[Unicode]
ဇွိ~
သုံးရက်လောက်ကြာသွားပြီး နောက်ဆုံးမှာတော့ စာချုပ်ကရောက်လာခဲ့လေပြီ။
စာချုပ်ကသက်တမ်းတိုပုံစံဖြစ်ကာ တစ်seasonအတွက်သာဖြစ်သည်။
ကျန်းရုန်စာချုပ်ကို လှန်လှောကြည့်လိုက်၏။Streamingအတွက် ဝေစုရာခိုင်နှုန်းနှင့်အခြေခံလစာက အတော်မြင့်သွားသည့်အတွက် တင်းကောသူ့အတွက် အတော်လေးကြိုးစားပေးခဲ့ရမယ်မှန်း သူသဘောပေါက်လိုက်၏။
"ကျေးဇူး"
တင်းကောကတော့ ကျန်းရုန်ဘာကိုကျေးဇူးတင်မှန်း သဘောပေါက်ဖို့အတွက် အချိန်အနည်းငယ်ယူလိုက်ရပြီး သူသိသွားသည်နှင့် ပြုံးလိုက်ကာ "ကျေးဇူးတင်ဖို့မလိုပါဘူး ဒါတွေက မင်းရသင့်ရထိုက်တဲ့အချက်ပေါ် အခြေခံပြီးမှဆွေးနွေးလို့ရလာတာတွေလေ"
ကျန်းရုန် စာချုပ်ကို ခပ်မြန်မြန်ပဲသာမန်ကာလျှံကာ ဖတ်ကြည့်လိုက်သည်။pro playerတွေနဲ့ သက်ဆိုင်တဲ့စည်းမျဥ်းတွေကို သူသေချာမဖတ်ပဲ နောက်စာမျက်နှာကို လှန်ပစ်လိုက်တာကို တင်းကောမြင်တော့ သူမနေနိုင်ပဲသတိပေးလိုက်၏။ "ဒီစာမျက်နှာကိုသေသေချာချာလေးဖတ်ကြည့်"
ထို့ကြောင့် ကျန်းရုန်လည်း စာရွက်လှန်နေသည်ကိုရပ်လိုက်ပြီး တင်းကောသူ့ကိုဖတ်စေချင်သည့်အကြောင်းရာကို သေချာဖတ်ကြည့်လိုက်သည်။
စည်းမျဥ်းတစ်ခုချင်းစီတိုင်းက အလွန်အမင်းကိုရှည်လျားပြီး ရှုပ်ထွေး၏။အကျဥ်းချုပ်ကိုအကြမ်းဖျင်းပြောရမည်ဆိုလျှင်တော့- ကစားသမားတွေအား အချောင်ခိုခြင်း၊ ဂိမ်းကစားနေရင်းမှထွက်ပစ်ခြင်းနှင့် အခြားကစားသမားတွေကိုဆဲဆိုခြင်းမှ တားမြစ်ထားပြီး ပြိုင်ပွဲအတွင်းသာမက ဘယ်မှာမဆို သူတို့သာစည်းကမ်းဖောက်ခဲ့ပါက LPLကိုဒဏ်ကြေးဆောင်ရမည်ဖြစ်သည်။အဆိုးဆုံးပြစ်ဒဏ်က ဆိုင်းငံ့ခံရသည်အထိဖြစ်နိုင်သည်။
ဖတ်ကြည့်ပြီးသည့်နောက် ကျန်းရုန်ခဏလောက်တိတ်ဆိတ်သွား၏။ပြီးမှ သူမေးလိုက်သည်။ "ပုံမှန်Rankကစားနေရင်းလည်း AFKလို့မရဘူးပေါ့?"
တင်းကော: "မရဘူး"
ကျန်းရုန်ကလက်မလျှော့သွားပေ။ "တကယ်လို့ကျွန်တော့်ကစားပုံမှာ ပြသနာတစ်ခုခုရှိနေပြီး ခဏခဏသေနေရင်ရော ဒါဆိုလည်းစည်းကမ်းဖောက်တာပဲလား?"
တင်းကောသူ့နဖူးပေါ်ပါလက်တင်လိုက်မိပြီး "....LPLကလူတွေကိုအရူးတွေလို့ထင်မနေနဲ့"
"ဒါဆိုတစ်ယောက်ယောက်ကိုဆဲတယ်ဆိုတာကရောဘယ်လိုသတ်မှတ်ထားလဲ?" ကျန်းရုန်မေးလိုက်၏။ "စောက်ပိန်းဆိုတာရောထည့်တွက်လား?"
တင်းကော: "........"
"စောက်ရူး?စောက်ပေါ? စောက်သုံးမကျတဲ့ကောင်ဆိုတာတော့ ခွင့်ပြုလောက်တယ်မလား?"
"ဘယ်သူသိမလဲ" တင်းကောကမျက်နှာသေနှင့်ပင်။ "မင်းအဲ့တာတွေအားလုံးကိုအစမ်းဆဲကြည့်လိုက်ရင်ရော? ဒဏ်ကြေးကလည်း တစ်သောင်း၊နှစ်သောင်းလောက်ပါပဲ"
ကျန်းရုန်လည်းဘာမှထပ်မပြောတော့ပဲ စာချုပ်မှာသာ သူ့နာမည်ကိုရေးပြီး လက်မှတ်ထိုးလိုက်တော့၏။
"ဒါဆိုပြီးပြီ၊ မင်းအချိန်ရတာနဲ့ မင်းပစ္စည်းတွေbaseကိုရွှေ့ဖို့ ငါလူရှာပေးမယ်" တင်းကောကဖိုင်ကိုပိတ်လိုက်ပြီး ဆက်ပြောလာသည်။ "ကျန်တာတွေကတော့ တရားဝင်ကြေညာပြီးတဲ့ထိ စောင့်ကြတာပေါ့။လာမယ့်ရက်အတွင်း မင်းဓါတ်ပုံသွားရိုက်ရဦးမယ် မင်းရဲ့အသင်းယူနီဖောင်းကလည်း အသင့်ဖြစ်နေပြီ မနက်ဖြန်ဆိုရောက်လာလိမ့်မယ် ပြီးတော့ Weiboက.... ပုံမှန်ဆိုရင် ငါတို့က အသင်းသားတွေတစ်နေ့တစ်နေ့ ဘာတင်တယ်ဆိုတာထိ လိုက်မစစ်ဆေးပေမယ့် မင်းကတော့ကိုယ့်ကိုကိုယ်နည်နည်းထိန်းချုပ်ရမယ် အဲ့ဒီfanတွေနဲ့ အမြဲတမ်း....."
"သိပါပြီ....စိတ်မပူပါနဲ့ သူတို့ကြောင့်နဲ့တော့ ဒဏ်ကြေးမဆောင်ဘူး"
ထိုအခါမှသာ တင်းကောလည်း သူ့အားနားပူနားဆာလုပ်နေခြင်းကို ရပ်လိုက်တော့၏။
သူကသူ့အား အခြားအရာတွေကိုလည်း အချိန်ခဏလောက်အထိ သတိပေးနေပြီးမှ အစည်းအဝေးခန်းတံခါးကိုဖွင့်လိုက်သည်။
သူတို့ထွက်လာသည်ကိုမြင်တော့ လုပေါယွမ်ကမော့ကြည့်လာ၏။ "လက်မှတ်ထိုးပြီးသွားပြီလား?"
တင်းကော: "အင်း"
"အခုကစငါတို့ကအသင်းဖော်တွေဖြစ်သွားပြီပေါ့?" ရှောင်ပိုင်ကခြေချိတ်ထိုင်နေသည်ဖြစ်ပြီး သူကမေးလာ၏။ "ဒါဆိုဒီညက ရိုးရာအတိုင်းပဲလား?"
တင်းကောအချိန်ကိုကြည့်ပြီး ပြောလိုက်သည်။ "ဒါပေါ့ ငါသီးသန့်နေရာမှာထားလိုက်မယ် နည်းနည်းနောက်ကျမှသွားလည်း ရတယ်မလား? ငါ့အတွက်ကတော့ ဆိုင်မှာလူနည်းလေ ပိုကောင်းလေပဲ"
ကျန်းရုန်: "ဘာရိုးရာလဲ?"
"ဘာရှိဦးမှာလဲ?" ရှောင်ပိုင်ကပြောလာ၏။ "သေချာပေါက်သွားပြီးအောင်ပွဲခံဖို့ပေါ့! လေ့ကျင့်ရေးတွေကလည်း ပြန်စဖို့နီးနေပြီ အဲ့တော့ ကြိုတင်ပြီးထမင်းတစ်နပ်လောက်တော့ ကောင်းကောင်းစားထားသင့်တယ်လေ!"
တင်းကော စားသောက်ဆိုင်ကို ဖုန်းဆက်ပြီးချိန်မှပင် ကျန်းရုန်ရဲ့ထင်မြင်ချက်ကိုမေးသင့်ကြောင်း သူတွေးမိသွား၏။ "ဆိုင်ကငါတို့မကြာခဏသွားစားနေတဲ့ဟော့ပေါ့ဆိုင်လေ အစားအသောက်တွေလည်းလတ်ဆတ်တယ် ပြီးတော့ သီးသန့်ခန်းတွေလည်းရှိတယ် သန့်လည်းသန့်ရှင်းတယ် အဆင်ပြေလား?"
တင်းကောကဆိုင်ကို ဖုန်းခေါ်နေပြီဖြစ်သည့်အတွက် ကျန်းရုန်ဘာမှပြောလို့မရတော့။သူခေါင်းသာငြိမ့်ပြလိုက်ပြီး "ဘာမဆိုရတယ်"
ကျန်းရုန်အပေါ်ထပ်ကိုတက်ပြီး အဝတ်သွားလဲလိုက်သည်။သူဘယ်တုန်းကဂျတ်ကတ်ကို နောက်ဆုံးအကြိမ်အနေနဲ့ဝတ်ခဲ့တယ်ဆိုတာကိုပါ သူမမှတ်မိချင်တော့။အကြောင်းကတော့ သူTTCရဲ့အရှေ့တံခါးကနေ ဝင်လာပြီးကတည်းက တစ်ခေါက်မှကိုပြန်မထွက်သွားခဲ့တာကြောင့်ပင်။
သူအခန်းထဲကမထွက်ခင် ဦးထုပ်ဆောင်းရမလားဟု ခြေတုံချတုံဖြစ်လိုက်သေးပေမယ့် နောက်ဆုံးမှာတော့ သူချိတ်မှသာပြန်ချိတ်ထားခဲ့လိုက်သည်။
လူကိုယ်တိုင်ရှေ့ထားပြီး သူ့merchဦးထုပ်ကိုဆောင်းတာက.....နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သည်လေ။
ကျန်းရုန်အခန်းထဲကထွက်လာချိန် သူနဲ့မျက်နှာချင်းဆိုင်အခန်းကနေလည်း လုပေါယွမ်ကထွက်လာသည်ကြောင့် ဝင်တိုက်မိမလိုပင်ဖြစ်သွား၏။
TTCရှိအသင်းသားတိုင်းက "Esportsလောကရဲ့နာမည်ကြီးများ"ဆိုသည့်ဂုဏ်ပုဒ်ကို ထမ်းထားရသူများဖြစ်ပြီး သူတို့ကလူငယ်တွေကြားထဲတွင် အချို့အနုပညာရှင်တွေထက်ပင် ပိုနာမည်ကြီးသည်ကြောင့် သူတို့အားလုံးအပြင်ထွက်သည့်အခါ ဦးထုပ်တွေ၊maskတွေနှင့် ရုပ်ဖျက်ထားရသည်။
အကျင့်ဖြစ်နေသည်ကြောင့် လုပေါယွမ်က ဦးထုပ်ကိုအရမ်းငိုက်ငိုက်ဆွဲချထားပြီး အသံကိုကြားလိုက်ရသည့်အခါ သူကနည်းနည်းမော့ကြည့်လာ၏။
လုပေါယွမ်: "အပြင်မှာ ၇ဒီဂရီပဲရှိတယ်"
ကျန်းရုန်သွားနေသည်ကိုရပ်လိုက်ပြီး "ဘာကို?"
