part - 22 ( Z+U )
9.8K 1.1K 45
[Zawgyi]
ကျောက်စိမ်းနှင်းဆီ ဂိုဏ်းက ရတနာ သိုင်းကျမ်း
ဝမ်ရိပေါ် က ရှောင်ကျန့် ရဲ့ တတ်ကြွတဲ့ မျက်နှာ ကို တွေ့ရသည့် အခါ အခန်းထဲက ကျောက်ခုံပေါ်မှာ အရင်ထိုင်ခိုင်းပြီး သူ အရင်ညက သိမ်းထားတဲ့ ပုဝါကို ထုတ်ပြီး ရှောင်ကျန့် ကို ပြလိုက်တယ်။
" ကျန့်ကျန့် ဒီပုဝါကို မှတ်မိရဲ့လား ကိုယ် မင်းကို ပေးထားတာလေ... မင်းနဲ့ ဖြစ်ခဲ့တဲ့ အဲဒီည မှာ ကိုယ်ပြန်ယူခဲ့တာ....  ဒီပုဝါရဲ့ အကြောင်းကို မပြောပြချင်လို့ ကိုယ်ပြန်ယူခဲ့တာ..... ဒါပေမဲ့ အခုကိုယ်က မင်းကို ဒီပုဝါရဲ့ အကြောင်းကို ပြောပြမယ် "
ရှောင်ကျန့် ဟာ ဝမ်ရိပေါ် လက်ထဲမှာ ကိုင်ထားတဲ့ ပုဝါကို ကြည့်ပြီး အဲဒီည အကြောင်းကို သတိရသွားတယ်။
အဲဒီ ည မှာ ဝမ်ရိပေါ် က သူ့ရဲ့ အဝတ်တွေကို အတင်းချွတ်ခဲ့တဲ့အတွက် အင်္ကျီထဲက သူသိမ်းထားတဲ့ ပုဝါလည်း ထွက်ကျလာခဲ့သည်။ ထိုအချိန်မှာ ဝမ်ရိပေါ် က ပုဝါကို ကြည့်ပြီး ငြိမ်သွားသည်။
အဲဒီ အချိန်မှာ သူထင်ခဲ့တယ် ဝမ်ရိပေါ်ဟာ သူ့ကို အိပ်ယာပေါ်မှာ ဆက်ပြီး အနိုင်မကျင့်တော့မှာကို..... ဘာလို့လဲဆို ဝတ္ထု ထဲက ဝမ်ရိပေါ်ဟာ ဘယ်လောက်ဘဲ ဒေါသထွက်ပါစေ ဘယ်လောက်ဘဲ စိတ်ရိုင်းဝင်ပါစေ ဒီပုဝါကို ကြည့်လိုက်ရင် သူ့ စိတ်ကိုထိန်းချုပ်နိုင်ပြီး တည်ငြိမ်စွာ နဲ့ အနေအေးတဲ့ ရေခဲတုံးလို ပြန်ဖြစ်သွားတာ။
ဒါပေမဲ့ အဲဒီ ည ဝမ်ရိပေါ် က သူ့ကို အံ့ဩစေတယ်...  သူအရမ်း တန်ဖိုးထားတဲ့ ပုဝါကို တစ်ချက်သာကြည့်ကာ အဝတ်တွေ နဲ့ အတူ ပစ်ချလိုက်ပြီး သူ့ကိုသာ ဆက်ပြီး အနိုင်ကျင့်ခဲ့သည်။
ရှောင်ကျန့် ဟာ အဲဒီ အကြောင်းကို တွေးရင်း တွေးရင်းနဲ့ ရှက်လာလို့ ဝမ်ရိပေါ် ကို မကြည့်နိုင်တော့ဘဲ မှတ်မိတဲ့ အကြောင်းကို ခေါင်းညိတ် ပြပြီး မျက်လွှာချထားလိုက်သည်။
ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ရဲ့ အပြုမှုနဲ့ အမူယာကို သေချာကြည့်ပြီး ပြုံးလိုက်သည်။
" ကိုယ် မင်းကို ဒီပုဝါရဲ့ အကြောင်း ပြောပြမယ် ကျန့်ကျန့်...  ဒီပုဝါက သိုင်းကျမ်း တစ်ခုဘဲ  ကိုယ့်မယ်တော်က ကိုယ့်ကို ပေးထားတာ...