||Complete|| I Can Do It [MM...

By da_coolest_icekun

697K 99.6K 10.7K

တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... More

Description
Translator's Note
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀

အပိုင်း(၁၃)

4.9K 778 26
By da_coolest_icekun

[အလုပ်အကိုင်ရှာ​ဖွေ​နေပါသည်]

အချိန်ကဥာဥ့်ဦးယံအချိန်ဖြစ်ကာ လမ်း​ဘေးနားရှိဘာဘီကျူးဆိုင်ထဲတွင်ဖြစ်သည်။

ယောကျာ်းကြီးအုပ်စုကအရက်​ထိုင်သောက်​နေပြီး သူတို့အကျ်ီ​တွေကိုလက်​မောင်းထိလိပ်တင်ထားကာ အသံ​လေး​လေးကြီး​တွေနှင့်စကား​​ပြောဆို​နေကြ၏။အရက်ပုလင်းခွံတွေက ကြမ်း​ပြင်​ပေါ်မှာပြန့်ကျဲ​နေပြီး သူတို့ကအရက်ရှိန်​ကြောင့်ရန်လို​နေကြသည်။

အရက်​​​သောက်ထားသည့်အတွက် ခန္တာကိုယ်တစ်ခုလုံးကနီရဲ​နေကြကာ သူတို့အုပ်စုကိုမြင်လိုက်သည်နှင့် လူတိုင်းက​ဝေး​ဝေးက​ရှောင်သွားကြ၏။ဆယ်​ကျော်သက်​လေးတစ်​ယောက်ကသာ သူတို့အနီးက,ဝိုင်းမှာထိုင်​နေသည်။

ထိုလူငယ်​လေး​ရှေ့မှာက အကင်တုတ်တိုး​ချောင်း​တွေရှိ​နေပြီး ​သူကခြေချိတ်ထိုင်​နေကာ ​ပေါင်​ပေါ်တွင်ဦးထုပ်တစ်ခုတင်ထားပြီး သူ့ဆံပင်​တွေက​ပင်လယ်​ရေလိုပြာ​နေကာ လူတိုင်းရဲ့အာရုံကိုဆွဲ​ဆောင်နေ၏။လတ်တ​လောမှာ​တော့ သူကအကင်စားရင်းဖုန်း​​ပြော​နေသည်။

"အရင်ကတည်းကငါမင်းကိုPlatformကပြန်ပြင်ဆင်​နေတယ်လို့​ပြောခဲ့တယ်မလား ဒါ​ပေမယ့် ဒီလိုကြီးဖြစ်​နေမယ်လို့​တော့မသိလိုက်ဘူး" ရှစ်လျှို့ကခဏ​လောက်ရပ်သွားပြီးမှ ​ချောင်းအသာဟမ့်လိုက်ကာ "ငါတကယ်ကြီးမင်း၁၇နှစ်ပဲရှိ​သေးတယ်ဆိုတာကို​မေ့​နေတာ"

ကျန်းရုန်အကင်ကိုမြိုချလိုက်ပြီး အမှန်ပြင်​ပေးလိုက်သည်။ "၁၇နှစ်နဲ့တစ်ဝက်ပါ"

သူကမ​မျှော်လင့်ထားပဲအလုပ်လက်မဲ့ဖြစ်သွားခြင်းဖြစ်၏။သူ့အစာအိမ်ထဲကို အကင်အ​ချောင်း၂၀​လောက်​ရောက်သွားပြီးတာ​တောင်မှ တကယ်ကြီးမယုံနိုင်​သေး​ပေ။

"ဒါ​​ပေမယ့် ဒါကသိပ်​မဆိုးပါဘူး မင်းအသက်ပြည့်တဲ့ထိလနည်းနည်းလောက်​စောင့်ပြီး​တော့မှ ပြန်လာstream​​ပေါ့ မင်းပရိတ်သတ်​တွေကသစ္စာရှိတာပဲ အများကြီး​တော့မဆုံးရှုံး​လောက်ပါဘူး" ရှစ်လျှို့ကဆက်​ပြောလာ၏။ "အနည်းဆုံး​တော့ မင်းနားလို့ရသွားတာ​ပေါ့ ခရီး​တွေထွက်ပစ်လိုက်​လေ ငါနဲ့အတူDisneyမှာအ​ပျော်​လေး​တွေသွားရှာချင်လား?"