လုပေါယွမ်က သူဝတ်ထားသည့်ကုတ်ပါးပါးလေးကို ကြည့်ပြီးပြောလာသည်။ "ဒီတိုင်းဝတ်ပြီးသွားရင် မင်းအအေးမိသွားလိမ့်မယ်၊ နောက်တစ်ထည်သွားလဲလိုက်"
ကျန်းရုန်ခေါင်းခါလိုက်ပြီး "ရပါတယ်"
"လေ့ကျင့်ရေးကစတော့မှာ....မင်းဖျားသွားလို့မရဘူးလေ"
ကျန်းရုန်သူ့ဆံပင်သူဆွဲဖွလိုက်ပြီး ခဏလောက်တိတ်ဆိတ်သွားပြီးမှ ပြောလိုက်၏။ "....ကျွန်တော့်မှာအခြားဂျတ်ကတ်တွေမပါတော့လို့"
သူbaseဆီလာခဲ့တုန်းက အပူချိန်ကအခုလောက်ထိမနိမ့်သေးသည့်အတွက် သူဂျတ်ကတ်တစ်ထည်သာယူလာခဲ့မိသည်။
သူထိုသို့ပြောလိုက်သည်နှင့် လုပေါယွမ်ကကိုယ်ကိုပြန်လှည့်ပြီး သူ့အခန်းထဲပြန်ဝင်သွား၏။ "ဒီမှာစောင့်နေ"
လုပေါယွမ်က အခန်းတံခါးကိုမပိတ်ပစ်လိုက်တာကြောင့် သူအခန်းထဲကိုခိုးကြည့်လိုက်၏။
သူတို့က မျက်နှာချင်းဆိုင်အခန်းနှစ်ခန်းမှာ နေနေသည်ဖြစ်သော်လည်း အခန်းရဲ့ဖွဲ့စည်းပုံကတော့ လုံးဝကိုကွာခြားလေသည်။လုပေါယွမ်ရဲ့အခန်းက နည်းနည်းပိုကြီးကာ ပရိဘောဂတွေကလည်း ကျန်းရုန်အခန်းထဲမှာထက် ပိုစုံသည်။
လုပေါယွမ်က မကြာခင်မှာပဲ ခဲရောင်ဂျတ်ကတ်တစ်ထည်နှင့် အဖြူရောင်လျှာထိုးဦးထုပ်တစ်လုံးကိုကိုင်ကာ ပြန်ထွက်လာ၏။
"ဒီကုတ်ကဝယ်ထားတာတော့တော်တော်ကြာနေပြီ လျှော်ပြီးတော့ အဝတ်အိတ်ထဲတစ်ချိန်လုံးထည့်သိမ်းထားတာ..." လုပေါယွမ်သူ့ကိုမျက်ခုံးပင့်ပြလာသည်။ "မင်းစိတ်အနှောင့်အယှက်ဖြစ်လောက်လား?"
"မဖြစ်ပါဘူး....ဒါပေမယ့် ကျွန်တော်အခုဝတ်ထားတာနဲ့တင်......" အဆင်ပြေနေပါပြီ
သူစကားတောင်မဆုံးလိုက်သေး အဖြူရောင်လျှာထိုးဦးထုပ်က သူ့ခေါင်းပေါ်ရောက်လာ၏။
"ဒီရက်ပိုင်းတော်တော်အေးနေတာ ဒီညဆိုနှင်းပါကျလောက်တယ်" လုပေါယွမ်ကပြောလာသည်။ "အဲ့တာကိုဝတ်လိုက်"
ကျန်းရုန်တံတွေးမြိုချလိုက်ပြီး ဦးထုပ်လျှာကိုထိလိုက်မိသည်။သူ့မှာကိုယ်ပိုင်ဦးထုပ်ရှိသည့်အတွက် သူမလိုအပ်ကြောင်း ပြောလိုက်ချင်သည်။
သို့သော်လည်း စကားလုံးတွေ သူ့ပါးစပ်ဖျားဆီရောက်လာသည့်အခါ ရုတ်တရက်ကြီး သူမပြောဖြစ်လိုက်တော့။
"ကော!" ရှောင်ပိုင်က လုပေါယွမ်အသံကိုကြားလိုက်ရသည့်အတွက် လှေကားကနေလှမ်းအော်လာ၏။ "မင်းအဆင်သင့်ဖြစ်နေပြီလား? တင်းကောကကျွန်တော်တို့ကိုကားထဲကစောင့်နေတာ ကျန်းရုန်မြန်မြန်လုပ်လေ မင်းဘာလို့-"
"အဆင်သင့်ဖြစ်နေပြီ" လုပေါယွမ် သူ့ကိုပြန်ဖြေပြီးသည်နှင့် ကျန်းရုန်ဆီပြန်လှည့်ကြည့်ပြီး ပြောလာသည်။ "ကုတ်ကိုသွားပြန်လဲလိုက် ဇစ်တပ်ဖို့လည်းမမေ့နဲ့ဦး"
လုပေါယွမ်က ကျန်းရုန်ထက် အရပ်လည်းပိုရှည်သလို ရင်အုပ်လည်းပိုကျယ်သည်။ထိုဂျတ်ကတ်က လွန်ခဲ့သည့်နှစ်တွေကဖြစ်သော်ငြား ကျန်းရုန်ကိုယ်ပေါ်မှာတော့ ကြီးနေဆဲပင်။
ဂျတ်ကတ်ရဲ့အောက်နားက သူ့တင်ပါးထိပင်ဖုံးနေပြီး အကျ်ီလက်ကလည်း သူ့လက်တစ်ခုလုံးပင် စုံးစုံးမမြုပ်ရုံတမယ်။အိတ်ကပ်တွေကတောင်ကြီးနေသဖြင့် လက်ထည့်ထားသည့်အခါ အရမ်းကိုသက်တောင့်သက်သာဖြစ်လေသည်။
ကျန်းရုန်ငုံ့ကြည့်လိုက်ကာ နောက်ဆိုsizeပိုကြီးတဲ့ဂျတ်ကတ်တွေ ဝယ်ရမလားဟု စဥ်းစားလိုက်ရင်း အရှေ့တံခါးရှေ့မှာစောင့်နေသည့် အနက်ရောင်ဗန်ကားပေါ်ကို ခပ်သွက်သွက်တက်လိုက်၏။
လူတိုင်းကကားပေါ်တွင် နေရာယူပြီးသားဖြစ်ကာ အရင်ဆုံးတက်သွားကြသည့်လူတွေက နောက်ဆုံးတန်းတွင်ထိုင်နေကြသည်။အလယ်တန်းက တစ်ယောက်ထိုင်ခုံနှစ်ခုံမှာတော့ လုပေါယွမ်ကတစ်ခုံထိုင်နေကာ နောက်တစ်ခုံကလူလွတ်နေသည်။
လုပေါယွမ်ကထိုင်ခုံပေါ်တွင် သူ့ရဲ့ခြေတံရှည်တွေကိုကားလျက် စိမ်ပြေနပြေထိုင်ရင်း ဖုန်းသုံးနေ၏။
လူတက်လာသည်ကိုတွေ့တော့ သူကခေါင်းမော့ကာ ကျန်းရုန်ကိုကြည့်လာပြီး သူဂျတ်ကတ်ဝတ်လာတာ သေချာတော့မှ အကြည့်ပြန်လွှဲသွားသည်။
ကျန်းရုန်ခေါင်းပုလိုက်ပြီး တိတ်တိတ်လေး လွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်၏။
ထို့နောက် အခြားသူတွေကလည်း ဖုန်းသုံးနေသည့်အတွက် သူလည်းဖုန်းထုတ်ကာ Weiboကြည့်နေလိုက်သည်။ထိုကွန်မန့်၌ အပြန်အလှန်ချနေကြသည်မှာ အခုဆိုလျှင် Replyကကိုးရာကျော်သွားလေပြီ။ထိုအရေအတွက်ကိုမြင်လိုက်သည်နှင့် ကျန်းရုန်လည်းစိတ်ရှုပ်ခံပြီး ဝင်ကြည့်မနေတော့ချေ။
ဟော့ပေါ့ဆိုင်က baseနဲ့သိပ်မဝေးပေ။ထို့အပြင် ဒီနေ့ကပိတ်ရက်မဟုတ်သလို ညနေခင်းလည်းဖြစ်သည်ကြောင့် ဆိုင်ထဲတွင်လူသိပ်မရှိ။
ကားပါကင်ထိုးပြီးသည်နှင့် သူတို့ခြောက်ယောက်လည်း ဆိုင်ရှိရာဆီ လမ်းလျှောက်သွားလိုက်သည်။
သွားနေရင်း ရှောင်ပိုင်ကအံ့သြသည့်အသံနှင့် မေးလာ၏။ "ကျန်းရုန် မင်းဒီနေ့ငါ့ကောရဲ့ merchဦးထုပ်မဆောင်းထားပါလား?"
ရှောင်ပိုင့်စကားကြောင့် အားလုံးကသူ့ကိုလှည့်ကြည့်လာသည်။
ကျန်းရုန်: "......"
မျက်နှာထားတင်းတင်းနဲ့ပင် "ဦးထုပ်မဆောင်းထားတာတောင် အစဖော်မယ့်သူရှိတာသူသိရင် အစကတည်းကဒီတိုင်းဝတ်လာလိုက်ပါတယ်" ဟူ၍ သူတွေးလိုက်မိ၏။
"ပြီးတော့ မင်းဂျတ်ကတ်ကမကြီးဘူးလား?" ယွမ်ချန်းကရယ်ပြီးသူ့ကိုစ,လာသည်။ "မင်းအဖေဟာလား?"
ကျန်းရုန်: "........မဟုတ်ဘူး"
လုပေါယွမ်: "ငါ့ဟာ"
လူတိုင်းက ခဏလောက်ကြောင်သွားပေမယ့် ပြီးတာနဲ့ အသားကုန်အော်ရီလာကြတော့၏။
Open-air type ဟော့ပေါ့ဆိုင်ရဲ့ သီးသန့်ခန်းဆိုသည်က အတော်လေးရိုးရှင်းကာ စတုရန်းပုံစံအခန်းလွတ် ဖြစ်လေသည်။အခန်းထဲ၌ စားပွဲခုံတစ်ခုံနှင့် ပန်းကန်တွေတူတွေပါသည့် ကြောင်အိမ်သာရှိ၏။
ကျန်းရုန်ဂျတ်ကတ်ကိုချွတ်လိုက်ပြီး ထိုင်ခုံနောက်မှီပေါ်တွင်တင်နေစဥ် လုပေါယွမ်က သူ့ဘေးနားကခုံကိုဆွဲကာ သဘာဝကျကျပင် ထိုထိုင်ခုံ၌ဝင်ထိုင်လိုက်သည်ကို သူမြင်လိုက်ရသည်။
ယောကျာ်းလေးတွေက အစားအစာတွေမှာရင် အမြဲလောဘကြီးတတ်ကြသည့်အတွက် စားပွဲတစ်ခုလုံးဟင်းပွဲတွေနှင့် ပြည့်သွားမှသာ မှာနေခြင်းကိုရပ်လိုက်တော့သည်။ထို့နောက် ယွမ်ချန်းကမေးလာ၏။ "တင်းကော ကျွန်တော်တို့အရက်မှာလို့ရလား?"
