🍁 Unicode 🍁
ပထမအကြိမ် စုရွမ်ရွမ် မသေခဲ့သော်လည်း သူမမှာ အခွင့်အရေးအများကြီး ရှိနေဆဲဆိုတာ စုရွမ်ရွမ် သိသည်။
မင်းကြည့်၊ အင်အားကြီးတဲ့ ဇွန်ဘီတွေက လက်သီးတစ်ချက်တည်းဖြင့် သူမ၏ခေါင်းကို ဖြိုခွဲနိုင်သည်။
မင်းကြည့်၊ ကောက်ကွေးနိုင်ပြီး ပြောင်းလဲနိုင်တဲ့ ဇွန်ဘီတွေက ကန်ချက်တစ်ခုတည်းဖြင့် သူမကို သေအောင်ကန်နိုင်သည်။
စုရွမ်ရွမ် တံခါးရှေ့မှာ ရပ်နေခဲ့ကာ နာရီဝက်လောက် လေ့လာနေခဲ့ပြီး အရမ်းကျေနပ်နေခဲ့သည်။သူမ သူတို့ကို အသိဉာဏ်မရှိ နှင့် ပျော်ရွှင်မှုမရှိဟု နာမည်ပေးလိုက်သည်။ထို့နောက် လုရှီမင်၏ ဖမ်းခြင်းခံလိုက်ရပြီး သူမအား အိပ်ရန် အိပ်ယာပေါ်၌ သွားထားလိုက်သည်။
ဇာတ်လိုက်သည် သူမကိုပွေ့ဖက်ပြီး ဂရုတစိုက်ပဲ စောင်ခြုံပေးခဲ့သည်။စုရွမ်ရွမ် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားပြီးနောက် အိပ်ပျော်သွားလေသည်။
အမှောင်ထဲ၌ အမျိုးသားဟာ သူ့မျက်လုံးတွေ ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး စုရွမ်ရွမ် မျက်နှာပေါ်သို့ စူးစိုက်ကြည့်နေခဲ့သည်။
သူမက ဘယ်လိုဘဲကြည့်ကြည့် ဖြူစင်ပြီး အန္တာရာယ်ကင်းမဲ့နေကာ တခြားသူများနှင့်သာ ရှင်သန်ကြီးထွားနိုင်သည့် အင်အားချည့်နဲ့သည့်ပန်းလေးနှင့် တူလေသည်။နည်းဆုံးတော့ လုရှီမင် အရင်ဘဝတွင် အဲ့လိုတွေးခဲ့သည်။
သူ သူမကို ကာကွယ်ခဲ့ပြီး အခြေစိုက်စခန်းသို့ ပို့ပေးခဲ့သည်။ထို့နောက် အခြေစိုက်စခန်း ရှေ့တွင် သူမက သူ့ကို ဇွန်ဘီအုပ်ထဲသို့ တွန်းချခဲ့သည်။
ထိုပန်းလေးမှာ အင်အားချည့်နဲ့သည့် အဆိပ်ပန်းဆိုတာ သူသာလျှင် သိလေသည်။
တကယ်တော့ သူ သူမကို ကြိုက်တယ်ဟုပြောလျှင်လည်း သူ သူမကို စိတ်မဝင်စားပေ။သူမ၏ မျက်နှာကိုသာလျှင် ကြိုက်တာဖြစ်နိုင်သည်။
သူ သူမ၏သရုပ်ကို နားလည်သဘောပေါက်သောကြောင့် လုံးဝကို စိတ်ဝင်စားမှု ဆုံးရှုံးသွားသည်။
