ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

327K 45.6K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/15/အဆက်၂

3.5K 573 8
By LEAF277

🍁 Unicode 🍁

ဝမ်ရွှီရွှီ ဝင်လာတော့ ကြမ်းပြင်ပေါ်က သွေးများကို မြင်လိုက်၏။ထို့နောက် အကောင်းပကတိရှိနေသော လုရှီမင်နှင့် စုရွမ်ရွမ် ဖျော့တော့သော အပြုံးမျက်နှာနှင့်အတူ ကြည့်လိုက်သည်။

"အောင်မြင်တယ် မဟုတ်လား?"

လုရှီမင်က စကားမပြောခဲ့ပေ။

ဝမ်ရွှီရွှီက စွန့်လွှတ်ဖို့ ငြင်းဆန်လိုက်ပြီး သူမက ရှေ့ကို ရောက်လာသည်။သူမ ခြေထောက်တွင်မူ သွေးများတတောက်တောက်ကျနေ၏။

သူမက ကြမ်းပြင်ပေါ် ဒူးထောက် ကျသွားသည်။ သူမ လာနေတော့ ချည့်နဲ့နေသော ခြေထောက်ကို ဆုပ်ကိုင်ထားပြီး၊သူမ အသံကမွန်းကျပ်နေကာ မရမက ဇွဲကောင်းနေ၏။

"အောင်မြင်တယ် မဟုတ်လား?"

လုရှီမင်က သူ့မျက်လုံးကို နှိမ့်လိုက်၏။ သူ့မျက်နှာအမူအရာက စိတ်၀င်တစားမရှိဖြစ်နေကာ တိတ်ဆိတ်မှုသာလျှင် ကျန်ရှိနေ၏။

"ဝမ်ရွှီရွှီ၊ကုသန်းထွက်သွားပြီ၊ သူ..."

ရှန်းဝိန်က လုရှီမင် ၊စုရွမ်ရွမ် နှင့် သွေးတွေ ဖုံးလွှမ်းနေသော ဝမ်ရွှီရွှီကို မြင်လိုက်သည်။

သူက ချက်ချင်းပဲ ရှေ့ကို လှမ်းလာပြီး ဝမ်ရွှီရွှီကို သူ့လက်မောင်းတဲ ထွေးပိုက်လိုက်တာ လုရှီမင် အား ခပ်စူးစူးအကြည့်ဖြင့် ကြည့်လိုက်သည်။

ဝမ်ရွှီရွှီက ရှန်းဝိန်ကို လက်တစ်ဖက်နှင့် ဆွဲလိုက်ပြီး မျက်နှာသေ အမူအရာနှင့် လုရှီမင်ကိုကြည့်လိုက်ကာ ရုတ်တရက် ပြုံးလိုက်၏။

"မင်း အောင်မြင်မယ်ဆိုတာ ငါသိတယ်"

" မျှော်လင့်ထားသလိုပဲ...ငါအဖတ်မမှားခဲ့ဘူး"

ဝမ်ရွှီရွှီမှာလည်း စွမ်းရည်ရှိသည်။

ဒါပေမယ့် သူမ စွမ်းရည်က ခွန်အား မဟုတ်ပေ။

ထိုသည်က စူးစမ်းရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။

သူမက တခြားသူများ၏ စွမ်းရည်များကို စူးစမ်းရှာဖွေဖော်ထုတ်နိုင်သည်။သန်မာသော စွမ်းအားများ ၊ သန်မာသောလူများကို သူမခံစားမိနိုင်သည်။

ပထမတော့ သူမ နီးယန်ကို သဘောကျသည်။

နောက်တော့ သူမ လုရှီမင်ကိုမြင်ခဲ့တော့ ဒီလူကသာလျှင် ကုသန်းကို လုံးဝဖျက်ဆီးနိုင်မည်ကို သူမသိလိုက်သည်။

ဒါပေမယ့် သူမက သူ့ကို ဘယ်လို ပြုလုပ်စေရမှာလဲ?

