ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

327K 45.6K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/42/

2.7K 441 20
By LEAF277

unicode

သူမအမေနဲ့ သူမအစ်မက သူမ အမျိုးသားကို အိမ်ပြန်ခေါ်လာတာကို အရမ်းစိတ်ဝင်စားနေကြသည်ဟု စုရွမ်ရွမ် ခံစားမိသည်။

သူ့တို့မျက်ဝန်းများမှာ အရမ်းအရမ်းကို ပူလောင်ပြင်းပြနေကြပြီး သူမရဲ့ အမေမှာ သူမဖို့ ပထွေး ရှာပေးချင်နေပြီး ၊ သူမရဲ့အစ်မက သူမ အစ်မက သူမဖို့ ခဲအိုရှာပေးချင်နေပြီဟု စုရွမ်ရွမ် ခံစားနေရသည်။

"စွပ်ပြုပ်သောက်လေ"

သူမအစ်မက ဧည့်သည်ကြောင့် ဟင်းကောင်းတွေအများကြီး ချက်ထားပုံရသည်။

အထူးသဖြင့် ကြက်နှပ်။

စုရွမ်ရွမ်က အမျိုးသားဖို့ ကြက်ဆီဖူး ညှပ်ပေးလိုက်ပြီးနောက် သူမဖို့ ကြက်ပေါင်တစ်ချောင်းယူလိုက်သည်။

သူမစားဖို့ တူဖြင့် ညှပ်ယူရုံရှိသေး အမျိုးသားက သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

စုရွမ်ရွမ်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

အမျိုးသားက မျက်လွှာပင့်လျက် ပိုင်ဟွမ်နဲ့ King Kong ရုပ်ကို ကြည့်လိုက်သည်။"ငါတို့ ဗိုက်မဆာဘူး"

ဟေး၊ မဟုတ်ဘူးလေ၊ သူမ ဗိုက်အရမ်းဆာနေတာပါနော်။

စုရွမ်ရွမ် စကားပြောဖို့ပြင်တော့ အမျိုးသားက သေးသေးရှည်ရှည် ပေါင်မုန့်တစ်ခုကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

အိုကေ။ သူ ဘယ်ကရတာပါလိမ့်။

အမျိုးသားက စုရွမ်ရွမ်ကို လက်တစ်ဖက်နဲ့ဖိကိုင်ထားပြီး တစ်ဖက်ကလည်း ပိုင်ဟွမ်နဲ့ King Kong ရုပ်ကို စိုက်ကြည့်နေသည်။သူ့အသံက အေးစက်စက်ဖြင့် ခြိမ်းခြောက်နေပုံပေါ်၏။"ခင်ဗျားတို့ အရင်စားနှင့် "

အမျိုးသားရဲ့ အကြည့် အောက်တွင် ပိုင်ဟွမ်က စွပ်ပြုပ်ကို ထူးဆန်းသောအမူအရာနဲ့ စိုက်ကြည့်နေပြီး မလှုပ်ရှားပေ။

"စားလေ" အမျိုးသားက ဖြည်းညင်းစွာ စကား ထပ်ပြောလိုက်တော့ ပိုင်ဟွမ်ရဲ့ မျက်ဝန်းများ ရုတ်တရက် မှိန်ဖျော့သွားပြီး ထုံထုံထိုင်းထိုင်း အမူအရာနဲ့ သူမရှေ့က စွပ်ပြုပ်ကို မ,ကိုင်လိုက်ပြီး အငမ်းမရ မျိုချတော့သည်။

King Kong ရုပ်က ချက်ချင်းပဲ စွပ်ပြုပ်ပန်းကန်ကို ဖမ်းဆွဲလိုက်ပြီး အထိတ်တလန့် အမူအရာဖြင့် အမျိုးသားကို စိုက်ကြည့်လိုက်ပြီးနောက်တော့ စက်ရုပ်လို အမူအရာဖြင့် သူမခေါင်းကို လှုပ်ရှားကာ ကျန်တဲ့ စွပ်ပြုပ်ကို မရပ်မနား သောက်တော့သည်။

ထိုည၌ ပေါင်မုန့်စားပြီးနောက် ခြံဝင်းထဲတွင် တံခါးဖွင့်လိုက်၊ပိတ်လိုက် အသံများကို စုရွမ်ရွမ်ကြားနေခဲ့ရသည်။

ပြီးတော့ အော့အန်သော အသံများကလည်း နောက်ကတွဲပါလာခဲ့တာ ကြားရ၏။

စုရွမ်ရွမ် ပူပန်မိသဖြင့် အလည်သွားကြည့်တော့ သူမအမေနဲ့ သူမအစ်မဟာ ဆပ်ပြာရည်တွေကို ကိုင်ထားပြီး ဆပ်ပြာအမြုပ်တွေ ထွေးထုတ်နေတာကို မြင်လိုက်ရသည်။

ဒါက တကယ့်ကို ကလေးကလားလိုပဲ ဟု စုရွမ်ရွမ် တွေးမိ၏။

သူမ ပြန်လှည့်လှည့်ချင်း သူမနောက်မှာရပ်နေတဲ့ အမျိုးသားကို မြင်လိုက်ရသည်။

အမျိုးသားက မျက်နှာဖုံးဝတ်ထားတော့ သူ့မျက်နှာကို မမြင်ရပေ။

ဖရုံသီးခွေးက အိပ်ပျော်နေသော ဝက်တစ်ကောင်လိုမျိုး သူ့နောက်တွင် ကွေးနေသည်။

"ရှင်ဘာလို့ ကျွန်မအခန်းရှေ့မှာ ရှိနေတာလဲ"

သူမအမေက သူ့အတွက် အခန်းမစီစဉ်ပေးခဲ့ဘူးဆိုတာ စုရွမ်ရွမ် သတိရသွားသည်။

အမျိုးသားက မလှုပ်မယှက် ရပ်နေပြီး မျက်နှာဖုံး နောက်မှ အေးစက်စက် အသံပေါ်လာသည်။ "မင်းကို ကာကွယ်ဖို့ "

သူမအိမ်က အရမ်းကို လုံခြုံပါတယ်။ သူမကို ကာကွယ်ဖို့မလိုပါဘူးဟု ပြောလိုက်ပြီးနောက် တစ်ယောက်ယောက်ကို ခုတ်တော့မလို မီးဖိုချောင်သုံးဓါးကို ကိုင်ထားရင်း ပါးစပ်မှာ အမြုပ်တွေ တစီစီထနေတဲ့ သူမအမေကို မြင်လိုက်ရသည်။ သို့သော်လည်း သူမအစ်မ၏ တင်းတင်းကျပ်ကျပ် ဖက်ကာ အနောက်သို့ ပြန်ဆွဲခေါ်သွားတာ ခံလိုက်ရ၏။

သူမအမေသည် စိတ်ကျန်းမာရေးမကောင်းသဖြင့် ဆေးသောက်ဖို့ အတင်းအကျပ် တိုက်တွန်းရသော်လည်း ဒီလောက်ထိ နေမကောင်းဖြစ်နေမယ်လို့ သူမ မထင်ထားခဲ့ပေ။

"အပြင်က အန္တရာယ်များတယ်။ မြန်မြန်၊ ကျွန်မနဲ့ အခန်းထဲလိုက်ခဲ့"

စုရွမ်ရွမ်သည် အမျိုးသားကို အခန်းထဲ ခပ်သုတ်သုတ် ဆွဲခေါ်သွားခဲ့သည်။

သူမ အခန်းက မကြီးသလို ပစ္စည်းတွေအများကြီးလည်းမရှိပေ။

"ကျွန်မအမေ အိပ်ပျော်သွားရင် ရှင် အပြင်ထွက်လို့ရပြီ"

စုရွမ်ရွမ်သည် သူမ ဂရုမစိုက်မိလျှင် သူမအမေက မတော်တဆ ပြစ်မှုကျူးလွန်မိပြီး တရားစွဲဆိုခံရမှာ စိုးရိမ်မိသည်။ အဲ့လိုဆို သူမတော့ ငတ်သေရလိမ့်မည်။

အမျိုးသားက စုရွမ်ရွမ်ရဲ့ အခန်းလေးထဲတွင် တစ်ညလုံးနေခဲ့သည်။ နောက်တစ်နေ့ စုရွမ်ရွမ်နိုးလာတော့ ကြမ်းပြင်ပေါ်အိပ်နေခဲ့တဲ့ အမျိုးသားက ဘယ်အချိန်က သူမအိပ်ရာထဲ ‌ရောက်လာခဲ့လဲ မသိပေ။

သူမအိပ်နေတုန်းက မီးဖိုတစ်ခုကို ဖက်ထားရသလို နွေးထွေးနေတာ အံ့ဩစရာ မရှိတော့။

စုရွမ်ရွမ်သည် အိပ်နေရင်းတောင် မျက်နှာဖုံးတပ်ထားတဲ့ အမျိုးသားရဲ့မျက်နှာကို စိုက်ကြည့်နေ၏။

အဲ့လိုတွေးပြီးနောက် သူ့မျက်နှာပေါ်က မျက်နှာဖုံးကိုတော့ မဖယ်ရှားကြည့်ခဲ့ပါ။

သူတစ်တစ်ပါး၏ အခွင့်အရေးကို လေးစားရပေမည်။

ထားလိုက်ပါလေ။ သူမ တစ်ကြိမ်လောက်ပဲ ကြည့်မှာပါ။

စုရွမ်ရွမ်သည် မျက်နှာဖုံးကိုထိဖို့ သတိကြီးကြီးဖြင့် လက်လှမ်းလိုက်ပြီးနောက် သူမလက်ချောင်းများနဲ့ ထောင့်စွန်းကို မ,လိုက်ရာ အမျိုးသားရဲ့ မေးစေ့ ခပ်ရေးရေး ပေါ်လာသည်။

ဒဏ်ရာက နှုတ်ခမ်းထိပျံ့နှံ့သွားပုံမပေါ်ပဲ နှုတ်ခမ်းထောင့်ထိသာ ပျံ့နှံ့နေသည်။

မီးလောင်ထားခဲ့သကဲ့သို့ မည်းနည်းနေ၏။

ဒါပေမယ့် ဒီဒဏ်ရာက အရင်တစ်ခါတုန်းက မြင်ခဲ့ရတဲ့ ဒဏ်ရာလား။ ဘာကြောဂ့် ပိုဆိုးလာပုံ ပေါ်နေတာလဲ။

စုရွမ်ရွမ်သည် စိတ်ရှုပ်ထွေးသောပုံစံဖြင့် ခေါင်းစောင်းလိုက်၏။ နောက်တော့ အရင်တစ်ခါကလည်း အရမ်းမဲနေတာဖြစ်ပြီး သူမ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရတာ ဖြစ်မည်ဟု တွေးလိုက်သည်။

"စုရွမ်ရွမ် စုရွမ်ရွမ်" အပြင်ဘက်မှ ကြွပ်ဆတ်ဆတ် အော်ခေါ်သံတစ်ခု ပေါ်လာ၏။

မနက်အစောကြီးတွင် လီရွမ်ရွမ်က စုရွမ်ရွမ်ကို ရှာဖို့ ရောက်လာခဲ့သည်။

သူမက လုံးဝ ယဉ်ကျေးမှုမရှိဘဲ တံခါးကို တွန်းဖွင့်ကာ အထဲဝင်လာ၏။

စုရွမ်ရွမ် ချက်ချင်း ထရပ်လိုက်သည်။

အမျိုးသားသည် သူမအိပ်ရာပေါ်တွင် လဲနေရင်း မိန်းမငယ်လေး လျှင်လျှင် မြန်မြန် အဝတ်အစားလဲနေတာကို စောင့်ကြည့်နေကာ လက်ကို မြှောက်၍ မျက်နှာဖုံးကို ပြန်ဆွဲချလိုက်သည်။

နန်နီ ဒီမြို့ကို ရောက်လာတော့မယ်လို့ ကြားသည့် လီရွမ်ရွမ်သည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေဖို့ စုရွမ်ရွမ်ဆီသို့ အဓိက ရောက်လာခဲ့ရခြင်းဖြစ်သည်။

"သူမက ငါ့နတ်ဘုရားမပဲ"

လီရွမ်ရွမ်က အရမ်းစိတ်လှုပ်ရှားနေ၏။

နင့်နတ်ဘုရားမက အဲ့ Maryစုမဟုတ်ဘူးလားလို့ စုရွမ်ရွမ် ပြောလိုက်သည်။

လီရွမ်ရွမ်ချက်ချင်းပြောလာ၏။"ငါ့နတ်ဘုရားမကို မစော်ကားနဲ့ "

ဟာ့။

လမ်းမပေါ်တွင် ဆူညံသံများဖြင့် ပြည့်နှက်နေပြီး လူအားလုံးကို သူတို့ရဲ့ ခေါင်းလေးတွေသာလျှင် မြင်နေရသည်။

စုရွမ်ရွမ်မော့ကြည့်လိုက်တော့ ပတ်ဝန်းကျင် လူအုပ်ကြားမှ တိုးထွက်လာတဲ့ အမျိုးသားကို မြင်လိုက်ရသည်။

"ဟေ့ သူက ဘယ်သူလဲ "

လီရွမ်ရွမ်က စုရွမ်ရွမ်ဘေးက အမျိုးသားကို အရမ်းပဲ စပ်စုချင်နေ၏။

စုရွမ်ရွမ်က ပြောပြလိုက်၏။"ငါ သူ့ကိုခေါ်လာခဲ့တာ။ သူ့ခေါင်းထဲမှာတော့ ပြဿနာရှိနေပုံပဲ"

လီရွမ်ရွမ်ခေါင်းညိတ်လိုက်၏။"ငါသိပြီ၊ သူတို့ ခေါင်းက အဆင်ပြေနေတယ်ဆိုရင် ဘယ်သူက နင်နဲ့ ကစားမှာလဲ" လို့ တွေးပြီးနောက် လီရွမ်ရွမ်က စုရွမ်ရွမ်လက်ကို ချိတ်လိုက်သည်။"သွားမယ်၊ သွားကစားရအောင်"

"ကောင်းပြီ"

အမျိုးသား လမ်းပျောက်မှာစိုးတာကြောင့် စုရွမ်ရွမ်သည် သူမကို နေရာတစ်ခုမှာရပ်စောင့်နေဖို့ ပြောထားခဲ့ပြီး လီရွမ်ရွမ်နှင့်အတူ လူအုပ်ကြားထဲ တိုးဝင်သွားခဲ့သည်။

ကားငယ်လေးတစ်စီး မောင်းဝင်လာ၏။

မြို့တော်ဝန်ရဲ့ စျေးပေါပေါကားလိုမဟုတ်ဘဲ အဆင့်မြင့်ကား တစ်စီးဖြစ်သည်။

ဒီကားမှန်က ကျည်ကာမှန်ဟု ကြားမိ၏။

" ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။ လိုက်လှဲစွာကြိုဆိုပါတယ် "

"စစ်ဆေးဖို့ ရောက်လာတာကို ကြိုဆိုပါတယ် မစ္စနန်နီ"

မြို့တော်ဝန် စီစဉ်ထားတဲ့ ပြည်သူများက ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြေးကြော်သံများ စတင်နေပြီဖြစ်သည်။

စုရွမ်ရွမ်သည် လည်တိုင်ကိုဆန့်ကာ အသည်းအသန် ကြည့်လိုက်၏။ မှန်ကိုဖြတ်၍ ဝိုးတိုးဝါးတား အမျိုးသမီး ပုံရိပ်ကိုပဲ သူမမြင်နိုင်သည်။

အခြေစိုက်စခန်း လေးခုထဲက တစ်ဦးတည်းသော အမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ နန်နီဟာ အမျိုးသားများထက် ပို၍ လူထုယုံကြည်မှုကို ပိုင်ဆိုင်ထားသည်။

သို့သော်လည်း ဒီနန်နီက ယောက်ျားတစ်ယောက်ထက်ပို၍ သာလွန်ရက်စက်သည်ဟု သူမကြားမိသည်။သူမက စကားတစ်ခွန်းမဆိုပဲ ပစ်သတ် တက်သည်တဲ့။

လူကြပ်ညှပ်နေသောကြောင့် စစ်တပ်သုံးကားကို နီးစပ်ရာ ကားပါကင်တွင် ပါကင်ထိုးလိုက်ကြသည်။

မြို့တော်ဝန်က သူမကို နှုတ်ဆက်ဖို့ ခပ်သုတ်သုတ် ရှေ့ထွက်လာ၏။

ကားတံခါးပွင့်လာတော့ အရင်ဆုံး ခြေတံရှည် တစ်စုံထွက်လာသည်။

ထို့နောက် အရပ်မြင့်ကာ ကျစ်လစ်သွယ်လျသော အမျိုးသမီးတစ်ယောက်ပေါ်လာ၏။

သူမက ဓားသွားကဲ့သို့ ထက်ရှ နက်ရှိုင်းသော ဖီးနစ် မျက်ဝန်း၊ပိုနီတေးလ် ဆံပင်ပုံစံနဲ့အတူ ကွက်တိကျ ပြောက်ကျားယူနီဖောင်းကို ဝတ်ထားပြီး သေနတ်တစ်လက်ကိုင်ဆောင်ထားသည်။

"အရှင်မ၊ ကျွန်တော်အိမ်က အခန်းကို သန့်ရှင်းထားပါတယ်။ တကယ်လို့ မကြိုက်ရင်တော့ ကျွန်တော်တို့နဲ့ပဲ ယာယီနေပေးပါ။" မြို့တော်ဝန်က လေးစားသမှုဖြင့် အနည်းငယ် ညွတ်ကိုင်းလိုက်သည်။

ခပ်ယောင်‌ယောင် ခေါင်းညိတ်လိုက်တဲ့ အမျိုးသမီးရဲ့မျက်နှာမှာ သီးသန့်ဆန်နေပြီး မပြောင်းမလဲ ရှိနေ၏။

ပတ်ဝန်းကျင်ပတ်လည်မှာတော့ ချီးမြောက်ဂုဏ်ပြုမှုများရှိနေကြသည်။

စုရွမ်ရွမ်က ခြေဖျားထောက်ကာ နီးယန်ကို ကြည့်ချင်ပေမယ့် သူမဘေးက လီရွမ်ရွမ်က ရုတ်တရက် သူမကို ဆွဲလိုက်တာကြောင့် ခေါင်းတစ်ဝက်ကိုပဲ မြင်လိုက်ရသည်။

"ဟေး ကြည့် အဲ့ဒါ စွမ်ရည်အသုံးပြုသူ ကင်းလှည့်တပ်ရင်းက ဒုခေါင်းဆောင် မဟုတ်လား"

လီရွမ်ရွမ်က သူမလက်ကို လှမ်းဆွဲလိုက်ပြီး ရှေ့ကိုမေးငေါ့ပြလိုက်သည်။ "သူတို့ တစ်ယောက်ယောက်ကို ဖမ်းချင်နေပံပဲ"

စုရွမ်ရွမ်သည် ဒုခေါင်းဆောင်ကို မြင်တော့ အမျိုးသားက ခေါင်းဆောင်ကို သတ်ခဲ့တာကို ရုတ်တရက်သတိရသွားပြီး အမျိုးသားကိုရှာဖို့ လီရွမ်ရွမ်ရဲ့ လက်ကို ချက်ချင်းလွှတ်ချလိုက်တော့သည်။

ဒုခေါင်းဆောင်ရဲ့ လုံခြုံရေးနဲ့ပတ်သတ်လို့ သူမ အရမ်း စိုးရိမ်မိ၏။ အမျိုးသားက သူမစကားကို နားထောင်ကာ နေရာတွင် နာခံစွာ မတ်တပ်ရပ်နေပြီး လူအုပ်ကြားထဲတွင် ထင်းထွက်နေတာကြောင့် တစ်ချက်ကြည့်ရုံဖြင့် စုရွမ်ရွမ် မြင်လိုက်ရသည်။

သို့သော်လည်းဒီမှာက လူတွေအများကြီး ရှိနေတာကြောင့် သူမ သုံးလှမ်းသာ လှမ်းရုံရှိသေး ဒုခေါင်းဆောင်က အမျိုးသားရှေ့ရောက်သွားပြီဖြစ်သည်။

သူ့လက်ထဲတွင်လည်း ပုံတူကို ကိုင်ထား၏။

စားသောက်ဆိုင်ပိုင်ရှင်က သူမကို သစ္စာဖောက်တာပဲ ဖြစ်ရမည်ဟု စုရွမ်ရွမ် ခါးခါးသီးသီး တွေးမိလိုက်သည်။ သူမက အစားအသောက်ဝယ်စားခဲ့ဖူးတယ် မဟုတ်လား။ ဒီလိုလုပ်တာတော့ လူကြီးလူကောင်းကို မဆန်ဘူး။

စုရွမ်ရွမ်သည် တိုးထွက်ဖို့ပြင်နေတုန်း ရုတ်တရက် သူမ ခေါင်းဆီမှ နာကျင်မှုခံစားလိုက်ရသည်။

ဘာတွေဖြစ်နေတာလဲဆိုတာ လှည့်မကြည့်ရသေးခင် လမ်းကြား ဆွဲခေါ်သွားတာ ခံလိုက်ရပြီး လျှပ်စစ်ဆိုင်ကယ်တစ်စီးပေါ်မှာ ဖိထားခံလိုက်ရသည်။

ကြည်လင်နေတဲ့အပြာရောင် ကောင်းကင်အောက်မှာနေ့ခင်းကြောင်တောင်ကြီးသူမရဲ့အလှကို မက်မောပြီး သူမကို တွန်းအားပေးချင်နေသည် ...။

"မရုန်းနဲ့! မြို့တော်ဝန်ရဲ့သားက မင်းကို ဒီနေ့ သေစေချင်နေတယ်၊မနက်ဖြန် မင်း အသက်မရှင်ကို မရှင်ရဘူး!"