"ရတယ် ဒါပေမယ့် လေ့ကျင့်ရေးစပြီဆိုတာနဲ့ လက်ဖျားနဲ့တောင်မထိရတော့ဘူး ဒါလည်း အများကြီးမသောက်ကြနဲ့နော် မင်းတို့...."
ယွမ်ချန်းကဝိတ်တာကို လက်လှမ်းပြလိုက်ပြီး "ပိုင်ကျို့နှစ်ပုလင်း!"
တင်းကော: "......."
ကျန်းရုန်အတွက် လူအများကြီးနှင့်အတူ ထမင်းစားခဲ့သည်မှာ တော်တော်ပင်ကြာခဲ့ပြီဖြစ်သည်။
အနားယူနေသည့်ကာလမှာလည်း TTCရဲ့အသင်းသားတိုင်းက သူ့အလုပ်နှင့်သူဖြစ်ကာ အချိန်အများစုမှာ လူတိုင်းကကိုယ့်ကွန်ပျူတာရှေ့မှာပဲ စားသောက်ခဲ့ကြသည်လေ။baseမှာရှိတဲ့အန်တီကြောင့်သာ မဟုတ်လျှင် သူတို့ရဲ့ထမင်းစားပွဲက ဖုန်အထပ်လိုက်ဖြစ်နေလောက်သည်။
ပိုင်ကျို့ပုလင်းတွေရောက်လာသည်နှင့် ရှောင်ပိုင်က ခွက်ထဲကိုငှဲ့လိုက်ပြီး ကျန်းရုန်ရှေ့တွင်ချလိုက်၏။
လုပေါယွမ်ကတင်းကောနှင့် စကားပြောနေရင်းတန်းလန်းဖြစ်သည်။သူ့ရဲ့မျက်လုံးတောင့်စွန်းကနေ အရက်ခွက်ကိုမြင်လိုက်သည့်နှင့် ရှောင်ပိုင်ကိုလှမ်းပြောလိုက်၏။ "သူ့ကိုမတိုက်နဲ့"
ယွမ်ချန်းကလက်ခါပြလိုက်ရင်း ပြောလာသည်။ "နည်းနည်းလေးပဲ ကိစ္စမရှိပါဘူး"
Pineကမျက်ခုံးပင့်လိုက်ပြီး "မသေချာဘူး အရင်တစ်ခေါက်တုန်းက တစ်စုံတစ်ယောက်က နှစ်လုတ်လောက်သောက်ပြီးတာနဲ့ ဆိုင်ကနေပြေးထွက်သွားပြီး ရေကူးကန်မှာ ဘတ်စကတ်ဘောကစားမယ်လို့ မရမကပြောခဲ့သေးတယ်မလား?"
".........P-baby ငါအခုတော်တော်တိုးတက်လာပါပြီ! ငါထပ်မမူးတော့ဘူး!" ရှောင်ပိုင်ကပြောနေရင်း ကျန်းရုန်ရှေ့ကအရက်ခွက်ကို ပြန်ယူသွား၏။ "ထားလိုက်တော့ မင်းကငယ်သေးတယ် မသောက်တာပိုကောင်းတယ်"
ရှောင်ပိုင်ရဲ့အမှတ်တမဲ့ပြောလိုက်တဲ့စကားက အောင်အောင်မြင်မြင်ပဲ ဆယ်ကျော်သက်လေးရဲ့မာနကို သွားထိခိုက်လေတော့သည်။
"ရတယ်" ကျန်းရုန်သူ့ဆီကခွက်ကိုပြန်ဆွဲယူလိုက်၏။ "ကျွန်တော်သောက်နိုင်တယ်"
ရှောင်ပိုင်: "အိုက်ယား ကလေးတွေကဟိတ်ဟန်မထုတ်သင့်ဘူး"
သူပြောတာကိုကြားသည်နှင့် ကျန်းရုန်ခွက်ကိုကောက်ကိုင်ပြီး တစ်ကျိုက်တည်းမော့ချလိုက်သည်။
"နောက်တစ်ခွက်ထည့်ပေးပါဦး ကျေးဇူး"
ရှောင်ပိုင်: "......."
ရှောင်ပိုင်အရက်ငှဲ့ပေးဖို့လှည့်သွားသည့်အချိန်ကို ကျန်းရုန်အခွင့်ကောင်းယူလိုက်ပြီး ခေါင်းကိုငုံ့ကာ ဦးထုပ်ရဲ့လျှာအောက်မှာ သူ့မျက်နှာကိုမဲ့လိုက်၏။
မထင်ထားလောက်အောင်ကိုအဝင်ဆိုးတယ်
ဘာလို့သူ့အရသာကဘီယာထက်တောင်ဆိုးရတာလဲ?
လည်ချောင်းထဲကိုပူဆင်းသွားတာများ သူရှုံ့မဲ့သွားမိတော့မလို့.....
အရက်ပါလာသည့်အချိန်မှာတော့ အစားအသောက်တွေက ထင်သလောက်အရေးမပါတော့ချေ။
"လာ လာ" ရှောင်ပိုင်ကပထမဆုံးခွက်မြှောက်လိုက်သည့်သူပင်။ "TTCကိုတရားဝင်,ဝင်ရောက်လာတဲ့အတွက် ကျန်းရုန်ကိုဂုဏ်ပြုပါတယ် ဒီတစ်ခွက်ကမင်းအတွက်!"
လူတိုင်းကသူတို့ရဲ့ဖန်ခွက်တွေကိုမြှောက်လာကြပြီး တင်းကောကတော့ အရက်အစားရေကိုအစားထိုးထား၏။ "ငါကကားမောင်းမှာမလို့"
လုပေါယွမ်ရဲ့ခွက်ထဲတွင် အရက်ကသိပ်မရှိပေ။သူကအခြားသူတွေနဲ့ သောက်ထားပြီးဖြစ်ကာ ထပ်ဖြည့်ပေးမှာကိုလည်း ငြင်းလာသည်။
အရက်အရသာက အလွန်ပြင်းသည့်အတွက် ယွမ်ချန်းကနဖူးကိုတွန့်ထားပြီး မေးလာ၏။ "ကျန်းရုန် မင်းLOLကိုစကစားတုန်းက ဘယ်အရွယ်လောက်ရှိပြီလဲ?"
ကျန်းရုန်: "မေ့သွားပြီ မူလတန်းလောက်ကထင်တယ်"
"ငါနဲ့အတူတူလောက်ပဲ" ယွမ်ချန်းကထိုင်ခုံပေါ်မှီလိုက်ရင်း သက်ပြင်းချလိုက်သည်။ "ဒါပေမယ့် အဲ့တုန်းကငါ့အခြေအနေက မင်းလောက်တော့မကောင်းဘူး အဲ့အချိန်တုန်းကဆို မိဘတွေမိသွားမှာကလည်း ကြောက်ရနဲ့ အင်တာနက်ဆိုင်တွေမှာသွားကစားရတာလေ.....အဲ့လိုကျတော့လည်း ငါတို့ကမျိုးဆက်နှစ်ခုကလိုပဲ ငါတို့အသင်းဖော်ဖြစ်လာဖို့ဆိုတာ လွယ်တော့မလွယ်ဘူးနော် လာ နောက်တစ်ခွက်"
ရှောင်ပိုင်: "နောက်ပိုင်းမှဘာလို့Livestreamစလွှင့်ဖြစ်သွားတာလဲ?"
ကျန်းရုန်ပါးစပ်ကိုသုတ်ရင်း ပြန်ဖြေလိုက်၏။ "ပိုက်ဆံလိုလို့"
ရှောင်ပိုင်ကတွေးဆဆနှင့် "အဲ့လိုဆိုတောင် မင်းStreamingဘက်ကို ခြေဦးလှည့်စရာမလိုဘူးလားလို့ မင်းစစလွှင့်ချင်းဆို ပိုက်ဆံရမှာလည်းမဟုတ်သေးဘူးလေ အချို့အချိန်ပိုင်းအလုပ်တွေလုပ်တာက ပိုက်ဆံရတာပိုမမြန်ဘူးလား?"
"အဲ့ဒီတုန်းကတော်တော်လေးတင်းကြပ်တယ်လေ နေရာအများစုက အသက်မပြည့်သေးတဲ့ကလေးတွေကို အလုပ်မခန့်ချင်ကြဘူး" ကျန်းရုန်ကသာမန်ကာလျှံကာပဲပြောနေ၏။ "အိမ်မှာကကွန်ပျူတာလည်းရှိတယ် အရင်းအနှီးလည်းမလိုဘူး အဲ့တာနဲ့Streamingလွှင့်ဖို့ဖြစ်လာတာပဲ"
အရက်ကလေးဝင်သွားသည်နှင့် သိသိသာသာပဲ ကျန်းရုန်လည်းအာပိုရွှင်လာတော့သည်။
Pineကသူ့ကိုကြည့်လိုက်ရင်း "ဘာလို့ဆံပင်ကိုဒီလိုမျိုးဆိုးလိုက်တာလဲ?"
ကျန်းရုန်ကသူ့ခွက်ကို ယွမ်ချန်းဆီမြှောက်လိုက်ရင်း နောက်ထပ်ခွက်တစ်ဝက်ကို မော့ချလိုက်၏။သူPineရဲ့မေးခွန်းကိုကြားသည်နှင့် သူ့ဆံပင်ကိုဖွလိုက်မိသည်။ "Streamerတစ်ယောက်နဲ့PKရင်း ရှုံးသွားလို့ ဒါကအပြစ်ဒဏ်အနေနဲ့ဆိုးရတာ"
ရှိသမျှလူတိုင်း: "........"
လုပေါယွမ်မျက်ခုံးပင့်လိုက်၏။ "PK?"
"အင်း....လက်ဆောင်ပြိုင်ကြတာလေ များများရတဲ့လူကအနိုင် ရှုံးတဲ့လူကplatformရဲ့အပြစ်ပေးကဒ်တွေထဲက ကျပန်းရွေးပြီးအပြစ်ပေးခံရတာ ကျွန်တော်ကျတဲ့တစ်ခုက ဆံပင်အပြာရောင်ဆိုးရမယ်ဆိုတဲ့ကဒ်"
"....သနားစရာလေး" ရှောင်ပိုင်ကသူ့ကိုသနားသွားပြီး မေးလာသည်။ "ဒါဆိုနိုင်တဲ့သူအတွက်ဆုကရော?"
"အဲ့တာကလည်းကျပန်းဆုပဲ ဖြစ်နိုင်တာကတော့ platformရဲ့big giftsတွေထဲကတစ်ခုခုပဲ"
Pine: "ဖြစ်နိုင်တာ?"
