ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (My...

Por MayHoney127

455K 83.9K 1.3K

Title : Zombie sister strategy Author : A Wisp of Netherworld Inferno Credit to all လင်းချင်းမှာ ကမ္ဘာပျက်ကပ်... Más

1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

7

2.9K 481 5
Por MayHoney127

၇။ အစားအသောက်အနံ

ညပိုင်း၏ကောင်းသည့်အချက်တစ်ခုမှာ ပူလောင်နေသည့် နေပိုင်းထက် အများကြီးအေးတာပဲ ဖြစ်သည်။

အခုတော့ လင်းချင်းသည် သဘာဝကျစွာနှင့် ပိုမြန်ဆန်စွာ လျှောက်လာနိုင်ပြီ၇ဖြစ်သည်။ သူမ၏တောင့်ခဲနေသလို ခံစားချက်ကြီးမှာ အပြီးတိုင် ပျောက်ဆုံးသွာခဲ့ပြီ။ သူမသည် လမ်းလျှောက်ရင်းဖြင့် တွေးနေမိခဲ့သည်။

ဘာတွေဖြစ်နေတာလဲ? အရင်ကထက် ငါပိုသွက်လာသလိုပဲ?

ရုတ်တရက် သူမ၏နှာခေါင်းထဲသို့ ဘာမှန်းမသိသည့် အနံတစ်ခုက တိုးဝင်လာသည်။

'ဟင်? ဒီအနံက! ဒါကစားရမယ့်ဟာ တစ်ခုခုပဲ!'

လင်းချင်းသည် မသိစိတ်အရ ဒီအတွေးဝင်လာသည်။ ထိုအနံ့သည် အစားအသောက်၏ ချိုမြိန်သည့်အငွေ့အသက်ဖြစ်သည်။

သူမသည် ခေါင်းလေးကို မော့ချီကာ သေချာအနံ့ခံရင်း သူမ၏ဘယ်ဘက်က သစ်တောထဲသို့ ဝင်လိုက်သည်။ သစ်တောထဲတွင် လုံးဝကို မှောင်ပိန်းနေသော်လည်း ဇီးကွက်လို အမြင်ရှိနေသည့် သူမအတွက်ကတော့ ဒါကမှုစရာမဟုတ်ဘဲ အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

'အမြင်အာရုံရော အနံခံအာရုံပါ ကောင်းနေတော့လည်း ဇွန်ဘီဖြစ်ရတာ သိပ်တော့မဆိုးလှပါဘူး'

သစ်တောထဲသို့ ပိုတိုးဝင်လေလေ အနံ့က ပိုပြင်းလာလေလေဖြစ်သည်။ အခြားအနံ့တွေကို ရလာပြီဖြစ်သော်လည်း သူမသည် ပထမဆုံးရလိုက်သည့် အနံ့အနောက်ကိုသာ လိုက်လာသည်။ ဘာလမ်းမှမရှိသည့် သစ်တောထဲသို့ သူမသည် သစ်ပင်ခြုံနွယ်များကို လက်ဖြင့်ရှင်းကာ ထိုအနံ့အနောက်ကို လိုက်နေသည်။ သူမပိုလျှောက်လာလေလေ အနံ့ကပိုပြင်းလာလေလေ ဖြစ်သည်။

'ဒီအနားမှာပဲ! စားရတာတစ်ခုခုက! ဇွန်ဘီတွေအတွက် စားစရာ လူသားတွေ စားရတာတော့ မဟုတ်လောက်ဘူးထင်တာပါပဲ'

သူမသည် သစ်ပင်ကြီးတစ်ခု၏ ပင်စည်နားက အမြစ်သို့ ရောက်သည့်အခါ ရပ်တန့်သွားသည်။ သစ်ပင်၏ပင်စည်တွင် အခေါင်းပေါက်တစ်ခုရှိနေပြီး အနံ့က ထိုအထဲမှ ထွက်နေတာ ဖြစ်သည်။

'လူသားမဟုတ်ဘူးပဲ! တော်ပါသေးရဲ့!'

ထိုအပေါက်သည် လူ့ခေါင်းအရွယ်လောက်သာရှိသည်။ ထို့ကြောင့် သူမသည် မြေကြီးပေါ်တွင်ထိုင်ချလိုက်ကာ အပေါက်ထဲသို့ ခေါင်းတိုးဝင်ကြည့်လိုက်သည်။

"ကျွိ!"

