ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

325K 45.4K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/14/အဆက်

3.5K 586 13
By LEAF277

🍁 Unicode 🍁

စုရွမ်ရွမ်ထက် နီးယန်က ပိုပြီးတော့ စိုးရိမ်နေသည်။

သူမတွေးတောနေ၏။ကုသန်းသာ သူတို့က ကုန်ကြမ်းဆီခိုးနေတာကို ရှာတွေ့ခဲ့ရင် သူတို့ကို သတ်ဖို့ ဘဲငန်းခိုးတယ်ဆိုတဲ့ ဆင်ခြေကိုသုံးလောက်မလား?

ခဏလောက်တော့၊ လူတိုင်းမှာ ကြောက်လန့်နေကြ၏။

နီးယန် ပြောလိုက်သည် "လုရှီမင်၊ နင် ငါနဲ့ အပြင်ထွက်ရမယ်"

ချက်ချင်းဘဲ တစ်စုံတစ်ယောက်က နီးယန်ကို ရပ်တန့်ဖို့ ရှေ့ထွက်လာပြီး ထက်ရှသောအသံဖြင့် "မင်းက တစ်ယောက်ထဲ ထွက်ပြေးချင်လို့လား"

နီးယန်၏ မျက်နှာက အေးစက်နေပြီး "ငါက ကုန်ကြမ်းဆီ နေရာသွားရွှေ့မလို့၊ဘာလို့လဲ၊ မင်းကငါနဲ့သွားချင်လို့လား?"

ထိုလူက တောင့််တင်းသွား၏။

အခု သူ နီးယန်နဲ့ အတူ ဆီနေရာရွှေ့ဖို့ အပြင်ထွက်သွားခဲ့ရင် တကယ့် သူခိုးဖြစ်လိမ့်မယ်။

ဒါပေမယ့် သူမကိုယ်တိုင်ကိုသာ နေရာသွား ရွှေ့ခွင့် ပြုလိုက်ရင် သူမကို ရှာတွေ့သွားခဲ့ရင်တောင် သူတို့က တာဝန်ခံတာကို လွှဲရှောင်နိုင်ပြီး သူတို့မသိပါဘူးလို့ ပြောလို့ရတယ်။

ဒီကိစ္စမှာ ကုန်ကြမ်းဆီနယ်မြေ ခေါင်းဆောင်က သူတို့ကို ခွင့်လွှတ်မလားဆိုတာတော့ ငါမသိဘူး။

ဒါမှမဟုတ် သူတို့က တိုက်ရိုက်သွားပြီး ဖော်ထုတ်နိုင်......

"မင်း ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူး ထင်နေလား"နီးယန် ရုတ်တရက် ထက်ရှပြတ်သားစွာ ပြောလာ၏ "မင်းပါးစပ်ကို ဂရုစိုက်နေပါ၊ ငါတို့က အခုတစ်လှေထဲ စီးတွေပဲ၊လှေမြုပ်သွားရင် မင်းတို့က လွတ်မြောက်လိမ့်မယ်၊ မပါဝင် လောက်ဘူးလို့ ထင်နေတာလား?"

လူတိုင်းက တောင့်တင်းသွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။သူတို့က ချက်ချင်းဘဲ လောင်းကြေးကိုနားလည်သွားခဲ့ပြီး စကားပြောဖို့ မရဲဝံ့ကြတော့ပေ။

နီးယန် သတိပေးပြီးနောက် လုရှီမင်ဘက်သို့လှည့်ကာ ပြောလိုက်သည် "လုရှီမင်၊ သွားမယ်"

စုရွမ်ရွမ်က ချက်ချင်းဘဲ နောက်မှလိုက်လာ၏။

"နင်က ဘာလုပ်တာလဲ?"နီးယန် မျက်မှောင်ကြုတ်လိုက်သည်။

စုရွမ်ရွမ်က အသံသေးသေးဖြင့် ပြောလာသည် "ကျွန်မလည်း ကူညီမလို့ပါ"

နီးယန် စုရွမ်ရွမ်၏ အရည်လဲ့နေသော မျက်ဝန်းကြီးများကို ကြည့်လိုက်ကာ နှစ်စက္ကန့်လောက် တန့်နေပြီးနောက် ပြောလိုက်၏"ကောင်းပြီလေ၊နင်တို့က အတူတူဘဲ "

------

ကုသန်း၏ ဘဲတစ်ကောင်ကြောင့် ကုန်ကြမ်း ဆီနယ်မြေမှာရှုပ်ထွေးနေသည်။

သူတို့သုံးယောက်မှာ လက်နက်ကိုင်ကားသို့ တိုက်ရိုက်သွားလိုက်၏။လမ်းတစ်ခုလုံးအတားအဆီးမရှိဟု ဆို၍ရသည်။

လုရှီမင်တွင် Spaceရှိပြီး ၊နီးယန်းက ကုန်ကြမ်း ဆီကို သူ့ Space ထဲတွင်ထည့်ခိုင်းလိုက်သည်။

"ဘာလို့ အစတည်းက Space ထဲမှာ မထားခဲ့တာလဲ?"စုရွမ်ရွမ်မေးလိုက်၏။

နီးယန် အရူးမလေးကို လှည့်ကြည့်လိုက်ပြီး "လုရှီမင် စွမ်းရည်ကို ဖော်ပြသလိုဖြစ်မယ် မဟုတ်ဘူးလား?"

