Unicode
ယင်ရှန်းက သာမန်ရုပ်ရည်ရှိတဲ့ လူတစ်ယောက်။
ဖြတ်သွားဖြတ်လာလူအုပ်ထဲ ပစ်ထည့်လိုက်မယ်ဆိုရင် ရှာမတွေ့နိုင်တော့မယ့်လူမျိုး။
မိဘတွေက ကွာရှင်းထားကြပြီး မိသားစုပြဿနာတွေက သူ့ရဲ့ မှုန်မှိုင်းမှိုင်းနဲ့ ကမ္ဘာကြီးကို ငြီးငွေ့နေသော စရိုက်ကို ဖြစ်လာစေသည်။
ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာတော့ သူတစ်ယောက်တည်း အခန်းထဲမှာ ရှိနေခဲ့သည်။
ဒါကြောင့်လည်း သူက ရုတ်တရက်ဖြစ်လာသော ကပ်ဆိုးဘေးမှ လွတ်မြောက်ခဲ့တာပင်။
ဒါပေမယ့် စားနပ်ရိက္ခာအတွက်တော့ အပြင်ထွက်ရပေသည်။
တကယ်တော့ ယင်ရှန်းက ဇွန်ဘီတွေအပေါ် မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေ။
သူတကယ်ကြောက်တာက လူသားတွေ ဖြစ်ပါ၏။
ထိုလူသားတွေက အရူးတွေလိုပင်။
ဇွန်ဘီဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ဖမ်းမိရင် သတ်ပစ်လိုက်သည်။
အဲ့နေ့ ယင်ရှန်း အပြင်ထွက်ပြီး သူကိုယ်တာအတွက် ရိက္ခာစုဆောင်းနေတုန်း အခက်အခဲကြားမှ ပေါင်မုန့်နှစ်ခုကို ရှာဖွေတွေ့ခဲ့ပြီး ရှာတွေ့ခြင်းခံလိုက်ရသည်။
ထိုလူသားတွေက သူ့ပစ္စည်းကို အပြေးအလွှား လာရောက်လုယက်ကြတော့၏။
ကလေးတွေဖြစ်နေတာတောင်မှ အစားအစာအတွက် သူ့ကို ရက်စက်စွာကိုက်နိုင်သောကြောင့် သူ့လက်ထဲက ပေါင်မုန့်ကို လက်လွတ်ဖို့ ဖိအားပေးခံလိုက်ရသည်။
အဲ့အချိန်မှာပဲ ထိုလူတွေသာ သူ့ကို မမြင်နိုင်တော့ရင် ကောင်းမည်ဟု ယင်ရှန်းတွေးမိလိုက်၏။
ထိုအချိန်က သူ့ရဲ့ဆန္ဒ ဘယ်လောက်ပြင်းပြသည်ကို မသိသော်လည်း သူပျောက်ကွယ်သွားကိုတော့ သူတစ်ယောက်တည်း သူနေခဲ့သည် ။
ထိုလူတွေက သူ့ကို မမြင်နိုင်တော့ပဲ ခေါင်းမပါတဲ့ ယင်ကောင်တွေလိုမျိုး လှည့်ပတ်ရှာဖွေနေကြသည်။
ယင်ရှန်းက သူတို့ရဲ့ အထောက်အပံ့ အားလုံးကိုယူလိုက်ပြီး တံခါးဖွင့်ကာ ဇွန်ဘီတွေကို အထဲဝင်စေလိုက်၏။
ထိုလူများက ထိတ်ထိတ်ပျာပျာ ၊ ဝမ်းနည်းဖွယ်ရာ အော်ဟစ်နေကြသည်မှာ ဝမ်းနည်းဖွယ်ရာ ဇွန်ဘီများလိုပင်။ ခြံခတ်ထားသော ဇွန်ဘီများကြားထဲ လှည့်ပတ်ပြေးနေကြသည်။
ဒါပေမယ့် ဇွန်ဘီပါးစပ်မှ လွတ်လမ်း မရှိနိုင်သေး။
ထိုမြင်ကွင်းကို ကြည့်နေတဲ့ ယင်ရှန်းက ပြုံးပြုံးဖြဲဖြဲဖြင့် ရယ်မောနေတော့သည်။
ရယ်စရာ ကောင်းလိုက်တာ။
လူတွေကို သတ်တာက ဇွန်ဘီတွေကို သတ်တာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာပဲ။
အဲ့ကတည်းက သူ့ရဲ့စရိုက်က လုံးလုံးလျားလျား လွဲချော်သွားခဲ့သည်။
သူက ဒီကမ္ဘာပျက်ကပ်ကြီးရဲ့ အရှင်သခင်ဖြစ်နေပြီဟု ခံစားမိနေတော့၏။
သူက အရာရာတိုင်းကို ထိန်းချုပ်ထားနိုင်နေသည်။
အခု အိပ်ရာထဲ၌ အဖမ်းခံလိုက်ရပြီး ရက်ရက်စက်စက် အရိုက်ခံလိုက်ရသော်လည်း ဒီလူတွေက သူ့လက်ခုပ်ထဲက လုံးဝ မလွတ်မြောက်နိုင်ဟု ယင်ရှန်း သိနေခဲ့သည်။
"သေချာတယ်၊ အဲ့ဒါ မင်းပဲ"
နီးယန်က မျက်ခုံးတွန့်လိုက်ပြီး အိပ်ရာကို ဆွဲဖွင့်လိုက်သည်။
သွေးထွက်အောင် ရိုက်ခံထားရတဲ့ ယင်ရှန်းက အိပ်ရာထဲမှ ထထိုင်လိုက်ပြီး အတိတ်နိမိတ်မကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။
ယခုတွင် နီးယန်က သူ့မျက်နှာကို စုတ်ဖြဲပြီး ဟန်ဆောင်မှုကို ရပ်တန့်စေလိုက်သည်။
အချိန်က အရေးတကြီး ဖြစ်နေတော့ သူမက သူ့ကို ဖမ်းဆွဲလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။"ကျောက်မီးသွေးနယ်မြေက ကားတစ်စီးကို အပိုင်သိမ်းခဲ့တာလား၊ စွမ်းအားရှင်နှစ်ယောက်ရော အဲ့ကားထဲမှာ ရှိလား?"
ယင်ရှန်းမျက်နှာတွင်က အကြောက်တရား ရှိမနေ၊ သူက ပြန်ပြောလာ၏။" မင်းက ကျောက်မီးသွေးနယ်မြေက လာတာလား?ကျောက်မီးသွေးနယ်မြေမှာ လျှပ်စီးမိုးကြိုးစွမ်းရည်နဲ့ သဘာဝလွန် စွမ်းအားရှင် တစ်ယောက်ရှိတယ်လို့ ငါကြားမိတယ်၊ သူမက အမျိုးသမီးတစ်ယောက်လည်း ဖြစ်သေးတယ်တဲ့၊ အဲ့ဒါ မင်းကိုး"
ဒီအချက်တွင်တော့ ယင်ရှန်း၏ အပြုံးက ထူးဆန်းလာ၏။ "မင်း ငါ့ကို ဖမ်းရင်တောင် ... မင်းတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ရွာလုံးက ငါတို့အပိုင်လေ။ မင်းတို့က အရိုးပြာအိုးထဲက ပင်လယ်လိပ်သာသာပဲ"
{လိပ်ကို အိုးထဲတွင်ဖမ်းထားပြီး ၊ နောက်ပိုင်း ငါလိုချင်တဲ့ အရာဟာ ငါ့ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေပြီ ဟု ဆိုလိုပါသည်တဲ့}
ကလစ် ဟူသော အသံနှင့်အတူ တံခါးက ရုတ်ခြည်းပွင့်လာသည်။
ဖန်မိုင်းက တံခါး၌ပေါ်လာ၏။
အန်ကယ်ဆယ်ယောက်က သူမနောက်တွင်ရပ်နေကြသည်။
အခန်းထဲက လူငါးယောက်ကို လှမ်းကြည့်လိုက်ကြ၏။
ယင်ရှန်းက ပြုံးပြီး ပြောလာသည်။"ကြည့်ဦး၊ သူတို့က ဒီမှာပဲ"
အန်ကယ်ဆယ်ယောက်က ခပ်မြန်မြန်ပဲ ရှေ့တိုး ရောက်လာကြသည်။
အသေခံတပ်စုရဲ့ ခေါင်းဆောင်ကဲ့သို့သော စုရွမ်ရွမ်က ချက်ချင်းပြောလာ၏။ ကျွန်မ အရင်ပြေးတော့မယ်၊ ရှင်တို့ နောက်မှပြေးတော့!
သူမ ကျရှုံးသွား၏။
သူတို့အားလုံး အခန်းထဲတွင် ပိတ်ဆို့ခံလိုက်ရပြီး ယင်ရှန်းပြောသလိုပဲ အရိုးပြာအိုးထဲက လိပ် ဖြစ်သွားတော့သည်။
ဖန်မိုင်းက သန်မာပုံမရ၊ သူမက အနေရခက်နေပြီး မည်သည့်စွမ်းအားမှ ရှိမနေသလို။
သာမန် ကျေးလတ်သူ အမျိုးသမီးနှင့်သာ တူနေ၏။
ဒါပေမယ့် ဒီအခိုက်အတန့်တွင်တော့ သူမရဲ့အသံက ထူးဆန်းသည့် အသံဩဇာတစ်ခု ရှိနေသည်။
ကျောက်ဆောင် ကျောက်တန်းတွေပေါ်က ရေသူမလေးက တွန်ကျူးကာ ညို့ယူဖျားယောင်းနေသကဲ့သို့၊ လှေကို ကျောက်တန်းဆီ ဆိုက်ကပ်ဖို့ လှပသော သီဆိုသံကို အသုံးပြုကာ လမ်းညွှန်နေသကဲ့သို့ မှော်ဆန်ဆန် နှစ်မြုပ်ခြင်းတစ်ခု ရှိနေပုံရသည်။ လူများအား အသူတရာ ချောက်နက်ထဲသို့ ဆွဲချသွား၏။
နီးယန်က အမြဲတမ်း ဒီလူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး လူတိုင်း၏ လုံခြုံမှုကို ကာကွယ်နေစဉ်တွင် သူမညီမကို ရှာဖွေကယ်ဆယ်ဖို့ မျှော်လင့်ခဲ့ပါသည်။
ဒါပေမယ့် အခုတော့ ဒီနေရာက ထိန်းချုပ်မှု အပြင်ဘက်မှာ ရှိနေပုံရ၏။
နီးယန် ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
ဖန်မိုင်းက သိသိသာသာကို ယင်ရှန်းထက်ပိုပြီး အန္တရာယ်မျာပေ၏။
"သတ်ပစ်! သူတို့အားလုံးကို သတ်ပစ်!"
ယင်ရှန်းက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူပြောနေချိန်တွင် သူ့သွားများက ကြွေကျသွားတာကြောင့် လေယိုစိမ့်မှု တချို့ရှိနေ၏။
နီးယန် သေနတ်နဲ့ ပစ်ချင်ပေမယ့် သူမက သေနတ်ပင် မမြှောက်နိုင်ကြောင်း တွေ့လိုက်ရသည်။
"ရှင်က ဖြောင့်မတ်တဲ့ စစ်သားတစ်ယောက်ပဲ၊ ရှင့်ရဲ့ ကတိသစ္စာကို လိုက်နာတယ် ... ဒါပေမယ့် ကမ္ဘာပျက်ကပ်အချိန်ရဲ့ တစ်နေ့မှာတော့ ရှင့်ရဲ့ ကတိသစ္စာကို ပစ်ပယ်လိုက်လိမ့်မယ် ... "ဖန်မိုင်းက ရှောင်ယွီအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ အမှောင်ထဲတွင် အသံက ငရဲမှ ရောက်လာသကဲ့သို့၊ သကာရည်ထဲတွင် ထုပ်ပိုးထားသော ဆီးနှင်းခဲ အဆိပ် ကဲ့သို့ပင်။
ရှောင်ယွီ တစ်ချက်ကြည့်လိုက်ပေမယ့် သူ့ခေါင်းက အတော်လေး ရှုပ်ထွေးနေသလို ခံစားရပြီး သေနတ်ကိုတောင်မှ မကိုင်ထားနိုင်တော့ပေ။
"ကလစ်" ဟူသော အသံနှင့်အတူ သေနတ်က ကြမ်းပြင်ပေါ်သို့ ရိုက်ခတ်ကျဆင်းသွား၏။
ရှောင်ယွီသည် ဒူးထောက်ကျသွားပြီး အလွန်အမင်း မောပမ်းနွမ်းနယ်နေသကဲ့သို့ မျက်လုံးများ ပိတ်ကျသွားလေသည်။
အရပ်မြင့်မြင့်ခန္ဓာကိုယ်က တောင်ကုန်းတစ်ခုလိုမျိုး အနည်းငယ် ကွေးညွတ်သွားပြီး ကျောက်ဆစ်ရုပ်ကဲ့သို့ တိတ်တဆိတ် လဲကျသွားတော့၏။
ဒီပြောင်းလဲမှုက အခန်းထဲက လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။
နီးယန် စကားပြောချင်ပေမယ့် သူမမှာ မည်သည့်အသံမှ မထွက်နိုင်တော့ကြောင်း သိလိုက်ရသည်။
ခဲအိုဆယ်ယောက်နှင့် ယင်ရှန်းသာလျှင် သူတို့မျက်နှာပေါ်တွင် ကြောက်စရာအပြုံးများ ရှိနေပြီး ဒီလိုအခြေအနေကို နေသားတကျ ဖြစ်နေပုံရသည်။
ဖန်မိုင်းက နီးယန်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်၏။ သူမအသံက နွေဦးလေပြေလေးကဲ့သို့ နူးညံ့ညင်သာနေသည်။ သို့သော်လည်း အမှန်တရားကတော့ သူမနှလုံးသားကို ထိုးဖောက်သွားသော ဓားတစ်လက်ဖြစ်ပေ၏။"ရှင်က အရမ်း ကြံ့ခိုင် ဖျတ်လတ်တဲ့ အမျိုးသမီးပဲ၊ နောက်ဆုံးနေ့တွေမှာ လွှမ်းမိုးခြယ်လှယ်နိုင်တယ်၊ ဒါပေမယ့် ရှင့်မှာ အားနည်းချက်တစ်ခု ရှိတာပဲ။ ရှင့်ညီမလေးက ....."
နီးယန်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူမရဲ့ အရပ်မြင့်မြင့် ပုံရိပ်က ရှေ့သို့ လွှားကနဲ ခုန်သွားသော်လည်း ပြင်းထန်သင့်သော လှုပ်ရှားမှုက အင်အားမရှိသလိုမျိုး ကြမ်းပြင်ပေါ်တွင် ရုန်းကန်နေရသည်။
သူမမျက်လုံးများ နီရဲလာပြီး ထူးဆန်းသော နတ်ဆိုး သီဆိုသံကဲ့သို့သော ဖန်မိုင်းရဲ့ အသံကြား မျက်လုံးများ တဖြည်းဖြည်း ပိတ်ကျသွားသည်။
"မင်းတို့..."
ဖန်မိုင်းခေါင်းလှည့်လိုက်ပြီး စုရွမ်ရွမ်နဲ့ လုရှီမင်ကို ကြည့်လိုက်သည်။
အဆုံးမရှိသော အိမ်မက်ဆိုး ၊ ရက်စက်ကြမ်းကြုတ်သော အသူတရာ ချောက်နက်လို့ ခေါ်သည့်ထဲသို့ ကျရောက်သွား၏။
သူမ လက်မြောက်လိုက်တော့ ဖြည်းဖြည်းချင်းလဲကျသွားပြီး နတ်ဆိုးရဲ့ စကားသံတိုးတိုးလိုမျိုး ရေရွတ်လိုက်သည်။ "အိပ်တော့ "
ထောင့်နားက လုရှီမင်က လက်မြှောက်လိုက်ကာ သူ့လက်မောင်းထဲ လဲပြိုကျလာတဲ့ စုရွမ်ရွမ်ကိုကာကွယ်ပေးလိုက်ပြီး ဖန်မိုင်းဆီသို့ လေးလေးနက်နက် တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် နောက်ဆုံးတော့ သူက စောင်ခြုံပြီး ကုတင်ပေါ် လှဲချလိုက်တော့၏။
******
ရှောင်ယွီက အရှုပ်အထွေးတွေကြား လမ်းလျောက် နေသည်။
အရှေ့မှ အလင်းရောင်တစ်ခု မြင်လိုက်ရ၏။
ရင်းနှီးကာ လိုက်လှဲပျူငှာသော အသံတစ်ခုက လူတစ်ယောက်ဆီမှ ထွက်ပေါ်လာသည်။
"ဗိုလ်ကြီးရှောင်၊ ဒီကိုလာပါဦး!"
ရှောင်ယွီကြည့်လိုက်တော့ သူ့ညီကိုကောင်း၏ မျက်နှာကို မြင်လိုက်ရ၏။
သူတို့အားလုံး သေပြီမဟုတ်ဘူးလား?
ရှောင်ယွီက ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။
သူမြင်ရတဲ့ မျက်နှာတွေက မှုန်ဝါးဝါး ဖြစ်နေပြီး တရင်းတနှီးရှိနေ၏။
သူ့အသိစိတ်က တွေဝေနစ်မွန်းလာသည်။
သူတွေးမိသွား၏။ဒါဆို လူတိုင်း မသေခဲ့ဘူးပေါ့။
ကမ္ဘာပျက်ကပ်နေ့ဆိုတာ အားလုံးအတုတွေပဲလား။
ရှောင်ယွီရဲ့ ပြတ်သားသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သူက စစ်သားများဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်၏။
လူတိုင်းက အလျင်စလို စကားစမြည်းပြောနေကြပြီး အားလုံးက နေ့စဉ် တိုင်ကြားချက်များနှင့် ယောကျာ်းများကြား အကျွမ်းဝင်နေသော ဟာသများ ဖြစ်သည်။
ရှောင်ယွီရဲ့ နှလုံးသားက ပိုပိုပြီး စိတ်အေးချမ်းသာ ရှိလာ၏။
Eschatology က တကယ့်ကို အတုကြီးပဲ။
{ eschatology- သေခြင်း ၊ တရားစီရင်ခြင်းနှင့် ဝိဉာဉ်နှင့် လူသားတို့၏ နောက်ဆုံးသော ကံကြမ္မာနှင့် သက်ဆိုင်သော ဓမ္မပညာ အစိတ်အပိုင်း}
"ဗိုလ်ကြီးရှောင်၊ ရှေ့က ဗင်ကား ထဲမှာ မတော်တဆ တစ်ခု ဖြစ်တယ်လို့ ကြားမိတယ်၊ ဒါကြောင့် ဒါကိုဖြေရှင်းဖို့ ကျွန်တော်တို့ တာဝန်ယူသင့်တယ်"
တစ်စုံတစ်ယောက်က သတင်းပေး တင်ပြလာ၏။
ရှောင်ယွီ ခေါင်းညိတ်လိုက်ပြီး ၀င်ရောက်ပါဝလိုက်သည်။
မောင်းနှင်နေစဉ်တွင်း ဗင်ကားက အကာအရံကို ဝင်တိုက်မိပြီး ချောက်ထဲပြုတ်ကျလုနီးနီး ဖြစ်နေသည်။
ဗင်ကာ၏ ဝန်ပိုမှုကြောင့် ဖြစ်ရတာလို့ ကြားမိ၏။
ခေါင်းဆောင်ဖြစ်တဲ့ ရှောင်ယွီက အဖွဲ့သားများ၏ ဖျောင်းဖျ တားမြစ်ခြင်းအား ဂရုမထားဘဲ လုံခြုံရေး ကြိုးဖြင့် ချည်နှောင်ကာ ချောက်ကမ်းပါးသို့ ခေါင်းစိုက်နေပြီဖြစ်သော ဗင်ကား အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
"ကလစ် ၊ ကလစ်..." ဗင်ကားက ထိုးကျလာ၏။
ရှောင်ယွီ သတိပေးလိုက်သည်။"မလှုပ်နဲ့ ၊ မလှုပ်နဲ့ ! အခု အန္တရာယ်ရှိနေတယ်! မလှုပ်ရှားနဲ့!"
သို့သော်လည်း အကျိုးသက်ရောက်မှု က ပိုကျယ်လာပြီး ဗင်ကား ပြုတ်ကျသွား၏။
ရှောင်ယွီက အရှိန်မြှင့်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
သူက ဗင်ကား အနီးသို့ ချဉ်းကပ်သွားပြီး ပုံပျက်နေသော နောက်ခန်းကို ဖွင့်ရန် သူ့လက်ထဲက ကိရိယာများကို အသုံးပြုလိုက်၏။
လက်တစ်ဖက် ဆန့်ထွက်လာ၏။
ရှောင်ယွီက အဲ့လက်ကို ဆွဲလိုက်ပြီး လူကို အပြင်ဘက် ဆွဲထုတ်လိုက်သည်။
"သတ်၊ သတ် ..."
