ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

326K 45.5K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/41/

2.8K 429 20
By LEAF277

Unicode

"ရှင် ဘာလို့ ကျွန်မ နောက်လိုက်နေသေးတာလဲ"

စုရွမ်ရွမ်တစ်ယောက် သူမ အထုတ်အပိုးကို ကိုင်ကာ သူမနောက်တစ်ချိန်လုံး လိုက်နေတဲ့ အမျိုးသားကို လှည့်ကြည့်လိုက်သည်။

ပြီးတော့ အဲ့ ဖရုံသီးခွေးရောပဲ။

အမျိုးသားက စကားမပြောဘဲ သူမကို ကြည့်ရုံသာ ကြည့်နေသည်။

အကြောင်းပြချက်တချို့ကြောင့် စုရွမ်ရွမ် နှလုံးသားလေး တုန်ယင်လှုပ်ခါသွားသလိုပင်။

သူမအိတ်ထဲက ပိုင်မုန့်အကြီးကြီးတစ်ခု ထုတ်ယူလိုက်သည်။

ဖရုံသီးခွေးက အပြေးရောက်လာပြီး မုန့်ကို ကိုက်ပြေးသွားတော့၏။

စုရွမ်ရွမ်: ... သူမက လူကိုပေးမလို့ကို။

ရုတ်တရက် အရှေ့ဘက်ဆီက e-bike လေးဆီမှ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာ၏။

အရပ်မြင့်ပြီး တောင့်တင်းမာကျောတဲ့ ကြွက်သားတွေနဲ့ အမျိုးသားက လက်ထဲတွင် ပုဆိန်ကြီးတစ်လက်ကိုင်ထားပြီး ၊ ရင်ခွင်ထဲတွင်တော့ ဝဝကစ်ကစ် ခွေးလေးတစ်ကောင်ကိုင်ထားကာ လျှပ်စစ်ဆိုင်ကယ်လေးကို မောင်းလာသည်။

သူတို့ရဲ့ နောက်တွင်တော့ လျှပ်စစ်ဆိုင်ကယ် ကိုယ်စီ မောင်းနေကြသော ညီငယ်လေးတို့ တစ်ဖွဲ့က လိုက်ပါလာသည်။

သို့သော်လည်း လျှပ်စစ်ဆိုင်ကယ်အရေအတွက်မှာ နည်းလွန်းပြီး ညီငယ်အရေအတွက်က အတော်လေး များပြားလွန်းသောကြောင့် အားလုံးမှာ တိုးဝှေ့ ပူးကပ်ကာ စီးနေကြရသည်။

"အစားအစာနဲ့ ငွေတွေ ထားခဲ့စမ်း" လျှပ်စစ်ဆိုင်ကယ်ကို မောင်းနေတဲ့ ညီငယ်လေးက အော်ပြောလိုက်သည်။

ပုဆိန်နဲ့ ကစားရင်း ခွေးကိုကန်ထုတ်လိုက်တဲ့ အစ်ကိုကြီးက ဆိုးသွမ်းသွမ်း အပြုံးမျိုးပြုံးပြလာသည်။

ဝဝကစ်ကစ် ခွေးလေးက လွန်လွန်ကဲကဲ ဟောင်လာ၏။ "ဝုတ် !!!"

ဖရုံသီး ခွေးရဲ့ မျက်လုံးတွေ တလက်လက်တောက်ပလာပြီး ချက်ချင်းပဲ ပြေးတက်သွားသည်။

ဝဝကစ်ကစ်ခွေးက ဖရုံသီးခွေးကို ဆက်ဟောင်နေ၏။ ဝဝကစ်ကစ်ခွေးက အစ်ကိုကြီးလက်မောင်းကြားဖက်ထားခံရပြီး မသိမိုက်မဲစွာ တဝုတ်ဝုတ် ဟောင်နေသည်။

မထင်ထားစွာ အစ်ကိုကြီးက ရုတ်တရက် လွှတ်လိုက်တော့ ဝဝကစ်ကစ်ခွေးမှာ မြေပြင်ပေါ်ပြုတ်ကျသွားပြီး ဖရုံသီး ခွးရဲ့ ဖိကြိတ်ခံလိုက်ရသည်။

ခဏလောက်ကြာပြီးနောက်။ အခြေအနေက ကိုးယိုးကားယားနိုင်နေ၏။

အစ်ကိုကြီးက ပုဆိန်ကို ကျယ်လောင်သော အသံနဲ့ ရိုက်ခတ်လိုက်ပြီး စုရွမ်ရွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။"မိန်းကလေး၊ အစားအစာနဲ့ပိုက်ဆံကို ငါ့ကိုသာ ပေးလိုက်..ဒါဆိုမင်းကို အသက်ချမ်းသာပေးမယ်!"

ညီငယ်လေးက သဘောတူထောက်ခံလိုက်၏။ "ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ ငါတို့ အစ်ကိုကြီးရဲ့ နာမည်ကို မင်းမကြားဖူးဘူးလား၊ ဘာမှ ဂရုမစိုက်တဲ့ ခေါင်းဖြတ်နတ်ဆိုး ဆိုတာ ငါတို့ အစ်ကိုကြီးပဲ!"

စုရွမ်ရွမ် ထိတ်လန့်တကြား မျက်လုံးပြူးသွားပြီး တုန်တုန်လှုပ်လှုပ်ဖြင့် သူမလက်ထဲက ခရီးဆောင်အိတ်လေးကို ချက်ချင်း အစ်ကိုကြီးဆီ ပစ်ပေးလိုက်သည်။

"ကျွန်မကို မခုတ်ပါနဲ့၊ ကျွန်မကို မခုတ်ပါနဲ့၊ အားလုံးပေးမယ်၊ ကျွန်မ ရှင်တို့ကို အားလုံးပေးမယ်။"

အစ်ကိုကြီးမှာ လျှပ်စစ်ဆိုင်ကယ်ပေါ်မှ ပစ်ကျသွား၏။

အလွဲလွဲအမှားမှားကိုယ်ဟန်နဲ့ ကျသွားတာကြောင့် ခေါင်းကို ရိုက်မိသွားချိန်တွင် သတိလစ်မေ့မျှောသွားတော့သည်။

ညီငယ်လေးများမှာ ခဏလောက် မှင်သက် အံ့ဩသွားကြပြီးနောက် မှုန်ကုပ်ကုပ် အမှုအရာတွေနဲ့ ချက်ချင်းပဲ သူတို့ကို ဝန်းရံလာကြသည်။

ရှင်တို့ ကျွန်မရဲ့ စွမ်းအားကိုကြောက်သင့်တယ်နော်၊ ရှင်တို့ ကျွန်မကို လေးစားသင့်တယ်နော် ဟု စုရွမ်ရွမ် ပြောလိုက်သည်။

စုရွမ်ရွမ်သည် သူမရဲ့ ရှိခိုးကောင်ပုံစံ၊ ပျံသန်းနေသော နဂါး၊ အမူးသမား ဆရာသခင်ကိုယ်ဟန်တွေ ပြသရင်းဖြင့် သူမရဲ့ စွမ်းအားပြည့်ဝသော ကွန်ဖူးကို ပြသလိုက်သည်။

ဝိုင်းရံနေကြတဲ့ ညီငယ်လေးများမှာ တဖြည်းဖြည်း နောက်တွန့်သွားပြီး မူလက ရက်စက်ကြမ်းကြုတ်နေတဲ့ အမူအရာများမှာလည်း ရုတ်တရက် အလန့်တကြား ဖြစ်လာကြကာ နောက်တော့ ကြောက်ရွံ့တုန်လှုပ်လာကြပြီး နောက်ဆုံးတွင်တော့ အကြောက်တရားနှင့်အတူ ခိုက်ခိုက်တုန်နေကြတော့သည်။

အလှလေး၏ နောက်မှ အမျိုးသားက မျက်လုံးများ မှေးကျဉ်းလိုက်ကာ ဘေးဘက်သို့ နည်းနည်းလှည့်၍ စုတ်ပြဲနေသော အိတ်ရဲ့ ထောင့်စွန်းကို ထုတ်ဖော်လိုက်သည်။

ငွေရောင်အလင်း တဖျက်ဖျက်လက်နေတဲ့ ပုဆိန်ရဲ့ ထိပ်ဖျား ဖြစ်၏။ဖရုံသီးခွေးကလည်း အမျိုးသားရဲ့ ခြေထောက်နားကို လှိမ့်သွားပြီး ပါးစပ်ဖွင့်ကာ သူ့ခန္ဓာကိုယ်နှင့်မှ မလိုက် ကြီးမားတဲ့ပါးစပ်ကြီးကို ထုတ်ဖော်ပြသလာသည်။

မူလက စောင့်ကြွားကြွားနိုင်နေကြသော ညီငယ်လေးများမှာ ရုတ်တရက် ဖြူစုပ်လာကြပြီး သူတို့ အစ်ကိုကြီးနဲ့ သူတို့ရဲ့ လျှပ်စစ်ဆိုင်ကယ်လေးများကိုပင် ဂရုမစိုက်အားကြတော့ပဲ ထွက်ပြေးကြတော့သည်။

စုရွမ်ရွမ် မြေပြင်ပေါ်က လှိမ့်ထလိုက်၏။ သူတို့ အဝေးကို ပြေးသွားတာကို မြင်သောအခါ သူမအံ့အားသင့်သွားပြီး အရမ်းပဲ ဂုဏ်ယူမိသွားသည်။

သူမက အရမ်းသန်မာတာပဲ။

အစ်ကိုကြီးနိုးလာသောအခါ သူ့ညီငယ်လေးများ ပျောက်ဆုံးနေကြောင်း သတိထားမိလိုက်သည်။

အစ်ကိုကြီး:??????

စုရွမ်ရွမ် သူမပိုက်ဆံတစ်ဝက်ကို ထုတ်ပြီး သူမနောက်က အမျိုးသားကို ပေးလိုက်သည်။

"ရှင်က အိမ်ခြေရာမဲ့လား "

စုရွမ်ရွမ်သည် စိတ်ပူပန်နေသောပုံစံနဲ့ သူမ ပိုက်ဆံ တစ်ဝက်ကို သူ့ကို ပေးလိုက်ပြီး ရက်ရက်ရောရော ပြောလိုက်သည်။"ဟေး ယူသွားပြီး အစားဝယ် စားလိုက်"

အမျိုးသားက ပိုက်ဆံကို လှမ်းယူလိုက်ပြီး စုရွမ်ရွမ် နောက်သို့ ဆက်လိုက်နေခဲ့သည်။

စုရွမ်ရွမ် သူ့ကို သံသယအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

"ရှင်ဘာလို့ ကျွန်မ နောက်ဆက်လိုက်နေသေးတာလဲ"

သူမရဲ့ ခန့်ညားတဲ့ သွင်ပြင်ကြောင့် သူမ ညီငယ်လေးဖြစ်ချင်နေတာများ ဖြစ်နိုင်မလား။

စုရွမ်ရွမ်သည် ရုတ်တရက် သူမရဲ့ရင်ဘတ်ကို မတ်မတ်ထားလိုက်ပြီး အမျိုးသားရဲ့ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။"ကောင်းပြီလေ၊ ဒါဆိုလည်း ဆက်လိုက်ခဲ့"

♦♦♦♦♦

စုရွမ်ရွမ်သည် ညီငယ်လေးကို ဝမ်းသာအားရ လက်ခံလိုက်ပြီး မုန့်ကို ဖြည်းဖြည်းချင်း ဝါးစားနေကာ ခွဲတောင် ခွဲပေးလိုက်သေး၏။ ညီငယ်လေးနဲ့အတူတူ လျှောက်သွားနေပြီး မှောင်လာသောအခါ အိပ်ဖို့ နေရာရှာကိုမြင်တော့ ညီငယ်လေးက သူမအတွက် ဂူတစ်ဂူ ရှာပေးခဲ့ပြီး စောင်ခင်းပေးခဲ့သည်။

ဤသို့ ညီငယ်လေးရဲ့ ဂရုစိုက်မှုနဲ့ တွေ့ဆုံရတော့ စုရွမ်ရွမ်သည် လက်မ (👍) ပေးလိုက်ပြီးနောက် ခေါင်းစောင်းကာ အိပ်ပျော်သွားတော့သည်။

မီးရောင်ဘေး၌။ သူ့ဘေးနားတွင် ကွေးနေတဲ့ မိန်းမငယ်လေးကို အဝတ်ထူထူဖြင့် ထုတ်ပိုးလိုက်သည်။

မီးတောက်ကြားက မျက်နှာလေးက ကလေးဆန်လို့နေသေး၏။

အထူးသဖြင့် ထိုမျက်ဝန်းများပင်။ အရင်ကလိုပဲ အညစ်အကြေးတစ်စုံတစ်ရာမရှိပဲ ကြည်လင်သန့်ရှင်းလို့ နေသည်။

အမျိုးသားက လက်ဆန့်ထုတ်ကာ သူမမျက်နှာပေါ် ဆံပင်တွေကို ညင်သာစွာ သပ်တင်ပေးလိုက်သည်။ထို့နောက် သူ့မျက်နာဖုံးကို မ,လိုက်ရာ ပါးလွှာသော မေးရိုး ခပ်ရေးရေးပေါ်လွင်လာ၏။

အမျိုးသားက ကိုယ်ကို ကိုင်းကာ သူမရဲ့နူးညံ့သောပါပြင်လေးကို သူ့ပါးလျသောနှုတ်ခမ်းပါးနဲ့ ထိတွေ့လိုက်သည်။

သူမနိုးသွားမှာစိုးတဲ့အတွက် ရှပ်ထိရုံသာ နမ်းလိုက်၏။

ရုတ်တရက် မျက်နှာဖုံးမှ နွယ်ပင်များထွက်ပေါ်လာပြီး သူတို့ရဲ့ သွားတွေ ၊လက်တွေက မိန်းမငယ်လေးဆီသို့ လျှင်မြန်စွာ စုရုံး ရောက်ရှိလာကြသည်။

လုရှီမင်က သူ့လက်ကို မြှောက်လိုက်ပြီး ခက်ခက်ခဲခဲ ဆွဲထုတ်ကာ နောက်ပြန်သိမ်းလိုက်သည်။

နွယ်ပင်များသည် နာကျင်သွားကြပြီး မကျေမနပ်ဖြင့် တုန်တုန်ယင်ယင် နောက်ဆုတ်သွားကြသည်။

တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို နဂိုအတိုင်းပြန်ဖြစ်သွားစေ၏။

အမျိုးသားက မျက်နှာဖုံးကို ပြန်ဆွဲချလိုက်ကာ အနည်းငယ်မြင့် တက်နေသော နှုတ်ခမ်းထောင့်စွန်းကို ဖုံးကွယ်လိုက်သည်။

မြေပြင်ပေါ် တွားသွားနေသော နွယ်ပင်များမှာ လောင်ကျွမ်းနေသကဲ့သို့ ပြာအဖြစ် ပြောင်းသွားကြပြီး တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

အမျိုးသားရဲ့ မျက်နှာက မျက်နှာဖုံးထဲဖုံးကွယ်နေပြီး သူ့အနက်ရောင်ဆံပင်တစ်ဝက်မှာ မျက်နှာရှေ့တွဲလွဲကျနေကာ သွေးကဲ့သို့နီရဲနေသည့် မျက်ဝန်းတစ်ခုသာလျှင် ပေါ်လွင်နေ၏။

သူ တစ်ခါပြောခဲ့သလိုပဲ...သူမ ဘာပဲဖြစ်လာလာ သူကတော့ သူမကို မြင်မြင်ချင်းမှတ်မိနေမည်သာ ဖြစ်သည်။

♦♦♦♦♦

စုရွမ်ရွမ်သည် ပတ်ဝန်းကျင်တစ်ဝိုက် လဝက်အကြာ လှည့်ပတ်လျှောက်သွားနေခဲ့သည်။ ဒီနေရာက ဥပဒေနဲ့ အမိန့်အာဏာမှာ တကယ့်ကို သိပ်မကောင်းပေ။

လူတွေက ငွေတွေ လုယက်ဖို့နဲ့ လိင်ကိစ္စအတွက် လာနေကြသည်။

မအောင်မြင်သော်လည်းပဲ ဒါက လူကို ပင်ပန်းစေသည်။

သူမက အားလပ်ချိန်မရှိသော အသက်ရှင်သန်ဖို့အတွက် အလုပ်ကြိုးစားနေရသည့် လူမှုရေးတိရစ္ဆာန်တစ်ကောင်လို ခံစားရစေသည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း ၁၀၈ဖွဲ့မြောက်သောအဖွဲ့နဲ့ တွေ့ကြုံရပြီးနောက် စုရွမ်ရွမ်သည် သူမ နောက်ထပ်မတိုက်ခိုက်ချင်တော့ဘူးဟု ပြောလိုက်သည်။

သူမခေါင်းက အမြဲ မြေပြင်ပေါ်လိမ့်နေပြီး ကွဲကြေနေသလို ခံစားရသည်။

ဒီစကားကိုပြောပြီးနောက်တော့ သူမဘေးမှာ တကယ့်ကို ရှင်း‌လင်းနေပြီဖြစ်ကြောင်း စုရွမ်ရွမ် နားလည်သဘောပေါက်သွားသည်။

ပုရွတ်ဆိတ် တစ်ကောင်တစ်လေတောင်မှ မတွေ့ရတော့ပေ။

ပထမတော့ သူမရဲ့ ခန့်ညားတဲ့ကိုယ်ဟန်ကြောင့် သူ့တို့ကြောက်လန့်ထွက်ပြေးသွားကြတယ်လို့ ထင်ပေမယ့် နောက်တော့ သူမရှာတွေ့လိုက်ရတာက…

"မြင်ပြီးတာနဲ့ ထွက်ပြေးသွားကြပုံပေါက်နေလားလို့"

စုရွမ်ရွမ်သည် သူမမေးကိုကိုင်ကာ မီးပုံကို စိုက်ကြည့်နေ၏။အမျိုးသားက သူမဘေးမှာထိုင်ပြီး ယုန်သားကင်နေသည်။

အမျိုးသား မျက်နှာပေါ်က မျက်နှာဖုံးက တင်းကျပ်နေပြီး မျက်လုံးတစ်ဖက်ကလွဲလို့ ဘာမှမမြင်ရပေ။

စုရွမ်ရွမ် ပိုမြင်ရဖို့ ရှေ့ကို တိုးလိုက်သည်။ မီးရောင်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပြီး အမျိုးသားရဲ့ မျက်လုံးထဲ လောင်ကျွမ်းနေတဲ့ မီးတောက်ကို သူမ တကယ် မြင်နေရသည်။

ထိုမီးတောက်က အရာအားလုံးကို အဆုံးသတ်ဖို့ လှောင်ကျွမ်းနေသည့်ဟန် ရဲရဲတောက်ကာ ပူပြင်းလွန်းလှသည့် မီးတောက်မျိုးဖြစ်ပြီး သိပ်ကို ပူပြင်းလွန်းကာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှပေမည်။

စုရွမ်ရွမ်သည် မီးတောက်ထဲသို့ တိုးဝင်လုနီးပါးဖြစ်နေသည့် သူမခေါင်းလေးကို ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။

ထို့နောက် အမျိုးသားကို ဆက်လက်ရှုစား စိုက်ကြည့်နေ၏။

သူက အတော်လေးတိတ်ဆိတ်လို့နေပြီး စုရွမ်ရွမ်က သူ့ကိုစိုက်ကြည့်နေတော့ ရုတ်တရက်မွန်းကြပ်မိလာသည်။

သူမက သတိမထားမိစွာပဲ အမျိုးသားရဲ့မျက်ဝန်းကို ကာဖို့ လက်လှမ်းလိုက်သည်။

အမျိုးသားက တဖျပ်ဖျပ် မျက်တောင်ခတ်လိုက်တော့ သူ့ရဲ့ သွယ်စင်းစင်း မျက်တောင်များက သူမလက်ဖဝါးပေါ် ဖြတ်သန်းပွတ်တိုက်သွားသည်။

စုရွမ်ရွမ်သည် ချက်ချင်းပင် သူမလက်ကို ပြန်ရုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့နီရဲသွားသည်။

"ကျွန်မ..ကျွန်မက သီးသီးသန့်သန့်ပဲ နေတတ်တာပါ..."ဘာကြောင့်မှန်းမသိ မကြာသေးခင်က အမျိုးသားကို မြင်သောအခါ သူမခံစားချက်ကိုတွေကို မထိန်းချုပ်ထားနိုင်ခဲ့ပေ။

ဖြစ်ကောင်းဖြစ်နိုင်တာက နောက်ဆုံးတော့ သူမပျိုဖော်ဝင်လာတာ ဖြစ်လို့ ဖြစ်မည်။

ဒီလို တွေးနေရင်း စုရွမ်ရွမ်သည် အမျိုးသားကို ထပ်ပြီး ခိုးကြည့်လိုက်ပြန်၏။

အမျိုးသားက လှပသော ကြေးသွေးရောင် မျက်ဝန်းနဲ့ သူမကို စိုက်ကြည့်နေသည်။

စုရွမ်ရွမ် အကြောင်းအရာပြောင်းလိုက်၏။"အင်း...ရှင်ဘာလို့ မျက်နှာဖုံးဝတ်ထားတာလဲ"

အမျိုးသားရဲ့အသံက မျက်နှာဖုံးရဲ့နောက်မှ ကြည်လင်စွာ ထွက်ပေါ်လာသည်။ " ရုပ်ဆိုးလို့၊ မင်းကိုယ့်ကို ကြောက်သွားမှာဆိုးလို့"

သူမက လောကကြီးထဲက ကြီးကျယ်တဲ့အရာတွေကို မြင်ခဲ့ဖူးပြီးပြီ၊ ဘယ်တော့မှ ကြောက်မှာ မဟုတ်ပါဘူးဟု စုရွမ်ရွမ် ပြောလိုက်သည်။

ပြီးတော့ ဒီလူရဲ့အသံက အရမ်းကောင်းတာကို၊
သူက ကြည့်ကောင်းတာပဲ ဖြစ်ရမယ်!