"အိုး"
စုရွမ်ရွမ်ခေါင်းညိတ်လိုက်၏။

သူတို့သုံးယောက် ရှေ့ကို လျှောက်သွားပေမယ့် ကံမကောင်းစွာ လူတစ်စုက အထဲမှ ပြေးထွက်လာသည်။

သပ်ရပ်သော suit နှင့် ရွှေကိုင်း မျက်မှန်ဝတ်ဆင်ထားသော လူတစ်ယောက်က ရှေ့ဆုံးမှ လျှောက်လာ၏။

သူ့ရဲ့ အသွင်အပြင်က ကြည့်ကောင်းပေမယ့် သူက လူဖျင်း တစ်ယောက်နဲ့ တူလေသည်။

သူ့နောက်တွင် ရှန်းဝိန်နှင့် ဝမ်ရွှီရွှီ ဟုခေါ်သော အမျိုးသမီး ရှိ၏။

နီးယန်၏ မျက်နှာအမူအရာမှာ တင်းကျပ်သွားပြီး သတိမထားမိစွာ သူမလက်ထဲက သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

"ဒီလူက ကုသန်းဘဲ၊ သူ့မျက်လုံးကို စိုက်မကြည့်မိဖို့သတိထားပါ"နီးယန် သူမအသံကို နှိမ့်လျက် သတိပေးလိုက်သည်။

စုရွမ်ရွမ် ချက်ချင်းဘဲ သူမလည်တိုင်ကိုဆန့်ထုတ်လိုက်ပြီးသူမမျက်လုံးများကို ကျယ်ကာ ကုသန်း၏မျက်လုံးကိုရှာရန် ကြိုးစားလိုက်၏။

လာစမ်းပါ၊ ငါကိုကြည့်၊ငါကိုကြည့် ! ~

"သူက အရမ်းသန်မာတယ် "

နီးယန်က ဘာတွေးနေလည်း မသိ။ သူမမျက်နှာအမူအရာက နည်းနည်း ရုပ်ဆိုးနေသည်။

လုရှီမင်၏ စိတ်ဝင်တစားမရှိတဲ့မျက်နှာက နီးယန်၏စကားကို ကြားပြီးနောက် သူက သူ့မျက်ခုံးကို စိတ်ဝင်တစားမြှင့်လိုက်ပြီး "ဘယ်လောက် သန်မာလဲ?"

နီးယန် ပြောသည်" တော်တော်လေး သန်မာတယ်"

လုရှီမင်က သူ့မျက်နှာတွင် စိတ်ဝင်စားမှု ပြလာ၏။ပထမဆုံးအကြိမ် တိုက်ခိုက်မယ့် မုဆိုးတစ်ယောက်က သူ့သားကောင်ကို စိတ်ကျေနပ်မှုရှိသကဲ့သို့ပင်။

လုရှီမင်၏ မျက်နှာအမူအရာကိုမြင်ပြီး စုရွမ်ရွမ် ကုသန်းအတွက် လျှို့ဝှက်စွာ ဝမ်းနည်းပူဆွေးမိ၏။သူရဲကောင်းရဲ့ စိတ်မူမမှန် အလေ့အကျင့်ကို ဘယ်သူသိမှာလဲ။

သူဘယ်လောက် သန်မာသည်ဖြစ်စေ ကိစ္စမရှိပေ။လုရှီမင်ရှေ့တွင်တော့ သူက ရွှံ့စက်တစ်စက်မျှသာ ဖြစ်၏။

ကော်ရစ်တာတွင် လူမရှိပေ။ကုသန်းက တစ်စုံတစ်ယောက်ကိုရှာနေသောကြောင့် သူက သူမတို့ကို သဘာဝအလျောက် သတိထားမိခဲ့သည်။

ရှန်းဝိန်က စုရွမ်ရွမ်ကို တစ်ချက်ကြည့်လိုက်၏။သူ့မျက်နှာအမူအရာက ပဟေဠိဖြစ်နေပြီး သူက မှတ်မိသွားသလိုပင်။

ရှန်းဝိန်ကဘမမှတ်မိနိုင်တော့ဘဲ စဉ်းစားမရဖြစ်နေ၏။

စုရွမ်ရွမ်တောင် သူမကိုယ်သူမ မမှတ်မိနိုင်တော့ပေ။

သူမက ဝက်ခြံထဲတွင် လှည့်ပတ်နေခဲ့ပြီး သူမလက်ထဲက ဘဲငန်းနဲ့အတူ အပြင်ကို ပြေးထွက်သွားသည်။ သူမပြန်လာသောအခါ ရွှံ့တောထဲကျခဲ့ပြီး နောက်ထပ် အသီးအရွက်စိုက်ခင်းထဲသို့ကျခဲ့သည်။ယခုတွင်မှု ခန္ဓာကိုယ်တစ်ခုလုံးမှာ သဘာဝ ရွှံ့စေးရုပ်ထု ဖြစ်လာ၏။

