🍁 Unicode 🍁
နီးယန်က ချက်ချင်းပဲ သူမလက်ကို ထုတ်ကာ ခွေးပေါက်လေးကို ဟန့်တားလိုက်ပြီး ပတ်ဝန်းကျင်ကို ရုတ်ခနဲ လှည့်ပတ်ကြည့်ကာ အမောတကော ဖြစ်နေတဲ့ စုရွမ်ရွမ် နှင့် ကျူးယန်ကို ဖမ်းဆွဲထားလိုက်သည်။
ရှောင်ယွီက ကြက်ခြေထောက်ကို ဖြည်းဖြည်းချင်းကိုက်ဝါးနေဆဲ ဖြစ်တဲ့ ဘေဘီ ရှောင်နဲ့ အတူ အနောက်မှ နီးကပ်စွာ လိုက်လာနေသည်။
" လုရှီမင်ကို အရင်ရှာရအောင်"နီးယန်က တင်းမာစွာ ပြောလိုက်သည်။
စုရွမ်ရွမ်က သူမ မျက်လုံးကို နူးညံ့စွာ လှိမ့်လိုက်၏"ကျွန်မ၊ ကျွန်မ မပြေးနိုင်တော့ဘူး..."
"နင့်ခွေးကို စီးသွား! မှီအောင်လိုက်ခဲ့!"
"စီး၊ စီး ခွေးစီးရမှာလား?"
စုရွမ်ရွမ် ခေါင်းငုံ့လိုက်တော့ သေးငယ်တဲ့ ခွေးပေါက်လေးကို မြင်လိုက်ရ၏။ သူမ ချက်ချင်းပဲ စိတ်ဓာတ်ကျသွားတော့သည်!သူမက သေးငယ်တဲ့ သတ္တဝါလေးကို ဘယ်လိုလုပ် နှိပ်စက်နိုင်မှာလဲ!
နီးယန်က လမ်းတစ်လျှောက် ပြေးသွားပြီး ပြန်လှည့်ကြည့်လိုက်တော့ ခွေးပေါက်လေးကို ကားယားခွထိုင်ဖို့ ကြိုးစားနေတဲ့ စုရွမ်ရွမ်ကို မြင်လိုက်ရသည်။
"အရူးမ၊ ငါ နင့်ကို နင့်နောက်က တစ်ကောင်ကို စီးဖို့ပြောနေတာ!"
မူလက စုရွမ်ရွမ်နောက်ကိုလိုက်နေတဲ့ ဇွန်ဘီခွေးဟာ ဘယ်အချိန်က အမှန်တကယ် အရပ်ရှည်လာပြီး ကြီးလာလည်း မသိပေ။သူ့ခန္ဓာကိုယ်က သန်မာနေပြီး ကျားတစ်ကောင် သို့မဟုတ် ကျားသစ်တစ်ကောင်နဲ့ တူနေလေ၏။
စုရွမ်ရွမ်က အံ့အားသင့်စွာ ကြည့်နေခဲ့ပြီး နောက်ဝောာ့ နီးယန်၏ ပစ်တင်ခြင်း ခံလိုက်ရသည်။
ဇွန်ဘီခွေးများတွင် စွမ်းရည်ရှိကြသည်။ ထိုစွမ်းရည်မှာ အမြန်နှုန်းဖြစ်၏။
ဇွန်ဘီခွေးက သန်မာပြီး အန္တရာယ်ရှိသည်ဟု ဟိုပီမြင်ခဲ့သလိုပဲ နီးယန်လည်း ဒါကို ခံစားမိသည်။
သူမ ခန့်မှန်းချက် မှန်ကန်သွား၏။
ခွေးတစ်ကောင်ဖြစ်တဲ့ ဇွန်ဘီခွေးက တကယ့်ကို လျှင်မြန်ပေသည်။
"မင်းတို့ အရင်သွားနှင့် "
ဇွန်ဘီခွေးက ကြီးမားသော်လည်း ဒီလောက် လူအများကြီးတော့ ထိုင်မလိုက်နိုင်ပေ။
ရှောင်ယွီက ဘေဘီ ရှောင်ကို နောက်မှလိုက်ရန် ခေါ်သွားသည်။
နီးယန်က ခေါင်းညိတ်လိုက်၏။ထို့နောက် စုရွမ်ရွမ်နှင့် ကျူးယန်နှင့်အတူ လမ်းတစ်လျှောက် ကုန်လှောင်ရုံ အကျဉ်းထောင်သို့ ဇွန်ဘီ ခွေးစီးသွားလေသည်။
သူတို့ကအထဲတွင် ကဒ် ကစားနေကြသည်။
စီးကရက်အားလုံး ဆုံးရှုံးသွားတဲ့ ဘော့စ်မှာ လုရှီမင်ဘေးတွင် လှဲနေ၏။ ကြံခိုင်သန်မာတဲ့ လူကြီးမှာ အတွင်း ကြတ် မျက်ရည်များဖြင့် ပေါက်ကွဲနေသည်။
စုရွမ်ရွမ်က သူ့ကဒ်ကို လှည့်ကြည့်လိုက်သည်။
Gosh၊ ဘာကြောင့် ဒီလောက်ဆိုးဝါးရတာလဲ၊ သူ့ကို ရှုံးတာ မဆန်းပါဘူး။
"စုရွမ်ရွမ်က ဒီပစ္စည်းကို ရှာတွေ့ခဲ့တယ်၊ဒါက ကျူး ယန်ဆီက စာ"နီးယန်က လုရှီမင်ကို ကျူးယန်၏ ကိုယ်ရေးအချက်အလက်များ ပြောလိုက်သည်။ထို့နောက် သေတ္တာနှင့်စာကို လုရှီမင်ကို ပေးလိုက်ပြီး သူမက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ဟိုပီက ဒါတွေအားလုံးလုပ်ခဲ့တာ"
လုရှီမင်က သူ့လက်မြှောက်ကာ ပစ္စည်းများယူလိုက်ပြီး ကျူးယန်လို့ခေါ်တဲ့ လူငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။
ဆယ်ကျော်သက်လေးက နည်းနည်း စိုးရိမ်နေ၏။
ဟိုပီ၏ အဆိပ်သင့်လက်မှ လွတ် မြောက်ရန်အလို့ငှာ သူ့ရဲ့စွမ်းရည်ကို သိုဝှက်ထားခဲ့သည်။
သူ စုရွမ်ရွမ်ကို စကားပြောဖို့မဆုံးဖြတ်ခင် အချိန်အကြာကြီး လေ့လာခဲ့ရသည်။
လုရှီမင်က သူ့လက်ထဲက ပစ္စည်းကို ဖြည်းဖြည်းချင်း လှည့်နေပြီး တင့်တယ်စွာဖြင့် ထရပ်လိုက်သည်။
သူ့ပါးစပ်တွင် စီးကရက်တစ်ခုကို ခဲထားပေမယ့် မီးမညှိထားပေ။
သူ့ရဲ့ အနက်ရောင်ဆံပင်က လျော့တိလျော့ရဲ ကျနေပြီး သူ့မျက်နှာအမူအရာက အေးစက်နေသည်။သူ့နှုတ်ခမ်းက အနည်းငယ် ညွတ်ကွေးနေပြီး သူက အမှောင်ထဲတွင် တစ်ဝက် ဖုံးကွယ်နေ၏။
သူက နတ်သမီးလေးရဲ့ ချစ်သူဆိုတာ ကျူးယန် သိပါသည်။
စွမ်းရည်မရှိပဲ အားနည်းတဲ့သူတစ်ယောက်လို့လည်း သူ ကြားထားသည်။
နည်းနည်းလေး ပိုကြည့်ကောင်းတာကို ဖြည့်စွက် ရင်တောင် နတ်သမီးလေး ကို ကာကွယ်ဖို့ စွမ်းရည်မရှိပေ။