သူက အရမ်းကြည့်ကောင်းလွန်းလို့ မျက်နှာဖုံးတပ်ထားတာ ဖြစ်ရမယ်!

စုရွမ်ရွမ်ရဲ့ ဘလင်း ဘလင်းမျက်ဝန်းတွေနဲ့ တွေ့ဆုံရတော့ အမျိုးသားက စကားမပြောခဲ့ပဲ သူ့လက်ထဲက ယုန်ကင်ကိုသာ သူမကို ကမ်းပေးလိုက်သည်။

ဒီအဓိပ္ပာယ်ကတော့ သူ့မျက်နှာဖုံး ချွတ်ဖို့ ဆန္ဒမရှိဘူးဟူ၍ ဖြစ်သည်။

စုရွမ်ရွမ်သည် စိတ်ပျက်သွားသော မျက်နှာနဲ့ ယုန်ကင်ကို ကိုက်လိုက်၏။

စားပြီးသောအခါ စုရွမ်ရွမ်က သူမ ဝမ်းနည်းဖွယ်ရာ အတွေ့အကြုံကို စတင်ပြောပြလာခဲ့သည်။

"ကျွန်မအဖေက ကျားရန်... ကျွန်မအမေဆီက ကြားတာတော့ သူက လုရှီမင်လို့ခေါ်တဲ့ လူရဲ့ သတ်တာ ခံလိုက်ရတာတဲ့"

"အခုက ကျွန်မအဖေအတွက် လက်စားချေဖို့ ထွက်လာခဲ့တာ"

ယုန်ကင်စားပြီးနောက် အမျိုးသားက ခေါင်းငဲ့စောင်းလိုက်ကာ ဗိုက်ပြည့် တင်းသွား၍ အရမ်းအိပ်ငိုက်နေပြီဖြစ်သော မိန်းမငယ်လေးကို ကြည့်လိုက်သည်။

မိန်းမငယ်လေးက ခေါင်းစောင်းလိုက်ကာ အိပ်နေရင်းဖြင့် စကားတွေပြောရင်း ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။

အမျိုးသားက လက်ဆန့်ထုတ်ကာ သူမခေါင်းလေးကို သူ့ပခုံးပေါ်တင်ပေးလိုက်ပြီး သူ့ရဲ့ကြမ်းတမ်းသော လက်ချောင်းများနဲ့ သူမအသားရေကို ပွတ်သပ်လိုက်သည်။

မီးများက လောင်ကျွမ်းလျက်ရှိပြီး လွှမ်းခြုံရစ်သိုင်းနေတဲ့ မီးအလင်းရောင်များက အမျိုးသားမျက်လုံးထဲ ရောင်ပြန်ဟပ်လို့ နေသည်။

အမျိုးသားရဲလက်ချောင်းများကြောင့် စုရွမ်ရွမ်နည်းနည်းနာကျင်သွား၏။

အိပ်ချင်မူးတူး မျက်လုံးဖွင့်လိုက်တော့ မီးတောက်တစ်ခုလို အမျိုးသားရဲ့ အေးစက်စက်ရနံ့ကို ရှူရှိုက်မိလိုက်သည်။

မီးက တကယ့်ကို ပူတာပဲဟု စုရွမ်ရွမ် တွေးမိလိုက်၏။

°°°°°°°°°

စုရွမ်ရွမ်သည် တားမြစ် မြို့တော်တစ်ဝိုက် လဝက်အကြာ လှည့်လည်သွားလာခဲ့ပြီးနောက် သူမပိုင်မုန့်များ ကုန်ဆုံးသွားခဲ့ရာ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

အိမ်မှာက အကောင်းဆုံး စားစရာတွေ ရှိနေတုန်းပဲလေ။

သူမနောက်ဆက်လိုက်နေသေးတဲ့ အမျိုးသားကို လှည့်ကြည့်လိုက်ရင်း လက်လေးတစ်စုံကို ဖျစ်ညှစ်လိမ်ယှက်ကာ အသိပေးပြောကြားလိုက်သည်။"အမ်..ကျွန်မအိမ်ပြန်တော့မယ်"

အမျိုးသားက စကားမပြောခဲ့ပဲ နေရာတွင် ရပ်လျက်ရှိကာ သူမကို စိုက်ကြည့်နေ၏။

စုရွမ်ရွမ်က ရှေ့ကို ခြေနှစ်လှမ်းလှမ်းတော့ အမျိုးသားက သူမနောက်ကိုလိုက်နေခဲ့သည်။

စုရွမ်ရွမ် မြန်မြန်ဆန်ဆန် လျှောက်လှမ်းသွားခဲ့ပြီး နောက်လှည့်ကြည့်လိုက်တော့ အမျိုးသားက သူမနောက်မှာရှိနေဆဲပင်။

လေတွေ တဟူးဟူးတိုက်ခတ်နေပြီး လူတွေကတော့ တိတ်ဆိတ်လို့နေကြသည်။

အချိန်အတော်ကြာပြီးနောက်တော့ စုရွမ်ရွမ် နူးညံ့စွာ ဆိုလိုက်၏။"ကောင်းပြီ...ကျွန်မ..ကျွန်မက ရှင့်ကို ကျွန်မနဲ့အတူ အိမ်ပြန်ခေါ်သွားရမှာလား။"

နေရာမှာရပ်နေတဲ့ အမျိုးသားက ပေါ့ပေါ့ပါးပါးခေါင်းညိတ်လိုက်ပြီး အိတ်ကို သယ်ဆောင်ကာ ခွေးကို ဦးဆောင်ခေါ်သွားတော့သည်။

ဘာကြောင့်မှန်းမသိ စုရွမ်ရွမ်စိတ်အေးလက်အေး ဖြစ်သွားသလို ခံစားလိုက်ရ၏။

သူမ ပြုံးပြလိုက်သည်။

သူ့မျက်လုံးထဲက လှပသော ပန်းလေးတစ်ပွင့်လို အပြုံးမျိုးပင်။

စုရွမ်ရွမ်သည် အမျိုးသားကို မြို့ထဲ ပြန်ခေါ်လာခဲ့သည်။

သူမ မြို့ထဲဝင်ဝင်ချင်း လေထုက ကွဲပြားနေကြောင်း တွေ့လိုက်ရ၏။

"စုဟန်ဟန်"

လီရွမ်ရွမ်က စက်ဘီးနင်းလာရင်း စုရွမ်ရွမ်ကို မြင်တော့ ချက်ချင်းပဲ လက်ဝှေ့ယမ်းပြလာသည်။ စုရွမ်ရွမ် နောက်က အမျိုးသားကိုတော့ လုံးဝ မသိကျိုးနွံပြုထား၏။

"နင်ကြားမိလား၊ တောင်ပိုင်း အခြေစိုက်စခန်းရဲ့ ထိပ်တန်းခေါင်းဆောင် ငါတို့ဆီကို လာနေပြီတဲ့ "

ဒီမြို့ငယ်လေးမှာ တောင်ပိုင်းအခြေစိုက်စခန်းရဲ့ တရားစီရင်ပိုင်ခွင့် အောက်တွင် ရှိသည်။

တောင်ပိုင်းအခြေစိုက်စခန်းကို နန်နီဟု အမည်တွင် ပြီး ခေါင်းဆောင်ကို အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။

ဒီနာမည်ကို ကြားတော့ စုရွမ်ရွမ် စိတ်ရှုပ်ထွေးသွား၏။"နာနီ"

"နန်နီဟဲ့!နာနီ မဟုတ်ဘူး"

လီရွမ်ရွမ် ပြောလိုက်သည်။

"နန်နီရဲ့ ထိပ်တန်းခေါင်းဆောင်နီးယန်က ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အလည်အပတ် လာမလို့တဲ့၊ မြို့တော်ဝန်ရဲ့ အိမ်က ဒီရက်တွေမှာ ငွေတွေ၊ အစားအသောက်တွေ ၊ လက်နက်တွေဝှက်ရင်း အလုပ်ရှုပ်နေတယ်လေ၊နင်မမြင်ခဲ့ဘူးလား "

စုရွမ်ရွမ်သည် လက်စားချေဖို့အတွက် တားမြစ် မြို့တော်သို့ သွားရောက်နေခဲ့ရ၍ မမြင်ခဲ့ရပေ။

ထို့ကြောင့် သူမ ရိုးသားစွာ ခေါင်းခါလိုက်သည်။

စုရွမ်ရွမ်ရဲ့ ထုံထုံထိုင်းတိုင်း မျက်နှာဘေးကို မြင်တော့ လီရွမ်ရွမ် ပြင်းပြင်းထန်ထန် မျက်လုံးလှိမ့်လိုက်ပြီး လက်ဖြန့်ကာ ပြောလိုက်သည်။ "ငါနင့်ကိုရှာနေတာ လဝက်ရှိပြီ။လွန်ခဲ့တဲ့ လဝက်က နင့်မုန့်ဖိုးတွေ ဘယ်မှာလဲ"

စုရွမ်ရွမ်သည် သူမအိတ်ထဲက ပိုက်ဆံကိုထုတ်လိုက်သည်။ ကြေမွနေတဲ့ ယွမ်တစ်ရာတန် ဖြစ်၏။

လီရွမ်ရွမ်းသည် နည်းလွန်းလိုက်တာ ဟု တွေးနေပြီးနောက် ဆွဲယူသွားတော့သည်။

စုရွမ်ရွမ်လှည့် ကြည့်လိုက်တော့ သူမနောက်မှာရပ်နေတဲ့ အမျိုးသားကို မြင်လိုက်ရသည်။

မျက်နှာဖုံးတပ်ထားပြီး ရှုပ်ထွေးနေတဲ့ ဆံပင်တွေ.. ညစ်ပတ်နေသော ခန္ဓာကိုယ်နဲ့ ...ညစ်ပတ်နေသော ခွေး...။

သေချာပါသည်။သူက အိမ်ခြေယာမဲ့ တစ်ယောက်ပင်။

"ကျွန်မရှင့်ကို သန့်ရှင်းဖို့ခေါ်သွားပေးမယ်"

စုရွမ်ရွမ်သည် သူမရဲ့အိတ်လေးကို ထုတ်ကာ အရင်ဆုံး အမျိုးသားကို ဆံပင်ညှပ်ရန် ခေါ်သွားခဲ့ပြီး အဝတ်အစားဝယ်ပြီးနောက် အမျိုးသား အတွက် ရေချိုးခန်းတစ်ခု ရှာလိုက်သည်။

စုရွမ်ရွမ်သည် ခြေတံများဖြင့် အပြင်ဘက်တွင်ထိုင်ကာ အမျိုးသားကို စောင့်နေလိုက်၏။

အမျိုးသားက အလွန်မြန်မြန်ဆန်ဆန်ပဲ ထွက်လာခဲ့သည်။

သူ့ဆံပင်ကို အတိုညှပ်ထားပြီး နားရွက်နားကပ်ညှပ်ထားသည်။သူ့ဆံပင်အရည်အသွေးက ကောင်းတာမို့ လေလွင့်နေ၏။

သူက အရပ်ရှည်ရှည်၊ ပခုံးကျယ်ကျယ်၊ ခါးကျဉ်းကျဉ်း နှင့်အတူ နောက်ဆုံးပေါ် နွေဦးဝတ်စုံကို ဝတ်ဆင်ထားသည်။

ညစ်ပတ်ပေရေ နေသော မျက်နှာဖုံးကိုဝတ်ဆင်ထားရင်တောင် လူတွေကတော့ သူ့ကို လှည့်ကြည့်နေကြဆဲပင်။

စုရွမ်ရွမ် အရမ်းဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမရင်ဘတ်ကြီးများကို မတ်မတ်ထားလိုက်သည်။

သူမ မတ်မတ်ရပ်ပြီး အမျိုးသားရဲ့ လက်ကို ကိုင်လိုက်တော့ ရေနွေးပူကိုင်မိသလို ခံစားလိုက်ရတာကြောင့် ပြန်လွှတ်လိုက်သည်။

သူမနဲ့ အမျိုးသားကြားမှာ မီးပွားတစ်ခုရှိနေသည်ဟု သံသယဖြစ်မိသည်။

အဲ့ဒါက လျှပ်ငြိမ်လိုမျိုးပင်။

မြို့ကအရမ်းကြီးတော့ အမျိုးသား လမ်းပျောက်သွားမှာ စိုးမိသည်။

ဒီလူက ဉာဏ်ရည်နိမ့်တဲ့ လူတစ်ယောက်လိုမျိုး အမြဲတစေ စကားအနည်းငယ်ပဲ ပြောတာကို သူမသိထားတာကြောင့် ပင်။

လမ်းတွေက လူအုပ်တွေနဲ့ ပြည့်ကျပ်နေဆဲဖြစ်၏။

တောက်ပတဲ့ဆိုင်းပုဒ်များ အမြင့်ထက် ချိတ်ဆွဲထားသည်။

အများသုံးသန့်စင်ခန်းကိုတောင်မှအလွတ်မပေးကြပေ။

"ဦးဆောင်လမ်းပြဖို့ အလည်အပတ်လာတဲ့ နန်နီကို ကြိုဆိုပါတယ်၊ နန်နီ ခေါင်းဆောင်ရဲ့ မူဝါဒ ဆက်လက်တည်တံ့ပါစေနဲ့ နန်နီသည် ကျွန်ုပ်တို့၏ လမ်းပြ အလင်းရောင်" ဆိုတာတွေရှိနေသည်။

စုရွမ်ရွမ်သည် အရင်ဆုံး အမျိုးသားကို ထမင်းစားဖို့ ခေါ်သွားရန် ပြင်လိုက်ပြီး စားသောက်ဆိုင်တံခါးဝသို့ ရောက်လာကြသည်။

ကားပေါ်မှာ ထိုင်နေတဲ့ မြို့တော်ဝန်ရဲ့သားက စုရွမ်ရွမ်ကိုမြင်တော့ ကားပေါ်တက်ဖို့ စိတ်အားထက်သန်စွာဖိတ်ခေါ်လိုက်သည်။

သူမ အိမ်ပြန်ပြီး ညစာစားဖို့အတွက် အလုပ်ရှုပ်နေကြောင်း စုရွမ်ရွမ်ပြောခဲ့ပေမယ့် မြို့တော်ဝန်ရဲ့သားက သူမကို အလွတ်မပေးပေ။

"ရွမ်ရွမ်၊ အရင်တစ်ခေါက်က ကိုယ့်အမှားပါကွာ၊ ကိုယ်မင်းကို ကယ်ဖို့ ကယ်မယ့်သူ သွားပြန်ရှာယုံတင်ပါ"

ဒီတော့ ရှင်က အခုထိ ရှာနေသေးတုန်းလား။

စုရွမ်ရွမ်သည် စိတ်ကျန်းမာရေး မကောင်းသောသူကို ကြည့်သကဲ့သို့ သူ့ကို ကြည့်လိုက်သည်။

မြို့တော်ဝန်ရဲ့သားမှာ သူမဆီက ဖျက်ကနဲအကြည့်ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ချက်ချင်းပင် စုရွမ်ရွမ်ရဲ့လက်လေးကို လှမ်းထိလိုက်သည်။

ကံမကောင်းစွာ သူ မထိရသေးခင် သူ့လက်ဆီမှ အသည်းခိုက်မတက် နာကျင်လာသည်။

မြို့တော်ဝန်ရဲ့သား ကျယ်လောင်စွာအော်လိုက်၏။

သူ့လက်ကို နွယ်ပင်က ထိုးဖောက်လိုက်ပြီး စားသောက်ဆိုင်ရဲ့ ဘေးကပ်တိုင်မှာ သံမှိုရိုက်ထားတာ တွေ့လိုက်ရသည်။

တိုင်မှနွယ်ပင်က ကြီးထွားလာပုံရ၏။

မြို့တော်ဝန်ရဲ့သား ဘယ်လောက်ပဲ ရုန်းကန်ပါစေ သူ့ကို ဆက်ကိုက်ထားသည်။

စားသောက်ဆိုင်ပိုင်ရှင်မှာ အခြေအနေတွေကြားမိသောအခါ အလျှင်အမြန်ရောက်လာခဲ့ပြီး မြို့တော်ဝန်ရဲ့သားကို မြင်မြင်ချင်းမှတ်မိသွားခဲ့ရာ ချက်ချင်းပဲ အကူအညီတွေခေါ်လိုက်သည်။

တစ်ဖက်သူမှာ မြို့တော်ရဲ့သားမှန်း သိသိချင်းပဲ မြို့ထဲက သဘာဝလွန်စွမ်းအားရှင်များ၏ ကင်းလှည့်စခန်းကို အစီရင်ခံလိုက်သည်။

ကင်းလှည့်စခန်း၏တာဝန်မှာ မြို့တော်ကို ဇွန်ဘီရန်မှ ကာကွယ်ရန်ဖြစ်သည်။

သို့သော်လည်း မကြာသေးမီက အလွန်အေးချမ်းနေခဲ့သောကြောင့် အဖွဲ့ဝင်သစ်များသည် ဇွန်ဘီများကို အမှန်တကယ် မတိုက်ခိုက်ဖူးကြပေ။

စွမ်းရည်အသုံးပြုသူ ကင်းလှည့်တပ်ရင်းက ဟိတ်ကြီးဟန်ကြီးဖြင့် ရောက်လာသည်။

အားလုံးမှာ အသက်ရှူအောင့်ထားခဲ့ကာ လမ်းဖယ်ပေးလိုက်ကြ၏။

ကင်းလှည့်အဖွဲ့ဝင်များမှာ သူတို့မှာ စွမ်းရည်ရှိတာကြောင့် အရမ်းကို မောက်မာကြသည်။

များသောအားဖြင့် မြို့ငယ်လေးထဲတွင် ဗိုလ်ကျချယ်လှယ်လေ့ရှိကြ၏။

"ဒီနွယ်ပင်က စွမ်းရည်တစ်ခုလား"

စွမ်းရည်အသုံးပြုသူ ကင်းလှည့်တပ်ရင်းရဲ့ခေါင်းဆောင်က မြို့တော်ဝန်ရဲ့သားကို ဖြတ်ကျော်သွားကာ နွယ်ပင်ကို ဂရုတစိုက်လေ့လာရင်း ပေါ့ပေါ့ပါးပါး ထိကြည့်လိုက်သည်။

နွယ်ပင်က လျှင်မြန်စွာကြီးထွားလာတော့၏။ ဒဏ်ရာလည်းပဲ ကြီးလာသည်။

မြို့တော်ဝန်ရဲ့သားတစ်ယောက် နာကျင်မှုဖြင့် တုန်တုန်ယင်ယင်ဖြစ်နေပြီး ကျယ်ကျယ်လောင်လောင်အော်ပြန်လေသည်။ "အားးးးးးး! အဖေရေ၊ ဖေဖေရေ!"