မျက်နှာသေနှင့်ပင် ကျန်းရုန်ခဏလောက်တိတ်ဆိတ်သွားပြီးမှ သူပြောလိုက်၏။ "ကျွန်တော်အရင်ကတစ်ခါမှမနိုင်ဖူးဘူးလေ ကျွန်တော့်livestream roomရဲ့wfတွေအားလုံးက အခြားဖက်ကို လက်ဆောင်တွေသွားပေးကြတာ"
သူ့စကားကိုကြားသည်နှင့် ရှောင်ပိုင်ကအသားကုန်အော်ရီနေသည်ကြောင့် ဝိတ်တာရောက်လာပြီး သူတို့ကိုအသံလျှော့ဖို့ပင် လာပြောသွားလေသည်။
ရီသည့်လူတွေထဲလုပေါယွမ်လည်းပါ၏။ "အပြစ်ဒဏ်ကဘယ်လောက်ကြာလို့လဲ? အမဲပြန်မဆိုးတော့ဘူးလား?"
"တစ်ပတ်" ကျန်းရုန်သူ့မျက်နှာသူပွတ်လိုက်မိသည်။ "အစကတော့ အရောင်ပြန်ဆိုးဖို့အတွက်နဲ့ ပိုက်ဆံမသုံးချင်တော့တာ ဒါပေမယ့်ကြာလာတော့ အဲ့ဒီအရူးအုပ်စု.... အဲ့ဒီ water friendsတွေပြောကြတာက ဒီဆံပင်အရောင်နဲ့ဆို recommendation pageထဲ ပိုပြီးမျက်စိဖမ်းစားနိုင်တယ်တဲ့ ပြီးတော့ ကျွန်တော်လည်းနေသားကျသွားတာနဲ့ ဒီတိုင်းပဲထားလိုက်တော့တယ်"
ပရိတ်သတ်တွေကိုဆွဲဆောင်ဖို့အတွက် သူ့ဆံပင်ကိုဒီလိုမျိုးထားလိုက်တယ်ပေါ့.....
ရှောင်ပိုင်ကတော့ ရုတ်ချည်းဆိုသလို ကျန်းရုန်ကိုတအားလေးစားသွားသည့်အတွက် သူ့ခွက်ကိုမြှောက်လိုက်ပြီး "မယုံနိုင်စရာပဲ"
ကျန်းရုန်မျက်ခုံးပင့်လိုက်ကာ သူလည်းခွက်ကိုမြှောက်လိုက်ပြီး ရှောင်ပိုင်ခွက်နှင့်တိုက်လိုက်၏။
လုပေါယွမ်သူ့ကိုတားလိုက်ချင်ပေမယ့် သူကတင်းကောဆီကနေအတားခံလိုက်ရသည်။
"သူတို့သောက်ပါစေ ဒီလိုရှားရှားပါးပါးအခွင့်အရေးကို အသုံးချပြီး သူတို့ပိုရင်းနှီးသွားနိုင်တာပေါ့" သူကအသံကိုတိုးကာပြောနေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ပမာဏနည်းနည်းလေးက ပြသနာမဖြစ်နိုင်ပါဘူး"
လုပေါယွမ်က "အင်း"ဟုဆိုလိုက်ပေမယ့် ကျန်းရုန်တစ်ယောက်ရှောင်ပိုင်ဆီသို့ စကားပြောရန်လှည့်သွားသောအချိန်တွင် သူခိုးကြောင်ခိုးဝှက်နှင့် ကျန်းရုန်ခွက်ထဲကတစ်ဝက်ကို သူ့ခွက်ထဲပြောင်းလိုက်သေး၏။
ပိုင်ကျို့နှစ်ပုလင်းလုံးပြောင်သွားချိန်၌ စားပွဲပေါ်ကဟင်းပွဲတွေကလည်း ကုန်လုကုန်ခင်ဖြစ်နေပြီဖြစ်သည်။
အရက်ရှိန်ကလည်း တစ်ဖြေးဖြေးတက်လာကာ အမူးသမားတစ်ယောက်ဆီက မတူညီတဲ့အခြေအနေတွင် ရှိနေကြသည်။
ယွမ်ချန်းကအာလေးလျှာလေးနှင့် Kanအကြောင်းကိုစတင်ပြောနေပြီး ဒီလောက်နှစ်တွေအကြာကြီးထိ ညီအစ်ကိုကောင်းတွေဖြစ်လာပြီးမှ သူတို့ကိုဒီလိုမျိုးမဆွဲချသွားသင့်ဟု ပြောဆိုနေသည်။
ရှောင်ပိုင်ကတော့ Pineရဲ့ပုခုံးပေါ် မျက်လုံးမှိတ်လျက်မှီနေ၏။ယွမ်ချန်းပြောနေသည့်အထဲ တကယ့်အရေးပါတဲ့အကြောင်းပါလာရင် သူကသဘောတူကြောင်းပြသည့်အနေနှင့် သူ့ခေါင်းကိုဖြေးဖြေးလေးငြိမ့်ပြနေသေးသည်။
Pineကလည်းရှောင်ပိုင်ကို သူ့ပုခုံးပေါ်ကနေတွန်းမလွှတ်ထားသည့်အတွက် သူအတော်လေးမူးနေပြီဟု ဆိုလိုလေသည်။
သူတို့ထဲမှာတော့ ကျန်းရုန်တစ်ယောက်သာ ပုံမှန်အတိုင်းကျန်ရစ်ခဲ့၏။
သူကမေးထောက်ကာ ယွမ်ချန်းရူးသွပ်သွားသည်အား တည်တည်ငြိမ်ငြိမ်ထိုင်ကြည့်နေသည်။
သူ့ရဲ့နီရဲတွတ်နေတဲ့ပါးပြင်တွေကြောင့်သာ မဟုတ်လျှင် ဘယ်သူကမှသူအရက်သောက်ထားကြောင်း ခန့်မှန်းမိလိမ့်မည်မဟုတ်။
ခဏအကြာတွင် ကျန်းရုန်ထရပ်လိုက်ကာ တံခါးဆီသို့ဖြေးဖြေးချင်းလျှောက်သွား၏။ "ကျွန်တော်သန့်စင်ခန်းသွားလိုက်ဦးမယ်"
ကျန်းရုန်ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်၌ "ဘန်း"ဆိုသည့်အသံပေါ်လာပြီး တံခါးလက်ကိုင်ကိုဝင်တိုက်မိတော့သည်။
တင်းကော: "မင်းအဆင်ပြေရဲ့လား? ငါကူတွဲပေးမယ်လေ"
ကျန်းရုန်နာနာကျင်ကျင်နှင့် သူ့ပေါင်သူနှိပ်လိုက်ရင်း "ရတယ် ရတယ် ကိုယ့်ဘာသာသွားနိုင်တယ်"
ဒီစားသောက်ဆိုင်က ပြင်ဆင်ပုံသိပ်မလှသော်ငြား သန့်စင်ခန်းကတော့ အတော်အတန်သန့်ရှင်းလေသည်။
သူ့ကိုယ်သူဖြေလျှော့ပြီးသွားချိန်၌ ကျန်းရုန်စိတ်ထဲကမ္ဘာကြီးကပင် ပိုအသက်ဝင်လာသလို ခံစားလိုက်ရသည်။သို့သော် သူဒီအတိုင်းပင်သူ့ရှေ့ကနံရံကို ရပ်ကြည့်နေသော်ငြား ပုံရိပ်တွေကတော့ နှစ်ထပ်၊သုံးထပ်လောက်ထပ်နေသလိုပင်။
သူ့အစာအိမ်အဆင်ပြေသွားသည့်အခါ နောက်ကိုခြေတစ်လှမ်းလောက်ဆုတ်လိုက်ပြီး ဘောင်းဘီဇစ်တပ်ဖို့အတွက်ခေါင်းငုံ့လိုက်၏။
လုပေါယွမ်သူ့ကိုရှာဖို့ သန့်စင်ခန်းဆီရောက်လာချိန်မှာတော့ ကျန်းရုန်ကခေါင်းငိုက်စိုက်ကျလျက် သူ့ဘောင်းဘီကိုဟိုဆွဲဒီဆွဲလုပ်နေကာ မျက်မှောင်ကလည်းကျုံ့ထားသေးသည်။
လုပေါယွမ်မေးကြည့်လိုက်မိ၏။ "ဘာဖြစ်လို့လဲ?"
"ဘောင်းဘီဇစ်က..." ကျန်းရုန်ခေါင်းကလောလောဆယ်မှာ ချာချာလည်နေသည့်အတွက် ဝင်လာတဲ့သူကဘယ်သူဆိုတာကို သူမပြောနိုင်ပေ။ "ဇစ်ဆွဲလို့မရဘူး"
လုပေါယွမ်: "......."
ကျန်းရုန်လည်း ထိုဇစ်နှင့်နောက်ထပ်ဆယ်စက္ကန့်စာလောက် ရုန်းကန်လှုပ်ရှားပြီးချိန်မှာတော့ သူ့လက်ထိပ်တွေပင်နာနေချေပြီ။မရတဲ့အဆုံး သူစိတ်ပျက်ပျက်နှင့် အမူးပြေမှပဲဒီကိစ္စကိုဖြေရှင်းတော့မည်ဟု လက်လျှော့လိုက်သည့်ခဏ.....
ဇွိ~
ထိုခဏ၌ သူ့ရှေ့ကလူကသူ့ကိုကူညီကာ ဘောင်းဘီဇစ်ကိုဆွဲတင်ပေးလိုက်လေတော့သည်။
____
[Zawgyi]
ဇြိ~
သုံးရက္ေလာက္ၾကာသြားၿပီး ေနာက္ဆုံးမွာေတာ့ စာခ်ဳပ္ကေရာက္လာခဲ့ေလၿပီ။
စာခ်ဳပ္ကသက္တမ္းတိုပုံစံျဖစ္ကာ တစ္seasonအတြက္သာျဖစ္သည္။
က်န္း႐ုန္စာခ်ဳပ္ကို လွန္ေလွာၾကည့္လိုက္၏။Streamingအတြက္ ေဝစုရာခိုင္ႏႈန္းႏွင့္အေျခခံလစာက အေတာ္ျမင့္သြားသည့္အတြက္ တင္းေကာသူ႔အတြက္ အေတာ္ေလးႀကိဳးစားေပးခဲ့ရမယ္မွန္း သူသေဘာေပါက္လိုက္၏။
"ေက်းဇူး"
တင္းေကာကေတာ့ က်န္း႐ုန္ဘာကိုေက်းဇူးတင္မွန္း သေဘာေပါက္ဖို႔အတြက္ အခ်ိန္အနည္းငယ္ယူလိုက္ရၿပီး သူသိသြားသည္ႏွင့္ ျပဳံးလိုက္ကာ "ေက်းဇူးတင္ဖို႔မလိုပါဘူး ဒါေတြက မင္းရသင့္ရထိုက္တဲ့အခ်က္ေပၚ အေျခခံၿပီးမွေဆြးေႏြးလို႔ရလာတာေတြေလ"
က်န္း႐ုန္ စာခ်ဳပ္ကို ခပ္ျမန္ျမန္ပဲသာမန္ကာလၽွံကာ ဖတ္ၾကည့္လိုက္သည္။pro playerေတြနဲ႔ သက္ဆိုင္တဲ့စည္းမ်ဥ္းေတြကို သူေသခ်ာမဖတ္ပဲ ေနာက္စာမ်က္ႏွာကို လွန္ပစ္လိုက္တာကို တင္းေကာျမင္ေတာ့ သူမေနနိုင္ပဲသတိေပးလိုက္၏။ "ဒီစာမ်က္ႏွာကိုေသေသခ်ာခ်ာေလးဖတ္ၾကည့္"
ထို႔ေၾကာင့္ က်န္း႐ုန္လည္း စာရြက္လွန္ေနသည္ကိုရပ္လိုက္ၿပီး တင္းေကာသူ႔ကိုဖတ္ေစခ်င္သည့္အေၾကာင္းရာကို ေသခ်ာဖတ္ၾကည့္လိုက္သည္။
စည္းမ်ဥ္းတစ္ခုခ်င္းစီတိုင္းက အလြန္အမင္းကိုရွည္လ်ားၿပီး ရႈပ္ေထြး၏။အက်ဥ္းခ်ဳပ္ကိုအၾကမ္းဖ်င္းေျပာရမည္ဆိုလၽွင္ေတာ့- ကစားသမားေတြအား အေခ်ာင္ခိုျခင္း၊ ဂိမ္းကစားေနရင္းမွထြက္ပစ္ျခင္းႏွင့္ အျခားကစားသမားေတြကိုဆဲဆိုျခင္းမွ တားျမစ္ထားၿပီး ၿပိဳင္ပြဲအတြင္းသာမက ဘယ္မွာမဆို သူတို႔သာစည္းကမ္းေဖာက္ခဲ့ပါက LPLကိုဒဏ္ေၾကးေဆာင္ရမည္ျဖစ္သည္။အဆိုးဆုံးျပစ္ဒဏ္က ဆိုင္းငံ့ခံရသည္အထိျဖစ္နိုင္သည္။
ဖတ္ၾကည့္ၿပီးသည့္ေနာက္ က်န္း႐ုန္ခဏေလာက္တိတ္ဆိတ္သြား၏။ၿပီးမွ သူေမးလိုက္သည္။ "ပုံမွန္Rankကစားေနရင္းလည္း AFKလို႔မရဘူးေပါ့?"