ထိုလူက ရှောင်ယွီကို တွန်းထုတ်လိုက်ပြီး ရှေ့သို့ ပြေးသွားသည်။
ဗင်ကားထဲက လူတွေက အစုလိုက်အပြုံလိုက်ကြီး တိုးထွက်လာပြီး ရှောင်ယွီကို တိုးမိကုန်သည်။
သူက ချော်ကျသွားပြီး ကျောက်အစအနတွေကျလာကာ ချောက်ကမ်းပါးမှ မီတာဝက်သာလျှင်ဝေးတော့သည်။
ကံကောင်းထောက်မစွာ စစ်သားများက သူ့ကို ဖမ်းမိလိုက်၏။
"ဗိုလ်ကြီး!"
"အဆင်ပြေတယ်၊ မလာနဲ့"
ရှောင်ယွီက အဖွဲ့ဝင်တွေကို အန္တရာယ်မဖြစ်အောင် တားလိုက်ပြီး ဗင်ကားထဲကို ကြည့်လိုက်သည်။
မျက်နှာပေါ်တွင် သွေးစွန်းနေသော လူတစ်ဦးနှင့် ဝါးစားနေသော လူတစ်ဦး ရှိနေ၏။
ရှောင်ယွီရဲ့ မျက်နှာ အမူအရာက နှစ်မြုပ်သွားသည်။"လူတိုင်း မထိတ်လန့်ကြပါနဲ့!"
ရှောင်ယွီက သေနတ် မြှောက်ပြီး ထိုလူကို ချိန်လိုက်သည်။
ဗင်ကားထဲတွင် တင်ဆောင်ထားသော လူဒါဇင်ကျော်မှာ လွတ်မြောက်ပြီးနောက် စစ်သားများ နောက်တွင် ပုန်းနေကြသည်။
သွေးစွန်းနေတဲ့လူက သူ့လက်ထဲက အလောင်းကောင်ကို လွှတ်ပစ်လိုက်ပြီး တွားသွားထွက်လာ၏။
သို့သော်လည်း ဗင်ကားက အလွန်အန္တရာယ်များသော အမြင့်သို့ စောင်းနေပြီ ဖြစ်သောကြောင့် ဗင်ကားရဲ့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရကာ ချောက်ကမ်းပါးသို့ ပြုတ်ကျသွားတော့သည်။
ရှောင်ယွီသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ တလှမ်း တိုးပြီးနောက် မဝေးသော နေရာတွင် ချိတ်ဆွဲနေတဲ့လူကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။သူ့ရဲ့ခြေလက်များကို ကောက်ကွေးကာ ခြေလေးချောင်း ပင့်ကူကဲ့သို့ တက်လာ၏။
ဒီလို ပြုတ်ကျပြီး မသေတာက ဘယ်လိုဖြစ်နိုင်မှာလဲ ...
" ဗိုလ်ကြီး၊ လူတချို့က အဆင်မပြေကြဘူး!"
"ဆေးရုံအရင်ပို့လိုက်!"
ရှောင်ယွီက သူ့သံသယကို ဘေးချိတ်ထားလိုက်ပြီး ချက်ချင်းပဲ နောက်ဆက်တွဲကို စတင် ဖြေရှင်းလိုက်သည်။
ဆေးရုံသွားတဲ့လမ်းတွင် အပြင်ဘက်၌ ရှုပ်ထွေးနေကြ၏။
ယာဉ်ကြောပိတ်ဆို့မှုများ၊ ဆူညံပြီး ရူးသွပ်နေသောသူများ နေရာတိုင်းပြည့်ကျပ်နေကြသည်။
"ဗိုလ်ကြီး ၊ အဆုံးမှာ ဘာဖြစ်သွားလဲ? စစ်သားတွေဘေးမှာထိုင်နေတဲ့ Shaw က ပတ်ပတ်လည်ကို စိုးရိမ်စွာ ကြည့်နေပြီး ပြတင်းပေါက် အပြင်ဘက်က အရှုပ်အထွေးတွေကို လက်ညိုးညွှန်ပြပြီး ပြောလိုက်တယ်။"ဒီလူတွေ ... ရုပ်ရှင်ထဲက ဇွန်ဘီတွေအတိုင်းပဲ"
"ဇွန်ဘီ?"
ရှောင်ယွီရဲ့ အာရုံကြောများ တင်းကျပ်လာပြီး ချောက်ကမ်းပါးပေါ်က လူအကြောင်း တွေးမိသွားကာ သူ့မျက်နှာက ရုတ်တရက် ရုပ်ဆိုးလာ၏။
ဆေးရုံ၌၊
ဆေးရုံမှာ ပို၍ပင် ရှုပ်ထွေးနေ၏။
ရှောင်ယွီသည် သူ့ညီအစ်များနှင့်အတူ စည်းစနစ်တကျ ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့၏။ ရောဂါကို ရှာမတွေ့နိုင်သူများသည် သွေးထွက်နေသော သူတို့လက်များကို ကိုင်ထားရင်း အလန့်တကြားအော်ဟစ်နေကြ၏။
ကမ္ဘာကြီးတစ်ခုလုံးမှာ ငရဲနှင့် တူနေသည်။
မကြာမီ တစ်ခြားသော လက်နက်ကိုင် စစ်သားများ ရောက်ရှိလာပြီး ပရမ်းပတာ အခြေအနေကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။
"ဗိုလ်ကြီးရှောင် ၊ မင်းညီလေးလည်း ဒဏ်ရာရနေပုံပဲ"
သူ့ကိုသိတဲ့တစ်ယောက်က သူ့ကိုကယ်ဖို့ ထွက်လာခဲ့သည်။ရှောင်ယွီရဲ့ညီလေးကိုမြင်တော့ သူက သူ့ကိုခေါ်လာခဲ့၏။ ဒါပေမယ့် ရှောင်ယွီလည်း ဒီဆေးရုံမှာ ရှိနေမယ်လို့ မမျှော်လင့်ထားပေ။"ဗိုလ်ကြီး၊ ဒီမှာ လူနာ ကုတင်တစ်ခုရှိတယ်!"
"တခြားသူကို အရင်ပေးလိုက်ပါ"
ရှောင်ယွီလည်း မည်သည့် အခွင့်ထူးကိုမှ မသုံးချင်ပေ။ဘေဘီရှောင်ရဲ့ ဒဏ်ရာကလည်း မနက်သောကြောင့် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည်။
နောက်ဆုံးတော့ မြင်ကွင်းက ငြိမ်သက်သွား၏။
ရှောင်ယွီသည် ဒဏ်ရာကို ကိုင်တွယ်ဖြေရှင်းဖို့ ငိုယိုပြီး မျက်နှာနီးမြန်းနေတဲ့ ဘေဘီရှောင်ကို ပွေ့ချီလိုက်ပါ၏။
ဘယ်သူကိုက်လိုက်လဲ မသိပေ။
ကလေးငယ်မှာ အသားစများ စုတ်ပြဲနေ၏။
"အစ်ကိုကြီး၊ ကျွန်တော်တို့ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်၊ ရေသောက်လိုက်ပါအုံး"
ထိုထဲမှတစ်ယောက်က ဗင်ကားပေါ်မှ လွတ်မြောက်လာသူဖြစ်ပြီး ရေယူပြီးရောက်လာသည်။
ရှောင်ယွီက ငြင်းဆန်ပြီး ပြောလိုက်၏။"မင်းပဲ သောက်ပါ"
ပတ်ပတ်လည်တွင် စုဝေးနေကြတဲ့ လူတစ်ချို့လည်းရှိနေပြီး တကယ့် ယောက်ျားကြီးများ မြေပြင်ပေါ်ဒူးထောက် ငိုကြွေးနေကြကာ ကျေးဇူးတင်တဲ့ အနေနဲ့ သူတို့ရဲ့ အစားအစာများ ပေးလာကြသည်။
ယခုတွင် ထိုသူများမှာ ဘဝနှင့် မဏရကို ဖြတ်သန်းတွေ့ကြုံပြီးနောက် ဘဝ၏တန်ဖိုးကို သိလာကြသည်။
ရှောင်ယွီ ချက်ချင်းပင် သူတို့ကို ကူညီပေးလိုက်၏။
တင်းမာနေသော မျက်နှာသည် ပထမအကြည့်တစ်ချက်တွင် ရက်စက်ကြမ်းကြုတ်ပုံရပေမယ့် သူက အလွန်ပင် နူးညံ့သော နှလုံးသားရှိသူ တစ်ယောက်ပါပင်။
ရုတ်တရက် လက်နက်ကိုင်စစ်သားအုပ်စုက သေနတ်တွေနဲ့ ပြေးဝင်လာကြသည်။"အဲ့ဒါဇွန်ဘီတွေပဲ! ဇွန်ဘီတွေ မြင့်တက်လာပြီ! ဆေးရုံကို ပိတ်ချလိုက်တော့ ! ဇွန်ဘီကိုက်ခံရတဲ့သူတွေက ရောဂါပိုး ရှိနေပြီ! ဒဏ်ရာရတဲ့သူတွေကို ချက်ချင်းပစ်သတ်ကြ!"
ရှောင်ယွီကိုင်ထားတဲ့ ပိုးသတ်ဆေးပုလင်းက ချက်ချင်းပဲ ဖိတ်စင်ကျလာခဲ့သည်။
ဘေဘီရှောင်က နာကျင်မှုကြောင့် ငိုသံထွက်လာ၏။
ရှောင်ယွီက မသိစိတ်အရ သူ့ပါးစပ်ကို ဖုံးအုပ်ဖို့ လက်လှမ်းလိုက်သည်။
ပတ်ပတ်လည်က လူတွေက ရှောင်ယွီကို ဦးညွတ်လာပြီး သူတို့က ဘေဘီရှောင်ရဲ့ ဒဏ်ရာကိုလည်းမြင်ရော နောက်ပြန်ဆုတ်သွားကြ၏။
" ဗိုလ်ကြီး၊ သူက ဇွန်ဘီ ကိုက်ခံထားရတာ..."
သူ့ဘေးက အဖွဲ့ဝင်တစ်ယောက်က ပြောလိုက်၏။
"ဇွန်ဘီ ကိုက်ခံထားရတဲ့သူတွေကို ချက်ချင်း သတ်ပစ်ရမယ်!"
ပတ်ဝန်းကျင် ပတ်လည်မှ လက်နက်ကိုင် စစ်သားများဟာ အော်ဟစ်ပြောလာကြ၏။
ရှောင်ယွီရဲ့ဘေးဟာ ပိုပိုပြီး နေရာလွတ် ဖြစ်လာပြီး ရှောင်ပေါင်ပေါင်သာလျှင် နာကျင်မှုကြောင့် ရှိုက်ငိုနေသည်။
သူမော့ကြည့်လိုက်တော့ ဝါးတားတား မျက်နှာတွေကို မြင်နေရ၏။
သူ သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် သူတို့ရဲ့အသံကတော့ ရှောင်ယွီရဲ့နားထဲ အတော်လေး ကြည်လင် ရှင်းလင်းစွာ ရောက်လာနေလေသည်။
"အဲ့ဒါ ဇွန်ဘီ ..."
မဟုတ်ဘူး ၊ ဒါက သူ့ညီလေး ၊ သူ့ရဲ့ ညီလေးအရင်း ...
အနီးပတ်ဝန်းကျင်ရှိ ဒဏ်ရာရရှိသူများကို သေနတ်ဖြင့် ပစ်သတ်ကြပြီး ခုခံသူများလည်း သေဆုံးခဲ့ကြသည်။
တခဏအတွင်းမှာပဲ ဆေးရုံတစ်ခုလုံး သွေးကွက်များဖြစ်ပေါ်လာ၏။
ရှောင်ယွီသည် တစ်ဝက်တစ်ပျက် စုတ်ပြဲသွားသည်ကို ခံစားလိုက်ရသည်။
သူ့ကို စုတ်ပြဲသွားစေတဲ့ လူကို ကြည့်လိုက်တော့ သူ့လိုပဲ စစ်ယူနီဖောင်းဝတ်ဆင်ထားပြီ၊ သူ့လိုပဲ တူညီသော သေနတ်ကိုင်ထားသည့် သူ ဖြစ်နေသည်။
ဒါပေမယ့် သူ့မျက်နှာတွင် တော့ လျစ်လျူရှုမှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နေ၏။
အဲ့လူက သူ့လက်ထဲက သေနတ်ကို မြှောက်လိုက်ပြီး ဘေဘီရှောင်ကို ချိန်ရွယ်လိုက်သည်။
ပတ်ပတ်လည်က လူများကလည်း တစ်ယောက်ပြီးတစ်ယောက် အလျင်စလို တိုက်တွန်းနေကြ၏။
"မြန်မြန်ပစ်၊ ဒီဇွန်ဘီကို သတ်ပစ် !"
"ဒါက ဇွန်ဘီပဲ ! မင်းသူ့ကို ထိန်းထားနိုင်မှာမဟုတ်ဘူး!"
" ဗိုလ်ကြီး၊ ငါတို့က စစ်သားတွေ ! ဒီဇွန်ဘီကို ထိန်းမထားနိုင်ဘူး"
စစ်သား ... သူက စစ်သားတစ်ယောက်ပဲ ၊သူပစ်ရမယ်၊ပစ်မယ်။
ဒါပေမယ့် ၊ မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ မပစ်ဘူး!
မပစ်နိုင်ဘူး!
ရှောင်ယွီက သူ့နှလုံးသားထဲက ဟိန်းအော်လိုက်ပေမယ့် သူ လုံးဝ စကားမပြောနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် အလွန်အမင်း စိုးရိမ်ကြောင့်ကြများနေပြီး အကြောက်တရားဖြင့် ပြည့်နေသောကြောင့်။
သူသည် နိုင်ငံအပေါ် အလွန်ပင် သစ္စာစောင့် သိပါ၏။
ဒါပေမယ့် ဒါက သူ့ညီလေး ဖြစ်နေသည် လေ!
ရှောင်ယွီရဲ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဆွဲထုတ်လိုက်ကြသည်။
အဖွဲ့ကွဲသားသော သူက သူ့ကို အေးစက်စက် တစ်ချက်ကြည့်လာပြီးနောက် ခလုတ်ကို ဆွဲလိုက်သည်။
သူ့ကို မသိနားမလည်စွာ ကြည့်နေတဲ့ ဘေဘီရှောင်ရဲ့ နက်စိုစို မျက်ဝန်းများကို ရှောင်ယွီမြင်နေရပြီး သူ့ကို "အစ်ကို"ဟု ခေါ်ချင်နေသကဲ့သို့ သူ့ရဲ့ ရဲရဲနီနေသော ပါးစပ်က အနည်းငယ် ပွင့်ဟလာပါသည်။
နောက်တော့ ကျည်ဆံက ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပါ၏။
"ဖောက်"ဟူသော အသံဖြင့် လှပသောသွေးပန်းများ ပွင့်လန်းလာလေသည်။
အဲ့ဒီအခိုက်အတန့်၌ အချိန်က ရပ်တန့်သွားပါ၏။
ရှောင်ယွီနားထဲတွင် အသံများ မြည်ဟည်းနေပြီး သူ့မျက်လုံးများ လုံးဝကို မဲမှောင်သွားတော့သည်။သူ ဘာမှ မကြားနိုင်တော့၊ သူ ဘာမှ မမြင်နိုင်တော့ !
ရှောင်ယွီ မျက်ရည်များဝဲလာကာ ရှေ့သို့ပြေးသွားလိုက်၏။
သူ လက်လှမ်းလိုက်ကာ ဘေဘီရှောင်၏ အားနည်းသော ခန္ဓာကိုယ်လေးအား ပွေ့ဖက်လိုက်ပြီး မြေပြင်သို့ ဒူးထောက်ကျသွားလျက် သူ့မျက်နှာတွင် မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။
"အား!"
နောက်ဆုံးတော့ ရှောင်ယွီက ဟိန်းအော်သံထွက်လာတော့၏။
ထိုဟိန်းအော်သံသည် သွေးထွက်သံယို အဆုပ်တစ်ခုကဲ့သို့ ဖြစ်ပြီး သူ၏အတွင်း အင်္ဂါငါးခုကို ကွဲကြေလုနီးပါး ဖြစ်စေသည်။
******
နီးယန် လေးလံသော မျက်ခွံများကို ဖွင့်ကြည့်လိုက်တော့ သူမစိတ်တွေ အနည်းငယ် ရှုပ်ထွေးသွား၏။
အဖြူရောင် နံရံ၊ ဆိုဖာ ဟောင်းများ၊ ရှုပ်ပွနေသော အဝတ်အစားများ၊ ခေါက်ဆွဲခြောက်ထုပ်မျိုးစုံ၊ အိမ်တစ်ခုလုံးသည် အမိုက်ပုံးတစ်ခုလိုပင်။
ရင်းနှီးသည့် အိမ်တစ်လုံး ဖြစ်၏။
အခန်းတံခါးမှ အသံတစ်ခု ထွက်လာသည်။
အထဲမှ မိန်းကလေးတစ်ယောက် ထွက်လာ၏။
သူမက အသက်နှစ်ဆယ်အရွယ်သာရှိပြီး ၊ အဝတ်ဗလာနဲ့ဖြစ်ကာ နောက်မှ ယောက်ျားတစ်ယောက်လိုက်ထွက်လာသည်။
"နီးမိန်!"နီးယန်က မျက်ခုံးကျုံ့ထားပြီး သူမ အမူအရာက အလွန် လေးနက်နေ၏။
အင်္ကျီမပါသော ထိုယောက်ျားက နီးယန်ကို လှည့်ကြည့်ပြီး စိတ်ဝင်တစား မျက်ခုံးပင့်ပြလာသည်။
နီးယန်က မျက်လုံးများကျဉ်းမြောင်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။:"ထွက်သွား"
ထိုလူက ထိတ်လန့်သွားပြီး ကြောက်ရွံ့သော ပုံစံက သူ့မျက်နှာတွင် ပေါ်လာ၏။
နီးမိန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး နီးယန်ကို လျစ်လျူရှုကာ တဖက်လှည့်၍ ထိုလူရဲ့ ပိုက်ဆံအိတ်ကို ယူလိုက်ပြီး ပိုက်ဆံ တချို့ ထုတ်ယူကာ အပြုံးတစ်ခုနှင့်အတူ အပြင်ဘက်လိုက်ပို့ပေးလိုက်သည်။
နီးယန်က ရှေ့သို့ လျှောက်သွားပြီး သူမကို ဖမ်းဆွဲလိုက်သည်။"နီးမိန်၊နင့်မှာ ပိုက်ဆံမရှိရင် ငါ့ကို ပြောလေ"
" ဟုတ်တယ်၊နင့်မှာ ပိုက်ဆံရှိတယ်၊ ဒါပေမယ့် အဲ့ဒါနင့် ပိုက်ဆံတွေ လေ! ငါက ဘာလုပ်ရမှာလဲ! ငါ ငတ်သေမယ်ဆိုရင်တောင် နင့်ပိုက်ဆံမလိုအပ်ဘူး!"နီးမိန်ရဲ့အသံက ပိုကျယ်လာပြီး နီးယန်ကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါ လိုက်သည်။
နီးယန်သည် နီးမိန် ကိုယ်ပေါ်က အပြာရင့်ရောင်၊ ခရမ်းရောင် တစ်စွန်းတစ်စ လက္ခဏာများကို ကြည့်ပြီး မျက်လုံးများနီရဲလာသည်။"နင်ဘာလို့ ကိုယ်ကိုယ်ကို မချစ်ရတာလဲ"
"ချစ်တာလား? ငါ့ကိုယ်ငါ ဒီလောက်ချစ်တာ ၊ ဘာကြောင့် ငါ့ခန္ဓာကိုယ်ကို မချစ်ရမှာလဲ?ပြီးတော့ နင်က ဘာလို့ ငါ့အကြောင်း ဂရုစိုက်နေတာလဲ?ငါ့မိဘတွေက သေအုံးမှာ မဟုတ်သေးဘူး! အဲ့ဒါ အားလုံး နင့်ကြောင့် ! နင်က ဂြိုလ်ဆိုးတစ်ခုပဲ!"နီးမိန်က ကွဲအက်သောအသံဖြင့် အော်ဟစ်လိုက်သည်။"နင် ဘာကြောင့် မသေသေးတာလဲ!"
အော်ဟစ်ပြောဆိုပြီးနောက် နီးမိန်က လှည့်ထွက်သွားတော့သည်။
နီးယန် နေရာမှပဲ ခဏလောက် ရပ်နေပြီး လက်ထုတ်၍ သူမမျက်နှာကို သပ်ချလိုက်ကာ ခပ်မြန်မြန်ပဲ အပြင်သို့ နောက်မှလိုက်ထွတ် သွားသည်။
အပြင်ဘက် ကမ္ဘာကြီးက မကြည်မလင်ဖြစ်နေပြီး ကောင်းကင်ကလည်း ကြောက်မက်ဖွယ် အန္တရာယ်တစ်ခု အစပျိုးလာသကဲ့သို့ မှုန်မှိုင်းနေ၏။
တံခါးမှာ ရပ်နေတဲ့နီးယန်က ဇွန်ဘီဆွဲခံလိုက်ရတဲ့ နီးမိန်ကို မြင်လိုက်ရပြီး လှပရွန်းစိုသောမျက်နှာဟာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။
နက်ပြာရောင်ဆိုးထား ဆံပင်ကလည်း အနီရောင် သွေးတွေနဲ့ ဖြစ်သွားတော့သည်။
"နီးမိန်!"