မြို့တော်ဝန်ရဲ့ အဘိုးခင်ဗျာ အလွန်စိတ်မကောင်း ဖြစ်သွားရှာပြီး ယင်းကိစ္စကို ဖြေရှင်းပေးဖို့ စွမ်းရည်အသုံးပြုသူ ကင်းလှည့်တပ်ရင်းအား ချက်ချင်းတောင်းဆိုလိုက်သည်။

ခေါင်းဆောင်က ဆိုလိုက်၏။"ငါတို့မဖြေရှင်းနိုင်ဘူး၊ စွမ်းရည်က အားကြီးလွန်းတယ်။"

မြို့တော်ဝန်ခဗျာ ရွေးချယ်စရာ မရှိတော့ပေ။ နွယ်ပင်က အဆက်မပြက်ကြီးထွားလာနေပြီး ခုတ်ဖြတ်ပစ်လို့လဲမရ၊ မီးလည်းမလောင်နိုင်ပေ။ ထို့ကြောင့် သူတို့မှာ တိုင်ကိုသာလျှင် ခုတ်ဖြတ်လိုက်ရပြီး တိုင်ကို လူနဲ့အတူ အိမ်ပြန်သယ်သွားခဲ့သည်။ ဒီပြဿနာကို ဖြေးဖြေးချင်း ဖြေရှင်းနေ၏။

မထွက်ခွာခင်မှာ ကင်းလှည့်တပ်ရင်းနှင့်အတူ အဲ့လူကို ထုတ်ဖော်ဖို့ ငွေများစွာ သုံးစွဲခဲ့သည်။ သူ့သားကို နာကျင်စေတဲ့ စွမ်းရည်အသုံးပြုသူကို သတ်ကိုသတ်ပစ်ရမည်။

°°°°°°°°
စုရွမ်ရွမ်သည် အမျိုးသားကို လမ်းကြားထဲ ဆွဲခေါ်သွားကာ ဟောဟဲလိုက်နေရင်း ဘေးက တိုင်နဲ့အတူ သူ့သားကို အိမ်ပြန်သယ်သွားတဲ့ မြို့တော်ဝန်ကို စောင့်ကြည့်နေလိုက်သည်။ လမ်းတစ်ခုလုံး အပြည့်ဖြစ်နေ၏။

ဒါက *ဘေးတိုက် ဝင်ချည်ထွက်ချည်သွားခြင်း* ဒဏ္ဍာရီ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။(မှန်းချက်နှင့် နှမ်းထွက်မကိုက်ခြင်း)

လူတွေ အဝေးရောက်သွားသောအခါ စုရွမ်ရွမ်သည် အမျိုးသားရဲ့ ကော်လံကို ဆွဲကိုင်လိုက်ရင်း တက်နိုင်သမျှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။"ရှင်က သဘာဝလွန် စွမ်းအားရှင် မဟုတ်ဘူးမလား၊ အဲ့ဒါ ရှင်လား။"

မိန်းမငယ်လေးရဲ့အသံက နူးညံ့သိမ်မွေ့ လို့နေ၏။ အသက်ရှူငွေ့က သူ့နားရွက်ဖျားကို ဖြတ်သန်း တိုက်ခတ်သွားပြီး ကပ်နေတဲ့ အနက်ရောင်ဆံပင်အချို့ လေငွေ့ရိုက်သွားသည်။

လုရှီမင်သည် သူမကိုယ်ပေါ်က သင်းပျံ့ချိုမြိန်သော မှိန်ဖျော့ဖျော့ ရနံ့လေးကို ရှူရှိုက်လို့ရနေ၏။

ဒီရနံ့က အတုအပပြုလုပ်ပြီး ပေါပေါပဲပဲ ထုတ်လုပ်၍ မရနိုင်သော ရနံ့မျိုးဖြစ်သည်။

သူမတစ်ယောက်တည်းသာ ပိုင်ဆိုင်သည့် ပြိုင်ဘက်ကင်းရနံ့လေးတစ်ခု ။

အမျိုးသားက တောင့်တောင့်ကြီးဖြစ်လာပြီးနောက် ဖြည်းဖြည်းချင်း မတ်မတ်ပြန်ရပ်လိုက်ပြီး လက်မြှောက်လိုက်ရာ သူ့လက်ချောင်းထိပ်ဆီမှ နွယ်ပင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သေးကွေးသော သစ်ရွက်လေးများ၏ ထိပ်ပိုင်းမှာ ခြောက်သွေ့သွားကြပြီး မီးခိုးရောင်ပြောင်းသွားခဲ့ကာ နာကျင်ပုံပေါ်နေကြ၏။

နွယ်ပင်လေးက စုရွမ်ရွမ်ကို မြင်မြင်ချင်းပဲ ရှေ့ကိုကိုင်းကာ သူမကို ခွေးတစ်ကောင်လို တိုးဝှေ့ပွတ်သပ်နေ၏။

ယခုအခါတွင် စွမ်းရည်အသုံးပြုသူ အများအပြားရှိကြပြီဖြစ်သော်လည်း စွမ်းရည်မရှိသည့် အားနည်းချည့်နဲ့သည့်ကြက်လေး စုရွမ်ရွမ်သည် စွမ်းရည်အသုံးပြုသူနှင့် ပထမဆုံး အနီးကပ်ဆုံဖူးခြင်း ဖြစ်သည်။

စုရွမ်ရွမ် လက်ဆန့်ထုတ်က နွယ်ပင်ကို ထိကြည့်လိုက်သည်။

နွယ်ပင်လေးက ဝမ်းသာအားရ လှုပ်ခါသွားပြီး မကြာမီပဲ square dance ကတော့မည့် နွယ်ပင်လေးကို စုရွမ်ရွမ် တားဆီးရပ်တန့်လိုက်ရသည်။ "အမ်..နင့်စွမ်းအားတွေကို လက်လွတ်စပယ် မသုံးနဲ့၊ ခုနကလေးတင် နင်မမြင်ခဲ့ဘူးလား။ မြို့တော်ဝန်က နင့်ကိုပြဿနာရှာဖို့ ကင်းလှည့်တပ်ဖွဲ့ကို တောင်းဆိုနေတယ်လေ"

စုရွမ်ရွမ်သည် နွယ်ပင်လေးကို အမျိုးသားဆီ တွန့်ဆုတ်စွာပြန်ပေးလိုက်ပြီးနောက် သူ့ကို ပညာပေးလိုက်သည်။ ဥပမာအားဖြင့် ကောက်ကျစ်စဉ်းလဲမှုများအား သူ့ကို ပြောပြထား၏။

အမျိုးသားခေါင်းညိတ်တာကို မြင်ပြီးနောက်တော့ သူမ စိတ်အေးသွားပြီး ဆိုလာသည်။"အိမ်ပြန်ရအောင်"

°°°°°°°°°

ကင်းလှည့်စခန်း၌။ အဖွဲ့ဝင်များမှာ မြို့တော်ဝန်ပေးပို့လာတဲ့ ပစ္စည်းသေတ္တာကြီးကို စိုက်ကြည့်နေကြသည်။

"ခေါင်းဆောင်၊ ကျွန်တော်တို့နွယ်ပင်စွမ်းအားရှင်ကိုတကယ်ရှာကြမှာလား"

ခေါင်းဆောင်က သေတ္တာပေါ်ကို တဒေါက်ဒေါက် ခေါက်နေပြီး ဟွန်းကနဲ အသံပြုလိုက်သည်။"ဒီလို စွမ်းအားမျိုးက ငါတို့ မထိန်းချုပ်နိုင်ဘူး။မြို့တော်၀န်ရဲ့သားက အဲ့လူကို ဘယ်မှာရန်သွားစခဲ့လဲမှ မသိတာ။ သူက သေဖို့ ထိုက်တန်တယ်။ အခုက နီးယန် ပေါ်ကိုပဲ အာရုံစိုက်ရအောင်။ နားထောင်ကြ။ သူမ ဆက်ဆံရမလွယ်ဘူးလို့ ပြောကြတယ်။ အရင်လက တခြားမြို့က စွမ်းအားရှင်နဲ့ စကားဆုံတုန်းက ပြောဖြစ်ခဲ့တာ"

ကင်းလှည့်စခန်းက အခကြေးငွေ လက်ခံခဲ့တာကြောင့်ဖြစ်သည်။

"အိုး ၊ ငါတို့ စွမ်းအားရှင်တွေက အဲ့အားနည်းတဲ့ ကြက်ပေါက်လေးတွေကို အကောင်းဆုံး ကာကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောလို့ရတယ်။ ငွေနည်းနည်းလောက် ယူတာ ဘာမှားလို့လဲ။ ဇာချဲ့တဲ့ မိန်းမတစ်ယောက်ပဲ။မိန်းမတွေကိုက ပြဿနာပါကွာ" ခေါင်းဆောင်ရဲ့စကားဆုံးတော့ အဖွဲ့အားလုံးက ချက်ချင်း သဘောတူလာကြသည်။"ဟုတ်တယ်၊ မိန်းမတွေကိုက ပြဿနာတွေ "

မိန်းမတွေအကြောင်း ပြောပြီးနောက် အဖွဲ့ဝင်တွေက ခေါင်းဆောင် စုရွမ်ရွမ်ကို ချိန်ရွယ်နေတာကို သတိရသွားကြသည်။ " ခေါင်းဆောင်၊ စုရွမ်ရွမ် ပြန်လာပြီလို့ ကျွန်တော်ကြားခဲ့တယ်"

ခေါင်းဆောင်ရဲ့မျက်လုံးတွေ တောက်ပလာပြီး ထရပ်ကာ ဆိုလိုက်သည်။"သွားကြမယ်"

သူ့ရဲ့အလှလေးကို သွားကြည့်မယ်။

သူ့ရဲ့ ကံတရားက သိပ်ကိုကောင်းလိမ့်မယ်လို့ ခေါင်းဆောင် မမျှော်လင့်ထားခဲ့ပေ။ သူမအိမ်တံခါးကနေ ဝင်လို့မရပုံရတဲ့ အလှလေးကို အိမ်တံခါးနားမှာ သူတွေ့လိုက်ရသည်။

တစ်ဖက်က စုရွမ်ရွမ်ကတော့ စိတ်ရှုပ်ထွေးနေ၏။

လက်စား မချေခဲ့ရုံသာမက ရည်စား တစ်ယောက်ကောက်လာခဲ့ပြီး...အိမ်ကိုပြန်ခေါ်လာခဲ့သောကြောင့် သူမအမေ သူမကို ဆူမှာကို စုရွမ်ရွမ် စိုးရိမ်ထိတ်လန့်နေသည်။

အမှန်စင်စစ်တော့ သူမကို ဆူမှာကို ထိတ်လန့်တာမဟုတ်သော်လည်း သူမအစားမစားရမှာကိုတော့ ထိတ်လန့်မိသည်။

စုရွမ်ရွမ် တစ်ယောက် သူမအမေကို ဘယ်လို ချော့ရပါ့မလဲတွေးနေတုန်း တစ်ဖက်ကခေါင်းဆောင်မှာ မစောင့်နိုင်တော့ဘဲ သူ့အဖွဲ့ကို ခေါ်ကာ ရောက်လာသည်။

ခေါင်းဆောင်က သူ့ထက် အရပ်ပိုမြင့်တဲ့ လုရှီမင်ကို မြင်တော့ သူ့အမူအရာက ချက်ချင်းပြောင်းသွားတော့သည်။

"မင်းက ငါတို့ မြို့က မဟုတ်ဘူးမလား။ မင်းရဲ့ မှီတင်းနေထိုင်ခွင့်က ဘယ်မှာလဲ။ထုတ်လိုက်...ကြည့်ရအောင်"

ကမ္ဘာပျက်ကပ်အား ပြန်လည်ပြုပြင်တည်ဆောက်ပြီးနောက် နေထိုင်ရာဒေသတစ်ခုချင်းစီအား အိမ်ရာပြင်ဆင်ခွဲဝေခြင်းများ စီစဉ်ခဲ့သည်။

လက်ဝယ်ပိုင်ဆိုင်ထားသော နေထိုင်ခွင့် တစ်ခု...။

သင့် ID ကဒ်ကဲ့သို့ပင် သင်သွားလေရာ၌ အသုံးပြုလို့ရမည်ဖြစ်သည်။

အိမ်ခြေယာမဲ့ အမျိုးသားတစ်ယောက်အဖြစ်ကတော့... ဟုတ်ပါသည်။ နေထိုင်ခွင့်ရှိမည် မဟုတ်ပါ။

စုရွမ်ရွမ်နူးညံ့စွာ ပြောလိုက်သည်။ "သူက ကျွန်မသူငယ်ချင်းပါ။"

ခေါင်းဆောင်မှာ ဆိုင်းတွသွား၏။"မင်းမှာနေထိုင်ခွင့်မရှိရင် ငါနဲ့ ပြန်လိုက်ခဲ့"

အမျိုးသမီးတစ်ယောက် ၊လူလွတ် အမျိုးသားတစ်ယောက်နဲ့ မုဆိုးမတစ်ယောက် တစ်ခန်းထဲအတူနေခြင်းဟာ... ဟုတ်ပါသည်။ ဖော်ပြ၍မရနိုင်သော တစ်စုံတစ်ရာကို အချက်ပြနေတာ ဖြစ်လိမ့်မည်။

လုရှီမင်က ဘာစကားမှမပြောဘဲရပ်နေခဲ့ပြီး မျက်လွှာတစ်ချက်တောင် ပင့်မလာချေ။

ခေါင်းဆောင်မှာ မမြင်နိုင်သောလည်း ခံစားလို့ရနေသည်။

သူ့အာဏာကို စိန်ခေါ်နေသည်ဟု ခေါင်းဆောင်ခံစားနေရသည်။

တစ်မြို့လုံးမှာ ဘယ်သူ့မှ သူ့ကို အာမခံရဲပေ။

ဒီလူက သူ့ဒေါသကို အောင်အောင်မြင်မြင်း နိုးဆွနိုင်ခဲ့သည်။သူ့ရဲ့ ဆင်ခြင်ဉာဏ်မဲ့မှုအတွက် ပေးဆပ်ရလိမ့်မည်။

ခေါင်းဆောင်မှာ ရုတ်တရက်ဒေါသထွက်လာ၏။"ဘယ်လို နတ်ဆိုးမျိုးလဲ၊သရဲ ယောင်လာဆောင်နေတယ်ပေါ့"

ခေါင်းဆောင်က ရေခဲပန်းဆွဲတစ်ခုပစ်လွှတ်လိုက်ရာ ထောင့်က နည်းနည်း ကွေ့ကောက်သွားသည်။

အမျိုးသားက စုရွမ်ရွမ်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ စုရွမ်ရွမ် နံဘေးကို ကာဆီးလိုက်သည်။

သူမမျက်လုံးများကို အမျိုးသားက ကာဆီး ဖုံးကွယ်ထား၍ သူမ မမြင်နိုင်နိုင်သော်လည်း မျက်နှာချင်း ဘက်မှ လူများရဲ့ အော်သံကိုကြားနေရသည်။

လရောင် အောက်တွင် အမျိုးသားနောက်မှ အဆုံးမရှိသောနွယ်ပင်များ ကြီးထွားလာပြီး ခေါင်းဆောင်နဲ့ သူ့အဖွဲ့သားများကို ထန်ဟူလူ (🍡)လိုမျိုး ရုတ်တရက် ထိုးသီလိုက်သည်။

သူတို့ နှလုံးများကို များကို ဆက်သီပြီးနောက် ဦးနှောက်ထဲက အမြုတေ အားလုံးကို မြိုချလိုက်သည်။

စုရွမ်ရွမ်က အမျိုးသားရင်ခွင်ထဲ အဖိခံထားရသည်။

အမျိုးသားရဲ့ တည်ငြိမ်သော နှလုံးခုန်သံကို သူမကြားနေရ၏။

"ဗုန်း ဗုန်း ဗုန်း" ဟူသော သူမရဲ့ မြန်ဆန်သောနှလုံးခုန်သံနဲ့ တဖြည်းဖြည်း ရောနှောသွားသည်။

အမျိုးသားရဲ့တည်ငြိမ်သော နှလုံးခုန်သံကြားတွင် စုရွမ်ရွမ်ရဲ့ နှလုံးခုန်သံက တဖြည်းဖြည်း ငြိမ်ဆိမ်လာတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက အတော့်ကို တိတ်ဆိတ်နေ၏။

စုရွမ်ရွမ် ခဏလောက် စောင့်နေပြီးနောက် လက်မြှောက်ကာ သူမမျက်လုံးကို ကာထားတဲ့ အမျိုးသားရဲ့ လက်ကို ဂရုတစိုက် ဖယ်ရှားလိုက်သည်။

သူ့မရှေ့ ပထမဆုံးပေါ်လာသော အရာမှာ သွေးအိုင်တစ်ခုဖြစ်သည်။

သိပ်သည်းလှသော သွေးနံ့များ လေထုထဲ ပျံ့နှံ့နေပြီး ခေါင်းဆောင်နှင့် သူ့အဖွဲ့သားများ ပျောက်ဆုံးနေသည်။

စုရွမ်ရွမ် မော့ကြည့်လိုက်ကော့ လေကြောင့် တဖျပ်ဖျပ်လွင့်နေတဲ့ အမျိုးသားရဲ့ အနက်ရောင်ဆံပင်များရာ မြင်လိုက်ရသည်။

သူခေါင်းနည်းနည်း ငုံ့လာတော့ အနီရောင် မျက်လုံးများကို ပေါ်လွင်လာစေ၏။

ထိုထဲတွင် အနီရောင် မီးတောက်ကိုရော၊ သူ့ကိုယ်ပိုင် ရောင်ပြန်ဟပ်မှုကိုပါ မြင်နေရသည်။

လရောင်အောက်တွင် သူ့မျက်ဝန်းများက ကြည်လင်တောက်ပတဲ့ ဖန်ခွက်လိုလှပနေ၏။

စုရွမ်ရွမ် တစ်ယောက် သူမရဲ့ " တဒိတ်ဒိတ် "ခုန်နေသည့် နှလုံးသားလေးကို ဆုပ်ကိုင်ထားလိုက်ပြီး သူမရဲ့ခြောက်သွေ့သောလည်ချောင်းဆီ တံတွေးမျိုးချလိုက်သည်။

"ကျွန်မ ..ကျွန်မ ရှင့်မျက်နှာကို ကြည့်လို့ရမလား။"

အမျိုးသားက စကားတစ်ခွန်း မပြောဘဲ သူမကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

စုရွမ်ရွမ်တစ်ယောက် အစမ်းသဘောဖြင့် လက်ဆန့် ထုတ်လိုက်ပြီး သူမရဲ့လက်ချောင်းများနဲ့ မျက်နှာဖုံးကို ထိကြည့်လိုက်သည်။

မျက်နှာဖုံးက လေးလံနေပြီး စုရွမ်ရွမ် ထိမိတာနဲ့ မြေပြင်ပေါ်ပြုတ်ကျသွားသည်။

လရောင်တောက်ပလျက် ရှိနေ၏။ အမျိုးသား ဆံပင်က တစ်ဝက်လောက် ညွတ်ကျနေပြီး သူက သတိမထားမိစွာပဲ သူ့မျက်နှာကို ကာလိုက်သည်။

သို့သော်လည်း စုရွမ်ရွမ် မြင်ပြီးပြီ ဖြစ်၏။

လရောင်အောင် ရှိ အမျိုးသား မျက်နှာတစ်ခြမ်းက ကောင်းမွန်နေသော်လည်း ကျန်တဲ့ မျက်နှာတစ်ခြမ်းကတော့...

