ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

327K 45.6K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/22/

3.4K 595 78
By LEAF277

🍁 Unicode 🍁

နီးယန်က သူမ မထွက်ခွာမီ လုရှီမင် Spaceထဲက ရိက္ခာပစ္စည်းများကို ကျောက်မီးသွေးနယ်မြေတွင် ချန်ပေးထားခဲ့သည်။

ထို့ကြောင့် မြောက်ပိုင်း အခြေစိုက်စခန်းသို့ သွားရာလမ်းတွင် သူတို့အတွက် ရိက္ခာဆက်လက်စုစောင်းဖို့ လိုအပ်ပေ၏။

"မြို့ကြီးထဲက ဟိုင်းဝေးလမ်းပေါ်မှာက ဇွန်ဘီတွေအများကြီး ရှိတယ်။ မလုံခြုံလောက်ဘူး။ ငါတို့ မြို့အပြင်ဘက်လမ်းက သွားကြတာပေါ့။ အဲ့နားမှာ ကျေးလက်ကုန်စုံဆိုင်ကြီးတစ်ခုရှိတာ ငါသိတယ်"

မြို့အပြင်ဘက်လမ်းသို့ ဦးဆောင်သွားစဉ် နီးယန်က ရှောင်ယွီနဲ့ အလှည့်ကျ မောင်းဖို့ ဆုံးဖြတ်လိုက်သည်။ လမ်းအတိုင်း ဆက်သွား၍ အကြီးဆုံး စူပါမားကပ် ကို ရှာလိုက်ကြ၏။

တစ်နေ့နဲ့ တစ်ည မောင်းနှင်ပြီးနောက် လမ်းတွင် ဇွန်ဘီအနည်းနှင့် သာ ဆုံစည်းခဲ့၏။ ဇွန်ဘီအားလုံးကို နီးယန်က သူမရဲ့ မိုးကြိုးလျှပ်စီး စွမ်းရည်ဖြင့် ဖြေရှင်းခဲ့လိုက်သည်။

နီးယန်ရဲ့စွမ်းရည်မှာ ယခုတွင် သန်မာသည်ထက် သန်မာလာခဲ့၏။သူမက တကယ့်ကို အမျိုးသမီး သူရဲကောင်း တစ်ယောက်ပါပင်။

နီးယန်က ဇွန်ဘီတွေကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူမက ခေါင်းလှည့်လိုက်ပြီး သူမဘေးမှာ ထိုင်နေတဲ့ ရှောင်ယွီကို ရှက်သွေးဖြန်းနေတဲ့ မျက်နှာနဲ့ လှည်ကြည့်လိုက်ပါသည်။ထို့နောက် ကား နောက်ကြည့်မှန်မှတစ်ဆင့် အမည်မဖော်နိုင်သော ပစ္စည်းများကို တွေ့လိုက်ရ၏။

"စုရွမ်ရွမ်၊နင်ဘာလုပ်နေတာလဲ?"

စုရွမ်ရွမ်က တိုးတိုး တိုးတိုး ပြောလာသည်။" ဒါလျှပ်စီးတံလေ။ ရှင်လည်း တစ်ခုလောက် လိုချင်လား?"

စုရွမ်ရွမ်က သူမခေါင်းမှ လျှပ်စီးတံ တစ်ခုကို ဆွဲထုတ်လိုက်ပြီး နီးယန်ကို ပေးလိုက်၏။

နီးယန်က သွားကြိတ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။"မလိုဘူး။ကျေးဇူးပဲ"

"ကျေးဇူးတင်ဖို့မလိုပါဘူး" စုရွမ်ရွမ်က ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ပြောလိုက်၏။

ဘေးနားမှာ ထိုင်နေတဲ့ လုရှီမင်က စုရွမ်ရွမ်ခေါင်းမှ "လျှပ်စီးတံများ" အား တစ်ခုချင်း ညင်သာစွာ ဆွဲထုတ်လိုက်သည်။"မင်းခေါင်းထဲကို ပန်းထိုးအပ်တွေ လျှောက်မထည့်နဲ့။ အဲဒါက မင်းခေါင်းကို ထိုးဖောက်သွားနိုင်တယ်။ဂရုစိုက်စမ်းပါကွာ"

အမျိုးသားက အဲ့လို ပြောပြီးတော့ လက်ချောင်းများက စုရွမ်ရွမ်ရဲ့ ဆံပင်ရှည်များကို ဖြေဖြန့်လိုက်ပြီး သူ့လက်နဲ့ ဆံပင်တွေကို ဖြီးပေးလိုက်၍ သူ့လက်ကောက်ဝတ်က အဖြူရောင် ပန်းပွင့်ပါတဲ့ ခေါင်းစည်းကြိုးကို ချွတ်လိုက်ကာ ကျွမ်းကျင်စွာဖြင့် သူမကို ပိုနီတေးလ် ဆံပင်ပုံစံ စည်းပေးလိုက်သည်။

စုရွမ်ရွမ်က သူမ သဘောထားကို ရှေ့တန်းတင်လိုက်၏။"နည်းနည်း ကျပ်နေတယ်"

သူမမျက်နှာက အနည်းငယ် တင်းနေသလို ခံစားရသည် ။

မျက်လုံးများကလည်း ရွဲ့စောင်းသွားပုံပင်။

လက်အကြီးကြီးနဲ့ ဆုပ်ကိုင်ခံထားရသလို ဖြစ်နေ၏။

"ဒီလိုကျပ်နေတော့ လျှောကျဖို့ မလွယ်တော့ဘူးပေါ့"

"အိုး"

ဒါက ဒီလိုပေါ့။

🦋

သူတို့က ကြီးမားတဲ့ ရှော့ပင်းမောလ်တစ်ခုအား ရွေးချယ်လိုက်၏။

ရှောင်ပေါင်ပါဝင်တဲ့ နီးယန်နဲ့ ရှောင်ယွီအဖွဲ့ နှင့် ခွေးနှစ်ကောင်နဲ့ အဖွဲ့ဖွဲ့ထားတဲ့ လုရှီမင်နဲ့ စုရွမ်ရွမ်အဖွဲ့က သီးသန့်ခွဲ၍ လှုပ်ရှားကြသည်။

"ဒီမှာက အန္တရာယ်မရှိလောက်ဘူး။ စွမ်းရည်နဲ့ ခွေးက နင်တို့ကို ကာကွယ်နိုင်မှာပါ"

နီးယန်သည် ဇွန်ဘီခွေးက သန္ဓေပြောင်း စွမ်းအားတွေနဲ့ စွမ်းရည်ရှိတဲ့ ခွေးဟု တွေးထင်နေဆဲပင်။

စကားပြောပြီးနောက် သူမ စုရွမ်ရွမ်နဲ့ လုရှီမင်ကို ကြည့်လိုက်သည်။

ထုံထုံထိုင်းထိုင်း ပန်းဖြူလေးနဲ့ အသုံးမဝင်တဲ့ ကြက်ကလေး။

သူတို့မျက်နှာ ကြည့်ကောင်းတာကလွဲရင် သာမန်ထက်ပိုတာ ဘာမှမရှိဘူး။ ဘာမှကို မရှိတာ !

အမှန်တိုင်း ဆိုရင် ဒီနှစ်ယောက်နဲ့ အဖွဲ့ဖွဲ့ထားတဲ့ တခြားဖက်ကမှ ကြောက်စရာကောင်းသေး!
ခွေးနဲ့တောင် မယှဉ်နိုင်ဘူးပဲ။

"နင်တို့ တစ်ခုခုဖြစ်ရင် ငါ့ကိုခေါ်လိုက် "

ဒီလိုပြောလိုက်သော်ငြား နီးယန်က ကြီးမြတ်တဲ့ သဘောထားနဲ့ ချစ်ခင်မှုအား ပြသနေဆဲပင်။

အမေအိုကြီးတစ်ယောက်လိုမျိုး စိုးရိမ်နေလေ၏။

ဘာကြောင့်များ သူမက ဒီဆီပုလင်းနှစ်ယောက်ကို စိတ်ပါလက်ပါ ခေါ်လာခဲ့ရတာလဲ?
(ဆီပုလင်း = ၀န်ထုတ်ဝန်ပို )

ဒီလိုတွေးပြီးတော့ နီးယန်ဟာ ကြီးမြတ်တဲ့ မိခင်ဆန်သော ဂုဏ်သရေများ ထွက်ပေါ်လာပါလေသည်။

"အိုး" ဆီပုလင်းနှစ်ယောက်ဟာ လက်ချင်းကိုင်ပြီး လိမ္မာစွာဖြင့် အဝေးကို လေးဖင့်စွာ လျောက်သွားကြ၏။

နီးယန်က သူတို့လည်း သွားကြမယ့််အကြောင်း ရှောင်ယွီကို ရှက်သွေးဖြန်းသော မျက်နှာဖြင့် ပြောလိုက်သည်။

နောက်ဆုံးတော့ ဒီမီးသီးနှစ်လုံးကို ပ ထုတ်လိုက်နိုင်ပြီ!