စုရွမ်ရွမ်: ???

"တီ တီ တီ ..." လျှပ်စစ်ဆိုင်ကယ်လေးက အော်မြည်လာပြီး ဒုန်းစိုင်းစတင်တော့သည်။

စုရွမ်ရွမ်သည် လျှပ်စစ်ဆိုင်ကယ်လေးပေါ်တွင် ဖိထားခံရရင်းဖြင့် မြို့တော်ဝန်၏အိမ်သို့ ရောက်သွားခဲ့သည်။

သူမ ခြေထောက်ချလိုက်တော့ သူမကိုယ်သူမ အခန်းတစ်ခုထဲမှာမှန်း သိလိုက်ရသည်။

အခန်းထဲတွင် တစ်ယောက်ယောက် အော်ဟစ်နေ၏။"အား ဖေဖေ အား!"

စုရွမ်ရွမ်သည် သူနဲ့ အငြင်းပွားမနေဘဲ ထိန်းချုပ်ထားကာ ကြည့်လိုက်တော့ အိပ်ရာပေါ်လဲနေတဲ့ ယောက်ျားတစ်ယောက်ကို မြင်လိုက်ရသည်။

မြို့တော်ဝန်ရဲ့ သားလား။

သူ့ရဲ့ အိပ်ရာဘေးမှာ တိုင်တစ်လုံးရှိနေပြီး အစိမ်းရောင် နွယ်ပင် စိုက်နေသော လက်တစ်ဖက်က တိုင်ပေါ်တွင် ရှိနေ၏။

မြို့တော်ဝန်သား၏ သွေးစွန်းနေသော လက်ဖဝါးကို နေ့တိုင်းတွန်းဖွင့်နေရင်း နေ့စဉ် ဆက်လက်ကြီးထွားနေရာ ယခုဆို ပန်းကန်လုံး အသေးလေးတစ်လုံးလိုထူလာပြီဖြစ်သည်။

"စုရွမ်ရွမ်? စုရွမ်ရွမ်!"

ခန်းစီးနောက်မှာပုန်းနေတဲ့ စုရွမ်ရွမ်ကို မြင်တော့ မြို့တော်ဝန်သားက ကွဲအက်သောအသံဖြင့် အော်လိုက်သည်။"မင်းက ငါ့ကို သတ်ချင်နေတာ! မင်းက ငါ့ကို သတ်ချင်နေတာ! ငါ မင်းကို သတ်ပစ်ချင်တယ် !ငါမင်းကို သတ်ပစ်ချင်တယ် !" မြို့တော်ဝန်ရဲ့သား ရုန်းလေလေ၊သူ့လက်ဖဝါးက နွယ်ပင်တွေက ပိုထူလေ ဖြစ်သည်။

'စုရွမ်ရွမ်' ဟူသောအမည်ကို ကြားတာကြောင့် နွယ်ပင်များသည် မြို့တော်ဝန်သား၏ လက်ဖဝါးတွင် square dance ကပြနေ၏။

အက,က အလွန်နှစ်သက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိနေသည်။

ဒီနွယ်ပင်က သူ့ပိုင်ရှင်နဲ့မတူပဲ တကယ့်ကို သက်ဝင်လှုပ်ရှားမှုရှိသည်ဟု စုရွမ်ရွမ် တွေးမိ၏။

"ဒီမှာပါ"

မြို့တော်ဝန်ရဲ့အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

စုရွမ်ရွမ်သည် မသိစိတ်အရ ခန်းစီးနောက်တွင် ပုန်းလိုက်၏။

မြို့တော်ဝန်က အမျိုးသမီးတစ်ယောက်ကိုဦးဆောင်ပြီး ဝင်လာသည်။

သူသည် နှာခေါင်းပေါက်ဖြင့် လူတွေကို ကြည့်လေ့ရှိပြီး ယခုတွင်တော့ ၉၀ ဒီဂရီနီးပါး ဦးညွတ်ထားသည်။

မြို့တော်ဝန်က အခုမှ အိမ်ထောင်ကျတဲ့ ဇနီးအသစ်စက်စက်လိုမျိုး တုန့်ဆိုင်းနေ၏။ "ဟုတ်ကဲ့ ...တကယ်တော့  ကျွန်တော် ဒီနေ့ အရှင်မကို ဧည့်သည်အနေနဲ့ ဖိတ်တာက မေးစရာတစ်ခု ရှိနေလို့ပါ"

အမျိုးသမီးက အေးစက်စက်ဆိုလာ၏။"ဟမ် "

"ဒါက ကျွန်တော့်သားပါ၊ စွမ်းရည်နဲ့ဇွန်ဘီတစ်ကောင် ရက်အနည်းငယ်လောက်က ပေါ်လာတယ်။ သူ့မှာ စွမ်းရည်တစ်ခုရှိနေတယ်လေ၊ မြို့ထဲက လူတွေရဲ့ လုံခြုံရေးအတွက် ကျွန်တော့်သားက တစ်ယောက်တည်း အရဲစွန့်ပြီး ဖမ်းဖို့ သွားခဲ့တာ။ သူက ဇွန်ဘီကို အသက်ရှင်လျက် ဖမ်းချင်ခဲ့ပေမယ့် မမျှော်လင့်ထားတာက..."

" သေပြီလား"နီးယန်က ဆက်ပြောပေးလိုက်သည်။

မြို့တော်ဝန်က အံ့သြသွားပြီး လက်မြှောက်ကာ သူ့နှဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်။ "ကံကောင်းတာက...အသက်ရှူနေပါသေးတယ်။1

"အား အား ဖေဖေ့ ဖေဖေရေ !"

အသက်ရှူနေသေးတဲ့ မြို့တော်ဝန်ရဲ့သားက အက်ကွဲတဲ့အသံနဲ့ အော်လာ၏။"အဖေရေ "

မြို့တော်ဝန်မှာ စိတ်ဓာတ်ကျစွာဖြင့် နီးယန်ကိုခေါ်ကာ ဝင်လာခဲ့သည်။

နီးယန် အခန်းထဲချေချချချင်းပဲ မူလက သူမရဲ့ မထူးခြားမနား အမူအရာဟာ ရုတ်တရက်ပြောင်းလဲသွားသည်။"ရှင် အနံ့တစ်ခုခု မရဘူးလား"

မြို့တော်ဝန်က စိတ်ရှုပ်ထွေးသွားတဲ့ အမူအရာနဲ့ ဟိုဟိုဒီဒီ အနံ့ခံကြည့်လိုက်သည်။

နီးယန် ဘေးဘက်လှည့်လိုက်တော့ သူမမျက်လုံးများ နက်ရှိုင်းသွားသည်။"ပန်းနံ့ပဲ"

ရုတ်တရက် လူတစ်ယောက် အခန်းကိုဖြတ်ကာ ပြေးထွက်သွား၏။

နီးယန် အမူအရာက နောက်တွန့်သွားပြီး သူမ ချက်ချင်းပြေးလိုက်သွားသည်။

ဆံပင်ရှည်နဲ့ ပြင်းထန်တဲ့ ပန်းရနံ့နှင့်အတူ ပိတ်ကျဲ ဂါဝန်နဲ့ အမျိုးသမီးကို သူမတွေ့လိုက်သည်။

နီးယန်တစ်ယောက် "စုရွမ်ရွမ်" လို့ ကမန်းကတန်း ခေါ်လိုက်ပြီး သတိလက်လွတ်လျှောက်သွားကာ အမျိုးသမီးရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

ရှေ့က အမျိုးသမီးက လှည့်လာတော့ မျက်နှာဝိုင်းဝိုင်းလေးပေါ်လာ၏။

"ကျွန်မကို ခေါ်တာလား" မြို့တော်ဝန်သမီးက သူမ ရှေ့က ရက်စက်ပုံပေါ်နေတဲ့ နီးယန်ကို ကြည့်ပြီး အရမ်း စိုးရိမ်စိတ်များသွားသည်။

နီးယန်က စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းဖွင့်ဟလိုက်၏။

မြို့တော်ဝန်က ချက်ချင်းထွက်လိုက်လာပြီး ပြောပြလာသည်။"ဒါက ကျွန်တော့်သမီး စုရွမ်ရွမ်ပါ။ ကြီးမြတ်တဲ့ နတ်ဘုရားမရဲ့နာမည်ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော့် သမီးရဲ့ နာမည်ကို အထူးပြောင်းခဲ့တာ" မြို့တော်ဝန်က ဂုဏ်ယူစွာဖြင့် သူ့ရင်ဘတ်ကိုပင့်လိုက်သည်။

သူ့ရဲ့မျိုးရိုးနာမည်ကို တောင်မှ အထူးပြောင်းလဲခဲ့သေးသည်။

နီးယန်သူမလက်ကို ပြန်လွှတ်ပေးလိုက်ပြီး မေးလိုက်၏။"ရှင့်သမီးပေါ်ကအနံ့က ဘာလဲ။"

မြို့တော်ဝန်သမီးက ပြောပြလာ၏။"ဒါက ပန်းပွင့်ဖြူလေး ရေမွှေးနံ့ပါ။"

နီးယန်ခေါင်းညိတ်လိုက်ပြီး အိမ်ဆီသို့ပြန်လှည့်သွားတော့သည်။

ထားလိုက်တော့၊ သူမအကြိမ်ကြိမ် စိတ်ပျက်ခဲ့ဖူးပြီးပြီပဲ။

မြို့တော်ဝန်က စိုးရိမ်တကြီး ပြောလာသည်။"ကျွန်တော့်သားကို ကြည့်ပေးပါဦး"

နီးယန်က နွယ်ပင်ကိုကြည့်ပြီး ရုတ်တရက်မေးလိုက်သည်။"ဒီနေရာက တားမြစ် မြို့တော်နဲ့ နီးတာလား"

မြို့တော်ဝန်မှာ ဘာကိုဆိုလိုတာမှန်း နားမလည်သော်လည်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။"ဟုတ်ကဲ့ "

နီးယန်မျက်နှာက အေးစက်သွားပြန်၏။"ဒီနေ့ ကျွန်မ ပင်ပန်းနေပြီ၊ မနက်ဖြန်မှ ပြောကြတာပေါ့"

ဒီမြို့တော်ဝန်မှာ နန်နီရဲ့ခေါင်းဆောင်ကို ဖိအားပေးဖို့ အဘယ်မှာ ရဲဝံ့ပါမည်နည်း။ တလေးတစားဖြင့် သူမကို လိုက်ပါပို့ဆောင်လိုက်သည်။

စုရွမ်ရွမ်သည် မြို့တော်ဝန်အိမ်ရှိ ခွေးတိုး ပေါက်မှ ထွက်လာခဲ့သည်။

ထို့နောက် ဖရုံသီး ခွေး၏ ခေါင်းကို ပုတ်ပေးလိုက်၏။"ငါ့ကို ကယ်တာ ကျေးဇူးပဲ။

ဖရုံသီး ခွေးက စိတ်လှုပ်ရှားစွာ ခေါင်းခါလိုက်ပြီး ခွေးတိုး ပေါက်ကနေ စုရွမ်ရွမ်နောက်မှ လိုက်ထွက်ပေမယ့်... ညှပ်မိနေပြီး ထွက်လို့မရခဲ့...

စုရွမ်ရွမ်က ဖရုံသီးခွေး၏ အမြီးကို ခပ်တင်းတင်း ကိုင်ကာ ဆွဲထုတ်လိုက်သည်။

ပျက်သွားသောအမြီးနှင့်အတူ ဖရုံသီး ခွေးထွက်လာတော့၏။

စုရွမ်ရွမ်: ...အမ်။

ဖရုံသီးခွေးဟာ "အားဝူး" ဆိုပြီး ငိုတော့၏။

စုရွမ်ရွမ်ချက်ချင်းပဲပြောလိုက်သည်။"ရပါတယ်၊ အဆင်ပြေပါတယ်။ ငါပြန်တပ်ပေးပါ့မယ်၊ငါပြန်တပ်ပေးမယ်လေနော်"

စုရွမ်ရွမ်သည် မြက်ပြင်တွေဆွဲနှုတ်လိုက်ပြီး ဖရုံသီး ခွေးကို အမြှီး ပြန်ချည်ပေးလိုက်သည်။

အဆုံးမှာတော့ ဖရုံသီး ခွေးဟာ စိတ်သက်သာရာရသွားပြီး မျက်ရည်စက်လက်ဖြင့် စုရွမ်ရွမ်နှင့်အတူ အိမ်ပြန်လာခဲ့တော့သည်။

သူတို့ အိမ်ပြန်ရောက်တော့ သူမအမေနဲ့ သူမ အစ်မက အန်လို့ ပြီးသွားကြပြီ ဖြစ်သည်။

မီးဖိုချောင်တွင် စားကောင်းသောက်ကောင်းများချက်ပြုတ်နေကြ၏။

"အကုန်လုံးလောင်းထည့်စမ်း။ စိန်အဆိပ်နဲ့ အဆိပ်တွေ ပိုထည့်အုံး!"

ပိုင်ဟွမ်ရဲ့ မျက်နှာမှာ မဲမှောင်အုံ့မှိုင်းနေသည် ။

King Kong ရုပ်က ဆိုလိုက်၏။"မိန်းမပျို၊ လုရှီမင်က ကျွန်မတို့ကိုရှာတွေ့သွားပြီထင်တယ်။"

"အဲ့တော့ ဘာဖြစ်လဲ၊ သူ သေရမယ်။ သေကို သေရမယ်!"

"အမေ!"

King Kong ရုပ်မှာ ဆက်ကနဲ လန့်သွားပြီး မတော်တဆ အဆိပ်ပုလင်းကို လေထဲ ပစ်ထုတ်မိလိုက်ရာ အဆိပ်မှုန့်တွေ လေထဲပျံ့ကြဲသွားသော်လည်း အများစုမှာတော့ ပိုင်ဟွမ်ပါးစပ်ထဲဝင်ကုန်ကြသည်။

"ဖွီ..အဟွတ် အဟွတ် အဟွတ် !"

"အမေ ၊ အမေ ဘာအရသာရှိတာတွေ စားနေတာလဲ!"

စုရွမ်ရွမ်ရဲ့အမေမှာ သူမကို စကားကိုစကားပြောဖို့ အချိန်မရှိရှာ။

ဆပ်ပြာတွေ သူမပါးစပ်ထဲသိပ်ထဲပြီး ဆပ်ပြာမှုန့်တွေ ပြန်အန်ထုတ်တော့သည်။

သူမအမေ ရူးနေပြန်တာကို ကြည့်ရင်း ထားလိုက်ပါတော့၊ သူမလူကိုပဲ သွားရှာတော့မယ်ဟု တွေးလိုက်သည်။

စုရွမ်ရွမ်သည် အမျိုးသားဆီသို့ သွားလိုက်၏။

အမျိုးသားက သူမအခန်းထဲမှာ စောင့်နေပြီဖြစ်သည်။

"အခုတင်ပဲ ကျွန်မ ဒုခေါင်းဆောင်ကိုမြင်..."

စုရွမ်ရွမ် စကားပြောလို့ မပြီးသေးခင်မှာပဲ အမျိုးသားရဲ့ ပွေ့ဖက်ခြင်းခံလိုက်ရသည်။

အမျိုးသားက ပိန်သွယ်သော်လည်း အရပ်မြင့်၏။

သူ့ရင်ခွင်ထဲ သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူ့ရဲ့ အေးစက်စက် မျက်နှာဖုံးကလည်း သူမလည်တိုင်ပေါ် ဖိမိနေကာ သူ့ရဲ့ မြန်ဆန်သော အသက်ရှူသံကို စုရွမ်ရွမ် ခံစားလို့ရနေသည်။

"မင်းကို အများကြီး လွမ်းနေခဲ့တာ"

စုရွမ်ရွမ် မျက်နှာသည် လျှင်မြန်စွာ နီရဲလို့ လာ၏။

"အဲ့ဒါက ကျွန်မ..."

"လျှောက်သွားမနေနဲ့တော့နော်၊ မင်းကို ရှာမတွေ့တော့ ကိုယ်အရမ်း ကြောက်သွားခဲ့တာ"

"...အိုး"

စုရွမ်ရွမ်သည် သူမလျှောက်သွားနေတာမဟုတ်ဘဲ ပြန်ပေးဆွဲခံရတာပါလို့ ပြောပြချင်ခဲ့သည်။

သို့သော်လည်း လက်ရှိအမျိုးသားရဲ့ ပုံစံကို ကြည့်ကာ ဘာကြောင့်မှန်းမသိ သူမ မပြောပြချင်တော့ပေ။ "နောက်ဆို ကျွန်မ လျှောက်မသွားတော့ပါဘူး" ဟု ပဲ ပြောလိုက်သည်။

နှစ်ယောက်သားမှာ ခဏလောက် ပွေ့ဖက်နေခဲ့ပြီး စုရွမ်ရွမ်က သူ့ကို တွန်းထုတ်လိုက်သည်။ "ခုနက ကျွန်မ ဒု ခေါင်းဆောင်ကို မြင်ခဲ့တယ်..."

"အိုး သေသွားပြီ"

အမျိုးသားက သူမကို လွှတ်ပေးလိုက်ပြီး မမြင်ရတဲ့ မှုန်ဝါးဝါး နီရဲရဲ မျက်ဝန်းများနဲ့ ငုံ့ကြည့်လာသည်။

ဘယ်လိုရက်စက်ကြမ်းကြုတ်တဲ့အရာကို သူမခေါ်လာမိတာ ပါလိမ့်လို့ စုရွမ်ရွမ် တွေးမိသွား၏။

မြို့ထဲတွင် စွမ်းရည်နဲ့ ဇွန်ဘီ ထွက်ပေါ်လာပြီး သူက ကင်းလှည့်တပ်ရင်းရှိ လူတွေကို သတ်ပစ်လိုက်ရာ ဖိနပ်တစ်ဖက်ပင် မကျန်ခဲ့ဟု လူတိုင်း ကြားသိလိုက်ရသည်။

ဒီလိုသတင်းကြီးကို ကြားတော့ လူတိုင်းမှာ အလန့်တကြား အခြေအနေဖြစ်ကုန်ကြသည်။

မကြာသေးမီက ဖရုံသီးခွေးမှာ အစားစားချင်စိတ် မရှိဖြစ်နေပြီး အမြဲ အန်ချင်သလိုဖြစ်နေတာကို သတိထားမိသည်။

ကိုယ်ဝန်ရှိနေတာများလားဟု သူမ သံသယဖြစ်မိ၏။

ထို့နောက် ဖရုံသီးခွေးဟာ ခွေးထီးတစ်ကောင်ဖြစ်ပြီး ကိုယ်ဝန်မဆောင်နိုင်ပါဘူးလေလို့ သူမဆိုလိုက်သည်။

အမျိုးသားက စိတ်မပါလက်မပါ ပြောလိုက်၏။"သဲဝဲရှိတဲ့လူရဲ့ အနံ့ကြောင့် နေမယ်"

ဖရုံသီး ခွေး: အော့အန် ~

စုရွမ်ရွမ်: ???သူမမှာ သဲဝဲ မရှိပါဘူး။

ဒါပေမယ့် အခုက ဒီလိုအရာတွေနဲ့ ရှုပ်ထွေးနေရမယ့်အချိန်မဟုတ်။

"နန်နီက လှုပ်ရှားဖို့ပြင်နေပြီလို့ ကျွန်မကြားတယ်"စုရွမ်ရွမ်သည် အမျိုးသားကို စိုးရိမ်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ "ရှင် သူမကိုရိုက်လိုက်တာလား၊သူမက လူဆိုးလို့ပြောတာမဟုတ်ဘူးနော်၊ဒါပေမယ့် ကျွန်မတို့က လူကောင်းတွေလေ။ ဒါကြောင့်မို့ ရှင် သူမကို ရိုက်တာက မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူး"

အမျိုးသားက မျက်ခုံးပင့်ပြီး ပြောလိုက်သည်။"အာ.."

