားတွင် ပူပူနွေးနွေး ဇွန်ဘီ ပေါက်လေးများမှာ အမျိုးသားဇွန်ဘီများရဲ့ ဗိုက်ကို ဆုတ်ဖြဲကာ တွားသွားထွက်လာကြပြီး ရုန်းကန်လှုပ်ရှားလာကြ၏။

အသားစများ ဆုတ်ဖြဲနေသော အသံမှာ ဇွန်ဘီများ၏ ငိုကြွေးသံ၊ မိုးသံများကြား ဖုံးအုပ်ခံထားရ၏။

သို့သော်လည်း သေဆုံးခြင်း၊ ပျက်စီးခြင်းတို့ ပါဝင်နေသည့် ဝမ်းနည်းဖွယ်ရာ မြင်ကွင်းကိုတော့ မဖုံးကွယ်ထားနိုင်ပေ။

ခဏအတွင်းမှာပဲ လမ်းတစ်ခုလုံးဟာ ကမ္ဘာမြေပေါ်ရှိ ငရဲပုံရိပ်လိုမျိုး ဖြစ်လာသည်။

စုရွမ်ရွမ်က ချက်ချင်းပဲ စိုးရိမ်စွာဖြင့် လုရှီမင်ဗိုက်ပေါ် လက်သွားအုပ်လိုက်သည်။ သို့သော်လည်း သူမလက်သေးသေးလေးမှာ အမျိုးသားကြောင့် အကြင်နာမဲ့စွာဖြင့် တိုက်ချခံလိုက်ရသည်။

ရုတ်တရက် နီးယန်ရဲ့ အမူအရာက ပျက်ယွင်းလာသည်။ "အဲ့ ဇွန်ဘီဘုရင်မ ဘယ်သူလဲ ငါမှတ်မိပြီ"

"လွန်ခဲ့သုံးနှစ်က သတင်းတစ်ပိုင်းတစ်စ ငါသိခဲ့တယ်။ ဒီဇွန်ဘီဘုရင်မက အင်တာဗျူး ခံခဲ့ရတာ။ သူမက စိတ်မှန်နေခဲ့တာတော့ မဟုတ်ဘူး။ တခြားရွာသားတွေရဲ့ ပြောစကားအရတော့ သူမက မိန်းကလေးသုံးယောက်မွေးခဲ့ပေမယ့် သူမယောက်ျားက အားလုံးကို ရေနစ်သတ်ခဲ့တာတဲ့။ စတ္ထုထမြောက်ကလေးကို ကိုယ်ဝန်ဆောင်ရတယ်လည်းကြားရော သူက သူမကို ဖျက်ချဖို့ ဖိအားပေးခဲ့တယ်တဲ့။ နောက်တော့ သူမ ရူးသွားတော့တာပဲ"

ဝေးလံခေါင်သီပြီး ယဉ်ကျေးမှု မလွှမ်းမိုးသော ဒေသများတွင် ဘိုးဘေဘီဘင် အယူအဆများ ရှိနေဆဲ ဖြစ်သည်။

"အဲ့အဖြစ်အပျက်က အဲ့တုန်းက အုပ်အော်သောင်းနင်း ဖြစ်ခဲ့တာ ငါမှတ်မိတယ်။ ပြည်သူလူထုတွေရဲ့ဘသဘောထားတွေလည်း ရှိတော့ သူမယောက်ျား ထောင်ချခံလိုက်ရတယ်..."

နီးယန် စကားပြောနေတဲ့ အချိန်မှာ ဇွန်ဘီတွေရဲ့ ငိုကြွေးမြည်တမ်းသံက ပြတင်းပေါက်ကို ဖြတ်ပြီး ရောက်လာသည်။                        

ထိုအက်ကွဲသော အော်ငိုသံများက နောက်ဆုံးသော မျှော်လင့်ချက်လေးအား ဆွဲကိုင်နေသလိုမျိုးပင်။

မိုးက ပိုပိုသည်းလာပြီး သွေးများနဲ့ လွှမ်းခြုံပျံ့နှံ့လာသည်။

ဇွန်ဘီ ပေါက်လေးများ၏ အော်ဟစ်သံက ကလေးငယ်များ၏ အော်သံများ အလား ရောထွေးနေသည်။

အောက်ကမြင်ကွင်းကို မကြည့်ဘဲ အသံကိုသာ နားထောင်ကြည့်ပါက တကယ့်ကလေးတစ်ယောက် ငိုနေတာလို့ ထင်မိမှာ စိုးရသည် ။

အခန်းက ခဏလောက် တိတ်ဆိတ်သွား၏။

နီးယန်စကားပြောပြီးနောက် ခေါင်းလှည့်လိုက်တော့ သူမဘေးမှာ ငိုနေတဲ့ စုရွမ်ရွမ်ကို တွေ့လိုက်သည်။

သူမ အံ့အားသင့်သွား၏။"စုရွမ်ရွမ်၊ နင် ငိုနေတာလား"

ဆို့နင်နေတဲ့ အသံနဲ့ မျက်လုံးနီနီနဲ့ စုရွမ်ရွမ်က ဆိုလာသည်။"ရာသီဥတုက အရမ်းပူတော့ မျက်လုံး ချွေးထွက်နေတာ ဖြစ်မယ်"

စကားပြောပြီးနောက် စုရွမ်ရွမ်က နှေးကွေးလေးကန်စွာဖြင့် ထရပ်လိုက်သည်။ "ကျွန်မ ခွေးစာသွားကျွေးအုံးမယ်" ထို့နောက် သူမက သံပုံလေးကို ကိုင်ကာ ထောင့်နားတွင် ငုတ်တုပ်ထိုင်နေပြီး သူမခေါင်းကို သံပုံးလေးထဲ ထည့်ထား၏။

အမျိုးသားက ထရပ်ကာ စုရွမ်ရွမ်ဆီသို့ လျှောက်သွားလိုက်သည်။

ထောင့်နားတွင် ပုံးတစ်လုံးစွပ်ကာ ထိုင်နေတဲ့ မိန်းမငယ်လေးကို ကြည့်ရင်း.. သံပုံးကို လှမ်း ချွတ်လိုက်သည်။

စုရွမ်ရွမ်က သံပုံးကို ဖိထားပြီး နူးညံ့သော အသံလေးက သံပုံးဆီမှ ပဲ့တင်ရိုက်ပြီး ထွက်လာသည်။ "မလုပ်နဲ့ ဟင့်အင်း မလုပ်နဲ့ ..."

" မကြောက်ပါနဲ့" အမျိုးသားက ညင်သာစွာစကား ပြောပြီးနောက် သံပုံးကိုချွတ်လိုက်တော့ မျက်ဝန်းနီတွေနဲ့ စုရွမ်ရွမ်ရဲ့ မျက်နှာဖြူဖြူလေး ပေါ်လာသည်။

လုရှီမင်က မျက်ရည်များကို လက်ချောင်းနဲ့သုတ်ပေးလိုက်ပြီး ဆိုလိုက်၏။ "ဗိုက်ဆာပြီလား"

စုရွမ်ရွမ်က ခပ်ဖြည်းဖြည်း ခေါင်းခါလိုက်ပြီး သူမမျက်နှာကို ကာဖို့ သူ့ခေါင်းပေါ်က အစိမ်းရောင် ဦးထုပ်ကို ဆွဲယူလိုက်သည်။

လုရှီမင်က သူ့ရှေ့ကအစိမ်းရောင်ဦးထုပ်ကို ကြည့်ပြီး ရုတ်တရက် သူမကို ကောက် မကာအခန်းထဲဝင်လိုက်သည်။

"ကလစ်"ဆိုတဲ့အသံနဲ့ အခန်းတံခါးပိတ်သွားခဲ့ပြီး နှစ်ယောက်သား Space ထဲမှာ ထွက်ပေါ်လာသည်။

"အင်း...ဒီမှာ ကျွန်မတို့နှစ်ယောက်ပဲ ရှိတယ်နော်။"

လုရှီမင်က သူမကို ဆွဲချလိုက်သည်။

စုရွမ်ရွမ်က နူးညံ့သော မြက်ခင်းပြင်ပေါ်ထိုင်ချလိုက်ပြီး လုရှီမင် ရင်ခွင်ထဲ ခေါင်းစောင်းမှီလိုက်သည်။သူ့ဗိုက်အား ရှောင်ရှားဖို့ကိုလည်း မမေ့ခဲ့ပေ။

Spaceက အတော်လေး တိတ်ဆိတ်နေ၏။

မျိုးစေ့လေးအကင်ခံလိုက်ရကတည်းက Space ရဲ့ စူးစူးရှရှ ဝက်အော်သံလို့ခေါ်ရတဲ့ နောက်ခံဂီတသံများလည်း ပျောက်ကွယ်သွားခဲ့သည်။

လုရှီမင်က လက်ဆန့်ထုတ်ကာ စုရွမ်ရွမ် ခေါင်းပေါ်က အစိမ်းရောင်ဦးထုပ်ကို ယူလိုက်ပြီး လွှတ်ပစ်လိုက်သည်။

ဦးထုပ်စိမ်းမှာ ချက်ချင်းပင်လောင်ကျွမ်းပြာကျသွားတော့၏။

"မင်းဘာလို့ငိုနေတာလဲ"

လုရှီမင်က ခေါင်းငုံ့ကာ သူ့ရှေ့က မိန်းမငယ်လေးကို ကြည့်လိုက်သည်။ သွပ်လျလျလက်ချောင်းများဖြင့် သူမ မေးကိုပင့်မလိုက်သည်။

စုရွမ်ရွမ်ရဲ့ မျက်၀န်းများမှာ နီရဲနေပြီး မျက်ရည်များ ရစ်ဝိုင်းနေကာ သနားစဖွယ် အသွင် ဖြစ်နေ၏။

လုရှီမင်ရဲ့ စကားလုံးတွေကို ကြားတော့ သူမမျက်တောင်များညွှတ်ကျသွားပြီး ပဲစေ့ လောက် မျက်ရည်စက်ကြီးများ ဝေ့သီကာ သူမပါးပြင်ပေါ်ကျဆင်းလာတော့၏။

"ကျွန်မ ... ကျွန်မကလေးဘဝတုန်းက..."သူမ လက်အချင်းချင်းကို ညင်သာစွာလှိမ်ယှက်ထားပြီး သူမ အသံက ပို၍ပင် ဖျော့တော့ တိုးညှင်းသွားသည်။

လုရှီမင်ကတော့ ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။

မိန်းမငယ်လေးက မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့သည်။ သူမက မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့် မိဘမဲ့ဂေဟာ၏ ဝင်ပေါက်တွင် ပစ်ချခံခဲ့ရပြီး ဂေဟာမှူးက ကောက်ယူခဲ့ခြင်းဖြစ်သည်။

အမျိုးသားက လူကို ပွေ့ဖက်လိုက်ပြီး သူမရဲ့ နီရဲ ဖူးယောင်နေတဲ့ မျက်ဝန်းများကို နမ်းလိုက်သည်။

"နတ်သမီးတွေက အဲ့ကမ္ဘာမှာ နေလို့မရဘဲ ဒီကမ္ဘာမှာပဲ နေလို့ရလို့ပေါ့။"

"အဲ့ဒါက မင်းဒီမှာရှိနေရတဲ့ အကြောင်းရင်းပဲလေ"

သူက တစ်ကိုယ်ဆန်သူဟု လုရှီမင်တွေးမိလိုက်၏။

ဒါကြောင့် နတ်သမီးလေးကို သူ့ကိုယ်ပိုင် အတွက် ခေါ်ယူထားခြင်းအား အပြစ်မတင်ပါနဲ့။

စုရွမ်ရွမ် သူမရှေ့က လုရှီမင်ကို မော့ကြည့်လိုက်သည်။

ဤကမ္ဘာပျက်ကပ်ကြီးက ရက်စက်သော်လည်း စုရွမ်ရွမ်အတွက် ဖြစ်သည်။

အဆုံးမရှိသော နွေးထွေးမှုကို စုရွမ်ရွမ်ခံစားခဲ့ရ၏။

စုရွမ်ရွမ်သည် ထိုင်ချလိုက်ပြီး လုရှီမင် မျက်နှာကို လှမ်းဆွဲကာ ဂရုတစိုက် နမ်းရှိုက်လိုက်သည်။

အမျိုးသားက ပြန်နမ်းလာပြီး စုရွမ်ရွမ်ကို သူ့အောက် ဖိချလိုက်သည်။

စုရွမ်ရွမ်က ချက်ချင်းအော်ပြောလိုက်၏။"ကလေး ထိခိုက်သွားလိမ့်မယ်။"

❁❁❁                                                

ကလေးရှေ့တွင် သဘောထားမတိုက်ဆိုင်သော လေ့ကျင့်ခန်းများလုပ်ပြီးနောက် စုရွမ်ရွမ်သည် နီမြန်းသော မျက်နှာဖြင့် Space ထဲမှ ထွက်လာခဲ့သည်။

သူမ တံခါးဖွင့်ဖို့ ပြင်လိုက်တုန်းမှာပဲ အပြင်ဘက်မှ နီးယန်ရဲ့ အော်ပြောသံ ပေါ်လာသည်။

"စုရွမ်ရွမ်၊ အထဲမှာနေ။"

ထို့နောက် "ဒုန်းကနဲ "ဖြင့် တစ်ခုခု မှောက်သွားသံ ထွက်လာ၏။

စုရွမ်ရွမ်နဲ့ လုရှီမင်သည် အချင်းချင်း ကြည့်လိုက်ပြီး တံခါးဖွင့်လိုက်သည်။

အခန်းက ရှင်းလင်းနေပုံပေါ်ပြီး လူတိုင်း ပျောက်ဆုံးနေ၏။

စုရွမ်ရွမ်သည် ပြတင်းပေါက်ဆီပြေးသွားပြီး ရှေ့ ကိုကိုင်းကြည့်လိုက်တော့ အပြင်ဘက်က အရှုပ်အထွေးများကို မြင်လိုက်ရသည်။