ရှစ်လျှို့ရဲ့သူ့​ကိုညီ​လေးတစ်​ယောက်လို​ပြောဆိုလာသည့်အ​ပေါ် ​အေးစက်စက်ပဲပြန်​ပြောလိုက်၏။ "က​လေးကစားကွင်းကို​ခေါ်သွား​ပေးမယ်လို့သာ​ပြောလိုက်ပါ​တော့"

သူကလည်​ချောင်းရှင်းရန် အရက်တစ်ခွက်​ကောက်​မော့လိုက်ပြီး ထပ်​ပြောလိုက်သည်။ "ငါက Streaming အတွက်စိတ်ပူ​နေတာမဟုတ်ဘူး"

သူ ရုတ်တရက်ကြီး Streaming ဆက်လုပ်လို့မရ​တော့သည့်အတွက် သူလုပ်စရာဘာမှမရှိ​တော့လို့သာဖြစ်သည်။

"အလုပ်များ​နေ​အောင်လို့အလုပ်ဘယ်လိုရှာရမလဲ?" ရှစ်လျှို့ကသူ​တွေး​နေသည့်အရာကိုခန့်မှန်းမိကာ ချင့်ချိန်​တွက်ဆပြီး​ပြောလာသည်။ "မင်းကလူငယ်​လေးဖြစ်​နေတဲ့အတွက် အ​တွေ့အကြုံလည်းရ​အောင် အချိန်ပိုင်းအလုပ်​တွေ​တော့လုပ်လို့ရတယ် ​နောက်တစ်မျိုး​ပြောရရင် မင်းစstreamကတည်းက အခြားအရာ​တွေလုပ်ဖို့အချိန်မရှိခဲ့ဘူးမလား ဒါမှမဟုတ် မင်းလုပ်ချင်တဲ့တစ်ခုခု​ရောရှိလား?"

ကျန်းရုန် ပုလင်းထဲကကျန်​နေတဲ့အရည်​တွေကို စိုက်ကြည့်​နေပြီး တစ်စက္ကန့်​လောက်တန့်သွား၏။ "ပိုက်ဆံရှာချင်တယ်"

"....."  အစက​တော့ ရှစ်လျှို့ "မင်းကဒီတိုင်းက​လေး​လေးပဲကို ဘာ​ကိစ္စဒီ​လောက်​ထိငွေမက်​နေရတာလဲ" လို့​ပြောချင်ခဲ့​ပေမယ့် အဆဲခံရမှာလည်း​ကြောက်ပြန်​တော့ ဒီတိုင်းသည်းခံလိုက်ဖို့ကိုသာ ကိုယ့်ကိုကိုယ်တွန်းအား​ပေးလိုက်ရသည်။

ရှစ်လျှို့ ခွန်အားအပြည့်နဲ့ချက်တင်ထိုင်နေကြတဲ့ Streamer groupကိုကြည့်လိုက်မိပြီး အ​တွေးတစ်ခုဝင်လာ၏။ "မင်းရည်းစားထားကြည့်ရင်​ရောဘယ်လိုလဲ?ငါ​​ပြောတာယုံ လနည်းနည်း​လေး​လောက်က​တော့ဖျတ်ခနဲဆိုကုန်သွားမှာ"

ကျန်းရုန် : "?"

"ဒီ​ကောကမင်းကိုမိတ်ဆက်​ပေးမယ်" ရှစ်လျှို့က​မေးလာ၏။ "မင်းထက်အသက်ကြီးတာနဲ့ငယ်တာ ဘယ်ဟာပိုကြိုက်လဲ? မင်းထက်ငယ်တဲ့သူက​တော့အ​တော်​လေးရှာဖို့မလွယ်​ပေမယ့်လည်း​​လေ ဒါမှမဟုတ် မင်းကြိုက်တဲ့ပုံစံ​ပြောပြကြည့် တကယ်​တော့ မင်းကိုစိတ်ဝင်စား​နေကြတဲ့ မိန်းက​လေး Streamer​တော်​တော်များများကို ငါသိတယ်"

"-တူ-"

ကျန်းရုန် ဖုန်းချပစ်လိုက်ပြီး အကင်စား​နေရာတွင်သာအာရုံစိုက်လိုက်​တော့သည်။

အကင်​တွေအားလုံးကို​ချေမှုန်းပြီးသွားသည့်​နောက်တွင် ကျန်းရုန် ဖုန်းကိုထပ်ကိုင်လိုက်ပြီး ​ဝေး​ပေါ်ကိုဖွင့်လိုက်သည်။

ကျန်းရုန်ရဲ့စိတ်အ​ခြေအ​နေက အရမ်းကြီး​ကောင်းမ​နေတာ​ကြောင့် Streamingရပ်လိုက်သည့်အ​ကြောင်း လိုရင်းတိုရှင်းပိုစ့်တစ်ခုသာတင်လိုက်၏။

[Soft : အထူးအ​ခြေအ​နေ ​နောက်ထပ်Stream​တော့မှာမဟုတ်ဘူး မကြာခင်ပြန်လာခဲ့မယ်]

ထိုပိုစ့်​အောက်က ကွန်မန့်​လေး​ထောင်​ကျော်ကိုကြည့်ရင်း ကျန်းရုန်မျက်ခုံးလှုပ်လာသည်။အဲ့တာက​ကောင်းတဲ့အရာမဟုတ်မှန်း သူ့ရဲ့ဆဠမအာရုံက​သေချာ​ပေါက်​​ပြောနေတယ်။

​သေချာတာ​ပေါ့။

သူ့လိုမျိုးပဲ မသက်မပြည့်​သေးလို့ ရပ်ဆိုင်းခံထားရသည့် အခြားStreamer​တွေ၏ ပိုစ့်အောက်မှာ​တော့
"မွ မွ" "​ခေါင်း​လေးပုတ်​ပေး​နေ" "မင်းပြန်လာတာကို​စောင့်​နေမယ်​နော်" ထိုကဲ့သို့စာမျိုး​တွေနှင့်ပြည့်နှက်​နေပြီး....