ကျူးယန်၏ မျက်လုံးများက ရုတ်တရက်အလွန်တည်ကြည် ပြက်သား လာလေ၏။
အမျိုးသားက ခြေတံရှည်များဖြင့် ခြေလှမ်းလှမ်းကာ ကျူးယန်ဆီ လျှောက်သွားလိုက်သည်။
အဲ့ဒီ မျက်လုံးများ က အေးစက်စက် နက်ရှိုင်းမှုနဲ့အတူ နက်မှောင်စွာဖြင့် သူ့မျက်နှာပေါ်ကျရောက်လာ၏။
"တကယ်လား?"အမျိုးသား၏ အသံက အလွန်ကောင်းမွန်လှသည်။ကြည်လင်သော နွေဦးဝိဉာဉ်ကျောက်တုံးလိုမျိုး သူ့နားထဲသို့ လွှင့်မျောလာ၏။
အသံက အလွန်ဝေးကွာတဲ့နေရာမှ ရောက်လာပုံရပေမယ့် သူ့နားထဲတွင် တော့ ပေါက်ကွဲထွက်ပေါ်လာသည်။
ကျူးယန်၏ တည်ကြည် ခိုင်မာသော မျက်လုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူက မပီမပြင် ခေါင်းညိတ်လိုက်သည်။"တကယ်ပါ " စကားပြောပြီးနောက် သူက သူဘာပြောခဲ့တယ်ဆိုတာ နားလည်သဘောပေါက်သွားသည်။
လျှင်မြန်စွာ သူ့အာရုံပြန်ရလာတော့ ကြောက်လန့်မှု၊အသိအမှတ်မပြုနိုင်သော တုန်ရီမှုတစ်ခုနှင့် အတူ လုရှီမင်ကို ကြည့်လိုက်သည်။
သူ့ရဲ့ အပြုအမူကို သူ အံ့အားသင့်သွား၏။
သိသိသာသာကို ပိုကြည့်ကောင်းရုံကလွဲပြီး အလွန်အမင်း သာမန်ကျတဲ့ ဒီလူက !ဘာကြောင့် သူ့ကို အကြောက်တရား ၊ တုန်လှုပ်မှုနဲ့ ဒူးထောက်ချင်လောက်အောင်...ခံစားရစေတာလဲ။
လုရှီမင်က ဖြောင့်မတ်စွာ ရပ်နေပြီး နီးယန်ဆီသို့ ခပ်ရေးရေး ခေါင်းညိတ်ပြလိုက်သည်။
လုရှီမင်က သူ့လက်ကို မြှောက်ကာ သလင်းကျောက်တစ်ခုကို ကောက်ယူလိုက်ပြီး စုရွမ်ရွမ်ကိုပြုံးပြလိုက်၏: " အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ ရွမ်ရွမ်သာမရှိရင် ကိုယ်တော့ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး"
စုရွမ်ရွမ်က သူမရဲ့နှာခေါင်းလေး ကို ထောက်လိုက်ပြီး ပီတိဖြာဂုဏ်ယူနေသည်။
သူက ဒီလို သဘောထားမှတော့ သူမတစ်ခုခုပြောသင့်သည်ဟု ခံစားရသည်။
သူမက လုရှီမင် လက်ကို ဖမ်းဆုပ်ပြီးလျှင် ပြီးချင်းပဲ တည်ကြည်စွာ ပြောလိုက်သည်။"ကျွန်မ ရှင့်ကို ရက်အကြာကြီး မမြင်ရပေမယ့် ရှင့်ရဲ့အသံ၊ရှင့်ရဲ့ အပြုံးက အမြဲတမ်း ကျွန်မနှလုံးသားထဲမှာ ရှိပါတယ်"
ဟီး ဟီး ဟီး ဒီလို တယုတယ ဖွင့်ပြောခြင်းနဲ့ ဆိုသူရဲကောင်းကတော့ သူမကို ပိုချစ်လာတော့မည်။
လုရှီမင်က ပြုံးလိုက်ပြီး သူမ လက်ကိုဆွဲကိုင်လိုက်ကာ နူးညံ့စွာ ပြောလာသည်" ကိုယ်လည်းပဲ ရွမ်ရွမ်ရဲ့အသံနဲ့ အပြုံးက ကိုယ့်နှလုံးသားထဲမှာ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
စုရွမ်ရွမ်မှာ ချက်ချင်းပဲ သူမရဲ့ လည်ပင်းလေးတုန်လှုပ်သွားတော့၏။
သူမ ဘာဟာသမှ မလုပ်နိုင်တော့ဘူး!ကြက်သီးထစရာပဲ!
"မင်း ငါ့ရဲ့ သလင်းကျောက်အမြုတေ တွေကို ယူခဲ့တာလား?"ဟိုပီက သူ့ရဲ့ သလင်းကျောက်အမြုတေများ ပျောက်ဆုံးနေတာကို ရှာတွေ့သွားသည်။သူက ချက်ချင်းပဲ တရားခံကို ရှာဖွေခဲ့ပြီးတော့ ကုန်လှောင်ရုံ အကျဉ်းထောင်တွင် ထွက်ပေါ်လာသည်။
ကုန်လှောင်ရုံ အကျဉ်းထောင် ဂိတ်ပေါက်မှာ ဟိုပီ ကြောင့် လှုပ်ခါသွား၏။
သူက လုရှီမင် လက်ထဲမှာ ကိုင်ထားတဲ့ သေတ္တာငယ်လေးကို အကြည့်တစ်ချက်ဖြင့် မြင်လိုက်ပြီး ခက်ထန်စွာ ပြောလိုက်သည် "မင်း တကယ်ပဲ ငါ့ရဲ့ လျှို့ဝှက်နံပါတ်ကို ချိုးဖြတ်ခဲ့တာပဲ !"
စုရွမ်ရွမ်က ချက်ချင်းပဲ အသိအမှတ်ပြုဖို့ တောင်းဆိုလိုက်သည် "ကျွန်မ အဲ့ဒါကို ချိုးဖြတ်ခဲ့တာ !လျှို့ဝှက်နံပါတ်က သုည ခြောက်လုံးပဲ!"
နီးယန် : ...တုံးလိုက်တဲ့ လျှို့ဝှက်နံပါတ်၊
ဟိုပီက တောက်ပတဲ့ အမြုတေများကို ကြည့်နေပြီး ဒေါသထွက်လာကာ သူ့စွမ်းရည်များ မြင့်တက်လာေတာ့သည်။
"ပြေးတော့!"နီးယန်က ဟိုပီ၏ သိပ်သည်းလာသော စွမ်းအားများကို ကြည့်ပြီး ချက်ချင်း ဟိန်း အော်လိုက်သည်။သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ အမှိုက်ထုတ် နှစ်ယောက်က လက်ချင်း ချိတ်ပြီး အပြင်ကိုပြေးထွက်သွားပြီ ဖြစ်သည်။ခွေးနှစ်ကောင်က နောက်မှလိုက် နေပြီး လှပတဲ့ နေ၀င်ဆည်းဆာ အောက်ဆီသို့ ပြေးသွားနေကြ၏။
သူတို့ နေရာမှပဲ ရှိနေသေးတဲ့ နီးယန်နဲ့ ကျူးယန် : ...
