ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...
By LEAF277
327K 45.6K 2K
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More
Description
/1/ Edited
/1/အဆက် edited
~2~
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)
/2/အဆက်
5.3K 686 15
By LEAF277
🍁 Unicode 🍁
နီးယန် သူတို့အား လုံးဝ ကယ်မသွားချင်ပါ။
ဒါပေမယ့် အမျိုးသားက ရုတ်တရတ် စကားပြောလာမယ်လို့ မမျှော်လင့်ထားပေ။"ကျွန်တော့်မှာ ထောက်အပံ့ထားလို့ရတဲ့ နေရာလွတ်တစ်ခု ရှိတယ်။"
နီးယန် ခဏရပ်သွားပြီးနောက် ကားတံခါးအား စောင့်ပိတ်လိုက်သည်။
"ကားထဲဝင်"လုရှီမင် ကစုရွမ်ရွမ် အား ဖက်ထားပြီး ဖြည်းညင်းစွာဘဲ ကားထဲဝင်လိုက်သည်။မသိရင် သူတို့နှစ်ယောက် အဝေးကို ထွက်သွားပြီလို့ ထင်လိမ့်မည်။
"နင်တို့ မြန်မြန်လုပ်"
ကြမ်းတမ်းတဲ့ အမျိုးသမီးသူရဲကောင်း အွန်လိုင်းတက်လာသည်။
စုရွမ်ရွမ်က ချက်ချင်း ကားထဲဝင်လိုက်သည်။
"ကျွန်မတို့ ဘယ်လိုထွက်မှာလဲ"
စုရွမ်ရွမ်က နူးညံ့စွာ မတ်မတ်ထိုင်လိုက်ပြီး သူမ၏ လှပပြီး သေးငယ်သော မျက်နှာအား မြင့်လိုက်ကာ ကားပြတင်းပေါက်ဘေး အပြင်ဘက်တွင် လှဲလျောင်းနေသော ဇွန်ဘီများနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။
"ငါ့မှာ နည်းလမ်းရှိတယ်"နီးယန် က ဘယ်ကမှန်းမသိ ထုတ်လာသော စပီကာကြီးတစ်ခုအား ရှေ့သို့ ပစ်ချလိုက်သည်။
စပီကာကြီးမှာ မြေပြင်နှင့်ရိုက်မိပြီး အသံများ ပွင့်လာသည်။
"မားမာ၊ ချိုတဲ့အာလူးပြုပ် စားချင်လား~အတုံးကြီးကြီးလေးတွေ တုံးပြီ စားမယ်! အရသာရှိတယ် ~ချိုတယ် ~ချိုတဲ့ အားလူးပြုပ်~~"
ဇွန်ဘီတွေက ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။
ချိုတဲ့အားလူးပြုပ်အတွက် သူတို့မှာ ပျော့ကွက် ရှိပုံရသည်။ ဟွန်းပတ်ပတ်လည်မှ ဇွန်ဘီအုပ်ကြီးသည် အပြင်းအထန် ဆွဲလွဲကြတော့သည်။
ရုတ်တရတ် ဇွန်ဘီများ မရှိတော့သော ကုန်လှောင်ရုံအား ကြည့်နေသည့် စုရွမ်ရွမ်: ဝမ်းနည်းစရာဘဲ။
နီးယန် ရှင်းပြသည်:"ဇွန်ဘီတွေက အမြင်အာရုံ မကောင်းဘူး။သူတို့်က အကြားအာရုံ တစ်ခုတည်းပေါ်မှာဘဲ မှီခိုအားထားတာ။ပြီးတော့ သူတို့ သားကောင်ရဲ့ အနံ့ကိုလည်း ခွဲခြားနိုင်တယ်"
စကားပြောပြီးနောက် နီးယန် နောက်သို့ လှည့်ကြည့်လိုက်သည်။အိမ်ရှင်၏ မျက်လုံးအကြည့်များက ပြောနေသည်မှာ သူမ အထင်သေးခံနေရသည်ဟု စုရွမ်ရွမ် ထင်မိသည်။
"အားနည်းတဲ့ ကြက်ပေါက်လေးနှစ်ကောင် နားလည်လား"
"မင်းမှာ နေရာလွတ် ဘယ်လောက်ရှိလဲ?ပစ္စည်း ဘယ်လောက်များများ ထားနိုင်လဲ?"
