ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

Par LEAF277

327K 45.6K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... Plus

Description
/1/အဆက် edited
~2~
/2/အဆက်
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/1/ Edited

13.5K 953 7
Par LEAF277


သူမ အသက်ရှည်မှာ မဟုတ်ဘူးဆိုတာ စုရွမ်ရွမ် သိနေခဲ့သည်။

ဇွန်ဘီအုပ်ထဲသို့ အမျိုးသားဇာတ်လိုက်၏ တွန်းချခြင်းခံရသော အမျိုးသမီးဇာတ်ကောင်တစ်ယောက်အနေဖြင့် ဘယ်လောက်ဘဲ ရုန်းကန်လှုပ်ရှားပါစေ သူမ၏ကံတရားမှာ ပုရွက်ဆိတ်တစ်ကောင်နှင့်တူသော အမျိုးသားဇာတ်လိုက်၏ လက်ထဲတွင် ဖိညှပ်ခံထားရသည်။

တကယ်တော့ သူမကို မသတ်ခင် သူက သူမနှင့် ကစားနေတာဖြစ်သည်။ သို့သော်လည်း ပြသနာမရှိပေ။

မကြာခင်မှာဘဲ သူမသေတော့မယ်ဆိုတာ သိနေခဲ့သောကြောင့် ဖြစ်သည်။

ဇာတ်လိုက်၏ နက်စောက်စွာ အပိုင်းပိုင်းအဖြတ်မခံရခင် စုရွမ်ရွမ် အရင်သေဆုံးရလိမ့်မည်။

"ရွမ်ရွမ် မင်း ဗိုက်ဆာတယ်ဆိုရင်တောင်မှ အိပ်ဆေးတွေကို မစားသင့်ဘူးလေ"စုရွမ်ရွမ် ရှေ့မှာ ယောကျာ်းတစ်ယောက်ရှိနေပြီး သူ၏ အေးစက် ခန့်ညားသော မျက်နှာဟာ ကြင်နာပြီး နူးညံ့သိမ့်မွေ့နေသည်။သူက ပြောက်ကျား ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အရပ်မြင့်မားကာ ရှည်လျားတဲ့ခြေထောက် ၊ကျဉ်းမြောင်းတဲ့ခါး ၊ကျယ်ပြန့်သောပခုံး ရှိသည်။သူ၏ နောက်ကျောဘက်တွင် ဆုတ်ပြဲနေသော ကျောင်းလွယ်အိပ်တစ်လုံး ရှိနေ၏။

အဝတ်စက ပါးနေပြီး အိတ်ထဲတွင် ရေးတေးတေးမြင်ရသော အရာဝတ္တုတစ်ခုရှိသည်။

အဲဒါက ပုဆိန်တစ်လက်ဆိုတာ စုရွမ်ရွမ် သိ၏။

ဒီလူဟာ ပုဆိန်တစ်လက်အား မှီခိုအားထား၍ အဆုံးသတ်နေ့များတွင်(🍀:ကမ္ဘာပျက်ကပ်၏ နေ့ရက်များ)သန်စွမ်းလာရာ သုံးဖက်မြင်မရှိသော ဤကမ္ဘာတွင် အရှင်သခင်တစ်ယောက် ဖြစ်လာလေသည်။

နူးညံ့ပြီး ခန့်ညားတဲ့သူတစ်ယောက်က ပုဆိန်တစ်လက်ကိုင်ပြီး နေရာတိုင်းက လူတွေကို လိုက်ခုတ်နေ.....စုရွမ်ရွမ် အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။ဒီစာရေးဆရာက ဆန်းကြယ်တဲ့ ရောဂါရနေတာဘဲ။

သုံးရက်အကြာမှာတော့ စုရွမ်ရွမ်လေးဟာ<<လွှမ်းမိုးချုပ်ကိုင်သူ၏ ပြန်လည်ရှင်သန်ခြင်း>>ဆိုတဲ့ ဤကမ္ဘာပျက်ကပ် ဝတ္တုထဲသို့ ဝင်ရောက်ခဲ့ပါတော့သည်။

အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးသူရဲကောင်းဟာ ပြန်လည်မွေးဖွားလာပြီး ပြန်ရောက်လာခဲ့ကာ တပ်ဖွဲ့များနှင့် ပူပေါင်းပြီး အဆုံးသတ်နေ့များတွင် ချုပ်ကိုင်လွှမ်းမိုးကြသည်။