သူ့ကို ဇွန်ဘီအုပ်ထဲတွန်းချဖို့ သူမ ပြက်ပြက်သားသား ရှိလိမ့်မည်လို့တော့ သူ မမျှော်လင့်ထားပေ။
မကျေမနပ်ပြောရန်လည်း သူ့မှာမရှိပါ။သူနိုးလာသောအခါ သူမမျက်နှာကို မြင်တာတောင်မှ သူ့မှာ မည့်သည့်စိတ်ဝင်စားမှုမှ မရှိပေ။
လုရှီမင်က မူလတည်းက စိတ်ခံစားချက် ကင်းမဲ့သူတစ်ယောက် ဖြစ်သည်။သူ၏ နက်ရှိုင်းသော အရိုးထဲမှာကို သူက ကွဲပြားခြားနားသူတစ်ယောက် ဖြစ်သည်။
လူတိုင်းက သူ့အား ပထမဆုံးမြင်သောအခါ သူက လူကြီးလူကောင်းဆန်သူ၊ ကြင်နာတက်သူ၊ ငြိမ်းချမ်းသော လူကောင်းတစ်ယောက်ဟု သူတို့ တွေးကြလိမ့်မည်။
သို့သော်လည်း သူအရိုးထဲမှ စိတ်ခံစားချက် ကင်းမဲ့မှုများကို သူသာလျှင် သိသည်။
အမှောင်ထဲ၌ အမျိုးသား၏လက်များမှာ စုရွမ်ရွမ်၏ လည်တိုင်ပေါ်သို့ ဖြည်းဖြည်းချင်း ရွေ့သွားသည်။
မိန်းကလေး၏လည်တိုင်မှာ ဖြူဖျော့ပြီး သွယ်လျနေသည်။သူ့လက်မှာ လည်တိုင်တစ်လျှောက်ရွေ့သွားပြီး ၎င်းမှာ ခေါင်းဖျက်ကွက်မျက်တော့မည့် ဇွန်ဘီတစ်ကောင်နှင့် တူနေသည်။
လုရှီမင်က မည့်သည့်အရာမှ မလုပ်ပေ။သူ့အိမ်မွေးကောင်လေးအား ဆိတ်ဆွဲသကဲ့သို့ လည်တိုင်အား ညင်သာစွာ ဆိတ်ဆွဲလိုက်သည်။
လုရှီမင် ဒီလိုတွေးခဲ့သည်။သူမကို လွယ်လွယ်သေစေတာက ငြီးငွေ့စရာဘဲ မဟုတ်ဘူးလား။
သူမ ကောင်းကောင်း အသက်ရှင်ပြီး ကမ္ဘာပျက်ကပ်နေ့များ၏ ရက်စက်မှုများနှင့် စိတ်အားငယ်မှုများကို ခံစားရအုံးမည်။
နောက်တစ်နေ့မှတော့ စုရွမ်ရွမ်ဟာ အိပ်ယာပေါ်မှ လန်းဆန်းစွာ ခွန်အားအပြည့်ဖြင့် တွားသွားထွက်လာပြီး အပြင်ဘက်မှ ဇွန်ဘီများအား ဆက်ကြည့်နေသည်။ထို့နောက် သူမ မနေ့ကမြင်သော ဇွန်ဘီနှစ်ကောင် သွားပြီဆိုတာ တွေ့ခဲ့သည်။
"ရွမ်၊သွားရမယ့် အချိန်ဘဲ"