'အာ' က ဘာကိုဆိုလိုတာလဲ။

ရိုက်ခဲ့တယ်လို့ ဆိုလိုတာလား၊ မရိုက်ခဲ့ဘူးလို့ ဆိုလိုတာလား။

"ကျွန်မတို့ ဘာကြောင့် မပြေးတာလဲ" လို့ စုရွမ်ရွမ် ပြောလိုက်ပြီး ချက်ချင်းပဲ ထရပ်ကာ တံစက်မြိတ် အောက်မှာ ချိတ်ဆွဲထားတဲ့ ဝက်အူချောင်းကို အမျိုးသားနဲ့အတူ ပြေးမယ် အထုတ်အပိုးထဲ ထည့်လိုက်သည်။

"အမေ၊ ကျွန်မအပြင်သွားအုံးမယ်" ဆယ်နှစ်ခွဲလောက်ကြာမှ ပြန်လာမယ်။

ပိုင်ဟွမ်ကတော့ ဆပ်ပြာ အမြုပ်တွေနဲ့ ရုန်းကန်နေဆဲဖြစ်သည်။

စုရွမ်ရွမ် ဝမ်းသာအားရဖြင့် အမျိုးသားအား ခေါ်သွားတော့၏။

လမ်းက အလွန်ပင် သက်ဝင်လှုပ်ရှားနေပြီး ဟောပြောပွဲတချို့ ကျင်းပနေပုံရသည်။

ဟောပြောစင်အလယ်တွင် အမျိုးသမီးတစ်ယောက် ရပ်နေ၏။

အကွာအဝေးကအရမ်းဝေးတာကြောင့် စုရွမ်ရွမ် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သို့သော်လည်း အမျိုးသမီးရဲ့အသံကိုတော့ သူမ ကြားနေရသည်။ "ကျွန်မတို့ရဲ့ စွမ်းရည်တွေနဲ့ သာမန်လူတွေကို ဘယ်တော့မှ အန္တရာယ်ပြုမှာ မဟုတ်ပါဘူး..."စင်ပေါ်က အမျိုးသမီးရဲ့အသံက ကြည်လင်ပြီး စွမ်းအား ပြည့်နေသည်။

ဒါက လှုပ်ဆော်အားပေးတဲ့ ဟောပြောပွဲတစ်ခုဖြစ်ရမည်ဟု စုရွမ်ရွမ် တွေးလိုက်သည်။

သူမ အလေးအနက်ထားမနေတော့ပဲ အမျိုးသားကိုခေါ်ကာ လှည့်ထွက်လာခဲ့၏။

မိုက်ကရိုဖုန်းကိုကိုင်ကာ သပ်ရပ်တဲ့ ပိုနီတေးလ် ဆံပင်ပုံစံနဲ့ ပြောက်ကျားယူနီဖေါင်းကို ဝတ်ဆင်ထားတဲ့နီးယန်က ခေါင်းလှည့်လိုက်တော့ လူအုပ်ထဲမှာ ရပ်နေတဲ့ မျက်နှာဖုံးတပ်ထားတဲ့အမျိုးသားကို မြင်လိုက်ရသည်။

သူ့အရပ်က အလွန်ပင် မြင့်ပြီး၊ပြိုင်ဘက်ကင်း ပင်ကိုယ်လက္ခဏာအပြင် မျက်နှာဖုံးပါ တပ်ထားတာကြောင့် မသိစိတ်အရ နီးယန် အကြိမ် အနည်းငယ်လောက် ပိုကြည့်လိုက်သည်။

သူမ အမျိုးသားကို သတိထားမိသွားတော့ မြို့တော်ဝန်သား လက်ဖဝါးထဲမှာ ကခုန်နေတဲ့ နွယ်ပင် အကြောင်း တွေးမိသွားသည်။

နီးယန်ငုံ့ကြည့်လိုက်တော့ အမျိုးသား လက်ကိုဆွဲကိုင်ထားတဲ့ မိန်းမငယ်လေးကို မြင်လိုက်ရ၏။

နွေဦးအစောပိုင်း အချိန်မှာတောင် မိန်းကလေးက အအေးကြောက်ပုံရသည်။

အဝတ်အစားတွေ တစ်ထပ်ကြီးဝတ်ထား၏။

သို့သော်လည်း ပုံပန်း သွင်ပြင်ကတော့ ကျစ်လစ်သွယ်လျနေဆဲပင်။

သူမတွင် ပင်လယ်ရေမှော်လို စိုအိနေတဲ့ လှပသော ဆံပင်ရှည်များက ပခုံးတစ်ဝိုက်နှင့် ခါးတွင် လွှမ်းခြုံထားသည်။လမ်းလျှောက်တဲ့အခါ ခုန်ဆွခုန်ဆွ လုပ်နေပြီး နေရောင်ကြားတောက်ပနေပုံပေါ်၏။

နီးယန် ရုတ်တရက် နှလုံးခုန်နှုန်းများ မြန်လာသည်။

သူမလက်ထဲက မိုက်ကရိုဖုန်းကိုတင်းတင်းကျပ်ကျပ်ကိုင်ထားလိုက်မိ၏။

သူမရှေ့က ပျောက်ကွယ်သွားတော့မယ် ပုံရိပ်လေးကို ကြည့်ရင်း ရုတ်တရက် နီးယန်ဟာ မိုက်ကရိုဖုန်းကို လွှတ်ပစ်လိုက်ပြီး စင်အောက် ခုန်ဆင်းလာတော့သည်။

အားလုံးမှာ နီးယန်းရဲ့ ခေါင်းဆောင်က သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အောက် ခုန်ဆင်းလာပြီး သူတို့နဲ့ ဒီလောက် ရင်းနှီးချင်မယ်လို့ မမျှော်လင့်ထားကြပေ။

တခဏအတွင်း လူအများအပြား ပြေးလာကြပြီး နီးယန်နဲ့ လက်ဆွဲနှုတ်ဆက်ရန် ကြိုးစားကြသည်။

ပျောက်ကွယ်ခါနီးပုံရိပ်လေးကို နီးယန် မြင်လိုက်ရ၏။

သူမ လက်မြှောက်လိုက်တဲ့အခါ စွမ်းရည်များ တဖျပ်ဖျပ် တောက်ပလာတော့သည်။

သူမကို ဝိုင်းရံထားကြတဲ့သာမန်လူများ တစ်ယောက်ပြီး တစ်ယောက်လဲကျသွားကြတော့၏။

နီးယန် လျှပ်စီးထုတ်လွှတ်လိုက်သဖြင့် သူမပတ်ပတ်လည်ရှိ လူများမှာ ဘေးသို့ အလျင်အမြန် ရှောင်သွားကြသည်။

မလွတ်မြောက်သွားကြသူများမှာ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။

"ကျွန်မတို့ရဲ့စွမ်းရည်တွေနဲ့ သာမန်လူတွေကို ဘယ်တော့မှ အန္တရာယ်ပြုမှာမဟုတ်ပါဘူး..."ဆိုတဲ့ အခုလေးတင် နီးယန် ပြောခဲ့တဲ့ စကားလုံးများဟာ ပဲ့တင်ထပ်နေသေးပုံရသည်။

ဒါက သာမန်လူတွေကို ဘယ်တော့မှ အန္တရာယ်ပြုမှာမဟုတ်ပါဘူးဆိုတာလား...။

သာမန်လူများ : ??? တကယ်ကြီးလား ???

အရပ်မြင့်မြင့်နှင့် သွယ်လျသော အသွင်ရှိသည့် အမျိုးသမီးသည် ရင်းနှီးသောပုံရိပ်လေးဆီသို့ ပြေးသွားလိုက်၏။

သူမရဲ့ စိုးမိုးခြယ်လှယ်သော စွမ်းရည်ဖြင့် လူအုပ်အား လမ်းဖွင့်လိုက်သည်။နွေဦးပေါက်စမှာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ဟာ ဖိနင်းခံထားရလို့ လမ်းအသွင် ပေါ်နေ၏။

လမ်းရဲ့အဆုံးမှာတော့ စုရွမ်ရွမ်ရှိနေသည်။

စုရွမ်ရွမ်က တစ်စုံတစ်ရာကို ခံစားမိပုံရပြီး ရပ်တန့်လိုက်၏။

အမျိုးသမီးရဲ့ လျှင်မြန်သော အသက်ရှူသံက နောက်မှ ထွက်ပေါ်လာသည်။

နီးယန်သည် စုရွမ်ရွမ်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လူကိုနောက်ပြန်ဆွဲလိုက်သည်။

စုရွမ်ရွမ်လှည့်ပြီး သူမ ရှေ့ရပ်နေတဲ့ အမျိုးသမီးကို ကြည့်လိုက်၏။

အရပ်မြင့်မြင့် သွင်ပြင်၊ထက်ရှတဲ့ ဖီးနစ် မျက်ဝန်းတစ်စုံနဲ့ သူမမျက်ဝန်းများတွင် မျက်ရည်ကြည်များလဲ့နေသည်။

"စု...စုရွမ်ရွမ်လား"

နီးယန်က လည်ချောင်းထဲ တစ်ဆို့နေ၏။ သူမ စုရွမ်ရွမ်လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စုရွမ်ရွမ်ကို မျက်တောင်မခပ်တမ်း စိုက်ကြည့်နေသည်။

"ဟမ်?"

စုရွမ်ရွမ်နှုတ်ခမ်းဟပြီး စကားမပြောခင် အမျိုးသမီးက သူမကို ရုတ်တရက်ဖက်လာ၏။

" အရူးမ၊ ဒီလောက် နှစ်တွေအကြာကြီး နင်ဘယ်ရောက်နေတာလဲ"

နီးယန်က သူမ (စုရွမ်ရွမ်)ကို တင်းတင်းကျပ်ကျပ် ဖက်ကာ သူမ (နီးယန်)ရဲ့ အရပ်မြင့်မြင့်ကိုငုံ့လျက် သူမလည်တိုင်ထဲ ခေါင်းမြှုပ်လိုက်သည်။

သူမ အရည်ပြားပေါ် ကျဆင်းနေတဲ့ မျက်ရည်ပူတွေကို ခံစားလို့ရနေ၏။

စုရွမ်ရွမ် သတိမထားမိစွာပဲ လက်ဆန့်ထုတ်ကာ သူမကို ပြန်ဖက်လိုက်သည်။

"ကျွန်မ ..ကျွန်မ ရှင့်ကို မသိဘူး။"

သူမကို ဖက်ထားတဲ့အမျိုးသမီးမှာတောင့်တင်းသွား၏။

နီးယန်က နီရဲနေတဲ့မျက်ဝန်းတွေနဲ့ မော့ကြည့်လာပြီး စုရွမ်ရွမ်ရဲ့ မျက်နှာကို ဂရုတစိုက် ဖျစ်ညှစ်ကြည့်လိုက်သည်။

တကယ့်ကို အတော်လေးတူညီပါ၏။

သို့သော် လည်းကွဲပြားမှုတော့ ရှိနေဆဲဖြစ်သည်။

ဥပမာပြောရလျှင် ပုံပန်း သွင်ပြင်။

သေစမ်း၊ဘာကြောင့် အရမ်းကြည့်ကောင်းနေရတာလဲ။ ဒီလောက် အများကြီးဝတ်လိုက်တာနဲ့ ကြည့်ကောင်းသွားရောလား။

"နင်က စုရွမ်ရွမ်မဟုတ်ဘူးလား။"

"ဟုတ်တယ်လေ"

"ဒါပေမယ့် ငါ့ကို မသိဘူးဆို "

သူမရှေ့က အမျိုးသမီး ဒေါသထွက်လာတာကိုကြည့်ပြီး သူမ တကယ်ကို မသိပါဘူးဟု စုရွမ်ရွမ် ပြောလိုက်သည်။

"ဒါက အရှင်မ နန်နီ"

ဘေးနားက တစ်ယောက်က သူမကို သတိပေးလိုက်သည်။

စုရွမ်ရွမ် ရုတ်တရက် နားလည်သဘောပေါက်သွား၏။"ကျွန်မ သိပြီ၊ ကျွန်မ သိပြီ"

လျှပ်စီးနဲ့ မရိုက်ပါနဲ့၊ လျှပ်စီးနဲ့ မရိုက်ပါနဲ့။

နီးယန်သည် စုရွမ်ရွမ်ကို အထူးတဆန်းပုံစံဖြင့် ကြည့်လိုက်ပြီး လုရှီမင်ကို လှည့်ကြည့်လိုက်သည်။

မှန်ပါတယ်။ဒါ သူမပဲ!မဟုတ်ရင် ဒီလူက ဘယ်လိုလုပ်ဒီမှာရှိနေမှာလဲ။

"သွားမယ်"

နီးယန်က စုရွမ်ရွမ်လက်ကိုဆွဲထားပြီး ဦးဆောင် လှုပ်ရှားလိုက်သည်။

"ဘယ်သွားမှာလဲ"

စုရွမ်ရွမ် အလန့်တကြားနှင့် နားမလည်နိုင်ဖြစ်သွားသည်။

နီးယန်ဆိုလာ၏။"လူရှင်းတဲ့နေရာကို"

စုရွမ်ရွမ်သည် နီးယန်ကို သူမ အိမ်ပြန်ခေါ်သွားလိုက်သည်။

"အမေ၊ ကျွန်မ ဧည့်သည်တွေ ပြန်ခေါ်လာတယ်။"

ပိုင်ဟွမ်တစ်ယောက် ဆပ်ပြာမြုပ်တွေ အန်ထုတ်ပြီးနောက် စုရွမ်ရွမ်ဘေးမှာရပ်နေတဲ့နီးယန်ကို မြင်လိုက်ရတော့သည်။သူမ အသက်ရှူဖို့မေ့သွားပြီး အသက်ထွက်တော့မလိုဖြစ်သွား၏ ။

ရန်သူများစွာနဲ့ ရင်ဆိုင်ရတော့ ပိုင်ဟွမ်ဟာ မျက်လုံးလှိမ့်လိုက်ပြီး တစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်လာသည်။

"သတ်ပစ်မယ်၊ သတ်ပစ်မယ်၊ သတ်ပစ်မယ်..."

စုရွမ်ရွမ် ညင်သာသောလေသံဖြင့် ပြောလိုက်သည်။"ဟမ်? သူမက အရှင်မ နန်နီ"

ထို့နောက် နီးယန်ကို ပြောပြလိုက်သည်။"သူမက ကျွန်မအမေ"

နီးယန်သည် ဖြူစုတ်စုတ်မျက်နှာနဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ ပိုင်ဟွမ်ကို ကြည့်လိုက်သည်။ ပုန်းချင်နေတဲ့ King Kongရုပ်ကလည်း အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်နေ၏။

"ဝင်လာလေ၊ ကျွန်မ အမေက အရမ်းဧည့်ဝတ်ကျေတာ ၊ ရှင့်ကိုကြိုဆိုပါတယ်"

ခြံဝင်းထဲတွင်တော့ နောက်ထပ်ဧည့်သည်တစ်ယောက်ရှိနေ၏။

နွေးဦးရဲ့ကောင်းကင်က စောစောမှောင်တက်သည်။

ဒုတိယထပ် လေသာဆောင်တွင်ရပ်နေတဲ့ နီးယန်က လက်ထဲတွင် စီးကရက်တစ်လိပ်ညှပ်ထားပြီး အောက်ကိုငုံ့ကြည့်နေကာ ရှုပ်ထွေးပုံပေါ်နေ၏။"သူမက တကယ့်… စုရွမ်ရွမ်လား"

စုရွမ်ရွမ်သည် ခြံဝင်းထဲတွင် ခွေးကို လေ့ကျင့်ပေးနေသည်။

"ထိုင်!"

"ခေါင်းငုံ့!"
"ရှေ့ကိုလှည့်"
"နောက်ကိုလှည့်"
"ခြေခွဲ"

ဖရုံသီးခွေး‌လေးသည် ဂုဏ်ယူစွာ ခြေခွဲလိုက်ပြီးနောက် သူ့အမြှီးပြုတ်ကျသွားကာ "ဝူး"ဟု ငိုပြန်တော့၏။

စုရွမ်ရွမ် ချက်ချင်းပဲ သူ့အမြှီးကို လျှင်လျှင်မြန်မြန် ပြန်ချည်ပေးလိုက်သည်။

နီးယန်သည် သူမလက်ထဲက စီးကရက်ကို တရှိုက်ဖွာလိုက်၏။ "ခန္ဓာကိုယ်သွင်ပြင်တော့ ပြောင်းသွားပုံပေါ်တယ်။ သူမ ဘာလို့ ဘာမှ မမှတ်မိတော့တာပါလိမ့်"

လုရှီမင်က နီးယန်ဘေးတွင်ရပ်နေပြီး သူ့လက်ချောင်းများကို လက်ရန်းပေါ်တွင်တင်ထားကာ သူ့မျက်လုံးများကတော့ အံ့ချီးဖွယ် ပတ္တမြားကဲ့သို့။

ဘေးကလူဆီက အဖြေပြန်မလာ။

သို့သော်လည်း နီးယန်မအံ့ဩမိပါ။

သူမပျောက်သွားကတည်းက ဒီလူက ဘာစကားမှ မပြောတော့တာဖြစ်သည်။

နီးယန်မျက်လွှာချကာ လက်ဆန့်ထုတ်၍ သူမမျက်နှာကို သုတ်လိုက်သည်။ သူမလေသံက နူးညံ့သိမ်မွေ့ကာ အလွန်အမင်းချုပ်တည်းထားမှုနှင့်အတူ တစ်ဆို့လို့နေသည်။"ကံကောင်းထောက်မစွာပဲ သူမ ပြန်လာခဲ့ပြီ"

ဒါပေမယ့် " သူမက ဘာကြောင့်ပိုင်ဟွမ်နဲ့ နေနေတာလဲ။ အမေလို့လည်း ခေါ်နေသေးတယ်" လို့ပြောနေတဲ့ နီယန်ရဲ့မျက်ဝန်းများမှာ ရက်စက်မှုများကိန်းဝပ်နေကြသည်။"သူတို့ကိုသွားသတ်ရအောင်"

မီးဖိုချောင်သုံးဓားတစ်ချောင်းနဲ့ သူတို့နှစ်ယောက်ရဲ့ နောက်က ချည်းကပ်လာတဲ့ ပိုင်ဟွမ်မှာတော့ King Kong ရုပ်ရဲ့ ပြန်ဆွဲခေါ်သွားတာ ခံလိုက်ရသည်။

နီးယန်က ခဏလောက် ငြိမ်သက်ကျသွားပြီး လက်ထဲက စီးကရက်ကို လွှတ်ပစ်လိုက်သည်။ "ငါ မြို့တော်ဝန်အကြောင်း ကြားမိထားလို့၊ဒါကြောင့် ဒါကို ဖြေရှင်းဖို့ ရောက်နေတာ...အင်း...မြို့တော်ဝန်ရဲ့သားက..."

"ဟုတ်တယ်"အမျိုးသားက ရုတ်တရက် လည်းချောင်းထဲမှာလာတဲ့ အသံနဲ့ ပြောလာ၏။

နီးယန်အံ့အားသင့်စွာ မျက်ခုံးပင့်သွားပြီး ဆက်မေးလာသည်။"ကင်းလှည့် တပ်ရင်းက စွမ်းရည်အသုံးပြုသူတွေလည်း..."