စုရွမ်ရွမ်ကို လုရှီမင်က adult store သို့ ဦးဆောင် ခေါ်သွား၏။

သူမ ခေါင်းမော့လိုက်တော့ သူမမျက်နှာက အူကြောင်ကြောင်ဖြစ်သွားပြီး ပြောလိုက်သည်။"ကျွန်မတို့ နေရာမှားပြီး ရောက်လာတာလား?"

"မဟုတ်ဘူး"

"ဒါ ဒါ ဒါက ကလေးတွေအတွက် မသင့်တော်ဘူးမို့လား?"

စုရွမ်ရွမ်က သီးသန့်စတိုးရဲ့ "အသင်္ချေ ချစ်ခြင်း" ဆိုတဲ့ နာမည်ကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

"မင်းက ဆယ့်ကိုးနှစ်ဖြစ်နေပြီပဲ။ သိသင့်နေပြီ" အမျိုးသားက သူမ ခေါင်းလေးအားပုတ်လိုက်ပြီးနောက် သူမ၏ နောက် ကော်လကနေ ကိုင်လိုက်ကာ အထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။

စုရွမ်ရွမ်သည် သူမက အသက်ပြည့်ဖို့ အချိန်အနည်းငယ် လိုသေးကြောင်း ပြောဖို့ ရုန်းကန်လိုက်၏။

လုရှီမင်က ပြောလိုက်ပါသည်။မနက်ဖြန် ပြီးရင် မနက်ဖြန်လာမှာပဲ။မနက်ဖြန်တွေ အများကြီးရှိတယ်။ကိုယ်တို့ အခုတည်းက စပြီး အလုပ်ကြိုးစားသင့်တယ်ဟု။

စုရွမ်ရွမ်က "ဝါးးး"ဟုအော်ငိုလေတော့သည်။

စတိုးဆိုင်က အထူးကောင်းမွန်စွာ မူလအတိုင်း ရှိနေ၏။

ပြီးတော့လည်း ဒီလိုပစ္စည်းတွေက စားလို့မရနိုင်ပေ။ ဘယ်သူကမှလည်း ဒီပစ္စည်းတွေကို ဝတ်ချင်ကြမှာမဟုတ်။

အထဲက အရွယ်ရောက်သူတို့၏ သုခဘုံကို ကြည့်၍ စုရွမ်ရွမ် မျက်လုံးများမှာ ပြူးကျယ်လာရပြီး သူမမျက်နှာက ရှက်သွေးဖြန်းလာကာ သူမခန္ဓာကိုယ်ဟာ တုန်တုန်ယင်ယင် ဖြစ်နေရှာ၏။ဒါက အမြင်ကျယ်စေတာပဲ။

သူမက ကလေးပဲ ရှိသေးတာကို!

စုရွမ်ရွမ်က ကြမ်းပြင်ပေါ်သို့ ညင်ညင်သာသာထိုင်ချလိုက်ပြီး လိင်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ (လက်ထိပ်၊ သံကြိုး စသည်ဖြင့်) ထည့်နေတဲ့ လုရှီမင်ကို ဆွဲထားလိုက်သည်။ "ရှင့် ရှင့်မှာ အသန့်ကြိုက်ရောဂါ ရှိတယ် မဟုတ်ဘူးလား? "

သူက မတော်တဆ နမ်းမိရင်တောင် အော်ဂလီဆန်၊မူးဝေ ၊ သတိလစ်တတ်တဲ့ ဒဏ္ဍာရီလာ တစ်ယောက်လေ!

လုရှီမင်က သူ့လက်ထဲက လိင်အသားပေး မဂ္ဂဇင်းနဲ့ ရသစာပေ စာအုပ်ကို ခက်ဆက်ဆက် ရိုက်လိုက်ပြီး ပြောနေကျပုံစံလိုမျိုး ပြောလာသည်။ "ရွမ်ရွမ်သာ ဖြစ်နေရင် ကိစ္စမရှိပါဘူး"

ဒါပေမယ့် သူမနဲ့ တခုခုလုပ်ရမယ်!

သူမလည်း သန့်သန့် ရှင်းရှင်းနေတဲ့ အလေ့အကျင့်ရှိရမယ်။လုံးဝကို သန့်ရှင်းရမယ်။ အထူး သန့်ရှင်းရမယ်!

လုရှီမင်က စတိုးအားဗလာအလွတ်ဖြစ်သွားစေတာကို ကြည့်ရင်း သူမလည်း တစ်ခုခုလုပ်ရမယ်ဟု ခံစားလိုက်ရသည်။

"ကျွန်မ ကျွန်မ ကျွန်မ ဒါ နည်းနည်းလောက်ယူမယ်"

"ဒီဟာလား?"

လုရှီမင်က စုရွမ်ရွမ်ဆွဲလိုက်တဲ့ နံရံကပ်စင်ပေါ်က ပစ္စည်းကို ထူးဆန်သော အမူအရာဖြင့် ကြည့်လိုက်၏။

သူမက ခေါင်းညိတ်ပြီးပြောလိုက်သည် ။ "ရှင်ကြည့် ၊ ဒီခေါင်းစည်းကြိုးက လှတယ်နော်" ကြိုးတစ်ခုသာ ရှိပေမယ့် ဒါက ကျုံ့နိုင် ဆန့်နိုင်စွမ်းရှိတယ်၊ အလွယ်တကူ ပျက်မှာ မဟုတ်ဘူး!

(A/N: She thought thong as a hair tie , XD )

သေချာတယ်။ထူးထူးဆန်းဆန်း ပစ္စည်းတွေထက် ဒီဟာက ပိုကောင်းတယ်!

မနက်ဖြန်ကြရင်၊ သူမကို ဒီခေါင်းစည်းကြိုးနဲ့ စည်းပေးဖို့ လုရှီမင်ကို ပြောရမယ် ...

"အိုး"

လုရှီမင်က ရုတ်တရက် အထူးအဆန်းကြီး ပြုံးလိုက်ပြီး အဲ့ပစ္စည်းတွေ အားလုံးကို Space ထဲ သိမ်းကျုံး ထည့်လိုက်သည်။

စုရွမ်ရွမ်က ခေါင်းငုံ့ထားကာ နီးယန်ဖို့လည်း တစ်ခု ယူသွားရမည်ဟု တွေးနေ၏။

အစိမ်းရောင် ယူမယ်။ အဲ့အရောင်က ကြည့်ကောင်းတယ်။

စုရွမ်ရွမ်နဲ့ လုရှီမင်က "အသင်္ချေ ချစ်ခြင်း"အား ရှာဖွေမွှေနှောက်ပြီးနောက် နီးယန်နဲ့ ရှောင်ယွီကလည်း ရိက္ခာပစ္စည်းရှာလို့ ပြီးသွားခဲ့သည်။

ဒီစူပါမားကပ်က စီးနင်းတိုက်ခိုက်ခံထားရသည်မှာ သိသာလှ၏။

အများကြီး မကျန်တော့ပေ။ဒါပေမယ့် သူတို့စားဖို့လောက်တော့ လုံလောက်ပါသည်။

လူတိုင်းက အစားစားဖို့ ချောင်တစ်ချောင်ရှာလိုက်ကြ၏။

စုရွမ်ရွမ်က သူမအိတ်ထဲမှ ခေါင်းစည်းကြိုးကို ထုတ်ပြီး နီးယန်ကို ပေးလိုက်သည်။"ဒါက ရှင့်အတွက်"

နီးယန်က လက်မြှောက်လိုက်ပြီး အဲ့ဒါကို ယူလိုက်သည်။အဲ့ဒါ ဘာလဲဆိုတာ သိသွားတော့ သူမရဲ့ မူလက ဂရုတစိုက်မရှိတဲ့ မျက်နှာက ရုတ်တရက် အနီရောင်ပြောင်းသွားသည်။

သူမက လျှင်မြန်စွာပဲ ရှောင်ယွီကို လှည့်ကြည့်လိုက်ပြီးနောက် သူမ အိတ်ထဲသို့ လျှင်မြန်စွာ ထိုးထည့်လိုက်ကာ သွားကြိတ်လိုက်ပြီး စုရွမ်ရွမ်ကို အသံခပ်တိုးတိုးဖြင့် ကျိန်ဆဲလိုက်၏။"နင်က အရူးမပဲ ... "

"အစိမ်းရောင် မကြိုက်ဘူးလား?ကျွန်မမှာ အဝါရောင်တစ်ခုရှိသေးတယ်၊အနီရောင်ရော လိုချင်လား? ခေါင်းစည်းကြိုးက အရည်အသွေးကောင်းတယ်။ ရှင် ဘယ်လောက်ဆွဲဆွဲ ပျက်မှာ မဟုတ်ဘူး ... "

နီးယန်က စုရွမ်ရွမ်ကို ဖမ်းဆွဲလိုက်၏။

အမျိုးသမီးက ရှေ့ကို တိုးလိုက်ပြီး တလုံးတခဲ ကျိန်ဆဲလိုက်၏။ " ဒါ သောက်သွန်(thong) တွေ ဟဲ့! အတွင်းခံတွေ ! နင်ကန်းနေတာလား !"

