72
2.3K 190 19
Zawgyi
- ရှောင်အိမ်တော်၏ ခန်းမအတွင်း-၁
ဝမ်ပိုင်ယွိ နဲ့ ဝမ်ရှောင်ယွီ လေးတို့က သူတို့ပါးပါးတို့ အဖော်ပြုပေးလို့ နန်းမြို့တော်၏ ဈေးတစ်ခွင်ကိုနှံ့စပ်စွာ လိုက်လည်ကြသည်။
ရှောင်ကျန့် က သူ့လက်ကို ကိုင်ပြီး မမောမပန်း နဲ့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ပြီး ပျော်ရွှင်စွာ ခုန်ပေါက်လည်ပတ်နေတဲ့ ကလေးတွေကို ကြည့်ပြီး စိတ်ထဲမှာ သက်ပြင်းချမိသွားသည်။ ဒီကလေးတွေက မောပန်းနေတာကို နားမလည်သလို အားနည်းတာကိုလည်း မသိဘဲ နေ့တိုင်းကို အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေတယ်။ သူတို့လေးတွေ မောပန်းမှာကို စိတ်မချနေတဲ့သူက အပိုလုပ်သလို ဖြစ်နေသည်။
ဝမ်ရိပေါ် ကတော့ သူ့လက်ကို ဆွဲပြီး ဟိုဆိုင်ဒီဆိုင်ဝင် လုပ်နေတဲ့ ပိုင်ယွိလေးကြောင့် မျက်နှာတစ်ခုလုံး နူးညံ့တဲ့ အပြုံးနဲ့ ပြည့်နေသည်။
ဝမ်ရှောင်ယွီ က သူ့ပါးပါး ရဲ့ ဘေးမှာ လက်ကိုဆွဲပြီး သူ့ပါးပါး နဲ့ ဖေဖေတို့အလယ်မှာ ခုန်ပေါက်နေတဲ့ ဝမ်ပိုင်ယွိ ကို ခိုးကြည့်ပြီး သူ့လှုပ်ရှားမှုလေးတွေကို စိတ်ဝင်တစားနဲ့ အသေးစိတ်ဖြင့် တိတ်တိတ်လေး လိုက်မှတ်ထားသည်။
ဝမ်ပိုင်ယွိလေးက ဘာကိုဘာမှမတွေးဘဲ သူလိုချင်၊ စားချင်တာတွေ ရှိတဲ့ဆိုင်ကိုတွေ့တာနဲ့ သူ့ပါးပါး နဲ့ သူ့ဖေဖေ လက်ကို ဆွဲပြီး ပျော်ရွှင်စွာ နဲ့ ဆိုင်ထဲကို ဝင်သွားတာဘဲ။
နေမွန်းတက်ချိန်ရောက်ခါနီးမှာ လီအော် နဲ့ ဟူခန်း တို့က သူ့တို့ သခင်လေး ပေးတဲ့ အမိန့်ကို ရှောင်အိမ်တော်သို့  ပို့ပြီး သခင်လေးတို့ မိသားစုကို လာကြိုလေသည်။
..........
ရှောင်အိမ်တော်တွင်...
စစ်မြေပြင်မှာ အမြဲတည်ငြိမ်နေတဲ့ စစ်သူကြီး
ရှောင်ချင်းဖုန်းက သူ့ခြံဝန်းရှေ့မှာ အငြိမ်မရပ်နေဘဲ ရှေ့နောက်ပြန်လမ်းလျှောက်နေသည်။
သူ့နောက်တွင် ရှေ့နောက်ညီစွာ တန်းစီနေတဲ့ အစေခံတွေက သူတို့သခင်ကြီးကိုခိုးကြည့်ပြီး တိတ်ဆိတ်သာနေကြသည်။