63.
2K 264 10
Zawgyi
-ဂုဏ်လုပွဲ အတွက် ပြင်ဆင်မှုများ - ၂
နတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်နယ်မြေတွင် လုံရိဖုန်းက အရက်အိုးကို လက်မှာပိုက်ပြီး ရေပူစမ်း နားရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည်။
သူက လျှို့ဝှက်နယ်မြေထဲမှာ သုံးနှစ်လုံးလုံး လျှို့ဝှက်သိုင်းပညာကို လေ့ကျင့်နေရလို့ တော်တော်လေးကို ပျင်းနေပြီ။
သူက လျှို့ဝှက်သိုင်းပညာကို အောင်မြင်အောင်ကျင့်ပြီးပြီဆိုပေမယ့် စောင့်ရှောက်သူတွေက သူ့ကို ဂုဏ်လုပွဲ မရောက်ခင်အထိ လျှို့ဝှက်နယ်မြေမှာပဲ နေစေတယ်။
သူတို့က လွန်ခဲ့တဲ့သုံးနှစ်တုန်းက သူ အပြင်လောကမှာ လေ့လာဖို့ သွားတုန်းကလို သိုင်းလောကကို ပြသနာရှာမှာကို ကြောက်နေကြတယ်။
ဒါပေမဲ့ သူတို့မသိတာက သိုင်းလောကကို သူက ဘာပြသနာမှမမွှေရင်လည်း မွှေချင်တဲ့သူတွေအများကြီးရှိတာပဲ။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက သူက အဲဒီလူတွေကို သူတို့ဖြစ်ချင်တာတွေဖြစ်ဖို့ နည်းပြပြီးပြီမို့  ဝမ်ရိပေါ် က သိုင်းလောကမှာ သူတို့နဲ့ ရင်ဆိုင်ရမှာမို့ သူ့လို လေ့ကျင့်ချိန်များများရမှာမဟုတ်ဘူး။
နောက်ပြီး အဲဒီသိုင်းသမားတွေကို နန်းတော်ကအကျင့်မကောင်းတဲ့အရာရှိတွေက နောက်ခံပေးပြီးပူးပေါင်းထားတဲ့အတွက် သူတို့တွေနဲ့ပြသနာရှင်းဖို့ ဝမ်ရိပေါ် က ပြင်ဆင်မှုများစွာကို လုပ်ရမှာမို့ အချိန်များစွာကုန်မှာပဲ။ ဒါဆို ဝမ်ရိပေါ် က ဂုဏ်လုပွဲ အတွက် လေ့ကျင့်ချိန်မရလို့ အနိုင်ရဖို့ မျှော်လင့်ချက်မဲ့နေမယ်။
ဒါကို တွေးယုံနဲ့ အပျင်းတွေပျောက်ပြီး သောက်ရမ်းစိတ်လှုပ်ရှားပြီး ပျော်နေပြီ။
သူ လျှို့ဝှက်နယ်မြေထဲမှာ သုံးနှစ်လုံးလုံး အချိန်ကုန်ရပေမဲ့ ဒါက ဝမ်ရိပေါ် ကို အနိုင်ရစေမဲ့အတွက်ကြောင့် သူ့ကဒီမှာနေရတာပျင်းစရာကောင်းနေလည်း  ကျေနပ်နေတယ်။
လုံရိဖုန်းက တွေးရင်း ပျော်ရွှင်စွာနဲ့ အရက်အိုးကိုမော့ပြီး တကျိုက်ကျိုက်သောက်လိုက်သည်။