ရုတ်တရက်ဆိုသလို ဘာမှန်းမသိရသေးသည့်အရာတစ်ခုက သူမ၏မျက်နှာအနားသို့ ပြေးကပ်လာသည်။

'ဟဲ့! ဟဲ့! ဘာကြီးတုန်း! '

သူမသည် လက်ကိုပါတိုးဝင်၍ ချက်ချင်းမကာကွယ်နိုင်သဖြင့် ထိုမဲမဲအရာကို အစွယ်ထုတ်ပြီး အားပြင်းပြင်းဖြင့် တန်းကိုက်ပစ်လိုက်သည်။ ထိုအမွေးများဖြင့်အရာသည် အကိုက်ခံလိုက်ရသဖြင့် ရုန်းနေသည်ကို သူမခံစားမိလိုက်သည်။ ထို့နောက် ချိုမြိန်သည့်သွေးများက သူမကိုက်လိုက်သည့်နေရာမှနေ စီးကျလာသည်။ အချိန်ခနလောက် ရုန်းကန်ပြီးသည့်အခါ ထိုအရာသည် တောင့်သွားတော့သည်။

ထိုအခါမှ လင်းချင်းသည် သစ်ခေါင်းထဲမှ ခေါင်းကိုပြန်ထုတ်၍ ကြည့်လိုက်သည့်အခါ ဆွံ့အသွားခဲ့သည်။

'ဒါက မြေကြွက်ဝဝကြီး!'

လင်းချင်းသည် ကြွက်သေကို သေချာကြည့်လိုက်သည်။ ထိုပြောင်းလဲသွားသည့်ကြွက်သည် သွားချွန်ချွန်နှစ်ချောင်းက အပြင်သို့ခေါထွက်နေကာ အမွေးများမှာလည်း ထူပိန်းနေပြီး အရင်ကကြွက်များထက် အများကြီးပိုကြီးလာသည်။

လင်းချင်းသည် သူမ၏ပါးစပ်အနားမှ သွေးများကို လျက်ကြည့်လိုက်သည်။ အံ့သြစရာကောင်းစွာပင် ထိုသွေးများက သူမ၏ပါးစပ်ထဲတွင် ချိုမြိန်နေသည်။ သူမသည် ကြွက်သေကို အမြီးကနေကိုင်ရင်း ပြုံးလိုက်မိပြီ။

'ဒီမြွေကြွက်ကို စားရရင် တခြားအကောင်တွေကိုလည်း စားရမှာပဲမလား? '

"ကျွိ ကျွိ"

ထိုအချိန်တွင် သစ်ခေါင်းထဲမှ အသံများထွက်လာသည်။ သူမ၏ အနံ့ခံအာရုံအရဆိုလျှင် ကြွက်ပေါက်လေးများ ဖြစ်လိမ့်မည်။ သစ်ခေါင်းထဲသို့ လက်နှိုက်ကြည့်လိုက်သည့်အခါ ထင်သလိုပဲ အရမ်းနူးညံ့ပျော့ပြောင်းတာတွေကို တွေ့လိုက်ရသည်။

လင်းချင်းသည် သူမ၏လက်ပေါ်မှ အမွေးမပေါက်သေးသည့် ကြွက်ပေါက်တွေကိုကြည့်ကာ အတွေးတစ်ခုရသွားသည်။

'ဒီကြွက်တွေက ငါ့ပါးစပ်ထဲကိုရောက်ဖို့ သေးလွန်းသေးတော့ ငါ့နေရာလွတ်ထဲမှာ သိမ်းထားလို့ ရမလားမသိဘူး?'

ထိုအတွေးနှင့်အတူ သူမသည်အာရုံစိုက်ကာ စကားတစ်ခွန်းကို စိတ်ထဲမှာ ပြောလိုက်သည်။

"ဝင်!"

