ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...
By LEAF277
327K 45.6K 2K
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More
Description
/1/ Edited
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)
/7/အဆက်
4K 609 29
By LEAF277
🍁 Unicode 🍁
ထိုအမှုန့်များမှာ သံမှုန့်များဖြစ်ကြသည်။
နီးယန်၏ လက်ရှိစွမ်းအားအရ ထိုစွမ်းအားမှာ လျှပ်စစ်လျော့ရိုက်ချောင်း တစ်ရာအထက်၌ရှိသည် ။လူတွေကို တစ်ခါတည်းကျရှုံးသွားအောင် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်ရမည် ။
သူမသာလျှင် ထိုသို့ဖြစ်အောင်လုပ်နိုင်သည်။
လျှပ်စီးက မသန်မာပေမယ့် သံမှုန့်များ၏သက်ရောက်မှုမှာ ကား‌တစ်စီးလုံးကိုပြန့်ကျဲသွားလေသည်။အထဲမှ လူတွေအား လှုပ်ရှားမှု ချက်ချင်းရပ်တန့်သွားအောင် ပြုလုပ်နိုင်သည်။
၎င်းမှာ ရက်စက်တဲ့တိုက်ပွဲတစ်ခုဖြစ်ပေမယ့် ယခုတော့ ဖိနှိပ်မှုတစ်ခု ဖြစ်လာလေသည်။
နီးယန်က သစ်သားချောင်းတစ်ခုကို ကိုင်ထားပြီး အရင်ဆုံး ဝမ်းကန်ကို ကားပြင်ထုတ်လိုက်ပြီးနောက် လုရှီမင်ကို Audi ထရော်လီကားလေးအား ပြန်ထုတ်ပေးဖို့တောင်းဆိုလိုက်သည်။
"ရှင်ဘာလုပ်မလို့လဲ?"စုရွမ်ရွမ် ထူးဆန်းစွာ မေးလိုက်သည်။
"ဟမ့်" နီးယန်က နှာမှုတ်လိုက်ပြီး "တခြားသူတွေက မကြင်နာတက်ရင် ငါကလည်း ဖြောင့်မတ်မနေဘူး"
ဝမ်းကန်အား ထိုဇိမ်ခံကားတွင် ချည်နှောင်လိုက်သည် ။နီးယန် အစောပိုင်းပညာရေးဂီတအား ဖွင့်လိုက်ပြီး ထိန်းချုပ်တဲ့ခလုတ်ကနေ အပြင်ကိုပို့ပေးလိုက်သည်။ ကားမှာ ဇွန်ဘီများကိုဆွဲဆောင်ရန် လမ်းတစ်‌လျှောက်မောင်းနင်သွားသည်။
စုရွမ်ရွမ်: တကယ့်ကို အဆိပ်အပြင်းဆုံး အမျိုးသမီးသူရဲကောင်းဘဲ။
ဝမ်းကန်မရှိလျှင်တောင် လက်နက်ကိုင်ကားပေါ်တွင် လက်နက်ကိုင်စစ်သားအုပ်လိုက်ကြီးရှိနေဆဲဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာနှောင့်နှေးနေသော အရူးနှင့် သွမ့်ကျန်းမှာ ကောင်းကောင်းသတိမရသေးပေ။
"ဒီလူတွေကကော?"
နီးယန် ခဏလောက်တွေးဆလိုက်ပြီး ကားတံခါးအား တင်းတင်းကျပ်ကျပ် ပိတ်လိုက်သည်။
"ဒီမှာ အရင်ထားလိုက်မယ်"
ခဏရပ်ပြီးးနောက် နီးယန် စုရွမ်ရွမ်နှင့် လုရှီမင်ကို ကြည့်လိုက်ပြီး "မင်းတို့‌တွေ ဘာမှမေးစရာမရှိဘူးလား?"
