ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...
Oleh LEAF277
327K 45.6K 2K
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... Lebih Banyak
Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)
/19/
3.3K 552 10
Oleh LEAF277
🍁 Unicode 🍁
ဟိုပီက နီးယန်ကို အနည်းငယ် မနာလိုဖြစ်မိသော်လည်း သူတို့သာ တကယ်တိုက်ခိုက်ပါက သူရှုံးလိမ့်မယ်လို့ မတွေးထားပေ။
ပြီးတော့လည်း သူက ယခုထိ မိုးကြိုး လျှပ်စီး အမြုတေရဲ့ အရသာကို မမြည်းစမ်းရသေးပါ၊ အဲ့ဒါက ဘယ်လိုအရသာ ရှိပါလိမ့်...
ဟိုပီက သူ့မျက်နာပေါ်တွင် လောဘတကြီးအမူအရာနှင့်အတူ နီးယန်ကို စိုက်ကြည့်နေ၏။
ဟိုပီ၏ အလိုတကြီး မျက်နှာနှင့် ရင်ဆိုင်ရတော့ နီးယန်မှာ နောက်ကြောင်း ပြန်ဆုတ်မိသွားသည်။
သူမမျက်လုံးများမှာ သူမရှေ့ရှိ ပျံသန်းနေသော နှင်းများနှင့် သန်မာသော လေများ၏ ဆွဲဆောင်ခြင်းခံနေရသည်။
နီးယန်က လျှို့ဝှက်စွာ ရေရွတ်လိုက်၏" ကျောက်မီးသွေးနယ်မြေရဲ့ ခေါင်းဆောင်လို့ မပြောရဘူး၊ စွမ်းရည်က အရမ်းပြည့်တာပဲ"
သူမ၏ခွန်အား အားလုံး အသုံးပြုပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ဟိုပီ ကို အစွန်အဖျားသာလျှင် တိုက်ခိုက်နိုင်မှန်း နီးယန် သိပါသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများ တောက်လောင်နေပြီး မျက်လုံးတွေနီရဲနေတဲ့ ကျူးယန်ကို သူမ ထိန်းချုပ်လိုက်ပြီး အလျှော့မပေးစွာဖြင့် သူမက လူတွေကို ဆွဲသွားကာ လုရှီမင်နှင့် စုရွမ်ရွမ်တို့ကို လမ်းတစ်လျှောက် နောက်ကြောင်းပြန်ဆုတ်စေလိုက်သည်။
"မင်း သူ့ကို ရိုက်နိုင်မှာ မဟုတ်ဘူး" နီးယန်က ကျူးယန်ကို တင်းကျပ်စွာ ဆွဲထားလိုက်သည်။သူ့ကို သွားပြီးအသေခံဖို့ လွှတ်မထားနိုင်ပေ။
ထို့နောက် တစ်ခြား ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ "ပြေး!"
နီးယန်က ချက်ချင်းပဲ ကျူးယန်ကိုခေါ်ကာ ‌ပြေးတော့သည်။
စုရွမ်ရွမ်ကတော့ ဟိုပီဆီသို့ ပြေးနေလေသည်။
နီးယန် ကျိန်ဆဲလိုက်တော့၏"အရူးမ၊ နင်က ဘယ်ငရဲကို သွား‌နေတာလဲ?"
