part - 35
5.6K 765 29
[Zawgyi]
ကြာပန်းကလေး နဲ့ လက်ဖက်ရည်
ရှောင်ကျန့် က လုံရိဖုန်း ကို ပြုံးပြပြီး ကြာပန်းကလေး ရဲ့ ဗျတ်စောင်း သံကို မျက်လုံးလေးမှိတ်ပြီး နားဆင်လိုက်သည်။
သာယာတဲ့ တေးသံစဉ် က ပြီးဆုံးသွားပြီး ကြာပန်းကလေး က ရှောင်ကျန့် ကို ကြည့်လိုက်သည်။
ရှောင်ကျန့် လည်း သူမကို ပြန်ကြည့်ပြီးတော့ ခေါင်းလေး စောင်းပြလိုက်သည်။
" ကျွန်တော် က ကြာပန်းကလေး ကို ယှဉ်နိုင်ဖို့  လိုသေးတယ် "
" သခင်လေး က ဗျတ်စောင်း တီးခတ်တဲ့ နေရာမှာ ကြာပန်းကလေး ကို မရှုံးပါဘူး သူမနိုင်ကိုယ်မနိုင်ပေါ့ ဗျတ်စောင်းကို နှစ်သက်တဲ့သူ သခင်လေး ကို တွေ့ရတာ ကြာပန်းကလေး အရမ်းဘဲ ဝမ်းသာမိတယ် "
" အွန်း ကျွန်တော် လည်း ချစ်စရာ ကောင်းတဲ့ ကြာပန်းကလေးက လျန်ဟွာ နဲ့ တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော့်ကို ခွင့်ပြုပါအုံး သွားရတော့မယ် "
ရှောင်ကျန့် က ကြာပန်းကလေး နဲ့ မိတ်ဆွေ ဖြစ်ချင်ပေမဲ့ သူ့ရဲ့ ဝမ်ကောကော ကို သတိရသွားပြီး အိမ်တော်ကို အမြန်ပြန်ချင်တယ်။ သူ့ ဝမ်ကောကော ပြန်လာလို့ သူ့ကို မတွေ့ရင် စိတ်ပူစေမယ်။
" သခင်လေး က ဘာကြောင့်များ အလျင်လိုတာလဲ ကြာပန်းကလေး နဲ့ လက်ဖက်ရည် သောက်ပြီး ညအလှကို ခံစားရအောင်လား ကြာပန်းကလေး က သခင်လေး နဲ့ ဗျတ်စောင်း အကြောင်း ဆွေးနွေးချင်သေးတယ် "
ကြာပန်းကလေး က ထွက်သွားတော့မယ့် ရှောင်ကျန့် ၏ လက်ကို ဆွဲယူပြီး ချိုသာသောအသံဖြင့် ပြောလိုက်သည်။ သူမက ရှောင်ကျန့် ကို တောင်းဆိုသလို နဲ့ ကြည့်လိုက်သည်။
" ဟုတ်သားပဲ မျက်နှာဖုံးကောင်လေး မင်းက ကြာပန်းကလေး နဲ့ လက်ဖက်ရည် သောက်ပြီး စကားပြောရမှာ ဝမ်းသာသင့်တယ် သူမက တော်ရုံလူတွေနဲ့ စကားပြောလေ့မရှိဘူး "
လုံရိဖုန်း က ရှောင်ကျန့် ကို ပြောပြီး မျက်လုံး တစ်ဖက် မှိတ်ပြလိုက်သည်။ ရှောင်ကျန့် က သူ့ကို ကြည့်ပြီးတွေးလိုက်သည်။ သူက ပျော်ပျော်နေ တတ်တဲ့ သူပါ ဗီလိန်တွေနဲ့လည်း မတူပါဘူး။