******
နွေရာသီည ။
လူငယ်လေးက တံစက်မြိတ် အောက်တွင် ထိုင်နေ၏။
အေးမြသော လေနုလေအေးသည် ကျေးလက်၏ မြေလွှာရနံ့နှင့် အတူ ပေါ့ပါးစွာ တိုက်ခတ်နေသည်။
"ကလစ်" ဟူသော မြည်သံဖြင့် သံတံခါးကို တွန်းဖွင့်လိုက်ပြီး Suit ဝတ်စုံနဲ့ လူတစ်ယောက် လမ်းလျှောက် ဝင်လာသည်။
ရင်းနှီးနေတဲ့ ဝိုင်ရနံ့လည်းရရော လူငယ်လေးရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းပင် အပေါ်ထပ်အခန်းသို့ ပြေးတက်သွား၏။
ထိုလူက အောက်ထပ်တွင် ကျိန်ဆဲနေပြီး ဦးထုတ်စောင်းထားတဲ့ အဘိုးအိုတစ်ယောက်က ထွက်လာကာ စကားလုံးတချို့ကို ပြောလိုက်သည်။
ထိုလူက အဘိုးအိုကို ဘေးဘက်တွန်းထုတ်လိုက်ပြီး အော်ပြောလိုက်၏ ။"လုရှီမင်! ကောင်စုတ်လေး၊ ဒီကို ထွက်လာခဲ့စမ်း!"
လူငယ်လေးက တံခါးကို လော့ခ်ချလိုက်ပြီး စားပွဲနဲ့ ကုလားထိုင်ကို ထားလိုက်ကာ ဗီရိုထဲတွင် ဝင်ပုန်းလိုက်၏။
ကြယ်များသည် ပြတင်းပေါက်မှ ကျရောက်နေကာ ထောင့်တစ်ခုသာ လင်းထိန်နေသော မီးအိမ်ကဲ့သို့ပင်။
ဗီရိုရဲ့ အပေါက်ငယ်လေးမှတစ်ဆင့် လူငယ်လေးက အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
သူ့လက်ထုတ်ကာ အပေါက်ကို ပိတ်ဆို့ထားလိုက်၏။
ဗီရိုထဲတွင် အလင်းရောင်မရှိတော့ပဲ ပိတ်ထားသော နေရာလွတ်တစ်ခုနှင့် တူကာ လူများကို သက်တောင့်သက်သာ ခံစားရစေသည်။
နာရီဝက်ကြာပြီးနောက် အပြင်ဘက်က ကျိန်ဆဲသံများ ပျောက်ကွယ်သွား၏။
နောက်နာရီဝက်ကြာတော့ တစ်စုံတစ်ယောက် ရောက်လာကာ တံခါးခေါက်လာသည်။
"သူအိပ်သွားပြီ၊ ထမင်းသွားစားရအောင်"
လုရှီမင်က ဗီရိုထဲက တွားသွာထွက်လာပြီး သူ့ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က စားပွဲနဲ့ ကုလားထိုင်တွေကို ရွေ့ဖို့ ရုန်းကန်နေရသည်။
တံခါးအပြင်ဘက်တွင် ဦးထုပ်ရဲ့ အောက်၌ အဘိုးအိုတစ်ယောက်ရဲ့ မျက်နှာ ရှိနေ၏။
တုန်တုန်ယင်ယင်နဲ့ အဖိုးအိုက သူ့ကို မီးဖိုချောင်သို့ ခေါ်သွားသည်။
"မင်းဦးလေးရဲ့ စီးပွားရေးက မကောင်းဘူး၊ သူဘာမှ မလုပ်နိုင်ပေမယ့် ၊ နေ့တိုင်း အရက်သောက်ပြီး အိမ်ပြန်လာတယ်၊ မင်းအမေသာ မင်းအဖေကို မရွေးချယ်ခဲ့ရင် ၊ မင်းဦးလေး ဒီလို ဖြစ်မှာ မဟုတ်ဘူး ..."
လုရှီမင် တိတ်တဆိတ် အစားစားနေ၏။ အဖိုးအိုက အမြဲတမ်း ဒီလိုစကားမျိုး ပြောလေ့ရှိသည်။
ဘဝက တစ်နေ့ပြီး တစ်နေ့ပဲ၊ အဲ့နေ့မရောက်ခင်ထိပေါ့။
"အဘိုး"
"သွား၊ အဘိုးအတွက် ပုဆိန်သွားယူပေးစမ်းပါ၊ အဲ့ဒါက အိမ်ထဲမှာ ရှိတယ်" အဘိုးက အနောက်ဘက်ခြံ၀င်းက ဘန်ဂလို ကို ညွှန်ပြလိုက်၏။
လုရှီမင်လည်း ခေါင်းညိတ်လိုက်ပြီး ဘန်ဂလိုကို လျှောက်သွားလိုက်သည်။
ဘန်ဂလိုက သော့မခတ်ထားတာကြောင့် လူငယ်လေးက တံခါးကို တွန်းဖွင့်လိုက်သည်။
အိမ်က အချိန်အတော်ကြာတည်းက မရှင်းလင်းထားတာကြောင့် ဖုန်တွေနဲ့ ဖုံးလွှမ်းနေပြီး ခပ်ဖျော့ဖျော့ အရက်နံ့လည်း ရှိနေသေးပုံပင်။
လုရှီမင်ငယ်လေးက လှည့်ပတ်ကြည့်ရုံသာရှိသေး ရုတ်တရက် တံခါးပိတ်သံကြားလိုက်ရသည်။
လုရှီမင်ငယ်လေးက ထိတ်လန့်သွားပြီး တံခါးနားမှ အော်လိုက်၏။"အဘိုး လား ?
" ရှီမင်..." ယောက်ျားတစ်ယောက်ရဲ့ အသံက သူ့နောက်မှ ထွက်ပေါ်လာ၏။
လုရှီမင်ငယ်လေးရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
သူက လှည့်ကြည့်ဖို့တောင် မဝံ့ရဲပဲ အကျပ်ရိုက်နေသကဲ့သို့ မင်သက်စွာဖြင့် မတ်တပ်ရပ်နေသည်။
"ရှီမင်၊ ဒီကိုလာ"
သူ့နောက်က လူရဲ့အသံက တဖြည်းဖြည်း ပို၍ နီးကပ်လို့ လာ၏။
နွေရာသီနေက ပူပြင်းလှသည်။
မြေပြင်ပေါ်ကိုကျနေတဲ့ ထိုသူရဲ့ အရိပ်က သားရဲတစ်ကောင်လိုမျိုး သူ့ကို မျိုချနေတာကို လုရှီမင်ငယ်လေး မြင်နေရ၏။
"ဦးလေး ၊ ဦးလေး ... "
" ဟုတ်ပါတယ်၊ ဦးလေးပါ "
သူ့လက်ထဲမှတော့ ဝိုင်ပုလင်း ကိုင်ထားဆဲဖြစ်ပြီး အရက်မူးနေလျက်ဖြင့် ရှေ့ကို လျှောက်လာသည်။
လုရှီမင်ငယ်လေးက ရဲရဲနီနေသော မျက်လုံးတစ်စုံကို စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူ့ရဲ့ ပိန်လှီသောခန္ဓာကိုယ်က ဖြည်းဖြည်းချင်းလှည့်လာ၏။
ကောင်းမွန်သော နေရောင် အောက်တွင်၊ ထိုလူ့မျက်လုံးများက နီရဲနေပြီး သူ့တစ်ကိုယ်လုံး အရက်နဲ့ ပြည့်နေသည်။
သူက အဝါရောင်ပြောင်းသွားပြီး ရွံမုန်းစရာကောင်းသော ဝိုင်းများဖြင့် စွန်းထင်းနေသည့် အဖြူရောင် စွပ်ကျယ်အင်္ကျီကို ဝတ်ထားသည်။
လေထဲတွင် ဖုန်မှုန့်နံ့များအပြင် ပူပြင်းသော နွေရာသီ နေရောင်က ရှိနေ၏။
လုရှီမင်သည် ရုတ်တရက် လှည့်လိုက်ပြီး တံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်သည်။"အဘိုး၊ အဘိုး ၊ ကျွန်တော့်ကို ထွက်ခွင့်ပေးပါ ၊အဘိုး !"
"ဦးလေး ဒီမှာ ရှိတယ်လေ၊ မင်းက ဘာကို ကြောက်နေတာလဲ"
ထိုလူက ရုတ်တရက် ရှေ့တိုးလာပြီး လုရှီမင် လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။သူ့ရဲ့ မျက်နှာကလည်း ရုတ်တရက် ရက်စက်ခက်ထန် လာ၏။"သေစမ်း! မျက်ဖြူဝံပုလွေ ကောင်! မင်းအမေလိုပဲ၊အဲ့ဒီခွေးမနဲ့ အတိအကျကို တူနေတာ၊ ငါ့ကို ငုံကြည့်စမ်း ! ငါ့ကို ငုံ့ကြည့်စမ်း !"
သွယ်လျတဲ့ကောင်လေးဟာ တံခါးရွက်ပေါ်မှာ အဖိခံထားရပြီး မျက်ရည်များ ကျနေကာ အသက်ရှူကျပ်လာရ၏။
"အဲ့ ခွေးမ ခွေးမ! ခွေးမ ခွေးမ!"ထိုလူက ရုတ်တရက် ရူးသွပ်လာပြီး ကောင်လေးကို ရိုက်နှက်ကန်ကျောက်ပြီးနောက် ရုတ်တရက် ရပ်သွားခဲ့သည်။
ကောင်လေးရဲ့ အဝတ်အစားများက စုတ်ပြဲသွားပြီး သွယ်လျတဲ့ ခန္ဓာကိုယ်က လှစ်ဟ ထွက်ပေါ်လာခဲ့၏။
အနက်ရောင်ဆံပင်များက ရှုပ်ထွေးနေပြီး ၊ နီရဲပြီ ရောင်ရမ်းနေသော မျက်ခုံးများဖြင့် ငြင်းမရနိုင်သော အလှတရား ရှိနေလေသည်။
"မင်းက တကယ့်ကို မင်းအမေနဲ့တူတာပဲ"ထိုလူရဲ့အသံက ရုတ်တရက် တိတ်ဆိတ်ကျသွား၏။
ကောင်လေးက တစ်ကိုယ်လုံး အေးစက်လာသလို ခံစားလိုက်ရသည်။
"ဦးလေး ၊ ကျွန်တော်က အမေ မဟုတ်ဘူး၊ ကျွန်တော်က မဟုတ် ..."
ထိုလူ့လက်ထဲက ဝိုင်ပုလင်းက လုရှီမင်ဆီသို့ အရှိန်ပြင်းစွာ ရိုက်ခတ်လာ၏။
" ဝိုး " ဟူသော အသံနှင့်အတူ သွေးများ နေရာအနှံ့ ပျံ့ကြဲသွားသည်။
လူငယ်လေးက ဦးခေါင်းထဲ ထိတ်ခနဲ ဖြစ်သွားပြီး ထူထဲသော သွေးအလွှာတစ်ထပ်က သူ့မျက်လုံးထဲ ရစ်သိုင်းဖုံးလွှမ်းသွားတာကိုသာလျှင် ခံစားမိနိုင်တော့သည်။
သူ့ရှေ့က လူကို မြင်ရဖို့ ကြိုးစားပြီး မျက်လုံးဖွင့်လိုက်၏။
ရုတ်တရက် "ဘန်း" ဟူသောအသံနှင့် အတူ တံခါးက ရုတ်တရက် ပွင့်လာခဲ့ပြီး ပန်းပွင့်ဖြူလေးများက ကောင်းကင်ယံထက်မှ ကျဆင်းရောက်ရှိလာသည်။
သွယ်လျပြီး နူးညံ့သိမ်မွေ့သော ပုံရိပ်လေးက ထိုနေရာတွင် ရပ်နေကာ သူ့ဆီသို့ လက်ဆန့်လာ၏။
မိန်းကလေးက တကယ့်လူ အစစ်မဟုတ်သလိုမျိုး လှပနေလေ၏။
သူ့မျက်ပေါ်မှာ တစက်စက်ကျနေတဲ့ သွေးတွေနဲ့ လူငယ်လေးက ဗလာဖြစ်စွာ ခေါင်းမော့ကြည့်လိုက်တော့ အဲ့ဒါက စွဲကပ်ငြိစွန်းနေသော သွေးနံ့များ မဟုတ်သော်လည်း ပန်းများ၏ ရနံ့ ... လုရှီမင် ရုတ်တရက် နိုးလာပြီး သူ့နှာခေါင်းထဲတွင် မွေးပျံ့သောပန်းရနံ့က စွဲကျန်နေပုံရ၏။
သူ့ခြေလက်အင်္ဂါများ၊ အရိုးများကို ကျူးကျော်ဝင်ရောက်လာကာ ပုတ်သိုးနေသော သူ့ဝိဉာဉ်ကို ဆွဲထုတ်၍ ရက်စက်ကြမ်းကြုတ်သော တွင်းနက်ကြီးထဲမှ ဆွဲထုတ်ပေးခဲ့သည်။
အခန်းက အလွန်ပင် တိတ်ဆိတ်နေ၏။တခြားသူများလည်း အိပ်ပျော်နေဆဲပင်။
လုရှီမင်က လက်ထုတ်ကာ ချွေးစေးတွေနဲ့ အနက်ရောင်ဆံပင်တွေကို သပ်တင်လိုက်ပြီး သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာ၏။
သူက တိုးတိုးရေရွတ်လိုက်သည်။"ဒီစွမ်းရည်က တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ" လုရှီမင် ငုံ့ကြည့်လိုက်တော့ သူ့လက်မောင်းထဲမှာ ရှိနေသည့် စုရွမ်ရွမ်ကို မြင်လိုက်ရသည်။
မိန်းမငယ်လေးက အင်္ကျီအထူကြီးဖြင့် ထုတ်ပိုးထား၏။
ဦးထုတ်တစ်ဝိုက်တွင် သေးငယ်သော အဖြူရောင် အမှုန်အမွှား အဝိုင်း တစ်ခုရှိနေပြီး သူမရဲ့ မျက်နှာလေးကို ဝန်းရံထားကာ ကလေးလေးတစ်ယောက်လိုမျိုး သူ့လက်မောင်းထဲတွင် ကွေးကွေးလေး အိပ်ပျော်နေ၏။
သူမက မျက်နှာနီမြန်းနေပြီး ပါးစပ်ကလည်း ပွစိပွစိ ဝါးနေကာ ဘာစားနေမှန်းမသိပေ။
အမျိုးသားက လက်ဆန့်ထုတ်လိုက်ကာ လူကို သူနဲ့ ပိုနီးကပ်အောင်ဆွဲလိုက်၏။
သူက မျက်လွှာအနည်းငယ်ချလိုက်ပြီး မိန်းမငယ်လေးရဲ့ မွှေးရနံ့ကို ရှုရှိုက်လိုက်သည်။
သူသတိရနေခဲ့သည့် ရင်းနှီးသော ရနံ့၊ သူ့ဘဝရဲ့ အရင်းအမြစ်။ သူ့သွေးများထဲ ဖြတ်သန်းပြေးလွှားနေသော အကြင်နာမဲ့မှုများ၊ စိတ်ဓာတ်ကျမှု၊ ပူဆွေးသောကနှင့် လျှစ်လျှူရှု၍ မရနိုင်သော အကြမ်းဖက်မှုများသည် နှင်းများ ထူထပ်သောနေ့ကဲ့သို့ တဖြည်းဖြည်း အရည်ပျော် ပျောက်ကွယ်သွားတော့သည်။
လုရှီမင်က သူမကိုခုတ်ဖို့ ပုဆိန်တစ်လက်ကိုင်ထားသည်ဟု စုရွမ်ရွမ် အိမ်မက်မက်ခဲ့သည်။လိုက်ခုတ်နေဆဲမှာပင် အော်ဟစ်နေသေး၏။
"အစ်ကိုကြီး၊ လာပါ ငါ မင်းကို ခုတ်ပေးပါရစေ"
စုရွမ်ရွမ်လည်း ကျွန်မတို့က ညီကိုတွေ မဟုတ်ပါဘူး၊ ဘာမှမတော်ပါဘူး၊ ကျွန်မကို မခုတ်ပါနဲ့ ! ဟု ပြောလိုက်၏။အော်ပြောပြီးနောက် လုရှီမင်က သေးသေးလေး ဖြစ်နေကြောင်း သူမ နားလည်သဘောပေါက်သွားသည်။ သူမက ဘာကြောင့် သူ့ကို ကြောက်ရမှာလဲ?
စုရွမ်ရွမ် ရပ်တန့်လိုက်ကာ သူမခြေထောက်ကို မြှောက်ပြီး ခြေဆောင့်နင်းလိုက်သည်။
လုရှီမင်ကို သူမ ခြေထောက်အောက်တွင် နင်းထားလိုက်၏။
စုရွမ်ရွမ်က စပ်ဖြီးဖြီး အပြုံးတစ်ခုနှင့်အတူ နိုးလာ၏။
ဒီအိမ်မက်က တကယ်အံ့သြဖို့ကောင်းတာပဲ။ထို့ကြောင့်ပင် သူမ လုရှီမင် မျက်နှာကို ချက်ချင်း မတုံ့ပြန်ခဲ့ပေ။
သူ့ကို သူမ သေအောင် နင်းခဲ့တယ်မဟုတ်ဘူးလား?
အိမ်မက်လား?
နှမြောစရာပဲ။
လုရှီမင်၏ အလွန်အမင်း ခန့်ညားသောမျက်နှာနှင့် မျက်နှာချင်းဆိုင်နေရသည်။
ထို့နောက် သူတို့နှစ်ယောက် အနေအထားကို တစ်ချက်ကြည့်လိုက်၏။
သူမမျက်နှာတွင် အထိတ်တလန့် အမူအရာနှင့်အတူ ချက်ချင်း ကုန်းရုန်း ထတော့သည်။
စုရွမ်ရွမ်: ရှင့်ရဲ့အကြည့်ကြောင့်သာမဟုတ်ရင် ကျွန်မကိုယ်ကျွန်မ သတ်သေတော့မလို့။
သူမရဲ့ ကြီးမားလှပသော မျက်လုံးတွင် မျက်ရည်များဖြင့် သနားစဖွယ် ကြည့်နေ၏။ နူးညံ့သော နှုတ်ခမ်းက ပန်းရောင်သန်းနေကာ ကြီးမားတဲ့ မကျေနပ်ချက်တစ်ခု ပါဝင်နေသလိုမျိုး နှုတ်ခမ်းကို ညင်သာစွာ ဖျစ်ညှစ်ထားသည်။
အမျိုးသားက နောက်ပြောင်ရယ်မောလိုက်ပြီး သူမကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။
"မင်းသာ ထပ်မနိုးလာရင် ၊အသက်ရှူ အတုနဲ့ ကိုယ် မင်းကို ကူညီတော့မလို့"
ရှင်က ဘာကြောင့် စိတ်လှုပ်ရှားပြီး ဒီလိုစကားမျိုး ပြောတာလဲ?
စုရွမ်ရွမ်က ပါးစပ်ဖွင့်လိုက်ပြီး ချက်ချင်းပြန်ပိတ်လိုက်၏။
ထို့နောက် အမောတကော ဖြစ်နေပြီး အသက်ရှူရခက်နေသည်။
သူမ ကောင်းကောင်းမွန်မွန် အသက်ရှူနေတာကို၊ မလိုအပ်ပါဘူးနော်။
လုရှီမင်၏ သွယ်လျသောလက်များက စုရွမ်ရွမ်၏ နူးညံ့သော ခန္ဓာကိုယ်ကို ဝန်းရံထားပြီး နှုတ်ခမ်းပါးလွှာများက သူမရဲ့ နားရွက်နားလေးကို မထိဘဲ အပူကို ရှူရှိုက်သကဲ့သို့ ဖိကပ်ထားသည်။
ဘာကြောင့်မှန်းမသိ စုရွမ်ရွမ်သည် သူမခန္ဓာကိုယ်တစ်ခုလုံး အရိုးမရှိသလို ပျော့ပျောင်းလာသည်။
အမျိုးသားရဲ့လက်က စုရွမ်ရွမ်ရဲ့ ပါးလေးကို ဆုပ်ကိုင်ထားကာ ညင်သာစွာ ဆွဲလိုက်ပြီး သူ့လေသံက ကမ္ဘာပေါ်ရှိ April ကဲ့သို့ နူးညံ့ သိမ်မွေ့နေသည်။"ရွမ်ရွမ်က ကိုယ့်ကို စိတ်ပူစေတာပဲ"
သူမပါးလေးကို ပုံပျက်အောင် ဆွဲခံလိုက်ရတဲ့ စုရွမ်ရွမ်က ပြောလိုက်သည်။"ကျွန်မက ချစ်စရာကောင်းတယ်လို့ ရှင်ထင်ရင်တောင် ကျွန်မကို အနိုင်ကျင့်လို့ မရဘူးနော်"
အမျိုးသားက စိတ်သက်သာရစွာ သက်ပြင်းချလိုက်၏။"ကံကောင်းလို့ ၊ ရွမ်ရွမ်က နိုးလာတယ်"
စုရွမ်ရွမ်က နောက်မှလိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်၏။
ရုတ်တရက် လုရှီမင်ရဲ့ အပြုံးက ကျဉ်းမြောင်းသွားပြီး သူမ၏ အနက်ရှိုင်းဆုံး ဝိဉာဉ်ထဲသို့ ထိုမျက်လုံးတစ်စုံဖြင့် ထိုးဖောက်ဝင်ရောက်သလိုမျိုး လေးလေးနက်နက် ကြည့်လာသည်။
အမျိုးသား၏ မျက်လုံးများက ကျယ်ပြောသော သမုဒ္ဒရာကြီး တူလှသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်ရှိနေ၏။
ရက်စက်ပြီး လှပနေလေ၏။
ငြိမ်သက်နေသော မျက်နှာပြင်အောက် ဖုံးကွယ်ထားသော သွေးရောင်ခြယ်လေများသည် မည်သည့် အတားအဆီးမဆို ဖြတ်ကျော်နိုင်ပုံရသည်။
လွှမ်းမိုးခြယ်လှယ်နိုင်ပြီး ရက်စက်လှပေ၏။
စုရွမ်ရွမ်က ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်းပင် လှိမ့်ထွက်လိုက်ပြီး ကြမ်းပြင်ပေါ် လှဲလျောင်းနေဆဲ ဖြစ်သည့် နီးယန်နဲ့ ရှောင်ယွီကို မြင်လိုက်ရသည်။
"သူတို့က ဘာလို့ အခုထိ မနိုးသေးတာလဲ?"
