part - 18 ( Z+U ) 🔞🚨🚫
14.5K 1.2K 55
[Zawgyi]
ယုန်ငယ်လေး အစားခံရသည့် ည
ညအချိန် ခါ အနားယူသင့်သည့် အချိန်မှာတော့  သေးငယ် သွယ်လျတဲ့ ကိုယ်ထည်နဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာ တစ်ခုလုံး အဝတ်တွေ နဲ့ ဖုံးထားသည့် ညသူခိုး နှစ်ဦးက ဝမ်ရိပေါ် ၏ ခြံဝန်းရှေ့က ချယ်ရီပင်အောက်မှာ ကိုယ်ဖော့သိုင်းဖြင့် ပေါ့ပါးလျင်မြန်စွာနဲ့ ရောက်လာသည်။
သူတို့ နှစ်ဦးရောက်လာတော့  ဦးလေးလု ဟာ သူတို့တွေ ၏ ရှေ့မှာ သရဲ တစ်ကောင်လို ပေါ်လာပြီး သူတို့ကို မေးလိုက်၏။
" မင်းတို့တွေက ဘယ်သူလဲ ဘာလိုချင်လို့ ဒီလို ညအချိန် မှာ ခိုးကြောင်ခိုးဝှက် လာရတာလဲ "
ဦးလေးလု ကို တွေ့ရတော့ ညသူခိုး နှစ်ဦးက တစ်ဦး ကို တစ်ဦး ကြည့်ပြီး ဦးလေးလု ကို အသံမပေးဘဲ လျင်မြန်စွာ တိုက်ခိုက်လာလို့ ဦးလေးလု လည်း သူတို့သိုင်းကွက်ကို လွယ်ကူစွာ ရှောင်လိုက်ပြီး ပြန်တိုက်လိုက်သည်။
မကြာခင်မှာ ဘဲ သိုင်းအဆင့်မြင့်တဲ့ဦးလေးလု က ညသူခိုး တို့ကို လွယ်ကူစွာ အနိုင်ရလိုက်သည်။ သူက မြေပေါ်မှာ လဲနေတဲ့ ညသူခိုး တို့ကို နောက်တခါ မေးလိုက်သည်။
" ပြောစမ်း... မင်းတို့တွေ ဘာလိုချင်လို့ ဒီကို လာရတာလဲ "
ထိုအခါမှာ လဲကျနေတဲ့ ညသူခိုး တစ်ဦး က တစ်စုံတစ်ခုကို ပစ်ပေါက်လိုက်လို့ မီးခိုးတွေထွက်လာသည်။ မီးခိုးတွေက ဦးလေးလု ၏ ပတ်ဝန်းကျင်အမြင်ကို ဖုံးလွမ်းလိုက်ည်။ တစ်ခဏဘဲ မီးခိုးတွေ ပျောက်ကွယ်သွားတော့ ဦးလေးလု ဟာ ညသူခိုးတွေကို မတွေ့ရတော့ပါ။
+++++ ++++
ထိုအချိန်မှာ တော်ဝင်ဘုရားကျောင်းနှင့် မနီးမဝေးမှာ  ရှိတဲ့ ပန်းမျိုးစုံ စံအိမ် ရှိ ပန်းခြံ ရှေ့ ဇရပ် မှာ မယ်တော်ကြီးသည် အနက်ရောင် ခေါင်းစွပ်ပါဝတ်စုံကို ဝတ်ထားပြီး လက်ဖက်ရည် သောက်ကာ သူမ လူနှစ်ယောက်၏ တာဝန်ပြီးကြောင်း လာရောက် တင်ပြမှာကို စောင့်နေသည်။
ထိုအခါမှာ အနက်ရောင် ဝတ်စုံ နဲ့ ညသူခိုး လူနှစ်ဦး သည် အမှောင်ထုထဲက ပြေး ထွက်လာပြီး ဒဏ်ရာ တွေနဲ့ မယ်တော်ကြီး၏ ရှေ့မှာ လာရောက် ဒူးထောက်ပြီး တာဝန် မပြီးမြောက်ကြောင်း တင်ပြ လိုက်သည်။