နောက်တစ်စက္ကန့်အတွင်းမှာ သူမသည် ကြွက်ကြီးနှင့် ကြွက်ပေါက်လေးများကို လက်ထဲတွင် ကိုင်လျှက် မြက်ခင်းပြင်သို့ ရောက်ရှိနေသည်။ ကြွက်ကြီးကို သူမသတ်လိုက်ပြီဖြစ်သော်လည်း ကြွက်လေးတွေကို စားရမည့်အချိန်အထိ မွေးထားချင်သည်။ သူမသည် ကြွက်ပေါက်၆ကောင်ကို ကြည့်ကာ တွေးနေမိသည်။

'ငါကဘာကျွေးထားပြီး မွေးရမှာလဲ? ဒီနေရာမှာက မြက်နဲ့ရေကန်ပဲရှိတာ'

သူမသည် ကြွက်ကြီးကို ဘေးသို့ချလိုက်ကာ မြက်တစ်ချို့ကို နှုတ်လိုက်ပြီးနောက် အသိုက်လုပ်လိုက်သည်။

'မသိတော့ဘူး။ အခုတော့ ဒီမှာထားခဲ့လိုက်မယ်။ မရှင်တော့လည်း စားလိုက်တာပေါ့'

သူမသည် ကြွက်သေကြီးကို ကြည့်ကာ မီးမရှိဘဲ ဒီတိုင်းစားရမလား တွေးနေမိသည်။

'ဇွန်ဘီတွေက အစားအသောက်ကို အကျက်စားရလား မရဘူးလား ငါမသိဘူး။ တကယ်လို့ ကျက်နေတဲ့အစားအသောက်တွေက စားမရရင်ရော? အသားစိမ်းပဲ စားနေရင်ရော ဘာဖြစ်မှာလဲ?'

သူမသည် ကြွက်သေကြီးကို ကိုင်ကာ နေရာလွတ်ထဲမှ ထွက်လာသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်သော်လည်း သစ်ပင်များအပြင် ဘာမှမရှိပေ။ လူသားများနှင့် ဝေးရာသို့ သူမလျှောက်လာပြီ ဖြစ်သောကြောင့် ဒီတောထဲတွင် မီးဖိုလို့ရမည့်အရာ ဘာကိုမှ မတွေ့ဘူး။ ပြီးတော့လည်း သူမတွင် မီးစွမ်းရည်လည်း ရှိမနေပေ။

နောက်ဆုံးတွင်တော့ သူမသည် ကြွက်သေကိုကြည့်ရင်း စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမ၏လက်သည်းများကိုသုံးကာ ကြွက်သေကို အရေခွံနွှာလိုက်သည်။

သူမသည် ကြွက်ကိုစားရခြင်းအား ဘယ်လိုမှမနေပေ။ အဘယ်ကြောင့်ဆိုသော် ၁၅ရက် လေ့ကျင့်ရေးဆင်းတုန်းက တောထဲတွင် ရှာတွေ့သမျှကိုသာ စားခဲ့ရသည်။ ထိုအချိန်တုန်းက ကြွက်များတင်သာမက မြွေ၊ ဖား၊ တီနှင့် အခြားသတ္တဝါများကို စားခဲ့ရသည်။ သို့သော်လည်း သူမနှင့် အသင်းဖော်များသည် မီးရှိနေလို့ တော်သေးသည်။ အခုတော့. . .

သူမသည် သက်ပြင်းချရင်း အခွံနွှာလိုက်သည်။ အရေပြားအောက်တွင်ရှိသည့် အသားများကို လင်းချင်းသည် သွေးတစ်စက်မကျစေဘဲ ကျွမ်းကျင်စွာ နွှာလိုက်သည်။ ထို့နောက် ခေါင်းနှင့် အူကလီစာများကို ဖယ်ပစ်လိုက်ကာ အသဲကိုထုတ်လိုက်သည်။

သူမသည် အနံ့ခံလိုက်သည့်အခါ မကောင်းသည့်အနံ့မျိုးမရပေ။ ထို့နောက် လျှာဖြင့်စမ်းတို့ကြည့်လိုက်သည့်အခါ နူးညံ့ပြီးနွေးထွေးနေသည်။ ထို့နောက် သက်ပြင်းချကာ အသဲတစ်ခုလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဝါးရမည်ကို နည်းနည်းကြောက်နေသဖြင့် ခနငုံထားလိုက်သော်လည်း ထိုအရာကချိုလွန်းသောကြောင့် သူမသည် ဝါးမစားဘဲ မနေနိုင်ပေ။

ကြွက်အသည်းသည် နူးညံ့ကာ ပျော့ပြောင်းပြီး ဘာအရသာအမှုန့်မှ မထည့်တာတောင့် သူမအတွက် အရသာရှိလွန်းနေသည်။ ထို့ကြောင့် အကုန်စားလိုက်သည်။ အသားစိမ်းကို ပထမဆုံးအကြိမ် စမ်းစားပြီးသည့်နောက်တွင်တော့ သူမသည်စိတ်နည်းနည်း သက်သာသွားသည်။ ထို့ကြောင့် ကြွက်အသားများကို စားလေသည်။ နောက်ဆုံးတွင်တော့ သူမသည် အရိုးကအစ ဝါးစားကာ မြိုချလိုက်သည်။