ထို့နောက် သူမက ချက်ချင်းပဲ ဂရုစိုက်တက်တဲ့လူလိုမျိုး ပြေးသွားလိုက်ပြီး အရင်ဆုံး ရှောင်ယွီ ခေါင်းကို ထိလိုက်ကာ ပြီးနောက် နီးယန်ခေါင်းကိုထိဖို့ သွားလိုက်သည်။
"ရှင်တို့ အဆင်ပြေရဲ့လား?"
"ဖွီး "ရှောင်ယွီက ပါးစပ်မှ သွေးအန်ထွက်လာပြီး ဗရုတ်သုတ်ခဖြင့် နိုးလာသည်။
နီးယန်ကလည်း ထဖို့ ရုန်းကန်နေ၏။
နံရံကိုမှီထားတဲ့ လုရှီမင်က စုရွမ်ရွမ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ကိုယ်လည်းပဲ ဒဏ်ရာရထားတယ်"အမျိုးသားက တစ်မိနစ် အတွင်း သူ့ဘာသူ သက်သာပျောက်ကင်းသွားမည့် သူ့လက်ချောင်းပေါ်က ဒဏ်ရာကို လက်ဆန့်ထုတ်ကာ ပြလာသည်။
စုရွမ်ရွမ်က သူ့အတွက် စိတ်မကောင်းဖြစ်စွာ မှုတ်ပေးလိုက်ပြီး "နာနေတာ ဖြစ်ရမယ်?" ဟု မပြောခင် တုန့်ဆိုင်းဆိုင်း ဖြစ်သွား၏။
မိန်းမငယ်လေးက မျက်ဝန်းကြီးများကို တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွန်းစိုစို မျက်ဝန်းများက စိုးရိမ်မှုများ ပြည့်နေပုံရသည်။
အမျိုးသားက စူးရှစွာ ပြုံးလိုက်ပြီး အတော်လေး ကျေနပ်နေပုံရ၏။"အဆင်ပြေပါတယ်"
စုရွမ်ရွမ်: ဟမ့် ၊ အရူးလေး၊ ကျွန်မက ချိုချိုသာသာ သရုပ်ဆောင်ရုံပဲ၊ ကျွန်မနှလုံးသားထဲမှာ ရှင်မရှိဘူး။
******
အမှန်တရား တစ်ဝက်နှင့် အနက်ရှိုင်းဆုံးအိမ်မက်ဆိုးသည် လူတို့ရဲ့ နှလုံးသားထဲတွင် စွမ်းအားမဲ့ ရုန်းကန်မှုကို ဖြစ်ပေါ်စေသည်။
လူတိုင်းသည် သူတို့ရဲ့ နှလုံးသားထဲတွင် အထိမခံနိုင်သော အားနည်းချက်များ ရှိကြ၏။
ဖန်မိုင်းရဲ့ စွမ်းရည်က အဲ့ဒီအားနည်းချက်များကို အိမ်မက်ဆိုးအဖြစ် ဇာတ်အိမ်ဖွဲ့ ပုံဖော်ခြင်းဖြစ်သည်။
ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် ပိုကြောက်ဖို့ကောင်းပေ၏။
လူတိုင်း တစ်ယောက်ပြီး တစ်ယောက် နိုးလာကြသည်။
အလွန်အမင်း ကြောက်စရာကောင်းသော အိမ်မက်မက်ခဲ့သလို သူတို့ရဲ့ အမူအရာက မှုန်မှိုင်းနေကြ၏။
ရုတ်တရက် တံခါးပွင့်လာခဲ့သည်။
ဖန်မိုင်းက တံခါး၌ ပေါ်လာ၏။
သို့သော်လည်း နီးယန်နဲ့ ရှောင်ယွီတို့က ရုတ်တရက် ဆောက်တည်ရာမရဖြစ်နေသကဲ့သို့ စိတ်ရှုပ်ထွေးနေကြသည်။
ဖန်မိုင်းက လူတိုင်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ကျွန်မသားကိုကယ်ပေးကြပါ"
ဖန်မိုင်းက သူတို့ဘက်ကို တကယ်ကြီး တိုက်ရိုက် ဒူးထောက်ချလိုက်ကာ အလွန်အကျွံ အရိုအသေပေးလာပြီး အက်ကွဲသော အသံဖြင့် အော်ငိုနေလေသည်။
စုရွမ်ရွမ်က သူမအသက်လေး မဆုံးရှုံးစေရန် လုရှီမင်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်သည်။
သူမ သေချာပေါက် ကြောက်တာပေါ့။
ထိုအချိန်မှာပဲ နီးယန်က ရုတ်တရက် နိုးလာပုံရသည်။
သူမက ချက်ချင်းပဲ သေနတ်ကောက်ကိုင်ကာ ဖန်မိုင်းဆီသို့ ချိန်လိုက်၏။"ရှင့်သားက ဘာဖြစ်တာလဲ?"
ကျွန်မသားကို ဘော့စ် လွှတ်လိုက်တဲ့သူက ဖမ်းသွားတယ် ၊ သူက အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ! သူတို့ ရှင်းရှင်းလင်းပြောခဲ့တယ်၊ သူတို့ပြောတာ ကျွန်မ လုပ်နေသ၍ ကျွန်မသားကို လွှတ်ပေးမယ်တဲ့ ... ဒါပေမယ့် သူတို့က ကျွန်မ သလင်းကျောက် အမြုတေကို တူးထုတ်ချင်ယုံတင်မကဘူး ၊ ကျွန်မသားကိုပါ လုယူသွားချင်နေတာ ... "
ဖန်မိုင်းရဲ့ စွမ်းရည်က အရမ်းစွမ်းအား ပြည့်တော့ လူတိုင်းက လိုချင်တပ်မက်နေကြ၏။
ဘော့စ် တောင်မှပဲ ဖန်မိုင်းရဲ့ သလင်းကျောက်အမြုတေကို ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးနေခဲ့သည်။
ဖန်မိုင်းရဲ့မျက်လုံးများ ရူးသွပ်သွားကာ အိမ်မက်ဆိုးတစ်ခုထဲ ကျရောက်သွားသကဲ့သို့ မိန်းမောတွေဝေသွားသည်။
ဒီအချိန်မှာတော့ သူမက အားနည်းပြီး အားကိုးရာမဲ့နေသည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ပင်။
နီးယန်က သတိကြီးကြီးထားနေပြီး သူမကို မယုံဘူးဆိုတာ သိသာနေပါသည်။
"ရှင့်မှာ စွမ်းရည်ရှိတယ် မဟုတ်လား?"ဖန်မိုင်းက ခေါင်းခါလိုက်ပြီး မျက်ရည်များ စီးကျလာ၏။"အသုံးမဝင်ဘူး၊ ကျွန်မစွမ်းရည်က သူတို့ပေါ်မှာ အသုံးမဝင်ဘူး၊ သူတို့က လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေ"
"ကျွန်မအပြစ်တွေ ကျွန်မ ဖြေပေးပါ့မယ်၊ ကျွန်မအပြစ်တွေ ကျွန်မ ပဲ ခံယူပါ့မယ်! ကျွန်မကလေးက အပြစ်ကင်းတယ်!"ဖန်မိုင်းက ရုတ်တရက် ခေါင်းမော့လာ၏။"ကျွန်မ သလင်းကျောက်အမြုတေကို တူးထုတ်ပြီး ရှင်တို့ကို ပေးပါ့မယ်၊ ကျွန်မကလေးကို ကယ်နိုင်သ၍ "
မီးဖိုချောင်သုံးဓားကို ဘယ်နားက ဆွဲထုတ်လိုက်လဲမသိ၊ အဲ့ဒါကို လည်ပင်းကိုထိပြီး ဆွဲတင်လိုက်သည်။
လူတိုင်းက အဲ့ဒါကိုတားဖို့ အချိန်မရှိလိုက်ပေ။
သွေးတွေဖြာလျက် စီးကျလာတာကို မြင်လိုက်ရပြီး ဖန်မိုင်း အဝတ်အစားတွေဟာ ထိုအချိန်မှာပဲ သွေး ကုတ်အင်္ကျီအဖြစ် ပြောင်းသွားတော့သည်။
ဖန်မိုင်းဟာ သူမလက်ပေါ်က အားကို မထိန်းချုပ်နိုင်ကြောင်း မြင်နိုင်ပါ၏။
ဒီအမျိုးသမီးဟာ တခြားသူများ၏ ကလေးအပေါ် အတော်လေး ရက်စက်သော်လည်း သူမကလေးကိုတော့ ချစ်လေသည်။
"စကားမစပ်၊ ဒီလက်စွပ်က ရှင့်ပစ္စည်းဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မ ရှင့်ကို ပြန်ပေးလိုက်မယ်၊ ရှင် ကျွန်မသားကို ကူညီသ၍ ရှင်လိုချင်တာ ဘာဖြစ်ဖြစ် ပေးနိုင်ပါတယ်"
လက်စွပ်!
နီးယန်က ချက်ချင်းပဲ လက်စွပ်ကို လှမ်းယူလိုက်သည်။"လက်စွပ်ရဲ့ပိုင်ရှင်က ဘယ်မှာလဲ?"
ဖန်မိုင်းရဲ့ ခန္ဓာကိုယ်ပေါ် သွေးတွေ တစက်စက် ကျနေဆဲဖြစ်ပြီး သူမက အားနည်းစွာ ပြောလာသည်။"သူမကို ဘော့စ် ဆီ ပို့လိုက်တယ်"
"ရှင့် ဘော့စ်က ဘယ်သူလဲ?"နီးယန်က ဆက်မေးလိုက်၏။
"မြောက်ပိုင်း အခြေစိုက်စခန်းက ... "
ဖန်မိုင်းရဲ့ မျက်လုံးမှာ ရုတ်တရက် အဖြူရောင် ပြောင်းသွားပြီး သူမက ထိန်းမနိုင် သိမ်းမရ လိမ်ပိန်လာသည်။
လုရှီမင်က မျက်စိစောင်းကြည့်လိုက်ကာ ရှေ့သို့ လျှောက်သွားလိုက်၏။
"မင်းရဲ့ ဘော့စ် နာမည်က ဘာလဲ?"
"သူ၊ သူ့နာမည်က လုကျားရန် "
လုရှီမင်ကို ကြည့်လိုက်ပြီး စုရွမ်ရွမ် မျက်လုံးများ တောက်ပသွား၏။
သွေးဆာနေသော ဝံပုလွေငယ်ကဲ့သို့ သားကောင်ကိုစိုက်ကြည့်နေပြီး ၊ သူ့မျက်နှာအမူအရာက ပျင်းရိပျင်းတွဲ အေးအေးဆေးဆေး နှင့်၊ သူ့လေသံတောင်မှ မပြောင်းလဲသွားပေ။
ဒါပေမယ့် ထိုမျက်လုံးများက လှိုင်းများ တဝုန်းဝုန်းရိုက်ခတ်နေပြီး သူ့လက်ချောင်းသွယ် သွယ်များက မေးစေ့ကို ထောက်ထားကာ လူတစ်ကိုယ်လုံးက နူးညံ့ပြီး ကောက်ကျစ်စဉ်းလဲနေပါသည်။
တဖက်တွင်မူ ဖန်ပိုင်းက စကားပြောပြီးနောက် သူမက အားတက်သရော ထရပ်လိုက်ပြီး နီးယန်ဆီသို့ ပြေးသွားလေသည်။
နီးယန်က လျှင်မြန်စွာပဲ ပစ်လိုက်၏။
"ဘန်း"ဟူသောအသံနှင့်အတူ ဖန်မိုင်းက ကြမ်းပြင်သို့ လဲကျသွားတော့သည်။
ရုတ်တရက် ဇွန်ဘီ ဟိန်းသံများ ပြတင်းပေါက် အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ရှောင်ယွီက ပြတင်းပေါက်နားသို့ လျှောက်သွားပြီး တစ်ချက်ကြည့်လိုက်တော့ ခြံဝင်း၏ ဂိတ်တံခါးဖွင့်ထားကာ တွေ့လိုက်ရသည်။
စစ်ကားတစ်စီး ဒုန်းစိုင်း မောင်းထွက်သွား၏။
နီးယန်က လှည့်ကြည့်လိုက်ကာ ဖန်မိုင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
မီးဖိုချောင်သုံးဓားဖြင့် ထိခိုက်ထားသည့် ဒဏ်ရာအပြင် လည်ပင်းတွင် အကိုက်ခံထားရသည့် ဒဏ်ရာများ ရှိနေ၏။
လုရှီမင်က ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ဒူးထောက်ချလိုက်ပြီး ဖန်မိုင်း၏ ခေါင်းကို ခေါက်လိုက်သည်။"သလင်းကျောက် အမြုတေ ၊ တူးလိုက်ပါ"
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
Zawgyi
ယင္ရွန္းက သာမန္႐ုပ္ရည္ရွိတဲ့ လူတစ္ေယာက္။
ျဖတ္သြားျဖတ္လာလူအုပ္ထဲ ပစ္ထည့္လိုက္မယ္ဆိုရင္ ရွာမေတြ႕နိုင္ေတာ့မယ့္လူမ်ိဳး။
မိဘေတြက ကြာရွင္းထားၾကၿပီး မိသားစုျပႆနာေတြက သူ႕ရဲ႕ မႈန္မွိုင္းမွိုင္းနဲ႕ ကမာၻႀကီးကို ၿငီးေငြ႕ေနေသာ စရိုက္ကို ျဖစ္လာေစသည္။
ကမာၻပ်က္ကပ္ ဆိုက္ေရာက္လာေတာ့ သူတစ္ေယာက္တည္း အခန္းထဲမွာ ရွိေနခဲ့သည္။
ဒါေၾကာင့္လည္း သူက ႐ုတ္တရက္ျဖစ္လာေသာ ကပ္ဆိုးေဘးမွ လြတ္ေျမာက္ခဲ့တာပင္။
ဒါေပမယ့္ စားနပ္ရိကၡာအတြက္ေတာ့ အျပင္ထြက္ရေပသည္။
တကယ္ေတာ့ ယင္ရွန္းက ဇြန္ဘီေတြအေပၚ မည္သည့္ေၾကာက္႐ြံ႕မႈမွ ရွိမေန။
သူတကယ္ေၾကာက္တာက လူသားေတြ ျဖစ္ပါ၏။
ထိုလူသားေတြက အ႐ူးေတြလိုပင္။
ဇြန္ဘီျဖစ္ျဖစ္၊ လူပဲျဖစ္ျဖစ္ ဖမ္းမိရင္ သတ္ပစ္လိုက္သည္။
အဲ့ေန႕ ယင္ရွန္း အျပင္ထြက္ၿပီး သူကိုယ္တာအတြက္ ရိကၡာစုေဆာင္းေနတုန္း အခက္အခဲၾကားမွ ေပါင္မုန႔္ႏွစ္ခုကို ရွာေဖြေတြ႕ခဲ့ၿပီး ရွာေတြ႕ျခင္းခံလိုက္ရသည္။
ထိုလူသားေတြက သူ႕ပစၥည္းကို အေျပးအလႊား လာေရာက္လုယက္ၾကေတာ့၏။
ကေလးေတြျဖစ္ေနတာေတာင္မွ အစားအစာအတြက္ သူ႕ကို ရက္စက္စြာကိုက္နိုင္ေသာေၾကာင့္ သူ႕လက္ထဲက ေပါင္မုန႔္ကို လက္လြတ္ဖို႔ ဖိအားေပးခံလိုက္ရသည္။
အဲ့အခ်ိန္မွာပဲ ထိုလူေတြသာ သူ႕ကို မျမင္နိုင္ေတာ့ရင္ ေကာင္းမည္ဟု ယင္ရွန္းေတြးမိလိုက္၏။
ထိုအခ်ိန္က သူ႕ရဲ႕ဆႏၵ ဘယ္ေလာက္ျပင္းျပသည္ကို မသိေသာ္လည္း သူေပ်ာက္ကြယ္သြားကိုေတာ့ သူတစ္ေယာက္တည္း သူေနခဲ့သည္ ။
ထိုလူေတြက သူ႕ကို မျမင္နိုင္ေတာ့ပဲ ေခါင္းမပါတဲ့ ယင္ေကာင္ေတြလိုမ်ိဳး လွည့္ပတ္ရွာေဖြေနၾကသည္။
ယင္ရွန္းက သူတို႔ရဲ႕ အေထာက္အပံ့ အားလုံးကိုယူလိုက္ၿပီး တံခါးဖြင့္ကာ ဇြန္ဘီေတြကို အထဲဝင္ေစလိုက္၏။
ထိုလူမ်ားက ထိတ္ထိတ္ပ်ာပ်ာ ၊ ဝမ္းနည္းဖြယ္ရာ ေအာ္ဟစ္ေနၾကသည္မွာ ဝမ္းနည္းဖြယ္ရာ ဇြန္ဘီမ်ားလိုပင္။ ၿခံခတ္ထားေသာ ဇြန္ဘီမ်ားၾကားထဲ လွည့္ပတ္ေျပးေနၾကသည္။
ဒါေပမယ့္ ဇြန္ဘီပါးစပ္မွ လြတ္လမ္း မရွိနိုင္ေသး။
ထိုျမင္ကြင္းကို ၾကည့္ေနတဲ့ ယင္ရွန္းက ၿပဳံးၿပဳံးၿဖဲၿဖဲျဖင့္ ရယ္ေမာေနေတာ့သည္။
ရယ္စရာ ေကာင္းလိုက္တာ။
လူေတြကို သတ္တာက ဇြန္ဘီေတြကို သတ္တာထက္ ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းတာပဲ။
အဲ့ကတည္းက သူ႕ရဲ႕စရိုက္က လုံးလုံးလ်ားလ်ား လြဲေခ်ာ္သြားခဲ့သည္။
သူက ဒီကမာၻပ်က္ကပ္ႀကီးရဲ႕ အရွင္သခင္ျဖစ္ေနၿပီဟု ခံစားမိေနေတာ့၏။
သူက အရာရာတိုင္းကို ထိန္းခ်ဳပ္ထားနိုင္ေနသည္။
အခု အိပ္ရာထဲ၌ အဖမ္းခံလိုက္ရၿပီး ရက္ရက္စက္စက္ အရိုက္ခံလိုက္ရေသာ္လည္း ဒီလူေတြက သူ႕လက္ခုပ္ထဲက လုံးဝ မလြတ္ေျမာက္နိုင္ဟု ယင္ရွန္း သိေနခဲ့သည္။
"ေသခ်ာတယ္၊ အဲ့ဒါ မင္းပဲ"
နီးယန္က မ်က္ခုံးတြန႔္လိုက္ၿပီး အိပ္ရာကို ဆြဲဖြင့္လိုက္သည္။
ေသြးထြက္ေအာင္ ရိုက္ခံထားရတဲ့ ယင္ရွန္းက အိပ္ရာထဲမွ ထထိုင္လိုက္ၿပီး အတိတ္နိမိတ္မေကာင္းေသာ အၿပဳံးမ်ိဳး ၿပဳံးလိုက္သည္။
ယခုတြင္ နီးယန္က သူ႕မ်က္ႏွာကို စုတ္ၿဖဲၿပီး ဟန္ေဆာင္မႈကို ရပ္တန႔္ေစလိုက္သည္။
အခ်ိန္က အေရးတႀကီး ျဖစ္ေနေတာ့ သူမက သူ႕ကို ဖမ္းဆြဲလိုက္ၿပီး စိုးရိမ္တႀကီး ေမးလိုက္သည္။"ေက်ာက္မီးေသြးနယ္ေျမက ကားတစ္စီးကို အပိုင္သိမ္းခဲ့တာလား၊ စြမ္းအားရွင္ႏွစ္ေယာက္ေရာ အဲ့ကားထဲမွာ ရွိလား?"