၀မ်ရွှီရွှီက စုရွမ်ရွမ် ကို မြင်တော့ တုံ့ဆိုင်းနေခဲ့သည်။

ထိုကဲ့သို့ လှပသော မိန်းကလေးက သူ့ရဲ့ချစ်သူဖြစ်သည်။

ဝမ်ရွှီရွှီလည်း မသေချာပေ။ဒီချစ်သူဆိုသော စကားလုံးက ကမ္ဘာပျက်ကပ် နေ့များတွင် အလွယ်တကူဘဲ လျှစ်လျှူရှုထားကြသည်။

ကုသန်းလိုမျိုးပေါ့၊ သူ့ဇနီးကိုတောင်မှ ရောင်းထုတ်နိုင်သည်လေ။

ဒါပေမယ့် နည်းလမ်းမရှိပေ။ရှန်းဝိန်က မစောင့်နိုင်တော့ ၊ သူမကပဲ ထင်ရာစိုင်းသော လှုပ်ရှားမှု ပြုလုပ်ရတော့သည်။

ကံအားလျှော်စွာပင် ၊ သူမအနိုင်ရခဲ့၏။

ကြည့် ၊ရှန်းဝိန် ၊ သူမနိုင်ခဲ့တယ်၊ ရှင်ပျော်ရဲ့လား?

ဝမ်ရွှီရွှီ သူမလက်ကို မြှောက်လိုက်ပြီး ချစ်ခြင်း မေတ္တာနှင့်အတူ ရှန်းဝိန်၏မျက်နှာကို တို့ထိလိုက်၏"ရှင် ကျွန်မကို ပေးတဲ့ ဒေါက်မြှင့် ဖိနပ်ကို ကျွန်မသဘောကျတယ်"

ဒါပေမယ့် သူမက ညစ်ထေးနေတာကတော့ နှမြောစရာပဲ။ မထိုက်တန်ဘူးလေ။

စုရွမ်ရွမ် မျက်လုံးများက ဝမ်ရွှီရွှီ၏ အနီရောင် ဒေါက်မြှင့် ဖိနပ်ပေါ်သို့ကျသွား၏။

အပြုံးသေးသေးလေးတစ်ခုက ဝမ်ရွှီရွှီ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။သူမက ခေါင်းလှည့်လိုက်ကာ ဖြူဖျော့သောမျက်နှာနှင့်အတူ စုရွမ်ရွမ်ကိုကြည့်လိုက်ပြီး "နီးယန်ကို ပြောလိုက်ပါ၊မိန်းမငယ်လေးကို ကျောက်မီးသွေးနယ်မြေကို ပို့ခဲ့ပြီလို့..."

ဝမ်ရွှီရွှီ၏ အသက်ရှူသံများ တစ်စတစ်စ အားနည်းလာ၏။သွေးတွေက ပို၍ပို၍ စီးဆင်းလာကာ ရှန်းဝိန်၏ ခန္ဓာကိုယ်တစ်ဝက်ကို လုံးဝ စိုရွှဲလုနီးပါးပင် ဖြစ်နေသည်။

ရှန်းဝိန်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး သူ့လက်ကို ထုတ်ကာ ဝမ်ရွှီရွှီ၏ ပါးစပ်ကို ကာလိုက်သည်။သူ့မျက်လုံးများက နီရဲနေပြီး "စကားပြောတာ ရပ်လိုက်တော့၊ ငါမင်းကို ဆရာဝန်ဆီခေါ် သွားမယ်"

ဝမ်ရွှီရွှီပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ် ရှန်းဝိန်"

ရှန်းဝိန်ဆီမှ ဝမ်ရွှီရွှီ လက်က ပြုတ်ကျသွားပြီး ဖျော့တော့လာကာ သူမ၏ အသက်ရှူသံပျောက်ဆုံးသွားတော့သည်။

ရှန်းဝိန်ကို မြင်တော့ စုရွမ်ရွမ်ငိုနေခဲ့သည်။

သူမတွေးမိ၏။သူမသေသွားရင်၊ လုရှီမင်ကော ငိုလောက်မလား?

အမျိုးသားက ဗလာသက်သက် မျက်မှောင်ကြုတ်လိုက်၏။ သူက အနည်းငယ် စိတ်မရှည် ဖြစ်နေပုံပင် ။

စုရွမ်ရွမ်: QAQ ၊ သူမအများကြီး တွေးမိသွားတာပဲ၊ သူမက အပြစ်ရှိသူပင်။သူမကိုယ်သူမ တရားစီရင်ရမည်သာ။ သူက သူမ၏ ဝမ်းဗိုက်ကို ဖြတ် လိမ့်မည်။ သူမ ဘယ်လိုလုပ် အမျိုးသားဇာတ်လိုက်ကို တွေးနိုင်ရတာလဲ?