ထိုအချိန်တွင် ဗိုက်ကိုသတိရသွားကာ ဂါဝန်ကိုလှန်ပြီး အမြန်ကြည့်လိုက်သည်။

'ငါ့အစာအိမ်လေး ရှိရောရှိသေးရဲ့လား မသိဘူး?. . .အူတွေထွက်နေတာကို သိပင်မယ့် တခြားဟာတွေရှိမရှိ သေချာမစစ်မိခဲ့ဘူး။ အခုတော့ စိတ်ပူနေရပြီ။ အစာအိမ်သာ မရှိရင်တော့ ခုနက ငါစားထားတာတွေက ဘယ်ကိုကျသွားမလဲ မသိဘူး? နိုးလာတည်းက ဒီကိုယ်က ဗိုက်ကြီးပွင့်နေပင်မယ့် ငါနေရထိုင်ရခက်တာမျိုးမှ မရှိခဲ့တာ။ ဒါပင်မယ့် ဗိုက်ကတော့ ဆာတယ်!'

Zawgyi Ver

၇။ အစားအေသာက္အနံ

ညပိုင္း၏ေကာင္းသည့္အခ်က္တစ္ခုမွာ ပူေလာင္ေနသည့္ ေနပိုင္းထက္ အမ်ားႀကီးေအးတာပဲ ျဖစ္သည္။

အခုေတာ့ လင္းခ်င္းသည္ သဘာဝက်စြာႏွင့္ ပိုျမန္ဆန္စြာ ေလွ်ာက္လာနိုင္ၿပီ၇ျဖစ္သည္။ သူမ၏ေတာင့္ခဲေနသလို ခံစားခ်က္ႀကီးမွာ အၿပီးတိုင္ ေပ်ာက္ဆုံးသြာခဲ့ၿပီ။ သူမသည္ လမ္းေလွ်ာက္ရင္းျဖင့္ ေတြးေနမိခဲ့သည္။

ဘာေတြျဖစ္ေနတာလဲ? အရင္ကထက္ ငါပိုသြက္လာသလိုပဲ?

႐ုတ္တရက္ သူမ၏ႏွာေခါင္းထဲသို႔ ဘာမွန္းမသိသည့္ အနံတစ္ခုက တိုးဝင္လာသည္။

'ဟင္? ဒီအနံက! ဒါကစားရမယ့္ဟာ တစ္ခုခုပဲ!'

လင္းခ်င္းသည္ မသိစိတ္အရ ဒီအေတြးဝင္လာသည္။ ထိုအနံ႕သည္ အစားအေသာက္၏ ခ်ိဳၿမိန္သည့္အေငြ႕အသက္ျဖစ္သည္။

သူမသည္ ေခါင္းေလးကို ေမာ့ခ်ီကာ ေသခ်ာအနံ႕ခံရင္း သူမ၏ဘယ္ဘက္က သစ္ေတာထဲသို႔ ဝင္လိုက္သည္။ သစ္ေတာထဲတြင္ လုံးဝကို ေမွာင္ပိန္းေနေသာ္လည္း ဇီးကြက္လို အျမင္ရွိေနသည့္ သူမအတြက္ကေတာ့ ဒါကမႈစရာမဟုတ္ဘဲ အကုန္လုံးကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္။

'အျမင္အာ႐ုံေရာ အနံခံအာ႐ုံပါ ေကာင္းေနေတာ့လည္း ဇြန္ဘီျဖစ္ရတာ သိပ္ေတာ့မဆိုးလွပါဘူး'

သစ္ေတာထဲသို႔ ပိုတိုးဝင္ေလေလ အနံ႕က ပိုျပင္းလာေလေလျဖစ္သည္။ အျခားအနံ႕ေတြကို ရလာၿပီျဖစ္ေသာ္လည္း သူမသည္ ပထမဆုံးရလိုက္သည့္ အနံ႕အေနာက္ကိုသာ လိုက္လာသည္။ ဘာလမ္းမွမရွိသည့္ သစ္ေတာထဲသို႔ သူမသည္ သစ္ပင္ၿခဳံႏြယ္မ်ားကို လက္ျဖင့္ရွင္းကာ ထိုအနံ႕အေနာက္ကို လိုက္ေနသည္။ သူမပိုေလွ်ာက္လာေလေလ အနံ႕ကပိုျပင္းလာေလေလ ျဖစ္သည္။