ယင္ရွန္းမ်က္ႏွာတြင္က အေၾကာက္တရား ရွိမေန၊ သူက ျပန္ေျပာလာ၏။" မင္းက ေက်ာက္မီးေသြးနယ္ေျမက လာတာလား?ေက်ာက္မီးေသြးနယ္ေျမမွာ လွ်ပ္စီးမိုးႀကိဳးစြမ္းရည္နဲ႕ သဘာဝလြန္ စြမ္းအားရွင္ တစ္ေယာက္ရွိတယ္လို႔ ငါၾကားမိတယ္၊ သူမက အမ်ိဳးသမီးတစ္ေယာက္လည္း ျဖစ္ေသးတယ္တဲ့၊ အဲ့ဒါ မင္းကိုး"
ဒီအခ်က္တြင္ေတာ့ ယင္ရွန္း၏ အၿပဳံးက ထူးဆန္းလာ၏။ "မင္း ငါ့ကို ဖမ္းရင္ေတာင္ ... မင္းတို႔ လြတ္ေျမာက္နိုင္မွာ မဟုတ္ဘူး၊ တစ္႐ြာလုံးက ငါတို႔အပိုင္ေလ။ မင္းတို႔က အရိုးျပာအိုးထဲက ပင္လယ္လိပ္သာသာပဲ"
{လိပ္ကို အိုးထဲတြင္ဖမ္းထားၿပီး ၊ ေနာက္ပိုင္း ငါလိုခ်င္တဲ့ အရာဟာ ငါ့ထိန္းခ်ဳပ္မႈေအာက္မွာ အျပည့္အဝရွိေနၿပီ ဟု ဆိုလိုပါသည္တဲ့}
ကလစ္ ဟူေသာ အသံႏွင့္အတူ တံခါးက ႐ုတ္ျခည္းပြင့္လာသည္။
ဖန္မိုင္းက တံခါး၌ေပၚလာ၏။
အန္ကယ္ဆယ္ေယာက္က သူမေနာက္တြင္ရပ္ေနၾကသည္။
အခန္းထဲက လူငါးေယာက္ကို လွမ္းၾကည့္လိုက္ၾက၏။
ယင္ရွန္းက ၿပဳံးၿပီး ေျပာလာသည္။"ၾကည့္ဦး၊ သူတို႔က ဒီမွာပဲ"
အန္ကယ္ဆယ္ေယာက္က ခပ္ျမန္ျမန္ပဲ ေရွ႕တိုး ေရာက္လာၾကသည္။
အေသခံတပ္စုရဲ႕ ေခါင္းေဆာင္ကဲ့သို႔ေသာ စု႐ြမ္႐ြမ္က ခ်က္ခ်င္းေျပာလာ၏။ ကြၽန္မ အရင္ေျပးေတာ့မယ္၊ ရွင္တို႔ ေနာက္မွေျပးေတာ့!
သူမ က်ရႈံးသြား၏။
သူတို႔အားလုံး အခန္းထဲတြင္ ပိတ္ဆို႔ခံလိုက္ရၿပီး ယင္ရွန္းေျပာသလိုပဲ အရိုးျပာအိုးထဲက လိပ္ ျဖစ္သြားေတာ့သည္။
ဖန္မိုင္းက သန္မာပုံမရ၊ သူမက အေနရခက္ေနၿပီး မည္သည့္စြမ္းအားမွ ရွိမေနသလို။
သာမန္ ေက်းလတ္သူ အမ်ိဳးသမီးႏွင့္သာ တူေန၏။
ဒါေပမယ့္ ဒီအခိုက္အတန႔္တြင္ေတာ့ သူမရဲ႕အသံက ထူးဆန္းသည့္ အသံဩဇာတစ္ခု ရွိေနသည္။
ေက်ာက္ေဆာင္ ေက်ာက္တန္းေတြေပၚက ေရသူမေလးက တြန္က်ဴးကာ ညို႔ယူဖ်ားေယာင္းေနသကဲ့သို႔၊ ေလွကို ေက်ာက္တန္းဆီ ဆိုက္ကပ္ဖို႔ လွပေသာ သီဆိုသံကို အသုံးျပဳကာ လမ္းၫႊန္ေနသကဲ့သို႔ ေမွာ္ဆန္ဆန္ ႏွစ္ျမဳပ္ျခင္းတစ္ခု ရွိေနပုံရသည္။ လူမ်ားအား အသူတရာ ေခ်ာက္နက္ထဲသို႔ ဆြဲခ်သြား၏။
နီးယန္က အၿမဲတမ္း ဒီလူေတြနဲ႕ ထိပ္တိုက္ရင္ဆိုင္မႈကို ေရွာင္ရွားဖို႔ အေကာင္းဆုံး ႀကိဳးစားခဲ့ၿပီး လူတိုင္း၏ လုံၿခဳံမႈကို ကာကြယ္ေနစဥ္တြင္ သူမညီမကို ရွာေဖြကယ္ဆယ္ဖို႔ ေမွ်ာ္လင့္ခဲ့ပါသည္။
ဒါေပမယ့္ အခုေတာ့ ဒီေနရာက ထိန္းခ်ဳပ္မႈ အျပင္ဘက္မွာ ရွိေနပုံရ၏။
နီးယန္ ျပင္းျပင္းထန္ထန္ ခံစားလိုက္ရသည္။
ဖန္မိုင္းက သိသိသာသာကို ယင္ရွန္းထက္ပိုၿပီး အႏၲရာယ္မ်ာေပ၏။
"သတ္ပစ္! သူတို႔အားလုံးကို သတ္ပစ္!"
ယင္ရွန္းက စိတ္လႈပ္ရွားစြာ ေအာ္လိုက္သည္။ သူေျပာေနခ်ိန္တြင္ သူ႕သြားမ်ားက ေႂကြက်သြားတာေၾကာင့္ ေလယိုစိမ့္မႈ တခ်ိဳ႕ရွိေန၏။
နီးယန္ ေသနတ္နဲ႕ ပစ္ခ်င္ေပမယ့္ သူမက ေသနတ္ပင္ မျမႇောက္နိုင္ေၾကာင္း ေတြ႕လိုက္ရသည္။
"ရွင္က ေျဖာင့္မတ္တဲ့ စစ္သားတစ္ေယာက္ပဲ၊ ရွင့္ရဲ႕ ကတိသစၥာကို လိုက္နာတယ္ ... ဒါေပမယ့္ ကမာၻပ်က္ကပ္အခ်ိန္ရဲ႕ တစ္ေန႕မွာေတာ့ ရွင့္ရဲ႕ ကတိသစၥာကို ပစ္ပယ္လိုက္လိမ့္မယ္ ... "ဖန္မိုင္းက ေရွာင္ယြီအား တည္ၿငိမ္စြာ ၾကည့္လိုက္သည္။ အေမွာင္ထဲတြင္ အသံက ငရဲမွ ေရာက္လာသကဲ့သို႔၊ သကာရည္ထဲတြင္ ထုပ္ပိုးထားေသာ ဆီးႏွင္းခဲ အဆိပ္ ကဲ့သို႔ပင္။
ေရွာင္ယြီ တစ္ခ်က္ၾကည့္လိုက္ေပမယ့္ သူ႕ေခါင္းက အေတာ္ေလး ရႈပ္ေထြးေနသလို ခံစားရၿပီး ေသနတ္ကိုေတာင္မွ မကိုင္ထားနိုင္ေတာ့ေပ။
"ကလစ္" ဟူေသာ အသံႏွင့္အတူ ေသနတ္က ၾကမ္းျပင္ေပၚသို႔ ရိုက္ခတ္က်ဆင္းသြား၏။
ေရွာင္ယြီသည္ ဒူးေထာက္က်သြားၿပီး အလြန္အမင္း ေမာပမ္းႏြမ္းနယ္ေနသကဲ့သို႔ မ်က္လုံးမ်ား ပိတ္က်သြားေလသည္။
အရပ္ျမင့္ျမင့္ခႏၶာကိုယ္က ေတာင္ကုန္းတစ္ခုလိုမ်ိဳး အနည္းငယ္ ေကြးၫြတ္သြားၿပီး ေက်ာက္ဆစ္႐ုပ္ကဲ့သို႔ တိတ္တဆိတ္ လဲက်သြားေတာ့၏။
ဒီေျပာင္းလဲမႈက အခန္းထဲက လူတိုင္း၏ အမူအရာကို ေျပာင္းလဲသြားေစသည္။
နီးယန္ စကားေျပာခ်င္ေပမယ့္ သူမမွာ မည္သည့္အသံမွ မထြက္နိုင္ေတာ့ေၾကာင္း သိလိုက္ရသည္။
ခဲအိုဆယ္ေယာက္ႏွင့္ ယင္ရွန္းသာလွ်င္ သူတို႔မ်က္ႏွာေပၚတြင္ ေၾကာက္စရာအၿပဳံးမ်ား ရွိေနၿပီး ဒီလိုအေျခအေနကို ေနသားတက် ျဖစ္ေနပုံရသည္။
ဖန္မိုင္းက နီးယန္ဘက္သို႔ ျဖည္းျဖည္းခ်င္း လွည့္လိုက္၏။ သူမအသံက ေႏြဦးေလေျပေလးကဲ့သို႔ ႏူးညံ့ညင္သာေနသည္။ သို႔ေသာ္လည္း အမွန္တရားကေတာ့ သူမႏွလုံးသားကို ထိုးေဖာက္သြားေသာ ဓားတစ္လက္ျဖစ္ေပ၏။"ရွင္က အရမ္း ႀကံ့ခိုင္ ဖ်တ္လတ္တဲ့ အမ်ိဳးသမီးပဲ၊ ေနာက္ဆုံးေန႕ေတြမွာ လႊမ္းမိုးျခယ္လွယ္နိုင္တယ္၊ ဒါေပမယ့္ ရွင့္မွာ အားနည္းခ်က္တစ္ခု ရွိတာပဲ။ ရွင့္ညီမေလးက ....."
နီးယန္က ႐ုတ္တရက္ မ်က္လုံးဖြင့္လာၿပီး သူမရဲ႕ အရပ္ျမင့္ျမင့္ ပုံရိပ္က ေရွ႕သို႔ လႊားကနဲ ခုန္သြားေသာ္လည္း ျပင္းထန္သင့္ေသာ လႈပ္ရွားမႈက အင္အားမရွိသလိုမ်ိဳး ၾကမ္းျပင္ေပၚတြင္ ႐ုန္းကန္ေနရသည္။
သူမမ်က္လုံးမ်ား နီရဲလာၿပီး ထူးဆန္းေသာ နတ္ဆိုး သီဆိုသံကဲ့သို႔ေသာ ဖန္မိုင္းရဲ႕ အသံၾကား မ်က္လုံးမ်ား တျဖည္းျဖည္း ပိတ္က်သြားသည္။
"မင္းတို႔..."
ဖန္မိုင္းေခါင္းလွည့္လိုက္ၿပီး စု႐ြမ္႐ြမ္နဲ႕ လုရွီမင္ကို ၾကည့္လိုက္သည္။
အဆုံးမရွိေသာ အိမ္မက္ဆိုး ၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အသူတရာ ေခ်ာက္နက္လို႔ ေခၚသည့္ထဲသို႔ က်ေရာက္သြား၏။
သူမ လက္ေျမာက္လိုက္ေတာ့ ျဖည္းျဖည္းခ်င္းလဲက်သြားၿပီး နတ္ဆိုးရဲ႕ စကားသံတိုးတိုးလိုမ်ိဳး ေရ႐ြတ္လိုက္သည္။ "အိပ္ေတာ့ "
ေထာင့္နားက လုရွီမင္က လက္ျမႇောက္လိုက္ကာ သူ႕လက္ေမာင္းထဲ လဲၿပိဳက်လာတဲ့ စု႐ြမ္႐ြမ္ကိုကာကြယ္ေပးလိုက္ၿပီး ဖန္မိုင္းဆီသို႔ ေလးေလးနက္နက္ တစ္ခ်က္ၾကည့္လိုက္သည္။ ၿပီးေနာက္ ေနာက္ဆုံးေတာ့ သူက ေစာင္ၿခဳံၿပီး ကုတင္ေပၚ လွဲခ်လိဳက္ေတာ့၏။
******
ေရွာင္ယြီက အရႈပ္အေထြးေတြၾကား လမ္းေလ်ာက္ ေနသည္။
အေရွ႕မွ အလင္းေရာင္တစ္ခု ျမင္လိုက္ရ၏။
ရင္းႏွီးကာ လိုက္လွဲပ်ဴငွာေသာ အသံတစ္ခုက လူတစ္ေယာက္ဆီမွ ထြက္ေပၚလာသည္။
"ဗိုလ္ႀကီးေရွာင္၊ ဒီကိုလာပါဦး!"
ေရွာင္ယြီၾကည့္လိုက္ေတာ့ သူ႕ညီကိုေကာင္း၏ မ်က္ႏွာကို ျမင္လိုက္ရ၏။
သူတို႔အားလုံး ေသၿပီမဟုတ္ဘူးလား?
ေရွာင္ယြီက ေရွ႕သို႔ ျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည္။
သူျမင္ရတဲ့ မ်က္ႏွာေတြက မႈန္ဝါးဝါး ျဖစ္ေနၿပီး တရင္းတႏွီးရွိေန၏။
သူ႕အသိစိတ္က ေတြေဝနစ္မြန္းလာသည္။
သူေတြးမိသြား၏။ဒါဆို လူတိုင္း မေသခဲ့ဘူးေပါ့။
ကမာၻပ်က္ကပ္ေန႕ဆိုတာ အားလုံးအတုေတြပဲလား။
ေရွာင္ယြီရဲ႕ ျပတ္သားေသာ မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခု ေပၚလာသည္။
သူက စစ္သားမ်ားဆီသို႔ ေျခလွမ္းက်ဲျဖင့္ ေလွ်ာက္သြားလိုက္၏။
လူတိုင္းက အလ်င္စလို စကားစျမည္းေျပာေနၾကၿပီး အားလုံးက ေန႕စဥ္ တိုင္ၾကားခ်က္မ်ားႏွင့္ ေယာက်ာ္းမ်ားၾကား အကြၽမ္းဝင္ေနေသာ ဟာသမ်ား ျဖစ္သည္။
ေရွာင္ယြီရဲ႕ ႏွလုံးသားက ပိုပိုၿပီး စိတ္ေအးခ်မ္းသာ ရွိလာ၏။
Eschatology က တကယ့္ကို အတုႀကီးပဲ။
{ eschatology- ေသျခင္း ၊ တရားစီရင္ျခင္းႏွင့္ ဝိဉာဥ္ႏွင့္ လူသားတို႔၏ ေနာက္ဆုံးေသာ ကံၾကမၼာႏွင့္ သက္ဆိုင္ေသာ ဓမၼပညာ အစိတ္အပိုင္း}
"ဗိုလ္ႀကီးေရွာင္၊ ေရွ႕က ဗင္ကား ထဲမွာ မေတာ္တဆ တစ္ခု ျဖစ္တယ္လို႔ ၾကားမိတယ္၊ ဒါေၾကာင့္ ဒါကိုေျဖရွင္းဖို႔ ကြၽန္ေတာ္တို႔ တာဝန္ယူသင့္တယ္"
တစ္စုံတစ္ေယာက္က သတင္းေပး တင္ျပလာ၏။
ေရွာင္ယြီ ေခါင္းညိတ္လိုက္ၿပီး ၀င္ေရာက္ပါဝလိုက္သည္။
ေမာင္းႏွင္ေနစဥ္တြင္း ဗင္ကားက အကာအရံကို ဝင္တိုက္မိၿပီး ေခ်ာက္ထဲျပဳတ္က်လဳနီးနီး ျဖစ္ေနသည္။
ဗင္ကာ၏ ဝန္ပိုမႈေၾကာင့္ ျဖစ္ရတာလို႔ ၾကားမိ၏။
ေခါင္းေဆာင္ျဖစ္တဲ့ ေရွာင္ယြီက အဖြဲ႕သားမ်ား၏ ေဖ်ာင္းဖ် တားျမစ္ျခင္းအား ဂ႐ုမထားဘဲ လုံၿခဳံေရး ႀကိဳးျဖင့္ ခ်ည္ေႏွာင္ကာ ေခ်ာက္ကမ္းပါးသို႔ ေခါင္းစိုက္ေနၿပီျဖစ္ေသာ ဗင္ကား အနီးသို႔ ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္သြားသည္။
"ကလစ္ ၊ ကလစ္..." ဗင္ကားက ထိုးက်လာ၏။
ေရွာင္ယြီ သတိေပးလိုက္သည္။"မလႈပ္နဲ႕ ၊ မလႈပ္နဲ႕ ! အခု အႏၲရာယ္ရွိေနတယ္! မလႈပ္ရွားနဲ႕!"
သို႔ေသာ္လည္း အက်ိဳးသက္ေရာက္မႈ က ပိုက်ယ္လာၿပီး ဗင္ကား ျပဳတ္က်သြား၏။
ေရွာင္ယြီက အရွိန္ျမႇင့္ရန္မွတစ္ပါး ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။
သူက ဗင္ကား အနီးသို႔ ခ်ဥ္းကပ္သြားၿပီး ပုံပ်က္ေနေသာ ေနာက္ခန္းကို ဖြင့္ရန္ သူ႕လက္ထဲက ကိရိယာမ်ားကို အသုံးျပဳလိုက္၏။
လက္တစ္ဖက္ ဆန႔္ထြက္လာ၏။
ေရွာင္ယြီက အဲ့လက္ကို ဆြဲလိုက္ၿပီး လူကို အျပင္ဘက္ ဆြဲထုတ္လိုက္သည္။
"သတ္၊ သတ္ ..."
ထိုလူက ေရွာင္ယြီကို တြန္းထုတ္လိုက္ၿပီး ေရွ႕သို႔ ေျပးသြားသည္။
ဗင္ကားထဲက လူေတြက အစုလိုက္အၿပဳံလိုက္ႀကီး တိုးထြက္လာၿပီး ေရွာင္ယြီကို တိုးမိကုန္သည္။
သူက ေခ်ာ္က်သြားၿပီး ေက်ာက္အစအနေတြက်လာကာ ေခ်ာက္ကမ္းပါးမွ မီတာဝက္သာလွ်င္ေဝးေတာ့သည္။
ကံေကာင္းေထာက္မစြာ စစ္သားမ်ားက သူ႕ကို ဖမ္းမိလိုက္၏။
"ဗိုလ္ႀကီး!"
"အဆင္ေျပတယ္၊ မလာနဲ႕"
ေရွာင္ယြီက အဖြဲ႕ဝင္ေတြကို အႏၲရာယ္မျဖစ္ေအာင္ တားလိုက္ၿပီး ဗင္ကားထဲကို ၾကည့္လိုက္သည္။
မ်က္ႏွာေပၚတြင္ ေသြးစြန္းေနေသာ လူတစ္ဦးႏွင့္ ဝါးစားေနေသာ လူတစ္ဦး ရွိေန၏။
ေရွာင္ယြီရဲ႕ မ်က္ႏွာ အမူအရာက ႏွစ္ျမဳပ္သြားသည္။"လူတိုင္း မထိတ္လန႔္ၾကပါနဲ႕!"
ေရွာင္ယြီက ေသနတ္ ျမႇောက္ၿပီး ထိုလူကို ခ်ိန္လိုက္သည္။
ဗင္ကားထဲတြင္ တင္ေဆာင္ထားေသာ လူဒါဇင္ေက်ာ္မွာ လြတ္ေျမာက္ၿပီးေနာက္ စစ္သားမ်ား ေနာက္တြင္ ပုန္းေနၾကသည္။
ေသြးစြန္းေနတဲ့လူက သူ႕လက္ထဲက အေလာင္းေကာင္ကို လႊတ္ပစ္လိုက္ၿပီး တြားသြားထြက္လာ၏။
သို႔ေသာ္လည္း ဗင္ကားက အလြန္အႏၲရာယ္မ်ားေသာ အျမင့္သို႔ ေစာင္းေနၿပီ ျဖစ္ေသာေၾကာင့္ ဗင္ကားရဲ႕ ေခၚေဆာင္သြားျခင္း ခံလိုက္ရကာ ေခ်ာက္ကမ္းပါးသို႔ ျပဳတ္က်သြားေတာ့သည္။
ေရွာင္ယြီသည္ မ်က္ေမွာင္ၾကဳတ္ကာ ေရွ႕သို႔ တလွမ္း တိုးၿပီးေနာက္ မေဝးေသာ ေနရာတြင္ ခ်ိတ္ဆြဲေနတဲ့လူကို ထိတ္လန့္စြာ ေတြ႕လိုက္ရသည္။သူ႕ရဲ႕ေျခလက္မ်ားကို ေကာက္ေကြးကာ ေျခေလးေခ်ာင္း ပင့္ကူကဲ့သို႔ တက္လာ၏။
ဒီလို ျပဳတ္က်ၿပီး မေသတာက ဘယ္လိုျဖစ္နိုင္မွာလဲ ...