ကျန်းရုန်ရဲ့ cmt boxက​တော့-

[ဖာ့ခ် ငါယိုးပဲ ဒါဆို​စောက်ပိန်း​လေးကတကယ်ကြီး​စောက်က​လေး​လေး​ပေါ့!]

[မင်းကအ​မွေး​တောင်စုံ​အောင်မ​ပေါက်​သေးပဲနဲ့ တစ်​နေ့တစ်​နေ့ ကိုယ့်ထက်စီနီယာ​တွေကိုပြန်ခံ​ပြော​နေတာလား?]

[ဟူး~ ခုမှပဲ ​လောင်ဇီရဲ့နား​တွေ​အေး​အေးချမ်းချမ်း​နေရ​တော့တယ်]

ကျန်းရုန်​ဒေါသ​ကြောင့်​အော်ရယ်လိုက်ပြီး အရက်​သောက်ရင်းနဲ့ကွန်မန့်အချို့ကို​ရွေးပြီး စာပြန်လိုက်သည်။

[​အချစ်က​လေး​ရေ ခုကစပြီးဘာလုပ်မယ်စဥ်းစားထားလဲ?]

[Soft:အကင်ဆိုင်ပဲဖွင့်​တော့မယ်]

[Streamမလွှင့်ရရင်အဆာလွန်ပြီးများ​သေသွားမလား​နော်? ဟန်ကျိုးကိုလာပြီး​​တော့ဦးသုံးကြိမ်ချရင် ငါမင်းကို​ထောက်ပံ့​ပေးထားပါ့မယ်]

[Soft:မပူပါနဲ့ ဒီအ​ဖေကမင်းထက်ပိုက်ဆံရှိတယ်]

[Softအတွက်သီးသန့်ဖန်ကလပ် 1: ဝူးဝူးဝူး သား​လေး​ရေ အရမ်းဝမ်းနည်းမ​နေနဲ့​နော် မင်းကစီးပွား​ရေးနဲ့ပတ်သတ်ရင်ကံမ​ကောင်းတတ်တာဖြစ်မယ် ဒါ​​ပေမယ့် အချစ်​ရေးမှာ​တော့​သေချာ​ပေါက်ကံ​ကောင်းမှာပါ [ပုံနှင့်တကွ] Softကိုကြိုက်တဲ့wfတို့​ရေ Roadရဲ့ Weiboကိုlike​ပေးဖို့နဲ့ "😉"လို့မန့်ဖို့ကိုသတိရကြပါ!]

ဒီ​ပေါ​ကြောင်​ကြောင်ဖန်ကလပ်ကို ဟိုးအရင်ကတည်းက blacklistတင်ပြီးသွားပြီမဟုတ်ဘူးလား?

ကျန်းရုန်မျက်​မှောင်ကျုံ့လိုက်ပြီး ထိုကွန်မန့်နဲ့အတူတွဲမန့်ထားသည့် ပုံကိုဝင်ကြည့်လိုက်သည်။

ထိုပုံက Roadရဲ့​နောက်ဆုံးတင်ထားသည့်ပိုစ့်​​အောက်မှာမန့်ထားသည့်ကွန်မန့်ကို screenshotရိုက်ထားသည့်ပုံဖြစ်သည်။

[Softအတွက်သီးသန့်ဖန်ကလပ် 1: Softရဲ့ Livestream roomမပိတ်မခံရခင်​လေးမှာ သူကRoadကိုဖွင့်​ပြောခဲ့ပါတယ်! သူကတည့်တိုးပဲ "ကျွန်​တော် TTCရဲ့ Junglerကိုအရမ်းကြိုက်တယ် သူကအရမ်းအံ့သြဖို့​ကောင်းတယ်"လို့​ပြောသွားတာ vd ကိုသီးသန့်မက်​ဆေ့ထဲမှာဝင်ကြည့်လို့ရပါတယ် နတ်ဘုရားလု​ရေ PMကိုစစ်ကြည့်ပါဦး!!!]

အဲ့​အောက်မှာပဲ ပြန်စာ​တွေကအများအပြားကိုရှိ​နေ​လေသည်-

[သူ​ပြောသွားတာက "သူကအရမ်း​ချောတယ်"လို့မဟုတ်ဖူးလား?]

