87 (end)
1.4K 122 13
((Z))
- နောက်ဆိုမခွဲဘဲအတူနေကြတော့မယ်
ဝမ်ရိပေါ်က ရှောင်ကျန့်ကိုခေါ်ပြီး တောင်ပေါ်ကို တက်လာသည်။
တောင်ပေါ်ရှိပန်းခင်းလေးတွေ က လေယူရာကို ယိမ်းနွဲ့ကြပြီး နေရောင်အောက်မှာ အရောင်အသွေးစုံလှသည်။
ရှောင်ကျန့်က ပန်းလေးတွေကိုကြည့်ပြီး သူ့မျက်နှာဖုံးကို ချွတ်လိုက်သည်။
ဝမ်ရိပေါ်ကလည်း မျက်နှာဖုံးကို ချွတ်လိုက်သည်။
" ဒီကို ခေါ်လာတာ ဘာလုပ်ဖို့လဲ "
ရှောင်ကျန့်က ဝမ်ရိပေါ်ကို ကြည့်ပြီး သိချင်စိတ်နဲ့မေးလိုက်သည်။ သူ့မျက်လုံးတွေက နူးညံ့ပြီးတောက်ပနေသည်။
သူ့ကို ကြည့်ပြီး ဝမ်ရိပေါ်က ပြုံးလိုက်သည်။
" ဘာလုပ်ဖို့လဲ ဒီမှာ ပန်းတွေကို ရှုစားဖို့နဲ့ လေညင်းခံဖို့ ခေါ်လာတာလေ...
အခုတလော အလုပ်တွေများနေလို့ ဒီလိုမျိုး သဘာဝရှုခင်းတွေကို မင်းနဲ့ကြည့်ချင်ပြီး အပန်းဖြေမလို့... "
ရှောင်ကျန့်က ထိုသို့ကြားတော့ ခေါင်းညိတ်လိုက်ပြီး
" ဪ " လို့သာ တိုးတိုးပြောလိုက်သည်။
ဝမ်ရိပေါ်က သူ့ကိုစနောက်စွာ ကြည့်ပြီး တိုးတိုးလေးရယ်ပြီး မေးလိုက်သည်။
" ဒါမှမဟုတ် ကိုယ်ရဲ့ ကျန့်ကျန့်က တခြားအရာတွေကို မျှော်လင့်နေတာလား... "
ရှောင်ကျန့်က သူ့စကားကို ကြားတော့ မျက်နှာပူနွေးသွားပြီး သူ့ကိုကျောပေးလိုက်သည်။
" ဟန့်... ဘာတွေ မျှော်လင့်ရမှာလဲ...
ကျန့်ကျန့်က ဝမ်ကောကောဆီမှာ ဘာမှမမျှော်လင့်ပါဘူးနော်.. "
" ဟုတ်ပါပြီ...
စိတ်မကောက်ချင်နဲ့လေ ကိုယ့်ကို လှည့်ကြည့်ပါအုံး... "
ဝမ်ရိပေါ်က ပြောပြီး သူ့ရှေ့မှာ ရပ်လိုက်ပြီး သူ့မျက်နှာကို နူးညံ့စွာ ကိုင်လိုက်သည်။ ထိုနောက် သူ့ကို ညင်သာစွာ ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။
" တကယ်ဆို ကိုယ်က ပန်းခင်းကိုရှုစားပြီး မင်းကိုဖက်ထားချင်တာ... "
ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့စကားနဲ့ အကြည့်ကြောင့် မျက်နှာရဲသွားသည်။ သူက ပြုံးလိုက်ပေမဲ့ မျက်နှာကို တင်းလိုက်ပြီး ဝမ်ရိပေါ်ကို ခပ်ဆိုးဆိုးကြည့်ကာ
" ဒါဆို ကျန့်ကျန့်က ဝမ်ကောကော ကို ပေးဖက်ရမှာလား "
🎉 You've finished reading ကြင်ယာတော်ရှောင်၏လက်စားချေခြင်း (ကြင်ယာတော်ရှောင်၏လက်စားချေခြင်း) 🎉