ဒီစကားလုံးတွေကို ပြောတဲ့ အမျိုးသမီးကြီး နီးယန်းမှာ မျက်နှာတွင် ရှက်သွေး ဖြာနေ၏။

"နင့်လိုကလေးက ဒီလိုပစ္စည်းတွေ ထည့်ထားပြီး ဘာလုပ်မှာလဲ! ငါ နင့်အတွက် လွှတ်ပစ်ပေးမယ်!"

စကားပြောပြီးနောက် နီးယန်က စုရွမ်ရွမ်ရဲ့ အိတ်ကို ဗလာအလွတ် ဖြစ်စေလိုက်ပြီး အဲ့ဒါတွေကို သူမကိုယ်ပိုင်အိတ်ထဲသို့ ထည့်လိုက်တော့သည်။

စုရွမ်ရွမ် : ကျွန်မ မြင်နေရတယ်နော်။ QAQ ၊ အဲ့ဒါတွေကို ရှင်ဖို့ ဖွက်ထားချင်တာမလား။

စုရွမ်ရွမ် ရုတ်တရက် လုရှီမင် Space ထဲက အရောင်အသွေးစုံ အတွင်းခံတွေရယ် ၊ လုရှီမင်ရဲ့ ထူးဆန်းတဲ့ အပြုံးရယ် ကို သတိရသွားပြီး သူမ မျက်နှာလေးမှာ ချက်ချင်းပင် ဖြူဖျော့လာ၏။

သူမ အဲ့လို ဆိုလိုတာ မဟုတ်ဘူးလေ၊ သူမအဲ့လို ဆိုလိုတာ မဟုတ်ဘူး!

သူမက ဒီပစ္စည်းတွေကို တကယ့်ကို ခေါင်းစည်းကြိုးလို့ပဲ တွေးခဲ့တာ !

ဘယ်အတွင်းခံဘောင်းဘီက ကြိုးတစ်ချောင်းပဲ ရှိလို့လဲ။ဘန်း ဘန်း ဘန်း ။ (ရင်တွင်း ပေါက်ကွဲသံ)

စုရွမ်ရွမ်က မကျေမနပ်ဖြင့် ထောင့်နားတွင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး စက်ဝိုင်းဆွဲတော့သည်။

တဖက်တွင် ရှောင်ယွီက ရှာဖွေတွေ့လာတဲ့ အသင့်စား ခေါက်ဆွဲခြောက်ဘူးများကို ထုတ်လိုက်၏။" ခေါက်ဆွဲခြောက်ဆို စားဖို့ အဆင်ပြေလား?"

နီးယန်က "ခေါင်းစည်းကြိုး"ကို ဖွက်လိုက်ပြီး ချက်ချင်းပဲ ခေါင်းလှည့်လာကာ ပါးစပ်အုပ်၍ ပြုံးလိုက်သည်။"အိုး ဟား ဟား ဟား ၊ အဆင်ပြေပါတယ်"

ထို့နောက် သူမက တိုးဝှေ့လမ်းလျှောက်သွားပြီး ဘေဘီရှောင်ကို ကြက်သနပ်တစ်ခု ပေးလိုက်သည်။ထို့နောက် ခွေးပေါက်လေးအတွက် ခွေးစာ ထည့်ပေးလိုက်ပြီး ၊ဇွန်ဘီ ခွေးစားဖို့ ဝက်အူချောင်းထုတ်ပေးလိုက်သည်။

နောက်ဆုံးမှာတော့ သူမက အိုးတစ်လုံး နဲ့ အသင့်စား ခေါက်ဆွဲခြောက် ဆယ်ထုပ်ကို ထုတ်လိုက်သည်။

"အများကြီး ပြုတ်မလို့လား?" ရှောင်ယွီက နီးယန်ကို ပန်းကန်ခွက်ယောက်များ ဝိုင်းဝန်းပြင်ဆင်ပေးနေ၏။

နီးယန်က ရှက်သွေးဖြာနေပြီး ပြောလိုက်၏။"ရှင်တို့ ယောက်ျားနှစ်ယောက် ပိုစားနိုင်အောင်ပါ"

စုရွမ်ရွမ်က ကြားဖြတ် နှောက်ယှက်ကာ ပြောလိုက်သည်။"နီးယန်က သူမတစ်ယောက်တည်း ခေါက်ဆွဲ ငါးထုပ်စားနိုင်တယ်"

နီးယန် : ... ပိတ်ထားစမ်း၊ နင့် သောက်ပါးစပ် ပိတ်ထားစမ်း!

ရှောင်ယွီက ပြုံးပြီး ပြောလိုက်သည်။"အခုက ငါတို့အတွက် အားရှိဖို့ လိုအပ်တဲ့ အချိန်ပဲ၊ အထုပ်နည်းနည်းလောက် ပိုပြုတ်ရအောင်"

ထိုကဲ့သို့ ဂရုစိုက်တတ်တဲ့ "အမျိုးသား" နဲ့ ရင်ဆိုင်ရတော့ နီးယန်မှာ ထိမိသွားရပြီး နည်းနည်း အကျင့်မကောင်းတဲ့ စုရွမ်ရွမ်ကိုတောင် သင်ခန်းစာ ပေးဖို့ မေ့သွားသည်။

ရေဆူလာတော့ နီးယန်က အိုးအဖုံးဖွင့်လိုက်ပြီး ခြောက်ဆွဲခြောက်ကို ထည့်လိုက်သည်။

နှစ်မိနစ်ကြာကျော်သွားတော့ စုရွမ်ရွမ်က လက်ဆန့် ထုတ်လာ၏။

"မထိနဲ့အုံး" လက်တစ်ဖက်က စုရွမ်ရွမ်ရဲ့ လက်ကိုအုပ်ကိုင်လိုက်ပြီး အဝေးကိုရွှေ့လိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးတော့ စုရွမ်ရွမ်ဟာ မစောင့်နိုင်တော့ပဲ သူမလက်လေးအား ထပ်မံဆန့်ထုတ်လိုက်ပြန်သည်။

စုရွမ်ရွမ် : ငါမင်းကို စောင့်နေပါတယ်။ ကလေးလေးရေ ~

"မကျက်သေးဘူး"လုရှီမင်က စုရွမ်ရွမ် လက်ထဲသို့ သစ်တော်သီး ထည့်ပေးလိုက်သည်။

"ဗိုက်စာရင် သစ်တော်သီး အရင်စားနှင့်"

စုရွမ်ရွမ်က သေးငယ်ပြီး အရည်ရွှမ်းကာ နူးညံ့တဲ့သစ်တော်သီးကို မြင်ဝောာ့ သူမ ပါးစပ်ထဲထည့်ဖို့ မစောင့်နိုင်တော့ပေ။

လုရှီမင်က သူမကို ရပ်တန့်လိုက်ပြီး ပြောလိုက်၏။"ကိုယ် မင်းအတွက် အခွံနွှာပေးမယ်"

အမျိုးသားက လက်တစ်ဖက်တွင် သစ်တော်သီးကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် ... ပုဆိန်ကိုင်ထားတာလား?

ဟေး ? ရှင် ... အဲ့ဒါနဲ့ အခွံနွှာမလို့လား?

အဲ့ဒါက ညစ်ပတ်နေတာ မဟုတ်ဘူးလား?

စုရွမ်ရွမ် ဒီပုဆိန်နဲ့ ခုတ်ခဲ့တဲ့ ထူးဆန်းသော အရာများကို တွေးမိလိုက်ပြီး နူးညံ့သော သစ်တော်သီးကိုတောင်မှ စားချင်စိတ်မရှိတော့ပါ။

လူရှီမင်က သစ်တောသီး အခွံနွှာနေရင်း ရုတ်တရက် တစ်ခုခုကိုသတိရသွား သကဲ့သို့ သစ်တော်သီးအား သူ့ဘေးက ဇွန်ဘီခွေးကို ပစ်ပေးလိုက်သည်။

ထို့နောက် ပုဆိန်ကို ပြန်ထည့်လိုက်ပြီး အဲ့နေရာကို သစ်သီးလှီးဓါးနဲ့ အစားထိုးလိုက်၏။

နောက်ဆုံးတော့ သူမ ခွင့်လွှတ်လိုက်ပါသည်။

အမျိုးသားရဲ့လက်က သစ်တော်သီးကို ကိုင်ထားပြီး စက်ဝိုင်းပုံလှည့်ကာ ဖြည်းဖြည်းချင်း ခွာနေသည်။

သူ့လက်ထဲက သစ်သီးလှီးဓားက ထက်ရှနေပြီး သပ်သပ်ရပ်ရပ် ခွာတာကြောင့် သစ်တော်သီးမှာ မပျက်စီးပဲ ၊ စွန့်လည်း မစွန့်ပစ်ရတော့ပေ။သစ်တော်သီးအခွံအားလုံးကတော့ ခွေးပေါက်လေးပါးစပ်ထဲသို့ ရောက်သွားသည်။

စုရွမ်ရွမ်က ခွေးပေါက်လေး ခေါင်းကို ပုတ်လိုက်သည်။

စုရွမ်ရွမ် : စိတ်မပူနဲ့ ။ ငါသစ်တော်သီးစားတဲ့နေ့က နင်သစ်တော်သီးခွံ စားရမယ့်နေ့ပဲ !