["သူကအရမ်းငြှို့ဓါတ်ပြင်းတယ်"လို့​ပြောသွားတာပါ ဟုတ်ကဲ့ ကျေးဇူး]

[သူ​ပြောသွားတဲ့တကယ့်စကားက "သူကအရမ်းအံ့သြဖို့​ကောင်းတယ် ​ဖေ​ဖေတို့ကျွန်​တော့်ကိုကူညီပြီး Roadကို​ရွှေလမ်း​​ငွေလမ်း​ဖောက်​ပေးဖို့ ​တောင်းဆိုပါတယ်" မဟုတ်ဖူးလား?]

ထိုကွန်မန့်က Like 6000​ကျော်ဖြင့် ထိပ်ဆုံးကွန်မန့်နေရာကိုဗိုလ်ဆွဲထားပြီး ထိုအ​ရေအတွက်က သူ့ပိုစ့်​အောက်ကကွန်မန့်​ထက်ပင်များ​​​​နေသေးသည်။​

ကျန်းရုန် ​နောက်ဆုံးကreplyကိုမြင်လိုက်ချိန်တွင်​တော့ ​သောက်​နေသည့်အရက်ပါ သီးသွား​​တော့၏။သူ​ခေါင်းကိုငုံ့ချလိုက်ပြီး ပါး​တွေပါနီရဲလာသည်အထိ ​​ချောင်းဆိုး​နေ​တာ​ကြောင့် အနားကဝိုင်းမှာထိုင်​နေသည့် အစ်ကိုကြီး​တွေအုပ်စုကပါလှည့်ကြည့်လာကြ​တော့သည်။

ကျန်းရုန်လက်သုတ်ပုဝါနှင့် ပါးစပ်ကိုခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး အံကြိတ်ကာစာရိုက်​တော့သည်။

[SoftမှSoftအတွက်သီးသန့်ဖန်ကလပ် 1 ကိုစာပြန်လိုက်ပါသည်: လစ်လိုက်​တော့ မင်းအဖေက​ဝေး​ပေါ်ကိုဖျက်ပစ်​တော့မှာ 88]

(88-bye bye, 8ကbāဆို​တော့အသံတူလို့ slangအ​နေနဲ့သုံးကြတာတျုတ်မှာ)

​နောက်တစ်​နေ့မှာ​တော့ StarTV၏ကိုယ်စားလှယ်က သူ့ကိုလာရှာ​လေသည်။

ထိုသူ​ပြောလာသည်က လတ်တ​လောမှာ အထက်ကအုပ်ချုပ်​ရေးပိုင်းက အလွန်အမင်းကိုစည်းကမ်းတင်းကျပ်​နေပြီး အသက်မပြည့်​သေးသည့်က​လေး​တွေကို Streamမလွှင့်​စေဖို့ StarTVကိုအမိန့်​​ပေးလာကာ သတိ​ပေးစာကလည်း ​နောက်ဆုံးကပ်ရက်​လေးမှ​ရောက်လာခြင်းဖြစ်သည်။ထို့​ကြောင့် မ​ပြောမဆိုနဲ့ Livestream room​တွေကို ရုတ်ချည်းထိန်းသိမ်းလိုက်ရခြင်းဖြစ်သည်ဟူ၍။

ကျန်းရုန်ကဖုန်း​ခေါ်သံ​ကြောင့် နိုးလာခြင်းဖြစ်ကာ မျက်လုံးပိတ်ထားရင်းနှင့်ပင် "ခင်ဗျားတို့ရည်ရွယ်ထားတဲ့​ဖြေရှင်းနည်းကိုပဲ ကျွန်​တော့်ကိုတိုက်ရိုက်သာ​ပြောလိုက်ပါ"

"....ဒီလိုမျိုး​​လေ ကိုယ်တို့platformနဲ့မင်းနဲ့ အရင်ကစာချုပ်ချုပ်ထားတာက ၂နှစ်စာအတွက်မလား ဒါဆို ​နောက်လဆိုရင်ပဲစာချုပ်သက်တမ်းကကုန်ပြီ ကိုယ်တို့ဘက်က​တော့ မင်းနဲ့အတူဆက်ပြီးအလုပ်တွဲလုပ်ဖို့ကို စိတ်ဝင်စားတယ်"

ကျန်းရုန် "အို့"ဟု​ရေရွတ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာမှ​ပြောလိုက်သည်။ "ကျွန်​တော်လစာကိုတိုးချင်တယ်"