ကားမောင်းနေစဉ်မှာဘဲ နီးယန် က လုရှီမင် အားမေးလိုက်သည်။
"မကြီးပါဘူး၊၂၀စတုရန်းမီတာ"
လိမ်တယ်၊သူ လိမ်တယ်!
သူရဲ့ နိဗ္ဗာန်ဘုံနေရာက အကန့်အသတ်မရှိ ချဲ့နိုင်တယ်။
စုရွမ်ရွမ် မျက်လုံးများ လိမ့်လိုက်ကာ သူမ စကားမပြောမိစေရန် သူမ၏ ပါးစပ်ကို ကားထားဖို့ကြိုးစားလိုက်ပြီး သူမ မျက်လုံးများနီရဲနေသည်။
လုရှီမင် ပြောသည်"ကိုယ် တောင်းပန်ပါတယ် ရွမ်ရွမ်၊ကိုယ် ဒီအကြောင်း မင်းကို အရင်မပြောခဲ့ဘူး "
ထို့နောက် အမျိုးသားက လက်ထုတ်လိုက်ပြီး သူမအား ဖက်လာသည်။စုရွမ်ရွမ် သူ့ကျောပိုးအိတ်ထဲမှ ပုစိန်အား တိုက်မိပြီး အားလျော့ကာ ခေါင်းငိုက်စိုက်ကျသွားသည်။
"ရွမ်ရွမ်၊ ကိုယ်မင်းကို ကာကွယ်မှာပါ"
စုရွမ်ရွမ် ပိုပြီးတော့တောင် အင်အားကုန်ခမ်းလာသည်။
"မင်းက....."
နီးယန် ခဏရပ်လိုက်သည်။
"သူမက ကျွန်တော့် ကောင်မလေးပါ"
လုရှီမင်၏ဖြူသော မျက်နှာတွင် ရှက်ရွံ့မှုကြောင့်အနီရောင်သန်းနေသည်။
စုရွမ်ရွမ် မင်သက်သွားသည်။
ဒီအစ်ကိုကြီးက အော်စကာဆုရဖို့် ဆန္ဒရှိနေတာလား။
"ငါက အခြေဆိုက်စခန်းကိုသွားမှာ၊မင်တို့ကော?"
"ကျွန်တော်တို့လည်း အခြေဆိုက်စခန်းကိုသွားမှာ "လုရှီမင် ပြောလိုက်သည်။
နီးယန် တွေးဆလိုက်ပြီး "ဒီနားက အခြေစိုက်စခန်းက ပစ္စည်းတွေအားလုံး စုစောင်းတယ်၊ ငါ့မှာက ရှစ်ခု မင်းတို့မှာက နှစ်ခု ရှိတယ်၊အခြေစိုက်စခန်းရောက်ရင် ငါမင်းတို့ကို ကာကွယ်မှာပါ"
စုရွမ်ရွမ် နူးညံ့စွာ သူမလည်တိုက်အား ဆန့်လိုက်ပြီး ရှေ့မှထိုင်ခုံနှစ်ခုကြားသို့ တိုးဝင်ကာ တည်ကြည်လေးနက်စွာ စွပ်စွဲလိုက်သည်။
"ရှင်က အရမ်းဆိုးလိုက်တာ"
"ဟမ့်"
အိမ်ရှင်က သရော်ပြုံး ပြုံးလိုက်သည်။
မကြာမီတွင် ကားအားလှည့်လိုက်သောအခါ မောင်းနှင်သည့်ဘီးနှင့် တိုက်မိသွားပြီး စုရွမ်ရွမ် ၏ ထိခိုက်လွယ်သော လည်ပင်းမှာ ဖြောက်နဲမြည်သံ ကြားလိုက်ရသည်။
ချက်ချင်းဘဲ သူမ ဝမ်းပန်းတနည်းငိုပြီး လုရှီမင် အား တိုင်တန်းလိုက်သည်။
" သူမ ကျွန်မကို အနိုင်ကျင့်တယ်"