နီးယန် ကျိန်ဆဲပြီးလျှင် ပြီးချင်းပဲ သူမဟာ သတ္ထု‌လှောင်အိမ်နဲ့ ပတ်ရံခံလိုက်ရသည်။
ဟိုပီ၏ စွမ်းရည်မှာ သတ္ထုဖြစ်လေသည်။မူလကတော့ အဲ့ဒါက သတ္ထုကိုပဲ ထိန်းချုပ်နိုင်သည်။နောက်တော့ သတ္ထုလှောင်အိမ်များကို လေထုထဲမှ ပြောင်းလဲလာနိုင်သည်။
သူ့စွမ်းရည်ကို ဘယ်လောက်တောင် ကြောက်လန့်ဖွယ်ရာ ပျိုးထောင်ခဲ့လည်းအား မြင်နိုင်ပေသည်။
ဒါတွေအားလုံးမှာ အဲ့လူများ၏ သွေးပေနေတဲ့ အမြုတေ အကျိုးကျေးဇူးများ ဖြစ်ပေသည်။
နီးယန်၊ ခွေးတွေနဲ့ ကျူးယန်တို့မှာ လှောင်အိမ်ထဲတွင် အပိတ်ခံလိုက်ရပြီး ဟိုပီ၏ တိုက်ခိုက်ခြင်းခံနေရတဲ့ လုရှီမင်နှင့် စုရွမ်ရွမ်ကို ကြည့်နေရဝောာ့သည်။
သူတို့လည်းပဲ လှောင်အိမ်ထဲတွင် ထာခြင်းခံရတော့၏။
ရေခဲနှင့် နှင်းများကြားတွင် လုရှီမင်နှင့် စုရွမ်ရွမ်တို့မှာ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားကြသည်။
သူမက အစမ်းသဘောဖြင့် ပူလည်းမပူ၊ နွေးထွေးပုံလည်းရတဲ့ မီးတွေရှိနေတဲ့ ကျူးယန်ကို ဖက်ကြည့်ချင်ပေမယ့် ညင်သာစွာဖြင့် လုရှီမင်၏ နောက်ပြန်ဆွဲခြင်း ခံလိုက်ရသည်။
"ရွမ်ရွမ်က ဘယ်ကို သွားချင်နေတာလဲ?"
"ကျွန်မ၊ ကျွန်မက ထိကြည့်ချင်ယုံလေးပါ..."
စုရွမ်ရွမ်က လျှင်မြန်စွာ စကားပြောနေရင်း လုရှီမင်ကို တစ်ချက် ခိုးကြည့်လိုက်သည်။အဖြူရောင် လက်ချောင်းလေးများက အချင်းချင်းပွတ်သက်နေပြီး ကျူးယန်ဘက်သို့ ပိုပိုသာသာ ကြည့်နေလေ၏။ဇွန်ဘီခွေးနဲ့ ခွေးပေါက်လေးဟာလည်း ကျူးယန်နဲ့ ပေါင်းစပ်တော့မလိုမျိုး ရှိနေကြသည်။
စုရွမ်ရွမ်က လုရှီမင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမရင်ဘက်ကို မတ်မတ်ထားနိုင်ဖို့ ကြိုးစားလိုက်သည်။
ဘယ်အချိန်က သူတို့ရဲ့ 'စု' မိသားစုမှာ သရဲဘောကြောင်တဲ့ လူတစ်ယောက်ရှိလာရတာလဲ!
"ကျွန်မ ကျူးယန်နဲ့  စကားသွားပြော... "
" ဟမ်?"အမျိုးသား က မေးလိုက်သည်။
လက်တွေ့မှာတော့ စုရွမ်ရွမ်ဟာ ချက်ချင်းကို ညွတ်ကျသွားလေ၏။:QAQ  ပြန်မတိုက်ခိုက်ဘူးပဲ၊ ငါ့ကိုယ်ငါ မုန်းလိုက်တာနော်။
တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြတဲ့ ခွေးတွေနဲ့ လူတွေကို ကြည့်ပြီး စုရွမ်ရွမ်မှာ မနာလိုမှုကြောင့် မျက်ရည်များ စီးကျလာတော့၏။
နီးယန်လည်းပဲ အဲ့နေရာကို သွားပြီး ရှေ့ကို ယိုင်မှီလိုက်သည်။
စုရွမ်ရွမ်မှာ "ဝူး" ဆိုတဲ့ အသံနှင့်အတူ ငိုလေတော့သည်။