လွန်ခဲ့သည့်၂နှစ်က သူကပိုက်ဆံကိုအပူတပြင်းလိုအပ်​နေကာ ပရိတ်သတ်ဆိုတာလည်းမရှိသည့် အသက်မပြည့်​သေးတဲ့က​လေး​လေးသာဖြစ်တာ​ကြောင့် Platformက အလွန်အမင်းနည်းသည့်လစာကိုသာ​ပေးခဲ့ပြီး လက်​​ဆောင်ခွဲ​ဝေသည့်ရာခိုင်နှုန်းကလည်း ​သေချာ​ပေါက်မမြင့်​ချေ။

ယခုမူ သူကထိပ်တန်းStreamerထဲကတစ်​ယောက်ဖြစ်ကာ အ​တော်​လေးနာမည်ကြီး​သော်ငြား သူနဲ့လယ်ဗယ်တူသည့်အခြားStreamer​တွေနှင့်ယှဥ်လျှင်​တောင်မှ သူ့ရဲ့ဝင်​ငွေကအ​တော်​လေးနည်းသည်ပင်။

တစ်ဖက်လူကအံ့သြသွားဖို့မ​ပေါ်။
"ဟုတ်ပြီ စာချုပ်ပြန်ပြင်ဆင်တဲ့​နေ့မှပဲ အဲ့အ​ကြောင်း​ပြောကြတာ​ပေါ့ မင်းရဲ့​တောင်းဆိုချက်ကို အထက်ကိုပြန်ပြီးတင်ပြလိုက်ပါ့မယ်"

ကျန်းရုန်​ပြောလာ၏။ "ဟုတ်ကဲ့ ဒါဆိုဖုန်းချလိုက်​တော့မယ်"

"ခဏ​လေး" ကိုယ်စားလှယ်ကသူ့ကိုအလျင်အမြန်ပဲတားလိုက်သည်။ "အခြားကိစ္စကျန်​သေးလို့ပါ"

"ကိုယ်တို့Platformက မကြာခင် LOL team အသစ်တစ်ခုထုတ်ဖို့ပြင်​နေတာ​​လေ လတ်တ​လော​တော့ အရည်အချင်းရှိတဲ့Player​တွေကိုလိုက်​ခေါ်​နေတာ မင်းများစိတ်ဝင်စား​သေးလား? ​​လေ့ကျင့်​ရေးက​တော့ ​နောက်လ​​တွေလောက်ဆိုစ​တော့မှာ နှစ်ပတ်​လောက်​တော့ကြာ...."

"စိတ်မဝင်စားဘူး"ကျန်းရုန်ဖြတ်​ပြောလိုက်သည်။

"ကိုယ်တို့ရဲ့အဖွဲ့က LPLမှာတိုက်ရိုက်ဝင်ပြိုင်လို့ရမှာ ဒုတိယအဆင့်league​ကနေလည်း စပြိုင်​နေစရာမလိုဘူး ​ဘောနပ်စ်ကလည်းညှိနှိုင်းလိူ့ရတယ်" ကိုယ်စားလှယ်ကြီးက​တော့ ကျန်းရုန်စိတ်ယိုင်လာဖို့အတွက် အ​ကောင်းဆုံးကြိုးစား​နေဆဲပင်။ "ပြီး​တော့ မင်းအတွက် Streamingစာချုပ်ဘက်မှာလည်း အချို့လိုက်​လျောမှု​တွေ​ပေးဦးမှာ"

"စိတ်မဝင်စားဘူး ဖုန်းချပြီ"

ကျန်းရုန်သွားတိုက်​နေသည့်အချိန်မှာ​တော့ ရှစ်လျှို့ကဖုန်း​ခေါ်လာပြီး အသင်းကိုJoinဖို့​ပေးလာတဲ့အခွင့်အ​ရေးကိုဘာလို့ငြင်းလိုက်ရတာလဲဟု ​မေးလာသည်။

"သတင်းရတာမြန်လိုက်တာ" ကျန်းရုန် သွားတိုက်​ဆေးအမြုပ်​တွေကို​ထွေးထုတ်လိုက်သည်။ "သူတို့အသင်းကိုစိတ်မဝင်စားလို့"

"မင်းက proကစားဖို့ကိုစိတ်မဝင်စားတာလား?" ရှစ်လျှို့က​ပြောလာ၏။ "ငါမယုံပါဘူး ထိပ်တန်းကစားသမားတိုင်းက​တော့ pro playerအ​နေနဲ့ကစားနိုင်ဖို့ အနည်းနဲ့အများ​တော့​တွေးဖူးကြတာပဲ မင်းလည်းအရင်တုန်းက​သေချာ​ပေါက်​စဥ်းစားဖူးမှာပဲ"

ကျန်းရုန်စပီကာဖွင့်လိုက်ကာ မျက်နှာသစ်လိုက်သည်။ပြန်​တော့မ​ဖြေလိုက်။

"ဖြစ်နိုင်တာက အတိတ်မည်း​​တွေများရှိခဲ့လို့လား?" ရှစ်လျှို့က​လျှောက်ခန့်မှန်း​နေသည်။

"မဟုတ်ပါဘူး"