လုရှီမင် သည် ဝမ်းနည်း စိတ်မကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး "စိတ်မကောင်းပါဘူး ရွမ်ရွမ်၊ ကိုယ် သူမကို မရိုက်နိုင်ဘူး"
စုရွမ်ရွမ် ပိုပြီးတော့တောင် ဝမ်းနည်းစရာကောင်းစွာ ငိုလေတော့သည်။
ရှင်လိမ်တယ်။
လုရှီမင် က မှော်ရေကန်မှရေအား ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားလည်သဘောပေါက်ပြီး ဖြစ်သည်။လျှို့ဝှက်စွာဘဲ မှော်ရေကန်၏အကူညီဖြင့် သူ့ ကိုယ်ခန္တာအား အချိန်အတော်ကြာတည်းက လေ့ကျင့်ပြီးဖြစ်သည်။
ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများဖြင့် ကြီးပြင်းလာသော အမျိုးသမီးဇာတ်လိုက် နီးယန် တောင်မှဘဲ လက်သီးနှင့် ခြေကန်ချက်များတွင် သူ၏ပြိုင်ဘက် မဟုတ်ချေ။
စုရွမ်ရွမ် မကူညီနိုင်ပေမယ့် သက်ပြင်းချလိုက်သည်။ဤသည်မှာ ဇာတ်လိုက်၏ ရောင်ဝါ ဖြစ်သည်။ အားနည်းတဲ့ကြက်ကလေးဘဲ ဖြစ်နေနေ အမှန်တကယ်ကို လက်သီးတစ်ချက်တည်းဖြင့် အမျိုးသမီးသူရဲကောင်းအား သတ်နိုင်သည်။
နီးယန် စိတ်မရှည်စွာ ပြောလိုက်သည် "ဘယ်လိုလဲ ?"
လုရှီမင် ခေါင်းငြိမ့်လိုက်ပြီး"အဆင်ပြေတယ်"
ဤနည်းဖြင့် စုရွမ်ရွမ် ၏ ဝမ်းနည်းဖွယ်ရာ ငိုကြွေးသံများကြားမှ ဇာတ်လိုက်နှစ်ဦး သဘောတူညီမှု ရရှိသွားသည်။
space မှာ ၂၀ စတုရန်းမီတာသာ ရှိသော်လည်း ပစ္စည်းအများကြီး ထားနိုင်သေးသည်။
လုရှီမင် ၏ တည်ရှိမှုအား လက်ခံခဲ့ပြီးနောက် နီးယန် ၏အကြည့်မှာ စုရွမ်ရွမ် ပေါ်သို့ ကျရောက်သွားသည်။
တကယ့်ကို အသုံးမဝင်ဘူး။
စုရွမ်ရွမ်:???ရှင့်ရဲ့မျက်လုံးတွေ ကျွန်မကို အရမ်းသဘောမကျဖြစ်နေတယ်လို့ ကျွန်မ ထင်နေတယ်။
_____
နီးယန်က စကားနည်းသူဖြစ်သည်။
လုရှီမင်ကလည်း စကားများသူ မဟုတ်ပေ။
ဤ အခြေအနေတွင် စုရွမ်ရွမ် တိတ်တဆိတ် စိတ်သောကရောက်နေပြီး လုံးဝ စကားမပြောချင်ပေ။
နာရီဝက်လောက်ကြာသောအခါ နီးယန် မျက်မှောင်ကြုံ့ပြီး ပြောလာသည်။
"အခု ငါ့ကား တိုက်မိသွားပြီ"
လုရှီမင် ခဏ တိတ်ဆိတ်နေပြီး "ကျွန်တော့် သူငယ်ချင်းအိမ် ဒီနားမှာရှိတယ်၊သူ့မှာ ကားအများကြီး ရှိတယ်"