ထို့နောက် သူတို့လည်းပဲ ပြေးလွှားရတော့သည်။
ယခုမှာ ဆောင်းရာသီ ဖြစ်၏။
ဟိုပီက သားမွှေး ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး နှင်းတောထဲတွင် ရပ်နေသည်။
နှင်းများက တဖန် ထပ်ကျလာပြန်၏။
ကမ္ဘာပျက်ကပ်၏ ရာသီဥတုမှာ ဒီလိုပဲ အမြဲတမ်း ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။
ရုတ်တရက် မြောက်များစွာသော လက်နက်ကိုင် စစ်သားများ ဝိုင်းအုံ ရောက်ရှိလာသည်။
ရာကျော်သော သေနတ်များက သူတို့ကို ချိန်ရွယ်လာ၏။
စုရွမ်ရွမ်နှင့် သူတို့မှာ ဟိုပီ ဦးဆောင်လာသော လက်နက်ကိုင် စစ်သားများ၏ ရပ်တန့်ခြင်းခံလိုက်ရလေသည်။
နီးယန်က အမှိုက်ထုတ် တစ်သိုက်၏ ရှေ့တွင် ရပ်တည်လိုက်၏။သူမက လက်နက်ကိုင် စစ်သားများနှင့်အတူ ရောက်ရှိလာသော ဟိုပီကို တွန်းထုတ်ဖို့ ကြောက်မနေပေ။
သူမမျက်လုံးများကထက် ရှနေပြီး အေးစက်သော လေသံ၊လှောင်ပြောင်သရော်သော မျက်နှာအမူအရာဖြင့် ရှိနေသည်။
နီးယန်က သူမ လက်ထဲက သေတ္တာကို ဖွင့်လိုက်ပြီး အများအမြင်ရှေ့တွင် ဟိုပီ၏ အကြံအစည်ကို ထုတ်ပြောလိုက်သည်။
"ဒီလောက်များပြားတဲ့ သလင်းကျောက်အမြုတေအတွက် မင်း လူဘယ်လောက်များများ သတ်ခဲ့တာလဲ?"
လက်နက်ကိုင် စစ်သားများမှာ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြ၏။နီးယန် ဘာအကြောင်း ပြောနေမှန်း သူတို့နားမလည်သကဲ့သို့ပင်။
အဲ့ဒီအချိန်မှာ ပဲ ကျူးယန်က သူ့မျက်နှာမှ ဦးထုတ်နဲ့လည်စည်းပုဝါကို ဖယ်ရှားလိုက်ပြီး သူ့ရဲ့ခြောက်သွေ့သော မျက်နှာကို ထုတ်ဖော်ပြလာသည်။
သူ့အသားရောင်မှာ အလွန်ဆိုးဝါးနေသော်လည်း သူ့မျက်လုံးများကတော့ ခိုင်မာ ပြက်သား နေခဲ့သည်။
"ငါက ကျူးယန်ပဲ၊ ငါ့အကိုက မင်းတို့လိုပဲ ကျောက်မီးသွေး နယ်မြေမှာ တာဝန်ထမ်းဆောင်ခဲ့တာ၊ သူက ငါ့ကို ကာကွယ်နိုင်ဖို့ ရာထူးမြင့်တဲ့ လက်နက်ကိုင် စစ်သားတွေနဲ့ ပူးပေါင်းခဲ့တယ် ၊ဒါပေမယ့် အဲ့လူကြောင့်ပဲ ငါ့အကိုသေခဲ့တာ !ငါ့အကိုက သူ့မျက်လုံးနဲ့ သူ့ကို တစ်ကြိမ်မြင်ခဲ့တယ်!"
ကျူးယန်၏ မျက်လုံးများမှာ နီရဲ နေ၏။သူက ဟိုပီ ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ ပိန်လှီသော လက်ချောင်းများက သူ့ကို လက်ညိုးညွန်ပြလိုက်သည်။ထိုမျက်လုံးများတွင်တော့ သွေးမျက်ရည်များ ရှိနေပုံ ပင်။
"သူက အပြင်သွားပြီး အထောက်အပံ့ပစ္စည်း အထောက်အပံ့ပစ္စည်းစုဆောင်းတဲ့ လက်နက်ကိုင် စစ်သားတွေကို ဇွန်ဘီ အုပ်ထဲတွန်းချခဲ့တာ !ပြီးတော့ သူတို့ဦးနောက် ကိုတူးထုတ်ပြီး ကျောက်သလင်း အမြုတေရှာယူတာ !"
လက်နက်ကိုင် စစ်သား အုပ်စုမှာ စတင်ပြီး ပွတ်လောရိုက်လာကြ၏။
ကျူးယန်က ဆက်လက်၍ : " လူတိုင်းက လက်နက်ကိုင် စစ်သားတွေနဲ့ ပူးပေါင်တယ်ဆိုတာ သူတို့ မိဘတွေ၊ ဇနီးတွေ၊ကလေးတွေ၊ ညီကိုမောင်နှမတွေနဲ့ ကျောက်မီးသွေး နယ်မြေကို ကာကွယ်ဖို့အတွက်ပဲ !ဒါပေမယ့် ဒီလူကတော့ သူရဲ့ ကိုယ်ပိုင် လိုအင်ဆန္ဒအတွက် ငါတို့ချစ်ရတဲ့ မိဘတွေ၊ အကိုတွေ၊ သားတွေရဲ့ဘ၀ကို အဝေးကို ယူဆောင်သွားတယ်!"
ကျူးယန်က အက်ကွဲနေသော အသံဖြင့် ဟိန်း အော်လိုက်သည်။
လပေါင်းများစွာ သည်းခံရမှုတွေ၊လပေါင်းများစွာ ကြောက်ရွံ့နေရတာတွေ၊ လပေါင်းများစွာက ဒေါသတွေဟာ ဒီအချိန်မှာပဲ အားလုံးပေါက်ကွဲထွက်လာတော့သည်။
ရုတ်တရက် အဟုန်ပြင်းပြင်း မီးတောက်တစ်ခုက ကျူးယန်၏ ကိုယ်ပေါ်တွင် တောက်လောင်လာသည်။
သူက ကြီးမားတဲ့ မီးဘောလုံးကြီးလိုမျိုး နေရာတွင် ရပ်နေပြီး သူ့ပတ်ပတ်လည်မှ နှင်းများဟာ လျှင်မြန်စွာပဲ အရည်ပျော်လာကြသည်။
ပတ်ပတ်လည်မှ လက်နက်ကိုင် စစ်သားများဟာ ထိတ်လန့်ကုန်ကြ၏။
နီးယန်က ကျူး ယန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပေမယ့် ဘာမှတော့ မပြောခဲ့ပေ။
အဆုံးစွန်သော ဝမ်းနည်းမှုနှင့် ဒေါသတရား အောက်တွင် စွမ်းရည်မှာ ရုတ်တရက် တကယ့်ကို မြင့်တက်လာတော့သည်။
ဟိုပီ၏ မျက်လုံးများမှာ နီရဲနေပြီး သူက လျှင်မြန်စွာပဲ ပင့်သက်ရှိုက်ကာ စူးစူးဝါးဝါးအော်လိုက်၏ "ငါ့ပစ္စည်းတွေ ပြန်ပေး!"