အမျိုးသားက သိသိသာသာကို အေးစက်နေပေမယ့် သူ့တွင် နူးညံ့သောမျက်ဝန်းတစ်စုံ ရှိလေသည်။သူရယ်လိုက်သောအခါ ထိုမျက်ဝန်းများမှာ ချစ်စိတ်ပြင်းပြပြီး ခန့်ညားနေသည်။
"ရွမ်၊ ကိုယ်တို့မှာ ရေတစ်ဘူးဘဲ ကျန်တော့တယ်၊ဒီနားမှာ စူပါမားကပ် ရှိပုံရတယ်၊ အထဲကိုသွားပြီး အထောက်အပံ့တချို့ ယူရအောင်"သူက စိုးရိမ်နေသလိုမျိုး မျက်မှောင်ကျုံ့လိုက်သည်။
စုရွမ်ရွမ်သာ အမှန်ကိုမသိဘူးဆိုလျှင် သူပြောတာကို ယုံမိလိမ့်မည်။
ထို့ကြောင့် သူမကသာ ဝေဒနာခံစားရမည့် တစ်ယောက်ဖြစ်သည်။
သူ ယူလာသော လျှပ်စစ်ဆိုင်ကယ်ကို မြင်တော့ သူမ ပဟေဠိဖြစ်မိသည်။သူ အဲဒါကို ဘယ်ကရတာပါလိမ့်။
"ကွန်မတို့မှာ ကားမရှိဘူးလား"
"တောင်းပန်ပါတယ် ရွမ်၊ကိုယ် ကားမမောင်းနိုင်ဘူး"
ကောင်းပြီ၊သူမ အဲဒါကို ယုံလိုက်မယ်။
စုရွမ်ရွမ် တိတ်ဆိတ်စွာဘဲ သူရဲကောင်း၏ ချစ်လှစွာသော ဆိုင်ကယ်ပေါ်တွင် ထိုင်လိုက်သည်။
လုရှီမင်က ရှေ့မှာထိုင်ပြီး ဆိုင်ကယ်လေးအား တီ တီ ဟု အသံနှစ်ချက်မြည်အောင် လုပ်လိုက်သည်နှင့် အပြင်ဘက်မှ ဇွန်ဘီများသည် သူတို့၏ ခေါင်းအား စောင်းပြီး လှည့်လာသည်။
စုရွမ်ရွမ် အရမ်းအန္တာရာယ်ရှိသည်ဟု ခံစားနေရသည်။
သူမအကြံပြုလိုက်သည်:ကျွန်မတို့ ဆိုင်ကယ်ဦးထုပ်စောင်းရင် မကောင်းဘူးလား။
လုရှီမင်:ကောင်းပြီ။
ဇွန်ဘီများတွင် အမြင်အာရုံမရှိပေ။
သူတို့က အသံကြားရာသို့ ရွေ့လျားကြသည်။
မူလတုန်းက စုရွမ်ရွမ်ဟာ ဆိုင်ကယ်ပေါ်တွင် ထိုင်လျှင် သူမ သေလိမ့်မည်ဟု တွေးနေခဲ့သည်။
မမျှော်လင့်ထားဘဲ ဒီဇွန်ဘီများသည် မျက်မမြင်လူများနှင့်တူပြီး သူမတို့အား လုံးဝ မမြင်ရပေ။ဒါ့ပြင် သူတို့်၏ ရွေ့လျားမှုကတောင် ပင်လယ်လိပ်လို အလျှင်ဘဲ ရှိသည်။
စုရွမ်ရွမ်: ဟင်း(သက်ပြင်းချသံ)