ရှန်းဝိန်က ဝမ်ရွှီရွှီကို ဖတ်ထားပြီး ရုတ်တရက် ထရပ်လိုက်သည်။

သူက လေသာဆောင်သို့ တစ်လှမ်းခြင်း လျှောက်လှမ်းသွား၏။

ရှန်းဝိန်က မဲမှောင်နေတဲ့ ကောင်းကင်ကိုကြည့်လိုက်ကာ ရုတ်တရက် ပြုံးလိုက်ပြီးနောက် ရှေ့သို့ မှီချလိုက်သည်။

စုရွမ်ရွမ်၏မျက်လုံးများကို လက်တစ်ဖက်က ကာလိုက်သည်။အမျိုးသား၏ နူးညံ့သောအသံက သူ့နားမှ ထွက်ပေါ်လာ၏။

"မကြည့်နဲ့ "

လေးလံသောအရာဝတ္ထုများ မြေပြင်သို့ကျသွားသောအသံက ထွက်ပေါ်လာသည်။

ရုတ်တရက် ဆက်ကနဲ သတိမထားမိစွာ စုရွမ်ရွမ် လုရှီမင်၏ လက်မောင်းထဲတွင် ပုန်းလိုက်၏။

~~~~~~

ကုသန်းက ပျောက်ဆုံးသွားပြီး ရှန်းဝိန်က သေသွားခဲ့သည်။ဝမ်ရွှီရွှီလည်းပဲ သေသွားခဲ့သည်။

သူမကြားတာတော့ လွန်ခဲ့တဲ့ ညက ဝမ်ရွှီရွှီက အသက် တစ်ရှိုက်စာအတွင်းမှဘဲ သဘာဝလွန် စွမ်းအားရှင်နှစ်ဦးနဲ့ လိုက်ပါသွားသည် တဲ့လေ။

သူမမှာ ကိုယ်ဝန်ရှိနေတာတောင် သူမ မသိခဲ့ဘူးတဲ့။

"သူမပြောတာတော့ ဒါက နှစ်ဆ အာမခံကြေးတဲ့၊ ငါက ကုသန်းကို မသတ်နိုင်ခဲ့ရင် တခြားစွမ်းရည်နှစ်ခုရှိတဲ့သူက သူမကို ကူညီဖို့ လာပူးပေါင်းလိမ့်မယ်တဲ့" နီးယန်က ပြောသည်။

စုရွမ်ရွမ် နူးညံ့စွာ ခေါင်းညိတ်လိုက်၏။သူမ မသေခင် လုရှီမင်ကို ဝမ်ရွှီရွှီ ဘာပြောခဲ့တယ်ဆိုတာ သတိရသွားပြီး ဝမ်ရွှီရွှီ ပြောတဲ့ နှစ်ဆ အာမခံကြေးဆိုတာက စွမ်းရည်နှစ်ခုရှိတဲ့ လုရှီမင် ဖြစ်လိမ့်မည်ဟု ခံစားမိလိုက်သည်။

နီးယန် မဟုတ်လောက်ပေ။

သူမက ချုံခိုတိုက်ခိုက်တဲ့နေရာလို့ ခေါ်လို့ရတဲ့နေရာ၌ တစ်ညလုံး ခြင်စာကျွေးခံခဲ့ရသောကြောင့် ယခုထိ သူမက ကုသန်း၏ အရိပ်ကို မမြင်ခဲ့ပေ။

စုရွမ်ရွမ် တွေးမိလိုက်၏။ဝမ်ရွှီရွှီ ဖြစ်ချင်တာက နီးယန်ကို အဝေးသို့ပထုတ်ဖို့ဖြစ်လောက်မည်ဟု ။

ဒီလိုတွေးပြီးတော့၊ မတိုင်ခင်က ဝမ်ရွှီရွှီ ဘာပြောခဲ့တယ်ဆိုတာ စုရွမ်ရွမ် သတိရသွားသည်။

" သူမကပြောတယ်၊ ရှင့်် ညီမဖြစ်နိုင်တဲ့သူကို ကျောက်မီးသွေးနယ်မြေကို ပို့ခဲ့ပြီတဲ့ "

ကျောက်မီးသွေးနယ်မြေ ?အချိန်အကြာကြီး ရှာနေပြီးတော့၊ တကယ့်လူက ကျောက်မီးသွေးနယ်မြေ မှာရှိနေတာပဲ!

နီးယန်က နီရဲနေတဲ့ မျက်လုံးများကို မှိတ်လိုက်ပြီး "ကျောက်မီးသွေး နယ်မြေကို ပြန်မယ်!"