တကယ်တော့ ဘုရားသခင်ရဲ့အချစ်တော်တစ်ယောက်လိုမျိုး အမျိုးသားရဲ့ လက်ရာမြောက်တဲ့ ကျောက်စိမ်းမျက်နှာကို မြင်ရင် လူတိုင်း တအံ့တသြဖြစ်ကြလိမ့်မည်။

သို့သော်လည်း တစ်ခြားတစ်ခြမ်းကိုကြည့်လျှင်မူ တစ်ခုခု လောင်ကျွမ်းထားသကဲ့သို့မဲနက်နေ၏။ ငရဲမှ တွားသွားထွက်သွားလာတဲ့ နတ်ဆိုးဝိဉာဉ် အသွင် ဖြစ်နေသည်။

တစ်ချက်ကြည့်ရုံဖြင့် လူတွေကို အမှန်တကယ် ထိတ်လန့်တုန်လှုပ်စေလိမ့်မည်။

အမျိုးသားက နှုတ်ခမ်းတွန့်ကွေးလိုက်ပြီး ကိုယ်ကို ကိုင်းကာ မြေပြင်ပေါ်ကျသွားတဲ့ မျက်နှာဖုံးကို ပြန်ကောက်တပ်လိုက်သည်။

နောက်ဆုံးတော့ စုရွမ်ရွမ်က နှုတ်ခမ်းဟပြီးဆိုလာသည်။"ရှင်က ကြည့်မကောင်းပေမယ့် ရှင့်မှာ ကြင်နာတက်တဲ့ နှလုံးသားရှိပါတယ်"(စုရွမ်ရွမ် အတွက်သာ)

ဖရုံသီး ခွေး: ဘာစကားတွေ ပြောနေတာလဲ။ ငါ့နားတော့ ကန်းပါပြီ။

°°°°°°

စွမ်းအားရှင်ကင်းလှည့်တပ်ရင်းတစ်ဝက်ပျောက်ဆုံးနေသည်။

အဓိကအဖြစ်အပျက်သည် ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းခံခဲ့ရသည်။

လူတိုင်းပျော်ရွှင်နေကြတော့၏။

နောက်ဆုံးတော့ သူတို့ရဲ့ ငွေ၊ သူတို့ရဲ့ အစားအသောက်၊ သူတို့ရဲ့ ဂုဏ်သိက္ခာကို မည်သူမျှ နင်းချေတော့မည် မဟုတ်။

ဤအရာများသည် ဇွန်ဘီများထက်ပို ရွံမုန်းစရာကောင်း၏။

ကင်းလှည့်တပ်ရင်းမှ ဒုခေါင်းဆောင် မြို့တော်ဝန်ကို တွေ့ဆုံချိန်တွင် မြို့တော်ဝန်က သူ့သားနဲ့ ပတ်သက်ပြီး စိုးရိမ်နေခဲ့ သည်။

နွယ်ပင်က အချိန်အတော်ကြာ ထုတ်လို့မရဘဲရှိနေပြီး ဒဏ်ရာက ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာကာ ဖြတ်ပစ်ရတော့မလို ဖြစ်နေသည်။

"အား အား ဖေဖေရေ "

"မြို့တော်ဝန်၊ ကျွန်တော့်လက်အောက်ငယ်သားတွေ ပြောတာ...."

"အား အား ဖေဖေ ဖေဖေရေ..."

"ငါ့ကို ပြော..."

" အဖေ့!"

ဒု ခေါင်းဆောင်က အရင်ဆုံး နေရာပြောင်းရင်ပြောင်း၊ ဒါမှမဟုတ် အသံကို ပိတ်ထားနိုင်မလားဟုပြောလာသည်။

မြို့တော်ဝန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူ့သားရဲ့ပါးစပ်ကို ကျွမ်းကျွမ်းကျင်ကျင် ပိတ်ဆို့လိုက်သည်။

နောက်ဆုံးတော့ နောက်ခံ သံစဉ်က ပိတ်သွားခဲ့ပြီး လက်ထောက် ခေါင်းဆောင်း စကားပြောလို့ရသွားတော့သည်။

"ခေါင်းဆောင် ပျောက်မသွားခင် နောက်ဆုံးပေါ်လာတာက စုရွမ်ရွမ် အိမ်ပဲ"

ခေါင်းဆောင်ကို သူတို့အိမ်မှာ မမြင်ခဲ့ပါဘူးဟု မြို့တော်ဝန်က ပြန်ပြောလာခဲ့သည်။

ဒု ခေါင်းဆောင်: ... ထားပါလေ၊ မြို့တော်ဝန်ရဲ့ သမီးကလည်း စုရွမ်ရွမ်ပဲကိုး။

"ကျွန်တော်က မြို့ထဲက ထိပ်တန်းအလှလေးအကြောင်း ပြောနေတာပါ" မြို့တော်ဝန်က ချက်ချင်း ခေါင်းညိတ်လိုက်၏။

လက်ထောက်ခေါင်းဆောင်က ဆက်ပြောလာသည်။ "ကျွန်တေည်တို့မြို့ထဲမှာ စွမ်းရည်ရှိတဲ့ ဇွန်ဘီတစ်ကောင် ရောနှောနေတယ်လို့ သံသယဖြစ်မိတယ်။ ခေါင်းဆောင်က သူသတ်တာခံလိုက်ရတာ နေမယ်။"ထိုစကားကို ပြောနေတဲ့ ဒုခေါင်းဆောင်ရဲ့ အမူအရာက ရုတ်တရက် မှုန်ကုပ်လာသည်။

မြို့တော်ဝန်ချက်ချင်းပဲ တစ်ကိုယ်လုံးတုန်လှုပ်လာ၏။ "သဘာဝမကျလိုက်တာ၊ စွမ်းရည်နဲ့ ဇွန်ဘီ"

စွမ်းရည်နဲ့ လူထက်စာလျှင် စွမ်းရည်နဲ့ ဇွန်ဘီက ကိုင်တွယ်ဖြေရှင်းဖို့ ပိုခက်သည်။

သူတို့က သေဖို့ မလွယ်ကူသောကြောင့်ပင်။

စွမ်းရည်ရှိတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က သွေးထွက်လွန်ခြင်းကြောင့်၊ ရောင်ရမ်းခြင်းကြောင့်၊ ဖြတ်တောက်ခံရခြင်းကြောင့်၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာရခြင်းကြောင့် သေဆုံးနိုင်သည်။

သို့သော်လည်း ဇွန်ဘီများကတော့ ကွဲပြားသည်။ သူတို့က စိတ်ခံစားချက်နဲ့ ဆန္ဒ ကင်းမဲ့နေသည်။ သူတို့ရဲ့ ခေါင်းကို ဆုံးရှုံးရတာ လွဲလို့ သူတို့ဟာ စွမ်းအားရှင်များထက် သေဖို့ ပိုခက်သည်။အထူးသဖြင့် စိတ်ခံစားချက် ၇ ခုနဲ့ ဆန္ဒ ၆ ခုကို စွန့်လွှတ်ထားသည့် သဘာဝလွန် စွမ်းအားရှိသောဇွန်ဘီများပင်။

လွန်ခဲ့တဲ့ သုံးနှစ် ဒီမြို့ကို စတင်စီမံခန့်ခွဲကတည်းက မြို့တော်ဝန်မှာ ဇွန်ဘီဟု အသံကြားတာနဲ့ ဖြူစုပ်သွားတက်သည်။

ဒုတိယခေါင်းဆောင်က ဆက်ပြောလာသည်။"ငါတို့ နန်နီအဖွဲ့ မရောက်ခင် ဒီစွမ်းအားရှင် ဇွန်ဘီကို ဖမ်းရမယ်။ ဒီနည်းက ပဲ ငါတို့ ကုသိုလ်နဲ့ ခုနှိမ်နိုင်မှာ "

" ကုသိုလ်နဲ့ခုနှိမ်တယ်?" မြို့တော်ဝန်မှာ အပြစ်ရှိ စိတ်ဖြင့် နောက်တွန့်သွားသည်။

ဒုခေါင်းဆောင်ကဆိုလိုက်သည်။"နန်နီက ဒီမြို့ကို ထောက်ခံမှူပေးဖို့ပဲ ဒီမြို့ကို လာတယ်ထင်နေလား ၊သူမက ဒီနေရာရဲ့အခြေအနေနဲ့ပတ်သက်ပြီး အတိအကျကို သိတယ်။ ဒီအကြိမ်က မင်းကို ရှင်းလင်းဖို့ ရောက်လာတာများလား?"

မြို့တော်ဝန်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

သူ ဒုခေါင်းဆောင်နဲ့ သေချာပေါက် ပူးပေါင်းဆောင်ရွက်ပါမည်ဟု ပြောလိုက်သည်။

"ကျွန်တော့်သားကို နာကျင်စေတဲ့ စွမ်းရည်နဲ့လူက..."

"မင်းသားကို နာကျင်စေတာက စွမ်းရည်နဲ့ ဇွန်ဘီ ဖြစ်နိုင်တယ်" ဒုခေါင်းဆောင်ရဲ့မျက်နာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။"ငါတို့ သူ့ကို ဖမ်းနိုင်ရင် သူ့သလင်းကျောက်အမြုတေကို တူးထုတ်ပစ်မယ်...။"

ဒုခေါင်းဆောင်ရဲ့ မျက်နှာထက်ဝယ် အလိုလောဘများ ပေါ်လွင်နေ၏။

အခြေစိုက်စခန်းများ တဖြည်းဖြည်း တည်ငြိမ်လာကတည်းက စွမ်းရည်အသုံးပြုသူများမှာ ပိုမိုမြင့်မားသော စွမ်းရည်များကို စတင်လေ့လာလိုက်စားလာကြသည်။

ဇွန်ဘီများ၏ သလင်းကျောက်အမြုတေများမှာ လူများနှင့် ကွဲပြားသည်ကို ရှာတွေ့ခဲ့ကြ၏။

စွမ်းရည်ခြင်း မတူရင်တောင် ရောနှောလို့ရနေသည်။

စွမ်းရည်တိုးတက်စေရုံသာမက စွမ်းရည်နှစ်မျိုးပင် ရနိုင်ကြသည်။

ယခုတွင် စွမ်းရည်အသုံးပြုများစွာရှိပြီဖြစ်သော်လည်း စွမ်းရည်နှစ်မျိုးရှိသူမှာ နည်းနေသေးသည်။

ပြီးတော့လည်း ထိုရှားပါးသော စွမ်းရည်နှစ်မျိုး အသုံးပြုသူများသည် အခြေစိုက်စခန်းတွင် တလှိုင်လှိုင် သင်းပျံ့နေတဲ့ အစားအစာတွေ၊ အစပ်တွေညနေ့တိုင်း စားလို့ရသည့် အဆင့်မြင့် ခေါင်းဆောင်များ ဖြစ်လာကြပြီး ပျော်ပျော်ပါးပါး နေနိုင်ကြသည်။

ကောင်းကင်သို့လှမ်းသော ခြေတစ်လှမ်းအဖြစ် ဖော်ပြလို့ရနေ၏။

ဒီကိစ္စက များစွာသောစွမ်းအားရှင်များကို ဆွဲဆောင်နေတော့သည်။

အမုန်းတရားသည် ကျေးဇူးတရား ထက်သာလွန်ပြီး လူသားများနှင့် ဇွန်ဘီများကြားရှိ တိုက်ပွဲမှာ သာ၍ပင် ကြေကွဲဖွယ် အတိ ဖြစ်နေတော့သည်။

°°°°°°°

စုရွမ်ရွမ်သည် အမျိုးသားကို အိမ်ပြန်ခေါ်သွား၏။

အိမ်ထဲတွင် တစ်ယောက်မှမရှိပေ။ သူမအမေနဲ့ သူမ အစ်မက အိမ်ကနေ ထွက်သွားတာ ဖြစ်မယ်လို့ စုရွမ်ရွမ်ခန့်မှန်းလိုက်သည်။

အဆုံးမှာတော့ သူတို့ရဲ့ စားနပ်ရိက္ခာမှာ အမြဲလုံလောက်မှု မရှိပေ။

နောက်တစ်နေ့တွင် သူမအမေနဲ့ သူမ အစ်မ ပြန်ရောက်လာခဲ့သည်။

စုရွမ်ရွမ် အမျိုးသားကို သူတို့နဲ့ မိတ်ဆက်ပေးလိုက်၏။"ဒါက ကျွန်မအမေ"

ပိုင်ဟွမ် : တဆတ်ဆတ် တုန်နေ။

"ဒါက ကျွန်မ အစ်မ "

King Kong ရုပ်: တဆတ်ဆတ် တုန်နေ။

ဒီလူ ပြာဖြစ်သွားရင်တောင် သူတို့ကတော့ သူ့ကို မှတ်မိနေမည် ဖြစ်သည်။







Zawgyi

"ရွင္ ဘာလို႔ ကြၽန္မ ေနာက္လိုက္ေနေသးတာလဲ"

စု႐ြမ္႐ြမ္တစ္ေယာက္ သူမ အထုတ္အပိုးကို ကိုင္ကာ သူမေနာက္တစ္ခ်ိန္လုံး လိုက္ေနတဲ့ အမ်ိဳးသားကို လွည့္ၾကည့္လိုက္သည္။

ၿပီးေတာ့ အဲ့ ဖ႐ုံသီးေခြးေရာပဲ။

အမ်ိဳးသားက စကားမေျပာဘဲ သူမကို ၾကည့္႐ုံသာ ၾကည့္ေနသည္။

အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ စု႐ြမ္႐ြမ္ ႏွလုံးသားေလး တုန္ယင္လႈပ္ခါသြားသလိုပင္။

သူမအိတ္ထဲက ပိုင္မုန႔္အႀကီးႀကီးတစ္ခု ထုတ္ယူလိုက္သည္။

ဖ႐ုံသီးေခြးက အေျပးေရာက္လာၿပီး မုန႔္ကို ကိုက္ေျပးသြားေတာ့၏။

စု႐ြမ္႐ြမ္: ... သူမက လူကိုေပးမလို႔ကို။

႐ုတ္တရက္ အေရွ႕ဘက္ဆီက e-bike ေလးဆီမွ က်ယ္ေလာင္ေသာအသံတစ္ခုထြက္ေပၚလာ၏။

အရပ္ျမင့္ၿပီး ေတာင့္တင္းမာေက်ာတဲ့ ႂကြက္သားေတြနဲ႕ အမ်ိဳးသားက လက္ထဲတြင္ ပုဆိန္ႀကီးတစ္လက္ကိုင္ထားၿပီး ၊ ရင္ခြင္ထဲတြင္ေတာ့ ဝဝကစ္ကစ္ ေခြးေလးတစ္ေကာင္ကိုင္ထားကာ လွ်ပ္စစ္ဆိုင္ကယ္ေလးကို ေမာင္းလာသည္။

သူတို႔ရဲ႕ ေနာက္တြင္ေတာ့ လွ်ပ္စစ္ဆိုင္ကယ္ ကိုယ္စီ ေမာင္းေနၾကေသာ ညီငယ္ေလးတို႔ တစ္ဖြဲ႕က လိုက္ပါလာသည္။

သို႔ေသာ္လည္း လွ်ပ္စစ္ဆိုင္ကယ္အေရအတြက္မွာ နည္းလြန္းၿပီး ညီငယ္အေရအတြက္က အေတာ္ေလး မ်ားျပားလြန္းေသာေၾကာင့္ အားလုံးမွာ တိုးေဝွ႕ ပူးကပ္ကာ စီးေနၾကရသည္။

"အစားအစာနဲ႕ ေငြေတြ ထားခဲ့စမ္း" လွ်ပ္စစ္ဆိုင္ကယ္ကို ေမာင္းေနတဲ့ ညီငယ္ေလးက ေအာ္ေျပာလိုက္သည္။

ပုဆိန္နဲ႕ ကစားရင္း ေခြးကိုကန္ထုတ္လိုက္တဲ့ အစ္ကိုႀကီးက ဆိုးသြမ္းသြမ္း အၿပဳံးမ်ိဳးၿပဳံးျပလာသည္။

ဝဝကစ္ကစ္ ေခြးေလးက လြန္လြန္ကဲကဲ ေဟာင္လာ၏။ "ဝုတ္ !!!"

ဖ႐ုံသီး ေခြးရဲ႕ မ်က္လုံးေတြ တလက္လက္ေတာက္ပလာၿပီး ခ်က္ခ်င္းပဲ ေျပးတက္သြားသည္။

ဝဝကစ္ကစ္ေခြးက ဖ႐ုံသီးေခြးကို ဆက္ေဟာင္ေန၏။ ဝဝကစ္ကစ္ေခြးက အစ္ကိုႀကီးလက္ေမာင္းၾကားဖက္ထားခံရၿပီး မသိမိုက္မဲစြာ တဝုတ္ဝုတ္ ေဟာင္ေနသည္။

မထင္ထားစြာ အစ္ကိုႀကီးက ႐ုတ္တရက္ လႊတ္လိုက္ေတာ့ ဝဝကစ္ကစ္ေခြးမွာ ေျမျပင္ေပၚျပဳတ္က်သြားၿပီး ဖ႐ုံသီး ခြးရဲ႕ ဖိႀကိတ္ခံလိုက္ရသည္။

ခဏေလာက္ၾကာၿပီးေနာက္။ အေျခအေနက ကိုးယိုးကားယားနိုင္ေန၏။

အစ္ကိုႀကီးက ပုဆိန္ကို က်ယ္ေလာင္ေသာ အသံနဲ႕ ရိုက္ခတ္လိုက္ၿပီး စု႐ြမ္႐ြမ္ကို စိုက္ၾကည့္ကာ ေျပာလိုက္သည္။"မိန္းကေလး၊ အစားအစာနဲ႕ပိုက္ဆံကို ငါ့ကိုသာ ေပးလိုက္..ဒါဆိုမင္းကို အသက္ခ်မ္းသာေပးမယ္!"

ညီငယ္ေလးက သေဘာတူေထာက္ခံလိုက္၏။ "ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္၊ ငါတို႔ အစ္ကိုႀကီးရဲ႕ နာမည္ကို မင္းမၾကားဖူးဘူးလား၊ ဘာမွ ဂ႐ုမစိုက္တဲ့ ေခါင္းျဖတ္နတ္ဆိုး ဆိုတာ ငါတို႔ အစ္ကိုႀကီးပဲ!"