နီးယန် :သူက ယုံရရဲ့လား၊
လုရှီမင် သိမ်မွေ့သော အကြည့်ဖြင့် ကြည့်နေဆဲဖြစ်သည်။သူပြုံးလိုက်ပြီး"အင်း"
______
ထို ယုံကြည်ရသော သူငယ်ချင်းမှာ ကျန်းကျစ်ဟောင် ဟုခေါ်သည်။လုရှီမင်၏ မိဘများသေဆုံးပြီးနောက် အတူကြီးပြင်းလာသော ညီကိုကောင်း တစ်ယောက်ဖြစ်သည်။
လုရှီမင်၊ သူ၏ အရင်ဘဝတွင် လူငယ်မှာ ဖြောင့်မတ်သော လူကောင်းတစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။
လုရှီမင်က ထိုလူငယ်အား အများကြီး ယုံကြည်ခဲ့ပြီး စုရွမ်ရွမ် နှင့် အပြေးအလွှားသွားခဲ့သည်။
ဇာတ်ကြောင်းအရ ကျန်းကျစ်ဟောင်က ထိုအချိန်တွင် တိုက်ဆိုင်စွာဘဲ ကမ္ဘာမြေဒြပ်စင်စွမ်းအား ရရှိပြီးချိန်ဖြစ်သည်။လုရှီမင်က သူ့ ညီအစ်ကို အတွက် ပျော်ရွှင်နေပေမယ့်လည်း ထို ညီအစ်ကိုမှာ သူ့အတွက် သူ့အမေထားခဲ့သော အမွေပစ္စည်းအား ခိုးယူလိမ့်မည်ဟုတော့ သူမသိခဲ့ပေ။space ကို သာမက သူ့ချစ်သူမိန်းကလေးကိုပါလုယူခဲ့သည်။
"ငါ စိတ်ကုန်လိုက်တာ၊ ဘာကြောင့် မင်းက ငါ့ထက်ပိုကောင်းရတာလဲ?မင်းက ငါထက်ပိုကြည့်ကောင်းတယ်၊ငါ့ထက်လည်း ပိုကျော်ကြားတယ်၊စုရွမ်ရွမ်တောင်မှ မင်းနောက်ကိုလိုက်တယ်"
အမှန်တကယ်က စုရွမ်ရွမ်မှာ သူမကိုယ်တိုင် ဝန်ခံဖွင့်ပြောခဲ့တာ ဖြစ်ပေမယ့် ကျန်းကျစ်ဟောင်၏ မျက်လုံးထဲတွင် ခြားနားမှုမရှိပေ။
ဒီနေရာတွင် ဥပဒေစနစ်မရှိသောကြောင့် ကျန်းကျစ်ဟောင်က ဒီကမ္ဘာပျက်ကပ်ကို အလွန်သဘောကျသည်။၎င်းမှာ အပျိုစင်သစ်တောတစ်ခုနှင့်တူသည်။
အင်အားကြီးသူများကို လေးစားကြသည်။
မင်းမှာသာ စွမ်းအားရှိနေသ၍ မင်းက ဒီကမ္ဘာကြီး၏ အရှင်သခင် ဖြစ်လာနိုင်သည်။ကျန်းကျစ်ဟောင် စွမ်းအားရရှိပြီးနောက် ချက်ချင်းဘဲ လုရှီမင်၏ ရှေ့တွင် သူ၏မျက်နှာဖုံးအားခွာချလိုက်ကာ မာနထောင်လွှားသည့် သူ့မျက်နှာအား ပြသလိုက်သည်။
လုရှီမင်မှာ ၎င်းကို ကြံ့ကြံ့ခံ သည်းခံခဲ့ရသည်။
နောက်တော့ ကျန်းကျစ်ဟောင်မှာ စုရွမ်ရွမ် အကြောင်းတွေးမိသွားပြီး သူမကို ခေါ်သွားဖို့် ရည်ရွယ်လိုက်သည်။