~~~~~~

စုရွမ်ရွမ် သူမဘေးက လုရှီမင်ကို ဆွဲထားပြီး သူမ၏အစာအိမ် ဝရုန်းသုန်းကား ဖြစ်နေတာကိုတောင့်ခံဖို့ ကြိုးစားနေသည်။

ကြီးမားတဲ့ လက်နက်ကိုင်ကားကြီးမှာ လမ်းကြမ်းသုံး ပြိုင်ကားတစ်စီးလို နီးယန်း၏ မောင်းနှင်ခြင်းခံနေရသည်။

တစ်နေ့နဲ့ တစ်ည ကြာ လမ်းပေါ်မှာ မောင်းနှင်ခဲ့ပြီး မရေမတွက်နိုင်သော ကလေးလေး(ဇွန်ဘီ) တွေကို တိုက်မိခြင်းက စုရွမ်ရွမ်ကို စိတ်ဓာတ်ကျအောင် ပြုလုပ်နေသည်။မရပ်မနားဘဲ ဂတ်စ်ခမ်းသည်အထိ ကီလိုမီတာ ရာကျော်လောက်တောက်လျှောက် မောင်းနှင်ပြီးနောက်တွင်တော့၊ ရပ်တန့်ဖို့ ဖိအားပေးခံလိုက်ရသည်။

"Oh..."

တစ်နေ့နှင့်တစ်ည ခရီးရှည်ကြီးကိုရွေ့လျားပြီးနောက် စုရွမ်ရွမ် မတက်နိုင်တော့ပဲ အော့အန်တော့၏။

သတိမလစ်ခင်လေးတွင် သူမကိုယ် သူမတွေးမိလိုက်သည်။သူမတော့ ယခုချက်ချင်းပင် အနိစ္စရောက်ဖို့ အရမ်းနီးကပ်လာပြီဟု၊ နှမြောစရာပဲ!

ညနေခင်းတွင် လူတိုင်း အနားယူဖို့ နေရာရှာတွေ့ခဲ့သည်။

ထိုသည်က စွန့်ပစ်ထားသော အဆောက်အဦးတစ်ခုဖြစ်၏။

ဇွန်ဘီများကို တားဆီးရန်အလို့ငှာ၊ လူတိုင်းက လှေကား ဝင်ပေါက်တွင် လေးလံသော ပရိဘောဂများဖြင့်ကာခဲ့ကြသည်။ လူများအတွက်လည်း ညဆိုင်းလှည့်လည်ဖို့ စီစဉ်ခဲ့ကြသည်။

စုရွမ်ရွမ်က အော့အန်ကာ၊ သတိလစ်မေ့မျှောသွားပြီး သူမမျက်လုံးများ မှောင်မဲကျသွားသည်။

အမျိုးသားက သူ့ကျောပေါ်က ဆုတ်ပြဲနေသော ကျောပိုးအိတ်နဲ့အတူ အမှောင်ထဲတွင် ရပ်နေ၏။သူ့မျက်နှာအမူအရာကိုကား မြင်ဖို့ရန် မဖြစ်နိုင်ပေ။

သူက ဖြူဖျော့ကာ ပိန်သွယ်တဲ့လက်ကို ထုတ်လိုက်ပြီး စုရွမ်ရွမ်ကို ဝှေ့ယမ်းလိုက်သည်။

စုရွမ်ရွမ်က ချက်ချင်းဘဲ ပြေးသွားလေ၏။

ကျွန်မတို့ ညစာစားရတော့မှာလား?


🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🍁 Zawgyi 🍁

ဝမ္႐ႊီ႐ႊီ ဝင္လာေတာ့ ၾကမ္းျပင္ေပၚက ေသြးမ်ားကို ျမင္လိုက္၏။ထို႔ေနာက္ အေကာင္းပကတိရွိေနေသာ လုရွီမင္ႏွင့္ စု႐ြမ္႐ြမ္ ေဖ်ာ့ေတာ့ေသာ အၿပဳံးမ်က္ႏွာႏွင့္အတူ ၾကည့္လိုက္သည္။

"ေအာင္ျမင္တယ္ မဟုတ္လား?"

လုရွီမင္က စကားမေျပာခဲ့ေပ။

ဝမ္႐ႊီ႐ႊီက စြန႔္လႊတ္ဖို႔ ျငင္းဆန္လိုက္ၿပီး သူမက ေရွ႕ကို ေရာက္လာသည္။သူမ ေျခေထာက္တြင္မူ ေသြးမ်ားတေတာက္ေတာက္က်ေန၏။

သူမက ၾကမ္းျပင္ေပၚ ဒူးေထာက္ က်သြားသည္။ သူမ လာေနေတာ့ ခ်ည့္နဲ႕ေနေသာ ေျခေထာက္ကို ဆုပ္ကိုင္ထားၿပီး၊သူမ အသံကမြန္းက်ပ္ေနကာ မရမက ဇြဲေကာင္းေန၏။

"ေအာင္ျမင္တယ္ မဟုတ္လား?"