တကယ်ပဲမဟုတ်​ချေ။သူအစတုန်းက ထိုအ​ကြောင်းမ​တွေးဖူးတာမဟုတ်​ပေမယ့် သူ့ရဲ့ဝင်​ငွေက​တော့အလွန့်အလွန်ကိုရှက်ဖို့​ကောင်း​လေသည်။​သင်တန်းသားတစ်​ယောက်က တစ်လမှာယွမ်800​လောက်သာရပြီး စားဖို့​​သောက်ဖို့နှင့်အိမ်ငှားခပင်မ​လောက်​ချေ။ထိုပိုက်ဆံ​လောက်က သူ့အဖိုးရဲ့တစ်လစာ​ဆေးဖိုးအတွက်ပင်မလုံ​လောက်။

"ဒါဆိုဘာလို့မစမ်းကြည့်တာတုန်း?အခုဆို စာချုပ်​တွေကလည်း ၂နှစ်စာ​လောက်အတွက်ပဲ အချို့ဆိုတစ်နှစ်အတွက်ဆိုတာ​တောင်ရှိတယ် မင်း​ကောင်း​ကောင်းကစားနိုင်ပြီး ရလဒ်​ကောင်း​တွေရမယ်လို့ငါယုံတယ် တကယ်လို့အဆင်မ​ပြေ​တော့လည်း အနားယူလိုက်တာ​ပေါ့ အဲ့လိုသာဆို Streamingဘက်မှာမင်းရဲ့​အောင်မြင်မှုကလည်း အခုထက်နှစ်ဆဖြစ်သွား​တော့မှာ"

ရှစ်လျှို့ကခဏရပ်သွားပြီးမှ "တကယ်​တော့ မင်းနဲ့စာချုပ်,ချုပ်ချင်​နေတဲ့အသင်းတစ်သင်းကိုငါသိတယ် အရင်ဆုံးမင်းသူတို့နဲ့သွား​လေ့ကျင့်ကြည့်ပြီး အဆင်​ပြေခဲ့ရင်​တော့ သူတို့အတွက်ကစား​ပေးလိုက်​ပေါ့ အဲ့လိုမဟုတ်ဖူးဆိုရင်လည်း ဒီတိုင်းပြန်လာရုံပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီလ​တွေမှာမင်းကလည်း​လေလွင့်​နေဦးမှာဆို​တော့ အပိုပိုက်ဆံရှာတယ်လို့ပဲသ​ဘောထားကြည့်လိုက်ပါလား"

"မလိုဘူး ​ကျေးဇူးပဲ" ​ရေကျ​နေသံကအရမ်းကိုကျယ်လွန်းသည်မို့ ရှစ်လျှို့​ပြောသွားသည့်​နောက်ဆုံးအပိုင်းကို ​သေချာမကြားလိုက်ရ​ချေ။သူပုဝါတစ်ခုကိုဆွဲထုတ်ကာ မျက်နှာကိုသုတ်လိုက်ပြီး သူ့​လေသံက​တော့မပီမသနှင့်။ "အဲ့လိုအသင်း​တွေကိုမသွားချင်ဘူး"

ရှစ်လျှို့က​နောက်ထပ်အခြားအ​ကြောင်း​တွေကိုလည်း​ပြောသွား​သေးသည်။ဖုန်းမချခင်ခဏမှာ သူက​မေး၏။ "မင်းသွားချင်တဲ့အသင်း​ရောမရှိဘူးလား?"

ချက်ချင်းဆိုသလိုပဲ သူ့မှတ်ဥာဏ်​တွေရဲ့အနက်ရှိုင်းဆုံးတစ်​နေရာက ပုံရိပ်တစ်ချို့ကခပ်​ရေး​ရေး​ပေါ်လာ၏။လူတစ်​ယောက်ရဲ့မျက်နှာနှင့်အတူ ထိူလူသူ့ကို​ပေးခဲ့သည့်လက်မှတ်တစ်​​စောင်က ကျန်းရုန်စိတ်အာရုံကိုဖြတ်တိုက်သွားသည်။

လတ်မှတ်ကထိုသူရဲ့အိတ်ကပ်ထဲမှာ အချိန်အကြာကြီးရှိ​နေခဲ့ပုံ​ပေါ်ကာ အ​ရေးအ​ကြောင်းတစ်ချို့ပင်​ပေါ်​နေပြီဖြစ်သည်။

ဖုန်းချပြီးသည်နှင့် ကျန်းရုန်သူ့မျက်နှာကိုပုဝါနှင့် ထပ်ပွတ်မိပြန်၏။အချိန်အကြာကြီး​နေမှပဲ သူ့အိပ်ရာရှိရာဆီဝင်သွားနိုင်သည်။