လုရှီမင်က စုရွမ်ရွမ်ကို အခွံခွာထားတဲ့ သစ်တော်သီး ပေးလိုက်၏။

စုရွမ်ရွမ်ကတော့ အသီးကိုစားဖို့ မစောင့်နိုင်တော့ပေ။

အိုး ချိုလိုက်တာ ၊အရမ်း ချိုတယ်!

ခေါက်ဆွဲပြုတ်နံ့က သင်းပျံ့နေပြီး ပတ်ဝန်းကျင်မှာ အရမ်းတိတ်ဆိတ်နေပုံရ၏။

တစ်ခုခုကတော့ မှားနေကြောင်း ခံစားရပေမယ့် ဘာမှလည်း မမှားယွင်းနေပုံပင်။

နောက်ဆုံးတော့ ခေါက်ဆွဲကို အသင့်ပြင်ပြီးသွားပြီး နီးယန် လူတိုင်းကို စားဖို့ ခေါ်လိုက်သည်။

စုရွမ်ရွမ်၏ နောက်ကျောမှာ လှုပ်လှုပ်ရွရွဖြစ်လျက် ထောင့်နားတွင် ပုန်းကွယ်နေပြီး သူမ ဘာလုပ်နေလဲဆိုတာကိုတော့ မသိနိုင်ပေ။

"စုရွမ်ရွမ်? ခေါက်ဆွဲ ရပြီ"

"အင်း ..."

"နင် ဘာလုပ်နေတာလဲ? ဒီကို လာခဲ့လေ !"

လုရှီမင်က ခေါင်းနည်းနည်းစောင်းလိုက်ပြီး တစ်ခုခုမှားနေကြောင်း ရှာတွေ့သွား၏။ သူက ထရပ်ကာ စုရွမ်ရွမ်ဆီကို လျှောက်သွားလိုက်ပြီး လက်ဆန့်ထုတ်ကာ စုရွမ်ရွမ်မေးစေ့အား ပင့်မလိုက်သည်။

မိန်းမငယ်လေးက ငိုနေပြီး သူမ မျက်လုံးများက နီရဲနေကာ သူမပါးစပ်ထဲက သစ်တော်သီးကို လက်ညိုးထိုးပြနေသည်။

သစ်တော်သီးဟာ သေးသော်လည်း စုရွယ်ရွယ်ပါးစပ်ကလည်း သေးပေ၏။

သစ်တော်သီးက မီးသီး အရွယ်လောက် ရှိ၏။ အရူးမလေးက အဲဒါကို ကိုက်စားဖို့ တောင်မှ မစောင့်နိုင်တော့ပဲ သစ်သီးကို သူမပါးစပ်ထဲ ထည့်ပစ် လိုက်သည်။

နောက်တော့ ... ပြန်ထုတ်မရတော့ပေ။

သစ်တော်သီးလေးမှာ သူမပါးစပ်ထဲတွင် အပြင်ထုတ်လို့မရ၊ ဝါးစားလို့လည်းမရ ၊ မျိုချလို့လည်းမရ ဖြစ်နေလေ၏။

မိန်းမငယ်လေးဟာ မရှူနိုင် မကယ်နိုင် ဖြစ်နေတော့သည်။

ပါးကလည်း ဖားတစ်ကောင်လိုမျိုး ပူဖောင်း နေ၏။

လုရှီမင်က အမူအရာမဲ့တဲ့ မျက်နှာဖြင့် သွားရည်တတောက်တောက်ကျနေတဲ့ စုရွမ်ရွမ်ကို ကြည့်လိုက်သည်။

စုရွမ်ရွမ် : ကျွန်မ မှားပါတယ်။

"ဖွီး ဟား ဟား ဟား ... "နီးယန်က အရင်ဆုံး ရယ်ချလာပြီး ရှေ့နောက် ယိမ်းထိုးနေ၏။

ရှောင်ယွီကလည်း ခေါင်းလှည့်သွားပြီး မရယ်မိအောင် ထိန်းချုပ်ထားသည်။

ဇွန်ဘီခွေးနဲ့ ခွေးပေါက်လေးကတော့ တက်တတ်ကြွကြွဖြင့် စုရွမ်ရွမ်ကို လှည့်ပတ်နေ၏။

ဘေဘီရှောင်က စုရွမ်ရွမ်ကို လှည့်ကြည့်လာပြီးနောက် သူ့လက်ထဲက ကြက်သနပ်ကို သူ့ပါးစပ်ထဲ ထိုးထည့်ကာ ဝါးစားနေတော့သည်။

အကြီးအကျယ် အရှက်ရသွားတဲ့ စုရွမ်ရွမ်လေးဟာ မကျေမနပ်ဖြင့် လုရှီမင် ရင်ခွင်ထဲတွင် ပုန်းကွယ်လိုက်၏။

အမျိုးသားက သူမပါးကို ဖျစ်ညှစ်လိုက်ပြီး အပြုံးမျက်နှာဖြင့် သူမကို ကြည့်လိုက်ကာ ထို့နောက် လက်ထုတ်၍ သစ်တော်သီးကို ဆွဲထုတ်လိုက်သည်။

သူက ဇွန်းတစ်ချောင်းကို ထုတ်လိုက်ပြီး ပါးစပ်ထဲ စမ်းထည့်ကြည့်လိုက်၏။ "မလုပ်နဲ့ ၊ကိုယ် မင်းအတွက် ဒါကို ထုတ်ပေးမယ် "

စုရွမ်ရွမ်လေးဟာ မျက်ရည်ဝဲလာတော့၏။

ကမ္ဘာကြီးမှာ အချစ်စစ်ဆိုတာရှိတယ်။ကမ္ဘာကြီးမှာ အချစ်စစ် ရှိတယ်။ကမ္ဘာကြီးက ကောင်းမွန်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နေတာ!

"ပင်ပန်းတယ်ကွာ၊ ကိုယ့်ဘာကိုယ် ထုတ်တော့ " အမျိုးသားက သူ့လက်ထဲက ဇွန်းကို စုရွမ်ရွမ်ကို ထိုးပေးလိုက်၏။

စုရွမ်ရွမ် : ... အချစ်စစ် ဆိုတာ မရှိဘူး။ ကောင်းကင်က အသက်မဲ့နေတယ်။ ဘ၀ရဲ့ မှန်ကန်တဲ့လမ်းကြောင်းက စောစောသေရခြင်းပဲ။







🦋







🍁 Zawgyi 🍁

နီးယန္က သူမ မထြက္ခြာမီ လုရွီမင္ Spaceထဲက ရိကၡာပစၥည္းမ်ားကို ေက်ာက္မီးေသြးနယ္ေျမတြင္ ခ်န္ေပးထားခဲ့သည္။

ထို႔ေၾကာင့္ ေျမာက္ပိုင္း အေျခစိုက္စခန္းသို႔ သြားရာလမ္းတြင္ သူတို႔အတြက္ ရိကၡာဆက္လက္စုေစာင္းဖို႔ လိုအပ္ေပ၏။

"ၿမိဳ႕ႀကီးထဲက ဟိုင္းေဝးလမ္းေပၚမွာက ဇြန္ဘီေတြအမ်ားႀကီး ရွိတယ္။ မလုံၿခဳံေလာက္ဘူး။ ငါတို႔ ၿမိဳ႕အျပင္ဘက္လမ္းက သြားၾကတာေပါ့။ အဲ့နားမွာ ေက်းလက္ကုန္စုံဆိုင္ႀကီးတစ္ခုရွိတာ ငါသိတယ္"

ၿမိဳ႕အျပင္ဘက္လမ္းသို႔ ဦးေဆာင္သြားစဥ္ နီးယန္က ေရွာင္ယြီနဲ႕ အလွည့္က် ေမာင္းဖို႔ ဆုံးျဖတ္လိုက္သည္။ လမ္းအတိုင္း ဆက္သြား၍ အႀကီးဆုံး စူပါမားကပ္ ကို ရွာလိုက္ၾက၏။

တစ္ေန႕နဲ႕ တစ္ည ေမာင္းႏွင္ၿပီးေနာက္ လမ္းတြင္ ဇြန္ဘီအနည္းႏွင့္ သာ ဆုံစည္းခဲ့၏။ ဇြန္ဘီအားလုံးကို နီးယန္က သူမရဲ႕ မိုးႀကိဳးလွ်ပ္စီး စြမ္းရည္ျဖင့္ ေျဖရွင္းခဲ့လိုက္သည္။

နီးယန္ရဲ႕စြမ္းရည္မွာ ယခုတြင္ သန္မာသည္ထက္ သန္မာလာခဲ့၏။သူမက တကယ့္ကို အမ်ိဳးသမီး သူရဲေကာင္း တစ္ေယာက္ပါပင္။

နီးယန္က ဇြန္ဘီေတြကို ကိုင္တြယ္ေျဖရွင္းၿပီးေနာက္ သူမက ေခါင္းလွည့္လိုက္ၿပီး သူမေဘးမွာ ထိုင္ေနတဲ့ ေရွာင္ယြီကို ရွက္ေသြးျဖန္းေနတဲ့ မ်က္ႏွာနဲ႕ လွည္ၾကည့္လိုက္ပါသည္။ထို႔ေနာက္ ကား ေနာက္ၾကည့္မွန္မွတစ္ဆင့္ အမည္မေဖာ္နိုင္ေသာ ပစၥည္းမ်ားကို ေတြ႕လိုက္ရ၏။

"စု႐ြမ္႐ြမ္၊နင္ဘာလုပ္ေနတာလဲ?"