လုရွီမင္က သူ႕မ်က္လုံးကို ႏွိမ့္လိုက္၏။ သူ႕မ်က္ႏွာအမူအရာက စိတ္၀င္တစားမရွိျဖစ္ေနကာ တိတ္ဆိတ္မႈသာလွ်င္ က်န္ရွိေန၏။

"ဝမ္႐ႊီ႐ႊီ၊ကုသန္းထြက္သြားၿပီ၊ သူ..."

ရွန္းဝိန္က လုရွီမင္ ၊စု႐ြမ္႐ြမ္ ႏွင့္ ေသြးေတြ ဖုံးလႊမ္းေနေသာ ဝမ္႐ႊီ႐ႊီကို ျမင္လိုက္သည္။

သူက ခ်က္ခ်င္းပဲ ေရွ႕ကို လွမ္းလာၿပီး ဝမ္႐ႊီ႐ႊီကို သူ႕လက္ေမာင္းတဲ ေထြးပိုက္လိုက္တာ လုရွီမင္ အား ခပ္စူးစူးအၾကည့္ျဖင့္ ၾကည့္လိုက္သည္။

ဝမ္႐ႊီ႐ႊီက ရွန္းဝိန္ကို လက္တစ္ဖက္ႏွင့္ ဆြဲလိုက္ၿပီး မ်က္ႏွာေသ အမူအရာႏွင့္ လုရွီမင္ကိုၾကည့္လိုက္ကာ ႐ုတ္တရက္ ၿပဳံးလိုက္၏။

"မင္း ေအာင္ျမင္မယ္ဆိုတာ ငါသိတယ္"

" ေမွ်ာ္လင့္ထားသလိုပဲ...ငါအဖတ္မမွားခဲ့ဘူး"

ဝမ္႐ႊီ႐ႊီမွာလည္း စြမ္းရည္ရွိသည္။

ဒါေပမယ့္ သူမ စြမ္းရည္က ခြန္အား မဟုတ္ေပ။

ထိုသည္က စူးစမ္းရွာေဖြေဖာ္ထုတ္ျခင္းျဖစ္သည္။

သူမက တျခားသူမ်ား၏ စြမ္းရည္မ်ားကို စူးစမ္းရွာေဖြေဖာ္ထုတ္နိုင္သည္။သန္မာေသာ စြမ္းအားမ်ား ၊ သန္မာေသာလူမ်ားကို သူမခံစားမိနိုင္သည္။

ပထမေတာ့ သူမ နီးယန္ကို သေဘာက်သည္။

ေနာက္ေတာ့ သူမ လုရွီမင္ကိုျမင္ခဲ့ေတာ့ ဒီလူကသာလွ်င္ ကုသန္းကို လုံးဝဖ်က္ဆီးနိုင္မည္ကို သူမသိလိုက္သည္။

ဒါေပမယ့္ သူမက သူ႕ကို ဘယ္လို ျပဳလုပ္ေစရမွာလဲ?

၀မ္႐ႊီ႐ႊီက စု႐ြမ္႐ြမ္ ကို ျမင္ေတာ့ တုံ႕ဆိုင္းေနခဲ့သည္။

ထိုကဲ့သို႔ လွပေသာ မိန္းကေလးက သူ႕ရဲ႕ခ်စ္သူျဖစ္သည္။

ဝမ္႐ႊီ႐ႊီလည္း မေသခ်ာေပ။ဒီခ်စ္သူဆိုေသာ စကားလုံးက ကမာၻပ်က္ကပ္ ေန႕မ်ားတြင္ အလြယ္တကူဘဲ လွ်စ္လ်ႉရႈထားၾကသည္။

ကုသန္းလိုမ်ိဳးေပါ့၊ သူ႕ဇနီးကိုေတာင္မွ ေရာင္းထုတ္နိုင္သည္ေလ။

ဒါေပမယ့္ နည္းလမ္းမရွိေပ။ရွန္းဝိန္က မေစာင့္နိုင္ေတာ့ ၊ သူမကပဲ ထင္ရာစိုင္းေသာ လႈပ္ရွားမႈ ျပဳလုပ္ရေတာ့သည္။

ကံအားေလွ်ာ္စြာပင္ ၊ သူမအနိုင္ရခဲ့၏။

ၾကည့္ ၊ရွန္းဝိန္ ၊ သူမနိုင္ခဲ့တယ္၊ ရွင္ေပ်ာ္ရဲ႕လား?