သူမ ထူးဆန်းတာ ရှာတွေ့ခဲ့သည်။သူမ မနေ့က လမ်းပေါ်တွင် သနားကောင်းစွာ သေကြောင်းကြံရန် ဇွန်ဘီနှစ်ကောင် ရှာဖွေထားခဲ့ပြီး ထိုဇွန်ဘီများမှာ ပုဆိန်တစ်လက်၏ ခုတ်ပိုင်းခြင်း ခံထားရသည်။ ဒီဇွန်ဘီများသည် မနေ့က လှည့်လှည်သွားလာနေတုန်းက မျက်လုံးမကန်းပေမယ့် ကြောက်ဖို့ကောင်းသည်။
မနေ့တုန်းက ဒီလူ၊ သူမအိပ်ပျော်နေတုန်း လမ်းတစ်ခုလုံးမှ ဇွန်ဘီများအား ရှင်းလင်းခဲ့သည်။
စုရွမ်ရွမ် တံတွေးခက်ခက်ခဲခဲ မျိုချလိုက်၏။
စုရွမ်ရွမ် ရုတ်တရုတ် 'မူလ စုရွမ်ရွမ်'၏ သေဆုံးခြင်းအား သတိရမိသည်။သူမက ချက်ချင်း မသေခဲ့ပေမယ့် အသက်ရှင်လျက် ခုတ်ပိုင်းခြင်း ခံခဲ့ရသည်။
ပထမဆုံး ခြေထောက်၊နောက်တော့ လက်တွေ......... နောက်ဆုံး ခေါင်း......။
၎င်းသည် ရှင်းလင်းသေသပ်မှု မရှိသော ဆိုးရွားရက်စက်သည့် သေဆုံးခြင်းဖြစ်သည်။
အားးးး၊သူမ အိမ်ပြန်ချင်တယ်။
စုရွမ်ရွမ် အထိတ်တလန့်နှင့် ငိုတော့သည်။
လုရှီမင် နှစ်သိမ့်လိုက်သည်။"ရွမ်၊ မကြောက်ပါနဲ့"
စုရွမ်ရွမ် ပိုပြီးတော့ ပြင်းပြင်းထန်ထန် ငိုလေတော့၏။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
🍁 Zawgyi 🍁
ပထမအႀကိမ္ စု႐ြမ္႐ြမ္ မေသခဲ့ေသာ္လည္း သူမမွာ အခြင့္အေရးအမ်ားႀကီး ရွိေနဆဲဆိုတာ စု႐ြမ္႐ြမ္ သိသည္။
မင္းၾကည့္၊ အင္အားႀကီးတဲ့ ဇြန္ဘီေတြက လက္သီးတစ္ခ်က္တည္းျဖင့္ သူမ၏ေခါင္းကို ၿဖိဳခြဲနိုင္သည္။
မင္းၾကည့္၊ ေကာက္ေကြးနိုင္ၿပီး ေျပာင္းလဲနိုင္တဲ့ ဇြန္ဘီေတြက ကန္ခ်က္တစ္ခုတည္းျဖင့္ သူမကို ေသေအာင္ကန္နိုင္သည္။
စု႐ြမ္႐ြမ္ တံခါးေရွ႕မွာ ရပ္ေနခဲ့ကာ နာရီဝက္ေလာက္ ေလ့လာေနခဲ့ၿပီး အရမ္းေက်နပ္ေနခဲ့သည္။သူမ သူတို႔ကို အသိဉာဏ္မရွိ ႏွင့္ ေပ်ာ္႐ႊင္မႈမရွိဟု နာမည္ေပးလိုက္သည္။ထို႔ေနာက္ လုရွီမင္၏ ဖမ္းျခင္းခံလိုက္ရၿပီး သူမအား အိပ္ရန္ အိပ္ယာေပၚ၌ သြားထားလိုက္သည္။
ဇာတ္လိုက္သည္ သူမကိုေပြ႕ဖက္ၿပီး ဂ႐ုတစိုက္ပဲ ေစာင္ၿခဳံေပးခဲ့သည္။စု႐ြမ္႐ြမ္ ေၾကာက္႐ြံ႕မႈေၾကာင့္ တုန္လႈပ္သြားၿပီးေနာက္ အိပ္ေပ်ာ္သြားေလသည္။