"ဒါက သက်သေခံပစ္စည်းတွေပဲ "နီးယန်က သေတ္တာကို သူမလက်မောင်းထဲတွင် ထား ထားပြီး
ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။"သတ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်၊အခု မင်းပြစ်မှုတွေအတွက် ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ"
ဟိုပီ၏ မျက်နှာက ရုတ်တရက် တင်းမာခက်ထန် လာသည် ။
သူက ရိုးရှင်းစွာပဲ အဲ့ဒါကို ဖုံးကွယ် မနေတော့ပေ။
"မင်း ရှာတွေ့သွားကတည်းက ရိုင်းစိုင်းတာ အတွက် ငါ့ကို အပြစ်မတင်နဲ့ပေါ့ " သလင်းကျောက်အမြုတေကို ပြန်ရမှ ဖြစ်မည်။
ဟိုပီရဲ့ စွမ်းရည်က သန်မာသထက်သန်မာလာပြီး လေများ၊ နှင်းများက ဟိုပီ၏ ပတ်ပတ်လည်တွင် တဝေါဝေါ မြည်းဟည်းနေပြီး ရေခဲဘုရင်တစ်ပါးနှင့်ပင် တူလာလေသည်။
ပတ်ဝန်းကျင်မှ လက်နက်ကိုင် စစ်သားများမှာ အံ့ဩ ထိတ်လန့်နေကြပြီး သေနတ်များကို သယ်ဆောင်ကာ ပြေးထွက်ကြတော့သည်။
အနည်းငယ်သောသူများမှာ ပြေးဖို့ပင် အချိန်မရှိလိုက်ပဲ ချက်ချင်းကို နှင်းလူသားများ ဖြစ်လာကြသည်။
ထိုကဲ့သို့ စွမ်းရည်မျိုးနှင့်တော့ နီးယန်တောင်မှပဲ အသက်ရှူမဝဖြစ်မိသည်။
တကယ်တော့ ဟိုပီ၏ စွမ်းရည်မှာ အရင်က မသန်မာခဲ့ပေ။တစ်ကြိမ်တော့၊ သူက ကျောက်မီးသွေး နယ်မြေက စွမ်းအားရှင်နှင့်အတူ မစ်ရှင်လုပ်ဖို့ သွားခဲ့သည်။
အဲ့ဒီစွမ်းအားရှင်က သေသွားခဲ့၏။ဟိုပီက ဇွန်ဘီ ၏ ဖျက်ဆီးခြင်းခံထားရတဲ့ ထိုသူ့ခေါင်းထဲက သလင်းကျောက်အမြုတေကို မြင်လိုက်တော့ သူက သရဲတစ်ကောင် ဝင်စီးခံထားရသလိုမျိုး သူ့လက်ကို ထုတ်ကာ အဲ့ဒါကို ထူးထုတ်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
ထိုနောက်တော့ သူ့စွမ်းရည်က မြင့်တက်လာတော့သည်။
ဟိုပီက ချိုမြိန်မှုအရသာကို ခံစားနေခဲ့၏။
သူက စွမ်းရည်ရှိတဲ့လူတွေကို စတင်ရှာဖွေခဲ့ပြီး သလင်းကျောက်အမြုတေ ရယူနိုင်ဖို့ ကြိုးစားတော့သည်။
ဒါပေမယ့် ယခုတွင် စွမ်းရည်ရှိသောသူမှာ နည်းပါးနေသည်။ရှိရင်တောင်မှ ဟိုပီက အနိုင်ရအောင် မတိုက်ခိုက်နိုင်ပေ။
အဲ့ဒီတော့ သူက လျှို့ဝှက်စွာဖြင့် စိတ်ရှည်သည်းခံပြီးတော့ သာ စောင့်နေနိုင်လေသည်။
နောက်ဆုံးမှာတော့ သူ နည်းလမ်းတစ်ခု ရှာတွေ့သွားသည်။
လူတွေက ပြင်းထန်တဲ့ အစွန်းရောက် ပတ်ဝန်းကျင်အခြေအနေထဲမှာရှိရင် သူတို့က စွမ်းရည်ထွက်ပေါ်လာလိမ့်မလား။
ဟိုပီက မကြာခဏပဲ ငယ်ရွယ်ပြီး ကြံ့ခိုင်သန်မာတဲ့ လက်နက်ကိုင် စစ်သားများကို အပြင် ခေါ်သွားခဲ့ပြီး သူတို့ကို ဇွန်ဘီ အုပ်ထဲသို့ ပစ်ချလေသည်။
လူရာကျော်ကို ပစ်ထုတ်လိုက်ပြီးတော့၊ တစ်ယောက် သို့မဟုတ် နှစ်ယောက်ဟာ တော့ စွမ်းရည် အစပျိုးလာခဲ့လေသည်။
စွမ်းအားရှင်လူတွေက စွမ်းရည် အစပျိုး ရုံသာ ဖြစ်ပြီး ယေဘုယျအားဖြင့် စွမ်းရည်က နှိမ့်ပါးကာ ထိန်းချုပ်ဖို့ အလွန်လွယ်ကူချောမွေ့ သည်။
ဒီလိုဆိုတော့ ဟိုပီက သူတို့၏ သလင်းကျောက်အမြုတေကို တိုက်ရိုက် တူးထုတ်ယူနိုင်ပြီး သူ့စွမ်းအားကို တိုးမြှင့်နိုင်လေသည်။
ဟိုပီရဲ့ စွမ်းရည်က တကယ့်ကို လူ့သွေးတွေနဲ့ သလင်းကျောက်အမြုတေကို စားကာ သန်မာလာခဲ့ခြင်းဖြစ်ပြီး သူက သန်မာသထက် သန်မာလာခဲ့ကာ စွမ်းရည်ရှိသူအားလုံးကို ဖိနှိပ်အနိုင်ယူပြီး ကျောက်မီးသွေးနယ်မြေ၏ ဘုရင်အဖြစ် ထိုင်နိုင်ခဲ့သည်။
တစ်နေ့မှာ ဒီကိစ္စက ထုတ်ဖော် ခံရလိမ့်မယ်လို့ ဟိုပီ မမျှော်လင့်ထားခဲ့ပေ။
ဒါပေမယ့်လည်း အဆင်ပြေပါတယ်၊ သူတို့အားလုံးကို သတ်လိုက်ရုံပေါ့၊ သူတို့အားလုံးကို သတ်ပစ်မယ်!
🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛🤍💛
🍁 Zawgyi 🍁
နီးယန္က ခ်က္ခ်င္းပဲ သူမလက္ကို ထုတ္ကာ ေခြးေပါက္ေလးကို ဟန႔္တားလိုက္ၿပီး ပတ္ဝန္းက်င္ကို ႐ုတ္ခနဲ လွည့္ပတ္ၾကည့္ကာ အေမာတေကာ ျဖစ္ေနတဲ့ စု႐ြမ္႐ြမ္ ႏွင့္ က်ဴးယန္ကို ဖမ္းဆြဲထားလိုက္သည္။
ေရွာင္ယြီက ၾကက္ေျခေထာက္ကို ျဖည္းျဖည္းခ်င္းကိုက္ဝါးေနဆဲ ျဖစ္တဲ့ ေဘဘီ ေရွာင္နဲ႕ အတူ အေနာက္မွ နီးကပ္စြာ လိုက္လာေနသည္။
" လုရွီမင္ကို အရင္ရွာရေအာင္"နီးယန္က တင္းမာစြာ ေျပာလိုက္သည္။
စု႐ြမ္႐ြမ္က သူမ မ်က္လုံးကို ႏူးညံ့စြာ လွိမ့္လိုက္၏"ကြၽန္မ၊ ကြၽန္မ မေျပးနိုင္ေတာ့ဘူး..."
"နင့္ေခြးကို စီးသြား! မွီေအာင္လိုက္ခဲ့!"
"စီး၊ စီး ေခြးစီးရမွာလား?"
စု႐ြမ္႐ြမ္ ေခါင္းငုံ႕လိုက္ေတာ့ ေသးငယ္တဲ့ ေခြးေပါက္ေလးကို ျမင္လိုက္ရ၏။ သူမ ခ်က္ခ်င္းပဲ စိတ္ဓာတ္က်သြားေတာ့သည္!သူမက ေသးငယ္တဲ့ သတၱဝါေလးကို ဘယ္လိုလုပ္ ႏွိပ္စက္နိုင္မွာလဲ!
