part - 20 ( Z+U )
10.6K 1.1K 15
[Zawgyi]
မင်းကိုချစ်တယ် ကျန့်ကျန့်
မနက်ခင်း နေရောင်ခြည်ဟာ မက်မွန်ပင်အောက်မှာ ကျွမ်းကျင်စွာ ဓားသိုင်းကစားနေတဲ့ ရှောင်ကျန့် အား  ထောက်ပံ့ပေးပြီး ပို၍ တောက်ပစွာနဲ့ လှပစေသည်။
မက်မွန်ပင်အောက်တွင် ဓားသိုင်းကို ကျွမ်းကျင်စွာ နဲ့ လှပစွာ ကစားနေတဲ့ ရှောင်ကျန့် ကို မနီးမဝေးမှာ ငေးကြည့်နေတဲ့ ဝမ်ရိပေါ်သည် သဘောကျစွာပြုံးလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ် နေသည်။သူ ဒီဓားသိုင်းကို သင်ပေးတာ ရက်ပိုင်းလောက်ဘဲ ရှိသေးတာကို ရှောင်ကျန့် ဟာ ကျွမ်းကျင်စွာ တတ်မြောက်နေပြီ။ သူ့ကြင်ယာတော် ဟာ သူ့လိုဘဲ တော်တာက ဝမ်းသာစရာကောင်းသော အရာပါဘဲ။
သူ အငေးကောင်းနေတုန်း ဘေးနားက ဦးလေးလု ရဲ့ အမေးကို ကြားရသည်။
" သခင်လေး ဘယ်အချိန်မှ သိုင်းလောက ရဲ့ ပြသနာ ကို အဆုံးသတ်ဖို့ သွားရောက် ဖြေရှင်းမလဲ "
" မကြာခင်မှာ သွားတော့မလို့ပါ... ကျွန်တော်  နောက်ကွယ်က ကြိုးကိုင်သူကို ရေးရးသိရပြီ... ဒါပေမဲ့ သူလည်း အတော်ကို ပါးနပ်နေတာ... ကျွန်တော် စုံစမ်းတာ သိတော့ ခြေငြိမ်နေတာ.... ဒါကြောင့် ကျွန်တော် မရှိတုန်း သူ လျင်မြန်စွာ လှုပ်ရှားမှာကို စောင့်နေတာ... "
" အော... ဒါလား ဦးလေး သိပြီ...သခင်လေး က တွက်ထားပြီးကိုး.... ဒါဆို ကြင်ယာတော်ကိုလည်း ဒီတခါမှာ ခေါ်သွားမလား... အခု ကြင်ယာတော်လေးက သိုင်းပညာ တတ်နေပြီ "
" ကျန့်ကျန့် ကို အခုချိန်မှာ မခေါ်သွားချင်သေးဘူး... ပြသနာ ဖြစ်စေမယ့် အရာအားလုံးကို ဖြေရှင်းပြီးမှ သူ့ကို အေးအေးချမ်းချမ်း နဲ့ ပျော်ရွှင်စွာ သိုင်းလောကကို လည်ပတ်ဖို့ ခေါ်သွားမယ်... နောက်တခုက ဒီတစ်ခါ သိုင်းလောကကို မသွားခင် ကျန့်ကျန့် ကို ကျောက်စိမ်းနှင်းဆီ ဂိုဏ်းရဲ့ ရတနာသိုင်းကျမ်း သင်ပေးမယ် "
ဝမ်ရိပေါ်ဟာ ဦးလေးလု သိချင်တာတွေကို ပြောလို့ပြီးတော့ သူလိုချင်တာ ကို ပြောရင်း မက်မွန်ပင်အောက်မှာ သိုင်းကစားနေတဲ့ ရှောင်ကျန့် ကို နူးညံ့စွာ ငေးကြည့်ပြီး ပြုံးလိုက်သည်။