အေမွာင္ထဲ၌ အမ်ိဳးသားဟာ သူ႕မ်က္လုံးေတြ ျဖည္းျဖည္းခ်င္း ဖြင့္လိုက္ၿပီး စု႐ြမ္႐ြမ္ မ်က္ႏွာေပၚသို႔ စူးစိုက္ၾကည့္ေနခဲ့သည္။
သူမက ဘယ္လိုဘဲၾကည့္ၾကည့္ ျဖဴစင္ၿပီး အႏၲာရာယ္ကင္းမဲ့ေနကာ တျခားသူမ်ားႏွင့္သာ ရွင္သန္ႀကီးထြားနိုင္သည့္ အင္အားခ်ည့္နဲ႕သည့္ပန္းေလးႏွင့္ တူေလသည္။နည္းဆုံးေတာ့ လုရွီမင္ အရင္ဘဝတြင္ အဲ့လိုေတြးခဲ့သည္။
သူ သူမကို ကာကြယ္ခဲ့ၿပီး အေျခစိုက္စခန္းသို႔ ပို႔ေပးခဲ့သည္။ထို႔ေနာက္ အေျခစိုက္စခန္း ေရွ႕တြင္ သူမက သူ႕ကို ဇြန္ဘီအုပ္ထဲသို႔ တြန္းခ်ခဲ့သည္။
ထိုပန္းေလးမွာ အင္အားခ်ည့္နဲ႕သည့္ အဆိပ္ပန္းဆိုတာ သူသာလွ်င္ သိေလသည္။
တကယ္ေတာ့ သူ သူမကို ႀကိဳက္တယ္ဟုေျပာလွ်င္လည္း သူ သူမကို စိတ္မဝင္စားေပ။သူမ၏ မ်က္ႏွာကိုသာလွ်င္ ႀကိဳက္တာျဖစ္နိုင္သည္။
သူ သူမ၏သ႐ုပ္ကို နားလည္သေဘာေပါက္ေသာေၾကာင့္ လုံးဝကို စိတ္ဝင္စားမႈ ဆုံးရႈံးသြားသည္။
သူ႕ကို ဇြန္ဘီအုပ္ထဲတြန္းခ်ဖိဳ႕ သူမ ျပက္ျပက္သားသား ရွိလိမ့္မည္လို႔ေတာ့ သူ မေမွ်ာ္လင့္ထားေပ။
မေက်မနပ္ေျပာရန္လည္း သူ႕မွာမရွိပါ။သူနိုးလာေသာအခါ သူမမ်က္ႏွာကို ျမင္တာေတာင္မွ သူ႕မွာ မည့္သည့္စိတ္ဝင္စားမႈမွ မရွိေပ။
လုရွီမင္က မူလတည္းက စိတ္ခံစားခ်က္ ကင္းမဲ့သူတစ္ေယာက္ ျဖစ္သည္။သူ၏ နက္ရွိုင္းေသာ အရိုးထဲမွာကို သူက ကြဲျပားျခားနားသူတစ္ေယာက္ ျဖစ္သည္။
လူတိုင္းက သူ႕အား ပထမဆုံးျမင္ေသာအခါ သူက လူႀကီးလူေကာင္းဆန္သူ၊ ၾကင္နာတက္သူ၊ ၿငိမ္းခ်မ္းေသာ လူေကာင္းတစ္ေယာက္ဟု သူတို႔ ေတြးၾကလိမ့္မည္။
သို႔ေသာ္လည္း သူအရိုးထဲမွ စိတ္ခံစားခ်က္ ကင္းမဲ့မႈမ်ားကို သူသာလွ်င္ သိသည္။
အေမွာင္ထဲ၌ အမ်ိဳးသား၏လက္မ်ားမွာ စု႐ြမ္႐ြမ္၏ လည္တိုင္ေပၚသို႔ ျဖည္းျဖည္းခ်င္း ေ႐ြ႕သြားသည္။