ဇွန်ဘီဘုရင်မ ကတော့ ရပ်နေဆဲဖြစ်ပြီး ရန်လိုအားကြီးလာသကဲ့သို့ သူမ အသံက ကျယ်သည်ထက် ကျယ်လာလေသည်။

ထို ဇွန်ဘီဘုရင်မဟာ ရူးသွပ်နေသကဲ့သို့ လှည့်ပတ် ထုရိုက်နေသည်။

နီးယန်နှင့် တခြားသူများကို ရှာဖွေနေခြင်းဖြစ်လောက်သည်။

သူတို့မှာ ထွက်မပြေးခင် တားဆီးခံလိုက်ကြရ၏။

ဇွန်ဘီ ဘုရင်မက ဇွန်ဘီ ပေါက်လေး၏ အလောင်းကို ဖက်ထားပြီး နီးယန်အား အော်ဟစ်နေကာ သူမ မျက်နှာက တအားကို ကြောက်မက်ဖွယ်ကောင်းနေသည်။

ရှောင်ယွီက နီးယန်ကို သူ့နောက်မှာ ထားထားသော်လည်း သိပ်သည်းသော မိုးကြောင့် နီးယန်ကိုယ်ပေါ်က ဇွန်ဘီဖျန်းဆေးမှာ ပျက်ပြယ် စပြုလာခဲ့သည်။

ဇွန်ဘီများ၏ ရန်လိုမှုမှာ ပိုပိုပြီး ပြင်းထန်လာတော့၏။

နီးယန်သည် ဇွန်ဘီဘုရင်မနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့ ကြိုးစားပမ်းစားလုပ်နေပုံပေါ်သည်။

ဇွန်ဘီဘုရင်မက လူသား စကားအား လုံးဝနားမလည်နိုင်တာကတော့ နှမြောစရာပါပေ။

သို့မဟုတ် လည်း သူမ နားထောင်ချင်မှာတော့ မဟုတ်ပေ။

"သွားရအောင်..."

စုရွမ်ရွမ်သည် လုရှီမင် လက်ကို လှမ်းဆွဲလိုက်သော်လည်း ဆွဲလို့ မမိခဲ့ပေ။

စုရွမ်ရွမ် လှည့်ကြည့်လိုက်တော့ နံရံကိုမှီကာ ကိုယ်အနည်းငယ်ကိုင်းထားသည့် အမျိုးသားကို မြင်လိုက်ရသည်။

လက်တစ်ဖက်ဖြင့် သူ့ဗိုက်ကိုဖိကိုင်ထားပြီး လက်တစ်ဖက်က သူ့ပါးစပ်ကို အုပ်ထားသည်။

ဒီအချိန်ကြီး မွေးတော့မှာလား။

စုရွမ်ရွမ် စိုးရိမ်တကြီး ပြေးသွားလိုက်သည်။

ဒီအချိန်က ရေနွေးသောက်ဖို့လိုတာလား။

စုရွမ်ရွမ်သည် လုရှီမင်ရှေ့တွင် ရပ်နေခဲ့ပြီး သူခေါင်းမော့လာတော့ ပူနွေးသော သွေးတစ် စက် သူမ နဖူးပေါ် ကျလာသည်။

သူမ မှင်သက် အံ့သြသွား၏။

လုရှီမင်က သူ့ပါးစပ်ကို ကာထားခဲ့ပြီး သူ့လက်ချောင်းကြားမှ သွေးများ ကျဆင်းနေသည်။

"လုရှီမင် ရှင်ဘာဖြစ်တာလဲ။"

အမျိုးသားရဲ့ မျက်၀န်းများမှာ မပွင့်တပွင့် ဖြစ်နေပြီး ချောင်းအပြင်းအထန် ဆိုးနေ၏။ နောက်ထပ် ပါးစပ်အပြည့် သွေးများ သူ့လက်ချောင်းကြားမှ ထွက်လာပြန်သည်။

သွေးများက ထူပျစ်နေပြီး အမျိုးသားရဲ့ ဖြူဖျော့သော လက်ချောင်းကြားမှ တဖြည်းဖြည်းချင်းစီ ထွက်လာကာ စုရွမ်ရွမ်ရဲ့ မျက်နှာပေါ်ကျလာသည်။

"လုရှီမင်..."စုရွမ်ရွမ် သွေးတွေကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေသည်။သူမ လုရှီမင်၏ ပါးစပ်ကို ကူပြီး ကာပေးချင်သော်လည်း သူမလက်များမှာ တဆတ်ဆတ် တုန်ခိုက်နေ၏။

"အဆင်ပြေပါတယ်ကွာ"အမျိုးသားက အံ့တင်းတင်းကြိတ်လိုက်ပြီး သူ့လက်ချောင်းပေါ်ကို နွယ်ပင်တစ်ခု ထုတ်လိုက်သည်။

နွယ်ပင်က စုရွမ်ရွမ်ရဲ့လက်များကို လိမ္မာပါးနပ်စွာ ရစ်ပတ်ထားပြီး ကြင်နာယုယစွာဖြင့် သူမကို ပွတ်သပ်နေသည်။

ထိုကဲ့သို့ ပွတ်သပ်ပြီးနောက် အမျိုးသားမှာ အားအင်ကုန်ခမ်းစွာဖြင့် နံရံပေါ်သို့ လျှောချလိုက်သည်။

စုရွမ်ရွမ်သည် မသိစိတ်အရ လူကို လှမ်းပွေ့ဖက်လိုက်သည်။

လုရှီမင်ကို သူမပေါ်မှီ စေလိုက်၏။

အမျိုးသားမှာ ချွေးအေးများ ထွက်နေပြီး အဝတ်အစားများ စိုရွှဲနေသည်။ အနက်ရောင်ဆံပင်တွေက အရေပြားပေါ်မှာ ကပ်နေပြီး ဖြူဖျော့ကာ ကြောက်စရာကောင်းနေ၏။

"ကိုယ်အနားယူအုံးမယ်"

လုရှီမင်က စကားပြောပြီးနောက် မျက်လုံးများ မှိတ်သွားတော့သည်။

စုရွမ်ရွမ်၏ လက်ကောက်ဝတ်တွင် ရစ်ပတ်ထားသော နွယ်ပင်သည် ရုတ်တရက် ရစ်ဝဲဝိုင်းပတ်ကာ နှစ်ယောက်စလုံးကို ရစ်ပတ်ထုတ်ပိုးလိုက်သည်။

❁❁❁
                          
လမ်းပေါ်တွင် ဖရုံသီးခွေးနဲ့ ဇွန်ဘီခွေးက ဇွန်ဘီတွေကို ကိုက်ဖြတ်နေ၏။

ဇွန်ဘီခွေးက မဆင်မခြင် ပြေးသွားပြီး ဇွန်ဘီနံရံကို ချိုးဖြတ်ဖို့ ကြိုးစားနေလေသည်။

ဖရုံသီးခွေးမှာ ဘောလုံးတစ်လုံးလို ဖောင်းကားနေခဲ့ပြီး ဇွန်ဘီတစ်ကောင်ကို တစ်ကိုက်နှုန်းဖြင့် မျိုချနေသည်။

သူတို့ အလွန်အလုပ်ကြိုးစားကြသော်လည်း ဇွန်ဘီ အရေအတွက်မှာ ပိုပို၍သာ များလာလေသည်။

ထို့အပြင် အဆုံးမှာတော့ ဤနေရာက ဇွန်ဘီမြို့တော်၏ မြို့လယ် ဖြစ်သည်။ အတွင်းပိုင်းရှိ အဆင့်မြင့် ဇွန်ဘီများမှာ အပြင်ဘက်ရှိ စုတ်ချာသော ဇွန်ဘီများနှင့် အဘယ်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။

သို့သော်လည်း ဇွန်ဘီခွေးနှင့် ဖရုံသီး ယခွေးတို့နှင့် နှိုင်းစာလျှင် ရှောင်ယွီနှင့် နီးယန်တို့၏ အခြေအနေက သိသိသာသာကို ပို၍ပင် အန္တရာယ်ရှိနေသည်။

ရှောင်ယွီက ဇွန်ဘီများကို ခိုင်မာစွာထိန်းချုပ်ထားပြီး လက်လွတ်စပယ် ကိုက်နေသည်။

ရှောင်ယွီ တစ်ယောက် ရုပ်ပျက်ဆင်းပျက်ပုံစံနဲ့ ဇွန်ဘီတစ်ကောင်ရဲ့ခေါင်းကို ခွဲလိုက်ပြီး သူ့ပေါ် ချိတ်ဆွဲနေတဲ့ ဇွန်ဘီကို ခါထုတ်ပစ်လိုက်သည်။ သူ ရုန်းထွက်ဖို့ ပြင်တုန်းမှာပဲ သူ့ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ခါလာပြီး ယပ်တောင် တစ်ခုလိုမျိုး လက်ကြီးတစ်ဖက်က သူ့ခေါင်းဆီ အုပ်ကိုင်လာခဲ့သည်။

မဟုတ်ဘူး။ ဒီအချိန်တော့မဟုတ်ဘူး...။

ရှောင်ယွီသည် သွားကြိတ်လိုက်ပြီး ဓားမြှောင်ကို ဆွဲထုတ်ကာ သူ့လက်မောင်းတွေကို ပြင်းပြင်းထန်ထန် ထိုးခွဲလိုက်သည်။

အခြေခံအားဖြင့်တော့ ဇွန်ဘီလူသားရဲ့ ခန္ဓာကိုယ်က သွေးထွက်မှာ မဟုတ်ပေ။

ထိုကဲ့သို့ နက်ရှိုင်းသော ဒဏ်ရာမှနေ ရှောင်ယွီသည် နာကျင်သော ခံစားမှုကိုပဲ ခံစားလို့ရနေသည်။

အသုံးမ၀င်ဘူး၊ အသုံးမ၀င်ဘူး...ဇွန်ဘီများ ပြေးလာကြရာ ရှောင်ယွီရဲ့ခန္ဓာကိုယ်မှာ မြုပ်ဝင်သွားတော့သည်။

ခဏအတွင်းမှာပဲ ရှောင်ယွီဟာ ဇွန်ဘီ တောင်ပို့ အောက်မှာ ဖိကြိတ်ခံလိုက်ရတော့၏။

ဒီမြင်ကွင်းကို မြင်တော့ နီးယန်ရဲ့ အမူအယာက ဖြူဖျော့သွားလေသည်။

ဇွန်ဘီတိုက်ခိုက်ရာတွင် သုံးဖို့ သူမလက်ထဲက ထီးကို ထီးရွက် ဖြုတ်ပစ်လိုက်ပြီး ထီးရိုးသာလျှင် ချန်ထားလိုက်သည်။ သူမ ပတ်ဝန်းကျင်က သစ်ပင်များအား ဖျက်ကနဲလိုက်ကြည့်လိုက်ပြီး သူမမျက်ဝန်းမှာ ရုတ်တရက် တလက်လက် စူးရှလာ၏။

နီးယန်က ဇွန်ဘီ ခွေးကို အော်ပြောလိုက်သည်။ "ငါ့ကို သစ်ပင်ဆီ ပို့ပေး"

လမ်းဘေးတွင် အလှသစ်ပင်များ အများကြီးရှိသည်။

ဇွန်ဘီများမှာ သစ်ပင်ကို ကိုက်ဝါးရတာ မကြိုက်တာကြောင့် သစ်ပင်များမှာ ကောင်းကောင်း ရှင်သန်ကြီးထွားနေသည်။

ဇွန်ဘီခွေးက ဇွန်ဘီအုပ်ကို ကျွမ်းကျင်စွာဖြင့် ဖြတ်ကျော်လိုက်ပြီး နီးယန်နှင့် အတူ သစ်ပင်ထိပ်ဆီသို့ တရွေ့ရွေ့ပြေးသွားလိုက်သည်။

မှိုင်းညို့အုံ့မှိုင်းနေသော ကောင်းကင်နဲ့ မိုးကြိုးများက တအုန်းအုန်း အသံမြည်ကာ လျှပ်စီးများ လျှပ်နေ၏။

နီးယန်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူမလက်ထဲက ထီးရိုးကို မြောက်ကိုင်လိုက်သည်။

ကောင်းကင်တစ်ခွင်တွင် မိုးကြိုးများက အင်အားကြီးမားသော သားရဲအုပ်လိုမျိုး တအုန်းအုန်းမြည်နေ၏။

"အုန်းကနဲ "အသံနဲ့ နောက်ထပ် မိုးကြိုးတစ်ချက်ကျလာသည်။ လျှပ်စီးတွေက တိမ်တွေကို ထိုးဖောက်ပြီး တောက်ပစွာ၊ အုံ့မှိုင်းစွာဖြင့် ကျနေကာ လမ်းဘေးက သစ်ပင်တစ်ပင်ဆီသို့ ကျနေလေသည်။

ထို့နောက် နောက်အခိုက်အတန့်မှာပဲ ကြီးမားတဲ့လျှပ်စီးကြောင်းကြီးတစ်ခု ပေါ်လာချိန်တွင် တော့ တိမ်များမှာ အလေးချိန်စီးနေတော့သည်။

နီးယန်လက်ထဲက ထီးရိုးမှာ လျှပ်စီးများ တဖျစ်ဖျစ်မြည်နေ၏။

ထိုအခိုက်အတန့်မှာပဲ သူမရဲ့ ခန္ဓာကိုယ်ဟာ စုတ်ပြဲသွားတော့မယ်လို့ အလိုလို သိစိတ်ဖြင့် ခံစားနေရသည်။