လုရှီမင်က စုရွမ်ရွမ်အား အပြင်ခေါ်ထုတ်ရန် ကြိုးပမ်းအားထုတ်မှုများ မရှိခဲ့ပါက၊ငါ(🍀:MC)ကြောက်တာက စုရွမ်ရွမ် အခြေစိုက်စခန်းရောက်ရင် အသက်ရှင်လိမ့်မှာ မဟုတ်ဘူး။
ဒါပေါ့၊စုရွမ်ရွမ်မှာ လုရှီမင်၏ ကာကွယ်မှုအား ဆုံးရှုံးသွားသောအခါ အခြေစိုက်စခန်းတွင် ကောင်းကောင်း မရှင်သန်နိုင်ပေ။
သူမမှာ နောက်ဆုံးချိန်ထိလှပနေပြီး အလှလေးများနှင့် စွမ်းရည်မရှိသော အမျိုးသမီးများမှာ ကစားစရာလေးများသာ ဖြစ်နိုင်သည်။
စုရွမ်ရွမ် (🍀:MC)သက်ပြင်းချလိုက်ကာ သူမ၏ လည်တိုင်အား ကိုင်လိုက်သည်။ ဒီကမ္ဘာကြီးမှာ သူမအဖို့ တကယ့်ကို ရက်စက်လွန်းသည်။
_______
ကျန်းကျစ်ဟောင် အိမ်သို့ရောက်သောအခါ ကားမှာ အငွေ့များ ထွက်လာသည်။
ကျန်းကျစ်ဟောင် အိမ်မှာ တံခါးပေါက် တစ်ခုရှိသော ဗီလာဖြစ်သည်။
ခြံဝန်းထဲတွင် ထူးဆန်းသော လမ်းကြောင်းသုံးခုရှိနေပြီး ရှင်းပြ၍မရနိုင်သော မြေကြီးနံရံများ မြေပြင်မှအပေါ်သို့ မြင့်တက်နေသည်။
တံတိုင်းမှာ အထူးကောင်းမွန်နေပြီး ထူးဆန်းသော တစ်စုံတစ်ခုရှိတယ်ဆိုတာ ထင်ရှားပေါ်လွင်နေသည်။
တံခါးအားမခေါက်မီ နီးယန်က ညစ်ပေနေသောနံရံအား ဆန်းကြယ်သောအမြင်ဖြင့် တစ်မိနစ်လောက်ကြည့်လိုက်ပြီး ပြောလိုက်သည် "ငါ အကြံပေးလိုက်မယ်၊ မင်းမှာ space ရှိနေတာ ဘယ်သူ့ကိုမှ မပြောနဲ့"
လုရှီမင်: ဘာကြောင့်လဲ။
နီးယန် နှာမှုတ်လိုက်သည်။ဒီလူနှစ်ယောက်က ကမ္ဘာပျက်ကပ်နေ့များ၏ ရက်စက်မှုများအား မသိဘဲ သနားစရာကောင်းလောက်အောင် ရိုးအ နုံချာနေဆဲဖြစ်သည်။
"တစ်ခါတစ်လေ လူသားတွေရဲ့နှလုံးသားက ဇွန်ဘီတွေထက် ပိုကြောက်ဖို့ကောင်းတယ်"
စုရွမ်ရွမ် အပြင်းအထန် ခေါင်းညိတ်လိုက်သည်။
အိမ်ရှင် ရှင့်မျက်လုံးတွေကိုဖွင့်ပြီး သေချာကြည့်ပါ ၊သူမဘေးကတစ်ယောက်ကမှ အဆုံးစွန် ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့သူဘဲ။
လုရှီမင် စဉ်းစားလိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည် "ကောင်းပြီ" သူစကားပြောပြီးနောက် စုရွမ်ရွမ် အားကြည့်လိုက်သည်။"ရွမ်ရွမ်၊ဒီအကြောင်းကို လျှို့ဝှက်ထားသင့်လား"