အန္တရာယ်တွေကြားမှာတောင် ငါတို့ အတူရှိနိုင်သည်ဆိုသော အသက်ရှင်ကျန်ရေး၏ ထိမိသော အစွန်းရောက် အချစ်ဖွဲ့ ဇာတ်လမ်းဖြစ်သည်။

သို့သော်ငြားလည်း စာရေးသူမှာ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြားမှ ဆက်ဆံရေးအား ရှင်းရှင်းလင်းလင်း မပြောထားပေ။အဲ့ဒါက အမျိုးသားနဲ့ အမျိုးသမီးကြားက ဖြူစင်တဲ့ ညီအစ်ကို ဆက်ဆံရေးမျိုးလား?

အနည်းဆုံးတော့ အဲ့အချိန်မှာ သူမက CP
ဖန်တစ်ယောက်ဖြစ်‌နေခဲ့သည်။

သို့သော်လည်း တစ်နေ့မှာ စုရွမ်ရွမ် လုံးဝမမျှော်လင့်ထားတာက သူမက ချက်ချင်းလက်ငင်း သကြားအိုးကို တိုက်မိလိမ့်မယ် ဆိုတာပင်။

စိတ်အနှောက်အယှက် ဖြစ်စရာ အခြေအနေ၊ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်၊ ဆိုးရွားသော ပင်ကိုယ်စရိုက်နှင့် ရက်စက်ကြမ်းကြုတ်သော အမျိုးသားဇာတ်လိုက်သာ မရှိလျှင် စုရွမ်ရွမ်ဟာ အတိအကျကို နေရာပြောင်းမိလိမ့်မည်။

ဒါပေမယ့် ခုတော့ သူမ အရမ်းကြောက်နေပြီး အတွင်းကြိတ် မျက်ရည်ကျကာ ပေါက်ကွဲနေသည်။

စာအုပ်ထဲမှ စုရွမ်ရွမ်၏ဇာတ်ကောင်မှာ အမျိုးသားဇာတ်လိုက်၏ လရောင်ဖြူ(🍀:အချစ်ဉီး)အတု ဖြစ်သည်။တစ်နည်းပြောရရင် အမျိုးသားဇာတ်လိုက်၏ ပထမဆုံး ချစ်သူမိန်းကလေး ဖြစ်သည်။

သူမရှေ့မှာ ရှိနေသူမှာ အမျိုးသားဇာတ်လိုက် လုရှီမင် ဖြစ်သည်။သူက ဒီစာအုပ်၏ အမျိုးသားဇာတ်လိုက်ဖြစ်သည်။

သူ့ရုပ်ရည်မှာမဆိုးလှပေ။ နူးညံ့ခန့်ညားပြီး ဆောင်းဉီးရာသီ၏ ကောင်းကင်တွင်ချိတ်ဆွဲထားသော လမင်းကြီးနှင့်တူကာ ဆောင်းရာသီ၏ အဖြူရောင် နှင်းပွင့်လေးများနှင့် တူသည်။အညစ်အကြေး တစ်စုံတစ်ရာမရှိဘဲ သန့်ရှင်းနေ၏။

သို့သော်ငြား အမျိုးသားဇာတ်လိုက်မှာ ပြန်လည်ရှင်သန်ပြီးလျှင် ပြီးချင်းဘဲ အသာလွန်ဆုံးသော အရူးတစ်ယောက် ဖြစ်လာခဲ့သည်။

စာအုပ်တစ်ခုလုံးတွင် ကမ္ဘာပျက်ကပ်နေ့များ၏ ရက်စက်မှုများကို ဖော်ပြထားသည်။

ကမ္ဘာပျက်ကပ်ကာလ၏ ပူနွေးခြင်း၊အေးစက်ခြင်းများ အားလုံးသည် သူရဲကောင်း(🍀:ML)၏ရှေ့တွင် အကျိုးသက်ရောက်မှု မရှိပေ။

အဆုံးသတ်နေ့များတွင် နေ့စဉ်ပြောင်းလဲလွယ်ပြီး ရန်လိုတက်သော နတ်ဆိုးသည် အာနည်းသည့် ကြက်ပေါက်လေးလို ဟန်ဆောင်နေခဲ့သည်။