တင္းေကာ: "မရဘူး"
က်န္း႐ုန္ကလက္မေလၽွာ့သြားေပ။ "တကယ္လို႔ကၽြန္ေတာ့္ကစားပုံမွာ ျပသနာတစ္ခုခုရွိေနၿပီး ခဏခဏေသေနရင္ေရာ ဒါဆိုလည္းစည္းကမ္းေဖာက္တာပဲလား?"
တင္းေကာသူ႔နဖူးေပၚပါလက္တင္လိုက္မိၿပီး "....LPLကလူေတြကိုအ႐ူးေတြလို႔ထင္မေနနဲ႔"
"ဒါဆိုတစ္ေယာက္ေယာက္ကိုဆဲတယ္ဆိုတာကေရာဘယ္လိုသတ္မွတ္ထားလဲ?" က်န္း႐ုန္ေမးလိုက္၏။ "ေစာက္ပိန္းဆိုတာေရာထည့္တြက္လား?"
တင္းေကာ: "........"
"ေစာက္႐ူး?ေစာက္ေပါ? ေစာက္သုံးမက်တဲ့ေကာင္ဆိုတာေတာ့ ခြင့္ျပဳေလာက္တယ္မလား?"
"ဘယ္သူသိမလဲ" တင္းေကာကမ်က္ႏွာေသႏွင့္ပင္။ "မင္းအဲ့တာေတြအားလုံးကိုအစမ္းဆဲၾကည့္လိုက္ရင္ေရာ? ဒဏ္ေၾကးကလည္း တစ္ေသာင္း၊ႏွစ္ေသာင္းေလာက္ပါပဲ"
က်န္း႐ုန္လည္းဘာမွထပ္မေျပာေတာ့ပဲ စာခ်ဳပ္မွာသာ သူ႔နာမည္ကိုေရးၿပီး လက္မွတ္ထိုးလိုက္ေတာ့၏။
"ဒါဆိုၿပီးၿပီ၊ မင္းအခ်ိန္ရတာနဲ႔ မင္းပစၥည္းေတြbaseကိုေရႊ႕ဖို႔ ငါလူရွာေပးမယ္" တင္းေကာကဖိုင္ကိုပိတ္လိုက္ၿပီး ဆက္ေျပာလာသည္။ "က်န္တာေတြကေတာ့ တရားဝင္ေၾကညာၿပီးတဲ့ထိ ေစာင့္ၾကတာေပါ့။လာမယ့္ရက္အတြင္း မင္းဓါတ္ပုံသြားရိုက္ရဦးမယ္ မင္းရဲ့အသင္းယူနီေဖာင္းကလည္း အသင့္ျဖစ္ေနၿပီ မနက္ျဖန္ဆိုေရာက္လာလိမ့္မယ္ ၿပီးေတာ့ Weiboက.... ပုံမွန္ဆိုရင္ ငါတို႔က အသင္းသားေတြတစ္ေန႔တစ္ေန႔ ဘာတင္တယ္ဆိုတာထိ လိုက္မစစ္ေဆးေပမယ့္ မင္းကေတာ့ကိုယ့္ကိုကိုယ္နည္နည္းထိန္းခ်ဳပ္ရမယ္ အဲ့ဒီfanေတြနဲ႔ အျမဲတမ္း....."
"သိပါၿပီ....စိတ္မပူပါနဲ႔ သူတို႔ေၾကာင့္နဲ႔ေတာ့ ဒဏ္ေၾကးမေဆာင္ဘူး"
ထိုအခါမွသာ တင္းေကာလည္း သူ႔အားနားပူနားဆာလုပ္ေနျခင္းကို ရပ္လိုက္ေတာ့၏။
သူကသူ႔အား အျခားအရာေတြကိုလည္း အခ်ိန္ခဏေလာက္အထိ သတိေပးေနၿပီးမွ အစည္းအေဝးခန္းတံခါးကိုဖြင့္လိုက္သည္။
သူတို႔ထြက္လာသည္ကိုျမင္ေတာ့ လုေပါယြမ္ကေမာ့ၾကည့္လာ၏။ "လက္မွတ္ထိုးၿပီးသြားၿပီလား?"
တင္းေကာ: "အင္း"
"အခုကစငါတို႔ကအသင္းေဖာ္ေတြျဖစ္သြားၿပီေပါ့?" ေရွာင္ပိုင္ကေျခခ်ိတ္ထိုင္ေနသည္ျဖစ္ၿပီး သူကေမးလာ၏။ "ဒါဆိုဒီညက ရိုးရာအတိုင္းပဲလား?"
တင္းေကာအခ်ိန္ကိုၾကည့္ၿပီး ေျပာလိုက္သည္။ "ဒါေပါ့ ငါသီးသန္႔ေနရာမွာထားလိုက္မယ္ နည္းနည္းေနာက္က်မွသြားလည္း ရတယ္မလား? ငါ့အတြက္ကေတာ့ ဆိုင္မွာလူနည္းေလ ပိုေကာင္းေလပဲ"
က်န္း႐ုန္: "ဘာရိုးရာလဲ?"
"ဘာရွိဦးမွာလဲ?" ေရွာင္ပိုင္ကေျပာလာ၏။ "ေသခ်ာေပါက္သြားၿပီးေအာင္ပြဲခံဖို႔ေပါ့! ေလ့က်င့္ေရးေတြကလည္း ျပန္စဖို႔နီးေနၿပီ အဲ့ေတာ့ ႀကိဳတင္ၿပီးထမင္းတစ္နပ္ေလာက္ေတာ့ ေကာင္းေကာင္းစားထားသင့္တယ္ေလ!"
တင္းေကာ စားေသာက္ဆိုင္ကို ဖုန္းဆက္ၿပီးခ်ိန္မွပင္ က်န္း႐ုန္ရဲ့ထင္ျမင္ခ်က္ကိုေမးသင့္ေၾကာင္း သူေတြးမိသြား၏။ "ဆိုင္ကငါတို႔မၾကာခဏသြားစားေနတဲ့ေဟာ့ေပါ့ဆိုင္ေလ အစားအေသာက္ေတြလည္းလတ္ဆတ္တယ္ ၿပီးေတာ့ သီးသန္႔ခန္းေတြလည္းရွိတယ္ သန္႔လည္းသန္႔ရွင္းတယ္ အဆင္ေျပလား?"
တင္းေကာကဆိုင္ကို ဖုန္းေခၚေနၿပီျဖစ္သည့္အတြက္ က်န္း႐ုန္ဘာမွေျပာလို႔မရေတာ့။သူေခါင္းသာၿငိမ့္ျပလိုက္ၿပီး "ဘာမဆိုရတယ္"
က်န္း႐ုန္အေပၚထပ္ကိုတက္ၿပီး အဝတ္သြားလဲလိုက္သည္။သူဘယ္တုန္းကဂ်တ္ကတ္ကို ေနာက္ဆုံးအႀကိမ္အေနနဲ႔ဝတ္ခဲ့တယ္ဆိုတာကိုပါ သူမမွတ္မိခ်င္ေတာ့။အေၾကာင္းကေတာ့ သူTTCရဲ့အေရွ႕တံခါးကေန ဝင္လာၿပီးကတည္းက တစ္ေခါက္မွကိုျပန္မထြက္သြားခဲ့တာေၾကာင့္ပင္။
သူအခန္းထဲကမထြက္ခင္ ဦးထုပ္ေဆာင္းရမလားဟု ေျခတုံခ်တုံျဖစ္လိုက္ေသးေပမယ့္ ေနာက္ဆုံးမွာေတာ့ သူခ်ိတ္မွသာျပန္ခ်ိတ္ထားခဲ့လိုက္သည္။
လူကိုယ္တိုင္ေရွ႕ထားၿပီး သူ႔merchဦးထုပ္ကိုေဆာင္းတာက.....နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္နိုင္သည္ေလ။
က်န္း႐ုန္အခန္းထဲကထြက္လာခ်ိန္ သူနဲ႔မ်က္ႏွာခ်င္းဆိုင္အခန္းကေနလည္း လုေပါယြမ္ကထြက္လာသည္ေၾကာင့္ ဝင္တိုက္မိမလိုပင္ျဖစ္သြား၏။
TTCရွိအသင္းသားတိုင္းက "Esportsေလာကရဲ့နာမည္ႀကီးမ်ား"ဆိုသည့္ဂုဏ္ပုဒ္ကို ထမ္းထားရသူမ်ားျဖစ္ၿပီး သူတို႔ကလူငယ္ေတြၾကားထဲတြင္ အခ်ိဳ႕အႏုပညာရွင္ေတြထက္ပင္ ပိုနာမည္ႀကီးသည္ေၾကာင့္ သူတို႔အားလုံးအျပင္ထြက္သည့္အခါ ဦးထုပ္ေတြ၊maskေတြႏွင့္ ႐ုပ္ဖ်က္ထားရသည္။
အက်င့္ျဖစ္ေနသည္ေၾကာင့္ လုေပါယြမ္က ဦးထုပ္ကိုအရမ္းငိုက္ငိုက္ဆြဲခ်ထားၿပီး အသံကိုၾကားလိုက္ရသည့္အခါ သူကနည္းနည္းေမာ့ၾကည့္လာ၏။
လုေပါယြမ္: "အျပင္မွာ ၇ဒီဂရီပဲရွိတယ္"
က်န္း႐ုန္သြားေနသည္ကိုရပ္လိုက္ၿပီး "ဘာကို?"