ထို့​နောက်မှာ​တော့ သူကမနက်စာစားရန် သူ့ရဲ့တိုက်ခန်းဆီက​နေထွက်လာခဲ့သည်။

​နေ​ရောင်ခြည်ကဖြာကျ​နေကာ ကျန်းရုန် သူ့စွပ်ပြုတ်ကို​ခေါင်းငုံ့ပြီး​သောက်ရန်ပြင်လိုက်ပေမယ့် သူ့​ဘေးကဖြတ်သွားသည့်တစ်​ယောက်က စားပွဲခုံကိုဝင်တိုက်မိသည့်အတွက် စွပ်ပြုတ်အရည်တစ်ချို့က သူ့ဦးထုပ်ကိုလာစင်ကုန်​တော့သည်။

တစ်ဖက်လူက သူ့ကိုအကြိမ်ကြိမ်​တောင်းပန်​နေကာ ကျန်းရုန်ဦးထုပ်ကိုချွတ်၍ မျက်လွှာချကာကြည့်လိုက်​တော့ သူ့လိုပဲစွပ်ပြုတ်ရည်​တွေ​ပေ​နေသည့် Roadကိုမြင်လိုက်ရ​လေသည်။အချိန်အကြာကြီး​​နေပြီးမှ ​နောက်ဆုံး​တော့သူ​ပြောလိုက်နိုင်သည်။ "ရပါတယ်"

___

ည​နေခင်းမှာ တင်း​ကောbaseကိုပြန်လာပြီး ဆိုဖာ​ပေါ်ထိုင်ကာဂိမ်းကစား​နေသည့်လူဆီကို တည့်တည့်​လျှောက်သွား​လေသည်။

"သတင်းဆိုးနှစ်ခုရှိတယ် ဘယ်ဟာအရင်နား​ထောင်ချင်လဲ?"

လု​​ပေါယွမ်က ကျွမ်းကျင်ပိုင်နိုင်စွာဂိမ်းစက်ကိုထိန်းချုပ်​နေရင်း ​မော့မကြည့်ပဲ​ပြောလာသည်။
"အဆိုးဆုံးတစ်ခု"

"SaviorကPUDကို​ရွေးသွားတယ်" တင်းကောက​ပြောပြလာသည်။ "PUDရဲ့သူ​ဌေးကရူးသွားပြီး​တော့ ​အဲ့​လောက်များတဲ့ပမာဏကို​ပေးလိုက်တာ​လေ ငါတို့က​တော့ Saviorကအဲ့ပမာဏနဲ့မတန်ဘူးထင်လို့ လက်လွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်"

လု​ပေါယွမ်က သ​ဘောတူ​ကြောင်းအသံပြုပြီး ​ရှောင်ပိုင်ငါးကြိမ်ကြိမ်တိုင်တိုင် တိုက်ခိုက်လို့မရခဲ့သည့် final bossအား လှလှပပ​ချေမှုန်းလိုက်သည်။ "​နောက်တစ်ခုက​ရော?"

"ငါတစ်​ယောက်ကိုသွား​မေးခိုင်းတာ Softကpro playerအ​နေနဲ့ကစားဖို့ အစီအစဥ်မရှိဘူးတဲ့"

လု​ပေါယွမ်မျက်လွှာချကာ ဘာမှထပ်မ​ပြော​တော့။

ဂိမ်းထဲကကာရိုက်တာ​လေးက ခဏရပ်သွားကာ ​နောက်ထပ်checkpointတစ်ခုကို ခုန်ကူးသွား၏။

"ငါကအစကတည်းကသူ့ကိုသိပ်မ​မျှော်လင့်ထားတာ သူသာကစားချင်တယ်ဆိုမှ​တော့ လွန်ခဲ့တဲ့၂နှစ်​လောက်ကတည်းက ဒီ​လောကထဲ​ရောက်​နေ​လောက်ပြီ​ပေါ့"

တင်း​ကောကသူ့​ဘေးမှာထိုင်ချလိုက်သည်။ "ငါနည်းနည်းပါးပါး​​လျှောက်​မေးကြည့်​သေးတယ် အရင်တုန်းက သူက​ငွေလို​နေ​တော့ StarTVနဲ့အ​တော်​လေးမမျှမတနိုင်တဲ့စာချုပ်,ချုပ်ထားတာ ဒီတစ်​ခေါက် သူသာစာချုပ်ပြန်ပြင်မယ်ဆိုရင် သူ့ရဲ့​ဘောနပ်စ်က​ထိုးတက်သွား​လောက်တယ် ပြီး​တော့ အဲ့တာကမှ pro playerအ​နေနဲ့ကစားဖို့ လမ်း​ကြောင်း​ပြောင်းတာထက် ပို​ကောင်းတယ်​လေ ဘယ်လိုပဲသူ​ကောင်း​ကောင်းကစားနိုင်ပါ​စေ သူကလူသစ်တစ်​ယောက်ရဲ့စာချုပ်ပဲချုပ်ရမှာ"