"ဟုတ်တယ်"

ကောင်းပြီ။

"နင်က သောက်သန့်ရှင်းရေးကျတော့မလုပ်ချင်ဘူး။ ငါကို နင့်ရဲ့ သောက်အရှုပ်ထုတ်ကို ရှင်းခိုင်းနေတယ်ပေါ့"

နီးယန်လက်ဝါးချင်း တဖက်ဖက်ပုတ်ရိုက်လိုက်ကာ အိမ်ဘက်ပြန်လှည့်သွားတော့သည်။

လရောင်အောက်တွင် စုရွမ်ရွမ်က မြေပြင်ပေါ်ဆောင့်ကြောင့် ထိုင်နေ၏။

အမျိုးသားက လက်ရန်းကိုထောက်ပြီး ဒုတိယထပ်မှ ခုန်ချလိုက်သည်။

စုရွမ်ရွမ် ရုတ်ခြည်း လှည့်ကြည့်လိုက်တော့ အမျိုးသားရဲ့ရင်ခွင်ထဲတန်းဝင်သွားသည်။

အမျိုးသားက စိတ်လုံခြုံမှုပေးစွမ်းနိုင်တဲ့ ရနံ့လေးကို သယ်ဆောင်ထား၏။

ဒါပေမယ့် အကြောင်း တစ်ခုခုကြောင့် စုရွမ်ရွမ်သည် ရနံ့က နည်းနည်း ပူလောင်နေသလို ခံစားရသော်လည်း သူ့ကို အထူးဂရုမပြုမိပဲ နေရလောက်အောင်ထိတော့ မတားဆီးနိုင်ခဲ့ပါ။

လရောင်က အရမ်းလှပလွန်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ နှလုံးသားအား တသိမ့်သိမ့် လှုပ်ရှားစေ၏။

စုရွမ်ရွမ်သည် ရှေ့က အမျိုးသားကို ကြည့်ပြီး သူမနှလုံးသားထဲတွင် သမင်ငယ်လေးခုန်ပေါက်နေသည်။"အင်း...ခုနကလေ ဒုတိယထပ်ကခုန်ချခဲ့တာလား"

"ဟုတ်တယ်။"

သူမလည်း ခုန်ချချင်တယ်ဟု စုရွမ်ရွမ် ပြောလိုက်သည်။

ထို့နောက် အမျိုးသားက သူမကို ကောက်ရိုးပုံဆီသို့ ခေါ်သွားခဲ့သည်။

လုံခြုံမှုရှိဖို့ရန် ဤနေရာကိုလည်း သူမ သဘောကျ ဆဲဖြစ်သည်။

"ကျွန်မအမေ စိတ်ဖောက်ပြန်နေတဲ့အချိန်ဆို ကျွန်မ ဒီမှာ ပုန်းနေခဲ့တာ"

စုရွမ်ရွမ် ကောက်ရိုးပုံရဲ့ အကွာအဝေးတစ်ခုဆီ လက်ညိုးထိုးပြလိုက်သည်။

အမျိုးသားက လက်မြှောက်ပြီးသူမကို လှမ်းဆွဲလိုက် သည်။

ကောက်ရိုးပုံထဲနှစ်မြှုပ်သွားပြီး နှစ်ယောက်သားဖိမိသွား၏။

စုရွမ်ရွမ်သည် အမျိုးသားရဲ့ ပေါ်ကဖြစ်ပြီး မျက်နှာဖုံးနဲ့ မျက်နှာချင်းဆိုင်လိုက်ရသည်။

ပတ်ဝန်းကျင်ရှိကောက်ရိုးပုံများမှာ ကျပ်ညှပ်လျက်ရှိနေပြီး နှစ်ယောက်သားမှာ ကြားအဟထဲသို့ ကျသွားပုံပေါ်၏။ အပြင်ဘက်က အရိပ်အယောင်မျှသာ ကျန်ခဲ့သည်။

နေရာက ကျဉ်းလွန်းပြီး နှစ်ယောက်သား အရမ်းနီးကပ်နေ၏။

စုရွမ်ရွမ်သည် အမျိုးသား၏ အသက်ရှူငွေ့ကိုပင် ခံစားလို့ရနေသည်။

သူမလက်ကို ပါးစပ်နားထားပြီး တိုးတိုးလေး ပြောလိုက်သည်။"ရှင့်မျက်နှာကို ကြည့်ချင်တယ်။"

အမျိုးသားက ဘာမှမပြောတော့ စုရွမ်ရွမ်လက်မြှောက်ကာ သူ့မျက်နှာပေါ်က မျက်နှာဖုံးကို ချွပ်လိုက်သည်။

ကောက်ရိုးပုံမှာ အလင်းတစ်ဝက်နှင့် အမှောင် တစ်ဝက်ကြား ပုန်းကွယ်နေ၏။

အမျိုးသားရဲ့ မျက်နှာမှာလည်း အလင်းတစ်ဝက်နှင့် အမှောင် တစ်ဝက်ကြားဖုံးကွယ်နေသည်။

အမျိုးသားက လက်မြှောက်ကာ သူ့မျက်နှာကို ဖုံးကာဖို့ ကြိုးစားလိုက်၏။

စုရွမ်ရွမ်သည် လက်ဆန့်တန်းကာ သူ့မျက်နှာကို အရင်ဦးအောင် ထိလိုက်ပြီး ဂရုတစိုက်ဖြင့် ရှေ့သို့ကိုင်းကာ သူမ နှုတ်ခမ်းနဲ့ အမျိုးသားရဲ့ နှုတ်ခမ်းကို ထိလိုက်သည်။

"ကျွန်မ ရှင့်ကို မမုန်းပါဘူး။"

"...အင်း "

"ရှင့် နာမည် ဘာလဲ။"

အချိန်အကြာကြီး အတူရှိခဲ့ပြီး၊ နှုတ်ခမ်းချင်းနှမ်းပြီးတာတောင်မှ သူ့နာမည်ကို မသိသေးပေ။

အလိုလေး၊ သူမက ဒီလို တက်ကြွထက်သန်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်နေတာပဲ။

အမျိုးသားက သူ့အာဒမ်ပန်းသီးကို လှိမ့်လိုက်သည်။"လုရှီမင်"

ရှင့်နာမည်က ကျွန်မနာမည်လိုပဲ အရမ်းကောင်းတာပဲနော်...နေပါဦး။ "ထပ်ပြောပါဦး"

အမျိုးသားက ထပ်ပြောလာသည်။"လုရှီမင်"

စုရွမ်ရွမ်သည် သူမခေါင်းက ကောက်ရိုးစတွေနဲ့အတူ ခုန်ထလိုက်ပြီး ထိတ်လန့်တကြား ပြောလိုက်သည်။"ကျွန်မတို့ အတူရှိလို့မရဘူး။ရှင်က ကျွန်မအဖေကို သတ်ခဲ့တဲ့သူပဲ!"

အမျိုးသားက တည်တည်ငြိမ်ငြိမ် ထရပ်ကာ လက်မြှောက်လျက် စုရွမ်ရွမ်ခေါင်းပေါ်က ကောက်ရိုးတွေကို ဖယ်ပေးလိုက်သည်။

ထို့နောက် မျက်နှာသေဖြင့် ပြောလာသည်။"မကြာခင်မှာပဲ ကိုယ် မင်းအမေကို သတ်တဲ့သူ ဖြစ်လာတော့မယ်"

စုရွမ်ရွမ်လှည့်ကြည့်လိုက်တော့ မှုန်မှုန်ကုပ်ကုပ် အမူအရာနဲ့ သူမဆီ ပြေးလာနေတဲ့ သူမနောက်က မီးဖိုချောင်သုံးဓားကိုင်ထားတဲ့ သူမအမေကို မြင်လိုက်ရသည်။

စုရွမ်ရွမ်သည် ချက်ချင်းပဲ အမျိုးသားနောက် ဝင်ပုန်းလိုက်၏။

အမျိုးသားက ပုဆိန်လေးကို အရှိန်ပြင်းစွာ ပစ်လိုက်တော့ သူမအမေလဲကျသွားတော့သည်။

နေပါဦး!လူ၊ ပုဆိန်၊ ခွေး။

ဒီလူက ဒဏ္ဍာရီလာ ခေါင်းဖြတ်နတ်ဆိုးလား!

King Kong ရုပ်ကို ရှင်းလင်းသုတ်သင်ပြီးတဲ့ တစ်ဖက်ကနီးယန်က သူမပါးစပ်မှာ စီးကရက် တစ်လိပ်ခဲကာ လမ်းလျှောက် ထွက်လာသည်။

စုရွမ်ရွယ်သည် သူမအမေနဲ့ သူမအစ်မရဲ့အလောင်းကို အနည်းလေး ဝမ်းပမ်းတနည်း အကြည့်ဖြင့် ကြည့်လိုက်သည်။ "ကျွန်မအမေက ကျွန်မကို သတ်ချင်နေပုံနော်..."

သို့သော်လည်း ဒါက ပထမဆုံးအကြိမ် ဟုတ်ပုံမရပါ။

ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ အတော်လေးကို သိသာထင်ရှားသွားခဲ့၏။

နီးယန် ပြောလိုက်သည်။"နင်က နင့်အဖေကို သတ်ခဲ့တာကြောင့်လေ"

ဒီဆက်နွယ်မှု က နည်းနည်း ရှုပ်ထွေးပြီး သူမအစာချက်ဖို့ လိုအပ်သည်ဟု စုရွမ်ရွမ်ဆိုလိုက်၏။

"နင့်အမေက နင့်ကို လိမ်ထားခဲ့တာ" နီးယန်က စီးကရက် ဖင်ကို ခြေထောက်နဲ့တက်နင်းလိုက်သည်။ " လုကျားရန် ဆိုတာက လူဆိုးတစ်ယောက်ပဲ၊ သူက လူတွေ သတ်နေရတာကို ကြိုက်တာ။စိတ်မပူပါနဲ့၊ တစ်နေ့တော့ နင် မှတ်မိလာမှာပါ။"

အရာအားလုံးက ရှုပ်ထွေးပွေလီနေပုံရသည်။ 

သို့သော်လည်း အကြောင်း တစ်ခုခုကြောင့် သူမက တနည်းနည်းနဲ့ ယုံကြည်နေခဲ့တာလား။

စုရွမ်ရွမ်သည် ရုတ်တရက် မိဘမဲ့ကလေး ဖြစ်လာရခြင်း၏ဝမ်းနည်းမှုတွင် နှစ်မြုပ်သွားကာ သက်ပြင်းချလိုက်ပြီး ဆိုလာ၏။"ကျွန်မ ဆေးလိပ်သောက်ချင်တယ်"

ဆိုးသွမ်းတဲ့ မိန်းကလေးဖြစ်လာချင်တယ်။

နီးယန်က ချောကလပ်တောင့်တစ်ခုကို စုရွမ်ရွမ် ပါးစပ်ထဲထည့်ပေးလိုက်၏။

စုရွမ်ရွမ်သည် ပါးစပ်ထဲကချောကလပ်တောင့်ကို ကိုက်ဝါးကာ ပို၍ပင် ဝမ်းနည်းလာသည်။

အိုး၊ အမှန်တကယ်တော့ သူမ ဝမ်းနည်းနေတာမဟုတ်ပါ။နှမြောတသဖြစ်မိရုံဖြစ်သည်။

သူမရဲ့ ထမင်းစားလက်မှတ်ကြီး မရှိတော့၍ ဖြစ်၏။

စုရွမ်ရွမ်သည် သူမကိုယ်သူမ ဤမျှ အကြင်နာမဲ့ပြီး သူတစ်ပါးရဲ့ အသက်နှင့် သေခြင်းကို ဂရုမစိုက်တက်သော အေးစက်စက် အမျိုးသမီးတစ်ယောက် ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။

စုရွမ်ရွမ်ရဲ့ တည်တည်ငြိမ်ငြိမ် အမူအရာကို ကြည့်ပြီး နီးယန် အထူးတဆန်း ပြောလိုက်သည်။"နင်ယုံရဲ့လား"

စုရွမ်ရွမ်ခေါင်းစောင်းလိုက်သည်။ မဟုတ်ရင်ကော?

" ကျွန်မက အရူးမဟုတ်ဘူး၊တခြား သူပြောစကားကို ဘာလို့ ယုံရမှာလဲ?" သူမအမေရဲ့ ညံ့ဖျင်းတဲ့သရုပ်ဆောင် စွမ်းရည်က သူမကို လှည့်ဖျားလို့ကို မရတာ!

နီးယန် : ...

"ငါနဲ့ တောင်ပိုင်းအခြေစိုက်စခန်းကို ပြန်လိုက်ခဲ့။" နီးယန် ပြောလိုက်သည်။"ဒီမှာက မလုံခြုံဘူး"

စုရွမ်ရွမ် ခိုင်မာစွာ ပြောလိုက်သည်။ "မလိုက်ဘူး" သူမက အရူး မဟုတ်ဘူး။

နီးယန်က မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်သည်။"နင့်ကို ထမင်းထောက်ပံ့ပေးမယ်"

အရူးမလေးစု ပြောလာ၏။"ဘယ်အချိန်သွားမလဲ?အခုလား? ကျွန်မ ဝက်အူချောင်းသွားယူလိုက်အုံးမယ်"

မပြန်ခင် နီးယန်က ဟောပြောပွဲတစ်ခု ထပ်ကျင်းပခဲ့သည်။

"ကျွန်မရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ဒီလိုဖြစ်ပွားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်"

နီးယန်က စင်ပေါ်မှာရပ်ပြီး လူတိုင်းကို လေးလေးနက်နက် ဦးညွတ်လိုက်သည်။

စွမ်းအားအကြီးဆုံးသူက အခြေစိုက်စခန်းကို အုပ်ချုပ်ရမည်ဟူသော စည်းမျဉ်းကြောင့် ခေါင်းဆောင်များမှာ ရှေးခေတ်ဘုရင်တွေလို သူတို့ နှာခေါင်းကို ကောင်းကင်သို့ မော့ထားကြသည်။

ဤသည်က လူအုပ်ရှေ့မှာ ရပ်ကာ လူတွေကို ဦးညွတ် တောင်းပန်နေတာ ပထမဆုံးအကြိမ် ဖြစ်ပြီး သူမကလည်း အကြီးဆုံး တောင်ပိုင်းအခြေစိုက်စခန်းရဲ့ ခေါင်းဆောင် ဖြစ်နေသေးသည်။

သို့သော်လည်း စုရွမ်ရွမ်ကတော့ သူတို့က နောက်တစ်ခါထပ်ပြီး လျှပ်စစ်ဖြင့် အဆုံးစီရင်ခံရမှာကြောက်နေတာ ဖြစ်ရမည်ဟု တွေးမိသည်။

မြို့တော်ဝန် မိသားစုအား ဖြေရှင်းပြီးနောက် နီးယန်သည် တောင်ပိုင်းအခြေစိုက်စခန်း၏ အမြင့်ဆုံး ခေါင်းဆောင်များနေရာ ရဲတိုက်ဆီသို့ စုရွမ်ရွမ်နှင့် လုရှီမင်ကို ခေါ်သွားလိုက်သည်။

ကမ္ဘာပျက်ကပ်ရဲ့ နတ်ဘုရားမလည်း ဒီမှာရှိနေသည်ဟု စုရွမ်ရွမ် ကြားသိထားသည်။

သို့သော်လည်း သူမ တစ်နေ့ ထမင်းသုံးပုံးစားလို့ရမှာလား၊စားလို့မရဘူးလားနဲ့ ပတ်သက်ပြီး ပို၍ စိုးရိမ်ပူပန်မိသည်။

ဘာကြောင့်မှန်းမသိ။
အခုနောက်ပိုင်း အမြဲ ဗိုက်ဆာဆာနေတတ်သည်။

ဤကိစ္စအား စေ့စေ့စပ်စပ်တွေးတောကြည့်တော့ စုရွမ်ရွမ်သည် သူမက ကြီးထွားဖွံ့ဖြိုးလာပြီး အဟာရဓာတ် ပိုလိုအပ်တာကြောင့် ပိုစားလာတာက သာမန် ဖြစ်သည်ဟု ယုံကြည်ထားလိုက်သည်။

ပြီးတော့လည်း ဒီအရာက အမျိုးသား၏ အနာဂတ်ကောင်းကျိုးအတွက်လည်း ဖြစ်သည်။

ဟီး ဟီး ဟီး။











Zawgyi

သူမအေမနဲ႕ သူမအစ္မက သူမ အမ်ိဳးသားကို အိမ္ျပန္ေခၚလာတာကို အရမ္းစိတ္ဝင္စားေနၾကသည္ဟု စု႐ြမ္႐ြမ္ ခံစားမိသည္။

သူ႕တို႔မ်က္ဝန္းမ်ားမွာ အရမ္းအရမ္းကို ပူေလာင္ျပင္းျပေနၾကၿပီး သူမရဲ႕ အေမမွာ သူမဖို႔ ပေထြး ရွာေပးခ်င္ေနၿပီး ၊ သူမရဲ႕အစ္မက သူမ အစ္မက သူမဖို႔ ခဲအိုရွာေပးခ်င္ေနၿပီဟု စု႐ြမ္႐ြမ္ ခံစားေနရသည္။

"စြပ္ျပဳပ္ေသာက္ေလ"

သူမအစ္မက ဧည့္သည္ေၾကာင့္ ဟင္းေကာင္းေတြအမ်ားႀကီး ခ်က္ထားပုံရသည္။

အထူးသျဖင့္ ၾကက္ႏွပ္။

စု႐ြမ္႐ြမ္က အမ်ိဳးသားဖို႔ ၾကက္ဆီဖူး ညွပ္ေပးလိုက္ၿပီးေနာက္ သူမဖို႔ ၾကက္ေပါင္တစ္ေခ်ာင္းယူလိုက္သည္။

သူမစားဖို႔ တူျဖင့္ ညွပ္ယူ႐ုံရွိေသး အမ်ိဳးသားက သူမ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္၏။

စု႐ြမ္႐ြမ္သည္ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္လိုက္သည္။

အမ်ိဳးသားက မ်က္လႊာပင့္လ်က္ ပိုင္ဟြမ္နဲ႕ King Kong ႐ုပ္ကို ၾကည့္လိုက္သည္။"ငါတို႔ ဗိုက္မဆာဘူး"

ေဟး၊ မဟုတ္ဘူးေလ၊ သူမ ဗိုက္အရမ္းဆာေနတာပါေနာ္။

စု႐ြမ္႐ြမ္ စကားေျပာဖို႔ျပင္ေတာ့ အမ်ိဳးသားက ေသးေသးရွည္ရွည္ ေပါင္မုန႔္တစ္ခုကို ပါးစပ္ထဲ ထိုးထည့္လိုက္သည္။

အိုေက။ သူ ဘယ္ကရတာပါလိမ့္။

အမ်ိဳးသားက စု႐ြမ္႐ြမ္ကို လက္တစ္ဖက္နဲ႕ဖိကိုင္ထားၿပီး တစ္ဖက္ကလည္း ပိုင္ဟြမ္နဲ႕ King Kong ႐ုပ္ကို စိုက္ၾကည့္ေနသည္။သူ႕အသံက ေအးစက္စက္ျဖင့္ ၿခိမ္းေျခာက္ေနပုံေပၚ၏။"ခင္ဗ်ားတို႔ အရင္စားႏွင့္ "

အမ်ိဳးသားရဲ႕ အၾကည့္ ေအာက္တြင္ ပိုင္ဟြမ္က စြပ္ျပဳပ္ကို ထူးဆန္းေသာအမူအရာနဲ႕ စိုက္ၾကည့္ေနၿပီး မလႈပ္ရွားေပ။

"စားေလ" အမ်ိဳးသားက ျဖည္းညင္းစြာ စကား ထပ္ေျပာလိုက္ေတာ့ ပိုင္ဟြမ္ရဲ႕ မ်က္ဝန္းမ်ား ႐ုတ္တရက္ မွိန္ေဖ်ာ့သြားၿပီး ထုံထုံထိုင္းထိုင္း အမူအရာနဲ႕ သူမေရွ႕က စြပ္ျပဳပ္ကို မ,ကိုင္လိုက္ၿပီး အငမ္းမရ မ်ိဳခ်ေတာ့သည္။

King Kong ႐ုပ္က ခ်က္ခ်င္းပဲ စြပ္ျပဳပ္ပန္းကန္ကို ဖမ္းဆြဲလိုက္ၿပီး အထိတ္တလန႔္ အမူအရာျဖင့္ အမ်ိဳးသားကို စိုက္ၾကည့္လိုက္ၿပီးေနာက္ေတာ့ စက္႐ုပ္လို အမူအရာျဖင့္ သူမေခါင္းကို လႈပ္ရွားကာ က်န္တဲ့ စြပ္ျပဳပ္ကို မရပ္မနား ေသာက္ေတာ့သည္။

ထိုည၌ ေပါင္မုန့္စားၿပီးေနာက္ ၿခံဝင္းထဲတြင္ တံခါးဖြင့္လိုက္၊ပိတ္လိုက္ အသံမ်ားကို စု႐ြမ္႐ြမ္ၾကားေနခဲ့ရသည္။

ၿပီးေတာ့ ေအာ့အန္ေသာ အသံမ်ားကလည္း ေနာက္ကတြဲပါလာခဲ့တာ ၾကားရ၏။

စု႐ြမ္႐ြမ္ ပူပန္မိသျဖင့္ အလည္သြားၾကည့္ေတာ့ သူမအေမနဲ႕ သူမအစ္မဟာ ဆပ္ျပာရည္ေတြကို ကိုင္ထားၿပီး ဆပ္ျပာအျမဳပ္ေတြ ေထြးထုတ္ေနတာကို ျမင္လိုက္ရသည္။