စု႐ြမ္႐ြမ္ ထိတ္လန့္တၾကား မ်က္လုံးျပဴးသြားၿပီး တုန္တုန္လႈပ္လႈပ္ျဖင့္ သူမလက္ထဲက ခရီးေဆာင္အိတ္ေလးကို ခ်က္ခ်င္း အစ္ကိုႀကီးဆီ ပစ္ေပးလိုက္သည္။

"ကြၽန္မကို မခုတ္ပါနဲ႕၊ ကြၽန္မကို မခုတ္ပါနဲ႕၊ အားလုံးေပးမယ္၊ ကြၽန္မ ရွင္တို႔ကို အားလုံးေပးမယ္။"

အစ္ကိုႀကီးမွာ လွ်ပ္စစ္ဆိုင္ကယ္ေပၚမွ ပစ္က်သြား၏။

အလြဲလြဲအမွားမွားကိုယ္ဟန္နဲ႕ က်သြားတာေၾကာင့္ ေခါင္းကို ရိုက္မိသြားခ်ိန္တြင္ သတိလစ္ေမ့ေမွ်ာသြားေတာ့သည္။

ညီငယ္ေလးမ်ားမွာ ခဏေလာက္ မွင္သက္ အံ့ဩသြားၾကၿပီးေနာက္ မႈန္ကုပ္ကုပ္ အမႈအရာေတြနဲ႕ ခ်က္ခ်င္းပဲ သူတို႔ကို ဝန္းရံလာၾကသည္။

ရွင္တို႔ ကြၽန္မရဲ႕ စြမ္းအားကိုေၾကာက္သင့္တယ္ေနာ္၊ ရွင္တို႔ ကြၽန္မကို ေလးစားသင့္တယ္ေနာ္ ဟု စု႐ြမ္႐ြမ္ ေျပာလိုက္သည္။

စု႐ြမ္႐ြမ္သည္ သူမရဲ႕ ရွိခိုးေကာင္ပုံစံ၊ ပ်ံသန္းေနေသာ နဂါး၊ အမူးသမား ဆရာသခင္ကိုယ္ဟန္ေတြ ျပသရင္းျဖင့္ သူမရဲ႕ စြမ္းအားျပည့္ဝေသာ ကြန္ဖူးကို ျပသလိုက္သည္။

ဝိုင္းရံေနၾကတဲ့ ညီငယ္ေလးမ်ားမွာ တျဖည္းျဖည္း ေနာက္တြန႔္သြားၿပီး မူလက ရက္စက္ၾကမ္းၾကဳတ္ေနတဲ့ အမူအရာမ်ားမွာလည္း ႐ုတ္တရက္ အလန႔္တၾကား ျဖစ္လာၾကကာ ေနာက္ေတာ့ ေၾကာက္႐ြံ႕တုန္လႈပ္လာၾကၿပီး ေနာက္ဆုံးတြင္ေတာ့ အေၾကာက္တရားႏွင့္အတူ ခိုက္ခိုက္တုန္ေနၾကေတာ့သည္။

အလွေလး၏ ေနာက္မွ အမ်ိဳးသားက မ်က္လုံးမ်ား ေမွးက်ဥ္းလိုက္ကာ ေဘးဘက္သို႔ နည္းနည္းလွည့္၍ စုတ္ၿပဲေနေသာ အိတ္ရဲ႕ ေထာင့္စြန္းကို ထုတ္ေဖာ္လိုက္သည္။

ေငြေရာင္အလင္း တဖ်က္ဖ်က္လက္ေနတဲ့ ပုဆိန္ရဲ႕ ထိပ္ဖ်ား ျဖစ္၏။ဖ႐ုံသီးေခြးကလည္း အမ်ိဳးသားရဲ႕ ေျခေထာက္နားကို လွိမ့္သြားၿပီး ပါးစပ္ဖြင့္ကာ သူ႕ခႏၶာကိုယ္ႏွင့္မွ မလိုက္ ႀကီးမားတဲ့ပါးစပ္ႀကီးကို ထုတ္ေဖာ္ျပသလာသည္။

မူလက ေစာင့္ႂကြားႂကြားနိုင္ေနၾကေသာ ညီငယ္ေလးမ်ားမွာ ႐ုတ္တရက္ ျဖဴစုပ္လာၾကၿပီး သူတို႔ အစ္ကိုႀကီးနဲ႕ သူတို႔ရဲ႕ လွ်ပ္စစ္ဆိုင္ကယ္ေလးမ်ားကိုပင္ ဂ႐ုမစိုက္အားၾကေတာ့ပဲ ထြက္ေျပးၾကေတာ့သည္။

စု႐ြမ္႐ြမ္ ေျမျပင္ေပၚက လွိမ့္ထလိုက္၏။ သူတို႔ အေဝးကို ေျပးသြားတာကို ျမင္ေသာအခါ သူမအံ့အားသင့္သြားၿပီး အရမ္းပဲ ဂုဏ္ယူမိသြားသည္။

သူမက အရမ္းသန္မာတာပဲ။

အစ္ကိုႀကီးနိုးလာေသာအခါ သူ႕ညီငယ္ေလးမ်ား ေပ်ာက္ဆုံးေနေၾကာင္း သတိထားမိလိုက္သည္။

အစ္ကိုႀကီး:??????

စု႐ြမ္႐ြမ္ သူမပိုက္ဆံတစ္ဝက္ကို ထုတ္ၿပီး သူမေနာက္က အမ်ိဳးသားကို ေပးလိုက္သည္။

"ရွင္က အိမ္ေျခရာမဲ့လား "

စု႐ြမ္႐ြမ္သည္ စိတ္ပူပန္ေနေသာပုံစံနဲ႕ သူမ ပိုက္ဆံ တစ္ဝက္ကို သူ႕ကို ေပးလိုက္ၿပီး ရက္ရက္ေရာေရာ ေျပာလိုက္သည္။"ေဟး ယူသြားၿပီး အစားဝယ္ စားလိုက္"

အမ်ိဳးသားက ပိုက္ဆံကို လွမ္းယူလိုက္ၿပီး စု႐ြမ္႐ြမ္ ေနာက္သို႔ ဆက္လိုက္ေနခဲ့သည္။

စု႐ြမ္႐ြမ္ သူ႕ကို သံသယအၾကည့္ျဖင့္ စိုက္ၾကည့္လိုက္၏။

"ရွင္ဘာလို႔ ကြၽန္မ ေနာက္ဆက္လိုက္ေနေသးတာလဲ"

သူမရဲ႕ ခန႔္ညားတဲ့ သြင္ျပင္ေၾကာင့္ သူမ ညီငယ္ေလးျဖစ္ခ်င္ေနတာမ်ား ျဖစ္နိုင္မလား။

စု႐ြမ္႐ြမ္သည္ ႐ုတ္တရက္ သူမရဲ႕ရင္ဘတ္ကို မတ္မတ္ထားလိုက္ၿပီး အမ်ိဳးသားရဲ႕ ပခုံးကို ပုတ္ကာ ေျပာလိုက္သည္။"ေကာင္းၿပီေလ၊ ဒါဆိုလည္း ဆက္လိုက္ခဲ့"

♦♦♦♦♦

စု႐ြမ္႐ြမ္သည္ ညီငယ္ေလးကို ဝမ္းသာအားရ လက္ခံလိုက္ၿပီး မုန႔္ကို ျဖည္းျဖည္းခ်င္း ဝါးစားေနကာ ခြဲေတာင္ ခြဲေပးလိုက္ေသး၏။ ညီငယ္ေလးနဲ႕အတူတူ ေလွ်ာက္သြားေနၿပီး ေမွာင္လာေသာအခါ အိပ္ဖို႔ ေနရာရွာကိုျမင္ေတာ့ ညီငယ္ေလးက သူမအတြက္ ဂူတစ္ဂူ ရွာေပးခဲ့ၿပီး ေစာင္ခင္းေပးခဲ့သည္။

ဤသို႔ ညီငယ္ေလးရဲ႕ ဂ႐ုစိုက္မႈနဲ႕ ေတြ႕ဆုံရေတာ့ စု႐ြမ္႐ြမ္သည္ လက္မ (👍) ေပးလိုက္ၿပီးေနာက္ ေခါင္းေစာင္းကာ အိပ္ေပ်ာ္သြားေတာ့သည္။

မီးေရာင္ေဘး၌။ သူ႕ေဘးနားတြင္ ေကြးေနတဲ့ မိန္းမငယ္ေလးကို အဝတ္ထူထူျဖင့္ ထုတ္ပိုးလိုက္သည္။

မီးေတာက္ၾကားက မ်က္ႏွာေလးက ကေလးဆန္လို႔ေနေသး၏။

အထူးသျဖင့္ ထိုမ်က္ဝန္းမ်ားပင္။ အရင္ကလိုပဲ အညစ္အေၾကးတစ္စုံတစ္ရာမရွိပဲ ၾကည္လင္သန႔္ရွင္းလို႔ ေနသည္။

အမ်ိဳးသားက လက္ဆန့္ထုတ္ကာ သူမမ်က္ႏွာေပၚ ဆံပင္ေတြကို ညင္သာစြာ သပ္တင္ေပးလိုက္သည္။ထို႔ေနာက္ သူ႕မ်က္နာဖုံးကို မ,လိုက္ရာ ပါးလႊာေသာ ေမးရိုး ခပ္ေရးေရးေပၚလြင္လာ၏။

အမ်ိဳးသားက ကိုယ္ကို ကိုင္းကာ သူမရဲ႕ႏူးညံ့ေသာပါျပင္ေလးကို သူ႕ပါးလ်ေသာႏႈတ္ခမ္းပါးနဲ႕ ထိေတြ႕လိုက္သည္။

သူမနိုးသြားမွာစိုးတဲ့အတြက္ ရွပ္ထိ႐ုံသာ နမ္းလိုက္၏။

႐ုတ္တရက္ မ်က္ႏွာဖုံးမွ ႏြယ္ပင္မ်ားထြက္ေပၚလာၿပီး သူတို႔ရဲ႕ သြားေတြ ၊လက္ေတြက မိန္းမငယ္ေလးဆီသို႔ လွ်င္ျမန္စြာ စု႐ုံး ေရာက္ရွိလာၾကသည္။

လုရွီမင္က သူ႕လက္ကို ျမႇောက္လိုက္ၿပီး ခက္ခက္ခဲခဲ ဆြဲထုတ္ကာ ေနာက္ျပန္သိမ္းလိုက္သည္။

ႏြယ္ပင္မ်ားသည္ နာက်င္သြားၾကၿပီး မေက်မနပ္ျဖင့္ တုန္တုန္ယင္ယင္ ေနာက္ဆုတ္သြားၾကသည္။

တိတ္ဆိတ္မႈက ပတ္ဝန္းက်င္ကို နဂိုအတိုင္းျပန္ျဖစ္သြားေစ၏။

အမ်ိဳးသားက မ်က္ႏွာဖုံးကို ျပန္ဆြဲခ်လိဳက္ကာ အနည္းငယ္ျမင့္ တက္ေနေသာ ႏႈတ္ခမ္းေထာင့္စြန္းကို ဖုံးကြယ္လိုက္သည္။

ေျမျပင္ေပၚ တြားသြားေနေသာ ႏြယ္ပင္မ်ားမွာ ေလာင္ကြၽမ္းေနသကဲ့သို႔ ျပာအျဖစ္ ေျပာင္းသြားၾကၿပီး တျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့သည္။

အမ်ိဳးသားရဲ႕ မ်က္ႏွာက မ်က္ႏွာဖုံးထဲဖုံးကြယ္ေနၿပီး သူ႕အနက္ေရာင္ဆံပင္တစ္ဝက္မွာ မ်က္ႏွာေရွ႕တြဲလြဲက်ေနကာ ေသြးကဲ့သို႔နီရဲေနသည့္ မ်က္ဝန္းတစ္ခုသာလွ်င္ ေပၚလြင္ေန၏။

သူ တစ္ခါေျပာခဲ့သလိုပဲ...သူမ ဘာပဲျဖစ္လာလာ သူကေတာ့ သူမကို ျမင္ျမင္ခ်င္းမွတ္မိေနမည္သာ ျဖစ္သည္။

♦♦♦♦♦

စု႐ြမ္႐ြမ္သည္ ပတ္ဝန္းက်င္တစ္ဝိုက္ လဝက္အၾကာ လွည့္ပတ္ေလွ်ာက္သြားေနခဲ့သည္။ ဒီေနရာက ဥပေဒနဲ႕ အမိန႔္အာဏာမွာ တကယ့္ကို သိပ္မေကာင္းေပ။

လူေတြက ေငြေတြ လုယက္ဖို႔နဲ႕ လိင္ကိစၥအတြက္ လာေနၾကသည္။

မေအာင္ျမင္ေသာ္လည္းပဲ ဒါက လူကို ပင္ပန္းေစသည္။

သူမက အားလပ္ခ်ိန္မရွိေသာ အသက္ရွင္သန္ဖို႔အတြက္ အလုပ္ႀကိဳးစားေနရသည့္ လူမႈေရးတိရစာၦန္တစ္ေကာင္လို ခံစားရေစသည္။

လြန္ခဲ့ေသာရက္အနည္းငယ္အတြင္း ၁၀၈ဖြဲ႕ေျမာက္ေသာအဖြဲ႕နဲ႕ ေတြ႕ႀကဳံရၿပီးေနာက္ စု႐ြမ္႐ြမ္သည္ သူမ ေနာက္ထပ္မတိုက္ခိုက္ခ်င္ေတာ့ဘူးဟု ေျပာလိုက္သည္။

သူမေခါင္းက အၿမဲ ေျမျပင္ေပၚလိမ့္ေနၿပီး ကြဲေၾကေနသလို ခံစားရသည္။

ဒီစကားကိုေျပာၿပီးေနာက္ေတာ့ သူမေဘးမွာ တကယ့္ကို ရွင္း‌လင္းေနၿပီျဖစ္ေၾကာင္း စု႐ြမ္႐ြမ္ နားလည္သေဘာေပါက္သြားသည္။

ပု႐ြတ္ဆိတ္ တစ္ေကာင္တစ္ေလေတာင္မွ မေတြ႕ရေတာ့ေပ။

ပထမေတာ့ သူမရဲ႕ ခန႔္ညားတဲ့ကိုယ္ဟန္ေၾကာင့္ သူ႕တို႔ေၾကာက္လန႔္ထြက္ေျပးသြားၾကတယ္လို႔ ထင္ေပမယ့္ ေနာက္ေတာ့ သူမရွာေတြ႕လိုက္ရတာက…

"ျမင္ၿပီးတာနဲ႕ ထြက္ေျပးသြားၾကပုံေပါက္ေနလားလို႔"

စု႐ြမ္႐ြမ္သည္ သူမေမးကိုကိုင္ကာ မီးပုံကို စိုက္ၾကည့္ေန၏။အမ်ိဳးသားက သူမေဘးမွာထိုင္ၿပီး ယုန္သားကင္ေနသည္။

အမ်ိဳးသား မ်က္ႏွာေပၚက မ်က္ႏွာဖုံးက တင္းက်ပ္ေနၿပီး မ်က္လုံးတစ္ဖက္ကလြဲလို႔ ဘာမွမျမင္ရေပ။

စု႐ြမ္႐ြမ္ ပိုျမင္ရဖို႔ ေရွ႕ကို တိုးလိုက္သည္။ မီးေရာင္ေၾကာင့္ ျဖစ္ေကာင္း ျဖစ္နိုင္ၿပီး အမ်ိဳးသားရဲ႕ မ်က္လုံးထဲ ေလာင္ကြၽမ္းေနတဲ့ မီးေတာက္ကို သူမ တကယ္ ျမင္ေနရသည္။

ထိုမီးေတာက္က အရာအားလုံးကို အဆုံးသတ္ဖို႔ ေလွာင္ကြၽမ္းေနသည့္ဟန္ ရဲရဲေတာက္ကာ ပူျပင္းလြန္းလွသည့္ မီးေတာက္မ်ိဳးျဖစ္ၿပီး သိပ္ကို ပူျပင္းလြန္းကာ ေၾကာက္႐ြံ႕ထိတ္လန႔္ဖြယ္ေကာင္းလွေပမည္။

စု႐ြမ္႐ြမ္သည္ မီးေတာက္ထဲသို႔ တိုးဝင္လုနီးပါးျဖစ္ေနသည့္ သူမေခါင္းေလးကို ခ်က္ခ်င္း ေနာက္ျပန္ဆုတ္လိုက္သည္။

ထို႔ေနာက္ အမ်ိဳးသားကို ဆက္လက္ရႈစား စိုက္ၾကည့္ေန၏။

သူက အေတာ္ေလးတိတ္ဆိတ္လို႔ေနၿပီး စု႐ြမ္႐ြမ္က သူ႕ကိုစိုက္ၾကည့္ေနေတာ့ ႐ုတ္တရက္မြန္းၾကပ္မိလာသည္။

သူမက သတိမထားမိစြာပဲ အမ်ိဳးသားရဲ႕မ်က္ဝန္းကို ကာဖို႔ လက္လွမ္းလိုက္သည္။

အမ်ိဳးသားက တဖ်ပ္ဖ်ပ္ မ်က္ေတာင္ခတ္လိုက္ေတာ့ သူ႕ရဲ႕ သြယ္စင္းစင္း မ်က္ေတာင္မ်ားက သူမလက္ဖဝါးေပၚ ျဖတ္သန္းပြတ္တိုက္သြားသည္။

စု႐ြမ္႐ြမ္သည္ ခ်က္ခ်င္းပင္ သူမလက္ကို ျပန္႐ုတ္လိုက္ၿပီး အနည္းငယ္ ရွက္႐ြံ႕နီရဲသြားသည္။

"ကြၽန္မ..ကြၽန္မက သီးသီးသန႔္သန႔္ပဲ ေနတတ္တာပါ..."ဘာေၾကာင့္မွန္းမသိ မၾကာေသးခင္က အမ်ိဳးသားကို ျမင္ေသာအခါ သူမခံစားခ်က္ကိုေတြကို မထိန္းခ်ဳပ္ထားနိုင္ခဲ့ေပ။

ျဖစ္ေကာင္းျဖစ္နိုင္တာက ေနာက္ဆုံးေတာ့ သူမပ်ိဳေဖာ္ဝင္လာတာ ျဖစ္လို႔ ျဖစ္မည္။

ဒီလို ေတြးေနရင္း စု႐ြမ္႐ြမ္သည္ အမ်ိဳးသားကို ထပ္ၿပီး ခိုးၾကည့္လိုက္ျပန္၏။

အမ်ိဳးသားက လွပေသာ ေၾကးေသြးေရာင္ မ်က္ဝန္းနဲ႕ သူမကို စိုက္ၾကည့္ေနသည္။

စု႐ြမ္႐ြမ္ အေၾကာင္းအရာေျပာင္းလိုက္၏။"အင္း...ရွင္ဘာလို႔ မ်က္ႏွာဖုံးဝတ္ထားတာလဲ"

အမ်ိဳးသားရဲ႕အသံက မ်က္ႏွာဖုံးရဲ႕ေနာက္မွ ၾကည္လင္စြာ ထြက္ေပၚလာသည္။ " ႐ုပ္ဆိုးလို႔၊ မင္းကိုယ့္ကို ေၾကာက္သြားမွာဆိုးလို႔"

သူမက ေလာကႀကီးထဲက ႀကီးက်ယ္တဲ့အရာေတြကို ျမင္ခဲ့ဖူးၿပီးၿပီ၊ ဘယ္ေတာ့မွ ေၾကာက္မွာ မဟုတ္ပါဘူးဟု စု႐ြမ္႐ြမ္ ေျပာလိုက္သည္။

ၿပီးေတာ့ ဒီလူရဲ႕အသံက အရမ္းေကာင္းတာကို၊
သူက ၾကည့္ေကာင္းတာပဲ ျဖစ္ရမယ္!