နီးယန် သူတို့ရှေ့တွင် မိုးကြိုးလျှပ်စီးစွမ်းအင်ကို ပြခဲ့မိသည်။
နီးယန် စိုးရိမ်စွာ သူမသေနတ်ကို တင်းတင်းကျပ်ကျပ် ဆုတ်ထားလိုက်သည်။ဆင်‌ေခြပေးရန် အရင်တည်းကတွေးထားပြီးဖြစ်သည်။ သူမ ပြောလိုက်မည်၊ စွမ်းရည်က ရုတ်တရက် ထွက်ပေါ်လာတာ သူမ မသိခဲ့ဘူးလို့........
"ဒီကားထဲမှာ သန့်စင်ခန်းရှိလား"
အမလေး သူမ ထပ်မ‌ထိန်းထားနိုင်တော့ဘူး။
လုရှီမင်‌ပြောလိုက်သည် "ကိုယ်မင်းကို အောက်ကိုခေါ်သွားမယ်"
နီးယန်: နင်တို့ အားနည်းတဲ့ကြက်ကလေးနှစ်ကောင် ငါ့ကိုလေးစားနိုင်မလား? ငါမေးနေတယ်မို့လား?
...နှစ်ရက်အကြာတွင် နီးယန်က လူတိုင်းကို အ‌‌ေခြစိုက်စခန်းသို့ ဦးဆောင်ခေါ်သွားသည်။
အခြေစိုက်စခန်းက သေးငယ်ပြီး အခြေနေတစ်ခုကိုသာလျှင် ထောက်ခံပေ၏။၎င်းမှာ သန်မာသူများအား လေးစားရန်ဖြစ်သည်။စားသောက်ကုန်၊ ကုန်ကြမ်းဆီ၊ လျှပ်စစ်၊ ရေ စသည်ဖြင့် ထိုကဲ့သို့  အရင်းအမြစ်ထိန်းချုပ်မှု အဆင့်မြင့်စွမ်းရည်မှာ ဤအ‌ခြေစိုက်စခန်း၏ ခေတ် အပန်းဖြေမှုဖြစ်သည် ။
လူတွေကို ကိုယ်ပိုင်အစားအစာ သိမ်းဖို့ခွင့်မပြုပေ။ နေ့စဉ်အလုပ်၏ အတိုင်းအတာ ပမာဏအရ သူတို့ကို ဝေငှရသည်။
ဒါပေမယ့် မင်းမှာစွမ်းရည်ရှိရင်တော့ ဒါက ကွဲပြားခြားနားလိမ့်မည် ။မင်းက ထိုသုံးမကုန်နိုင်သော အရင်းအမြစ်များနှင့် ပျော်ရွှင်နိုင်သည့် အပါအဝင်လူ ဖြစ်နိုင်သည်။
အခြေစိုက်စခန်းတစ်ခုလုံးတွင် ဝမ်းကန်အားပေါင်းထည့်မှ စွမ်းအားရှင် ငါးယောက်သာလျှင်ရှိသည်။ယခု ဝမ်းကန်ထွက်သွားတော့ လေးယောက်သာကျန်တော့သည် ။ အလွန်ရှားပါးပေ၏။
လက်နက်ကိုင်စစ်သားအဖွဲ့မှာ ဂိတ်ဝတွင်ရပ်ပြီး စစ်ဆေးနေသည် ။
လူတိုင်းအထဲမဝင်နိုင်ပေ။ မင်းမှာ စွမ်းရည်မရှိလျှင် မင်းရဲ့ အစားအစာ အားလံုးကို စွန့်လွှတ်ဖို့လိုအပ်သည်။ အစားအစာမရှိဘဲ မဖြတ်နိုင်ပေ။
လက်နက်ကိုင်ကားမှာ ဝမ်းကန်၏ကားဖြစ်သည်။
နီးယန်နှင့် အခြားသူများမှာ  တုံးအစွာ အခြေစိုက်စခန်းထဲသို့ ထိုကားကို ဣန္ဒြေမပျက် မောင်းနှင်သွားလိမ့်မည် မဟုတ်ပေ။
သူတို့ကားကို အခြေစိုက်စခန်းမှ အဝေးတွင် ချန်ထားခဲ့သည်။ထို့နောက် ခြေလျင် လမ်းလျှောက်သွားသည်။