"ပုန်း" နီးယန် ခြောက်သွေ့သော အသံဖြင့် အော်ပြောလိုက်သည်။

ဇွန်ဘီခွေးနဲ့ ဖရုံသီးခွေး နှစ်ကောင်လုံးမှာ ကွေးကောက် ဝပ်နေလိုက်ကြသည်။

ဇွန်ဘီတွေမှာ ဘာဖြစ်သွားမှန်း မသိကြဘဲ အခွင့်အရေးပဲဟု တွေးနေကာ ရှေ့သို့ အပြေး ချီတက်လာကြတော့သည်။

မိုးရွာနှုန်းက ပိုပိုပြီး ပြင်းထန်လာပြီး လျှပ်စီးများကလည်း ပိုပိုပြီး သန်မာ ပြင်းထန်လာသည်။

နီးယန်သည် သူမခန္ဓာကိုယ်က လျှပ်စီးများ တောင့်မခံနိုင်တော့သည်အထိ သူမစွမ်းရည်ကို စုစည်းဖို့မကြိုးစားနိုင်တော့ပဲ  သူမရဲ့ အကန့်အသတ်သို့ ရောက်လာသောအခါ သူမစွမ်းရည်များကို စုစည်းလိုက်ပြီး လျှပ်စီးမိုးကြိုး စွမ်းအားနှင့် အတူ ပြင်းထန်စွာဖြင့် ဝှေ့ယှမ်းလိုက်သည်။

ကြီးမားသော ထစ်ချုန်းသံကြီးတစ်ခု မြည်ဟည်းသွားတော့၏။

လျှပ်စီးလှိုင်းက မရေတွက်နိုင်သော ဇွန်ဘီများကို ပေါက်ကွဲသွားစေတော့သည်။

ကောင်းကင်ထက် ဖုံးအုပ်နေသော တိမ်တိုက်သည် "Poof" ဟူသော အသံနဲ့ လွင့်ပျံသွားခဲ့ပြီး အဆောက်အအုံများ ပြိုလဲကျကာ အရာအားလုံး တိတ်ဆိတ်သွားတော့သည်။

မိုးရေစက်များက‌တော့ ဆက်လက်ကျဆင်းနေဆဲ ဖြစ်၏။

အုပ်အကျိုး၊ ကြွေပြားအကျိုးများကြားမှ ခွေးနှစ်ကောင်က အရင်ဦးဆုံး ထွက်လာသည်။

ဖရုံသီးခွေးဟာ ဇွန်ဘီခွေးဆီတိုက်ရိုက်ဦးတည်လိုက်ပြီး အပြင်းအထန် တူးထုတ်တော့သည်။

ရှောင်ယွီဆွဲထုတ်ခံလိုက်ရ၏။

ရှောင်ယွီက အိပ်ချင်မူးတူးဖြင့် သူ့မျက်နှာကို သုတ်ချလိုက်ပြီးနောက် သစ်ပင်အောက်ပိနေတဲ့ နီးယန်ကို မြင်လိုက်ရသည်။

နီးယန်ရဲ့ လက်မှာ ထီးရိုးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။

သူမမျက်နှာပေါ်တွင် သွေးများရှိနေသော်လည်း သူမမျက်ဝန်းများကတော့ ထူးထူးခြားခြား တောက်ပနေသည်။

ရှောင်ယွီမျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့ပြီး ရုတ်တရက် သူ့အပြုံးမှာ တန့်ကနဲ ရပ်သွား၏။

"နီးယန်!"

နီးယန်သည် သူမဘေးရုတ်တရက်ပေါ်လာပြီး သူမလက်မောင်းကို ကိုက်ခဲနေသည့် ဇွန်ဘီကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည်။

"အား!" နီးယန် ဖျက်ကနဲ လက်ဝှေ့ယမ်းလိုက်သော်လည်း သူမတွင် လှုပ်ရှားဖို့ အင်အား မရှိသောကြောင့် ပြင်းထန်စွာ အကိုက်ခံလိုက်ရသည်။

နီးယန်ကို ကိုက်နေသူမှာ ဇွန်ဘီဘုရင်မ ဖြစ်ပြီး သူမ မသေခဲ့ပေ။

"နီးယန်!"

ရှောင်ယွီ ပြေးသွားခဲ့သော်လည်း ပြင်းထန်သော ခေါင်းကိုက်မှုတစ်ခုကြောင့် ဒူးထောက်ကျသွားတော့သည်။

ဘယ်နေရာက ထွက်လာမှန်း မသိရတဲ့ နီးမိန်က ဇွန်ဘီဘုရင်မကို တဖုန်းဖုန်း ရိုက်နှက်လိုက်သည်။

အစောတုန်းက ထွက်ပြေးလွှတ်မြှောက်သွားခဲ့တဲ့ ကျောက်ခဲဇွန်ဘီက ပြန်ထွက်ပေါ်လာခဲ့ပြီး ကျောက်ခဲကို ကောက်ကာ ဇွန်ဘီဘုရင်မခေါင်းကို ပစ်ခွင်းလိုက်သည်။

ဇွန်ဘီဘုရင်မသည် ဇွန်ဘီပေါက်လေးများကို ဖက်ထားလျက်ဖြင့် ကျောက်ခဲများဖြင့် ပစ်ပေါက်ခံနေရကာ ကျောက်ခဲများကြား နှစ် မြုပ်သွားတော့သည်။

ဇွန်ဘီဘုရင်မကို ရှင်းထုတ်လိုက်ပြီးနောက် နီးမိန်ရဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ဟာ သစ်ပင်ကို ထုရိုက်နေခဲ့ပြီး သစ်ပင်အောက်က နီးယန်ကို ကယ်ဖို့ ကြိုးစားနေသည်။

နီးယန်က သူမလက်မောင်းကို ဆုပ်ကိုင်လိုက်၏။

"Ho ho ho..."နီးမိန်က အကူအညီမဲ့စွာဖြင့် လှုပ်ရှားမှုများ ရပ်တန့်လို့သွား၏။ သူမက နီးယန် ဘေးတွင်ထိုင်ကာ အလောတကြီးလည်ချောင်းသံဖြင့ အော်နေလေသည်။

"အဆင်ပြေတယ်၊ အဆင်ပြေပါတယ်။"

နီးယန်က သူမ ဒဏ်ရာကို အုပ်ကိုင်ထားရင်း ခေါင်းခါလိုက်သည်။

မိုးက ပိုသည်းလာခဲ့ပြီး ကောင်းကင်က ငရဲမှ အမဲလိုက်နယ်မြေလိုမျိုး မှုန်မှိုင်းလို့နေသည်။

"နီးမိန် ၊ အဆင်ပြေပါတယ်။" နီးယန်က လက်မြှောက်လိုက်ပြီး သူမရဲ့သွေးစွန်းနေသော လက်နဲ့ နီးမိန်ရဲ့ မျက်နာကို သုတ်ပေးနေလေသည်။

သူမမျက်နှာပေါ်က မိုးရေတွေကို ဂရုတစိုက် သုက်ပေးလိုက်ပြီး ရုတ်တရက် သူမ လက်မောင်းပေါ်က ဒဏ်ရာကို ပေါ်လွင်အောင် ဖော်ပြကာ ပြုံးပြလိုက်သည်။"ကြည့်၊ အခု ငါ နင့်ကို ကောင်းကောင်း ပွေ့ဖက်ပေးနိုင်ပြီ။"

"ဒီကိုလာ ၊ မကြောက်ပါနဲ့ ၊ မမက ဖက်ထားပေးမယ်။"

နီးမိန်ရဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်က ရှေ့ကို ကိုင်းလာသည်။

နီးယန်က သက်ပြင်းချလိုက်ပြီး နီးမိန်ကို သူမ ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

"Ho ho ho..."

နီးယန်ရဲ့ ဖက်ထားခံရတဲ့ နီးမိန်က သစ်ပင်ကို တွန်းထုတ်ဖို့ကြိုးစားနေဆဲဖြစ်ပြီး သူမလည်ချောင်းထဲမှ မြန်ဆန်သော ပင့်သက် ရှိုက်သံများပေါ်လာသည်။

နီးယန်က သူမကို နှစ်သိမ့်ဖို့ ခပ်ဖွဖွပုတ်ပေးလိုက်၏။

နီးမိန်ရဲ့ မျက်နှာက တွန့်လိမ်ပြောင်းလဲသွားပြီး ကျောက်ခဲအား သွေးနေသကဲ့သို့ လည်ချောင်းထဲမှ လာသည့် အက်ကွဲသော အသံဖြင့် "မမ မမ ..."

"အုန်းကနဲ "မြည်သံဖြင့် ကောင်းကင်မှ မိုးခြိမ်းသံထပ်ပေါ်လာသည်။

နီးယန် အံ့အားသင့်သွားသည်။"နီးမိန် ၊ နင်အခု ငါ့ကို ဘာလို့ ခေါ်လိုက်တာ။"

နီးမိန်ရဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်က လှုပ်ရှားသွားကာ သူ့မျက်နှာက တွန့်လိမ်ပြောင်းလဲသွားပြီး ခက်ခက်ခဲခဲဖြင့် ဆိုလာသည်။"မမ"

နီးယန်သည် နီးမိန်၏ နီရဲသော မျက်ဝန်းများကို ကြည့်မိသွားသည်။

သူမရဲ့ ခေါင်းကို နီးမိန်ရဲ့လက်မောင်းထဲမြှုပ်လိုက်ပြီး မှေးမှိန်ဖျော့တော့သော အမှောင်က သူမရဲ့အမြင်ကို ဖုံးလွှမ်းလာကာ သူမအတွေးများ မှိန်ဖျော့ အားနည်းလာပြီး၊ ကြောက်ရွံ့ထိတ်လန့်နေတော့သည်။

"တောင်းပန်ပါတယ် နီးမိန်... တောင်းပန်ပါတယ်။" အဆုံးမှာတော့ သူမက တစ်ယောက်တည်း ထွက်သွားရတော့မည်။

သူမက အစ်မကောင်းတစ်ယောက်မဟုတ်ပေ။

_______

🍂:ကျန်တဲ့ Main Story သုံးပိုင်းကို မနက်ဖြန် တင်ပေးပါ့မယ်။

°
°
°
°
°
°
°
°
°
°
°
°
°
°
°
°
°
°
°
°
°
°
°

ဤသည္က ခန႔္ညားေသာ အမ်ိဳးသားမ်ား၏ ခမ္းနားႀကီးက်ယ္ေသာ အခမ္းအနားပြဲတစ္ခုျဖစ္သည္။

ထိုအမ်ိဳးသားမ်ားအားလုံးမွာ ဇြန္ဘီ မ်ားျဖစ္ၾကၿပီး အကုန္လုံးေခ်ာေမာ ၾကည့္ေကာင္းၾကသည္။

အရပ္ျမင့္ျမင့္၊ ေျခတံရွည္ရွည္၊ abs ရွစ္ခုျဖင့္ ပထမဆုံးအၾကည့္တစ္ခ်က္နဲ႕တင္ ၾကည့္ေကာင္းသည္ဟု ထင္ရသည္။

ဘယ္နည္းနဲ႕ျဖစ္ျဖစ္ စု႐ြမ္႐ြမ္ဟာလည္း အမ်ိဳးမ်ိဳးေသာ စိတ္ကူးမ်ား ယဥ္မိလိုက္၏။

" ၾကည့္ေကာင္းလား"

" ၾကည့္ေကာင္းတယ္"

ဟီး ဟီး ဟီး

စု႐ြမ္႐ြမ္ ၿပဳံးၿဖဲၿဖဲျဖင့္ ေခါင္းညိတ္လိုက္ၿပီးေနာက္မွ တစ္ခုခုမွားေနေၾကာင္း ရွာေတြ႕လိုက္သည္။

သူမရဲ႕ေအးစက္စက္လည္ပင္းေလးကို ထိကိုင္ကာ ေဘးကို လွည့္ၾကည့္လိုက္ေတာ့ သူမကို မႈန္ကုပ္ကုပ္ စိုက္ၾကည့္ေနသည့္ သူမ၏ ကိုယ္ဝန္သည္ခင္ပြန္းကို ျမင္လိုက္ရသည္။

စု႐ြမ္႐ြမ္သည္ သူမရဲ႕ လည္ေခ်ာင္းေလးထဲ တံေတြးဂလုကနဲ မ်ိဳခ်လိဳက္ၿပီး အမ်ိဳးသားရဲ႕မႈန္ကုပ္ကုပ္ အၾကည့္ေအာက္မွာပဲ ခ်က္ခ်င္း မတ္မတ္ရပ္လိုက္သည္။"အဲ့ ေပါေပါပဲပဲ လူေတြက ဘယ္လိုလုပ္ ရွင္နဲ႕ ယွဥ္လို႔ရပါ့မလဲ။"

စု႐ြမ္႐ြမ္သည္ သူမ ဘာေျပာေျပာ မတုန္လႈပ္သြားသည့္အျပင္ ဟမ့္ကနဲ ေတာင္ႏွာမႈတ္လိုက္ေသးသည့္ အမ်ိဳးသားနဲ႕ ရင္ဆိုင္လိုက္ရသည္။

ထိုကဲ့သို႔ မႈန္ကုပ္ကုပ္ အမူအရာနဲ႕ေတာင္ သူက အရမ္းၾကည့္ေကာင္းေနသည္။

အရင္က ေက်ာခ်မ္းဖြယ္ရာ ၾကင္နာသိမ္ေမြ႕မႈႏွင့္ ႏွိုင္းစာလွ်င္ ယခုလုရွီမင္ကမွ တကယ့္လုရွီမင္အစစ္ျဖစ္သည္။

