part - 47
4K 531 10
[Zawgyi]
အဖိုးကို ချွဲတဲ့ ရေခဲလူသား
ဂိုဏ်းချုပ်ယွိ သည် သူ့အဆောင်မှာ စာဖတ်နေရင်း သူ့အဆောင်ကို ဝင်လာတဲ့ ဝမ်ရိပေါ် ကြောင့် စာအုပ်ကို ခုံပေါ်မှာ ချပြီး မေးလိုက်၏။
" ဘာအကြောင်းလဲ ပြောသာပြော.. အကြောင်း မရှိရင် မင်းက ငါ့လို မထင်မရှား အဖိုးဆီကို ခြေဦးလှည့်လာမလား... "
သူ့အကြောင်းကို သိသလိုနဲ့ ပြောလာတဲ့ အဖိုးကြောင့် ဝမ်ရိပေါ် ဖုံးကွယ်စရာမရှိပါ။ သူက အဖိုးရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ခုံပေါ်မှာ တင်ထားတဲ့ စာအုပ်ကို ကြည့်လိုက်သည်။
" ပြောတော့ ငါ့ အနားယူချိန်ကို လာမဖြုန်းနဲ့... ရေကန်နားမှာ မင်းကြောင့် မောပန်းသွားတဲ့ ရှောင်ကျန့်လေး ကို အဆောင်ထဲမှာ တစ်ယောက်ထဲ ချန်ထားခဲ့ပြီး ငါ့ဆီကို လာတာ နတ်ဆိုးဂိုဏ်း က လုံရိဖုန်း ကြောင့်မလား "
" အသက်ကဖြင့် ဂိတ်ဆုံးရောက်တော့မယ် သူများရဲ့ ချစ်ကြိုက်ြခင်းကို ခိုးချောင်းနေသေးတယ် အရှက်ကို မရှိဘူး..."
ဝမ်ရိပေါ် က ရေကန်ထဲက ရှောင်ကျန့် နဲ့ သူ့အကြောင်းကို သူ့အဖိုး သိသွားလည်း မတုန်မလှုပ် နဲ့ ရှက်မနေပါဘဲ စပ်စုတတ်တဲ့ သူ့အဖိုး ကို အပြစ်ပြောလိုက်သေးတယ်။
အဖိုးယွိ က ဝမ်ရိပေါ် ကို ကြည့်ပြီး မရိုက်မိအောင် လက်ထိန်းနေရသည်။ ခိုးချောင်းတယ် သူက ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် တို့ တကယ်ချစ်တာလား သူစိတ်ချမ်းသာဖို့ သူ့ရှေ့မှာဘဲ ချစ်ဟန်ဆောင်ပြီး ချစ်ပြနေတာလားသိချင်လို့ သူတို့တွေကို မသိခင် တိတ်တဆိတ် စောင့်ကြည့်ဖို့ ခိုးချောင်းတဲ့ စိတ်စွမ်းအား သုံးလိုက်တာပါ။ ဒါပေမယ့် သူတို့ကို စိတ်ပူလို့ ခိုးချောင်ရတာ။
ဘယ်သူထင်မလဲ သူ့မြေးလေး က စရောက်ခြင်းမှာဘဲ ဂိုဏ်းချုပ်ဖြစ်သူ၏တော်ဝင်မျိုးနွယ်တို့သာ သုံးခွင့်ရှိတဲ့ ကျောက်စိမ်းဦးယျာဉ်ရေကန်မှာ အားနာမှုတစ်စက်မှမရှိဘဲ ရှက်ဖွယ်ရာတွေကို ပြုမှုမယ်လို့။ ဒါက ဂိုဏ်းချုပ် ဖြစ်တဲ့ သူ့အနေနဲ့ လက်ခံလို့တောင် မရချင်ဘူး။