part - 46
5.1K 581 24
[Zawgyi]
ကျောက်စိမ်းနှင်းဆီ ဂိုဏ်းချုပ် / အဖိုးယွိ
ကျောက်စိမ်းနန်းတော် ရှိ ရောင်စုံမျိုးစြုံဖင့် ဖူးပွင့်နေတဲ့ နှင်းဆီ ဦးယျာဉ်မှာ ရှောင်ကျန့် သည် တစ်ဦး ကိုတစ်ဦး အေးစက်တဲ့ အကြည့်နဲ့ အကဲခတ်ကြတဲ့ ဝမ်ရိပေါ် နဲ့ ကျောက်စိမ်းနှင်းဆီ ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကို တလှည့်စီကြည့်လိုက်သည်။ အလိုလေး ဒီအေးစက်တဲ့ မြေးအဖိုးနဲ့တော့ သူ အနေခက်လာပြီ။
စစတွေ့ချင်းမှာဘဲ ဂိုဏ်းချုပ် က သူတို့ကို နှင်းဆီ ဦးယျာဉ်မှာ ခေါ်လာပြီး ဝမ်ရိပေါ် နဲ့ အကြည့်ချင်း တိုက်တာကလွဲပြီး ဘာမှမပြောဘဲ နေလို့ သူတို့ နဲ့ အတူထိုင်တဲ့ ရှောင်ကျန့် မှာ ငြိမ်သက်စွာ နဲ့ စားပွဲမှာ ချထားတဲ့ လက်ဖက်ရည် ကို တဖြည်းဖြည်းနဲ့ သောက်ပြီး အကြည့်ချင်း တိုက်နေတဲ့ သူတို့ကို အတတ်နိုင်ဆုံး မကြည့်မိအောင် ရောင်စုံစွာ ဖူးပွင့်နေတဲ့ နှင်းဆီ ပန်းတွေကို ငေးကြည့်လိုက်သည်။
သူ ဝတ္ထုထဲမှာ ရောက်လာပေမဲ့ ဒီထဲက အရာအားလုံးကို မသိနိုင်ဘဲ ယောင်လည်လည်ဖြစ်နေသည်။ထို့အတူ သူနဲ့ အတူထိုင်တဲ့ ကျောက်စိမ်းနှင်းဆီဂိုဏ်းက ဂိုဏ်းချုပ်က ဝတ္ထု ထဲမှာ ဖော်ပြထားတဲ့ ဝမ်ရိပေါ် ရဲ့ အဖိုးကလွဲပြီး ဘာမှမသိတော့ဘူး။ ကောင်းလိုက်တာ သူများတွေ က ဝတ္ထုထဲ ရောက်ရင် အကုန်လုံး ကို သိရှိပြီး ဆရာကြီးတွေ ဖြစ်လို့ သူကျမှ မပါဖူးတဲ့ ဇာတ်ကောင် ကို တွေ့ရပြီး ရှိန်ရတယ်။
တကယ်ကို ဝမ်ရိပေါ် ရဲ့ အဖိုးက အရမ်းဘဲ လူတကာထက်ပိုပြီး ကြီးမြတ်သည့် အရှိန်ဝါ က ဝမ်ရိပေါ် နဲ့ မတိမ်းမယှိမ်း ပဲ သူ့လို လူငယ်လေး က သူတို့၏ အရှိန်ဝါ အောက်မှာ ငြိမ်ကုပ်နေရတယ်။ ကံကောင်းတာ အရင်ဘဝမှာ သူ့အဖိုး ရဲ့ ကြောက်စရာကောင်းတဲ့ အရှိန်ဝါ နဲ့ နေသားကျလို့ ဒီလို အရောက်ထွက်နေတဲ့ မြေးအဖိုးကြားမှာ သက်သောင့်သက်သာဖြစ်အောင်နေနိုင်တာ။ နောက်တခုက သူမှာ့လည်း ဒီအရှိန်တွေ ရှိတယ်လေ ထုတ်မသုံးချင်လို့ ဖုံးကွယ်ထားတာပဲ သူသာ သုံးမယ်ဆိုရင် ဒီမြေးအဖိုး လန့်သွားစေမယ်။