အဆုံးမွာေတာ့ သူက နဂိုတည္းက ေအးတိေအးစက္ လူတစ္ေယာက္ ျဖစ္သည္ေလ။

ထိုကဲ့သို႔ ေဖာက္လြဲေဖာက္ျပန္ အၿပဳံးမ်ိဳးက စု႐ြမ္႐ြမ္ ႏွလုံးသားေလးကို ထုရိုက္ေန၏။

အလိုေလး။ ဒီလိုအလွေလးကို ဘယ္သူကမ်ား သူမခ်စ္သူျဖစ္လာေစပါလိမ့္။

သူက ဘယ္လိုပင္ ပုံမွန္မဟုတ္တဲ့သူ ျဖစ္ပါေစ ဘာမွလုပ္လို႔လည္း မရမွေတာ့ သူမဘက္ကပဲ အလိုလိုက္ဖို႔သာ တက္နိုင္ေတာ့သည္။

စု႐ြမ္႐ြမ္သည္ သူမေဘးက အမ်ိဳးသားဇြန္ဘီ အုပ္ကို လက္ညိုးထိုးကာ ဆိုလိုက္၏။"စိတ္မပူပါနဲ႕။ သူတို႔က ရွင့္ရဲ႕လက္တစ္ေခ်ာင္းနဲ႕ ေတာင္မွ မယွဥ္နိုင္ပါဘူး။"

အမ်ိဳးသားက ဆက္လက္၍ ဟမ့္ကနဲ အသံျပဳလိုက္ျပန္၏။

ရလဒ္အေနနဲ႕ကေတာ့ စု႐ြမ္႐ြမ္မွာ က်န္ရွိေနတဲ့ "ရွင့္ ဆံခ်ည္တစ္မွ်င္နဲ႕ ေတာင္မွ မယွဥ္နိုင္ပါဘူး" ဆိုတဲ့ စကားစုကို မ်ိဳခ်လိဳက္ေတာ့သည္။

အိုး ရွင္ကသာ အေခ်ာဆုံး၊ ရွင္ကသာ အားအႀကီးဆုံး ၊ ရွင္ကသာ ပုံမွန္မဟုတ္ဆုံးပဲ။

"စု႐ြမ္႐ြမ္၊ လုရွီမင္ကို ဟိုမွာေနဖို႔ ေခၚသြား"

စု႐ြမ္႐ြမ္က အားနည္းလြန္းေသာေၾကာင့္ ေဘး၌ ေစာင့္ၾကည့္ျခင္းကိုသာ တာဝန္ယူသည္။

လုရွီမင္ကေတာ့ "ကိုယ္ဝန္ေဆာင္ "ထားေသာေၾကာင့္ သူလည္း ကင္းေစာင့္ တာဝန္ကိုသာ ယူသည္။

ဆီပုလင္း ႏွစ္ပုလင္းမွာ လက္ရွိေနရာနဲ႕ ဆန႔္က်င္ဘက္ကို ေလွ်ာက္သြားၾကၿပီး စၾကၤန္ ေထာင့္တြင္ ရပ္ကာ ပက္ဝန္းက်င္ကို ေစာင့္ၾကည့္ေနၾကေတာ့သည္။

စု႐ြမ္႐ြမ္က မီးခိုးေရာင္ေကာင္းကင္ကို ၾကည့္ကာ၊ နီးယန္ကို လွမ္းဆြဲလိုက္သည္။

ဇြန္ဘီ ဘုရင္မႏွင့္ တိုက္ခိုက္ဖို႔ အသင့္ျဖစ္ေနတဲ့ နီးယန္မွာ ဒယီးဒယိုင္ျဖစ္သြားရ၏။ "နင္ ဘာလုပ္ေနတာလဲ"

စု႐ြမ္႐ြမ္က ညင္ညင္သာသာ ေျပာလိုက္သည္။"အျပင္သြားရင္ ထီးယူသြားဖို႔ မေမ့နဲ႕ ေလ"

နီးယန္ : ... ငါက ေသာက္တိုက္ပြဲတိုက္ဖို႔ သြားမွာ။ နင္က ငါ့ကိုထီးယူသြားေစခ်င္တာလား။

နီးယန္သည္ စု႐ြမ္႐ြမ္ရဲ႕ ထီးကို ဆြဲယူၿပီး ခါးၾကားထိုးလိုက္၏။

ဇြန္ဘီဘုရင္မ ေဘးက အဆင့္ျမင့္ ဇြန္ဘီေတြကို ေစာင့္ၾကည့္ေနသည့္ ေရွာင္ယြီ ဆီ ျမႇားတစ္စင္းလို ေျပးသြားေတာ့သည္။

စု႐ြမ္႐ြမ္သည္ သူမရဲ႕ ပန္းပြင့္ ထီးေလးကို ဆြဲထုတ္ကာ တံစက္ၿမိတ္ေအာက္ ရပ္ေနသည့္ သူမနဲ႕ လုရွီမင္ေပၚ အုပ္မိုး လိုက္သည္။

အမ်ိဳးသားက စု႐ြမ္႐ြမ္ေဘးမွာ ရပ္ေနၿပီး၊ သူက အရပ္ျမင့္တာေၾကာင့္ ေရာင္စုံထီးေလးရဲ႕ အျပင္ဘက္ကို ခုံးထြက္ေန၏။

လုရွီမင္"...နိမ့္လြန္းတယ္"

"အိုး"

စု႐ြမ္႐ြမ္သည္ ျမင့္ျမင့္ျမႇောက္ဖို႔ ႐ုန္းကန္လႈပ္ရွားလိုက္ရင္း အလုပ္ႀကိဳးစားကာ သူမရဲ႕ကိုယ္ဝန္သည္ ေယာက္်ားအား လုံ႕လဝီရိယရွိရွိျဖင့္ ဝန္ေဆာင္မႈေပးေနသည္။

အလိုေလး၊ ဒီကမာၻႀကီးထဲမွာ မိန္းမတစ္ေယာက္ျဖစ္ရတာ တကယ္ခက္ခဲတာပဲ။

❁❁❁                      

တစ္ဖက္၌ ဇြန္ဘီဘုရင္မမွာ ႐ုပ္ရည္ၾကည့္ေကာင္းေသာ အမ်ိဳးသားမ်ားကို ေ႐ြးခ်ယ္ေန၏။ၿပီးေနာက္"နင့္ကိုစိုက္ၾကည့္ၿပီး ကိုယ္ဝန္ရေစရမယ္"ဆိုတဲ့ လုပ္ေဆာင္ခ်က္အတိုင္း လုပ္ေဆာင္ေနရင္းျဖင့္ နီးယန္ရွိရာသို႔ ေရာက္လာေနၿပီ ျဖစ္သည္။ ေရွာင္ယြီက အဆင့္ျမင့္ဇြန္ဘီမ်ားစြာကို အေဝးသို႔ ပ,ထုတ္သြားေသာ္လည္း ဇြန္ဘီဘုရင္မကိုေစာင့္ၾကပ္ေနတဲ့ ဇြန္ဘီမ်ားစြာ က်န္ရွိေနေသးသည္။

သူတို႔က ဇြန္ဘီဘုရင္မ တိုက္ခိုက္ခံရတာကို ျမင္ေသာအခါ တစ္ေယာက္ၿပီးတစ္ေယာက္ တိုက္ခိုက္လာၾကေတာ့သည္။

နီးယန္ေရွ႕တြင္ ရွိေနသည္မွာ အဆင့္ျမင့္ ဇြန္ဘီမ်ား မဟုတ္ၾကေသာ္လည္း ဆိုရိုးစကားအတိုင္း ေခါင္းသုံးလုံးက ေခါင္းတစ္လုံးထက္ေတာ့ ပိုေကာင္းသည္ေလ။

စြမ္းအားရွင္ဇြန္ဘီမ်ားမွာ အမ်ားအျပားစုၿပဳံလာၾကၿပီး ခဏအၾကာမွာဘဲ နီးယန္ သူတို႔ကို မေရွာင္ရွား နိုင္ေတာ့ေပ။

"နီးယန္"

"ငါ မထိန္းထားနိုင္ေတာ့ဘူးေနာ္"

ေရွာင္ယြီနဲ႕ ေက်ာက္ခဲဇြန္ဘီက အဆင့္ျမင့္ဇြန္ဘီမ်ားကို တက္နိုင္သမွ် ေဝးသည္ထက္ အေဝးကို ပ,ထုတ္ဖို႔ ေျပးသြား‌ၾကသည္။

ေရွာင္ယြီႏွင့္ေက်ာက္ခဲဇြန္ဘီမွာ သူတို႔ေခါင္းမ်ား မကြဲေၾကသ၍ အသက္ရွင္ေနနိုင္ၾကေသာ္လည္း ဒီစစ္စင္ေရးမွာ အဆင့္ျမင့္ဇြန္ဘီ သုံးေကာင္ ဝန္းရံတာခံရေတာ့ နည္းနည္းေတာ့ ခက္ခဲေနေသးသည္။

လွ်ပ္စီးမိုးႀကိဳးအား သူမေရွ႕က ဇြန္ဘီေတြဆီ ပို႔လႊတ္လိုက္သည္။

သို႔ေသာ္လည္း သူမက ဇြန္ဘီဘုရင္မကို ဝိုင္းအုံထားသည့္ အုပ္ထဲ သြားဖို႔ျပင္႐ုံရွိေသး ႐ုတ္တရက္ ဇြန္ဘီေလးမ်ားက အေၾကာင္းျပခ်က္မရွိ ဇြန္ဘီဘုရင္မေဘးမွ တလွိမ့္တလွိမ့္ ထြက္လာၾကသည္။

ဇြန္ဘီေပါက္ေလးမ်ားတြင္ စြမ္းရည္မရွိေသာ္‌လည္း သူတို႔က ေသရမွာ လုံးဝ မေၾကာက္ၾကေပ။

ၿပီးေတာ့ လႈပ္ရွားမႈကလည္း တက္ႂကြဖ်က္လတ္ ျမန္ဆန္ေန၏။

သူတို႔က ဇြန္ဘီဘုရင္မကို ကာကြယ္ေစာင့္ၾကပ္ကာ နီးယန္ကို တိုက္ခိုက္ၾကသည္။

နီးယန္သည္ ဘယ္မွညာ ေရွာင္တိမ္းေနၿပီး လွ်ပ္စီးစြမ္းရည္က ကုန္ခမ္းလုနီးပါး ျဖစ္ေနေသာ္လည္း ဇြန္ဘီဘုရင္မကိုေတာ့ တိုက္ခိုက္လို႔ မရခဲ့ေပ။

႐ုတ္တရက္ နီးယန္ရဲ႕ ပတ္ဝန္းက်င္မွာ ေသနတ္ပစ္သံတစ္ခ်က္ ထြက္ေပၚလာသည္။

သူမလွည့္ၾကည့္လိုက္ေတာ့ ေသနတ္ကို ကိုင္ကာ သူမေဘးက ဇြန္ဘီေလးေတြကို ပစ္ေနတဲ့ လုရွီမင္ကို ျမင္လိုက္ရ၏။

စု႐ြမ္႐ြမ္က သံသယျဖစ္စြာျဖင့္ ေမးလိုက္သည္။ "ရွင္ ဇြန္ဘီဘုရင္မကို ဘာေၾကာင့္ မတိုက္ခိုက္ခ်င္တာလဲ"

လုရွီမင္က ေခါင္းေစာင္းကာ စု႐ြမ္႐ြမ္အား လွည့္ၾကည့္လာ၏။

လုရွီမင္း၏ ေထာက္ပံ့မႈႏွင့္အတူ နီးယန္မွာ ေနာက္ဆုံးေတာ့ ဇြန္ဘီဘုရင္မနား ခ်ဥ္းကပ္သြားခဲ့သည္။

နီးယန္ရဲ႕ ရင္ဆိုင္တိုက္ခိုက္မႈနဲ႕ ဆုံေနရတဲ့ ဇြန္ဘီဘုရင္မရဲ႕ မ်က္ႏွာမွာ မည္သည့္ အမူအရာမွ မရွိခဲ့ေပ။ သို႔ေသာ္လည္း ဇြန္ဘီ ေပါက္ေလးေတြ အားလုံး အသတ္ခံလိုက္ရတာကို ျမင္ေသာအခါ သူမမ်က္ႏွာဟာ ႐ုတ္ျခည္း စတင္ေျပာင္းလဲလာၿပီး သူမလည္ေခ်ာင္းထဲမွ က်ယ္ေလာင္ စူးရွေသာ ေအာ္သံႀကီး ထြက္လာသည္။

အေဝးမွ အဆင့္ျမင့္ဇြန္ဘီမ်ား၊ စြမ္းရည္ရွိ ဇြန္ဘီမ်ားႏွင့္ သာမန္ ဇြန္ဘီမ်ားအားလုံးမွာ ဆင့္ေခၚခံလိုက္ရရာ သူမကို ဝိုင္းရံ စုၿပဳံလာၾကသည္။

ေရွာင္ယြီႏွင့္ ေက်ာက္ခဲဇြန္ဘီက သူတို႔အား ဘယ္လိုပင္ မွ်ားေခၚသြားပါေစ ထိုအဆင့္ျမင့္ ဇြန္ဘီမ်ားမွာ သူတို႔ကို မသိက်ိဳးႏြံသာ ျပဳထားၿပီး ဇြန္ဘီဘုရင္မဆီသို႔သာ ျပန္သြားခ်င္ေနၾကေတာ့သည္။

နီးယန္ရဲ႕အေျခအေနမွာ ႐ုတ္တရက္ အလြန္ပင္ ခက္ခဲလာၿပီး အဆိုးဝါးဆုံး အေျခအေနျဖစ္လာသည္။

"အုန္း!"

