Unicode
" ဒါက ဘယ်နေရာလဲ"
ဒီနေရာကို မသိချင်ယောင်ဆောင်ပြီး စုရွမ်ရွမ်မေးလိုက်သည်။
လုရှီမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။"ခန့်မှန်းကြည့်"
စုရွမ်ရွမ်က ခဏလောက် ညည်းညူပြလိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။"ကျွန်မ သိပြီ၊ အိမ်မက်မက်နေတာ ဖြစ်ရမယ်" လို့ ပြောပြီးနောက် မျက်လုံးမှိတ်ဖို့ ကြိုးစားလိုက်သည်။
အမျိုးသားက နှုတ်ခမ်းထက် ကြည်လင်သော အပြုံးတစ်ခုနဲ့အတူ သူ့ရင်ခွင်ထဲ ကွေးနေတဲ့ အရာလေးကို ငုံ့ကြည့်လိုက်သည်။
သူ့လက်ကိုမြှောက်လိုက်သည်နှင့် သူ့အတွေးအတိုင်း အောက်က ရေများက တဖြည်းဖြည်း မြင့်တက်သွားကာ သူ့တို့နှစ်ဦးကိုယ်ပေါ်သို့ စီးကျနေတော့သည်။
စမ်းရေက အလွန်ပင် စိတ်လက်သက်သာဖြစ်စေသည်။
ပင်ပန်းနွယ်နယ်မှုကို သက်သာစေနိုင်ပြီး ဒဏ်ရာများကိုလည်း သက်သာပျောက်ကင်းစေကာ အဓိကအချက်မှာ အသားရေ လှပစေနိုင်ပြီး ကိုယ်အလေးချိန် ကျစေနိုင်သည်။
သူမကိုယ်သူမ ကန်ထဲ မြုပ်ထားဖို့ ကြိုးစားလိုက်သည်။ နည်းနည်းလောက် သောက်ရရင် ကောင်းမလား၊ မကောင်းမလားလို့ တွေးနေတုန်း ရေထဲမှာရှိနေတဲ့ သူမရဲ့ ခြေထောက်လေးနဲ့ လုရှီမင်ရဲ့ ခြေထောက်ကြီးကို တွေ့လိုက်ရသည်။
မေ့လိုက်တော့၊ ဘယ်သူက ခြေဆေးရေကို သောက်ရတာ ကြိုက်မှာလဲ။ မသောက်တော့ဘူး။
ဘယ်လောက်ကြာနေပြီလဲ မသိပေ။ သူမအရေပြားတွေ ရှုံ့တွနေပြီဟု ခံစားရသော်လည်း အမျိုးသားက သူမကို မလွှတ်ပေးသေးချေ။
စုရွမ်ရွမ် ညင်သာစွာ ပြောလိုက်သည်။"ရေက အရမ်းအေးတာပဲ။ ကျွန်မကိုယ် ကျွန်မ စောင်သွားပတ်ခြုံပြီးမှ ပြန်လာခဲ့မယ်လေ"
စကားပြောပြီးနောက် ထွက်သွားဖို့ပြန်နေတုန်း ကြမ်းကြုတ်သော အမျိုးသားရဲ့ ဖမ်းပြီး နမ်းတာခံလိုက်ရသည်။
ဒါက လုရှီမင် space ဖြစ်ပြီး အရာအားလုံးက သူ့လက်ထဲမှာ ဖြစ်သည်။
သူက ဝက်တွေကို ပျံသန်းခိုင်းရင် ဝက်တွေက ထွက်ပြေးနိုင်မှာမဟုတ်ပေ။
သူက ကောင်းကင်ကို မှောင်စေချင်ရင် ကောင်းကင်က လင်းနိုင်မှာ မဟုတ်ပေ။
သူကသာ တစ်ယောက်ယောက်ကို နမ်းချင်ရင် လွတ်မြောက်နိုင်ဖို့ အသာထား…စုရွမ်ရွမ်မှာ ဝေးဝေးပင် ပြေးနိုင်မှာ မဟုတ်ပေ။
နှစ်ယောက်သား နမ်းပြီးနောက် နူးညံ့သော မြက်ခင်းပြင်ပေါ်တွင်လဲပြီး မော့ကြည့်လိုက်သည်။
လှပလျက်ရှိသော များစွာသော ကြယ်လေးများ တွယ်ငြိနေသည့် ခန်းဆီးလိုက်ကာကဲ့သို့သောညက ခပ်နှိမ့်နှိမ့်ချိတ်ဆွဲထားသည်။
စုရွမ်ရွမ်ကတော့ ရေအကြာကြီး စိမ်ခဲ့ပြီးနောက် လူရှီမင် ရင်ခွင်ထဲ ခွေနေတော့သည်။
သူမက အမျိုးသားရဲ့ ရင်းနှီးသော ရနံ့ကို ရှူရှိုက်ကာ ကြောင်ပေါက်လေးတစ်ကောင်လိုမျိုး ကုတ်ကုတ် ကတ်ကတ် ပွတ်သပ်နေသည်။
အမျိုးသားရဲ့ ခန္ဓာကိုယ်မှာ တောင့်တင်းလာပြီး သူမခေါင်းလေးကို ပုတ်ပေးလိုက်သည်။"အိပ်တော့ "
စုရွမ်ရွမ်က ကလေးလေးလို ပြောလိုက်၏။ " ... အိပ်ပျော်အောင် သီချင်းဆိုမယ်"
လူရှီမင် "……ဘာသီချင်းလဲ"
"ပရေရီမြက်ခင်းပြင်! လာပါလေ ငါမင်းကို ခေါင်းတစ်လုံးပေး... mmm"
စုရွမ်ရွမ် အသံထွက်မလာခင် အမျိုးသားက သူမပါးစပ်လေးကို လက်နဲ့ အုပ်ပိတ်လိုက်သည်။
အမျိုးသားက ဖားလေးလိုဖောင်းနေတဲ့ သူမပါးပြင်ကိုငုံ့ကြည့်လိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။ "ဖော်ရွေတဲ့ ဆိတ်လေး၊ လှပတဲ့ ဆိတ်လေး၊ ပျင်းရိတဲ့ ဆိတ်လေး..."
အင်း၊ သူဆိုတာ ကောင်းသား။
အမျိုးသားက ရုတ်တရက် ငုံ့ကိုင်းလိုက်ပြီး မျက်လုံးများက ဝံပုလွေမျက်လုံးလိုမျိုး အလင်းရောင် ထုတ်လွှတ်နေပုံရသည်။"ကိုယ်က ဝံပုလွေနဲ့တူတယ်လို့ မင်းထင်လား"
စုရွမ်ရွမ် ထိတ်လန့်သွားပြီး "ဝါး"ဟူသောအသံနဲ့ အော်ငိုတော့သည်။
ထို့နောက် အမျိုးသားရဲ့ ရယ်သံကြားမှာပဲ သူမမျက်ဝန်းကြီးများကို ငြိမ်းချမ်းစွာ မှိတ်လိုက်တော့သည်။
လုရှီမင် သီချင်းဆိုတာကို သူမ ဘယ်တော့မှာ နားမထောင်ချင်တော့ပါ။
…
ပျက်စီးနေသော ကားထဲ၌။
နီးယန်က ရှောင်ယွီပေါ်မှီထားခဲ့ပြီး ရုတ်တရက် နိုးလာသည်။
သူမ မျက်လုံးဖွင့်ဖွင့်ချင်း သူမရှေ့က လူနှစ်ယောက်ကို မြင်လိုက်ရသည်။ နီးယန်းမျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ "နင်တို့ ဒီမနက် ဘယ်ရောက်နေတာလဲ"
စုရွမ်ရွယ်သည် သူမရဲ့ ထိခိုက်ထားတဲ့ပါးစပ်ကို ပွတ်သပ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "နွေဦးလောကကို သွားနေတာပါ"
နီးယန် : ... ထားလိုက်တော့ ၊ ဒီအရူးမလေးကို မေးလို့ရမှာ မဟုတ်ဘူး။
"အခြေစိုက် စခန်းကို ပြန်သွားရအောင် ၊ ကလေးနဲ့ နီးမိန်ကို သွားခေါ်ရမယ်"
နီးယန်က ရှောင်ယွီကို သယ်ပြီး ထရပ်လိုက်သည်။
နီးယန်က အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သန်မာတဲ့ ခွန်အားနဲ့ ကျစ်လစ်သွယ်လျကာ အရပ်မြင့်သည်။ ရှောင်ယွီကို မ,ရာတွင်တောင် မည်သည့်အားမှ စိုက်မထုတ်ရပုံပေါ်၏။
ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမှာ ဇွန်ဘီ ခွေးပေါ်ထိုင်လျက် အခြေစိုက်စခန်းသို့ ပြန်သွားကြသည်။
လမ်းပေါ်တွင် မြေပြင်ပေါ် ဒူးထောက်နေသူများနှင့် ဆုံခဲ့ကြပြီး သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေအတွက် ဦးညွတ်ဆုတောင်းနေသလို ခြေသုံးလှမ်းကို တစ်ကြိမ် ဦးညွတ်နေကြသည်။
ဇွန်ဘီခွေးက ထိုနေရာတွင် ခေတ္တ အနားယူနေတုန်း နီးယန် မထိန်းချုပ်နိုင်ပဲ မေးလိုက်မိသည်။ "ရှင်တို့ ဘာလုပ်နေကြတာလဲ"
မြေပြင်ပေါ်ဒူးထောက်နေတဲ့ တုန်တုန်ယင်ယင်နဲ့ အဘွားအိုဟာ အေးစက်မှုကြောင့် တုန်ယင်နေသော်လည်း သူမ မျက်နှာပေါ်တွင်မူ မရူးသွပ်ရုံတမယ် အယူသည်းမှုတစ်ခု ရှိနေသည်။ "နတ်ဘုရား ရောက်နေပြီ၊ မင်းတို့ဘုရားကျောင်းကို သွားနေသ၍ ထာဝရရှင်သန်ရာဘဝကို ရနိုင်တယ်"
ဒီဘာသာရေးနှင့်တူသော စီတန်းလမ်းကြောင်းကြီးမှာ စုရွမ်ရွမ်အား လူကုန်ကူးနေတဲ့ နေရာကို ရောက်နေသလို ခံစားချက်ကို ပေးနေသည်။
သူမက မျက်နှာလေးကိုမော့ပြီး အလေးအနက်ပြောလိုက်သည်။"အဘွားရဲ့ နတ်ဘုရားက လုကျားရန်များလား"
အဘွားအိုက တုန်လှုပ်သွားပြီး ဆူပူလိုက်သည်။" မင်း ဘယ်လိုလုပ် နတ်ဘုရားရဲ့ နာမည်ကို တိုက်ရိုက်ကြီး ခေါ်ရတာလဲ၊ နတ်ဘုရား ကျွန်ုပ်ကို မပြစ်မယူနဲ့ ၊ နတ်ဘုရား ကျွန်ုပ်ကို အပြစ်မယူပါနဲ့…"အဘွားအိုက ဝပ်တွားခယနေတော့သည်။
ဘာသာရေးကိုင်ရှိုင်းနေသည့် လူများကလည်း သူတို့ရဲ့ခေါင်းကို နှင်းထဲဆောင့်ချကာ ဦးတိုက်နေကြသည်။
ရက်အနည်းငယ်သာ ရှိသေး၍ လုကျားရန်ရဲ့ လွှမ်းမှုမှာ ဒီလောက်ထိ ကျယ်ပြန့်လာမယ်လို့ နီးယန် ထင်မထားခဲ့ပေ။ ဒါက ယုံကြည်ကိုးကွယ်မှုထက် ပိုသော အစွဲအလမ်း ဖြစ်သည်!
ညို့ယူခံထားရတဲ့ လူတွေကိုကြည့်ရင်း နီးယန် ဝမ်းနည်း ၊ ဝမ်းသာ ခံစားရသည်။
ကံကောင်းထောက်မစွာ သူတို့က လုကျားရန်ရဲ့ မျက်နှာအစစ်အမှန်ကို သိနေခဲ့၍ သူ့လိမ်ညာမှုကြောင့် ကျိန်းသေပေါက် လှည့်ဖျားခံရမည် မဟုတ်ပေ…။
"စုရွမ်ရွမ် ဘာလုပ်နေတာလဲ"
သူမရှေ့က နှင်းတွေရှိနေသည့် မြေပြင်ပေါ်တွင် လဲနေတဲ့ စုရွမ်ရွမ်ကို နီးယန်ကြည့်လိုက်သည်။
စုရွမ်ရွမ်က သူမမျက်နှာပေါ် ပေသွားတဲ့ နှင်းတွေကို သပ်ချလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။"ကျွန်မလည်း စမ်းကြည့်မလို့၊ မှန်ကောင်းမှန်နိုင်တာပဲလေ"လို့ပြောပြီးနောက် စုရွမ်ရွမ်က ကိုင်းရှိုင်းစွာဖြင့် စတင်ဆုတောင်းမှု ပြုလေသည်။"လုကျားရန် မြန်မြန်သေပါစေ၊ ရှင် မြန်မြန်သေပါစေ…"
နီးယန်:…
နီးယန်သည် ရှောင်ယွီကို သယ်ကာ ဇွန်ဘီခွေးပေါ်က ဆင်းလိုက်ပြီး ဝက်အူချောင်း သုံးချောင်းထုတ်၍ လိုလီပေါ့ သုံးချောင်းဘေးတွင် ထည့်ထားလိုက်သည်။
သူမလုံးဝ မယုံပါဘူးနော်၊ဟမ့်။
ဒါပေမယ့်၊ သူကတော့ မြန်မြန် သေသင့်တယ်။
…
နီးယန်သည် ဘေဘီရှောင်နဲ့ နီးမိန်ကို အခန်းထဲထည့်ပိတ်ထားခဲ့ပြီး ခွေးပေါက်လေးကို အစောင့်အဖြစ် ချထားခဲ့သည်။
သုံးရင်ကြာတော့ အားလုံးမှာ အခြေစိုက်စခန်းသို့ ပြန်ရောက်ရှိခဲ့ကြပြီး လက်ခံရရှိလိုက်သည်က…ခွေးပေါက်လေးလား။
"ဘေဘီနဲ့ နီးမိန်ကရော ဘယ်မှာလဲ"
ခွေးပေါ်လေးက တုန်တုန်ယင်ယင်ဖြင့် အလျင်အမြန် ပြောပြတော့မည့်ဟန်ဖြင့် သူ့ပါးစပ်မှ "ဝူး ဝူး " အသံထွက်နေသည်။
စုရွမ်ရွမ်က သူမရဲ့ အစားကြူးသားရဲကို ကယ်တင်ရန် ခြေလှမ်းပြင်လိုက်သည်။
လုရှီမင်က အခန်းတံခါးဆီ လျှောက်သွားပြီး လက်မြှောက်ကာ တံခါးနောက်က စာရွက်လေးကို ဆွဲဖြုတ်ယူလိုက်သည်။
ပန်းရောင် မှတ်စုပေါ်တွင် ဝါကျတစ်ကြောင်းသာလျှင် ရှိနေ၏။" အချစ်လေး ၊ မင်းကို စောင့်နေမယ်"
ဒါကို ဘယ်သူလုပ်တယ်ဆိုတာ ရှင်းနေပြီ ဖြစ်သည်။
နီးယန်က အံတင်းတင်းကြိတ်လိုက်ပြီး သူမရှေ့က နံရံကို အမျက်ချောင်းချောင်းထွက်စွာ ထိုးလိုက်သည်။
"ဒီခွေးကောင်ကတော့ !"အခန်းမှာ တိတ်ဆိတ်ကျသွား၏။
လုရှီမင် တစ်ချက်မျှ ဖျစ်ညှစ်လိုက်တော့ သူ့လက်ထဲက စာရွက်က အမှုန်ကြေသွားသည်။
သူ ဆိုလိုက်၏။"အရင်ဆုံး စားရအောင် "
နီးယန်က ရှောင်ယွီကို ချပေးလိုက်ပြီး ကျွမ်းကျင်စွာဖြင့် သူစားဖို့ ခွံ့ပေးလိုက်သည်။
"အာ...ပါးစပ်ဖွင့်"
ရှောင်ယွီက နာခံစွာ ပါးစပ်ဖွင့်လိုက်၏။
ရှောင်ယွီလည်ပင်းပေါ်က အစားအသောက်အိတ်ကို ကြည့်နေတဲ့ စုရွမ်ရွမ်သည် ခွေးပေါက်လေး လည်ပင်းပေါ်က အစားအသောက်အိတ်ကို လှည့်ကြည့်ကာ စဉ်းစားနေပြီးနောက် "ဇွန်ဘီနဲ့ ဇနီး "စုံတွဲအဖြစ် ဇွန်ဘီကို ကြင်နာစွာ ကျွေးမွေးနေတဲ့နီးယန်ကို ကြည့်လိုက်သည်။
"ရှင့် ယောက်ျားက စားဖို့မလိုအပ်ဘူး" စုရွမ်ရွမ် ပြောလိုက်သည်။
နီးယန်က ဓားတစ်ချောင်းနဲ့ ရောက်လာပြီး စုရွမ်ရွမ်ပါးစပ်ကို ပိတ်စေလိုက်၏။
ရှောင်ယွီကို အစာထိုးသိပ်ကျွေးပြီးနောက် နီးယန်သည် သူ့ကို သူမပခုံးပေါ်တင်ပြီး ဆက်လျှောက်သွားခဲ့သည်။
ရှောင်ပေါင်ပေါင်နဲ့ နီးမိန်ကိုရှာရန် အလို့ငှာ သူတို့အားလုံး ရဲတိုက်ဆီ ပြန်လာခဲ့ကြသည်။
မူလက ခမ်းနားကြီးကျယ်သော ရဲတိုက်မှာ အရင်ရက်က မီးလောင်မှုကြောင့် တစ်ဝက်လောက် ပျက်စီးသွားခဲ့သည်။
နှင်းထဲမြုပ်နေပုံက ဆယ်စုနှစ်ကြာပြီဖြစ်သော အလှတရားဟု ထင်ရသည်။
ရဲတိုက်ဝင်ပေါက်တွင် အသက်အရွယ်စုံ လူတန်းရှည်ကြီး ရှိနေပြီး အားလုံးမှာ ဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီး လုကျားရန်နဲ့ တွေ့ဆုံချင်နေကြသည်။
ဒဏ္ဍာရီအဆိုအရ မင်းက လုကျားရန်ရဲ့ သဘောကျနှစ်သက်ခြင်းကို ခံရလျှင် မသေမျိုးဖြစ်နိုင်တယ် ဟူ၍။
ထို့ကြောင့် ဒီလူများမှာ အရူးအမူး ဖြစ်နေကြသည်။
သို့ပေမယ့် ဟုတ်ပါသည်။ ဘုရားကျောင်းသို့ မင်းဝင်ချင်သလို ဝင်လို့မရနိုင်ပေ။
ဘုရားကျောင်းသို့ ဝင်ရောက်နိုင်သော စည်းမျဉ်းမှာ မင်းက ဂုဏ်သရေရှိရမည် ဖြစ်သည်။
ဂုဏ်သရေဆိုသည်မှာ အပျိုဖြစ်ရမည် သို့မဟုတ် အဖွဲ့တစ်ဖွဲ့ရဲ့ ကလေးဖြစ်ရမည် သို့မဟုတ် အပျို၊လူပျို စုံတွဲ ဖြစ်ရမည် ဟူ၍ ဖြစ်သည်။
မင်းဘာမင်း ပြန်ပေးဆွဲခံရတာ ဖြစ်ဖြစ်၊ လက်ဆောင်ပေးခံရတာ ဖြစ်ဖြစ်၊ ဒါက ဘုရားကျောင်းသို့ ဝင်ရောက်ရမည့် ဝင်ကြေး ဖြစ်သည်။
မင်းက ပိုထည့်ဝင်လေလေ၊ ဘုရားကျောင်းသို့ဝင်ရောက်ရန် အခွင့်ရေးပိုများလေလေ ဖြစ်သည်။
ထို့ကြောင့် ဤသည်က အဓမ္မခေါ်ဆောင်မှုကို ဟန်ဆောင် ဖုံးကွယ်ထားသည့် လူကုန်ကူးမှုတစ်ခုပဲ မဟုတ်ပါလား။
…
ရဲတိုက် ဂိတ်စောင့်မှာ သန်မာတုတ်ခိုက်သော ဗလများနဲ့ ယောက်ျားတစ်ယောက် ဖြစ်သည်။
ဆောင်းရာသီအေးအေးထဲတွင် လက်ပြတ်ခါးတိုအင်္ကျီတစ်ထပ်ကိုသာ ဝတ်ထားပြီး သူ့ရဲ့ သန်မာတောင့်တင်းတဲ့ လက်မောင်းကို ပြသနေသည်။
တစ်ကြိမ်လျှင် လူသုံးယောက် ဝင်ခွင့်ပြု၏။
တစ်နေ့လျှင် ကိုးဆယ်ကိုးယောက်သာ ဝင်ခွင့်ရနိုင်သည်ဟု သူတို့ကြားထားသည်။
ဒါပေမယ့် စီတန်းနေသော လူများမှာ အနည်းဆုံး ၉၉၀၀ လောက်ရှိနေ၏။
လုရှီမင်က နောက်တံခါးကိုသုံးဖို့ ငြင်းဆန်ခဲ့သောကြောင့် စုရွမ်ရွမ်ရဲ့အလှထောင်ချောက်ကို သုံးဖို့သာ နီးယန် ဆုံးဖြတ်လိုက်သည်။
နီးယန်သည် စုရွမ်ရွမ်ကို တွန်းထုတ်လိုက်၏။
ငါ့ဘွားဘွားအတွက် ဖယ်ပေးစမ်း!