'ဒီအနားမွာပဲ! စားရတာတစ္ခုခုက! ဇြန္ဘီေတြအတြက္ စားစရာ လူသားေတြ စားရတာေတာ့ မဟုတ္ေလာက္ဘူးထင္တာပါပဲ'

သူမသည္ သစ္ပင္ႀကီးတစ္ခု၏ ပင္စည္နားက အျမစ္သို႔ ေရာက္သည့္အခါ ရပ္တန့္သြားသည္။ သစ္ပင္၏ပင္စည္တြင္ အေခါင္းေပါက္တစ္ခုရွိေနၿပီး အနံ႕က ထိုအထဲမွ ထြက္ေနတာ ျဖစ္သည္။

'လူသားမဟုတ္ဘူးပဲ! ေတာ္ပါေသးရဲ႕!'

ထိုအေပါက္သည္ လူ႕ေခါင္းအ႐ြယ္ေလာက္သာရွိသည္။ ထို႔ေၾကာင့္ သူမသည္ ေျမႀကီးေပၚတြင္ထိုင္ခ်လိဳက္ကာ အေပါက္ထဲသို႔ ေခါင္းတိုးဝင္ၾကည့္လိုက္သည္။

"ကြၽိ!"

႐ုတ္တရက္ဆိုသလို ဘာမွန္းမသိရေသးသည့္အရာတစ္ခုက သူမ၏မ်က္ႏွာအနားသို႔ ေျပးကပ္လာသည္။

'ဟဲ့! ဟဲ့! ဘာႀကီးတုန္း! '

သူမသည္ လက္ကိုပါတိုးဝင္၍ ခ်က္ခ်င္းမကာကြယ္နိုင္သျဖင့္ ထိုမဲမဲအရာကို အစြယ္ထုတ္ၿပီး အားျပင္းျပင္းျဖင့္ တန္းကိုက္ပစ္လိုက္သည္။ ထိုအေမြးမ်ားျဖင့္အရာသည္ အကိုက္ခံလိုက္ရသျဖင့္ ႐ုန္းေနသည္ကို သူမခံစားမိလိုက္သည္။ ထို႔ေနာက္ ခ်ိဳၿမိန္သည့္ေသြးမ်ားက သူမကိုက္လိုက္သည့္ေနရာမွေန စီးက်လာသည္။ အခ်ိန္ခနေလာက္ ႐ုန္းကန္ၿပီးသည့္အခါ ထိုအရာသည္ ေတာင့္သြားေတာ့သည္။

ထိုအခါမွ လင္းခ်င္းသည္ သစ္ေခါင္းထဲမွ ေခါင္းကိုျပန္ထုတ္၍ ၾကည့္လိုက္သည့္အခါ ဆြံ႕အသြားခဲ့သည္။

'ဒါက ေျမႂကြက္ဝဝႀကီး!'

လင္းခ်င္းသည္ ႂကြက္ေသကို ေသခ်ာၾကည့္လိုက္သည္။ ထိုေျပာင္းလဲသြားသည့္ႂကြက္သည္ သြားခြၽန္ခြၽန္ႏွစ္ေခ်ာင္းက အျပင္သို႔ေခါထြက္ေနကာ အေမြးမ်ားမွာလည္း ထူပိန္းေနၿပီး အရင္ကႂကြက္မ်ားထက္ အမ်ားႀကီးပိုႀကီးလာသည္။

လင္းခ်င္းသည္ သူမ၏ပါးစပ္အနားမွ ေသြးမ်ားကို လ်က္ၾကည့္လိုက္သည္။ အံ့ၾသစရာေကာင္းစြာပင္ ထိုေသြးမ်ားက သူမ၏ပါးစပ္ထဲတြင္ ခ်ိဳၿမိန္ေနသည္။ သူမသည္ ႂကြက္ေသကို အၿမီးကေနကိုင္ရင္း ၿပဳံးလိုက္မိၿပီ။

'ဒီေႁမြႂကြက္ကို စားရရင္ တျခားအေကာင္ေတြကိုလည္း စားရမွာပဲမလား? '

"ကြၽိ ကြၽိ"