ႀကီးမားေသာ မိုးႀကိဳးေၾကာင္းႀကီးတစ္ခု ေကာင္းကင္ထက္မွ ထြက္ေပၚလာ၏။

စု႐ြမ္႐ြမ္သည္ ေကာင္းကင္ကို ေမာ့ၾကည့္ၿပီး တိုးတိုး ေျပာလိုက္သည္။"မိုး႐ြာေနၿပီ..."

နီးယန္သည္ ထိုမိုးႀကိဳးသံကို ေသခ်ာၾကားလိုက္ပါသည္။

သူမေခါင္းေမာ့လိုက္ေတာ့ သူမႏွာေခါင္းထိပ္သို႔ မိုးေရစက္ တစ္စက္က်လာသည္။

နီးယန္ရဲ႕ အမူအရာက ႐ုတ္ျခည္း ေျပာင္းလဲသြား၏။

အကယ္၍ သူမ အေရျပားအား မိုးေရစိုသြားမည္ဆိုလွ်င္ သူမကိုယ္ေပၚက ဇြန္ဘီဖ်န္းေဆးဟာ အက်ိဳးသက္ေရာက္ေတာ့မည္ မဟုတ္ဘဲ ၿပီးလွ်င္ေတာ့ သူတို႔မွာ ဇြန္ဘီၿမိဳ႕ေတာ္ တစ္ခုလုံး၏ ပစ္မွတ္ျဖစ္လာလိမ့္မည္။

မိုးက လွ်င္ျမန္စြာ ေရာက္လာခဲ့ၿပီး မိုးေရစက္မ်ား က်ဆင္းလာသည္။

နီးယန္သည္ ခါးေပၚကထီးကို ခ်က္ခ်င္း ဆြဲထုတ္ကာ ေဂ်ာက္ကနဲ အသံနဲ႕ ထီးပြင့္လာခဲ့သည္။

နီးယန္သည္ လက္တစ္ဖက္နဲ႕ ထီးကို ကိုင္ထား၏။

အနက္ေရာင္ ေအာ္တိုမက္တစ္ထီးသည္ ႀကီးမားၿပီး သူမကို မိုးေရမ်ားဆီမွ ကာကြယ္ေပးထားသည္။ သူမက ပိုနီေတးလ္ ဆံပင္ပုံစံ စည္းထားကာ ေျပာက္က်ား ယူနီေဖါင္းဝတ္ထားၿပီး ခမ္းနားႀကီးက်ယ္ေသာပုံစံျဖင့္ ရပ္ေနကာ သိပ္သည္းစြာ လြင့္ေမွ်ာေနေသာ မိုးေရႏွင့္ မီးခိုးမ်ားက သူမကို ဝန္းရံထားသည္။

မိုးစက္မိုးေပါက္ႀကီးမ်ားက ထီးမ်က္ႏွာျပင္ေပၚ က်ဆင္းေနသည္။ ဇြန္ဘီမ်ားစြာဆီမွ တိုက္ခိုက္ျခင္း ခံရေသာေၾကာင့္ နီးယန္မွာ ေအးတိေအးစက္ပုံေပၚေနေသာ္လည္း သူမမ်က္ႏွာမွာ မေျပာင္းလဲရွိေနေသးၿပီး ႏွလုံးလည္း ခုန္ေနေသးသည္။

စု႐ြမ္႐ြမ္ ညင္သာစြာ ေျပာလိုက္၏။ :ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ။ သူမက အမ်ိဳးသမီးသူရဲေကာင္းတစ္ေယာက္ပဲ။ကမာၻႀကီးသာ ၿပိဳလဲရင္ ၿပိဳလဲသြားမယ္။ သူမ မ်က္ႏွာအမူအရာကေတာ့ ေျပာင္းလဲသြားမွာ မဟုတ္ဘူး။

"ဗုန္း" ဟူေသာ ေနာက္ထပ္ မိုးႀကိဳးသံထြက္ေပၚလာေတာ့ စု႐ြမ္႐ြမ္ရဲ႕ ပန္းပြင့္ ထီးေလးမွာ ေကာင္းကင္ထက္က မိုးေရစက္မ်ားအား မကာဆီးနိုင္လုနီးပါး ျဖစ္လာသည္။

နီးယန္သည္ လွ်ပ္စီးမ်ား တဖ်ပ္ဖ်ပ္ လက္ေနတဲ့ သူမလက္ကို ျမႇောက္လိုက္ၿပီးေနာက္ ေကာင္းကင္သို႔ လက္ညိုးထိုးျပလိုက္သည္။

စု႐ြမ္႐ြမ္သည္ အသက္ရႉ ေအာင့္မိသြား၏။

နီးယန္က " ေျပးေတာ့!" ဟု ေအာ္လိုက္ၿပီးေနာက္ သူမက ဦးေဆာင္က သူမထီးႏွင့္ အတူ တဟုန္ထိုးေျပးေတာ့သည္။

စု႐ြမ္႐ြမ္: ... ရွင္က တကယ္ကို လူေကာင္းတစ္ေယာက္ပဲ။

❁❁❁                               

အခန္းထဲ၌။ အားလုံးမွာ သူတို႔ရဲ႕ အဝတ္အစား အစိုမ်ားကိုလဲ လိုက္ၾကၿပီး ဇြန္ဘီဖ်န္းေဆး ထပ္ဖ်န္းကာ အတူ စုေဝးၾကလ်က္ သူတို႔ရဲ႕လက္မ်ား၊ ေျခေထာက္မ်ားကို စစ္လိုက္ၾကသည္။

နီးယန္ ေျပာလိုက္၏။"အားလုံးပဲ ဒဏ္ရာမရၾကဘူး မဟုတ္လား"

လူတိုင္း ေခါင္းညိတ္လိုက္ၾကသည္။

နီးယန္က စိတ္သက္သာရာ စြာ သက္ျပင္းခ်လိဳက္ၿပီး "စိမ္းလန္းေသာ ေတာင္တန္းေတြကို ခ်န္ထားလိုက္ပါ။ ထင္းမရွိမွာကို စိတ္မပူပါနဲ႕။"ဆိုတဲ့ လူသိမ်ားေသာ ဆိုရိုးစကား တစ္ခုကို ေျပာလာသည္။

သူမ ဒဏ္ရာကို ခ်ည္ေနရင္း နီးယန္က ဆိုလိုက္သည္။"ငါ အၿမဲေတြးေနမိတာ...ဇြန္ဘီဘုရင္မက နည္းနည္းရင္းႏွီးေနသလားလို႔။"

စု႐ြမ္႐ြမ္ညင္သာစြာေျပာလိုက္၏။"လူေတြၾကားထဲ အမ်ားဆုံးေတြ႕ေနရတဲ့ မ်က္ႏွာမ်ိဳး ျဖစ္ေနလို႔ ေနမွာေပါ့။"

အဆုံးမွာေတာ့ သူမဟာ အျမႇောက္စာ ဇာတ္ေကာင္ေလးတစ္ေယာက္သာ ျဖစ္သည္။

နီးယန္က ႐ုတ္တရက္ ေခါင္းလွည့္ကာ စု႐ြမ္႐ြမ္ရဲ႕လွပေသာ မ်က္ႏွာေလးကို ၾကည့္လိုက္သည္။

႐ုတ္တရက္ လက္လွမ္းလာကာ သူမမ်က္ႏွာကို ခပ္ၾကမ္းၾကမ္း ပြတ္သပ္လိုက္သည္။

စု႐ြမ္႐ြမ္: ???

နီးယန္ မ်က္ေမွာင္ၾကဳတ္ၿပီး " ခုနက ဇြန္ဘီ ေလးေတြက ဇြန္ဘီအ႐ုပ္ေလးေတြနဲ႕ တူပုံပဲေနာ္။"

စု႐ြမ္႐ြမ္: ?? အဲ့ဒါ ကြၽန္မ မ်က္ႏွာကို ညွစ္တာနဲ႕ ဘာဆိုင္လို႔လဲ။

ႏူးညံ့ကာ ခ်စ္ဖို႔ေကာင္းေသာ မ်က္ႏွာေလးအား ပြတ္သပ္ေနၿပီးေနာက္မွာေတာ့ နီးယန္ ခ်က္ခ်င္း စိတ္သက္သာရာ ရသြားသည္။

သူမ လက္ေခ်ာင္းရာႏွင့္ နီရဲေနတဲ့ စု႐ြမ္႐ြမ္ပါးကို လက္လႊတ္ေပးလိုက္ေတာ့၏။

စု႐ြမ္႐ြမ္သည္ မိန္းေမာေနတဲ့ မ်က္ႏွာနဲ႕ သူမရဲ႕ နီရဲေနတဲ့ မ်က္ႏွာေလးကို ကိုင္လိုက္၏။

သူမကိုယ္ထိလက္ေရာက္ ေစာ္ကားခံလိုက္ရၿပီ။ သူမ မသန႔္ရွင္းေတာ့ဘူး။

ခ်စ္စရာေလးအား ကိုယ္ထိလက္ေရာက္ ေစာ္ကားၿပီးေနာက္ နီးယန္ ျပတင္းေပါက္ဆီ ေလွ်ာက္သြားၿပီး လမ္းေပၚကို ၾကည့္လိုက္ေတာ့ မူလက ေျပေလ်ာ့ေနတဲ့ မ်က္ခုံးမ်ားမွာ တဖန္ျပန္ၾကဳတ္သြားေတာ့သည္။

က်ယ္ျပန့္ေသာ လမ္းေပၚတြင္ ဇြန္ဘီ ဘုရင္မက ေျမျပင္ေပၚထိုင္ခ်ရင္း ဇြန္ဘီေပါက္ေလးမ်ားအား တစ္ေကာင္ခ်င္း လိုက္ေကာက္ယူေနသည္။

ထိုဇြန္ဘီေပါက္ေလးမ်ားမွာ ေသဆုံးသြားၾကၿပီ ျဖစ္၏။

ဇြန္ဘီ ဘုရင္မက က်ယ္ေလာင္စြာျဖင့္ ဆြဲဆြဲငင္ငင္ ငိုေႂကြးျမည္တမ္း ေနေတာ့သည္။

သူမ ပတ္ပတ္လည္က ဇြန္ဘီမ်ားမွာလည္း ငိုေႂကြးျမည္တမ္း ေနၾက၏။

ဝမ္းနည္းဖြယ္ရာ က်ယ္ေလာင္ေသာ အသံမ်ားက လမ္းတစ္ေလွ်ာက္ ပ်ံ့ႏွံ႕ေနေတာ့သည္။

မလွမ္းမကမ္းမွ ဗိုက္ႀကီးနဲ႕ အမ်ိဳးသား ဇြန္ဘီတခ်ိဳ႕မွာ ႐ုတ္တရက္ ေျမျပင္ေပၚ လဲက်သြားၾကသည္။

သူတို႔ ဗိုက္မ်ားမွာ ၾကမ္းၾကမ္းရမ္းရမ္း တြန႔္လိမ္ေကာက္ေကြးေနၿပီး သူ႕တို႔ထဲက အရာမ်ားမွာ လြတ္လပ္ဖို႔ စိတ္အားထက္သန္ေနပုံရသည္။

ဇြန္ဘီဘုရင္မရဲ႕ မေျပာင္းလဲေသာ ငိုေႂကြးျမည္တမ္းမႈၾကားတြင္ ပူပူေႏြးေႏြး ဇြန္ဘီ ေပါက္ေလးမ်ားမွာ အမ်ိဳးသားဇြန္ဘီမ်ားရဲ႕ ဗိုက္ကို ဆုတ္ၿဖဲကာ တြားသြားထြက္လာၾကၿပီး ႐ုန္းကန္လႈပ္ရွားလာၾက၏။

အသားစမ်ား ဆုတ္ၿဖဲေနေသာ အသံမွာ ဇြန္ဘီမ်ား၏ ငိုေႂကြးသံ၊ မိုးသံမ်ားၾကား ဖုံးအုပ္ခံထားရ၏။

သို႔ေသာ္လည္း ေသဆုံးျခင္း၊ ပ်က္စီးျခင္းတို႔ ပါဝင္ေနသည့္ ဝမ္းနည္းဖြယ္ရာ ျမင္ကြင္းကိုေတာ့ မဖုံးကြယ္ထားနိုင္ေပ။

ခဏအတြင္းမွာပဲ လမ္းတစ္ခုလုံးဟာ ကမာၻေျမေပၚရွိ ငရဲပုံရိပ္လိုမ်ိဳး ျဖစ္လာသည္။

စု႐ြမ္႐ြမ္က ခ်က္ခ်င္းပဲ စိုးရိမ္စြာျဖင့္ လုရွီမင္ဗိုက္ေပၚ လက္သြားအုပ္လိုက္သည္။ သို႔ေသာ္လည္း သူမလက္ေသးေသးေလးမွာ အမ်ိဳးသားေၾကာင့္ အၾကင္နာမဲ့စြာျဖင့္ တိုက္ခ်ခံလိုက္ရသည္။

႐ုတ္တရက္ နီးယန္ရဲ႕ အမူအရာက ပ်က္ယြင္းလာသည္။ "အဲ့ ဇြန္ဘီဘုရင္မ ဘယ္သူလဲ ငါမွတ္မိၿပီ"

"လြန္ခဲ့သုံးႏွစ္က သတင္းတစ္ပိုင္းတစ္စ ငါသိခဲ့တယ္။ ဒီဇြန္ဘီဘုရင္မက အင္တာဗ်ဴး ခံခဲ့ရတာ။ သူမက စိတ္မွန္ေနခဲ့တာေတာ့ မဟုတ္ဘူး။ တျခား႐ြာသားေတြရဲ႕ ေျပာစကားအရေတာ့ သူမက မိန္းကေလးသုံးေယာက္ေမြးခဲ့ေပမယ့္ သူမေယာက္်ားက အားလုံးကို ေရနစ္သတ္ခဲ့တာတဲ့။ စတၳဳထေျမာက္ကေလးကို ကိုယ္ဝန္ေဆာင္ရတယ္လည္းၾကားေရာ သူက သူမကို ဖ်က္ခ်ဖိဳ႕ ဖိအားေပးခဲ့တယ္တဲ့။ ေနာက္ေတာ့ သူမ ႐ူးသြားေတာ့တာပဲ"

ေဝးလံေခါင္သီၿပီး ယဥ္ေက်းမႈ မလႊမ္းမိုးေသာ ေဒသမ်ားတြင္ ဘိုးေဘဘီဘင္ အယူအဆမ်ား ရွိေနဆဲ ျဖစ္သည္။

"အဲ့အျဖစ္အပ်က္က အဲ့တုန္းက အုပ္ေအာ္ေသာင္းနင္း ျဖစ္ခဲ့တာ ငါမွတ္မိတယ္။ ျပည္သူလူထုေတြရဲ႕ဘသေဘာထားေတြလည္း ရွိေတာ့ သူမေယာက္်ား ေထာင္ခ်ခံလိုက္ရတယ္..."