စု႐ြမ္႐ြမ္က တိုးတိုး တိုးတိုး ေျပာလာသည္။" ဒါလွ်ပ္စီးတံေလ။ ရွင္လည္း တစ္ခုေလာက္ လိုခ်င္လား?"

စု႐ြမ္႐ြမ္က သူမေခါင္းမွ လွ်ပ္စီးတံ တစ္ခုကို ဆြဲထုတ္လိုက္ၿပီး နီးယန္ကို ေပးလိုက္၏။

နီးယန္က သြားႀကိတ္ၿပီး ေက်းဇူးတင္စကားေျပာလိုက္သည္။"မလိုဘူး။ေက်းဇူးပဲ"

"ေက်းဇူးတင္ဖို႔မလိုပါဘူး" စု႐ြမ္႐ြမ္က ယဥ္ယဥ္ေက်းေက်း တုန့္ျပန္ေျပာလိုက္၏။

ေဘးနားမွာ ထိုင္ေနတဲ့ လုရွီမင္က စု႐ြမ္႐ြမ္ေခါင္းမွ "လွ်ပ္စီးတံမ်ား" အား တစ္ခုခ်င္း ညင္သာစြာ ဆြဲထုတ္လိုက္သည္။"မင္းေခါင္းထဲကို ပန္းထိုးအပ္ေတြ ေလွ်ာက္မထည့္နဲ႕။ အဲဒါက မင္းေခါင္းကို ထိုးေဖာက္သြားနိုင္တယ္။ဂ႐ုစိုက္စမ္းပါကြာ"

အမ်ိဳးသားက အဲ့လို ေျပာၿပီးေတာ့ လက္ေခ်ာင္းမ်ားက စု႐ြမ္႐ြမ္ရဲ႕ ဆံပင္ရွည္မ်ားကို ေျဖျဖန႔္လိုက္ၿပီး သူ႕လက္နဲ႕ ဆံပင္ေတြကို ၿဖီးေပးလိုက္၍ သူ႕လက္ေကာက္ဝတ္က အျဖဴေရာင္ ပန္းပြင့္ပါတဲ့ ေခါင္းစည္းႀကိဳးကို ခြၽတ္လိုက္ကာ ကြၽမ္းက်င္စြာျဖင့္ သူမကို ပိုနီေတးလ္ ဆံပင္ပုံစံ စည္းေပးလိုက္သည္။

စု႐ြမ္႐ြမ္က သူမ သေဘာထားကို ေရွ႕တန္းတင္လိုက္၏။"နည္းနည္း က်ပ္ေနတယ္"

သူမမ်က္ႏွာက အနည္းငယ္ တင္းေနသလို ခံစားရသည္ ။

မ်က္လုံးမ်ားကလည္း ႐ြဲ႕ေစာင္းသြားပုံပင္။

လက္အႀကီးႀကီးနဲ႕ ဆုပ္ကိုင္ခံထားရသလို ျဖစ္ေန၏။

"ဒီလိုက်ပ္ေနေတာ့ ေလွ်ာက်ဖိဳ႕ မလြယ္ေတာ့ဘူးေပါ့"

"အိုး"

ဒါက ဒီလိုေပါ့။

🦋

သူတို႔က ႀကီးမားတဲ့ ေရွာ့ပင္းေမာလ္တစ္ခုအား ေ႐ြးခ်ယ္လိုက္၏။

ေရွာင္ေပါင္ပါဝင္တဲ့ နီးယန္နဲ႕ ေရွာင္ယြီအဖြဲ႕ ႏွင့္ ေခြးႏွစ္ေကာင္နဲ႕ အဖြဲ႕ဖြဲ႕ထားတဲ့ လုရွီမင္နဲ႕ စု႐ြမ္႐ြမ္အဖြဲ႕က သီးသန့္ခြဲ၍ လႈပ္ရွားၾကသည္။

"ဒီမွာက အႏၲရာယ္မရွိေလာက္ဘူး။ စြမ္းရည္နဲ႕ ေခြးက နင္တို႔ကို ကာကြယ္နိုင္မွာပါ"

နီးယန္သည္ ဇြန္ဘီေခြးက သေႏၶေျပာင္း စြမ္းအားေတြနဲ႕ စြမ္းရည္ရွိတဲ့ ေခြးဟု ေတြးထင္ေနဆဲပင္။

စကားေျပာၿပီးေနာက္ သူမ စု႐ြမ္႐ြမ္နဲ႕ လုရွီမင္ကို ၾကည့္လိုက္သည္။

ထုံထုံထိုင္းထိုင္း ပန္းျဖဴေလးနဲ႕ အသုံးမဝင္တဲ့ ၾကက္ကေလး။

သူတို႔မ်က္ႏွာ ၾကည့္ေကာင္းတာကလြဲရင္ သာမန္ထက္ပိုတာ ဘာမွမရွိဘူး။ ဘာမွကို မရွိတာ !

အမွန္တိုင္း ဆိုရင္ ဒီႏွစ္ေယာက္နဲ႕ အဖြဲ႕ဖြဲ႕ထားတဲ့ တျခားဖက္ကမွ ေၾကာက္စရာေကာင္းေသး!
ေခြးနဲ႕ေတာင္ မယွဥ္နိုင္ဘူးပဲ။

"နင္တို႔ တစ္ခုခုျဖစ္ရင္ ငါ့ကိုေခၚလိုက္ "

ဒီလိုေျပာလိုက္ေသာ္ျငား နီးယန္က ႀကီးျမတ္တဲ့ သေဘာထားနဲ႕ ခ်စ္ခင္မႈအား ျပသေနဆဲပင္။

အေမအိုႀကီးတစ္ေယာက္လိုမ်ိဳး စိုးရိမ္ေနေလ၏။

ဘာေၾကာင့္မ်ား သူမက ဒီဆီပုလင္းႏွစ္ေယာက္ကို စိတ္ပါလက္ပါ ေခၚလာခဲ့ရတာလဲ?
(ဆီပုလင္း = ၀န္ထုတ္ဝန္ပို )

ဒီလိုေတြးၿပီးေတာ့ နီးယန္ဟာ ႀကီးျမတ္တဲ့ မိခင္ဆန္ေသာ ဂုဏ္သေရမ်ား ထြက္ေပၚလာပါေလသည္။

"အိုး" ဆီပုလင္းႏွစ္ေယာက္ဟာ လက္ခ်င္းကိုင္ၿပီး လိမၼာစြာျဖင့္ အေဝးကို ေလးဖင့္စြာ ေလ်ာက္သြားၾက၏။

နီးယန္က သူတို႔လည္း သြားၾကမယ့္္အေၾကာင္း ေရွာင္ယြီကို ရွက္ေသြးျဖန္းေသာ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။

ေနာက္ဆုံးေတာ့ ဒီမီးသီးႏွစ္လုံးကို ပ ထုတ္လိုက္နိုင္ၿပီ!

စု႐ြမ္႐ြမ္ကို လုရွီမင္က adult store သို႔ ဦးေဆာင္ ေခၚသြား၏။

သူမ ေခါင္းေမာ့လိုက္ေတာ့ သူမမ်က္ႏွာက အူေၾကာင္ေၾကာင္ျဖစ္သြားၿပီး ေျပာလိုက္သည္။"ကြၽန္မတို႔ ေနရာမွားၿပီး ေရာက္လာတာလား?"

"မဟုတ္ဘူး"

"ဒါ ဒါ ဒါက ကေလးေတြအတြက္ မသင့္ေတာ္ဘူးမို႔လား?"