စုရွမ်ရွမ်သည် ဂျာကင်အင်္ကျီ ထူထူနဲ့ ခြုံထားခံရပြီး သူမရဲ့ ဖြူဖြူဖွေးဖွေး မျက်နှာကိုသာ ထုတ်ဖော်ထားသည်။
သူမက လက်အချင်းချင်း လှိမ်ညစ်ကာ နေရာတွင် ရပ်နေပြီး လူတန်းရှည်ကြီးကို တုန်ယင်စွာ ကြည့်လိုက်သည်။
ဗလတွေနဲ့ စွမ်းရည်ရှိတဲ့သူက ဂိတ်ဝတွင် ရပ်နေပြီး များပြားလှတဲ့လူတွေကို ငုံ့ကြည့်ကာ ကန်ထုတ်ဖို့ ဖြည်းဖြည်းချင်း ခြေထောက်မြှောက်လိုက်သည်။
နီးယန်ရဲ့ အမှုအရာပျက်သွားပြီး စုရွမ်ရွမ်ကိုပြန်ဆွဲလိုက်ကာ သူမဘေးက လုရှီမင်ကို ကြည့်လိုက်သည်။
"သူဘာလုပ်နေတာလဲ"
စုရွမ်ရွမ်က ချက်ချင်းပဲ ဖြေဖို့ လက်ထောင်လိုက်သည်။ "ကျွန်မသိတယ်၊ သူ သေးသွားပေါက်တာ !"
စုရွမ်ရွမ် ခြေထောက်ပေါ်တွင် လဲနေတဲ့ ခွေးပေါက်လေးက သူ့ရဲ့နောက်ခွာတွေကို မြှောက်လိုက်သည်။
ဘာ...
လူသန်ကြီးက သူ့ခြေထောက်ကို မြှောက်ထားရင်း အထင်သေးခံသလို ခံစားရတာကြောင့် ချက်ချင်းပဲ ပစ်မှတ်ပြောင်းလိုက်သည်။
ထို့နောက် လုရှီမင်က ပုဆိန်လေးကို ထုတ်ပြီး
ဒုတ်ကနဲ တစ်ချက်တည်းဖြင့် ခုတ်ဖြတ်လိုက်သည်။
ခွေးပေါက်လေး: ...
"အား! အား!အား!အား!" လူသန်ကြီး အော်နေတုန်းမှာပဲ လုရှီမင်က စုရွမ်ရွမ်လက်ကိုဆွဲပြီး အထဲဝင်သွားတော့သည်။
နီးယန်က ရှောင်ယွီ သယ်ကာ နောက်မှလိုက်ဖို့ ခွေးကို ကန်လိုက်သည်။
ရဲတိုက်က ကြီးမားလှ၏။
ဒါက ဒုတိယအကြိမ်အဖြစ် စုရွမ်ရွမ် ရောက်လာတာ ဖြစ်သော်လည်း သူမ လမ်းမမှတ်မိသေးတုန်း ဖြစ်သည်။
တစ်ယောက်မှ လာရောက်လမ်းမပြသော်လည်း လုရှီမင်က စွမ်းအားရှင်ရဲ့ ခြေထောက်ကို ခုတ်ဖြတ်ခဲ့တာကြောင့် ရဲတိုက်အစောင့်များရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူတို့ အဝိုင်းမခံရမီ နှစ်လမ်းသာ လျှောက်လိုက်ရသည်။
လုကျားရန်ရဲ့ ဂမ္ဘီရအသိဉာဏ်က လူတွေရဲ့ နှလုံးသားမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတာကြောင့် သူ့တွင် စွမ်းအားရှင်အများကြီး စုရုံးရှိလို့နေသည်။
လာရောက်ခိုလုံသူများအပြင် သူကိုယ်တိုင်ဖန်တီးထားတဲ့ သူ့ကိုသာ သစ္စာခံသည် သူများလည်း ရှိနေသည်။
သူတို့ကိုတော့ လမ်းလျှောက်နေသော အလောင်းကောင်ဟု ခေါ်၏။
ဤသည်မှာ စုရွမ်ရွမ်ကို ရှေးခေတ် အသေခံ စစ်သားများနဲ့ အရိပ် ကိုယ်ရံတော်များအကြောင်း အမှတ်ရစေသည်။
ငယ်စဉ်ကလေးဘဝ ပညာရေးမှသည် ဘဝတွင် ရည်မှန်းချက်တစ်ခုသာလျှင် ရှိပြီး ၎င်းမှာ သခင်အား အသက်နဲ့ရင်း၍ ကာကွယ်ရန် ဖြစ်သည်။
သူတို့မှာ အမျိုးမျိုးသော စွမ်းရည်များ တဖျပ်ဖျပ် လက်နေတဲ့ ကိုယ်ရံတော်များ၏ အဝိုင်းခံလိုက်ရသည်။
ကိုယ်ရံတော် ခေါင်းဆောင်၏ အကြည့်မှာ ရှေ့ဆုံးမှာရပ်နေတဲ့ စုရွမ်ရွမ်ဆီ ဖြတ်သန်းသွားပြီး နောက်ဆုံးမှာတော့ လုရှီမင်ရဲ့ မျက်နှာပေါ်ကျရောက်သွားသည်။
သူ့မျက်နှာက တည်ကြည်လေးနက်နေပြီး တစ်ခုခုကို အတည်ပြုနေပုံရ၏။
ကိုယ်ရံတော် ခေါင်းဆောင် စကားပြောလာတော့ လေထုက တင်းမာလာသည်။
"မင်းတို့က ဒီကို ဘာလုပ်ဖို့ လာတာလဲ"
စုရွမ်ရွမ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။"ဆွေမျိုးတွေဆီ အလည်အပတ်လာတာ"
နီးယန် : ...
နီးယန်က ဒီအရူးမကို တစ်ချက်လောက်ရိုက်ပေးဖို့ ပြင်လိုက်ပေမယ့် ကိုယ်ရံတော် ခေါင်းဆောင်က သူတို့ကို လမ်းပြလာမယ်လို့ မမျှော်လင့်ထားပေ။
သူ့အကြည့်က ရှုပ်ထွေးမူနဲ့ သံသယဖြင့် လုရှီမင် မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်သည်။
"ငါ မင်းတို့အတွက် ဧည့်ခန်းသွားစီစဉ်ပေးမယ်" ကိုယ်ရံတော်ခေါင်းဆောင်က ရှေ့မှ လျှောက်သွားခဲ့သည်။
စုရွမ်ရွမ် ခြေဖျားထောက်ရပ်လိုက်ပြီး လုရှီမင် မျက်နှာကို ကာလိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် သတိပေးလိုက်သည်။
"သူက ရှင့် ခန္ဓာကိုယ်ကို တက်မက်နေတာလို့...ကျွန်မ သံသယဖြစ်မိတယ်"
လုရှီမင်: ...
အမျိုးသားက လက်ဆန့်ထုတ်လိုက်ပြီး စုရွမ်ရွမ်ကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
စုရွမ်ရွမ်က သူမလက်နဲ့ လုရှီမင်မျက်နာကို ဆက်ကာ ထား၏။
ရှေ့က လျှောက်နေတဲ့ ကိုယ်ရံတော် ခေါင်းဆောင်မှာ ပိုမိုလေးနက်သော အကြည့်ဖြင့် လှည့်ကြည့်လာသည်။
စုရွမ်ရွမ်က ချက်ချင်းပဲ အသင့်အနေအထားကာကွယ်လိုက်၏။
ကိုယ်ရံတော် ခေါင်းဆောင်မှာ သူမကောင်လေးကို လိုချင်ရုံမက သူမကောင်လေးရဲ့ ချောမောမှုကိုပါ ငမ်းငမ်းတက်နေသည်ဟု သံသယ ဖြစ်မိသည်။
ဟုတ်တယ်၊ ဒီရဲတိုက်ထဲက လူတွေက ဘာမှကောင်းတာမရှိဘူး!
ဖွီ!
…
လုကျားရန်က ချမ်းသာပြီး စွမ်းအားကြီးသော အရှင်သခင်ဖြစ်ဖို့ ထိုက်တန်လှပေသည်။
စုရွမ်ရွမ်အတွက် စီစဉ်ပေးသောအခန်းမှာ ရဲတိုက်ရှိ အကောင်းဆုံးအခန်းများထဲမှ ဖြစ်သည်။
စုရွမ်ရွမ် သတိကြီးစွာဖြင့် လက်ဆန့် ထုတ်ပြီး တန်ဖိုးကြီး တီဗွီကို ပုတ်လိုက်တော့ အထဲမှ ပရေရီမြက်ခင်းပြင်တစ်ခု ပေါ်လာသည်။"
"ဖော်ရွေတဲ့ ဆိတ်ကလေး၊ လှပတဲ့ ဆိတ်ကလေး၊ ပျင်းရိတဲ့ ဆိတ်ကလေး..."
"ဝိုး"
စုရွမ်ရွမ် အံ့သြသွားလေ၏။
တံခါးဝမှ အမျိုးသမီးအစေခံတစ်စု ရုတ်တရက် ဝင်လာသည်။
လှပသော အစေခံဝတ်စုံကို ဝတ်ထားပြီး ဦးညွတ်ကာ နာခံစွာဖြင့် ရပ်နေကြ၏။
ရှေ့ဆုံးမှာ ရပ်နေသော အမျိုးသမီးအစေခံက ရှေ့ကိုလှမ်းလာပြီး ပြောလိုက်သည်။ "မစ္စတာလု၊ သခင်ကြီးက ပြောလိုက်ပါတယ် ၊ ရှင်ဘာပဲ လိုချင် လိုချင် ပေးလိုက်ပါတဲ့"
စုရွမ်ရွမ်က ချက်ချင်းပဲ လုရှီမင်က ဘာမှမလိုချင်ဘူး၊ သူမကပဲလိုချင်တာဟု ပြောလိုက်သည်။
သို့သော်လည်း အစေခံခေါင်းဆောင်မှာ လုရှီမင်ကို အလွတ်မပေးပဲ ဆက်လက်လွှမ်းမိုးနေ၏။ "ဒါက အစ္စတာလုအတွက် သခင်ကြီးရဲ့ လက်ဆောင်ပါ"
၎င်းက သလင်းကျောက်အမြုတေ သေတ္တာတစ်လုံးဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီကနှင့် နှိုင်းယှဉ်ပါလျှင် ဤသည်က မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသော ဥက္ကဌ၏ "ဒီကဒ်က မင်းအတွက်ပဲ၊ မင်းကြိုက်သလို ဖြုန်း " ဆိုသည်နှင့် ဆင်တူပေသည်။
စုရွမ်ရွမ် ထပ်ဆင့်အံ့ဩသွားရပြန်၏။
ဒါက ဗိုလ်ကျချယ်လှယ်တက်သော ဥက္ကဌရဲ့ ဒုက္ခိတ ဗားရှင်းပေလား!
စုရွမ်ရွမ် လုရှီမင်ကို စိုးရိမ်တကြီး လှမ်းကိုင်လိုက်ပြီး သတိပေးလိုက်သည်။"အဲ့ကျားရန်က ရှင့်ခန္ဓာကိုယ်ကို လိုချင်တက်မက်နေတာ"
သူမလည်းလိုချင်တက်မက်သော်လည်း သူမရဲ့လိုချင်တက်မက်မှုက လုကျားရန်နဲ့ ကွဲပြားသည်လေ!
ဥပမာအားဖြင့် သူမက သန့်ရှင်းဖြူစင်ပြီး ကျားရန်ကတော့ သန့်ရှင်းဖြူစင်မှုမရှိ။
သူမက ငွေမသုံးပေမယ့် ကျားရန်ကတော့ ငွေအများကြီး သုံး၏။
သူမက အကျပ်ကိုင်ခံနေရတဲ့ ဒုက္ခသည်ဖြစ်ပြီး ကျားရန်ကတော့ အကျပ်ကိုင်နေတဲ့ ခေါင်းဆောင် ဖြစ်သည်။
ဟုတ်တာပေါ့။ သူတို့မှာ တူညီသည့် အချက်လည်း ရှိပါသည်။
သူတို့ထဲက တစ်ယောက်မှ လုရှီမင်ခန္ဓာကိုယ်ကို မရသေးပါ။
အို့၊ ဒါကြောင့်များ လိုချင်တက်မက်နေတာလား။
လုရှီမင်က သလင်းကျောက်အမြုတေကို အေးစက်စွာ ငြင်းဆန်လိုက်ပြီး ဘေဘီရှောင်နဲ့ နီးမိန်နဲ့ပေးတွေ့ဖို့ ပြောလိုက်သည်။
အမျိုးသမီးအစေခံက ချက်ချင်းပဲပြောလာသည်။"ကျွန်မတို့ သခင်ကြီးက ပြောလိုက်ပါတယ်။ မစ္စတာလု ဘာပဲလိုချင်လိုချင် ပေးလိုက်ပါတဲ့"
ထို့ကြောင့် လုရှီမင်ရဲ့ စကားအရ ဘေဘီရှောင်နဲ့ နီးမိန်ကို အားလုံးရှေ့မှောက် ခေါ်လာခဲ့သည်။
စိတ်ကူးယဉ်ထားတဲ့ အကြိမ်သုံးရာလောက် တိုက်ပွဲလည်း မဖြစ်ခဲ့သလို သွေးလည်း မအန်ခဲ့ပေ။
ဘေဘီရှောင်ကို မြင်တော့ ဇွန်ဘီတစ်ပိုင်းဖြစ်တဲ့ ရှောင်ယွီက တုန့်ပြန်ပုံရသည်။
နီးယန်က မျက်ရည်စက်လက်နဲ့ ရှေ့ကိုပြေးသွားပြီး နီးမိန်ကို ပွေ့ဖက်လိုက်သည်။
နီးမိန်က ကိုက်ဖို့ ခေါင်းငုံ့လာတော့ နီးယန်လက်သီးနဲ့ထိုးတာ ခံလိုက်ရ၏။
ချစ်ခင်လှတဲ့ ညီအစ်မတွေပါပေ။
နီးမိန်အား ရိုက်ပြီးနောက် နီးယန်သည် ဘေဘီရှောင်ကို ရှောင်ယွီဆီ ခေါ်သွားပေးလိုက်သည်။ "အစ်ကိုရှောင်၊ ဒါက ဘေဘီလေ၊ ရှင့်ရဲ့ ညီလေး၊ ရှင်သူ့ကို မှတ်မိလား"
ဘေဘီရှောင်က ခေါင်းခါလိုက်သည်။"မဟုတ်ဘူး၊ မဟုတ်ဘူး' မဟုတ်ဘူး..."
ရှောင်ယွီက မထုံတက်တေး နိုင်နေပုံရသည်။
နီးယန် စိတ်ဓာက်ကျစွာဖြင့် ရှောင်ယွီရဲ့ဆံပင်ရှည်တွေကို ဖယ်ပေးလိုက်တော့ ခိုင်မာပြက်သားတဲ့ မျက်နှာ ပေါ်လွင်လာသည်။
ဘေဘီရှောင်ကို မြင်တော့ ရှောင်ယွီရဲ့ ဖြူနေသော မျက်လုံးများက ပူဆွေးလာ၏။
သူ ပါးစပ်ဖွင့်လိုက်တော့ သူ့လည်ချောင်းထဲမှ ရှင်းပြ၍ မရနိုင်သော အသံတစ်ခုထွက်လာသည်။"Ho ho ho ..."
နီးမိန်က သူ့ဆီက အတုခိုးပြီး ပြောလိုက်သည်။"Ho ho ho ..."
ဘေဘီရှောင်: "မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ..."