စာအုပ်ထဲမှအခြေအနေအရ သူမဝင်စားသော ခန္တာကိုယ်မှာ လုရှီမင်၏ လရောင်ဖြူအတုဖြစ်ပြီး လုရှီမင် ပြန်လည်မမွေးဖွားခင်တွင် သူမကိုယ်သူမ ကာကွယ်ရန် လုရှီမင်အား ဇွန်ဘီအုပ်ထဲသို့ တွန်းချခဲ့သူဖြစ်သည်။

စုရွမ်ရွမ်:QAQ

လုရှီမင် ပြန်လည်မွေးဖွားလာသောအခါ သူမက ပထမဆုံး ရှင်းလင်းခြင်းခံရသည်။

အမျိုးသားဇာတ်လိုက်၏ လူမဆန်မှုများမှာ ဧရာမဂေါ်စီလာကြီးတစ်ကောင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

စုရွမ်ရွမ်က သူမဘာသာသေရန် ဆုံးဖြတ်လိုက်သည်။ဇာတ်လိုက်၏ လက်တစ်ချောင်းနဲ့မှ ဒဏ်ရာရလို့ မဖြစ်ပေ။

ဇာတ်လိုက်မှာ အလွန်ရက်စက်သော်လည်း ကိစ္စမရှိပေ။ သူမ အရင် သေနှင့်တော့မည်။

ပျော်ရွှင်တဲ့အပြုံးတစ်ခုက စုရွမ်ရွမ်၏ မျက်နှာပေါ်တွင် ပေါ်လာသည်။

..........

အမျိုးသားက ဖြေးညင်းစွာပြောလိုက်သည်" ကံကောင်းလို့ ဒီပုလင်းက ဂျုံနဲ့လုပ်ထားတဲ့ အိပ်ဆေးတွေ ဖြစ်နေလို့ပေါ့"

စုရွမ်ရွမ်:???

ဟေး၊မဟုတ်ဘူး၊သူမ အဲ့ဆေးကို ပုံမှန်ဆေးဆိုင်တစ်ခုက ရတာ၊ ဟေး အထက်က ထုတ်လုပ်သူ....

"လာ၊ရေသာက်"

အမျိုးသားက စုရွမ်ရွမ်၏မေးကို ညင်သာစွာ ဆွဲလိုက်ပြီး ပါးစပ်ထဲသို့ ရေလောင်းထည့်လိုက်သည်။စုရွမ်ရွမ်က နူးညံ့စွာ အသံမြည်ပြီး ဒီရေက ချိုတယ်ဟုတွေးနေကာ ရေဘူးအားကိုင်၍ ပါးစပ်အပြည့် နည်းနည်းလောက် ပိုသောက်လိုသော်လည်း အမျိုးသား၏ တားဆီးခြင်းခံလိုက်ရသည်။

"အခု ရေအထောက်အပံ့က နည်းနည်းဘဲရှိတာ။ဒီအနီးအနားမှာ အခြေစိုက်စခန်း ရှိဖို့ဘဲ ကိုယ်တို့မျှော်လင့်ရမယ်"

စုရွမ်ရွမ်က ရေဘူးအား သနားသဖွယ်မျက်လုံးဖြင့်ကြည့်လိုက်ပြီး ဆေးအတု သောက်ထားသော အကျိုးဆက်ထဲ နစ်မြုပ်နေတုန်းဖြစ်သည်။နှမြောစရာဘဲ။

စုရွမ်ရွမ်က အမျိုးသားဇာတ်လိုက် လုရှီမင်သည် သူ့ကိုယ်ပိုင်space တစ်ခုရပြီး ပြန်လည်မွေးဖွားလာသည်အား သိနေခဲ့သည်။အနာဂတ်တွင် ထို space သည် စွမ်းအားပိုမိုပြည့်ဝလာပြီး ဒီကမ္ဘာတွင် ပြိုင်ဘက်ကင်းစွမ်းရည် ရှိလာလိမ့်မည်။