လုေပါယြမ္က သူဝတ္ထားသည့္ကုတ္ပါးပါးေလးကို ၾကည့္ၿပီးေျပာလာသည္။ "ဒီတိုင္းဝတ္ၿပီးသြားရင္ မင္းအေအးမိသြားလိမ့္မယ္၊ ေနာက္တစ္ထည္သြားလဲလိုက္"
က်န္း႐ုန္ေခါင္းခါလိုက္ၿပီး "ရပါတယ္"
"ေလ့က်င့္ေရးကစေတာ့မွာ....မင္းဖ်ားသြားလို႔မရဘူးေလ"
က်န္း႐ုန္သူ႔ဆံပင္သူဆြဲဖြလိုက္ၿပီး ခဏေလာက္တိတ္ဆိတ္သြားၿပီးမွ ေျပာလိုက္၏။ "....ကၽြန္ေတာ့္မွာအျခားဂ်တ္ကတ္ေတြမပါေတာ့လို႔"
သူbaseဆီလာခဲ့တုန္းက အပူခ်ိန္ကအခုေလာက္ထိမနိမ့္ေသးသည့္အတြက္ သူဂ်တ္ကတ္တစ္ထည္သာယူလာခဲ့မိသည္။
သူထိုသို႔ေျပာလိုက္သည္ႏွင့္ လုေပါယြမ္ကကိုယ္ကိုျပန္လွည့္ၿပီး သူ႔အခန္းထဲျပန္ဝင္သြား၏။ "ဒီမွာေစာင့္ေန"
လုေပါယြမ္က အခန္းတံခါးကိုမပိတ္ပစ္လိုက္တာေၾကာင့္ သူအခန္းထဲကိုခိုးၾကည့္လိုက္၏။
သူတို႔က မ်က္ႏွာခ်င္းဆိုင္အခန္းႏွစ္ခန္းမွာ ေနေနသည္ျဖစ္ေသာ္လည္း အခန္းရဲ့ဖြဲ႕စည္းပုံကေတာ့ လုံးဝကိုကြာျခားေလသည္။လုေပါယြမ္ရဲ့အခန္းက နည္းနည္းပိုႀကီးကာ ပရိေဘာဂေတြကလည္း က်န္း႐ုန္အခန္းထဲမွာထက္ ပိုစုံသည္။
လုေပါယြမ္က မၾကာခင္မွာပဲ ခဲေရာင္ဂ်တ္ကတ္တစ္ထည္ႏွင့္ အျဖဴေရာင္လၽွာထိုးဦးထုပ္တစ္လုံးကိုကိုင္ကာ ျပန္ထြက္လာ၏။
"ဒီကုတ္ကဝယ္ထားတာေတာ့ေတာ္ေတာ္ၾကာေနၿပီ ေလၽွာ္ၿပီးေတာ့ အဝတ္အိတ္ထဲတစ္ခ်ိန္လုံးထည့္သိမ္းထားတာ..." လုေပါယြမ္သူ႔ကိုမ်က္ခုံးပင့္ျပလာသည္။ "မင္းစိတ္အေႏွာင့္အယွက္ျဖစ္ေလာက္လား?"
"မျဖစ္ပါဘူး....ဒါေပမယ့္ ကၽြန္ေတာ္အခုဝတ္ထားတာနဲ႔တင္......" အဆင္ေျပေနပါၿပီ
သူစကားေတာင္မဆုံးလိုက္ေသး အျဖဴေရာင္လၽွာထိုးဦးထုပ္က သူ႔ေခါင္းေပၚေရာက္လာ၏။
"ဒီရက္ပိုင္းေတာ္ေတာ္ေအးေနတာ ဒီညဆိုႏွင္းပါက်ေလာက္တယ္" လုေပါယြမ္ကေျပာလာသည္။ "အဲ့တာကိုဝတ္လိုက္"
က်န္း႐ုန္တံေတြးၿမိဳခ်လိုက္ၿပီး ဦးထုပ္လၽွာကိုထိလိုက္မိသည္။သူ႔မွာကိုယ္ပိုင္ဦးထုပ္ရွိသည့္အတြက္ သူမလိုအပ္ေၾကာင္း ေျပာလိုက္ခ်င္သည္။
သို႔ေသာ္လည္း စကားလုံးေတြ သူ႔ပါးစပ္ဖ်ားဆီေရာက္လာသည့္အခါ ႐ုတ္တရက္ႀကီး သူမေျပာျဖစ္လိုက္ေတာ့။
"ေကာ!" ေရွာင္ပိုင္က လုေပါယြမ္အသံကိုၾကားလိုက္ရသည့္အတြက္ ေလွကားကေနလွမ္းေအာ္လာ၏။ "မင္းအဆင္သင့္ျဖစ္ေနၿပီလား? တင္းေကာကကၽြန္ေတာ္တို႔ကိုကားထဲကေစာင့္ေနတာ က်န္း႐ုန္ျမန္ျမန္လုပ္ေလ မင္းဘာလို႔-"
"အဆင္သင့္ျဖစ္ေနၿပီ" လုေပါယြမ္ သူ႔ကိုျပန္ေျဖၿပီးသည္ႏွင့္ က်န္း႐ုန္ဆီျပန္လွည့္ၾကည့္ၿပီး ေျပာလာသည္။ "ကုတ္ကိုသြားျပန္လဲလိုက္ ဇစ္တပ္ဖို႔လည္းမေမ့နဲ႔ဦး"
လုေပါယြမ္က က်န္း႐ုန္ထက္ အရပ္လည္းပိုရွည္သလို ရင္အုပ္လည္းပိုက်ယ္သည္။ထိုဂ်တ္ကတ္က လြန္ခဲ့သည့္ႏွစ္ေတြကျဖစ္ေသာ္ျငား က်န္း႐ုန္ကိုယ္ေပၚမွာေတာ့ ႀကီးေနဆဲပင္။
ဂ်တ္ကတ္ရဲ့ေအာက္နားက သူ႔တင္ပါးထိပင္ဖုံးေနၿပီး အက်္ီလက္ကလည္း သူ႔လက္တစ္ခုလုံးပင္ စုံးစုံးမျမဳပ္႐ုံတမယ္။အိတ္ကပ္ေတြကေတာင္ႀကီးေနသျဖင့္ လက္ထည့္ထားသည့္အခါ အရမ္းကိုသက္ေတာင့္သက္သာျဖစ္ေလသည္။
က်န္း႐ုန္ငုံ႔ၾကည့္လိုက္ကာ ေနာက္ဆိုsizeပိုႀကီးတဲ့ဂ်တ္ကတ္ေတြ ဝယ္ရမလားဟု စဥ္းစားလိုက္ရင္း အေရွ႕တံခါးေရွ႕မွာေစာင့္ေနသည့္ အနက္ေရာင္ဗန္ကားေပၚကို ခပ္သြက္သြက္တက္လိုက္၏။
လူတိုင္းကကားေပၚတြင္ ေနရာယူၿပီးသားျဖစ္ကာ အရင္ဆုံးတက္သြားၾကသည့္လူေတြက ေနာက္ဆုံးတန္းတြင္ထိုင္ေနၾကသည္။အလယ္တန္းက တစ္ေယာက္ထိုင္ခုံႏွစ္ခုံမွာေတာ့ လုေပါယြမ္ကတစ္ခုံထိုင္ေနကာ ေနာက္တစ္ခုံကလူလြတ္ေနသည္။
လုေပါယြမ္ကထိုင္ခုံေပၚတြင္ သူ႔ရဲ့ေျခတံရွည္ေတြကိုကားလ်က္ စိမ္ေျပနေျပထိုင္ရင္း ဖုန္းသုံးေန၏။
လူတက္လာသည္ကိုေတြ႕ေတာ့ သူကေခါင္းေမာ့ကာ က်န္း႐ုန္ကိုၾကည့္လာၿပီး သူဂ်တ္ကတ္ဝတ္လာတာ ေသခ်ာေတာ့မွ အၾကည့္ျပန္လႊဲသြားသည္။
က်န္း႐ုန္ေခါင္းပုလိုက္ၿပီး တိတ္တိတ္ေလး လြတ္ေနတဲ့ခုံမွာဝင္ထိုင္လိုက္၏။
ထို႔ေနာက္ အျခားသူေတြကလည္း ဖုန္းသုံးေနသည့္အတြက္ သူလည္းဖုန္းထုတ္ကာ Weiboၾကည့္ေနလိုက္သည္။ထိုကြန္မန္႔၌ အျပန္အလွန္ခ်ေနၾကသည္မွာ အခုဆိုလၽွင္ Replyကကိုးရာေက်ာ္သြားေလၿပီ။ထိုအေရအတြက္ကိုျမင္လိုက္သည္ႏွင့္ က်န္း႐ုန္လည္းစိတ္ရႈပ္ခံၿပီး ဝင္ၾကည့္မေနေတာ့ေခ်။
ေဟာ့ေပါ့ဆိုင္က baseနဲ႔သိပ္မေဝးေပ။ထို႔အျပင္ ဒီေန႔ကပိတ္ရက္မဟုတ္သလို ညေနခင္းလည္းျဖစ္သည္ေၾကာင့္ ဆိုင္ထဲတြင္လူသိပ္မရွိ။
ကားပါကင္ထိုးၿပီးသည္ႏွင့္ သူတို႔ေျခာက္ေယာက္လည္း ဆိုင္ရွိရာဆီ လမ္းေလၽွာက္သြားလိုက္သည္။
သြားေနရင္း ေရွာင္ပိုင္ကအံ့ၾသသည့္အသံႏွင့္ ေမးလာ၏။ "က်န္း႐ုန္ မင္းဒီေန႔ငါ့ေကာရဲ့ merchဦးထုပ္မေဆာင္းထားပါလား?"
ေရွာင္ပိုင့္စကားေၾကာင့္ အားလုံးကသူ႔ကိုလွည့္ၾကည့္လာသည္။
က်န္း႐ုန္: "......"
မ်က္ႏွာထားတင္းတင္းနဲ႔ပင္ "ဦးထုပ္မေဆာင္းထားတာေတာင္ အစေဖာ္မယ့္သူရွိတာသူသိရင္ အစကတည္းကဒီတိုင္းဝတ္လာလိုက္ပါတယ္" ဟူ၍ သူေတြးလိုက္မိ၏။
"ၿပီးေတာ့ မင္းဂ်တ္ကတ္ကမႀကီးဘူးလား?" ယြမ္ခ်န္းကရယ္ၿပီးသူ႔ကိုစ,လာသည္။ "မင္းအေဖဟာလား?"
က်န္း႐ုန္: "........မဟုတ္ဘူး"
လုေပါယြမ္: "ငါ့ဟာ"
လူတိုင္းက ခဏေလာက္ေၾကာင္သြားေပမယ့္ ၿပီးတာနဲ႔ အသားကုန္ေအာ္ရီလာၾကေတာ့၏။
Open-air type ေဟာ့ေပါ့ဆိုင္ရဲ့ သီးသန္႔ခန္းဆိုသည္က အေတာ္ေလးရိုးရွင္းကာ စတုရန္းပုံစံအခန္းလြတ္ ျဖစ္ေလသည္။အခန္းထဲ၌ စားပြဲခုံတစ္ခုံႏွင့္ ပန္းကန္ေတြတူေတြပါသည့္ ေၾကာင္အိမ္သာရွိ၏။
က်န္း႐ုန္ဂ်တ္ကတ္ကိုခၽြတ္လိုက္ၿပီး ထိုင္ခုံေနာက္မွီေပၚတြင္တင္ေနစဥ္ လုေပါယြမ္က သူ႔ေဘးနားကခုံကိုဆြဲကာ သဘာဝက်က်ပင္ ထိုထိုင္ခုံ၌ဝင္ထိုင္လိုက္သည္ကို သူျမင္လိုက္ရသည္။
ေယာက်ာ္းေလးေတြက အစားအစာေတြမွာရင္ အျမဲေလာဘႀကီးတတ္ၾကသည့္အတြက္ စားပြဲတစ္ခုလုံးဟင္းပြဲေတြႏွင့္ ျပည့္သြားမွသာ မွာေနျခင္းကိုရပ္လိုက္ေတာ့သည္။ထို႔ေနာက္ ယြမ္ခ်န္းကေမးလာ၏။ "တင္းေကာ ကၽြန္ေတာ္တို႔အရက္မွာလို႔ရလား?"