နီးယန်သည် အတူစုနေတဲ့ ဇွန်ဘီ သုံးကောင်ကြားညှပ်နေရင်း ဘေဘီရှောင်ကို ကြည့်ပြီးနောက် ရှောင်ယွီကို ကြည့်လိုက်တာ ရုတ်တရက် သူမအမူအရာပြောင်းလဲသွားသည်။
ဘေဘီရှောင် စကားပြောနိုင်တယ်ဆိုရင် ရှောင်ယွီလည်း စကားပြောနိုင်မှာ မဟုတ်လား။
"အစ်ကိုရှောင်၊ ကျွန်မက နီးယန်ပါ"
နီယန်က ရှောင်ယွီကို ဖမ်းဆုပ်ကိုင်လိုက်သည်။
ရှောင်ယွီ : "Ho ho ho ..."
နီးယန်က မစွန့်လွှတ်နိုင်သေးပေ။သူမရဲ့နာမည်က ရှုပ်ထွေးလွန်းတာ ဖြစ်နိုင်သောကြောင့် ဖြစ်မည်။သူမ ရိုးရှင်းတာကို သင်ပေးနိုင်ပါသည်။
"ကျွန်မက ရှင့်ရည်းစား"
ရှောင်ယွီ"Ho ho ho …"
ရှင်က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဇွန်ဘီကို လိမ်ဖို့ အခွင့်ကောင်းယူတာ မကောင်းတဲ့ ရည်ရွယ်ချက်ပဲလို့ စုရွမ်ရွမ် ပြောလိုက်သည်။
နီးယန်က သူမ single ဘဝမှ လွတ်မြောက်ရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ဖို့ စိတ်အားထက်သန်နေကြောင်းပြန်ပြောလိုက်၏။ပြီးတော့ စုရွမ်ရွမ်လိုလူမျိုးက singleခွေးတစ်ကောင်လို တိုက်ခိုက်ခံရတဲ့ သူမရဲ့ခံစားချက်ကို နားလည်နိုင်မှာတဲ့လား။
စကားပြောပြီးနောက် နီးယန်က ရှောင်ယွီကို ဆက်လက်သင်ကြားပေးလိုက်၏။
"ရည်းစား၊ ကျွန်မက ရှင့်ရည်းစား…"နီးယန်က ဒီလိုပြောပြီး ရယ်မောနေတော့၏။
အိုး ဟား ဟား ဟား …
နီးယန် ရယ်လိုပ်တဲ့အခါ စုန်းမအိုကြီးနဲ့ တူနေကြောင်း စုရွမ်ရွမ် ခံစားရသည်။
လက်ထဲတွင်လည်း အဆိပ်ပန်းသီးတစ်လုံးနဲ့ တံမြက်စည်းရှည်ကြီးတစ်ချောင်း ရှိလို့နေ၏။
……
ဘေဘီရှောင်နဲ့ နီးမိန်ကို ရှာတွေ့ပြီးနောက်တော့ မကြာမီမှာပဲ နီးယန်က ဉာဏ်ရည်ချို့ယွင်းနေတဲ့ သူမရဲ့ ခင်ပွန်းလောင်းနဲ့ သူ့ရဲ့ညီလေး၊ သူမရဲ့ညီမလေးတို့ကိုခေါ်ပြီး ရဲတိုက်မှ ထွက်ခွာလိုတဲ့ သူမရဲ့ဆန္ဒကို ဖော်ပြလာခဲ့သည်။
နီးယန်:…ရုတ်တရက် ခက်ခဲနေသလိုပဲ။
သို့သော်လည်း လုရှီမင် ပြောလိုက်သည်။ "သွားလို့မရဘူး"
တကယ်တော့ လုကျားရန်ရဲ့ စွမ်းရည်နဲ့သာဆို သူတို့ဘယ်သွားသွား ဖမ်းမိနိုင်လိမ့်မည်။
"သူက ဘာကြောင့် ငါတို့ကို ပစ်မှတ်ထားရတာလဲ"
နီးယန် လုရှီမင်ကို စိုက်ကြည့်လိုက်သည်။
လုရှီမင်က သူ့ခက်ထဲက ပုဆိန်လေးနဲ့ ကစားနေ၏။
"ကျွန်တော်တို့ကို မဟုတ်ဘူး၊ ကျွန်တော့်ကို "
စကားပြောပြီးနောက် လုရှီမင်က ထရပ်ကာ သူ့ဘေးမှာ ကွေးကွေးလေးအိပ်နေတဲ့ စုရွမ်ရွမ်ကို ကြည့်ပြီး ပြောလိုက်သည်။" ခင်ဗျားတို့ မနက်ဖြန် ထွက်သွားကြတော့ "
"နင်ကကော "
လုရှီမင် စကားပြန်မပြောခဲ့ပေ။
နီးယန်ပြောလိုက်သည်။" ငါတို့ ထွက်မသွားတော့ဘူး၊ ငါ နီးမိန်ကို ရှားတုန်းက နင်က ငါတို့ဘက်မှာ ရှိခဲ့တာ၊ အခု ငါထွက်သွားရင် ကျေးဇူးကန်းရာ ရောက်လိမ့်မယ် "
လုရှီမင်က ဗြုန်းစားကြီး ပြောလိုက်၏။ "ခင်ဗျားတို့ရှိနေတာက ဆီပုလင်းတွေ ဆွဲထားသလိုပဲ " (ဆီပုလင်း - ဝန်ထုတ်ဝန်ပိုး)
နီးယန်ခဗျာ တစ်ဆို့သွားပြီး ပြောလိုက်သည်။"ငါတို့က တကယ့်ကို ဆီပုလင်းတွေ ဆွဲထားသလိုပါပဲလေ၊ ကောင်းပြီ ငါ စုရွမ်ရွမ်ကို မနက်ကြရင် ခေါ်သွားလိုက်မယ် "
နီးယန်ရဲ့ စကားကိုကြားတော့ လုရှီမင်ရဲ့ အမူအရာက အနည်းငယ်ပဲ စိတ်အေးသွားသည်။
သူ ငုံ့ကိုင်းလိုက်ကာ စုရွမ်ရွမ်ရဲ့ နီးမြန်းနေသော ပါးပြင်ပေါ် သူ့လက်ချောင်းနဲ့ပွတ်သပ်လိုက်ပြီး သူမနဖူးပေါ်ကို နမ်းလိုက်သည်။
စုရွမ်ရွမ်က အိပ်မှုံစုံဝါးညည်းညူနေပြီး လက်နောက်ပြန်ဖြင့် လုရှီမင်လက်မောင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
အရမ်းကောင်းတဲ့ ဝက်ခြေထောက်ပဲ!
နောက်တစ်နေ့ စုရွမ်ရွမ်နိုးလာတော့ ပစ္စည်းတွေ ထုတ်ပိုးနေတဲ့ နီးယန်ကို တွေ့လိုက်ရသည်။
ရဲတိုက်ရှိ ဇိမ်ခံတိုက်ခန်းအားလုံးနီးပါးကို စုရွမ်ရွမ်ဝင်ထွက်လိုက်သည်။
အချိန်အတော်ကြာ ရှာဖွေပြီးနောက် ကြယ်ငါးပွင့် ဝိုင်ကလပ် ခွက်ကို စုရွမ်ရွမ် ရှာတွေ့တော့သည်။ ခွက်ထဲ နို့လောင်းထည့်ပြီး ကျော့ရှင်းစွာဖြင့် တစ်ငုံသောက်လိုက်သည်။
"အဟွတ် အဟွတ် အဟွတ် အဟွတ်..." သူမ နင်သွား၏။
နို့နင်ပြီးနောက် စုရွမ်ရွမ်မေးလိုက်သည်။"ကျွန်မတို့ ဘာဆက်လုပ်မှာလဲ"
နီးယန်က ဇွန်ဘီသုံးကောင်ကို သယ်ထားရင်း " ထွက်ခွာမယ်"
စုရွမ်ရွမ်က "နေဦး ၊ ကျွန်မ လုရှီမင်ဆီ အရင်သွားအုံးမယ်" လို့ပြောပြီး အပြင် ပြေးထွက်သွားသည်။
နီးယန်က သူမကျောပေါ် ဇွန်ဘီသုံးကောင် ထမ်းထားရ၏။
သူမ မရပ်တန့်နိုင်ခင်မှာပဲ စုရွမ်ရွမ်က ပျောက်သွားပြီဖြစ်သည်။ဇွန်ဘီသုံးကောင်ကိုသာ ပစ်ချထားခဲ့ပြီး လူနောက်လိုက်သွားရတော့သည်။
"ငါ ညက လုရှီမင်ကို ပြောထားပြီးပြီ၊ အရင်သွားရအောင် ၊ သူ နောက်က လိုက်လာလိမ့်မယ်" နီးယန် စုရွမ်ရွမ်ကို ဖမ်းဆွဲထားလိုက်၏။
စုရွမ်ရွမ်ပြောလိုက်သည်။
"ကျွန်မ .. ကျွန်မ က .. သူကြောက်နေမှာ စိုးလို့ပါ"
နီးယန်သည် စုရွမ်ရွမ်ရဲ့ တုန်ယင်နေတဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်၏။
ဘယ်သူက ကြောက်နေတာလဲ။
ရုတ်တရက် သူမရှေ့မှာ အမျိုးသားတစ်ယောက် ပေါ်လာသည်။
နီးယန် အံ့အားသင့်သွားပြီး အော်ပြောလိုက်၏။"လုရှီမင်၊ နင်ဘာကြောင့် ဒီမှာရှိနေတာလဲ"
စကားပြောပြီး ရှေ့ကို လျှောက်သွားဖို့ ပြင်လိုက်ပေမယ့် စုရွမ်ရွမ်က သူမကို ဆွဲထားပြီး ပြောလိုက်သည်။ " သူက လုရှီမင် မဟုတ်ဘူး"
နီးယန် ရှုပ်ထွေးသွား၏။ "နင်…ဘယ်လိုသိလဲ"
"ကြည့်လေ သူက ညင်ညင်သာသာလေး လမ်းလျှောက်နေတယ်"
မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်း၍ လျှောက်လှမ်းလာသူမှာ တောင့်တင်းလာတော့သည်။
"ပြီးတော့ သူ့ရဲ့ စုတ်ပြဲနေတဲ့ အိတ်လေးကိုလည်း မသယ်ထားဘူး"
ထိုလူမှာ သူ့ရဲ့ဗလာဖြစ်နေသော နောက်ကျောကို ထိကြည့်မိသွားသည်။
"ပြီးတော့ ပုဆိန်လေးလည်း မရှိဘူး"
ထိုလူမှာ သူ့ရဲ့ အလွတ်ဖြစ်နေတဲ့ လက်ကို ဆုပ်ကိုင်လိုက်၏။
"ပြီးတော့ ကျွန်မကို ကလေးလေးလို့လည်း မခေါ်ဘူး"
ထိုလူ: …မင်းရဲ့ သောက်ပါးစပ်ကို ပိတ်ထားစမ်း။
နီးယန် : " ... ဒါဆို သူက ဘယ်သူလဲ" သူက တစ်ထပ်တည်း တူတာပဲ! ပုံစံခွက်တစ်ခုထဲ ထွင်းထုထားသလိုပဲ!
အမိခံလိုက်ရတော့ ထိုလူက ရုတ်ခြည်း လှည့်ထွက်သွားပြီး သူ့ဘေးက တံခါးကို ဖွင့်လိုက်သည်။
နီးယန်က သူမရဲ့ပင်ကိုယ်အသိစိတ်ပေါ် မှီခိုပြီး နောက်မှလျှင်မြန်စွာ လိုက်သွားခဲ့သည်။
စုရွမ်ရွမ်တစ်ယောက် သူမခြေတိုလေးများနဲ့ ခုန်လိုက်ပေမယ့် ဖမ်းမမိခဲ့ပဲ တံခါးပိတ်သွားတာကြောင့် သူမရဲ့နှာခေါင်းလေး ပြားလုမတတ် ဖြစ်သွားသည်။
သူမ ကော်ရစ်တာမှာပဲ ဗလာဖြစ်စွာ ရပ်နေပြီးနောက် ဦးတည်ရာတစ်ခု ရှာတွေ့သွားကာ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။
ရဲတိုက်ထဲတွင် အမျိုးသမီးအစေခံ များစွာရှိနေ၏။
စုရွမ်ရွမ်ကိုမြင်တော့ သူတို့က မသိကျိုးနွံပြုထားကာ တစ်ချက်မျှပင် ငဲ့မကြည့်ပဲ ကျော်သွားကြသည်း
ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့မှန်း စုရွမ်ရွမ် မသိတော့ပေ။ သူမ အာရုံပြန်ရတော့ ပျက်စီးနေတဲ့ အိတ်လေးနဲ့ ပုဆိန်လေးနဲ့အတူ သူနဲ့ သုံးမီတာအကွာကို တိတ်တဆိတ် ကြည့်နေတဲ့ အမျိုးသားကို မြင်လိုက်ရသည်။ အမျိုးသမီးတစ်ယောက်ကို ကြည်နေတာ ဖြစ်၏။
အမျိုးသမီးက လှပသော ဂါဝန်ကို ဝတ်ဆင်ထားသည်။
လိုင်းကောက် ဆံပင်ရှည်တွေနဲ့အတူ သွယ်လျသောလည်တိုင်ကို ထုတ်ဖော်ထားပြီး အဲ့မျက်နှာက လုရှီမင်နဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် တူညီနေသည်။
သို့သော်လည်း အလွန် တင့်တယ်သိမ်မွေ့သလို ခံစားရစေ၏။
ဒီလူလိုမျိုး စိတ်မမှန်ဖြစ်မနေပေ။
"ရှီမင်" အမျိုးသမီးက လက်မြှောက်ကာ ဆံပင်ကို သပ်တင်လိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။"သားလိမ္မာလေး၊ အမေ့ဆီ လာပါအုံး"
ဒါက သူမအမေ (ယောက္ခမ ) ။
စုရွမ်ရွမ် အတွင်းကြိတ် တိုက်ခိုက်လိုက်သည်။
သူမ မှတ်မိတာသာမှန်မယ်ဆို လုရှီမင်အမေက အရိုးပြာတောင် မတူးထုတ်နိုင်တော့ဘူး မဟုတ်လား။ သူမက ဘယ်လိုလုပ် ဒီမှာ ရပ်နေတာလဲ။
အမျိုးသမီးက စကားပြောနေဆဲဖြစ်သည်။"အမေပြန်ရှင်လာတာ၊ မင်းသိပါတယ် ၊ ဒီကမ္ဘာကြီးမှာ နတ်ဘုရားရှိတယ်လေ"
အဲ့ဒါ ကျားရန်လား။
အမျိုးသမီးက ကမ္ဘာအချစ်တက်ဆုံး အမေလိုမျိုး သိမ်မွေ့သောအပြုံးတစ်ခုနဲ့ လုရှီမင်ဆီသို့ ကျော့ရှင်းစွာ လျှောက်လှမ်းလာသည်။
"ရှီမင်၊ အမေ့ဆီလာပါအုံး"
စုရွမ်ရွမ် ညင်သာစွာ ပြောလိုက်သည်။"သူမကို မယုံနဲ့ ၊ ကြည့် သူမက သိမ်သိမ်မွေ့မွေ့လေး လမ်းလျှောက်နေတယ်"
အမျိုးသမီး: မင်းက ဘာကြောင့် နေရာတိုင်းမှာ ရှိနေတာလဲ။
လုရှီမင်သည် လက်ကောက်ဝတ်ကို ဆက်ကနဲလှည့်လိုက်တော့ အသွားထက်တဲ့ ပုဆိန်လေး ပေါ်လာသည်။
အမျိုးသမီးက မသိစိတ်အရ နောက်နှစ်လှမ်းဆုတ်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ လှည့်ပြေးတော့သည်။
စုရွမ်ရွမ်သည် အမျိုးသမီးနဲ့ အမျိူးသားက ဘာကြောင့်အဲ့လိုလုပ်နေမှန်း မသိပါ။ သို့သော်လည်း သူတို့နှစ်ယောက်လုံးမှာ နှုတ်ဆက်စကားမပြောပဲ ထွက်ပြေးသွားကြတာကတော့ ဆိုးဝါးတဲ့အကျင့်ပဲ ဖြစ်ပါသည်။
လုရှီမင်က ပုဆိန်လေးကို ကိုင်ပြီး မှုန်ကုပ်တဲ့ အမူအရာနဲ့ ရှေ့ကို လျှောက်သွားလိုက်သည်။
စုရွမ်ရွမ်ချက်ချင်း နောက်မှလိုက်သွားပြီး ရုတ်တရက်ပြောလိုက်သည်။
"သူမနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ ကျွန်မဘာကြောင့် ထင်နေရတာလဲ"
လုရှီမင် ခေါင်းငုံ့လိုက်၏။"မင်းထင်တာမှန်တယ်"
စုရွမ်ရွမ်"အိုး"
သူမရဲ့ အိုင်ကျူက အရမ်းမြင့်တာပဲ။ အဲ့ဒါက ခက်ခဲတာတွေဆိုရင်တောင် မြင်လိုက်တာနဲ့ တန်းသိတယ်။
စုရွမ်ရွမ် ခုန်ဆွခုန်ဆွ နှစ်ကြိမ် လုပ်လိုက်ပြီး ရုတ်တရက် ထိတ်လန့်တကြားပုံစံဖြင့် ပြောလိုက်သည်။"ကျွန်မ..ကျွန်မလာတဲ့နေရာကို ဘယ်လို ပြန်သွားရမလဲ မသိတော့ဘူး!"
လုရှီမင်က သူမကို မ, သယ်ကာ ရဲတိုက် ဇိမ်ခံခန်းခန်းကို ပြန်ပို့ပေးလိုက်ပြီးနောက် မေးလိုက်သည်။"နီးယန် ဘယ်မှာလဲ"
သူ့ဘေးက ဇွန်ဘီ သုံးကောင်နဲ့ ခွေးနှစ်ကောင်က အိမ်ကို ဖြိုချဖျက်ဆီးနေသည်။
တော်သေးသည်မှာ ဒီအိမ်က သူတို့အိမ် မဟုတ်ပေ။ အပိုင်းပိုင်းဖြစ်အောင် ပျက်စီးသွားလည်း အဆင်ပြေပါသည်။
"လူတစ်ယောက် နောက်ကို လိုက်နေတာထင်တယ်" စုရွမ်ရွမ် စကားပြောပြီးနောက် ရှောင်ယွီမှာ ရုတ်တရက် စတင်ရိုက်နှက်နေကာ ဘေဘီရှောင်ကို ပြင်းပြင်းထန်ထန် ထုရိုက်နေ၏။
ဘေဘီရှောင်" မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ..."ဘေဘီရှောင်အား ရိုက်နှက်ပြီးနောက် ရှောင်ယွီက စုရွမ်ရွမ်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ စကားပြောလိုက်သည်။"ရည်းစား..."