ညစ်ပတ်ကာ နံစော်နေသည်။

စုရွမ်ရွမ်၏ အနံ့ဆိုးနှင့်အတူ ကုသန်း၏ မျက်လုံးများက သဘာဝအလျောက်ဘဲ နီးယန် ပေါ်သို့ကျသွား၏။

နီးယန်ကဲ့သို့ အမျိုးသမီးသူရဲကောင်းမှာ အရပ်ရှည်ပြီး ကျစ်လစ်သွယ်လျကာ အလွန်စိတ်ဆတ်လေသည်။

ကုသန်းပတ်ဝန်းကျင်တွင် အလှလေးများစွာရှိပေမယ့်နီးယန်လိုမျိုး တစ်ယောက်မှ မရှိပေ။

သူ အစောက အလှလေးအကြောင်း တွေးနေသေးပေမယ့် သူက ဘယ်တော့မှ ပို၍လှပတာကို မနှစ်သက်ပေ။

ဒီလို ကျန်းမာသောအလှလေးကသာ အတိအကျကို သူ့အတွက် ကျန်းမာသော ကလေးကို ပေးလိမ့်မည်။

မင်းသိတဲ့အတိုင်းဘဲ၊ ကမ္ဘာပျက်ကပ်နေ့များတွင် ကလေးများမှာထိခိုက်လွယ်ကြသည်။

ကုသန်းမှာ ကလေးသုံးယောက်ကို ဆုံးရှုံးခဲ့၏။

ကမ္ဘာပျက်ကပ်၏ ရက်စက်သော ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်သည်။မွေးဖွားရာ၌၊ ကလေးများမှာ အင်္ဂါချွတ်ယွင်းရင် ချွတ်ယွင်း ဒါမဟုတ်လျှင် ဘဝမရှိတော့ချေ။

ခဏလောက် ကြည့်ပြီးနောက် နီးယန်ကို ရင်သပ်ရှုမောနေသော ကုသန်း မျက်လုံးများက စုရွမ်ရွမ်ပေါ်သို့ ကျရောက်သွား၏။

မိန်းမငယ်လေး၏ အဝတ်အစားမှာ သန့်သန့် ရှင်းရှင်း မရှိတော့တာကို မြင်နိုင်ပြီး သူမက ခေါင်းစွပ်တစ်ခုကို ဝတ်ဆင်ထား၏။ သူမမျက်နှာတစ်ဝက်က မဲမှောင်နေပြီး ကျောက်မီးသွေးတုံးလိုပင်။

ကုသန်းက အများကြီး မတွေးခဲ့။

ရက်အနည်းငယ်တုန်းက ကျောက်မီးသွေးနယ်မြေကလူတွေ ကုန်ကြမ်းဆီလှဲလှယ်ဖို့ ရောက်လာတာကို သူသိပြီးဖြစ်၏။သူတို့က ညစ်ပေနေပြီး သူတို့ခန္ဓာကိုယ်ပေါ်တွင် အစွန်းအထင်းများ ရှိနေသည်က ပုံမှန်ပင်။

သို့ပေမယ့် ဤအရာလေးက တကယ့်ကို ညစ်ပေလွန်းလှ၏။

သူမွေးထားသော ဝက်များတောင်မှ သူမထက်သန့်ရှင်းကြသည်။

သူ့ရဲ့အလှလေးတွေကို မနှစ်သက်ပေမယ့် သူတို့က ဖြူဖွေး၊ ပိန်ပါးပြီး ၊ ချောမော ကြ၏။

ကုသန်းက စုရွမ်ရွမ်ကို စိတ်ဝင်စားမှုမပြခဲ့ပေ။ထိုအစား၊ သူက ဘေးဘက် လှည့်လိုက်ပြီး နီးယန်ရှေ့ရပ်လိုက်သည်။

ကုသန်းကဲ့သို့ ပလေးဘွိုင်း တစ်ယောက်မှာ တကယ့်ကို မည်သည့် အလှလေးကိုမှ လက်မလွှတ်ပေ။

နီးယန် သူမမျက်လုံးကို နိုးကြားစွာ မြှင့်လိုက်ပေမယ့် ရုတ်တရက် မင်သက်သွားသည်။

ကုသန်းက တင့်တယ်စွာ သူ့မျက်နှာက ရွှေကိုင်း မျက်မှန်အားချွတ်လိုက်ပြီး ထုတ်ဖော်ပြသလာသည်မှာ .... ပဲစေ့ မျက်လုံးတွေလား?"

အစ်ကိုကြီး၊ ရှင့်မှာ အဝေးမှုန်တစ်ထောင် ဒီဂရီ ရှိနေတာလား?"

ကုန်ကြမ်းဆီ နယ်မြေ၏ ဘုရင် ကုသန်းမှာ သူ့ရဲ့ပဲစေ့မျက်လုံးတွေကို အကောင်းဆုံးကျယ်ဖို့ ကြိုးစားလိုက်ပြီး၊ စတင်ပြီး စိတ်ညို့လိုက်၏။

"မင်းနာမည်က ဘာလဲ ?"