ထိုအခ်ိန္တြင္ သစ္ေခါင္းထဲမွ အသံမ်ားထြက္လာသည္။ သူမ၏ အနံ႕ခံအာ႐ုံအရဆိုလွ်င္ ႂကြက္ေပါက္ေလးမ်ား ျဖစ္လိမ့္မည္။ သစ္ေခါင္းထဲသို႔ လက္ႏွိုက္ၾကည့္လိုက္သည့္အခါ ထင္သလိုပဲ အရမ္းႏူးညံ့ေပ်ာ့ေျပာင္းတာေတြကို ေတြ႕လိုက္ရသည္။

လင္းခ်င္းသည္ သူမ၏လက္ေပၚမွ အေမြးမေပါက္ေသးသည့္ ႂကြက္ေပါက္ေတြကိုၾကည့္ကာ အေတြးတစ္ခုရသြားသည္။

'ဒီႂကြက္ေတြက ငါ့ပါးစပ္ထဲကိုေရာက္ဖို႔ ေသးလြန္းေသးေတာ့ ငါ့ေနရာလြတ္ထဲမွာ သိမ္းထားလို႔ ရမလားမသိဘူး?'

ထိုအေတြးႏွင့္အတူ သူမသည္အာ႐ုံစိုက္ကာ စကားတစ္ခြန္းကို စိတ္ထဲမွာ ေျပာလိုက္သည္။

"ဝင္!"

ေနာက္တစ္စကၠန့္အတြင္းမွာ သူမသည္ ႂကြက္ႀကီးႏွင့္ ႂကြက္ေပါက္ေလးမ်ားကို လက္ထဲတြင္ ကိုင္လွ်က္ ျမက္ခင္းျပင္သို႔ ေရာက္ရွိေနသည္။ ႂကြက္ႀကီးကို သူမသတ္လိုက္ၿပီျဖစ္ေသာ္လည္း ႂကြက္ေလးေတြကို စားရမည့္အခ်ိန္အထိ ေမြးထားခ်င္သည္။ သူမသည္ ႂကြက္ေပါက္၆ေကာင္ကို ၾကည့္ကာ ေတြးေနမိသည္။

'ငါကဘာေကြၽးထားၿပီး ေမြးရမွာလဲ? ဒီေနရာမွာက ျမက္နဲ႕ေရကန္ပဲရွိတာ'

သူမသည္ ႂကြက္ႀကီးကို ေဘးသို႔ခ်လိဳက္ကာ ျမက္တစ္ခ်ိဳ႕ကို ႏႈတ္လိုက္ၿပီးေနာက္ အသိုက္လုပ္လိုက္သည္။

'မသိေတာ့ဘူး။ အခုေတာ့ ဒီမွာထားခဲ့လိုက္မယ္။ မရွင္ေတာ့လည္း စားလိုက္တာေပါ့'

သူမသည္ ႂကြက္ေသႀကီးကို ၾကည့္ကာ မီးမရွိဘဲ ဒီတိုင္းစားရမလား ေတြးေနမိသည္။

'ဇြန္ဘီေတြက အစားအေသာက္ကို အက်က္စားရလား မရဘူးလား ငါမသိဘူး။ တကယ္လို႔ က်က္ေနတဲ့အစားအေသာက္ေတြက စားမရရင္ေရာ? အသားစိမ္းပဲ စားေနရင္ေရာ ဘာျဖစ္မွာလဲ?'

သူမသည္ ႂကြက္ေသႀကီးကို ကိုင္ကာ ေနရာလြတ္ထဲမွ ထြက္လာသည္။ ေဘးပတ္ဝန္းက်င္ကို ၾကည့္ေသာ္လည္း သစ္ပင္မ်ားအျပင္ ဘာမွမရွိေပ။ လူသားမ်ားႏွင့္ ေဝးရာသို႔ သူမေလွ်ာက္လာၿပီ ျဖစ္ေသာေၾကာင့္ ဒီေတာထဲတြင္ မီးဖိုလို႔ရမည့္အရာ ဘာကိုမွ မေတြ႕ဘူး။ ၿပီးေတာ့လည္း သူမတြင္ မီးစြမ္းရည္လည္း ရွိမေနေပ။

ေနာက္ဆုံးတြင္ေတာ့ သူမသည္ ႂကြက္ေသကိုၾကည့္ရင္း စိတ္ဆုံးျဖတ္လိုက္သည္။ ထို႔ေနာက္ သူမ၏လက္သည္းမ်ားကိုသုံးကာ ႂကြက္ေသကို အေရခြံႏႊာလိုက္သည္။