စုရွမ်ရွမ်က စိုးရိမ်စွာ မော့ကြည့်လိုက်တော့ လုရှီမင်က ပုဆိန်ကို ထုတ်ပြီးနေပြီဖြစ်ပြီး ရှောင်ယွီရဲ့ လည်ပင်းပေါ် တင်လိုက်သည်။
သူမ လုရှီမင်ကို ဘယ်တော့မှ သစ္စာမဖောက်ဖူးဘူးဟု စုရွမ်ရွမ် ချက်ချင်းပြောလိုက်သည်။
"ကျွန်မ ရှင့်ရဲ့ တစ်ဦး တည်းသော ရည်းစားပါ"
စုရွမ်ရွမ် ခေါင်းလေးမော့ပြီး သူမရဲ့ သစ္စာရှိမှုကို ဖော်ပြလိုက်သည်။
ရှောင်ယွီက ဆက်ပြောနေ၏။"ရည်စား..."
လုရှီမင်က သူ့ပုဆိန်ကို ပြန်သိမ်းပြီး ပြောလိုက်သည်။ "သူက နီးယန်းကို ရှာနေတာ"
အမျိုးသား စကားပြောပြီးပြီးမှ တစ်ဖက်မှ နီးယန်က လျှင်မြန်စွာ ရောက်လာပြီး ရှုပ်ထွေးတဲ့အကြည့်နဲ့ လူရှီမင်ကို ကြည့်လိုက်၏။ "သွားမယ်' ငါ နင့်ကို နေရာတစ်ခု ခေါ်သွားမယ်"
"ရည်းစား..."
ရှောင်ယွီက နီးယန်ကိုလည်းမြင်ရော သူမကို သယ်မလိုက်ပြီး သူ့လက်မောင်းထဲချီလိုက်သည်။
နီးယန် သူ့ကို ဆက်ဆံခဲ့သလိုမျိုး ဖြစ်၏။
နီးယန်ရဲ့အမူအရာက ထိတ်လန့်သွားပြီးနောက် ထုံထိုင်းသွားကာ နောက်ဆုံးတွင်တော့ သူမမျက်နှာပေါ်တွင် ရှက်သွေးဖြာနေသော စုန်းမ အပြုံးတစ်ခုဖြင့် "အိုး ဟား ဟား ဟား ..."
စုရွမ်ရွမ်: ...
နီးယန် ပြုံးဖြဲဖြဲရယ်မောပြီးနောက် နောက်ဆုံးတော့ အလုပ်ကိစ္စကို သတိရသွားသည်။
ရှောင်ယွီ ရင်ခွင်ထဲမှ ရုန်းထွက်ကာ " ငါနေရာတစ်ခု ရှာတွေ့ထားတယ်"လို့ ပြောပြီး နီးယန်က လုရှီမင်နဲ့ စုရွမ်ရွမ်ကို လျှို့ဝှက် ခေါ်ဆောင်လာခဲ့တာက... နောက်ဘက်ဥယာဉ်လား။
ဒါက ဘယ်သူ့မှ ဝင်လို့မရနိုင်တဲ့ နေရာမဟုတ်လား။
အနောက်ဘက် ခြံဝင်းထဲတွင် အမျိုးသမီး အများကြီးရှိနေသည်။
လှပသောဂါဝန်ရှည်များကို ဝတ်ဆင်ထားကြကာ ထိုင်နေခြင်း၊ မတ်တက်ရပ်နေခြင်း ၊ ရယ်မောနေခြင်း၊ စကားပြောနေခြင်းများ ပြုလုပ်လျက် ရှိနေကြသည်။
"သူတို့မျက်နှာကို ကြည့်စမ်း၊ သူတို့မျက်နှာက လူတစ်ယောက်နဲ့ တူနေပုံပေါ်လား"
ဒီအမျိုးသမီးများ၏မျက်နှာများက မတူကွဲပြားကြသော်လည်း သူတို့ရဲ့ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတို့မှာ လုရှီမင်နဲ့ နည်းနည်းစီ တူနေကြသည်။
နီးယန်ရဲ့ အကြည့်က လုရှီမင်ပေါ်ကျသွား၏။
လုရှီမင်က နှုတ်ခမ်းတွန့်ကွေးကာ ပြုံးလိုက်ပြီး သူ့အမူအရာက အလွန်အမင်း အေးစက်နေသည်။
"ကျွန်တော်နဲ့ တူတာမဟုတ်ဘူး၊ ကျွန်တော့် အမေနဲ့တူတာ "
စုရွမ်ရွမ်သည် သူမ စောစောကမြင်ခဲ့တဲ့အမျိုးသမီးကို တွေးမိသွား၏။ သူတို့က တကယ်ကို တူကြသည်။
"ငါကြားတာတော့ ...သူတို့အားလုံးက လုကျားရန်ရဲ့ မိန်းမတွေတဲ့ "
အဲ့လုကျားရန်က စုစောင်းရတာကို စွဲလမ်းနေတာလား။
သူက အင်ပါယာ ကစားပွဲ ကစားနေတာလို့ ထင်နေတာလား။
"သူက ဘာလုပ်ချင်နေတာလဲ"
နီးယန်က အမျိုးသမီးများရဲ့မျက်နှာကို ထိတ်လန့် တုန်လှုပ်စွာ ကြည့်လိုက်သည်။
သူမက ခက်ခက်ခဲခဲ ထုတ်ပြောလိုက်သည်။"သူက အမျိုးသမီးတွေရဲ့မျက်နှာ အစိတ်အပိုင်းကိုသုံးပြီး လူတစ်ယောက်အဖြစ် ပေါင်းစပ်ချင်တာလား" ဥပမာပြောရရင် လုရှီမင် အမေလိုမျိုးလေ။
ဒါက ဒဏ္ဍာရီလာ ခဲအိုရဲ့ ချစ်ခြင်းမေတ္တာလား။
နီးယန်ဟာ horror ရုပ်ရှင်တစ်ခုကို ဒါရိုက်တာ လုပ်ပြီး သရုပ်ဆောင်နေပြီဖြစ်သည်။
စုရွမ်ရွမ် နူးညံ့စွာ ပြောလိုက်သည်။"ပလက်စတစ်ဆာဂျရီ လုပ်လိုက်ရင် ရပြီ မဟုတ်ဘူးလား" ။ ဘာကြောင့် အဲ့လို စိတ်ရှုပ်ခံနေတာလဲ။
နီးယန် : ... ဒါက ရှူးမှိုက်တာပဲ။ Horrorရုပ်ရှင်တွေကတော့ သောက်ကျိုးနည်း အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပြီ။
"မိန်းမပျို ရောက်လာပြီ၊ မြန်မြန်သွားကြ "
ရုတ်တရက် ထိုအမျိုးသမီးများထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
အမျိုးသမီးများသည် ကြောက်လန့်တကြား အမူအရာဖြင့် ထွက်ပြေးကြတော့၏။
မလှမ်းမကမ်း၌ အမျိုးသမီးတစ်ဦး ထွက်လာသည်။
အစေခံဝတ်စုံနဲ့ အမျိုးသမီးအစေခံဒါဇင်လောက်က သူမနောက်မှ လိုက်ပါလာသည်။
တစ်ယောက်က ထီးကိုထားပြီး တစ်ယောက်က ကော်ဖီကမ်းပေးနေသည်။
နှင်းတွေကျနေတာကြောင့် စုရွမ်ရွမ်ရဲ့ အမြင်အာရုံကို ရှုပ်ထွေးစေ၏။
စုရွမ်ရွမ်သည် ခြေဖျားထောက်ပြီး မျက်လုံးမှေးကျဉ်းလိုက်ရာ နောက်ဆုံးတော့ အမျိုးသမီးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
ဒါက စောစောက "ငါက မင်းရဲ့ ပြန်ရှင်လာတဲ့ အမေပါ " လို့ ခေါ်တဲ့သူမဟုတ်လား။
နီးယန်သည် အမျိုးသမီးရဲ့ မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်လိုက်ပြီးနောက် လုရှီမင်ရဲ့ မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်ကာ နောက်ဆုံးတော့ ဆိုလာသည်။"ပလက်စတစ်ဆာဂျရီစုစောင်းမှုလား " လုရှီမင် အမေရဲ့ ကိုယ်ပွားတွေလား။
ဒါကသာ ပလက်စတစ်ဆာဂျရီသာဆို တကယ့်ကို သဲလွန်စမရှိ၊ နာကျင်မှုမရှိပဲ တကယ့်ကို သဘာဝအတိုင်း သန့်စင်မှု ရှိသည်ဟု စုရွမ်ရွမ် တွေးမိလိုက်သည်။
တဖက်က အမျိုးသမီးက သူမဘေးက အမျိုးသမီးအစေခံကို ဘာပြောလိုက်လဲ မသိပေ။
အမျိုးသမီးအစေခံက ခေါင်းညိတ်လိုက်ပြီး စုရွမ်ရွမ်ဆီသို့ ဦးတည်လျှောက်လာသည်။
"မိန်းမပျိုက ပြောပါတယ်၊ ကျေးဇူးပြုပြီး လာထိုင်ပါတဲ့"
လုရှီမင်က ဦးဆောင်ပြီး လျှောက်သွားလိုက်သည်။
အားလုံးထိုင်လိုက်တော့ အမျိုးသမီးအစေခံက လူတိုင်းအတွက် ကော်ဖီ လောင်းထည့်ပေးလာသည်။
စုရွမ်ရွမ်လက်ဆန့်ထုတ်ကာ ကော်ဖီခွက်ကိုယူပြီး တစ်ငုံသောက်လိုက်တော့ သူမပါးစပ်မှာ ခရင်မ် အဝိုင်းလိုက် ကပ်သွားသည်။
ရုတ်တရက် နီးယန်က ထိတ်လန့်တကြား ပြောလာသည်။ " စုရွမ်ရွမ် နင့်လက်က ဘာဖြစ်သွားတာလဲ"
"ဟမ် "
စုရွမ်ရွမ် ငုံ့ကြည့်လိုက်တော့ သူမ လက်နှစ်ဖက်လုံး မဲနက်နေတာ တွေ့လိုက်ရသည်။
သူမ မ,ပြီး ထပ်ကာထပ်ကာ လှုပ်ရှားကြည့်လိုက်သည်။
နီးယန် ချက်ချင်း ထရပ်လိုက်ပြီး သူမလက်ထဲက ကော်ဖီခွက် မြေပြင်ပေါ် လွှတ်ပစ်လိုက်သည်။
စုရွမ်ရွမ် သူမလက်လေးကို ဗလာဖြစ်စွာ မြှောက်ထား၏။
ငါ့ကို ကြည့်ပါဦး၊ ငါ့လက်တွေ မဲနက်နေပြီ။ဒါက အဆိပ်ရဲ့ လက္ခဏာ ထင်တယ်။
သူမမှာ နောက်ဆုံးဆန္ဒရှိသေးတယ်ဟု စုရွမ်ရွမ် ပြောလိုက်သည်။
သူမ လုရှီမင်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ရှင့်ရဲ့ခန္ဓာကိုယ်နဲ့ ကျွန်မရဲ့ လောဘကို ဖြည့်ဆည်းပေးလို့ရမလား?
လုရှီမင် မျက်မှောင်ကြုတ်လိုက်ပြီး ရေပုလင်း ထုတ်ကာ သူမကို တိုက်လိုက်သည်။
စုရွမ်ရွမ်သည် သူမပါးစပ်လေးကို ညင်ညင်သာသာ ပုတ်လိုက်၏။
နေပါဦး၊ ဒါက ဒဏ္ဍာရီလာ နွေဦးဝိဉာဉ် ရေလား?အလိုလိုက် ခံနေရသလို စုရွမ်ရွမ်ခံစားရသည်။
နေပါဦး၊ဒီအရသာက ပထမအခန်း (ကူးပြောင်းလာခါစ)က အရသာနဲ့ ဘာလို့ တူနေတာလဲ။
ရေတိုက်ပြီးနောက် အမျိုးသားက စုရွမ်ရွမ်ရဲ့ နူးသုံ့သော လက်ချောင်းလေးများကို ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။
မိန်းမငယ်လေးရဲ့လက်များက ဂျုံမုန့်ညက် လိုမျိုး နူးညံ့လို့နေ၏။
ဒါပေမယ့် ယခုတော့ ကင်းမွန်ဖျော်ရည်စိမ်ထားတဲ့ အနက်ရောင် ဂျုံမုန့်ညက်လိုမျိုး ဖြစ်နေသည်။
"အရူးမလေး၊ နင်က သူစိမ်းတွေဆီကဟာကို စားရလား" နီးယန် မျက်မှောင်ကြိုက်ပြီး ဆူငေါက်လိုက်သည်။
လုရှီမင်က ခဏလောက် တိတ်ဆိတ်လျက်ရှိနေပြီး သူ့ကျောပိုးအိတ်ထဲမှ တစ်ရှူးဘူးထုတ်ကာ စုရွမ်ရွမ်လက်လေးများကို ဖြည်းဖြည်းချင်း သုတ်ပေးလိုက်သည်။
တစ်ရှူးအစိုငါးရွက်နဲ့ သုတ်ပြီးနောက် စုရွမ်ရွမ်လက်လေးများမှာ သူတို့ရဲ့ ဖြူဖွေးသော၊ နူးညံ့သောပုံစံ ပြန်ဖြစ်သွားကြသည်။
လုရှီမင်သည် စုရွမ်ရွမ်လက်ကို လွှတ်ပေးလိုက်ပြီး တစ်ရှူးအစို ထပ်ထုတ်ကာ စုရွမ်ရွမ် အဝတ်အစားပေါ်သုတ်လိုက်ပြီး နီးယန်ကို ယူပြကာ ပြောလိုက်သည်။ "အိုး ဒါက သူမ အဝတ်အစားကြောင့်ပဲ "
နီးယန် : ...
စုရွမ်ရွမ် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။"အဆိပ်မဟုတ်ဘူးပေါ့"
သူမ လောဘကြီးလို့ မရတော့ဘူးပေါ့။
…
…
…
…
…
…
…
…
…
…
Zawgyi
" ဒါက ဘယ္ေနရာလဲ"
ဒီေနရာကို မသိခ်င္ေယာင္ေဆာင္ၿပီး စု႐ြမ္႐ြမ္ေမးလိုက္သည္။
လုရွီမင္က ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးလိုက္၏။"ခန့္မွန္းၾကည့္"
စု႐ြမ္႐ြမ္က ခဏေလာက္ ညည္းၫူျပလိုက္ၿပီး ႐ုတ္တရက္ေျပာလိုက္သည္။"ကြၽန္မ သိၿပီ၊ အိမ္မက္မက္ေနတာ ျဖစ္ရမယ္" လို႔ ေျပာၿပီးေနာက္ မ်က္လုံးမွိတ္ဖို႔ ႀကိဳးစားလိုက္သည္။
အမ်ိဳးသားက ႏႈတ္ခမ္းထက္ ၾကည္လင္ေသာ အၿပဳံးတစ္ခုနဲ႕အတူ သူ႕ရင္ခြင္ထဲ ေကြးေနတဲ့ အရာေလးကို ငုံ႕ၾကည့္လိုက္သည္။
သူ႕လက္ကိုျမႇောက္လိုက္သည္ႏွင့္ သူ႕အေတြးအတိုင္း ေအာက္က ေရမ်ားက တျဖည္းျဖည္း ျမင့္တက္သြားကာ သူ႕တို႔ႏွစ္ဦးကိုယ္ေပၚသို႔ စီးက်ေနေတာ့သည္။
စမ္းေရက အလြန္ပင္ စိတ္လက္သက္သာျဖစ္ေစသည္။
ပင္ပန္းႏြယ္နယ္မႈကို သက္သာေစနိုင္ၿပီး ဒဏ္ရာမ်ားကိုလည္း သက္သာေပ်ာက္ကင္းေစကာ အဓိကအခ်က္မွာ အသားေရ လွပေစနိုင္ၿပီး ကိုယ္အေလးခ်ိန္ က်ေစနိုင္သည္။
သူမကိုယ္သူမ ကန္ထဲ ျမဳပ္ထားဖို႔ ႀကိဳးစားလိုက္သည္။ နည္းနည္းေလာက္ ေသာက္ရရင္ ေကာင္းမလား၊ မေကာင္းမလားလို႔ ေတြးေနတုန္း ေရထဲမွာရွိေနတဲ့ သူမရဲ႕ ေျခေထာက္ေလးနဲ႕ လုရွီမင္ရဲ႕ ေျခေထာက္ႀကီးကို ေတြ႕လိုက္ရသည္။
ေမ့လိုက္ေတာ့၊ ဘယ္သူက ေျခေဆးေရကို ေသာက္ရတာ ႀကိဳက္မွာလဲ။ မေသာက္ေတာ့ဘူး။
ဘယ္ေလာက္ၾကာေနၿပီလဲ မသိေပ။ သူမအေရျပားေတြ ရႈံ႕တြေနၿပီဟု ခံစားရေသာ္လည္း အမ်ိဳးသားက သူမကို မလႊတ္ေပးေသးေခ်။
စု႐ြမ္႐ြမ္ ညင္သာစြာ ေျပာလိုက္သည္။"ေရက အရမ္းေအးတာပဲ။ ကြၽန္မကိုယ္ ကြၽန္မ ေစာင္သြားပတ္ၿခဳံၿပီးမွ ျပန္လာခဲ့မယ္ေလ"
စကားေျပာၿပီးေနာက္ ထြက္သြားဖို႔ျပန္ေနတုန္း ၾကမ္းၾကဳတ္ေသာ အမ်ိဳးသားရဲ႕ ဖမ္းၿပီး နမ္းတာခံလိုက္ရသည္။
ဒါက လုရွီမင္ space ျဖစ္ၿပီး အရာအားလုံးက သူ႕လက္ထဲမွာ ျဖစ္သည္။
သူက ဝက္ေတြကို ပ်ံသန္းခိုင္းရင္ ဝက္ေတြက ထြက္ေျပးနိုင္မွာမဟုတ္ေပ။
သူက ေကာင္းကင္ကို ေမွာင္ေစခ်င္ရင္ ေကာင္းကင္က လင္းနိုင္မွာ မဟုတ္ေပ။
သူကသာ တစ္ေယာက္ေယာက္ကို နမ္းခ်င္ရင္ လြတ္ေျမာက္နိုင္ဖို႔ အသာထား…စု႐ြမ္႐ြမ္မွာ ေဝးေဝးပင္ ေျပးနိုင္မွာ မဟုတ္ေပ။
ႏွစ္ေယာက္သား နမ္းၿပီးေနာက္ ႏူးညံ့ေသာ ျမက္ခင္းျပင္ေပၚတြင္လဲၿပီး ေမာ့ၾကည့္လိုက္သည္။
လွပလ်က္ရွိေသာ မ်ားစြာေသာ ၾကယ္ေလးမ်ား တြယ္ၿငိေနသည့္ ခန္းဆီးလိုက္ကာကဲ့သို႔ေသာညက ခပ္ႏွိမ့္ႏွိမ့္ခ်ိတ္ဆြဲထားသည္။
စု႐ြမ္႐ြမ္ကေတာ့ ေရအၾကာႀကီး စိမ္ခဲ့ၿပီးေနာက္ လူရွီမင္ ရင္ခြင္ထဲ ေခြေနေတာ့သည္။
သူမက အမ်ိဳးသားရဲ႕ ရင္းႏွီးေသာ ရနံ႕ကို ရႉရွိုက္ကာ ေၾကာင္ေပါက္ေလးတစ္ေကာင္လိုမ်ိဳး ကုတ္ကုတ္ ကတ္ကတ္ ပြတ္သပ္ေနသည္။
အမ်ိဳးသားရဲ႕ ခႏၶာကိုယ္မွာ ေတာင့္တင္းလာၿပီး သူမေခါင္းေလးကို ပုတ္ေပးလိုက္သည္။"အိပ္ေတာ့ "
စု႐ြမ္႐ြမ္က ကေလးေလးလို ေျပာလိုက္၏။ " ... အိပ္ေပ်ာ္ေအာင္ သီခ်င္းဆိုမယ္"
လူရွီမင္ "……ဘာသီခ်င္းလဲ"
"ပေရရီျမက္ခင္းျပင္! လာပါေလ ငါမင္းကို ေခါင္းတစ္လုံးေပး... mmm"
စု႐ြမ္႐ြမ္ အသံထြက္မလာခင္ အမ်ိဳးသားက သူမပါးစပ္ေလးကို လက္နဲ႕ အုပ္ပိတ္လိုက္သည္။
အမ်ိဳးသားက ဖားေလးလိုေဖာင္းေနတဲ့ သူမပါးျပင္ကိုငုံ႕ၾကည့္လိုက္ၿပီး ညင္သာစြာ ဆိုလိုက္သည္။ "ေဖာ္ေ႐ြတဲ့ ဆိတ္ေလး၊ လွပတဲ့ ဆိတ္ေလး၊ ပ်င္းရိတဲ့ ဆိတ္ေလး..."