ဝမ္႐ႊီ႐ႊီ သူမလက္ကို ျမႇောက္လိုက္ၿပီး ခ်စ္ျခင္း ေမတၱာႏွင့္အတူ ရွန္းဝိန္၏မ်က္ႏွာကို တို႔ထိလိုက္၏"ရွင္ ကြၽန္မကို ေပးတဲ့ ေဒါက္ျမႇင့္ ဖိနပ္ကို ကြၽန္မသေဘာက်တယ္"

ဒါေပမယ့္ သူမက ညစ္ေထးေနတာကေတာ့ ႏွေျမာစရာပဲ။ မထိုက္တန္ဘူးေလ။

စု႐ြမ္႐ြမ္ မ်က္လုံးမ်ားက ဝမ္႐ႊီ႐ႊီ၏ အနီေရာင္ ေဒါက္ျမႇင့္ ဖိနပ္ေပၚသို႔က်သြား၏။

အၿပဳံးေသးေသးေလးတစ္ခုက ဝမ္႐ႊီ႐ႊီ၏မ်က္ႏွာေပၚတြင္ ထြက္ေပၚလာသည္။သူမက ေခါင္းလွည့္လိုက္ကာ ျဖဴေဖ်ာ့ေသာမ်က္ႏွာႏွင့္အတူ စု႐ြမ္႐ြမ္ကိုၾကည့္လိုက္ၿပီး "နီးယန္ကို ေျပာလိုက္ပါ၊မိန္းမငယ္ေလးကို ေက်ာက္မီးေသြးနယ္ေျမကို ပို႔ခဲ့ၿပီလို႔..."

ဝမ္႐ႊီ႐ႊီ၏ အသက္ရႉသံမ်ား တစ္စတစ္စ အားနည္းလာ၏။ေသြးေတြက ပို၍ပို၍ စီးဆင္းလာကာ ရွန္းဝိန္၏ ခႏၶာကိုယ္တစ္ဝက္ကို လုံးဝ စို႐ႊဲလုနီးပါးပင္ ျဖစ္ေနသည္။

ရွန္းဝိန္က ၾကမ္းျပင္ေပၚတြင္ ဒူးေထာက္ေနၿပီး သူ႕လက္ကို ထုတ္ကာ ဝမ္႐ႊီ႐ႊီ၏ ပါးစပ္ကို ကာလိုက္သည္။သူ႕မ်က္လုံးမ်ားက နီရဲေနၿပီး "စကားေျပာတာ ရပ္လိုက္ေတာ့၊ ငါမင္းကို ဆရာဝန္ဆီေခၚ သြားမယ္"

ဝမ္႐ႊီ႐ႊီၿပဳံးလိုက္ၿပီး "ေက်းဇူးတင္ပါတယ္ ရွန္းဝိန္"

ရွန္းဝိန္ဆီမွ ဝမ္႐ႊီ႐ႊီ လက္က ျပဳတ္က်သြားၿပီး ေဖ်ာ့ေတာ့လာကာ သူမ၏ အသက္ရႉသံေပ်ာက္ဆုံးသြားေတာ့သည္။

ရွန္းဝိန္ကို ျမင္ေတာ့ စု႐ြမ္႐ြမ္ငိုေနခဲ့သည္။

သူမေတြးမိ၏။သူမေသသြားရင္၊ လုရွီမင္ေကာ ငိုေလာက္မလား?

အမ်ိဳးသားက ဗလာသက္သက္ မ်က္ေမွာင္ၾကဳတ္လိုက္၏။ သူက အနည္းငယ္ စိတ္မရွည္ ျဖစ္ေနပုံပင္ ။

စု႐ြမ္႐ြမ္: QAQ ၊ သူမအမ်ားႀကီး ေတြးမိသြားတာပဲ၊ သူမက အျပစ္ရွိသူပင္။သူမကိုယ္သူမ တရားစီရင္ရမည္သာ။ သူက သူမ၏ ဝမ္းဗိုက္ကို ျဖတ္ လိမ့္မည္။ သူမ ဘယ္လိုလုပ္ အမ်ိဳးသားဇာတ္လိုက္ကို ေတြးနိုင္ရတာလဲ?