မိန္းကေလး၏လည္တိုင္မွာ ျဖဴေဖ်ာ့ၿပီး သြယ္လ်ေနသည္။သူ႕လက္မွာ လည္တိုင္တစ္ေလွ်ာက္ေ႐ြ႕သြားၿပီး ၎မွာ ေခါင္းဖ်က္ကြက္မ်က္ေတာ့မည့္ ဇြန္ဘီတစ္ေကာင္ႏွင့္ တူေနသည္။
လုရွီမင္က မည့္သည့္အရာမွ မလုပ္ေပ။သူ႕အိမ္ေမြးေကာင္ေလးအား ဆိတ္ဆြဲသကဲ့သို႔ လည္တိုင္အား ညင္သာစြာ ဆိတ္ဆြဲလိုက္သည္။
လုရွီမင္ ဒီလိုေတြးခဲ့သည္။သူမကို လြယ္လြယ္ေသေစတာက ၿငီးေငြ႕စရာဘဲ မဟုတ္ဘူးလား။
သူမ ေကာင္းေကာင္း အသက္ရွင္ၿပီး ကမာၻပ်က္ကပ္ေန႕မ်ား၏ ရက္စက္မႈမ်ားႏွင့္ စိတ္အားငယ္မႈမ်ားကို ခံစားရအုံးမည္။
ေနာက္တစ္ေန႕မွေတာ့ စု႐ြမ္႐ြမ္ဟာ အိပ္ယာေပၚမွ လန္းဆန္းစြာ ခြန္အားအျပည့္ျဖင့္ တြားသြားထြက္လာၿပီး အျပင္ဘက္မွ ဇြန္ဘီမ်ားအား ဆက္ၾကည့္ေနသည္။ထို႔ေနာက္ သူမ မေန႕ကျမင္ေသာ ဇြန္ဘီႏွစ္ေကာင္ သြားၿပီဆိုတာ ေတြ႕ခဲ့သည္။
"႐ြမ္၊သြားရမယ့္ အခ်ိန္ဘဲ"
အမ်ိဳးသားက သိသိသာသာကို ေအးစက္ေနေပမယ့္ သူ႕တြင္ ႏူးညံ့ေသာမ်က္ဝန္းတစ္စုံ ရွိေလသည္။သူရယ္လိုက္ေသာအခါ ထိုမ်က္ဝန္းမ်ားမွာ ခ်စ္စိတ္ျပင္းျပၿပီး ခန႔္ညားေနသည္။
"႐ြမ္၊ ကိုယ္တို႔မွာ ေရတစ္ဘူးဘဲ က်န္ေတာ့တယ္၊ဒီနားမွာ စူပါမားကပ္ ရွိပုံရတယ္၊ အထဲကိုသြားၿပီး အေထာက္အပံ့တခ်ိဳ႕ ယူရေအာင္"သူက စိုးရိမ္ေနသလိုမ်ိဳး မ်က္ေမွာင္က်ဳံ႕လိုက္သည္။
စု႐ြမ္႐ြမ္သာ အမွန္ကိုမသိဘူးဆိုလွ်င္ သူေျပာတာကို ယုံမိလိမ့္မည္။
ထို႔ေၾကာင့္ သူမကသာ ေဝဒနာခံစားရမည့္ တစ္ေယာက္ျဖစ္သည္။
သူ ယူလာေသာ လွ်ပ္စစ္ဆိုင္ကယ္ကို ျမင္ေတာ့ သူမ ပေဟဠိျဖစ္မိသည္။သူ အဲဒါကို ဘယ္ကရတာပါလိမ့္။
"ကြန္မတို႔မွာ ကားမရွိဘူးလား"
"ေတာင္းပန္ပါတယ္ ႐ြမ္၊ကိုယ္ ကားမေမာင္းနိုင္ဘူး"
ေကာင္းၿပီ၊သူမ အဲဒါကို ယုံလိုက္မယ္။
စု႐ြမ္႐ြမ္ တိတ္ဆိတ္စြာဘဲ သူရဲေကာင္း၏ ခ်စ္လွစြာေသာ ဆိုင္ကယ္ေပၚတြင္ ထိုင္လိုက္သည္။