သူ့ရဲ့ဖုန်းကအသံမြည်လာ၏။လု​ပေါယွမ်နည်းနည်း​လောက်ထပ်ကစားပြီးမှ ဂိမ်းကိုရပ်ကာသွားကြည့်လိုက်သည်။

ထိုအရာက QQမှဝင်လာသည့်emailတစ်​စောင်ဖြစ်​နေသည်။

တင်း​ကော: "​မေ့လိုက်​တော့ သူ့ကို​ရွေးမယ်ဆိုရင်လည်း စွန့်စားလွန်းရာကျတယ် pro arenaမှာ သူ့ပုံစံကမသင့်​တော်ဘူး"

အစက​တော့ လု​ပေါယွမ် email notiကိုဖယ်လိုက်​တော့မလို့ပေမယ့် မ​တော်တဆနှိပ်မိသွားသည်။သူဖြတ်ခနဲကြည့်လိုက်​တော့ emailရဲ့အ​ကြောင်းအစာက စာနှစ်လုံးသာပါ၏။

[အလုပ်အကိုင်ရှာ​ဖွေ​နေပါသည်]

သူ့ရဲ့ inboxထဲမှာ spam​တွေကအများအပြားမို့ လု​ပေါယွမ် "select all"ကိုနှိပ်ကာ အားလုံးကိုရှင်းပစ်​တော့မည့်အချိန်မှာပဲ ထိုemail​​တွေထဲကတစ်ခု၏ previewကိုမြင်သွား​တော့သည်။

တင်း​ကောကသက်ပြင်းချလိုက်၏။ "​ရှောင်ပိုင်​ပြောတာ​တော့ သူကမင်းပရိတ်သတ်တဲ့ အဲ့​တော့ ငါ​တွေးလိုက်တာက သူအနည်းဆုံး​တော့စဥ်းစား​ပေး​လောက်တယ်​ပေါ့ မထင်ထားပဲ သူကငါတို့ကိုတိုက်ရိုက်ကြီးငြင်းချလိုက်ပြီး ​ဆွေး​နွေးဖို့​တောင်အခွင့်အ​ရေးမ​ပေးဘူးလို့​လေ ထားလိုက်ပါ​တော့ ​နောက်ဆို​လျှောက်ခန့်မှန်းတာ​တွေကို​လျှော့လိုက်​တော့မယ်...."

"မလိုဘူး" လု​ပေါယွမ်ကသူ့ကိုဖြတ်​ပြောလိုက်သည်။

တင်း​ကော​ခေါင်းရှုပ်သွားပြီး လှမ်းကြည့်လိုက်​တော့ လု​ပေါယွမ်က​ခေါင်းငုံ့ကာ အီး​မေးလ်​တွေကိုဖတ်နေသည်။

​အောက်ဆုံးထိဖတ်ပြီးသွားချိန်မှာ​တော့ လု​ပေါယွမ်ကမသိမသာပြုံးလာသည်။သူက သူ့ဖုန်းကိုတင်း​ကောဆီ​ပေးလိုက်ပြီး ဂိမ်းစက်ကိုပြန်ကိုင်ကာဆက်​ကစားနေ​လေ၏။

တင်း​​ကောဖုန်းကိုအမြန်ဖမ်းလိုက်ပြီး သိချင်စိတ်​ကြောင့်ကြည့်လိုက်မိ​တော့-

[အလုပ်အကိုင်ရှာ​ဖွေ​နေပါသည်]

အမည်:ကျန်းရုန်
လိင်:​ယောကျာ်း
အသက်:၁၇
အရပ်:၁၇၅စင်တီမီတာ
အလေးချိန်:၅၇ကီလိုဂရမ်

....

ID: Soft

ကျွမ်းကျင်မှုအဆင့်:Korea Server ၏ Challenger tierတွင် Ranked 4အထိရဖူး၊ နိုင်ငံတွင်းဆာဗာ၏ Challenger tierတွင် နံပါတ်တစ်ဖြစ်ဖူး။

​လျှောက်ထားလိုသည်က:TTC Esport Club's LOL branch - Mid Laner

___

ဒီ​နေ့လည်းအိပ်ချင်မူးတူး againပါပဲ🙏🏾
​ရှေ့အပိုင်း​တွေမှာနည်းနည်းလွဲ​နေတာ​တွေရှိမှန်း ဒီအပိုင်းမှသတိပြုမိတယ် ​သွေ့ပုချီခ ပြန်ပြင်မှာပါ​နော်!

ပြီး​တော့ ရုန်ရုန်က5'9"ပါလို့ cmနဲ့ဆိုအချို့ကလည်သွားကြလို့♡

Continue Reading

You'll Also Like

48.8K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
255K 10K 29
ကြယ်နဲ့လက ဘယ်တော့မှမခွဲသလို မင်းနဲ့တို့လည်း...
243K 26.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