သူက အရမ္းၾကည့္ေကာင္းလြန္းလို႔ မ်က္ႏွာဖုံးတပ္ထားတာ ျဖစ္ရမယ္!

စု႐ြမ္႐ြမ္ရဲ႕ ဘလင္း ဘလင္းမ်က္ဝန္းေတြနဲ႕ ေတြ႕ဆုံရေတာ့ အမ်ိဳးသားက စကားမေျပာခဲ့ပဲ သူ႕လက္ထဲက ယုန္ကင္ကိုသာ သူမကို ကမ္းေပးလိုက္သည္။

ဒီအဓိပၸာယ္ကေတာ့ သူ႕မ်က္ႏွာဖုံး ခြၽတ္ဖို႔ ဆႏၵမရွိဘူးဟူ၍ ျဖစ္သည္။

စု႐ြမ္႐ြမ္သည္ စိတ္ပ်က္သြားေသာ မ်က္ႏွာနဲ႕ ယုန္ကင္ကို ကိုက္လိုက္၏။

စားၿပီးေသာအခါ စု႐ြမ္႐ြမ္က သူမ ဝမ္းနည္းဖြယ္ရာ အေတြ႕အႀကဳံကို စတင္ေျပာျပလာခဲ့သည္။

"ကြၽန္မအေဖက က်ားရန္... ကြၽန္မအေမဆီက ၾကားတာေတာ့ သူက လုရွီမင္လို႔ေခၚတဲ့ လူရဲ႕ သတ္တာ ခံလိုက္ရတာတဲ့"

"အခုက ကြၽန္မအေဖအတြက္ လက္စားေခ်ဖိဳ႕ ထြက္လာခဲ့တာ"

ယုန္ကင္စားၿပီးေနာက္ အမ်ိဳးသားက ေခါင္းငဲ့ေစာင္းလိုက္ကာ ဗိုက္ျပည့္ တင္းသြား၍ အရမ္းအိပ္ငိုက္ေနၿပီျဖစ္ေသာ မိန္းမငယ္ေလးကို ၾကည့္လိုက္သည္။

မိန္းမငယ္ေလးက ေခါင္းေစာင္းလိုက္ကာ အိပ္ေနရင္းျဖင့္ စကားေတြေျပာရင္း ေခါင္းတဆတ္ဆတ္ ညိတ္ေနေလသည္။

အမ်ိဳးသားက လက္ဆန့္ထုတ္ကာ သူမေခါင္းေလးကို သူ႕ပခုံးေပၚတင္ေပးလိုက္ၿပီး သူ႕ရဲ႕ၾကမ္းတမ္းေသာ လက္ေခ်ာင္းမ်ားနဲ႕ သူမအသားေရကို ပြတ္သပ္လိုက္သည္။

မီးမ်ားက ေလာင္ကြၽမ္းလ်က္ရွိၿပီး လႊမ္းၿခဳံရစ္သိုင္းေနတဲ့ မီးအလင္းေရာင္မ်ားက အမ်ိဳးသားမ်က္လုံးထဲ ေရာင္ျပန္ဟပ္လို႔ ေနသည္။

အမ်ိဳးသားရဲလက္ေခ်ာင္းမ်ားေၾကာင့္ စု႐ြမ္႐ြမ္နည္းနည္းနာက်င္သြား၏။

အိပ္ခ်င္မူးတူး မ်က္လုံးဖြင့္လိုက္ေတာ့ မီးေတာက္တစ္ခုလို အမ်ိဳးသားရဲ႕ ေအးစက္စက္ရနံ႕ကို ရႉရွိုက္မိလိုက္သည္။

မီးက တကယ့္ကို ပူတာပဲဟု စု႐ြမ္႐ြမ္ ေတြးမိလိုက္၏။

°°°°°°°°°

စု႐ြမ္႐ြမ္သည္ တားျမစ္ ၿမိဳ႕ေတာ္တစ္ဝိုက္ လဝက္အၾကာ လွည့္လည္သြားလာခဲ့ၿပီးေနာက္ သူမပိုင္မုန႔္မ်ား ကုန္ဆုံးသြားခဲ့ရာ အိမ္ျပန္ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

အိမ္မွာက အေကာင္းဆုံး စားစရာေတြ ရွိေနတုန္းပဲေလ။

သူမေနာက္ဆက္လိုက္ေနေသးတဲ့ အမ်ိဳးသားကို လွည့္ၾကည့္လိုက္ရင္း လက္ေလးတစ္စုံကို ဖ်စ္ညွစ္လိမ္ယွက္ကာ အသိေပးေျပာၾကားလိုက္သည္။"အမ္..ကြၽန္မအိမ္ျပန္ေတာ့မယ္"

အမ်ိဳးသားက စကားမေျပာခဲ့ပဲ ေနရာတြင္ ရပ္လ်က္ရွိကာ သူမကို စိုက္ၾကည့္ေန၏။

စု႐ြမ္႐ြမ္က ေရွ႕ကို ေျခႏွစ္လွမ္းလွမ္းေတာ့ အမ်ိဳးသားက သူမေနာက္ကိုလိုက္ေနခဲ့သည္။

စု႐ြမ္႐ြမ္ ျမန္ျမန္ဆန္ဆန္ ေလွ်ာက္လွမ္းသြားခဲ့ၿပီး ေနာက္လွည့္ၾကည့္လိုက္ေတာ့ အမ်ိဳးသားက သူမေနာက္မွာရွိေနဆဲပင္။

ေလေတြ တဟူးဟူးတိုက္ခတ္ေနၿပီး လူေတြကေတာ့ တိတ္ဆိတ္လို႔ေနၾကသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ေတာ့ စု႐ြမ္႐ြမ္ ႏူးညံ့စြာ ဆိုလိုက္၏။"ေကာင္းၿပီ...ကြၽန္မ..ကြၽန္မက ရွင့္ကို ကြၽန္မနဲ႕အတူ အိမ္ျပန္ေခၚသြားရမွာလား။"

ေနရာမွာရပ္ေနတဲ့ အမ်ိဳးသားက ေပါ့ေပါ့ပါးပါးေခါင္းညိတ္လိုက္ၿပီး အိတ္ကို သယ္ေဆာင္ကာ ေခြးကို ဦးေဆာင္ေခၚသြားေတာ့သည္။

ဘာေၾကာင့္မွန္းမသိ စု႐ြမ္႐ြမ္စိတ္ေအးလက္ေအး ျဖစ္သြားသလို ခံစားလိုက္ရ၏။

သူမ ၿပဳံးျပလိုက္သည္။

သူ႕မ်က္လုံးထဲက လွပေသာ ပန္းေလးတစ္ပြင့္လို အၿပဳံးမ်ိဳးပင္။

စု႐ြမ္႐ြမ္သည္ အမ်ိဳးသားကို ၿမိဳ႕ထဲ ျပန္ေခၚလာခဲ့သည္။

သူမ ၿမိဳ႕ထဲဝင္ဝင္ခ်င္း ေလထုက ကြဲျပားေနေၾကာင္း ေတြ႕လိုက္ရ၏။

"စုဟန္ဟန္"

လီ႐ြမ္႐ြမ္က စက္ဘီးနင္းလာရင္း စု႐ြမ္႐ြမ္ကို ျမင္ေတာ့ ခ်က္ခ်င္းပဲ လက္ေဝွ႕ယမ္းျပလာသည္။ စု႐ြမ္႐ြမ္ ေနာက္က အမ်ိဳးသားကိုေတာ့ လုံးဝ မသိက်ိဳးႏြံျပဳထား၏။

"နင္ၾကားမိလား၊ ေတာင္ပိုင္း အေျခစိုက္စခန္းရဲ႕ ထိပ္တန္းေခါင္းေဆာင္ ငါတို႔ဆီကို လာေနၿပီတဲ့ "

ဒီၿမိဳ႕ငယ္ေလးမွာ ေတာင္ပိုင္းအေျခစိုက္စခန္းရဲ႕ တရားစီရင္ပိုင္ခြင့္ ေအာက္တြင္ ရွိသည္။

ေတာင္ပိုင္းအေျခစိုက္စခန္းကို နန္နီဟု အမည္တြင္ ၿပီး ေခါင္းေဆာင္ကို အစြဲျပဳ၍ ေပးထားျခင္းျဖစ္သည္။

ဒီနာမည္ကို ၾကားေတာ့ စု႐ြမ္႐ြမ္ စိတ္ရႈပ္ေထြးသြား၏။"နာနီ"

"နန္နီဟဲ့!နာနီ မဟုတ္ဘူး"

လီ႐ြမ္႐ြမ္ ေျပာလိုက္သည္။

"နန္နီရဲ႕ ထိပ္တန္းေခါင္းေဆာင္နီးယန္က ကိုယ္ေရးကိုယ္တာကိစၥနဲ႕ အလည္အပတ္ လာမလို႔တဲ့၊ ၿမိဳ႕ေတာ္ဝန္ရဲ႕ အိမ္က ဒီရက္ေတြမွာ ေငြေတြ၊ အစားအေသာက္ေတြ ၊ လက္နက္ေတြဝွက္ရင္း အလုပ္ရႈပ္ေနတယ္ေလ၊နင္မျမင္ခဲ့ဘူးလား "

စု႐ြမ္႐ြမ္သည္ လက္စားေခ်ဖိဳ႕အတြက္ တားျမစ္ ၿမိဳ႕ေတာ္သို႔ သြားေရာက္ေနခဲ့ရ၍ မျမင္ခဲ့ရေပ။

ထို႔ေၾကာင့္ သူမ ရိုးသားစြာ ေခါင္းခါလိုက္သည္။

စု႐ြမ္႐ြမ္ရဲ႕ ထုံထုံထိုင္းတိုင္း မ်က္ႏွာေဘးကို ျမင္ေတာ့ လီ႐ြမ္႐ြမ္ ျပင္းျပင္းထန္ထန္ မ်က္လုံးလွိမ့္လိုက္ၿပီး လက္ျဖန့္ကာ ေျပာလိုက္သည္။ "ငါနင့္ကိုရွာေနတာ လဝက္ရွိၿပီ။လြန္ခဲ့တဲ့ လဝက္က နင့္မုန႔္ဖိုးေတြ ဘယ္မွာလဲ"

စု႐ြမ္႐ြမ္သည္ သူမအိတ္ထဲက ပိုက္ဆံကိုထုတ္လိုက္သည္။ ေၾကမြေနတဲ့ ယြမ္တစ္ရာတန္ ျဖစ္၏။

လီ႐ြမ္႐ြမ္းသည္ နည္းလြန္းလိုက္တာ ဟု ေတြးေနၿပီးေနာက္ ဆြဲယူသြားေတာ့သည္။

စု႐ြမ္႐ြမ္လွည့္ ၾကည့္လိုက္ေတာ့ သူမေနာက္မွာရပ္ေနတဲ့ အမ်ိဳးသားကို ျမင္လိုက္ရသည္။

မ်က္ႏွာဖုံးတပ္ထားၿပီး ရႈပ္ေထြးေနတဲ့ ဆံပင္ေတြ.. ညစ္ပတ္ေနေသာ ခႏၶာကိုယ္နဲ႕ ...ညစ္ပတ္ေနေသာ ေခြး...။

ေသခ်ာပါသည္။သူက အိမ္ေျခယာမဲ့ တစ္ေယာက္ပင္။

"ကြၽန္မရွင့္ကို သန႔္ရွင္းဖို႔ေခၚသြားေပးမယ္"

စု႐ြမ္႐ြမ္သည္ သူမရဲ႕အိတ္ေလးကို ထုတ္ကာ အရင္ဆုံး အမ်ိဳးသားကို ဆံပင္ညွပ္ရန္ ေခၚသြားခဲ့ၿပီး အဝတ္အစားဝယ္ၿပီးေနာက္ အမ်ိဳးသား အတြက္ ေရခ်ိဳးခန္းတစ္ခု ရွာလိုက္သည္။

စု႐ြမ္႐ြမ္သည္ ေျခတံမ်ားျဖင့္ အျပင္ဘက္တြင္ထိုင္ကာ အမ်ိဳးသားကို ေစာင့္ေနလိုက္၏။

အမ်ိဳးသားက အလြန္ျမန္ျမန္ဆန္ဆန္ပဲ ထြက္လာခဲ့သည္။

သူ႕ဆံပင္ကို အတိုညွပ္ထားၿပီး နား႐ြက္နားကပ္ညွပ္ထားသည္။သူ႕ဆံပင္အရည္အေသြးက ေကာင္းတာမို႔ ေလလြင့္ေန၏။

သူက အရပ္ရွည္ရွည္၊ ပခုံးက်ယ္က်ယ္၊ ခါးက်ဥ္းက်ဥ္း ႏွင့္အတူ ေနာက္ဆုံးေပၚ ေႏြဦးဝတ္စုံကို ဝတ္ဆင္ထားသည္။

ညစ္ပတ္ေပေရ ေနေသာ မ်က္ႏွာဖုံးကိုဝတ္ဆင္ထားရင္ေတာင္ လူေတြကေတာ့ သူ႕ကို လွည့္ၾကည့္ေနၾကဆဲပင္။

စု႐ြမ္႐ြမ္ အရမ္းဂုဏ္ယူဝင့္ႂကြားစြာျဖင့္ သူမရင္ဘတ္ႀကီးမ်ားကို မတ္မတ္ထားလိုက္သည္။

သူမ မတ္မတ္ရပ္ၿပီး အမ်ိဳးသားရဲ႕ လက္ကို ကိုင္လိုက္ေတာ့ ေရေႏြးပူကိုင္မိသလို ခံစားလိုက္ရတာေၾကာင့္ ျပန္လႊတ္လိုက္သည္။

သူမနဲ႕ အမ်ိဳးသားၾကားမွာ မီးပြားတစ္ခုရွိေနသည္ဟု သံသယျဖစ္မိသည္။

အဲ့ဒါက လွ်ပ္ၿငိမ္လိုမ်ိဳးပင္။

ၿမိဳ႕ကအရမ္းႀကီးေတာ့ အမ်ိဳးသား လမ္းေပ်ာက္သြားမွာ စိုးမိသည္။

ဒီလူက ဉာဏ္ရည္နိမ့္တဲ့ လူတစ္ေယာက္လိုမ်ိဳး အၿမဲတေစ စကားအနည္းငယ္ပဲ ေျပာတာကို သူမသိထားတာေၾကာင့္ ပင္။

လမ္းေတြက လူအုပ္ေတြနဲ႕ ျပည့္က်ပ္ေနဆဲျဖစ္၏။

ေတာက္ပတဲ့ဆိုင္းပုဒ္မ်ား အျမင့္ထက္ ခ်ိတ္ဆြဲထားသည္။

အမ်ားသုံးသန႔္စင္ခန္းကိုေတာင္မွအလြတ္မေပးၾကေပ။

"ဦးေဆာင္လမ္းျပဖို႔ အလည္အပတ္လာတဲ့ နန္နီကို ႀကိဳဆိုပါတယ္၊ နန္နီ ေခါင္းေဆာင္ရဲ႕ မူဝါဒ ဆက္လက္တည္တံ့ပါေစနဲ႕ နန္နီသည္ ကြၽန္ုပ္တို႔၏ လမ္းျပ အလင္းေရာင္" ဆိုတာေတြရွိေနသည္။

စု႐ြမ္႐ြမ္သည္ အရင္ဆုံး အမ်ိဳးသားကို ထမင္းစားဖို႔ ေခၚသြားရန္ ျပင္လိုက္ၿပီး စားေသာက္ဆိုင္တံခါးဝသို႔ ေရာက္လာၾကသည္။

ကားေပၚမွာ ထိုင္ေနတဲ့ ၿမိဳ႕ေတာ္ဝန္ရဲ႕သားက စု႐ြမ္႐ြမ္ကိုျမင္ေတာ့ ကားေပၚတက္ဖို႔ စိတ္အားထက္သန္စြာဖိတ္ေခၚလိုက္သည္။

သူမ အိမ္ျပန္ၿပီး ညစာစားဖို႔အတြက္ အလုပ္ရႈပ္ေနေၾကာင္း စု႐ြမ္႐ြမ္ေျပာခဲ့ေပမယ့္ ၿမိဳ႕ေတာ္ဝန္ရဲ႕သားက သူမကို အလြတ္မေပးေပ။

"႐ြမ္႐ြမ္၊ အရင္တစ္ေခါက္က ကိုယ့္အမွားပါကြာ၊ ကိုယ္မင္းကို ကယ္ဖို႔ ကယ္မယ့္သူ သြားျပန္ရွာယုံတင္ပါ"

ဒီေတာ့ ရွင္က အခုထိ ရွာေနေသးတုန္းလား။

စု႐ြမ္႐ြမ္သည္ စိတ္က်န္းမာေရး မေကာင္းေသာသူကို ၾကည့္သကဲ့သို႔ သူ႕ကို ၾကည့္လိုက္သည္။

ၿမိဳ႕ေတာ္ဝန္ရဲ႕သားမွာ သူမဆီက ဖ်က္ကနဲအၾကည့္ေၾကာင့္ ဆြဲေဆာင္ခံလိုက္ရၿပီး ခ်က္ခ်င္းပင္ စု႐ြမ္႐ြမ္ရဲ႕လက္ေလးကို လွမ္းထိလိုက္သည္။

ကံမေကာင္းစြာ သူ မထိရေသးခင္ သူ႕လက္ဆီမွ အသည္းခိုက္မတက္ နာက်င္လာသည္။

ၿမိဳ႕ေတာ္ဝန္ရဲ႕သား က်ယ္ေလာင္စြာေအာ္လိုက္၏။

သူ႕လက္ကို ႏြယ္ပင္က ထိုးေဖာက္လိုက္ၿပီး စားေသာက္ဆိုင္ရဲ႕ ေဘးကပ္တိုင္မွာ သံမွိုရိုက္ထားတာ ေတြ႕လိုက္ရသည္။

တိုင္မွႏြယ္ပင္က ႀကီးထြားလာပုံရ၏။

ၿမိဳ႕ေတာ္ဝန္ရဲ႕သား ဘယ္ေလာက္ပဲ ႐ုန္းကန္ပါေစ သူ႕ကို ဆက္ကိုက္ထားသည္။

စားေသာက္ဆိုင္ပိုင္ရွင္မွာ အေျခအေနေတြၾကားမိေသာအခါ အလွ်င္အျမန္ေရာက္လာခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္ရဲ႕သားကို ျမင္ျမင္ခ်င္းမွတ္မိသြားခဲ့ရာ ခ်က္ခ်င္းပဲ အကူအညီေတြေခၚလိုက္သည္။

တစ္ဖက္သူမွာ ၿမိဳ႕ေတာ္ရဲ႕သားမွန္း သိသိခ်င္းပဲ ၿမိဳ႕ထဲက သဘာဝလြန္စြမ္းအားရွင္မ်ား၏ ကင္းလွည့္စခန္းကို အစီရင္ခံလိုက္သည္။

ကင္းလွည့္စခန္း၏တာဝန္မွာ ၿမိဳ႕ေတာ္ကို ဇြန္ဘီရန္မွ ကာကြယ္ရန္ျဖစ္သည္။

သို႔ေသာ္လည္း မၾကာေသးမီက အလြန္ေအးခ်မ္းေနခဲ့ေသာေၾကာင့္ အဖြဲ႕ဝင္သစ္မ်ားသည္ ဇြန္ဘီမ်ားကို အမွန္တကယ္ မတိုက္ခိုက္ဖူးၾကေပ။

စြမ္းရည္အသုံးျပဳသူ ကင္းလွည့္တပ္ရင္းက ဟိတ္ႀကီးဟန္ႀကီးျဖင့္ ေရာက္လာသည္။

အားလုံးမွာ အသက္ရႉေအာင့္ထားခဲ့ကာ လမ္းဖယ္ေပးလိုက္ၾက၏။

ကင္းလွည့္အဖြဲ႕ဝင္မ်ားမွာ သူတို႔မွာ စြမ္းရည္ရွိတာေၾကာင့္ အရမ္းကို ေမာက္မာၾကသည္။

မ်ားေသာအားျဖင့္ ၿမိဳ႕ငယ္ေလးထဲတြင္ ဗိုလ္က်ခ်ယ္လွယ္ေလ့ရွိၾက၏။

"ဒီႏြယ္ပင္က စြမ္းရည္တစ္ခုလား"

စြမ္းရည္အသုံးျပဳသူ ကင္းလွည့္တပ္ရင္းရဲ႕ေခါင္းေဆာင္က ၿမိဳ႕ေတာ္ဝန္ရဲ႕သားကို ျဖတ္ေက်ာ္သြားကာ ႏြယ္ပင္ကို ဂ႐ုတစိုက္ေလ့လာရင္း ေပါ့ေပါ့ပါးပါး ထိၾကည့္လိုက္သည္။

ႏြယ္ပင္က လွ်င္ျမန္စြာႀကီးထြားလာေတာ့၏။ ဒဏ္ရာလည္းပဲ ႀကီးလာသည္။

ၿမိဳ႕ေတာ္ဝန္ရဲ႕သားတစ္ေယာက္ နာက်င္မႈျဖင့္ တုန္တုန္ယင္ယင္ျဖစ္ေနၿပီး က်ယ္က်ယ္ေလာင္ေလာင္ေအာ္ျပန္ေလသည္။ "အားးးးးးး! အေဖေရ၊ ေဖေဖေရ!"