" ဗိုလ္ႀကီး၊ လူတခ်ိဳ႕က အဆင္မေျပၾကဘူး!"
"ေဆး႐ုံအရင္ပို႔လိုက္!"
ေရွာင္ယြီက သူ႕သံသယကို ေဘးခ်ိတ္ထားလိုက္ၿပီး ခ်က္ခ်င္းပဲ ေနာက္ဆက္တြဲကို စတင္ ေျဖရွင္းလိုက္သည္။
ေဆး႐ုံသြားတဲ့လမ္းတြင္ အျပင္ဘက္၌ ရႈပ္ေထြးေနၾက၏။
ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား၊ ဆူညံၿပီး ႐ူးသြပ္ေနေသာသူမ်ား ေနရာတိုင္းျပည့္က်ပ္ေနၾကသည္။
"ဗိုလ္ႀကီး ၊ အဆုံးမွာ ဘာျဖစ္သြားလဲ? စစ္သားေတြေဘးမွာထိုင္ေနတဲ့ Shaw က ပတ္ပတ္လည္ကို စိုးရိမ္စြာ ၾကည့္ေနၿပီး ျပတင္းေပါက္ အျပင္ဘက္က အရႈပ္အေထြးေတြကို လက္ညိုးၫႊန္ျပၿပီး ေျပာလိုက္တယ္။"ဒီလူေတြ ... ႐ုပ္ရွင္ထဲက ဇြန္ဘီေတြအတိုင္းပဲ"
"ဇြန္ဘီ?"
ေရွာင္ယြီရဲ႕ အာ႐ုံေၾကာမ်ား တင္းက်ပ္လာၿပီး ေခ်ာက္ကမ္းပါးေပၚက လူအေၾကာင္း ေတြးမိသြားကာ သူ႕မ်က္ႏွာက ႐ုတ္တရက္ ႐ုပ္ဆိုးလာ၏။
ေဆး႐ုံ၌၊
ေဆး႐ုံမွာ ပို၍ပင္ ရႈပ္ေထြးေန၏။
ေရွာင္ယြီသည္ သူ႕ညီအစ္မ်ားႏွင့္အတူ စည္းစနစ္တက် ထိန္းသိမ္းရန္ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့၏။ ေရာဂါကို ရွာမေတြ႕နိုင္သူမ်ားသည္ ေသြးထြက္ေနေသာ သူတို႔လက္မ်ားကို ကိုင္ထားရင္း အလန႔္တၾကားေအာ္ဟစ္ေနၾက၏။
ကမာၻႀကီးတစ္ခုလုံးမွာ ငရဲႏွင့္ တူေနသည္။
မၾကာမီ တစ္ျခားေသာ လက္နက္ကိုင္ စစ္သားမ်ား ေရာက္ရွိလာၿပီး ပရမ္းပတာ အေျခအေနကို ထိန္းခ်ဳပ္ဖို႔ အစြမ္းကုန္ ႀကိဳးစားၾကသည္။
"ဗိုလ္ႀကီးေရွာင္ ၊ မင္းညီေလးလည္း ဒဏ္ရာရေနပုံပဲ"
သူ႕ကိုသိတဲ့တစ္ေယာက္က သူ႕ကိုကယ္ဖို႔ ထြက္လာခဲ့သည္။ေရွာင္ယြီရဲ႕ညီေလးကိုျမင္ေတာ့ သူက သူ႕ကိုေခၚလာခဲ့၏။ ဒါေပမယ့္ ေရွာင္ယြီလည္း ဒီေဆး႐ုံမွာ ရွိေနမယ္လို႔ မေမွ်ာ္လင့္ထားေပ။"ဗိုလ္ႀကီး၊ ဒီမွာ လူနာ ကုတင္တစ္ခုရွိတယ္!"
"တျခားသူကို အရင္ေပးလိုက္ပါ"
ေရွာင္ယြီလည္း မည္သည့္ အခြင့္ထူးကိုမွ မသုံးခ်င္ေပ။ေဘဘီေရွာင္ရဲ႕ ဒဏ္ရာကလည္း မနက္ေသာေၾကာင့္ သူကိုယ္တိုင္ ကိုင္တြယ္ေျဖရွင္းနိုင္သည္။
ေနာက္ဆုံးေတာ့ ျမင္ကြင္းက ၿငိမ္သက္သြား၏။
ေရွာင္ယြီသည္ ဒဏ္ရာကို ကိုင္တြယ္ေျဖရွင္းဖို႔ ငိုယိုၿပီး မ်က္ႏွာနီးျမန္းေနတဲ့ ေဘဘီေရွာင္ကို ေပြ႕ခ်ီလိုက္ပါ၏။
ဘယ္သူကိုက္လိုက္လဲ မသိေပ။
ကေလးငယ္မွာ အသားစမ်ား စုတ္ၿပဲေန၏။
"အစ္ကိုႀကီး၊ ကြၽန္ေတာ္တို႔ကို ကယ္ေပးတာ ေက်းဇူးတင္ပါတယ္၊ ေရေသာက္လိုက္ပါအုံး"
ထိုထဲမွတစ္ေယာက္က ဗင္ကားေပၚမွ လြတ္ေျမာက္လာသူျဖစ္ၿပီး ေရယူၿပီးေရာက္လာသည္။
ေရွာင္ယြီက ျငင္းဆန္ၿပီး ေျပာလိုက္၏။"မင္းပဲ ေသာက္ပါ"
ပတ္ပတ္လည္တြင္ စုေဝးေနၾကတဲ့ လူတစ္ခ်ိဳ႕လည္းရွိေနၿပီး တကယ့္ ေယာက္်ားႀကီးမ်ား ေျမျပင္ေပၚဒူးေထာက္ ငိုေႂကြးေနၾကကာ ေက်းဇူးတင္တဲ့ အေနနဲ႕ သူတို႔ရဲ႕ အစားအစာမ်ား ေပးလာၾကသည္။
ယခုတြင္ ထိုသူမ်ားမွာ ဘဝႏွင့္ မဏရကို ျဖတ္သန္းေတြ႕ႀကဳံၿပီးေနာက္ ဘဝ၏တန္ဖိုးကို သိလာၾကသည္။
ေရွာင္ယြီ ခ်က္ခ်င္းပင္ သူတို႔ကို ကူညီေပးလိုက္၏။
တင္းမာေနေသာ မ်က္ႏွာသည္ ပထမအၾကည့္တစ္ခ်က္တြင္ ရက္စက္ၾကမ္းၾကဳတ္ပုံရေပမယ့္ သူက အလြန္ပင္ ႏူးညံ့ေသာ ႏွလုံးသားရွိသူ တစ္ေယာက္ပါပင္။
႐ုတ္တရက္ လက္နက္ကိုင္စစ္သားအုပ္စုက ေသနတ္ေတြနဲ႕ ေျပးဝင္လာၾကသည္။"အဲ့ဒါဇြန္ဘီေတြပဲ! ဇြန္ဘီေတြ ျမင့္တက္လာၿပီ! ေဆး႐ုံကို ပိတ္ခ်လိဳက္ေတာ့ ! ဇြန္ဘီကိုက္ခံရတဲ့သူေတြက ေရာဂါပိုး ရွိေနၿပီ! ဒဏ္ရာရတဲ့သူေတြကို ခ်က္ခ်င္းပစ္သတ္ၾက!"
ေရွာင္ယြီကိုင္ထားတဲ့ ပိုးသတ္ေဆးပုလင္းက ခ်က္ခ်င္းပဲ ဖိတ္စင္က်လာခဲ့သည္။
ေဘဘီေရွာင္က နာက်င္မႈေၾကာင့္ ငိုသံထြက္လာ၏။
ေရွာင္ယြီက မသိစိတ္အရ သူ႕ပါးစပ္ကို ဖုံးအုပ္ဖို႔ လက္လွမ္းလိုက္သည္။
ပတ္ပတ္လည္က လူေတြက ေရွာင္ယြီကို ဦးၫြတ္လာၿပီး သူတို႔က ေဘဘီေရွာင္ရဲ႕ ဒဏ္ရာကိုလည္းျမင္ေရာ ေနာက္ျပန္ဆုတ္သြားၾက၏။
" ဗိုလ္ႀကီး၊ သူက ဇြန္ဘီ ကိုက္ခံထားရတာ..."
သူ႕ေဘးက အဖြဲ႕ဝင္တစ္ေယာက္က ေျပာလိုက္၏။
"ဇြန္ဘီ ကိုက္ခံထားရတဲ့သူေတြကို ခ်က္ခ်င္း သတ္ပစ္ရမယ္!"
ပတ္ဝန္းက်င္ ပတ္လည္မွ လက္နက္ကိုင္ စစ္သားမ်ားဟာ ေအာ္ဟစ္ေျပာလာၾက၏။
ေရွာင္ယြီရဲ႕ေဘးဟာ ပိုပိုၿပီး ေနရာလြတ္ ျဖစ္လာၿပီး ေရွာင္ေပါင္ေပါင္သာလွ်င္ နာက်င္မႈေၾကာင့္ ရွိုက္ငိုေနသည္။
သူေမာ့ၾကည့္လိုက္ေတာ့ ဝါးတားတား မ်က္ႏွာေတြကို ျမင္ေနရ၏။
သူ သူတို႔ကို ရွင္းရွင္းလင္းလင္း မျမင္နိုင္ေပမယ့္ သူတို႔ရဲ႕အသံကေတာ့ ေရွာင္ယြီရဲ႕နားထဲ အေတာ္ေလး ၾကည္လင္ ရွင္းလင္းစြာ ေရာက္လာေနေလသည္။
"အဲ့ဒါ ဇြန္ဘီ ..."
မဟုတ္ဘူး ၊ ဒါက သူ႕ညီေလး ၊ သူ႕ရဲ႕ ညီေလးအရင္း ...
အနီးပတ္ဝန္းက်င္ရွိ ဒဏ္ရာရရွိသူမ်ားကို ေသနတ္ျဖင့္ ပစ္သတ္ၾကၿပီး ခုခံသူမ်ားလည္း ေသဆုံးခဲ့ၾကသည္။
တခဏအတြင္းမွာပဲ ေဆး႐ုံတစ္ခုလုံး ေသြးကြက္မ်ားျဖစ္ေပၚလာ၏။
ေရွာင္ယြီသည္ တစ္ဝက္တစ္ပ်က္ စုတ္ၿပဲသြားသည္ကို ခံစားလိုက္ရသည္။
သူ႕ကို စုတ္ၿပဲသြားေစတဲ့ လူကို ၾကည့္လိုက္ေတာ့ သူ႕လိုပဲ စစ္ယူနီေဖာင္းဝတ္ဆင္ထားၿပီ၊ သူ႕လိုပဲ တူညီေသာ ေသနတ္ကိုင္ထားသည့္ သူ ျဖစ္ေနသည္။
ဒါေပမယ့္ သူ႕မ်က္ႏွာတြင္ ေတာ့ လ်စ္လ်ဴရႈမႈေတြ၊ ဆုံးျဖတ္ခ်က္ေတြနဲ႕ ျပည့္ေန၏။
အဲ့လူက သူ႕လက္ထဲက ေသနတ္ကို ျမႇောက္လိုက္ၿပီး ေဘဘီေရွာင္ကို ခ်ိန္႐ြယ္လိုက္သည္။
ပတ္ပတ္လည္က လူမ်ားကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ အလ်င္စလို တိုက္တြန္းေနၾက၏။
"ျမန္ျမန္ပစ္၊ ဒီဇြန္ဘီကို သတ္ပစ္ !"
"ဒါက ဇြန္ဘီပဲ ! မင္းသူ႕ကို ထိန္းထားနိုင္မွာမဟုတ္ဘူး!"
" ဗိုလ္ႀကီး၊ ငါတို႔က စစ္သားေတြ ! ဒီဇြန္ဘီကို ထိန္းမထားနိုင္ဘူး"
စစ္သား ... သူက စစ္သားတစ္ေယာက္ပဲ ၊သူပစ္ရမယ္၊ပစ္မယ္။
ဒါေပမယ့္ ၊ မျဖစ္ဘူး ၊ မျဖစ္ဘူး ၊ မပစ္ဘူး!
မပစ္နိုင္ဘူး!
ေရွာင္ယြီက သူ႕ႏွလုံးသားထဲက ဟိန္းေအာ္လိုက္ေပမယ့္ သူ လုံးဝ စကားမေျပာနိုင္ေပ။
အဘယ္ေၾကာင့္ဆိုေသာ္ သူသည္ အလြန္အမင္း စိုးရိမ္ေၾကာင့္ၾကမ်ားေနၿပီး အေၾကာက္တရားျဖင့္ ျပည့္ေနေသာေၾကာင့္။
သူသည္ နိုင္ငံအေပၚ အလြန္ပင္ သစၥာေစာင့္ သိပါ၏။
ဒါေပမယ့္ ဒါက သူ႕ညီေလး ျဖစ္ေနသည္ ေလ!
ေရွာင္ယြီရဲ႕ခႏၶာကိုယ္ကို ျပင္းထန္စြာ ဆြဲထုတ္လိုက္ၾကသည္။
အဖြဲ႕ကြဲသားေသာ သူက သူ႕ကို ေအးစက္စက္ တစ္ခ်က္ၾကည့္လာၿပီးေနာက္ ခလုတ္ကို ဆြဲလိုက္သည္။
သူ႕ကို မသိနားမလည္စြာ ၾကည့္ေနတဲ့ ေဘဘီေရွာင္ရဲ႕ နက္စိုစို မ်က္ဝန္းမ်ားကို ေရွာင္ယြီျမင္ေနရၿပီး သူ႕ကို "အစ္ကို"ဟု ေခၚခ်င္ေနသကဲ့သို႔ သူ႕ရဲ႕ ရဲရဲနီေနေသာ ပါးစပ္က အနည္းငယ္ ပြင့္ဟလာပါသည္။
ေနာက္ေတာ့ က်ည္ဆံက ဦးေႏွာက္ထဲသို႔ ထိုးေဖာက္ဝင္ေရာက္သြားပါ၏။
"ေဖာက္"ဟူေသာ အသံျဖင့္ လွပေသာေသြးပန္းမ်ား ပြင့္လန္းလာေလသည္။
အဲ့ဒီအခိုက္အတန႔္၌ အခ်ိန္က ရပ္တန႔္သြားပါ၏။
ေရွာင္ယြီနားထဲတြင္ အသံမ်ား ျမည္ဟည္းေနၿပီး သူ႕မ်က္လုံးမ်ား လုံးဝကို မဲေမွာင္သြားေတာ့သည္။သူ ဘာမွ မၾကားနိုင္ေတာ့၊ သူ ဘာမွ မျမင္နိုင္ေတာ့ !
ေရွာင္ယြီ မ်က္ရည္မ်ားဝဲလာကာ ေရွ႕သို႔ေျပးသြားလိုက္၏။
သူ လက္လွမ္းလိုက္ကာ ေဘဘီေရွာင္၏ အားနည္းေသာ ခႏၶာကိုယ္ေလးအား ေပြ႕ဖက္လိုက္ၿပီး ေျမျပင္သို႔ ဒူးေထာက္က်သြားလ်က္ သူ႕မ်က္ႏွာတြင္ မ်က္ရည္မ်ား တသြင္သြင္ စီးက်လာေတာ့သည္။
"အား!"
ေနာက္ဆုံးေတာ့ ေရွာင္ယြီက ဟိန္းေအာ္သံထြက္လာေတာ့၏။
ထိုဟိန္းေအာ္သံသည္ ေသြးထြက္သံယို အဆုပ္တစ္ခုကဲ့သို႔ ျဖစ္ၿပီး သူ၏အတြင္း အဂၤါငါးခုကို ကြဲေၾကလုနီးပါး ျဖစ္ေစသည္။
******
နီးယန္ ေလးလံေသာ မ်က္ခြံမ်ားကို ဖြင့္ၾကည့္လိုက္ေတာ့ သူမစိတ္ေတြ အနည္းငယ္ ရႈပ္ေထြးသြား၏။
အျဖဴေရာင္ နံရံ၊ ဆိုဖာ ေဟာင္းမ်ား၊ ရႈပ္ပြေနေသာ အဝတ္အစားမ်ား၊ ေခါက္ဆြဲေျခာက္ထုပ္မ်ိဳးစုံ၊ အိမ္တစ္ခုလုံးသည္ အမိုက္ပုံးတစ္ခုလိုပင္။
ရင္းႏွီးသည့္ အိမ္တစ္လုံး ျဖစ္၏။
အခန္းတံခါးမွ အသံတစ္ခု ထြက္လာသည္။
အထဲမွ မိန္းကေလးတစ္ေယာက္ ထြက္လာ၏။
သူမက အသက္ႏွစ္ဆယ္အ႐ြယ္သာရွိၿပီး ၊ အဝတ္ဗလာနဲ႕ျဖစ္ကာ ေနာက္မွ ေယာက္်ားတစ္ေယာက္လိုက္ထြက္လာသည္။
"နီးမိန္!"နီးယန္က မ်က္ခုံးက်ဳံ႕ထားၿပီး သူမ အမူအရာက အလြန္ ေလးနက္ေန၏။
အကၤ်ီမပါေသာ ထိုေယာက္်ားက နီးယန္ကို လွည့္ၾကည့္ၿပီး စိတ္ဝင္တစား မ်က္ခုံးပင့္ျပလာသည္။
နီးယန္က မ်က္လုံးမ်ားက်ဥ္းေျမာင္းလိုက္ၿပီး ေအးစက္စြာ ေျပာလိုက္သည္။:"ထြက္သြား"
ထိုလူက ထိတ္လန့္သြားၿပီး ေၾကာက္႐ြံ႕ေသာ ပုံစံက သူ႕မ်က္ႏွာတြင္ ေပၚလာ၏။
နီးမိန္က ေအးစက္စြာ ႏွာမႈတ္လိုက္ၿပီး နီးယန္ကို လ်စ္လ်ဴရႈကာ တဖက္လွည့္၍ ထိုလူရဲ႕ ပိုက္ဆံအိတ္ကို ယူလိုက္ၿပီး ပိုက္ဆံ တခ်ိဳ႕ ထုတ္ယူကာ အၿပဳံးတစ္ခုႏွင့္အတူ အျပင္ဘက္လိုက္ပို႔ေပးလိုက္သည္။
နီးယန္က ေရွ႕သို႔ ေလွ်ာက္သြားၿပီး သူမကို ဖမ္းဆြဲလိုက္သည္။"နီးမိန္၊နင့္မွာ ပိုက္ဆံမရွိရင္ ငါ့ကို ေျပာေလ"
" ဟုတ္တယ္၊နင့္မွာ ပိုက္ဆံရွိတယ္၊ ဒါေပမယ့္ အဲ့ဒါနင့္ ပိုက္ဆံေတြ ေလ! ငါက ဘာလုပ္ရမွာလဲ! ငါ ငတ္ေသမယ္ဆိုရင္ေတာင္ နင့္ပိုက္ဆံမလိုအပ္ဘူး!"နီးမိန္ရဲ႕အသံက ပိုက်ယ္လာၿပီး နီးယန္ကို ၾကမ္းၾကမ္းတမ္းတမ္း လႈပ္ခါ လိုက္သည္။
နီးယန္သည္ နီးမိန္ ကိုယ္ေပၚက အျပာရင့္ေရာင္၊ ခရမ္းေရာင္ တစ္စြန္းတစ္စ လကၡဏာမ်ားကို ၾကည့္ၿပီး မ်က္လုံးမ်ားနီရဲလာသည္။"နင္ဘာလို႔ ကိုယ္ကိုယ္ကို မခ်စ္ရတာလဲ"
"ခ်စ္တာလား? ငါ့ကိုယ္ငါ ဒီေလာက္ခ်စ္တာ ၊ ဘာေၾကာင့္ ငါ့ခႏၶာကိုယ္ကို မခ်စ္ရမွာလဲ?ၿပီးေတာ့ နင္က ဘာလို႔ ငါ့အေၾကာင္း ဂ႐ုစိုက္ေနတာလဲ?ငါ့မိဘေတြက ေသအုံးမွာ မဟုတ္ေသးဘူး! အဲ့ဒါ အားလုံး နင့္ေၾကာင့္ ! နင္က ၿဂိဳလ္ဆိုးတစ္ခုပဲ!"နီးမိန္က ကြဲအက္ေသာအသံျဖင့္ ေအာ္ဟစ္လိုက္သည္။"နင္ ဘာေၾကာင့္ မေသေသးတာလဲ!"
