77
819 100 2
((Z))
- ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့ရဲ့ နတ်ဘုရားနယ်မြေပန်းချီ-၁
ပိုင်ယွိလေးက သူ့ရှေ့က စာရွှက်ဖြူကိုကြည့်ပြီး မျက်လုံးလေးမှိတ်ပြီး သူမြင်ခဲ့ဖူးတဲ့ လှပတဲ့အရာတွေကို စဉ်းစားကြည့်လိုက်သည်။
သူက ကျောက်စိမ်းနန်းတော်ကြီး၊
ကျောက်စိမ်းနန်းတော်ရှိ ပန်းဦးယျာဉ်ကြီး၊
နန်းတော်ကြီး နောက်က တောင်ပေါ်ရှိပန်းခင်းကြီး၊
သူ့အဖေ ခေါ်သွားခဲ့တဲ့ မက်မွန်သစ်ပင်ရဲ့နေရာလေး၊
သူက ထိုနေရာတွေကို ပြန်မြင်ယောင်ပြီး ဘယ်လိုမျိုးနဲ့ ပုံဆွဲရမှာကို တွေးလိုက်သည်။
ဒါပေမဲ့ သူက ထိုသို့တွေးနေရင်းနဲ့ အိပ်ပျော်သွားသည်။
ထိုမှမက...
သူက လှပတဲ့အိပ်မက်ကိုတောင် မက်လိုက်သေးသည်။
အိပ်မက်ထဲမှာ သူက အရမ်းကို သာယာလှပလှတဲ့ တောင်ပေါ်ပေါ်မှာ ရှိနေတယ်။
ဒီနေရာမှာ ထူးဆန်းပြီး လှပတဲ့ ငှက်ငယ်လေးတွေက အဖြူရောင် တိမ်တိုက်ကြားမှာ ဝဲပျံပျော်မြူးနေကြပြီး ချိုသာအေးမြတဲ့ အသံနဲ့တေးသီနေကြတယ်။
လှပတဲ့ ရေတံခွန် တွေက မိုးပေါ်က တိမ်တွေကနေ စီးဆင်းလာပြီး တော်ပေါ်ကရေအိုင်ကြီးမှာ တဟုန်းဟုန်းနဲ့ ကျဆင်းနေတယ်။
အစိမ်းရောင် သစ်ပင်ကြီးများနဲ့ အဖြူရောင် ကျောက်ခင်းလမ်းတွေက မြက်ခင်းပြင်စိမ်းစိမ်းမှာ အစီတကျ တည်ရှိနေတယ်။
ထိုမှမက ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ကျောက်တုံးကြီးတွေကလည်း ကျောက်ခင်းလမ်းတစ်လျှောက်မှာ စီစီရီရီ နဲ့ သေသပ်စွာ ရှိနေတယ်။
မြက်ခင်းပြင်ပေါ်မှာ ထူးခြားလှပလှတဲ့ ရောင်စုံပန်းပင်တွေက ဟိုတစ်စု ဒီတစ်စုနဲ့ နေရောင်အောက်မှာ ဝေဆာနေကြတယ်။
ပိုင်ယွိလေးက သူရောက်နေတဲ့ နေရာလေးကို တအံ့တဩနဲ့ မျက်လုံးပြူးပြီး ကြည့်လိုက်သည်။
သူက အံအားသင့်တဲ့ လေသံနဲ့
" ဝါး..... ဒီနေရာက ကောင်းကင်ဘုံလား...
နတ်ဘုရားနယ်မြေလား... "
သူ့ရဲ့ အသံဆုံးသွားချိန်မှာ ရှောင်ယွီလေးရဲ့တည်ငြိမ်တဲ့အသံက ထွက်လာသည်။
" နတ်ဘုရားနယ်မြေ "