ဒါက တကယ့္ကို ကေလးကလားလိုပဲ ဟု စု႐ြမ္႐ြမ္ ေတြးမိ၏။

သူမ ျပန္လွည့္လွည့္ခ်င္း သူမေနာက္မွာရပ္ေနတဲ့ အမ်ိဳးသားကို ျမင္လိုက္ရသည္။

အမ်ိဳးသားက မ်က္ႏွာဖုံးဝတ္ထားေတာ့ သူ႕မ်က္ႏွာကို မျမင္ရေပ။

ဖ႐ုံသီးေခြးက အိပ္ေပ်ာ္ေနေသာ ဝက္တစ္ေကာင္လိုမ်ိဳး သူ႕ေနာက္တြင္ ေကြးေနသည္။

"ရွင္ဘာလို႔ ကြၽန္မအခန္းေရွ႕မွာ ရွိေနတာလဲ"

သူမအေမက သူ႕အတြက္ အခန္းမစီစဥ္ေပးခဲ့ဘူးဆိုတာ စု႐ြမ္႐ြမ္ သတိရသြားသည္။

အမ်ိဳးသားက မလႈပ္မယွက္ ရပ္ေနၿပီး မ်က္ႏွာဖုံး ေနာက္မွ ေအးစက္စက္ အသံေပၚလာသည္။ "မင္းကို ကာကြယ္ဖို႔ "

သူမအိမ္က အရမ္းကို လုံၿခဳံပါတယ္။ သူမကို ကာကြယ္ဖို႔မလိုပါဘူးဟု ေျပာလိုက္ၿပီးေနာက္ တစ္ေယာက္ေယာက္ကို ခုတ္ေတာ့မလို မီးဖိုေခ်ာင္သုံးဓါးကို ကိုင္ထားရင္း ပါးစပ္မွာ အျမဳပ္ေတြ တစီစီထေနတဲ့ သူမအေမကို ျမင္လိုက္ရသည္။ သို႔ေသာ္လည္း သူမအစ္မ၏ တင္းတင္းက်ပ္က်ပ္ ဖက္ကာ အေနာက္သို႔ ျပန္ဆြဲေခၚသြားတာ ခံလိုက္ရ၏။

သူမအေမသည္ စိတ္က်န္းမာေရးမေကာင္းသျဖင့္ ေဆးေသာက္ဖို႔ အတင္းအက်ပ္ တိုက္တြန္းရေသာ္လည္း ဒီေလာက္ထိ ေနမေကာင္းျဖစ္ေနမယ္လို႔ သူမ မထင္ထားခဲ့ေပ။

"အျပင္က အႏၲရာယ္မ်ားတယ္။ ျမန္ျမန္၊ ကြၽန္မနဲ႕ အခန္းထဲလိုက္ခဲ့"

စု႐ြမ္႐ြမ္သည္ အမ်ိဳးသားကို အခန္းထဲ ခပ္သုတ္သုတ္ ဆြဲေခၚသြားခဲ့သည္။

သူမ အခန္းက မႀကီးသလို ပစၥည္းေတြအမ်ားႀကီးလည္းမရွိေပ။

"ကြၽန္မအေမ အိပ္ေပ်ာ္သြားရင္ ရွင္ အျပင္ထြက္လို႔ရၿပီ"

စု႐ြမ္႐ြမ္သည္ သူမ ဂ႐ုမစိုက္မိလွ်င္ သူမအေမက မေတာ္တဆ ျပစ္မႈက်ဴးလြန္မိၿပီး တရားစြဲဆိုခံရမွာ စိုးရိမ္မိသည္။ အဲ့လိုဆို သူမေတာ့ ငတ္ေသရလိမ့္မည္။

အမ်ိဳးသားက စု႐ြမ္႐ြမ္ရဲ႕ အခန္းေလးထဲတြင္ တစ္ညလုံးေနခဲ့သည္။ ေနာက္တစ္ေန႕ စု႐ြမ္႐ြမ္နိုးလာေတာ့ ၾကမ္းျပင္ေပၚအိပ္ေနခဲ့တဲ့ အမ်ိဳးသားက ဘယ္အခ်ိန္က သူမအိပ္ရာထဲ ‌ေရာက္လာခဲ့လဲ မသိေပ။

သူမအိပ္ေနတုန္းက မီးဖိုတစ္ခုကို ဖက္ထားရသလို ေႏြးေထြးေနတာ အံ့ဩစရာ မရွိေတာ့။

စု႐ြမ္႐ြမ္သည္ အိပ္ေနရင္းေတာင္ မ်က္ႏွာဖုံးတပ္ထားတဲ့ အမ်ိဳးသားရဲ႕မ်က္ႏွာကို စိုက္ၾကည့္ေန၏။

အဲ့လိုေတြးၿပီးေနာက္ သူ႕မ်က္ႏွာေပၚက မ်က္ႏွာဖုံးကိုေတာ့ မဖယ္ရွားၾကည့္ခဲ့ပါ။

သူတစ္တစ္ပါး၏ အခြင့္အေရးကို ေလးစားရေပမည္။

ထားလိုက္ပါေလ။ သူမ တစ္ႀကိမ္ေလာက္ပဲ ၾကည့္မွာပါ။

စု႐ြမ္႐ြမ္သည္ မ်က္ႏွာဖုံးကိုထိဖို႔ သတိႀကီးႀကီးျဖင့္ လက္လွမ္းလိုက္ၿပီးေနာက္ သူမလက္ေခ်ာင္းမ်ားနဲ႕ ေထာင့္စြန္းကို မ,လိုက္ရာ အမ်ိဳးသားရဲ႕ ေမးေစ့ ခပ္ေရးေရး ေပၚလာသည္။

ဒဏ္ရာက ႏႈတ္ခမ္းထိပ်ံ့ႏွံ႕သြားပုံမေပၚပဲ ႏႈတ္ခမ္းေထာင့္ထိသာ ပ်ံ့ႏွံ႕ေနသည္။

မီးေလာင္ထားခဲ့သကဲ့သို႔ မည္းနည္းေန၏။

ဒါေပမယ့္ ဒီဒဏ္ရာက အရင္တစ္ခါတုန္းက ျမင္ခဲ့ရတဲ့ ဒဏ္ရာလား။ ဘာေၾကာဂ့္ ပိုဆိုးလာပုံ ေပၚေနတာလဲ။

စု႐ြမ္႐ြမ္သည္ စိတ္ရႈပ္ေထြးေသာပုံစံျဖင့္ ေခါင္းေစာင္းလိုက္၏။ ေနာက္ေတာ့ အရင္တစ္ခါကလည္း အရမ္းမဲေနတာျဖစ္ၿပီး သူမ ရွင္းရွင္းလင္းလင္း မျမင္ခဲ့ရတာ ျဖစ္မည္ဟု ေတြးလိုက္သည္။

"စု႐ြမ္႐ြမ္ စု႐ြမ္႐ြမ္" အျပင္ဘက္မွ ႂကြပ္ဆတ္ဆတ္ ေအာ္ေခၚသံတစ္ခု ေပၚလာ၏။

မနက္အေစာႀကီးတြင္ လီ႐ြမ္႐ြမ္က စု႐ြမ္႐ြမ္ကို ရွာဖို႔ ေရာက္လာခဲ့သည္။

သူမက လုံးဝ ယဥ္ေက်းမႈမရွိဘဲ တံခါးကို တြန္းဖြင့္ကာ အထဲဝင္လာ၏။

စု႐ြမ္႐ြမ္ ခ်က္ခ်င္း ထရပ္လိုက္သည္။

အမ်ိဳးသားသည္ သူမအိပ္ရာေပၚတြင္ လဲေနရင္း မိန္းမငယ္ေလး လွ်င္လွ်င္ ျမန္ျမန္ အဝတ္အစားလဲေနတာကို ေစာင့္ၾကည့္ေနကာ လက္ကို ျမႇောက္၍ မ်က္ႏွာဖုံးကို ျပန္ဆြဲခ်လိဳက္သည္။

နန္နီ ဒီၿမိဳ႕ကို ေရာက္လာေတာ့မယ္လို႔ ၾကားသည့္ လီ႐ြမ္႐ြမ္သည္ စိတ္လႈပ္ရွားစြာ ေစာင့္ဆိုင္းေနဖို႔ စု႐ြမ္႐ြမ္ဆီသို႔ အဓိက ေရာက္လာခဲ့ရျခင္းျဖစ္သည္။

"သူမက ငါ့နတ္ဘုရားမပဲ"

လီ႐ြမ္႐ြမ္က အရမ္းစိတ္လႈပ္ရွားေန၏။

နင့္နတ္ဘုရားမက အဲ့ Maryစုမဟုတ္ဘူးလားလို႔ စု႐ြမ္႐ြမ္ ေျပာလိုက္သည္။

လီ႐ြမ္႐ြမ္ခ်က္ခ်င္းေျပာလာ၏။"ငါ့နတ္ဘုရားမကို မေစာ္ကားနဲ႕ "

ဟာ့။

လမ္းမေပၚတြင္ ဆူညံသံမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး လူအားလုံးကို သူတို႔ရဲ႕ ေခါင္းေလးေတြသာလွ်င္ ျမင္ေနရသည္။

စု႐ြမ္႐ြမ္ေမာ့ၾကည့္လိုက္ေတာ့ ပတ္ဝန္းက်င္ လူအုပ္ၾကားမွ တိုးထြက္လာတဲ့ အမ်ိဳးသားကို ျမင္လိုက္ရသည္။

"ေဟ့ သူက ဘယ္သူလဲ "

လီ႐ြမ္႐ြမ္က စု႐ြမ္႐ြမ္ေဘးက အမ်ိဳးသားကို အရမ္းပဲ စပ္စုခ်င္ေန၏။

စု႐ြမ္႐ြမ္က ေျပာျပလိုက္၏။"ငါ သူ႕ကိုေခၚလာခဲ့တာ။ သူ႕ေခါင္းထဲမွာေတာ့ ျပႆနာရွိေနပုံပဲ"

လီ႐ြမ္႐ြမ္ေခါင္းညိတ္လိုက္၏။"ငါသိၿပီ၊ သူတို႔ ေခါင္းက အဆင္ေျပေနတယ္ဆိုရင္ ဘယ္သူက နင္နဲ႕ ကစားမွာလဲ" လို႔ ေတြးၿပီးေနာက္ လီ႐ြမ္႐ြမ္က စု႐ြမ္႐ြမ္လက္ကို ခ်ိတ္လိုက္သည္။"သြားမယ္၊ သြားကစားရေအာင္"

"ေကာင္းၿပီ"

အမ်ိဳးသား လမ္းေပ်ာက္မွာစိုးတာေၾကာင့္ စု႐ြမ္႐ြမ္သည္ သူမကို ေနရာတစ္ခုမွာရပ္ေစာင့္ေနဖို႔ ေျပာထားခဲ့ၿပီး လီ႐ြမ္႐ြမ္ႏွင့္အတူ လူအုပ္ၾကားထဲ တိုးဝင္သြားခဲ့သည္။

ကားငယ္ေလးတစ္စီး ေမာင္းဝင္လာ၏။

ၿမိဳ႕ေတာ္ဝန္ရဲ႕ ေစ်းေပါေပါကားလိုမဟုတ္ဘဲ အဆင့္ျမင့္ကား တစ္စီးျဖစ္သည္။

ဒီကားမွန္က က်ည္ကာမွန္ဟု ၾကားမိ၏။

" ႀကိဳဆိုပါတယ္။ ႀကိဳဆိုပါတယ္။ လိုက္လွဲစြာႀကိဳဆိုပါတယ္ "

"စစ္ေဆးဖို႔ ေရာက္လာတာကို ႀကိဳဆိုပါတယ္ မစၥနန္နီ"

ၿမိဳ႕ေတာ္ဝန္ စီစဥ္ထားတဲ့ ျပည္သူမ်ားက ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ကာ ေၾကးေၾကာ္သံမ်ား စတင္ေနၿပီျဖစ္သည္။

စု႐ြမ္႐ြမ္သည္ လည္တိုင္ကိုဆန့္ကာ အသည္းအသန္ ၾကည့္လိုက္၏။ မွန္ကိုျဖတ္၍ ဝိုးတိုးဝါးတား အမ်ိဳးသမီး ပုံရိပ္ကိုပဲ သူမျမင္နိုင္သည္။

အေျခစိုက္စခန္း ေလးခုထဲက တစ္ဦးတည္းေသာ အမ်ိဳးသမီးေခါင္းေဆာင္ျဖစ္တဲ့ နန္နီဟာ အမ်ိဳးသားမ်ားထက္ ပို၍ လူထုယုံၾကည္မႈကို ပိုင္ဆိုင္ထားသည္။

သို႔ေသာ္လည္း ဒီနန္နီက ေယာက္်ားတစ္ေယာက္ထက္ပို၍ သာလြန္ရက္စက္သည္ဟု သူမၾကားမိသည္။သူမက စကားတစ္ခြန္းမဆိုပဲ ပစ္သတ္ တက္သည္တဲ့။

လူၾကပ္ညွပ္ေနေသာေၾကာင့္ စစ္တပ္သုံးကားကို နီးစပ္ရာ ကားပါကင္တြင္ ပါကင္ထိုးလိုက္ၾကသည္။

ၿမိဳ႕ေတာ္ဝန္က သူမကို ႏႈတ္ဆက္ဖို႔ ခပ္သုတ္သုတ္ ေရွ႕ထြက္လာ၏။

ကားတံခါးပြင့္လာေတာ့ အရင္ဆုံး ေျခတံရွည္ တစ္စုံထြက္လာသည္။

ထို႔ေနာက္ အရပ္ျမင့္ကာ က်စ္လစ္သြယ္လ်ေသာ အမ်ိဳးသမီးတစ္ေယာက္ေပၚလာ၏။

သူမက ဓားသြားကဲ့သို႔ ထက္ရွ နက္ရွိုင္းေသာ ဖီးနစ္ မ်က္ဝန္း၊ပိုနီေတးလ္ ဆံပင္ပုံစံနဲ႕အတူ ကြက္တိက် ေျပာက္က်ားယူနီေဖာင္းကို ဝတ္ထားၿပီး ေသနတ္တစ္လက္ကိုင္ေဆာင္ထားသည္။

"အရွင္မ၊ ကြၽန္ေတာ္အိမ္က အခန္းကို သန႔္ရွင္းထားပါတယ္။ တကယ္လို႔ မႀကိဳက္ရင္ေတာ့ ကြၽန္ေတာ္တို႔နဲ႕ပဲ ယာယီေနေပးပါ။" ၿမိဳ႕ေတာ္ဝန္က ေလးစားသမႈျဖင့္ အနည္းငယ္ ၫြတ္ကိုင္းလိုက္သည္။

ခပ္ေယာင္‌ေယာင္ ေခါင္းညိတ္လိုက္တဲ့ အမ်ိဳးသမီးရဲ႕မ်က္ႏွာမွာ သီးသန႔္ဆန္ေနၿပီး မေျပာင္းမလဲ ရွိေန၏။

ပတ္ဝန္းက်င္ပတ္လည္မွာေတာ့ ခ်ီးေျမာက္ဂုဏ္ျပဳမႈမ်ားရွိေနၾကသည္။

စု႐ြမ္႐ြမ္က ေျခဖ်ားေထာက္ကာ နီးယန္ကို ၾကည့္ခ်င္ေပမယ့္ သူမေဘးက လီ႐ြမ္႐ြမ္က ႐ုတ္တရက္ သူမကို ဆြဲလိုက္တာေၾကာင့္ ေခါင္းတစ္ဝက္ကိုပဲ ျမင္လိုက္ရသည္။

"ေဟး ၾကည့္ အဲ့ဒါ စြမ္ရည္အသုံးျပဳသူ ကင္းလွည့္တပ္ရင္းက ဒုေခါင္းေဆာင္ မဟုတ္လား"

လီ႐ြမ္႐ြမ္က သူမလက္ကို လွမ္းဆြဲလိုက္ၿပီး ေရွ႕ကိုေမးေငါ့ျပလိုက္သည္။ "သူတို႔ တစ္ေယာက္ေယာက္ကို ဖမ္းခ်င္ေနပံပဲ"

စု႐ြမ္႐ြမ္သည္ ဒုေခါင္းေဆာင္ကို ျမင္ေတာ့ အမ်ိဳးသားက ေခါင္းေဆာင္ကို သတ္ခဲ့တာကို ႐ုတ္တရက္သတိရသြားၿပီး အမ်ိဳးသားကိုရွာဖို႔ လီ႐ြမ္႐ြမ္ရဲ႕ လက္ကို ခ်က္ခ်င္းလႊတ္ခ်လိဳက္ေတာ့သည္။

ဒုေခါင္းေဆာင္ရဲ႕ လုံၿခဳံေရးနဲ႕ပတ္သတ္လို႔ သူမ အရမ္း စိုးရိမ္မိ၏။ အမ်ိဳးသားက သူမစကားကို နားေထာင္ကာ ေနရာတြင္ နာခံစြာ မတ္တပ္ရပ္ေနၿပီး လူအုပ္ၾကားထဲတြင္ ထင္းထြက္ေနတာေၾကာင့္ တစ္ခ်က္ၾကည့္႐ုံျဖင့္ စု႐ြမ္႐ြမ္ ျမင္လိုက္ရသည္။

သို႔ေသာ္လည္းဒီမွာက လူေတြအမ်ားႀကီး ရွိေနတာေၾကာင့္ သူမ သုံးလွမ္းသာ လွမ္း႐ုံရွိေသး ဒုေခါင္းေဆာင္က အမ်ိဳးသားေရွ႕ေရာက္သြားၿပီျဖစ္သည္။

သူ႕လက္ထဲတြင္လည္း ပုံတူကို ကိုင္ထား၏။

စားေသာက္ဆိုင္ပိုင္ရွင္က သူမကို သစၥာေဖာက္တာပဲ ျဖစ္ရမည္ဟု စု႐ြမ္႐ြမ္ ခါးခါးသီးသီး ေတြးမိလိုက္သည္။ သူမက အစားအေသာက္ဝယ္စားခဲ့ဖူးတယ္ မဟုတ္လား။ ဒီလိုလုပ္တာေတာ့ လူႀကီးလူေကာင္းကို မဆန္ဘူး။

စု႐ြမ္႐ြမ္သည္ တိုးထြက္ဖို႔ျပင္ေနတုန္း ႐ုတ္တရက္ သူမ ေခါင္းဆီမွ နာက်င္မႈခံစားလိုက္ရသည္။

ဘာေတြျဖစ္ေနတာလဲဆိုတာ လွည့္မၾကည့္ရေသးခင္ လမ္းၾကား ဆြဲေခၚသြားတာ ခံလိုက္ရၿပီး လွ်ပ္စစ္ဆိုင္ကယ္တစ္စီးေပၚမွာ ဖိထားခံလိုက္ရသည္။

ၾကည္လင္ေနတဲ့အျပာေရာင္ ေကာင္းကင္ေအာက္မွာေန႕ခင္းေၾကာင္ေတာင္ႀကီးသူမရဲ႕အလွကို မက္ေမာၿပီး သူမကို တြန္းအားေပးခ်င္ေနသည္ ...။

"မ႐ုန္းနဲ႕! ၿမိဳ႕ေတာ္ဝန္ရဲ႕သားက မင္းကို ဒီေန႕ ေသေစခ်င္ေနတယ္၊မနက္ျဖန္ မင္း အသက္မရွင္ကို မရွင္ရဘူး!"

စု႐ြမ္႐ြမ္: ???

"တီ တီ တီ ..." လွ်ပ္စစ္ဆိုင္ကယ္ေလးက ေအာ္ျမည္လာၿပီး ဒုန္းစိုင္းစတင္ေတာ့သည္။

စု႐ြမ္႐ြမ္သည္ လွ်ပ္စစ္ဆိုင္ကယ္ေလးေပၚတြင္ ဖိထားခံရရင္းျဖင့္ ၿမိဳ႕ေတာ္ဝန္၏အိမ္သို႔ ေရာက္သြားခဲ့သည္။

သူမ ေျခေထာက္ခ်လိဳက္ေတာ့ သူမကိုယ္သူမ အခန္းတစ္ခုထဲမွာမွန္း သိလိုက္ရသည္။

အခန္းထဲတြင္ တစ္ေယာက္ေယာက္ ေအာ္ဟစ္ေန၏။"အား ေဖေဖ အား!"

စု႐ြမ္႐ြမ္သည္ သူနဲ႕ အျငင္းပြားမေနဘဲ ထိန္းခ်ဳပ္ထားကာ ၾကည့္လိုက္ေတာ့ အိပ္ရာေပၚလဲေနတဲ့ ေယာက္်ားတစ္ေယာက္ကို ျမင္လိုက္ရသည္။

ၿမိဳ႕ေတာ္ဝန္ရဲ႕ သားလား။

သူ႕ရဲ႕ အိပ္ရာေဘးမွာ တိုင္တစ္လုံးရွိေနၿပီး အစိမ္းေရာင္ ႏြယ္ပင္ စိုက္ေနေသာ လက္တစ္ဖက္က တိုင္ေပၚတြင္ ရွိေန၏။

ၿမိဳ႕ေတာ္ဝန္သား၏ ေသြးစြန္းေနေသာ လက္ဖဝါးကို ေန႕တိုင္းတြန္းဖြင့္ေနရင္း ေန႕စဥ္ ဆက္လက္ႀကီးထြားေနရာ ယခုဆို ပန္းကန္လုံး အေသးေလးတစ္လုံးလိုထူလာၿပီျဖစ္သည္။

"စု႐ြမ္႐ြမ္? စု႐ြမ္႐ြမ္!"