စု႐ြမ္႐ြမ္က သီးသန့္စတိုးရဲ႕ "အသေခၤ် ခ်စ္ျခင္း" ဆိုတဲ့ နာမည္ကို လက္ညိုးထိုးျပလိုက္ၿပီး ေျပာလိုက္သည္။

"မင္းက ဆယ့္ကိုးႏွစ္ျဖစ္ေနၿပီပဲ။ သိသင့္ေနၿပီ" အမ်ိဳးသားက သူမ ေခါင္းေလးအားပုတ္လိုက္ၿပီးေနာက္ သူမ၏ ေနာက္ ေကာ္လကေန ကိုင္လိုက္ကာ အထဲသို႔ တ႐ြတ္တိုက္ ဆြဲေခၚသြားသည္။

စု႐ြမ္႐ြမ္သည္ သူမက အသက္ျပည့္ဖို႔ အခ်ိန္အနည္းငယ္ လိုေသးေၾကာင္း ေျပာဖို႔ ႐ုန္းကန္လိုက္၏။

လုရွီမင္က ေျပာလိုက္ပါသည္။မနက္ျဖန္ ၿပီးရင္ မနက္ျဖန္လာမွာပဲ။မနက္ျဖန္ေတြ အမ်ားႀကီးရွိတယ္။ကိုယ္တို႔ အခုတည္းက စၿပီး အလုပ္ႀကိဳးစားသင့္တယ္ဟု။

စု႐ြမ္႐ြမ္က "ဝါးးး"ဟုေအာ္ငိုေလေတာ့သည္။

စတိုးဆိုင္က အထူးေကာင္းမြန္စြာ မူလအတိုင္း ရွိေန၏။

ၿပီးေတာ့လည္း ဒီလိုပစၥည္းေတြက စားလို႔မရနိုင္ေပ။ ဘယ္သူကမွလည္း ဒီပစၥည္းေတြကို ဝတ္ခ်င္ၾကမွာမဟုတ္။

အထဲက အ႐ြယ္ေရာက္သူတို႔၏ သုခဘုံကို ၾကည့္၍ စု႐ြမ္႐ြမ္ မ်က္လုံးမ်ားမွာ ျပဴးက်ယ္လာရၿပီး သူမမ်က္ႏွာက ရွက္ေသြးျဖန္းလာကာ သူမခႏၶာကိုယ္ဟာ တုန္တုန္ယင္ယင္ ျဖစ္ေနရွာ၏။ဒါက အျမင္က်ယ္ေစတာပဲ။

သူမက ကေလးပဲ ရွိေသးတာကို!

စု႐ြမ္႐ြမ္က ၾကမ္းျပင္ေပၚသို႔ ညင္ညင္သာသာထိုင္ခ်လိဳက္ၿပီး လိင္ပိုင္းဆိုင္ရာ ပစၥည္းကိရိယာမ်ား (လက္ထိပ္၊ သံႀကိဳး စသည္ျဖင့္) ထည့္ေနတဲ့ လုရွီမင္ကို ဆြဲထားလိုက္သည္။ "ရွင့္ ရွင့္မွာ အသန့္ႀကိဳက္ေရာဂါ ရွိတယ္ မဟုတ္ဘူးလား? "

သူက မေတာ္တဆ နမ္းမိရင္ေတာင္ ေအာ္ဂလီဆန္၊မူးေဝ ၊ သတိလစ္တတ္တဲ့ ဒ႑ာရီလာ တစ္ေယာက္ေလ!

လုရွီမင္က သူ႕လက္ထဲက လိင္အသားေပး မဂၢဇင္းနဲ႕ ရသစာေပ စာအုပ္ကို ခက္ဆက္ဆက္ ရိုက္လိုက္ၿပီး ေျပာေနက်ပဳံစံလိုမ်ိဳး ေျပာလာသည္။ "႐ြမ္႐ြမ္သာ ျဖစ္ေနရင္ ကိစၥမရွိပါဘူး"

ဒါေပမယ့္ သူမနဲ႕ တခုခုလုပ္ရမယ္!

သူမလည္း သန့္သန့္ ရွင္းရွင္းေနတဲ့ အေလ့အက်င့္ရွိရမယ္။လုံးဝကို သန့္ရွင္းရမယ္။ အထူး သန့္ရွင္းရမယ္!

လုရွီမင္က စတိုးအားဗလာအလြတ္ျဖစ္သြားေစတာကို ၾကည့္ရင္း သူမလည္း တစ္ခုခုလုပ္ရမယ္ဟု ခံစားလိုက္ရသည္။

"ကြၽန္မ ကြၽန္မ ကြၽန္မ ဒါ နည္းနည္းေလာက္ယူမယ္"

"ဒီဟာလား?"

လုရွီမင္က စု႐ြမ္႐ြမ္ဆြဲလိုက္တဲ့ နံရံကပ္စင္ေပၚက ပစၥည္းကို ထူးဆန္ေသာ အမူအရာျဖင့္ ၾကည့္လိုက္၏။

သူမက ေခါင္းညိတ္ၿပီးေျပာလိုက္သည္ ။ "ရွင္ၾကည့္ ၊ ဒီေခါင္းစည္းႀကိဳးက လွတယ္ေနာ္" ႀကိဳးတစ္ခုသာ ရွိေပမယ့္ ဒါက က်ဳံ႕နိုင္ ဆန့္နိုင္စြမ္းရွိတယ္၊ အလြယ္တကူ ပ်က္မွာ မဟုတ္ဘူး!

(A/N: She thought thong as a hair tie , XD )

ေသခ်ာတယ္။ထူးထူးဆန္းဆန္း ပစၥည္းေတြထက္ ဒီဟာက ပိုေကာင္းတယ္!

မနက္ျဖန္ၾကရင္၊ သူမကို ဒီေခါင္းစည္းႀကိဳးနဲ႕ စည္းေပးဖို႔ လုရွီမင္ကို ေျပာရမယ္ ...

"အိုး"

လုရွီမင္က ႐ုတ္တရက္ အထူးအဆန္းႀကီး ၿပဳံးလိုက္ၿပီး အဲ့ပစၥည္းေတြ အားလုံးကို Space ထဲ သိမ္းက်ဳံး ထည့္လိုက္သည္။

စု႐ြမ္႐ြမ္က ေခါင္းငုံ႕ထားကာ နီးယန္ဖို႔လည္း တစ္ခု ယူသြားရမည္ဟု ေတြးေန၏။

အစိမ္းေရာင္ ယူမယ္။ အဲ့အေရာင္က ၾကည့္ေကာင္းတယ္။

စု႐ြမ္႐ြမ္နဲ႕ လုရွီမင္က "အသေခၤ် ခ်စ္ျခင္း"အား ရွာေဖြေမႊေႏွာက္ၿပီးေနာက္ နီးယန္နဲ႕ ေရွာင္ယြီကလည္း ရိကၡာပစၥည္းရွာလို႔ ၿပီးသြားခဲ့သည္။

ဒီစူပါမားကပ္က စီးနင္းတိုက္ခိုက္ခံထားရသည္မွာ သိသာလွ၏။

အမ်ားႀကီး မက်န္ေတာ့ေပ။ဒါေပမယ့္ သူတို႔စားဖို႔ေလာက္ေတာ့ လုံေလာက္ပါသည္။

လူတိုင္းက အစားစားဖို႔ ေခ်ာင္တစ္ေခ်ာင္ရွာလိုက္ၾက၏။

စု႐ြမ္႐ြမ္က သူမအိတ္ထဲမွ ေခါင္းစည္းႀကိဳးကို ထုတ္ၿပီး နီးယန္ကို ေပးလိုက္သည္။"ဒါက ရွင့္အတြက္"

နီးယန္က လက္ျမႇောက္လိုက္ၿပီး အဲ့ဒါကို ယူလိုက္သည္။အဲ့ဒါ ဘာလဲဆိုတာ သိသြားေတာ့ သူမရဲ႕ မူလက ဂ႐ုတစိုက္မရွိတဲ့ မ်က္ႏွာက ႐ုတ္တရက္ အနီေရာင္ေျပာင္းသြားသည္။

သူမက လွ်င္ျမန္စြာပဲ ေရွာင္ယြီကို လွည့္ၾကည့္လိုက္ၿပီးေနာက္ သူမ အိတ္ထဲသို႔ လွ်င္ျမန္စြာ ထိုးထည့္လိုက္ကာ သြားႀကိတ္လိုက္ၿပီး စု႐ြမ္႐ြမ္ကို အသံခပ္တိုးတိုးျဖင့္ က်ိန္ဆဲလိုက္၏။"နင္က အ႐ူးမပဲ ... "

"အစိမ္းေရာင္ မႀကိဳက္ဘူးလား?ကြၽန္မမွာ အဝါေရာင္တစ္ခုရွိေသးတယ္၊အနီေရာင္ေရာ လိုခ်င္လား? ေခါင္းစည္းႀကိဳးက အရည္အေသြးေကာင္းတယ္။ ရွင္ ဘယ္ေလာက္ဆြဲဆြဲ ပ်က္မွာ မဟုတ္ဘူး ... "

နီးယန္က စု႐ြမ္႐ြမ္ကို ဖမ္းဆြဲလိုက္၏။

အမ်ိဳးသမီးက ေရွ႕ကို တိုးလိုက္ၿပီး တလုံးတခဲ က်ိန္ဆဲလိုက္၏။ " ဒါ ေသာက္သြန္(thong) ေတြ ဟဲ့! အတြင္းခံေတြ ! နင္ကန္းေနတာလား !"