အင္း၊ သူဆိုတာ ေကာင္းသား။
အမ်ိဳးသားက ႐ုတ္တရက္ ငုံ႕ကိုင္းလိုက္ၿပီး မ်က္လုံးမ်ားက ဝံပုေလြမ်က္လုံးလိုမ်ိဳး အလင္းေရာင္ ထုတ္လႊတ္ေနပုံရသည္။"ကိုယ္က ဝံပုေလြနဲ႕တူတယ္လို႔ မင္းထင္လား"
စု႐ြမ္႐ြမ္ ထိတ္လန့္သြားၿပီး "ဝါး"ဟူေသာအသံနဲ႕ ေအာ္ငိုေတာ့သည္။
ထို႔ေနာက္ အမ်ိဳးသားရဲ႕ ရယ္သံၾကားမွာပဲ သူမမ်က္ဝန္းႀကီးမ်ားကို ၿငိမ္းခ်မ္းစြာ မွိတ္လိုက္ေတာ့သည္။
လုရွီမင္ သီခ်င္းဆိုတာကို သူမ ဘယ္ေတာ့မွာ နားမေထာင္ခ်င္ေတာ့ပါ။
…
ပ်က္စီးေနေသာ ကားထဲ၌။
နီးယန္က ေရွာင္ယြီေပၚမွီထားခဲ့ၿပီး ႐ုတ္တရက္ နိုးလာသည္။
သူမ မ်က္လုံးဖြင့္ဖြင့္ခ်င္း သူမေရွ႕က လူႏွစ္ေယာက္ကို ျမင္လိုက္ရသည္။ နီးယန္းမ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလိုက္၏။ "နင္တို႔ ဒီမနက္ ဘယ္ေရာက္ေနတာလဲ"
စု႐ြမ္႐ြယ္သည္ သူမရဲ႕ ထိခိုက္ထားတဲ့ပါးစပ္ကို ပြတ္သပ္ၿပီး ခပ္တိုးတိုး ေျပာလိုက္သည္။ "ေႏြဦးေလာကကို သြားေနတာပါ"
နီးယန္ : ... ထားလိုက္ေတာ့ ၊ ဒီအ႐ူးမေလးကို ေမးလို႔ရမွာ မဟုတ္ဘူး။
"အေျခစိုက္ စခန္းကို ျပန္သြားရေအာင္ ၊ ကေလးနဲ႕ နီးမိန္ကို သြားေခၚရမယ္"
နီးယန္က ေရွာင္ယြီကို သယ္ၿပီး ထရပ္လိုက္သည္။
နီးယန္က အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေသာ္လည္း သန္မာတဲ့ ခြန္အားနဲ႕ က်စ္လစ္သြယ္လ်ကာ အရပ္ျမင့္သည္။ ေရွာင္ယြီကို မ,ရာတြင္ေတာင္ မည္သည့္အားမွ စိုက္မထုတ္ရပုံေပၚ၏။
ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ အားလုံးမွာ ဇြန္ဘီ ေခြးေပၚထိုင္လ်က္ အေျခစိုက္စခန္းသို႔ ျပန္သြားၾကသည္။
လမ္းေပၚတြင္ ေျမျပင္ေပၚ ဒူးေထာက္ေနသူမ်ားႏွင့္ ဆုံခဲ့ၾကၿပီး သူတို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြအတြက္ ဦးၫြတ္ဆုေတာင္းေနသလို ေျခသုံးလွမ္းကို တစ္ႀကိမ္ ဦးၫြတ္ေနၾကသည္။
ဇြန္ဘီေခြးက ထိုေနရာတြင္ ေခတၱ အနားယူေနတုန္း နီးယန္ မထိန္းခ်ဳပ္နိုင္ပဲ ေမးလိုက္မိသည္။ "ရွင္တို႔ ဘာလုပ္ေနၾကတာလဲ"
ေျမျပင္ေပၚဒူးေထာက္ေနတဲ့ တုန္တုန္ယင္ယင္နဲ႕ အဘြားအိုဟာ ေအးစက္မႈေၾကာင့္ တုန္ယင္ေနေသာ္လည္း သူမ မ်က္ႏွာေပၚတြင္မူ မ႐ူးသြပ္႐ုံတမယ္ အယူသည္းမႈတစ္ခု ရွိေနသည္။ "နတ္ဘုရား ေရာက္ေနၿပီ၊ မင္းတို႔ဘုရားေက်ာင္းကို သြားေနသ၍ ထာဝရရွင္သန္ရာဘဝကို ရနိုင္တယ္"
ဒီဘာသာေရးႏွင့္တူေသာ စီတန္းလမ္းေၾကာင္းႀကီးမွာ စု႐ြမ္႐ြမ္အား လူကုန္ကူးေနတဲ့ ေနရာကို ေရာက္ေနသလို ခံစားခ်က္ကို ေပးေနသည္။
သူမက မ်က္ႏွာေလးကိုေမာ့ၿပီး အေလးအနက္ေျပာလိုက္သည္။"အဘြားရဲ႕ နတ္ဘုရားက လုက်ားရန္မ်ားလား"
အဘြားအိုက တုန္လႈပ္သြားၿပီး ဆူပူလိုက္သည္။" မင္း ဘယ္လိုလုပ္ နတ္ဘုရားရဲ႕ နာမည္ကို တိုက္ရိုက္ႀကီး ေခၚရတာလဲ၊ နတ္ဘုရား ကြၽန္ုပ္ကို မျပစ္မယူနဲ႕ ၊ နတ္ဘုရား ကြၽန္ုပ္ကို အျပစ္မယူပါနဲ႕…"အဘြားအိုက ဝပ္တြားခယေနေတာ့သည္။
ဘာသာေရးကိုင္ရွိုင္းေနသည့္ လူမ်ားကလည္း သူတို႔ရဲ႕ေခါင္းကို ႏွင္းထဲေဆာင့္ခ်ကာ ဦးတိုက္ေနၾကသည္။
ရက္အနည္းငယ္သာ ရွိေသး၍ လုက်ားရန္ရဲ႕ လႊမ္းမႈမွာ ဒီေလာက္ထိ က်ယ္ျပန႔္လာမယ္လို႔ နီးယန္ ထင္မထားခဲ့ေပ။ ဒါက ယုံၾကည္ကိုးကြယ္မႈထက္ ပိုေသာ အစြဲအလမ္း ျဖစ္သည္!
ညို႔ယူခံထားရတဲ့ လူေတြကိုၾကည့္ရင္း နီးယန္ ဝမ္းနည္း ၊ ဝမ္းသာ ခံစားရသည္။
ကံေကာင္းေထာက္မစြာ သူတို႔က လုက်ားရန္ရဲ႕ မ်က္ႏွာအစစ္အမွန္ကို သိေနခဲ့၍ သူ႕လိမ္ညာမႈေၾကာင့္ က်ိန္းေသေပါက္ လွည့္ဖ်ားခံရမည္ မဟုတ္ေပ…။
"စု႐ြမ္႐ြမ္ ဘာလုပ္ေနတာလဲ"
သူမေရွ႕က ႏွင္းေတြရွိေနသည့္ ေျမျပင္ေပၚတြင္ လဲေနတဲ့ စု႐ြမ္႐ြမ္ကို နီးယန္ၾကည့္လိုက္သည္။
စု႐ြမ္႐ြမ္က သူမမ်က္ႏွာေပၚ ေပသြားတဲ့ ႏွင္းေတြကို သပ္ခ်လိဳက္ၿပီး ညင္သာစြာ ေျပာလိုက္သည္။"ကြၽန္မလည္း စမ္းၾကည့္မလို႔၊ မွန္ေကာင္းမွန္နိုင္တာပဲေလ"လို႔ေျပာၿပီးေနာက္ စု႐ြမ္႐ြမ္က ကိုင္းရွိုင္းစြာျဖင့္ စတင္ဆုေတာင္းမႈ ျပဳေလသည္။"လုက်ားရန္ ျမန္ျမန္ေသပါေစ၊ ရွင္ ျမန္ျမန္ေသပါေစ…"
နီးယန္:…
နီးယန္သည္ ေရွာင္ယြီကို သယ္ကာ ဇြန္ဘီေခြးေပၚက ဆင္းလိုက္ၿပီး ဝက္အူေခ်ာင္း သုံးေခ်ာင္းထုတ္၍ လိုလီေပါ့ သုံးေခ်ာင္းေဘးတြင္ ထည့္ထားလိုက္သည္။
သူမလုံးဝ မယုံပါဘူးေနာ္၊ဟမ့္။
ဒါေပမယ့္၊ သူကေတာ့ ျမန္ျမန္ ေသသင့္တယ္။
…
နီးယန္သည္ ေဘဘီေရွာင္နဲ႕ နီးမိန္ကို အခန္းထဲထည့္ပိတ္ထားခဲ့ၿပီး ေခြးေပါက္ေလးကို အေစာင့္အျဖစ္ ခ်ထားခဲ့သည္။
သုံးရင္ၾကာေတာ့ အားလုံးမွာ အေျခစိုက္စခန္းသို႔ ျပန္ေရာက္ရွိခဲ့ၾကၿပီး လက္ခံရရွိလိုက္သည္က…ေခြးေပါက္ေလးလား။
"ေဘဘီနဲ႕ နီးမိန္ကေရာ ဘယ္မွာလဲ"
ေခြးေပၚေလးက တုန္တုန္ယင္ယင္ျဖင့္ အလ်င္အျမန္ ေျပာျပေတာ့မည့္ဟန္ျဖင့္ သူ႕ပါးစပ္မွ "ဝူး ဝူး " အသံထြက္ေနသည္။
စု႐ြမ္႐ြမ္က သူမရဲ႕ အစားၾကဴးသားရဲကို ကယ္တင္ရန္ ေျခလွမ္းျပင္လိုက္သည္။
လုရွီမင္က အခန္းတံခါးဆီ ေလွ်ာက္သြားၿပီး လက္ျမႇောက္ကာ တံခါးေနာက္က စာ႐ြက္ေလးကို ဆြဲျဖဳတ္ယူလိုက္သည္။
ပန္းေရာင္ မွတ္စုေပၚတြင္ ဝါက်တစ္ေၾကာင္းသာလွ်င္ ရွိေန၏။" အခ်စ္ေလး ၊ မင္းကို ေစာင့္ေနမယ္"
ဒါကို ဘယ္သူလုပ္တယ္ဆိုတာ ရွင္းေနၿပီ ျဖစ္သည္။
နီးယန္က အံတင္းတင္းႀကိတ္လိုက္ၿပီး သူမေရွ႕က နံရံကို အမ်က္ေခ်ာင္းေခ်ာင္းထြက္စြာ ထိုးလိုက္သည္။
"ဒီေခြးေကာင္ကေတာ့ !"အခန္းမွာ တိတ္ဆိတ္က်သြား၏။
လုရွီမင္ တစ္ခ်က္မွ် ဖ်စ္ညွစ္လိုက္ေတာ့ သူ႕လက္ထဲက စာ႐ြက္က အမႈန္ေၾကသြားသည္။
သူ ဆိုလိုက္၏။"အရင္ဆုံး စားရေအာင္ "
နီးယန္က ေရွာင္ယြီကို ခ်ေပးလိုက္ၿပီး ကြၽမ္းက်င္စြာျဖင့္ သူစားဖို႔ ခြံ႕ေပးလိုက္သည္။
"အာ...ပါးစပ္ဖြင့္"
ေရွာင္ယြီက နာခံစြာ ပါးစပ္ဖြင့္လိုက္၏။
ေရွာင္ယြီလည္ပင္းေပၚက အစားအေသာက္အိတ္ကို ၾကည့္ေနတဲ့ စု႐ြမ္႐ြမ္သည္ ေခြးေပါက္ေလး လည္ပင္းေပၚက အစားအေသာက္အိတ္ကို လွည့္ၾကည့္ကာ စဥ္းစားေနၿပီးေနာက္ "ဇြန္ဘီနဲ႕ ဇနီး "စုံတြဲအျဖစ္ ဇြန္ဘီကို ၾကင္နာစြာ ေကြၽးေမြးေနတဲ့နီးယန္ကို ၾကည့္လိုက္သည္။
"ရွင့္ ေယာက္်ားက စားဖို႔မလိုအပ္ဘူး" စု႐ြမ္႐ြမ္ ေျပာလိုက္သည္။
နီးယန္က ဓားတစ္ေခ်ာင္းနဲ႕ ေရာက္လာၿပီး စု႐ြမ္႐ြမ္ပါးစပ္ကို ပိတ္ေစလိုက္၏။
ေရွာင္ယြီကို အစာထိုးသိပ္ေကြၽးၿပီးေနာက္ နီးယန္သည္ သူ႕ကို သူမပခုံးေပၚတင္ၿပီး ဆက္ေလွ်ာက္သြားခဲ့သည္။
ေရွာင္ေပါင္ေပါင္နဲ႕ နီးမိန္ကိုရွာရန္ အလို႔ငွာ သူတို႔အားလုံး ရဲတိုက္ဆီ ျပန္လာခဲ့ၾကသည္။
မူလက ခမ္းနားႀကီးက်ယ္ေသာ ရဲတိုက္မွာ အရင္ရက္က မီးေလာင္မႈေၾကာင့္ တစ္ဝက္ေလာက္ ပ်က္စီးသြားခဲ့သည္။
ႏွင္းထဲျမဳပ္ေနပုံက ဆယ္စုႏွစ္ၾကာၿပီျဖစ္ေသာ အလွတရားဟု ထင္ရသည္။
ရဲတိုက္ဝင္ေပါက္တြင္ အသက္အ႐ြယ္စုံ လူတန္းရွည္ႀကီး ရွိေနၿပီး အားလုံးမွာ ဘုရားေက်ာင္းထဲသို႔ ဝင္ေရာက္ၿပီး လုက်ားရန္နဲ႕ ေတြ႕ဆုံခ်င္ေနၾကသည္။
ဒ႑ာရီအဆိုအရ မင္းက လုက်ားရန္ရဲ႕ သေဘာက်ႏွစ္သက္ျခင္းကို ခံရလွ်င္ မေသမ်ိဳးျဖစ္နိုင္တယ္ ဟူ၍။
ထို႔ေၾကာင့္ ဒီလူမ်ားမွာ အ႐ူးအမူး ျဖစ္ေနၾကသည္။
သို႔ေပမယ့္ ဟုတ္ပါသည္။ ဘုရားေက်ာင္းသို႔ မင္းဝင္ခ်င္သလို ဝင္လို႔မရနိုင္ေပ။
ဘုရားေက်ာင္းသို႔ ဝင္ေရာက္နိုင္ေသာ စည္းမ်ဥ္းမွာ မင္းက ဂုဏ္သေရရွိရမည္ ျဖစ္သည္။
ဂုဏ္သေရဆိုသည္မွာ အပ်ိဳျဖစ္ရမည္ သို႔မဟုတ္ အဖြဲ႕တစ္ဖြဲ႕ရဲ႕ ကေလးျဖစ္ရမည္ သို႔မဟုတ္ အပ်ိဳ၊လူပ်ိဳ စုံတြဲ ျဖစ္ရမည္ ဟူ၍ ျဖစ္သည္။
မင္းဘာမင္း ျပန္ေပးဆြဲခံရတာ ျဖစ္ျဖစ္၊ လက္ေဆာင္ေပးခံရတာ ျဖစ္ျဖစ္၊ ဒါက ဘုရားေက်ာင္းသို႔ ဝင္ေရာက္ရမည့္ ဝင္ေၾကး ျဖစ္သည္။
မင္းက ပိုထည့္ဝင္ေလေလ၊ ဘုရားေက်ာင္းသို႔ဝင္ေရာက္ရန္ အခြင့္ေရးပိုမ်ားေလေလ ျဖစ္သည္။
ထို႔ေၾကာင့္ ဤသည္က အဓမၼေခၚေဆာင္မႈကို ဟန္ေဆာင္ ဖုံးကြယ္ထားသည့္ လူကုန္ကူးမႈတစ္ခုပဲ မဟုတ္ပါလား။
…
ရဲတိုက္ ဂိတ္ေစာင့္မွာ သန္မာတုတ္ခိုက္ေသာ ဗလမ်ားနဲ႕ ေယာက္်ားတစ္ေယာက္ ျဖစ္သည္။
ေဆာင္းရာသီေအးေအးထဲတြင္ လက္ျပတ္ခါးတိုအကၤ်ီတစ္ထပ္ကိုသာ ဝတ္ထားၿပီး သူ႕ရဲ႕ သန္မာေတာင့္တင္းတဲ့ လက္ေမာင္းကို ျပသေနသည္။
တစ္ႀကိမ္လွ်င္ လူသုံးေယာက္ ဝင္ခြင့္ျပဳ၏။
တစ္ေန႕လွ်င္ ကိုးဆယ္ကိုးေယာက္သာ ဝင္ခြင့္ရနိုင္သည္ဟု သူတို႔ၾကားထားသည္။
ဒါေပမယ့္ စီတန္းေနေသာ လူမ်ားမွာ အနည္းဆုံး ၉၉၀၀ ေလာက္ရွိေန၏။
လုရွီမင္က ေနာက္တံခါးကိုသုံးဖို႔ ျငင္းဆန္ခဲ့ေသာေၾကာင့္ စု႐ြမ္႐ြမ္ရဲ႕အလွေထာင္ေခ်ာက္ကို သုံးဖို႔သာ နီးယန္ ဆုံးျဖတ္လိုက္သည္။
နီးယန္သည္ စု႐ြမ္႐ြမ္ကို တြန္းထုတ္လိုက္၏။
ငါ့ဘြားဘြားအတြက္ ဖယ္ေပးစမ္း!