သူမလည်းပဲ မီး ဖန်တီးချင်လိုက်တာ၊
အမျိုးသားဇာတ်လိုက်က တခစ်ခစ်ရယ်လိုက်ပြီး စုရွမ်ရွမ်၏ သေးငယ်သော လက်လေးကို ဆုပ်ကိုင်ဖို့ လက်ထုတ်လာသည် "အေးလို့လား?ကိုယ် မင်းကို ကာကွယ်ထားပေးမယ်လေ"
အမျိုးသား၏ လက်က ထင်ရှား ပြက်သားသော အရိုးအဆစ်များနှင့်အတူ ဖြူဖွေးသွယ်လျနေ၏။သူတို့က လှပနေကြပါသည်။
လုရှီမင်က စုရွမ်ရွမ်၏ လက်ဖြူဖြူဖွေးဖွေးလေး များကို ထုပ်ပိုး ဆုပ်ကိုင်လိုက်၏။သူ့လှုပ်ရှားမှုမှာ နူးညံ့ညင်သာနေလေသည်။
မိန်းမငယ်လေး၏ လက်က ပါးလျကာ ဖြူဖွေးနေပြီး လက်ချောင်းများမှာ ပန်းရောင်သန်းနေသေးသည်။ကမ္ဘာပျက်ကပ် အချိန်ဖြစ်ပေမယ့် ထိုလက်များမှာ ကျန်းမာကောင်းမွန်ကာ နူးညံ့နေကြောင်းကို မြင်နိုင်ပေသည်။
သေးငယ်သော လက်ကလေးကို အမျိုးသားက နူးညံ့ညင်သာစွာ အတူတကွ ဆုပ်ကိုင်လိုက်ပြီး သူတို့ကို ထုပ်ပိုးဆုပ်ကိုင်လိုက်သည်။
ဒါပေမယ့် အမျိုးသား၏လက်မှာ အပြင်က နှင်းများထက်တောင် အေးစက်နေလေ၏။
သူ့လက်ထဲ ဆုပ်ကိုင်ခံထားရတဲ့ စုရွမ်ရွမ်မှာတော့ အရင်က သူမ လက်များအေးခဲနေခဲ့ပြီး နောက်တော့ သူမ ခန္ဓာကိုယ်ပါ အေးခဲလာတော့သည်။
သူမ စတင်ပြီး အဆက်မပြက် တုန်ရီလာဝောာ့၏။
"ဘာမှားနေလို့လဲ၊ ရွမ်ရွမ်" အမျိုးသားက တမင်တကာ မေးလာ၏"ကိုယ်က မင်းကို နွေးထွေးမှု မပေးနိုင်ဘူးလား?"
"...ရှင်၊ ရှင်က အရမ်းနွေးတာပဲ၊ ကျွန်မ၊ ကျွန်မ အရမ်း ထိမိ...ဟက်ချိုး!"
စုရွမ်ရွမ်က အရမ်းအေးနေခဲ့ပြီး သူမ နှာချေမိသွားတော့သည်။
သေးငယ်သော ဆီးနှင်းပွင့်များက သူမ၏မျက်တောင်တွေပေါ်ပါ ကျဆင်းနေပြီး ဆီးနှင်းခဲလေးတွေ ဖြစ်နေသည်။ မျက်တောင်ခက်လိုက်ချိန်ဆို အဲဒါက အရမ်းကြည့်ကောင်းနေပြီး ရေခဲပုံဆောင်ခဲလိုမျိုး အဲ့ဒီအပြစ်ကင်းစင်တဲ့ မျက်လုံးများကို ပိုမိုသန့်စင်သွားစေသည်။
လုရှီမင်က သူမကို ကြည့်ပြီး ပြောလိုက်သည်"ရွမ်ရွမ်က အရမ်းနွေးတာပဲ"
ဒီလိုပြောပီးနောက် လုရှီမင်က မျက်လုံးမှိတ်လိုက်ပြီး သူမလက်တွေကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ကို ဖြေလျော့လိုက်ကာ သူ့လက်မောင်းကို ဖွင့်ပြီး လူကို ရင်ခွင်ထဲတွင် ထားလိုက်လေသည်။
အမျိုးသား၏ ပွေ့ဖက်မှု က သူ့လက် မျိုးမတူညီပဲ နွေးထွေးနေ၏။
စုရွမ်ရွမ် အံ့သြသွား၏။နောက်တော့ ချက်ချင်းပဲ ရေဘဝဲ တစ်ကောင်လိုမျိုး သူ့ကို တွယ်ကပ်လိုက်တော့သည်။