နီးယန္ စကားေျပာေနတဲ့ အခ်ိန္မွာ ဇြန္ဘီေတြရဲ႕ ငိုေႂကြးျမည္တမ္းသံက ျပတင္းေပါက္ကို ျဖတ္ၿပီး ေရာက္လာသည္။                        

ထိုအက္ကြဲေသာ ေအာ္ငိုသံမ်ားက ေနာက္ဆုံးေသာ ေမွ်ာ္လင့္ခ်က္ေလးအား ဆြဲကိုင္ေနသလိုမ်ိဳးပင္။

မိုးက ပိုပိုသည္းလာၿပီး ေသြးမ်ားနဲ႕ လႊမ္းၿခဳံပ်ံ့ႏွံ႕လာသည္။

ဇြန္ဘီ ေပါက္ေလးမ်ား၏ ေအာ္ဟစ္သံက ကေလးငယ္မ်ား၏ ေအာ္သံမ်ား အလား ေရာေထြးေနသည္။

ေအာက္ကျမင္ကြင္းကို မၾကည့္ဘဲ အသံကိုသာ နားေထာင္ၾကည့္ပါက တကယ့္ကေလးတစ္ေယာက္ ငိုေနတာလို႔ ထင္မိမွာ စိုးရသည္ ။

အခန္းက ခဏေလာက္ တိတ္ဆိတ္သြား၏။

နီးယန္စကားေျပာၿပီးေနာက္ ေခါင္းလွည့္လိုက္ေတာ့ သူမေဘးမွာ ငိုေနတဲ့ စု႐ြမ္႐ြမ္ကို ေတြ႕လိုက္သည္။

သူမ အံ့အားသင့္သြား၏။"စု႐ြမ္႐ြမ္၊ နင္ ငိုေနတာလား"

ဆို႔နင္ေနတဲ့ အသံနဲ႕ မ်က္လုံးနီနီနဲ႕ စု႐ြမ္႐ြမ္က ဆိုလာသည္။"ရာသီဥတုက အရမ္းပူေတာ့ မ်က္လုံး ေခြၽးထြက္ေနတာ ျဖစ္မယ္"

စကားေျပာၿပီးေနာက္ စု႐ြမ္႐ြမ္က ေႏွးေကြးေလးကန္စြာျဖင့္ ထရပ္လိုက္သည္။ "ကြၽန္မ ေခြးစာသြားေကြၽးအုံးမယ္" ထို႔ေနာက္ သူမက သံပုံေလးကို ကိုင္ကာ ေထာင့္နားတြင္ ငုတ္တုပ္ထိုင္ေနၿပီး သူမေခါင္းကို သံပုံးေလးထဲ ထည့္ထား၏။

အမ်ိဳးသားက ထရပ္ကာ စု႐ြမ္႐ြမ္ဆီသို႔ ေလွ်ာက္သြားလိုက္သည္။

ေထာင့္နားတြင္ ပုံးတစ္လုံးစြပ္ကာ ထိုင္ေနတဲ့ မိန္းမငယ္ေလးကို ၾကည့္ရင္း.. သံပုံးကို လွမ္း ခြၽတ္လိုက္သည္။

စု႐ြမ္႐ြမ္က သံပုံးကို ဖိထားၿပီး ႏူးညံ့ေသာ အသံေလးက သံပုံးဆီမွ ပဲ့တင္ရိုက္ၿပီး ထြက္လာသည္။ "မလုပ္နဲ႕ ဟင့္အင္း မလုပ္နဲ႕ ..."

" မေၾကာက္ပါနဲ႕" အမ်ိဳးသားက ညင္သာစြာစကား ေျပာၿပီးေနာက္ သံပုံးကိုခြၽတ္လိုက္ေတာ့ မ်က္ဝန္းနီေတြနဲ႕ စု႐ြမ္႐ြမ္ရဲ႕ မ်က္ႏွာျဖဴျဖဴေလး ေပၚလာသည္။

လုရွီမင္က မ်က္ရည္မ်ားကို လက္ေခ်ာင္းနဲ႕သုတ္ေပးလိုက္ၿပီး ဆိုလိုက္၏။ "ဗိုက္ဆာၿပီလား"

စု႐ြမ္႐ြမ္က ခပ္ျဖည္းျဖည္း ေခါင္းခါလိုက္ၿပီး သူမမ်က္ႏွာကို ကာဖို႔ သူ႕ေခါင္းေပၚက အစိမ္းေရာင္ ဦးထုပ္ကို ဆြဲယူလိုက္သည္။

လုရွီမင္က သူ႕ေရွ႕ကအစိမ္းေရာင္ဦးထုပ္ကို ၾကည့္ၿပီး ႐ုတ္တရက္ သူမကို ေကာက္ မကာအခန္းထဲဝင္လိုက္သည္။

"ကလစ္"ဆိုတဲ့အသံနဲ႕ အခန္းတံခါးပိတ္သြားခဲ့ၿပီး ႏွစ္ေယာက္သား Space ထဲမွာ ထြက္ေပၚလာသည္။

"အင္း...ဒီမွာ ကြၽန္မတို႔ႏွစ္ေယာက္ပဲ ရွိတယ္ေနာ္။"

လုရွီမင္က သူမကို ဆြဲခ်လိဳက္သည္။

စု႐ြမ္႐ြမ္က ႏူးညံ့ေသာ ျမက္ခင္းျပင္ေပၚထိုင္ခ်လိဳက္ၿပီး လုရွီမင္ ရင္ခြင္ထဲ ေခါင္းေစာင္းမွီလိုက္သည္။သူ႕ဗိုက္အား ေရွာင္ရွားဖို႔ကိုလည္း မေမ့ခဲ့ေပ။

Spaceက အေတာ္ေလး တိတ္ဆိတ္ေန၏။

မ်ိဳးေစ့ေလးအကင္ခံလိုက္ရကတည္းက Space ရဲ႕ စူးစူးရွရွ ဝက္ေအာ္သံလို႔ေခၚရတဲ့ ေနာက္ခံဂီတသံမ်ားလည္း ေပ်ာက္ကြယ္သြားခဲ့သည္။

လုရွီမင္က လက္ဆန႔္ထုတ္ကာ စု႐ြမ္႐ြမ္ ေခါင္းေပၚက အစိမ္းေရာင္ဦးထုပ္ကို ယူလိုက္ၿပီး လႊတ္ပစ္လိုက္သည္။

ဦးထုပ္စိမ္းမွာ ခ်က္ခ်င္းပင္ေလာင္ကြၽမ္းျပာက်သြားေတာ့၏။

"မင္းဘာလို႔ငိုေနတာလဲ"

လုရွီမင္က ေခါင္းငုံ႕ကာ သူ႕ေရွ႕က မိန္းမငယ္ေလးကို ၾကည့္လိုက္သည္။ သြပ္လ်လ်လက္ေခ်ာင္းမ်ားျဖင့္ သူမ ေမးကိုပင့္မလိုက္သည္။

စု႐ြမ္႐ြမ္ရဲ႕ မ်က္၀န္းမ်ားမွာ နီရဲေနၿပီး မ်က္ရည္မ်ား ရစ္ဝိုင္းေနကာ သနားစဖြယ္ အသြင္ ျဖစ္ေန၏။

လုရွီမင္ရဲ႕ စကားလုံးေတြကို ၾကားေတာ့ သူမမ်က္ေတာင္မ်ားၫႊတ္က်သြားၿပီး ပဲေစ့ ေလာက္ မ်က္ရည္စက္ႀကီးမ်ား ေဝ့သီကာ သူမပါးျပင္ေပၚက်ဆင္းလာေတာ့၏။

"ကြၽန္မ ... ကြၽန္မကေလးဘဝတုန္းက..."သူမ လက္အခ်င္းခ်င္းကို ညင္သာစြာလွိမ္ယွက္ထားၿပီး သူမ အသံက ပို၍ပင္ ေဖ်ာ့ေတာ့ တိုးညွင္းသြားသည္။

လုရွီမင္ကေတာ့ ရွင္းရွင္းလင္းလင္းၾကားလိုက္ရ၏။

မိန္းမငယ္ေလးက မိဘမဲ့ေဂဟာတြင္ ႀကီးျပင္းလာခဲ့သည္။ သူမက မိန္းကေလးတစ္ေယာက္ ျဖစ္တာေၾကာင့္ မိဘမဲ့ေဂဟာ၏ ဝင္ေပါက္တြင္ ပစ္ခ်ခံခဲ့ရၿပီး ေဂဟာမႉးက ေကာက္ယူခဲ့ျခင္းျဖစ္သည္။

အမ်ိဳးသားက လူကို ေပြ႕ဖက္လိုက္ၿပီး သူမရဲ႕ နီရဲ ဖူးေယာင္ေနတဲ့ မ်က္ဝန္းမ်ားကို နမ္းလိုက္သည္။

"နတ္သမီးေတြက အဲ့ကမာၻမွာ ေနလို႔မရဘဲ ဒီကမာၻမွာပဲ ေနလို႔ရလို႔ေပါ့။"

"အဲ့ဒါက မင္းဒီမွာရွိေနရတဲ့ အေၾကာင္းရင္းပဲေလ"

သူက တစ္ကိုယ္ဆန္သူဟု လုရွီမင္ေတြးမိလိုက္၏။

ဒါေၾကာင့္ နတ္သမီးေလးကို သူ႕ကိုယ္ပိုင္ အတြက္ ေခၚယူထားျခင္းအား အျပစ္မတင္ပါနဲ႕။

စု႐ြမ္႐ြမ္ သူမေရွ႕က လုရွီမင္ကို ေမာ့ၾကည့္လိုက္သည္။

ဤကမာၻပ်က္ကပ္ႀကီးက ရက္စက္ေသာ္လည္း စု႐ြမ္႐ြမ္အတြက္ ျဖစ္သည္။

အဆုံးမရွိေသာ ေႏြးေထြးမႈကို စု႐ြမ္႐ြမ္ခံစားခဲ့ရ၏။

စု႐ြမ္႐ြမ္သည္ ထိုင္ခ်လိဳက္ၿပီး လုရွီမင္ မ်က္ႏွာကို လွမ္းဆြဲကာ ဂ႐ုတစိုက္ နမ္းရွိုက္လိုက္သည္။

အမ်ိဳးသားက ျပန္နမ္းလာၿပီး စု႐ြမ္႐ြမ္ကို သူ႕ေအာက္ ဖိခ်လိဳက္သည္။

စု႐ြမ္႐ြမ္က ခ်က္ခ်င္းေအာ္ေျပာလိုက္၏။"ကေလး ထိခိုက္သြားလိမ့္မယ္။"

❁❁❁                                                

ကေလးေရွ႕တြင္ သေဘာထားမတိုက္ဆိုင္ေသာ ေလ့က်င့္ခန္းမ်ားလုပ္ၿပီးေနာက္ စု႐ြမ္႐ြမ္သည္ နီျမန္းေသာ မ်က္ႏွာျဖင့္ Space ထဲမွ ထြက္လာခဲ့သည္။

သူမ တံခါးဖြင့္ဖို႔ ျပင္လိုက္တုန္းမွာပဲ အျပင္ဘက္မွ နီးယန္ရဲ႕ ေအာ္ေျပာသံ ေပၚလာသည္။

"စု႐ြမ္႐ြမ္၊ အထဲမွာေန။"

ထို႔ေနာက္ "ဒုန္းကနဲ "ျဖင့္ တစ္ခုခု ေမွာက္သြားသံ ထြက္လာ၏။

စု႐ြမ္႐ြမ္နဲ႕ လုရွီမင္သည္ အခ်င္းခ်င္း ၾကည့္လိုက္ၿပီး တံခါးဖြင့္လိုက္သည္။

အခန္းက ရွင္းလင္းေနပုံေပၚၿပီး လူတိုင္း ေပ်ာက္ဆုံးေန၏။

စု႐ြမ္႐ြမ္သည္ ျပတင္းေပါက္ဆီေျပးသြားၿပီး ေရွ႕ ကိုကိုင္းၾကည့္လိုက္ေတာ့ အျပင္ဘက္က အရႈပ္အေထြးမ်ားကို ျမင္လိုက္ရသည္။

ဇြန္ဘီဘုရင္မ ကေတာ့ ရပ္ေနဆဲျဖစ္ၿပီး ရန္လိုအားႀကီးလာသကဲ့သို႔ သူမ အသံက က်ယ္သည္ထက္ က်ယ္လာေလသည္။

ထို ဇြန္ဘီဘုရင္မဟာ ႐ူးသြပ္ေနသကဲ့သို႔ လွည့္ပတ္ ထုရိုက္ေနသည္။

နီးယန္ႏွင့္ တျခားသူမ်ားကို ရွာေဖြေနျခင္းျဖစ္ေလာက္သည္။

သူတို႔မွာ ထြက္မေျပးခင္ တားဆီးခံလိုက္ၾကရ၏။

ဇြန္ဘီ ဘုရင္မက ဇြန္ဘီ ေပါက္ေလး၏ အေလာင္းကို ဖက္ထားၿပီး နီးယန္အား ေအာ္ဟစ္ေနကာ သူမ မ်က္ႏွာက တအားကို ေၾကာက္မက္ဖြယ္ေကာင္းေနသည္။

ေရွာင္ယြီက နီးယန္ကို သူ႕ေနာက္မွာ ထားထားေသာ္လည္း သိပ္သည္းေသာ မိုးေၾကာင့္ နီးယန္ကိုယ္ေပၚက ဇြန္ဘီဖ်န္းေဆးမွာ ပ်က္ျပယ္ စျပဳလာခဲ့သည္။

ဇြန္ဘီမ်ား၏ ရန္လိုမႈမွာ ပိုပိုၿပီး ျပင္းထန္လာေတာ့၏။

နီးယန္သည္ ဇြန္ဘီဘုရင္မနဲ႕ ဆက္သြယ္ေျပာဆိုနိုင္ဖို႔ ႀကိဳးစားပမ္းစားလုပ္ေနပုံေပၚသည္။

ဇြန္ဘီဘုရင္မက လူသား စကားအား လုံးဝနားမလည္နိုင္တာကေတာ့ ႏွေျမာစရာပါေပ။

သို႔မဟုတ္ လည္း သူမ နားေထာင္ခ်င္မွာေတာ့ မဟုတ္ေပ။

"သြားရေအာင္..."