စုရွမ်ရွမ်က သူရဲကောင်းရဲ့ space ထဲမှာ အရာအားလုံးရှိသည် ဆိုသည်အား မှတ်မိသည်။

ထို space မှာ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်သည်။အရေးကြီးဆုံးမှာ ထိုထဲတွင် မှော်ရေကန်တစ်ခုရှိနေခြင်းပင်။

မင်းက နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရတယ် ဆိုရင်တောင် ထိုရေကန်ထဲတွင် တစ်ညစိမ်လိုက်ပါက နောက်တစ်နေ့တွင် မာမာချာချာ အသက်ရှင်နေလိမ့်မည်။

စုရွမ်ရွမ် တွေးလိုက်မိ၏။ သူမဘဝမှာ အဲ့ရေကို သောက်နိုင်မှာ မဟုတ်ဘူးဟု။ဒီလိုတွေးပြီတော့ ကျေနပ်နှစ်သိမ့်ဖို့ သူမ နှုတ်ခမ်းတွင် ကျန်နေသော ရေကိုသာလျှင် လျှာဖြင့် သပ်လိုက်သည်။

🦋
🦋
🦋
🦋
🦋
🦋
🦋



သူမ အသက္ရွည္မွာ မဟုတ္ဘူးဆိုတာ စု႐ြမ္႐ြမ္ သိေနခဲ့သည္။

ဇြန္ဘီအုပ္ထဲသို႔ အမ်ိဳးသားဇာတ္လိုက္၏ တြန္းခ်ျခင္းခံရေသာ အမ်ိဳးသမီးဇာတ္ေကာင္တစ္ေယာက္အေနျဖင့္ ဘယ္ေလာက္ဘဲ ႐ုန္းကန္လႈပ္ရွားပါေစ သူမ၏ကံတရားမွာ ပု႐ြက္ဆိတ္တစ္ေကာင္ႏွင့္တူေသာ အမ်ိဳးသားဇာတ္လိုက္၏ လက္ထဲတြင္ ဖိညွပ္ခံထားရသည္။

တကယ္ေတာ့ သူမကို မသတ္ခင္ သူက သူမႏွင့္ ကစားေနတာျဖစ္သည္။ သို႔ေသာ္လည္း ျပသနာမရွိေပ။

မၾကာခင္မွာဘဲ သူမေသေတာ့မယ္ဆိုတာ သိေနခဲ့ေသာေၾကာင့္ ျဖစ္သည္။

ဇာတ္လိုက္၏ နက္ေစာက္စြာ အပိုင္းပိုင္းအျဖတ္မခံရခင္ စု႐ြမ္႐ြမ္ အရင္ေသဆုံးရလိမ့္မည္။

"႐ြမ္႐ြမ္ မင္း ဗိုက္ဆာတယ္ဆိုရင္ေတာင္မွ အိပ္ေဆးေတြကို မစားသင့္ဘူးေလ"စု႐ြမ္႐ြမ္ ေရွ႕မွာ ေယာက်ာ္းတစ္ေယာက္ရွိေနၿပီး သူ၏ ေအးစက္ ခန႔္ညားေသာ မ်က္ႏွာဟာ ၾကင္နာၿပီး ႏူးညံ့သိမ့္ေမြ႕ေနသည္။သူက ေျပာက္က်ား ယူနီေဖာင္းကို ဝတ္ဆင္ထားၿပီး အရပ္ျမင့္မားကာ ရွည္လ်ားတဲ့ေျခေထာက္ ၊က်ဥ္းေျမာင္းတဲ့ခါး ၊က်ယ္ျပန႔္ေသာပခုံး ရွိသည္။သူ၏ ေနာက္ေက်ာဘက္တြင္ ဆုတ္ၿပဲေနေသာ ေက်ာင္းလြယ္အိပ္တစ္လုံး ရွိေန၏။

အဝတ္စက ပါးေနၿပီး အိတ္ထဲတြင္ ေရးေတးေတးျမင္ရေသာ အရာဝတၱဳတစ္ခုရွိသည္။

အဲဒါက ပုဆိန္တစ္လက္ဆိုတာ စု႐ြမ္႐ြမ္ သိ၏။

ဒီလူဟာ ပုဆိန္တစ္လက္အား မွီခိုအားထား၍ အဆုံးသတ္ေန႕မ်ားတြင္(🍀:ကမာၻပ်က္ကပ္၏ ေန႕ရက္မ်ား)သန္စြမ္းလာရာ သုံးဖက္ျမင္မရွိေသာ ဤကမာၻတြင္ အရွင္သခင္တစ္ေယာက္ ျဖစ္လာေလသည္။