ဒီစကားလုံးေတြကို ေျပာတဲ့ အမ်ိဳးသမီးႀကီး နီးယန္းမွာ မ်က္ႏွာတြင္ ရွက္ေသြး ျဖာေန၏။

"နင့္လိုကေလးက ဒီလိုပစၥည္းေတြ ထည့္ထားၿပီး ဘာလုပ္မွာလဲ! ငါ နင့္အတြက္ လႊတ္ပစ္ေပးမယ္!"

စကားေျပာၿပီးေနာက္ နီးယန္က စု႐ြမ္႐ြမ္ရဲ႕ အိတ္ကို ဗလာအလြတ္ ျဖစ္ေစလိုက္ၿပီး အဲ့ဒါေတြကို သူမကိုယ္ပိုင္အိတ္ထဲသို႔ ထည့္လိုက္ေတာ့သည္။

စု႐ြမ္႐ြမ္ : ကြၽန္မ ျမင္ေနရတယ္ေနာ္။ QAQ ၊ အဲ့ဒါေတြကို ရွင္ဖို႔ ဖြက္ထားခ်င္တာမလား။

စု႐ြမ္႐ြမ္ ႐ုတ္တရက္ လုရွီမင္ Space ထဲက အေရာင္အေသြးစုံ အတြင္းခံေတြရယ္ ၊ လုရွီမင္ရဲ႕ ထူးဆန္းတဲ့ အၿပဳံးရယ္ ကို သတိရသြားၿပီး သူမ မ်က္ႏွာေလးမွာ ခ်က္ခ်င္းပင္ ျဖဴေဖ်ာ့လာ၏။

သူမ အဲ့လို ဆိုလိုတာ မဟုတ္ဘူးေလ၊ သူမအဲ့လို ဆိုလိုတာ မဟုတ္ဘူး!

သူမက ဒီပစၥည္းေတြကို တကယ့္ကို ေခါင္းစည္းႀကိဳးလို႔ပဲ ေတြးခဲ့တာ !

ဘယ္အတြင္းခံေဘာင္းဘီက ႀကိဳးတစ္ေခ်ာင္းပဲ ရွိလို႔လဲ။ဘန္း ဘန္း ဘန္း ။ (ရင္တြင္း ေပါက္ကြဲသံ)

စု႐ြမ္႐ြမ္က မေက်မနပ္ျဖင့္ ေထာင့္နားတြင္ ေဆာင့္ေၾကာင့္ ထိုင္ခ်လိဳက္ၿပီး စက္ဝိုင္းဆြဲေတာ့သည္။

တဖက္တြင္ ေရွာင္ယြီက ရွာေဖြေတြ႕လာတဲ့ အသင့္စား ေခါက္ဆြဲေျခာက္ဘူးမ်ားကို ထုတ္လိုက္၏။" ေခါက္ဆြဲေျခာက္ဆို စားဖို႔ အဆင္ေျပလား?"

နီးယန္က "ေခါင္းစည္းႀကိဳး"ကို ဖြက္လိုက္ၿပီး ခ်က္ခ်င္းပဲ ေခါင္းလွည့္လာကာ ပါးစပ္အုပ္၍ ၿပဳံးလိုက္သည္။"အိုး ဟား ဟား ဟား ၊ အဆင္ေျပပါတယ္"

ထို႔ေနာက္ သူမက တိုးေဝွ႕လမ္းေလွ်ာက္သြားၿပီး ေဘဘီေရွာင္ကို ၾကက္သနပ္တစ္ခု ေပးလိုက္သည္။ထို႔ေနာက္ ေခြးေပါက္ေလးအတြက္ ေခြးစာ ထည့္ေပးလိုက္ၿပီး ၊ဇြန္ဘီ ေခြးစားဖို႔ ဝက္အူေခ်ာင္းထုတ္ေပးလိုက္သည္။

ေနာက္ဆုံးမွာေတာ့ သူမက အိုးတစ္လုံး နဲ႕ အသင့္စား ေခါက္ဆြဲေျခာက္ ဆယ္ထုပ္ကို ထုတ္လိုက္သည္။

"အမ်ားႀကီး ျပဳတ္မလို႔လား?" ေရွာင္ယြီက နီးယန္ကို ပန္းကန္ခြက္ေယာက္မ်ား ဝိုင္းဝန္းျပင္ဆင္ေပးေန၏။

နီးယန္က ရွက္ေသြးျဖာေနၿပီး ေျပာလိုက္၏။"ရွင္တို႔ ေယာက္်ားႏွစ္ေယာက္ ပိုစားနိုင္ေအာင္ပါ"

စု႐ြမ္႐ြမ္က ၾကားျဖတ္ ေႏွာက္ယွက္ကာ ေျပာလိုက္သည္။"နီးယန္က သူမတစ္ေယာက္တည္း ေခါက္ဆြဲ ငါးထုပ္စားနိုင္တယ္"

နီးယန္ : ... ပိတ္ထားစမ္း၊ နင့္ ေသာက္ပါးစပ္ ပိတ္ထားစမ္း!

ေရွာင္ယြီက ၿပဳံးၿပီး ေျပာလိုက္သည္။"အခုက ငါတို႔အတြက္ အားရွိဖို႔ လိုအပ္တဲ့ အခ်ိန္ပဲ၊ အထုပ္နည္းနည္းေလာက္ ပိုျပဳတ္ရေအာင္"

ထိုကဲ့သို႔ ဂ႐ုစိုက္တတ္တဲ့ "အမ်ိဳးသား" နဲ႕ ရင္ဆိုင္ရေတာ့ နီးယန္မွာ ထိမိသြားရၿပီး နည္းနည္း အက်င့္မေကာင္းတဲ့ စု႐ြမ္႐ြမ္ကိုေတာင္ သင္ခန္းစာ ေပးဖို႔ ေမ့သြားသည္။

ေရဆူလာေတာ့ နီးယန္က အိုးအဖုံးဖြင့္လိုက္ၿပီး ေျခာက္ဆြဲေျခာက္ကို ထည့္လိုက္သည္။

ႏွစ္မိနစ္ၾကာေက်ာ္သြားေတာ့ စု႐ြမ္႐ြမ္က လက္ဆန့္ ထုတ္လာ၏။

"မထိနဲ႕အုံး" လက္တစ္ဖက္က စု႐ြမ္႐ြမ္ရဲ႕ လက္ကိုအုပ္ကိုင္လိုက္ၿပီး အေဝးကိုေ႐ႊ႕လိုက္သည္။

စကၠန့္အနည္းငယ္ ၾကာၿပီးေတာ့ စု႐ြမ္႐ြမ္ဟာ မေစာင့္နိုင္ေတာ့ပဲ သူမလက္ေလးအား ထပ္မံဆန႔္ထုတ္လိုက္ျပန္သည္။

စု႐ြမ္႐ြမ္ : ငါမင္းကို ေစာင့္ေနပါတယ္။ ကေလးေလးေရ ~

"မက်က္ေသးဘူး"လုရွီမင္က စု႐ြမ္႐ြမ္ လက္ထဲသို႔ သစ္ေတာ္သီး ထည့္ေပးလိုက္သည္။

"ဗိုက္စာရင္ သစ္ေတာ္သီး အရင္စားႏွင့္"

စု႐ြမ္႐ြမ္က ေသးငယ္ၿပီး အရည္႐ႊမ္းကာ ႏူးညံ့တဲ့သစ္ေတာ္သီးကို ျမင္ေဝာာ့ သူမ ပါးစပ္ထဲထည့္ဖို႔ မေစာင့္နိုင္ေတာ့ေပ။

လုရွီမင္က သူမကို ရပ္တန႔္လိုက္ၿပီး ေျပာလိုက္၏။"ကိုယ္ မင္းအတြက္ အခြံႏႊာေပးမယ္"

အမ်ိဳးသားက လက္တစ္ဖက္တြင္ သစ္ေတာ္သီးကိုင္ထားၿပီး တျခားလက္တစ္ဖက္တြင္ ... ပုဆိန္ကိုင္ထားတာလား?

ေဟး ? ရွင္ ... အဲ့ဒါနဲ႕ အခြံႏႊာမလို႔လား?

အဲ့ဒါက ညစ္ပတ္ေနတာ မဟုတ္ဘူးလား?