စု႐ြမ္႐ြမ္သည္ လုရွီမင္ လက္ကို လွမ္းဆြဲလိုက္ေသာ္လည္း ဆြဲလို႔ မမိခဲ့ေပ။

စု႐ြမ္႐ြမ္ လွည့္ၾကည့္လိုက္ေတာ့ နံရံကိုမွီကာ ကိုယ္အနည္းငယ္ကိုင္းထားသည့္ အမ်ိဳးသားကို ျမင္လိုက္ရသည္။

လက္တစ္ဖက္ျဖင့္ သူ႕ဗိုက္ကိုဖိကိုင္ထားၿပီး လက္တစ္ဖက္က သူ႕ပါးစပ္ကို အုပ္ထားသည္။

ဒီအခ်ိန္ႀကီး ေမြးေတာ့မွာလား။

စု႐ြမ္႐ြမ္ စိုးရိမ္တႀကီး ေျပးသြားလိုက္သည္။

ဒီအခ်ိန္က ေရေႏြးေသာက္ဖို႔လိုတာလား။

စု႐ြမ္႐ြမ္သည္ လုရွီမင္ေရွ႕တြင္ ရပ္ေနခဲ့ၿပီး သူေခါင္းေမာ့လာေတာ့ ပူေႏြးေသာ ေသြးတစ္ စက္ သူမ နဖူးေပၚ က်လာသည္။

သူမ မွင္သက္ အံ့ၾသသြား၏။

လုရွီမင္က သူ႕ပါးစပ္ကို ကာထားခဲ့ၿပီး သူ႕လက္ေခ်ာင္းၾကားမွ ေသြးမ်ား က်ဆင္းေနသည္။

"လုရွီမင္ ရွင္ဘာျဖစ္တာလဲ။"

အမ်ိဳးသားရဲ႕ မ်က္၀န္းမ်ားမွာ မပြင့္တပြင့္ ျဖစ္ေနၿပီး ေခ်ာင္းအျပင္းအထန္ ဆိုးေန၏။ ေနာက္ထပ္ ပါးစပ္အျပည့္ ေသြးမ်ား သူ႕လက္ေခ်ာင္းၾကားမွ ထြက္လာျပန္သည္။

ေသြးမ်ားက ထူပ်စ္ေနၿပီး အမ်ိဳးသားရဲ႕ ျဖဴေဖ်ာ့ေသာ လက္ေခ်ာင္းၾကားမွ တျဖည္းျဖည္းခ်င္းစီ ထြက္လာကာ စု႐ြမ္႐ြမ္ရဲ႕ မ်က္ႏွာေပၚက်လာသည္။

"လုရွီမင္..."စု႐ြမ္႐ြမ္ ေသြးေတြကို ၾကည့္ၿပီး ထိတ္လန႔္တုန္လႈပ္ေနသည္။သူမ လုရွီမင္၏ ပါးစပ္ကို ကူၿပီး ကာေပးခ်င္ေသာ္လည္း သူမလက္မ်ားမွာ တဆတ္ဆတ္ တုန္ခိုက္ေန၏။

"အဆင္ေျပပါတယ္ကြာ"အမ်ိဳးသားက အံ့တင္းတင္းႀကိတ္လိုက္ၿပီး သူ႕လက္ေခ်ာင္းေပၚကို ႏြယ္ပင္တစ္ခု ထုတ္လိုက္သည္။

ႏြယ္ပင္က စု႐ြမ္႐ြမ္ရဲ႕လက္မ်ားကို လိမၼာပါးနပ္စြာ ရစ္ပတ္ထားၿပီး ၾကင္နာယုယစြာျဖင့္ သူမကို ပြတ္သပ္ေနသည္။

ထိုကဲ့သို႔ ပြတ္သပ္ၿပီးေနာက္ အမ်ိဳးသားမွာ အားအင္ကုန္ခမ္းစြာျဖင့္ နံရံေပၚသို႔ ေလွ်ာခ်လိဳက္သည္။

စု႐ြမ္႐ြမ္သည္ မသိစိတ္အရ လူကို လွမ္းေပြ႕ဖက္လိုက္သည္။

လုရွီမင္ကို သူမေပၚမွီ ေစလိုက္၏။

အမ်ိဳးသားမွာ ေခြၽးေအးမ်ား ထြက္ေနၿပီး အဝတ္အစားမ်ား စို႐ႊဲေနသည္။ အနက္ေရာင္ဆံပင္ေတြက အေရျပားေပၚမွာ ကပ္ေနၿပီး ျဖဴေဖ်ာ့ကာ ေၾကာက္စရာေကာင္းေန၏။

"ကိုယ္အနားယူအုံးမယ္"

လုရွီမင္က စကားေျပာၿပီးေနာက္ မ်က္လုံးမ်ား မွိတ္သြားေတာ့သည္။

စု႐ြမ္႐ြမ္၏ လက္ေကာက္ဝတ္တြင္ ရစ္ပတ္ထားေသာ ႏြယ္ပင္သည္ ႐ုတ္တရက္ ရစ္ဝဲဝိုင္းပတ္ကာ ႏွစ္ေယာက္စလုံးကို ရစ္ပတ္ထုတ္ပိုးလိုက္သည္။

❁❁❁
                          
လမ္းေပၚတြင္ ဖ႐ုံသီးေခြးနဲ႕ ဇြန္ဘီေခြးက ဇြန္ဘီေတြကို ကိုက္ျဖတ္ေန၏။

ဇြန္ဘီေခြးက မဆင္မျခင္ ေျပးသြားၿပီး ဇြန္ဘီနံရံကို ခ်ိဳးျဖတ္ဖို႔ ႀကိဳးစားေနေလသည္။

ဖ႐ုံသီးေခြးမွာ ေဘာလုံးတစ္လုံးလို ေဖာင္းကားေနခဲ့ၿပီး ဇြန္ဘီတစ္ေကာင္ကို တစ္ကိုက္ႏႈန္းျဖင့္ မ်ိဳခ်ေနသည္။

သူတို႔ အလြန္အလုပ္ႀကိဳးစားၾကေသာ္လည္း ဇြန္ဘီ အေရအတြက္မွာ ပိုပို၍သာ မ်ားလာေလသည္။

ထို႔အျပင္ အဆုံးမွာေတာ့ ဤေနရာက ဇြန္ဘီၿမိဳ႕ေတာ္၏ ၿမိဳ႕လယ္ ျဖစ္သည္။ အတြင္းပိုင္းရွိ အဆင့္ျမင့္ ဇြန္ဘီမ်ားမွာ အျပင္ဘက္ရွိ စုတ္ခ်ာေသာ ဇြန္ဘီမ်ားႏွင့္ အဘယ္သို႔ ႏွိုင္းယွဥ္နိုင္ပါမည္နည္း။

သို႔ေသာ္လည္း ဇြန္ဘီေခြးႏွင့္ ဖ႐ုံသီး ယေခြးတို႔ႏွင့္ ႏွိုင္းစာလွ်င္ ေရွာင္ယြီႏွင့္ နီးယန္တို႔၏ အေျခအေနက သိသိသာသာကို ပို၍ပင္ အႏၲရာယ္ရွိေနသည္။

ေရွာင္ယြီက ဇြန္ဘီမ်ားကို ခိုင္မာစြာထိန္းခ်ဳပ္ထားၿပီး လက္လြတ္စပယ္ ကိုက္ေနသည္။

ေရွာင္ယြီ တစ္ေယာက္ ႐ုပ္ပ်က္ဆင္းပ်က္ပုံစံနဲ႕ ဇြန္ဘီတစ္ေကာင္ရဲ႕ေခါင္းကို ခြဲလိုက္ၿပီး သူ႕ေပၚ ခ်ိတ္ဆြဲေနတဲ့ ဇြန္ဘီကို ခါထုတ္ပစ္လိုက္သည္။ သူ ႐ုန္းထြက္ဖို႔ ျပင္တုန္းမွာပဲ သူ႕ခႏၶာကိုယ္က ႐ုတ္တရက္ လႈပ္ခါလာၿပီး ယပ္ေတာင္ တစ္ခုလိုမ်ိဳး လက္ႀကီးတစ္ဖက္က သူ႕ေခါင္းဆီ အုပ္ကိုင္လာခဲ့သည္။

မဟုတ္ဘူး။ ဒီအခ်ိန္ေတာ့မဟုတ္ဘူး...။

ေရွာင္ယြီသည္ သြားႀကိတ္လိုက္ၿပီး ဓားျမႇောင္ကို ဆြဲထုတ္ကာ သူ႕လက္ေမာင္းေတြကို ျပင္းျပင္းထန္ထန္ ထိုးခြဲလိုက္သည္။

အေျခခံအားျဖင့္ေတာ့ ဇြန္ဘီလူသားရဲ႕ ခႏၶာကိုယ္က ေသြးထြက္မွာ မဟုတ္ေပ။

ထိုကဲ့သို႔ နက္ရွိုင္းေသာ ဒဏ္ရာမွေန ေရွာင္ယြီသည္ နာက်င္ေသာ ခံစားမႈကိုပဲ ခံစားလို႔ရေနသည္။

အသုံးမ၀င္ဘူး၊ အသုံးမ၀င္ဘူး...ဇြန္ဘီမ်ား ေျပးလာၾကရာ ေရွာင္ယြီရဲ႕ခႏၶာကိုယ္မွာ ျမဳပ္ဝင္သြားေတာ့သည္။

ခဏအတြင္းမွာပဲ ေရွာင္ယြီဟာ ဇြန္ဘီ ေတာင္ပို႔ ေအာက္မွာ ဖိႀကိတ္ခံလိုက္ရေတာ့၏။

ဒီျမင္ကြင္းကို ျမင္ေတာ့ နီးယန္ရဲ႕ အမူအယာက ျဖဴေဖ်ာ့သြားေလသည္။

ဇြန္ဘီတိုက္ခိုက္ရာတြင္ သုံးဖို႔ သူမလက္ထဲက ထီးကို ထီး႐ြက္ ျဖဳတ္ပစ္လိုက္ၿပီး ထီးရိုးသာလွ်င္ ခ်န္ထားလိုက္သည္။ သူမ ပတ္ဝန္းက်င္က သစ္ပင္မ်ားအား ဖ်က္ကနဲလိုက္ၾကည့္လိုက္ၿပီး သူမမ်က္ဝန္းမွာ ႐ုတ္တရက္ တလက္လက္ စူးရွလာ၏။

နီးယန္က ဇြန္ဘီ ေခြးကို ေအာ္ေျပာလိုက္သည္။ "ငါ့ကို သစ္ပင္ဆီ ပို႔ေပး"

လမ္းေဘးတြင္ အလွသစ္ပင္မ်ား အမ်ားႀကီးရွိသည္။

ဇြန္ဘီမ်ားမွာ သစ္ပင္ကို ကိုက္ဝါးရတာ မႀကိဳက္တာေၾကာင့္ သစ္ပင္မ်ားမွာ ေကာင္းေကာင္း ရွင္သန္ႀကီးထြားေနသည္။

ဇြန္ဘီေခြးက ဇြန္ဘီအုပ္ကို ကြၽမ္းက်င္စြာျဖင့္ ျဖတ္ေက်ာ္လိုက္ၿပီး နီးယန္ႏွင့္ အတူ သစ္ပင္ထိပ္ဆီသို႔ တေ႐ြ႕ေ႐ြ႕ေျပးသြားလိုက္သည္။

မွိုင္းညို႔အုံ႕မွိုင္းေနေသာ ေကာင္းကင္နဲ႕ မိုးႀကိဳးမ်ားက တအုန္းအုန္း အသံျမည္ကာ လွ်ပ္စီးမ်ား လွ်ပ္ေန၏။