နီးယန် ပြောသည်: "နီးယန်"

ကုသန်း အံ့အားသင့်သွားသည်။

ကုသန်း နောက်တွင် ရပ်နေသော ရှန်းဝိန်က ပြောသည် "သူမရဲ့ မိသားစုနာမည်က နီး၊ နာမည်က ယန်၊ ကျောက်မီးသွေးနယ်မြေက လာတာပါ"

အခုတော့ ဒီမိန်းမ သူ့ကို ကျိန်ဆဲနေတာမဟုတ်ဘူးဆိုတာ ကုသန်း သိလိုက်၏။ (🍀:နီးယန် က ဆဲတာနဲ့ အသံထွက် တူပါတယ်တဲ့ )

သူ့ရဲ့ စွမ်းရည်ကျရှုံးသွားတာလားလို့တောင် သူတွေးမိသွားသည်။

"မင်းက အရမ်းလှတာဘဲ ၊ ငါ့နောက်လိုက်ပါ။ မင်းငါ့ကို ကျန်းမာတဲ့ ကလေးတစ်ယောက်ပေးရလိမ့်မယ်"

ကုသန်း၏ လက်က နီးယန်း၏ မျက်နှာပေါ်ကျ‌ေရာက်သွားပြီး သူက ညင်သာစွာ ထိတွေ့လိုက်သည်။

ဒီလို အမျိုးသမီးမျိုးမှာ အမြဲတမ်း ခွန်အား အလွန် ပြည့်ဝသည်။

သူ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးပေ။

သူကြားတာတော့ စွမ်းရည်မရှိဘူးတဲ့။ ဒါက ထိန်းချုပ်လို့ပိုကောင်းပြီး ကျောက်မီးသွေးနယ်မြေနဲ့လည်း ရန်သူဖြစ်လာလိမ့်မည် မဟုတ်ပေ။

ကျောက်မီးသွေးနယ်မြေက မလိုလားရင်တောင်မှ သူက ကုန်ကြမ်းဆီအနည်းငယ် ပို့ပေးလိုက်ရုံသာ။

နီးယန်က လုံးဝမခုခံပေ။မျက်လုံးများကလည်း အာရုံစူးစိုက်မှု ပျောက်ဆုံးနေသည်။

စုရွမ်ရွမ်ရှောခ့်ရသွား၏။

သူမ ချက်ချင်းဘဲ နီးယန်လက်မောင်းကို ဖက်လိုက်ပြီး စိုးရိမ်စွာ ပြောလိုက်သည် "ကျွန်မလည်းသွားမယ်! ကျွန်မလည်း သွားမယ်!"

ကုသန်း စုရွမ်ရွမ်ကို ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။အရမ်း ရွံစရာကောင်းတာပဲ။

စုရွမ်ရွမ် နူးညံ့စွာ ပြောလိုက်၏"ကျွန်မ ရှင့်ကို သီချင်းဆိုပြနိုင်တယ်၊ ကျွန်မက ကလေးဘဝတည်းက ဂီတမှာ ပါရမီပါတယ်၊ ဂီတ ဆရာမဆို ကျွန်မကို အမြဲတမ်း ပိုက်ဆံတွေဆုချတယ်၊ ကျွန်မသွားပါရစေ"

ကုသန်း : ... ဒါက ပထမဆုံးအကြိမ်အဖြစ် သန္ဓေ ဆောင် မိခင်ဖြစ်ဖို့ စိတ်အားထက်သန်နေသူကို သူတွေ့ဖူးတာပင်။ သို့သော်လည်း သူ့အာရုံစိုက်မနေ...

ကုသန်း စုရွမ်ရွမ်ကို အကြင်နာမဲ့စွာ ငြင်းလိုက်ပြီးနီးယန်ကို သူ့လူတွေအား ခေါ်သွားစေလိုက်၏။

စုရွမ်ရွမ်က ခါးခါးသီးသီး ငိုနေပေမယ့် သူမက ကြည့်နေရုံသာလျှင် တက်နိုင်ခဲ့သည်။

__________________________________________________________________

🍁 Zawgyi 🍁

စု႐ြမ္႐ြမ္ထက္ နီးယန္က ပိုၿပီးေတာ့ စိုးရိမ္ေနသည္။

သူမေတြးေတာေန၏။ကုသန္းသာ သူတို႔က ကုန္ၾကမ္းဆီခိုးေနတာကို ရွာေတြ႕ခဲ့ရင္ သူတို႔ကို သတ္ဖို႔ ဘဲငန္းခိုးတယ္ဆိုတဲ့ ဆင္ေျခကိုသုံးေလာက္မလား?

ခဏေလာက္ေတာ့၊ လူတိုင္းမွာ ေၾကာက္လန့္ေနၾက၏။

နီးယန္ ေျပာလိုက္သည္ "လုရွီမင္၊ နင္ ငါနဲ႕ အျပင္ထြက္ရမယ္"

ခ်က္ခ်င္းဘဲ တစ္စုံတစ္ေယာက္က နီးယန္ကို ရပ္တန့္ဖို႔ ေရွ႕ထြက္လာၿပီး ထက္ရွေသာအသံျဖင့္ "မင္းက တစ္ေယာက္ထဲ ထြက္ေျပးခ်င္လို႔လား"

နီးယန္၏ မ်က္ႏွာက ေအးစက္ေနၿပီး "ငါက ကုန္ၾကမ္းဆီ ေနရာသြားေ႐ႊ႕မလို႔၊ဘာလို႔လဲ၊ မင္းကငါနဲ႕သြားခ်င္လို႔လား?"