စု႐ြမ္႐ြမ္သည္ ဂ်ာကင္အကၤ်ီ ထူထူနဲ႕ ၿခဳံထားခံရၿပီး သူမရဲ႕ ျဖဴျဖဴေဖြးေဖြး မ်က္ႏွာကိုသာ ထုတ္ေဖာ္ထားသည္။
သူမက လက္အခ်င္းခ်င္း လွိမ္ညစ္ကာ ေနရာတြင္ ရပ္ေနၿပီး လူတန္းရွည္ႀကီးကို တုန္ယင္စြာ ၾကည့္လိုက္သည္။
ဗလေတြနဲ႕ စြမ္းရည္ရွိတဲ့သူက ဂိတ္ဝတြင္ ရပ္ေနၿပီး မ်ားျပားလွတဲ့လူေတြကို ငုံ႕ၾကည့္ကာ ကန္ထုတ္ဖို႔ ျဖည္းျဖည္းခ်င္း ေျခေထာက္ျမႇောက္လိုက္သည္။
နီးယန္ရဲ႕ အမႈအရာပ်က္သြားၿပီး စု႐ြမ္႐ြမ္ကိုျပန္ဆြဲလိုက္ကာ သူမေဘးက လုရွီမင္ကို ၾကည့္လိုက္သည္။
"သူဘာလုပ္ေနတာလဲ"
စု႐ြမ္႐ြမ္က ခ်က္ခ်င္းပဲ ေျဖဖို႔ လက္ေထာင္လိုက္သည္။ "ကြၽန္မသိတယ္၊ သူ ေသးသြားေပါက္တာ !"
စု႐ြမ္႐ြမ္ ေျခေထာက္ေပၚတြင္ လဲေနတဲ့ ေခြးေပါက္ေလးက သူ႕ရဲ႕ေနာက္ခြာေတြကို ျမႇောက္လိုက္သည္။
ဘာ...
လူသန္ႀကီးက သူ႕ေျခေထာက္ကို ျမႇောက္ထားရင္း အထင္ေသးခံသလို ခံစားရတာေၾကာင့္ ခ်က္ခ်င္းပဲ ပစ္မွတ္ေျပာင္းလိုက္သည္။
ထို႔ေနာက္ လုရွီမင္က ပုဆိန္ေလးကို ထုတ္ၿပီး
ဒုတ္ကနဲ တစ္ခ်က္တည္းျဖင့္ ခုတ္ျဖတ္လိုက္သည္။
ေခြးေပါက္ေလး: ...
"အား! အား!အား!အား!" လူသန္ႀကီး ေအာ္ေနတုန္းမွာပဲ လုရွီမင္က စု႐ြမ္႐ြမ္လက္ကိုဆြဲၿပီး အထဲဝင္သြားေတာ့သည္။
နီးယန္က ေရွာင္ယြီ သယ္ကာ ေနာက္မွလိုက္ဖို႔ ေခြးကို ကန္လိုက္သည္။
ရဲတိုက္က ႀကီးမားလွ၏။
ဒါက ဒုတိယအႀကိမ္အျဖစ္ စု႐ြမ္႐ြမ္ ေရာက္လာတာ ျဖစ္ေသာ္လည္း သူမ လမ္းမမွတ္မိေသးတုန္း ျဖစ္သည္။
တစ္ေယာက္မွ လာေရာက္လမ္းမျပေသာ္လည္း လုရွီမင္က စြမ္းအားရွင္ရဲ႕ ေျခေထာက္ကို ခုတ္ျဖတ္ခဲ့တာေၾကာင့္ ရဲတိုက္အေစာင့္မ်ားရဲ႕ အာ႐ုံကို ဆြဲေဆာင္သြားခဲ့သည္။
သူတို႔ အဝိုင္းမခံရမီ ႏွစ္လမ္းသာ ေလွ်ာက္လိုက္ရသည္။
လုက်ားရန္ရဲ႕ ဂမၻီရအသိဉာဏ္က လူေတြရဲ႕ ႏွလုံးသားမွာ နက္နက္ရွိုင္းရွိုင္းအျမစ္တြယ္ေနတာေၾကာင့္ သူ႕တြင္ စြမ္းအားရွင္အမ်ားႀကီး စု႐ုံးရွိလို႔ေနသည္။
လာေရာက္ခိုလုံသူမ်ားအျပင္ သူကိုယ္တိုင္ဖန္တီးထားတဲ့ သူ႕ကိုသာ သစၥာခံသည္ သူမ်ားလည္း ရွိေနသည္။
သူတို႔ကိုေတာ့ လမ္းေလွ်ာက္ေနေသာ အေလာင္းေကာင္ဟု ေခၚ၏။
ဤသည္မွာ စု႐ြမ္႐ြမ္ကို ေရွးေခတ္ အေသခံ စစ္သားမ်ားနဲ႕ အရိပ္ ကိုယ္ရံေတာ္မ်ားအေၾကာင္း အမွတ္ရေစသည္။
ငယ္စဥ္ကေလးဘဝ ပညာေရးမွသည္ ဘဝတြင္ ရည္မွန္းခ်က္တစ္ခုသာလွ်င္ ရွိၿပီး ၎မွာ သခင္အား အသက္နဲ႕ရင္း၍ ကာကြယ္ရန္ ျဖစ္သည္။
သူတို႔မွာ အမ်ိဳးမ်ိဳးေသာ စြမ္းရည္မ်ား တဖ်ပ္ဖ်ပ္ လက္ေနတဲ့ ကိုယ္ရံေတာ္မ်ား၏ အဝိုင္းခံလိုက္ရသည္။
ကိုယ္ရံေတာ္ ေခါင္းေဆာင္၏ အၾကည့္မွာ ေရွ႕ဆုံးမွာရပ္ေနတဲ့ စု႐ြမ္႐ြမ္ဆီ ျဖတ္သန္းသြားၿပီး ေနာက္ဆုံးမွာေတာ့ လုရွီမင္ရဲ႕ မ်က္ႏွာေပၚက်ေရာက္သြားသည္။
သူ႕မ်က္ႏွာက တည္ၾကည္ေလးနက္ေနၿပီး တစ္ခုခုကို အတည္ျပဳေနပုံရ၏။
ကိုယ္ရံေတာ္ ေခါင္းေဆာင္ စကားေျပာလာေတာ့ ေလထုက တင္းမာလာသည္။
"မင္းတို႔က ဒီကို ဘာလုပ္ဖို႔ လာတာလဲ"
စု႐ြမ္႐ြမ္က ေလသံတိုးတိုးျဖင့္ ေျပာလိုက္သည္။"ေဆြမ်ိဳးေတြဆီ အလည္အပတ္လာတာ"
နီးယန္ : ...
နီးယန္က ဒီအ႐ူးမကို တစ္ခ်က္ေလာက္ရိုက္ေပးဖို႔ ျပင္လိုက္ေပမယ့္ ကိုယ္ရံေတာ္ ေခါင္းေဆာင္က သူတို႔ကို လမ္းျပလာမယ္လို႔ မေမွ်ာ္လင့္ထားေပ။
သူ႕အၾကည့္က ရႈပ္ေထြးမူနဲ႕ သံသယျဖင့္ လုရွီမင္ မ်က္ႏွာေပၚတြင္ ရွိေနဆဲျဖစ္သည္။
"ငါ မင္းတို႔အတြက္ ဧည့္ခန္းသြားစီစဥ္ေပးမယ္" ကိုယ္ရံေတာ္ေခါင္းေဆာင္က ေရွ႕မွ ေလွ်ာက္သြားခဲ့သည္။
စု႐ြမ္႐ြမ္ ေျခဖ်ားေထာက္ရပ္လိုက္ၿပီး လုရွီမင္ မ်က္ႏွာကို ကာလိုက္ကာ စိတ္ဆိုးမာန္ဆိုးျဖင့္ သတိေပးလိုက္သည္။
"သူက ရွင့္ ခႏၶာကိုယ္ကို တက္မက္ေနတာလို႔...ကြၽန္မ သံသယျဖစ္မိတယ္"
လုရွီမင္: ...
အမ်ိဳးသားက လက္ဆန့္ထုတ္လိုက္ၿပီး စု႐ြမ္႐ြမ္ကို သူ႕ရင္ခြင္ထဲ ဆြဲထည့္လိုက္သည္။
စု႐ြမ္႐ြမ္က သူမလက္နဲ႕ လုရွီမင္မ်က္နာကို ဆက္ကာ ထား၏။
ေရွ႕က ေလွ်ာက္ေနတဲ့ ကိုယ္ရံေတာ္ ေခါင္းေဆာင္မွာ ပိုမိုေလးနက္ေသာ အၾကည့္ျဖင့္ လွည့္ၾကည့္လာသည္။
စု႐ြမ္႐ြမ္က ခ်က္ခ်င္းပဲ အသင့္အေနအထားကာကြယ္လိုက္၏။
ကိုယ္ရံေတာ္ ေခါင္းေဆာင္မွာ သူမေကာင္ေလးကို လိုခ်င္႐ုံမက သူမေကာင္ေလးရဲ႕ ေခ်ာေမာမႈကိုပါ ငမ္းငမ္းတက္ေနသည္ဟု သံသယ ျဖစ္မိသည္။
ဟုတ္တယ္၊ ဒီရဲတိုက္ထဲက လူေတြက ဘာမွေကာင္းတာမရွိဘူး!
ဖြီ!
…
လုက်ားရန္က ခ်မ္းသာၿပီး စြမ္းအားႀကီးေသာ အရွင္သခင္ျဖစ္ဖို႔ ထိုက္တန္လွေပသည္။
စု႐ြမ္႐ြမ္အတြက္ စီစဥ္ေပးေသာအခန္းမွာ ရဲတိုက္ရွိ အေကာင္းဆုံးအခန္းမ်ားထဲမွ ျဖစ္သည္။
စု႐ြမ္႐ြမ္ သတိႀကီးစြာျဖင့္ လက္ဆန့္ ထုတ္ၿပီး တန္ဖိုးႀကီး တီဗြီကို ပုတ္လိုက္ေတာ့ အထဲမွ ပေရရီျမက္ခင္းျပင္တစ္ခု ေပၚလာသည္။"
"ေဖာ္ေ႐ြတဲ့ ဆိတ္ကေလး၊ လွပတဲ့ ဆိတ္ကေလး၊ ပ်င္းရိတဲ့ ဆိတ္ကေလး..."
"ဝိုး"
စု႐ြမ္႐ြမ္ အံ့ၾသသြားေလ၏။
တံခါးဝမွ အမ်ိဳးသမီးအေစခံတစ္စု ႐ုတ္တရက္ ဝင္လာသည္။
လွပေသာ အေစခံဝတ္စုံကို ဝတ္ထားၿပီး ဦးၫြတ္ကာ နာခံစြာျဖင့္ ရပ္ေနၾက၏။
ေရွ႕ဆုံးမွာ ရပ္ေနေသာ အမ်ိဳးသမီးအေစခံက ေရွ႕ကိုလွမ္းလာၿပီး ေျပာလိုက္သည္။ "မစၥတာလု၊ သခင္ႀကီးက ေျပာလိုက္ပါတယ္ ၊ ရွင္ဘာပဲ လိုခ်င္ လိုခ်င္ ေပးလိုက္ပါတဲ့"
စု႐ြမ္႐ြမ္က ခ်က္ခ်င္းပဲ လုရွီမင္က ဘာမွမလိုခ်င္ဘူး၊ သူမကပဲလိုခ်င္တာဟု ေျပာလိုက္သည္။
သို႔ေသာ္လည္း အေစခံေခါင္းေဆာင္မွာ လုရွီမင္ကို အလြတ္မေပးပဲ ဆက္လက္လႊမ္းမိုးေန၏။ "ဒါက အစၥတာလုအတြက္ သခင္ႀကီးရဲ႕ လက္ေဆာင္ပါ"
၎က သလင္းေက်ာက္အျမဳေတ ေသတၱာတစ္လုံးျဖစ္သည္။
ကမာၻပ်က္ကပ္ မတိုင္မီကႏွင့္ ႏွိုင္းယွဥ္ပါလွ်င္ ဤသည္က မိမိကိုယ္ကိုယ္ ယုံၾကည္မႈ လြန္ကဲေနေသာ ဥကၠဌ၏ "ဒီကဒ္က မင္းအတြက္ပဲ၊ မင္းႀကိဳက္သလို ျဖဳန္း " ဆိုသည္ႏွင့္ ဆင္တူေပသည္။
စု႐ြမ္႐ြမ္ ထပ္ဆင့္အံ့ဩသြားရျပန္၏။
ဒါက ဗိုလ္က်ခ်ယ္လွယ္တက္ေသာ ဥကၠဌရဲ႕ ဒုကၡိတ ဗားရွင္းေပလား!
စု႐ြမ္႐ြမ္ လုရွီမင္ကို စိုးရိမ္တႀကီး လွမ္းကိုင္လိုက္ၿပီး သတိေပးလိုက္သည္။"အဲ့က်ားရန္က ရွင့္ခႏၶာကိုယ္ကို လိုခ်င္တက္မက္ေနတာ"
သူမလည္းလိုခ်င္တက္မက္ေသာ္လည္း သူမရဲ႕လိုခ်င္တက္မက္မႈက လုက်ားရန္နဲ႕ ကြဲျပားသည္ေလ!
ဥပမာအားျဖင့္ သူမက သန႔္ရွင္းျဖဴစင္ၿပီး က်ားရန္ကေတာ့ သန႔္ရွင္းျဖဴစင္မႈမရွိ။
သူမက ေငြမသုံးေပမယ့္ က်ားရန္ကေတာ့ ေငြအမ်ားႀကီး သုံး၏။
သူမက အက်ပ္ကိုင္ခံေနရတဲ့ ဒုကၡသည္ျဖစ္ၿပီး က်ားရန္ကေတာ့ အက်ပ္ကိုင္ေနတဲ့ ေခါင္းေဆာင္ ျဖစ္သည္။
ဟုတ္တာေပါ့။ သူတို႔မွာ တူညီသည့္ အခ်က္လည္း ရွိပါသည္။
သူတို႔ထဲက တစ္ေယာက္မွ လုရွီမင္ခႏၶာကိုယ္ကို မရေသးပါ။
အို႔၊ ဒါေၾကာင့္မ်ား လိုခ်င္တက္မက္ေနတာလား။
လုရွီမင္က သလင္းေက်ာက္အျမဳေတကို ေအးစက္စြာ ျငင္းဆန္လိုက္ၿပီး ေဘဘီေရွာင္နဲ႕ နီးမိန္နဲ႕ေပးေတြ႕ဖို႔ ေျပာလိုက္သည္။
အမ်ိဳးသမီးအေစခံက ခ်က္ခ်င္းပဲေျပာလာသည္။"ကြၽန္မတို႔ သခင္ႀကီးက ေျပာလိုက္ပါတယ္။ မစၥတာလု ဘာပဲလိုခ်င္လိုခ်င္ ေပးလိုက္ပါတဲ့"
ထို႔ေၾကာင့္ လုရွီမင္ရဲ႕ စကားအရ ေဘဘီေရွာင္နဲ႕ နီးမိန္ကို အားလုံးေရွ႕ေမွာက္ ေခၚလာခဲ့သည္။
စိတ္ကူးယဥ္ထားတဲ့ အႀကိမ္သုံးရာေလာက္ တိုက္ပြဲလည္း မျဖစ္ခဲ့သလို ေသြးလည္း မအန္ခဲ့ေပ။
ေဘဘီေရွာင္ကို ျမင္ေတာ့ ဇြန္ဘီတစ္ပိုင္းျဖစ္တဲ့ ေရွာင္ယြီက တုန႔္ျပန္ပုံရသည္။
နီးယန္က မ်က္ရည္စက္လက္နဲ႕ ေရွ႕ကိုေျပးသြားၿပီး နီးမိန္ကို ေပြ႕ဖက္လိုက္သည္။
နီးမိန္က ကိုက္ဖို႔ ေခါင္းငုံ႕လာေတာ့ နီးယန္လက္သီးနဲ႕ထိုးတာ ခံလိုက္ရ၏။
ခ်စ္ခင္လွတဲ့ ညီအစ္မေတြပါေပ။
နီးမိန္အား ရိုက္ၿပီးေနာက္ နီးယန္သည္ ေဘဘီေရွာင္ကို ေရွာင္ယြီဆီ ေခၚသြားေပးလိုက္သည္။ "အစ္ကိုေရွာင္၊ ဒါက ေဘဘီေလ၊ ရွင့္ရဲ႕ ညီေလး၊ ရွင္သူ႕ကို မွတ္မိလား"
ေဘဘီေရွာင္က ေခါင္းခါလိုက္သည္။"မဟုတ္ဘူး၊ မဟုတ္ဘူး' မဟုတ္ဘူး..."
ေရွာင္ယြီက မထုံတက္ေတး နိုင္ေနပုံရသည္။
နီးယန္ စိတ္ဓာက္က်စြာျဖင့္ ေရွာင္ယြီရဲ႕ဆံပင္ရွည္ေတြကို ဖယ္ေပးလိုက္ေတာ့ ခိုင္မာျပက္သားတဲ့ မ်က္ႏွာ ေပၚလြင္လာသည္။
ေဘဘီေရွာင္ကို ျမင္ေတာ့ ေရွာင္ယြီရဲ႕ ျဖဴေနေသာ မ်က္လုံးမ်ားက ပူေဆြးလာ၏။
သူ ပါးစပ္ဖြင့္လိုက္ေတာ့ သူ႕လည္ေခ်ာင္းထဲမွ ရွင္းျပ၍ မရနိုင္ေသာ အသံတစ္ခုထြက္လာသည္။"Ho ho ho ..."
နီးမိန္က သူ႕ဆီက အတုခိုးၿပီး ေျပာလိုက္သည္။"Ho ho ho ..."
ေဘဘီေရွာင္: "မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး ..."