စု႐ြမ္႐ြမ္ ဒီပုဆိန္နဲ႕ ခုတ္ခဲ့တဲ့ ထူးဆန္းေသာ အရာမ်ားကို ေတြးမိလိုက္ၿပီး ႏူးညံ့ေသာ သစ္ေတာ္သီးကိုေတာင္မွ စားခ်င္စိတ္မရွိေတာ့ပါ။

လူရွီမင္က သစ္ေတာသီး အခြံႏႊာေနရင္း ႐ုတ္တရက္ တစ္ခုခုကိုသတိရသြား သကဲ့သို႔ သစ္ေတာ္သီးအား သူ႕ေဘးက ဇြန္ဘီေခြးကို ပစ္ေပးလိုက္သည္။

ထို႔ေနာက္ ပုဆိန္ကို ျပန္ထည့္လိုက္ၿပီး အဲ့ေနရာကို သစ္သီးလွီးဓါးနဲ႕ အစားထိုးလိုက္၏။

ေနာက္ဆုံးေတာ့ သူမ ခြင့္လႊတ္လိုက္ပါသည္။

အမ်ိဳးသားရဲ႕လက္က သစ္ေတာ္သီးကို ကိုင္ထားၿပီး စက္ဝိုင္းပုံလွည့္ကာ ျဖည္းျဖည္းခ်င္း ခြာေနသည္။

သူ႕လက္ထဲက သစ္သီးလွီးဓားက ထက္ရွေနၿပီး သပ္သပ္ရပ္ရပ္ ခြာတာေၾကာင့္ သစ္ေတာ္သီးမွာ မပ်က္စီးပဲ ၊ စြန႔္လည္း မစြန့္ပစ္ရေတာ့ေပ။သစ္ေတာ္သီးအခြံအားလုံးကေတာ့ ေခြးေပါက္ေလးပါးစပ္ထဲသို႔ ေရာက္သြားသည္။

စု႐ြမ္႐ြမ္က ေခြးေပါက္ေလး ေခါင္းကို ပုတ္လိုက္သည္။

စု႐ြမ္႐ြမ္ : စိတ္မပူနဲ႕ ။ ငါသစ္ေတာ္သီးစားတဲ့ေန႕က နင္သစ္ေတာ္သီးခြံ စားရမယ့္ေန႕ပဲ !

လုရွီမင္က စု႐ြမ္႐ြမ္ကို အခြံခြာထားတဲ့ သစ္ေတာ္သီး ေပးလိုက္၏။

စု႐ြမ္႐ြမ္ကေတာ့ အသီးကိုစားဖို႔ မေစာင့္နိုင္ေတာ့ေပ။

အိုး ခ်ိဳလိုက္တာ ၊အရမ္း ခ်ိဳတယ္!

ေခါက္ဆြဲျပဳတ္နံ႕က သင္းပ်ံ့ေနၿပီး ပတ္ဝန္းက်င္မွာ အရမ္းတိတ္ဆိတ္ေနပုံရ၏။

တစ္ခုခုကေတာ့ မွားေနေၾကာင္း ခံစားရေပမယ့္ ဘာမွလည္း မမွားယြင္းေနပုံပင္။

ေနာက္ဆုံးေတာ့ ေခါက္ဆြဲကို အသင့္ျပင္ၿပီးသြားၿပီး နီးယန္ လူတိုင္းကို စားဖို႔ ေခၚလိုက္သည္။

စု႐ြမ္႐ြမ္၏ ေနာက္ေက်ာမွာ လႈပ္လႈပ္႐ြ႐ြျဖစ္လ်က္ ေထာင့္နားတြင္ ပုန္းကြယ္ေနၿပီး သူမ ဘာလုပ္ေနလဲဆိုတာကိုေတာ့ မသိနိုင္ေပ။

"စု႐ြမ္႐ြမ္? ေခါက္ဆြဲ ရၿပီ"

"အင္း ..."

"နင္ ဘာလုပ္ေနတာလဲ? ဒီကို လာခဲ့ေလ !"

လုရွီမင္က ေခါင္းနည္းနည္းေစာင္းလိုက္ၿပီး တစ္ခုခုမွားေနေၾကာင္း ရွာေတြ႕သြား၏။ သူက ထရပ္ကာ စု႐ြမ္႐ြမ္ဆီကို ေလွ်ာက္သြားလိုက္ၿပီး လက္ဆန့္ထုတ္ကာ စု႐ြမ္႐ြမ္ေမးေစ့အား ပင့္မလိုက္သည္။

မိန္းမငယ္ေလးက ငိုေနၿပီး သူမ မ်က္လုံးမ်ားက နီရဲေနကာ သူမပါးစပ္ထဲက သစ္ေတာ္သီးကို လက္ညိုးထိုးျပေနသည္။

သစ္ေတာ္သီးဟာ ေသးေသာ္လည္း စု႐ြယ္႐ြယ္ပါးစပ္ကလည္း ေသးေပ၏။

သစ္ေတာ္သီးက မီးသီး အ႐ြယ္ေလာက္ ရွိ၏။ အ႐ူးမေလးက အဲဒါကို ကိုက္စားဖို႔ ေတာင္မွ မေစာင့္နိုင္ေတာ့ပဲ သစ္သီးကို သူမပါးစပ္ထဲ ထည့္ပစ္ လိုက္သည္။

ေနာက္ေတာ့ ... ျပန္ထုတ္မရေတာ့ေပ။

သစ္ေတာ္သီးေလးမွာ သူမပါးစပ္ထဲတြင္ အျပင္ထုတ္လို႔မရ၊ ဝါးစားလို႔လည္းမရ ၊ မ်ိဳခ်လိဳ႕လည္းမရ ျဖစ္ေနေလ၏။

မိန္းမငယ္ေလးဟာ မရႉနိုင္ မကယ္နိုင္ ျဖစ္ေနေတာ့သည္။

ပါးကလည္း ဖားတစ္ေကာင္လိုမ်ိဳး ပူေဖာင္း ေန၏။

လုရွီမင္က အမူအရာမဲ့တဲ့ မ်က္ႏွာျဖင့္ သြားရည္တေတာက္ေတာက္က်ေနတဲ့ စု႐ြမ္႐ြမ္ကို ၾကည့္လိုက္သည္။

စု႐ြမ္႐ြမ္ : ကြၽန္မ မွားပါတယ္။

"ဖြီး ဟား ဟား ဟား ... "နီးယန္က အရင္ဆုံး ရယ္ခ်လာၿပီး ေရွ႕ေနာက္ ယိမ္းထိုးေန၏။

ေရွာင္ယြီကလည္း ေခါင္းလွည့္သြားၿပီး မရယ္မိေအာင္ ထိန္းခ်ဳပ္ထားသည္။

ဇြန္ဘီေခြးနဲ႕ ေခြးေပါက္ေလးကေတာ့ တက္တတ္ႂကြႂကြျဖင့္ စု႐ြမ္႐ြမ္ကို လွည့္ပတ္ေန၏။

ေဘဘီေရွာင္က စု႐ြမ္႐ြမ္ကို လွည့္ၾကည့္လာၿပီးေနာက္ သူ႕လက္ထဲက ၾကက္သနပ္ကို သူ႕ပါးစပ္ထဲ ထိုးထည့္ကာ ဝါးစားေနေတာ့သည္။

အႀကီးအက်ယ္ အရွက္ရသြားတဲ့ စု႐ြမ္႐ြမ္ေလးဟာ မေက်မနပ္ျဖင့္ လုရွီမင္ ရင္ခြင္ထဲတြင္ ပုန္းကြယ္လိုက္၏။

အမ်ိဳးသားက သူမပါးကို ဖ်စ္ညွစ္လိုက္ၿပီး အၿပဳံးမ်က္ႏွာျဖင့္ သူမကို ၾကည့္လိုက္ကာ ထို႔ေနာက္ လက္ထုတ္၍ သစ္ေတာ္သီးကို ဆြဲထုတ္လိုက္သည္။

သူက ဇြန္းတစ္ေခ်ာင္းကို ထုတ္လိုက္ၿပီး ပါးစပ္ထဲ စမ္းထည့္ၾကည့္လိုက္၏။ "မလုပ္နဲ႕ ၊ကိုယ္ မင္းအတြက္ ဒါကို ထုတ္ေပးမယ္ "

စု႐ြမ္႐ြမ္ေလးဟာ မ်က္ရည္ဝဲလာေတာ့၏။

ကမာၻႀကီးမွာ အခ်စ္စစ္ဆိုတာရွိတယ္။ကမာၻႀကီးမွာ အခ်စ္စစ္ ရွိတယ္။ကမာၻႀကီးက ေကာင္းမြန္တဲ့ စြမ္းအင္ေတြနဲ႕ ျပည့္ေနတာ!

"ပင္ပန္းတယ္ကြာ၊ ကိုယ့္ဘာကိုယ္ ထုတ္ေတာ့ " အမ်ိဳးသားက သူ႕လက္ထဲက ဇြန္းကို စု႐ြမ္႐ြမ္ကို ထိုးေပးလိုက္၏။

စု႐ြမ္႐ြမ္ : ... အခ်စ္စစ္ ဆိုတာ မရွိဘူး။ ေကာင္းကင္က အသက္မဲ့ေနတယ္။ ဘ၀ရဲ႕ မွန္ကန္တဲ့လမ္းေၾကာင္းက ေစာေစာေသရျခင္းပဲ။




Continue Reading

You'll Also Like

290K 22.1K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
310K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
31.7K 2.1K 12
ခင်ဗျား Alpha ဆိုလဲ ကျုပ်က တက်ချမှာပဲ warning
76.2K 10.6K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...