ထွက်မသွားခင် နီးယန် ကားနောက်တံခါးအားဖွင့်ထားခဲ့သည်။
သွမ့်ကျန်းနှင့် လက်နက်ကိုင် စစ်သားများမှာ ကိုမာဝင်နေသောကြောင့် ကျယ်လောင်သောအသံတစ်ခုက သူတို့အား လာနိုးသော အချိန်ထိ ဘာဖြစ်သွားမှန်း မသိဘဲ ဖြစ်နေဆဲဖြစ်သည်။
သူတို့ အခြေစိုက်စခန်းဂိတ်ကို ရောက်နေပြီလားဆိုတာ ငါမသိဘူး။
အခြေစိုက်စခန်းထဲကို မောင်းနှင်လာတဲ့ လူအုပ်ကြီးက လွန်ခဲ့တဲ့သုံးရက်က ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း ဖြစ်ရပ်ကို ပြောနေကြသည်။
ရာသီဥတုမှာ ဆိုးဝါးနေပြီး တိမ်မည်းများလွမ်းမိုးနေခဲ့သည်။မိုးများခြိမ်းကာ ကောင်းကင်တွင် လျှပ်စီးများလျှပ်နေပြီး ဝမ်းကန်မှာအပိုင်းပိုင်းခွဲခြင်း ခံလိုက်ရသည်။
အခြေစိုက်စခန်းတစ်ခုလုံးမှာ ခဏလောက် ကြောက်စိတ်မွန်သွားကြသည်။
ပင်ကိုအားဖြင့်တော့ စုရွမ်ရွမ်မှာ အပြင်ဘက်တွင် တန်းစ‌ီနေဆဲဖြစ်သောကြောင့် ထိုအ‌ကြောင်းအားမသိဘဲ ဖြစ်နေသည်။
"စွမ်းရည်မရှိတဲ့ သူတွေက ပစ္စည်းတွေ လွဲပြောင်းရမယ်၊စွမ်းရည်ရှိတဲ့သူတွေက တိုက်ရိုက်လာရမယ်"
"ပစ္စည်းလွဲပြီးသွားရင် အမျိုးသားတွေက ဘယ်ဘက် အမျိုးသမီးတွေက ညာဘက်မှာ စစ်ဆေးခံရမယ်"
အစားအစာမရှိတဲ့ အရပ်ရှည်တဲ့ ယောက်ျားသားများမှာ ကလေးတွေ၊ မိန်းမတွေ၊ အားနည်းသူတွေနှင့် လူအိုများဆီမှ အစားအစာများ ချက်ချင်း သွားဆွဲလုကြသည်။
တစ်စုံတစ်ယောက် အဲဒါကို မြင်သောအခါ သူတို့မှာ ထိန်းမနိုင် သိမ်းမရ ကြောက်လန့်ကြပြီး ဆူညံမှုများ ဖြစ်လာသည်။ထိုခဏတွင် လူတိုင်းမှာ အတူတကွ တိုးဝှေ့ပူးကပ်လျက် ရှိနေကြသည်။
ရှေ့မှ လက်နက်ကိုင် စစ်သားက စိတ်မရှည်စွာ သေနတ်တစ်ချက်ပစ်လိုက်သည်။ယောက်ျားတစ်ယောက်ကို ပစ်သတ်လိုက်ပြီး ပြောလာသည် "ငြိမ်ငြိမ်နေကြစမ်း"
အဆုံးသတ်နေ့များ၌ သာမန်လူများမှာ လူကဲ့သို့ သဘောထားမခံရပေ ။ ခြံမွေးတိရစ္ဆာန်လို့တောင် ဆက်ဆံ မခံရဘဲ အမှိုက်သရိုက် တစ်ခုနဲ့သာ တူလေသည်။
လူအုပ်ကြီးမှာ တိတ်ဆိတ်ကျသွားပြီး တုန်တုန်ယင်ယင် တန်းစီနေကြသည်။
စုရွမ်ရွမ်မှာ လူအုပ်ထဲတွင်ပါဝင်နေသည်။ အခြေစိုက်စခန်းတွင် သူမ လုရှီမင်၏တွန်းချခံရသင့်သည်။