စုရွမ်ရွမ် တုန်လှုပ်သွားပြီး သူမကိုလာထိနေသည့် လုရှီမင်၏ ကျောပိုးအိတ်အား အဝေးကို တွန်းလိုက်သည်။
ရည်ရွယ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အထဲမှာပုစိန်သည် သူမ မျက်နှာအား လာဖိနေသည်။
အစားအစာနှင့် ရေ ကင်းမဲ့မှုကြောင့် စုရွမ်ရွမ် ၏ ကိုယ်ခန္တာမှာ ပကတိမျက်လုံးနှင့်မြင်နိုင်သည်အထိ လျှင်လျှင်မြန်မြန် ပိန်လာသည်။
လုရှီမင်၊သူမ၏ ပိန်ပါးသောခါးအား လက်တစ်ဖက်တည်းဖြင့် ကိုင်နိုင်သည်။သို့ရာတွင် သူမ၏မျက်နှာပေါ်တွင် ကလေးအဆီများရှိနေဆဲဖြစ်သည်။
သူ သူမ၏ပါးမို့်အား နူးညံ့စွာတို့လိုက်သည်။
သူမ၏ ပါဖောင်းဖောင်းလေးများနှင့် ကြီးမားပြီး အရည်လဲ့နေသော မျက်ဝန်းများမှာ မှီခိုအားထားစရာနေရာမရှိသော သနားစရာကောင်းသည့် ချည့်နဲ့သော ပန်းလေးတစ်ပွင့်နှင့် တူနေသည်။
"အဲဒါကို လျှို့ဝှက်ထားဖို့ ကျွန်မ အာမခံပါတယ်"စုရွမ်ရွမ် မပိတ်ထားသော ကျောပိုးအိတ် အပေါက်သေးသေးလေးထဲမှ ပုစိန်ထောင့်စွန်းအား ထုတ်ဖော်ထားသည်ကို မြင်လိုက်သည်။
အဲ့ဒါရည်ရွယ်ချက် ရှိ‌တာလား၊ရည်ရွယ်ချက်ရှိတာဘဲ ဖြစ်ရမယ်။
အဲဒါ ခြိမ်းခြောက်နေတာ ၊ခြိမ်းခြောက်နေတာဘဲ ဖြစ်ရမယ်။
"ရွမ်ရွမ်က အရမ်းလိမ္မာတာဘဲ"
ကျေးဇူးပြုပြီး ရှင့်ပုစိန်ကြီးကို အဝေးမှာ မထားနိုင်ဘူးလား။
သူမ မူးနောက်နေပြီ‌လေ ။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
🍁 Zawgyi 🍁
"နင်တို့ မြန်မြန်လုပ်"
လိမ်တယ်၊သူ လိမ်တယ်!
"မင်းက....."
နီးယန် ခဏရပ်လိုက်သည်။
"ဟမ့်"
ရှင်လိမ်တယ်။
_____
နီးယန် :သူက ယုံရရဲ့လား၊
______
_______
လုရှီမင်: ဘာကြောင့်လဲ။
သူမ မူးနောက်နေပြီ‌လေ ။
Continue Reading
You'll Also Like
31.8K 2.1K 12
ခင်ဗျား Alpha ဆိုလဲ ကျုပ်က တက်ချမှာပဲ warning
290K 22.2K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
336K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
311K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...