နီးယန္က လမ္းတစ္ေလွ်ာက္ ေျပးသြားၿပီး ျပန္လွည့္ၾကည့္လိုက္ေတာ့ ေခြးေပါက္ေလးကို ကားယားခြထိုင္ဖို႔ ႀကိဳးစားေနတဲ့ စု႐ြမ္႐ြမ္ကို ျမင္လိုက္ရသည္။
"အ႐ူးမ၊ ငါ နင့္ကို နင့္ေနာက္က တစ္ေကာင္ကို စီးဖို႔ေျပာေနတာ!"
မူလက စု႐ြမ္႐ြမ္ေနာက္ကိုလိုက္ေနတဲ့ ဇြန္ဘီေခြးဟာ ဘယ္အခ်ိန္က အမွန္တကယ္ အရပ္ရွည္လာၿပီး ႀကီးလာလည္း မသိေပ။သူ႕ခႏၶာကိုယ္က သန္မာေနၿပီး က်ားတစ္ေကာင္ သို႔မဟုတ္ က်ားသစ္တစ္ေကာင္နဲ႕ တူေနေလ၏။
စု႐ြမ္႐ြမ္က အံ့အားသင့္စြာ ၾကည့္ေနခဲ့ၿပီး ေနာက္ေဝာာ့ နီးယန္၏ ပစ္တင္ျခင္း ခံလိုက္ရသည္။
ဇြန္ဘီေခြးမ်ားတြင္ စြမ္းရည္ရွိၾကသည္။ ထိုစြမ္းရည္မွာ အျမန္ႏႈန္းျဖစ္၏။
ဇြန္ဘီေခြးက သန္မာၿပီး အႏၲရာယ္ရွိသည္ဟု ဟိုပီျမင္ခဲ့သလိုပဲ နီးယန္လည္း ဒါကို ခံစားမိသည္။
သူမ ခန႔္မွန္းခ်က္ မွန္ကန္သြား၏။
ေခြးတစ္ေကာင္ျဖစ္တဲ့ ဇြန္ဘီေခြးက တကယ့္ကို လွ်င္ျမန္ေပသည္။
"မင္းတို႔ အရင္သြားႏွင့္ "
ဇြန္ဘီေခြးက ႀကီးမားေသာ္လည္း ဒီေလာက္ လူအမ်ားႀကီးေတာ့ ထိုင္မလိုက္နိုင္ေပ။
ေရွာင္ယြီက ေဘဘီ ေရွာင္ကို ေနာက္မွလိုက္ရန္ ေခၚသြားသည္။
နီးယန္က ေခါင္းညိတ္လိုက္၏။ထို႔ေနာက္ စု႐ြမ္႐ြမ္ႏွင့္ က်ဴးယန္ႏွင့္အတူ လမ္းတစ္ေလွ်ာက္ ကုန္ေလွာင္႐ုံ အက်ဥ္းေထာင္သို႔ ဇြန္ဘီ ေခြးစီးသြားေလသည္။
သူတို႔ကအထဲတြင္ ကဒ္ ကစားေနၾကသည္။
စီးကရက္အားလုံး ဆုံးရႈံးသြားတဲ့ ေဘာ့စ္မွာ လုရွီမင္ေဘးတြင္ လွဲေန၏။ ႀကံခိုင္သန္မာတဲ့ လူႀကီးမွာ အတြင္း ၾကတ္ မ်က္ရည္မ်ားျဖင့္ ေပါက္ကြဲေနသည္။
စု႐ြမ္႐ြမ္က သူ႕ကဒ္ကို လွည့္ၾကည့္လိုက္သည္။
Gosh၊ ဘာေၾကာင့္ ဒီေလာက္ဆိုးဝါးရတာလဲ၊ သူ႕ကို ရႈံးတာ မဆန္းပါဘူး။
"စု႐ြမ္႐ြမ္က ဒီပစၥည္းကို ရွာေတြ႕ခဲ့တယ္၊ဒါက က်ဴး ယန္ဆီက စာ"နီးယန္က လုရွီမင္ကို က်ဴးယန္၏ ကိုယ္ေရးအခ်က္အလက္မ်ား ေျပာလိုက္သည္။ထို႔ေနာက္ ေသတၱာႏွင့္စာကို လုရွီမင္ကို ေပးလိုက္ၿပီး သူမက တည္ၾကည္ေသာ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။
"ဟိုပီက ဒါေတြအားလုံးလုပ္ခဲ့တာ"
လုရွီမင္က သူ႕လက္ျမႇောက္ကာ ပစၥည္းမ်ားယူလိုက္ၿပီး က်ဴးယန္လို႔ေခၚတဲ့ လူငယ္ေလးကို တစ္ခ်က္ၾကည့္လိုက္သည္။
ဆယ္ေက်ာ္သက္ေလးက နည္းနည္း စိုးရိမ္ေန၏။
ဟိုပီ၏ အဆိပ္သင့္လက္မွ လြတ္ ေျမာက္ရန္အလို႔ငွာ သူ႕ရဲ႕စြမ္းရည္ကို သိုဝွက္ထားခဲ့သည္။
သူ စု႐ြမ္႐ြမ္ကို စကားေျပာဖို႔မဆုံးျဖတ္ခင္ အခ်ိန္အၾကာႀကီး ေလ့လာခဲ့ရသည္။
လုရွီမင္က သူ႕လက္ထဲက ပစၥည္းကို ျဖည္းျဖည္းခ်င္း လွည့္ေနၿပီး တင့္တယ္စြာျဖင့္ ထရပ္လိုက္သည္။
သူ႕ပါးစပ္တြင္ စီးကရက္တစ္ခုကို ခဲထားေပမယ့္ မီးမညွိထားေပ။
သူ႕ရဲ႕ အနက္ေရာင္ဆံပင္က ေလ်ာ့တိေလ်ာ့ရဲ က်ေနၿပီး သူ႕မ်က္ႏွာအမူအရာက ေအးစက္ေနသည္။သူ႕ႏႈတ္ခမ္းက အနည္းငယ္ ၫြတ္ေကြးေနၿပီး သူက အေမွာင္ထဲတြင္ တစ္ဝက္ ဖုံးကြယ္ေန၏။
သူက နတ္သမီးေလးရဲ႕ ခ်စ္သူဆိုတာ က်ဴးယန္ သိပါသည္။
စြမ္းရည္မရွိပဲ အားနည္းတဲ့သူတစ္ေယာက္လို႔လည္း သူ ၾကားထားသည္။
နည္းနည္းေလး ပိုၾကည့္ေကာင္းတာကို ျဖည့္စြက္ ရင္ေတာင္ နတ္သမီးေလး ကို ကာကြယ္ဖို႔ စြမ္းရည္မရွိေပ။
က်ဴးယန္၏ မ်က္လုံးမ်ားက ႐ုတ္တရက္အလြန္တည္ၾကည္ ျပက္သား လာေလ၏။
အမ်ိဳးသားက ေျခတံရွည္မ်ားျဖင့္ ေျခလွမ္းလွမ္းကာ က်ဴးယန္ဆီ ေလွ်ာက္သြားလိုက္သည္။
အဲ့ဒီ မ်က္လုံးမ်ား က ေအးစက္စက္ နက္ရွိုင္းမႈနဲ႕အတူ နက္ေမွာင္စြာျဖင့္ သူ႕မ်က္ႏွာေပၚက်ေရာက္လာ၏။
"တကယ္လား?"အမ်ိဳးသား၏ အသံက အလြန္ေကာင္းမြန္လွသည္။ၾကည္လင္ေသာ ေႏြဦးဝိဉာဥ္ေက်ာက္တုံးလိုမ်ိဳး သူ႕နားထဲသို႔ လႊင့္ေမ်ာလာ၏။