ရွန္းဝိန္က ဝမ္႐ႊီ႐ႊီကို ဖတ္ထားၿပီး ႐ုတ္တရက္ ထရပ္လိုက္သည္။

သူက ေလသာေဆာင္သို႔ တစ္လွမ္းျခင္း ေလွ်ာက္လွမ္းသြား၏။

ရွန္းဝိန္က မဲေမွာင္ေနတဲ့ ေကာင္းကင္ကိုၾကည့္လိုက္ကာ ႐ုတ္တရက္ ၿပဳံးလိုက္ၿပီးေနာက္ ေရွ႕သို႔ မွီခ်လိဳက္သည္။

စု႐ြမ္႐ြမ္၏မ်က္လုံးမ်ားကို လက္တစ္ဖက္က ကာလိုက္သည္။အမ်ိဳးသား၏ ႏူးညံ့ေသာအသံက သူ႕နားမွ ထြက္ေပၚလာ၏။

"မၾကည့္နဲ႕ "

ေလးလံေသာအရာဝတၳဳမ်ား ေျမျပင္သို႔က်သြားေသာအသံက ထြက္ေပၚလာသည္။

႐ုတ္တရက္ ဆက္ကနဲ သတိမထားမိစြာ စု႐ြမ္႐ြမ္ လုရွီမင္၏ လက္ေမာင္းထဲတြင္ ပုန္းလိုက္၏။

~~~~~~

ကုသန္းက ေပ်ာက္ဆုံးသြားၿပီး ရွန္းဝိန္က ေသသြားခဲ့သည္။ဝမ္႐ႊီ႐ႊီလည္းပဲ ေသသြားခဲ့သည္။

သူမၾကားတာေတာ့ လြန္ခဲ့တဲ့ ညက ဝမ္႐ႊီ႐ႊီက အသက္ တစ္ရွိုက္စာအတြင္းမွဘဲ သဘာဝလြန္ စြမ္းအားရွင္ႏွစ္ဦးနဲ႕ လိုက္ပါသြားသည္ တဲ့ေလ။

သူမမွာ ကိုယ္ဝန္ရွိေနတာေတာင္ သူမ မသိခဲ့ဘူးတဲ့။

"သူမေျပာတာေတာ့ ဒါက ႏွစ္ဆ အာမခံေၾကးတဲ့၊ ငါက ကုသန္းကို မသတ္နိုင္ခဲ့ရင္ တျခားစြမ္းရည္ႏွစ္ခုရွိတဲ့သူက သူမကို ကူညီဖို႔ လာပူးေပါင္းလိမ့္မယ္တဲ့" နီးယန္က ေျပာသည္။

စု႐ြမ္႐ြမ္ ႏူးညံ့စြာ ေခါင္းညိတ္လိုက္၏။သူမ မေသခင္ လုရွီမင္ကို ဝမ္႐ႊီ႐ႊီ ဘာေျပာခဲ့တယ္ဆိုတာ သတိရသြားၿပီး ဝမ္႐ႊီ႐ႊီ ေျပာတဲ့ ႏွစ္ဆ အာမခံေၾကးဆိုတာက စြမ္းရည္ႏွစ္ခုရွိတဲ့ လုရွီမင္ ျဖစ္လိမ့္မည္ဟု ခံစားမိလိုက္သည္။

နီးယန္ မဟုတ္ေလာက္ေပ။

သူမက ခ်ဳံခိုတိုက္ခိုက္တဲ့ေနရာလို႔ ေခၚလို႔ရတဲ့ေနရာ၌ တစ္ညလုံး ျခင္စာေကြၽးခံခဲ့ရေသာေၾကာင့္ ယခုထိ သူမက ကုသန္း၏ အရိပ္ကို မျမင္ခဲ့ေပ။

စု႐ြမ္႐ြမ္ ေတြးမိလိုက္၏။ဝမ္႐ႊီ႐ႊီ ျဖစ္ခ်င္တာက နီးယန္ကို အေဝးသို႔ပထုတ္ဖို႔ျဖစ္ေလာက္မည္ဟု ။

ဒီလိုေတြးၿပီးေတာ့၊ မတိုင္ခင္က ဝမ္႐ႊီ႐ႊီ ဘာေျပာခဲ့တယ္ဆိုတာ စု႐ြမ္႐ြမ္ သတိရသြားသည္။

" သူမကေျပာတယ္၊ ရွင့္္ ညီမျဖစ္နိုင္တဲ့သူကို ေက်ာက္မီးေသြးနယ္ေျမကို ပို႔ခဲ့ၿပီတဲ့ "

ေက်ာက္မီးေသြးနယ္ေျမ ?အခ်ိန္အၾကာႀကီး ရွာေနၿပီးေတာ့၊ တကယ့္လူက ေက်ာက္မီးေသြးနယ္ေျမ မွာရွိေနတာပဲ!

နီးယန္က နီရဲေနတဲ့ မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး "ေက်ာက္မီးေသြး နယ္ေျမကို ျပန္မယ္!"