ထိုလူက ေတာင့္္တင္းသြား၏။

အခု သူ နီးယန္နဲ႕ အတူ ဆီေနရာေ႐ႊ႕ဖို႔ အျပင္ထြက္သြားခဲ့ရင္ တကယ့္ သူခိုးျဖစ္လိမ့္မယ္။

ဒါေပမယ့္ သူမကိုယ္တိုင္ကိုသာ ေနရာသြား ေ႐ႊ႕ခြင့္ ျပဳလိုက္ရင္ သူမကို ရွာေတြ႕သြားခဲ့ရင္ေတာင္ သူတို႔က တာဝန္ခံတာကို လႊဲေရွာင္နိုင္ၿပီး သူတို႔မသိပါဘူးလို႔ ေျပာလို႔ရတယ္။

ဒီကိစၥမွာ ကုန္ၾကမ္းဆီနယ္ေျမ ေခါင္းေဆာင္က သူတို႔ကို ခြင့္လႊတ္မလားဆိုတာေတာ့ ငါမသိဘူး။

ဒါမွမဟုတ္ သူတို႔က တိုက္ရိုက္သြားၿပီး ေဖာ္ထုတ္နိုင္......

"မင္း ဘာေတြေတြးေနလဲဆိုတာ ငါမသိဘူး ထင္ေနလား"နီးယန္ ႐ုတ္တရက္ ထက္ရွျပတ္သားစြာ ေျပာလာ၏ "မင္းပါးစပ္ကို ဂ႐ုစိုက္ေနပါ၊ ငါတို႔က အခုတစ္ေလွထဲ စီးေတြပဲ၊ေလွျမဳပ္သြားရင္ မင္းတို႔က လြတ္ေျမာက္လိမ့္မယ္၊ မပါဝင္ ေလာက္ဘူးလို႔ ထင္ေနတာလား?"

လူတိုင္းက ေတာင့္တင္းသြားၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကသည္။သူတို႔က ခ်က္ခ်င္းဘဲ ေလာင္းေၾကးကိုနားလည္သြားခဲ့ၿပီး စကားေျပာဖို႔ မရဲဝံ့ၾကေတာ့ေပ။

နီးယန္ သတိေပးၿပီးေနာက္ လုရွီမင္ဘက္သို႔လွည့္ကာ ေျပာလိုက္သည္ "လုရွီမင္၊ သြားမယ္"

စု႐ြမ္႐ြမ္က ခ်က္ခ်င္းဘဲ ေနာက္မွလိုက္လာ၏။

"နင္က ဘာလုပ္တာလဲ?"နီးယန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

စု႐ြမ္႐ြမ္က အသံေသးေသးျဖင့္ ေျပာလာသည္ "ကြၽန္မလည္း ကူညီမလို႔ပါ"

နီးယန္ စု႐ြမ္႐ြမ္၏ အရည္လဲ့ေနေသာ မ်က္ဝန္းႀကီးမ်ားကို ၾကည့္လိုက္ကာ ႏွစ္စကၠန့္ေလာက္ တန႔္ေနၿပီးေနာက္ ေျပာလိုက္၏"ေကာင္းၿပီေလ၊နင္တို႔က အတူတူဘဲ "

------

ကုသန္း၏ ဘဲတစ္ေကာင္ေၾကာင့္ ကုန္ၾကမ္း ဆီနယ္ေျမမွာရႈပ္ေထြးေနသည္။

သူတို႔သုံးေယာက္မွာ လက္နက္ကိုင္ကားသို႔ တိုက္ရိုက္သြားလိုက္၏။လမ္းတစ္ခုလုံးအတားအဆီးမရွိဟု ဆို၍ရသည္။

လုရွီမင္တြင္ Spaceရွိၿပီး ၊နီးယန္းက ကုန္ၾကမ္း ဆီကို သူ႕ Space ထဲတြင္ထည့္ခိုင္းလိုက္သည္။

"ဘာလို႔ အစတည္းက Space ထဲမွာ မထားခဲ့တာလဲ?"စု႐ြမ္႐ြမ္ေမးလိုက္၏။

နီးယန္ အ႐ူးမေလးကို လွည့္ၾကည့္လိုက္ၿပီး "လုရွီမင္ စြမ္းရည္ကို ေဖာ္ျပသလိုျဖစ္မယ္ မဟုတ္ဘူးလား?"