သူမသည္ ႂကြက္ကိုစားရျခင္းအား ဘယ္လိုမွမေနေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ၁၅ရက္ ေလ့က်င့္ေရးဆင္းတုန္းက ေတာထဲတြင္ ရွာေတြ႕သမွ်ကိုသာ စားခဲ့ရသည္။ ထိုအခ်ိန္တုန္းက ႂကြက္မ်ားတင္သာမက ေႁမြ၊ ဖား၊ တီႏွင့္ အျခားသတၱဝါမ်ားကို စားခဲ့ရသည္။ သို႔ေသာ္လည္း သူမႏွင့္ အသင္းေဖာ္မ်ားသည္ မီးရွိေနလို႔ ေတာ္ေသးသည္။ အခုေတာ့. . .

သူမသည္ သက္ျပင္းခ်ရင္း အခြံႏႊာလိုက္သည္။ အေရျပားေအာက္တြင္ရွိသည့္ အသားမ်ားကို လင္းခ်င္းသည္ ေသြးတစ္စက္မက်ေစဘဲ ကြၽမ္းက်င္စြာ ႏႊာလိုက္သည္။ ထို႔ေနာက္ ေခါင္းႏွင့္ အူကလီစာမ်ားကို ဖယ္ပစ္လိုက္ကာ အသဲကိုထုတ္လိုက္သည္။

သူမသည္ အနံ႕ခံလိုက္သည့္အခါ မေကာင္းသည့္အနံ႕မ်ိဳးမရေပ။ ထို႔ေနာက္ လွ်ာျဖင့္စမ္းတို႔ၾကည့္လိုက္သည့္အခါ ႏူးညံ့ၿပီးေႏြးေထြးေနသည္။ ထို႔ေနာက္ သက္ျပင္းခ်ကာ အသဲတစ္ခုလုံးကို ပါးစပ္ထဲသို႔ ထည့္လိုက္သည္။ ဝါးရမည္ကို နည္းနည္းေၾကာက္ေနသျဖင့္ ခနငုံထားလိုက္ေသာ္လည္း ထိုအရာကခ်ိဳလြန္းေသာေၾကာင့္ သူမသည္ ဝါးမစားဘဲ မေနနိုင္ေပ။

ႂကြက္အသည္းသည္ ႏူးညံ့ကာ ေပ်ာ့ေျပာင္းၿပီး ဘာအရသာအမႈန့္မွ မထည့္တာေတာင့္ သူမအတြက္ အရသာရွိလြန္းေနသည္။ ထို႔ေၾကာင့္ အကုန္စားလိုက္သည္။ အသားစိမ္းကို ပထမဆုံးအႀကိမ္ စမ္းစားၿပီးသည့္ေနာက္တြင္ေတာ့ သူမသည္စိတ္နည္းနည္း သက္သာသြားသည္။ ထို႔ေၾကာင့္ ႂကြက္အသားမ်ားကို စားေလသည္။ ေနာက္ဆုံးတြင္ေတာ့ သူမသည္ အရိုးကအစ ဝါးစားကာ ၿမိဳခ်လိဳက္သည္။

ထိုအခ်ိန္တြင္ ဗိုက္ကိုသတိရသြားကာ ဂါဝန္ကိုလွန္ၿပီး အျမန္ၾကည့္လိုက္သည္။

'ငါ့အစာအိမ္ေလး ရွိေရာရွိေသးရဲ႕လား မသိဘူး?. . .အူေတြထြက္ေနတာကို သိပင္မယ့္ တျခားဟာေတြရွိမရွိ ေသခ်ာမစစ္မိခဲ့ဘူး။ အခုေတာ့ စိတ္ပူေနရၿပီ။ အစာအိမ္သာ မရွိရင္ေတာ့ ခုနက ငါစားထားတာေတြက ဘယ္ကိုက်သြားမလဲ မသိဘူး? နိုးလာတည္းက ဒီကိုယ္က ဗိုက္ႀကီးပြင့္ေနပင္မယ့္ ငါေနရထိုင္ရခက္တာမ်ိဳးမွ မရွိခဲ့တာ။ ဒါပင္မယ့္ ဗိုက္ကေတာ့ ဆာတယ္!'

Seguir leyendo

También te gustarán

1M 124K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
3.5M 531K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...