ခန္းစီးေနာက္မွာပုန္းေနတဲ့ စု႐ြမ္႐ြမ္ကို ျမင္ေတာ့ ၿမိဳ႕ေတာ္ဝန္သားက ကြဲအက္ေသာအသံျဖင့္ ေအာ္လိုက္သည္။"မင္းက ငါ့ကို သတ္ခ်င္ေနတာ! မင္းက ငါ့ကို သတ္ခ်င္ေနတာ! ငါ မင္းကို သတ္ပစ္ခ်င္တယ္ !ငါမင္းကို သတ္ပစ္ခ်င္တယ္ !" ၿမိဳ႕ေတာ္ဝန္ရဲ႕သား ႐ုန္းေလေလ၊သူ႕လက္ဖဝါးက ႏြယ္ပင္ေတြက ပိုထူေလ ျဖစ္သည္။

'စု႐ြမ္႐ြမ္' ဟူေသာအမည္ကို ၾကားတာေၾကာင့္ ႏြယ္ပင္မ်ားသည္ ၿမိဳ႕ေတာ္ဝန္သား၏ လက္ဖဝါးတြင္ square dance ကျပေန၏။

အက,က အလြန္ႏွစ္သက္ဖြယ္ေကာင္းၿပီး ဆြဲေဆာင္မႈရွိေနသည္။

ဒီႏြယ္ပင္က သူ႕ပိုင္ရွင္နဲ႕မတူပဲ တကယ့္ကို သက္ဝင္လႈပ္ရွားမႈရွိသည္ဟု စု႐ြမ္႐ြမ္ ေတြးမိ၏။

"ဒီမွာပါ"

ၿမိဳ႕ေတာ္ဝန္ရဲ႕အသံက အျပင္ဘက္မွ ထြက္ေပၚလာသည္။

စု႐ြမ္႐ြမ္သည္ မသိစိတ္အရ ခန္းစီးေနာက္တြင္ ပုန္းလိုက္၏။

ၿမိဳ႕ေတာ္ဝန္က အမ်ိဳးသမီးတစ္ေယာက္ကိုဦးေဆာင္ၿပီး ဝင္လာသည္။

သူသည္ ႏွာေခါင္းေပါက္ျဖင့္ လူေတြကို ၾကည့္ေလ့ရွိၿပီး ယခုတြင္ေတာ့ ၉၀ ဒီဂရီနီးပါး ဦးၫြတ္ထားသည္။

ၿမိဳ႕ေတာ္ဝန္က အခုမွ အိမ္ေထာင္က်တဲ့ ဇနီးအသစ္စက္စက္လိုမ်ိဳး တုန့္ဆိုင္းေန၏။ "ဟုတ္ကဲ့ ...တကယ္ေတာ့  ကြၽန္ေတာ္ ဒီေန႕ အရွင္မကို ဧည့္သည္အေနနဲ႕ ဖိတ္တာက ေမးစရာတစ္ခု ရွိေနလို႔ပါ"

အမ်ိဳးသမီးက ေအးစက္စက္ဆိုလာ၏။"ဟမ္ "

"ဒါက ကြၽန္ေတာ့္သားပါ၊ စြမ္းရည္နဲ႕ဇြန္ဘီတစ္ေကာင္ ရက္အနည္းငယ္ေလာက္က ေပၚလာတယ္။ သူ႕မွာ စြမ္းရည္တစ္ခုရွိေနတယ္ေလ၊ ၿမိဳ႕ထဲက လူေတြရဲ႕ လုံၿခဳံေရးအတြက္ ကြၽန္ေတာ့္သားက တစ္ေယာက္တည္း အရဲစြန့္ၿပီး ဖမ္းဖို႔ သြားခဲ့တာ။ သူက ဇြန္ဘီကို အသက္ရွင္လ်က္ ဖမ္းခ်င္ခဲ့ေပမယ့္ မေမွ်ာ္လင့္ထားတာက..."

" ေသၿပီလား"နီးယန္က ဆက္ေျပာေပးလိုက္သည္။

ၿမိဳ႕ေတာ္ဝန္က အံ့ၾသသြားၿပီး လက္ျမႇောက္ကာ သူ႕ႏွဖူးေပၚက ေခြၽးေတြကို သုတ္လိုက္သည္။ "ကံေကာင္းတာက...အသက္ရႉေနပါေသးတယ္။1

"အား အား ေဖေဖ့ ေဖေဖေရ !"

အသက္ရႉေနေသးတဲ့ ၿမိဳ႕ေတာ္ဝန္ရဲ႕သားက အက္ကြဲတဲ့အသံနဲ႕ ေအာ္လာ၏။"အေဖေရ "

ၿမိဳ႕ေတာ္ဝန္မွာ စိတ္ဓာတ္က်စြာျဖင့္ နီးယန္ကိုေခၚကာ ဝင္လာခဲ့သည္။

နီးယန္ အခန္းထဲေခ်ခ်ခ်ခ်င္းပဲ မူလက သူမရဲ႕ မထူးျခားမနား အမူအရာဟာ ႐ုတ္တရက္ေျပာင္းလဲသြားသည္။"ရွင္ အနံ႕တစ္ခုခု မရဘူးလား"

ၿမိဳ႕ေတာ္ဝန္က စိတ္ရႈပ္ေထြးသြားတဲ့ အမူအရာနဲ႕ ဟိုဟိုဒီဒီ အနံ႕ခံၾကည့္လိုက္သည္။

နီးယန္ ေဘးဘက္လွည့္လိုက္ေတာ့ သူမမ်က္လုံးမ်ား နက္ရွိုင္းသြားသည္။"ပန္းနံ႕ပဲ"

႐ုတ္တရက္ လူတစ္ေယာက္ အခန္းကိုျဖတ္ကာ ေျပးထြက္သြား၏။

နီးယန္ အမူအရာက ေနာက္တြန႔္သြားၿပီး သူမ ခ်က္ခ်င္းေျပးလိုက္သြားသည္။

ဆံပင္ရွည္နဲ႕ ျပင္းထန္တဲ့ ပန္းရနံ႕ႏွင့္အတူ ပိတ္က်ဲ ဂါဝန္နဲ႕ အမ်ိဳးသမီးကို သူမေတြ႕လိုက္သည္။

နီးယန္တစ္ေယာက္ "စု႐ြမ္႐ြမ္" လို႔ ကမန္းကတန္း ေခၚလိုက္ၿပီး သတိလက္လြတ္ေလွ်ာက္သြားကာ အမ်ိဳးသမီးရဲ႕ လက္ေမာင္းကို လွမ္းဆြဲလိုက္သည္။

ေရွ႕က အမ်ိဳးသမီးက လွည့္လာေတာ့ မ်က္ႏွာဝိုင္းဝိုင္းေလးေပၚလာ၏။

"ကြၽန္မကို ေခၚတာလား" ၿမိဳ႕ေတာ္ဝန္သမီးက သူမ ေရွ႕က ရက္စက္ပုံေပၚေနတဲ့ နီးယန္ကို ၾကည့္ၿပီး အရမ္း စိုးရိမ္စိတ္မ်ားသြားသည္။

နီးယန္က စိတ္ပ်က္လက္ပ်က္ျဖင့္ ႏႈတ္ခမ္းဖြင့္ဟလိုက္၏။

ၿမိဳ႕ေတာ္ဝန္က ခ်က္ခ်င္းထြက္လိုက္လာၿပီး ေျပာျပလာသည္။"ဒါက ကြၽန္ေတာ့္သမီး စု႐ြမ္႐ြမ္ပါ။ ႀကီးျမတ္တဲ့ နတ္ဘုရားမရဲ႕နာမည္ကို ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႕ ကြၽန္ေတာ့္ သမီးရဲ႕ နာမည္ကို အထူးေျပာင္းခဲ့တာ" ၿမိဳ႕ေတာ္ဝန္က ဂုဏ္ယူစြာျဖင့္ သူ႕ရင္ဘတ္ကိုပင့္လိုက္သည္။

သူ႕ရဲ႕မ်ိဳးရိုးနာမည္ကို ေတာင္မွ အထူးေျပာင္းလဲခဲ့ေသးသည္။

နီးယန္သူမလက္ကို ျပန္လႊတ္ေပးလိုက္ၿပီး ေမးလိုက္၏။"ရွင့္သမီးေပၚကအနံ႕က ဘာလဲ။"

ၿမိဳ႕ေတာ္ဝန္သမီးက ေျပာျပလာ၏။"ဒါက ပန္းပြင့္ျဖဴေလး ေရေမႊးနံ႕ပါ။"

နီးယန္ေခါင္းညိတ္လိုက္ၿပီး အိမ္ဆီသို႔ျပန္လွည့္သြားေတာ့သည္။

ထားလိုက္ေတာ့၊ သူမအႀကိမ္ႀကိမ္ စိတ္ပ်က္ခဲ့ဖူးၿပီးၿပီပဲ။

ၿမိဳ႕ေတာ္ဝန္က စိုးရိမ္တႀကီး ေျပာလာသည္။"ကြၽန္ေတာ့္သားကို ၾကည့္ေပးပါဦး"

နီးယန္က ႏြယ္ပင္ကိုၾကည့္ၿပီး ႐ုတ္တရက္ေမးလိုက္သည္။"ဒီေနရာက တားျမစ္ ၿမိဳ႕ေတာ္နဲ႕ နီးတာလား"

ၿမိဳ႕ေတာ္ဝန္မွာ ဘာကိုဆိုလိုတာမွန္း နားမလည္ေသာ္လည္း ေခါင္းညိတ္ျပၿပီး ေျပာလိုက္သည္။"ဟုတ္ကဲ့ "

နီးယန္မ်က္ႏွာက ေအးစက္သြားျပန္၏။"ဒီေန႕ ကြၽန္မ ပင္ပန္းေနၿပီ၊ မနက္ျဖန္မွ ေျပာၾကတာေပါ့"

ဒီၿမိဳ႕ေတာ္ဝန္မွာ နန္နီရဲ႕ေခါင္းေဆာင္ကို ဖိအားေပးဖို႔ အဘယ္မွာ ရဲဝံ့ပါမည္နည္း။ တေလးတစားျဖင့္ သူမကို လိုက္ပါပို႔ေဆာင္လိုက္သည္။

စု႐ြမ္႐ြမ္သည္ ၿမိဳ႕ေတာ္ဝန္အိမ္ရွိ ေခြးတိုး ေပါက္မွ ထြက္လာခဲ့သည္။

ထို႔ေနာက္ ဖ႐ုံသီး ေခြး၏ ေခါင္းကို ပုတ္ေပးလိုက္၏။"ငါ့ကို ကယ္တာ ေက်းဇူးပဲ။

ဖ႐ုံသီး ေခြးက စိတ္လႈပ္ရွားစြာ ေခါင္းခါလိုက္ၿပီး ေခြးတိုး ေပါက္ကေန စု႐ြမ္႐ြမ္ေနာက္မွ လိုက္ထြက္ေပမယ့္... ညွပ္မိေနၿပီး ထြက္လို႔မရခဲ့...

စု႐ြမ္႐ြမ္က ဖ႐ုံသီးေခြး၏ အၿမီးကို ခပ္တင္းတင္း ကိုင္ကာ ဆြဲထုတ္လိုက္သည္။

ပ်က္သြားေသာအၿမီးႏွင့္အတူ ဖ႐ုံသီး ေခြးထြက္လာေတာ့၏။

စု႐ြမ္႐ြမ္: ...အမ္။

ဖ႐ုံသီးေခြးဟာ "အားဝူး" ဆိုၿပီး ငိုေတာ့၏။

စု႐ြမ္႐ြမ္ခ်က္ခ်င္းပဲေျပာလိုက္သည္။"ရပါတယ္၊ အဆင္ေျပပါတယ္။ ငါျပန္တပ္ေပးပါ့မယ္၊ငါျပန္တပ္ေပးမယ္ေလေနာ္"

စု႐ြမ္႐ြမ္သည္ ျမက္ျပင္ေတြဆြဲႏႈတ္လိုက္ၿပီး ဖ႐ုံသီး ေခြးကို အျမႇီး ျပန္ခ်ည္ေပးလိုက္သည္။

အဆုံးမွာေတာ့ ဖ႐ုံသီး ေခြးဟာ စိတ္သက္သာရာရသြားၿပီး မ်က္ရည္စက္လက္ျဖင့္ စု႐ြမ္႐ြမ္ႏွင့္အတူ အိမ္ျပန္လာခဲ့ေတာ့သည္။

သူတို႔ အိမ္ျပန္ေရာက္ေတာ့ သူမအေမနဲ႕ သူမ အစ္မက အန္လို႔ ၿပီးသြားၾကၿပီ ျဖစ္သည္။

မီးဖိုေခ်ာင္တြင္ စားေကာင္းေသာက္ေကာင္းမ်ားခ်က္ျပဳတ္ေနၾက၏။

"အကုန္လုံးေလာင္းထည့္စမ္း။ စိန္အဆိပ္နဲ႕ အဆိပ္ေတြ ပိုထည့္အုံး!"

ပိုင္ဟြမ္ရဲ႕ မ်က္ႏွာမွာ မဲေမွာင္အုံ႕မွိုင္းေနသည္ ။

King Kong ႐ုပ္က ဆိုလိုက္၏။"မိန္းမပ်ိဳ၊ လုရွီမင္က ကြၽန္မတို႔ကိုရွာေတြ႕သြားၿပီထင္တယ္။"

"အဲ့ေတာ့ ဘာျဖစ္လဲ၊ သူ ေသရမယ္။ ေသကို ေသရမယ္!"

"အေမ!"

King Kong ႐ုပ္မွာ ဆက္ကနဲ လန့္သြားၿပီး မေတာ္တဆ အဆိပ္ပုလင္းကို ေလထဲ ပစ္ထုတ္မိလိုက္ရာ အဆိပ္မႈန႔္ေတြ ေလထဲပ်ံ့ႀကဲသြားေသာ္လည္း အမ်ားစုမွာေတာ့ ပိုင္ဟြမ္ပါးစပ္ထဲဝင္ကုန္ၾကသည္။

"ဖြီ..အဟြတ္ အဟြတ္ အဟြတ္ !"

"အေမ ၊ အေမ ဘာအရသာရွိတာေတြ စားေနတာလဲ!"

စု႐ြမ္႐ြမ္ရဲ႕အေမမွာ သူမကို စကားကိုစကားေျပာဖို႔ အခ်ိန္မရွိရွာ။

ဆပ္ျပာေတြ သူမပါးစပ္ထဲသိပ္ထဲၿပီး ဆပ္ျပာမႈန႔္ေတြ ျပန္အန္ထုတ္ေတာ့သည္။

သူမအေမ ႐ူးေနျပန္တာကို ၾကည့္ရင္း ထားလိုက္ပါေတာ့၊ သူမလူကိုပဲ သြားရွာေတာ့မယ္ဟု ေတြးလိုက္သည္။

စု႐ြမ္႐ြမ္သည္ အမ်ိဳးသားဆီသို႔ သြားလိုက္၏။

အမ်ိဳးသားက သူမအခန္းထဲမွာ ေစာင့္ေနၿပီျဖစ္သည္။

"အခုတင္ပဲ ကြၽန္မ ဒုေခါင္းေဆာင္ကိုျမင္..."

စု႐ြမ္႐ြမ္ စကားေျပာလို႔ မၿပီးေသးခင္မွာပဲ အမ်ိဳးသားရဲ႕ ေပြ႕ဖက္ျခင္းခံလိုက္ရသည္။

အမ်ိဳးသားက ပိန္သြယ္ေသာ္လည္း အရပ္ျမင့္၏။

သူ႕ရင္ခြင္ထဲ သူမကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားၿပီး သူ႕ရဲ႕ ေအးစက္စက္ မ်က္ႏွာဖုံးကလည္း သူမလည္တိုင္ေပၚ ဖိမိေနကာ သူ႕ရဲ႕ ျမန္ဆန္ေသာ အသက္ရႉသံကို စု႐ြမ္႐ြမ္ ခံစားလို႔ရေနသည္။

"မင္းကို အမ်ားႀကီး လြမ္းေနခဲ့တာ"

စု႐ြမ္႐ြမ္ မ်က္ႏွာသည္ လွ်င္ျမန္စြာ နီရဲလို႔ လာ၏။

"အဲ့ဒါက ကြၽန္မ..."

"ေလွ်ာက္သြားမေနနဲ႕ေတာ့ေနာ္၊ မင္းကို ရွာမေတြ႕ေတာ့ ကိုယ္အရမ္း ေၾကာက္သြားခဲ့တာ"

"...အိုး"

စု႐ြမ္႐ြမ္သည္ သူမေလွ်ာက္သြားေနတာမဟုတ္ဘဲ ျပန္ေပးဆြဲခံရတာပါလို႔ ေျပာျပခ်င္ခဲ့သည္။

သို႔ေသာ္လည္း လက္ရွိအမ်ိဳးသားရဲ႕ ပုံစံကို ၾကည့္ကာ ဘာေၾကာင့္မွန္းမသိ သူမ မေျပာျပခ်င္ေတာ့ေပ။ "ေနာက္ဆို ကြၽန္မ ေလွ်ာက္မသြားေတာ့ပါဘူး" ဟု ပဲ ေျပာလိုက္သည္။

ႏွစ္ေယာက္သားမွာ ခဏေလာက္ ေပြ႕ဖက္ေနခဲ့ၿပီး စု႐ြမ္႐ြမ္က သူ႕ကို တြန္းထုတ္လိုက္သည္။ "ခုနက ကြၽန္မ ဒု ေခါင္းေဆာင္ကို ျမင္ခဲ့တယ္..."

"အိုး ေသသြားၿပီ"

အမ်ိဳးသားက သူမကို လႊတ္ေပးလိုက္ၿပီး မျမင္ရတဲ့ မႈန္ဝါးဝါး နီရဲရဲ မ်က္ဝန္းမ်ားနဲ႕ ငုံ႕ၾကည့္လာသည္။

ဘယ္လိုရက္စက္ၾကမ္းၾကဳတ္တဲ့အရာကို သူမေခၚလာမိတာ ပါလိမ့္လို႔ စု႐ြမ္႐ြမ္ ေတြးမိသြား၏။

ၿမိဳ႕ထဲတြင္ စြမ္းရည္နဲ႕ ဇြန္ဘီ ထြက္ေပၚလာၿပီး သူက ကင္းလွည့္တပ္ရင္းရွိ လူေတြကို သတ္ပစ္လိုက္ရာ ဖိနပ္တစ္ဖက္ပင္ မက်န္ခဲ့ဟု လူတိုင္း ၾကားသိလိုက္ရသည္။

ဒီလိုသတင္းႀကီးကို ၾကားေတာ့ လူတိုင္းမွာ အလန႔္တၾကား အေျခအေနျဖစ္ကုန္ၾကသည္။

မၾကာေသးမီက ဖ႐ုံသီးေခြးမွာ အစားစားခ်င္စိတ္ မရွိျဖစ္ေနၿပီး အၿမဲ အန္ခ်င္သလိုျဖစ္ေနတာကို သတိထားမိသည္။

ကိုယ္ဝန္ရွိေနတာမ်ားလားဟု သူမ သံသယျဖစ္မိ၏။

ထို႔ေနာက္ ဖ႐ုံသီးေခြးဟာ ေခြးထီးတစ္ေကာင္ျဖစ္ၿပီး ကိုယ္ဝန္မေဆာင္နိုင္ပါဘူးေလလို႔ သူမဆိုလိုက္သည္။

အမ်ိဳးသားက စိတ္မပါလက္မပါ ေျပာလိုက္၏။"သဲဝဲရွိတဲ့လူရဲ႕ အနံ႕ေၾကာင့္ ေနမယ္"

ဖ႐ုံသီး ေခြး: ေအာ့အန္ ~

စု႐ြမ္႐ြမ္: ???သူမမွာ သဲဝဲ မရွိပါဘူး။

ဒါေပမယ့္ အခုက ဒီလိုအရာေတြနဲ႕ ရႈပ္ေထြးေနရမယ့္အခ်ိန္မဟုတ္။

"နန္နီက လႈပ္ရွားဖို႔ျပင္ေနၿပီလို႔ ကြၽန္မၾကားတယ္"စု႐ြမ္႐ြမ္သည္ အမ်ိဳးသားကို စိုးရိမ္ေနေသာ အၾကည့္ျဖင့္ စိုက္ၾကည့္လိုက္၏။ "ရွင္ သူမကိုရိုက္လိုက္တာလား၊သူမက လူဆိုးလို႔ေျပာတာမဟုတ္ဘူးေနာ္၊ဒါေပမယ့္ ကြၽန္မတို႔က လူေကာင္းေတြေလ။ ဒါေၾကာင့္မို႔ ရွင္ သူမကို ရိုက္တာက မွန္ကန္တဲ့ လုပ္ရပ္ မဟုတ္ဘူး"

အမ်ိဳးသားက မ်က္ခုံးပင့္ၿပီး ေျပာလိုက္သည္။"အာ.."