"အိုး"
စု႐ြမ္႐ြမ္ေခါင္းညိတ္လိုက္၏။

သူတို႔သုံးေယာက္ ေရွ႕ကို ေလွ်ာက္သြားေပမယ့္ ကံမေကာင္းစြာ လူတစ္စုက အထဲမွ ေျပးထြက္လာသည္။

သပ္ရပ္ေသာ suit ႏွင့္ ေ႐ႊကိုင္း မ်က္မွန္ဝတ္ဆင္ထားေသာ လူတစ္ေယာက္က ေရွ႕ဆုံးမွ ေလွ်ာက္လာ၏။

သူ႕ရဲ႕ အသြင္အျပင္က ၾကည့္ေကာင္းေပမယ့္ သူက လူဖ်င္း တစ္ေယာက္နဲ႕ တူေလသည္။

သူ႕ေနာက္တြင္ ရွန္းဝိန္ႏွင့္ ဝမ္႐ႊီ႐ႊီ ဟုေခၚေသာ အမ်ိဳးသမီး ရွိ၏။

နီးယန္၏ မ်က္ႏွာအမူအရာမွာ တင္းက်ပ္သြားၿပီး သတိမထားမိစြာ သူမလက္ထဲက ေသနတ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္သည္။

"ဒီလူက ကုသန္းဘဲ၊ သူ႕မ်က္လုံးကို စိုက္မၾကည့္မိဖို႔သတိထားပါ"နီးယန္ သူမအသံကို ႏွိမ့္လ်က္ သတိေပးလိုက္သည္။

စု႐ြမ္႐ြမ္ ခ်က္ခ်င္းဘဲ သူမလည္တိုင္ကိုဆန့္ထုတ္လိုက္ၿပီးသူမမ်က္လုံးမ်ားကို က်ယ္ကာ ကုသန္း၏မ်က္လုံးကိုရွာရန္ ႀကိဳးစားလိုက္၏။

လာစမ္းပါ၊ ငါကိုၾကည့္၊ငါကိုၾကည့္ ! ~

"သူက အရမ္းသန္မာတယ္ "

နီးယန္က ဘာေတြးေနလည္း မသိ။ သူမမ်က္ႏွာအမူအရာက နည္းနည္း ႐ုပ္ဆိုးေနသည္။

လုရွီမင္၏ စိတ္ဝင္တစားမရွိတဲ့မ်က္ႏွာက နီးယန္၏စကားကို ၾကားၿပီးေနာက္ သူက သူ႕မ်က္ခုံးကို စိတ္ဝင္တစားျမႇင့္လိုက္ၿပီး "ဘယ္ေလာက္ သန္မာလဲ?"

နီးယန္ ေျပာသည္" ေတာ္ေတာ္ေလး သန္မာတယ္"

လုရွီမင္က သူ႕မ်က္ႏွာတြင္ စိတ္ဝင္စားမႈ ျပလာ၏။ပထမဆုံးအႀကိမ္ တိုက္ခိုက္မယ့္ မုဆိုးတစ္ေယာက္က သူ႕သားေကာင္ကို စိတ္ေက်နပ္မႈရွိသကဲ့သို႔ပင္။

လုရွီမင္၏ မ်က္ႏွာအမူအရာကိုျမင္ၿပီး စု႐ြမ္႐ြမ္ ကုသန္းအတြက္ လွ်ို႔ဝွက္စြာ ဝမ္းနည္းပူေဆြးမိ၏။သူရဲေကာင္းရဲ႕ စိတ္မူမမွန္ အေလ့အက်င့္ကို ဘယ္သူသိမွာလဲ။

သူဘယ္ေလာက္ သန္မာသည္ျဖစ္ေစ ကိစၥမရွိေပ။လုရွီမင္ေရွ႕တြင္ေတာ့ သူက ႐ႊံ႕စက္တစ္စက္မွ်သာ ျဖစ္၏။

ေကာ္ရစ္တာတြင္ လူမရွိေပ။ကုသန္းက တစ္စုံတစ္ေယာက္ကိုရွာေနေသာေၾကာင့္ သူက သူမတို႔ကို သဘာဝအေလ်ာက္ သတိထားမိခဲ့သည္။

ရွန္းဝိန္က စု႐ြမ္႐ြမ္ကို တစ္ခ်က္ၾကည့္လိုက္၏။သူ႕မ်က္ႏွာအမူအရာက ပေဟဠိျဖစ္ေနၿပီး သူက မွတ္မိသြားသလိုပင္။

ရွန္းဝိန္ကဘမမွတ္မိနိုင္ေတာ့ဘဲ စဥ္းစားမရျဖစ္ေန၏။

စု႐ြမ္႐ြမ္ေတာင္ သူမကိုယ္သူမ မမွတ္မိနိုင္ေတာ့ေပ။

သူမက ဝက္ၿခံထဲတြင္ လွည့္ပတ္ေနခဲ့ၿပီး သူမလက္ထဲက ဘဲငန္းနဲ႕အတူ အျပင္ကို ေျပးထြက္သြားသည္။ သူမျပန္လာေသာအခါ ႐ႊံ႕ေတာထဲက်ခဲ့ၿပီး ေနာက္ထပ္ အသီးအ႐ြက္စိုက္ခင္းထဲသို႔က်ခဲ့သည္။ယခုတြင္မႈ ခႏၶာကိုယ္တစ္ခုလုံးမွာ သဘာဝ ႐ႊံ႕ေစး႐ုပ္ထု ျဖစ္လာ၏။

ညစ္ပတ္ကာ နံေစာ္ေနသည္။

စု႐ြမ္႐ြမ္၏ အနံ႕ဆိုးႏွင့္အတူ ကုသန္း၏ မ်က္လုံးမ်ားက သဘာဝအေလ်ာက္ဘဲ နီးယန္ ေပၚသို႔က်သြား၏။