အသံက အလြန္ေဝးကြာတဲ့ေနရာမွ ေရာက္လာပုံရေပမယ့္ သူ႕နားထဲတြင္ ေတာ့ ေပါက္ကြဲထြက္ေပၚလာသည္။
က်ဴးယန္၏ တည္ၾကည္ ခိုင္မာေသာ မ်က္လုံးမ်ားမွာ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားၿပီး သူက မပီမျပင္ ေခါင္းညိတ္လိုက္သည္။"တကယ္ပါ " စကားေျပာၿပီးေနာက္ သူက သူဘာေျပာခဲ့တယ္ဆိုတာ နားလည္သေဘာေပါက္သြားသည္။
လွ်င္ျမန္စြာ သူ႕အာ႐ုံျပန္ရလာေတာ့ ေၾကာက္လန႔္မႈ၊အသိအမွတ္မျပဳနိုင္ေသာ တုန္ရီမႈတစ္ခုႏွင့္ အတူ လုရွီမင္ကို ၾကည့္လိုက္သည္။
သူ႕ရဲ႕ အျပဳအမူကို သူ အံ့အားသင့္သြား၏။
သိသိသာသာကို ပိုၾကည့္ေကာင္း႐ုံကလြဲၿပီး အလြန္အမင္း သာမန္က်တဲ့ ဒီလူက !ဘာေၾကာင့္ သူ႕ကို အေၾကာက္တရား ၊ တုန္လႈပ္မႈနဲ႕ ဒူးေထာက္ခ်င္ေလာက္ေအာင္...ခံစားရေစတာလဲ။
လုရွီမင္က ေျဖာင့္မတ္စြာ ရပ္ေနၿပီး နီးယန္ဆီသို႔ ခပ္ေရးေရး ေခါင္းညိတ္ျပလိုက္သည္။
လုရွီမင္က သူ႕လက္ကို ျမႇောက္ကာ သလင္းေက်ာက္တစ္ခုကို ေကာက္ယူလိုက္ၿပီး စု႐ြမ္႐ြမ္ကိုၿပဳံးျပလိုက္၏: " အရမ္း ေၾကာက္ဖို႔ေကာင္းတာပဲ၊ ႐ြမ္႐ြမ္သာမရွိရင္ ကိုယ္ေတာ့ ဘာလုပ္ရမွန္းေတာင္ သိမွာမဟုတ္ဘူး"
စု႐ြမ္႐ြမ္က သူမရဲ႕ႏွာေခါင္းေလး ကို ေထာက္လိုက္ၿပီး ပီတိျဖာဂုဏ္ယူေနသည္။
သူက ဒီလို သေဘာထားမွေတာ့ သူမတစ္ခုခုေျပာသင့္သည္ဟု ခံစားရသည္။
သူမက လုရွီမင္ လက္ကို ဖမ္းဆုပ္ၿပီးလွ်င္ ၿပီးခ်င္းပဲ တည္ၾကည္စြာ ေျပာလိုက္သည္။"ကြၽန္မ ရွင့္ကို ရက္အၾကာႀကီး မျမင္ရေပမယ့္ ရွင့္ရဲ႕အသံ၊ရွင့္ရဲ႕ အၿပဳံးက အၿမဲတမ္း ကြၽန္မႏွလုံးသားထဲမွာ ရွိပါတယ္"
ဟီး ဟီး ဟီး ဒီလို တယုတယ ဖြင့္ေျပာျခင္းနဲ႕ ဆိုသူရဲေကာင္းကေတာ့ သူမကို ပိုခ်စ္လာေတာ့မည္။
လုရွီမင္က ၿပဳံးလိုက္ၿပီး သူမ လက္ကိုဆြဲကိုင္လိုက္ကာ ႏူးညံ့စြာ ေျပာလာသည္" ကိုယ္လည္းပဲ ႐ြမ္႐ြမ္ရဲ႕အသံနဲ႕ အၿပဳံးက ကိုယ့္ႏွလုံးသားထဲမွာ ရွိေနလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"
စု႐ြမ္႐ြမ္မွာ ခ်က္ခ်င္းပဲ သူမရဲ႕ လည္ပင္းေလးတုန္လႈပ္သြားေတာ့၏။
သူမ ဘာဟာသမွ မလုပ္နိုင္ေတာ့ဘူး!ၾကက္သီးထစရာပဲ!
"မင္း ငါ့ရဲ႕ သလင္းေက်ာက္အျမဳေတ ေတြကို ယူခဲ့တာလား?"ဟိုပီက သူ႕ရဲ႕ သလင္းေက်ာက္အျမဳေတမ်ား ေပ်ာက္ဆုံးေနတာကို ရွာေတြ႕သြားသည္။သူက ခ်က္ခ်င္းပဲ တရားခံကို ရွာေဖြခဲ့ၿပီးေတာ့ ကုန္ေလွာင္႐ုံ အက်ဥ္းေထာင္တြင္ ထြက္ေပၚလာသည္။
ကုန္ေလွာင္႐ုံ အက်ဥ္းေထာင္ ဂိတ္ေပါက္မွာ ဟိုပီ ေၾကာင့္ လႈပ္ခါသြား၏။
သူက လုရွီမင္ လက္ထဲမွာ ကိုင္ထားတဲ့ ေသတၱာငယ္ေလးကို အၾကည့္တစ္ခ်က္ျဖင့္ ျမင္လိုက္ၿပီး ခက္ထန္စြာ ေျပာလိုက္သည္ "မင္း တကယ္ပဲ ငါ့ရဲ႕ လွ်ို႔ဝွက္နံပါတ္ကို ခ်ိဳးျဖတ္ခဲ့တာပဲ !"
စု႐ြမ္႐ြမ္က ခ်က္ခ်င္းပဲ အသိအမွတ္ျပဳဖို႔ ေတာင္းဆိုလိုက္သည္ "ကြၽန္မ အဲ့ဒါကို ခ်ိဳးျဖတ္ခဲ့တာ !လွ်ို႔ဝွက္နံပါတ္က သုည ေျခာက္လုံးပဲ!"
နီးယန္ : ...တုံးလိုက္တဲ့ လွ်ို႔ဝွက္နံပါတ္၊
ဟိုပီက ေတာက္ပတဲ့ အျမဳေတမ်ားကို ၾကည့္ေနၿပီး ေဒါသထြက္လာကာ သူ႕စြမ္းရည္မ်ား ျမင့္တက္လာေတာ့သည္။
"ေျပးေတာ့!"နီးယန္က ဟိုပီ၏ သိပ္သည္းလာေသာ စြမ္းအားမ်ားကို ၾကည့္ၿပီး ခ်က္ခ်င္း ဟိန္း ေအာ္လိုက္သည္။သူမ ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ အမွိုက္ထုတ္ ႏွစ္ေယာက္က လက္ခ်င္း ခ်ိတ္ၿပီး အျပင္ကိုေျပးထြက္သြားၿပီ ျဖစ္သည္။ေခြးႏွစ္ေကာင္က ေနာက္မွလိုက္ ေနၿပီး လွပတဲ့ ေန၀င္ဆည္းဆာ ေအာက္ဆီသို႔ ေျပးသြားေနၾက၏။
သူတို႔ ေနရာမွပဲ ရွိေနေသးတဲ့ နီးယန္နဲ႕ က်ဴးယန္ : ...