'အာ' က ဘာကိုဆိုလိုတာလဲ။

ရိုက္ခဲ့တယ္လို႔ ဆိုလိုတာလား၊ မရိုက္ခဲ့ဘူးလို႔ ဆိုလိုတာလား။

"ကြၽန္မတို႔ ဘာေၾကာင့္ မေျပးတာလဲ" လို႔ စု႐ြမ္႐ြမ္ ေျပာလိုက္ၿပီး ခ်က္ခ်င္းပဲ ထရပ္ကာ တံစက္ၿမိတ္ ေအာက္မွာ ခ်ိတ္ဆြဲထားတဲ့ ဝက္အူေခ်ာင္းကို အမ်ိဳးသားနဲ႕အတူ ေျပးမယ္ အထုတ္အပိုးထဲ ထည့္လိုက္သည္။

"အေမ၊ ကြၽန္မအျပင္သြားအုံးမယ္" ဆယ္ႏွစ္ခြဲေလာက္ၾကာမွ ျပန္လာမယ္။

ပိုင္ဟြမ္ကေတာ့ ဆပ္ျပာ အျမဳပ္ေတြနဲ႕ ႐ုန္းကန္ေနဆဲျဖစ္သည္။

စု႐ြမ္႐ြမ္ ဝမ္းသာအားရျဖင့္ အမ်ိဳးသားအား ေခၚသြားေတာ့၏။

လမ္းက အလြန္ပင္ သက္ဝင္လႈပ္ရွားေနၿပီး ေဟာေျပာပြဲတခ်ိဳ႕ က်င္းပေနပုံရသည္။

ေဟာေျပာစင္အလယ္တြင္ အမ်ိဳးသမီးတစ္ေယာက္ ရပ္ေန၏။

အကြာအေဝးကအရမ္းေဝးတာေၾကာင့္ စု႐ြမ္႐ြမ္ ရွင္းရွင္းလင္းလင္း မျမင္ရေပ။

သို႔ေသာ္လည္း အမ်ိဳးသမီးရဲ႕အသံကိုေတာ့ သူမ ၾကားေနရသည္။ "ကြၽန္မတို႔ရဲ႕ စြမ္းရည္ေတြနဲ႕ သာမန္လူေတြကို ဘယ္ေတာ့မွ အႏၲရာယ္ျပဳမွာ မဟုတ္ပါဘူး..."စင္ေပၚက အမ်ိဳးသမီးရဲ႕အသံက ၾကည္လင္ၿပီး စြမ္းအား ျပည့္ေနသည္။

ဒါက လႈပ္ေဆာ္အားေပးတဲ့ ေဟာေျပာပြဲတစ္ခုျဖစ္ရမည္ဟု စု႐ြမ္႐ြမ္ ေတြးလိုက္သည္။

သူမ အေလးအနက္ထားမေနေတာ့ပဲ အမ်ိဳးသားကိုေခၚကာ လွည့္ထြက္လာခဲ့၏။

မိုက္ကရိုဖုန္းကိုကိုင္ကာ သပ္ရပ္တဲ့ ပိုနီေတးလ္ ဆံပင္ပုံစံနဲ႕ ေျပာက္က်ားယူနီေဖါင္းကို ဝတ္ဆင္ထားတဲ့နီးယန္က ေခါင္းလွည့္လိုက္ေတာ့ လူအုပ္ထဲမွာ ရပ္ေနတဲ့ မ်က္ႏွာဖုံးတပ္ထားတဲ့အမ်ိဳးသားကို ျမင္လိုက္ရသည္။

သူ႕အရပ္က အလြန္ပင္ ျမင့္ၿပီး၊ၿပိဳင္ဘက္ကင္း ပင္ကိုယ္လကၡဏာအျပင္ မ်က္ႏွာဖုံးပါ တပ္ထားတာေၾကာင့္ မသိစိတ္အရ နီးယန္ အႀကိမ္ အနည္းငယ္ေလာက္ ပိုၾကည့္လိုက္သည္။

သူမ အမ်ိဳးသားကို သတိထားမိသြားေတာ့ ၿမိဳ႕ေတာ္ဝန္သား လက္ဖဝါးထဲမွာ ကခုန္ေနတဲ့ ႏြယ္ပင္ အေၾကာင္း ေတြးမိသြားသည္။

နီးယန္ငုံ႕ၾကည့္လိုက္ေတာ့ အမ်ိဳးသား လက္ကိုဆြဲကိုင္ထားတဲ့ မိန္းမငယ္ေလးကို ျမင္လိုက္ရ၏။

ေႏြဦးအေစာပိုင္း အခ်ိန္မွာေတာင္ မိန္းကေလးက အေအးေၾကာက္ပုံရသည္။

အဝတ္အစားေတြ တစ္ထပ္ႀကီးဝတ္ထား၏။

သို႔ေသာ္လည္း ပုံပန္း သြင္ျပင္ကေတာ့ က်စ္လစ္သြယ္လ်ေနဆဲပင္။

သူမတြင္ ပင္လယ္ေရေမွာ္လို စိုအိေနတဲ့ လွပေသာ ဆံပင္ရွည္မ်ားက ပခုံးတစ္ဝိုက္ႏွင့္ ခါးတြင္ လႊမ္းၿခဳံထားသည္။လမ္းေလွ်ာက္တဲ့အခါ ခုန္ဆြခုန္ဆြ လုပ္ေနၿပီး ေနေရာင္ၾကားေတာက္ပေနပုံေပၚ၏။

နီးယန္ ႐ုတ္တရက္ ႏွလုံးခုန္ႏႈန္းမ်ား ျမန္လာသည္။

သူမလက္ထဲက မိုက္ကရိုဖုန္းကိုတင္းတင္းက်ပ္က်ပ္ကိုင္ထားလိုက္မိ၏။

သူမေရွ႕က ေပ်ာက္ကြယ္သြားေတာ့မယ္ ပုံရိပ္ေလးကို ၾကည့္ရင္း ႐ုတ္တရက္ နီးယန္ဟာ မိုက္ကရိုဖုန္းကို လႊတ္ပစ္လိုက္ၿပီး စင္ေအာက္ ခုန္ဆင္းလာေတာ့သည္။

အားလုံးမွာ နီးယန္းရဲ႕ ေခါင္းေဆာင္က သူတို႔နဲ႕ လက္ဆြဲႏႈတ္ဆက္ဖို႔ ေအာက္ ခုန္ဆင္းလာၿပီး သူတို႔နဲ႕ ဒီေလာက္ ရင္းႏွီးခ်င္မယ္လို႔ မေမွ်ာ္လင့္ထားၾကေပ။

တခဏအတြင္း လူအမ်ားအျပား ေျပးလာၾကၿပီး နီးယန္နဲ႕ လက္ဆြဲႏႈတ္ဆက္ရန္ ႀကိဳးစားၾကသည္။

ေပ်ာက္ကြယ္ခါနီးပုံရိပ္ေလးကို နီးယန္ ျမင္လိုက္ရ၏။

သူမ လက္ျမႇောက္လိုက္တဲ့အခါ စြမ္းရည္မ်ား တဖ်ပ္ဖ်ပ္ ေတာက္ပလာေတာ့သည္။

သူမကို ဝိုင္းရံထားၾကတဲ့သာမန္လူမ်ား တစ္ေယာက္ၿပီး တစ္ေယာက္လဲက်သြားၾကေတာ့၏။

နီးယန္ လွ်ပ္စီးထုတ္လႊတ္လိုက္သျဖင့္ သူမပတ္ပတ္လည္ရွိ လူမ်ားမွာ ေဘးသို႔ အလ်င္အျမန္ ေရွာင္သြားၾကသည္။

မလြတ္ေျမာက္သြားၾကသူမ်ားမွာ ေျမျပင္ေပၚသို႔ လဲက်ကဳန္ၾကသည္။

"ကြၽန္မတို႔ရဲ႕စြမ္းရည္ေတြနဲ႕ သာမန္လူေတြကို ဘယ္ေတာ့မွ အႏၲရာယ္ျပဳမွာမဟုတ္ပါဘူး..."ဆိုတဲ့ အခုေလးတင္ နီးယန္ ေျပာခဲ့တဲ့ စကားလုံးမ်ားဟာ ပဲ့တင္ထပ္ေနေသးပုံရသည္။

ဒါက သာမန္လူေတြကို ဘယ္ေတာ့မွ အႏၲရာယ္ျပဳမွာမဟုတ္ပါဘူးဆိုတာလား...။

သာမန္လူမ်ား : ??? တကယ္ႀကီးလား ???

အရပ္ျမင့္ျမင့္ႏွင့္ သြယ္လ်ေသာ အသြင္ရွိသည့္ အမ်ိဳးသမီးသည္ ရင္းႏွီးေသာပုံရိပ္ေလးဆီသို႔ ေျပးသြားလိုက္၏။

သူမရဲ႕ စိုးမိုးျခယ္လွယ္ေသာ စြမ္းရည္ျဖင့္ လူအုပ္အား လမ္းဖြင့္လိုက္သည္။ေႏြဦးေပါက္စမွာ စိမ္းစိုေနတဲ့ ျမက္ခင္းျပင္ဟာ ဖိနင္းခံထားရလို႔ လမ္းအသြင္ ေပၚေန၏။

လမ္းရဲ႕အဆုံးမွာေတာ့ စု႐ြမ္႐ြမ္ရွိေနသည္။

စု႐ြမ္႐ြမ္က တစ္စုံတစ္ရာကို ခံစားမိပုံရၿပီး ရပ္တန႔္လိုက္၏။

အမ်ိဳးသမီးရဲ႕ လွ်င္ျမန္ေသာ အသက္ရႉသံက ေနာက္မွ ထြက္ေပၚလာသည္။

နီးယန္သည္ စု႐ြမ္႐ြမ္ရဲ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး လူကိုေနာက္ျပန္ဆြဲလိုက္သည္။

စု႐ြမ္႐ြမ္လွည့္ၿပီး သူမ ေရွ႕ရပ္ေနတဲ့ အမ်ိဳးသမီးကို ၾကည့္လိုက္၏။

အရပ္ျမင့္ျမင့္ သြင္ျပင္၊ထက္ရွတဲ့ ဖီးနစ္ မ်က္ဝန္းတစ္စုံနဲ႕ သူမမ်က္ဝန္းမ်ားတြင္ မ်က္ရည္ၾကည္မ်ားလဲ့ေနသည္။

"စု...စု႐ြမ္႐ြမ္လား"

နီးယန္က လည္ေခ်ာင္းထဲ တစ္ဆို႔ေန၏။ သူမ စု႐ြမ္႐ြမ္လက္ေကာက္ဝတ္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားၿပီး စု႐ြမ္႐ြမ္ကို မ်က္ေတာင္မခပ္တမ္း စိုက္ၾကည့္ေနသည္။

"ဟမ္?"

စု႐ြမ္႐ြမ္ႏႈတ္ခမ္းဟၿပီး စကားမေျပာခင္ အမ်ိဳးသမီးက သူမကို ႐ုတ္တရက္ဖက္လာ၏။

" အ႐ူးမ၊ ဒီေလာက္ ႏွစ္ေတြအၾကာႀကီး နင္ဘယ္ေရာက္ေနတာလဲ"

နီးယန္က သူမ (စု႐ြမ္႐ြမ္)ကို တင္းတင္းက်ပ္က်ပ္ ဖက္ကာ သူမ (နီးယန္)ရဲ႕ အရပ္ျမင့္ျမင့္ကိုငုံ႕လ်က္ သူမလည္တိုင္ထဲ ေခါင္းျမႇုပ္လိုက္သည္။

သူမ အရည္ျပားေပၚ က်ဆင္းေနတဲ့ မ်က္ရည္ပူေတြကို ခံစားလို႔ရေန၏။

စု႐ြမ္႐ြမ္ သတိမထားမိစြာပဲ လက္ဆန့္ထုတ္ကာ သူမကို ျပန္ဖက္လိုက္သည္။

"ကြၽန္မ ..ကြၽန္မ ရွင့္ကို မသိဘူး။"

သူမကို ဖက္ထားတဲ့အမ်ိဳးသမီးမွာေတာင့္တင္းသြား၏။

နီးယန္က နီရဲေနတဲ့မ်က္ဝန္းေတြနဲ႕ ေမာ့ၾကည့္လာၿပီး စု႐ြမ္႐ြမ္ရဲ႕ မ်က္ႏွာကို ဂ႐ုတစိုက္ ဖ်စ္ညွစ္ၾကည့္လိုက္သည္။

တကယ့္ကို အေတာ္ေလးတူညီပါ၏။

သို႔ေသာ္ လည္းကြဲျပားမႈေတာ့ ရွိေနဆဲျဖစ္သည္။

ဥပမာေျပာရလွ်င္ ပုံပန္း သြင္ျပင္။

ေသစမ္း၊ဘာေၾကာင့္ အရမ္းၾကည့္ေကာင္းေနရတာလဲ။ ဒီေလာက္ အမ်ားႀကီးဝတ္လိုက္တာနဲ႕ ၾကည့္ေကာင္းသြားေရာလား။

"နင္က စု႐ြမ္႐ြမ္မဟုတ္ဘူးလား။"

"ဟုတ္တယ္ေလ"

"ဒါေပမယ့္ ငါ့ကို မသိဘူးဆို "

သူမေရွ႕က အမ်ိဳးသမီး ေဒါသထြက္လာတာကိုၾကည့္ၿပီး သူမ တကယ္ကို မသိပါဘူးဟု စု႐ြမ္႐ြမ္ ေျပာလိုက္သည္။

"ဒါက အရွင္မ နန္နီ"

ေဘးနားက တစ္ေယာက္က သူမကို သတိေပးလိုက္သည္။

စု႐ြမ္႐ြမ္ ႐ုတ္တရက္ နားလည္သေဘာေပါက္သြား၏။"ကြၽန္မ သိၿပီ၊ ကြၽန္မ သိၿပီ"

လွ်ပ္စီးနဲ႕ မရိုက္ပါနဲ႕၊ လွ်ပ္စီးနဲ႕ မရိုက္ပါနဲ႕။

နီးယန္သည္ စု႐ြမ္႐ြမ္ကို အထူးတဆန္းပုံစံျဖင့္ ၾကည့္လိုက္ၿပီး လုရွီမင္ကို လွည့္ၾကည့္လိုက္သည္။

မွန္ပါတယ္။ဒါ သူမပဲ!မဟုတ္ရင္ ဒီလူက ဘယ္လိုလုပ္ဒီမွာရွိေနမွာလဲ။

"သြားမယ္"

နီးယန္က စု႐ြမ္႐ြမ္လက္ကိုဆြဲထားၿပီး ဦးေဆာင္ လႈပ္ရွားလိုက္သည္။

"ဘယ္သြားမွာလဲ"

စု႐ြမ္႐ြမ္ အလန႔္တၾကားႏွင့္ နားမလည္နိုင္ျဖစ္သြားသည္။

နီးယန္ဆိုလာ၏။"လူရွင္းတဲ့ေနရာကို"

စု႐ြမ္႐ြမ္သည္ နီးယန္ကို သူမ အိမ္ျပန္ေခၚသြားလိုက္သည္။

"အေမ၊ ကြၽန္မ ဧည့္သည္ေတြ ျပန္ေခၚလာတယ္။"

ပိုင္ဟြမ္တစ္ေယာက္ ဆပ္ျပာျမဳပ္ေတြ အန္ထုတ္ၿပီးေနာက္ စု႐ြမ္႐ြမ္ေဘးမွာရပ္ေနတဲ့နီးယန္ကို ျမင္လိုက္ရေတာ့သည္။သူမ အသက္ရႉဖို႔ေမ့သြားၿပီး အသက္ထြက္ေတာ့မလိုျဖစ္သြား၏ ။

ရန္သူမ်ားစြာနဲ႕ ရင္ဆိုင္ရေတာ့ ပိုင္ဟြမ္ဟာ မ်က္လုံးလွိမ့္လိုက္ၿပီး တစ္ကိုယ္လုံး ဂနာမၿငိမ္ျဖစ္လာသည္။

"သတ္ပစ္မယ္၊ သတ္ပစ္မယ္၊ သတ္ပစ္မယ္..."

စု႐ြမ္႐ြမ္ ညင္သာေသာေလသံျဖင့္ ေျပာလိုက္သည္။"ဟမ္? သူမက အရွင္မ နန္နီ"

ထို႔ေနာက္ နီးယန္ကို ေျပာျပလိုက္သည္။"သူမက ကြၽန္မအေမ"

နီးယန္သည္ ျဖဴစုတ္စုတ္မ်က္ႏွာနဲ႕ ဂနာမၿငိမ္ျဖစ္ေနတဲ့ ပိုင္ဟြမ္ကို ၾကည့္လိုက္သည္။ ပုန္းခ်င္ေနတဲ့ King Kong႐ုပ္ကလည္း အနည္းငယ္ မႈန္ကုပ္ကုပ္ျဖစ္ေန၏။

"ဝင္လာေလ၊ ကြၽန္မ အေမက အရမ္းဧည့္ဝတ္ေက်တာ ၊ ရွင့္ကိုႀကိဳဆိုပါတယ္"

ၿခံဝင္းထဲတြင္ေတာ့ ေနာက္ထပ္ဧည့္သည္တစ္ေယာက္ရွိေန၏။

ေႏြးဦးရဲ႕ေကာင္းကင္က ေစာေစာေမွာင္တက္သည္။

ဒုတိယထပ္ ေလသာေဆာင္တြင္ရပ္ေနတဲ့ နီးယန္က လက္ထဲတြင္ စီးကရက္တစ္လိပ္ညွပ္ထားၿပီး ေအာက္ကိုငုံ႕ၾကည့္ေနကာ ရႈပ္ေထြးပုံေပၚေန၏။"သူမက တကယ့္… စု႐ြမ္႐ြမ္လား"

စု႐ြမ္႐ြမ္သည္ ၿခံဝင္းထဲတြင္ ေခြးကို ေလ့က်င့္ေပးေနသည္။

"ထိုင္!"

"ေခါင္းငုံ႕!"
"ေရွ႕ကိုလွည့္"
"ေနာက္ကိုလွည့္"
"ေျခခြဲ"

ဖ႐ုံသီးေခြး‌ေလးသည္ ဂုဏ္ယူစြာ ေျခခြဲလိုက္ၿပီးေနာက္ သူ႕အျမႇီးျပဳတ္က်သြားကာ "ဝူး"ဟု ငိုျပန္ေတာ့၏။

စု႐ြမ္႐ြမ္ ခ်က္ခ်င္းပဲ သူ႕အျမႇီးကို လွ်င္လွ်င္ျမန္ျမန္ ျပန္ခ်ည္ေပးလိုက္သည္။

နီးယန္သည္ သူမလက္ထဲက စီးကရက္ကို တရွိုက္ဖြာလိုက္၏။ "ခႏၶာကိုယ္သြင္ျပင္ေတာ့ ေျပာင္းသြားပုံေပၚတယ္။ သူမ ဘာလို႔ ဘာမွ မမွတ္မိေတာ့တာပါလိမ့္"

လုရွီမင္က နီးယန္ေဘးတြင္ရပ္ေနၿပီး သူ႕လက္ေခ်ာင္းမ်ားကို လက္ရန္းေပၚတြင္တင္ထားကာ သူ႕မ်က္လုံးမ်ားကေတာ့ အံ့ခ်ီးဖြယ္ ပတၱျမားကဲ့သို႔။

ေဘးကလူဆီက အေျဖျပန္မလာ။

သို႔ေသာ္လည္း နီးယန္မအံ့ဩမိပါ။

သူမေပ်ာက္သြားကတည္းက ဒီလူက ဘာစကားမွ မေျပာေတာ့တာျဖစ္သည္။

နီးယန္မ်က္လႊာခ်ကာ လက္ဆန့္ထုတ္၍ သူမမ်က္ႏွာကို သုတ္လိုက္သည္။ သူမေလသံက ႏူးညံ့သိမ္ေမြ႕ကာ အလြန္အမင္းခ်ဳပ္တည္းထားမႈႏွင့္အတူ တစ္ဆို႔လို႔ေနသည္။"ကံေကာင္းေထာက္မစြာပဲ သူမ ျပန္လာခဲ့ၿပီ"

ဒါေပမယ့္ " သူမက ဘာေၾကာင့္ပိုင္ဟြမ္နဲ႕ ေနေနတာလဲ။ အေမလို႔လည္း ေခၚေနေသးတယ္" လို႔ေျပာေနတဲ့ နီယန္ရဲ႕မ်က္ဝန္းမ်ားမွာ ရက္စက္မႈမ်ားကိန္းဝပ္ေနၾကသည္။"သူတို႔ကိုသြားသတ္ရေအာင္"

မီးဖိုေခ်ာင္သုံးဓားတစ္ေခ်ာင္းနဲ႕ သူတို႔ႏွစ္ေယာက္ရဲ႕ ေနာက္က ခ်ည္းကပ္လာတဲ့ ပိုင္ဟြမ္မွာေတာ့ King Kong ႐ုပ္ရဲ႕ ျပန္ဆြဲေခၚသြားတာ ခံလိုက္ရသည္။

နီးယန္က ခဏေလာက္ ၿငိမ္သက္က်သြားၿပီး လက္ထဲက စီးကရက္ကို လႊတ္ပစ္လိုက္သည္။ "ငါ ၿမိဳ႕ေတာ္ဝန္အေၾကာင္း ၾကားမိထားလို႔၊ဒါေၾကာင့္ ဒါကို ေျဖရွင္းဖို႔ ေရာက္ေနတာ...အင္း...ၿမိဳ႕ေတာ္ဝန္ရဲ႕သားက..."