အရင်ဘဝတွင် ဇာတ်လိုက်၏ ညင်းပန်းနှိပ်စက်ခံရပြီး ဖျားနာခဲ့ကာ ဇွန်ဘီများ၏ တစ်စစီ ကိုက်ဝါးခြင်း ခံခဲ့ရသည်။
သို့ရာတွင် ယခုတော့ သူမမှာ သေဖို့နည်းလမ်းအားလုံး ရှုန်းကန်နေရသည်။
မမျှော်လင့်ဘဲ ဇာတ်ကြောင်းက သူရဲကောင်းနဲ့ အမျိုးသမီးသူရဲကောင်း နောက်ကို လိုက်ဖို့ အကြောင်းဖန်လာတာလား?
စုရွမ်ရွမ် အဆုံးမရှိ ဝမ်းနည်းမှုများခံစားနေရပြီး ဒီနေ့ ညစာကို သုံးပန်းကန် မစားနိုင်ခဲ့ပေ။
ရုတ်တရတ် ထူထဲတဲ့ သပျစ်နွယ်ပင်တစ်ခုက စစ်ဆေးရေးခန်းမှ ငေါထွက်လာပြီး လူတစ်ယောက်ကို ပစ်ထုတ်လိုက်သည်။
ထိုလူ၏ဦးခေါင်းမှာ ဖရဲသီးကဲ့သို့ မြေပြင်ပေါ်သို့ ဟက်တက်ကွဲကျလာသည်။
သူသေသွားပြီ။
အနီးမှာရပ်နေတဲ့ လက်နက်ကိုင် စစ်သားများမှာ ထိုသူ့ကို လျှင်မြန်စွာ ဆွဲသွားပြီး အဝေးကို ပစ်ထုတ်လိုက်သည်။ဇွန်ဘီ ကိုက်ရာအား စစ်ဆေးပြီးနောက် ထိုလူကွက်မျက်ခံလိုက်ရခြင်းဖြစ်သည်။
ဇွန်ဘီ ကိုက်ခံရပြီးနောက် ရောဂါပျိုးချိန်မှာ ၃ ရက်ကြာလေသည်။သို့သော် ထိုရက်မှာ အခြေစိုက်စခန်းမှ လူများအတွက် များလွန်းနေသည်။သုံးရက် မစောင့်နိုင်ပေ။
မင်းတို့ခန္ဓာကိုယ်ပေါ်က ခပ်ဆင်ဆင် ဒဏ်ရာအား မြင်လျှင် မင်းတို့ သေရလိမ့်မည်။
ကြီးမားတဲ့ သပျစ်နွယ်ပင်က လူတိုင်း၏ အာရုံကို ဆွဲဆောင်နေသည်။ထိုသပျစ်နွယ်မှာ ကိုယ်ရည်သွေးဖို့ ရည်ရွယ်ချက် ရှိပုံရပြီး ပြန်မသိမ်းသွားဘဲ လေထဲတွင်လှည့်နေသည်။
နီးယန်ပြောလိုက်သည် "အဲဒါ သစ်သားစွမ်းရည် ရှိတဲ့သူဘဲ "
စုရွမ်ရွမ် နူးညံ့စွာ ပြောလာသည် "အဲဒါက ခေါက်ဆွဲတွေ ကနေတာနဲ့တူတယ် "
နီးယန် : တကယ့်ကို အဲလို တူနေတာဘဲ။
စုရွမ်ရွမ် စကားကြောင့် ထိတ်လန့်စရာ လေထုအခြေနေမှာ ပတ်ပတ်လည်ကို ပျံ့ကြဲကာ လှည်းကျင်းသွားသည်။
လူတိုင်းမှာ ကမ္ဘာပျက်ကပ် အချိန်၏ နှိပ်စက်ခံရမှုကြောင့် မျက်တွင်းများ ချောင်ကျနေသော  သူတို့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။သူတို့ခေါင်းအားလှည့်ပြီး စုရွပ်ရွမ်ကို မြင်သောအခါ အားလုံး မင်သက်သွားကြသည်။
ဒါက လူလား? နတ်သမီးလေးလား?