ႏူးညံ့ၿပီး ခန႔္ညားတဲ့သူတစ္ေယာက္က ပုဆိန္တစ္လက္ကိုင္ၿပီး ေနရာတိုင္းက လူေတြကို လိုက္ခုတ္ေန.....စု႐ြမ္႐ြမ္ အၿပဳံးတစ္ပြင့္ႏွင့္ ေျပာလိုက္သည္။ဒီစာေရးဆရာက ဆန္းၾကယ္တဲ့ ေရာဂါရေနတာဘဲ။

သုံးရက္အၾကာမွာေတာ့ စု႐ြမ္႐ြမ္ေလးဟာ<<လႊမ္းမိုးခ်ဳပ္ကိုင္သူ၏ ျပန္လည္ရွင္သန္ျခင္း>>ဆိုတဲ့ ဤကမာၻပ်က္ကပ္ ဝတၱဳထဲသို႔ ဝင္ေရာက္ခဲ့ပါေတာ့သည္။

အမ်ိဳးသားဇာတ္လိုက္ႏွင့္ အမ်ိဳးသမီးသူရဲေကာင္းဟာ ျပန္လည္ေမြးဖြားလာၿပီး ျပန္ေရာက္လာခဲ့ကာ တပ္ဖြဲ႕မ်ားႏွင့္ ပူေပါင္းၿပီး အဆုံးသတ္ေန႕မ်ားတြင္ ခ်ဳပ္ကိုင္လႊမ္းမိုးၾကသည္။

အႏၲရာယ္ေတြၾကားမွာေတာင္ ငါတို႔ အတူရွိနိုင္သည္ဆိုေသာ အသက္ရွင္က်န္ေရး၏ ထိမိေသာ အစြန္းေရာက္ အခ်စ္ဖြဲ႕ ဇာတ္လမ္းျဖစ္သည္။

သို႔ေသာ္ျငားလည္း စာေရးသူမွာ အမ်ိဳးသားဇာတ္လိုက္ႏွင့္ အမ်ိဳးသမီးဇာတ္လိုက္ၾကားမွ ဆက္ဆံေရးအား ရွင္းရွင္းလင္းလင္း မေျပာထားေပ။အဲ့ဒါက အမ်ိဳးသားနဲ႕ အမ်ိဳးသမီးၾကားက ျဖဴစင္တဲ့ ညီအစ္ကို ဆက္ဆံေရးမ်ိဳးလား?

အနည္းဆုံးေတာ့ အဲ့အခ်ိန္မွာ သူမက CP
ဖန္တစ္ေယာက္ျဖစ္‌ေနခဲ့သည္။

သို႔ေသာ္လည္း တစ္ေန႕မွာ စု႐ြမ္႐ြမ္ လုံးဝမေမွ်ာ္လင့္ထားတာက သူမက ခ်က္ခ်င္းလက္ငင္း သၾကားအိုးကို တိုက္မိလိမ့္မယ္ ဆိုတာပင္။

စိတ္အေႏွာက္အယွက္ ျဖစ္စရာ အေျခအေန၊ၾကမ္းတမ္းတဲ့ ပတ္ဝန္းက်င္၊ ဆိုး႐ြားေသာ ပင္ကိုယ္စရိုက္ႏွင့္ ရက္စက္ၾကမ္းၾကဳတ္ေသာ အမ်ိဳးသားဇာတ္လိုက္သာ မရွိလွ်င္ စု႐ြမ္႐ြမ္ဟာ အတိအက်ကိဳ ေနရာေျပာင္းမိလိမ့္မည္။

ဒါေပမယ့္ ခုေတာ့ သူမ အရမ္းေၾကာက္ေနၿပီး အတြင္းႀကိတ္ မ်က္ရည္က်ကာ ေပါက္ကြဲေနသည္။

စာအုပ္ထဲမွ စု႐ြမ္႐ြမ္၏ဇာတ္ေကာင္မွာ အမ်ိဳးသားဇာတ္လိုက္၏ လေရာင္ျဖဴ(🍀:အခ်စ္ဉီး)အတု ျဖစ္သည္။တစ္နည္းေျပာရရင္ အမ်ိဳးသားဇာတ္လိုက္၏ ပထမဆုံး ခ်စ္သူမိန္းကေလး ျဖစ္သည္။

