part - 41
4.8K 655 24
[Zawgyi]
ဘယ်လောက်ထိ ဇာတ်ဆင်နိုင်လဲ
ပေါ့ပါးစွာ နဲ့ လျှောက်ရင်းနဲ့ ရှောင်ကျန့် က မြို့စား တုဖုန်း ရဲ့ စံအိမ်ရှေ့ကို ရောက်လာသည်။ သူမဝင်ရသေးခင် တစုံတယောက်က သူ့ကို ခေါ်လိုက်သည်။
" မျက်နှာဖုံးကောင်လေး "
ရှောင်ကျန့် က သူ့ကို ထို့သိုခေါ်တာကြားရတော့ သူမတွေ့ချင်တဲ့ တစုံတယောက် နဲ့ တွေ့ရတော့မယ်။ ဝမ်ရိပေါ် က သူ့ကို လုံရိဖုန်း နဲ့ မတွေ့စေချင်လို့ အိမ်တော်မှာ ချန်ထားခဲ့သည်။ အခုသူက ဝမ်ရိပေါ် နဲ့ တွေ့ချင်လို့ ထွက်လာတော့ ဝမ်ရိပေါ် နဲ့ မတွေ့ဘဲ လုံရိဖုန်း နဲ့ တွေ့ရသည်။ သူ့ရဲ့ ကံလေးက ကောင်းလိုက်တာ မတွေ့အောင် ရှောင်စေချင်ပေမယ့် တည့်တည့်ကို တိုးဝင်လာတဲ့ သူ့ကို ဝမ်ရိပေါ် သိရင် ဘယ်လို လုပ်မလဲ။
" လုံရှင်း " ရှောင်ကျန့် က လုံရိဖုန်း ကို စိတ်မသက်မသာနဲ့ ခေါ်လိုက်၏။
" မျက်နှာဖုံးကောင်လေး မင်းလည်း မြို့စားတို့အဖွဲ့ နတ်ဆိုးဂိုဏ်း ရဲ့ ထောင်ချောက်မိလို့ ဒဏ်ရာရတာကို သိလို့ မင်းရဲ့လူ..... ဝမ်ရိပေါ် ကို လာကြည့်တာလား " လုံရိဖုန်း က သူ့ကို မခေါ်ချင် မပြောချင်ပြောချင်နဲ့ ဖြစ်နေတဲ့ ရှောင်ကျန့် ကို ကြည့်ပြီး ပြောလိုက်သည်။
" ဘာ... မြို့စားတို့က နတ်ဆိုးဂိုဏ်း ရဲ့ ထောင်ချောက်မိတယ်.. "
ရှောင်ကျန့် က ထိုအကြောင်းကို သိရတော့ အံ့ဩသွားပြီး သူ ဝမ်ရိပေါ် ကို အမြန်ဆုံး တွေ့ချင်တယ်။ သူရဲ့ ဝမ်ကောကော က အရမ်းတော်တာ ဘာမှဖြစ်မှာမဟုတ်ဘူး မဟုတ်လား။
" မျက်နှာဖုံးကောင်လေး မင်း ဒီအကြောင်းကို မသိသေးဘူးလား... "
" ငါ... အခုမှပဲ.... သိတာ... ဒါနဲ့ ငါ့ရဲ့ ဝမ်ကောကော ဘာမှမဖြစ်ဘူး ဟုတ်လား "
" အဲဒါကတော့ ငါတို့ အထဲကို ဝင်မှသိမယ် " လုံရိဖုန်း က မျက်နှာဖုံးကောင်လေး ဝမ်ရိပေါ် ကိုပဲ မေးနေတော့ သူ မကျေမနပ်ဖြစ်လာသည်။ ဘာလို့လဲ ဝမ်ရိပေါ် မင်းက မျက်နှာဖုံးကောင်လေး နဲ့ သိတာ မကြာသေးပါဘူး သူ့ရဲ့ စိတ်တစ်ခုလုံးကို သိမ်းထားနိုင်တယ်။