"ရတယ္ ဒါေပမယ့္ ေလ့က်င့္ေရးစၿပီဆိုတာနဲ႔ လက္ဖ်ားနဲ႔ေတာင္မထိရေတာ့ဘူး ဒါလည္း အမ်ားႀကီးမေသာက္ၾကနဲ႔ေနာ္ မင္းတို႔...."
ယြမ္ခ်န္းကဝိတ္တာကို လက္လွမ္းျပလိုက္ၿပီး "ပိုင္က်ိဳ႕ႏွစ္ပုလင္း!"
တင္းေကာ: "......."
က်န္း႐ုန္အတြက္ လူအမ်ားႀကီးႏွင့္အတူ ထမင္းစားခဲ့သည္မွာ ေတာ္ေတာ္ပင္ၾကာခဲ့ၿပီျဖစ္သည္။
အနားယူေနသည့္ကာလမွာလည္း TTCရဲ့အသင္းသားတိုင္းက သူ႔အလုပ္ႏွင့္သူျဖစ္ကာ အခ်ိန္အမ်ားစုမွာ လူတိုင္းကကိုယ့္ကြန္ပ်ဴတာေရွ႕မွာပဲ စားေသာက္ခဲ့ၾကသည္ေလ။baseမွာရွိတဲ့အန္တီေၾကာင့္သာ မဟုတ္လၽွင္ သူတို႔ရဲ့ထမင္းစားပြဲက ဖုန္အထပ္လိုက္ျဖစ္ေနေလာက္သည္။
ပိုင္က်ိဳ႕ပုလင္းေတြေရာက္လာသည္ႏွင့္ ေရွာင္ပိုင္က ခြက္ထဲကိုငွဲ႕လိုက္ၿပီး က်န္း႐ုန္ေရွ႕တြင္ခ်လိုက္၏။
လုေပါယြမ္ကတင္းေကာႏွင့္ စကားေျပာေနရင္းတန္းလန္းျဖစ္သည္။သူ႔ရဲ့မ်က္လုံးေတာင့္စြန္းကေန အရက္ခြက္ကိုျမင္လိုက္သည့္ႏွင့္ ေရွာင္ပိုင္ကိုလွမ္းေျပာလိုက္၏။ "သူ႔ကိုမတိုက္နဲ႔"
ယြမ္ခ်န္းကလက္ခါျပလိုက္ရင္း ေျပာလာသည္။ "နည္းနည္းေလးပဲ ကိစၥမရွိပါဘူး"
Pineကမ်က္ခုံးပင့္လိုက္ၿပီး "မေသခ်ာဘူး အရင္တစ္ေခါက္တုန္းက တစ္စုံတစ္ေယာက္က ႏွစ္လုတ္ေလာက္ေသာက္ၿပီးတာနဲ႔ ဆိုင္ကေနေျပးထြက္သြားၿပီး ေရကူးကန္မွာ ဘတ္စကတ္ေဘာကစားမယ္လို႔ မရမကေျပာခဲ့ေသးတယ္မလား?"
".........P-baby ငါအခုေတာ္ေတာ္တိုးတက္လာပါၿပီ! ငါထပ္မမူးေတာ့ဘူး!" ေရွာင္ပိုင္ကေျပာေနရင္း က်န္း႐ုန္ေရွ႕ကအရက္ခြက္ကို ျပန္ယူသြား၏။ "ထားလိုက္ေတာ့ မင္းကငယ္ေသးတယ္ မေသာက္တာပိုေကာင္းတယ္"
ေရွာင္ပိုင္ရဲ့အမွတ္တမဲ့ေျပာလိုက္တဲ့စကားက ေအာင္ေအာင္ျမင္ျမင္ပဲ ဆယ္ေက်ာ္သက္ေလးရဲ့မာနကို သြားထိခိုက္ေလေတာ့သည္။
"ရတယ္" က်န္း႐ုန္သူ႔ဆီကခြက္ကိုျပန္ဆြဲယူလိုက္၏။ "ကၽြန္ေတာ္ေသာက္နိုင္တယ္"
ေရွာင္ပိုင္: "အိုက္ယား ကေလးေတြကဟိတ္ဟန္မထုတ္သင့္ဘူး"
သူေျပာတာကိုၾကားသည္ႏွင့္ က်န္း႐ုန္ခြက္ကိုေကာက္ကိုင္ၿပီး တစ္က်ိဳက္တည္းေမာ့ခ်လိုက္သည္။
"ေနာက္တစ္ခြက္ထည့္ေပးပါဦး ေက်းဇူး"
ေရွာင္ပိုင္: "......."
ေရွာင္ပိုင္အရက္ငွဲ႕ေပးဖို႔လွည့္သြားသည့္အခ်ိန္ကို က်န္း႐ုန္အခြင့္ေကာင္းယူလိုက္ၿပီး ေခါင္းကိုငုံ႔ကာ ဦးထုပ္ရဲ့လၽွာေအာက္မွာ သူ႔မ်က္ႏွာကိုမဲ့လိုက္၏။
မထင္ထားေလာက္ေအာင္ကိုအဝင္ဆိုးတယ္
ဘာလို႔သူ႔အရသာကဘီယာထက္ေတာင္ဆိုးရတာလဲ?
လည္ေခ်ာင္းထဲကိုပူဆင္းသြားတာမ်ား သူရႈံ႔မဲ့သြားမိေတာ့မလို႔.....
အရက္ပါလာသည့္အခ်ိန္မွာေတာ့ အစားအေသာက္ေတြက ထင္သေလာက္အေရးမပါေတာ့ေခ်။
"လာ လာ" ေရွာင္ပိုင္ကပထမဆုံးခြက္ေျမႇာက္လိုက္သည့္သူပင္။ "TTCကိုတရားဝင္,ဝင္ေရာက္လာတဲ့အတြက္ က်န္း႐ုန္ကိုဂုဏ္ျပဳပါတယ္ ဒီတစ္ခြက္ကမင္းအတြက္!"
လူတိုင္းကသူတို႔ရဲ့ဖန္ခြက္ေတြကိုေျမႇာက္လာၾကၿပီး တင္းေကာကေတာ့ အရက္အစားေရကိုအစားထိုးထား၏။ "ငါကကားေမာင္းမွာမလို႔"
လုေပါယြမ္ရဲ့ခြက္ထဲတြင္ အရက္ကသိပ္မရွိေပ။သူကအျခားသူေတြနဲ႔ ေသာက္ထားၿပီးျဖစ္ကာ ထပ္ျဖည့္ေပးမွာကိုလည္း ျငင္းလာသည္။
အရက္အရသာက အလြန္ျပင္းသည့္အတြက္ ယြမ္ခ်န္းကနဖူးကိုတြန္႔ထားၿပီး ေမးလာ၏။ "က်န္း႐ုန္ မင္းLOLကိုစကစားတုန္းက ဘယ္အရြယ္ေလာက္ရွိၿပီလဲ?"
က်န္း႐ုန္: "ေမ့သြားၿပီ မူလတန္းေလာက္ကထင္တယ္"
"ငါနဲ႔အတူတူေလာက္ပဲ" ယြမ္ခ်န္းကထိုင္ခုံေပၚမွီလိုက္ရင္း သက္ျပင္းခ်လိုက္သည္။ "ဒါေပမယ့္ အဲ့တုန္းကငါ့အေျခအေနက မင္းေလာက္ေတာ့မေကာင္းဘူး အဲ့အခ်ိန္တုန္းကဆို မိဘေတြမိသြားမွာကလည္း ေၾကာက္ရနဲ႔ အင္တာနက္ဆိုင္ေတြမွာသြားကစားရတာေလ.....အဲ့လိုက်ေတာ့လည္း ငါတို႔ကမ်ိဳးဆက္ႏွစ္ခုကလိုပဲ ငါတို႔အသင္းေဖာ္ျဖစ္လာဖို႔ဆိုတာ လြယ္ေတာ့မလြယ္ဘူးေနာ္ လာ ေနာက္တစ္ခြက္"
ေရွာင္ပိုင္: "ေနာက္ပိုင္းမွဘာလို႔Livestreamစလႊင့္ျဖစ္သြားတာလဲ?"
က်န္း႐ုန္ပါးစပ္ကိုသုတ္ရင္း ျပန္ေျဖလိုက္၏။ "ပိုက္ဆံလိုလို႔"
ေရွာင္ပိုင္ကေတြးဆဆႏွင့္ "အဲ့လိုဆိုေတာင္ မင္းStreamingဘက္ကို ေျခဦးလွည့္စရာမလိုဘူးလားလို႔ မင္းစစလႊင့္ခ်င္းဆို ပိုက္ဆံရမွာလည္းမဟုတ္ေသးဘူးေလ အခ်ိဳ႕အခ်ိန္ပိုင္းအလုပ္ေတြလုပ္တာက ပိုက္ဆံရတာပိုမျမန္ဘူးလား?"
"အဲ့ဒီတုန္းကေတာ္ေတာ္ေလးတင္းၾကပ္တယ္ေလ ေနရာအမ်ားစုက အသက္မျပည့္ေသးတဲ့ကေလးေတြကို အလုပ္မခန္႔ခ်င္ၾကဘူး" က်န္း႐ုန္ကသာမန္ကာလၽွံကာပဲေျပာေန၏။ "အိမ္မွာကကြန္ပ်ဴတာလည္းရွိတယ္ အရင္းအႏွီးလည္းမလိုဘူး အဲ့တာနဲ႔Streamingလႊင့္ဖို႔ျဖစ္လာတာပဲ"
အရက္ကေလးဝင္သြားသည္ႏွင့္ သိသိသာသာပဲ က်န္း႐ုန္လည္းအာပိုရႊင္လာေတာ့သည္။
Pineကသူ႔ကိုၾကည့္လိုက္ရင္း "ဘာလို႔ဆံပင္ကိုဒီလိုမ်ိဳးဆိုးလိုက္တာလဲ?"
က်န္း႐ုန္ကသူ႔ခြက္ကို ယြမ္ခ်န္းဆီေျမႇာက္လိုက္ရင္း ေနာက္ထပ္ခြက္တစ္ဝက္ကို ေမာ့ခ်လိုက္၏။သူPineရဲ့ေမးခြန္းကိုၾကားသည္ႏွင့္ သူ႔ဆံပင္ကိုဖြလိုက္မိသည္။ "Streamerတစ္ေယာက္နဲ႔PKရင္း ရႈံးသြားလို႔ ဒါကအျပစ္ဒဏ္အေနနဲ႔ဆိုးရတာ"
ရွိသမၽွလူတိုင္း: "........"
လုေပါယြမ္မ်က္ခုံးပင့္လိုက္၏။ "PK?"