ေအာ္ဟစ္ေျပာဆိုၿပီးေနာက္ နီးမိန္က လွည့္ထြက္သြားေတာ့သည္။
နီးယန္ ေနရာမွပဲ ခဏေလာက္ ရပ္ေနၿပီး လက္ထုတ္၍ သူမမ်က္ႏွာကို သပ္ခ်လိဳက္ကာ ခပ္ျမန္ျမန္ပဲ အျပင္သို႔ ေနာက္မွလိုက္ထြတ္ သြားသည္။
အျပင္ဘက္ ကမာၻႀကီးက မၾကည္မလင္ျဖစ္ေနၿပီး ေကာင္းကင္ကလည္း ေၾကာက္မက္ဖြယ္ အႏၲရာယ္တစ္ခု အစပ်ိဳးလာသကဲ့သို႔ မႈန္မွိုင္းေန၏။
တံခါးမွာ ရပ္ေနတဲ့နီးယန္က ဇြန္ဘီဆြဲခံလိုက္ရတဲ့ နီးမိန္ကို ျမင္လိုက္ရၿပီး လွပ႐ြန္းစိုေသာမ်က္ႏွာဟာ ထိတ္လန႔္မႈမ်ားျဖင့္ ျပည့္ႏွက္သြား၏။
နက္ျပာေရာင္ဆိုးထား ဆံပင္ကလည္း အနီေရာင္ ေသြးေတြနဲ႕ ျဖစ္သြားေတာ့သည္။
"နီးမိန္!"
******
ေႏြရာသီည ။
လူငယ္ေလးက တံစက္ၿမိတ္ ေအာက္တြင္ ထိုင္ေန၏။
ေအးျမေသာ ေလႏုေလေအးသည္ ေက်းလက္၏ ေျမလႊာရနံ႕ႏွင့္ အတူ ေပါ့ပါးစြာ တိုက္ခတ္ေနသည္။
"ကလစ္" ဟူေသာ ျမည္သံျဖင့္ သံတံခါးကို တြန္းဖြင့္လိုက္ၿပီး Suit ဝတ္စုံနဲ႕ လူတစ္ေယာက္ လမ္းေလွ်ာက္ ဝင္လာသည္။
ရင္းႏွီးေနတဲ့ ဝိုင္ရနံ႕လည္းရေရာ လူငယ္ေလးရဲ႕ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားၿပီး ခ်က္ခ်င္းပင္ အေပၚထပ္အခန္းသို႔ ေျပးတက္သြား၏။
ထိုလူက ေအာက္ထပ္တြင္ က်ိန္ဆဲေနၿပီး ဦးထုတ္ေစာင္းထားတဲ့ အဘိုးအိုတစ္ေယာက္က ထြက္လာကာ စကားလုံးတခ်ိဳ႕ကို ေျပာလိုက္သည္။
ထိုလူက အဘိုးအိုကို ေဘးဘက္တြန္းထုတ္လိုက္ၿပီး ေအာ္ေျပာလိုက္၏ ။"လုရွီမင္! ေကာင္စုတ္ေလး၊ ဒီကို ထြက္လာခဲ့စမ္း!"
လူငယ္ေလးက တံခါးကို ေလာ့ခ္ခ်လိဳက္ၿပီး စားပြဲနဲ႕ ကုလားထိုင္ကို ထားလိုက္ကာ ဗီရိုထဲတြင္ ဝင္ပုန္းလိုက္၏။
ၾကယ္မ်ားသည္ ျပတင္းေပါက္မွ က်ေရာက္ေနကာ ေထာင့္တစ္ခုသာ လင္းထိန္ေနေသာ မီးအိမ္ကဲ့သို႔ပင္။
ဗီရိုရဲ႕ အေပါက္ငယ္ေလးမွတစ္ဆင့္ လူငယ္ေလးက အလင္းတန္းတစ္ခုကို ေတြ႕လိုက္ရသည္။
သူ႕လက္ထုတ္ကာ အေပါက္ကို ပိတ္ဆို႔ထားလိုက္၏။
ဗီရိုထဲတြင္ အလင္းေရာင္မရွိေတာ့ပဲ ပိတ္ထားေသာ ေနရာလြတ္တစ္ခုႏွင့္ တူကာ လူမ်ားကို သက္ေတာင့္သက္သာ ခံစားရေစသည္။
နာရီဝက္ၾကာၿပီးေနာက္ အျပင္ဘက္က က်ိန္ဆဲသံမ်ား ေပ်ာက္ကြယ္သြား၏။
ေနာက္နာရီဝက္ၾကာေတာ့ တစ္စုံတစ္ေယာက္ ေရာက္လာကာ တံခါးေခါက္လာသည္။
"သူအိပ္သြားၿပီ၊ ထမင္းသြားစားရေအာင္"
လုရွီမင္က ဗီရိုထဲက တြားသြာထြက္လာၿပီး သူ႕ရဲ႕ ပိန္ပိန္ပါးပါး ခႏၶာကိုယ္က စားပြဲနဲ႕ ကုလားထိုင္ေတြကို ေ႐ြ႕ဖို႔ ႐ုန္းကန္ေနရသည္။
တံခါးအျပင္ဘက္တြင္ ဦးထုပ္ရဲ႕ ေအာက္၌ အဘိုးအိုတစ္ေယာက္ရဲ႕ မ်က္ႏွာ ရွိေန၏။
တုန္တုန္ယင္ယင္နဲ႕ အဖိုးအိုက သူ႕ကို မီးဖိုေခ်ာင္သို႔ ေခၚသြားသည္။
"မင္းဦးေလးရဲ႕ စီးပြားေရးက မေကာင္းဘူး၊ သူဘာမွ မလုပ္နိုင္ေပမယ့္ ၊ ေန႕တိုင္း အရက္ေသာက္ၿပီး အိမ္ျပန္လာတယ္၊ မင္းအေမသာ မင္းအေဖကို မေ႐ြးခ်ယ္ခဲ့ရင္ ၊ မင္းဦးေလး ဒီလို ျဖစ္မွာ မဟုတ္ဘူး ..."
လုရွီမင္ တိတ္တဆိတ္ အစားစားေန၏။ အဖိုးအိုက အၿမဲတမ္း ဒီလိုစကားမ်ိဳး ေျပာေလ့ရွိသည္။
ဘဝက တစ္ေန႕ၿပီး တစ္ေန႕ပဲ၊ အဲ့ေန႕မေရာက္ခင္ထိေပါ့။
"အဘိုး"
"သြား၊ အဘိုးအတြက္ ပုဆိန္သြားယူေပးစမ္းပါ၊ အဲ့ဒါက အိမ္ထဲမွာ ရွိတယ္" အဘိုးက အေနာက္ဘက္ၿခံ၀င္းက ဘန္ဂလို ကို ၫႊန္ျပလိုက္၏။
လုရွီမင္လည္း ေခါင္းညိတ္လိုက္ၿပီး ဘန္ဂလိုကို ေလွ်ာက္သြားလိုက္သည္။
ဘန္ဂလိုက ေသာ့မခတ္ထားတာေၾကာင့္ လူငယ္ေလးက တံခါးကို တြန္းဖြင့္လိုက္သည္။
အိမ္က အခ်ိန္အေတာ္ၾကာတည္းက မရွင္းလင္းထားတာေၾကာင့္ ဖုန္ေတြနဲ႕ ဖုံးလႊမ္းေနၿပီး ခပ္ေဖ်ာ့ေဖ်ာ့ အရက္နံ႕လည္း ရွိေနေသးပုံပင္။
လုရွီမင္ငယ္ေလးက လွည့္ပတ္ၾကည့္႐ုံသာရွိေသး ႐ုတ္တရက္ တံခါးပိတ္သံၾကားလိုက္ရသည္။
လုရွီမင္ငယ္ေလးက ထိတ္လန့္သြားၿပီး တံခါးနားမွ ေအာ္လိုက္၏။"အဘိုး လား ?
" ရွီမင္..." ေယာက္်ားတစ္ေယာက္ရဲ႕ အသံက သူ႕ေနာက္မွ ထြက္ေပၚလာ၏။
လုရွီမင္ငယ္ေလးရဲ႕ ခႏၶာကိုယ္က ေတာင့္တင္းသြားသည္။
သူက လွည့္ၾကည့္ဖို႔ေတာင္ မဝံ့ရဲပဲ အက်ပ္ရိုက္ေနသကဲ့သို႔ မင္သက္စြာျဖင့္ မတ္တပ္ရပ္ေနသည္။
"ရွီမင္၊ ဒီကိုလာ"
သူ႕ေနာက္က လူရဲ႕အသံက တျဖည္းျဖည္း ပို၍ နီးကပ္လို႔ လာ၏။
ေႏြရာသီေနက ပူျပင္းလွသည္။
ေျမျပင္ေပၚကိုက်ေနတဲ့ ထိုသူရဲ႕ အရိပ္က သားရဲတစ္ေကာင္လိုမ်ိဳး သူ႕ကို မ်ိဳခ်ေနတာကို လုရွီမင္ငယ္ေလး ျမင္ေနရ၏။
"ဦးေလး ၊ ဦးေလး ... "
" ဟုတ္ပါတယ္၊ ဦးေလးပါ "
သူ႕လက္ထဲမွေတာ့ ဝိုင္ပုလင္း ကိုင္ထားဆဲျဖစ္ၿပီး အရက္မူးေနလ်က္ျဖင့္ ေရွ႕ကို ေလွ်ာက္လာသည္။
လုရွီမင္ငယ္ေလးက ရဲရဲနီေနေသာ မ်က္လုံးတစ္စုံကို စိုက္ၾကည့္လိုက္ၿပီး ေနာက္ဆုံးေတာ့ သူ႕ရဲ႕ ပိန္လွီေသာခႏၶာကိုယ္က ျဖည္းျဖည္းခ်င္းလွည့္လာ၏။
ေကာင္းမြန္ေသာ ေနေရာင္ ေအာက္တြင္၊ ထိုလူ႕မ်က္လုံးမ်ားက နီရဲေနၿပီး သူ႕တစ္ကိုယ္လုံး အရက္နဲ႕ ျပည့္ေနသည္။
သူက အဝါေရာင္ေျပာင္းသြားၿပီး ႐ြံမုန္းစရာေကာင္းေသာ ဝိုင္းမ်ားျဖင့္ စြန္းထင္းေနသည့္ အျဖဴေရာင္ စြပ္က်ယ္အကၤ်ီကို ဝတ္ထားသည္။
ေလထဲတြင္ ဖုန္မႈန့္နံ႕မ်ားအျပင္ ပူျပင္းေသာ ေႏြရာသီ ေနေရာင္က ရွိေန၏။
လုရွီမင္သည္ ႐ုတ္တရက္ လွည့္လိုက္ၿပီး တံခါးကို ျပင္းျပင္းထန္ထန္ ထုရိုက္လိုက္သည္။"အဘိုး၊ အဘိုး ၊ ကြၽန္ေတာ့္ကို ထြက္ခြင့္ေပးပါ ၊အဘိုး !"
"ဦးေလး ဒီမွာ ရွိတယ္ေလ၊ မင္းက ဘာကို ေၾကာက္ေနတာလဲ"
ထိုလူက ႐ုတ္တရက္ ေရွ႕တိုးလာၿပီး လုရွီမင္ လည္ပင္းကို ဆုပ္ကိုင္လိုက္သည္။သူ႕ရဲ႕ မ်က္ႏွာကလည္း ႐ုတ္တရက္ ရက္စက္ခက္ထန္ လာ၏။"ေသစမ္း! မ်က္ျဖဴဝံပုေလြ ေကာင္! မင္းအေမလိုပဲ၊အဲ့ဒီေခြးမနဲ႕ အတိအက်ကိဳ တူေနတာ၊ ငါ့ကို ငုံၾကည့္စမ္း ! ငါ့ကို ငုံ႕ၾကည့္စမ္း !"
သြယ္လ်တဲ့ေကာင္ေလးဟာ တံခါး႐ြက္ေပၚမွာ အဖိခံထားရၿပီး မ်က္ရည္မ်ား က်ေနကာ အသက္ရႉက်ပ္လာရ၏။
"အဲ့ ေခြးမ ေခြးမ! ေခြးမ ေခြးမ!"ထိုလူက ႐ုတ္တရက္ ႐ူးသြပ္လာၿပီး ေကာင္ေလးကို ရိုက္ႏွက္ကန္ေက်ာက္ၿပီးေနာက္ ႐ုတ္တရက္ ရပ္သြားခဲ့သည္။
ေကာင္ေလးရဲ႕ အဝတ္အစားမ်ားက စုတ္ၿပဲသြားၿပီး သြယ္လ်တဲ့ ခႏၶာကိုယ္က လွစ္ဟ ထြက္ေပၚလာခဲ့၏။
အနက္ေရာင္ဆံပင္မ်ားက ရႈပ္ေထြးေနၿပီး ၊ နီရဲၿပီ ေရာင္ရမ္းေနေသာ မ်က္ခုံးမ်ားျဖင့္ ျငင္းမရနိုင္ေသာ အလွတရား ရွိေနေလသည္။
"မင္းက တကယ့္ကို မင္းအေမနဲ႕တူတာပဲ"ထိုလူရဲ႕အသံက ႐ုတ္တရက္ တိတ္ဆိတ္က်သြား၏။
ေကာင္ေလးက တစ္ကိုယ္လုံး ေအးစက္လာသလို ခံစားလိုက္ရသည္။
"ဦးေလး ၊ ကြၽန္ေတာ္က အေမ မဟုတ္ဘူး၊ ကြၽန္ေတာ္က မဟုတ္ ..."
ထိုလူ႕လက္ထဲက ဝိုင္ပုလင္းက လုရွီမင္ဆီသို႔ အရွိန္ျပင္းစြာ ရိုက္ခတ္လာ၏။
" ဝိုး " ဟူေသာ အသံႏွင့္အတူ ေသြးမ်ား ေနရာအႏွံ႕ ပ်ံ့ႀကဲသြားသည္။
လူငယ္ေလးက ဦးေခါင္းထဲ ထိတ္ခနဲ ျဖစ္သြားၿပီး ထူထဲေသာ ေသြးအလႊာတစ္ထပ္က သူ႕မ်က္လုံးထဲ ရစ္သိုင္းဖုံးလႊမ္းသြားတာကိုသာလွ်င္ ခံစားမိနိုင္ေတာ့သည္။
သူ႕ေရွ႕က လူကို ျမင္ရဖို႔ ႀကိဳးစားၿပီး မ်က္လုံးဖြင့္လိုက္၏။
႐ုတ္တရက္ "ဘန္း" ဟူေသာအသံႏွင့္ အတူ တံခါးက ႐ုတ္တရက္ ပြင့္လာခဲ့ၿပီး ပန္းပြင့္ျဖဴေလးမ်ားက ေကာင္းကင္ယံထက္မွ က်ဆင္းေရာက္ရွိလာသည္။
သြယ္လ်ၿပီး ႏူးညံ့သိမ္ေမြ႕ေသာ ပုံရိပ္ေလးက ထိုေနရာတြင္ ရပ္ေနကာ သူ႕ဆီသို႔ လက္ဆန႔္လာ၏။
မိန္းကေလးက တကယ့္လူ အစစ္မဟုတ္သလိုမ်ိဳး လွပေနေလ၏။
သူ႕မ်က္ေပၚမွာ တစက္စက္က်ေနတဲ့ ေသြးေတြနဲ႕ လူငယ္ေလးက ဗလာျဖစ္စြာ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ အဲ့ဒါက စြဲကပ္ၿငိစြန္းေနေသာ ေသြးနံ႕မ်ား မဟုတ္ေသာ္လည္း ပန္းမ်ား၏ ရနံ႕ ... လုရွီမင္ ႐ုတ္တရက္ နိုးလာၿပီး သူ႕ႏွာေခါင္းထဲတြင္ ေမြးပ်ံ့ေသာပန္းရနံ႕က စြဲက်န္ေနပုံရ၏။
သူ႕ေျခလက္အဂၤါမ်ား၊ အရိုးမ်ားကို က်ဴးေက်ာ္ဝင္ေရာက္လာကာ ပုတ္သိုးေနေသာ သူ႕ဝိဉာဥ္ကို ဆြဲထုတ္၍ ရက္စက္ၾကမ္းၾကဳတ္ေသာ တြင္းနက္ႀကီးထဲမွ ဆြဲထုတ္ေပးခဲ့သည္။
အခန္းက အလြန္ပင္ တိတ္ဆိတ္ေန၏။တျခားသူမ်ားလည္း အိပ္ေပ်ာ္ေနဆဲပင္။
လုရွီမင္က လက္ထုတ္ကာ ေခြၽးေစးေတြနဲ႕ အနက္ေရာင္ဆံပင္ေတြကို သပ္တင္လိုက္ၿပီး သူ႕မ်က္ႏွာတြင္ ထူးဆန္းေသာ အၿပဳံးတစ္ခု ေပၚလာ၏။
သူက တိုးတိုးေရ႐ြတ္လိုက္သည္။"ဒီစြမ္းရည္က တကယ္စိတ္ဝင္စားဖို႔ေကာင္းတာပဲ" လုရွီမင္ ငုံ႕ၾကည့္လိုက္ေတာ့ သူ႕လက္ေမာင္းထဲမွာ ရွိေနသည့္ စု႐ြမ္႐ြမ္ကို ျမင္လိုက္ရသည္။
မိန္းမငယ္ေလးက အကၤ်ီအထူႀကီးျဖင့္ ထုတ္ပိုးထား၏။
ဦးထုတ္တစ္ဝိုက္တြင္ ေသးငယ္ေသာ အျဖဴေရာင္ အမႈန္အမႊား အဝိုင္း တစ္ခုရွိေနၿပီး သူမရဲ႕ မ်က္ႏွာေလးကို ဝန္းရံထားကာ ကေလးေလးတစ္ေယာက္လိုမ်ိဳး သူ႕လက္ေမာင္းထဲတြင္ ေကြးေကြးေလး အိပ္ေပ်ာ္ေန၏။
သူမက မ်က္ႏွာနီျမန္းေနၿပီး ပါးစပ္ကလည္း ပြစိပြစိ ဝါးေနကာ ဘာစားေနမွန္းမသိေပ။
အမ်ိဳးသားက လက္ဆန႔္ထုတ္လိုက္ကာ လူကို သူနဲ႕ ပိုနီးကပ္ေအာင္ဆြဲလိုက္၏။
သူက မ်က္လႊာအနည္းငယ္ခ်လိဳက္ၿပီး မိန္းမငယ္ေလးရဲ႕ ေမႊးရနံ႕ကို ရႈရွိုက္လိုက္သည္။
သူသတိရေနခဲ့သည့္ ရင္းႏွီးေသာ ရနံ႕၊ သူ႕ဘဝရဲ႕ အရင္းအျမစ္။ သူ႕ေသြးမ်ားထဲ ျဖတ္သန္းေျပးလႊားေနေသာ အၾကင္နာမဲ့မႈမ်ား၊ စိတ္ဓာတ္က်မႈ၊ ပူေဆြးေသာကႏွင့္ လွ်စ္လ်ႉရႈ၍ မရနိုင္ေသာ အၾကမ္းဖက္မႈမ်ားသည္ ႏွင္းမ်ား ထူထပ္ေသာေန႕ကဲ့သို႔ တျဖည္းျဖည္း အရည္ေပ်ာ္ ေပ်ာက္ကြယ္သြားေတာ့သည္။
လုရွီမင္က သူမကိုခုတ္ဖို႔ ပုဆိန္တစ္လက္ကိုင္ထားသည္ဟု စု႐ြမ္႐ြမ္ အိမ္မက္မက္ခဲ့သည္။လိုက္ခုတ္ေနဆဲမွာပင္ ေအာ္ဟစ္ေနေသး၏။
"အစ္ကိုႀကီး၊ လာပါ ငါ မင္းကို ခုတ္ေပးပါရေစ"
စု႐ြမ္႐ြမ္လည္း ကြၽန္မတို႔က ညီကိုေတြ မဟုတ္ပါဘူး၊ ဘာမွမေတာ္ပါဘူး၊ ကြၽန္မကို မခုတ္ပါနဲ႕ ! ဟု ေျပာလိုက္၏။ေအာ္ေျပာၿပီးေနာက္ လုရွီမင္က ေသးေသးေလး ျဖစ္ေနေၾကာင္း သူမ နားလည္သေဘာေပါက္သြားသည္။ သူမက ဘာေၾကာင့္ သူ႕ကို ေၾကာက္ရမွာလဲ?
စု႐ြမ္႐ြမ္ ရပ္တန႔္လိုက္ကာ သူမေျခေထာက္ကို ျမႇောက္ၿပီး ေျခေဆာင့္နင္းလိုက္သည္။
လုရွီမင္ကို သူမ ေျခေထာက္ေအာက္တြင္ နင္းထားလိုက္၏။
စု႐ြမ္႐ြမ္က စပ္ၿဖီးၿဖီး အၿပဳံးတစ္ခုႏွင့္အတူ နိုးလာ၏။
ဒီအိမ္မက္က တကယ္အံ့ၾသဖို႔ေကာင္းတာပဲ။ထို႔ေၾကာင့္ပင္ သူမ လုရွီမင္ မ်က္ႏွာကို ခ်က္ခ်င္း မတုံ႕ျပန္ခဲ့ေပ။
သူ႕ကို သူမ ေသေအာင္ နင္းခဲ့တယ္မဟုတ္ဘူးလား?
အိမ္မက္လား?