ထို႔ေနာက္ သူတို႔လည္းပဲ ေျပးလႊားရေတာ့သည္။
ယခုမွာ ေဆာင္းရာသီ ျဖစ္၏။
ဟိုပီက သားေမႊး ဂ်ာကင္အကၤ်ီကို ဝတ္ဆင္ထားၿပီး ႏွင္းေတာထဲတြင္ ရပ္ေနသည္။
ႏွင္းမ်ားက တဖန္ ထပ္က်လာျပန္၏။
ကမာၻပ်က္ကပ္၏ ရာသီဥတုမွာ ဒီလိုပဲ အၿမဲတမ္း ႀကိဳတင္ခန႔္မွန္း၍ မရနိုင္ေပ။
႐ုတ္တရက္ ေျမာက္မ်ားစြာေသာ လက္နက္ကိုင္ စစ္သားမ်ား ဝိုင္းအုံ ေရာက္ရွိလာသည္။
ရာေက်ာ္ေသာ ေသနတ္မ်ားက သူတို႔ကို ခ်ိန္႐ြယ္လာ၏။
စု႐ြမ္႐ြမ္ႏွင့္ သူတို႔မွာ ဟိုပီ ဦးေဆာင္လာေသာ လက္နက္ကိုင္ စစ္သားမ်ား၏ ရပ္တန႔္ျခင္းခံလိုက္ရေလသည္။
နီးယန္က အမွိုက္ထုတ္ တစ္သိုက္၏ ေရွ႕တြင္ ရပ္တည္လိုက္၏။သူမက လက္နက္ကိုင္ စစ္သားမ်ားႏွင့္အတူ ေရာက္ရွိလာေသာ ဟိုပီကို တြန္းထုတ္ဖို႔ ေၾကာက္မေနေပ။
သူမမ်က္လုံးမ်ားကထက္ ရွေနၿပီး ေအးစက္ေသာ ေလသံ၊ေလွာင္ေျပာင္သေရာ္ေသာ မ်က္ႏွာအမူအရာျဖင့္ ရွိေနသည္။
နီးယန္က သူမ လက္ထဲက ေသတၱာကို ဖြင့္လိုက္ၿပီး အမ်ားအျမင္ေရွ႕တြင္ ဟိုပီ၏ အႀကံအစည္ကို ထုတ္ေျပာလိုက္သည္။
"ဒီေလာက္မ်ားျပားတဲ့ သလင္းေက်ာက္အျမဳေတအတြက္ မင္း လူဘယ္ေလာက္မ်ားမ်ား သတ္ခဲ့တာလဲ?"
လက္နက္ကိုင္ စစ္သားမ်ားမွာ တစ္ေယာက္ႏွင့္ တစ္ေယာက္ၾကည့္လိုက္ၾက၏။နီးယန္ ဘာအေၾကာင္း ေျပာေနမွန္း သူတို႔နားမလည္သကဲ့သို႔ပင္။
အဲ့ဒီအခ်ိန္မွာ ပဲ က်ဴးယန္က သူ႕မ်က္ႏွာမွ ဦးထုတ္နဲ႕လည္စည္းပုဝါကို ဖယ္ရွားလိုက္ၿပီး သူ႕ရဲ႕ေျခာက္ေသြ႕ေသာ မ်က္ႏွာကို ထုတ္ေဖာ္ျပလာသည္။
သူ႕အသားေရာင္မွာ အလြန္ဆိုးဝါးေနေသာ္လည္း သူ႕မ်က္လုံးမ်ားကေတာ့ ခိုင္မာ ျပက္သား ေနခဲ့သည္။
"ငါက က်ဴးယန္ပဲ၊ ငါ့အကိုက မင္းတို႔လိုပဲ ေက်ာက္မီးေသြး နယ္ေျမမွာ တာဝန္ထမ္းေဆာင္ခဲ့တာ၊ သူက ငါ့ကို ကာကြယ္နိုင္ဖို႔ ရာထူးျမင့္တဲ့ လက္နက္ကိုင္ စစ္သားေတြနဲ႕ ပူးေပါင္းခဲ့တယ္ ၊ဒါေပမယ့္ အဲ့လူေၾကာင့္ပဲ ငါ့အကိုေသခဲ့တာ !ငါ့အကိုက သူ႕မ်က္လုံးနဲ႕ သူ႕ကို တစ္ႀကိမ္ျမင္ခဲ့တယ္!"
က်ဴးယန္၏ မ်က္လုံးမ်ားမွာ နီရဲ ေန၏။သူက ဟိုပီ ကို ခက္ထန္စြာ စိုက္ၾကည့္လိုက္ၿပီး သူ႕ရဲ႕ ပိန္လွီေသာ လက္ေခ်ာင္းမ်ားက သူ႕ကို လက္ညိုးၫြန္ျပလိုက္သည္။ထိုမ်က္လုံးမ်ားတြင္ေတာ့ ေသြးမ်က္ရည္မ်ား ရွိေနပုံ ပင္။
"သူက အျပင္သြားၿပီး အေထာက္အပံ့ပစၥည္း အေထာက္အပံ့ပစၥည္းစုေဆာင္းတဲ့ လက္နက္ကိုင္ စစ္သားေတြကို ဇြန္ဘီ အုပ္ထဲတြန္းခ်ခဲ့တာ !ၿပီးေတာ့ သူတို႔ဦးေနာက္ ကိုတူးထုတ္ၿပီး ေက်ာက္သလင္း အျမဳေတရွာယူတာ !"
လက္နက္ကိုင္ စစ္သား အုပ္စုမွာ စတင္ၿပီး ပြတ္ေလာရိုက္လာၾက၏။
က်ဴးယန္က ဆက္လက္၍ : " လူတိုင္းက လက္နက္ကိုင္ စစ္သားေတြနဲ႕ ပူးေပါင္တယ္ဆိုတာ သူတို႔ မိဘေတြ၊ ဇနီးေတြ၊ကေလးေတြ၊ ညီကိုေမာင္ႏွမေတြနဲ႕ ေက်ာက္မီးေသြး နယ္ေျမကို ကာကြယ္ဖို႔အတြက္ပဲ !ဒါေပမယ့္ ဒီလူကေတာ့ သူရဲ႕ ကိုယ္ပိုင္ လိုအင္ဆႏၵအတြက္ ငါတို႔ခ်စ္ရတဲ့ မိဘေတြ၊ အကိုေတြ၊ သားေတြရဲ႕ဘ၀ကို အေဝးကို ယူေဆာင္သြားတယ္!"
က်ဴးယန္က အက္ကြဲေနေသာ အသံျဖင့္ ဟိန္း ေအာ္လိုက္သည္။
လေပါင္းမ်ားစြာ သည္းခံရမႈေတြ၊လေပါင္းမ်ားစြာ ေၾကာက္႐ြံ႕ေနရတာေတြ၊ လေပါင္းမ်ားစြာက ေဒါသေတြဟာ ဒီအခ်ိန္မွာပဲ အားလုံးေပါက္ကြဲထြက္လာေတာ့သည္။
႐ုတ္တရက္ အဟုန္ျပင္းျပင္း မီးေတာက္တစ္ခုက က်ဴးယန္၏ ကိုယ္ေပၚတြင္ ေတာက္ေလာင္လာသည္။
သူက ႀကီးမားတဲ့ မီးေဘာလုံးႀကီးလိုမ်ိဳး ေနရာတြင္ ရပ္ေနၿပီး သူ႕ပတ္ပတ္လည္မွ ႏွင္းမ်ားဟာ လွ်င္ျမန္စြာပဲ အရည္ေပ်ာ္လာၾကသည္။
ပတ္ပတ္လည္မွ လက္နက္ကိုင္ စစ္သားမ်ားဟာ ထိတ္လန႔္ကုန္ၾက၏။
နီးယန္က က်ဴး ယန္ကို အံ့အားသင့္စြာ ၾကည့္လိုက္ေပမယ့္ ဘာမွေတာ့ မေျပာခဲ့ေပ။
အဆုံးစြန္ေသာ ဝမ္းနည္းမႈႏွင့္ ေဒါသတရား ေအာက္တြင္ စြမ္းရည္မွာ ႐ုတ္တရက္ တကယ့္ကို ျမင့္တက္လာေတာ့သည္။
ဟိုပီ၏ မ်က္လုံးမ်ားမွာ နီရဲေနၿပီး သူက လွ်င္ျမန္စြာပဲ ပင့္သက္ရွိုက္ကာ စူးစူးဝါးဝါးေအာ္လိုက္၏ "ငါ့ပစၥည္းေတြ ျပန္ေပး!"