ၿမိဳ႕ေတာ္ဝန္ရဲ႕ အဘိုးခင္ဗ်ာ အလြန္စိတ္မေကာင္း ျဖစ္သြားရွာၿပီး ယင္းကိစၥကို ေျဖရွင္းေပးဖို႔ စြမ္းရည္အသုံးျပဳသူ ကင္းလွည့္တပ္ရင္းအား ခ်က္ခ်င္းေတာင္းဆိုလိုက္သည္။

ေခါင္းေဆာင္က ဆိုလိုက္၏။"ငါတို႔မေျဖရွင္းနိုင္ဘူး၊ စြမ္းရည္က အားႀကီးလြန္းတယ္။"

ၿမိဳ႕ေတာ္ဝန္ခဗ်ာ ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။ ႏြယ္ပင္က အဆက္မျပက္ႀကီးထြားလာေနၿပီး ခုတ္ျဖတ္ပစ္လို႔လဲမရ၊ မီးလည္းမေလာင္နိုင္ေပ။ ထို႔ေၾကာင့္ သူတို႔မွာ တိုင္ကိုသာလွ်င္ ခုတ္ျဖတ္လိုက္ရၿပီး တိုင္ကို လူနဲ႕အတူ အိမ္ျပန္သယ္သြားခဲ့သည္။ ဒီျပႆနာကို ေျဖးေျဖးခ်င္း ေျဖရွင္းေန၏။

မထြက္ခြာခင္မွာ ကင္းလွည့္တပ္ရင္းႏွင့္အတူ အဲ့လူကို ထုတ္ေဖာ္ဖို႔ ေငြမ်ားစြာ သုံးစြဲခဲ့သည္။ သူ႕သားကို နာက်င္ေစတဲ့ စြမ္းရည္အသုံးျပဳသူကို သတ္ကိုသတ္ပစ္ရမည္။

°°°°°°°°
စု႐ြမ္႐ြမ္သည္ အမ်ိဳးသားကို လမ္းၾကားထဲ ဆြဲေခၚသြားကာ ေဟာဟဲလိုက္ေနရင္း ေဘးက တိုင္နဲ႕အတူ သူ႕သားကို အိမ္ျပန္သယ္သြားတဲ့ ၿမိဳ႕ေတာ္ဝန္ကို ေစာင့္ၾကည့္ေနလိုက္သည္။ လမ္းတစ္ခုလုံး အျပည့္ျဖစ္ေန၏။

ဒါက *ေဘးတိုက္ ဝင္ခ်ည္ထြက္ခ်ည္သြားျခင္း* ဒ႑ာရီ ျဖစ္ေကာင္းျဖစ္နိုင္ပါသည္။(မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကိုက္ျခင္း)

လူေတြ အေဝးေရာက္သြားေသာအခါ စု႐ြမ္႐ြမ္သည္ အမ်ိဳးသားရဲ႕ ေကာ္လံကို ဆြဲကိုင္လိုက္ရင္း တက္နိုင္သမွ် အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။"ရွင္က သဘာဝလြန္ စြမ္းအားရွင္ မဟုတ္ဘူးမလား၊ အဲ့ဒါ ရွင္လား။"

မိန္းမငယ္ေလးရဲ႕အသံက ႏူးညံ့သိမ္ေမြ႕ လို႔ေန၏။ အသက္ရႉေငြ႕က သူ႕နား႐ြက္ဖ်ားကို ျဖတ္သန္း တိုက္ခတ္သြားၿပီး ကပ္ေနတဲ့ အနက္ေရာင္ဆံပင္အခ်ိဳ႕ ေလေငြ႕ရိုက္သြားသည္။

လုရွီမင္သည္ သူမကိုယ္ေပၚက သင္းပ်ံ့ခ်ိဳၿမိန္ေသာ မွိန္ေဖ်ာ့ေဖ်ာ့ ရနံ႕ေလးကို ရႉရွိုက္လို႔ရေန၏။

ဒီရနံ႕က အတုအပျပဳလုပ္ၿပီး ေပါေပါပဲပဲ ထုတ္လုပ္၍ မရနိုင္ေသာ ရနံ႕မ်ိဳးျဖစ္သည္။

သူမတစ္ေယာက္တည္းသာ ပိုင္ဆိုင္သည့္ ၿပိဳင္ဘက္ကင္းရနံ႕ေလးတစ္ခု ။

အမ်ိဳးသားက ေတာင့္ေတာင့္ႀကီးျဖစ္လာၿပီးေနာက္ ျဖည္းျဖည္းခ်င္း မတ္မတ္ျပန္ရပ္လိုက္ၿပီး လက္ျမႇောက္လိုက္ရာ သူ႕လက္ေခ်ာင္းထိပ္ဆီမွ ႏြယ္ပင္တစ္ခု ထြက္ေပၚလာခဲ့သည္။

ေသးေကြးေသာ သစ္႐ြက္ေလးမ်ား၏ ထိပ္ပိုင္းမွာ ေျခာက္ေသြ႕သြားၾကၿပီး မီးခိုးေရာင္ေျပာင္းသြားခဲ့ကာ နာက်င္ပုံေပၚေနၾက၏။

ႏြယ္ပင္ေလးက စု႐ြမ္႐ြမ္ကို ျမင္ျမင္ခ်င္းပဲ ေရွ႕ကိုကိုင္းကာ သူမကို ေခြးတစ္ေကာင္လို တိုးေဝွ႕ပြတ္သပ္ေန၏။

ယခုအခါတြင္ စြမ္းရည္အသုံးျပဳသူ အမ်ားအျပားရွိၾကၿပီျဖစ္ေသာ္လည္း စြမ္းရည္မရွိသည့္ အားနည္းခ်ည့္နဲ႕သည့္ၾကက္ေလး စု႐ြမ္႐ြမ္သည္ စြမ္းရည္အသုံးျပဳသူႏွင့္ ပထမဆုံး အနီးကပ္ဆုံဖူးျခင္း ျဖစ္သည္။

စု႐ြမ္႐ြမ္ လက္ဆန႔္ထုတ္က ႏြယ္ပင္ကို ထိၾကည့္လိုက္သည္။

ႏြယ္ပင္ေလးက ဝမ္းသာအားရ လႈပ္ခါသြားၿပီး မၾကာမီပဲ square dance ကေတာ့မည့္ ႏြယ္ပင္ေလးကို စု႐ြမ္႐ြမ္ တားဆီးရပ္တန႔္လိုက္ရသည္။ "အမ္..နင့္စြမ္းအားေတြကို လက္လြတ္စပယ္ မသုံးနဲ႕၊ ခုနကေလးတင္ နင္မျမင္ခဲ့ဘူးလား။ ၿမိဳ႕ေတာ္ဝန္က နင့္ကိုျပႆနာရွာဖို႔ ကင္းလွည့္တပ္ဖြဲ႕ကို ေတာင္းဆိုေနတယ္ေလ"

စု႐ြမ္႐ြမ္သည္ ႏြယ္ပင္ေလးကို အမ်ိဳးသားဆီ တြန႔္ဆုတ္စြာျပန္ေပးလိုက္ၿပီးေနာက္ သူ႕ကို ပညာေပးလိုက္သည္။ ဥပမာအားျဖင့္ ေကာက္က်စ္စဥ္းလဲမႈမ်ားအား သူ႕ကို ေျပာျပထား၏။

အမ်ိဳးသားေခါင္းညိတ္တာကို ျမင္ၿပီးေနာက္ေတာ့ သူမ စိတ္ေအးသြားၿပီး ဆိုလာသည္။"အိမ္ျပန္ရေအာင္"

°°°°°°°°°

ကင္းလွည့္စခန္း၌။ အဖြဲ႕ဝင္မ်ားမွာ ၿမိဳ႕ေတာ္ဝန္ေပးပို႔လာတဲ့ ပစၥည္းေသတၱာႀကီးကို စိုက္ၾကည့္ေနၾကသည္။

"ေခါင္းေဆာင္၊ ကြၽန္ေတာ္တို႔ႏြယ္ပင္စြမ္းအားရွင္ကိုတကယ္ရွာၾကမွာလား"

ေခါင္းေဆာင္က ေသတၱာေပၚကို တေဒါက္ေဒါက္ ေခါက္ေနၿပီး ဟြန္းကနဲ အသံျပဳလိုက္သည္။"ဒီလို စြမ္းအားမ်ိဳးက ငါတို႔ မထိန္းခ်ဳပ္နိုင္ဘူး။ၿမိဳ႕ေတာ္၀န္ရဲ႕သားက အဲ့လူကို ဘယ္မွာရန္သြားစခဲ့လဲမွ မသိတာ။ သူက ေသဖို႔ ထိုက္တန္တယ္။ အခုက နီးယန္ ေပၚကိုပဲ အာ႐ုံစိုက္ရေအာင္။ နားေထာင္ၾက။ သူမ ဆက္ဆံရမလြယ္ဘူးလို႔ ေျပာၾကတယ္။ အရင္လက တျခားၿမိဳ႕က စြမ္းအားရွင္နဲ႕ စကားဆုံတုန္းက ေျပာျဖစ္ခဲ့တာ"

ကင္းလွည့္စခန္းက အခေၾကးေငြ လက္ခံခဲ့တာေၾကာင့္ျဖစ္သည္။

"အိုး ၊ ငါတို႔ စြမ္းအားရွင္ေတြက အဲ့အားနည္းတဲ့ ၾကက္ေပါက္ေလးေတြကို အေကာင္းဆုံး ကာကြယ္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ေျပာလို႔ရတယ္။ ေငြနည္းနည္းေလာက္ ယူတာ ဘာမွားလို႔လဲ။ ဇာခ်ဲ့တဲ့ မိန္းမတစ္ေယာက္ပဲ။မိန္းမေတြကိုက ျပႆနာပါကြာ" ေခါင္းေဆာင္ရဲ႕စကားဆုံးေတာ့ အဖြဲ႕အားလုံးက ခ်က္ခ်င္း သေဘာတူလာၾကသည္။"ဟုတ္တယ္၊ မိန္းမေတြကိုက ျပႆနာေတြ "

မိန္းမေတြအေၾကာင္း ေျပာၿပီးေနာက္ အဖြဲ႕ဝင္ေတြက ေခါင္းေဆာင္ စု႐ြမ္႐ြမ္ကို ခ်ိန္႐ြယ္ေနတာကို သတိရသြားၾကသည္။ " ေခါင္းေဆာင္၊ စု႐ြမ္႐ြမ္ ျပန္လာၿပီလို႔ ကြၽန္ေတာ္ၾကားခဲ့တယ္"

ေခါင္းေဆာင္ရဲ႕မ်က္လုံးေတြ ေတာက္ပလာၿပီး ထရပ္ကာ ဆိုလိုက္သည္။"သြားၾကမယ္"

သူ႕ရဲ႕အလွေလးကို သြားၾကည့္မယ္။

သူ႕ရဲ႕ ကံတရားက သိပ္ကိုေကာင္းလိမ့္မယ္လို႔ ေခါင္းေဆာင္ မေမွ်ာ္လင့္ထားခဲ့ေပ။ သူမအိမ္တံခါးကေန ဝင္လို႔မရပုံရတဲ့ အလွေလးကို အိမ္တံခါးနားမွာ သူေတြ႕လိုက္ရသည္။

တစ္ဖက္က စု႐ြမ္႐ြမ္ကေတာ့ စိတ္ရႈပ္ေထြးေန၏။

လက္စား မေခ်ခဲ့႐ုံသာမက ရည္စား တစ္ေယာက္ေကာက္လာခဲ့ၿပီး...အိမ္ကိုျပန္ေခၚလာခဲ့ေသာေၾကာင့္ သူမအေမ သူမကို ဆူမွာကို စု႐ြမ္႐ြမ္ စိုးရိမ္ထိတ္လန႔္ေနသည္။

အမွန္စင္စစ္ေတာ့ သူမကို ဆူမွာကို ထိတ္လန့္တာမဟုတ္ေသာ္လည္း သူမအစားမစားရမွာကိုေတာ့ ထိတ္လန႔္မိသည္။

စု႐ြမ္႐ြမ္ တစ္ေယာက္ သူမအေမကို ဘယ္လို ေခ်ာ့ရပါ့မလဲေတြးေနတုန္း တစ္ဖက္ကေခါင္းေဆာင္မွာ မေစာင့္နိုင္ေတာ့ဘဲ သူ႕အဖြဲ႕ကို ေခၚကာ ေရာက္လာသည္။

ေခါင္းေဆာင္က သူ႕ထက္ အရပ္ပိုျမင့္တဲ့ လုရွီမင္ကို ျမင္ေတာ့ သူ႕အမူအရာက ခ်က္ခ်င္းေျပာင္းသြားေတာ့သည္။

"မင္းက ငါတို႔ ၿမိဳ႕က မဟုတ္ဘူးမလား။ မင္းရဲ႕ မွီတင္းေနထိုင္ခြင့္က ဘယ္မွာလဲ။ထုတ္လိုက္...ၾကည့္ရေအာင္"

ကမာၻပ်က္ကပ္အား ျပန္လည္ျပဳျပင္တည္ေဆာက္ၿပီးေနာက္ ေနထိုင္ရာေဒသတစ္ခုခ်င္းစီအား အိမ္ရာျပင္ဆင္ခြဲေဝျခင္းမ်ား စီစဥ္ခဲ့သည္။

လက္ဝယ္ပိုင္ဆိုင္ထားေသာ ေနထိုင္ခြင့္ တစ္ခု...။

သင့္ ID ကဒ္ကဲ့သို႔ပင္ သင္သြားေလရာ၌ အသုံးျပဳလို႔ရမည္ျဖစ္သည္။

အိမ္ေျခယာမဲ့ အမ်ိဳးသားတစ္ေယာက္အျဖစ္ကေတာ့... ဟုတ္ပါသည္။ ေနထိုင္ခြင့္ရွိမည္ မဟုတ္ပါ။

စု႐ြမ္႐ြမ္ႏူးညံ့စြာ ေျပာလိုက္သည္။ "သူက ကြၽန္မသူငယ္ခ်င္းပါ။"

ေခါင္းေဆာင္မွာ ဆိုင္းတြသြား၏။"မင္းမွာေနထိုင္ခြင့္မရွိရင္ ငါနဲ႕ ျပန္လိုက္ခဲ့"

အမ်ိဳးသမီးတစ္ေယာက္ ၊လူလြတ္ အမ်ိဳးသားတစ္ေယာက္နဲ႕ မုဆိုးမတစ္ေယာက္ တစ္ခန္းထဲအတူေနျခင္းဟာ... ဟုတ္ပါသည္။ ေဖာ္ျပ၍မရနိုင္ေသာ တစ္စုံတစ္ရာကို အခ်က္ျပေနတာ ျဖစ္လိမ့္မည္။

လုရွီမင္က ဘာစကားမွမေျပာဘဲရပ္ေနခဲ့ၿပီး မ်က္လႊာတစ္ခ်က္ေတာင္ ပင့္မလာေခ်။

ေခါင္းေဆာင္မွာ မျမင္နိုင္ေသာလည္း ခံစားလို႔ရေနသည္။

သူ႕အာဏာကို စိန္ေခၚေနသည္ဟု ေခါင္းေဆာင္ခံစားေနရသည္။

တစ္ၿမိဳ႕လုံးမွာ ဘယ္သူ႕မွ သူ႕ကို အာမခံရဲေပ။

ဒီလူက သူ႕ေဒါသကို ေအာင္ေအာင္ျမင္ျမင္း နိုးဆြနိုင္ခဲ့သည္။သူ႕ရဲ႕ ဆင္ျခင္ဉာဏ္မဲ့မႈအတြက္ ေပးဆပ္ရလိမ့္မည္။

ေခါင္းေဆာင္မွာ ႐ုတ္တရက္ေဒါသထြက္လာ၏။"ဘယ္လို နတ္ဆိုးမ်ိဳးလဲ၊သရဲ ေယာင္လာေဆာင္ေနတယ္ေပါ့"

ေခါင္းေဆာင္က ေရခဲပန္းဆြဲတစ္ခုပစ္လႊတ္လိုက္ရာ ေထာင့္က နည္းနည္း ေကြ႕ေကာက္သြားသည္။

အမ်ိဳးသားက စု႐ြမ္႐ြမ္ကိုရင္ခြင္ထဲဆြဲသြင္းလိုက္ကာ စု႐ြမ္႐ြမ္ နံေဘးကို ကာဆီးလိုက္သည္။

သူမမ်က္လုံးမ်ားကို အမ်ိဳးသားက ကာဆီး ဖုံးကြယ္ထား၍ သူမ မျမင္နိုင္နိုင္ေသာ္လည္း မ်က္ႏွာခ်င္း ဘက္မွ လူမ်ားရဲ႕ ေအာ္သံကိုၾကားေနရသည္။

လေရာင္ ေအာက္တြင္ အမ်ိဳးသားေနာက္မွ အဆုံးမရွိေသာႏြယ္ပင္မ်ား ႀကီးထြားလာၿပီး ေခါင္းေဆာင္နဲ႕ သူ႕အဖြဲ႕သားမ်ားကို ထန္ဟူလူ (🍡)လိုမ်ိဳး ႐ုတ္တရက္ ထိုးသီလိုက္သည္။

သူတို႔ ႏွလုံးမ်ားကို မ်ားကို ဆက္သီၿပီးေနာက္ ဦးေႏွာက္ထဲက အျမဳေတ အားလုံးကို ၿမိဳခ်လိဳက္သည္။

စု႐ြမ္႐ြမ္က အမ်ိဳးသားရင္ခြင္ထဲ အဖိခံထားရသည္။

အမ်ိဳးသားရဲ႕ တည္ၿငိမ္ေသာ ႏွလုံးခုန္သံကို သူမၾကားေနရ၏။

"ဗုန္း ဗုန္း ဗုန္း" ဟူေသာ သူမရဲ႕ ျမန္ဆန္ေသာႏွလုံးခုန္သံနဲ႕ တျဖည္းျဖည္း ေရာေႏွာသြားသည္။