~~~~~~

စု႐ြမ္႐ြမ္ သူမေဘးက လုရွီမင္ကို ဆြဲထားၿပီး သူမ၏အစာအိမ္ ဝ႐ုန္းသုန္းကား ျဖစ္ေနတာကိုေတာင့္ခံဖို႔ ႀကိဳးစားေနသည္။

ႀကီးမားတဲ့ လက္နက္ကိုင္ကားႀကီးမွာ လမ္းၾကမ္းသုံး ၿပိဳင္ကားတစ္စီးလို နီးယန္း၏ ေမာင္းႏွင္ျခင္းခံေနရသည္။

တစ္ေန႕နဲ႕ တစ္ည ၾကာ လမ္းေပၚမွာ ေမာင္းႏွင္ခဲ့ၿပီး မေရမတြက္နိုင္ေသာ ကေလးေလး(ဇြန္ဘီ) ေတြကို တိုက္မိျခင္းက စု႐ြမ္႐ြမ္ကို စိတ္ဓာတ္က်ေအာင္ ျပဳလုပ္ေနသည္။မရပ္မနားဘဲ ဂတ္စ္ခမ္းသည္အထိ ကီလိုမီတာ ရာေက်ာ္ေလာက္ေတာက္ေလွ်ာက္ ေမာင္းႏွင္ၿပီးေနာက္တြင္ေတာ့၊ ရပ္တန႔္ဖို႔ ဖိအားေပးခံလိုက္ရသည္။

"Oh..."

တစ္ေန႕ႏွင့္တစ္ည ခရီးရွည္ႀကီးကိုေ႐ြ႕လ်ားၿပီးေနာက္ စု႐ြမ္႐ြမ္ မတက္နိုင္ေတာ့ပဲ ေအာ့အန္ေတာ့၏။

သတိမလစ္ခင္ေလးတြင္ သူမကိုယ္ သူမေတြးမိလိုက္သည္။သူမေတာ့ ယခုခ်က္ခ်င္းပင္ အနိစၥေရာက္ဖို႔ အရမ္းနီးကပ္လာၿပီဟု၊ ႏွေျမာစရာပဲ!

ညေနခင္းတြင္ လူတိုင္း အနားယူဖို႔ ေနရာရွာေတြ႕ခဲ့သည္။

ထိုသည္က စြန႔္ပစ္ထားေသာ အေဆာက္အဦးတစ္ခုျဖစ္၏။

ဇြန္ဘီမ်ားကို တားဆီးရန္အလို႔ငွာ၊ လူတိုင္းက ေလွကား ဝင္ေပါက္တြင္ ေလးလံေသာ ပရိေဘာဂမ်ားျဖင့္ကာခဲ့ၾကသည္။ လူမ်ားအတြက္လည္း ညဆိုင္းလွည့္လည္ဖို႔ စီစဥ္ခဲ့ၾကသည္။

စု႐ြမ္႐ြမ္က ေအာ့အန္ကာ၊ သတိလစ္ေမ့ေမွ်ာသြားၿပီး သူမမ်က္လုံးမ်ား ေမွာင္မဲက်သြားသည္။

အမ်ိဳးသားက သူ႕ေက်ာေပၚက ဆုတ္ၿပဲေနေသာ ေက်ာပိုးအိတ္နဲ႕အတူ အေမွာင္ထဲတြင္ ရပ္ေန၏။သူ႕မ်က္ႏွာအမူအရာကိုကား ျမင္ဖို႔ရန္ မျဖစ္နိုင္ေပ။

သူက ျဖဴေဖ်ာ့ကာ ပိန္သြယ္တဲ့လက္ကို ထုတ္လိုက္ၿပီး စု႐ြမ္႐ြမ္ကို ေဝွ႕ယမ္းလိုက္သည္။

စု႐ြမ္႐ြမ္က ခ်က္ခ်င္းဘဲ ေျပးသြားေလ၏။

ကြၽန္မတို႔ ညစာစားရေတာ့မွာလား?



Continue Reading

You'll Also Like

307K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
401K 26.1K 146
The Villainess Female Supporting Character raising her bun
438K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.2M 64.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...