"အင္း....လက္ေဆာင္ၿပိဳင္ၾကတာေလ မ်ားမ်ားရတဲ့လူကအနိုင္ ရႈံးတဲ့လူကplatformရဲ့အျပစ္ေပးကဒ္ေတြထဲက က်ပန္းေရြးၿပီးအျပစ္ေပးခံရတာ ကၽြန္ေတာ္က်တဲ့တစ္ခုက ဆံပင္အျပာေရာင္ဆိုးရမယ္ဆိုတဲ့ကဒ္"
"....သနားစရာေလး" ေရွာင္ပိုင္ကသူ႔ကိုသနားသြားၿပီး ေမးလာသည္။ "ဒါဆိုနိုင္တဲ့သူအတြက္ဆုကေရာ?"
"အဲ့တာကလည္းက်ပန္းဆုပဲ ျဖစ္နိုင္တာကေတာ့ platformရဲ့big giftsေတြထဲကတစ္ခုခုပဲ"
Pine: "ျဖစ္နိုင္တာ?"
မ်က္ႏွာေသႏွင့္ပင္ က်န္း႐ုန္ခဏေလာက္တိတ္ဆိတ္သြားၿပီးမွ သူေျပာလိုက္၏။ "ကၽြန္ေတာ္အရင္ကတစ္ခါမွမနိုင္ဖူးဘူးေလ ကၽြန္ေတာ့္livestream roomရဲ့wfေတြအားလုံးက အျခားဖက္ကို လက္ေဆာင္ေတြသြားေပးၾကတာ"
သူ႔စကားကိုၾကားသည္ႏွင့္ ေရွာင္ပိုင္ကအသားကုန္ေအာ္ရီေနသည္ေၾကာင့္ ဝိတ္တာေရာက္လာၿပီး သူတို႔ကိုအသံေလၽွာ့ဖို႔ပင္ လာေျပာသြားေလသည္။
ရီသည့္လူေတြထဲလုေပါယြမ္လည္းပါ၏။ "အျပစ္ဒဏ္ကဘယ္ေလာက္ၾကာလို႔လဲ? အမဲျပန္မဆိုးေတာ့ဘူးလား?"
"တစ္ပတ္" က်န္း႐ုန္သူ႔မ်က္ႏွာသူပြတ္လိုက္မိသည္။ "အစကေတာ့ အေရာင္ျပန္ဆိုးဖို႔အတြက္နဲ႔ ပိုက္ဆံမသုံးခ်င္ေတာ့တာ ဒါေပမယ့္ၾကာလာေတာ့ အဲ့ဒီအ႐ူးအုပ္စု.... အဲ့ဒီ water friendsေတြေျပာၾကတာက ဒီဆံပင္အေရာင္နဲ႔ဆို recommendation pageထဲ ပိုၿပီးမ်က္စိဖမ္းစားနိုင္တယ္တဲ့ ၿပီးေတာ့ ကၽြန္ေတာ္လည္းေနသားက်သြားတာနဲ႔ ဒီတိုင္းပဲထားလိုက္ေတာ့တယ္"
ပရိတ္သတ္ေတြကိုဆြဲေဆာင္ဖို႔အတြက္ သူ႔ဆံပင္ကိုဒီလိုမ်ိဳးထားလိုက္တယ္ေပါ့.....
ေရွာင္ပိုင္ကေတာ့ ႐ုတ္ခ်ည္းဆိုသလို က်န္း႐ုန္ကိုတအားေလးစားသြားသည့္အတြက္ သူ႔ခြက္ကိုေျမႇာက္လိုက္ၿပီး "မယုံနိုင္စရာပဲ"
က်န္း႐ုန္မ်က္ခုံးပင့္လိုက္ကာ သူလည္းခြက္ကိုေျမႇာက္လိုက္ၿပီး ေရွာင္ပိုင္ခြက္ႏွင့္တိုက္လိုက္၏။
လုေပါယြမ္သူ႔ကိုတားလိုက္ခ်င္ေပမယ့္ သူကတင္းေကာဆီကေနအတားခံလိုက္ရသည္။
"သူတို႔ေသာက္ပါေစ ဒီလိုရွားရွားပါးပါးအခြင့္အေရးကို အသုံးခ်ၿပီး သူတို႔ပိုရင္းႏွီးသြားနိုင္တာေပါ့" သူကအသံကိုတိုးကာေျပာေနသည္။ "ဘယ္လိုပဲျဖစ္ျဖစ္ ပမာဏနည္းနည္းေလးက ျပသနာမျဖစ္နိုင္ပါဘူး"
လုေပါယြမ္က "အင္း"ဟုဆိုလိုက္ေပမယ့္ က်န္း႐ုန္တစ္ေယာက္ေရွာင္ပိုင္ဆီသို႔ စကားေျပာရန္လွည့္သြားေသာအခ်ိန္တြင္ သူခိုးေၾကာင္ခိုးဝွက္ႏွင့္ က်န္း႐ုန္ခြက္ထဲကတစ္ဝက္ကို သူ႔ခြက္ထဲေျပာင္းလိုက္ေသး၏။
ပိုင္က်ိဳ႕ႏွစ္ပုလင္းလုံးေျပာင္သြားခ်ိန္၌ စားပြဲေပၚကဟင္းပြဲေတြကလည္း ကုန္လုကုန္ခင္ျဖစ္ေနၿပီျဖစ္သည္။
အရက္ရွိန္ကလည္း တစ္ေျဖးေျဖးတက္လာကာ အမူးသမားတစ္ေယာက္ဆီက မတူညီတဲ့အေျခအေနတြင္ ရွိေနၾကသည္။
ယြမ္ခ်န္းကအာေလးလၽွာေလးႏွင့္ Kanအေၾကာင္းကိုစတင္ေျပာေနၿပီး ဒီေလာက္ႏွစ္ေတြအၾကာႀကီးထိ ညီအစ္ကိုေကာင္းေတြျဖစ္လာၿပီးမွ သူတို႔ကိုဒီလိုမ်ိဳးမဆြဲခ်သြားသင့္ဟု ေျပာဆိုေနသည္။
ေရွာင္ပိုင္ကေတာ့ Pineရဲ့ပုခုံးေပၚ မ်က္လုံးမွိတ္လ်က္မွီေန၏။ယြမ္ခ်န္းေျပာေနသည့္အထဲ တကယ့္အေရးပါတဲ့အေၾကာင္းပါလာရင္ သူကသေဘာတူေၾကာင္းျပသည့္အေနႏွင့္ သူ႔ေခါင္းကိုေျဖးေျဖးေလးၿငိမ့္ျပေနေသးသည္။
Pineကလည္းေရွာင္ပိုင္ကို သူ႔ပုခုံးေပၚကေနတြန္းမလႊတ္ထားသည့္အတြက္ သူအေတာ္ေလးမူးေနၿပီဟု ဆိုလိုေလသည္။
သူတို႔ထဲမွာေတာ့ က်န္း႐ုန္တစ္ေယာက္သာ ပုံမွန္အတိုင္းက်န္ရစ္ခဲ့၏။
သူကေမးေထာက္ကာ ယြမ္ခ်န္း႐ူးသြပ္သြားသည္အား တည္တည္ၿငိမ္ၿငိမ္ထိုင္ၾကည့္ေနသည္။
သူ႔ရဲ့နီရဲတြတ္ေနတဲ့ပါးျပင္ေတြေၾကာင့္သာ မဟုတ္လၽွင္ ဘယ္သူကမွသူအရက္ေသာက္ထားေၾကာင္း ခန္႔မွန္းမိလိမ့္မည္မဟုတ္။
ခဏအၾကာတြင္ က်န္း႐ုန္ထရပ္လိုက္ကာ တံခါးဆီသို႔ေျဖးေျဖးခ်င္းေလၽွာက္သြား၏။ "ကၽြန္ေတာ္သန္႔စင္ခန္းသြားလိုက္ဦးမယ္"
က်န္း႐ုန္ေျခလွမ္းအနည္းငယ္လွမ္းၿပီးခ်ိန္၌ "ဘန္း"ဆိုသည့္အသံေပၚလာၿပီး တံခါးလက္ကိုင္ကိုဝင္တိုက္မိေတာ့သည္။
တင္းေကာ: "မင္းအဆင္ေျပရဲ့လား? ငါကူတြဲေပးမယ္ေလ"
က်န္း႐ုန္နာနာက်င္က်င္ႏွင့္ သူ႔ေပါင္သူႏွိပ္လိုက္ရင္း "ရတယ္ ရတယ္ ကိုယ့္ဘာသာသြားနိုင္တယ္"
ဒီစားေသာက္ဆိုင္က ျပင္ဆင္ပုံသိပ္မလွေသာ္ျငား သန္႔စင္ခန္းကေတာ့ အေတာ္အတန္သန္႔ရွင္းေလသည္။
သူ႔ကိုယ္သူေျဖေလၽွာ့ၿပီးသြားခ်ိန္၌ က်န္း႐ုန္စိတ္ထဲကမၻာႀကီးကပင္ ပိုအသက္ဝင္လာသလို ခံစားလိုက္ရသည္။သို႔ေသာ္ သူဒီအတိုင္းပင္သူ႔ေရွ႕ကနံရံကို ရပ္ၾကည့္ေနေသာ္ျငား ပုံရိပ္ေတြကေတာ့ ႏွစ္ထပ္၊သုံးထပ္ေလာက္ထပ္ေနသလိုပင္။
သူ႔အစာအိမ္အဆင္ေျပသြားသည့္အခါ ေနာက္ကိုေျခတစ္လွမ္းေလာက္ဆုတ္လိုက္ၿပီး ေဘာင္းဘီဇစ္တပ္ဖို႔အတြက္ေခါင္းငုံ႔လိုက္၏။
လုေပါယြမ္သူ႔ကိုရွာဖို႔ သန္႔စင္ခန္းဆီေရာက္လာခ်ိန္မွာေတာ့ က်န္း႐ုန္ကေခါင္းငိုက္စိုက္က်လ်က္ သူ႔ေဘာင္းဘီကိုဟိုဆြဲဒီဆြဲလုပ္ေနကာ မ်က္ေမွာင္ကလည္းက်ဳံ႕ထားေသးသည္။
လုေပါယြမ္ေမးၾကည့္လိုက္မိ၏။ "ဘာျဖစ္လို႔လဲ?"
"ေဘာင္းဘီဇစ္က..." က်န္း႐ုန္ေခါင္းကေလာေလာဆယ္မွာ ခ်ာခ်ာလည္ေနသည့္အတြက္ ဝင္လာတဲ့သူကဘယ္သူဆိုတာကို သူမေျပာနိုင္ေပ။ "ဇစ္ဆြဲလို႔မရဘူး"
လုေပါယြမ္: "......."
က်န္း႐ုန္လည္း ထိုဇစ္ႏွင့္ေနာက္ထပ္ဆယ္စကၠန္႔စာေလာက္ ႐ုန္းကန္လႈပ္ရွားၿပီးခ်ိန္မွာေတာ့ သူ႔လက္ထိပ္ေတြပင္နာေနေခ်ၿပီ။မရတဲ့အဆုံး သူစိတ္ပ်က္ပ်က္ႏွင့္ အမူးေျပမွပဲဒီကိစၥကိုေျဖရွင္းေတာ့မည္ဟု လက္ေလၽွာ့လိုက္သည့္ခဏ.....
ဇြိ~
ထိုခဏ၌ သူ႔ေရွ႕ကလူကသူ႔ကိုကူညီကာ ေဘာင္းဘီဇစ္ကိုဆြဲတင္ေပးလိုက္ေလေတာ့သည္။
___