ပတ်ပတ်လည်ရှိ လေထုမှာ တိတ်ဆိတ်သွားပုံရသည်။
စုရွမ်ရွမ်ကတော့ အဲ့အကြောင်း ဘာမှမသိဘဲ ခေါင်းနှိမ့်ကာ သူမခြေထောက်ကို ပွတ်နေသော ဇွန်ဘီခွေးအား ကြည့်လိုက်သည်။
သူမသတိရသွားသည်။ဇွန်ဘီခွေးမှာ အထဲသို့ဝင်နိုင်ပုံမရပေ။
အာ...နှမြောစရာဘဲ။
ဇွန်ဘီ ခွေးမှာ ရုတ်တရက် စုရွမ်ရွမ် လက်ထဲမှ ခွေးပေါက်လေးအား ဆွဲလိုက်ပြီး လျှာဖြင့်လျှက်နေသည်။
စုရွမ်ရွမ် လက်ထုတ်လိုက်ပြီး ဇွန်ဘီ ခွေး၏ မျက်လုံးကိုကြည့်ကာ ဖက်လိုက်သည်။
သူမ ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ ငါသူ့ကို ကောင်းကောင်းဂရုစိုက်မှာပါ"
ဇွန်ဘီခွေးက သုံးကြိမ်နောက်ပြန်လှည့်ကြည့်ပြီး ထွက်သွားလေတော့သည်။
စုရွမ်ရွမ်ခွေးပေါက်လေးကို နီးယန်လက်ထဲသို့တွန်းလိုက်သည်။
"နင်သူ့ကို ကောင်းကောင်းဂရုစိုက်ရမယ်"
မကြာခင် သေတော့မယ့် သူမနောက်ကို လိုက်မှာထက် အမျိုးသမီးသူရဲကောင်းနဲ့ရှိတာက ပိုကောင်းသည်။
စုရွမ်ရွမ် သူမခေါင်းကိုမြင့်လိုက်ပြီး သပျစ်နွယ်ပင်ကို ကြည့်လိုက်ကာ သူ့လက်ကို တစ်ကိုက်ကိုင်ကမလား၊ မကိုက်ကမလား တွေးနေလေ၏။
🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️🌿☘️
🍁 Zawgyi 🍁
"ဒီလူတွေကကော?"
...နှစ်ရက်အကြာတွင် နီးယန်က လူတိုင်းကို အ‌‌ခြေစိုက်စခန်းသို့ ဦးဆောင်ခေါ်သွားသည်။
နီးယန်နှင့် အခြားသူများမှာ  တုံးအစွာ အခြေစိုက်စခန်းထဲသို့ ထိုကားကို ဣန္ဒေမြပျက် မောင်းနှင်သွားလိမ့်မည် မဟုတ်ပေ။
သူသေသွားပြီ။
အာ...နှမြောစရာဘဲ။
Continue Reading
You'll Also Like
470K 40.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
384K 63.2K 105
ဝတ္ထုပေါင်း ဇာတ်​လမ်းပေါင်း မြောက်​များစွာကနေ ဖြစ်​ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်​လို့ စိတ်​ကူးကြည့်​ပါလား။ သင်​သာဆိုရင်​ ဘယ်​ဇာတ်​ရုပ...
76.1K 10.6K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
402K 26.1K 146
The Villainess Female Supporting Character raising her bun