"ဟုတ္တယ္"အမ်ိဳးသားက ႐ုတ္တရက္ လည္းေခ်ာင္းထဲမွာလာတဲ့ အသံနဲ႕ ေျပာလာ၏။

နီးယန္အံ့အားသင့္စြာ မ်က္ခုံးပင့္သြားၿပီး ဆက္ေမးလာသည္။"ကင္းလွည့္ တပ္ရင္းက စြမ္းရည္အသုံးျပဳသူေတြလည္း..."

"ဟုတ္တယ္"

ေကာင္းၿပီ။

"နင္က ေသာက္သန႔္ရွင္းေရးက်ေတာ့မလုပ္ခ်င္ဘူး။ ငါကို နင့္ရဲ႕ ေသာက္အရႈပ္ထုတ္ကို ရွင္းခိုင္းေနတယ္ေပါ့"

နီးယန္လက္ဝါးခ်င္း တဖက္ဖက္ပုတ္ရိုက္လိုက္ကာ အိမ္ဘက္ျပန္လွည့္သြားေတာ့သည္။

လေရာင္ေအာက္တြင္ စု႐ြမ္႐ြမ္က ေျမျပင္ေပၚေဆာင့္ေၾကာင့္ ထိုင္ေန၏။

အမ်ိဳးသားက လက္ရန္းကိုေထာက္ၿပီး ဒုတိယထပ္မွ ခုန္ခ်လိဳက္သည္။

စု႐ြမ္႐ြမ္ ႐ုတ္ျခည္း လွည့္ၾကည့္လိုက္ေတာ့ အမ်ိဳးသားရဲ႕ရင္ခြင္ထဲတန္းဝင္သြားသည္။

အမ်ိဳးသားက စိတ္လုံၿခဳံမႈေပးစြမ္းနိုင္တဲ့ ရနံ႕ေလးကို သယ္ေဆာင္ထား၏။

ဒါေပမယ့္ အေၾကာင္း တစ္ခုခုေၾကာင့္ စု႐ြမ္႐ြမ္သည္ ရနံ႕က နည္းနည္း ပူေလာင္ေနသလို ခံစားရေသာ္လည္း သူ႕ကို အထူးဂ႐ုမျပဳမိပဲ ေနရေလာက္ေအာင္ထိေတာ့ မတားဆီးနိုင္ခဲ့ပါ။

လေရာင္က အရမ္းလွပလြန္းတာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္သည္။ ႏွလုံးသားအား တသိမ့္သိမ့္ လႈပ္ရွားေစ၏။

စု႐ြမ္႐ြမ္သည္ ေရွ႕က အမ်ိဳးသားကို ၾကည့္ၿပီး သူမႏွလုံးသားထဲတြင္ သမင္ငယ္ေလးခုန္ေပါက္ေနသည္။"အင္း...ခုနကေလ ဒုတိယထပ္ကခုန္ခ်ခဲ့တာလား"

"ဟုတ္တယ္။"

သူမလည္း ခုန္ခ်ခ်င္တယ္ဟု စု႐ြမ္႐ြမ္ ေျပာလိုက္သည္။

ထို႔ေနာက္ အမ်ိဳးသားက သူမကို ေကာက္ရိုးပုံဆီသို႔ ေခၚသြားခဲ့သည္။

လုံၿခဳံမႈရွိဖို႔ရန္ ဤေနရာကိုလည္း သူမ သေဘာက် ဆဲျဖစ္သည္။

"ကြၽန္မအေမ စိတ္ေဖာက္ျပန္ေနတဲ့အခ်ိန္ဆို ကြၽန္မ ဒီမွာ ပုန္းေနခဲ့တာ"

စု႐ြမ္႐ြမ္ ေကာက္ရိုးပုံရဲ႕ အကြာအေဝးတစ္ခုဆီ လက္ညိုးထိုးျပလိုက္သည္။

အမ်ိဳးသားက လက္ျမႇောက္ၿပီးသူမကို လွမ္းဆြဲလိုက္ သည္။

ေကာက္ရိုးပုံထဲႏွစ္ျမႇုပ္သြားၿပီး ႏွစ္ေယာက္သားဖိမိသြား၏။

စု႐ြမ္႐ြမ္သည္ အမ်ိဳးသားရဲ႕ ေပၚကျဖစ္ၿပီး မ်က္ႏွာဖုံးနဲ႕ မ်က္ႏွာခ်င္းဆိုင္လိုက္ရသည္။

ပတ္ဝန္းက်င္ရွိေကာက္ရိုးပုံမ်ားမွာ က်ပ္ညွပ္လ်က္ရွိေနၿပီး ႏွစ္ေယာက္သားမွာ ၾကားအဟထဲသို႔ က်သြားပုံေပၚ၏။ အျပင္ဘက္က အရိပ္အေယာင္မွ်သာ က်န္ခဲ့သည္။

ေနရာက က်ဥ္းလြန္းၿပီး ႏွစ္ေယာက္သား အရမ္းနီးကပ္ေန၏။

စု႐ြမ္႐ြမ္သည္ အမ်ိဳးသား၏ အသက္ရႉေငြ႕ကိုပင္ ခံစားလို႔ရေနသည္။

သူမလက္ကို ပါးစပ္နားထားၿပီး တိုးတိုးေလး ေျပာလိုက္သည္။"ရွင့္မ်က္ႏွာကို ၾကည့္ခ်င္တယ္။"

အမ်ိဳးသားက ဘာမွမေျပာေတာ့ စု႐ြမ္႐ြမ္လက္ျမႇောက္ကာ သူ႕မ်က္ႏွာေပၚက မ်က္ႏွာဖုံးကို ခြၽပ္လိုက္သည္။

ေကာက္ရိုးပုံမွာ အလင္းတစ္ဝက္ႏွင့္ အေမွာင္ တစ္ဝက္ၾကား ပုန္းကြယ္ေန၏။

အမ်ိဳးသားရဲ႕ မ်က္ႏွာမွာလည္း အလင္းတစ္ဝက္ႏွင့္ အေမွာင္ တစ္ဝက္ၾကားဖုံးကြယ္ေနသည္။

အမ်ိဳးသားက လက္ျမႇောက္ကာ သူ႕မ်က္ႏွာကို ဖုံးကာဖို႔ ႀကိဳးစားလိုက္၏။

စု႐ြမ္႐ြမ္သည္ လက္ဆန့္တန္းကာ သူ႕မ်က္ႏွာကို အရင္ဦးေအာင္ ထိလိုက္ၿပီး ဂ႐ုတစိုက္ျဖင့္ ေရွ႕သို႔ကိုင္းကာ သူမ ႏႈတ္ခမ္းနဲ႕ အမ်ိဳးသားရဲ႕ ႏႈတ္ခမ္းကို ထိလိုက္သည္။

"ကြၽန္မ ရွင့္ကို မမုန္းပါဘူး။"

"...အင္း "

"ရွင့္ နာမည္ ဘာလဲ။"

အခ်ိန္အၾကာႀကီး အတူရွိခဲ့ၿပီး၊ ႏႈတ္ခမ္းခ်င္းႏွမ္းၿပီးတာေတာင္မွ သူ႕နာမည္ကို မသိေသးေပ။

အလိုေလး၊ သူမက ဒီလို တက္ႂကြထက္သန္တဲ့အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေနတာပဲ။

အမ်ိဳးသားက သူ႕အာဒမ္ပန္းသီးကို လွိမ့္လိုက္သည္။"လုရွီမင္"

ရွင့္နာမည္က ကြၽန္မနာမည္လိုပဲ အရမ္းေကာင္းတာပဲေနာ္...ေနပါဦး။ "ထပ္ေျပာပါဦး"

အမ်ိဳးသားက ထပ္ေျပာလာသည္။"လုရွီမင္"

စု႐ြမ္႐ြမ္သည္ သူမေခါင္းက ေကာက္ရိုးစေတြနဲ႕အတူ ခုန္ထလိုက္ၿပီး ထိတ္လန့္တၾကား ေျပာလိုက္သည္။"ကြၽန္မတို႔ အတူရွိလို႔မရဘူး။ရွင္က ကြၽန္မအေဖကို သတ္ခဲ့တဲ့သူပဲ!"

အမ်ိဳးသားက တည္တည္ၿငိမ္ၿငိမ္ ထရပ္ကာ လက္ျမႇောက္လ်က္ စု႐ြမ္႐ြမ္ေခါင္းေပၚက ေကာက္ရိုးေတြကို ဖယ္ေပးလိုက္သည္။

ထို႔ေနာက္ မ်က္ႏွာေသျဖင့္ ေျပာလာသည္။"မၾကာခင္မွာပဲ ကိုယ္ မင္းအေမကို သတ္တဲ့သူ ျဖစ္လာေတာ့မယ္"

စု႐ြမ္႐ြမ္လွည့္ၾကည့္လိုက္ေတာ့ မႈန္မႈန္ကုပ္ကုပ္ အမူအရာနဲ႕ သူမဆီ ေျပးလာေနတဲ့ သူမေနာက္က မီးဖိုေခ်ာင္သုံးဓားကိုင္ထားတဲ့ သူမအေမကို ျမင္လိုက္ရသည္။

စု႐ြမ္႐ြမ္သည္ ခ်က္ခ်င္းပဲ အမ်ိဳးသားေနာက္ ဝင္ပုန္းလိုက္၏။

အမ်ိဳးသားက ပုဆိန္ေလးကို အရွိန္ျပင္းစြာ ပစ္လိုက္ေတာ့ သူမအေမလဲက်သြားေတာ့သည္။

ေနပါဦး!လူ၊ ပုဆိန္၊ ေခြး။

ဒီလူက ဒ႑ာရီလာ ေခါင္းျဖတ္နတ္ဆိုးလား!

King Kong ႐ုပ္ကို ရွင္းလင္းသုတ္သင္ၿပီးတဲ့ တစ္ဖက္ကနီးယန္က သူမပါးစပ္မွာ စီးကရက္ တစ္လိပ္ခဲကာ လမ္းေလွ်ာက္ ထြက္လာသည္။

စု႐ြမ္႐ြယ္သည္ သူမအေမနဲ႕ သူမအစ္မရဲ႕အေလာင္းကို အနည္းေလး ဝမ္းပမ္းတနည္း အၾကည့္ျဖင့္ ၾကည့္လိုက္သည္။ "ကြၽန္မအေမက ကြၽန္မကို သတ္ခ်င္ေနပုံေနာ္..."

သို႔ေသာ္လည္း ဒါက ပထမဆုံးအႀကိမ္ ဟုတ္ပုံမရပါ။

ဒါေပမယ့္ ဒီတစ္ႀကိမ္ကေတာ့ အေတာ္ေလးကို သိသာထင္ရွားသြားခဲ့၏။

နီးယန္ ေျပာလိုက္သည္။"နင္က နင့္အေဖကို သတ္ခဲ့တာေၾကာင့္ေလ"

ဒီဆက္ႏြယ္မႈ က နည္းနည္း ရႈပ္ေထြးၿပီး သူမအစာခ်က္ဖို႔ လိုအပ္သည္ဟု စု႐ြမ္႐ြမ္ဆိုလိုက္၏။

"နင့္အေမက နင့္ကို လိမ္ထားခဲ့တာ" နီးယန္က စီးကရက္ ဖင္ကို ေျခေထာက္နဲ႕တက္နင္းလိုက္သည္။ " လုက်ားရန္ ဆိုတာက လူဆိုးတစ္ေယာက္ပဲ၊ သူက လူေတြ သတ္ေနရတာကို ႀကိဳက္တာ။စိတ္မပူပါနဲ႕၊ တစ္ေန႕ေတာ့ နင္ မွတ္မိလာမွာပါ။"

အရာအားလုံးက ရႈပ္ေထြးေပြလီေနပုံရသည္။ 

သို႔ေသာ္လည္း အေၾကာင္း တစ္ခုခုေၾကာင့္ သူမက တနည္းနည္းနဲ႕ ယုံၾကည္ေနခဲ့တာလား။

စု႐ြမ္႐ြမ္သည္ ႐ုတ္တရက္ မိဘမဲ့ကေလး ျဖစ္လာရျခင္း၏ဝမ္းနည္းမႈတြင္ ႏွစ္ျမဳပ္သြားကာ သက္ျပင္းခ်လိဳက္ၿပီး ဆိုလာ၏။"ကြၽန္မ ေဆးလိပ္ေသာက္ခ်င္တယ္"

ဆိုးသြမ္းတဲ့ မိန္းကေလးျဖစ္လာခ်င္တယ္။

နီးယန္က ေခ်ာကလပ္ေတာင့္တစ္ခုကို စု႐ြမ္႐ြမ္ ပါးစပ္ထဲထည့္ေပးလိုက္၏။

စု႐ြမ္႐ြမ္သည္ ပါးစပ္ထဲကေခ်ာကလပ္ေတာင့္ကို ကိုက္ဝါးကာ ပို၍ပင္ ဝမ္းနည္းလာသည္။

အိုး၊ အမွန္တကယ္ေတာ့ သူမ ဝမ္းနည္းေနတာမဟုတ္ပါ။ႏွေျမာတသျဖစ္မိ႐ုံျဖစ္သည္။

သူမရဲ႕ ထမင္းစားလက္မွတ္ႀကီး မရွိေတာ့၍ ျဖစ္၏။

စု႐ြမ္႐ြမ္သည္ သူမကိုယ္သူမ ဤမွ် အၾကင္နာမဲ့ၿပီး သူတစ္ပါးရဲ႕ အသက္ႏွင့္ ေသျခင္းကို ဂ႐ုမစိုက္တက္ေသာ ေအးစက္စက္ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားေပ။

စု႐ြမ္႐ြမ္ရဲ႕ တည္တည္ၿငိမ္ၿငိမ္ အမူအရာကို ၾကည့္ၿပီး နီးယန္ အထူးတဆန္း ေျပာလိုက္သည္။"နင္ယုံရဲ႕လား"

စု႐ြမ္႐ြမ္ေခါင္းေစာင္းလိုက္သည္။ မဟုတ္ရင္ေကာ?

" ကြၽန္မက အ႐ူးမဟုတ္ဘူး၊တျခား သူေျပာစကားကို ဘာလို႔ ယုံရမွာလဲ?" သူမအေမရဲ႕ ညံ့ဖ်င္းတဲ့သ႐ုပ္ေဆာင္ စြမ္းရည္က သူမကို လွည့္ဖ်ားလို႔ကို မရတာ!

နီးယန္ : ...

"ငါနဲ႕ ေတာင္ပိုင္းအေျခစိုက္စခန္းကို ျပန္လိုက္ခဲ့။" နီးယန္ ေျပာလိုက္သည္။"ဒီမွာက မလုံၿခဳံဘူး"

စု႐ြမ္႐ြမ္ ခိုင္မာစြာ ေျပာလိုက္သည္။ "မလိုက္ဘူး" သူမက အ႐ူး မဟုတ္ဘူး။

နီးယန္က မီးခိုးေငြ႕ေတြကို မႈတ္ထုတ္လိုက္သည္။"နင့္ကို ထမင္းေထာက္ပံ့ေပးမယ္"

အ႐ူးမေလးစု ေျပာလာ၏။"ဘယ္အခ်ိန္သြားမလဲ?အခုလား? ကြၽန္မ ဝက္အူေခ်ာင္းသြားယူလိုက္အုံးမယ္"

မျပန္ခင္ နီးယန္က ေဟာေျပာပြဲတစ္ခု ထပ္က်င္းပခဲ့သည္။

"ကြၽန္မရဲ႕ တရားစီရင္ပိုင္ခြင့္ေအာက္မွာ ဒီလိုျဖစ္ပြားေစခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္"

နီးယန္က စင္ေပၚမွာရပ္ၿပီး လူတိုင္းကို ေလးေလးနက္နက္ ဦးၫြတ္လိုက္သည္။

စြမ္းအားအႀကီးဆုံးသူက အေျခစိုက္စခန္းကို အုပ္ခ်ဳပ္ရမည္ဟူေသာ စည္းမ်ဥ္းေၾကာင့္ ေခါင္းေဆာင္မ်ားမွာ ေရွးေခတ္ဘုရင္ေတြလို သူတို႔ ႏွာေခါင္းကို ေကာင္းကင္သို႔ ေမာ့ထားၾကသည္။

ဤသည္က လူအုပ္ေရွ႕မွာ ရပ္ကာ လူေတြကို ဦးၫြတ္ ေတာင္းပန္ေနတာ ပထမဆုံးအႀကိမ္ ျဖစ္ၿပီး သူမကလည္း အႀကီးဆုံး ေတာင္ပိုင္းအေျခစိုက္စခန္းရဲ႕ ေခါင္းေဆာင္ ျဖစ္ေနေသးသည္။

သို႔ေသာ္လည္း စု႐ြမ္႐ြမ္ကေတာ့ သူတို႔က ေနာက္တစ္ခါထပ္ၿပီး လွ်ပ္စစ္ျဖင့္ အဆုံးစီရင္ခံရမွာေၾကာက္ေနတာ ျဖစ္ရမည္ဟု ေတြးမိသည္။

ၿမိဳ႕ေတာ္ဝန္ မိသားစုအား ေျဖရွင္းၿပီးေနာက္ နီးယန္သည္ ေတာင္ပိုင္းအေျခစိုက္စခန္း၏ အျမင့္ဆုံး ေခါင္းေဆာင္မ်ားေနရာ ရဲတိုက္ဆီသို႔ စု႐ြမ္႐ြမ္ႏွင့္ လုရွီမင္ကို ေခၚသြားလိုက္သည္။

ကမာၻပ်က္ကပ္ရဲ႕ နတ္ဘုရားမလည္း ဒီမွာရွိေနသည္ဟု စု႐ြမ္႐ြမ္ ၾကားသိထားသည္။

သို႔ေသာ္လည္း သူမ တစ္ေန႕ ထမင္းသုံးပုံးစားလို႔ရမွာလား၊စားလို႔မရဘူးလားနဲ႕ ပတ္သက္ၿပီး ပို၍ စိုးရိမ္ပူပန္မိသည္။

ဘာေၾကာင့္မွန္းမသိ။
အခုေနာက္ပိုင္း အၿမဲ ဗိုက္ဆာဆာေနတတ္သည္။

ဤကိစၥအား ေစ့ေစ့စပ္စပ္ေတြးေတာၾကည့္ေတာ့ စု႐ြမ္႐ြမ္သည္ သူမက ႀကီးထြားဖြံ႕ၿဖိဳးလာၿပီး အဟာရဓာတ္ ပိုလိုအပ္တာေၾကာင့္ ပိုစားလာတာက သာမန္ ျဖစ္သည္ဟု ယုံၾကည္ထားလိုက္သည္။

ၿပီးေတာ့လည္း ဒီအရာက အမ်ိဳးသား၏ အနာဂတ္ေကာင္းက်ိဳးအတြက္လည္း ျဖစ္သည္။

ဟီး ဟီး ဟီး။

Continue Reading

You'll Also Like

335K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
31.7K 2.1K 12
ခင်ဗျား Alpha ဆိုလဲ ကျုပ်က တက်ချမှာပဲ warning
8.7K 1.2K 14
I Do Not Own This Story and I decided to translate the story cause I just love it . ( Available in both Zawgyi & Unicode Vers ) Original Author is @...
290K 22.1K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...