နီးယန္က ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီး သူမလက္ထဲက ထီးရိုးကို ေျမာက္ကိုင္လိုက္သည္။

ေကာင္းကင္တစ္ခြင္တြင္ မိုးႀကိဳးမ်ားက အင္အားႀကီးမားေသာ သားရဲအုပ္လိုမ်ိဳး တအုန္းအုန္းျမည္ေန၏။

"အုန္းကနဲ "အသံနဲ႕ ေနာက္ထပ္ မိုးႀကိဳးတစ္ခ်က္က်လာသည္။ လွ်ပ္စီးေတြက တိမ္ေတြကို ထိုးေဖာက္ၿပီး ေတာက္ပစြာ၊ အုံ႕မွိုင္းစြာျဖင့္ က်ေနကာ လမ္းေဘးက သစ္ပင္တစ္ပင္ဆီသို႔ က်ေနေလသည္။

ထို႔ေနာက္ ေနာက္အခိုက္အတန႔္မွာပဲ ႀကီးမားတဲ့လွ်ပ္စီးေၾကာင္းႀကီးတစ္ခု ေပၚလာခ်ိန္တြင္ ေတာ့ တိမ္မ်ားမွာ အေလးခ်ိန္စီးေနေတာ့သည္။

နီးယန္လက္ထဲက ထီးရိုးမွာ လွ်ပ္စီးမ်ား တဖ်စ္ဖ်စ္ျမည္ေန၏။

ထိုအခိုက္အတန႔္မွာပဲ သူမရဲ႕ ခႏၶာကိုယ္ဟာ စုတ္ၿပဲသြားေတာ့မယ္လို႔ အလိုလို သိစိတ္ျဖင့္ ခံစားေနရသည္။

"ပုန္း" နီးယန္ ေျခာက္ေသြ႕ေသာ အသံျဖင့္ ေအာ္ေျပာလိုက္သည္။

ဇြန္ဘီေခြးနဲ႕ ဖ႐ုံသီးေခြး ႏွစ္ေကာင္လုံးမွာ ေကြးေကာက္ ဝပ္ေနလိုက္ၾကသည္။

ဇြန္ဘီေတြမွာ ဘာျဖစ္သြားမွန္း မသိၾကဘဲ အခြင့္အေရးပဲဟု ေတြးေနကာ ေရွ႕သို႔ အေျပး ခ်ီတက္လာၾကေတာ့သည္။

မိုး႐ြာႏႈန္းက ပိုပိုၿပီး ျပင္းထန္လာၿပီး လွ်ပ္စီးမ်ားကလည္း ပိုပိုၿပီး သန္မာ ျပင္းထန္လာသည္။

နီးယန္သည္ သူမခႏၶာကိုယ္က လွ်ပ္စီးမ်ား ေတာင့္မခံနိုင္ေတာ့သည္အထိ သူမစြမ္းရည္ကို စုစည္းဖို႔မႀကိဳးစားနိုင္ေတာ့ပဲ  သူမရဲ႕ အကန႔္အသတ္သို႔ ေရာက္လာေသာအခါ သူမစြမ္းရည္မ်ားကို စုစည္းလိုက္ၿပီး လွ်ပ္စီးမိုးႀကိဳး စြမ္းအားႏွင့္ အတူ ျပင္းထန္စြာျဖင့္ ေဝွ႕ယွမ္းလိုက္သည္။

ႀကီးမားေသာ ထစ္ခ်ဳန္းသံႀကီးတစ္ခု ျမည္ဟည္းသြားေတာ့၏။

လွ်ပ္စီးလွိုင္းက မေရတြက္နိုင္ေသာ ဇြန္ဘီမ်ားကို ေပါက္ကြဲသြားေစေတာ့သည္။

ေကာင္းကင္ထက္ ဖုံးအုပ္ေနေသာ တိမ္တိုက္သည္ "Poof" ဟူေသာ အသံနဲ႕ လြင့္ပ်ံသြားခဲ့ၿပီး အေဆာက္အအုံမ်ား ၿပိဳလဲက်ကာ အရာအားလုံး တိတ္ဆိတ္သြားေတာ့သည္။

မိုးေရစက္မ်ားက‌ေတာ့ ဆက္လက္က်ဆင္းေနဆဲ ျဖစ္၏။

အုပ္အက်ိဳး၊ ေႂကြျပားအက်ိဳးမ်ားၾကားမွ ေခြးႏွစ္ေကာင္က အရင္ဦးဆုံး ထြက္လာသည္။

ဖ႐ုံသီးေခြးဟာ ဇြန္ဘီေခြးဆီတိုက္ရိုက္ဦးတည္လိုက္ၿပီး အျပင္းအထန္ တူးထုတ္ေတာ့သည္။

ေရွာင္ယြီဆြဲထုတ္ခံလိုက္ရ၏။

ေရွာင္ယြီက အိပ္ခ်င္မူးတူးျဖင့္ သူ႕မ်က္ႏွာကို သုတ္ခ်လိဳက္ၿပီးေနာက္ သစ္ပင္ေအာက္ပိေနတဲ့ နီးယန္ကို ျမင္လိုက္ရသည္။

နီးယန္ရဲ႕ လက္မွာ ထီးရိုးအား တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထား၏။

သူမမ်က္ႏွာေပၚတြင္ ေသြးမ်ားရွိေနေသာ္လည္း သူမမ်က္ဝန္းမ်ားကေတာ့ ထူးထူးျခားျခား ေတာက္ပေနသည္။

ေရွာင္ယြီမ်က္ႏွာေပၚတြင္ အၿပဳံးတစ္ပြင့္ ေပၚလာခဲ့ၿပီး ႐ုတ္တရက္ သူ႕အၿပဳံးမွာ တန႔္ကနဲ ရပ္သြား၏။

"နီးယန္!"

နီးယန္သည္ သူမေဘး႐ုတ္တရက္ေပၚလာၿပီး သူမလက္ေမာင္းကို ကိုက္ခဲေနသည့္ ဇြန္ဘီကို ခက္ခက္ခဲခဲ လွည့္ၾကည့္လိုက္သည္။

"အား!" နီးယန္ ဖ်က္ကနဲ လက္ေဝွ႕ယမ္းလိုက္ေသာ္လည္း သူမတြင္ လႈပ္ရွားဖို႔ အင္အား မရွိေသာေၾကာင့္ ျပင္းထန္စြာ အကိုက္ခံလိုက္ရသည္။

နီးယန္ကို ကိုက္ေနသူမွာ ဇြန္ဘီဘုရင္မ ျဖစ္ၿပီး သူမ မေသခဲ့ေပ။

"နီးယန္!"

ေရွာင္ယြီ ေျပးသြားခဲ့ေသာ္လည္း ျပင္းထန္ေသာ ေခါင္းကိုက္မႈတစ္ခုေၾကာင့္ ဒူးေထာက္က်သြားေတာ့သည္။

ဘယ္ေနရာက ထြက္လာမွန္း မသိရတဲ့ နီးမိန္က ဇြန္ဘီဘုရင္မကို တဖုန္းဖုန္း ရိုက္ႏွက္လိုက္သည္။

အေစာတုန္းက ထြက္ေျပးလႊတ္ျမႇောက္သြားခဲ့တဲ့ ေက်ာက္ခဲဇြန္ဘီက ျပန္ထြက္ေပၚလာခဲ့ၿပီး ေက်ာက္ခဲကို ေကာက္ကာ ဇြန္ဘီဘုရင္မေခါင္းကို ပစ္ခြင္းလိုက္သည္။

ဇြန္ဘီဘုရင္မသည္ ဇြန္ဘီေပါက္ေလးမ်ားကို ဖက္ထားလ်က္ျဖင့္ ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ခံေနရကာ ေက်ာက္ခဲမ်ားၾကား ႏွစ္ ျမဳပ္သြားေတာ့သည္။

ဇြန္ဘီဘုရင္မကို ရွင္းထုတ္လိုက္ၿပီးေနာက္ နီးမိန္ရဲ႕ ေတာင့္ေတာင့္တင္းတင္း ခႏၶာကိုယ္ဟာ သစ္ပင္ကို ထုရိုက္ေနခဲ့ၿပီး သစ္ပင္ေအာက္က နီးယန္ကို ကယ္ဖို႔ ႀကိဳးစားေနသည္။

နီးယန္က သူမလက္ေမာင္းကို ဆုပ္ကိုင္လိုက္၏။

"Ho ho ho..."နီးမိန္က အကူအညီမဲ့စြာျဖင့္ လႈပ္ရွားမႈမ်ား ရပ္တန့္လို႔သြား၏။ သူမက နီးယန္ ေဘးတြင္ထိုင္ကာ အေလာတႀကီးလည္ေခ်ာင္းသံျဖင့ ေအာ္ေနေလသည္။

"အဆင္ေျပတယ္၊ အဆင္ေျပပါတယ္။"

နီးယန္က သူမ ဒဏ္ရာကို အုပ္ကိုင္ထားရင္း ေခါင္းခါလိုက္သည္။

မိုးက ပိုသည္းလာခဲ့ၿပီး ေကာင္းကင္က ငရဲမွ အမဲလိုက္နယ္ေျမလိုမ်ိဳး မႈန္မွိုင္းလို႔ေနသည္။

"နီးမိန္ ၊ အဆင္ေျပပါတယ္။" နီးယန္က လက္ျမႇောက္လိုက္ၿပီး သူမရဲ႕ေသြးစြန္းေနေသာ လက္နဲ႕ နီးမိန္ရဲ႕ မ်က္နာကို သုတ္ေပးေနေလသည္။

သူမမ်က္ႏွာေပၚက မိုးေရေတြကို ဂ႐ုတစိုက္ သုက္ေပးလိုက္ၿပီး ႐ုတ္တရက္ သူမ လက္ေမာင္းေပၚက ဒဏ္ရာကို ေပၚလြင္ေအာင္ ေဖာ္ျပကာ ၿပဳံးျပလိုက္သည္။"ၾကည့္၊ အခု ငါ နင့္ကို ေကာင္းေကာင္း ေပြ႕ဖက္ေပးနိုင္ၿပီ။"

"ဒီကိုလာ ၊ မေၾကာက္ပါနဲ႕ ၊ မမက ဖက္ထားေပးမယ္။"

နီးမိန္ရဲ႕ ေတာင့္ေတာင့္တင္းတင္း ခႏၶာကိုယ္က ေရွ႕ကို ကိုင္းလာသည္။

နီးယန္က သက္ျပင္းခ်လိဳက္ၿပီး နီးမိန္ကို သူမ ရင္ခြင္ထဲ တင္းတင္းက်ပ္က်ပ္ ဖက္ထားလိုက္သည္။

"Ho ho ho..."

နီးယန္ရဲ႕ ဖက္ထားခံရတဲ့ နီးမိန္က သစ္ပင္ကို တြန္းထုတ္ဖို႔ႀကိဳးစားေနဆဲျဖစ္ၿပီး သူမလည္ေခ်ာင္းထဲမွ ျမန္ဆန္ေသာ ပင့္သက္ ရွိုက္သံမ်ားေပၚလာသည္။

နီးယန္က သူမကို ႏွစ္သိမ့္ဖို႔ ခပ္ဖြဖြပုတ္ေပးလိုက္၏။

နီးမိန္ရဲ႕ မ်က္ႏွာက တြန႔္လိမ္ေျပာင္းလဲသြားၿပီး ေက်ာက္ခဲအား ေသြးေနသကဲ့သို႔ လည္ေခ်ာင္းထဲမွ လာသည့္ အက္ကြဲေသာ အသံျဖင့္ "မမ မမ ..."

"အုန္းကနဲ "ျမည္သံျဖင့္ ေကာင္းကင္မွ မိုးၿခိမ္းသံထပ္ေပၚလာသည္။

နီးယန္ အံ့အားသင့္သြားသည္။"နီးမိန္ ၊ နင္အခု ငါ့ကို ဘာလို႔ ေခၚလိုက္တာ။"

နီးမိန္ရဲ႕ ေတာင့္ေတာင့္တင္းတင္း ခႏၶာကိုယ္က လႈပ္ရွားသြားကာ သူ႕မ်က္ႏွာက တြန႔္လိမ္ေျပာင္းလဲသြားၿပီး ခက္ခက္ခဲခဲျဖင့္ ဆိုလာသည္။"မမ"

နီးယန္သည္ နီးမိန္၏ နီရဲေသာ မ်က္ဝန္းမ်ားကို ၾကည့္မိသြားသည္။

သူမရဲ႕ ေခါင္းကို နီးမိန္ရဲ႕လက္ေမာင္းထဲျမႇုပ္လိုက္ၿပီး ေမွးမွိန္ေဖ်ာ့ေတာ့ေသာ အေမွာင္က သူမရဲ႕အျမင္ကို ဖုံးလႊမ္းလာကာ သူမအေတြးမ်ား မွိန္ေဖ်ာ့ အားနည္းလာၿပီး၊ ေၾကာက္႐ြံ႕ထိတ္လန႔္ေနေတာ့သည္။

"ေတာင္းပန္ပါတယ္ နီးမိန္... ေတာင္းပန္ပါတယ္။" အဆုံးမွာေတာ့ သူမက တစ္ေယာက္တည္း ထြက္သြားရေတာ့မည္။

သူမက အစ္မေကာင္းတစ္ေယာက္မဟုတ္ေပ။

_______

🍂:က်န္တဲ့ Main Story သုံးပိုင္းကို မနက္ျဖန္ တင္ေပးပါ့မယ္။


Continue Reading

You'll Also Like

439K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
347K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.6K 274 10
English titile - I really am a slag shou Total chapters - 181 ပိုင်း Unicode only The story is Translation novel
516K 51.8K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000