part - 27
6.3K 920 30
[Zawgyi]
ဒီလူက ငါ့လူ မထိနဲ့
ဝမ်ရိပေါ် နဲ့ ကျန်းယု က တစ်ဦးကိုတစ်ဦး ပြာချတော့မယ့် အကြည့်နဲ့ အကြည့်ချင်း ပြိုင်နေကြသည်။
" ဝမ်ကောကော ကျန့်ကျန့် ကို လာခေါ်တာလား "
ရှောင်ကျန့် က ဝမ်ရိပေါ် နဲ့ ကျန်းယု တို့ ပြာချတော့မယ့် အကြည့်နဲ့ ကြည့်နေတာ တွေ့တော့  ပြသနာ မဖြစ်အောင် လုပ်ဖို့ ဝမ်ရိပေါ် ရဲ့ လက်ကို ဆုပ်ကိုင်ပြီး လေသံအေးအေးနဲ့ ပြောလိုက်သည်။
ရှောင်ကျန့် စကားကို ကြားတော့ ဝမ်ရိပေါ်ဟာ သူဒီကို လာတဲ့အကြောင်းကို သတိရသွားပြီး သူ့ကို ကြည့်နေတဲ့ ကျန်းယု ကို လစ်လျူရှုကာ ရှောင်ကျန့် ကို သေချာကြည့်လိုက်သည်။
" ကျန့်ကျန့် ဘာလို့ ကိုယ့်ကို မစောင့်ဘဲ ခေါက်ဆွဲပြုတ်ဆိုင် ကို လာစားရတာလဲ  "
" အဲဒါက ကျန့်ကျန့် ဗိုက်အရမ်းဆာလို့ ဟိုက စားစရာ မရသေးခင် ဒီမှာ အရင် လာစားမယ် ပြီးမှ ပြန်သွားစားမလို့ "
" ဘယ်လို....? "
ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို ကြည့်ပြီး အံ့အားသင့်သွားသည်။ သူ့ကြင်ယာတော်က ဒီလောက်ထိ အစားသောင်းကျန်း လိုက်မယ်လို့ မထင်မိဘူး။
" ဝမ်ကောကော အဲဒီအကြည့်က ဘာလဲ ကျန့်ကျန့် ကို အဆာ ခံခိုင်းမလို့လား "
ရှောင်ကျန့် က ဝမ်ရိပေါ် ရဲ့ အကြည့်ကို သတိထားမိတော့ မကျေမနပ်နဲ့ ပြောပြီး မျက်စောင်းထိုးလိုက်သည်။ဝမ်ရိပေါ် သူ့ကို အဲ့လိုကြည့်တာ မနှစ်သက်ဘူးနော် စိတ်တိုလာပြီ ခုနက စိတ်ကောင်းဝင်နေတာတွေ ပျောက်ကုန်ပြီ ပြန်လျော်ပေး။
ဝမ်ရိပေါ် က ရှောင်ကျန့် ကို ပြောစရာစကားမရှိတော့ပါ။ ဘာပြောရမလဲ ခု သူ့ကြင်ယာတော်က စိတ်ကောက်နေပြီ ပြန်ချော့ရတော့မယ်။ တကယ်ဆို စိတ်ကောက်သင့်တာ သူမဟုတ်ပါလား ခုတော့ အခြေနေဟာ ပြောင်းပြန်ဖြစ်နေတယ်။ ထားပါတော့ သူဟာ ဗိုက်ဆာနေတဲ့ သူ့ကြင်ယာတော် ခေါက်ဆွဲပြုတ်စားတာကို အပြစ်မတင်ရက်တော့ဘူး။ သူလေးက တကယ်ဆာလို့ လာစားတာဖြစ်မယ်  သူ့အနေနဲ့ နားလည်ပေးသင့်တယ်။