"ဒါက သက္ေသခံပစၥည္းေတြပဲ "နီးယန္က ေသတၱာကို သူမလက္ေမာင္းထဲတြင္ ထား ထားၿပီး
က်ယ္ေလာင္ေသာအသံျဖင့္ ေျပာလိုက္သည္။"သတ္ခဲ့တာေတြအတြက္ ျပန္ေပးဆပ္ရမယ္၊အခု မင္းျပစ္မႈေတြအတြက္ ျပန္ေပးဆပ္ရမယ့္ အခ်ိန္ေရာက္ၿပီ"
ဟိုပီ၏ မ်က္ႏွာက ႐ုတ္တရက္ တင္းမာခက္ထန္ လာသည္ ။
သူက ရိုးရွင္းစြာပဲ အဲ့ဒါကို ဖုံးကြယ္ မေနေတာ့ေပ။
"မင္း ရွာေတြ႕သြားကတည္းက ရိုင္းစိုင္းတာ အတြက္ ငါ့ကို အျပစ္မတင္နဲ႕ေပါ့ " သလင္းေက်ာက္အျမဳေတကို ျပန္ရမွ ျဖစ္မည္။
ဟိုပီရဲ႕ စြမ္းရည္က သန္မာသထက္သန္မာလာၿပီး ေလမ်ား၊ ႏွင္းမ်ားက ဟိုပီ၏ ပတ္ပတ္လည္တြင္ တေဝါေဝါ ျမည္းဟည္းေနၿပီး ေရခဲဘုရင္တစ္ပါးႏွင့္ပင္ တူလာေလသည္။
ပတ္ဝန္းက်င္မွ လက္နက္ကိုင္ စစ္သားမ်ားမွာ အံ့ဩ ထိတ္လန႔္ေနၾကၿပီး ေသနတ္မ်ားကို သယ္ေဆာင္ကာ ေျပးထြက္ၾကေတာ့သည္။
အနည္းငယ္ေသာသူမ်ားမွာ ေျပးဖို႔ပင္ အခ်ိန္မရွိလိုက္ပဲ ခ်က္ခ်င္းကို ႏွင္းလူသားမ်ား ျဖစ္လာၾကသည္။
ထိုကဲ့သို႔ စြမ္းရည္မ်ိဳးႏွင့္ေတာ့ နီးယန္ေတာင္မွပဲ အသက္ရႉမဝျဖစ္မိသည္။
တကယ္ေတာ့ ဟိုပီ၏ စြမ္းရည္မွာ အရင္က မသန္မာခဲ့ေပ။တစ္ႀကိမ္ေတာ့၊ သူက ေက်ာက္မီးေသြး နယ္ေျမက စြမ္းအားရွင္ႏွင့္အတူ မစ္ရွင္လုပ္ဖို႔ သြားခဲ့သည္။
အဲ့ဒီစြမ္းအားရွင္က ေသသြားခဲ့၏။ဟိုပီက ဇြန္ဘီ ၏ ဖ်က္ဆီးျခင္းခံထားရတဲ့ ထိုသူ႕ေခါင္းထဲက သလင္းေက်ာက္အျမဳေတကို ျမင္လိုက္ေတာ့ သူက သရဲတစ္ေကာင္ ဝင္စီးခံထားရသလိုမ်ိဳး သူ႕လက္ကို ထုတ္ကာ အဲ့ဒါကို ထူးထုတ္ၿပီး သူ႕ပါးစပ္ထဲ ထည့္လိုက္သည္။
ထိုေနာက္ေတာ့ သူ႕စြမ္းရည္က ျမင့္တက္လာေတာ့သည္။
ဟိုပီက ခ်ိဳၿမိန္မႈအရသာကို ခံစားေနခဲ့၏။
သူက စြမ္းရည္ရွိတဲ့လူေတြကို စတင္ရွာေဖြခဲ့ၿပီး သလင္းေက်ာက္အျမဳေတ ရယူနိုင္ဖို႔ ႀကိဳးစားေတာ့သည္။
ဒါေပမယ့္ ယခုတြင္ စြမ္းရည္ရွိေသာသူမွာ နည္းပါးေနသည္။ရွိရင္ေတာင္မွ ဟိုပီက အနိုင္ရေအာင္ မတိုက္ခိုက္နိုင္ေပ။
အဲ့ဒီေတာ့ သူက လွ်ို႔ဝွက္စြာျဖင့္ စိတ္ရွည္သည္းခံၿပီးေတာ့ သာ ေစာင့္ေနနိုင္ေလသည္။
ေနာက္ဆုံးမွာေတာ့ သူ နည္းလမ္းတစ္ခု ရွာေတြ႕သြားသည္။
လူေတြက ျပင္းထန္တဲ့ အစြန္းေရာက္ ပတ္ဝန္းက်င္အေျခအေနထဲမွာရွိရင္ သူတို႔က စြမ္းရည္ထြက္ေပၚလာလိမ့္မလား။
ဟိုပီက မၾကာခဏပဲ ငယ္႐ြယ္ၿပီး ႀကံ့ခိုင္သန္မာတဲ့ လက္နက္ကိုင္ စစ္သားမ်ားကို အျပင္ ေခၚသြားခဲ့ၿပီး သူတို႔ကို ဇြန္ဘီ အုပ္ထဲသို႔ ပစ္ခ်ေလသည္။
လူရာေက်ာ္ကို ပစ္ထုတ္လိုက္ၿပီးေတာ့၊ တစ္ေယာက္ သို႔မဟုတ္ ႏွစ္ေယာက္ဟာ ေတာ့ စြမ္းရည္ အစပ်ိဳးလာခဲ့ေလသည္။
စြမ္းအားရွင္လူေတြက စြမ္းရည္ အစပ်ိဳး ႐ုံသာ ျဖစ္ၿပီး ေယဘုယ်အားျဖင့္ စြမ္းရည္က ႏွိမ့္ပါးကာ ထိန္းခ်ဳပ္ဖို႔ အလြန္လြယ္ကူေခ်ာေမြ႕ သည္။
ဒီလိုဆိုေတာ့ ဟိုပီက သူတို႔၏ သလင္းေက်ာက္အျမဳေတကို တိုက္ရိုက္ တူးထုတ္ယူနိုင္ၿပီး သူ႕စြမ္းအားကို တိုးျမႇင့္နိုင္ေလသည္။
ဟိုပီရဲ႕ စြမ္းရည္က တကယ့္ကို လူ႕ေသြးေတြနဲ႕ သလင္းေက်ာက္အျမဳေတကို စားကာ သန္မာလာခဲ့ျခင္းျဖစ္ၿပီး သူက သန္မာသထက္ သန္မာလာခဲ့ကာ စြမ္းရည္ရွိသူအားလုံးကို ဖိႏွိပ္အနိုင္ယူၿပီး ေက်ာက္မီးေသြးနယ္ေျမ၏ ဘုရင္အျဖစ္ ထိုင္နိုင္ခဲ့သည္။
တစ္ေန႕မွာ ဒီကိစၥက ထုတ္ေဖာ္ ခံရလိမ့္မယ္လို႔ ဟိုပီ မေမွ်ာ္လင့္ထားခဲ့ေပ။
ဒါေပမယ့္လည္း အဆင္ေျပပါတယ္၊ သူတို႔အားလုံးကို သတ္လိုက္႐ုံေပါ့၊ သူတို႔အားလုံးကို သတ္ပစ္မယ္!