part - 25
6.6K 907 11
[Zawgyi]
ခေါက်ဆွဲပြုတ်ဆိုင်က ဓားသမား
ဝမ်တိုင်းပြည် ရဲ့ တောင်ဘက်ပိုင်းမြို့တော် သိုင်းလောက လူတွေကို အများဆုံးတွေ့ရတဲ့ မြို့တော် ရဲ့ အထင်ကရ စားသောက်ဆိုင် ရဲ့ သုံးထပ်မြောက် သီးသန့်ခန်းရှိ စားပွဲတစ်ခုမှာ ရှောင်ကျန့် တို့အဖွဲ့ထိုင်နေသည်။
ရှောင်ကျန့် မျက်နှာမကောင်းဘဲ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။ သူအလိုမကျဘူး သူတို့လာတာကြာပြီး မှာထားတာ လာမချသေးတဲ့ ဆိုင်ကလူတွေကြောင့် သူက အခြားနေရာမှာ စိတ်ရှည်ပေမဲ့ စားစရာဆို စိတ်က သိပ်မရှည် အခု စားချင်တဲ့ အခါမစားရလို့ သူစိတ်တိုနေသည်။
ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို အရိပ်တကြည့် ကြည့်နေသည်။
ဒါကြောင့် ရှောင်ကျန့် မျက်နှာ မသာမယာတာကို တွေ့တော့ သူက ဘာကြောင့်လဲဆိုတာ သိချင်သည်။
" ကျန့်ကျန့် ဘာကို အလိုမကျဖြစ်နေလဲ "
" ဝမ်ကောကော ကျန့်ကျန့် ဗိုက်ဆာတယ် စားစရာတွေ လာမပို့သေးဘူးလား "  ရှောင်ကျန့် က ဝမ်ရိပေါ် မေးလာတဲ့ အခါ မကျေမနပ်နဲ့ ပြောကာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
" အဲ...  ကောင်းပြီ ကိုယ်သွားပြောပေးမယ် " ဝမ်ရိပေါ်ဟာ အနည်းငယ် အံ့ဩသွားပြီး ထိုစကားကို ပြောလိုက်သည်။
" ဟုတ်... မြန်မြန်လာပို့လို့ ပြောနော် ကျန့်ကျန့် ဆာနေပြီ "
" အင်း... စိတ်ချ ကိုယ်ပြောပေးမယ် " ဝမ်ရိပေါ် ခေါင်းညိတ် ပြပြီး ရှောင်ကျန့် ကို ပြောလိုက်၏။
ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို ထိုစကားပြောပြီး စားသောက်ဆိုင် ရဲ့ ဆိုင်ပိုင်ရှင်လောင်ဖူကို သွားရှာလိုက်သည်။ တကယ်တော့ ဒီဆိုင်ကို  သူ့ရဲ့ သိုင်းလောက မိတ်ဆွေ လောင်ဖူ ဆိုင်ဖြစ်ပြီး ဒီဆိုင်က တောင်ပိုင်းမြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင် ဖြစ်သည်။ ဒါဆို ဘာလို့ သူတို့တွေ စားစရာတွေကို လာမချသေးလဲ။ စားသုံးသူတွေကို မလေးစားဘူး အခြားအနေဆို သူမပြောချင်ဘူး အခုက သူ့ရဲ့ ကျန့်ကျန့်က ဗိုက်ဆာနေပြီ ဒါကိုတော့ သူ့အနေနဲ့ ဒီတိုင်းထားလို့မဖြစ်ဘူး။ လောင်ဖူ က သူ့လူတွေကို သွက်သွက်လက်လက်ရှိအောင် မသင်ပေးဘူးလား။ သူက လောင်ဖူ နဲ့ ဒီအကြောင်းပြောရတော့မယ်။