part - 6 (Z+U)
13.2K 1.4K 22
[Zawgyi]
ငါ့ကို ချစ်သွားလို့လား....
မနက်ခင်း နေသာတဲ့ အပြာရောင်ကောင်းကင်အောက်မှာ
အိမ်ရှေ့စံ နန်းဆောင်က လေ့ကျင့်ရေးကွင်းမှာ အိမ်ရှေ့စံ ဝမ်ရိပေါ် နဲ့ ကိုယ်ရံတော် ယဲ့လင် တို့  အပြန်အလှန် တိုက်ခိုက်ကာ ဓားရေးလေ့ကျင့်နေသည်။
လေ့ကျင့်ရေးကွင်းနားက ချယ်ရီပင်အောက်က စားပွဲပါ ထိုင်ခုံ မှာ လက်ဖက်ရည် နွေးနွေးလေးသောက်ပြီး နေရောင်အောက်မှာ တောက်ပနေတဲ့ ဇာတ်လိုက်ကို ရှောင်ကျန့် က အရသာခံကာ ကြည့်နေသည်။ သူ့ဘေးနားက အားလင်ကလည်း အိမ်ရှေ့စံ နဲ့ ကိုယ်ရံတော် ယဲ့လင် တို့ရဲ့ ဓားသိုင်းကို ကြည့်ရှုပြီး အံ့ဩနေသည်။ သူကိုယ်တိုင်ကလည်း ဓားသမား တစ်ယောက်ဖြစ်ပြီး တော်ပေမယ့် သူတို့နဲ့ ယှဉ်ရင် ကလေးသာသာသာ ဖြစ်သည်။
ကွာခြားမှုကို ကြည့်ပြီး အားလင်က ကြေကွဲသွားသည်။ တစ်ခုခုဖြစ်ရင် အိမ်ရှေ့စံ လက်ထဲက သူ့ သခင်လေး ကို ကယ်တင်နိုင်မည်မဟုတ်ပါ လား အခုတော့ ဝမ်းနည်းစရာ ပါ။
ရှောင်ကျန့် က တော့ ဒီရက်အတွင်း မှာ နေမကောင်းလို့ ဆေးသောက်ရတဲ့ အတွေ့အကြုံ ကို မေ့ဖျောက်နိုင်မှာမဟုတ်ပါ။ သုံးရက်တောင်ရှိသွားပြီး သူက ခါးသက်တဲ့ ဆေးကို သောက်ရတာ ဝမ်ရိပေါ် က သူနေမကောင်း မချင်းသူ့အဆောင်ကို မပြန်ပို့လို့ ဒီရက်အတွင်း မှာ သူဆေးသောက်ဖို့ အနိုင်ကျင့်ခံရတယ် ဒီအဆောင်ကနေ ဘယ်မှသွားလို့ကို မရဘူး။
" ဟူး... နောက်ဆုံးတော့ ငါနေကောင်းသွားပြီး အားလင် ငါတို့ ဒီနေ့ အဆောင်ပြန်ရအောင် ဒီငရဲတွင်းလို အဆောင်ကို မနေတော့ဘူး "
အားလင်က သူ့စကားကိုကြားတော့ ငြင်းလိုက်တယ်။
" သခင်လေး ရယ် အိမ်ရှေ့စံ က သခင်လေး အပေါ်ကောင်းပါတယ် ဒီရက်အတွင်း မှာ သူက သခင်လေး ကို တကယ် ဂရုစိုက်ပေးပြီး ကောင်းမွန်စွာ ဆက်ဆံပေးတယ် လေ သခင်လေး အတွက် အပြစ်ပေး ဖို့ တောင်းဆိုပေးလို့ မင်းသမီး ဖေးရင် ကိုလည်း မယ်တော်ကြီးရှိတဲ့ တော်ဝင် ဘုရားကျောင်း မှာ ကျမ်းစာ သွားကူးရေးဖို့ အပြစ်ပေးခံရပြီလေ "
" ဟမ့်... အဲဒီ အပြစ် သေးသေးလေးကို တကယ်ဆို ငါ့ကိုသေကြောင်းကြံလို့ အချက် တစ်ရာလောက် သူ့ရဲ့ တင်ပါးကို ရိုက်ခိုင်းပြီး အပြစ်ပေး ခံရမှာ ဒါမှ ရက်တစ်ရာလောက် မထိုင်နိုင်မထနိုင်ဖြစ်နေရမှာလေ "