နီးယန္သည္ အတူစုေနတဲ့ ဇြန္ဘီ သုံးေကာင္ၾကားညွပ္ေနရင္း ေဘဘီေရွာင္ကို ၾကည့္ၿပီးေနာက္ ေရွာင္ယြီကို ၾကည့္လိုက္တာ ႐ုတ္တရက္ သူမအမူအရာေျပာင္းလဲသြားသည္။
ေဘဘီေရွာင္ စကားေျပာနိုင္တယ္ဆိုရင္ ေရွာင္ယြီလည္း စကားေျပာနိုင္မွာ မဟုတ္လား။
"အစ္ကိုေရွာင္၊ ကြၽန္မက နီးယန္ပါ"
နီယန္က ေရွာင္ယြီကို ဖမ္းဆုပ္ကိုင္လိုက္သည္။
ေရွာင္ယြီ : "Ho ho ho ..."
နီးယန္က မစြန႔္လႊတ္နိုင္ေသးေပ။သူမရဲ႕နာမည္က ရႈပ္ေထြးလြန္းတာ ျဖစ္နိုင္ေသာေၾကာင့္ ျဖစ္မည္။သူမ ရိုးရွင္းတာကို သင္ေပးနိုင္ပါသည္။
"ကြၽန္မက ရွင့္ရည္းစား"
ေရွာင္ယြီ"Ho ho ho …"
ရွင္က အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး ဇြန္ဘီကို လိမ္ဖို႔ အခြင့္ေကာင္းယူတာ မေကာင္းတဲ့ ရည္႐ြယ္ခ်က္ပဲလို႔ စု႐ြမ္႐ြမ္ ေျပာလိုက္သည္။
နီးယန္က သူမ single ဘဝမွ လြတ္ေျမာက္ရန္ အခြင့္အေရးတိုင္းကို ဆုပ္ကိုင္ဖို႔ စိတ္အားထက္သန္ေနေၾကာင္းျပန္ေျပာလိုက္၏။ၿပီးေတာ့ စု႐ြမ္႐ြမ္လိုလူမ်ိဳးက singleေခြးတစ္ေကာင္လို တိုက္ခိုက္ခံရတဲ့ သူမရဲ႕ခံစားခ်က္ကို နားလည္နိုင္မွာတဲ့လား။
စကားေျပာၿပီးေနာက္ နီးယန္က ေရွာင္ယြီကို ဆက္လက္သင္ၾကားေပးလိုက္၏။
"ရည္းစား၊ ကြၽန္မက ရွင့္ရည္းစား…"နီးယန္က ဒီလိုေျပာၿပီး ရယ္ေမာေနေတာ့၏။
အိုး ဟား ဟား ဟား …
နီးယန္ ရယ္လိုပ္တဲ့အခါ စုန္းမအိုႀကီးနဲ႕ တူေနေၾကာင္း စု႐ြမ္႐ြမ္ ခံစားရသည္။
လက္ထဲတြင္လည္း အဆိပ္ပန္းသီးတစ္လုံးနဲ႕ တံျမက္စည္းရွည္ႀကီးတစ္ေခ်ာင္း ရွိလို႔ေန၏။
……
ေဘဘီေရွာင္နဲ႕ နီးမိန္ကို ရွာေတြ႕ၿပီးေနာက္ေတာ့ မၾကာမီမွာပဲ နီးယန္က ဉာဏ္ရည္ခ်ိဳ႕ယြင္းေနတဲ့ သူမရဲ႕ ခင္ပြန္းေလာင္းနဲ႕ သူ႕ရဲ႕ညီေလး၊ သူမရဲ႕ညီမေလးတို႔ကိုေခၚၿပီး ရဲတိုက္မွ ထြက္ခြာလိုတဲ့ သူမရဲ႕ဆႏၵကို ေဖာ္ျပလာခဲ့သည္။
နီးယန္:…႐ုတ္တရက္ ခက္ခဲေနသလိုပဲ။
သို႔ေသာ္လည္း လုရွီမင္ ေျပာလိုက္သည္။ "သြားလို႔မရဘူး"
တကယ္ေတာ့ လုက်ားရန္ရဲ႕ စြမ္းရည္နဲ႕သာဆို သူတို႔ဘယ္သြားသြား ဖမ္းမိနိုင္လိမ့္မည္။
"သူက ဘာေၾကာင့္ ငါတို႔ကို ပစ္မွတ္ထားရတာလဲ"
နီးယန္ လုရွီမင္ကို စိုက္ၾကည့္လိုက္သည္။
လုရွီမင္က သူ႕ခက္ထဲက ပုဆိန္ေလးနဲ႕ ကစားေန၏။
"ကြၽန္ေတာ္တို႔ကို မဟုတ္ဘူး၊ ကြၽန္ေတာ့္ကို "
စကားေျပာၿပီးေနာက္ လုရွီမင္က ထရပ္ကာ သူ႕ေဘးမွာ ေကြးေကြးေလးအိပ္ေနတဲ့ စု႐ြမ္႐ြမ္ကို ၾကည့္ၿပီး ေျပာလိုက္သည္။" ခင္ဗ်ားတို႔ မနက္ျဖန္ ထြက္သြားၾကေတာ့ "
"နင္ကေကာ "
လုရွီမင္ စကားျပန္မေျပာခဲ့ေပ။
နီးယန္ေျပာလိုက္သည္။" ငါတို႔ ထြက္မသြားေတာ့ဘူး၊ ငါ နီးမိန္ကို ရွားတုန္းက နင္က ငါတို႔ဘက္မွာ ရွိခဲ့တာ၊ အခု ငါထြက္သြားရင္ ေက်းဇူးကန္းရာ ေရာက္လိမ့္မယ္ "
လုရွီမင္က ျဗဳန္းစားႀကီး ေျပာလိုက္၏။ "ခင္ဗ်ားတို႔ရွိေနတာက ဆီပုလင္းေတြ ဆြဲထားသလိုပဲ " (ဆီပုလင္း - ဝန္ထုတ္ဝန္ပိုး)
နီးယန္ခဗ်ာ တစ္ဆို႔သြားၿပီး ေျပာလိုက္သည္။"ငါတို႔က တကယ့္ကို ဆီပုလင္းေတြ ဆြဲထားသလိုပါပဲေလ၊ ေကာင္းၿပီ ငါ စု႐ြမ္႐ြမ္ကို မနက္ၾကရင္ ေခၚသြားလိုက္မယ္ "
နီးယန္ရဲ႕ စကားကိုၾကားေတာ့ လုရွီမင္ရဲ႕ အမူအရာက အနည္းငယ္ပဲ စိတ္ေအးသြားသည္။
သူ ငုံ႕ကိုင္းလိုက္ကာ စု႐ြမ္႐ြမ္ရဲ႕ နီးျမန္းေနေသာ ပါးျပင္ေပၚ သူ႕လက္ေခ်ာင္းနဲ႕ပြတ္သပ္လိုက္ၿပီး သူမနဖူးေပၚကို နမ္းလိုက္သည္။
စု႐ြမ္႐ြမ္က အိပ္မႈံစုံဝါးညည္းၫူေနၿပီး လက္ေနာက္ျပန္ျဖင့္ လုရွီမင္လက္ေမာင္းကို ညင္သာစြာ ပြတ္သပ္လိုက္သည္။
အရမ္းေကာင္းတဲ့ ဝက္ေျခေထာက္ပဲ!
ေနာက္တစ္ေန႕ စု႐ြမ္႐ြမ္နိုးလာေတာ့ ပစၥည္းေတြ ထုတ္ပိုးေနတဲ့ နီးယန္ကို ေတြ႕လိုက္ရသည္။
ရဲတိုက္ရွိ ဇိမ္ခံတိုက္ခန္းအားလုံးနီးပါးကို စု႐ြမ္႐ြမ္ဝင္ထြက္လိုက္သည္။
အခ်ိန္အေတာ္ၾကာ ရွာေဖြၿပီးေနာက္ ၾကယ္ငါးပြင့္ ဝိုင္ကလပ္ ခြက္ကို စု႐ြမ္႐ြမ္ ရွာေတြ႕ေတာ့သည္။ ခြက္ထဲ နို႔ေလာင္းထည့္ၿပီး ေက်ာ့ရွင္းစြာျဖင့္ တစ္ငုံေသာက္လိုက္သည္။
"အဟြတ္ အဟြတ္ အဟြတ္ အဟြတ္..." သူမ နင္သြား၏။
နို႔နင္ၿပီးေနာက္ စု႐ြမ္႐ြမ္ေမးလိုက္သည္။"ကြၽန္မတို႔ ဘာဆက္လုပ္မွာလဲ"
နီးယန္က ဇြန္ဘီသုံးေကာင္ကို သယ္ထားရင္း " ထြက္ခြာမယ္"
စု႐ြမ္႐ြမ္က "ေနဦး ၊ ကြၽန္မ လုရွီမင္ဆီ အရင္သြားအုံးမယ္" လို႔ေျပာၿပီး အျပင္ ေျပးထြက္သြားသည္။
နီးယန္က သူမေက်ာေပၚ ဇြန္ဘီသုံးေကာင္ ထမ္းထားရ၏။
သူမ မရပ္တန႔္နိုင္ခင္မွာပဲ စု႐ြမ္႐ြမ္က ေပ်ာက္သြားၿပီျဖစ္သည္။ဇြန္ဘီသုံးေကာင္ကိုသာ ပစ္ခ်ထားခဲ့ၿပီး လူေနာက္လိုက္သြားရေတာ့သည္။
"ငါ ညက လုရွီမင္ကို ေျပာထားၿပီးၿပီ၊ အရင္သြားရေအာင္ ၊ သူ ေနာက္က လိုက္လာလိမ့္မယ္" နီးယန္ စု႐ြမ္႐ြမ္ကို ဖမ္းဆြဲထားလိုက္၏။
စု႐ြမ္႐ြမ္ေျပာလိုက္သည္။
"ကြၽန္မ .. ကြၽန္မ က .. သူေၾကာက္ေနမွာ စိုးလို႔ပါ"
နီးယန္သည္ စု႐ြမ္႐ြမ္ရဲ႕ တုန္ယင္ေနတဲ့ ေျခေထာက္ကို ငုံ႕ၾကည့္လိုက္၏။
ဘယ္သူက ေၾကာက္ေနတာလဲ။
႐ုတ္တရက္ သူမေရွ႕မွာ အမ်ိဳးသားတစ္ေယာက္ ေပၚလာသည္။
နီးယန္ အံ့အားသင့္သြားၿပီး ေအာ္ေျပာလိုက္၏။"လုရွီမင္၊ နင္ဘာေၾကာင့္ ဒီမွာရွိေနတာလဲ"
စကားေျပာၿပီး ေရွ႕ကို ေလွ်ာက္သြားဖို႔ ျပင္လိုက္ေပမယ့္ စု႐ြမ္႐ြမ္က သူမကို ဆြဲထားၿပီး ေျပာလိုက္သည္။ " သူက လုရွီမင္ မဟုတ္ဘူး"
နီးယန္ ရႈပ္ေထြးသြား၏။ "နင္…ဘယ္လိုသိလဲ"
"ၾကည့္ေလ သူက ညင္ညင္သာသာေလး လမ္းေလွ်ာက္ေနတယ္"
မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခု ဆင္ျမန္း၍ ေလွ်ာက္လွမ္းလာသူမွာ ေတာင့္တင္းလာေတာ့သည္။
"ၿပီးေတာ့ သူ႕ရဲ႕ စုတ္ၿပဲေနတဲ့ အိတ္ေလးကိုလည္း မသယ္ထားဘူး"
ထိုလူမွာ သူ႕ရဲ႕ဗလာျဖစ္ေနေသာ ေနာက္ေက်ာကို ထိၾကည့္မိသြားသည္။
"ၿပီးေတာ့ ပုဆိန္ေလးလည္း မရွိဘူး"
ထိုလူမွာ သူ႕ရဲ႕ အလြတ္ျဖစ္ေနတဲ့ လက္ကို ဆုပ္ကိုင္လိုက္၏။
"ၿပီးေတာ့ ကြၽန္မကို ကေလးေလးလို႔လည္း မေခၚဘူး"
ထိုလူ: …မင္းရဲ႕ ေသာက္ပါးစပ္ကို ပိတ္ထားစမ္း။
နီးယန္ : " ... ဒါဆို သူက ဘယ္သူလဲ" သူက တစ္ထပ္တည္း တူတာပဲ! ပုံစံခြက္တစ္ခုထဲ ထြင္းထုထားသလိုပဲ!
အမိခံလိုက္ရေတာ့ ထိုလူက ႐ုတ္ျခည္း လွည့္ထြက္သြားၿပီး သူ႕ေဘးက တံခါးကို ဖြင့္လိုက္သည္။
နီးယန္က သူမရဲ႕ပင္ကိုယ္အသိစိတ္ေပၚ မွီခိုၿပီး ေနာက္မွလွ်င္ျမန္စြာ လိုက္သြားခဲ့သည္။
စု႐ြမ္႐ြမ္တစ္ေယာက္ သူမေျခတိုေလးမ်ားနဲ႕ ခုန္လိုက္ေပမယ့္ ဖမ္းမမိခဲ့ပဲ တံခါးပိတ္သြားတာေၾကာင့္ သူမရဲ႕ႏွာေခါင္းေလး ျပားလုမတတ္ ျဖစ္သြားသည္။
သူမ ေကာ္ရစ္တာမွာပဲ ဗလာျဖစ္စြာ ရပ္ေနၿပီးေနာက္ ဦးတည္ရာတစ္ခု ရွာေတြ႕သြားကာ ျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည္။
ရဲတိုက္ထဲတြင္ အမ်ိဳးသမီးအေစခံ မ်ားစြာရွိေန၏။
စု႐ြမ္႐ြမ္ကိုျမင္ေတာ့ သူတို႔က မသိက်ိဳးႏြံျပဳထားကာ တစ္ခ်က္မွ်ပင္ ငဲ့မၾကည့္ပဲ ေက်ာ္သြားၾကသည္း
ဘယ္ေလာက္ၾကာၾကာ လမ္းေလွ်ာက္ခဲ့မွန္း စု႐ြမ္႐ြမ္ မသိေတာ့ေပ။ သူမ အာ႐ုံျပန္ရေတာ့ ပ်က္စီးေနတဲ့ အိတ္ေလးနဲ႕ ပုဆိန္ေလးနဲ႕အတူ သူနဲ႕ သုံးမီတာအကြာကို တိတ္တဆိတ္ ၾကည့္ေနတဲ့ အမ်ိဳးသားကို ျမင္လိုက္ရသည္။ အမ်ိဳးသမီးတစ္ေယာက္ကို ၾကည္ေနတာ ျဖစ္၏။
အမ်ိဳးသမီးက လွပေသာ ဂါဝန္ကို ဝတ္ဆင္ထားသည္။
လိုင္းေကာက္ ဆံပင္ရွည္ေတြနဲ႕အတူ သြယ္လ်ေသာလည္တိုင္ကို ထုတ္ေဖာ္ထားၿပီး အဲ့မ်က္ႏွာက လုရွီမင္နဲ႕ ခုႏွစ္ဆယ္ရာခိုင္ႏႈန္းေလာက္ တူညီေနသည္။
သို႔ေသာ္လည္း အလြန္ တင့္တယ္သိမ္ေမြ႕သလို ခံစားရေစ၏။
ဒီလူလိုမ်ိဳး စိတ္မမွန္ျဖစ္မေနေပ။
"ရွီမင္" အမ်ိဳးသမီးက လက္ျမႇောက္ကာ ဆံပင္ကို သပ္တင္လိုက္ၿပီး အၿပဳံးတစ္ပြင့္နဲ႕ ေျပာလိုက္သည္။"သားလိမၼာေလး၊ အေမ့ဆီ လာပါအုံး"
ဒါက သူမအေမ (ေယာကၡမ ) ။
စု႐ြမ္႐ြမ္ အတြင္းႀကိတ္ တိုက္ခိုက္လိုက္သည္။
သူမ မွတ္မိတာသာမွန္မယ္ဆို လုရွီမင္အေမက အရိုးျပာေတာင္ မတူးထုတ္နိုင္ေတာ့ဘူး မဟုတ္လား။ သူမက ဘယ္လိုလုပ္ ဒီမွာ ရပ္ေနတာလဲ။
အမ်ိဳးသမီးက စကားေျပာေနဆဲျဖစ္သည္။"အေမျပန္ရွင္လာတာ၊ မင္းသိပါတယ္ ၊ ဒီကမာၻႀကီးမွာ နတ္ဘုရားရွိတယ္ေလ"
အဲ့ဒါ က်ားရန္လား။
အမ်ိဳးသမီးက ကမာၻအခ်စ္တက္ဆုံး အေမလိုမ်ိဳး သိမ္ေမြ႕ေသာအၿပဳံးတစ္ခုနဲ႕ လုရွီမင္ဆီသို႔ ေက်ာ့ရွင္းစြာ ေလွ်ာက္လွမ္းလာသည္။
"ရွီမင္၊ အေမ့ဆီလာပါအုံး"
စု႐ြမ္႐ြမ္ ညင္သာစြာ ေျပာလိုက္သည္။"သူမကို မယုံနဲ႕ ၊ ၾကည့္ သူမက သိမ္သိမ္ေမြ႕ေမြ႕ေလး လမ္းေလွ်ာက္ေနတယ္"
အမ်ိဳးသမီး: မင္းက ဘာေၾကာင့္ ေနရာတိုင္းမွာ ရွိေနတာလဲ။
လုရွီမင္သည္ လက္ေကာက္ဝတ္ကို ဆက္ကနဲလွည့္လိုက္ေတာ့ အသြားထက္တဲ့ ပုဆိန္ေလး ေပၚလာသည္။
အမ်ိဳးသမီးက မသိစိတ္အရ ေနာက္ႏွစ္လွမ္းဆုတ္လိုက္ၿပီး တံခါးကို တြန္းဖြင့္ကာ လွည့္ေျပးေတာ့သည္။
စု႐ြမ္႐ြမ္သည္ အမ်ိဳးသမီးနဲ႕ အမ်ိဴးသားက ဘာေၾကာင့္အဲ့လိုလုပ္ေနမွန္း မသိပါ။ သို႔ေသာ္လည္း သူတို႔ႏွစ္ေယာက္လုံးမွာ ႏႈတ္ဆက္စကားမေျပာပဲ ထြက္ေျပးသြားၾကတာကေတာ့ ဆိုးဝါးတဲ့အက်င့္ပဲ ျဖစ္ပါသည္။
လုရွီမင္က ပုဆိန္ေလးကို ကိုင္ၿပီး မႈန္ကုပ္တဲ့ အမူအရာနဲ႕ ေရွ႕ကို ေလွ်ာက္သြားလိုက္သည္။
စု႐ြမ္႐ြမ္ခ်က္ခ်င္း ေနာက္မွလိုက္သြားၿပီး ႐ုတ္တရက္ေျပာလိုက္သည္။
"သူမနဲ႕ပတ္သတ္ၿပီး တစ္ခုခုမွားေနတယ္လို႔ ကြၽန္မဘာေၾကာင့္ ထင္ေနရတာလဲ"
လုရွီမင္ ေခါင္းငုံ႕လိုက္၏။"မင္းထင္တာမွန္တယ္"
စု႐ြမ္႐ြမ္"အိုး"
သူမရဲ႕ အိုင္က်ဴက အရမ္းျမင့္တာပဲ။ အဲ့ဒါက ခက္ခဲတာေတြဆိုရင္ေတာင္ ျမင္လိုက္တာနဲ႕ တန္းသိတယ္။
စု႐ြမ္႐ြမ္ ခုန္ဆြခုန္ဆြ ႏွစ္ႀကိမ္ လုပ္လိုက္ၿပီး ႐ုတ္တရက္ ထိတ္လန့္တၾကားပုံစံျဖင့္ ေျပာလိုက္သည္။"ကြၽန္မ..ကြၽန္မလာတဲ့ေနရာကို ဘယ္လို ျပန္သြားရမလဲ မသိေတာ့ဘူး!"