နီးယန္ကဲ့သို႔ အမ်ိဳးသမီးသူရဲေကာင္းမွာ အရပ္ရွည္ၿပီး က်စ္လစ္သြယ္လ်ကာ အလြန္စိတ္ဆတ္ေလသည္။

ကုသန္းပတ္ဝန္းက်င္တြင္ အလွေလးမ်ားစြာရွိေပမယ့္နီးယန္လိုမ်ိဳး တစ္ေယာက္မွ မရွိေပ။

သူ အေစာက အလွေလးအေၾကာင္း ေတြးေနေသးေပမယ့္ သူက ဘယ္ေတာ့မွ ပို၍လွပတာကို မႏွစ္သက္ေပ။

ဒီလို က်န္းမာေသာအလွေလးကသာ အတိအက်ကိဳ သူ႕အတြက္ က်န္းမာေသာ ကေလးကို ေပးလိမ့္မည္။

မင္းသိတဲ့အတိုင္းဘဲ၊ ကမာၻပ်က္ကပ္ေန႕မ်ားတြင္ ကေလးမ်ားမွာထိခိုက္လြယ္ၾကသည္။

ကုသန္းမွာ ကေလးသုံးေယာက္ကို ဆုံးရႈံးခဲ့၏။

ကမာၻပ်က္ကပ္၏ ရက္စက္ေသာ ပတ္ဝန္းက်င္ေၾကာင့္ပင္ ျဖစ္သည္။ေမြးဖြားရာ၌၊ ကေလးမ်ားမွာ အဂၤါခြၽတ္ယြင္းရင္ ခြၽတ္ယြင္း ဒါမဟုတ္လွ်င္ ဘဝမရွိေတာ့ေခ်။

ခဏေလာက္ ၾကည့္ၿပီးေနာက္ နီးယန္ကို ရင္သပ္ရႈေမာေနေသာ ကုသန္း မ်က္လုံးမ်ားက စု႐ြမ္႐ြမ္ေပၚသို႔ က်ေရာက္သြား၏။

မိန္းမငယ္ေလး၏ အဝတ္အစားမွာ သန့္သန့္ ရွင္းရွင္း မရွိေတာ့တာကို ျမင္နိုင္ၿပီး သူမက ေခါင္းစြပ္တစ္ခုကို ဝတ္ဆင္ထား၏။ သူမမ်က္ႏွာတစ္ဝက္က မဲေမွာင္ေနၿပီး ေက်ာက္မီးေသြးတုံးလိုပင္။

ကုသန္းက အမ်ားႀကီး မေတြးခဲ့။

ရက္အနည္းငယ္တုန္းက ေက်ာက္မီးေသြးနယ္ေျမကလူေတြ ကုန္ၾကမ္းဆီလွဲလွယ္ဖို႔ ေရာက္လာတာကို သူသိၿပီးျဖစ္၏။သူတို႔က ညစ္ေပေနၿပီး သူတို႔ခႏၶာကိုယ္ေပၚတြင္ အစြန္းအထင္းမ်ား ရွိေနသည္က ပုံမွန္ပင္။

သို႔ေပမယ့္ ဤအရာေလးက တကယ့္ကို ညစ္ေပလြန္းလွ၏။

သူေမြးထားေသာ ဝက္မ်ားေတာင္မွ သူမထက္သန့္ရွင္းၾကသည္။

သူ႕ရဲ႕အလွေလးေတြကို မႏွစ္သက္ေပမယ့္ သူတို႔က ျဖဴေဖြး၊ ပိန္ပါးၿပီး ၊ ေခ်ာေမာ ၾက၏။

ကုသန္းက စု႐ြမ္႐ြမ္ကို စိတ္ဝင္စားမႈမျပခဲ့ေပ။ထိုအစား၊ သူက ေဘးဘက္ လွည့္လိုက္ၿပီး နီးယန္ေရွ႕ရပ္လိုက္သည္။

ကုသန္းကဲ့သို႔ ပေလးဘြိုင္း တစ္ေယာက္မွာ တကယ့္ကို မည္သည့္ အလွေလးကိုမွ လက္မလႊတ္ေပ။

နီးယန္ သူမမ်က္လုံးကို နိုးၾကားစြာ ျမႇင့္လိုက္ေပမယ့္ ႐ုတ္တရက္ မင္သက္သြားသည္။

ကုသန္းက တင့္တယ္စြာ သူ႕မ်က္ႏွာက ေ႐ႊကိုင္း မ်က္မွန္အားခြၽတ္လိုက္ၿပီး ထုတ္ေဖာ္ျပသလာသည္မွာ .... ပဲေစ့ မ်က္လုံးေတြလား?"

အစ္ကိုႀကီး၊ ရွင့္မွာ အေဝးမႈန္တစ္ေထာင္ ဒီဂရီ ရွိေနတာလား?"

ကုန္ၾကမ္းဆီ နယ္ေျမ၏ ဘုရင္ ကုသန္းမွာ သူ႕ရဲ႕ပဲေစ့မ်က္လုံးေတြကို အေကာင္းဆုံးက်ယ္ဖို႔ ႀကိဳးစားလိုက္ၿပီး၊ စတင္ၿပီး စိတ္ညို႔လိုက္၏။

"မင္းနာမည္က ဘာလဲ ?"