လုရှီမင်က သူ့ကိုယ်ပေါ်မှာ လျှို့ဝှက်စွာ အပူခံပြား ထားထားတာဖြစ်ရမည်ဟု စုရွမရွမ် တိတ်တဆိတ် သင်္ကာမကင်းဖြစ်နေမိသည်။
ကမ္ဘာကြီးကို ဘယ်တုန်းကမှ မျက်မြင် မတွေ့ဖူးတဲ့ တောင်ပိုင်းသူလေး စုရွမ်ရွမ်ကတော့ သူမက တကယ့်ကို အမျိုးသားဇာတ်လိုက်ရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်ကို အများကြီး ချစ်ပါတယ်ဟု ပြောနေတော့၏။
အဲ့ဒီအတွက် သူမက ထမင်းလျှော့စားဖို့ကိုပင် လိုလိုလားလား ရှိနေလေသည်။
သတ္ထု လှောင်အိမ်အပြင်ဘက်တွင် ဟိုပီက သူ့လက်ထဲတွင် သလင်း ကျောက်အမြုများ ပြည့်နေတဲ့ သေတ္တာငယ်ကို ကိုင်ထားပြီး သူ့မျက်နှာပေါ်တွင် အောင်မြင်၍ တက်ကြွပျော်မြူးနေသော မျက်နှာအမူအရာနှင့်အတူ သတ္ထု လှောင်အိမ်ထဲမှ သနားစရာ မြင်ကွင်းအား လှည့်ကြည့်လိုက်သည်။
အလှလေးနဲ့ သလင်းကျောက်အမြုတေ ၊
သူအဲ့ဒါတွေကို လိုချင်တယ်။
ဟိုပီသည် သူခေါင်းကို မော့လိုက်ပြီး သေတ္တာထဲမှ သလင်းကျောက် အမြုတေကို သူ့ပါးစပ်ထဲသို့ လောင်းချလိုက်လေ၏။
ဒီကမ္ဘာပျက်ကပ်ကြီးရဲ့ အသန်မာဆုံး ဘုရင်ဖြစ်လာချင်တယ် !
စုရွမ်ရွမ်က ငိုနေပြီး လုရှီမင်ကတော့ စိတ်လှုပ်ရှားမှုနှင့် အတူ ခိုက်ခိုက်တုန်ယင်နေသည်။
ကျောက်သလင်းအမြုတေ စားပြီးနောက် ဟိုပီဟာ သူတော့ စွမ်းအားပြည့်လာပြီဟု ခံစားမိလိုက်သည်။
သက်ပြင်းရှည်တစ်ချက်ကိုရှူထုတ်လိုက်ပြီး သူက အရမ်းစွမ်းအား ပြည့်ဝသလို ခံစားနေရသည်။
ဒီလိုပြင်းပြတဲ့ အခိုက်အတန့်ကို ခံစားပြီးနောက် သူက သတ္ထု လှောင်အိမ်မှ သုံးလမ်းအကွာတွင် မတ်တပ်ရပ်နေလိုက်ပြီး နီးယန်ကို ကြည့်ကာ ပြောလိုက်သည်။
"အရင်ကတော့ ငါ မင်းကို သတ်ဖို့ အတွေး မရှိခဲ့ဖူးဘူး၊ ဒါပေမယ့် အခုတော့ ငါကပဲ မင်းရဲ့ သလင်းကျောက်အမြုတေကို ထုတ်ယူနိုင်ရမယ်"
ဟိုပီက ပြုံးနေရင်းဖြင့် ရှေ့ကို လျှောက်လာပြီး သတ္ထု လှောင်အိမ်တံခါးသို့ လက်မြှောက်လိုက်ကာ တံခါးကိုဖွင့်ဖို့ ရုတ်တရက် ဆွဲဆောင့်လိုက်၏။
နီးယန်က တည်ကြည်စွာဖြင့် သူမနောက်က လူတိုင်းကို ကာကွယ်ပေးထားသည်။
ဟိုပီ၏ စွမ်းရည်က မြှင့်တက်လျက်ရှိပြီး နီးယန်ဆယ်ယောက်ရှိရင်တောင်မှ သူ့ကို ရိုက်နိုင်မှာမဟုတ်ပေ။
သူတို့ သေရတော့မှာလား?
ဟိုပီက ရယ်မောလိုက်ပြီး "မင်းတို့ လည်ချောင်းကွဲအောင် အော်ရင်တောင် တစ်ယောက်မှလာ ကယ်မှာမဟုတ်ဘူး...ဟမ်?"