လုရွီမင္က သူမကို မ, သယ္ကာ ရဲတိုက္ ဇိမ္ခံခန္းခန္းကို ျပန္ပို႔ေပးလိုက္ၿပီးေနာက္ ေမးလိုက္သည္။"နီးယန္ ဘယ္မွာလဲ"
သူ႕ေဘးက ဇြန္ဘီ သုံးေကာင္နဲ႕ ေခြးႏွစ္ေကာင္က အိမ္ကို ၿဖိဳခ်ဖ်က္ဆီးေနသည္။
ေတာ္ေသးသည္မွာ ဒီအိမ္က သူတို႔အိမ္ မဟုတ္ေပ။ အပိုင္းပိုင္းျဖစ္ေအာင္ ပ်က္စီးသြားလည္း အဆင္ေျပပါသည္။
"လူတစ္ေယာက္ ေနာက္ကို လိုက္ေနတာထင္တယ္" စု႐ြမ္႐ြမ္ စကားေျပာၿပီးေနာက္ ေရွာင္ယြီမွာ ႐ုတ္တရက္ စတင္ရိုက္ႏွက္ေနကာ ေဘဘီေရွာင္ကို ျပင္းျပင္းထန္ထန္ ထုရိုက္ေန၏။
ေဘဘီေရွာင္" မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး ..."ေဘဘီေရွာင္အား ရိုက္ႏွက္ၿပီးေနာက္ ေရွာင္ယြီက စု႐ြမ္႐ြမ္ဆီသို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားကာ စကားေျပာလိုက္သည္။"ရည္းစား..."
စု႐ြမ္႐ြမ္က စိုးရိမ္စြာ ေမာ့ၾကည့္လိုက္ေတာ့ လုရွီမင္က ပုဆိန္ကို ထုတ္ၿပီးေနၿပီျဖစ္ၿပီး ေရွာင္ယြီရဲ႕ လည္ပင္းေပၚ တင္လိုက္သည္။
သူမ လုရွီမင္ကို ဘယ္ေတာ့မွ သစၥာမေဖာက္ဖူးဘူးဟု စု႐ြမ္႐ြမ္ ခ်က္ခ်င္းေျပာလိုက္သည္။
"ကြၽန္မ ရွင့္ရဲ႕ တစ္ဦး တည္းေသာ ရည္းစားပါ"
စု႐ြမ္႐ြမ္ ေခါင္းေလးေမာ့ၿပီး သူမရဲ႕ သစၥာရွိမႈကို ေဖာ္ျပလိုက္သည္။
ေရွာင္ယြီက ဆက္ေျပာေန၏။"ရည္စား..."
လုရွီမင္က သူ႕ပုဆိန္ကို ျပန္သိမ္းၿပီး ေျပာလိုက္သည္။ "သူက နီးယန္းကို ရွာေနတာ"
အမ်ိဳးသား စကားေျပာၿပီးၿပီးမွ တစ္ဖက္မွ နီးယန္က လွ်င္ျမန္စြာ ေရာက္လာၿပီး ရႈပ္ေထြးတဲ့အၾကည့္နဲ႕ လူရွီမင္ကို ၾကည့္လိုက္၏။ "သြားမယ္' ငါ နင့္ကို ေနရာတစ္ခု ေခၚသြားမယ္"
"ရည္းစား..."
ေရွာင္ယြီက နီးယန္ကိုလည္းျမင္ေရာ သူမကို သယ္မလိုက္ၿပီး သူ႕လက္ေမာင္းထဲခ်ီလိုက္သည္။
နီးယန္ သူ႕ကို ဆက္ဆံခဲ့သလိုမ်ိဳး ျဖစ္၏။
နီးယန္ရဲ႕အမူအရာက ထိတ္လန့္သြားၿပီးေနာက္ ထုံထိုင္းသြားကာ ေနာက္ဆုံးတြင္ေတာ့ သူမမ်က္ႏွာေပၚတြင္ ရွက္ေသြးျဖာေနေသာ စုန္းမ အၿပဳံးတစ္ခုျဖင့္ "အိုး ဟား ဟား ဟား ..."
စု႐ြမ္႐ြမ္: ...
နီးယန္ ၿပဳံးၿဖဲၿဖဲရယ္ေမာၿပီးေနာက္ ေနာက္ဆုံးေတာ့ အလုပ္ကိစၥကို သတိရသြားသည္။
ေရွာင္ယြီ ရင္ခြင္ထဲမွ ႐ုန္းထြက္ကာ " ငါေနရာတစ္ခု ရွာေတြ႕ထားတယ္"လို႔ ေျပာၿပီး နီးယန္က လုရွီမင္နဲ႕ စု႐ြမ္႐ြမ္ကို လွ်ို႔ဝွက္ ေခၚေဆာင္လာခဲ့တာက... ေနာက္ဘက္ဥယာဥ္လား။
ဒါက ဘယ္သူ႕မွ ဝင္လို႔မရနိုင္တဲ့ ေနရာမဟုတ္လား။
အေနာက္ဘက္ ၿခံဝင္းထဲတြင္ အမ်ိဳးသမီး အမ်ားႀကီးရွိေနသည္။
လွပေသာဂါဝန္ရွည္မ်ားကို ဝတ္ဆင္ထားၾကကာ ထိုင္ေနျခင္း၊ မတ္တက္ရပ္ေနျခင္း ၊ ရယ္ေမာေနျခင္း၊ စကားေျပာေနျခင္းမ်ား ျပဳလုပ္လ်က္ ရွိေနၾကသည္။
"သူတို႔မ်က္ႏွာကို ၾကည့္စမ္း၊ သူတို႔မ်က္ႏွာက လူတစ္ေယာက္နဲ႕ တူေနပုံေပၚလား"
ဒီအမ်ိဳးသမီးမ်ား၏မ်က္ႏွာမ်ားက မတူကြဲျပားၾကေသာ္လည္း သူတို႔ရဲ႕ ႏွာေခါင္း၊ ပါးစပ္နဲ႕ မ်က္လုံးတို႔မွာ လုရွီမင္နဲ႕ နည္းနည္းစီ တူေနၾကသည္။
နီးယန္ရဲ႕ အၾကည့္က လုရွီမင္ေပၚက်သြား၏။
လုရွီမင္က ႏႈတ္ခမ္းတြန႔္ေကြးကာ ၿပဳံးလိုက္ၿပီး သူ႕အမူအရာက အလြန္အမင္း ေအးစက္ေနသည္။
"ကြၽန္ေတာ္နဲ႕ တူတာမဟုတ္ဘူး၊ ကြၽန္ေတာ့္ အေမနဲ႕တူတာ "
စု႐ြမ္႐ြမ္သည္ သူမ ေစာေစာကျမင္ခဲ့တဲ့အမ်ိဳးသမီးကို ေတြးမိသြား၏။ သူတို႔က တကယ္ကို တူၾကသည္။
"ငါၾကားတာေတာ့ ...သူတို႔အားလုံးက လုက်ားရန္ရဲ႕ မိန္းမေတြတဲ့ "
အဲ့လုက်ားရန္က စုေစာင္းရတာကို စြဲလမ္းေနတာလား။
သူက အင္ပါယာ ကစားပြဲ ကစားေနတာလို႔ ထင္ေနတာလား။
"သူက ဘာလုပ္ခ်င္ေနတာလဲ"
နီးယန္က အမ်ိဳးသမီးမ်ားရဲ႕မ်က္ႏွာကို ထိတ္လန့္ တုန္လႈပ္စြာ ၾကည့္လိုက္သည္။
သူမက ခက္ခက္ခဲခဲ ထုတ္ေျပာလိုက္သည္။"သူက အမ်ိဳးသမီးေတြရဲ႕မ်က္ႏွာ အစိတ္အပိုင္းကိုသုံးၿပီး လူတစ္ေယာက္အျဖစ္ ေပါင္းစပ္ခ်င္တာလား" ဥပမာေျပာရရင္ လုရွီမင္ အေမလိုမ်ိဳးေလ။
ဒါက ဒ႑ာရီလာ ခဲအိုရဲ႕ ခ်စ္ျခင္းေမတၱာလား။
နီးယန္ဟာ horror ႐ုပ္ရွင္တစ္ခုကို ဒါရိုက္တာ လုပ္ၿပီး သ႐ုပ္ေဆာင္ေနၿပီျဖစ္သည္။
စု႐ြမ္႐ြမ္ ႏူးညံ့စြာ ေျပာလိုက္သည္။"ပလက္စတစ္ဆာဂ်ရီ လုပ္လိုက္ရင္ ရၿပီ မဟုတ္ဘူးလား" ။ ဘာေၾကာင့္ အဲ့လို စိတ္ရႈပ္ခံေနတာလဲ။
နီးယန္ : ... ဒါက ရႉးမွိုက္တာပဲ။ Horror႐ုပ္ရွင္ေတြကေတာ့ ေသာက္က်ိဳးနည္း အလုပ္လက္မဲ့ေတြ ျဖစ္ကုန္ၾကၿပီ။
"မိန္းမပ်ိဳ ေရာက္လာၿပီ၊ ျမန္ျမန္သြားၾက "
႐ုတ္တရက္ ထိုအမ်ိဳးသမီးမ်ားထဲမွ တစ္ေယာက္က ေအာ္ေျပာလိုက္သည္။
အမ်ိဳးသမီးမ်ားသည္ ေၾကာက္လန့္တၾကား အမူအရာျဖင့္ ထြက္ေျပးၾကေတာ့၏။
မလွမ္းမကမ္း၌ အမ်ိဳးသမီးတစ္ဦး ထြက္လာသည္။
အေစခံဝတ္စုံနဲ႕ အမ်ိဳးသမီးအေစခံဒါဇင္ေလာက္က သူမေနာက္မွ လိုက္ပါလာသည္။
တစ္ေယာက္က ထီးကိုထားၿပီး တစ္ေယာက္က ေကာ္ဖီကမ္းေပးေနသည္။
ႏွင္းေတြက်ေနတာေၾကာင့္ စု႐ြမ္႐ြမ္ရဲ႕ အျမင္အာ႐ုံကို ရႈပ္ေထြးေစ၏။
စု႐ြမ္႐ြမ္သည္ ေျခဖ်ားေထာက္ၿပီး မ်က္လုံးေမွးက်ဥ္းလိုက္ရာ ေနာက္ဆုံးေတာ့ အမ်ိဳးသမီးရဲ႕ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရေတာ့သည္။
ဒါက ေစာေစာက "ငါက မင္းရဲ႕ ျပန္ရွင္လာတဲ့ အေမပါ " လို႔ ေခၚတဲ့သူမဟုတ္လား။
နီးယန္သည္ အမ်ိဳးသမီးရဲ႕ မ်က္ႏွာကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္လိုက္ၿပီးေနာက္ လုရွီမင္ရဲ႕ မ်က္ႏွာကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္လိုက္ကာ ေနာက္ဆုံးေတာ့ ဆိုလာသည္။"ပလက္စတစ္ဆာဂ်ရီစုေစာင္းမႈလား " လုရွီမင္ အေမရဲ႕ ကိုယ္ပြားေတြလား။
ဒါကသာ ပလက္စတစ္ဆာဂ်ရီသာဆို တကယ့္ကို သဲလြန္စမရွိ၊ နာက်င္မႈမရွိပဲ တကယ့္ကို သဘာဝအတိုင္း သန့္စင္မႈ ရွိသည္ဟု စု႐ြမ္႐ြမ္ ေတြးမိလိုက္သည္။
တဖက္က အမ်ိဳးသမီးက သူမေဘးက အမ်ိဳးသမီးအေစခံကို ဘာေျပာလိုက္လဲ မသိေပ။
အမ်ိဳးသမီးအေစခံက ေခါင္းညိတ္လိုက္ၿပီး စု႐ြမ္႐ြမ္ဆီသို႔ ဦးတည္ေလွ်ာက္လာသည္။
"မိန္းမပ်ိဳက ေျပာပါတယ္၊ ေက်းဇူးျပဳၿပီး လာထိုင္ပါတဲ့"
လုရွီမင္က ဦးေဆာင္ၿပီး ေလွ်ာက္သြားလိုက္သည္။
အားလုံးထိုင္လိုက္ေတာ့ အမ်ိဳးသမီးအေစခံက လူတိုင္းအတြက္ ေကာ္ဖီ ေလာင္းထည့္ေပးလာသည္။
စု႐ြမ္႐ြမ္လက္ဆန့္ထုတ္ကာ ေကာ္ဖီခြက္ကိုယူၿပီး တစ္ငုံေသာက္လိုက္ေတာ့ သူမပါးစပ္မွာ ခရင္မ္ အဝိုင္းလိုက္ ကပ္သြားသည္။
႐ုတ္တရက္ နီးယန္က ထိတ္လန့္တၾကား ေျပာလာသည္။ " စု႐ြမ္႐ြမ္ နင့္လက္က ဘာျဖစ္သြားတာလဲ"
"ဟမ္ "
စု႐ြမ္႐ြမ္ ငုံ႕ၾကည့္လိုက္ေတာ့ သူမ လက္ႏွစ္ဖက္လုံး မဲနက္ေနတာ ေတြ႕လိုက္ရသည္။
သူမ မ,ၿပီး ထပ္ကာထပ္ကာ လႈပ္ရွားၾကည့္လိုက္သည္။
နီးယန္ ခ်က္ခ်င္း ထရပ္လိုက္ၿပီး သူမလက္ထဲက ေကာ္ဖီခြက္ ေျမျပင္ေပၚ လႊတ္ပစ္လိုက္သည္။
စု႐ြမ္႐ြမ္ သူမလက္ေလးကို ဗလာျဖစ္စြာ ျမႇောက္ထား၏။
ငါ့ကို ၾကည့္ပါဦး၊ ငါ့လက္ေတြ မဲနက္ေနၿပီ။ဒါက အဆိပ္ရဲ႕ လကၡဏာ ထင္တယ္။
သူမမွာ ေနာက္ဆုံးဆႏၵရွိေသးတယ္ဟု စု႐ြမ္႐ြမ္ ေျပာလိုက္သည္။
သူမ လုရွီမင္ကို ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။
ရွင့္ရဲ႕ခႏၶာကိုယ္နဲ႕ ကြၽန္မရဲ႕ ေလာဘကို ျဖည့္ဆည္းေပးလို႔ရမလား?
လုရွီမင္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေရပုလင္း ထုတ္ကာ သူမကို တိုက္လိုက္သည္။
စု႐ြမ္႐ြမ္သည္ သူမပါးစပ္ေလးကို ညင္ညင္သာသာ ပုတ္လိုက္၏။
ေနပါဦး၊ ဒါက ဒ႑ာရီလာ ေႏြဦးဝိဉာဥ္ ေရလား?အလိုလိုက္ ခံေနရသလို စု႐ြမ္႐ြမ္ခံစားရသည္။
ေနပါဦး၊ဒီအရသာက ပထမအခန္း (ကူးေျပာင္းလာခါစ)က အရသာနဲ႕ ဘာလို႔ တူေနတာလဲ။
ေရတိုက္ၿပီးေနာက္ အမ်ိဳးသားက စု႐ြမ္႐ြမ္ရဲ႕ ႏူးသုံ႕ေသာ လက္ေခ်ာင္းေလးမ်ားကို ညင္သာစြာ ဖ်စ္ညွစ္လိုက္သည္။
မိန္းမငယ္ေလးရဲ႕လက္မ်ားက ဂ်ဳံမုန႔္ညက္ လိုမ်ိဳး ႏူးညံ့လို႔ေန၏။
ဒါေပမယ့္ ယခုေတာ့ ကင္းမြန္ေဖ်ာ္ရည္စိမ္ထားတဲ့ အနက္ေရာင္ ဂ်ဳံမုန့္ညက္လိုမ်ိဳး ျဖစ္ေနသည္။
"အ႐ူးမေလး၊ နင္က သူစိမ္းေတြဆီကဟာကို စားရလား" နီးယန္ မ်က္ေမွာင္ႀကိဳက္ၿပီး ဆူေငါက္လိုက္သည္။
လုရွီမင္က ခဏေလာက္ တိတ္ဆိတ္လ်က္ရွိေနၿပီး သူ႕ေက်ာပိုးအိတ္ထဲမွ တစ္ရႉးဘူးထုတ္ကာ စု႐ြမ္႐ြမ္လက္ေလးမ်ားကို ျဖည္းျဖည္းခ်င္း သုတ္ေပးလိုက္သည္။
တစ္ရႉးအစိုငါး႐ြက္နဲ႕ သုတ္ၿပီးေနာက္ စု႐ြမ္႐ြမ္လက္ေလးမ်ားမွာ သူတို႔ရဲ႕ ျဖဴေဖြးေသာ၊ ႏူးညံ့ေသာပုံစံ ျပန္ျဖစ္သြားၾကသည္။
လုရွီမင္သည္ စု႐ြမ္႐ြမ္လက္ကို လႊတ္ေပးလိုက္ၿပီး တစ္ရႉးအစို ထပ္ထုတ္ကာ စု႐ြမ္႐ြမ္ အဝတ္အစားေပၚသုတ္လိုက္ၿပီး နီးယန္ကို ယူျပကာ ေျပာလိုက္သည္။ "အိုး ဒါက သူမ အဝတ္အစားေၾကာင့္ပဲ "
နီးယန္ : ...
စု႐ြမ္႐ြမ္ စိတ္ပ်က္လက္ပ်က္ ေျပာလိုက္သည္။"အဆိပ္မဟုတ္ဘူးေပါ့"
သူမ ေလာဘႀကီးလို႔ မရေတာ့ဘူးေပါ့။