နီးယန္ ေျပာသည္: "နီးယန္"

ကုသန္း အံ့အားသင့္သြားသည္။

ကုသန္း ေနာက္တြင္ ရပ္ေနေသာ ရွန္းဝိန္က ေျပာသည္ "သူမရဲ႕ မိသားစုနာမည္က နီး၊ နာမည္က ယန္၊ ေက်ာက္မီးေသြးနယ္ေျမက လာတာပါ"

အခုေတာ့ ဒီမိန္းမ သူ႕ကို က်ိန္ဆဲေနတာမဟုတ္ဘူးဆိုတာ ကုသန္း သိလိုက္၏။ (🍀:နီးယန္ က ဆဲတာနဲ႕ အသံထြက္ တူပါတယ္တဲ့ )

သူ႕ရဲ႕ စြမ္းရည္က်ရႈံးသြားတာလားလို႔ေတာင္ သူေတြးမိသြားသည္။

"မင္းက အရမ္းလွတာဘဲ ၊ ငါ့ေနာက္လိုက္ပါ။ မင္းငါ့ကို က်န္းမာတဲ့ ကေလးတစ္ေယာက္ေပးရလိမ့္မယ္"

ကုသန္း၏ လက္က နီးယန္း၏ မ်က္ႏွာေပၚက်‌ေရာက္သြားၿပီး သူက ညင္သာစြာ ထိေတြ႕လိုက္သည္။

ဒီလို အမ်ိဳးသမီးမ်ိဳးမွာ အၿမဲတမ္း ခြန္အား အလြန္ ျပည့္ဝသည္။

သူ ဘယ္တုန္းကမွ မႀကိဳးစားခဲ့ဖူးေပ။

သူၾကားတာေတာ့ စြမ္းရည္မရွိဘူးတဲ့။ ဒါက ထိန္းခ်ဳပ္လို႔ပိုေကာင္းၿပီး ေက်ာက္မီးေသြးနယ္ေျမနဲ႕လည္း ရန္သူျဖစ္လာလိမ့္မည္ မဟုတ္ေပ။

ေက်ာက္မီးေသြးနယ္ေျမက မလိုလားရင္ေတာင္မွ သူက ကုန္ၾကမ္းဆီအနည္းငယ္ ပို႔ေပးလိုက္႐ုံသာ။

နီးယန္က လုံးဝမခုခံေပ။မ်က္လုံးမ်ားကလည္း အာ႐ုံစူးစိုက္မႈ ေပ်ာက္ဆုံးေနသည္။

စု႐ြမ္႐ြမ္ေရွာခ့္ရသြား၏။

သူမ ခ်က္ခ်င္းဘဲ နီးယန္လက္ေမာင္းကို ဖက္လိုက္ၿပီး စိုးရိမ္စြာ ေျပာလိုက္သည္ "ကြၽန္မလည္းသြားမယ္! ကြၽန္မလည္း သြားမယ္!"

ကုသန္း စု႐ြမ္႐ြမ္ကို ခပ္ေပါ့ေပါ့ ၾကည့္လိုက္သည္။အရမ္း ႐ြံစရာေကာင္းတာပဲ။

စု႐ြမ္႐ြမ္ ႏူးညံ့စြာ ေျပာလိုက္၏"ကြၽန္မ ရွင့္ကို သီခ်င္းဆိုျပနိုင္တယ္၊ ကြၽန္မက ကေလးဘဝတည္းက ဂီတမွာ ပါရမီပါတယ္၊ ဂီတ ဆရာမဆို ကြၽန္မကို အၿမဲတမ္း ပိုက္ဆံေတြဆုခ်တယ္၊ ကြၽန္မသြားပါရေစ"

ကုသန္း : ... ဒါက ပထမဆုံးအႀကိမ္အျဖစ္ သေႏၶ ေဆာင္ မိခင္ျဖစ္ဖို႔ စိတ္အားထက္သန္ေနသူကို သူေတြ႕ဖူးတာပင္။ သို႔ေသာ္လည္း သူ႕အာ႐ုံစိုက္မေန...

ကုသန္း စု႐ြမ္႐ြမ္ကို အၾကင္နာမဲ့စြာ ျငင္းလိုက္ၿပီးနီးယန္ကို သူ႕လူေတြအား ေခၚသြားေစလိုက္၏။

စု႐ြမ္႐ြမ္က ခါးခါးသီးသီး ငိုေနေပမယ့္ သူမက ၾကည့္ေန႐ုံသာလွ်င္ တက္နိုင္ခဲ့သည္။

Continue Reading

You'll Also Like

412K 15.6K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
273K 14.1K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
383K 63K 105
ဝတၳဳေပါင္း ဇာတ္​လမ္​းေပါင္​း ေျမာက္​မ် ားစြာကေန ျဖစ္​ေပၚလာတဲ့ ေလာကေတြ ကမၻာေတြဆီကို သြားလို႔ရတယ္​လို႔ စိတ္​ကူးၾကည္​့ပါလား။ သင္​သာဆိုရင္​ ဘယ္​ဇာတ္​ရုပ...