ဟိုပီက သူ့လက်မောင်းကို ရွှေ့ကြည့်လိုက်တော့ ရုတ်တရက် သူ့လက်က တစ်ခုခုနှင့် အထိုးခံထားရပုံရကြောင်း တွေ့လိုက်ရသည်။
စုရွမ်ရွမ်က သတိထားလျက် သူမ ခေါင်းလေးအား ထုတ်လိုက်သည် "ရှင့် လက်အထိုးခံလိုက်ရပြီ"
ဒီလိုဆောင်းရာသီမှာ ရှင်ကဘယ်လိုလုပ်သတ္ထုတွေနဲ့ ကစားနေရတာလဲ?
ကြည့်ပါဦး၊ သွေးတွေ စွန်းကုန်ပြီ !
ရာသီဥတုက တကယ့်ကို အေးစိမ့်နေတာ။
ဟိုပီက ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်တော့ အသားအပိုင်းအစားများပါ ဆုတ်ပြဲ ထွက်လာတော့သည်။
"ငါ့ကို ကယ်ပါအုံး!"
ဟိုပီက အော်ဟစ်လေတော့၏။
ဒါပေမယ့် သူ့ပတ်ပတ်လည်တွင် တစ်ယောက်မှရှိမနေပေ။
စုရွမ်ရွမ်က နူးညံ့စွာ ပြောလိုက်သည် "နည်းလမ်းမရှိဘူး၊ရှင် လည်ချောင်းကွဲအောင် အော်ရင်တောင် တစ်ယောက်မှ ရှင့်ကို လာကယ်မှာ မဟုတ်ဘူး"
ဟိုပီ :...
ဟိုပီသည် ရုတ်တရက် ဖိအားကို အသုံးပြုပြီး သံလှောင်အိမ်တံခါးကို တိုက်ရိုက်ချိုး ဖြတ်လိုက်၏။
သို့သော်ငြား သတ္ထုချောင်းနှစ်ခုမှာ သူ့လက်တွင် စိုက်နေဆဲပင်။၎င်းက သူ့လှုပ်ရှားမှုကို များစွာ ထိခိုက်စေပြီး သူ့နှာခေါင်းပေါက်ကို တောင်ခဏခဏ ထိုးမိနေသည်။
စုရွမ်ရွမ်က တည်ကြည်စွာ ပြောလိုက်သည် "ကျွန်မ ဒါကို မကူညီနိုင်ဘူး၊ ရေနွေးလောင်းချရအောင်"
ဟိုပီ :...
နီးယန်က ဒါကို မြင်တော့ အခွင့်အရေးယူကာ သူမ လက်ချောင်းတွေကို သတ္ထု လှောင် အိမ်ပတ်ပတ်လည်ကို လှည့်ပတ်လိုက်ပြီး ဟိုပီကို တိုက်ခိုက်လိုက် ၏။လျှပ်စီးကြောင်း တစ်ခု ပေါက်ကွဲထွက်လာသည်။
တကယ်တော့ ဒီတိုက်ခိုက်မှုက ဟိုပီအား လုံးဝမနာကျင်စေပေ။
ဒါပေမယ့် ထူးဆန်းစွာ ရုတ်တရက် ဟိုပီက သူ့မျက်လုံးများကို လှိမ့်လိုက်သည်။
သူ့ခန္ဓာကိုယ်မှာ သတ္ထုချောင်းနှစ်ခု ထိတွေ့မိ၍ စတင်ပြီး ကြမ်းတမ်းစွာ တုန်ခါလာသည်မှာ ဝတ်ရူးပြန်ရောဂါသည်တစ်ယောက်လိုပင် ။
ရုတ်တရက် လုရှီမင် မျက်နှာမှာ ပျက်သွားပြီး သူက ရုတ်တရက် သူ့လက်ကို မြှောက်က စုရွမ်ရွမ်၏ နောက် ကော်လံကနေ ဆွဲလိုက်ပြီး နီးယန်ကို သတိပေးလိုက်သည် "အရင်ဆုံး အဝေးကို သွားရအောင်"
နီးယန်က ဘာကြောင့်မှန်းတော့ မသိပေ။ဒါပေမယ့် ကျူးယန်ကို ခေါ်ပြီး ခွေးနှစ်ကောင်ကို ဦးဆောင်ကာ လုရှီမင်နှင့်အတူ လှောင်အိမ်အပြင်ဘက်သို့ ထွက်ခွာလိုက်သည်။
ဟိုပီရဲ့ သတ္ထုချောင်းမှာတုန်ခါနေဆဲဖြစ်ပြီး သူ့ခန္တာကိုယ်မှာ နာကျင်မှုကြောင့် ပေါက်ကွဲတော့ မလိုခံစားနေရသည်။
ဟိုပီက ခြေကုန်လက်ပန်းကျကာ ဒူးထောက်ချလိုက်ပြီး စုရွမ်ရွမ်နဲ့ တခြားသူများဆီ အော်ဟစ်လိုက်၏ "ငါ့ကို ကူညီပါ၊ ကျန်းကျစ်ဟောင် ကို တကယ် ငါသတ်ခဲ့တာမဟုတ်ဘူး!"