သူမေရွ႕မွာ ရွိေနသူမွာ အမ်ိဳးသားဇာတ္လိုက္ လုရွီမင္ ျဖစ္သည္။သူက ဒီစာအုပ္၏ အမ်ိဳးသားဇာတ္လိုက္ျဖစ္သည္။

သူ႕႐ုပ္ရည္မွာမဆိုးလွေပ။ ႏူးညံ့ခန႔္ညားၿပီး ေဆာင္းဉီးရာသီ၏ ေကာင္းကင္တြင္ခ်ိတ္ဆြဲထားေသာ လမင္းႀကီးႏွင့္တူကာ ေဆာင္းရာသီ၏ အျဖဴေရာင္ ႏွင္းပြင့္ေလးမ်ားႏွင့္ တူသည္။အညစ္အေၾကး တစ္စုံတစ္ရာမရွိဘဲ သန႔္ရွင္းေန၏။

သို႔ေသာ္ျငား အမ်ိဳးသားဇာတ္လိုက္မွာ ျပန္လည္ရွင္သန္ၿပီးလွ်င္ ၿပီးခ်င္းဘဲ အသာလြန္ဆုံးေသာ အ႐ူးတစ္ေယာက္ ျဖစ္လာခဲ့သည္။

စာအုပ္တစ္ခုလုံးတြင္ ကမာၻပ်က္ကပ္ေန႕မ်ား၏ ရက္စက္မႈမ်ားကို ေဖာ္ျပထားသည္။

ကမာၻပ်က္ကပ္ကာလ၏ ပူေႏြးျခင္း၊ေအးစက္ျခင္းမ်ား အားလုံးသည္ သူရဲေကာင္း(🍀:ML)၏ေရွ႕တြင္ အက်ိဳးသက္ေရာက္မႈ မရွိေပ။

အဆုံးသတ္ေန႕မ်ားတြင္ ေန႕စဥ္ေျပာင္းလဲလြယ္ၿပီး ရန္လိုတက္ေသာ နတ္ဆိုးသည္ အာနည္းသည့္ ၾကက္ေပါက္ေလးလို ဟန္ေဆာင္ေနခဲ့သည္။

စာအုပ္ထဲမွအေျခအေနအရ သူမဝင္စားေသာ ခႏၲာကိုယ္မွာ လုရွီမင္၏ လေရာင္ျဖဴအတုျဖစ္ၿပီး လုရွီမင္ ျပန္လည္မေမြးဖြားခင္တြင္ သူမကိုယ္သူမ ကာကြယ္ရန္ လုရွီမင္အား ဇြန္ဘီအုပ္ထဲသို႔ တြန္းခ်ခဲ့သူျဖစ္သည္။

စု႐ြမ္႐ြမ္:QAQ

လုရွီမင္ ျပန္လည္ေမြးဖြားလာေသာအခါ သူမက ပထမဆုံး ရွင္းလင္းျခင္းခံရသည္။

အမ်ိဳးသားဇာတ္လိုက္၏ လူမဆန္မႈမ်ားမွာ ဧရာမေဂၚစီလာႀကီးတစ္ေကာင္ႏွင့္ပင္ ႏွိုင္းယွဥ္နိုင္သည္။

စု႐ြမ္႐ြမ္က သူမဘာသာေသရန္ ဆုံးျဖတ္လိုက္သည္။ဇာတ္လိုက္၏ လက္တစ္ေခ်ာင္းနဲ႕မွ ဒဏ္ရာရလို႔ မျဖစ္ေပ။

ဇာတ္လိုက္မွာ အလြန္ရက္စက္ေသာ္လည္း ကိစၥမရွိေပ။ သူမ အရင္ ေသႏွင့္ေတာ့မည္။

ေပ်ာ္႐ႊင္တဲ့အၿပဳံးတစ္ခုက စု႐ြမ္႐ြမ္၏ မ်က္ႏွာေပၚတြင္ ေပၚလာသည္။

..........