လုရွီမင္က ေရွ႕မွာထိုင္ၿပီး ဆိုင္ကယ္ေလးအား တီ တီ ဟု အသံႏွစ္ခ်က္ျမည္ေအာင္ လုပ္လိုက္သည္ႏွင့္ အျပင္ဘက္မွ ဇြန္ဘီမ်ားသည္ သူတို႔၏ ေခါင္းအား ေစာင္းၿပီး လွည့္လာသည္။
စု႐ြမ္႐ြမ္ အရမ္းအႏၲာရာယ္ရွိသည္ဟု ခံစားေနရသည္။
သူမအႀကံျပဳလိုက္သည္:ကြၽန္မတို႔ ဆိုင္ကယ္ဦးထုပ္ေစာင္းရင္ မေကာင္းဘူးလား။
လုရွီမင္:ေကာင္းၿပီ။
ဇြန္ဘီမ်ားတြင္ အျမင္အာ႐ုံမရွိေပ။
သူတို႔က အသံၾကားရာသို႔ ေ႐ြ႕လ်ားၾကသည္။
မူလတုန္းက စု႐ြမ္႐ြမ္ဟာ ဆိုင္ကယ္ေပၚတြင္ ထိုင္လွ်င္ သူမ ေသလိမ့္မည္ဟု ေတြးေနခဲ့သည္။
မေမွ်ာ္လင့္ထားဘဲ ဒီဇြန္ဘီမ်ားသည္ မ်က္မျမင္လူမ်ားႏွင့္တူၿပီး သူမတို႔အား လုံးဝ မျမင္ရေပ။ဒါ့ျပင္ သူတို႔္၏ ေ႐ြ႕လ်ားမႈကေတာင္ ပင္လယ္လိပ္လို အလွ်င္ဘဲ ရွိသည္။
စု႐ြမ္႐ြမ္: ဟင္း(သက္ျပင္းခ်သံ)
သူမ ထူးဆန္းတာ ရွာေတြ႕ခဲ့သည္။သူမ မေန႕က လမ္းေပၚတြင္ သနားေကာင္းစြာ ေသေၾကာင္းႀကံရန္ ဇြန္ဘီႏွစ္ေကာင္ ရွာေဖြထားခဲ့ၿပီး ထိုဇြန္ဘီမ်ားမွာ ပုဆိန္တစ္လက္၏ ခုတ္ပိုင္းျခင္း ခံထားရသည္။ ဒီဇြန္ဘီမ်ားသည္ မေန႕က လွည့္လွည္သြားလာေနတုန္းက မ်က္လုံးမကန္းေပမယ့္ ေၾကာက္ဖို႔ေကာင္းသည္။
မေန႕တုန္းက ဒီလူ၊ သူမအိပ္ေပ်ာ္ေနတုန္း လမ္းတစ္ခုလုံးမွ ဇြန္ဘီမ်ားအား ရွင္းလင္းခဲ့သည္။
စု႐ြမ္႐ြမ္ တံေတြးခက္ခက္ခဲခဲ မ်ိဳခ်လိဳက္၏။
စု႐ြမ္႐ြမ္ ႐ုတ္တ႐ုတ္ 'မူလ စု႐ြမ္႐ြမ္'၏ ေသဆုံးျခင္းအား သတိရမိသည္။သူမက ခ်က္ခ်င္း မေသခဲ့ေပမယ့္ အသက္ရွင္လ်က္ ခုတ္ပိုင္းျခင္း ခံခဲ့ရသည္။
ပထမဆုံး ေျခေထာက္၊ေနာက္ေတာ့ လက္ေတြ......... ေနာက္ဆုံး ေခါင္း......။
၎သည္ ရွင္းလင္းေသသပ္မႈ မရွိေသာ ဆိုး႐ြားရက္စက္သည့္ ေသဆုံးျခင္းျဖစ္သည္။
အားးးး၊သူမ အိမ္ျပန္ခ်င္တယ္။
စု႐ြမ္႐ြမ္ အထိတ္တလန႔္ႏွင့္ ငိုေတာ့သည္။
လုရွီမင္ ႏွစ္သိမ့္လိုက္သည္။"႐ြမ္၊ မေၾကာက္ပါနဲ႕"
စု႐ြမ္႐ြမ္ ပိုၿပီးေတာ့ ျပင္းျပင္းထန္ထန္ ငိုေလေတာ့၏။