"ဟမ့်"စုရွမ်ရွမ်က အေးစက်စွာ ပြောလိုက်သည် "လူသတ်သမားတွေက အမြဲတမ်း သူတို့ မသတ်ခဲ့ပါဘူးလို့ ပြောကြတယ်"
ဟိုပီ : ဒီစကားက နည်းနည်း ရင်းနှီးနေသလိုပဲ၊ ဒါပေမယ့် ဘယ်အရူး ပြောခဲ့တာလဲဆိုတာ မမှတ်မိတော့ဘူး။
"ငါ့ကို ကူညီပါ၊ ငါ့ကို ကူညီပါ..."ဟိုပီ၏ အသံမှာ ပိုပိုပြီးတော့ စူးစူးရှရှ ဖြစ်လာသည်။
လုရှီမင်က လူတိုင်းကို ဝေးသထက်ဝေးသော အဝေးကို ခေါ်သွားခဲ့သည်။
ရုတ်တရက် "ဘန်း"  ဆိုသော အသံထွက်ပေါ်လာသည်။
စုရွမ်ရွမ် လက်မှာ လုရှီမင်၏ ဆုပ်ကိုင်ခံထားရပြီး လမ်းတစ်လျှောက် လျှောက်လှမ်းနေရင်း သူမခေါင်းမော့ကြည့်လိုက်သည်။"wow မီးပန်းတွေ "
နီးယန် ပြောလိုက်သည် "အဲ့ဒါ ဟိုပီ ပေါက်ကွဲသွားတာ"
စုရွမ်ရွမ်: ...ရုတ်တရက် မီးပန်းတွေက မလှတော့ပါလား
"သူက ဘာလို့ ပေါက်ကွဲသွားတာလဲ?"စုရွမ်ရွမ်မေးမြန်းလိုက်သည်။
နီးယန်က ခဏလောက်တွေးနေပြီး ပြောလိုက်၏ "သူ့နှလုံးသားက အရမ်းအလိုလောဘကြီးတာ၊ မြွေတစ်ကောင်ကတော့ ဆင်တစ်ကောင်ကို မြိုချလို့ရမှာမဟုတ်ဘူးလေ၊ သလင်းကျောက်အမြုတေက အရည်အသွေးရှိတယ်၊ စွမ်းရည်တိုးမြှင့်ဖို့ သူ အဲဒါကို စုပ်ယူနိုင်ပေမယ့် သူ့ကိုယ်ပိုင်စွမ်းရည်နဲ့ သဟဇာတမဖြစ်တော့ သူပေါက်ကွဲပြီး သေတော့တာပေါ့"
ထို့ကြောင့် ဟိုပီ စားခဲ့သော အရာများမှာ သလင်းကျောက်အမြုတေများ မဟုတ်တော့ပဲ ပေါက်ကွဲစေသောဆေးများသာ ဖြစ်လေတော့သည်။
သေခြင်းက အချိန်မရွေး ဖြစ်ပေါ်နိုင်၏။
အဲ့ဒါက သူတို့ကို ဖမ်းမိခါနီးဖြစ်သွားခဲ့သည်။
🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤💜🖤🖤🖤🖤🖤
🍁 Zawgyi 🍁