အမ်ိဳးသားက ေျဖးညင္းစြာေျပာလိုက္သည္" ကံေကာင္းလို႔ ဒီပုလင္းက ဂ်ဳံနဲ႕လုပ္ထားတဲ့ အိပ္ေဆးေတြ ျဖစ္ေနလို႔ေပါ့"

စု႐ြမ္႐ြမ္:???

ေဟး၊မဟုတ္ဘူး၊သူမ အဲ့ေဆးကို ပုံမွန္ေဆးဆိုင္တစ္ခုက ရတာ၊ ေဟး အထက္က ထုတ္လုပ္သူ....

"လာ၊ေရသာက္"

အမ်ိဳးသားက စု႐ြမ္႐ြမ္၏ေမးကို ညင္သာစြာ ဆြဲလိုက္ၿပီး ပါးစပ္ထဲသို႔ ေရေလာင္းထည့္လိုက္သည္။စု႐ြမ္႐ြမ္က ႏူးညံ့စြာ အသံျမည္ၿပီး ဒီေရက ခ်ိဳတယ္ဟုေတြးေနကာ ေရဘူးအားကိုင္၍ ပါးစပ္အျပည့္ နည္းနည္းေလာက္ ပိုေသာက္လိုေသာ္လည္း အမ်ိဳးသား၏ တားဆီးျခင္းခံလိုက္ရသည္။

"အခု ေရအေထာက္အပံ့က နည္းနည္းဘဲရွိတာ။ဒီအနီးအနားမွာ အေျခစိုက္စခန္း ရွိဖို႔ဘဲ ကိုယ္တို႔ေမွ်ာ္လင့္ရမယ္"

စု႐ြမ္႐ြမ္က ေရဘူးအား သနားသဖြယ္မ်က္လုံးျဖင့္ၾကည့္လိုက္ၿပီး ေဆးအတု ေသာက္ထားေသာ အက်ိဳးဆက္ထဲ နစ္ျမဳပ္ေနတုန္းျဖစ္သည္။ႏွေျမာစရာဘဲ။

စု႐ြမ္႐ြမ္က အမ်ိဳးသားဇာတ္လိုက္ လုရွီမင္သည္ သူ႕ကိုယ္ပိုင္space တစ္ခုရၿပီး ျပန္လည္ေမြးဖြားလာသည္အား သိေနခဲ့သည္။အနာဂတ္တြင္ ထို space သည္ စြမ္းအားပိုမိုျပည့္ဝလာၿပီး ဒီကမာၻတြင္ ၿပိဳင္ဘက္ကင္းစြမ္းရည္ ရွိလာလိမ့္မည္။

စု႐ြမ္႐ြမ္က သူရဲေကာင္းရဲ႕ space ထဲမွာ အရာအားလုံးရွိသည္ ဆိုသည္အား မွတ္မိသည္။

ထို space မွာ နိဗၺာန္ဘုံတစ္ခု ျဖစ္သည္။အေရးႀကီးဆုံးမွာ ထိုထဲတြင္ ေမွာ္ေရကန္တစ္ခုရွိေနျခင္းပင္။

မင္းက ေနာက္ဆုံးထြက္သက္ကို ရႉရွိုက္ေနရတယ္ ဆိုရင္ေတာင္ ထိုေရကန္ထဲတြင္ တစ္ညစိမ္လိုက္ပါက ေနာက္တစ္ေန႕တြင္ မာမာခ်ာခ်ာ အသက္ရွင္ေနလိမ့္မည္။

စု႐ြမ္႐ြမ္ ေတြးလိုက္မိ၏။ သူမဘဝမွာ အဲ့ေရကို ေသာက္နိုင္မွာ မဟုတ္ဘူးဟု။ဒီလိုေတြးၿပီေတာ့ ေက်နပ္ႏွစ္သိမ့္ဖို႔ သူမ ႏႈတ္ခမ္းတြင္ က်န္ေနေသာ ေရကိုသာလွ်င္ လွ်ာျဖင့္ သပ္လိုက္သည္။


Continuer la Lecture

Vous Aimerez Aussi

290K 22.1K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
259K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
347K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
8.7K 1.2K 14
I Do Not Own This Story and I decided to translate the story cause I just love it . ( Available in both Zawgyi & Unicode Vers ) Original Author is @...