ႏွေျမာစရာပဲ။
လုရွီမင္၏ အလြန္အမင္း ခန႔္ညားေသာမ်က္ႏွာႏွင့္ မ်က္ႏွာခ်င္းဆိုင္ေနရသည္။
ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ အေနအထားကို တစ္ခ်က္ၾကည့္လိုက္၏။
သူမမ်က္ႏွာတြင္ အထိတ္တလန႔္ အမူအရာႏွင့္အတူ ခ်က္ခ်င္း ကုန္း႐ုန္း ထေတာ့သည္။
စု႐ြမ္႐ြမ္: ရွင့္ရဲ႕အၾကည့္ေၾကာင့္သာမဟုတ္ရင္ ကြၽန္မကိုယ္ကြၽန္မ သတ္ေသေတာ့မလို႔။
သူမရဲ႕ ႀကီးမားလွပေသာ မ်က္လုံးတြင္ မ်က္ရည္မ်ားျဖင့္ သနားစဖြယ္ ၾကည့္ေန၏။ ႏူးညံ့ေသာ ႏႈတ္ခမ္းက ပန္းေရာင္သန္းေနကာ ႀကီးမားတဲ့ မေက်နပ္ခ်က္တစ္ခု ပါဝင္ေနသလိုမ်ိဳး ႏႈတ္ခမ္းကို ညင္သာစြာ ဖ်စ္ညွစ္ထားသည္။
အမ်ိဳးသားက ေနာက္ေျပာင္ရယ္ေမာလိုက္ၿပီး သူမကို ပိုမိုတင္းက်ပ္စြာ ဖက္ထားလိုက္သည္။
"မင္းသာ ထပ္မနိုးလာရင္ ၊အသက္ရႉ အတုနဲ႕ ကိုယ္ မင္းကို ကူညီေတာ့မလို႔"
ရွင္က ဘာေၾကာင့္ စိတ္လႈပ္ရွားၿပီး ဒီလိုစကားမ်ိဳး ေျပာတာလဲ?
စု႐ြမ္႐ြမ္က ပါးစပ္ဖြင့္လိုက္ၿပီး ခ်က္ခ်င္းျပန္ပိတ္လိုက္၏။
ထို႔ေနာက္ အေမာတေကာ ျဖစ္ေနၿပီး အသက္ရႉရခက္ေနသည္။
သူမ ေကာင္းေကာင္းမြန္မြန္ အသက္ရႉေနတာကို၊ မလိုအပ္ပါဘူးေနာ္။
လုရွီမင္၏ သြယ္လ်ေသာလက္မ်ားက စု႐ြမ္႐ြမ္၏ ႏူးညံ့ေသာ ခႏၶာကိုယ္ကို ဝန္းရံထားၿပီး ႏႈတ္ခမ္းပါးလႊာမ်ားက သူမရဲ႕ နား႐ြက္နားေလးကို မထိဘဲ အပူကို ရႉရွိုက္သကဲ့သို႔ ဖိကပ္ထားသည္။
ဘာေၾကာင့္မွန္းမသိ စု႐ြမ္႐ြမ္သည္ သူမခႏၶာကိုယ္တစ္ခုလုံး အရိုးမရွိသလို ေပ်ာ့ေပ်ာင္းလာသည္။
အမ်ိဳးသားရဲ႕လက္က စု႐ြမ္႐ြမ္ရဲ႕ ပါးေလးကို ဆုပ္ကိုင္ထားကာ ညင္သာစြာ ဆြဲလိုက္ၿပီး သူ႕ေလသံက ကမာၻေပၚရွိ April ကဲ့သို႔ ႏူးညံ့ သိမ္ေမြ႕ေနသည္။"႐ြမ္႐ြမ္က ကိုယ့္ကို စိတ္ပူေစတာပဲ"
သူမပါးေလးကို ပုံပ်က္ေအာင္ ဆြဲခံလိုက္ရတဲ့ စု႐ြမ္႐ြမ္က ေျပာလိုက္သည္။"ကြၽန္မက ခ်စ္စရာေကာင္းတယ္လို႔ ရွင္ထင္ရင္ေတာင္ ကြၽန္မကို အနိုင္က်င့္လို႔ မရဘူးေနာ္"
အမ်ိဳးသားက စိတ္သက္သာရစြာ သက္ျပင္းခ်လိဳက္၏။"ကံေကာင္းလို႔ ၊ ႐ြမ္႐ြမ္က နိုးလာတယ္"
စု႐ြမ္႐ြမ္က ေနာက္မွလိုက္ကာ သက္ျပင္းတစ္ခ်က္ခ်လိဳက္၏။
႐ုတ္တရက္ လုရွီမင္ရဲ႕ အၿပဳံးက က်ဥ္းေျမာင္းသြားၿပီး သူမ၏ အနက္ရွိုင္းဆုံး ဝိဉာဥ္ထဲသို႔ ထိုမ်က္လုံးတစ္စုံျဖင့္ ထိုးေဖာက္ဝင္ေရာက္သလိုမ်ိဳး ေလးေလးနက္နက္ ၾကည့္လာသည္။
အမ်ိဳးသား၏ မ်က္လုံးမ်ားက က်ယ္ေျပာေသာ သမုဒၵရာႀကီး တူလွသည္။
လွ်ို႔ဝွက္ဆန္းၾကယ္ၿပီး အႏၲရာယ္ရွိေန၏။
ရက္စက္ၿပီး လွပေနေလ၏။
ၿငိမ္သက္ေနေသာ မ်က္ႏွာျပင္ေအာက္ ဖုံးကြယ္ထားေသာ ေသြးေရာင္ျခယ္ေလမ်ားသည္ မည္သည့္ အတားအဆီးမဆို ျဖတ္ေက်ာ္နိုင္ပုံရသည္။
လႊမ္းမိုးျခယ္လွယ္နိုင္ၿပီး ရက္စက္လွေပ၏။
စု႐ြမ္႐ြမ္က ထိတ္လန႔္တုန္လႈပ္သြားကာ ခ်က္ခ်င္းပင္ လွိမ့္ထြက္လိုက္ၿပီး ၾကမ္းျပင္ေပၚ လွဲေလ်ာင္းေနဆဲ ျဖစ္သည့္ နီးယန္နဲ႕ ေရွာင္ယြီကို ျမင္လိုက္ရသည္။
"သူတို႔က ဘာလို႔ အခုထိ မနိုးေသးတာလဲ?"
ထို႔ေနာက္ သူမက ခ်က္ခ်င္းပဲ ဂ႐ုစိုက္တက္တဲ့လူလိုမ်ိဳး ေျပးသြားလိုက္ၿပီး အရင္ဆုံး ေရွာင္ယြီ ေခါင္းကို ထိလိုက္ကာ ၿပီးေနာက္ နီးယန္ေခါင္းကိုထိဖို႔ သြားလိုက္သည္။
"ရွင္တို႔ အဆင္ေျပရဲ႕လား?"
"ဖြီး "ေရွာင္ယြီက ပါးစပ္မွ ေသြးအန္ထြက္လာၿပီး ဗ႐ုတ္သုတ္ချဖင့္ နိုးလာသည္။
နီးယန္ကလည္း ထဖို႔ ႐ုန္းကန္ေန၏။
နံရံကိုမွီထားတဲ့ လုရွီမင္က စု႐ြမ္႐ြမ္ကို လက္ေဝွ႕ယမ္းျပလိုက္သည္။
"ကိုယ္လည္းပဲ ဒဏ္ရာရထားတယ္"အမ်ိဳးသားက တစ္မိနစ္ အတြင္း သူ႕ဘာသူ သက္သာေပ်ာက္ကင္းသြားမည့္ သူ႕လက္ေခ်ာင္းေပၚက ဒဏ္ရာကို လက္ဆန့္ထုတ္ကာ ျပလာသည္။
စု႐ြမ္႐ြမ္က သူ႕အတြက္ စိတ္မေကာင္းျဖစ္စြာ မႈတ္ေပးလိုက္ၿပီး "နာေနတာ ျဖစ္ရမယ္?" ဟု မေျပာခင္ တုန႔္ဆိုင္းဆိုင္း ျဖစ္သြား၏။
မိန္းမငယ္ေလးက မ်က္ဝန္းႀကီးမ်ားကို တဖ်ပ္ဖ်ပ္ခတ္လိုက္ၿပီး ႐ြန္းစိုစို မ်က္ဝန္းမ်ားက စိုးရိမ္မႈမ်ား ျပည့္ေနပုံရသည္။
အမ်ိဳးသားက စူးရွစြာ ၿပဳံးလိုက္ၿပီး အေတာ္ေလး ေက်နပ္ေနပုံရ၏။"အဆင္ေျပပါတယ္"
စု႐ြမ္႐ြမ္: ဟမ့္ ၊ အ႐ူးေလး၊ ကြၽန္မက ခ်ိဳခ်ိဳသာသာ သ႐ုပ္ေဆာင္႐ုံပဲ၊ ကြၽန္မႏွလုံးသားထဲမွာ ရွင္မရွိဘူး။
******
အမွန္တရား တစ္ဝက္ႏွင့္ အနက္ရွိုင္းဆုံးအိမ္မက္ဆိုးသည္ လူတို႔ရဲ႕ ႏွလုံးသားထဲတြင္ စြမ္းအားမဲ့ ႐ုန္းကန္မႈကို ျဖစ္ေပၚေစသည္။
လူတိုင္းသည္ သူတို႔ရဲ႕ ႏွလုံးသားထဲတြင္ အထိမခံနိုင္ေသာ အားနည္းခ်က္မ်ား ရွိၾက၏။
ဖန္မိုင္းရဲ႕ စြမ္းရည္က အဲ့ဒီအားနည္းခ်က္မ်ားကို အိမ္မက္ဆိုးအျဖစ္ ဇာတ္အိမ္ဖြဲ႕ ပုံေဖာ္ျခင္းျဖစ္သည္။
ဒီလိုစိတ္ပိုင္းဆိုင္ရာ ထိခိုက္ပ်က္စီးမႈ က ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈထက္ ပိုေၾကာက္ဖို႔ေကာင္းေပ၏။
လူတိုင္း တစ္ေယာက္ၿပီး တစ္ေယာက္ နိုးလာၾကသည္။
အလြန္အမင္း ေၾကာက္စရာေကာင္းေသာ အိမ္မက္မက္ခဲ့သလို သူတို႔ရဲ႕ အမူအရာက မႈန္မွိုင္းေနၾက၏။
႐ုတ္တရက္ တံခါးပြင့္လာခဲ့သည္။
ဖန္မိုင္းက တံခါး၌ ေပၚလာ၏။
သို႔ေသာ္လည္း နီးယန္နဲ႕ ေရွာင္ယြီတို႔က ႐ုတ္တရက္ ေဆာက္တည္ရာမရျဖစ္ေနသကဲ့သို႔ စိတ္ရႈပ္ေထြးေနၾကသည္။
ဖန္မိုင္းက လူတိုင္းကို ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္၏။
"ေက်းဇူးျပဳၿပီး၊ ေက်းဇူးျပဳၿပီး ကြၽန္မသားကိုကယ္ေပးၾကပါ"
ဖန္မိုင္းက သူတို႔ဘက္ကို တကယ္ႀကီး တိုက္ရိုက္ ဒူးေထာက္ခ်လိဳက္ကာ အလြန္အကြၽံ အရိုအေသေပးလာၿပီး အက္ကြဲေသာ အသံျဖင့္ ေအာ္ငိုေနေလသည္။
စု႐ြမ္႐ြမ္က သူမအသက္ေလး မဆုံးရႈံးေစရန္ လုရွီမင္ေပၚသို႔ ခ်က္ခ်င္း ခုန္တက္လိုက္သည္။
သူမ ေသခ်ာေပါက္ ေၾကာက္တာေပါ့။
ထိုအခ်ိန္မွာပဲ နီးယန္က ႐ုတ္တရက္ နိုးလာပုံရသည္။
သူမက ခ်က္ခ်င္းပဲ ေသနတ္ေကာက္ကိုင္ကာ ဖန္မိုင္းဆီသို႔ ခ်ိန္လိုက္၏။"ရွင့္သားက ဘာျဖစ္တာလဲ?"
ကြၽန္မသားကို ေဘာ့စ္ လႊတ္လိုက္တဲ့သူက ဖမ္းသြားတယ္ ၊ သူက အသက္ဆယ့္ႏွစ္ႏွစ္ပဲ ရွိေသးတာ! သူတို႔ ရွင္းရွင္းလင္းေျပာခဲ့တယ္၊ သူတို႔ေျပာတာ ကြၽန္မ လုပ္ေနသ၍ ကြၽန္မသားကို လႊတ္ေပးမယ္တဲ့ ... ဒါေပမယ့္ သူတို႔က ကြၽန္မ သလင္းေက်ာက္ အျမဳေတကို တူးထုတ္ခ်င္ယုံတင္မကဘူး ၊ ကြၽန္မသားကိုပါ လုယူသြားခ်င္ေနတာ ... "
ဖန္မိုင္းရဲ႕ စြမ္းရည္က အရမ္းစြမ္းအား ျပည့္ေတာ့ လူတိုင္းက လိုခ်င္တပ္မက္ေနၾက၏။
ေဘာ့စ္ ေတာင္မွပဲ ဖန္မိုင္းရဲ႕ သလင္းေက်ာက္အျမဳေတကို ကိုယ္တိုင္ကိုယ္က် အမိန႔္ေပးေနခဲ့သည္။
ဖန္မိုင္းရဲ႕မ်က္လုံးမ်ား ႐ူးသြပ္သြားကာ အိမ္မက္ဆိုးတစ္ခုထဲ က်ေရာက္သြားသကဲ့သို႔ မိန္းေမာေတြေဝသြားသည္။
ဒီအခ်ိန္မွာေတာ့ သူမက အားနည္းၿပီး အားကိုးရာမဲ့ေနသည့္ အမ်ိဳးသမီးတစ္ေယာက္ကဲ့သို႔ပင္။
နီးယန္က သတိႀကီးႀကီးထားေနၿပီး သူမကို မယုံဘူးဆိုတာ သိသာေနပါသည္။
"ရွင့္မွာ စြမ္းရည္ရွိတယ္ မဟုတ္လား?"ဖန္မိုင္းက ေခါင္းခါလိုက္ၿပီး မ်က္ရည္မ်ား စီးက်လာ၏။"အသုံးမဝင္ဘူး၊ ကြၽန္မစြမ္းရည္က သူတို႔ေပၚမွာ အသုံးမဝင္ဘူး၊ သူတို႔က လမ္းေလွ်ာက္ေနတဲ့ အေလာင္းေကာင္ေတြ"
"ကြၽန္မအျပစ္ေတြ ကြၽန္မ ေျဖေပးပါ့မယ္၊ ကြၽန္မအျပစ္ေတြ ကြၽန္မ ပဲ ခံယူပါ့မယ္! ကြၽန္မကေလးက အျပစ္ကင္းတယ္!"ဖန္မိုင္းက ႐ုတ္တရက္ ေခါင္းေမာ့လာ၏။"ကြၽန္မ သလင္းေက်ာက္အျမဳေတကို တူးထုတ္ၿပီး ရွင္တို႔ကို ေပးပါ့မယ္၊ ကြၽန္မကေလးကို ကယ္နိုင္သ၍ "
မီးဖိုေခ်ာင္သုံးဓားကို ဘယ္နားက ဆြဲထုတ္လိုက္လဲမသိ၊ အဲ့ဒါကို လည္ပင္းကိုထိၿပီး ဆြဲတင္လိုက္သည္။
လူတိုင္းက အဲ့ဒါကိုတားဖို႔ အခ်ိန္မရွိလိုက္ေပ။
ေသြးေတြျဖာလ်က္ စီးက်လာတာကို ျမင္လိုက္ရၿပီး ဖန္မိုင္း အဝတ္အစားေတြဟာ ထိုအခ်ိန္မွာပဲ ေသြး ကုတ္အကၤ်ီအျဖစ္ ေျပာင္းသြားေတာ့သည္။
ဖန္မိုင္းဟာ သူမလက္ေပၚက အားကို မထိန္းခ်ဳပ္နိုင္ေၾကာင္း ျမင္နိုင္ပါ၏။
ဒီအမ်ိဳးသမီးဟာ တျခားသူမ်ား၏ ကေလးအေပၚ အေတာ္ေလး ရက္စက္ေသာ္လည္း သူမကေလးကိုေတာ့ ခ်စ္ေလသည္။
"စကားမစပ္၊ ဒီလက္စြပ္က ရွင့္ပစၥည္းဆိုတာ ကြၽန္မ သိပါတယ္၊ ကြၽန္မ ရွင့္ကို ျပန္ေပးလိုက္မယ္၊ ရွင္ ကြၽန္မသားကို ကူညီသ၍ ရွင္လိုခ်င္တာ ဘာျဖစ္ျဖစ္ ေပးနိုင္ပါတယ္"
လက္စြပ္!
နီးယန္က ခ်က္ခ်င္းပဲ လက္စြပ္ကို လွမ္းယူလိုက္သည္။"လက္စြပ္ရဲ႕ပိုင္ရွင္က ဘယ္မွာလဲ?"
ဖန္မိုင္းရဲ႕ ခႏၶာကိုယ္ေပၚ ေသြးေတြ တစက္စက္ က်ေနဆဲျဖစ္ၿပီး သူမက အားနည္းစြာ ေျပာလာသည္။"သူမကို ေဘာ့စ္ ဆီ ပို႔လိုက္တယ္"
"ရွင့္ ေဘာ့စ္က ဘယ္သူလဲ?"နီးယန္က ဆက္ေမးလိုက္၏။
"ေျမာက္ပိုင္း အေျခစိုက္စခန္းက ... "
ဖန္မိုင္းရဲ႕ မ်က္လုံးမွာ ႐ုတ္တရက္ အျဖဴေရာင္ ေျပာင္းသြားၿပီး သူမက ထိန္းမနိုင္ သိမ္းမရ လိမ္ပိန္လာသည္။
လုရွီမင္က မ်က္စိေစာင္းၾကည့္လိုက္ကာ ေရွ႕သို႔ ေလွ်ာက္သြားလိုက္၏။
"မင္းရဲ႕ ေဘာ့စ္ နာမည္က ဘာလဲ?"
"သူ၊ သူ႕နာမည္က လုက်ားရန္ "
လုရွီမင္ကို ၾကည့္လိုက္ၿပီး စု႐ြမ္႐ြမ္ မ်က္လုံးမ်ား ေတာက္ပသြား၏။
ေသြးဆာေနေသာ ဝံပုေလြငယ္ကဲ့သို႔ သားေကာင္ကိုစိုက္ၾကည့္ေနၿပီး ၊ သူ႕မ်က္ႏွာအမူအရာက ပ်င္းရိပ်င္းတြဲ ေအးေအးေဆးေဆး ႏွင့္၊ သူ႕ေလသံေတာင္မွ မေျပာင္းလဲသြားေပ။
ဒါေပမယ့္ ထိုမ်က္လုံးမ်ားက လွိုင္းမ်ား တဝုန္းဝုန္းရိုက္ခတ္ေနၿပီး သူ႕လက္ေခ်ာင္းသြယ္ သြယ္မ်ားက ေမးေစ့ကို ေထာက္ထားကာ လူတစ္ကိုယ္လုံးက ႏူးညံ့ၿပီး ေကာက္က်စ္စဥ္းလဲေနပါသည္။
တဖက္တြင္မူ ဖန္ပိုင္းက စကားေျပာၿပီးေနာက္ သူမက အားတက္သေရာ ထရပ္လိုက္ၿပီး နီးယန္ဆီသို႔ ေျပးသြားေလသည္။
နီးယန္က လွ်င္ျမန္စြာပဲ ပစ္လိုက္၏။
"ဘန္း"ဟူေသာအသံႏွင့္အတူ ဖန္မိုင္းက ၾကမ္းျပင္သို႔ လဲက်သြားေတာ့သည္။
႐ုတ္တရက္ ဇြန္ဘီ ဟိန္းသံမ်ား ျပတင္းေပါက္ အျပင္ဘက္မွ ထြက္ေပၚလာသည္။
ေရွာင္ယြီက ျပတင္းေပါက္နားသို႔ ေလွ်ာက္သြားၿပီး တစ္ခ်က္ၾကည့္လိုက္ေတာ့ ၿခံဝင္း၏ ဂိတ္တံခါးဖြင့္ထားကာ ေတြ႕လိုက္ရသည္။
စစ္ကားတစ္စီး ဒုန္းစိုင္း ေမာင္းထြက္သြား၏။
နီးယန္က လွည့္ၾကည့္လိုက္ကာ ဖန္မိုင္း၏ ခႏၶာကိုယ္ကို ၾကည့္လိုက္သည္။
မီးဖိုေခ်ာင္သုံးဓားျဖင့္ ထိခိုက္ထားသည့္ ဒဏ္ရာအျပင္ လည္ပင္းတြင္ အကိုက္ခံထားရသည့္ ဒဏ္ရာမ်ား ရွိေန၏။
လုရွီမင္က ေရွ႕သို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားကာ ဒူးေထာက္ခ်လိဳက္ၿပီး ဖန္မိုင္း၏ ေခါင္းကို ေခါက္လိုက္သည္။"သလင္းေက်ာက္ အျမဳေတ ၊ တူးလိုက္ပါ"