အမ်ိဳးသားရဲ႕တည္ၿငိမ္ေသာ ႏွလုံးခုန္သံၾကားတြင္ စု႐ြမ္႐ြမ္ရဲ႕ ႏွလုံးခုန္သံက တျဖည္းျဖည္း ၿငိမ္ဆိမ္လာေတာ့သည္။

ပတ္ဝန္းက်င္တစ္ခုလုံးက အေတာ့္ကို တိတ္ဆိတ္ေန၏။

စု႐ြမ္႐ြမ္ ခဏေလာက္ ေစာင့္ေနၿပီးေနာက္ လက္ျမႇောက္ကာ သူမမ်က္လုံးကို ကာထားတဲ့ အမ်ိဳးသားရဲ႕ လက္ကို ဂ႐ုတစိုက္ ဖယ္ရွားလိုက္သည္။

သူ႕မေရွ႕ ပထမဆုံးေပၚလာေသာ အရာမွာ ေသြးအိုင္တစ္ခုျဖစ္သည္။

သိပ္သည္းလွေသာ ေသြးနံ႕မ်ား ေလထုထဲ ပ်ံ့ႏွံ႕ေနၿပီး ေခါင္းေဆာင္ႏွင့္ သူ႕အဖြဲ႕သားမ်ား ေပ်ာက္ဆုံးေနသည္။

စု႐ြမ္႐ြမ္ ေမာ့ၾကည့္လိုက္ေကာ့ ေလေၾကာင့္ တဖ်ပ္ဖ်ပ္လြင့္ေနတဲ့ အမ်ိဳးသားရဲ႕ အနက္ေရာင္ဆံပင္မ်ားရာ ျမင္လိုက္ရသည္။

သူေခါင္းနည္းနည္း ငုံ႕လာေတာ့ အနီေရာင္ မ်က္လုံးမ်ားကို ေပၚလြင္လာေစ၏။

ထိုထဲတြင္ အနီေရာင္ မီးေတာက္ကိုေရာ၊ သူ႕ကိုယ္ပိုင္ ေရာင္ျပန္ဟပ္မႈကိုပါ ျမင္ေနရသည္။

လေရာင္ေအာက္တြင္ သူ႕မ်က္ဝန္းမ်ားက ၾကည္လင္ေတာက္ပတဲ့ ဖန္ခြက္လိုလွပေန၏။

စု႐ြမ္႐ြမ္ တစ္ေယာက္ သူမရဲ႕ " တဒိတ္ဒိတ္ "ခုန္ေနသည့္ ႏွလုံးသားေလးကို ဆုပ္ကိုင္ထားလိုက္ၿပီး သူမရဲ႕ေျခာက္ေသြ႕ေသာလည္ေခ်ာင္းဆီ တံေတြးမ်ိဳးခ်လိဳက္သည္။

"ကြၽန္မ ..ကြၽန္မ ရွင့္မ်က္ႏွာကို ၾကည့္လို႔ရမလား။"

အမ်ိဳးသားက စကားတစ္ခြန္း မေျပာဘဲ သူမကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနသည္။

စု႐ြမ္႐ြမ္တစ္ေယာက္ အစမ္းသေဘာျဖင့္ လက္ဆန့္ ထုတ္လိုက္ၿပီး သူမရဲ႕လက္ေခ်ာင္းမ်ားနဲ႕ မ်က္ႏွာဖုံးကို ထိၾကည့္လိုက္သည္။

မ်က္ႏွာဖုံးက ေလးလံေနၿပီး စု႐ြမ္႐ြမ္ ထိမိတာနဲ႕ ေျမျပင္ေပၚျပဳတ္က်သြားသည္။

လေရာင္ေတာက္ပလ်က္ ရွိေန၏။ အမ်ိဳးသား ဆံပင္က တစ္ဝက္ေလာက္ ၫြတ္က်ေနၿပီး သူက သတိမထားမိစြာပဲ သူ႕မ်က္ႏွာကို ကာလိုက္သည္။

သို႔ေသာ္လည္း စု႐ြမ္႐ြမ္ ျမင္ၿပီးၿပီ ျဖစ္၏။

လေရာင္ေအာင္ ရွိ အမ်ိဳးသား မ်က္ႏွာတစ္ျခမ္းက ေကာင္းမြန္ေနေသာ္လည္း က်န္တဲ့ မ်က္ႏွာတစ္ျခမ္းကေတာ့...

တကယ္ေတာ့ ဘုရားသခင္ရဲ႕အခ်စ္ေတာ္တစ္ေယာက္လိုမ်ိဳး အမ်ိဳးသားရဲ႕ လက္ရာေျမာက္တဲ့ ေက်ာက္စိမ္းမ်က္ႏွာကို ျမင္ရင္ လူတိုင္း တအံ့တၾသျဖစ္ၾကလိမ့္မည္။

သို႔ေသာ္လည္း တစ္ျခားတစ္ျခမ္းကိုၾကည့္လွ်င္မူ တစ္ခုခု ေလာင္ကြၽမ္းထားသကဲ့သို႔မဲနက္ေန၏။ ငရဲမွ တြားသြားထြက္သြားလာတဲ့ နတ္ဆိုးဝိဉာဥ္ အသြင္ ျဖစ္ေနသည္။

တစ္ခ်က္ၾကည့္႐ုံျဖင့္ လူေတြကို အမွန္တကယ္ ထိတ္လန႔္တုန္လႈပ္ေစလိမ့္မည္။

အမ်ိဳးသားက ႏႈတ္ခမ္းတြန႔္ေကြးလိုက္ၿပီး ကိုယ္ကို ကိုင္းကာ ေျမျပင္ေပၚက်သြားတဲ့ မ်က္ႏွာဖုံးကို ျပန္ေကာက္တပ္လိုက္သည္။

ေနာက္ဆုံးေတာ့ စု႐ြမ္႐ြမ္က ႏႈတ္ခမ္းဟၿပီးဆိုလာသည္။"ရွင္က ၾကည့္မေကာင္းေပမယ့္ ရွင့္မွာ ၾကင္နာတက္တဲ့ ႏွလုံးသားရွိပါတယ္"(စု႐ြမ္႐ြမ္ အတြက္သာ)

ဖ႐ုံသီး ေခြး: ဘာစကားေတြ ေျပာေနတာလဲ။ ငါ့နားေတာ့ ကန္းပါၿပီ။

°°°°°°

စြမ္းအားရွင္ကင္းလွည့္တပ္ရင္းတစ္ဝက္ေပ်ာက္ဆုံးေနသည္။

အဓိကအျဖစ္အပ်က္သည္ က်ယ္က်ယ္ျပန့္ျပန့္ အာ႐ုံစိုက္ျခင္းခံခဲ့ရသည္။

လူတိုင္းေပ်ာ္႐ႊင္ေနၾကေတာ့၏။

ေနာက္ဆုံးေတာ့ သူတို႔ရဲ႕ ေငြ၊ သူတို႔ရဲ႕ အစားအေသာက္၊ သူတို႔ရဲ႕ ဂုဏ္သိကၡာကို မည္သူမွ် နင္းေခ်ေတာ့မည္ မဟုတ္။

ဤအရာမ်ားသည္ ဇြန္ဘီမ်ားထက္ပို ႐ြံမုန္းစရာေကာင္း၏။

ကင္းလွည့္တပ္ရင္းမွ ဒုေခါင္းေဆာင္ ၿမိဳ႕ေတာ္ဝန္ကို ေတြ႕ဆုံခ်ိန္တြင္ ၿမိဳ႕ေတာ္ဝန္က သူ႕သားနဲ႕ ပတ္သက္ၿပီး စိုးရိမ္ေနခဲ့ သည္။

ႏြယ္ပင္က အခ်ိန္အေတာ္ၾကာ ထုတ္လို႔မရဘဲရွိေနၿပီး ဒဏ္ရာက ပိုမိုနက္ရွိုင္း က်ယ္ျပန့္လာကာ ျဖတ္ပစ္ရေတာ့မလို ျဖစ္ေနသည္။

"အား အား ေဖေဖေရ "

"ၿမိဳ႕ေတာ္ဝန္၊ ကြၽန္ေတာ့္လက္ေအာက္ငယ္သားေတြ ေျပာတာ...."

"အား အား ေဖေဖ ေဖေဖေရ..."

"ငါ့ကို ေျပာ..."

" အေဖ့!"

ဒု ေခါင္းေဆာင္က အရင္ဆုံး ေနရာေျပာင္းရင္ေျပာင္း၊ ဒါမွမဟုတ္ အသံကို ပိတ္ထားနိုင္မလားဟုေျပာလာသည္။

ၿမိဳ႕ေတာ္ဝန္က တြန႔္ဆုတ္တြန့္ဆုတ္ျဖင့္ သူ႕သားရဲ႕ပါးစပ္ကို ကြၽမ္းကြၽမ္းက်င္က်င္ ပိတ္ဆို႔လိုက္သည္။

ေနာက္ဆုံးေတာ့ ေနာက္ခံ သံစဥ္က ပိတ္သြားခဲ့ၿပီး လက္ေထာက္ ေခါင္းေဆာင္း စကားေျပာလို႔ရသြားေတာ့သည္။

"ေခါင္းေဆာင္ ေပ်ာက္မသြားခင္ ေနာက္ဆုံးေပၚလာတာက စု႐ြမ္႐ြမ္ အိမ္ပဲ"

ေခါင္းေဆာင္ကို သူတို႔အိမ္မွာ မျမင္ခဲ့ပါဘူးဟု ၿမိဳ႕ေတာ္ဝန္က ျပန္ေျပာလာခဲ့သည္။

ဒု ေခါင္းေဆာင္: ... ထားပါေလ၊ ၿမိဳ႕ေတာ္ဝန္ရဲ႕ သမီးကလည္း စု႐ြမ္႐ြမ္ပဲကိုး။

"ကြၽန္ေတာ္က ၿမိဳ႕ထဲက ထိပ္တန္းအလွေလးအေၾကာင္း ေျပာေနတာပါ" ၿမိဳ႕ေတာ္ဝန္က ခ်က္ခ်င္း ေခါင္းညိတ္လိုက္၏။

လက္ေထာက္ေခါင္းေဆာင္က ဆက္ေျပာလာသည္။ "ကြၽန္ေတည္တို႔ၿမိဳ႕ထဲမွာ စြမ္းရည္ရွိတဲ့ ဇြန္ဘီတစ္ေကာင္ ေရာေႏွာေနတယ္လို႔ သံသယျဖစ္မိတယ္။ ေခါင္းေဆာင္က သူသတ္တာခံလိုက္ရတာ ေနမယ္။"ထိုစကားကို ေျပာေနတဲ့ ဒုေခါင္းေဆာင္ရဲ႕ အမူအရာက ႐ုတ္တရက္ မႈန္ကုပ္လာသည္။

ၿမိဳ႕ေတာ္ဝန္ခ်က္ခ်င္းပဲ တစ္ကိုယ္လုံးတုန္လႈပ္လာ၏။ "သဘာဝမက်လိဳက္တာ၊ စြမ္းရည္နဲ႕ ဇြန္ဘီ"

စြမ္းရည္နဲ႕ လူထက္စာလွ်င္ စြမ္းရည္နဲ႕ ဇြန္ဘီက ကိုင္တြယ္ေျဖရွင္းဖို႔ ပိုခက္သည္။

သူတို႔က ေသဖို႔ မလြယ္ကူေသာေၾကာင့္ပင္။

စြမ္းရည္ရွိတဲ့လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္က ေသြးထြက္လြန္ျခင္းေၾကာင့္၊ ေရာင္ရမ္းျခင္းေၾကာင့္၊ ျဖတ္ေတာက္ခံရျခင္းေၾကာင့္၊ စိတ္ပိုင္းဆိုင္ရာဒဏ္ရာရျခင္းေၾကာင့္ ေသဆုံးနိုင္သည္။

သို႔ေသာ္လည္း ဇြန္ဘီမ်ားကေတာ့ ကြဲျပားသည္။ သူတို႔က စိတ္ခံစားခ်က္နဲ႕ ဆႏၵ ကင္းမဲ့ေနသည္။ သူတို႔ရဲ႕ ေခါင္းကို ဆုံးရႈံးရတာ လြဲလို႔ သူတို႔ဟာ စြမ္းအားရွင္မ်ားထက္ ေသဖို႔ ပိုခက္သည္။အထူးသျဖင့္ စိတ္ခံစားခ်က္ ၇ ခုနဲ႕ ဆႏၵ ၆ ခုကို စြန႔္လႊတ္ထားသည့္ သဘာဝလြန္ စြမ္းအားရွိေသာဇြန္ဘီမ်ားပင္။

လြန္ခဲ့တဲ့ သုံးႏွစ္ ဒီၿမိဳ႕ကို စတင္စီမံခန႔္ခြဲကတည္းက ၿမိဳ႕ေတာ္ဝန္မွာ ဇြန္ဘီဟု အသံၾကားတာနဲ႕ ျဖဴစုပ္သြားတက္သည္။

ဒုတိယေခါင္းေဆာင္က ဆက္ေျပာလာသည္။"ငါတို႔ နန္နီအဖြဲ႕ မေရာက္ခင္ ဒီစြမ္းအားရွင္ ဇြန္ဘီကို ဖမ္းရမယ္။ ဒီနည္းက ပဲ ငါတို႔ ကုသိုလ္နဲ႕ ခုႏွိမ္နိုင္မွာ "

" ကုသိုလ္နဲ႕ခုႏွိမ္တယ္?" ၿမိဳ႕ေတာ္ဝန္မွာ အျပစ္ရွိ စိတ္ျဖင့္ ေနာက္တြန႔္သြားသည္။

ဒုေခါင္းေဆာင္ကဆိုလိုက္သည္။"နန္နီက ဒီၿမိဳ႕ကို ေထာက္ခံမႉေပးဖို႔ပဲ ဒီၿမိဳ႕ကို လာတယ္ထင္ေနလား ၊သူမက ဒီေနရာရဲ႕အေျခအေနနဲ႕ပတ္သက္ၿပီး အတိအက်ကိဳ သိတယ္။ ဒီအႀကိမ္က မင္းကို ရွင္းလင္းဖို႔ ေရာက္လာတာမ်ားလား?"

ၿမိဳ႕ေတာ္ဝန္တစ္ေယာက္ ထိတ္လန႔္တုန္လႈပ္သြားေတာ့သည္။

သူ ဒုေခါင္းေဆာင္နဲ႕ ေသခ်ာေပါက္ ပူးေပါင္းေဆာင္႐ြက္ပါမည္ဟု ေျပာလိုက္သည္။

"ကြၽန္ေတာ့္သားကို နာက်င္ေစတဲ့ စြမ္းရည္နဲ႕လူက..."

"မင္းသားကို နာက်င္ေစတာက စြမ္းရည္နဲ႕ ဇြန္ဘီ ျဖစ္နိုင္တယ္" ဒုေခါင္းေဆာင္ရဲ႕မ်က္နာေပၚတြင္ အၿပဳံးတစ္ခု ေပၚလာ၏။"ငါတို႔ သူ႕ကို ဖမ္းနိုင္ရင္ သူ႕သလင္းေက်ာက္အျမဳေတကို တူးထုတ္ပစ္မယ္...။"

ဒုေခါင္းေဆာင္ရဲ႕ မ်က္ႏွာထက္ဝယ္ အလိုေလာဘမ်ား ေပၚလြင္ေန၏။

အေျခစိုက္စခန္းမ်ား တျဖည္းျဖည္း တည္ၿငိမ္လာကတည္းက စြမ္းရည္အသုံးျပဳသူမ်ားမွာ ပိုမိုျမင့္မားေသာ စြမ္းရည္မ်ားကို စတင္ေလ့လာလိုက္စားလာၾကသည္။

ဇြန္ဘီမ်ား၏ သလင္းေက်ာက္အျမဳေတမ်ားမွာ လူမ်ားႏွင့္ ကြဲျပားသည္ကို ရွာေတြ႕ခဲ့ၾက၏။

စြမ္းရည္ျခင္း မတူရင္ေတာင္ ေရာေႏွာလို႔ရေနသည္။

စြမ္းရည္တိုးတက္ေစ႐ုံသာမက စြမ္းရည္ႏွစ္မ်ိဳးပင္ ရနိုင္ၾကသည္။

ယခုတြင္ စြမ္းရည္အသုံးျပဳမ်ားစြာရွိၿပီျဖစ္ေသာ္လည္း စြမ္းရည္ႏွစ္မ်ိဳးရွိသူမွာ နည္းေနေသးသည္။

ၿပီးေတာ့လည္း ထိုရွားပါးေသာ စြမ္းရည္ႏွစ္မ်ိဳး အသုံးျပဳသူမ်ားသည္ အေျခစိုက္စခန္းတြင္ တလွိုင္လွိုင္ သင္းပ်ံ့ေနတဲ့ အစားအစာေတြ၊ အစပ္ေတြညေန႕တိုင္း စားလို႔ရသည့္ အဆင့္ျမင့္ ေခါင္းေဆာင္မ်ား ျဖစ္လာၾကၿပီး ေပ်ာ္ေပ်ာ္ပါးပါး ေနနိုင္ၾကသည္။

ေကာင္းကင္သို႔လွမ္းေသာ ေျခတစ္လွမ္းအျဖစ္ ေဖာ္ျပလို႔ရေန၏။

ဒီကိစၥက မ်ားစြာေသာစြမ္းအားရွင္မ်ားကို ဆြဲေဆာင္ေနေတာ့သည္။

အမုန္းတရားသည္ ေက်းဇူးတရား ထက္သာလြန္ၿပီး လူသားမ်ားႏွင့္ ဇြန္ဘီမ်ားၾကားရွိ တိုက္ပြဲမွာ သာ၍ပင္ ေၾကကြဲဖြယ္ အတိ ျဖစ္ေနေတာ့သည္။

°°°°°°°

စု႐ြမ္႐ြမ္သည္ အမ်ိဳးသားကို အိမ္ျပန္ေခၚသြား၏။

အိမ္ထဲတြင္ တစ္ေယာက္မွမရွိေပ။ သူမအေမနဲ႕ သူမ အစ္မက အိမ္ကေန ထြက္သြားတာ ျဖစ္မယ္လို႔ စု႐ြမ္႐ြမ္ခန႔္မွန္းလိုက္သည္။

အဆုံးမွာေတာ့ သူတို႔ရဲ႕ စားနပ္ရိကၡာမွာ အၿမဲလုံေလာက္မႈ မရွိေပ။

ေနာက္တစ္ေန႕တြင္ သူမအေမနဲ႕ သူမ အစ္မ ျပန္ေရာက္လာခဲ့သည္။

စု႐ြမ္႐ြမ္ အမ်ိဳးသားကို သူတို႔နဲ႕ မိတ္ဆက္ေပးလိုက္၏။"ဒါက ကြၽန္မအေမ"

ပိုင္ဟြမ္ : တဆတ္ဆတ္ တုန္ေန။

"ဒါက ကြၽန္မ အစ္မ "

King Kong ႐ုပ္: တဆတ္ဆတ္ တုန္ေန။

ဒီလူ ျပာျဖစ္သြားရင္ေတာင္ သူတို႔ကေတာ့ သူ႕ကို မွတ္မိေနမည္ ျဖစ္သည္။

Continue Reading

You'll Also Like

8.7K 1.2K 14
I Do Not Own This Story and I decided to translate the story cause I just love it . ( Available in both Zawgyi & Unicode Vers ) Original Author is @...
19.9K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)
292K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
514K 51.6K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000